HCF

HCF MYANMAR IN SINGAPORE

Monday, May 10, 2010

ဖြစ်ရပ်မှန်များ၊ယုံကြည်ခြင်း၊ခံစားချက်များ


ဖြစ်ရပ်မှန်များ၊ ယုံကြည်ခြင်း၊ ခံစားချက်များ
Facts, Faith, and Feelings
Practical Christian Living Lesson 3
Lesson 1
သော့ချက် ကျမ်းပိုဒ်။ ။သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့် မြော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သော စိတ်ရှိ၍ ၀မ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း၊ မြော်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မ သနားတော် မူပါစေသော။ (ရောမ၊ ၁၅း၁၃)

ချစ်သောမိတ်ဆွေ၊

သင်သည်အဘယ်ကြောင့် အချို့သောအချိန်များတွင်ယုံကြည်ခြင်း ကြီးဟန်တူပြီ၊ အချို့သောအချိန်များတွင် ယုံကြည်ခြင်း အားနဲ့ဟန် တူကြောင်း သင် စဉ်းစား မိနေပါသလါး။ သင်၏ယုံကြည်ခြင်းအားကြီးလာအောင် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို စဉ်းစားမိပါသလား။ သင်၏ခံစားချက်များသည် အဘယ်ကြောင့် အပြောင်းအလဲမြန်သည်ကို စဉ်းစားမိပါသလား။ သင့်ခံစားချက်များ အတွက် သင်ဘာ လုပ်နိုင်ကြောင်း စဉ်းစား မိပါသလား။
ဤမေးခွန်းများသည် ကျွန်ုပ်တို့၌တချိန်မဟုတ်တစ်ချိန်ပေါ်လာပါလိမ့်မည်။ ဤသင်ခန်းစာမှာတော့ ဤမေးခွန်း များကိုကြိုးစား၍ ဖြေကြားပေးပါမည်။ ခရစ်ယာန်အသက်တာ၌ အရေးကြီးဆုံးမူဝါဒများအထဲမှတစ်ခုဖြစ်သော-ဖြစ်ရပ် မှန်၊ ယုံကြည်ချက်နှင့် ခံစားချက်များကို လေ့လာကြမည်ဖြစ်ပါသည်။
ဖြစ်ရပ်မှန်၊ ယုံကြည်ခြင်း၊ ခံစားချက်များ။

ဤစာလုံးများသည် ခရစ်ယာန်အသက်တာတွင်အလွန်အရေးပါသော သွင်ပြင်လက်္ခဏာ စာလုံးသုံးလုံးဖြစ်ပါသည်။ ၄င်း တို့ကို နားလည်ရန် အရေးကြီး ပါသည်။ ပို၍အရေးကြီးသည်မှာ ဤစာလုံးများကို နေရာမှန်၌ ထားရန်ဖြစ်ပါသည်။
ဘုရားသခင်၏အစီအစဉ်(၁) ဖြစ်ရပ်မှန်၊ (၂) ယုံကြည်ခြင်း၊(၃) ခံစားချက်များ။ အခြေခံအုတ်မြစ်သည်ဖြစ်ရပ် မှန်ဖြစ်ပြီး၊ ၄င်းအပေါ်၌ ယုံကြည်ခြင်း ထပ်ဆင့်ကာ၊ နောက်ဆုံးမှ ခံစားချက် ဖြစ်ပေါ်လာသည်။
အချို့သော လူအတော်များများအတွက် ခံစားချက်သည် သူတို့ဘ၀အတွက် လမ်းညွန်ဖြစ်ပြီး တစ်ခုခုခံစားပြီးဆိုလျှင် အမှန် ဟုထင်ကြပါသည်။ သူတို့မှာ ဘာမှခံစားချက်မရှိလျှင် အမှန်မဟုတ်ဟု ထင်ကြပြန်သည်။ သို့သော်ဤကဲ့သို့ခံယူခြင်း သည် ဘုရားသခင်၏ အစီအစဉ်အတိုင်း မဟုတ်ပါ။
အခြားသောသူများကလည်း ယုံကြည်ခြင်းကိုရှေ့တန်းတင်သည်။ သူတို့ကလည်း ယုံကြည်ခြင်းအလုံအလောက် ရှိလျှင် ဘယ်အရာမဆို သူတို့ လုပ်နိုင် သည်ဟု ထင်ကြသည်။ ဤအချက်သည်လည်း ဘုရားသခင်၏နည်းလမ်း မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့မှာ ယုံကြည်ခြင်းရှိဖို့ အလိုရှိသည်။ သို့သော် ထိုယုံကြည်ခြင်းသည် နှုတ်ကပတ်တော်အပေါ် အမှီပြုသော ယုံကြည်ခြင်းဖြစ်ရမည်။ သို့မဟုတ်ပါက အချည်းနှီးသာဖြစ်ပေမည်။
ဘုရားသခင်၏အစီအစဉ်သည် အမြဲ တူစေသည်။ (၁)ဖြစ်ရပ်မှန် (၂)ယုံကြည်ခြင်း (၃)ခံစားချက်။ ကျွန်ုပ်တို့ ဆက်လက်၍ ခရစ်ယာန်အသက်တာ၌ အရေးပါသော ဤအချက်တစ်ချက်စီကို လေ့လာခြင်းဖြင့် ကျွန်ုပ်တို့၏အသက်တာကို မည်ကဲ့သို့ သက်ရောက် မှု ရှိကြောင်း ပိုမိုနားလည်နိုင်လာပါလိမ့်မည်။
ဖြစ်ရပ်မှန်ဟူသည်ကား အဘယ်နည်း။

ဖြစ်ရပ်မှန်ဟူသည်မှာ အမှန်တကယ်ပင် ဖြစ်ပျက်ခြင်းကို ခေါ်သည်။ ဥပမာဆိုပါစို့။ နှစ်နှင့်နှစ်ပေါင်းတော့ လေးနှင့်ညီမျှ သည်။ ဤအချက်သည် သချာင်္၏ဖြစ်ရပ်မှန် ဖြစ်သည်။ အမြဲတမ်းမှန်ခဲ့သည့် အချက်ဖြစ်သည်။ ဆက်လက်ပြီးမှန်နေဦး မည်ဖြစ်သည်။ ဤတိုင်းပြည် အတွက် မှန်နေသလိုကမ္ဘာပေါ်ရှိ နိုင်ငံတကာ အတွက် မှန်နေပါသည်။
သင်၏ယုံကြည်မှုကြောင့် အမှန်ဖြစ်အောင် လုပ်ပေးလိုက်ခြင်းမဟုတ်ဘဲ ကမ္ဘာအ၀ှမ်းတွင် အဘယ်သူမျှ မယုံကြည် ပါလေစေ မှန်ကန်မြဲ မှန်ကန်နေပါသည်။
ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် အခိုင်အမာခံယူထားဖို့လိုပါသည်။ ဖြစ်ရပ်မှန်ဟူသည်မှာ အစဉ်အမြဲ မှန်ပါသည်။ ဖြစ်ရပ်မှန်ကို သင် မယုံကြည်လျှင်လည်း မှန်နေသည်။ မမှန်ဘူးဟု သင်ခံစားရလည်း မှန်နေဆဲဖြစ်သည်။
ဥပမာ။ ယေရှုခရစ်သည် ကျွန်ုပ်တို့၏အသက်ရှင်တော်မူသော ကယ်တင်ရှင်ဖြစ်ရန် ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံပြီး ရှင်ပြန် ထမြောက်ကြောင်း ကျွန်ုပ်တို့ သိကြသည်။ ဤအကြောင်းသည် သမ္မာကျမ်းစာက ပြောလို့သိကြသည်။ လူတစ်ဦးတစ်ယောက်က ဤ အကြောင်းကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ မှန်နေဆဲ ဖြစ်သည်။ ဘုရားသခင် ဖြစ်ရပ်သည် အစဉ်အမြဲ မှန်ကန်ပါသည်။
ယုံကြည်ခြင်းဟူသည်ကား အဘယ်နည်း။

""ယုံကြည်ခြင်း"" ဟူသည့်စကားလုံးကို သမ္မာကျမ်းထဲတွင် နှစ်ရာသုံးဆယ်ကိုးကြိမ် ဖော်ပြထားသည်။ ဤအချက်သည် ဘုရားသခင်က ယုံကြည်ခြင်းကို မည်မျှအလေးထားကြောင်း ကျွန်ုပ်တို့အား ပြသနေပါသည်။
ယုံကြည်ခြင်းဟူသည်ကား အဘယ်နည်း။

ယုံကြည်ခြင်းဟူသည်မှာ ဘုရားသခင်ကို သူပြောသည့်စကားအတိုင်း လက်ခံပြီး လုပ်ဆောင်ခြင်း ဖြစ်သည်။

' ဘုရားသခင်က ပြောခဲ့သည်။

' အကျွန်ုပ် ယုံကြည်သည်။

' ဤတွင် ကိစ္စ ရှင်းသွားပြီး။

ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာအားလုံးသည် ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ထံသို့ရောက်လာကြောင်း ကျမ်းစာက ရှင်းလင်းစွာ သဘောပေါက် နားလည်စေသည်။ ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်နှစ်သက်အောင် မလုပ်နိုင်ပါ။ ဟေဗြဲ ၁၁း၆မှာ "ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင်အထံတော် သို့ချဉ်းကပ်သောသူသည် ဘုရားသခင် ရှိတော်မူသည် ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေး တော်မူသည် ကို၎င်း ယုံကြည်ရမည်"ဟု ကျမ်းစာက ဆိုထားပါသည်။
ယုံကြည်ခြင်းသည် အရေးကြီးသကဲ့သို့ တစ်ခုတည်း မရပ်တည်နိုင်ပါ။ အမှန်တကယ် ဖြစ်ရပ်အပေါ်မှာ မှီနေရမည်။ ဤအကြောင်း ကြောင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အစဉ်ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် အမှီပြုနေရမည်။ သခင်ယေရှုက "ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်" ဟုဆိုပါသည်။
ယခု ဘုရားသခင်၏နှုတ်ကပတ်တော်ကို စေ့စေ့ကြည့်ပြီး ယုံကြည်ခြင်းအကြောင်းကို ဆက်လက်လေ့လာကြ ပါစို့။ ယုံကြည်ခြင်းသည် မမြင်ရသော ကမ္ဘာနှင့် ဆက်ဆံနေသည်။
ယုံကြည်ခြင်းသည် အမှန်ဖြစ်ပြီး မမြင်ရသောအရာများနှင့် ဆက်ဆံလျက်ရှိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မမြင် နိုင်ပေမဲ့ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်သည် အမှန်ဖြစ်ကြောင်း သိရသည်။ ကောင်းကင်နိုင်ငံတော်ကို မမြင်နိုင်ပေမဲ့ ယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော် အမှန်ရှိကြောင်း ကျွန်ုပ်တို့ သိရှိကြသည်။ကျမ်းစာက၊ ဟေဗြဲ ၁၁း၁မှာ""ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေး သောအရာတို့ကို သိမှတ်စွဲလန်းခြင်း အကြောင်းဖြစ်၏""ဟုဆို ထားပါသည်။
ဆိုလိုသည်မှာ ယုံကြည်ခြင်းသည် မမြင်ရပေမဲ့ အမှန်ဖြစ်ကြောင်း သက်သေထူသော နည်းလမ်းဖြစ်သည်။ ၀ိညာဉ် ကမ္ဘာကို ကျွန်ုပ် တို့မျက်စိဖြင့် မမြင်နိုင် သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းအားဖြင့် အမှန်ဖြစ်ကြောင်း ကျွန်ုပ်တို့ သိကြသည်။
ယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏ဘ၀အတွေ့အကြုံများ၌ ၀ိညာဉ်ပိုင်းဆိုင်ရာ သမ္မာတရားများ အမှန်ဖြစ်လာအောင် လုပ်ဆောင်ပေးသည်။

ကျွန်ုပ်တို့နားလည်ထားရမည်မှာ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ဘုရားသခင်၏ဖြစ်ရပ်မှန်ကို အမှန်ကန်ဖြစ်အောင် မလုပ်နိုင်ပါ။ ကျွန်ုပ်တို့ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ ဘုရားသခင်၏နှုတ်ကပတ်တော် အမြဲမှန်နေသည်။
ကျွန်ုပ်တို၏ယုံကြည်ခြင်းက ဘာလုပ်သနည်း။ ဘုရားသခင်၏ဖြစ်ရပ်မှန်အပေါ် အမှီပြုသောကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏ ဘ၀ အတွေ့ အကြုံများ၌ အမှန်တကယ် ဖြစ်လာစေသည်။
သမ္မာကျမ်းစာထဲတွင် ဘုရားသခင်၏အံ့သြဘွယ်ဂတိတော်များစွာ ပါရှိသည်။ သို့သော် ထိုနှုတ်ကပတ်တော်များ ကိုယုံကြည်ပြီး ကျွန်ုပ်တို့အပိုင်ဖြစ်ကြောင်း ၀န်ခံကြေငြာခြင်း မပြုသ၍ ကျွန်ုပ်တို့အပိုင် မဖြစ်လာပါ။
ယခင်ပြောခဲ့သည့်အတိုင်း ယေရှုခရစ်တော်ကျွန်ုပ်တို့၏အပြစ်အတွက် အသေခံပေးဆပ်ခဲ့ခြင်းသည် ကြီးမားသော ဖြစ်ရပ်မှန် ဖြစ်သည်။ ယေရှုခရစ်တော်ကို ယုံကြည်သူတိုင်း ထာဝရအသက်ရကြောင်း ဘုရားသခင် ဂတိပြုထားသည်။ သို့ သော်သူ့ကို ယုံကြည်မှု မရှိသ၍ ယေရှုသည် သင်၏ကယ်တင်ရှင် မဖြစ်လာပါ။
သင်သည် ယေရှုခရစ်တော် သင့်အတွက် အသေခံခဲ့ပြီး သင်၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပါမှ ကယ်တင်ခြင်းကို သင် တွေ့ကြုံ ခံစားရသည်။ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းသည် သင့်အသက်တာ၌ အမှန်တကယ်ပင် ကယ်တင်ခြင်းကို သင်ခံစားရပြီး"" အကျွန်ုပ် ကယ်တင်ခြင်းရပြီး"" ဟု သင်ပြောနိုင်ပါသည်။
ယုံကြည်ခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စိတ်ချသည်။

ယုံကြည်ခြင်းသည် အကြောင်းမညီညွတ်သော အခြေအနေမျိုး၌ပင် ဘုရားသခင်ကို စိတ်ချသည်။ အကောင်းဆုံး ဥပမာအဖြစ် အာဗြဟံကို ကြည့်ကြပါစို့။
အာဗြဟံနှင့်သူ၏ဇနီးစာရာတို့ အိုမင်းရင့်ရော်နေပြီး။ သူတို့ကို သားတစ်ယောက်ရမည်ဟု ဘုရားသခင် ဂတိပြုသည့်အခါ အာဗြဟံ ယုံကြည်သည်။ တဆယ့်ငါးနှစ်လွန်သွားသော်လည်း ဘုရားသခင်၏ဂတိတော် မပြည့်စုံသေးပါ။
လူသားအနေဖြင့်ပြောရလျှင် အာဗြဟံနှင့်စာရာ သားရရှိဖို့အကြောင်း မရှိပါ။ သို့သော် အာဗြဟံသည် ဘုရားကို ယုံမြဲယုံသည်။ အချိန်တန်သည့်အခါ အာဗြဟံကို ဂတိထားသည်အတိုင်း သားပေးသည်။ ကျမ်းစာက ရော ၄း၂၀-၂၁မှာ "" ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ဂတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင် ကိုချီးမွမ်း၍၊ ဂတိထားတော်မူသောသူသည် ဂတိတော်အတိုင်းတတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏""ဟုဆို ထားပါသည်။
ယုံကြည်ခြင်းသည် ဘုရားစကားကို နာခံသည်

ယုံကြည်ခြင်းနှင့်နာခံခြင်းသည် ဒွန်တွဲလျက်ရှိသည်။ စစ်မှန်သောယုံကြည်သူများသည် နာခံသူများဖြစ်ကြ၏။ ""အာဗြဟံသည် အမွေခံရလတံ့သော ပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင် မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏"" ဟေဗြဲ၁၁း၈။
တစ်စုံတစ်ခုကို ယုံကြည်သည်ဟုပြောပြီး ထိုအတိုင်းမလုပ်သေးပါက ယုံကြည်သည်ဟု မဆိုနိုင်ပါ။ စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားကို စိတ်ချပြီး ဘုရားစကားကို နာခံသည်။ ဘုရားစကားကို နာမခံသော ယုံကြည်ခြင်းသည် အသက်ရှင်သော ယုံကြည်ခြင်း မဟုတ် ပါ။ ကျမ်းစာလာသည်ကား""အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော။"" ယာ ၂း၂၀။
ယုံကြည်ခြင်း အားကြီးလာအောင် မည်ကဲ့သို့ လုပ်ဆောင်မည်နည်း။

သင်ပြောကောင်းပြောပေမည်၊""အကျွန်ုပ် ယုံကြည်အား ပို၍ ကြီးချင်သည်။ ယုံကြည်အား ပိုကြီးလာအောင် မည်ကဲ့သို့လုပ် ဆောင် ရမည်နည်း။""
ယုံကြည်ခြင်းသည် ဘုရားသခင်ဖွင့်ပြသော တရားတော်အတိုင်း အစဉ်တစိုက် သတိပြု နာခံလိုက်လျှောက်ခြင်းဖြင့် ကြီးထွား လာပါသည်။
ကြီးမြတ်သောဘုရားသခင်၏လူ D L Moody သည် ယုံကြည်ခြင်း ပို၍ပို၍ အားကြီးလာဖို့ထပ်ခါထပ်ခါဆု တောင်းခဲ့သည်။ သို့သော် သူ၏ယုံကြည်ခြင်း တိုးလာဟန်မတူ။ တနေ့သူဖတ်မိသော နှုတ်ကပတ် တော်မှာ "ယုံကြည် ခြင်းသည် ကြားနားခြင်း အားဖြင့်ဖြစ်၏။" ရော ၁၀း၁၇။
လျှပ်တပျက်အတွင်း ဆရာကြီး D L Moody တွေ့လိုက်သည်မှာ" ယုံကြည်ခြင်းသည် ဘုရား၏စကားတော်မှရ၏" သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စတင်၍ လေ့လာခဲ့သည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်အားဖြင့် ဘာပြော နေသည်ကို တိတိကျကျ သိမြင်အောင် နေ့စဉ် သေသေ ချာချာ သူ လေ့လာသည်။ ထိုစကားတော်ကို သူယုံကြည်ပြီး လက်တွေ့ လုပ်ဆောင်သည့် အခါ ရရှိလာသည့် ရလဒ်မှာ သူ၏ယုံကြည်ခြင်း သာ၍သာ၍ ကြီးထွား လာတော့သည်။

ခံစားချက်ဟူသည်ကား အဘယ်နည်း။
ခံစားချက်ဟူသည်ကား စိတ်လှုပ်ရှားမှုတည်းဟူသော ၀မ်းမြောက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ၀မ်းနည်းခြင်း စသည် တို့ဖြစ်သည်။ ကျွန်ုပ်တို့ နားလည်ထားသင့်သည်မှာ ခံစားချက်နှင့် မုချဖြစ်ရပ်မှန်သည် အတော်အတန်ကွဲပြားခြား နားသည်။ မုချဖြစ်ရပ်မှန်သည် ပြောင်းလဲခြင်းမရှိသော်လည်း ခံစားချက်များမှာ မူတစ်ချိန်လုံးလိုလိုပင် ပြောင်းလဲမှုရှိသည်။ ကျွန်ုပ်တို့၏ ကျန်းမာရေးအခြေအနေသည် ကျွန်ုပ်တို့၏ခံစားချက်အပေါ် သက်ရောက်မှုရှိသည်။ အခြား လူများ နှင့်အ ကျွန်ုပ်တို့၏ပေါင်းသင်းဆက်ဆံရေးသည်လည်း ကျွန်ုပ်တို့၏ခံစားချက်အပေါ် သက်ရောက်မှုရှိသည်။ ရာသီဥတုအ ပြောင်းအလဲပင်လျှင် ခံစားချက် အပေါ် သက်ရောက်မှုရှိသည်။
ဤပုံမှာ အဘယ်ကြောင့်ဘောလုံး၏သဘောသဘာဝနှင့်ခံစားချက်ကို ခိုင်းနှိုင်းထားရသလဲဟု သင်တွေးကောင်းတွေးမိပေလိမ့်မည်။ အကြောင်းရင်းက တော့ ကျွန်ုပ်တို့၏ခံစားချက်သည် အလွန်တရာမှ အပြောင်းအလဲများသည်။ ဆိုရိုးစကားတစ် ခုက""သင်သည် ဘောလုံး မည်ကဲ့သို့ ရုတ်တရက် ဟိုခုန်သည်ခုန်မည် ကို သင်မသိပါ""တဲ့။ သင်၏ခံစားချက်များလည်း ထို ကဲ့သို့ပင်ဖြစ်သည်။ သင်၏ခံစားချက်များ မည်သို့မည်ပုံ၊ ဒီပြောင်း၊ဟိုပြောင်း၊ ပြောင်းလဲမည်ကို သင် မသိနိုင်ပါ။
တနေ့မှာ သင်သည် ၀မ်းမြောက်ခြင်းးနှင့်ပြည့်ဝကောင်းပြည့်ဝနေပြီး၊ နောက်တစ်နေ့မှာတော့ အကြောင်းမရှိဘဲ သင်သည် ၀မ်းနည်း ပြီး စိတ်ဓါတ်ကျ ကောင်းကျနေမည်ဖြစ်သည်။ ခံစားချက်နှင့်ပတ်သက်၍အရေးတကြီး သတိရနေရမည့်အချက်မှာ ခံစားချက်သည် အင်မတန်မှ ပြောင်းလဲလွယ်သည်။ ဤအကြောင်း ကြောင့် ဘယ်သောအခါမျှ ကျွန်ုပ်တို့၏ ခံစားချက်အပေါ်ယုံကြည်ချက် မထားသင့်ပါ။
ခရစ်ယာန်အမျိုးသမီးကြီးတစ်ဦးက မိန်းမငယ်လေးတစ်ဦးကို ကယ်တင်ခြင်းအကြောင်းရှင်းပြဖို့ သမ္မာကျမ်းစာအုပ်ကို အသုံးပြုခဲ့ရာ မိန်းမငယ်လေးမှာ စိတ်ရှုပ်ထွေး သွားသည်။ သူမက""ကျွန်မ ယေရှုခရစ်ကို ယုံကြည်ပါသည်။ ဒါပေမဲ့ ခံစားချက်တစ်ခုခုခံစားရဒါမျိုး (သို့မဟုတ်)ရုတ်တရက် အလင်းရောင်ဖြာထွက် ဒါကိုမြင်ရဒါမျိုး(သို့မဟုတ်)တစ်ခုခုကို စောင့်စားရမယ်လို့ထင်တယ်""ဟု ပြောပါသည်။
အမျိုးသမီးကြီးကနှုတ်ကပတ်တော်ထဲမှ ကျမ်းပိုဒ်အချို့ကိုပြပြီး""သင်လိုအပ်သော အလင်းရောင်အားလုံးဒီမှာရှိတယ်""ဟု ပြောလိုက်သည်။ မိန်းခလေးငယ် သည် ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် သူယုံကြည်လိုက်မှ သူရှာဖွေနေသော ၀မ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို သူရရှိတော့သည်။
ခံစားချက် မည်မျှပင် ပြောင်းလဲသော်လည်း ဖြစ်ရပ်မှန်ပေါ်သက်ရောက်မှုမရှိပါ။ ဖြစ်ရပ်မှန်ဟူသည်ကား အမြဲမှန် နေသည်။ ဥပမာပြရလျှင် ၊ ထင်ရှားသော ဥပဒေရုံးမှ သင့်ထံသို့ စာတစ်စောင်ပို့လိုက်သည်ဆိုပါစို့။ စာထဲတွင် သင်နှင့်ဆွေမျိုး တော်စပ်သူ လူချမ်းသာ တစ်ဦးက သင့်အတွက် ငွေများစွာ ချန်ထားခဲ့သည်။ ရုတ်တရက် သင်သည်သူဌေး ဖြစ်သွားပြီး။ သင် က ""အဲဒီပိုက်ဆံတွေက ငါရဲ့ ငွေတွေလို့ ငါမခံစားရဘူး။""ဟုဆိုကောင်းဆိုမည်။ မဟုတ်မှနေရော၊ ၄င်းငွေသည်သင့် ငွေသာ ဖြစ်သည်။
ရိုးရိုးသားသားလူများစွာတို့သည် ကယ်တင်ခြင်းကို ရှာကြသော်လည်း ၄င်းကိုမတွေ့ကြပါ။ အဘယ်ကြောင့်ဆိုသော် ခံစားချက် တစ်မျိုးမျိုးကို သာရှာဖွေ နေခြင်းကြောင့်ဖြစ်သည်။ ခရစ်ယာန်မှာလည်း ခံစားချက်ရှိပါသည်။ သို့သော်ခံစားချက်သည် ရှေ့ဆုံးက မဟုတ်ဘဲ ဖြစ်ရပ်မှန်နှင့် ယုံကြည်ခြင်း၏အနောက်ဘက်မှ လိုက်နေပါသည်။ ကျမ်းစာလာသည်ကား"" သားတော်ကို ယုံကြည်သောသူသည် အတွင်းမှ သက်သေရ၏။""
အစီအစဉ်ကို အစဉ်လိုက် သတိပြုပါ။ ပထမ၊ ကျွန်ုပ်တို့ယုံကြည်သည်။ နောက်မှ ကျွန်ုပ်တို့၏စိတ်အတွင်း၌ သန့် ရှင်းသော ၀ိညာဉ် တော်သက်သေရ၏။
သင်၏ခံစားချက်များကို မည်ကဲ့သို့ကိုင်တွယ်မည်နည်း။

ခရစ်ယာန်တိုင်းမှာ စိတ်ဓါတ်ကျ၊စိတ်ပျက်၊အားငယ်တဲ့အချိန်ရှိပါသည်။ တမန်တော်ကြီးရှင်ပေါလုတောင်မှ ဤကဲ့သို့အချိန်အခါမျိုး ဖြတ်ကျော်ခဲ့ရသည်။ ၂ကော ၁း၈ မှာရှင်ပေါလုက""ညီအစ်ကိုတို့၊ အာရှိပြည်တို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက် မလွတ်နိုင်ဟုထင်ရ၍မခံနိုင်အောင် အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရ ကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။"" ဟု ဆိုထားပါသည်။
သင်သည် စိတ်ဓါတ်ကျသည့်အခါ ဘာလုပ်သနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်သို့ ပြန်လှည့်ပြီး ဂရုစိုက် အာရုံပြု ရန်ဖြစ်သည်။ အံ့ဘွယ်သော ဆာ၂၃၊ရော ၈နှင့်ဖိ ၄ ကဲ့သို့သောနှုတ်ကပတ်တော်ကို ဖက်ပြီး ဆင်ခြင်အောက်မေ့ပါ။ သင်သည် နှုတ်ကပတ်တော်ကို အာရုံစိုက်လာသည် နှင့်အမျှ ယုံကြည်မှု အသစ်ရလာပြီး စိတ်အား တက်လာပေမည်။
ကျမ်းစာလာသည်ကား"" သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မြော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ၀မ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း၊ မြော်လင့်ခြင်း၏အရှင်ဘုရားသခင်သည် ကယ်မ သနားတော်မူပါစေသော""ရော ၁၅း၁၃။
ခရစ်ယာန်အသက်တာနှင့်အညီ အသက်ရှင်ရာတွင် မိမိခံစားချက်ကိုလွန်ကဲစွာ ဦးစားပေးဖို့ မဟုတ်ပါ။ ကျွန်ုပ်တို့ ၏ခံစားချက် ကြောင့် ကယ်တင်ခြင်း မရပါ။ ခံစားချက်ဖြင့် ခရစ်ယာန်အသက်တာ လိုက်လျှောက် သက်ရှင်ခြင်း၊ မဟုတ်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော် အပေါ် ယုံကြည်မှုဖြင့် အသက်ရှင်ခြင်း ဖြစ်သည်။ ၀မ်းမြောက်စရာအကြောင်း ခံစားရလျှင် ကျေးဇူးတော်ချီးမွမ်းပြီး၊ မခံစားရလျှင် လည်းဆက်လက်၍ ဘုရားသခင်အပေါ်ယုံကြည်ခြင်းသည် သာယာပျော်ရွှင်၍ ကောင်းကြီးနှင့်ပြည့်ဝသော အသက်တာသို့ လျှောက်လမ်း သောလမ်းဖြစ်သည်။
ဖြစ်ရပ်မှန်၊ ယုံကြည်ချက်နှင့် ခံစားချက်၏ အဓိက မူစည်းမျဉ်းများ

ကျွန်ုပ်တို့သည် ခရစ်ယာန်အသက်တာ၏ကြီးမြတ်သော မူစည်းမျဉ်းများထဲမှ တစ်ခုကိုတွေ့ရှိပြီး။၎င်းမှာ ဖြစ်ရပ် မှန်၊ယုံကြည် ခြင်းနှင့်ခံစားချက်တို့ ဖြစ်သည်။ မူစည်းမျဉ်းက ဘုရားသခင်၏ဖြစ်ရပ်မှန်အပေါ် သင်ယုံကြည်ပြီးမှ အလိုလို ခံစားချက်များ ပေါ်လာပါစေ။
၁။ ဘုရားသခင်၏ဂတိတော် = အကျွန်ုပ်၏ဖြစ်ရပ်မှန်ဖြစ်သည်။

၂။ ၄င်းကို အကျွန်ုပ်ယုံကြည်သည် = ကျွန်ုပ်၏ယုံကြည်မှုဖြစ်သည်။

၃။ ဘုရားသခင်ကပြီးပြည့်စုံစေသဖြင့်ကျွန်ုပ်ဝမ်းမြောက်သည် = ကျွန်ုပ်၏ခံစားချက်ဖြစ်သည်။

ဘုရားသခင်၏ အစီအစဉ်မှာအစဉ်အမြဲ ၁။ ဖြစ်ရပ်မှန် ၂။ ယုံကြည်ခြင်း ၃။ ခံစားချက်ဖြစ်သည်။

ရှာဖွေတွေ့ရှိသော ရတနာ

ဖြစ်ရပ်မှန်သည် အခြေခံအုတ်မြစ်ဖြစ်ပြီး ယုံကြည်ခြင်းဖြင့်ထပ်ဆင့်ကာ ခံစားချက်က နောက်ဆုံးဖြစ်သည်။ အစဉ်အမြဲ သင်၏ယုံ ကြည်ခြင်းကို ဘုရားသခင်၏ ဖြစ်ရပ်မှန်အပေါ် ထားရှိပြီး သင်၏ခံစားချုက်များ အလိုလို ဖြစ်ပေါ်ပါစေ။

မေးခွန်း

၁။ ဖြစ်ရပ်မှန်ဟူသည်ကား ...........................................................................

(က) ကျွန်ုပ် ယုံကြည်သော တစ်စုံတစ်ရာ၊ တစ်ဦးဦးက ကျွန်ုပ်တို့ကို ပြောခဲ့သောအရာသည် မှန်ကန်ရမည်။

(ခ ) ထို တစုံတခုသောအရာ မှန်ကန်သောအရာ ဖြစ်သည်။

(ဂ ) ကျွန်ုပ်တို့ ယုံကြည်သော ဘယ်အရာမဆို အပေါ်တည်ပြီး ၄င်းသည် မှန်ကန်ရမည်။

၂။ ၀ိညာဉ်ရေးရာ ဖြစ်ရပ်မှန်ကိုဖော်ပြပါ။

(က)ဘုရားသခင်သည် ကျွန်ုပ်တို့လိုချင်သောအရာ ဘယ်အရာမဆို ကျွန်ုပ်၌ အမြဲပေးလိမ့်မည်။

(ခ ) ယေရှုခရစ် သည် ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံခြင်း နှင့် ကျွန်ုပ်တို့၌ အသက်ရှင်တော်မူသော ကယ်တင်ရှင် ဖြစ်ရန် တဖန် ထမြောက်ခဲ့၏။

(ဂ ) စစ်မှန်သော ခရစ်ယာန်များ သူတို့၏ခံစားချက်များနှင့်အတူ ဘယ်သောအခါမျှ အထူးရုန်းကန်မှု မပြုရပါ။

၃။ ကျွန်ုပ်၏ယုံကြည်ခြင်းသည် ဘုရားသခင်၏ဖြစ်ရပ်မှန်ကို အမှန်ဖြစ်အောင်လုပ်ပေးသည်။

(က) မှန် (ခ ) မှား

၎။ ဘုရားသခင်၏ဖြစ်ရပ်မှန်အပေါ် ကျွန်ုပ်ယုံကြည်ခြင်းသည် ကျွှန်ုပ်၏ဘ၀အသက်တာ၌ အမှန်တကယ်ဖြစ်လာသည်။

(က) မှန် (ခ ) မှား

၅။ ယုံကြည်ခြင်းသည်...............................................................................................အားဖြင့်ကြီးထွားလာသည်။

(က) ဘုရားသခင်၏နှုတ်ကပတ်တော်၌ တိကျစွာ ဖေါ်ပြချက် ဖြစ်ရပ်မှန်များကို တသမှတ်တည်း ဂရုတစိုက် အလေးထားခြင်းဖြစ်သည်။

(ခ ) ကျွန်ုပ်၌ ကြီးစွာသောယုံကြည်ခြင်းကိုပေးရန် ဘုရားသခင် ထံ ဆုတောင်းခြင်းနှင့် တောင်းခံရမည်။

(ဂ ) ဘုရားကျောင်း သွားခြင်းနှင့် ဆုတောင်းခြင်း ဖြင့် ဖြစ်သည်။

၆။ ဘုရားသခင်၏ဖြစ်ရပ်မှန်အပေါ်၌သာ အစဉ်ယုံကြည်သင့်ပြီး ကျွန်ုပ်တို့၏ခံစားချက်များအလိုလို ထွက်ပေါ်လာပါစေ။

(က) မှန် (ခ ) မှား

၇။ ဘုရားသခင်၏ဂတိတော်ဟူသည်မှာ........................................................

(က) ကျွန်ုပ်၏ယုံကြည်ခြင်း၊

(ခ ) ကျွန်ုပ်၏ခံစားချက်များ၊

(ဂ ) ကျွန်ုပ်၏ဖြစ်ရပ်မှန်၊

၈။ အကျွန်ုပ်ယုံကြည်သည် = ဤအရာသည်ကျွန်ုပ်၏................................................

(က) ကျွန်ုပ်၏ယုံကြည်ခြင်း၊

(ခ ) ကျွန်ုပ်၏ခံစားချက်များ၊

(ဂ ) ကျွန်ုပ်၏ဖြစ်ရပ်မှန်၊

၉။ ဘုရားကပြည့်စုံစေပြီး ကျွန်ုပ်ကအားရကျေနပ်သည် = ဤအရာသည်ကျွန်ုပ်၏...................................................

(က) ကျွန်ုပ်၏ယုံကြည်ခြင်း၊

(ခ ) ကျွန်ုပ်၏ခံစားချက်များ၊

(ဂ ) ကျွန်ုပ်၏ဖြစ်ရပ်မှန်၊

၁၀။အစဉ်အမြဲ သင်၏ခံစားချက်ကို ဘုရားသခင်၏ဖြစ်ရပ်မှန်ပေါ်ထားရှိပြီးသင်၏ယုံကြည်ချက်ကအလိုလိုဖြစ်ပေါ် လာပါစေ။

(က) မှန် (ခ ) မှား

အလွတ်ကျက်မှတ်ရန် ကျမ်းပိုဒ်။ ။သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့် မြော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ၀မ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း၊ မြော်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။ (ရောမ၊ ၁၅း၁၃)


ကျမ်းချက် အလွတ် ကျက်မှတ်ခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို စဉ်းစားဆင်ချင်ခြင်းအတွက် အကောင်းဆုံးသော နည်း တစ်ခု ဖြစ်သည်။
Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support