HCF

HCF MYANMAR IN SINGAPORE

Thursday, April 12, 2012

ချစ်ခြင်းမေတ္တာအမျိုးအစား (၃) မျိုး


ချစ်ခြင်းမေတ္တာအမျိုးအစား (၃) မျိုး
Three kinds of Love
Lesson 2



            ဂျပ်စတင်က သူသည် တချိန်တည်း၌ ကောင်မလေး(၃)ဦးနှင့် ချစ်ကျွမ်းဝင်နေသည်ဟု သူထင်ခဲ့ သည်။ Karen သည် ဂျပ်စတင်နှင့်အသင်းတော်တစ်ခုတည်းကဖြစ်ပြီး ဘုရားကျောင်းဝတ်ပြုစည်းဝေးပွဲများတွင် မကြာခဏတွေ့ကြသည်။ ဤကောင်မလေးနှင့်စပ်လျဉ်း၍ ထူးခြားတာတစ်ခုခုရှိသည်။ သူမသည် သခင့်ထံမိမိကိုယ်ကို လုံးဝဆက်ကပ်အပ်နှံထားပြီး တစ်ကိုယ်ကောင်းဆန်ခြင်းကင်းမဲ့၍ အခြားသူများ အတွက် အမြဲတမ်းစဉ်းစားပေးသည်။ သူမနှင့်အတူရှိစဉ်အချိန်အတွင်း ဂျပ်စတင်သည် ကြီးကျယ်စွာ တွေးတောပြီးအိပ်မက်ကြီးကြီးမားမား မက်လေ့ရှိသည်။ သူသည် လှုံ့ဆော်ခြင်းကိုခံရပြီး သခင်အတွက်နှင့် အခြားသူများအတွက် အစေခံပေးသည်။

Share:

Friday, February 24, 2012

ချစ်ခြင်းမေတ္တာဆိုသည်မှာအဘယ်နည်း


ချစ်ခြင်းမေတ္တာဆိုသည်မှာအဘယ်နည်း
What is Love?
Lesson 1
 
ကျွန်မဟာအထက်တန်းကျောင်းသူဘ၀မှာ ယောက်ျားများစွာနဲ့တွဲခဲ့ပြီး များစွာနာကျင်ခဲ့ရပါတယ်။ ကျွန်မဟာ အလွန်ပင် ထိခိုက်လွယ်တဲ့မိန်းကလေးတစ်ဦးပါ။ ဘာကြောင့်လဲဆိုတော့ တစုံတဦးအား ကျွန်မကို ချစ်စေလိုတယ်လေ။ တစုံတဦးအား ကျွန်မကို အမှန်တကယ်ဂရုစိုက်စေလိုခဲ့တယ်။ ပြသနာကတော့ ချစ်ဖို့ အတွက်မှန်ကန်တဲ့လူကို ရှာဖွေ တွေ့ရှိဖို့နှင့် ကျွန်မရဲ့ချစ်ခြင်းမေတ္တာ၌ သူကိုဝမ်းမြောက်စေလိုခြင်းပဲ ဖြစ်ပါတယ်။ 

Share:

Wednesday, February 8, 2012

ဘုရားသခင်ကို မည်ကဲ့သို.၀မ်းမြောက်စေမည်နည်း။ (အပိုင်း-၂)


ဘုရားသခင်ကို မည်ကဲ့သို့ ၀မ်းမြောက်စေမည်နည်း။ (အပိုင်း-၂)
သင်ခန်းစာ(၁၆)
Lesson # 16 How to Enjoy God (part 2)
သော့ချက်ကျမ်းပိုဒ်၊ ၁သက်သာလောနိတ် ၅း၉-၁၀
ဖတ်ရန်ကျမ်းပိုဒ်၊  လုကာ ၂၃း၃၃၊၃၄
 
သော့ချက်ကျမ်းပိုဒ်၊ ၁သက်သာလောနိတ် ၅း၉-၁၀
            အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ် အားဖြင့် ကယ်တင်ခြင်းကို ခံရစေခြင်းငှါ ခန့်ထားတော်မူ၏။ -ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည် ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည်အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ။

ချစ်မိတ်ဆွေ၊
            ခရစ်တော်၌ရှိသောကြီးမြတ်သည့်ကယ်တင်ခြင်းကို ကျွန်ုပ်တို့အား၊ ဘုရားသခင်သည် ယခုခံစားစေချင်ပါသည်။ ဤ ကယ်တင်ခြင်းသည် ကျွန်ုပ်တို့ကို တရားစီရင်ခြင်းအရပ်မှ ထုတ်၍ သခင်ယေရှု၏ရှေ့တော်၌ထားပါသည်။ တမန်တော် ရှင်ပေါလု က“ “အမျက်တော်ကိုခံစေခြင်းငှါ ဘုရားသခင်သည်၊ ငါတို့ သခင်ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းကိုပိုင်ရ စေခြင်းငှါ ခန့်ထားတော် မူ၏။ ငါတို့သည် နီးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူအသက်ရှင် မည်အကြောင်း၊ ငါတို့အဖို့ အသေခံ တော်မူပြီ။””ဟုဟောခဲ့ပါသည်။ ၁သက် ၅း၉-၁၀
Share:

Friday, January 20, 2012

DONATE

ဘုရားသခင်၏ နိုင်.ငံတော်တွင် ပါဝင်လှူဒါန်းလိုလျှင်-

Share:

Thursday, January 19, 2012

သားအရာ


                                                              သားအရာ
                                                                             Sonship
                                                                             Lesson 11
သော့ချက်ကျမ်းပိုဒ်  - ဧဖက် ၁း၃-၎
ဖတ်ရန်ကျမ်းပိုဒ် - ဧဖက်အခန်းကြီး (၁)

 ချစ်မိတ်ဆွေ
ဘုရားသခင်၏မိသားစုထဲသို့ကျွန်ုပ်တို့မွေးလာသည်နှင့်တစ်ပြိုင်နက်၊ ကောင်းကြီးမင်္ဂလာနှင့်ပြည့်စုံသော ကျေး ဇူးတော် အရပ်၊ သန့်ရှင်းသောအရပ်သို့ ရောက်လာခြင်းဖြစ်ပါသည်။ ကလေးငယ်တစ်ယောက်သည် အရေးကြီးသောသူ မဟုတ်ပါ။ သို့သော် သူမွေးလာသောမိသားစုအပေါ် မူတည်ပါသည်။
Share:

ဘုရားသခင်ကို မည်ကဲ့သိုဝမ်းမြောက်စေမည်နည်း။ (အပိုင်း-၁)


ဘုရားသခင်ကို မည်ကဲ့သို့ ၀မ်းမြောက်စေမည်နည်း။ (အပိုင်း-၁)  
သင်ခန်းစာ (၁၅)
Lesson # 15 How to Enjoy God (part 1)
သော့ချက်ကျမ်းပိုဒ်၊ ယေရမိ၊ ၃၁း၃။
ဖတ်ရန်ကျမ်းပိုဒ်၊  ရောမ၊ ၅း၁-၁၁။ ၁ယော၊ ၄း၇-၂၁။



သော့ချက်ကျမ်းပိုဒ်၊ ယေရမိ၊ ၃၁း၃။
            ထာဝရဘုရားသည် အဝေးက ထင်ရှား၍၊ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကို ငါ ချစ် ၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာ ပြ၏။

ချစ်မိတ်ဆွေ၊
            ကျွန်ုပ်တို့သည် ဘုရားသခင်၌ပြည့်ဝစွာပျော်မွေ့နိုင်ရန်အတွက် ဘုရားသခင်သည် ကျွနု်ပ်တို့အား သူ့အကြောင်း ကို လွန်စွာပင် သိစေချင်ပါသည်။ သူသည်ကျွန်ုပ်တို့၏ယုံကြည်မှုနှင့်ချစ်ခင်မှုကိုရယူခြင်းဖြင့် သူ၏ရှေ့တော်၌ ကျွန်ုပ်တို့ ကိုမွေ့လျော်ခြင်း၊ သူ၏ချစ်ခြင်းမေတ္တာပေါ်၌ကျွန်ုပ်တို့ကို ၀မ်းမြောက် ခံစားစေချင်ပါသည်။
Share:

မဂ်လာရှိသော မျှော်လင့်ချက်


မင်္ဂလာရှိသော မျှော်လင့်ချက်
The Blessed Hope
သင်ခန်းစာ(၁၄)
သော့ချက်ကျမ်းပိုဒ် ။ ၁သက် ၄း၁၆-၁၇
ဖတ်ရန်ကျမ်းပိုဒ် ။ တိ ၂း၁၁-၁၄၊ ၁သက် ၄း၁၃-၁၈


ချစ်မိတ်ဆွေ၊
            ယေရှုခရစ်တော်တဖန်ပြန်လာပါဦးမည်။ ဒီအကြောင်းကို ကျွန်ုပ်တို့ မည်သို့ သိနိုင်မည်နည်း။ သူပြောခဲ့သည့်အတွက် ကျွန်ုပ်တို့သိပါသည်။ ကားတိုင်ပေါ်မတက်မှီ သူ၏တမန်တော်များ၏နားသို့ ယေရှုသည် ဤချစ်ခြင်းလျှို့ဝှက်ချက်ကို တီးတိုး ပြောခဲ့ ပါသည်။

Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support