HCF

HCF MYANMAR IN SINGAPORE

Saturday, May 15, 2010

စာတန် မာရ်နတ်


စာတန် မာရ်နတ်

Satan

New Life in Christ Course 3

Lesson 3

ဖတ်ရန် ကျမ်ချက်များ၊ ဟေရှာယ၊ ၁၄း၁၂-၁၇။ယေဇကျေလ၊ ၂၈း၁၂-၁၉။

သော့ချက် ကျမ်းပိုဒ်၊



''ထိုသို့ မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ပုံသဏ္ဍာန်တော်တည်းဟူသော ခရစ်တော်၏ဘုန်းအသရေနှင့် ပြည့်စုံ သော ဧဝံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသော ဘုရားသည် သူတို့၏ဥာဏ်မျက်စိကို ကွယ်စေ၏'' (၂ကော၊ ၄း၎)


ကျမ်းစာက ကျွန်ုပ်တို့အား ဆိုသည်မှာ အာဒံနှင့်ဧဝကို မဖန်ဆင်းမှီ ဘုရားသခင်၏စင်္ကြာဝဠာ၌ ဖန်ဆင်းရှင်ဘုရားသခင် ကို ဆန့်ကျင် ပုန်ကန် ခဲ့သော သူတစ်ဦးရှိ၏။ ဤသူကို စာတန် (သို့) မာရ်နတ်ဟုခေါ်၏။ သူသည် မကောင်းမှုအတွက် တန်ခိုးသြဇာ သက်သက် မျှသာ မဟုတ်ပါ။ သူသည် အနီရောင် မကောင်းဆိုးဝါး၊ ခက်ရင်းခွနှင့်သူ့ကို မကြာခဏ ရေးဆွဲကြသော ရုပ်ပုံ မဟုတ်ပါ။ သူ သည် အမှန် တကယ်ရှိသော သူ တစ်ဦး ဖြစ်သည်။

စာတန် ဘယ်ကလာခဲ့ပါသနည်း

စာတန်၏ မူလအနေအထားနှင့် သူသည်မည်ကဲ့သို့ ဘုရားသခင်၏ရန်သူ ဖြစ်လာခဲ့သည်ကို ကျွန်ုပ်တို့အားပြောဆိုသော အဓိက စာပိုဒ် နှစ်ပိုဒ် ကျမ်းစာ၌ ရှိပါသည်။ ဤစာပိုဒ်များမှာ ဟေရှာယ (၁၄)နှင့်ယေဇကျေလ (၂၈) တို့ဖြစ်သည်။


ကျမ်းစာမှ စာတန်သည် အစမူလ၌ လူစီဖာဟုခေါ်သော ကောင်းကင်တမန်တပါးအဖြစ် ဖန်ဆင်းခြင်းခံရကြောင်း ကျွန်ုပ်တို့ လေ့လာရသည်။ ''ကောင်းကင်တမန်''ဟူ သောစကား၏အနက်မှာ''သတင်းစကားသယ်ဆောင်သူ''ဖြစ်သည်။ ကောင်းကင် တမန်အားလုံးကို ဘုရားသခင် ဖန်ဆင်းတော် မူ၏။ ကျမ်းစာက''အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်း တန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော် မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင် အဘို့အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏''ဟု ဆိုသည်။ (ကော၊ ၁း၁၆)

ကောင်းကင်တမန်များသည် လှပသော၊ တန်ခိုးရှိသော သတ္တဝါများ ဖြစ်သော်လည်း သူတို့ကို ကိုးကွယ်ရန် မဟုတ်ပါ။ သူတို့သည် ဖန်ဆင်းခံ သတ္တဝါများသာလျှင်ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းရှင် တပါးတည်းသာလျှင် ကိုးကွယ်ခြင်း ခံထိုက်၏။

ကျမ်းစာ၌ လူစီဖာ၏ ပုံပန်းသဏ္ဍာန်ကို ရေးသားထားသည်မှာ ''...သင်သည် ထူးဆန်းသောတံဆိပ်ဖြစ်၏။ ပညာနှင့် ပြည့်စုံ၍ တင့်တယ်ခြင်း အသရေသည်လည်း စုံလင်လျက်ရှိ၏''ဟုဆိုသည်။(ယေဇ၊ ၂၈း၁၂)


လူစီဖာသည် တင့်တယ်ခြင်းအသရေနှင့်စုံလင်လျက်ရှိစဉ်ကပင် သူသည် အလှပဆုံးသော သတ္တဝါ ဖြစ်နိုင်ပါသည်။ သူ သည် ဥာဏ်ပညာနှင့် ပြည့်စုံခဲ့ချိန်မှစ၍ ပညာအရှိဆုံးသော ဘုရားသခင်၏ဖန်ဆင်းသော သတ္တဝါတပါး ဖြစ်နိုင်သည်။ ကောင်းကင်ဘုံရှိ ကောင်းကင် တမန် အားလုံးတို့ အထဲ တွင် လူစီဖာသည် လှပတင့်တယ်ဆုံး၊ ပညာအရှိဆုံးနှင့် တန်ခိုးအရှိဆုံးဖြစ်၏။

လူစီဖာ၏ အပြစ်ကား အဘယ်နည်း

သူသည် ဖန်ဆင်းခြင်းခံရပြီးနောက် တစုံတခုသောအချိန်တိုင်အောင် ဤ အားကြီးသော ကောင်းကင်တမန်သည် သူ၏ ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ ချစ်ခြင်းနှင့် လုံးလုံးနာခံခဲ့၏။ သို့သော် လူစီဖာသည် ဘုရားသခင်ကို ဆန့်ကျင်သော အပြစ် ဖြစ်စေသော အချိန်တစ်ချိန် ရောက် လာ၏။ ကျမ်းစာ၌ ''ဘွားသောနေ့မှစ၍ သင့် အပြစ်ထင်ရှားသော နေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏''ဟု ဆိုသည်။(ယေဇ၊ ၂၈း၁၅)


အပြစ်သည် ဘယ်နေရာမှ အစပြုပါသနည်း။ လူစီဖာ၏စိတ်နှလုံးမှ အစပြု၏။ ကျမ်းစာက ''သင်သည် ကိုယ်၌ တင့်တယ်ခြင်း အသရေကြောင့်၊ သင်၏ပညာသည် ဖေါက်ပြန်လျက် ရှိလေပြီ။...''ဟု ဆိုသည်။(ယေဇ၊ ၂၈း၁၇)

ဤသည်မှာ လူစီဖာသည် သူ၏စိတ်နှလုံးတွင်းမှ ပြောခဲ့သော အရာများဖြစ်၏။ ''ကောင်းကင်ပေါ်သို့ ငါ တက်မည်။ ဘုရားသခင်၏ ကြယ်တို့ အပေါ်မှာ ငါ့ပလ္လင်ကို ငါ ချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ဗျာဒိတ်တော်တောင်ပေါ်မှာ ငါ ထိုင်မည်။-မိုဃ်းတိမ် ပေါ် သို့ ငါ တက်မည်။ အမြင့်ဆုံးသော ဘုရားကဲ့သို့ ငါ နေမည်ဟု စိတ်အကြံရှိလေပြီ။'' (ဟေရှာ၊ ၁၄း၁၃-၁၄)


လူစီဖာ၏ အပြစ်သည် အဘယ်နည်း။ သူ၏အပြစ်သည် မာနထောင်လွှားခြင်းဖြစ်၏။ ဤ အားကြီးသော ကောင်းကင် တမန်သည် မိမိ၏ တင့်တယ်ခြင်း အသရေကို စဉ်းစားလျက် သူ၏စိတ်နှလုံးသည် မာနထောင်လွှားလျက်ရှိ၏။ လူစီဖာသည် မိမိ ကိုယ်ကိုသာ ချစ်ခြင်း၌ ကျဆင်းလာ၏။ သူသည် မိမိကိုယ်ကို ရှေ့တန်း တင်လာသည်နှင့်အမျှ သူ့လောက် ကြီးမြတ်သူ မရှိ၊ လှပတင့်တယ်သောသူ တစ်ယောက်မျှမရှိ၊ မိမိလောက် ပညာရှိသော သူ မရှိဟု လူစီဖာသည် စိတ်မှာ ဆုံးဖြတ် မှတ်ယူလာ၏။ ထို့သို့ ဖြစ်ခြင်းကြောင့် သူဆုံးဖြတ်သည်မှာ သူသာလျှင် ဘုရားဖြစ်သင့်သည်။ သူသည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်ပြီး သူ၏အလိုကို အတည်ပြုလါ၏။ လူစီဖာသည် ငါးကြိမ်တိုင် ပြောဆိုသည်မှာ''ငါ ဖြစ်လိမ့်မည်''ဟူ၍ ဖြစ်သည်။ ဘုရား၏အလိုကို ဆန့်ကျင်ပြီး မိမိအလိုကိုသာ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ဖန်ဆင်းခြင်းခံ သတ္တဝါအဖို့ အလွန်ပင် ကြောက်ဘွယ်ရာ ဖြစ်ပေ၏။

လူစီဖာ၏နှလုံးသား၌ပြောင်းလဲခြင်း

လူစီဖာ၏စိတ်နှလုံးတွင် သူအပြစ်ပြုခဲ့ပြီးနောက် ကြီးစွာသော ပြောင်းလဲမှုသည် နေရာယူခဲ့၏။ ဤ အချိန်မတိုင်မှီ လူစီဖာသည် ဘုရားသခင်ကိုချစ်တော်မူပြီ၊ ဘုရားသခင်ကို ဘုရင်အဖြစ် သူ၏စိတ်နှလုံးတွင် နေရာပေးတော်မူ၏။ ယခု လူစီဖာသည် မိမိကိုယ်ကိုသာ ချစ်တော်မူ၏။ သူသည် ဘုရားသခင်ကို သူ၏စိတ်နှလုံးတွင် အုပ်စိုးရန် သူ အခွင့်လုံးဝ မပေးတော့ပါ။ ယင်း အစါး သူသည် မိမိကိုယ်ကိုသာ စိတ်နှလုံး ပလ္လင်တွင် တင်ထားတော်မူ၏။

လူစီဖာ၏စိတ်နှလုံးတွင်းမှ အစပြုသော မာနထောင်လွှားခြင်း အပြစ်သည် မိမိကိုသာ ချစ်ခြင်းသို့ ဦးတည်စေ၏။ သူ၏ ကိုယ်ကျိုး အချစ်သည် သူ၏အလိုကိုသာ လုပ်ရန် ဦးတည်စေခြင်းနှင့် သူ၏အလိုသည် သူ၏ဖန်ဆင်းရှင်ကို ဆန့်ကျင်ပုန်ကန်ခြင်းသို့ ဦးတည်စေ၏။ ဘုရားသခင်၏အောက် အမြင့်ဆုံးသော ကောင်းကင်တမန်အဖြစ် နေရခြင်းကို လူစီဖာသည် လုံးဝ ရောင့်ရဲခြင်း မရှိ တော့ပါ။ ယခု သူသည် ဘုရားကဲ့သို့ ဖြစ်ချင်လာ၏။ ဘုရားသခင်သည် သူ၏နှလုံးသားတွင်း ဘာဖြစ်သည်ကို မြင်တော်မူပြီး သူ့ကို ချီးမြှောက်ခြင်းနေရာမှ လူစီဖာကို နှိမ့်ချတော်မူ၏။ သူ၏နာမည်သည်လည်း လူစီဖာ(အလင်းကိုင်ဆောင်သူ)မှ စာတန်သို့ ပြောင်းခဲ့၏။ အဓိပ္ပါယ်မှာ အတိုက်အခံ ''ရန်သူ'' ဖြစ်သည်။ စာတန်သည် ဘုရားသခင်ကို ဆန့်ကျင်သော ဘဝခရီးစဉ်ကို အစပြုပြီ ထိုအချိန်မှစ၍ သူသည်အပြစ်ကို သာ၍ ပြုလေ၏။

စာတန်၌ နိုင်ငံရှိသည်

စာတန်သည် ဘုရားသခင်ကိုပုန်ကန်သော ပဌမ ဦးဆုံးသော ကောင်းကင်တမန်ဖြစ်၏။ သို့သော် ကောင်းကင်တမန် များစွာသည် သူ၏ပုန်ကန်ခြင်း နောက်သို့ လိုက်ပါခဲ့၏။ ဤ ကောင်းကင်တမန်များကို ''ကျဆင်းသော ကောင်းကင်တမန်များ'' ဟုခေါ်၏။ ဘုရားသခင်၌ သစ္စာရှိ ကျန်ရစ်သော ကောင်းကင်တမန်များကို ''သန့်ရှင်းသော ကောင်းကင်တမန်များ''ဟု ခေါ်၏။

စာတန်သည် ကျဆင်းသောကောင်းကင်တမန်များနှင့်အတူ ဘုရားသခင်နှင့်ဘုရားသခင်၏နိုင်ငံတော်ကို ဆန့်ကျင်သော နိုင်ငံကို တည်ထောင်တော်မူ၏။ စာတန်ပုန်ကန်ခဲ့ချိန်မှစ၍ စင်္ကြဝဠာ၌ နိုင်ငံ နှစ်ခု တည်ရှိတော်မူပြီ၊ စာတန်နိုင်ငံနှင့် ဘုရားသခင် ၏နိုင်ငံတို့ ဖြစ်သည်။ ဤ နိုင်ငံနှစ်ခုသည် လက္ခဏာအားဖြင့် လုံးလုံး ဆန့်ကျင်လျက်ရှိသည်။ စာတန်နိုင်ငံသည် မှောင်မိုက် နိုင်ငံဖြစ်ပြီ၊ ဘုရားသခင်၏နိုင်ငံသည် အလင်းနိုင်ငံဖြစ်သည်။ စာတန်၏နိုင်ငံသည် မုသာလိမ်ညာခြင်း၊ ဆိုးသွမ်းခြင်းနှင့် မုန်းတီးခြင်း နိုင်ငံ ဖြစ်ပြီ၊ ဘုရားသခင်၏နိုင်ငံသည် သစ္စာတရား၊ ဖြောင့်မတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာ တည်ရာ နိုင်ငံ ဖြစ်တော်မူသည်။စာတန်၏လက်အောက်ခံများသည် မည်သူနည်း

စာတန်၏လက်အောက်ခံတွင် ကျဆင်းသော ကောင်းကင်တမန်များနှင့် ကယ်တင်ခြင်းသို့ မရောက်သောသူများ အားလုံး ပါဝင်သည်။ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော စာတန်နောက်လိုက် ကောင်းကင်တမန်များသည် သူ၏လက်အောက်ခံများ ဖြစ်ပြီ၊ သူ၏ ဆိုးသွမ်းသော ရည်ရွယ်ချက်များ၌ အစေကိုခံကြသည်။ ကယ်တင်ခြင်းသို့ မရောက်သောသူ အားလုံးတို့သည် သူတို့ အမှန်တကယ် သိသည် ဖြစ်စေ မသိသည် ဖြစ်စေ စာတန်နိုင်ငံထဲ၌ ရှိကြသည်။

စာတန် ဘာကို ကြိုးစာ လုပ်ဆောင်နေပါသနည်း

စာတန်သည် လူများအား သခင်ယေရှုခရစ်ကို သူတို့၏ ကယ်တင်ရှင်အဖြစ် လက်ခံခြင်းမပြုရန် တားဆီးတော်မူသည်။ သူသည် ကယ်တင်ခြင်း မခံရသောသူများကို သူ၏မှောင်မိုက်နိုင်ငံထဲ၌ ထိန်းသိမ်းထားလိုသည်။

သူ၏ရည်ရွယ်ချက် ပြည့်စုံရန်အတွက် လူများကို သခင်ယေရှု၏အကြောင်းကို အစဉ်မကြားနိုင်ရန် ကြိုးစား ထိန်းသိမ်း လျက်ရှိသည်။ ယနေ့ ကမ္ဘာကြီးတွင် ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံခဲ့ပြီးနောက် နှစ်ပေါင်းနှစ်ထောင် နီးပါးရှိခဲ့ပြီ၊ သခင်ယေရှု၏နာမည်ကို တစ်ခါ ဘူး မျှပင် မကြားသေးသောလူ သန်းပေါင်းများစွာ ရှိနေဆဲဖြစ်သည်။ သခင်ယေရှု ခရစ်တော်၏အကြောင်းကို မကြားဘဲနှင့် သူတို့သည် ကယ်တင်ခြင်းသို့ မရောက်နိုင်ပါ။ ကျမ်းစာက ''ထိုသခင်၏နာမတော်မှတပါး ငါတို့ ကို ကယ်တင်နိုင်သောနာမ တစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ...'' ဟု ဆိုသည်။(တမန်၊ ၄း၁၂)

စာတန်သည် သူ၌ နည်းလမ်းရှိခဲ့မည်ဆိုလျှင် လူများစွာတို့ကို သူတို့၏အပြစ်အတွက် အသေခံခဲ့သော ယေရှု၏နာမည် ကို ဘယ်သော အခါမျှ ကြားရလိမ့်မည် မဟုတ်ပေ။

သူသည် လူများကို ဧဝံဂေလိ ကယ်တင်ခြင်း သတင်းစကားကို မကြားနိုင်ရန် စွမ်းဆောင်နိုင်ခြင်း မရှိသောကြောင့် စာတန်သည် ခြားနားသော အခြားသောနည်းဖြင့် ချည်းကပ်ခြင်းကိုပြုသည်။ လူတို့၏အသိဥာဏ်ကို ကွယ်စေရန် သူ ကြိုးစားခြင်းကြောင့် သတင်းစကား ကို လူများ ယုံကြည်ကြ လိမ့် မည် မဟုတ်တော့ပေ။ ကျမ်းစာက ''ထိုသို့ မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်တည်း ဟူသော ခရစ်တော်၏ ဘုန်းအသရေ နှင့်ပြည့်စုံသော ဧဝံဂေလိတရား၏အရောင်သည် အလင်းကို မပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသော ဘုရား (စာတန်) သည် သူတို့၏ဥာဏ်မျက်စိကို ကွယ်စေ၏''ဟု ဆိုသည်။(၂ကော၊ ၄း၎)

စာတန်သည် လူများကို မည်ကဲ့သို့ လိမ်ညာလှည့်ဖြားသနည်း

စာတန်သည် ကြီးစွာသော လိမ်ညာလှည့်ဖြားသူ ဖြစ်သည်။ သူသည် လူမြောက်များစွာကို ကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အစစ်အမှန် မဟုတ်ကြောင်းကို ယုံကြည်ရန် လိမ်ညာလှည့်ဖြားလျက်ရှိသည်။ လူတွေက သူ့ကို စိတ်ကူးယဉ် ပြုလုပ် ထားသော အမှတ်လက္ခဏာအဖြစ် ယူဆခြင်းနှင့် သူသည် အမှန်တကယ် ပုဂ္ဂိုလ်အဖြစ် ရှိနေခြင်း အယူအဆအပေါ် ယုံခြင်းမရှိဘဲ၊ လှောင်ပြောင်ခြင်းကို သူသည် အမှုမထားပါ။ ထိုသို့ သူသည် အမှုမထားခြင်းမှာ ထိုသို့ ထင်မြင်ယူဆခြင်းများသည် သူ၏ ရည်ရွယ်ချက်ကို အလွန်ကောင်း၍ အောင်မြင်စေသည်။

အချို့သောသူများသည် ပင်ကိုယ်အားဖြင့် အလွန် ဘာသာရေး၌ စိတ်အားသန်ကြသည်

ဤ လူများကို စာတန် မည်ကဲ့သို့ လှည့်ဖြားသနည်း။ သူသည် ထိုသူများကို မှားယွင်းသော ဘာသာတရားများဖြင့် လှည့်ဖြားထားသည်။ စာတန်သည် လူသန်းပေါင်းများစွာကို သူတို့အပြစ်များအတွက် အသေခံခဲ့သော သခင်ယေရှုကို ယုံကြည် ကိုးစားရမည့်အစား မိမိတို့၏ကောင်းသော အကျင့်၊ သို့မဟုတ် အသင်းသားဖြစ်ခြင်း၊ သို့မဟုတ် အချို့သော အသင်အဖွဲ့များ၌ ထုံးတမ်းအစဉ်အလာနှင့် အခမ်းအနား၊ အကျင့်အကြံများ၌ ပါဝင်ခြင်း အပေါ် မှီခိုကိုးစားခြင်းကို ထည့်သွင်း ပေးထားသည်။

စာတန်၌ ဘာဖြစ်လိမ့်မည်နည်း

စာတန်သည် တန်ခိုးရှိခြင်းနှင့်ကောက်ကျစ်သော ရန်သူဖြစ်ပြီ၊ သူ၌ နောက်လိုက်များစွာ ရှိပါသည်။ ယခုအချိန်၌ သူ သည် ဘုရား၏ လူများနှင့်ဆန့်ကျင်တိုက်ပွဲတွင် အလွန်မှ အောင်မြင်ဟန်ရှိနေပါသည်။ ကျွန်ုပ်တို့ မေးခွန်း မေးနိုင်ပါသည်။'' စာတန်၌ ထိုသို့ပြုရန် တန်ခိုးကိုရခဲ့ချိန်မှစ၍ ဘုရားသခင်သည် သူ့ကို အဘယ်ကြောင့် မဖျက်ဆီးခဲ့ပါသနည်း။'' ထိုမေးခွန်း၏ အဖြေမှာ ယခုအချိန်၌ ထိုသို့ပြုရန် ဘုရားသခင်၏အလိုတော် မဟုတ်ပေ။ သို့သော် တနေ့တွင် ဘုရားသခင်သည် စာတန်၏အမှုကို ဖြေရှင်းပေလိမ့်မည်။ စာတန်၏ ကံကြမ္မာ လမ်းဆုံးကို ဘုရားက စီရင်ချက် ချထားခဲ့ပြီး ဖြစ်သည်။ စာတန်သည် ထာဝရ အပြစ် ဒဏ်ခံရာ ငရဲမီးအိုင်ထဲသို့ ချပစ်ခြင်းကို ခံရပေလိမ့်မည်။ ကျမ်းစာက ''သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း၊ သားရဲနှင့် မိစ္ဆာ ပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ချပစ်လျှင်၊ သူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာ ကိုခံရကြလတံ့။''ဟု ဆိုသည်။(ဗျာ၊ ၂ဝး၁ဝ)

ထိုကဲ့သို့ပင် စာတန်၏လိမ်ညာ လှည့်ဖြားခြင်းကို ယုံကြည်ကြသောသူများနှင့် သူ၏မှောင်မိုက်နိုင်ငံထဲ၌ ဆက်လက် ရှိနေကြသော သူများ အားလုံးတို့သည်လည်း မီးအိုင်ထဲသို့ချပစ်ခြင်းကို ခံရပေလိမ့်မည်။ ကျမ်းစာက ''ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဘွယ်သောသူ၊ လူအသက်ကိုသတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ပြုစားတတ်သော သူ၊ ရုပ်ထုကို ကိုးကွယ် သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူ ကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့်နှင့်လောင်သော မီးအိုင် ထဲ၌ မိမိတို့အဘို့ကို ရကြ လိမ့်မည် ဟူ၍၄င်း ငါ့အားမိန့်တော်မူ၏''ဟု ဆိုသည်။(ဗျာ၊ ၂၁း၈) ဆိုးသွမ်းသောသူများသာလျှင် ပျက်စီး ခြင်းသို့ ရောက်ရကြသည် မဟုတ်ပါ။ သို့သော် ''ကြောက်တတ်သောသူ နှင့်မယုံကြည် သောသူ'' တို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။

စာတန်ကို ကြီးစွာသော လိမ်ညာလှည့်ဖြားသူအဖြစ် ကျွန်ုပ်တို့ သိမြင်နားလည်ခဲ့ရပြီ၊ သူ၏လိမ်ညာလှည့်ဖြားခြင်းကို ခံသော သူများကို ကြောက်မက်ဘွယ်သော အပြစ်ဒဏ်သည် စေါင့်ကြိုလျက် ရှိနေကြောင်း ကျွန်ုပ်တို့နားလည်ရသည်။ လူသည် စာတန်၏ လိမ်ညာ လှည့်ဖြားခြင်းမှ မည်ကဲ့သို့ ရှောင်ရှားနိုင်မည်နည်း။ ကျွန်ုပ်တို့သည် လိမ်ညာလှည့်ဖြားခြင်းမှ ရှောင်ရှားနိုင်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားကို သိခြင်း အားဖြင့် သာလျှင် ဖြစ်သည်။ သခင်ယေရှုက ''သမ္မာတရားကိုလည်း သိကြ သဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏''ဟု ဆိုသည်။(ယော၊ ၈း၃၂)

ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်နှင့် ကျွန်ုပ်တို့၏အပြစ်များအတွက်သွန်းလောင်းခဲ့သော သူ ၏အသွေးတော်အပေါ် ယုံကြည် ကိုးစားခြင်း ထက် အခြားသောအရာများအပေါ် ကိုးစားခြင်းကို ဘယ်သောအခါမျှ မပြုရပေ။ တမန်တော်ရှင်ပေါလုက ''သို့သော်လည်း၊ သင် တို့ အား ငါတို့ဟောပြော သော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြော သော်၎င်း၊ ကောင်းကင်ဘုံ မှလာသော ကောင်းကင်တမန် ဟောပြော သော်၎င်း၊ ဟောပြောသောသူသည် ကျိန်တော်မူခြင်းကိုခံစေ'' ဟု ဆိုသည်။(ဂလာ၊ ၁း၈)

ရှာဖွေတွေ့ရှိခဲ့ရသော ရတနာ

စာတန်သည် အမှန်တကယ် ရှိနေသောသူဖြစ်ပြီ၊ တန်ခိုးရှိခြင်းနှင့်ကြောက်မက်ဘွယ်ကောင်း၍၊ ဘုရားသခင်နှင့် လူတို့၏ရန်သူ ဖြစ်သည်။ သူ၏လိမ်ညာလှည့်ဖြားခြင်းကို ရှောင်နိုင်ရန် ဘုရားသခင်၏နှုတ်ကပတ်တော် သမ္မာတရားကို သိရပေမည်။

ဆုတောင်းချက်။ ။ အဖဘုရားသခင်၊ ကိုယ်တော်၏နှုတ်ကပတ်တော်အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်ပါသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို ကျွန်ုပ်၏စိတ်နှလုံးတွင် သိုထားပါမည့်အကြောင်း ကျွန်ုပ်၌ မစတော်မူပါ။ သို့ဖြစ်သော် ကျွန်ုပ်သည် စာတန်၏လှည့်ဖြားခြင်းနှင့် အစဉ် ကင်းလွှတ်ပါလိမ့်မည်။

မေးခွန်းများ

၁။ စာတန်သည် အစမူလ၌…………အဖြစ် ဖန်ဆင်းခြင်းခံရပြီး၊ နာမည်မှာ………….ဖြစ်သည်။

ကောင်းကင်တမန် အားလုံးကို………….က ဖန်ဆင်းခဲ့သည်။

(က) ကောင်းကင်တမန်၊ လူစီဖာ၊ ဘုရားသခင်။

(ခ ) ကြယ်၊ ဂါဗြေလ၊ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်၊

၂။ အပြစ် အစ အဘယ်ကနည်း။
၎င်းသည် ……..၌ အစ ဖြစ်သည်။

(က) အာဒံနှင့် ဧ၀ တို့၏ စိတ်နှလုံး၊

(ခ )
လူစီဖာ၏ စိတ်နှလုံး၊

၃။ လူစီဖာ၏ အပြစ်ကား အဘယ်နည်း။ သူ၏အပြစ်သည်……………..

(က) ဘုရားသခင်က မစားရ ပြောခဲ့သော အပင်မှ အသီးကို စားခြင်း၊

(ခ ) အခြားသော ကောင်းကင်တမန်များနှင့် တိုက်ခိုက်ခြင်း၊

(ဂ ) မာန်မာန ထောင်လွှားခြင်း၊

(ဃ) အထက်ပါ အားလုံး၊

၎။ လူစီဖာ အပြစ် မပြုမှီ၊ သူ မည်သူကို ချစ်ပါသနည်း။…………..။ သူ၏စိတ်နှလုံး၌ မည်သူသည် ရှင်ဘုရင် ဖြစ်ပါသနည်း။

(က) သူ ကိုယ်တိုင်၊

(ခ ) ဘုရားသခင်၊

၅။ လူစီဖာ အပြစ်ပြုပြီးနောက် သူ၏နာမည်သည် …………………သို့ ပြောင်းလဲသွားခဲ့သည်။

(က) လူစီ၊

(ခ ) လီယွန်၊

(ဂ ) စာတန်၊

၆။ စာတန်သည် မည်သည့်အရာကို ကြိုးစား လုပ်ဆောင်လျက် နေပါသနည်း။

(က) လူကို ကောင်းသော ဘ၀အသက်တာ ပေးသည်။

(ခ ) ခရစ်တော်ကို လက်ခံခြင်းမပြုရန် လူကို တားဆီးလျက်ရှိသည်။

(ဂ ) အထက်ပါ အားလုံး၊

၇။ စာတန်သည် လူတွေကို မည်ကဲ့သို့ လှည့်ဖြား သနည်း။

(က) သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်မဟုတ် ဟု လူတွေယုံကြည်လာအောင် ပြုလုပ်ခြင်းဖြင့်၊

(ခ ) လူတွေက သူ့ကို စိတ်ကူးယာဉ် ဇတ်ကောင် တကောင်အဖြစ် ယူဆခဲ့ရင်လည်း သူ အမှုမထားပါ။

(ဂ ) အထက်ပါ အားလုံး၊

၈။ သင်သည် သော့ချက် ကျမ်းပိုဒ်ကို အလွှတ်ကျက်မှတ်ရန် အခက်အခဲ ရှိပါသလား။

(က) ရှိသည်။

(ခ ) မရှိပါ။

၉။ သော့ချက် ကျမ်းပိုဒ်ကို ပေးထားသော ကွက်လပ်တွင် ရိုက်ထည့်ပါ။ လေ့ကျင့်ရန်အတွက် ဖြစ်ပါသည်။

……………………………………………………………………………………………………..။

၁၀။ အစီအစဉ်များ တိုးတက်ကောင်းမွန်ရေ်း ကျွန်ုပ်တို့ ပြုနိုင်ရန် နည်းလမ်းများ ရှိခဲ့လျှင်၊ ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို အသိပေးပါ။

သို့မဟုတ် အကြံပြုချက်များနှင့် မေးခွန်းများရှိပါက အသိပေးပါ။

………………………………………………………………………………………………………………………………..။





Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support