သင်ခန်းစာ (၂)
ထာဝရဘုရားတရားသူကြီး
သင်ခန်းစာ (၁)၌ ဘုရားသခင်ကိုယုံကြည် နိင်ရန်ဘုရားသခင်၏ အမြင်အတိုင်းမြင်ဘို့ လို သည်ဟုသိခဲ့ရပြီ။ ဘုရားသခင်၏ အမြင်သာလျှင်မှန်၍လူ၏ အမြင်သည်မှားသည်ဟုသိခဲ့ရပြီ။ အဘယ် ကြောင့် ဘုရားသခင်၏အမြင်သာလျှင် မှန်၍လူ၏အမြင်သည် မှားသည်ဟုဆိုနိင်သနည်း။
တရားသူကြီး
အပြစ်သားများကိုတရားစီရင်သောသူသည် တရားသူကြီးဖြစ်သည်။ တရားဆုံးဖြတ်ရာတွင် တရားသူကြီး၏အမြင်အတိုင်းသာလျှင် ဆုံးဖြတ်ရသည်။ တရားခံသည် ကိုယ့်ကိုယ်ကိုမည်မျှပင် အပြစ်ကင်း၍ သြတပ်္ပစိတ်ကြည်လင် စေကာမူ တရားသူကြီးကအပြစ်ရှိသည်ဟု မြင်လျှင် အပြစ်ပေးခံရမည်သာ ဖြစ်သည်။
ထို့ နည်းတူတလောကလုံးရှိလူသားများကိုတရားစီရင်မည့်သူသည် ထာဝရဘုရားပင်ဖြစ်သည်။ ကျမ်းစာ၌-ထာဝရဘုရားသည် ငါတို့၏ တရားသူကြီးဖြစ်တော်မူ၏-ဟုဆိုထားသည်(ဟေရှာယ ၃၃း၂၂)။ ထို့ ကြောင့် ထာဝရဘုရား၏အမြင် အဆုံးအဖြတ်သာလျှင် အတည်ဖြစ်၍ အရေးကြီးသည်။ ကျွန်ပ်နှင့် မိတ်ဆွေ၏အမြင်သည် အရေးမကြီးချေ။
ဖန်ဆင်းသောကြောင့်
တရားသူကြီးသည်အာဏာရအစိုးရကခန့် အပ်တတ်သည်။ သို့ ဖြစ်လျှင် ထာဝရဘုရားကို မည်သူကတရားသူကြီးအဖြစ်ခန့် အပ် သနည်း။ ထာဝရဘုရားကို တရားသူကြီးအဖြစ်ခန့်အပ်သော သူသည် သူကိုယ်တိုင်ပင်ဖြစ်သည်။ အကြောင်းမှာ လူသားများကို ဖန်ဆင်းသူဖြစ်သည်။ မိဘများသည် ကိုယ်မွေးသော သားသမီးများကို ဆုံးမပိုင်ခွင့်ရှိသကဲ့သို့ ထာဝရဘုရားလည်း သူဖန်ဆင်းသော လူသား များ အပေါ်တရားစီရင်ပိုင်ခွင့်  ရှိသည်။
မသိသော်လည်း
မိတ်ဆွေသည် တရားသူကြီးကို မသိသော်လည်း အပြစ်ကျူးလွန်ပါက သူနှင့်ရင်ဆိုင်ရမှာဖြစ်သည်။ ထို့ နည်းတူမိတ်ဆွေအနေဖြင့် တရားသူကြီးဖြစ်သော ထာဝရဘုရားကို မသိသော်လည်း၊ ဂရုမစိုက်သော်လည်း တနေ့ကျလျှင်သူ၏တရားစီရင်ခြင်းကို ခံရမည်သာ ဖြစ်သည်။
ကျမ်းစာက-တဖန်တုံပလ္လင်ဖြူကြီးကို၎င်း။ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူကို၎င်း။ငါမြင်၏။ ကောင်းကင်နှင့်မြေကြီးသည် မျက်နှာတော် ရှေ့ မှပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သော အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကိုငါမြင်၏။ စာစောင်များကိုဖွင့်ထား၏၊ အသက်စာစောင်တည်းဟူသော အခြားတပါးသောစာစောင်ကိုလည်းဖွင့်လေ၏။ သေလွန်သော သူတို့သည် မိမိတို့ အကျင့်အတိုင်း စာစောင်၌ရေးထားချက်များနှင့် အညီတရားစီရင်ခြင်းကို ခံရကြ၏။ (ဗျာ ၂၀း၁၁=၁၂)၊
အထက်ပါတရားစီရင်ခြင်းသည် နောက်ဆုံးသောအချိန်၌ဖြစ်သည်။ ကမ်္ဘာလည်းကုန်၍ လူများ အားလုံးလည်းသေပြီးမှဖြစ်မည်။ တရားစီရင်ခြင်း ခံရမည့်သူများသည် သေလွန်သောသူများဖြစ်သည်။ လူထင်မှတ်တတ်သည်မှာ လူသည် သေလျှင်ပြဿနာကင်း၍ အေးချမ်းမည်ဟူ၍ဖြစ်သည်။
ထိုသို့ ထင်မှတ်ခြင်းသည်စာတန်၏ လှည့်ဖျားမှုနှင့် မသိနားမလည်မှု၏ အားနည်းချက် ဖြစ်သည်။ အမှန်မှာ ပြဿနာသည် သေပြီးမှ ပိုများကာ ဘယ်သောအခါမှ ဖြေရှင်းနိင်တော့မည် မဟုတ်ချေ။ ထို့ ကြောင့် သေကြောင်း ကြံစည်ခြင်း အားဖြင့် ပြဿနာမဖြေရှင်းဘို့  သတိပေးလိုပါသည်။ မိတ်ဆွေသည် သေလွန် သော်လည်း တရားစီရင်ခြင်းခံရဦးမှာဖြစ်သည်။
တဖန်ကျမ်းစာက- လူသည် တခါတည်းသေ၍ ထို့ နောက်မှ တရား စီရင်ခြင်းခံရသကဲ့သို့ -ဟုဆိုထားပါသေးသည် (ဟေဗြဲ ၉း၂ရ)၊ လူသည် သေလွန်သော်လည်း တရားစီရင်ခြင်းခံရဦးမည်။ ထို့ ကြောင့်သေခြင်း ဖြင့်ပြဿနာ မအေး သေးချေ။ တရားစီရင်ခြင်း ခံရဦးမည် ဖြစ်သောကြောင့် မသေမှီကြိုတင် ပြင်ဆင်ဘို့ လိုသည်။
မယုံသော်လည်း
မိတ်ဆွေအနေဖြင့်ထာဝရဘုရားကို မိတ်ဆွေ၏အပြစ်စီရင်မည့် တရားသူကြီးအဖြစ် မယုံကြည် ဘဲ ဖြစ်ကောင်းဖြစ်နိင်သည်။ သို့သော်မိတ်ဆွေ၏ မယုံကြည်ခြင်းဖြင့် ထာဝရဘုရားသည် တရားသူကြီးအဖြစ်မှ လျောကျသွား မည်မဟုတ်။
နောဧလက်ထက်၌လည်း ထာဝရဘုရားသည်မြေကြီးကို ရေလွှမ်းမိုးခြင်းအားဖြင့် တရားစီရင်မည့်အရာကိုနောဧအားဖြင့် သတိပေးခဲ့သော်လည်း ထိုခေတ်က လူများသည်မယုံကြည်ကြ။ သို့သော်သူတို့ ၏မယုံကြည်ခြင်းအားဖြင့် တရားစီရင်ခြင်းကို မဆီးတား နိင်ကြ။ ထိုမယုံကြည် သူများသည် ရေလွှမ်းမိုးခြင်းအားဖြင့် သေကြေပျက်ဆီးကြသည် (၁ ပေ ၃း၁၉-၂၀)။
ဗာဗုလုန်နိင်ငံကိုအုပ်စိုးခဲ့သော နေဗုခဒ်နေဇာမင်းကြီးလည်းသူ့ကိုယ်သူ ချီးမြှောက်ဝါကြွားသောအခါ ဘုရားသခင်၏ တရား စီရင်ခြင်းကိုခံခဲ့ရသည်။ လူစင်စစ်မှ တိရစ်္ဆာန်စိတ်ဝင်ကာလူစုထဲမှနှင်ထုတ်ခြင်းခံခဲ့ရလေသည်။ ကောင်းကင်မှ အသံက- အမြင့်ဆုံးသော ဘုရားသခင်သည် လောကီနိင်ငံကို အုပ်စိုး၍ပေးလိုသောသူတို့ အားပေးတော်မူသည်ကို မင်းကြီး မသိ မမှတ်မီ ကာလခုနှစ်နှစ်ပတ်လုံး နွားကဲ့သို့ မြက်စားရမည်-ဟုဆို၏။ (ဒံယေလ ၄း၃၂)။
နေုဗုခဒ်နေဇာမင်းကြီးသည် ဘုရားသခင်စီရင်သည့်အတိုင်း တိရစ်္ဆာန်ကဲ့သို့ ခုနှစ်နှစ်ဖြစ်ပြီးနောက်-အမြင့်ဆုံးသော ဘုရားသခင်ကို ကောင်းကြီးပေး၍ ထာဝရအသက်ရှင်တော်မူသော ဘုရားကို ထောမနာပြု၏။ အာဏာ တော်သည် ထာဝရအာဏာဖြစ်၏။ နိင်ငံတော်သည် ကမ္ဘာအဆက်ဆက် တည်၏။ မြေကြီးသားအပေါင်းတို့သည်ရှေ့တော်၌အဘယ်မျှမဟုတ် သကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်ဗိုလ်ခြေတို့၌၄င်း၊ မြေကြီးသားတို့၌၄င်း၊ အလိုတော်ရှိ သည့်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှမဆီးတားနိင်။ အဘယ်သို့ ပြု သနည်း ဟု ကိုယ်တော်ကို ဆိုနိင်သောသူ မရှိ- ဟု ဘုရားသခင်၏ တန်ခိုးတော်နှင့် အာဏာတော်ကို ၀န်ခံသွားခဲ့ပါသည်။ (ဒံယေလ၊၄း၃၄-၃၅)။
နေဗုခဒ်နေဇာမင်းကြီးသည် ထာဝရဘုရားသခင်ကို ယုံကြည်သူမဟုတ်။ သို့သော်ဘုရားသခင်၏ တရားစီရင်ခြင်းသည် သူကဲ့သို့  သောရှင်ဘုရင် အပေါ်လည်း သက်ရောက်၍ မငြင်းဆိုနိင်ခဲ့ချေ။ သို့ ဖြစ်လျှင်မိတ်ဆွေနှင့် ကျွန်ပ်သည် အဘယ်သို့သောသူဖြစ်၍ ဘုရား၏ တန်ခိုးတော်နှင့် အာဏာတော်ကို ငြင်းဆိုတော်လှန်နိင်မည်နည်း။
ဘုရားသခင်အပြစ်မတင်မှသာ
ထာဝရဘုရားသည် တလောကလုံး၏ကတရားသူကြီးဖြစ်ကြောင်းသိရှိရပြီ။ ထို့ ကြောင့်ထာဝရဘုရား၏ အပြစ်တင်ခြင်းမှ ကင်းလွတ်မှသာလျှင် သက်သာရာ ရမှာဖြစ်သည်။ ကျမ်းစာက- ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့်လွတ်၍ လှည့်စားတတ်သော စိတ်သဘောနှင့်ကင်းစင်သောသူသည် မင်္ဂလာရှိ၏-ဟုဆိုထားသည် (ဆာလံ ၃၂း၁-၂)။
ထို့ကြောင့်မိတ်ဆွေအပါအ၀င် လူသားအားလုံးသည် မိမိအမြင်နှင့် အကြံအစည်အားလုံးကို စွန့် လွှတ်၍ထာဝရဘုရား သခင်၏ အမြင်အတိုင်းမြင်ဘို့ စီရင်တော်မူချက်များကို သိရှိလက်ခံဘို့ လိုအပ်သည်။
သင်ခန်းစာ (၂)မေးခွန်းများ
၁။ အပြစ်သားများကို တရားစီရင်သောသူသည် အဘယ်သူနည်း-------------။
၂။ တလောကလုံးရှိ လူသားများကို တရားစီရင်မည့်သူသည်------------ဖြစ်သည်၊
၃။ ထာဝရဘုရားသည် အဘယ်ကြောင့် တရားသူကြီးဖြစ်နိင်သနည်း၊ ---------။
၎။ မိတ်ဆွေသည် တရားသူကြီးကို မသိသော်လည်း အပြစ်ကျူးလွန်ပါက တရားစီရင်ခြင်းခံရပါမည်လော-------------။
၅။ ဗျာဒိတ်၂၀း၁၁-၁၂ ၌မည်သူတို့ တရားစီရင်ခြင်းခံရကြသနည်း။----------။
၆။ လူသည် သေသောနောက် မည်သည့်အရာ ခံရဦးမည်နည်း။----------------။
ရ။ နောဧခေတ် လူများသည် ထာဝရဘုရား၏ သတိပေးခြင်းကိုမယုံကြ သော်လည်း တရားစီရင်ခြင်းခြံကသလော၊ -----------------။
၈။ နေဗုခ်နေဇာမင်းကြီးကို မည်သူက တိရစ်္ဆာန်ကဲ့သို့ ဖြစ်အောင် တရား စီရင် သနည်း။-------------------။
၉။ နေဗုခ်နေဇာမင်းကြီးသည်မည်သူ.အုပ်စိုးခြင်းကိုပြန်ဝန်ခံခဲ့သနည်း။---------------။
၁၀။ မိတ်ဆွေ၊ ထာဝရဘုရား၏တန်ခိုးတော်၊ အာဏာတော်နှင့် တရားစီရင်ခြင်းကို ၀န်ခံပါသလား။---------------။
0 comments:
Post a Comment