HCF

HCF MYANMAR IN SINGAPORE

Saturday, May 29, 2010

ကျွန်ုပ်တို့၏အလုံးစုံတို့၌အလုံးစုံဖြစ်သောယေရှုခရစ်


သင်ခန်းစာ (၉)

''...ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော် ပေ တည်း'' (ကော၊ ၁း၂၇)


ချစ်သောမိတ်ဆွေ၊

ကျွန်ုပ်တို့သည်သခင်ယေရှုနှင့်ဆိုင်သော အံ့ဘွယ်သောအကြောင်းများစွာကို လေ့လာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့လေ့ လာခဲ့ရာတွင် သူသည် ဘုရားသခင်ကတိတော်နှင့်ဆိုင်သောကယ်တင်ရှင်၊ တန်ခိုးကြီးသောဘုရား၊ ကြီးမြတ်သောဆရာ၊ဘုရား ၏သိုးသငယ်၊ ထမြောက်ခြင်း အရှင်၊ အလုံးစုံတို့၏သခင်၊ ကြီးမြတ်သော ကိုယ်စားပြုအကျိုးဆောင်သူနှင့် ကြွလာမည့် ရှင်ဘုရင် ဖြစ်သည်။ ယေရှုခရစ်သည် ဤအရာများသာမက သာ၍များသော အရာများလည်းဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း၊ ကျွန်ုပ်တို့၏တန်ခိုး၊ ကျွန်ုပ်တို့၏သန့်ရှင်းခြင်း၊ ကျွန်ုပ်တို့၏ အောင်မြင်ခြင်း၊ ကျွန်ုပ်တို့၏ ဝမ်းမြောက် ခြင်း၊ ကျွန်ုပ်တို့၏ခွန်အား၊ ကျွန်ုပ်တို့၏စိတ်ရှည်ခြင်း၊နှင့် သာ၍များစွာသော အရာများဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့၏ လိုအပ် သော အရာတိုင်းအတွက် ဘုရားသခင်သည် ခရစ်တော်ကို ကျွန်ုပ်တို့၌ ပေးခဲ့ခြင်းဖြစ်သည်။ ကျမ်းစာက''ထိုသို့သင်တို့သည် သား ဖြစ်သောကြောင့် အဗ္ဗအဘ ဟုခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွတ် တော်မူ သည်'' ဟုဆိုသည်။(ဂလာ၊ ၄း၆)

ဤကား မည်သည့် အဓိပ္ပါယ်နည်း။ ၄င်း၏အဓိပ္ပါယ်မှာ ခရစ်တော်သည် ကျွန်ုပ်တို့၏အထဲ၌ သူ၏ဝိညာဉ်တော် အားဖြင့် ရှိနေခြင်း ဖြစ်သည်။ ကျမ်းစာက''...ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသောသင်တို့ အထဲ၌ တည် တော်မူသော ခရစ်တော် ပေတည်း''ဟုဆိုသည်။ (ကော၊ ၁း၂၇)

ဤသင်ခန်းစာ၌ စိတ်နှလုံးထဲ၌ကျိန်းဝပ်တော်မူသော ခရစ်တော်နှင့် ခရစ်ယာန်အသက်တာကို မည်ကဲ့သို့အသက်ရှင် လိုက်လျောက် မည်နည်း ဟူသောအကြောင်းကို ကျွန်ုပ်တို့ သာ၍ လေ့လာကြမည်။


ဘုရားသခင်သည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ကျိန်းဝပ်ရန် ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့၏။

ကျမ်းစာက လူသည်''ဘုရားသခင်၏ပုံသဏ္ဍာန်နှင့်အညီ''ဖန်ဆင်းခြင်း ခံရ၏ဟုဆို၏။ ကျွန်ုပ်တို့သည်ဘုရားသခင်၏ပုံသဏ္ဍာန် ဖန်ဆင်းခြင်းခံရသည်သာမက ဘုရားသခင် သူကိုယ်တိုင် ကျွန်ုပ်တို့အထဲ၌ နေနိုင်ရန်အတွက်လည်း ကျွန်ုပ်တို့ ကို ပြုလုပ်ခဲ့ခြင်းဖြစ်၏။

ဆွယ်တာတထည်သည် လူတစ်ဦး၏ပုံစံ(သို့)ပုံသဏ္ဍာန်ကဲ့သို့ပြုလုပ်ထားသော ပိတ်စတခုဖြစ်သည်။ ၄င်းကို လူ တစ်ဦး၏ပုံသဏ္ဍာန် ပြုလုပ်ခြင်းတခုတည်း မဟုတ်ပါ။ အသက်ရှင်သောသူ ဝတ်ဆင်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း အသက်ရှင်သောပုဂ္ဂိုလ် ဘုရားသခင်ကိုယ်တိုင် ကျွန်ုပ်တို့အထဲ၌ ကျိန်းဝပ်ရန် ပြုလုပ်ခဲ့၏။

ဘုရားသခင်သည် ယေရှု၏အထဲ၌ တည်တော်မူ၏

ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ ဘုရားသခင်ဖြစ်တော်မူသည်။ သို့သော် သူသည် လူသား တစ်ဦးလည်း ဖြစ်ခဲ့၏။ သူ့ကိုယ်သူ''လူသားတော်''ဟုခေါ်ခြင်းကို သူသည်နှစ်သက်တော်မူ၏။ ယခု ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ သူ၏အမှန်ဖြစ်သော လူသားစင်စစ် တစ်ဦးအဖြစ်ကို ကျွန်ုပ်တို့ စဉ်းစားလိုခြင်း ဖြစ်သည်။

သူသည် ဤမြေပေါ်အသက်ရှင်စဉ်အခါ၊ သခင်ယေရှုသည် သန့်ရှင်းခြင်း၊တန်ခိုးရှိခြင်းနှင့်အောင်မြင်သောအသက်တာဖြင့် အသက်ရှင်ခဲ့ ၏။ သူက''ငါသည် ခမည်းတော်ကို နှစ်သက်စေတော်မူသော အမှုကိုအစဉ်မပြတ်ပြုတော်မူသည်''ဟုမိန့် တော်မူ၏။ သူ၏ရန်သူများပင် သူ၌ အံ့သြခြင်းရှိတော်မူ၏။ သူတို့က''ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှ မဟောစဘူး ပါ''ဟုပြောဆိုကြ၏။

ယေရှုသည် ဤကဲ့သို့သော ပညာများကို ဘယ်ကရရှိခဲ့သနည်း။ ဘယ်ကဲ့သို့ သူသည် အပြစ်ကင်းသော အသက်တာဖြင့် အသက်ရှင် နိုင်ခဲ့ရသနည်း။ သူပြုခဲ့သော တန်ခိုးကြီးသောအရာများကို သူ ဘယ်ကဲ့သို့ ပြုလုပ်ခဲ့အနည်း။ သခင်ယေရှု ၄င်းကို ရှင်းပြခဲ့၏။ သူက'' ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည် ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျှောက် ငါ ဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကိုကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည်ပြုတော်မူ၏။''ဟုဆိုသည်။(ယော၊ ၁၄း၁ဝ)

ယေရှုသည် ခမည်းတော် သူ၌ရှိတော်မူသည်ကို သိတော်မူ၏။ ခမည်းတော်သည် သူ၌ရှိကြောင်းကို သိမှတ်တော်မူ ပြီး၊ သူ့ခမည်းတော် ကို သူ အစဉ်နာခံခြင်း ရှိတော်မူ၏။ သူ၏လိုသောအရာအားလုံးအတွက် သူ၏ခမည်းတော်ကို အားကိုး မှီ ခိုတော်မူ၏။ ယေရှုက ဆိုသည်မှာ တန်ခိုးကြီးသောအမှုများကို သူပြုလုပ်ခဲ့ခြင်းသည် ခမည်းတော်သည် သူ၏အထဲ၌တည်ရှိ နေခြင်း၏ ရလဒ်ကြောင့်ဖြစ်သည်။

ယေရှုသည် သူ၏တပည့်တော်များ၏အထဲ၌ ကျိန်းဝပ်ရန် ကတိပေးခဲ့၏။

ယေရှုသည် လက်ဝါးကပ်တိုင်ပေါ် အသေသတ်ခြင်းမခံမှီ သူ၏တပည့်တော်များကို ပြောခဲ့သည်မှာ သူသည် မကြာခင် သူတို့ကို စွန့်ခွာ သွားလိမ့်မည်။ သို့သော် သူတို့ထံသို့ ပြန်လာမည်ဖြစ်ကြောင်း သူ ကတိပေးခဲ့၏။ ယေရှုက'' ခမည်း တော်သည်သမ္မာတရားကိုပြသော ဝိညာဉ် တော်တည်းဟူသော တပါးသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။- ထိုဝိညာဉ်တော် ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူ နိုင်ကြ။ ထို ဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ရှိတော် မူသော ကြောင့် သင်တို့သိရကြ၏။- ငါသည် သင် တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့လာဦးမည်''ဟုဆိုသည်။(ယော၊ ၁၄း၁၆-၁၈)

ယေရှုသည် တပည့်တော်များကို ဘာပြောသနည်း။ သူပြောသည်မှာ''ငါသည်သွားရမည် သို့သော် ငါသည် အသစ်သောအသွင်နှင့် ခြားနားသော အသွင်ဖြင့် ပြန်လာဦးမည်။ ငါသည် သန့်ရှင်းသောဝိညာဉ်တော် ပုဂ္ဂိုလ်တစ်ဦး အဖြစ်နှင့်ပြန် လာမည်။ သင်တို့၌ နေရန်ပြန်လာမည်။ ခမည်းတော်သည် ငါ၌ရှိနေသကဲ့သို့ ငါသည် သင်တို့၌ရှိနေရန် ပြန်လာမည်။'' သခင်ယေရှုက'' ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည် ငါရှိသည်ကို၎င်း၊ ငါ သည်သင်တို့၌ ရှိသည်ကို၎င်း၊ ထိုနေ့၌ သင်တို့သည် သိရကြ လိမ့်မည်။''ဟုဆို၏။(ယော၊ ၁၄း၂ဝ)


ခရစ်တော်သည် ကျွန်ုပ်တို့၌ ရှင်တော်မူသည်

ခရစ်တော်သည် ယုံကြည်သူတိုင်း၏အထဲ၌ ရှိပါသလား။ အမှန် ရှိတော်မူသည်။ ကျမ်းစာက''...ယေရှုခရစ်သည် သင်တို့၌ တည်တော်မူ သည်ဟု ကိုယ်အကြောင်းကို ကိုယ်မသိကြသလော။''ဟုဆိုသည်။(၂ကော၊ ၁၃း၅ခ)''...ခရစ်တော်၏ ဝိညာဉ်ကို မရသောသူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။'' ရော၊ ၈း၉)

ဤသည်ကား တမန်တော်ရှင်ပေါလု၏ အံ့သြချီးမွမ်းဖွယ်သော၊ အောင်မြင်သောအသက်တာ၏ လျှို့ဝှက်ချက် ဖြစ် သည်။ သူက''ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။''ဟုဆို၏။(ဂလာ၊ ၂း၂ဝ)

ဘုရားသခင်၏သားသမီးတိုင်းသည်''ခရစ်တော်သည် ငါ၌ရှင်တော်မူ၏''ဟု ဤကဲ့သို့ ပြောနိုင်ပါသည်။ သင်သည် ခရစ်တော်ကို သင်၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့ပြီးပြီလား။ လက်ခံခဲ့ပြီးသော် သင့်ကိုယ်ကိုပြောပါ။''ခရစ်တော် သည် ငါ၌ရှင်တော်မူ၏။ ခရစ်တော် သည် ငါ၌ရှင်တော်မူ၏။''ဟုပြောပါ။

သင်၌ရှင်တော်မူသော ခရစ်တော်သည် မည်သူနည်း။ သူသည် ဘုရားသခင် ဖြစ်တော်မူသည်။ ကျမ်းစာက ''အကြောင်းမူကား၊ ဘုရားသခင်၏ဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော် မူ၏။''ဟုဆိုသည်။(ကော၊ ၂း၉)

ခရစ်တော်၏နာမည်များထဲမှ နာမည်တခုကို စဉ်းစားခြင်းဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့၌ရှင်သည်ဆိုသော အနက်ကို နားလည်ရန် ကျွန်ုပ်တို့ကို မစပေလိမ့်မည်။

ခရစ်တော်သည် ကြီးမြတ်တော်မူသော'' ငါ ဖြစ်သည်'' ဟု ဆိုသောသူဖြစ်သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်တွင် ဘုရားသခင်က ခရစ်တော်၏နာမည်သည် '' ငါ ဖြစ်သည်''ဟု ကျွန်ုပ်တို့ကို ဖေါ်ပြသည်။ သခင်ယေရှုက'' ယေရှု ကလည်း၊ ငါအမှန်အကန်ဆိုသည်ကား အာဗြဟံမဖြစ်မှီ ငါ ဖြစ်၏''ဟု မိန့်တော်မူ၏။ (ယော၊ ၈း၅၈)

ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏အမည်နာမ တခုမှာ ''ငါ ဖြစ်သည်''ဟူသောနာမဖြစ်၏။ ဤနာမ၏ အနက် ကိုနားလည်ရန် ဣသရေလ၏သားသမီးများ ကျွန်ခံရာ အဲဂုတ္တုပြည်၌ ဖြစ်ပျက်ခဲ့သော တစုံသော အကြောင်းအရာဆီသို့ နောက်ကြောင်းပြန် ရပေလိမ့်မည်။

ဘုရားသခင်သည် မောရှေအား တောထဲ၌ထင်ရှားပြပြီး၊ သူအား အဲဂုတ္တုပြည်သို့ပြန်သွား၍ ဣသရေလ၏သား သမီးများ ကျွန်ခံရာမှ ထွက်မြောက်ခြင်းကို ဦးဆောင်ရန်ပြောခဲ့၏။ သို့သော် မောရှေသည် ဘုရားသခင် သူ့အား စေလွတ်ခြင်း ကို လူများ မယုံကြည်ကြ လိမ့် မည်ကို ကြောက်၏။ မောရှေကလည်း''အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ရှိရာသို့ ရောက် ၍၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်သည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ထို ဘုရားသခင်၏နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကို ပြန်၍ မေးသောအခါ၊ အဘယ်သို့ပြန်ပြောရမည်နည်း''ဟု ဘုရားသခင်အား မေးလျှောက်လေ၏။

ဘုရားသခင်ကလည်း မောရှေအား ''ငါ ဖြစ်သည် အတိုင်း ငါ ဖြစ်၏ဟူ၍၄င်း၊ ငါ ဖြစ်သည်ဟုအမည်ရှိသော သူ သည်၊ ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလ အမျိုးသားတို့အားပြန်ပြောလော့ဟူ၍၄င်း'' မိန့်တော်မူ၏။ (ထွက်၊ ၃း၁၃-၁၄)

ဘုရားသခင်က သူ၏နာမသည်''ငါ ဖြစ်သည်''ဟုဆို၏။ ဘုရားသခင်၌ ထူးဆန်းသောနာမတခုဖြစ်သည်၊ မဟုတ် ပေဘူးလား။ ၄င်းကား အမှန်တကယ် မပြီးဆုံးသေးသော ဝါကျတကြောင်းကဲ့သို့ ဖြစ်နေပါသည်။ ငါ---------ဖြစ်သည်။

ဘုရားသခင်သည် ဘာကိုဆိုလိုသနည်း။ ဘုရားသခင်ဆိုလိုသည်မှာ''ငါသည် သင်လိုအပ်သောမည်သည့်အရာမဆို ဖြစ်သည်။'' ဟူ၍ဖြစ်၏။

ဘုရားသခင်ကမောရှေအားပြောသည်မှာ'' မောရှေ၊ ငါသည်သင့်ကို အမှုပြုရန်ခေါ်ခြင်းကြောင့် ကြီးမားသောအမှု များကိုပြုရန် သင်၌အရာများစွာ လိုအပ်လိမ့်မည်။ သင်သည် ရဲရင့်ခြင်းကို လိုလိမ့်မည်။ ငါသည် သင်၌ရဲရင့်ခြင်း ဖြစ်သည်။ သင်သည် ဥာဏ်ပညာကို လိုလိမ့်မည်။ ငါသည် သင်၌ဥာဏ်ပညာ ဖြစ်သည်။ သင်သည်တန်ခိုးကို လိုမည်။ ငါသည် သင်၌ တန်ခိုးဖြစ်သည်။ သင်သည် သီးခံခြင်းနှင့်စိတ်ရှည်ခြင်းကို လိုလိမ့်မည်။ ငါသည် သင်၌သီးခံခြင်းနှင့်စိတ်ရှည်ခြင်းဖြစ်သည်။

ငါသည် သင်၌လိုအပ်သောအရာ မည်သည့်အရာမဆို ဖြစ်သည်။''ဟူ၍ဖြစ်၏။

မောရှေသည် ဘုရားသခင်ကို ယုံကြည်ပြီး၊ သူ၌လိုအပ်သောအရာအားလုံးအတွက် သူသည် ဘုရားသခင်အပေါ် အားကိုးမှီခိုတော်မူ၏။ အကျိုးကျေးဇူးကား မည်သို့ရှိသနည်း။ ကျမ်းစာက ကျွန်ုပ်တို့အား ဆိုခဲ့သည်မှာ ဘုရားသခင်သည် ဣသရေလ၏သားသမီးများကို အဲဂုတ္တုပြည်မှ ''တန်ခိုးကြီးသောလက်တော်ဖြင့်'' ထုတ်ဆောင်တော်မူ၏။

ခရစ်တော်သည် ဘုရားသခင်၏အရာခပ်သိမ်း ဖြစ်ခြင်း

ကျွန်ုပ်တို့ ဓမ္မသစ်ကာလသို့ ရောက်လာသောအခါ ခရစ်တော်သည် ကြီးမြတ်သော'' ငါ ဖြစ်သည်''ဟူသော သူ ဖြစ်ကြောင်းကို တွေ့ရသည်။ သူက ဆိုသည်မှာ-

''ငါသည် အသက်မုန့် ဖြစ်သည်'' (ယော၊ ၆း၅၁)

''ငါသည် လောက၏အလင်းဖြစ်သည်'' (ယော၊ ၈း၁၂)

''ငါသည် တံခါးဝ ဖြစ်သည်'' (ယော၊ ၁ဝး၉)

''ငါသည် ကောင်းသော သိုးထိန်း ဖြစ်သည်'' (ယော၊ ၁ဝး၁၄)

''ငါသည် ထမြောက်ခြင်းအကြောင်း ဖြစ်သည်'' (၁ယာ၊ ၁၁း၂၅)

''ငါသည် လမ်းခရီး ဖြစ်သည်'' (ယော၊ ၁၄း၆)

''ငါသည် သမ္မာတရား ဖြစ်သည်'' (ယော၊ ၁၄း၆)

''ငါသည် အသက် ဖြစ်သည်'' (ယော၊ ၁၄း၆)

''ငါသည် မှန်သောစပျစ်နွယ်ပင် ဖြစ်သည်'' (ယော၊ ၁၅း၁)

''ငါသည် အာလဖနှင့်သြမေဃ ဖြစ်သည်'' (ဗျာ၊ ၁း၈)

ယေရှုခရစ်သည် ဤအရာအားလုံးသာမက သာ၍များသော အရာများလည်း ဖြစ်တော်မူ၏။ သူသည် ကျွန်ုပ်တို့၏ မြော်လင့်ခြင်း၊ ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်း၊ ကျွန်ုပ်တို့၏ငြိမ်သက်ခြင်း၊ ကျွန်ုပ်တို့၏စိတ်ရှည်ခြင်း၊ ကျွန်ုပ်တို့၏ချစ်ခြင်း၊ ကျွန်ုပ်တို့၏နူးညံ့သိမ်မွေ့ခြင်း၊ ကျွန်ုပ်တို့၏စင်ကြယ်ခြင်း၊ ကျွန်ုပ်တို့၏တန်ခိုး၊ ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်း၊ ကျွန်ုပ်တို့၏ သန့်ရှင်းခြင်း၊ ကျွန်ုပ်တို့၏ကယ်တင်ခြင်း၊ ကျွန်ုပ်တို့၏ပညာ၊ ကျွန်ုပ်တို့၏ကျန်းမာခြင်း၊ ကျွန်ုပ်တို့၏အောင်မြင်ခြင်း၊ မှစ၍ သူသည် ကျွန်ုပ်တို့၌ လိုအပ်သောအရာ မည်သည့်အရာမဆို ဖြစ်တော်မူသည်။ ကျမ်းစာက''...ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံ ဖြစ်တော်မူ၏။''ဟုဆိုသည်။(ကော၊ ၃း၁၁)

ခရစ်တော်သည်''အလုံးစုံ''သော သူ ဖြစ်သည်။ သူသည် ကျွန်ုပ်တို့၌လိုသော အရာခပ်သိမ်းဖြစ်ပြီ၊ ကျွန်ုပ်တို့၌ရှင် တော်မူသည်။ သူသည် ''ငါ ဖြစ်သည်''ဟု ကြီးမြတ်သောအမည်ရှိသည်။ သူက'' သင်၌လိုအပ်သောအရာသည် ငါ ဖြစ်သည်'' ဟုဆို၏။

ခရစ်တော်၌တည်ပါ

ခရစ်တော်က''ငါ၌တည်နေကြလော့၊ ငါသည်လည်း သင်တို့၌တည်နေမည်။''ဟုဆို၏။ ဤသည်ကား အမိန့်နှင့် ကတိတော် ဖြစ်သည်။

အမိန့်ကား အဘယ်နည်း။ အမိန့်သည်''ငါ၌တည်နေကြလော့။'' ကတိကား အဘယ်နည်း။ ကတိကား''သင်တို့၌ ငါတည်နေမည်။''ဖြစ်သည်။ ခရစ်တော်က ကျွန်ုပ်တို့အား'' ငါ၌တည်နေကြလော့။ ငါ၏အသက်သည် သင်တို့၌ ငါရှင်တော်မူ လိမ့်မည်။ သင် လိုသောအရာခပ်သိမ်းသည် ငါဖြစ်တော်မူသည်။''ဟုဆို၏။

ခရစ်တော်၌တည်ခြင်းသည် အဘယ်နည်း။ အဓိပ္ပါယ်မှာ သူနှင့်အတူ အစဉ်မပြတ် မိသဟာယ ဖွဲ့ခြင်းဖြစ်သည်။

ခရစ်တော်၌တည်နေရန် ကျွန်ုပ်တို့ ပြုလုပ်ရမည့်အရာများမှာ-

၁။ ကျွန်ုပ်တို့၌ သူ ရှိနေကြောင်းကို သိမှတ်ဝန်ခံပါ။

၂။ အချိန်တိုင်း သူ့ကို နာခံပါ။

၃။ သင်၏လိုအပ်မှုအားလုံးကို သူ့ထံ အားကိုးမှီခိုပါ။

ခရစ်တော်၌တည်နေခြင်းသည် သူသည် ကျွန်ုပ်၌ရှိနေခြင်းကို သိမှတ်ခြင်း၊ သူ့ကိုနာခံခြင်း၊ ကျွန်ုပ်၏လိုသောအရာ များကို သူ၌ အားကိုး မှီခိုခြင်း၊ သူ၏ချစ်ခြင်းနှင့်မိသဟာယဖွဲ့ခြင်း၌ ဝမ်းမြောက်ခြင်း တို့ဖြစ်သည်။ အပြစ်ပြုလုပ်မိသော် ဘုရားသခင်ထံ အပြစ်ကိုချက်ခြင်း ဝန်ချ တောင်းပန်သင့်သည်။ ထိုသို့ပြုလုပ်သော် ဘုရားသခင်သည် ထိုတခဏခြင်းတွင် အပြစ်ကို ခွင့်လွှတ်တော်မူပြီ၊ ကျွန်ုပ်သည် ခရစ်တော်၌ တည်နေခြင်းကို တဖန် တကြိမ်ပြန်၌ တည်နေပေလိမ့်မည်။

ခရစ်တော်သည် ကျွန်ုပ်၏အသက်ဖြစ်သည်

ကျွန်ုပ်သည် ခရစ်တော်၌တည်နေခြင်းကြောင့် သူသည် ကျွန်ုပ်၌ သူကိုယ်တိုင် အမှန်ရှိနေခြင်းကို ထင်ရှားလာရန် ပြုလုပ်လိမ့်မည်။ သူသည် ကျွန်ုပ်အဖို့ ကြီးမြတ်သော''ငါ ဖြစ်သည်''ဟူသော သူဖြစ်လာလိမ့်မည်။ ကျွန်ုပ်လိုသောအရာ မည် သည့်အရာမဆို သူသည် ကျွန်ုပ်အဖို့ ထိုအရာ ဖြစ်လာပေမည်။

ကျွန်ုပ်သည် မိမိကိုယ်ကို ပြန်ကြည့်သောအခါ ကျွန်ုပ်၌ လိုသောအရာများစွာရှိပါသည်။ ကျွန်ုပ်၌ ဘုရားသခင်ကို အစေခံရန်နှင့် သူ၏စိတ်တော်နှင့်တွေ့သောအသက်တာကို အသက်ရှင်ရန် တန်ခိုးကို လိုအပ်သည်။ ကျွန်ုပ်၌ စင်ကြယ်ခြင်း ကို လိုသည်။ ကျွန်ုပ်၌စိတ်ရှည်ခြင်းကို လိုသည်။ ကျွန်ုပ်၌ချစ်ခြင်းမေတ္တာကို လိုသည်။ ကျွန်ုပ်၌သန့်ရှင်းခြင်းကို လိုသည်။ ကျွန်ုပ်၌ဥာဏ်ပညာကို လိုသည်။ ကျွန်ုပ်၌ဖြောင့်မတ်ခြင်းကို လိုသည်။

ဤအရာများကို ဘုရားသခင်ထံ ကျွန်ုပ် တောင်းသောအခါ သူသည် ကျွန်ုပ်၌ ဤ သို့သော အရာများ ကိုမပေးပါ။ ယင်းအစာ သူသည် ကျွန်ုပ်၌လိုအပ်သော ခပ်သိမ်းသောအရာ ဖြစ်တော်မူသော ခရစ်တော်ကို ပေးတော်မူသည်။ ကျမ်းစာက ''ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင်စီရင်တော်မူသည့်အတိုင်း၊ ငါတို့၌ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏''ဟုဆိုသည်။(၁ကော၊ ၁း၃ဝ)

သင်၌ ဥာဏ်ပညာ လိုပါသလား။ ခရစ်တော်သည် သင်၌ ဥာဏ်ပညာကို လုပ်ပေးလိမ့်မည်။ သင်၌ဖြောင့်မတ်ခြင်း လိုပါသလား။ ခရစ်တော်သည် သင်၏ဖြောင့်မတ်ခြင်း ဖြစ်သည်။ သင်သည် သန့်ရှင်းခြင်းကို အလိုရှိပါသလား။ ခရစ်တော် သည် သင်၌ သန့်ရှင်းခြင်းဖြစ်တော်မူသည်။ သင်သည် အပြစ်အပေါ် အောင်ခြင်းကို လိုအပ်နေပါသလား။ ခရစ် တော်သည် သင်၏အောင်ခြင်းဖြစ်သည်။ သင်လိုသောအရာခပ်သိမ်းအတွက် သင်သည် ''သခင်ယေရှု ကျွန်ုပ်အဖို့ ဤအရာများကို ဖြစ်စေ ပါ'' ဟု ပြောဆိုနိုင်သည်။

ကျွန်ုပ်တို့သည် ခရစ်တော်အားဖြင့် အသက်ရှင်သည်

သခင်ယေရှုက''ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်''ဟုဆို၏။ ဤနေရာ၌ ယေရှု ဘာကိုဆိုသနည်း။ သူ ဆိုသည်မှာ ''ခမည်းတော်သည် ငါ၌ ရှင်တော်မူပြီး ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်။ ခမည်းတော်သည် ငါ၌ရှိနေခြင်းကို သိမှတ်ဝန်ခံခြင်း၊ ငါသည် သူ့ကို အစဉ် နာခံတော်မူသည်။ ငါ လိုသောအရာ အားလုံး သူ၌ ငါ အားကိုး မှီခို တော်မူသည်''ဟု၍ဖြစ်၏။

ခရစ်တော်သည် သူ၌ကျိန်းဝပ်တော်မူသော ခမည်းတော်အားဖြင့် အသက်ရှင် သကဲ့သို့ ထို့အတူ ကျွန်ုပ်တို့သည် လည်း ကျွန်ုပ်တို့၌ကျိန်းဝပ်တော်မူသော ခရစ်တော်အားဖြင့် အသက်ရှင်ရန်ဖြစ်သည်။ ကျမ်းစာက ခရစ်တော်သည်''ငါတို့၏ အသက်'' ဖြစ်သည်။

ဤ အကြောင်းအရာ သုံးချက်ကို ပြုလုပ်ရန် ယခု အစပြုပါ။

(၁) သင်၌ ခရစ်တော် ရှိနေခြင်းကို သိမှတ်ဝန်ခံပါ။ သင့်ကိုယ်ကို ပြောပါ။ ''ခရစ်တော် ငါ၌ ရှင်တော်မူသည်။ ခရစ် တော် ငါ၌ ရှင်တော်မူသည်။'' ခရစ်တော်သည် သင်၌ရှင်တော်မူသည်။ သူ့ကို ရရှိ ပိုင်ဆိုင်သောသူကဲ့သို့ အစပြု လုပ်ဆောင် ပါ။ ဘုရားသခင်သည် သင့်အဖို့ ဧကန်အမှန် ဖြစ်လာရန် ၄င်းကို ပြုလုပ် ပေးလိမ့်မည်။

အမျိုးသမီးငယ်တစ်ဦး တခါက စုံစမ်းသွေးဆောင်ခြင်းကို အောင်မြင်ခြင်း၏ ထျှို့ဝှက်ချက်ကို လေ့လာ ခဲ့ရခြင်း အကြောင်း ပြောပြခဲ့၏။ သူမက မာရ်နတ်သည် ကျမ၏နှလုံးသားတံခါးကို လာခေါက်စဉ် ကျမကပြောသည်မှာ "သခင်ယေရှု ကျေးဇူးပြု၍ တံခါးခေါက်သူအား ဖြေကြား ပေးပါ။" မာရ်နတ်သည် ယေရှုကို မြင်လျှင် သူသည်ခေါင်းကိုငုံ့လျက် သူသည် အခန်းမှားခေါက် မိကြောင်းပြောလျက် သူ ထွက်သွားခဲ့သည်။''

အမျိုးသမီးငယ်သည် ဘာပြုလုပ်ခဲ့သနည်း။ သူမသည် သူမ၏နှလုံးသားထဲ၌ ခရစ်တော် ရှိနေခြင်းကို ရိုးသားစွာ သိမှတ်ဝန်ခံခြင်းနှင့် စုံစမ်းသွေးဆောင်ခြင်းကို သူမ အောင်မြင်ရန် ခရစ်တော်ကို ယုံကြည်ကိုးစားခဲ့သည်။ ကျွန်ုပ်တို့လည်း ဤကဲ့သို့ ပြုလုပ်ရပေမည်။

(၂) အချိန်တိုင်း ခရစ်တော်ကို နာခံပါ။ ကျွန်ုပ်တို့သည် အံ့ဘွယ် ကျန်းဝပ်နေတော်မူသော ခရစ်တော်၌ သူ့ကို ဂုဏ်ပြု ခြင်းနှင့်နာခံခြင်း မရှိခဲ့လျှင် ဝမ်းမြောက်ခြင်းကို မရနိုင်ပါ။ ကျွန်ုပ်တို့ ပြောရန် အမြဲတမ်း အဆင်သင့်ဖြစ်ရမည်မှာ'' သခင် ယေရှု၊ အကျွန်ုပ် ကိုယ်တော်ကိုသာ ကျေနပ်စေလိုပါသည်။ ဤသို့ဆိုသော် အခြားသောသူများကို မကျေနပ်ခြင်းကို ဖြစ် စေနိုင်ပါ။''

(၃) သင်၏လိုအပ်မှု အရာအားလုံးအပေါ် ခရစ်တော်၌ အားကိုးမှီခိုပါ။ သင်လိုသောအရာတိုင်းအတွက် ထိုအရာ၌ ခရစ်တော်ကို ယူဆောင်ပါ။ သူသည် ကြီးမြတ်သော''ငါ ဖြစ်သည်''ဟူသောသူ ဖြစ်ကြောင်းကို သတိရပါ။ သင်၏အောင်ခြင်း အဖြစ် သူ့ကို ကိုင်ယူပါ။ သင့်အဖို့ စုံစမ်းခြင်းကို အောင်မြင်ရန် သူ့ကိုအခွင့်ပေးပါ။ သူသည် သင့်ကို မရှုံးနှိမ့်စေပါ။

နေ့တိုင်း တနေ့နောက်တနေ့ ကျွန်ုပ်သည် ခရစ်တော်၌ တည်ခြင်းကိုလေ့လာခြင်းနှင့် ကျွန်ုပ်၏လိုအပ်သော အရာများ၌ သူ့ကို ယုံကြည်ကိုးစားခြင်းဖြင့် ကျွန်ုပ်သည် ပြောင်းလဲခြင်းကို ခံရပေမည်။ ကျမ်းစာက ကျွန်ုပ်တို့အား ဆိုသည်မှာ

''ဘုရားသခင်၏သားတော်၏ပုံသဏ္ဍာန်နှင့်အညီ ပြုပြင်ခြင်းကိုခံရ၏''ဟူ၍ဖြစ်သည်။ ဤ အနက်ကား သခင်ယေရှုကဲ့သို့ ကျွန်ုပ်တို့ သာ၍သာ၍ တူလာခြင်းဖြစ်သည်။

တနေ့သောအခါ ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် မျက်နှာခြင်းဆိုင် တွေ့ရပေလိမ့်မည်။ ကျွန်ုပ်တို့သည် အရာရာ၌ သူကဲ့သို့ ဖြစ်လာ လိမ့်မည်။ ဘုန်းတော်နှင့်ပြည့်စုံသောနေ့သည် ထိုနေ့ ဖြစ်လိမ့်မည်။

ခရစ်တော်သည် ငါ၌ ရှင်တော်မူပြီး၊ သူသည် အကျွန်ုပ် လိုသောအရာ ခပ်သိမ်း ဖြစ်တော်မူသည်။


ရှာဖွေတွေ့ရှိခဲ့ရသော သမ္မာကျမ်းစာ ရတနာ


အကျွန်ုပ်၌ ရှင်တော်မူသော ခရစ်တော်သည် ကြီးမြတ်တော်မူသော "ငါ ဖြစ်သည်" ဟူသော သူ ဖြစ်သည်။ သူသည် အကျွန်ုပ်၌ "အလုံးစုံတို့၌ အလုံးစုံ" ဖြစ်သည်။


မေးခွန်းများ


၁။ ခရစ်တော်သည် အကျွန်ုပ်၌ ရှင်သည် ဟု ကျွန်ုပ် ပြောဆိုရာ၌

(က) ထိုအရာသည် ဧကန်အမှန်မဟုတ်ကြောင်းကို ကျွန်ုပ်သိသည်၊ သို့သော် ထိုအရာ၌ ကျွန်ုပ် ဟန်ဆောင်ခြင်း သာ ဖြစ်သည်။

(ခ ) ကျွန်ုပ်ဆိုလိုသည်မှာ သူ(ခရစ်တော်)၏အကြောင်းကို ကျွန်ုပ် အများကြီး စဉ်းစားခြင်း သာ ဖြစ်သည်။

(၈ ) ကျွန်ုပ်ဆိုလိုသည်မှာ သူ(ခရစ်တော်) သည် ဧကန်အမှန် သူ၏၀ိညာဉ်တော်အားဖြင့် ကျွန်ုပ်၌ရှင်နေခြင်း ဖြစ်သည်။


၂။ ခရစ်တော် သည် ရှင်တော်မူသည်။

(က) ယုံကြည်သူတိုင်း၌။

(ခ ) ယုံကြည်သူ အားလုံး နီးပါးမျှ။

(၈ ) ယုံကြည်သူ အချို့၌ သာ။


၃။ နာမည် " ငါ ဖြစ်သည်" ဟူသော နာမသည်

(က) ယင်း၌ ထူးခြားသော အဓိပ္ပါယ် မရှိပါ။

(ခ ) လူတိုင်း ယင်းကဲ့သို့ ပြောဆိုနိုင်သည်။

(ဂ ) ယင်းသည် ဘုရားသခင် တပါးတည်းသာ ပိုင်ဆိုင်သော နာမည် ဖြစ်သည်။


၎။ ယေရှုသည် "ငါ ဖြစ်သည်" ဟူသောနာမည်ကို သူ့ကိုယ်ပိုင် အတွက် အသုံးပြုရာ၌ သူသည်

(က) အလွန် မိုက်မဲရာကျပါသည်၊ သူသည် လူသားတယောက်သာလျှင် ဖြစ်သောကြောင့် ဖြစ်သည်။

(ခ ) ဘုရားဖြစ်ရန် အမှန် ကြွေးကြော်နေခြင်း မဟုတ်ပါ။

(ဂ ) သူသည် ဧကန် အမှန် ဘုရားသခင် ဖြစ်ခြင်း ကို ကြွေးကြော် နေခြင်း ဖြစ်သည်။


၅။ ယေရှု၌ မယုံကြည်ကြသော ယုဒ လူများသည် သူ့ကို မုန်းတော်မူပြီး၊ သူ့ကို သတ်ရန် ကျိုးစားရခြင်း အကြောင်းမှာ၊

(က) သူသည် ဘုရား ဖြစ်ကြောင်းကို ကြွေး ကြော်ခြင်းကြောင့် ဖြစ်သည်။

(ခ ) သူသည် သွန်သင်ရန်နှင့် ဟောပြောရန်အတွက် ထိုသူများ ထံမှာ အခွင့်မတောင်းခဲ့ပါ။

(ဂ ) သူသည် ထိုသူများကို မုန်းပြီး၊ သူတို့ကို ဖျက်ဆီးရန် ကျိုးစား တော်မူသည်။


၆။ ယေရှုက "ပါသည် တံခါးဝ ဖြစ်သည်"ဟုပြောဆိုရာ၌၊ သူ ဆိုလိုသည်မှာ၊

(က) သူသည် ကောင်းကင်ဘုံဝင်ရန် တံခါးများအနက် တံခါး တခု ဖြစ်သည်။

(ခ ) သူသည် ကောင်းကင်ဘုံဝင်ရန် တံခါး တခု ဖြစ်သည်။ တစ်ခုတည်းသော တံခါးသာလျှင် ဖြစ်သည်။

(ဂ ) သူသည် ကောင်းကင်ဘုံဝင်ရန် တံခါးများစွာထဲမှ အကောင်းဆုံး တံခါး ဖြစ်သည်။


၇။ ယေရှုက "ငါသည် လမ်းခရီး ဖြစ်သည်"ဟု ပြောဆိုရာ၌ သူ ဆိုလိုသည်မှာ၊

(က) သူသည် အကျွန်ုပ်တို့အား ဘုရားသခင်ထံသို့ရောက်သော လမ်းကို ပြသော သူ တစ်ဦး ဖြစ်သည်။

(ခ ) သူသည် အကျွန်ုပ်တို့ အား ပျော်ရွှင်စရာအသက်တာသို့ ရောက်သော လမ်းကို ပြသောသူ ဖြစ်သည်။

(ဂ ) သူသည် ဘုရားသခင်ထံ ရောက်သော လမ်းဖြစ်ပြီး၊ တစ်ခုတည်းသော လမ်း ဖြစ်သည်။


၈။ ယေရှုက "ငါသည် အသက် ဖြစ်သည်"ဟု ပြောဆိုရာ၌၊ သူ ဆိုလိုသည်မှာ၊

(က) သူ ကိုယ်တိုင် ထာဝရအသက် ဖြစ်တော်မူသည်။ ကျွန်ုပ် သူ့ကို ရရှိခဲ့သော်၊ ကျွန်ုပ်သည် ထာဝရအသက်ကို ရရှိသည်။

(ခ ) သူသည် ကျွန်ုပ်တို့ကို ဤ ဘ၀အသက်တာ၌ သာ၍ ကောင်းသော ခံစားမှုရှိရန် ပြုလုပ်ပေး နိုင်သည်။

(ဂ ) ခရစ်တော်သည် သူ့ကိုယ်တိုင်မပါရှိဘဲနှင့် ကျွန်ုပ်တို့ကို ထာဝရအသက်ကို ပေးနိုင်သည်။


၉။ ယေရှုက "ငါသည် အာလဖ နှင့် သြမေဃ၊ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူ ဖြစ်၏"ဟု ပြောဆိုရာ၌ သူဆိုလိုသည်မှာ၊

(က) သူသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်း အမှု၌ အစပြု ပေးသူ တစ်ဦးဖြစ်ပြီး၊ ကျွန်ုပ်တို့သည် ကျန်ရှိသောအပိုင်းကို ကျွန်ုပ်တို့ကိုယ်တိုင် ဆက်လက်လုပ်ဆောင်ရမည်။

(ခ ) သူသည် မိမိကိုယ်၌ မစသောသူများကိုသာ မစကူညီသည်။

(ဂ ) သူသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအမှု၌ အစပြုသူဖြစ်ခြင်းနှင့် ယင်းအမှုကို ပြီးပြည့်စုံသည် တိုင်အောင် ပြု သူ တစ်ဦး ဖြစ်သည်။


၁၀။ သမ္မာကျမ်းစာ၌ ခရစ်တော်သည် ကျွန်ုပ်တို့၏ "အလုံးစုံတို့၌ အလုံးစုံ" ဖြစ်သည်ဟု ဆိုရာ၌ ယင်း၏ အဓိပ္ပါယ်မှာ၊

(က) ခရစ်တော်သည် ယုံကြည်သူတိုင်း၏စိတ်နှလုံး၌ရှိတော်မူခြင်းနှင့် ကျွန်ုပ်တို့ လိုသောအရာအားလုံးသည် သူ ဖြစ်သည်။

(ခ ) ကျွန်ုပ်တို့ ကောင်းကင်ဘုံသို့ရောက်သောအခါ ကျွန်ုပ်တို့လိုသောအရာ အားလုံးသည် သူ ဖြစ်လိမ့်မည်။

(ဂ ) သူသည် ကျွန်ုပ်တို့၏စိတ်နှလုံး တွင် ရှိတော်မူသည်။ သို့သော် သူသည် ကျွန်ုပ်တို့၌ ယခု မကူညီနိုင်ပါ။


ဤ သင်ခန်းစာကို သင်လေ့လာခဲ့ရာ၌ မည်သည့်အရာသည် အရေးကြီးဆုံး ဖြစ်ပါသနည်း။

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support