HCF

HCF MYANMAR IN SINGAPORE

Saturday, May 29, 2010

ဘုရားသခင်၏အလိုတော်



သင်ခန်းစာ (၁)
ဘုရားသခင်၏အလိုတော်


မိတ်ဆွေအပါအ၀င် ကမ္ဘာပေါ်ရှိ လူသားတိုင်း ကယ်တင်ခြင်းသို့ ရောက်ဘို့ ရန် ဘုရားသခင် အလိုတော် ရှိသည်။ ၁ တိမောသေ ၂း၎ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍သမ္မာတရားကို သိစေခြင်းငှါ ဘုရားသခင်အလိုတော်ရှိ၏ဟုဆိုထားပါသည်။ မိတ်ဆွေ သည်လည်း လူအပေါင်း၌ ပါဝင်သောကြောင့် ဘုရားသခင်သည် မိတ်ဆွေကို ကယ်တင်ခြင်းသို့ ရောက်စေလိုသည်။ မိတ်ဆွေ ကယ်တင်ခြင်း သို့ ရောက်လိုပါသလား။


ယုံကြည်ခြင်းအားဖြင့်



မိတ်ဆွေသည်ကယ်တင်ခြင်းသို့ရောက်ရန် ကျမ်းစာက ဤသို့ဆိုထားပါသည်။ ယုံကြည်သော အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏ (ဧဖက် ၂း၈)၊ တနည်းအားဖြင့် ကျေးဇူးတော်ကို ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရသည်။
ကျေးဇူးတော် (သို့) ကျေးဇူးပြုခြင်းသည် ဘုရားသခင်၏ တာဝန်ဖြစ်သည်။ ယုံကြည်ဘို့ ရန်မှာလူ၏တာဝန် ဖြစ်သည်။ ဘုရားသခင်အနေဖြင့် လူတိုင်း ကယ်တင်ခြင်းသို့ရောက်ဘို့ရန် ကျေးဇူးပြု ခဲ့ပြီးပြီ။ ထိုကျေးဇူးတော် (သို့) ကျေးဇူးပြုခြင်းကိုယုံကြည်ဘို့ ရန် သာ လိုတော့သည်။ မိတ်ဆွေ ယုံကြည် လိုပါ သလား။


ဘုရားအပိုင်း လူအပိုင်း

၊ ၊

ကျေးဇူးပြုခြင်း + ယုံကြည်ခြင်း = ကယ်တင်ခြင်း



ကြားနာခြင်းအားဖြင့်



ကယ်တင်ခြင်းသို့ရောက်ရန် လူ့အပိုင်းမှ လိုအပ်ချက်သည် ယုံကြည်ခြင်း ဖြစ်ကြောင်းဖေါ်ပြခဲ့ပြီးပြီ။ သို့ဖြစ်လျှင် ယုံကြည်ခြင်း သည် အဘယ်ကဖြစ်သနည်း။ ကျမ်းစာကယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့် ဖြစ်၏။ ကြားနာခြင်းသည် လည်း ဘုရားသခင်၏ စကားတော်အားဖြင့်ဖြစ်၏-ဟုဆိုထားသည်။ (ရောမ ၁၀း၁ရ)။ ထို့ကြောင့် ကြားနာခြင်းမရှိလျှင် ယုံကြည်ခြင်းမရှိနိင်ချေ။ ရောမ၊၁၀း ၁၄၌ လည်း သတင်းမကြားရင်အဘယ်သို့ ယုံကြည်နိင်မည်နည်း ဟုဆိုထားပါသည်။ ထို့ ကြောင့်ယုံကြည် နိင်ဘို့ ရန် ကြားနာဘို့လိုသည်။

သဘောတူထောက်ခံခြင်း


ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ကြောင်းသိရပြီ။ သို့သော် ကြားရသောအရာကို သဘောမတူ၊ မထောက်ခံ၊ သံသယရှိလျှင် ယုံကြည်သည်ဟု မဆိုနိင်သေးချေ။ မိမိကြားရသောစကားကို သဘောတူထောက်ခံခြင်း။ သံသယလည်းမရှိမှသာလျှင် ယုံကြည်သည်ဟုဆိုနိင်သည်။ တနည်းအားဖြင့် မိမိကြားသည့်အတိုင်းပြန်လည်ပြောပြခြင်း၊ ၀န်ခံခြင်းရှိမှ ယုံကြည်ခြင်းမည်သည်။ ဥပမာ-လူတယောက်က သူ၏နာမည်သည် မောင်မောင်ပါ-ဟုမိတ်ဆက်လျှင် ကြားရသော သူက သူ့ စကားကို ထောက်ခံနိင်၊ သဘောတူနိင်ပါက ယုံကြည်သည် ဟုဆိုနိင်သည်၊ ကြားသောသူက-ဟုတ်ကဲ့။ သင်ပြောသည့်အတိုင်း သင်သည် မောင်မောင် ဖြစ်ပါသည်ဟု သဘောတူမှ သာလျှင် ယုံကြည်သည်ဟုဆိုနိင်သည်။


ပို၍ယုံသင့်သောအရာ


လူသည်လိမ်ညာ၍မုသာစကားကို ပြောတတ်သည်။ သို့ သော်လည်း တယောက်နှင့်တယောက် ယုံကြည်တတ်ကြသည်။ အပြော ကောင်းလျှင် ပို၍ယုံလွယ် ကြသည်။ သို့ သော် မုသာမပြောဘူးသော ဘုရားစကားကိုမူ မယုံကြည်တတ်ကြ။ ဘုရား၏ကတိတော်များကို သံသယရှိတတ်ကြသည်။ ဘုရား၏ ကတိတော်ထက် လူလူချင်းပေးသော ကတိများကို ပို၍ယုံတတ်ကြသည်။ သို့ သော်ကျမ်းစာက- လူ၏သက်သေကိုယုံရလျှင်ဘုရားသခင်၏သက်သေတော်ကိုပို၍ ယုံဘွယ်ရာ အကြောင်းရှိ၏-ဟုဆိုထား သည် (၁ ယောဟန် ၅း၉)၊
လူပြောသောစကားထက် ဘုရားပြောသောစကားသည် ပို၍ယုံသင့်သည်ဟု ဆိုထားသည်။ မိတ်ဆွေသည် ဘုရားစကားနှင့်လူ့  စကား အနက် မည်သူ့ စကားကို ပို၍ယုံပါသနည်း။ ဘုရားပြောသော စကား ကို ပို၍ယုံသင့်သည်ဟု မိတ်ဆွေဖြေလျှင် ဘုရားပြောသမျှကို ထောက်ခံနိင်ရမည်။ မိတ်ဆွေ မသိနားမလည်နိုင် သော်လည်း သံသယကင်းစွာ သဘောတူရမည်။

အမြင်မတူသောကြောင့်

လူသည် အဘယ်ကြောင့် ဘုရားစကားကိုမယုံနိင်သနည်း၊ အဘယ်ကြောင့် ဘုရား စကားကို အလွယ်တကူ မထောက်ခံနိင် သနည်း ဟူမူကား ဘုရားအမြင်နှင့်လူ့အမြင်၊ ဘုရားအကြံနှင့်လူ့ အကြံ မတူညီ ကြသောကြောင့်ဖြစ်သည်။
ဘုရားသခင် ကိုယ်တော်တိုင်က-ထာဝရဘုရားသည်လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်-ဟုဆိုထားသည် (၁ရာ ၁၆းရ)။ တဖန်ထာဝရဘုရားမိန့် တော်မူသည်ကား-ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့် မတူ။ မိုးကောင်းကင် သည် မြေကြီးထက်သာ၍မြင့်သကဲ့သို့ ငါ၏အကျင့်သည် သင်တို့အကျင့်ထက်၎င်း ၊ ငါ၏ အကြံအစည် သည်သင်တို့ ၏အကြံ အစည် ထက်၎င်းသာ၍ မြင့်၏- ဟုဆိုထားပါသည် (ဟေရှာယ ၅၅း၈-၉)။
ထို့ကြောင့်လူသည်ဘုရားသခင်၏စကားကိုယုံကြည်နိင်ရန်မှာ ဘုရားမြင် သကဲ့သို့ မြင်၍ ကိုယ့်အမြင်ကိုပယ်ဘို့ လိုသည်။ ကိုယ့်အကြံအစည်ကိုပယ် ဘုရားအကြံအစည် အတိုင်းလက်ခံဘို့ လိုသည်။


မတူညီချက်များ

ဘုရားအမြင်နှင့်လူ့ အမြင်မတူညီချက်များ-

(က) ဘုရားအမြင်၌ လူ၏၀ိညာဉ်သည်တန်ဘိုးရှိသည်။

လူ့ အမြင်၌ ခန်္ဓာသည် တန်ဘိုးရှိသည် (မဿဲ၊ ၁၆း၂၆)။

(ခ) ဘုရားက နိင်ငံတော်နှင့်ဖြောင့်မတ်ခြင်း အရင်ရှာခိုင်းသည်။

လူကလောကအရာကိုသာရှာနေသည်(မဿ၊ဲ ၆း၃၁-၃၃)

(ဂ) ဘုရားက အထက် (ကောင်းကင်)အရာရှာခိုင်းသည်။

လူက မြေကြီးအရာကိုသာ ရှာနေကြသည် (ကော ၃း၂)။

(ဃ) ဘုရားက ဘဏ္ဍာများကို ကောင်းကင်၌ စုခိုင်းသည်။

လူက မြေကြီးပေါ်မှာ စုထားကြသည် (မဿ၊ဲ ၆း၁၉)။

(င) ဘုရားက အကောင်းဟုဆိုလျှင် လူကအဆိုးဟုဆိုသည်။

ဘုရားက အချိုဟုဆိုလျှင် လူက အခါးဟုဆိုသည် (ဟေရှာယ ၅း၂၀)။

ဆက်လက်ဖေါ်ပြပါက ဘုရားနှင့်လူ့အမြင်၊ အကြံချင်းတူညီချက် မရှိ၊အမြဲဆန့်ကျင်ဘက် ဖြစ်ကြသည်။ ထို့ကြောင့် အမြင်ချင်း မတူညီသော ဘုရား၏ စကားကို လူ့ အနေဖြင့်ယုံကြည်ဘို့ ရန် ခက်နေသည်။

ပယ်ဘို့ လိုသည်
ထိုသို့ ဘုရားအမြင်နှင့်လူ့အမြင်ဘုရားအကြံတော်နှင့်လူ၏အကြံမတူညီ သောကြောင့် တဖက်ဖက်၌မှားယွင်းနေပေမည်။သို့ဖြစ် လျှင် မည်သူ မှားနိင်သနည်း။ ဘုရားသည်မှားနိင်မည်မဟုတ်။ လူ၏အမြင်သာလျှင်မှားပေမည်။ ထို့ ကြောင့် လူသည် မိမိအမြင်နှင့် အကြံကို ပယ်၍ ဘုရား၏အမြင်အကြံ အတိုင်းလက်ခံဘို့ လိုသည်။
ထိုသို့ ဘုရားအမြင် အတိုင်းမြင် ဘုရားအကြံအတိုင်းလက်ခံမှသာလျှင် ဘုရားသခင်ကို ယုံကြည်နိင်သည်။ စိတ်နှလုံး ခိုင်မာ သောသူနှင့် ငါသည်ပညာရှိသည်ဟု ထင်မှတ်သော သူတို့သည်မိမိအမြင်နှင့်အကြံကို မပယ်နိင် သောကြောင့် ဘုရားသခင်ကို မယုံကြည် နိင်ကြချေ။ မိတ်ဆွေ-ဘုရား၏အမြင်အတိုင်းမြင် ဘုရား၏အကြံအတိုင်း လက်ခံလိုပါသလား။ဘုရားသခင်ကို ယုံကြည် လိုပါသလား။


သင်ခန်းစာ (၁) မေးခွန်းများ

(၁) ဘုရား၏ အလိုတော်သည်လူတိုင်း----------သို့  ရောက်ဘို့ ရန်ဖြစ်သည်၊

(၂) ကယ်တင်ခြင်းသို့ ရောက်ဘို့ ရန်ဘုရားဘက်မှ--------------ပြု၍ လူဘက်မှ---------------ဘို့ လိုသည်။

(၃) ယုံကြည်ခြင်းသည်----------ခြင်းအားဖြင့်ဖြစ်၏။

(၄) ယုံကြည်ခြင်းသည်ကြားသောအရာကို-----------ခြင်းဖြစ်၏။

(၅) လူ၏စကားထက်---------၏စကားပို ယုံသင့်သည်။

(၆) လူသည်ဘုရားစကားကိုမယုံနိင်ခြင်းသည်-----------ခြင်းမတူညီ သောကြောင့်ဖြစ်သည်၊

(ရ) ဘုရားသခင်က လူ၏----------ကို တန်ဘိုးထား၍ လူက ----------- ကို တန်ဘိုး ထားသည်။

(၈) ဘုရားကနိင်ငံတော်နှင့်---------ခြင်းကိုရှာခိုင်းသော်လည်းလူက-------ကိုသာ ရှာသည်။

(၉) ဘုရားနှင့်လူ့ အမြင်၌ -----------အမြင်သာမှန်သည်။

(၁၀) ဘုရားစကားကိုယုံနိင်ရန်-------------အမြင်ကိုပယ်၍-----------၏အမြင်ကို လက်ခံဘို့ လိုသည်။



Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support