HCF

HCF MYANMAR IN SINGAPORE

Saturday, May 15, 2010

လူ ကို ဖန်ဆင်းခြင်း


လူ ကို ဖန်ဆင်းခြင်း
Creation of Man

New Life in Christ Course 3

Lesson 2
ဖတ်ရန်ကျမ်းချက်။ (က၊ ၁း၂၆-၃၁။၂း၁-၂ဝ)

သော့ချက် ကျမ်းပိုဒ်။

''တဖန် ဘုရားသခင်က၊ ငါတို့ ပုံသဏ္ဍာန်နှင့်တညီတသဏ္ဍာန်တည်း လူကိုဖန်ဆင်းကြစို့။ သူသည်... မြေတပြင်လုံး နှင့်တကွ၊ မြေပေါ်မှာ...အုပ်စိုး စေဟုအမိန့်တော်ရှိ၏။''(က၊ ၁း၂၆)
ဘုရားသခင်သည် စင်္ကြာဝဠာနှင့်စင်္ကြာဝဠာ၌ရှိသော အရာခပ်သိမ်း၏ ဖန်ဆင်းရှင်ဖြစ်ကြောင်း လေ့လာခဲ့ရပြီ ဖြစ် သည်။ သူသည် အသက်ရှင်သော သတ္တဝါများ၊ ငှက်များ၊ ငါးနှင့်တိရစ္ဆာန်များကို ဖန်ဆင်းတော်မူပြီ၊ တည်မြဲသော ဥပဒေသ အတိုင်း မိမိတို့၏''အမျိုးအလိုက်'' ပြန်လည် ပွါးများရသောအခွင့်နှင့်စွမ်းရည်ကို ပေးတော်မူ၏။ ''အမျိုးအလိုက်''ဟူသောစာပိုဒ်ကို ကမ္ဘာဦးကျမ်း ပထမ အခန်း၌ ရှစ်ကြိမ် တိုင် ပြန်လည် ရေးသားထား၏။ ဆိုလိုသည်မှာ အသက်ရှင်သော သတ္တဝါတိုင်းသည် အမျိုးအလိုက်နှင့်မိမိတို့၏မျိုးအလိုက်သာလျှင် များပြားစွာ မွေးဘွားနိုင်ခြင်းဖြစ်သည်။ မည်သည့်တိရစ္ဆာန်မျှ အခြားမတူညီသော တိရစ္ဆာန် အဖြစ်သို့ မပြောင်းလဲနိုင်ပါ။ ဤ ဥပဒေသသည် ထိုနေ့မှစ၍ ယနေ့တိုင် မှန်ကန်လျက်ရှိသည်။ အသက်ရှင်သော သတ္တဝါတိုင်း မိမိမျိုးအလိုက်သာ မွေးဘွားကြရသည်။
မည်သည့်အရာသည် ဘုရားသခင်၏ အံ့ဖွယ်ကောင်းဆုံးသော ဖန်ဆင်းခြင်းဖြစ်ပါသနည်း။

ဘုရားသခင်၏အံ့ဖွယ်ကောင်းဆုံးသော ဖန်ဆင်းခြင်းသည် လူ ဖြစ်၏။ လူသည် အသက်ရှိသော အဆင့်နှိမ့်ပုံသဏ္ဍာန် များမှ ဖြစ်လာခြင်း မဟုတ်ပါ။ ဘုရားသခင်သည် လူ ကိုဖန်ဆင်းတော်မူ၏။
''တဖန် ဘုရားသခင်က၊ ငါတို့ ပုံသဏ္ဍာန်နှင့်တညီတသဏ္ဍာန်တည်း လူကိုဖန်ဆင်းကြစို့။ သူသည်... မြေတပြင်လုံး နှင့်တကွ၊မြေပေါ် မှာ...အုပ်စိုးစေဟုအမိန့်တော်ရှိ၏။'' (က၊ ၁း၂၆)
လူကို အဘယ်ကြောင့် ဘုရားသခင် ဖန်ဆင်းတော်မူသနည်း။ သူ၏ဘုန်းအသရေ အဘို့အလိုငှါ ဖန်ဆင်းတော်မူ၏။ ဘုရားသခင် သည် လူကို မိမိ၏ပုံသဏ္ဍာန်နှင့်တညီတသဏ္ဍာန်တည်းရှိရန် အလိုရှိပြီ၊ ဤ လူကိုလည်း သူ၏အောက်၌ မြေကြီးကို အုပ်စိုးရန်အလိုရှိ၏။ ဘုရားသခင်သည် လူကို သူ၏ဘုန်းကိုထင်ရှားရန်၊ သူ့ကိုကိုးကွယ်ရန်၊ သူ့ကိုချစ်ရန်နှင့် သူနှင့်အတူ မိသ ဟာရ ဖွဲ့ရန် အလိုရှိ၏။ ကျမ်းစာက ''ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူ...၊ ကို ဖန်ဆင်းပြီး...''ဟုဆိုသည်။(က၊ ၁း၂၇) ဤ မဌမဦးဆုံးသော လူ ကို ဘုရားသခင်က အာဒံ ဟုခေါ် တော်မူ၏။
အာဒံ မည်ကဲ့သို့ ဖန်ဆင်းခံရပါသနည်း။ အဖြေကို ကမ္ဘာဦးကျမ်း အခန်းကြီး(၂)တွင် တွေ့ရပါသည်။ အာဒံသည် မြေ ကြီးမှမြေမှုန့်ဖြင့် ဘုရား၏တန်ခိုးတော်အားဖြင့် ဖန်ဆင်းခြင်းခံရ၏။ ကျမ်းစာက ''ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊...''ဟုဆို၏။(က၊ ၂း၇)
အာဒံ၏ပုံသဏ္ဍာန်ကား အဘယ်ကဲ့သို့ဖြစ်ပါသနည်း။

အာဒံသည် ပဌမဦးဆုံး လူ နှင့် လူသားမျိုးနွယ်တရပ်လုံး၏ဦးစီးခေါင်းဆောင် ဖြစ်ခြင်းကြောင့် အာဒံ ဘယ်ပုံသဏ္ဍာန်ရှိသည်ကို ကျွန်ုပ်တို့သိရန် အရေးကြီးပါသည်။ အာဒံသည် ကိုယ်ခန္ဓာ၊စိတ်၊ဝိညာဉ် စသော အပိုင်းသုံးပိုင်း ပါလျက် ဖန်ဆင်းခြင်းခံရပါသည်။ ကိုယ်ခန္ဓာ သည် လူ၏အပြင်ဆုံးအပိုင်းဖြစ်ပြီး ၄င်းကို မြင်နိုင်ပါသည်။ စိတ်သည် လူ၏အတွင်းပိုင်းဖြစ်ပြီး ယင်းကို မမြင် နိုင်ပါ။ ဝိညာဉ်သည် လူ၏အတွင်းပိုင်း အကျဆုံးသောအပိုင်းဖြစ်ပြီ၊ သူသည် ဘုရားသခင်နှင့် ဆက်သွယ်နိုင်သောအပိုင်းဖြစ်သည်။ လူ၏ ဤ အပိုင်း သုံးပိုင်းကို အကျွန်ုပ်တို့ စဉ်းစားဆင်ခြင် ကြပါမည်။
အာဒံ၏ ကိုယ်ခန္ဓာ

အာဒံ၏အိမ်(ကိုယ်ခန္ဓာ)သည် မြေကြီးဖြစ်သည်။ ဘုရားသခင်သည် အာဒံအတွက် ကိုယ်ခန္ဓာကို မြေမှုန့်ဖြင့် ပြုလုပ် တော်မူ၏။ ကျမ်းစာက ''ရှေ့ဦးစွာသော လူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။...''ကိုယ်ခန္ဓာအားဖြင့် လူသည် မြင် နိုင်၊ ကြားနိုင်၊ တို့ထိနိုင်၊ အရသာနှင့်အနံ့ တို့ကို ခံစားနိုင်သည်။ သို့ဖြစ်၍ လူသည် သူ၏ဝန်းကျင်ရှိ လောကကို ထိတွေ့ခံစားနိုင် သည်။
လူအတွက် ဘုရားသခင်ဖန်ဆင်းသော ခန္ဓာကိုယ်သည် အမှန်ပင် အံ့ဘွယ်ကောင်းပါသည်။ ၄င်းသည် အမှန်ပင် ချီးမွမ်း အံ့သြဘွယ်ရာများစွာ စုပေါင်းထားသောအရာ ဖြစ်သည်။
ဘုရားသခင်သည် လူ၏နားကိုဖန်ဆင်းတော်မူပြီး၊ စန္ဒယားတခုကဲ့သို့ဖြစ်တော်မူသည်။ ထိုထက် အဆသန်းပေါင်းစွာ သေးငယ်ပြီး ''စန္ဒယားကြိုးပေါင်း''များစွာကဲ့သို့ အဆပေါင်း တရာမက ရှိတော်မူသည်။ ဤ အံ့သြချီးမွမ်းဘွယ်ရာများက နားသည် အသံပေါင်း တထောင်အထိ ခွဲခြားနိုင်စွမ်းရှိသည်။ နားကိုကြားစေသော စက်ကရိယာသည် သေးငယ်သည်၊ သို့သော်လည်း၊ ပြည့်စုံခြင်းရှိလှသည်။
ဘုရားသခင်သည် လူ၏မျက်လုံးကို ဖန်ဆင်းတော်မူ၏။ ထို့ကြောင့် ၄င်းသည် ပြုလုပ်ခဲ့သော ကင်မရာအပေါင်းတို့ ထက် သာ၍ မှတ်သားဘွယ်ရာ အလွန်ကောင်းပါသည်။ ၄င်းကို ''အံ့ဘွယ်ရာများ၏အံ့ဘွယ်''ဟု ခေါ်ခြင်းကို ခံရသည်။
ဘုရားသခင်သည် လူ၏နှလုံးကို ဖန်ဆင်းတော်မူ၏။ ထိုကြောင့် ၄င်းသည် တရက်လျှင် အကြိမ်တသိန်းခုန်နိုင်ပြီး၊ အသက်တာ တလျောက်လုံး ပြန်လည်အစားထိုးရန်မလိုဘဲ အလုပ် လုပ်လျက်ရှိသည်။
ဘုရားသခင်သည် လူ၏ဦးနှောက်ကို ဖန်ဆင်းတော်မူ၏။ ထို့ကြောင့် ၄င်းသည် ရှုတ်ထွေးလှသော ကွန်ပြူတာ ပေါင်း များစွာ မလုပ်နိုင် သော အလုပ်ကို လုပ်ဆောင်နိုင်သည်။ လူ၏ဦးနှောက်တွင်ရှိသော နာဗ် အကြောများစွာသည် တကမ္ဘာလုံးရှိ စုပေါင်းထားသော တယ်လီဖုန်းလိုင်းများအားလုံးထက် သာ၍များပြီး၊ သို့သော်လည်း အလေးချိန်သည် သုံးပေါင်ထက်မပိုပါ။
လူ့ ကိုယ်ခန္ဓာ အစိတ်အပိုင်း အားလုံးသည် ၄င်းအရာများကို ဖန်ဆင်းတော်မူသော သူတဦး၏ အနန္တ ဥာဏ်ပညာနှင့် ကျွမ်းကျင်မှုတို့ကို သက်သေထူလျက်ရှိသည်။ ကျွန်ုပ်တို့သည် ဆာလံဆရာနှင့်အတူ ပြောဆိုနိုင်သည်မှာ ''အကျွန်ုပ်သည် ကြောက် မက်ဘွယ်သော လက္ခဏာ၊ ထူးဆန်းသောလက္ခဏာ တို့ နှင့်ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကိုချီးမွမ်းပါမည်။''(ဆာ၊ ၁၃၉း၁၄)


အာဒံ၏ စိတ်

အာဒံ၌ ကိုယ်ခန္ဓာသာ ရှိနေခြင်းမဟုတ်ပါ သူ၌လည်း အသိစိတ် ရှိတော်မူသည်။ ကျမ်းစာက ''ထိုနောက်၊ ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါ ဖြစ်လေ၏။''ဟုဆိုသည်။(က၊ ၂း၇)
ကျွန်ုပ်တို့သည် လူတစ်ဦး၏ကိုယ်ခန္ဓာကိုသာ မြင်နိုင်ပြီ၊ စိတ်ပိုင်း ကိုမူကား မမြင်နိုင်ခြေ။ လူ၏စိတ်ပိုင်း၌ အပိုင်း သုံးပိုင်း ပါရှိသည်။ အသိစိတ်၊ ခံစားစိတ်နှင့် အလိုဆန္ဒစိတ် တို့ဖြစ်သည်။ သူ၏အသိစိတ်ဖြင့် အာဒံသည် စဉ်းစားနိုင်သည်။ သူ၏ခံစားစိတ်ဖြင့် သူသည် ချစ်နိုင်သည်။ သူ၏အလိုဆန္ဒစိတ်ဖြင့် ရွေးချယ်ခြင်းကို ပြုနိုင်သည်။ အာဒံသည် အသက်ရှင်သော သတ္တဝါ(စိတ်ဝိညာဉ်) အသက်ရှင်သောကြောင့် သူသည် စဉ်းစားခြင်း၊ ချစ်ခြင်းနှင့် ရွေးချယ်ခြင်းအမှုတို့ကို ပြုလုပ်နိုင်သည်။

၁။ အာဒံသည် အသိဥာဏ်ရှိ၏။ သူသည် စဉ်းစားခြင်းအမှု ပြုနိုင်၏။

အာဒံသည် အသိဥာဏ်အလွန်မြင့်သော လူတစ်ဦးဖြစ်၏။ သူ၌ ရှင်းလင်းစွာ စဉ်းစားနိုင်ခြင်းနှင့် သူ၏စဉ်းစားမှုများကို နှုတ်စကားဖြင့်ဖေါ်ပြနိုင်သော တန်ခိုးရှိ၏။ သူ၏ဦးနှောက် အသိစိတ်တန်ခိုးသည် အလွန်ကြီးကြောင်း သံသယ ရှိစရာမလိုပါ။ အာဒံသည် ဘုရားသခင်၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခံထားရကြောင်းကို သတိယပါ။
ဘုရားသည်အာဒံအား အသက်ရှင်သော သတ္တဝါ အားလုံး၏အမည်ကို ပေးရသောအခွင့်ကို ပေးတော်မူ၏။ ကျမ်းစာက ''ထာဝရအရှင် ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊ လူ သည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှါ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သော သတ္တဝါ အပေါင်း တို့ကို ခေါ်ဝေါ်သမုတ်သည်အတိုင်း နာမည်အသီးသီးရှိကြ၏။''ဟုဆို၏။(က၊ ၂း၁၉)
၂။ အာဒံသည် ခံစားစိတ် ရှိ၏။ သူသည် ချစ်ခြင်းအမှုကို ပြုနိုင်၏

ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဘုရားသခင်သည် ချစ်ခြင်းမေတ္တာရှိတော်မူပြီး၊ သူ၏ချစ်ခြင်းမေတ္တာကို ဖေါ်ပြတော်မူသည်။ ဘုရားသခင် သည် အာဒံကို ခံစားစိတ် သဘာဝနှင့်ဖန်ဆင်းခဲ့၍ သူသည်လည်း ချစ်ခြင်းနှင့် သူ၏ချစ်ခြင်းကို ဖေါ်ပြနိုင်သည်။ ကျမ်းစာတွင် ဘုရားသခင်၌ အခြားသော ခံစားစိတ်များလည်း ရှိရသောအခွင့်ရှိကြောင်းကို ကျွန်ုပ်တို့သိသည်။ ဥပမာ ပြရသော်၊ သူသည် အပြစ်ကို မုန်းတော်မူသည်။ အာဒံကိုလည်း မှားသောအရာကို မုန်းရန် တန်ခိုးကို ပေးတော်မူ၏။
၃။ အာဒံသည် အလိုဆန္ဒစိတ်ရှိ၏။ သူသည် ရွေးချယ်ခြင်းအမှုကိုပြုနိုင်သည်။

ဘုရားသခင်၌ လွတ်လပ်စွာရွေးချယ်ခွင့် ရှိသည်။ အာဒံသည်လည်း ဘုရားသခင်ကဲ့သို့ လွတ်လပ်စွာရွေးချယ်ခွင့် ရှိသည်။ သူ၌ သူပြုလုပ်လိုသောအမှုကို လုပ်ရန် ရွေးချယ်နိုင်သော တန်ခိုးရှိ၏။ ဘုရားစကား နာခံခြင်းကို သူရွေးချယ်နိုင်သည်။ သို့မဟုတ် ဘုရားစကား မနာခံခြင်းကို ရွေးချယ်နိုင်သည်။ သူသည် ပြုလုပ်လိုသောအမှုကို လွတ်လပ်စွာ ပြုလုပ်နိုင်ခြင်းကြောင့် သူ၏ ရွေးချယ်မှုအပေါ် သူ၌တာဝန်ရှိတော်မူ၏။ တစ်ဦးသောသူက သူကိုတွန်းအားပေးခြင်းကြောင့် သူ၏အလိုဆန္ဒနှင့်ဆန့်ကျင် သောအမှုကို ပြုရပါသည် ဟု သူ၌ ပြောဆို၍ မရနိုင်ပါ။
အာဒံ၏ ဝိညာဉ်

ကျွန်ုပ်တို့သည် အာဒံ၌ ကိုယ်ခန္ဓာနှင့် စိတ် ပါရှိလျက် ဖန်ဆင်းခြင်းခံရကြောင်း ကိုမြင်ခဲ့ရသည်။ သို့သော် အာဒံသည် အခြားသော သတ္တဝါများနှင့်ခြားနားစွာ ပြုလုပ်ခြင်းခံရသောအရာ တစ်စုံတခုသောအရာ သူ၌ ရှိတော်မူ၏။ အာဒံသည် ဝိညာဉ်ရှိ ၏။ကျမ်းစာက ''ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။''ဟုဆိုသည်။(ယော၊ ၄း၂၄)
ဘုရားသခင်က အာဒံသည် သူ့ကိုသိရန်၊ သူ့ကိုကိုးကွယ်ရန်နှင့် သူနှင့်ရင်းနှီးကျွမ်းဝင်ခြင်းကို ပြုနိုင်ရန် အလိုရှိ၏။ ထိုကြောင့် ဘုရားသခင်သည် အာဒံကို ဝိညာဉ်ပါလျက် ဖန်ဆင်းခဲ့၏။
ဝိညာဉ်ဆိုသည်မှာ အဘယ်နည်း။ ဝိညာဉ်သည် ဘုရားသခင်ကို သိနိုင်ပြီး ဘုရားသခင်၏အသက်ကို လက်ခံနိုင်သော လူ၏အပိုင်းတခုဖြစ်သည်။ လူသည် ဝိညာဉ်ပါရှိလျက် ဖန်ဆင်းခြင်းခံရခြေင်းကြောင့် ဘုရားသခင်သည် လူ၏အထဲ၌ ကျိန်းဝပ်ရန် နေရာရှိတော်မူသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ကို လူ၏အထဲရှိ အတွင်းပိုင်းအကျဆုံးဖြစ်သော အခန်းတခုအဖြစ် ထင်မြင် ယူဆ နိုင်ပြီး ဘုရားသခင်၏ဝိညာဉ်တော်အတွက်သာ ရည်ရွယ်ထားသောအခန်းတခုဖြစ်သည်။ ဘုရားသခင်သည် လူကို ဝိညာဉ်ပါလျက် ဖန်ဆင်းခဲ့ခြင်း ကြောင့် လူအထဲ၌ ဘုရား၏ဝိညာဉ်တော် ကျိန်းဝပ် နိုင်တော်မူသည်။
ဘုရားသခင်သည် လူကို သူ၏ဘုန်းတော် အဘို့အလိုငှါ ဖန်ဆင်းခဲ့ကြောင်းကို သတိယပါ။ လူသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားနိုင်ရန် တခုတည်းသောနည်းလမ်းမှာ သူ၌ ဘုရားသခင်၏ဝိညာဉ်တော် ကျိန်းဝပ်ခြင်းနှင့် အုပ်စိုးခြင်းဖြင့် သာဖြစ်သည်။ ဤကား ဘုရားသခင်သည် အာဒံကို ဝိညာဉ်ပါလျက် ဖန်ဆင်းခဲ့ရခြင်းအကြောင်း ဖြစ်သည်။ ဘုရားသခင်က အာဒံ သည် သူ၏အသက်ကိုလက်ခံရန်နှင့် သူ၏ဝိညာဉ်တော် အုပ်စိုးခြင်းကိုခံရန် အလိုတော်ရှိ၏။ ဤကဲ့သို့မဟုတ်လျှင် အာဒံသည် ဘုရားသခင်၏ရည်ရွယ်ချက်ကို ပြည့်စုံရန် ဘယ်သော အခါမျှ တတ်နိုင်လိမ့်မည် မဟုတ်ပါ။
ဘုရားသခင်သည် အာဒံကို ''အလွန်ကောင်းသည်''ဟု မိန့်တော်မူ၏

ဘုရားသခင်သည် လူကို ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ် စသည် အပိုင်းသုံးပိုင်းပါလျက် ဖန်ဆင်းခဲ့၏။ အာဒံသည် တန်ခိုးကြီး သောဘုရားသခင်၏လက်တော်မှ ဖြစ်လာခြင်းကြောင့် ဤအပိုင်း သုံးပိုင်းသော နယ်ပယ်အားလုံး၌ ပြည့်စုံခြင်းနှင့် စုံလင်လျက် ရှိ၏။ အပြစ်နှင့် ကင်းစင်သော အာဒံသည် သူ၏ဖန်ဆင်းရှင် ရှေ့တော်၌ရပ်လျက် ဘုရားသခင်သည် သူ့ကို ''အလွန် ကောင်းသည်''ဟု မိန့်မြွက်တော်မူ၏။
အရေးကြီးသော အကြောင်းအရာ သုံးချက်ကို လေ့လာခဲ့ရပြီး

ဤ သင်ခန်းစာမှ အရေးကြီးသော အကြောင်းအရာ သုံးချက်ကို လေ့လာခဲ့ရပြီ၊ ထိုအရာများမှာ၊

၁။ ဘုရားသခင်အားဖြင့် အကျွန်ုပ်တို့သည် ဖန်ဆင်းခြင်း ခံရ၏။

လူသည် ''ဖြစ်ခြင်း ပျက်ခြင်း''နည်းဖြင့် အလိုအလျှောက် ဖြစ်လာခြင်း မဟုတ်သလို၊ အဆင့်နှိမ့် အသက်ရှိသော သတ္တဝါ မှ ဆင့်ကဲ ပြောင်းလဲခြင်းဟုခေါ်သော ရှည်လျားလှသောဖြစ်စဉ်မှ ဖြစ်ပေါ်လာခြင်းလည်း မဟုတ်ပါ။ ဆင့်ကဲပြောင်းလဲခြင်း အယူ အဆ သီအိုရီသည် မှားယုံသက်သက်မျှသာမကဘဲ ကျမ်းစာ၏သွန်သင်ခြင်းကို တိုက်ရိုက်ဆန့်ကျင်တော်မူသည်။ ကျမ်းစာက ရှင်းလင်းစွာ ဆိုသည် မှာ ပဌမ ဦးဆုံးသော လူ အာဒံသည် ဘုရားသခင်အားဖြင့် ဖန်ဆင်းခြင်းကို ခံရပြီး၊ ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်း ခံရ၏။ သခင်ယေရှု သူကိုယ်တိုင် ရှင်မာကု (မာ၊ ၁ဝး၆) ၌ဆိုသည်မှာ''ဘုရားသခင် ဖန်ဆင်းတော် မူစက ယောက်ျားနှင့်မိန်းမ နှစ်ယောက် တည်းကို ဖန်ဆင်းတော်မူ၏''ဟုဆို၏။
ကျွန်ုပ်တို့ တယောက်ချင်းသည် မိမိ အတွက် ရွေးချယ်ရမည်မှာ လူဖြစ်ခြင်း၏အစနှင့်ပတ်သက်၍ လူသားများ၏ အယူအဆ သီအိုရီကို ယုံကြည်မည်လော၊ သို့မဟုတ် နှုတ်ကပတ်တော်မှ ဘုရားသခင် ဖေါ်ပြတော်မူသော အကြောင်းအရာကို ယုံကြည်မည်လော ဟူ၍ဖြစ်သည်။
၂။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန် ဖန်ဆင်းခြင်း ခံရ၏။


ဘုရားသခင်သည် သူ ပြုသော အမှုတိုင်း သူ၌ ရည်ရွယ်ချက်ရှိတော်မူပြီး၊ လူကို ဖန်ဆင်းခြင်း၌ ရည်ရွယ်ချက်ရှိ၏။ ဘုရားသခင် သည် လူကို သူ၏ဘုန်းတော် အဘို့အလို့ငှါ ဖန်ဆင်းတော်မူ၏။ ဟေရှာယ၊ ၄၃း၇၊ တွင် ဘုရားသခင်သည် လူနှင့် ပတ်သက်၍ မြွက်ဆိုသည်မှာ''ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေဘို့ ငါ ဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ် လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟုငါမြောမည်''ဆို၏။
၃။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ဖြေရှင်းချက်ပေးရန် တာဝန်ရှိသည်။


အာဒံသည် လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပေးထားခြင်းခံရခြင်းကြောင့် သူ၏ရွေးချယ်မှုအတွက် သူ၌တာဝန်ရှိ၏။ ကျွန်ုပ်တို့ အယောက်တိုင်းသည်လည်း လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပေးထားခြင်းခံရသောကြောင့် ကျွန်ုပ်တို့သည်လည်း ကိုယ့်ရွေးချယ်ခြင်း အတွက် တာဝန်ရှိပေသည်။ တနေ့သောအခါ၊ အသက်ရှင်ခဲ့ကြသော သူတိုင်း ဘုရားသခင် ရှေ့တော်၌ ရပ်လျက် မိမိ အသက်တာ၏အကြောင်း အရာများကို ဖြေရှင်းချက် ပေးရပေလိမ့်မည်။ ကျမ်းစာက''...လူသည် တခါတည်းသေ၍ ထိုနောက်မှ တရားစီရင်ခြင်း ကို ခံရသကဲ့သို့''ဟု ဆိုသည်။(ဟေဗြဲ၊ ၉း၂၇)
ရှာဖွေတွေ့ရှိခဲ့ရသော ရတနာ

အကျွန်ုပ်တို့သည် ဘုရားသခင်၏ အံ့ဘွယ်အကောင်းဆုံးသော ဖန်ဆင်းခြင်း ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကိုးကွယ်ရန်၊ ချစ်ခင်ရန်နှင့် နာခံရန် ဖန်ဆင်းခြင်းခံရ၏။
ဆုတောင်းချက်
''အဘ ဘုရားသခင်၊ အံ့ဘွယ်သောကိုယ်ခန္ဓာ စသည်တို့ဖြင့် အကျွန်ုပ်ကို ဖန်ဆင်းတော်မူသောကြောင့် ကိုယ်တော်ကို ကျေးဇူးတင်ပါသည်။ အရာအားလုံးတွင် ကိုယ်တော်သည် ကျွန်ုပ်ကို ဖန်ဆင်းခြင်းနှင့် ကျွန်ုပ်သည် ကိုယ်တော်ကိုသိရှိလာရခြင်း၊ ချစ်ခြင်းနှင့် ကိုးကွယ်နိုင်ရခြင်းအတွက် ကျေးဇူးတင်ပါသည်။'' အာမင်။
မေးခွန်းများ

၁။ လူသည် အဆင့်နိမ့် ပုံသဏ္ဍာန် သတ္တ၀ါဘ၀မှ ဖြစ်ပေါ်လာခြင်းလား သို့မဟုတ် ဘုရားသခင် သူ့ကို ဖန်ဆင်းခြင်းလား။

(က) အဆင့်နိမ့် ပုံသဏ္ဍာန် သတ္တ၀ါ ဘ၀မှ၊ (ခ ) ဘုရားသခင် လူကို ဖန်ဆင်းခြင်း၊

၂။ ဘုရားသခင် လူကို ဘာကြောင့် ဖန်ဆင်းခဲ့ပါသနည်း။

(က) သူ၏ဘုန်းတော် အဘို့၊

(ခ ) တဦးတယောက်ကို မြေ၌ အလုပ် လုပ်စေရန်အတွက်၊

၃။ အာဒံကို မည်ကဲ့သို့ ဖန်ဆင်းခဲ့ပါသနည်း။

(က) မျက်လှည့် အတတ် ပညာ အားဖြင့်၊

(ခ ) မြေမှုန့်မှ ယူ၍ ဘုရားသခင်၏တန်ခိုးတော်အားဖြင့်၊

၎။ အာဒံသည် အဓိက အပိုင်း သုံးပိုင်းဖြင့် ဖန်ဆင်းခြင်းခံရသည်။

(က) မြေမှုန့်၊ ရေ နှင့် ဘုရားသခင်၏တန်ခိုးတော်၊

(ခ ) ၀ိညာဉ်၊ စိတ် နှင့် ခန္ဓာ၊

(ဂ ) ဦးခေါင်း၊ ခန္ဓာ နှင့် ခြေများ၊

၅။ လူ၏စိတ်ပိုင်း၌ အပိုင်း သုံးပိုင်း ပါရှိသည်။

(က) မျက်လုံး၊ နှလုံး နှင့် ဦးနှောက်၊

(ခ ) အသိညဏ်၊ အလိုဆန္ဒ နှင့် စိတ်ခံစားချက်များ၊

၆။ ဘုရားသခင်က လူကို လွှတ်လပ်စွာ ရွေးချယ်ခွင့် အလိုဆန္ဒ ပေးခဲ့ပါသလား။

(က) ပေးသည်။ (ခ ) မပေးပါ။

၇။ ၀ိညာဉ်ပိုင်းသည် လူ၏အပိုင်းတစ်ပိုင်း ဖြစ်သော……….

(က) ဘုရား သိခြင်းနှင့် ဘုရားသခင်၏အသက် လက်ခံရရှိသော အပိုင်း ဖြစ်သည်။

(ခ ) လူ၌ ဘုရားသခင် ကျိန်းဝပ်နေနိုင်သော နေရာ တခု ဖြစ်သည်။

(၈ ) ဘုရားသခင် အဖို့ အခန်းတခန်း ဖြစ်သည်။

(ဃ) အထက်ပါ အားလုံး၊

၈။ ဤ သင်ခန်းစာ အတွက် သော့ချက် ကျမ်းပိုဒ် ကို သင် အလွတ် ရွတ်ပါသလား။

(က) ရွတ်ဆိုသည်။ (ခ ) မရွတ်ဆိုပါ။

၉။ ဤ သင်ခန်းစာမှ အဘယ်အရေးကြီးသောအရာ သင် လေ့လာ သင်ယူခဲ့ရပါသနည်း။

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support