သင်ခန်းစာ (၄)
အပြစ်အကြောင်း
သင်ခန်းစာ (၃) ဘုရားနှင့်လူ အဆက်ပြတ်စေသော အရာသည် အပြစ်ဖြစ်ကြောင်းသိရကြပြီ။ ထိုအပြစ်ကိုဖယ်ရှားနိုင်မှသာလျှင် ဘုရားသခင်ကို နံဝိညာဉ်နှင့်ကိုးကွယ်နိင်မှာဖြစ်ကြောင်းသိရပြီ။ ထိုအပြစ်ကိုဖယ်ရှားနိင်ရန် အပြစ်အကြောင်းကိုပဌမဦးစွာသိဘို့လို သည်၊ လူနာ ကို ကုဘို့ရောဂါကိုအရင်ရှာ သကဲ့သို့ လူ၏အပြစ်ကို ဘုရားသခင်၏အမြင်အတိုင်းအရင်သိဘို့ လိုပါသည်။
အပြစ်နှစ်မျိုးဘုရားအမြင်၌ အပြစ်နှစ်မျိုးရှိသည်။၎င်းတို့ မှာမွေးရာပါအပြစ် နှင့်ကျူး လွန်သောအပြစ် တို့ ဖြစ်သည်။
မွေးရာပါအပြစ်
မွေးရာပါအပြစ်သည် ကိုယ်တိုင်ကျူးလွန်သော အပြစ်မဟုတ်။ မွေးဘွားစဉ်က ပါလာသော အပြစ်ဖြစ်သည်။ ဆာလံကျမ်း၌-အကျွန်ပ်သည် မွေးစကပင်အပြစ်ပါလျက် ရှိပါ၏။ အမိဝမ်းထဲမှ သန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။- ဟုဆိုထားသည် (ဆာ၊၅၁း၅)။
ဖြစ်ပေါ်လာပုံ မွေးရာပါအပြစ်သည်လူအားလုံး၏ တဦးတည်းသောဘခင် အာဒံအားဖြင့် ဖြစ်သည်။ အာဒံသည် ဘုရားသခင်က ဖန်ဆင်းစက ကိုယ်ခန်္ဓာစိတ် ၀ိညာဉ် အကောင်း ပကတိရှိခဲ့ သည် (က ၁း၃၀။ အာဒံကိုသူ၏ မိန်းမ ဧ၀နှင့်အတူဧဒင် ဥယျာဉ်၌ထားခဲ့သည်(က၂း၁၅)။ ထိုဥယျာဉ်၌ရှိသောသစ်သီးအားလုံးစားခွင့် ရှိသော်လည်း ဥယျာဉ်အလယ်၌ရှိသောကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကိုကား ဘုရားသခင်က စားခွင့်မပြု (က၊၂း၁ရ)၊။ သို့ သော် အာဒံနှင့်ဧ၀တို့ သည်ဘုရားသခင်၏ စကားကိုနားမထောင်ဘဲ စာတန်၏ လှည့်ဖျားမှုကို နားထောင် သောကြောင့် ထိုအသီးကိုစားခဲ့ကြသည် (က၊၃း၆-ရ)။
ထိုသို့  လူလင်မယားတို့ သည် ဘုရားစကားနားမထောင်သောကြောင့် ဘုရားသခင်ကအပြစ်သားဟုသတ်မှတ်လိုက်သည် (ရော၊၅း၁၉)။ ပညတ်တော်ကို လွန်ကျူးခြင်းသည်အပြစ်ဖြစ်သည် (၁ယော ၃း၎)။ အာဒံနှင့်ဧ၀တို့သည် ဘုရားသခင်၏ တခုတည်းသော ပညတ်တော်ကို လွန်ကျူးသောကြောင့် အပြစ်သားဖြစ်သွားကြသည်။ အာဒံသည်လူအပေါ်မှာ ပြစ်မှားသည် မဟုတ်။ လူသိတတ်သော အပြစ်များဖြစ်သည့် လူသတ်ခြင်း၊ ခိုးခြင်း၊ လိမ်ညာခြင်းများ ကျူးလွန်သည်မဟုတ်၊ ဘုရား၏စကားနားမထောင်ခြင်းဖြစ်သည်။ ထိုအပြစ်သည် အပြစ်အားလုံး၏ မူလအမြစ်ဖြစ်သည်။
အမွေဆိုး အာဒံနှင့်ဧ၀တို့သည် သားစဉ်မြေးဆက်များထံ အပြစ်တည်းဟူသော အမွေးဆိုးကိုပေးအပ်ခဲ့သည်။ အာဒံနှင့်ဧ၀တို့ မှ မွေးဖွား လာသောလူသားတိုင်းသည် သူတို့ ကဲ့သို့ အပြစ် သား များဖြစ်ကြသည်။ ထိုသို့ မွေးဘွားစဉ်က ပါလာသောအ ပြစ်ကို မွေးရာပါ အပြစ်ဟု ခေါ်သည်။ လူအချို့ တို့ သည်မွေးရာပါ အပြစ်ရှိကြောင်းကို မယုံကြည် လက်မခံကြ။ ကိုယ်တိုင် အပြစ် ကျူးလွန်သောကြောင့် အပြစ်သား ဖြစ်သည်ဟုယူဆကြသည်။ သို့သော်အောက်ပါ ကျမ်းချက်များ ကြည့်ခြင်းအားဖြင့် မွေးရာပါအပြစ်ရှိကြောင်း ထင်ရှားသည်။
တယောက်သောသူအားဖြင့် ကျမ်းစာက - အပြစ်တရားသည်တယောက်သောသူ အားဖြင့် ဤလောကသို့ ဝင်၍ အပြစ်တရားအားဖြင့်သေခြင်းတရား ၀င်သည် နှင့် အညီ လူအပေါင်းတို့ သည် အပြစ်ရှိသောကြောင့် သေခြင်းသို့  ရောက်ရကြ၏ ဟုဆိုသည် (ရောမ ၅း၁၂)။
ကျမ်းစာက အပြစ်တရားသည် ဤလောကသို့ တယောက်အားဖြင့် ၀င်သည် ဟုဆိုသည်။ လူအများအားဖြင့်ဝင်သည် မဟုတ်၊ တယောက်သောသူ အာဒံအားဖြင့်ဝင်သည်။ ထို အပြစ်ကြောင့် သေခြင်းတရားဝင်သည် ဟုဆိုပြန်သည်။ ထို ကြောင့် သေတတ်သော သူတိုင်းက အပြစ်ရှိသည်။ သေခြင်းသည်မမွေးသေးခင် မိခင်၏၀မ်းထဲမှ စတင်ဖြစ်ပေါ်နိင်သည်။ လူကြီးဖြစ်မှ၊ အပြစ်ကျူးလွန်မှသာ သေနိုင် သည်မဟုတ်။ သို့ ဖြစ်၍ အပြစ်ကြောင့် သေခြင်းတရားဝင်သည်ဟု ဆိုရာ တွင်ကျူးလွန်သောအပြစ်ကို ဆိုလိုသည်မဟုတ်၊ မွေးရာပါ အပြစ် ကိုဆိုလိုခြင်းဖြစ်ကြောင်း ထင်ရှားသည်။
နားမထောင်သောအားဖြင့် ကျမ်းစာက-တယောက်သောသူသည်နားမထောင်သောအားဖြင့် လူများတို့သည်အပြစ်သို့ရောက်သည့်နည်းတူ တယောက်သော သူ၏ နားထောင်သောအားဖြင့် လူများတို့ သည် ဖြောင့်မတ်ရာသို့  ရောက်ရ ကြ၏ - ဟုဆိုသည် (ရော ၅း၁၉)။
ပဌမတယောက်သောသူသည် အာဒံဖြစ်သည်။ အာဒံသည် ဘုရားစကား ကို နားမထောင်သောအားဖြင့် လူများတို့ သည် အပြစ် သို့ရောက်သည်ဟု ဆိုသည်။ ထို့ ကြောင့်မိတ်ဆွေကိုယ်တိုင် အပြစ်ကျူးလွန်သောကြောင့် အပြစ်သား ဖြစ်သည်မဟုတ်။ မွေးရာပါ အပြစ် ကြောင့်အပြစ်သားဖြစ်သည်။
မသန့် ရှင်းသောသူ တဖန်ကျမ်းစာက- မသန့် ရှင်းသောအရာထဲက သန့် ရှင်းသော အရာကို အဘယ်သူထုတ်ဖေါ် နိင်သနည်း။အဘယ်သူ မျှ မထုတ် ဖေါ် နိင်ပါ- ဟုဆိုထားသည် (ယောဘ ၁၄း၎)။ လူသည် ဘုရားသခင်ရှေ့ မှာ သန့်ရှင်းခြင်းမရှိ (ဟေရှာ ၆၄း၎)။ မိဘတိုင်း၌ အပြစ် ရှိကြသည်။ ထို့ ကြောင့် အပြစ်ရှိသော မိဘသည် သန့်ရှင်းသောသားသမီးကို မမွေးဘွားနိင်ပါ။ အပြစ်ရှိသောမိဘသည် အပြစ်သားများ ကိုသာ မွေးဘွားနိင်သည်။
မသန့် ရှင်းနိင်
လူသည်အဘယ်သို့ သောသူဖြစ်၍သန့် ရှင်းနိင်သနည်း။ လူမိန်းမဖွားသောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ်နိင် သနည်း-(ယောဘ ၁၅း၁၄)။ ဤကျမ်းပိုဒ်ကလူမိန်းမမှဖွားမြင်သောသူတိုင်းသည်မသန့်ရှင်း မဖြောင့်မတ်ဟုဆိုထားသည်လောက၌ မိန်းမထဲမှ မမွေးဖွားသောသူ တယောက်မျှ မရှိ။ ထို့ ကြောင့်မိန်းမဖွားသောသူကျွန်ပ်နှင့်မိတ်ဆွေလည်းမသန့် ရှင်း။
အမိဝမ်းထဲမှ ကျမ်းစာက - အကျွန်ပ်သည်မွေးစကပင်အပြစ်ပါလျက်ရှိပါ၊ အမိ ၀မ်းထဲမှာပဋိသနေ်္ဓယူစဉ်ပင်အပြစ်စွဲပါ၏- ဟုဆိုသည် (ဆာလံ၊၅၁း၅)။
ဤဆာလံကိုရေးသောဒါဝိဒ်မင်းကြီးသည်မွေးစကပင်အပြစ်ပါကြောင်း၊ အမိဝမ်းတွင်းမှာပင်အပြစ်ရှိကြောင်းဝန်ခံခဲ့သည်။ ထိုသို့  အပြစ်မျိုးစေ့သည် မွေးစကပင်ပါသောကြောင့် ကြီးလာသောအခါအလိုအလျောက်အပြစ် လုပ်တတ် ကြသည်။ မိခင်၏ ၀မ်းထဲမှ ဒုစရိုက်အပြစ်မလုပ်နိင်ပါ။ ထိုကြောင့် ထိုအပြစ်သည် မွေးရာပါ အပြစ်ဖြစ်သည်။ လူတိုင်းမွေးရာပါ အပြစ်ကြောင့် အပြစ်သားဖြစ်ရသည်။ ဒုစရိုက်အပြစ်ကြောင့် အပြစ်သားဖြစ်ရသည်မဟုတ်။ အပြစ်သားအရင်ဖြစ်သော ကြောင့် အပြစ်လုပ်ရသည်။
ရိုင်းသောသဘော မတရားသောသူသည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ သည်။ မွေးကတည်းက လမ်းလွဲ၍ မုသာစကားကို ပြောတတ် ကြ၏ (ဆာလံ၊၅၈း၃)။
ရိုင်းသောသဘောသည် မွေးရာပါဖြစ်သည်။ လမ်းလွဲခြင်းနှင့် မုသာ ပြောခြင်းသည်လည်း မွေးရာပါဖြစ်သည်။ လူတိုင်းရိုင်းသော သဘောရကြသည်။ မုသာမပြောတတ်သောသူမပြောဘူးသောသူလည်းမရှိချေ။ ထို့ ကြောင့်လူသည် မွေးရာပါအပြစ်ရှိကြောင်းထင်ရှားသည်။
ဘုရားအပေါ်ပြစ်မှား မွေးရာပါအပြစ်သည် အာဒံကြောင့်ဖြစ်သည်၊ မွေးရာပါအပြစ်သည် လူလူချင်းအပေါ် ပြစ်မှားသောအပြစ်မဟုတ်။ ဘုရားအပေါ် ပြစ်မှား သော အပြစ်ဖြစ်သည်။ အာဒံသည် ဘုရားအပေါ်ပြစ်မှားခဲ့သည်။ အာဒံသားသမီး တိုင်းလည်း အာဒံမှတဆင့်ဘုရားအပေါ်ပြစ်မှားခဲ့  ကြပြီ။
အပြစ်၏အခသေခြင်း ကျမ်းစာက အပြစ်၏အခကားသေခြင်းပေတည်း-ဟုပါရှိသည် (ရော ၆း၂၃)။ တဖန် -အပြစ်တရားအားဖြင့်သေခြင်းတရားဝင်သည်-ဟုဆိုပြန်သည် (ရော၊၅း၁၂)။ ထို့ ကြောင့်သေနိင်သောသူတိုင်းက အပြစ်ရှိသည်၊ အပြစ်၏အခကား သေခြင်းဟု ဆိုသောကြောင့် သေခြင်း အကြောင်းကို သိထားဘို့ လို သည်။
သေခြင်းသုံးမျိုး သေခြင်းသုံးမျိုးရှိသည်။ ခန္ဓာကိုယ်သေခြင်း။ ၀ိညာဉ်ပိုင်းဆိုင်ရာ သေခြင်းနှင့်ထာဝရ (သို့ ) ဒုတိယသေခြင်းတို့ ဖြစ်သည်။ ထိုသုံးမျိုး စလုံးသည် ခွဲခွါခြင်းကိုဆိုလိုသည်။
ကိုယ်ခန္ဓာသေခြင်း ကိုယ်ခန္ဓာ သေခြင်းသည် ကိုယ်ခန်္ဓာနှင့် စိတ်ဝိညာဉ်ခွဲခွါခြင်း ဖြစ်သည်။ ကိုယ်ခန်္ဓာထဲမှစိတ်ဝိညာဉ်ထွက်သွားသောအခါ ကျန်ရစ်သော ကိုယ်ခန်္ဓာကိုလူသေဟုခေါ်သည်။ တရားစရပ်မှူး၏သမီး သေသောအခါ သခင်ယေရှုက သူမ၏ စိတ်ဝိညာဉ်ကို ပြန်လာ စေခြင်း အားဖြင့် အသက်ပြန်ရှင် လာသည်။ (လု ၈း၅၃-၅၅)။
ကိုယ်ခန္ဓာ သေသောအခါ ယုံကြည်သူ၏ စိတ် ၀ိညာဉ်သည်ကောင်းကင် ဘုံသို့တက်၍ မယုံကြည်သူ၏စိတ်ဝိညာဉ်မူကား ငရဲသို့  ရောက်သွားသည် (လု ၁၆း၂၂-၂၃)။ ကိုယ်ခန်္ဓာမူကား မြေမှုန့် မှဖြစ်သောကြောင့် မြေမှုန့် သို့  ပြန်သွားသည် (က ၃း၁၉)။ ကိုယ်ခန္ဓာ သေခြင်းသည် သားမယား၊ မိဘ၊ ညီအစ်ကို မောင်နှမများ၊ ဆွေမျိုးမိတ်ဆွေများနှင့်ခွဲခွါသောကြောင့်ဝမ်းနည်းရသည်။
ဝိညာဉ်ပိုင်းသေခြင်း ၀ိညာဉ်သည် မသေနိင်ချေ။သေနိင်လျှင်ငရဲထဲ၌ ဝေဒနာခံစရာ အကြောင်း မရှိ။ ဘုရားသခင်နှင့် အဆက်ပြတ်ခြင်း ကို ၀ိညာဉ်ပိုင်း သေခြင်းဟု ခေါ်သည်။ အာဒံသည်ဘုရားစကားနားမထောင်သောကြောင့်ဘုရားနှင့် ခွဲခွါရသည်။ ဘုရားသခင်က အာဒံအား ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကိုမစားရ၊ စားသောနေ့ တွင်သေရမည် ဟုဆိုသည် (က ၊၂း၂ရ)။ အာဒံသည် ထိုအသီးကို စားသောနေ့ တွင် ဘုရားနှင့်ခွဲခွါ၍ဘုရားအမြင်က သေသွားသည်။သူ၏ ကိုယ်ခန်္ဓာ သေသော်လည်းဘုရားသခင်နှင့်ခွဲခွါခြင်းသည် သေခြင်းဖြစ်သည်။ အာဒံသည် ၀ိညာဉ်ပိုင်းသေပြီးမှ သားသမီးရသောကြောင့် သူ၏သားသမီး တိုင်းသည် ၀ိညာဉ်ပိုင်း သေပြီးသားနှင့် မွေးဘွားကြသည်။ မိတ်ဆွေနှင့် ကျွန်တော်လည်း အာဒံမှဆင်းသက်မွေးဘွားသောကြောင့် ၀ိညာဉ်ပိုင်းသေပြီး သားနှင့် မွေးဘွား ကြသည်။ ထိုကြောင့် ကိုယ်ခန္ဓာသေလျှင်ငရဲသို့ သွားဘို့ရန် မွေးဘွားကြသည်။
ဒုတိယသေခြင်း (သို့ ) ထာဝရသေခြင်း ဒုတိယသေ ခြင်း (သို့ ) ထာဝရသေခြင်းသည်ကိုယ်ခန်္ဓာ၌အသက်ရှင် စဉ် ကယ်တင်ခြင်းသို့ မရောက်၊ ၀ိညာဉ်အသက်မရှင် ထာဝရအသက် မရှိသော ကြောင့် ကိုယ်ခန်္ဓာသေသောအခါ ၀ိညာဉ်သည်ထာဝရ မီးအိုင်ထဲသို့ ဆင်းသွား ခြင်းကို ဆိုလိုသည်။ ကျမ်းစာ၌- ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဘွယ်သောသူ၊ လူအသက်ကိုသတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကို ကိုးကွယ် သောသူ၊ သစ်္စာပျက်သောသူအပေါင်းတို့ မူကား ဒုတိယသေခြင်း တည်းဟူ သော ကန့်  နှင့် လောင်သော မီးအိုင်ထဲ၌ မိမိတို့ အဘို့ ကိုရကြ လိမ့်မည်- ဟု ဆိုထားသည် (ဗျာ၊ ၂၁း၈)။
သင်ခန်းစာ (၄)မေးခွန်းများ
၁။ အပြစ်ဘယ်နှစ်မျိုးရှိသနည်း။ ဖေါ်ပြပါ -------------
၂။ မွေးရာပါအပြစ်သည်မည်သူအားဖြင့်ဖြစ်သနည်း။---------------
၃။ မွေးရာပါအပြစ်သည် ------------အပေါ်ပြစ်မှားခြင်းဖြစ်သည်။
၎။ ရော ၅း၁၉ အာဒံ၏အပြစ်သည်မည်သည့်အရာဖြစ်သနည်း။------------
၅။ မသန့် ရှင်းသောအရာထဲမှသန့် ရှင်းသောအရာထုတ်ဖေါ်နိုင်သလော။------
၆။ လူသည်မည်သည့်အချိန်မှစ၍ အပြစ်ရှိသနည်း။-------------
ရ။ လမ်းလွဲခြင်းနှင့်မုသာပြောခြင်းသည်မည်သည့်အရွယ်မှစသနည်း။----------
၈။ အပြစ်၏ အခကား-------------ခြင်းပေတည်း။
၉။ သေခြင်းသုံးမျိုးကိုဖေါ်ပြပါ။
(က)--------------------
(ခ)--------------------
(ဂ)--------------------
၁၀။ဝိညာဉ်ပိုင်းသေခြင်းသည် --------------နှင့်ခွဲခွါခြင်းဖြစ်သည်။
0 comments:
Post a Comment