HCF

HCF MYANMAR IN SINGAPORE

Friday, June 10, 2011

သာ၍ကောင်းသော ယဇ်ကောင်

သင်ခန်းစာ (၁၀)

သာ၍ကောင်းသော ယဇ်ကောင်


ကမ္ဘာဦးမှစ၍ ခရစ်တော်လက်ထက်တိုင်အောင် တိရစ္ဆာန်များကို ယဇ်ကောင်အဖြစ် ပူဇော်တတ်ကြသည်။ မုန့်  ညက်၊ မုန့်  အမျိုးမျိုးတို့ ကို လည်း ပူဇော် တတ်ကြသည်။ သို့ သော် ထိုအရာများသည် အရိပ်များသာဖြစ်၍ ထာဝရဘုရား အားရနှစ်သက်တော် မမူသောကြောင့် ကျမ်းစာက ဤသို့  ဆို ခဲ့သည်။ ထိုကြောင့် ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ အိုဘုရားသခင် ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော် မရှိသည် ဖြစ်၍ အကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်များကို အားရနှစ်သက်တော်မမူသောအခါ၊ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြုရေးထားသည်နှင့်အညီ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည် ဟု အကျွန်ုပ် ၀န်ခံပါသည် ဟု လျှောက်ဆို၏။ (ဟေဗြဲ ၁၀း၅-၈)

ဘုရားသခင်သည် အဘယ်ကြောင့် ခရစ်တော်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူသနည်း ဟူမူကား သူ၏ ကိုယ်ခန္ဓွာကို ယဇ်ကောင် အဖြစ် သုံးဘို့  ရန်ဖြစ်သည်။ ခရစ်တော်သည် ကောင်းကင်၌ ရှိနေလျှင် ၀ိညာဉ်အားဖြင့် ရှိသဖြင့် ယဇ်ကောင် မဖြစ်နိင်ချေ။ အကြောင်းမှာ ၀ိညာဉ်သည် မသေ နိင်ချေ။ ထို့ကြောင့် ယဇ်ကောင်အဖြစ် ပူဇော်နိင်ရန် ခမည်းတော်ဘုရားက ခန္ဓာကိုယ် ပြင်ဆင်ပေးခြင်း ဖြစ်သည်၊ ထိုမျှ သာမက လူကို ကိုယ်စားပြု အသေခံမှာ ဖြစ်သော ကြောင့် လူကဲ့သို့  ကိုယ်ခန္ဓာ ရှိရခြင်းဖြစ်သည်။ ကျမ်းစာက-ထို အလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါ တည်း ပူဇော် သောအားဖြင့်၊ ငါတို့ သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။ (ဟေဗြဲ၊ ၁၀း၁၀)

ဘုရားသခင်သည် အရိပ်များဖြစ်သော တိရစ္ဆာန်နှင့် ပူဇော်ခြင်းကို အားရ နှစ်သက်တော်မမူသောအခါ သူ၏ သားတော် ယေရှုခရစ်ကို ကိုယ်ခန္ဓာ ပြင်ဆင်တော်မူသည်။ အဘယ် အတွက် ပြင်ဆင်တော်မူသနည်း။ ယဇ်ကောင် ဖြစ်ဘို့  ရန် ဖြစ်သည်။ ထိုသို့ ယဇ်ကောင်ဖြစ်ဘို့ ရန် ဘုရားသခင်သည် သားတော်ကို ကမ္ဘာ မတည်မရှိမှီ ကတည်းက ခွဲခန့်  မှတ်သားထားကြောင်း ရှင်ပေတရုက ဤသို့ ဆိုသည်။-ထို ခရစ်တော်ကား ဤ ကမ္ဘာ မတည် မရှိမှီ ခန့် ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့  အဘို့၊ ဤ နောက်ဆုံးသော ကာလ၌ ထင်ရှား တော်မူပြီ၊၊ (၁ ပေ ၁း၂၀)

ထိုကြောင့် အကြင်သူသည် ဘုရားသခင်ထံသို့ ချဉ်း၏။ ထိုသူသည် ယဇ်ကောင် အဖြစ် ယေရှုခရစ်ကို မယူ ဆောင်ဘဲ၊ အခြားအရာများ ဖြစ်သော၊ အကျင့်ကောင်းခြင်း၊ အလှူငွေ၊ ဆက်ကပ်ခြင်း၊ ဆုတောင်းခြင်း၊ နှိမ့်ချခြင်း၊ ချစ်ခြင်း မေတ္တာများကို ယူဆောင်လာ ပါက ဘုရားအမြင်၌ ထိုအရာများသည် ညစ်သော အ၀တ်စုတ် မျှသာဖြစ်၍ ကာဣနကဲ့သို့ ဘုရားသခင်၏ပယ်ခြင်းကို ခံရမည်သာ ဖြစ်သည်။ သို့သော် ဘုရားသခင် ကိုယ်တော်တိုင် ပြင်ဆင် ပေးသော သားတော် ယေရှုကို ယဇ်ကောင်အဖြစ်ယူဆောင် လာပါက ဘုရားသခင်၏စိတ်တော်နှင့်တွေ့  ၍ ထို သူ၏ ပူဇော်ခြင်းသည်လည်း လက်ခံ မည်သာ ဖြစ်သည်။

တဖန်ကျမ်းစာက-ယခုမှာ လူလက်ဖြင့် မလုပ် ဤ လောကဓာတ်နှင့်မစပ်ဆိုင်၊ သာ၍ ကြီးမြတ် စုံလင်သော တဲတော်၌၊ နောက် မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊ ငါတို့ အဘို့ ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိ အသွေးတော်နှင့် သန့် ရှင်းရာ ဌာန ထဲသို့  တခါတည်း ၀င်တော်မူ၏။ အကြောင်း မူကား၊ အညစ်အကြေးရှိသော သူတို့ အပေါ်၌ ဖြန်းသော နွား အသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည်၊ သူတို့ ကိုယ်ခန္ဓာ၌ စင်ကြယ်ြခင်းကို ပြုနိုင်သည် မှန်လျှင် ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို ထာဝရ ၀ိညာဉ်တော်အားဖြင့် ဘုရားသခင်၏ ရှေ့၌ တင်လှူ ပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကို ပယ်ရှင်း၍ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ၀တ်ြပုမည် အကြောင်း သင်တို့ ကိုယ်ကိုကိုယ် သိသောစိတ် ကို စင်ကြယ်စေခြင်းငှါ၊ သာ၍ တတ်နိုင်တော်မူသည် မဟုတ်လော။ ထိုကြောင့် ပဌမ ပဋိညာဉ် တရားလက်ထက်၌ ပြစ်မှားသော အပြစ်ကိုလည်း လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော် မူသည်ဖြစ်၍ ခေါ်တော် မူသောသူတို့ သည် ဂတိတော်နှင့် ယှဉ်သော ထာဝရ အမွေကို ခံရမည် အကြောင်း ထိုသို့ သခင်သည် ပဋိညာဉ် တရားသစ်၏အာမခံ ဖြစ်တော်မူ၏။ (ဟေဗြဲ ၉း၁၁-၁၅)

အထက်ပါ ကျမ်းပိုဒ်များအရ ခရစ်တော်သည် လောကတဲတော်၌ မဟုတ်၊ ကောင်းကင် တဲတော်စစ်၌ ကိုယ်တိုင် ယဇ်ပုရောဟိတ်ဖြစ်လျက် နွားကလေး အသွေးနှင့် ဆိတ်အသွေးနှင့် မဟုတ် မိမိအသွေးတော်နှင့် သန့် ရှင်းရာ ဌါနထဲသို့ 

တခါ တည်း ၀င်တော်မူသည်ဟု ဆိုသည်။ အဘယ်ကြောင့် တခါတည်း ၀င်တော်မူသနည်း ဟူမူကား နောက်တဖန် ၀င်စရာ မလိုတော့သောကြောင့် ဖြစ်သည်။

ဓမ္မဟောင်းကာလ၌ လူသေကို ထိသောသူများသည် မသန့်ရှင်းသည်ဖြစ်၍ နွားကလေး၏ပြာနှင့် ဆေးကြော ရသည် (တော ၁၉)။ သို့ သော် ယခု အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရ၀ိညာဉ်တော်အားဖြင့်၊ ဘုရားသခင့် ရှေ့ တင်လှူ ပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်း နှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ၀တ်ပြုမည် အကြောင်း၊ သင်တို့၌ ကိုယ်ကို ကိုယ် သိသောစိတ်ကို စင်ကြယ် စေခြင်းငှါ၊ သာ၍ တတ်နိုင်တော်မူသည် ဟုဆိုသည်။ ခရစ်တော်၏ပူဇော်ခြင်းသည် ယုံကြည် သူ၏စိတ်ကို စင်ကြယ်စေ နိင်သည်။ ထို့ ကြောင့် ခရစ်တော်၏ပူဇော်ခြင်းသည် ယခင် တိရစ္ဆာန်များ ပူဇော်ခြင်းထက် သာ ၍ ကောင်းသည်။


သင်ခန်းစာ (၁၀) မေးခွန်းများ


၁။ ကမ္ဘာဦးမှစ၍ မည်သည့်အရာများကိုပူဇော်တတ်ကြသနည်။……………………………………………..။


၂။ ထိုပူဇော်သက္ကာများသည် ………………………….ဖြစ်သည်။


၃။ ဘုရားသခင်သည်အဘယ်ကြောင့်ခရစ်တော်ကို ကိုယ်ခန္ဓာပြင်ဆင်ပေးတော်မူသနည်း။………………………………။


၎။ ဘုရားသခင်သည် သားတော်ကို ယဇ်ကောင်ဖြစ်ဘို့ မည်သည့် အချိန်မှစ၍ သတ်မှတ်ခဲ့သနည်း။………………………။


၅၊ခရစ်တော်အားဖြင့် ဘုရားသခင်ကို ချဉ်းကပ်လျှင် ဘုရားသခင် လက်ခံတော်မူမည်လော။ ………………………………။


၆။ ယခင်နှင့်ယခု ယဇ်ကောင်တွင် မည့်သည့်ယဇ်ကောင်သည်သာ ၍ ကောင်းသနည်း။…………………………………..။


ရ၊ ဓမ္မဟောင်းခေတ်၌ လူသေထိသောသူများသည် မည်သည့်အရာအားဖြင့် သန့်ရှင်းစေကြသနည်း။…………………….။


၈၊ ခရစ်တော်၏ပူဇော်ခြင်းသည် ယုံကြည်သူ၌…………………ကိုသန့်  ရှင်းစေနိင်သည်။













Share:

သာ၍ကြီးမြတ်သော ယဇ်ပုရောဟိတ်

သင်ခန်းစာ (၉)

သာ၍ကြီးမြတ်သော ယဇ်ပုရောဟိတ်


လူ ယဇ်ပုရောဟိတ်များအကြောင်း သိရှိရပြီ။ သူတို့သည် အရိပ်များဖြစ်၍ စုံလင်ခြင်း မရှိကြ။ ယခုသာ၍

ကြီးမြတ်သော ယဇ်ပုရောဟိတ် အကြောင်းကို လေ့လာကြစို့ ။


ငါတို့ ၏ယဇ်ပုရောဟိတ်ခရစ်တော်

ခရစ်တော်သည် အသေခံသောအခါ အရိပ်ခေတ် ကုန်သွားပြီဖြစ်သည်။ ဗိမာန်တော်ကြီး ဖြိုဖျက်သည်နှင့်အမျှ ယဇ်ပုရောဟိတ်လည်း ပြောင်းလဲသွားပြီ။ အာရုန်၏သားများသည် ယဇ်ပုရောဟိတ် မဟုတ်တော့ဘဲ။ ယုဒအမျိုးထဲမှ သခင်ယေရှုသည် ယဇ်ပုရောဟိတ်ဖြစ်ပြီ။ ထိုအကြောင်းအရာများ ကို ဟေဗြဲ ကျမ်းစာ၌တွေ့ ရှိနိင်သည်၊


အာရုန်အမျိုး ယဇ်ပုရောဟိတ်

ယဇ်ပုရောဟိတ်သည် လူ့အလိုအားဖြင့် မဟုတ်။ ဘုရားသခင်ရွေးကောက်တော်မူခြင်းအားဖြင့် ဖြစ်ကြောင်း အထက်က သိ ရပြီ၊ လူယဇ်ပုရော ဟိတ်များ နှင့် ပတ်သက်၍ ကျမ်းစာ၌ ဤသို့ ရေးသားထားသည်။ လူတို့ တွင် ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သကာ ကို၎င်း၊ အပြစ်ဖြေရာယဇ် ကို၎င်း ပူဇော်၍၊ လူတို့အတွက် ဘုရားဝတ်ကို ပြုစေခြင်းငှါ ခန့်ထားတော်မူသောသူ ဖြစ်၏။ သူသည် ကိုယ်တိုင် နွမ်းရိ အားနည်းခြင်း ရှိသည် ဖြစ်၍၊ မိုက်သောသူ မှားယွင်းသောသူတို့ကို သည်းခံခြင်းငှါ တတ်နိုင်၏။ ထိုအကြောင်းကြောင့်လည်း၊ လူများ အပြစ် နှင့် မိမိ အပြစ်ကို ဖြေခြင်းငှါ ပူဇော်ရ၏။ ဘုရားသခင်သည် အာရုန်ကို ခေါ်တော်မူ သကဲ့သို့ ခေါ်တော် မူသောသူမှ တပါး၊ အဘယ်သူမျှ ထိုအရာမြတ်ကို မသိမ်း မယူရ။ (ဟေဗြဲ ၅း၁-၄)

အထက်ပါ ကျမ်းပိုဒ်များအရ လူ ယဇ်ပုရောဟိတ်များသည် နွမ်းရိအားနည်းခြင်းရှိသည်။ အကြောင်းမှာ သူတို့  သည် လူသားများ ဖြစ်သောကြောင့် အပြစ်ရှိ၍ သူတို့ ကိုယ်တိုင် အတွက် အပြစ်ဖြေရာယဇ်များ ပူဇော်ဘို့လိုသည်။ ထိုကြောင့် လူများ၏မှားယွင်းခြင်းကိုလည်း သည်းခံနိင်သည်။ သူတို့သည် ထိုသို့ အားနည်းခြင်းရှိသော်လည်း သူတို့၏ နေရာ ကို အဘယ်သူကမျှ သိမ်းယူ၍ မရ။ အကြောင်းမှာ ခရစ်တော်၏ ယဇ်ပုရောဟိတ် အရာကို ပုံဆောင်ထားသော ကြောင့် ဖြစ်သည်။

ဘုရားသခင်ကချီးမြောက်

ခရစ်တော်သည် ယဇ်ပုရောဟိတ်အရာကို မိမိကိုယ် မိမိ မချီးမြောက်ကြောင်း ဆက်လက်၍ ကျမ်းစာက ဤသို့  ရေးသားထားသည်။ -ထိုနည်းတူ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအရာ၌ မိမိကိုယ်မိမိ ချီးမြောက်သည် မဟုတ်။ သင်သည် ငါ့သားဖြစ်၏။ ယနေ့ ပင် သင့်ကို ငါ ဖြစ်ဘွားစေပြီ ဟုမိန့်  တော်မူသော သူသည် ခရစ်တော်ကို ချီးမြောက် တော်မူ၏။ (ဟေဗြဲ ၅း၅)

သင်သည် ငါ့ သားဖြစ်၏၊ ယနေ့ ပင် သင့်ကို ငါဖြစ်ဘွားစေပြီ (ဆာ ၂းရ) ဟုဆိုသောသူသည် ခမည်းတော် ဘုရားပင်ဖြစ်သည်။ ထို့ ကြောင့် ခရစ်တော်ကို ခမည်းတော်ဘုရားသခင် ကိုယ်တော်တိုင်က ယဇ်ပုရာဟိတ် အဖြစ် ချီးမြောက်ခြင်းဖြစ်သည်၊


မေလခိဇေဒက်နည်းတူ

အာရုန်အနွယ်များသည် ယဇ်ပုရောဟိတ်အရာကို အမွေ အားဖြင့် ခံစားရကြသည်။ သို့ သော်ခရစ်တော်သည် ယဇ်ပုရောဟိတ်အရာကို အမွေ အားဖြင့် ခံစားရသည် မဟုတ်။ ကျမ်းစာ၌ မည်သို့ ဆိုသနည်း။-ထိုသို့ နှင့်အညီ ကျမ်းစာ တချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု လာသတည်း။ (ဟေ ၅း၆) ထိုကျမ်းစာတချက်သည် ဆာလံ ၁၁၀း၎ ထဲမှဖြစ်၍ ဤသို့ တွေ့ ရသည်။ ထာဝရဘုရား က သင်သည် မေလခိ ဇေဒက် နည်းတူ ထာဝရယဇ်ပုရောဟိတိတ်ြဖစ်သည်ဟု ကျိန်ဆို၍ နောက်တဖန် စိတ်ပြောင်းလဲခြင်း ရှိတော်မမူ။ ထို့  ကြောင့် ခရစ်တော်သည် အမွေအားဖြင့် မဟုတ်ဘဲ အကျိန်အားဖြင့် ယဇ်ပုရောဟိတ်အရာကို ရရှိသည်၊


26

မေလခိဇေဒက်သည် မည်သူနည်း

မေလခိဇေဒက်သည် အဗြဟံကို ခရီးဦးကြို ပြု၍ ကောင်းကြီးပေးသောသူ ဖြစ်သည်၊ မေလခိဇေဒက်နှင့် ပတ်သက်၍ ကမ္ဘာဦးကျမ်း၌ ဤ မျှလောက်သာ ရေးထားသည်။ အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့် နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင် ကောင်းကင် မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြဟံအား ကောင်းကြီး ပေးတော်မူပါစေသောဟု၊ အာဗြဟံအား ကောင်းကြီးပေး၍ သင်၏ရန်သူတို့ ကို သင်၏လက်၌ အပ်နှံတော်မူသော၊ အမြင့်ဆုံးသော ဘုရားသခင်လည်း မင်္ဂလာ ရှိတော် မူစေသတည်း ဟု မြွက်ဆို၏။ အာဗြဟံသည်လည်း ဥစ္စာရှိ သမျှ တို့ ကို ထို မင်းအား ဆယ်ဘို့ တဘို့  လှူ လေ ၏၊ (ကမ္ဘာ ၁၄း၁၈-၂၀)

လောတသည် ရန်သူများက သူနေသော သောဒုံမြို့ကို တိုက်ခိုက်၍ သိမ်းသွားသောအခါ စစ်သုံ့ပန်းအဖြစ် ပါသွားသည်။ ထိုအခါ သူ၏အမျိုး အဗြဟံက သူ၏ကျွန် ၃၁၈ယောက်တို့ နှင့် လိုက်၍ လောတကို သိမ်းသွားသော ရန်သူများကို တိုက်၍ အောင်နိင်ကာ လောတနှင့်တကွ သူပိုင်သမျှကို ပြန်လည် ကယ်ဆယ်ခဲ့သည်။ ထိုအခါ ရှာလင်မင်းကြီး မေလခိဇေဒက်က အဗြံဟံကို ခရီး ဦးကြိုပြု၍ အဗြံဟံက ထိုမင်းကြီးထံ ဆယ်ဘို့တဘို့ လှူသည်။ မေလခိဇေဒက်ကလည်း အဗြံဟံကို ကောင်းကြီးပေးခဲ့သည်။ ထိုရှာလင်မင်းကြီးနှင့်ပတ်သက်၍ ဟေဗြဲကျမ်း၌ ဤသို့ ရှင်းပြ ထားသည်။ မင်းကြီးများကို လုပ်ကြံရံရာမှ ပြန်လာသော အာဗြံဟံကို ခရီးဦး ကြို ပြု၍ ကောင်းကြီးပေးပြီလျှင်၊ အာဗြဟံ လှူသော လက်ရဥစ္စာရှိသမျှကို ဆယ်ဘို့  တဘို့  ခံယူသော ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည် နာမရင်း အနက်အားဖြင့် တရားမင်း၊ ထိုမှတပါး ငြိမ်သက်ခြင်းမင်း ဟု ဆိုလိုသော ရှာလင်မင်းဖြစ်လျက် အဘမရှိ။ အမိမရှိ ရှေးမျိုးစဉ်မရှိ အသက်အပိုင်းအခြားမရှိဘဲ ဘုရားသခင်၏ သားတော်နှင့် တူ၍ ယဇ်ပုရောဟိတ် အရာ၌ အစဉ်အမြဲတည်၏။ (ဟေဗြဲ ရး၁-၃)

ခရစ်တော်သည် ထိုရှာလင်မင်းကဲ့သို့ ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သူတို့၏တူညီချက်များမှာ နှစ်ဦးစလုံး သည် တရားသောမင်း ဖြစ်သည်။ ငြိမ်သက်ခြင်း၏အရှင်များဖြစ်ကြသည်။ ခရစ်တော်သည် လူ့ဇာတိအားဖြင့် မိဘ ရှိသော်လည်း အမှန်တကယ်မှာ မိဘများကြောင့် လူဖြစ်သည် မဟုတ်။ ရှာလင်မင်းကြီးလည်း အဘမရှိ အမိမရှိ။ ရှေးမျိုးစဉ် မရှိဟု ဆိုသည်။ နှစ်ဦးစလုံးသည် အသက်အပိုင်းအခြား မရှိ။ နှစ်ဦးစလုံးသည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်များ ဖြစ်ကြသည်၊


မေလခိဇေဒက်သည် သာ၍ကြီး

မေလခိဇေဒက်သည် အာရုန်အနွယ် ယဇ်ပုရောဟိတ်များထက် သာ၍ကြီးကြောင်း ဤသို့တွေ့ ရသည်။ ၄ အမျိုး၏ အဘ အာဗြဟံသည် လက်ရ ဥစ္စာ များကို ဆယ်ဘို့ တဘို့ အလှူခံသော ထိုမင်းသည် အဘယ်မျှလောက် ကြီးမြတ်သည် ကို ဆင်ခြင်ကြလော့၊၊ ၅ ယဇ်ပုေုရောဟိတ်မင်း အရာ ကို ခံ သော လေ၀ိသားတို့ သည် အာဗြဟံ အမျိုးဖြစ်သော သူတည်းဟူသော မိမိတို့  ညီအစ်ကိုများ လက်မှ ပညတ်တရား အတိုင်း ဆယ်ဘို့ တဘို့ ကို ခံရ သော အခွင့်ရှိကြ၏။ ၆သူတို့ အမျိုး မဟုတ်သော ထိုမင်းမူကား အာဗြဟံ၏ လက်မှ ဆယ်ဘို့ တဘို့ ကို ခံလေ၏။ ဂတိတော်တို့ ကိုခံရသော သူကိုလည်း ကောင်းကြီးပေးလေ၏၊ ၇ ကြီးသောသူသည် ငယ်သောသူကို ကောင်းကြီးပေးတတ်သည် ကို ငြင်းခုံဘွယ်မရှိ၊ ၈ ထိုမှတပါး၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဘို့ တဘို့ ကို ခံလေ့ရှိ၏။ ထိုအခါ မူကူကား အသက်ရှင်သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဘို့ တဘို့ ကိုခံရ၏။ ၉ ထိုမှ တပါး၊ ဆယ်ဘို့ တဘို့  ကို ခံတတ်သော လေ၀ိသည် အာဗြဟံအားဖြင့် ဆယ်ဘို့ တဘို့ကို ပေးပြီဟု ဆိုစရာအခွင့်ရှိ၏။ ၁၀ အကြောင်းမူကား၊ မေလခိ ဇေဒက်သည် အာဗြဟံကို တွေ့ သောအခါ၊ လေ၀ိသည်မိမိအဘ၏ ကိုယ်၌ ရှိသတည်း။ (ဟေဗြဲ ရး၎-၁၀)

အထက်ပါကျမ်းပိုဒ်အရ မေလခိဇေဒက်သည် အာဗြဟံ ထက် ကြီးသည်ဟု ဆိုသည်။ အကြောင်းမူကား ကြီးသော သူက ငယ်သောသူကို ကောင်းကြီး ပေးတတ်သည်။ အာဗြဟံကို မေလခိဇေဒက်က ကောင်းကြီးပေးသောကြောင့် မေလခိဇေဒက်သည် အာဗြဟံထက် ကြီးသည်။ ထို့  အပြင် မေလခိဇေဒက်သည် လေ၀ိအမျိုးထက်လည်း ကြီးမြတ်သည်။ လေ၀ိအမျိုးသည် မိမိညီအစ်ကိုများထံမှ ဆယ်ဘို့ တဘို့ ကို ခံယူလေ့ရှိသည်။ သို့  သော် လေ၀ိသည်လည်း အာဗြဟံမှ တဆင့် မေလခိဇေဒက်ထံသို့ ဆယ်ဘို့ တ ဘို့  ပေးသည်ဟု ဆိုသည်။ ထို့ ကြောင့် မေလခိဇေဒက်သည် လေ၀ိအမျိုးထက်

လည်း ကြီးမြတ်သည်။


27

ယဇ်ပုရောဟိတ်ယေရှုအားဖြင့်

ဣသရေလလူများသည် ယဇ်ပုရောဟိတ်မှတဆင့် ဘုရားသခင်ကို ကိုးကွယ်ပူဇော်တတ်ကြသည်။ အာရုန်အနွယ် ယဇ်ပုရောဟိတ်များ ပူဇော်ခြင်းကို အားကိုးလျှင် သူတို့ထက်ကြီးမြတ်တော်မူသော မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရော ဟိတ် ယေရှုအားဖြင့် ပူဇော်ခြင်းသည် သာ၍ကောင်းသည်။ ဟေဗြဲကျမ်းစာကို ရေးသောသူက ဤသို့ ဆို ထားသည်။-ထိုကြောင့် အကြင်သူတို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ အထံတော်သို့  ချဉ်းကပ် ကြ၏။ ထိုသူတို့ အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလ အစဉ် အသက်ရှင်သောကြောင့် သူတို့ကို အစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏ ဟုဆိုသည် (ဟေဗြဲ၊ ရး၂၅)။

ထိုမျှသာမက ယဇ်ပုရောဟိတ် ယေရှုခရစ်သည် အပြစ်နှင့်ကင်းစင်သောကြောင့် သာ၍ကောင်းကြောင်း ဤသို့  တွေ့ ရသည်။ ထိုသို့ သော ယဇ်ပုရောဟိတ်မင်းသည် သန့် ရှင်း စင်ကြယ်၍ အညစ်အကြေးနှင့်ကင်းလွတ်လျက် အပြစ်ရှိသောသူတို့ နှင့် မဆက်ဆံ။ ကောင်းကင်သားအပေါင်းတို့ထက် မြင့်မြတ်သော သူ ဖြစ်၍ ငါတို့ နှင့် တော်သင့် တော်မူ၏။ အခြားသော ယဇ်ပုရောဟိတ်မင်းတို့ သည် ကိုယ်အပြစ်ကြောင့်၎င်း၊ လူများ အပြစ်ကြောင့် ၄င်း၊ နေ့ တိုင်း ယဇ် ပူဇော်ရသကဲ့သို့ ထိုသခင်သည် ယဇ်ပူဇော် စရာအကြောင်းမရှိ အဘယ်ကြောင့် နည်းဟူမူကား၊ မိမိကိုယ် ကို တခါတည်း ယဇ် ပူဇော်၍ ထိုအမှုကို ပြီးစေတော်မူပြီ၊၊ ၂၈ ပညတ်တရားသည် အပြစ်ရှိသော သူတို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်  ထား၏။ ပညတ်တရား နောက်၌ ကျိန်ဆိုတော် မူသော ဗျာဒိတ်တော်ဟူမူကား၊ အစဉ်အမြဲ စုံလင်ခြင်း သို့ ရောက်သော သားတော် ကို ခန့် ထားသတည်း၊ (ဟေဗြဲ ရး၂၆-၂၈ )

ယခု ဆိုခဲ့ပြီးသောအကြောင်းအရာတို့၏ အချုပ်အခြာ ဟူမူကား ထိုသို့ သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ျာဘက်မှာ ထိုင်နေတော်မူ၏။ လူမဆောက်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော်စစ် တည်းဟူသော၊ သန့် ရှင်းရာဌာန၌ ဘုရား ၀တ်ကြိုပုသောသူ ဖြစ်တော်မူ၏။ (ဟေဗြဲ ၈း၁၂) ထိုကဲ့သို့သော ယဇ်ပုရောဟိတ်ကို ဘုရားသခင်က ကျွန်ပ်တို့ အတွက် ပြင်ဆင်ပေးသည်။ ဘုရားသခင် ကိုယ်တိုင် ခွဲခန့်မှတ်သားသော ယဇ်ပုရောဟိတ်အားဖြင့် သူ့ ကို ကိုးကွယ်ချဉ်းကပ်လျှင် ဘုရားသခင်က ငြင်းပယ်စရာ အကြောင်းမရှိ၊ ထို့ကြောင့် ခရစ်တော်ကိုယ်တိုင်က- ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော် ထံသို့ မရောက်ရ(ယော ၁၄း၆)ဟု ဆိုရခြင်း ဖြစ်သည်။ မိတ်ဆွေ၊ ယဇ်ပုရောဟိတ် ခရစ်တော်ကို အမှီမပြု အားမကိုးဘဲ ဘုရားဝတ်ပြုခြင်း၊ ကိုးကွယ်ခြင်း သည် အချည်းနှီးဖြစ်သည်။


သင်ခန်းစာ (၉)မေးခွန်းများ


၁။ ငါတို့၏ ယဇ်ပုရောဟိတ်အကြီးသည် မည်သူနည်း၊…………………………..။

၂။ မည်သည့်အချိန်၌ အာရုန်အနွယ် ယဇ်ပုရောဟိတ် ကုန်ဆုံးသနည်း၊…………………………..။


၃။ ခရစ်တော်ကို မည်သူက ယဇ်ပုရောဟိတ် အဖြစ်ခန့်အပ် သနည်း၊…………………..မည်ကဲ့သို့ ခန့် သနည်း၊……………။

၎။ ခရစ်တော်သည်………………………နည်းတူ ယဇ်ပုရောဟိတ် ဖြစ်သည်။


၅။ မေလခိဇေဒက်သည် မည်သူနည်း။……………………………။

၆။ ………………က…………………….ကိုဆယ်ဘို့တဘို့လှူ………………………..က…………………ကိုကောင်းကြီးပေးသည်။


ရ။ မေလခိဇေဒက်နှင့်အဗြံဟံ မည်သူသည်သာ၍ ကြီးသနည်း။………………………။

၈။ မေလခိဇေဒက်သည်……………………….အမျိုးထက်လည်းကြီးသည်။


၉။ ယဇ်ပုရောဟိတ်ခရစ်တော်သည် လေ၀ိအမျိုးယဇ်ပုရောဟိတ် ထက်သာ၍……………………သည်။

၁၀။ ယဇ်ပုရောဟိတ်ခရစ်တော်ကို အားကိုးလျှင် ဘုရားသခင်က ငြင်းပယ်နိင်မည်လော၊……………………………….။


28

Share:

ကောင်းကင်တဲတော်အရိပ်

သင်ခန်းစာ (၈)

ကောင်းကင်တဲတော်အရိပ်

ဘုရားသခင်က လောက၌ ကောင်းကင်၏အရိပ်တဲတော်ကို တည်ဆောက်ခိုင်းခဲ့သည်။ ထိုအရိပ်၌ ကိုးကွယ်ချိန် ကုန်ဆုံးပြီးကြောင်း သိခဲ့ရပြီ။ သို့သော် ထိုအကြောင်းကို မသိသောကြောင့် အမျိုးမျိုးပြုလုပ်နေသူများ အကြောင်း ကို ဆက်လေ့လာကြစို့ ။


အရိပ် ကို ဆက်ချင်သူ များ

ဣသရေလ လူများသည် ထို သို့  ဗိမာန်တော် ပြောင်းရွေ့ သွားကြောင်း ကို မသိသော အခါ ယေရုရှလင်မြို့ ရှိ ဗိမာန်တော် ၌ နောက်ထပ် နှစ်ပေါင်း ၄၀ ကိုးကွယ် ခဲ့ကြသေးသည်။ ကျမ်းစာက မဖေါ်ပြ သော်လည်း သန့် ရှင်းရာ ဌါနကို ကာ ထားသော ကုလားကာ ကို အောက်မှ အထက်စွန်း သို့  ပြန်လည် ချုပ်ကြမှာ ဖြစ်သည်။ ထိုဗိမာန်တော် မလိုတော့ ကြောင်းနှင့် ဖျက်စီးရမည့် အကြောင်းကို သခင်ယေရှုက တပည့်တော်များထံ ဤသို့  ပြောကြားခဲ့သည်။ "ယေရှုသည် ဗိမာန်တော်မှ ထွက် ကြွတော်မူသည်ရှိသော်၊ တပည့်တော်တို့သည် ဗိမာန်တော်၏တိုက်ဆောင်များကို ပြခြင်းငှါ အထံတော် သို့  ချဉ်းကပ်ကြ၏၊ ယေရှုကလည်း၊ ဤအရာ အလုံးစုံကို သင်တို့ သည် မြင်ကြသည် မဟုတ်လော။ ငါအမှန် ဆိုသည်ကား၊ မဖြိုမချဘဲကျောက်တခုပေါ်မှာ တခုမျှမတည် မနေရဟု မိန့်တော်မူ၏"(မ၂၄း၁-၂)၊

သခင်ယေရှုကြို တင်ပြောထားသည့်အတိုင်း ထိုဗိမာန်တော်ကို ရောမစစ်သားများက အေဒီရ၀တွင် ရှင်းရှင်း ဖျက်စီး ခဲ့ကြသည်။ ထိုသို့ ဖျက်စီးခြင်းသည် ဘုရားသခင်၏ အလိုတော်ဖြစ်ကြောင်း မသိသော ဣသရေလ လူများသည် အေဒီ၁၃၅၌ ဗိမာန်တော် ပြန်လည် တည်ဆောက်ဘို့ရန် ကြံရွယ်သော်လည်း အထမမြောက်ခဲ့ကြချေ။ နောက်ပိုင်းတွင် မူစလင်များက ထိုဗိမာန်တော် နေရာတွင် သူ တို့ ၏ဗလီကို တည်ဆောက်ခြင်း အားဖြင့် ဣသရေလ လူများက နောက်ထပ် ဗိမာန်တော် မဆောက်နိင်ရန် ဘုရားသခင်က အကောင်းဆုံးသော အစောင့်များကို ချထားသည်။ ထိုဗိမာန်တော် နေရာကို အခြားလူမျိုးများက ပိုင်ပါက ဣသရေလလူများက ငွေနှင့်ဝယ်ယူ၍ သူတို့ ၏ဗိမာန်တော်ကို တည်ဆောက် လိုက်ကြမှာ သေချာသည်။ ယနေ့  ဣသရေလလူများ၏အဓိက ဆုတောင်းချက်မှာ ဗိမာန်တော် ပြန်လည်တည်ဆောက်၍ ရှေးကကဲ့သို့  ယဇ်ပူဇော်ခြင်း အားဖြင့် ဘုရားသခင်ကို ကိုးကွယ်ဘို့ ဖြစ်သည်။ သူ တို့သည် မည်မျှပင် ငိုယို ဆုတောင်းနေစေကာမူ ဘုရားသခင်က နားမညောင်းချေ။ အကြောင်းမှာ အရိပ်ခေတ် ကုန်ပြီ။ ဗိမာန်တော်အစစ်၌ ကိုးကွယ်ချိန် ရောက်ပြီ။ သို့  သော် ၀မ်းနည်းစရာ ကောင်းသည်မှာ ဣသရေလ လူများက ထို အရာကို မသိချေ၊ သူတို့၏ မသိခြင်းသည် ဘုရားသခင်၏စိတ် ကို မပြောင်းလဲစေနိင်။ သူတို့ သာ လျှင် ဆုံးရှုံးရသည်။


အရိပ်ကိုဆက်သူများ

ဣသရေလ လူများက ထိုသို့  ဗိမာန်တော် မဆောက် နိင် သော်လည်း ရိုမင်ကက်သလိပ်များက ကမ္ဘာ့အနှံ့ နေရာ တိုင်း၌ ဗိမာန်တော်များကို ဆောက်လိုက်ကြသည်။ ထိုဗိမာန်တော်များ သန့် ရှင်းရာဌါနများကို သတ်မှတ်၍ သာမန် လူများ ကို ၀င်ခွင့် မပေးဘဲ သူတို့ ၏ဘုန်းကြီးများသာလျှင် ၀င်ခွင့်ရှိကြသည်၊ သူ တို့ ၏ဘုန်းကြီးများလည်း ဣသရေလ လူများ၏ ယဇ်ပုရောဟိတ် များကဲ့သို့ ၀တ်ရုံရှည်များကို ၀တ်ကြသည်။ ယဇ်ပုရောဟိတ်များ ကဲ့သို့ လုပ်ဆောင်ကြသည်။ သူတို့လည်း ဘုရားသခင်၏အကြံအစည်ကို နားမလည်သောကြောင့် ယေရှုခရစ်အားဖြင့် အကောင် အထည် ဖေါ်ပြီးကြောင်းကို မသိ၍ အရိပ်ကို အတုယူ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ယဇ်ပုရောဟိတ်များသည် တဲတော်ထဲသို့  ၀င်သောအခါ ပရိသတ်များ တိတ်ဆိတ်စွာ နေသကဲ့သို့ ရိုမင်ကက်သလိပ်များလည်း ဘုရားကျောင်းထဲ၌ စကား မပြော ဘဲတိတ်ဆိတ်စွာ နေကြခြင်း ဖြစ်သည်။


အရိပ်လည်းမမြင် အကောင်လည်းမမြင်

ဣသရေလ လူများ က အရိပ် ကို တမ်းတလျက် နေကြ ချိန်တွင် ရိုမင်ကက်သလိပ်များကအရိပ် ၏ အတု များကို နေရာ အနှံ့ ပြုလုပ် ကြကြောင်း သိရပြီ။ သို့ သော် အရိပ်လည်းမမြင် အကောင်လည်းမမြင်သော အဖွဲ့ များ ရှိသည်။ ထို သူ များသည် အချို့သော ပရော်တက်စတင့်များ ဖြစ်သည်။ ပရော်တက်စတင့်များသည် ကက်သလိပ် မဟုတ်သော ခရစ်ယာန် များ ဖြစ်သည်။ အချို့သော ပရော်တက်စတင့်များသည် အရိပ်ကို မသိသောကြောင့် အတုယူဘို့လည်း မသိကြ။

23

ထိုအရာသည် ဣသရေလလူများ၏ဓလေ့ဟု ယူဆသောကြောင့် အတုယူရမှန်းမသိ။ ထို့ကြောင့် ဘုရားကျောင်း များကို ဆောက်၍ သန့်ရှင်းရာဌါနလည်းမရှိ။ လူတိုင်း စင်ပေါ်တက်ကာ တရားဟောခြင်း၊ သီချင်း ဆိုခြင်း၊ ပြဇာတ်များ ပြခြင်း၊ သူတို့  လိုချင်သလို အသုံးပြုကြသည်။ ထို့ ကြောင့် ပရော်တက်စတင့်များ၏ ဘုရားကျောင်းများသည် ပွဲရုံ ဇာတ်ရုံ များကဲ့သို့ ဆူညံနေခြင်း ဖြစ်သည်၊ ပရော်တက်စတင့်များသည် အရိပ် အကြောင်း မသိသောကြောင့် အကောင်အထည် ကို လည်း ကောင်းစွာ မသိ။ ထိုကြောင့် ဘုရားသခင် ကို မိမိ ကြိုက်နှစ်သက်သလို ကိုးကွယ်ကြသည်။ ကျမ်းစာလည်း ဓမ္မသစ်ကျမ်းသာ အဓိက ထား၍ ဓမ္မဟောင်းကျမ်းစာ အသုံးပြုသော သူများကို အထင်သေးသည်။ ဓမ္မဟောင်းကျမ်းသည် ငါတို့ နှင့်မဆိုင်။ ငါ တို့ သည် ဓမ္မသစ် အသင်းတော်များဖြစ်သည် ဟု ဆိုတတ် ကြသည်၊

သင်းအုပ်ဆရာများကိုလည်း ယဇ်ပုရောဟိတ်များဟု ထင်မှတ်ကြသည်။ ယဇ်ကောင်များလည်း အလှူငွေနှင့် အကျင့်သီလများ၊ ဟု ထင်မှတ် ကြသည်၊ ခရစ်တော် ကယ်တင်ရှင်အဖြစ် လက်ခံသော်လည်း ခရစ်တော်၏ လုပ်ဆောင် ချက် ကို မသိကြ။ ထို့ကြောင့် ကောင်းကင်နိင်ငံရောက်နိင်ရန်မှာ မိမိ တို့၏အကျင့် နှင့် ဆက်ကပ်မှုကို အားကိုးလာ ကြသည်။ သို့သော် မိမိ ကိုယ်ကို မပြည့်စုံမှန်း သိနေသောအခါ ကောင်းကင် နိင်ငံသို့ ရောက်မည် ဟု စိတ်မချ နိင်ခြင်း ဖြစ်သည်။ လောက၏ပူဇော်ခြင်း၊ ဘုရားကိုးကွယ်ခြင်းသည် ကိုးကွယ်သောသူ၏သြတ္တပ္ပစိတ်ကို မကြည်လင်စေနိုင်။

"ထိုတဲတော်ကား ပူဇော်သက္ကာနှင့်ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလပလုံး ပုံပမာ ဖြစ်၏။ ပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကို ထောက်လျှင်လည်း၊ ၀တ်ပြုသောသူအား စုံလင်ခြင်း အကျိုးကို မပေးနိုင်" ဟု ဆိုသည်။ (ဟေဗြဲ ၉း၉)။ ကိုယ်ကိုကိုယ် သိသောစိတ်ကို စုံလင်ခြင်းကို မပေးနိုင် ဆိုခြင်းသည် သြတ္တပ္ပစိတ်ကို မကြည်လင်စေနိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုကြောင့် ဘုရား ကိုးကွယ်သော်လည်း ရှင်းရှင်းလင်းလင်း မရှိ။ ကောင်းကင်နိုင်ငံတော်ရောက်မည် မရောက်မည် မသေချာ။ အပြစ်စီရင်ခြင်းမှ လွတ်ခြင်း မသိ။ ထိုကြောင့် ဘုရားကိုးကွယ် ဘို့ရန်လည်း အားမရှိ။ ထုံးစံရှိသောကြောင့် ၄င်း၊ အခြားသူများ ကိုးကွယ်သောကြောင့်သာ ကိုးကွယ်နေရခြင်းဖြစ်သည်။


ဂဏန်းတွက

ဂဏန်း သင်္ချာ တွက်ရာတွင် အပိုင်း သုံးပိုင်းရှိသည်။ မေးခွန်း တွက်နည်းနှင့် အဖြေတို့ ဖြစ်သည်။ ပဌမဦးဆုံး မေးခွန်းကို ဖတ်၍ သိမှသာလျှင် တွက်၍ ရသည်။ တွက်နည်းမှန်မှ အဖြေမှန် ရနိုင်ကြောင်း လူတိုင်းသိသည်။

ဣသရေလ လူများသည် ဂဏန်းတွက်နေသော်လည်း အဖြေမရနိုင်ဘဲရှိသည်။ နောက်ဆုံး၌ အဖြေမရဘဲ တွက်နေသောကြောင့် တွက်ရင်း တန်းလန်းနှင့် ရပ်ခိုင်းလိုက်ခြင်းနှင့်တူသည်။ ထို့ကြောင့် ကသိကအောင့် ဖြစ်၍ ဆက်တွက်ဘို့ရန် ပြင်ဆင်နေကြသည်။ သို့သော် အခွင့် မရတော့ချေ။ ဆိုလိုသည်မှာ ဣသရေလ လူများ၏ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းသည် အရိပ်ဖြစ်၍ အကောင်အထည်မဖေါ်နိုင်ဘဲ ဆက်၍ပူဇော်ချင်ကြသည်။ ယနေ့တိုင် အားမလိုအားမရ၊ ထိုအခွင့်အရေး ရဘို့ရန် စေါင့်မြော်နေကြသည်။ သို့သော် မည်မျှပင် စေါင့်မျှော်နေစေကာမူ ဘုရားသခင်က ခွင့်မပြု တော့ချေ။

ပရောဖက် ဟောရှေ ဟောထားသောအရာ ပြည့်စုံခြင်းသို့ ရောက်သည့်ကာလ ဖြစ်သည်။ ဟောရှေက၊ "ဣသရေလ အမျိုးသားတို့သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ်ပူဇော်ခြင်းမရှိ၊ ဆင်းတုမရျိ၊ တေရပ် ရုပ်တုမရှိဘဲ နေရကြလိမ့်မည်။" (ဟော၊ ၃း၎) ဟု ဆိုခဲ့သည်။

ဣသရေလ အမျိုးသားတို့သည် အေဒီ ၇၀ မှစ၍ ယနေ့တိုင်အောင် နှစ်ပေါင်း ၂၀၀၀ နီးပါး ယဇ် မပူဇော်ဘဲ နေရပြီ။ ရုပ်တု ဆင်းတုလည်း မကိုးကွယ်၊ ထာဝရဘုရားထံ၌လည်း ယဇ် မပူဇော်နိုင်တော့ချေ။

ဣသရေလ အမျိုးသားတို့ ဂဏန်းတွက်၍ မပြီးနိုင်သော်လည်း ရိုမင်ကက်သလိပ်များက သူတို့နည်းတူ မပြီးပြတ် နိုင်သော ဂဏန်းကို တွက်နေ ကြသည်။ သို့သော် ရိုမင်ကက်သလိပ်များသည် ဣသရေလအမျိုးသားတို့ကဲ့သို့ ယဇ်ပူ ဇော်ခြင်းများ မလုပ်ဘဲ ဟန်ပြသာ လုပ်နေကြသည်။ သူတို့၏ ဘုန်းကြီးများက ယဇ်ပုရောဟိတ်ကဲ့သို့ ၀တ်ဆင်ကာ ဟန်လုပ်နေကြသည်။

ထိုသို့ ဣသရေလအမျိုးသားတို့နှင့်ရိုမင်ကက်သလိပ်များက ဂဏန်းတွက်၍ မပြီးနိုင်ချိန်တွင် မေးခွန်းကိုလည်း မသိ၊ တွက်နည်းလည်းမသိ၊ တွက်လည်းမတွက်ဘဲ အဖြေသာလျှင် ရရှိနေသော သူများ ပေါ်ပေါက်လာသည်။ ထိုသူများ

24

သည် ပရော်တက်စတင့်များပင်ဖြစ်သည်။ ပရော်တက်စတင့် များသည် အရိပ်ကိုလည်းမမြင်၊ အကောင်လည်းမမြင်၊ သို့သော် အဖြေရနေသောသူဖြစ်သည်။ သို့သော် မည်ကဲ့သို့ အဖြေရကြောင်းကို ရှင်းရှင်းလင်းလင်း မပြောနိုင်ဘဲ အ နေကြသည်။

ပရော်တက်စတင့်များသည် ဣသရေလ အမျိုးသားတို့ကဲ့သို့ ယဇ်ပရောဟိတ်များလည်း အတုမယူ (သို့သော် ယခုနောက်ပိုင်းတွင် ၀တ်ရုံကြီးများ ၀တ်လာကြသည်။ အမှုတော်ဆောင်များ ၀တ်ရုံများဝတ်လျှင် ယုံကြည်သူတိုင်း ၀တ်ဘို့ လိုသည်။ အကြောင်းမှာ ယုံကြည်သူများသည် ယဇ်ပုရော ဟိတ်မျိုးများ ဖြစ်သည်။(၁ပေ၊ ၂း၉)၊ ဗိမာန်တော်အထဲ၌လည်း ဆူညံစွာ ပွဲလုပ်သကဲ့သို့ ဖြစ်ကြသည်။ ရိုမင်ကက်သလိပ်များမူ ဘုရားကျောင်းထဲ၌ တိတ်ဆိတ်စွာ နေတတ်ကြသည်။ အကြောင်းမှာ ယဇ်ပုရောဟိတ်များ သန့်ရှင်းရာဌာနထဲသို့ ၀င်သောအခါ ပရိသတ်များသည် အပြင်၌ တိတ်ဆိတ်စွာ နေတတ်ကြသည်။


သင်ခန်းစာ (၈) မေးခွန်းများ

၁။ ဣသရေလလူများသည် ဗိမာန်တော်၌ ဘယ်နှစ်နှစ် ဆက်ကိုးကွယ်ကြသေးသနည်း။………………………


၂။ ဗိမာန်တော်ဖျက်စီးမည့် အကြောင်းကို ခရစ်တော်က……………..များထံ ပြောပြခဲ့သည်။


၃။ ဗိမာန်တော်နေရာ၌ မည်သည့်အရာရှိသနည်း။……………………


၎။ ဣသရေလလူများ၏အဓိကရည်ရွယ်ချက်သည် အဘယ်အရာနည်း။…………………


၅။ မည်သူများက အရိပ်ကို အတုလုပ်နေကြသနည်း။………… ။ မည်ကဲ့သို့ အတု လုပ်ကြသနည်း။……………..


၆။ မည်သူများက အရိပ် မသိကြသနည်း။………………………..


၇။ အဘယ်ကြောင့် ကက်သလိပ်ဘုရားကျောင်း၌ တိတ်ဆိတ်စွာနေကြ၍ ပရော်တက်စတင့် ဘုရားကျောင်းများ၌ ဆူညံနေကြသနည်း။……………….


၈။ လောက၌ ပူဇော်သောယဇ်သည် ပူဇော်သောသူ၏စိတ်ကိုကြည်လင်စေနိုင်ပါသလော။………………………..


၉။ ဂဏန်းတွက်ရာတွင် မပြီးပြတ်နိုင်သောအဖွဲ့သည် မည်သူများဖြစ်သနည်း။………။ အဖြေထုတ်နိုင်သလော။……….။


၁၀။ ဂဏန်းတွပ်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။……………………….


၁၁။ ဣသရေလလူများသည် ဟောရှေက မည်ကဲ့သို့ ဖြစ်မည်ဟု ဟောခဲ့သနည်း။………………………….


၁၂။ မည်သည့်အဖွဲ့သည် ဂဏန်းကို ဆက်တွက်နေသနည်း။ ပြီးပြတ်နိုင်ပါသလော။…………………


၁၃။ အဘယ်ကြောင့် ရိုမင်ကက်သလိပ်ဘုန်းကြီးများ ၀တ်ရုံများဝတ်ကြသနည်း။………………………..


၁၄။ ဂဏန်းမတွက်ဘဲ အဖြေရနေသောသူများသည် အဘယ်အဖွဲ့ ဖြစ်သနည်း။…………………..


၁၅။ အဘယ်ကြောင့် ပရော်တက်စတင့် အမှုတော်ဆောင်များ ၀တ်ရုံများဝတ်လာကြသနည်း။……………..

25

Share:

စစ်မှန် သော ကိုးကွယ်ခြင်း

သင်ခန်းစာ (ရ)

ဝတ်ပြုခြင်းဆိုင်ရာပညတ်၌ ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်ဟု ပါခဲ့သည်။ ခရစ်ယာန်များ အနေဖြင့် ထာဝရဘုရားကိုသာလျှင် ကိုးကွယ်ကြသည်ဟု ယူဆပါစို့(အမှန်မှာ ဘုရားသခင်ကိုသာ ကိုးကွယ်လျှင် သူ့ကို အချစ်ဆုံး အနာခံဆုံး အရိုသေဆုံး အကြောက်ရွံ့ဆုံး ဖြစ်ရမည်။ ယခုမူကား ဒုက္ခ ရောက်မှ တရသောဘုရား အကူအညီလိုမှ ကမန်းကတန်း ကိုးကွယ်သော ဘုရား၊ အကျင့်ပါသောကြောင့် တာဝန်ကျေ ကိုးကွယ်သော ဘုရားဖြစ်သည်)။ ထို ဘုရားကို ကိုးကွယ်သောအခါ ဘုရားသခင် အလိုတော်အတိုင်း ကိုးကွယ်ဘို့  လိုသည်၊


စစ်မှန်သော တဲတော်

ဘုရားသခင်ကို ကိုးကွယ်သောအခါ သူ ရှိသောနေရာ မှာ ကိုးကွယ်ရမည။၊ ဘုရားသခင်သည် နေရာတကာ့ ရှိသည်။ ဆာလံဆရာ ပြောသကဲ့သို့ မိုးကောင်းကင်၌ ၄င်းအောက်မြေကြီး အရပ်၌၄င်း၊ ပင်လယ်အောက်၌ ၄င်း ဘုရားသခင်သည် ရှိသည်။ သို့ သော် သူသည် သတ်မှတ်ထားသော နေရာ သူ၏ပလ္လင်တော်၌ ကျိန်ဝပ်သည်။ ထိုနေရာ သည် ကောင်းကင်ဘုံ ဖြစ်သည်၊ ကောင်းကင်ဘုံသည် အစကတည်းက တဲတော်၊ အသန့်ရှင်းဆုံးဌါနဖြစ်သည်။

သို့သော် လူများက ထို အရာကိုမသိ၊ ကောင်းကင်ဘုံသို့ လည်း မရောက်နိင်သောကြောင့် ဘုရားသခင် ကိုယ်တိုင် ဤလောသို့ ဆင်းကြွလာ၍ လူများထံ၌ ကျိန်ဝပ်သည်။ ဘုရားသခင်က မောရှေ ထံ၌ ဤကဲ့သို့ မှာထားသည်။ ငါသည် သင်တို့  တွင်ကျိန်းဝပ်ရာဘို့  သန့် ရှင်းရာဌာန ကို လုပ် ကြစေ။ ငါပြသမျှသော တဲတော်ပုံ၊ တဲတော်တန်ဆာပုံနှင့် အညီ လုပ် ရမည်၊၊ (ထွက် ၂၅း၈-၉)၊

ဘုရားသခင်၏ စေခိုင်းချက်အတိုင်း မောရှေသည် တော၌ တဲတော်ကို တည်ဆောက်ခဲ့သည်။ ဘုရားသခင်သည် တဲတော်အထဲ၌ ကျိန်းဝပ်သောကြောင့် ယဇ်ပုရောဟိတ်မှတပါး အဘယ်သူမျှ တဲတော် အထဲသို့ ၀င်ခွင့် မရှိပေ၊ အကယ်၍ ၀င်ခဲ့သည်ရှိသော် သေရမှာ ဖြစ်သည်။ ထိုတဲတော်ကို ဘုရားသခင်က မောရှေအား သိနာတောင်ပေါ်၌ ရက်ပေါင်း လေးဆယ် နေသောအခါ ပြခြင်း ဖြစ်သည်။ ထို့ ကြောင့် ကောင်းကင်၌ရှိသော တဲတော်သည် အစစ်ဖြစ်၍ မြေကြီးပေါ်ရှိ တဲတော်သည် အရိပ်ဖြစ်သည်။ ကောင်းကင် တဲတော်အစစ်ကို ပဌမ ဆုံး မောရှေက မြင် ခဲ့သည်၊ ထို့ နောက် ဓမ္မဟောင်းခေတ် ပရောဖက်များဖြစ်သော ဟေရှယ၊ ယေဇကျေလတို့ လည်း မြင်ခွင့်ရကြသည်။ ထို ကောင်းကင် တဲတော်ကို ရှင်ပေါလုက မြင်ခဲ့ကြောင်း ဤသို့  ရေးသားခဲ့သည် "ငါသည်ဝါကြွားခြင်းကို မပြုသင့်လျှင်။ သခင် ဘုရား ပြတော် မူသော ထူးဆန်းသော ရူပါရုံနှင့် ဗျာဒိတ်တော်များကို တဖန် ပြောဦးမည်။ တဆယ်လေး နှစ် အထက်က၊ ခရစ်တော်၏တပည့် ဖြစ်သော လူ တယောက် ကို တတိယ ကောင်းကင်သို့ တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါ သူ၌ ကိုယ်ခန္ဓာပါသည် မပါသည်ကို ငါမသိ၊ ဘုရားသခင်သိတော်မူ၏။ ထိုသူသည် ပရဒိသုဘုံသို့  ချီဆောင်ခြင်းကို ခံရ၍၊ လူမပြောအပ် မပြော နိုင်သော စကားကို ကြားသည် အကြောင်း ကို ငါသိ၏၊" (၂ ကော ၁၂း၁-၃) ထိုကောင်းကင် တဲတော်ကို ရှင်ယောဟန်ကလည်း မြင်၍ ဗျာဒိတ်ကျမ်း ထဲ ၌ များစွာ ရေးသား ခဲ့သည် (ဗျာ ၁။ ၄။ ၅)

နှစ်ပေါင်း ၁၅၀၀ အရိပ်၌

လောက ၌ ရှိသော တဲတော်သည် ကောင်းကင်ဘုံ ရှိသော တဲတော်၏အရိပ်ဖြစ်ကြောင်း ဤသို့ ရေးသား ခဲ့သည်။ "မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့သောအခါ၊ တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသော ပုံနှင့်ညီလျော်စွာ အလုံးစုံတို့  ကို လုပ်ခြင်းငှါ သတိပြုရမည်ဟု ဗျာဒိတိတ်တော် ကိုခံရသည် ဖြစ်၍၊ ထိုယဇ်ပုရောဟိတ်တို့ သည် ကောင်းကင် အရာ တို့၏ ပုံပမာ အရိပ်နှင့်သာ ဆိုင်လျက် ၀တ်ကို ပြုနေကြ၏၊" (ဟေဗြဲ၊ ၈း၅)

ဘုရားသခင်က ဣသရေလများကို အရိပ်၌ နှစ်ပေါင်း တထောင့်ငါးရာ ခန့် ကိုးကွယ်ခွင့် ပေးခဲ့သည်၊ မောရှေ ဆောက်သောတဲတော် ၌ အကြမ်းအားဖြင့် နှစ်ပေါင်း ၅၀၀ ခန့် ကိုးကွယ်ခဲ့သည်။ ထို့ နောက် ရှောလမုန်မင်းက တဲတော် အစား ဗိမာန်တော် ကို တည်ဆောက် ၍ ထို ဗိမာန်တော် ၌ နှစ်ပေါင်း တထောင် ခန့် ကိုးကွယ် ခဲ့ကြသည်၊ အဘယ်ကြောင့် ဘုရားသခင်က လောကရှိ လူ့ လက်နှင့်ဆောက်သော တဲတော်နှင့် ဗိမာန်တော်၌ ထိုမျှလောက် ကြာအောင် သူ့ကို ကိုးကွယ်ခိုင်းသနည်း ဟူမူကား လူသားများသည် အပြစ်ရှိ၍ ကောင်းကင်ဘုံသို့ မတက်နိင်ကြ။ ထို့ ကြောင့် မြေကြီးပေါ် ၌ မည်ကဲ့သို့ ဘုရားသခင် ကို ကိုးကွယ် ရမည် ကို နှစ်ပေါင်းများစွာ အရိုးစွဲအောင် နောကြေ နေအောင်၊ လေ့ကျင့်ခိုင်းခြင်း

ဖြစ်သည်၊

21

တဲတော် အစစ်၌

ဘုရားသခင်၏ မူလ ရည်ရွယ်ချက် အတိုင်း လောက ရှိ လူ့ လက်နှင့်ဆောက်သော တဲတော်၌ သူ့ ကို ထာဝရကိုးကွယ် ဘို့ မဟုတ်။ ထို့ကြောင့် တဲတော် အစစ်သို့ ပြောင်းရမည့် အရိပ်အရောင်ကို သခင်ယေရှုက ရှမာရိ အမျိုးသမီးထံ ဤသို့ပြောဆိုခဲ့သည်။ "အကျွန်ုပ်တို့ ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌ သာ ကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊ ယေရှုက အချင်း မိန်းမ ငါ့စကား ကို ယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင် မြို့သို့ မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည့် အချိန်ကာလ ရောက်ဆဲ ရှိ၏။" (ယော ၄း၂၀-၂၁)

ထိုသို့ နှင့်အညီ သခင်ယေရှု အသက်တော်စွန့်  သောအခါ ဗိမာန်တော် ကုလားကာ စုတ်ကွဲကြောင်း ဤသို့ တွေ့  ရသည်။ "ယေရှုသည် "ကြီးသော အသံနှင့် တဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွတ်တော်မူ၏။ ထိုအခါ ဗိမာန်တော်၌ ကုလားကာသည် အထက်စွန်းမှအောက်စွန်း တိုင်အောင် စုတ်ကွဲ လေ၏။ မြေကြီး လှုပ်လေ၏။ ကျောက် များတို့သည် ကွြွဲပားကြ၏၊" (မ ၂ရး၅၀-၅၁)၊

အဘယ်ကြောင့် ဗိမာန်တော် ကုလားကာ ကွဲသနည်း ဟူမူကား မြေကြီးပေါ်ရှိ လူ့ လက်နှင့်ဆောက်သောဗိမာန် တော်၌ ဘုရားသခင်ကို ကိုးကွယ်ခြင်း ကုန်ဆုံးကြောင်းကို ပြခြင်း ဖြစ်သည်၊ ထို့ ကြောင့် ဟေဗြဲကျမ်းစာ၌ ဤ သို့ ရေးသား ထားသည်။ "ယခုမှာ လူ လက်ဖြင့် မလုပ်။ ဤလောကဓာတ်နှင့်မစပ်ဆိုင်။ သာ၍ ကြီးမြတ် စုံလျှင်သော တဲတော်၌ နောက် မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည် ငါတို့ အဘို့ ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်။ မိမိ အသွေးတော် နှင့် သန့်  ရှင်းရာဌာနထဲသို့ တခါတည်း ၀င် တော်မူ၏။" (ဟေ ၉း၁၁-၁၂)

ငါ တို့ ၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည် လောကရှိ လူ့ လက်နှင့်ဆောက်သော တဲတော် (သို့  မ ဟုတ်) ဗိမာန်တော် ထဲသို့ မ၀င်ဘဲ ကောင်းကင် ရှိ ဘုရားသခင် တည်ဆောက်ထားသော ဗိမာန်တော် အစစ် ထဲသို့  မိမိ အသွေး ကို ပူဇော်ခြင်းငှါ ၀င် ခဲ့သည်၊ ထို့ ကြောင့် လောက ရှိ ဗိမာန်တော်သည် မလိုတော့ချေ၊ တဖန်ကျမ်းစာ၌ ဤသို့ တွေ့ရသည်။ ယခု ဆို ခြဲ့ပီးသော အကြောင်း အရာတို့ ၏အချုပ်အခြာဟူမူကား ထိုသိုသို့ သော ယဇ်ပုရောဟိတ်မင်းသည် ငါတို့ ၌ ရှိ၏။ ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ပလ္လင် လက်ျာဘက်မှာ ထိုင်နေတော်မူ၏။ လူမဆောင်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော်စစ်တည်း ဟူသော၊ သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကိုပြုသော သြူဖစ် တော်မူ၏။ (ဟေဗြဲ ၈း၁-၂)

ခရစ်တော်သည် ကောင်းကင်တဲတော်၌ ယုံကြည်သူများအတွက် ဘုရားဝတ်ပြုသောသူဖြစ်သည်ဟု အထက်ပါ ကျမ်းစာ၌ ဆိုထားသည်။ ထိုသို့ ခရစ်တော်က ၀တ်ပြုပေးသောကြောင့် ဘုရားသခင်က ယုံကြည်သူများ၏မြေကြီးပေါ်မှ ၀တ်ပြုခြင်းကို လက်ခံနိင်ခြင်း ဖြစ်သည်၊ ထိုအကြောင်း သမ္မာတရားကိုသိဘို့ လို သည်၊


သင်ခန်းစာ (ရ) မေးခွန်းများ

၁။ ဘရားသခင်ကိုမည်သည့်နေရာ၌ ကိုးကွယ်ရမည်နည်း။…………………………………………..။

၂။ စစ်မှန်သောတဲတော်သည်မည်သည့်နေရာ၌ရှိသနည်း၊…………………………………………….။

၃။ မြေကြီးပေါ်၌တည်ဆောက်သောတဲတော်သည်အ………………ဖြစ် သည်၊

၎။ ကောင်းကင်တဲတော်ကိုမည်သူများကမြင်ခဲ့ကြသနည်း၊…………………………………..။

၅။ ဣသရေလလူများသည်တဲတော့်နှစ်ပေါင်း…………………ခန့်နှင့် ဗိမာန်တော့်နှစ်ပေါင်း……………………….ခန့်  ကိုးကွယ်ကြသည်၊

၆။ တဲတော်အစစ်၌ ပြောင်းရွှေ့ကိုးကွယ်ရမည့်အကြောင်းကို ခရစ်တော်က မည်သူထံ ပြောခဲ့သနည်း၊…………………။

ရ။ အဘယ်ကြောင့်ဗိမာန်တော်အထဲရှိကုလားကာစုတ်ကွဲခဲ့သ နည်း၊…………………………………………………..။

၈။ မည်သည့်အချိန်၌ မြေကြီးပေါ်ရှိတဲတော်၌ကိုးကွယ်ချိန်ကုန်ဆုံးခဲ့သနည်း၊…………………………………………။

၉။ ယဇ်ပုရောဟိတ်ခရစ်တော်သည်မည်သည့်တဲတော်၌ ၀င်ခဲ့သ နည်း၊………………………………………………..။

၁၀။ ခရစ်တော်သည်မည်သူအတွက်ဝတ်ပြုပေးပါသနည်း၊………………………………………………………………..။


22

Share:

ယဇ်ကောင်အားဖြင့်သာ ကိုးကွယ်ရမည်

သင်ခန်းစာ (၆)

၎။ ယဇ်ကောင်အားဖြင့်သာ ကိုးကွယ်ရမည်


ဘုရားသခင်ထံ လက်ချည်း ချဉ်းကပ် ကိုးကွယ်၍ မရပါ။ ထာဝရဘုရားကိုယ်တိုင် ဤသို့မိန့်မှာခဲ့ သည် - တနှစ်တွင် သုံးကြိမ် ငါ့အဘို့ ပွဲခံရမည်။ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ (တန်ခူးလ) ချိန်းချက်သော နေ့ရက်အချိန် ၌ အဇုမ (တဆေးမဲ့မုန့်) ပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။ အကြောင်း မူကား၊ ထိုလတွင် သင်သည် အဲဂုတ္တုပြည်က ထွက်လာသတည်း။ ထိုပွဲကိုခံစဉ် ငါ့ထံသို့ အဘယ်သူမျှ လက်ချည်း မပေါ်မလာရ။ (ထွက် ၂၃း၁၄-၁၅)

သင်သည် အဗိဗလ၌ အဲဂုတ္တုပြည်မှထွက်သောကြောင့်၊ ငါပညတ်သည်အတိုင်း၊ အဗိဗ (တန်ခူး) လတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစား၍ အဇုမ (တဆေးမဲ့မုန့်) ပွဲကိုခံရမည်။ သားဦးအပေါင်းတို့သည် ငါ့ ဥစ္စာဖြစ်ကြ၏။ သင်၏ တိရစ္ဆာန်တို့တွင်လည်း၊ နွားဖြစ်စေ၊ သိုး ဖြစ်စေ၊ သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင်၊ မြည်း သားဦး ကို သိုးသငယ်နှင့် ရွေးယူရမည်။ မရွေးလိုလျှင်၊ မြည်းသငယ်၏ လည်ပင်းကို ချိုးရမည်။ သင်၏ သားဦးအပေါင်းတို့ကို ရွေးရမည်။ ငါ့ထံသို့ အဘယ်သူမျှ လက်ချည်း မပေါ်မလာရ။ (ထွက် ၃၄း၁၈-၂၀)

အဇုမ (တဆေးမဲ့မုန့်) ပွဲခံချိန်၊ ခုနှစ်သိတင်းပွဲခံချိန်၊ သကေနေ (တဲတော်) ပွဲခံချိန် တည်းဟူသော တနှစ်တွင်သုံးကြိမ် မြောက်အောင် သင်တို့ ယောက်ျားအပေါင်းတို့သည်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ထံတော်သို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။ သင်၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူ သဖြင့်၊ လူ အသီးသီး တို့သည် တတ်နိုင်သည်အတိုင်း ဆက်ရကြမည်။ (တရားဟော ၁၆း၁၆-၁၇)

ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သက္ကာနှင့် ယဇ်ကိုပူဇော်စေခြင်းငှါ ခန့်ထားလျက် ရှိသည် ဖြစ်၍၊ ငါတို့ ယဇ်ပုရောဟိတ် မင်းသည်လည်း ပူဇော်စရာယဇ် တစုံတခုရှိရ၏။ (ဟေဗြဲ ၈း၃)


ပူဇော်စရာယဇ်တစုံတခုရှိရ၏။

ထို့ကြောင့် ဘုရားသခင်ထံ ချဉ်းကပ်သောအခါ လက်ချည်းမလာရ။ တခုခုပါလာရသည်။ ဣသရေ လလူများသည် နွား၊ သိုး၊ ဆိတ်၊ ခို နှင့် ချိုးငှက်များ မုန့်ညက်နှင့် မုန့် အမျိုးမျိုး ပါလာတတ်ကြသည်။ မိတ်ဆွေ၊ ထာဝရ ဘုရားထံ ချဉ်းကပ်ရာတွင် မည်သည့်အရာ ပါလာ မည်နည်း။ ဆုတောင်းခြင်း၊ အလှူငွေပေးသောအရာ၊ ကုသိုလ် ကောင်းမှုများ၊ ကောင်းသောအကျင့်များ ယူဆောင်လာမည်လော။ ထိုအရာများအားဖြင့် ဘုရားသခင် ရှေ့၌ မျက်နှာ ရပါမည်လော။ ဘုရားသခင်ကလည်း သူ့ထံသို့ လက်ချည်းမလာရ ဟု ပညတ်ထားသည်။ ကိုယ်ပါ လာသောအရာကို စဉ်းစား မိဘူးပါသလား။


ကာဣန

ကာဣနသည် မှားယွင်းသောအရာကို ယူဆောင်လာခဲ့ကြောင်း သိခဲ့ပြီ။ သူသည် လယ်ထွက်သီးနှံ များကို ဘုရားသခင်ထံ ယူဆောင်လာခဲ့သည်။ သို့သော် ဘုရားသခင်က လက်မခံခဲ့ချေ။ ဘုရားသခင်ထံ၌ သီးနှံများ မုန့်ညက်များ၊ ကင်သောမုန့် ကြော်သောမုန့်၊ ဖုတ်သောမုန့်များ ပူဇော်တတ်ကြပါသည် (၀တ် ၂)။ သို့သော် ဘုရားသခင်က ကာဣနကို လက်မခံရသည့်အကြောင်းရင်းကို ဖေါ်ပြထားသည်။

အင်္ဂလိပ်ကျမ်းစာအုပ်များတွင် ကမ္ဘာ ၄း၇ ပါစာ၌ အပြစ်သည် တံခါးနားမှာ ၀ပ်လျက်ရှိသည် (sin is crouching at the door) ဟုဆိုထားသည်။ သို့သော် မြန်မာကျမ်းစာအုပ်၌ အပြစ်ဖြေသော ယဇ်ကောင်သည် တံခါးနားမှာ ၀ပ်လျက်ရှိ၏ ဟုဆိုထားသည်။ မည်သည့်အရာ မှန်သနည်း။ ဟေဗြဲစကားလုံး ခထပ်ကို အပြစ်နှင့် အပြစ်ဖြေသော ယဇ်ကောင် ဟု အဓိပ္ပါယ်နှစ်မျိုးဖြင့် ပြန်နိုင်သည်။

ထိုနှစ်မျိုးအနက် မြန်မာကျမ်းစာ၌ ပါသည့်အတိုင်း ဖြေသောယဇ်ကောင်သည် သာလျှင် မှန်နိုင်စရာ ရှိသည်။ အကြောင်းမှာ အပြစ်သည် အကောင်အထည် မရှိသောကြောင့် တံခါးနားမှာ ၀ပ်နိုင်မည်မဟုတ်။ ၀ပ်နိုင်သော အရာသည် အပြစ်ဖြေသော ယဇ်ကောင်သာလျှင် ဖြစ်သည်။


18

ဘုရားသခင်က ကာဣနကို ယဇ်ကောင်ပေးသော်လည်း အသုံးမပြုခဲ့။ သူသည် ဘုရားသခင် ပေးသော ယဇ်ကောင်ကို ငြင်းပယ်သောကြောင့် ဘုရားသခင်ကလည်း သူ့ကို ငြင်းပယ်ခဲ့သည်။ ထိုသို့ ငြင်းပယ်ခြင်း ခံခဲ့၍ ဘုရားသခင်အထံတော်မှ ထွက်ခွါသွားခဲ့သည်။ ဘုရားသခင်အထံတော်မှ ထွက်ခွါသွားလျှင် မည်သို့မျှ ထာဝရအသက်နှင့် ကောင်းကြီးမင်္ဂလာ ရစရာ အကြောင်းမရှိ။


ဣသရေလများ

ဣသရေလများသည် ထာဝရဘုရားထံ၌ ယဇ်ကောင်များ ယူဆောင်လာသော်လည်း မကောင်းသော အကောင်များ ယူဆောင်လာသောကြောင့် ထာဝရဘုရားက ငြင်းပယ်ကြောင်းကို ဤသို့တွေ့ရသည်။

သားသည် အဘကိုရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘ မှန်လျှင် င့ါကို အဘယ်သူ ရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ်သူ ကြောက်ရွံ့သနည်း ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင် ပြုသော ယဇ်ပုရောဟိတ်တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော် ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်း ဟု သင်တို့ မေးရာတွင်၊ ညစ်ညူးသောအစာကို ငါ့ယဇ် ပလ္လင်သို့ ဆောင်ခဲ့ကြသည် တကား။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်းဟု မေးရာတွင်၊ ထာဝရဘုရား၏ စားပွဲသည် ယုတ်မာ၏ဟု ဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ။ မျက်စိကန်းသောအကောင်ကို ယဇ် ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ ခြေဆွံ့သောအကောင်နှင့် နာသောအကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိ သည်မဟုတ်လော။ မြို့ဝန်မင်း အား ဆက်ပါလော့။ မင်း၏စိတ်နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက် လိမ့်မည်လော့ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏(မာလခိ ၁း ၆ - ၈)။

သင်တို့က၊ ထာဝရဘုရား၏ စားပွဲတော်သည် ညစ်ညူး၏။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာ သည် ယုတ်မာ၏ဟု ဆိုသောကြောင့်၊ စားပွဲတော်ကို ရှုတ်ချကြပြီ။ တဖန် သင်တို့က အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်းစွ တကားဟု ဆိုလျက်၊ ကဲ့ရဲ့သံကို ပြုတတ်ကြသည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ လုယူသော အကောင်၊ ခြေဆွံ့သောအကောင်၊ နာသောအကောင်ကို ဆောင်ခဲ့ကြပြီ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင်ခဲ့ကြပြီ တကား၊ သင်တို့လက်မှ ငါခံရမည်လောဟု ထာဝရဘုရား မေးတော်မူ၏။ သစ္စာဂတိ ထားပြီးမှ မိမိသိုးစု၌ အထီးရှိလျက်ပင်၊ လှည့်စား၍၊ ထာဝရဘုရားအား ချို့တဲ့သောအကောင်ကို ယဇ်ပူဇော်သော သူသည် အမင်္ဂလာရှိစေသတည်း။ ငါသည် ကြီးမြတ်သောရှင်ဘုရင် ဖြစ်၏။ ငါ၏နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဘွယ် ဖြစ်ရမည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ (မာလခိ ၁း ၁၂-၁၄)

ဣသရေလလူများသည် ထာဝရဘုရားကိုစွန့်၍ အခြားသော ဘုရားများကို ကိုးကွယ်သည်။ ထို့ကြောင့် ဗာဗုလုန် ကျွန်ခံစေ၍ သူတို့၏နားများကို ဖေါက်လိုက်သည်။ ဗာဗုလုန်ကျွန်ခံရာမှ ပြန်လာသောအခါ သင်ခန်းစာရ၍ ရုပ်တုများ မကိုးကွယ်တော့ဘဲ ထာဝရဘုရားသခင်ကိုသာလျှင် ကိုးကွယ်ကြသည်။ ထာဝရဘုရား ကိုသာ ကိုးကွယ်၍ ယဇ်ကောင်များကို ပူဇော်သော်လည်း မာလခိထဲမှ ရေးထားသည် အတိုင်း အကျိုးအပဲ့ အကန်းး များကို ပူဇော်ကြသည်။ ထို့ကြောင့် ထာဝရဘုရားက သူတို့၏ ပူဇော်သက္ကာများနှင့်တကွ သူတို့ ကိုယ်တိုင်ကိုပါ ငြင်းပယ်သည်။

ယခုအချိန်တွင် ဘုရားသခင်ထံ၌ မိတ်ဆွေ ဘယ်အရာကို ယူဆောင် လာမည်နည်း။ မိမိ၏အလှူတော် ငွေ၊ ကောင်းမှုကုသိုလ်၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ကောင်းသောအကျင့်၊ မိမိ၏အသက်တာများကို ယူဆောင် လာရ မည်လော။ ထိုအရာများကို ဘုရားသခင် လက်ခံတော်မူမည်လော။ လက်၌ယူဆောင်လာသော အရာမရှိလျှင် ဘုရားသခင်က လက်ခံတော်မူမည်လော။ ထိုအရာများကို ဆက် လေ့လာ ရကြမည်။

ဤအရာများကို မသိဘဲ မိတ်ဆွေ ဖြစ်ကောင်းဖြစ်မည်။ အကြောင်းမူကား ဤအရာများကို မဟော မပြောသောကြောင့် သော်၎င်း၊ မလေ့လာသောကြောင့်သော်၎င်း ဖြစ်သည်။ ထိုအခါ မိမိကြိုက်နှစ်သက်သလို ကိုးကွယ် ကြသည်။ ဣသရေလများ မှားယွင်းခဲ့ပြီ။ ယခု ခရစ်ယာန်များလည်း မှားယွင်းကြပြန်ပြီ။ ထိုသို့ မမှားရလေ အောင် ဆက်လေ့လာကြစို့။




19

သင်ခန်းစာ (၆) မေးခွန်းများ


၁။ ထာဝရဘုရားက ဣသရေလများအား တနှစ်ဘယ်နှစ်ကြိမ် ပွဲခံခိုင်းသနည်း။

................................................................................................


၂။ ထာဝရဘုရားထံ အဘယ်သူမျှ .................................. မပေါ်လာရ။


၃။ ယဇ်ပုရောဟိတ်၌ ပူဇော်စရာ .................................... ရှိရ၏။


၎။ ဣသရေလများသည် မည်သည့်အရာများကို ပူဇော်တတ်ကြသနည်း။

................................................................................................


၅။ ကာဣနကို ဘုရားသခင်က တံခါးဝ၌ အဘယ်အရာ ထားပေးသနည်း။

................................................................................................


၆။ ကာဣနသည် ဘုရားသခင်ပေးသော ယဇ်ကောင်ကို အသုံးပြုပါသလား။

................................................................................................


၇။ ဘုရားသခင်က ကာဣနကို အဘယ်ကြောင့် လက်မခံသနည်း။

................................................................................................


၈။ ဣသရေလလူများသည် ဘုရားသခင်ထံ မည်ကဲ့သို့သော တိရစ္ဆာန်များ ယူဆောင်တတ်ကြသနည်း။

................................................................................................


၉။ ဘုရားသခင်ထံ မိတ်ဆွေ မည်သည့်အရာများ ယူဆောင်လာမည်နည်း။

................................................................................................


၁၀။ ဘုရားသခင်ထံ မည်သည့်အရာ ယူဆောင်ရမည့်အရာသည် အရေးကြီးသည်ဟု သင်ယူဆပါသလော။

................................................................................................

Share:

ယဇ်ပုရောဟိတ်အားဖြင့်သာကိုးကွယ်ရမည်

သင်ခန်းစာ (၅)

၃။ ယဇ်ပုရောဟိတ်အားဖြင့်သာကိုးကွယ်ရမည


အလုပ်သမားများက ကုမ္ပဏီအကြီးအကဲကိုတွေ့ချင်သောအခါ အားလုံးရုံးခန်းထဲသို့ မသွားဘဲ သူတို့၏ခေါင်းဆောင် သာလျှင် သွားတတ်သည်။ အကြောင်းမှာ အလုပ်သမားအားလုံး ရုံးခန်းထဲ၌ မဆန့်သည် သာမက အားလုံးက စကားပြောမှာ မဟုတ်။ သူတို့၏ ကိုယ်စားလှယ်ကသာ ပြောမှာဖြစ်သည်။ ထို့နည်းတူ လူတိုင်းက ဘုရားသခင်ကို မတွေ့ဘဲ ခေါင်းဆောင်ကသာလျှင် ဘုရားတွေ့ရသည်။ ထိုသို့ လူများ ကိုယ်စား ဘုရား တွေ့သော သူသည် ယဇ်ပုရောဟိတ် ဟုခေါ်သည်။


အိမ်ထောင်ဦးစီး

ကမ္ဘာဦးမှစ၍ မောရှေလက်ထက်၌ ၀တ်ပြုခြင်းဆိုင်ရာ ပညတ်တော် ပေးသည် အထိ သတ်မှတ် ထားသော ယဇ်ပုရောဟိတ် မရှိချေ။ အိမ်ထောင်ဦးစီး ယောက်ျားများသည် ယဇ်ပုရောဟိတ်များ ဖြစ်သည်။ ကာဣန နှင့် အာဗေလ တို့သည် သူတို့ကိုယ်တိုင် ယဇ်ပူဇော်ကြသည် (က ၄း၁-၅)။ နောဧသည် သူကိုယ်တိုင် ယဇ်ပုရောဟိတ် ဖြစ်သည် (က ၈း၂၀)။ အဗြဟံလည်း သူကိုယ်တိုင် ယဇ်ပူဇော်သည် (က ၁၂း၇)။ ဣဇက် နှင့် ယာကုပ်တို့လည်း သူတို့ကိုယ်တိုင် ယဇ်ပူဇော်ခဲ့ကြသည် (က ၂၆း၂၅၊ ၃၅း၁)။


အာရုန်နှင့်သားများသာ

သို့သော် ဣသရေလများ အဲဂုတ္တုပြည်မှ ထွက်လာကြ၍ သိနာတောင်ခြေသို့ ရောက်ကြ၍ မောရှေ အားဖြင့် ၀တ်ပြုခြင်းဆိုင်ရာ ပညတ်ပေးသောအခါ လူတိုင်း ယဇ်ပုရောဟိတ် လုပ်ခွင့်မရှိတော့ချေ။ အာရုန်နှင့် သူ၏ သားများသာလျှင် လူတိုင်းအတွက် ယဇ်ပုရောဟိတ်ဖြစ်၍ ယဇ်ပူဇော်နိုင်သည်။ ဘုရားသခင်က မောရှေထံ ဤသို့ မှာကြားခဲ့သည် - သင်၏အစ်ကို အာရုန်သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရမည်အကြောင်း၊ သူနှင့် သူ၏သားတည်းဟူသော နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ကို၊ ဣသရေလအမျိုးသားတို့အထဲက ရွေးချယ်၍ သင့်အောက်၌ ခန့်ထားလော့။ (ထွက် ၂၈း၁)။


ယဇ်ပုရောဟိတ်အရာရှာသူများ

ကောရ၊ ဒါသန်၊ အဘိရံ တို့က အာရုန်၏နေရာ ယဇ်ပုရောဟိတ်အရာကို လုယူသောကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရ၍ မြေမျိုခြင်းဖြင့် သေဆုံးခဲ့ကြကြောင်း ကျမ်းစာ၌ ဤသို့တွေ့ရသည် - ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံ တို့၏တဲများကိုရှောင်၍ နေစေခြင်းငှါ၊ ပရိသတ်တို့အား ဆင့်ဆို လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေထ၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ ဒါသန်၊ အဘိရံ နေရာသို့ သွားပြီးမှ၊ ဤလူဆိုးတို့၏နေရာ တဲများကို ရှောင်၍ နေကြပါလော့။ သူတို့၏ ဥစ္စာ တစုံတခုကိုမျှ မထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူတို့အပြစ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့ အား ဆင့်ဆိုလျှင်၊ လူများတို့သည် ကောရ၊ ဒါသန်၊ အဘိရံတဲ ပတ်ဝန်းကျင်၌ မနေဘဲ ရှောင်လွှဲ၍ သွားကြသဖြင့် ဒါသန်၊ အဘိရံသည် သား၊ မယား၊ ကလေးများနှင့်တကွ ထွက်၍ မိမိတို့ တဲတံခါးဝ၌ ရပ်နေကြ၏။ မောရှေကလည်း၊ ဤမှု အလုံးစုံတို့ကို ငါသည် အလိုလိုမပြု။ ထာဝရဘုရား စေခိုင်းတော်မူ၍ ငါပြုသည်အကြောင်းကို သင်တို့သည် အဘယ်သို့ သိရမည်နည်း ဟူမူကား၊ ခပ်သိမ်းသော လူ သတ္တ၀ါတို့ ခံရသော သေခြင်း၊ ခပ်သိမ်းသော လူ သတ္တ၀ါ တို့ခံရသော ဆုံးမခြင်းကိုသာ ဤလူတို့ခံရလျှင်၊ ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မမူ။ သို့မဟုတ် ထာဝရ ဘုရားသည် အသစ်ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့နှင့်ဆိုင်သမျှကို၎င်း မျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှားကြောင်းကို သင်တို့သည် သိနားလည်ရကြ လိမ့်မည်ဟု၊ ပြောဆိုပြီးသည်အဆုံး၌၊ သူတို့ နင်းရာမြေကြီးသည် ကွဲ၍၊ မိမိခံတွင်းကို ဖွင့်သဖြင့် သူတို့နှင့် သူတို့ အိမ်များကို၎င်း၊ ကောရနှင့် ဆိုင်သမျှသော သူတို့နှင့် သူတို့ ဥစ္စာရှိသမျှကို၎င်း မျိုလေ၏။ ထိုသူတို့ သည် ကိုယ်တိုင်မှ စ၍၊ ဆိုင်သမျှသော သူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသက်၍၊ သူတို့ အပေါ်မှာ မြေစေ့ပြန် သဖြင့်၊ သူတို့သည် ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရကြ၏။ (တော ၁၆း၂၃-၃၃)

သူတို့နှင့် သဘောခြင်းတူ၍ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသော လူ ၂၅၀ တို့လည်း ထာဝရ ဘုရားထံတော်မှ မီးကျ၍ သေဆုံးခဲ့ကြသည်။ နံ့သာပေါင်းကို မီးရှို့၍ ပူဇော်သောသူ နှစ်ရာငါးဆယ် တို့ကိုလည်း၊

15

ထာဝရဘုရားထံတော်က မီးထွက်၍လောင်လေ၏။ (တော ၁၆း၃၅)။

ယဇ်ပုရောဟိတ်အရာသည် အာရုန်နှင့်သားများအတွက်သာ ဖြစ်ကြောင်းကို ကျမ်းစာ၌ ဤသို့ ရေးထားသည် - တဖန် ထာဝရဘုရားသည် အာရုန်အား မိန့်တော်မူသည်ကား၊ သင်နှင့်သင်၏မြေး အဆွေအမျိုး တို့ သည်၊ သန့်ရှင်းရာ ဌာနတော် နှင့်ဆိုင်သော အပြစ်၊ သင်တို့ ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သော အပြစ်ကို ခံရကြမည်။ သင်၏ဘိုးဘ အဆွေအမျိုး၊ လေ၀ိအမျိုးသား ညီအစ်ကိုချင်းတို့သည်၊ သင်နှင့်အတူ ကူညီ၍ အမှုတော်ကို ဆောင်ရွက် စေခြင်းငှါ ခေါ်ထားလော့။ သို့ရာတွင် သင်နှင့်တကွ သင်၏သားတို့သည်၊ သက်သေခံချက် တဲတော် ရှေ့မှာ အမှုတော် ကို ဆောင်ရွက်ကြရမည်။ လေ၀ိသားတို့သည် သင့်ကို၎င်း၊ တဲတော်ရှိသမျှတို့ကို၎င်း စောင့်ရကြမည်။ သို့ရာတွင် သင်တို့နှင့် သူတို့သည် သေဘေးလွတ်မည်အကြောင်း၊ သူတို့သည် တဲတော်တန်ဆာ၊ ယဇ်ပလ္လင် တန်ဆာများကို မချဉ်းကပ် ရကြ။ သူတို့သည် သင်တို့နှင့်အတူ ကူညီ၍၊ ပရိသတ် စည်းဝေးရာ တဲတော်ကိုစောင့်လျက် တဲတော် အမှု ရှိသမျှကို ထမ်းရကြမည်။ မဆိုင်သောသူသည် သင်တို့အနီးသို့ မချဉ်းမကပ်ရ။ နောက်တဖန် အမျက်တော် ထွက်၍ ဣသရေလအမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း၊ သင်တို့သည် သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့် ရကြမည်။ ထိုသို့ သင်တို့၏ ညီအစ်ကို လေ၀ိသားတို့ကို၊ ဣသရေလအမျိုးသား တို့ထဲက ရွေးယူ၍၊ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ထမ်းစေခြင်းငှါ၊ ထာဝရဘုရားအားပြုသော ပူဇော်သက္ကာ ထဲသို့ သင်တို့အား ငါ ပေး၏။ ထို့ကြောင့် သင်နှင့်သင်၏သားတို့သည်၊ ယဇ်ပလ္လင်နှင့်ဆိုင်သောအမှု၊ ကုလားကာ အတွင်း၌ ဆောင်ရွက်စရာ အမှု ရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင်ရွက်ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ်အရာကို ငါ ပေးပြီ။ မဆိုင်သောသူသည် အနီးအပါးသို့ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏ (တော ၁၈း၁-၇)။


ရှောလု

ရှင်ဘုရင်ရှောလုက ယဇ်ပုရောဟိတ် ရှမွေလကို မစောင့်နိုင်ဘဲ ယဇ်ပူဇော်သောအခါ ဘုရားသခင် က သူ့ကိုရှင်ဘုရင်အရာမှ ပယ်ရှားခဲ့ကြောင်းသိခဲ့ရပြီ (၁ရာ ၁၃)။

ယေရောဗောင်

ယေရောဗောင်သည် ရှင်ဘုရင်ဖြစ်လာသောအခါ ၀တ်ပြုခြင်းဆိုင်ရာ ပညတ်အားလုံးကို ကျူးလွန် သည်။ ထာဝရဘုရား အစား ရွှေ နွားရုပ်တုကို ကိုးကွယ်သည်။ သာမန်လူများကိုလည်း ယဇ်ပုရောဟိတ် အဖြစ်ခန့် ထားကြောင်း ဤသို့တွေ့ရသည် - ယေရောဗောင်သည်လည်း၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကို ဆောက်၍၊ လေ၀ိသား မဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား လေ၏။ (၃ ရာ ၁၂း၃၁)

ယေရောဗောင်သည် ရုပ်တုကိုးကွယ်၍ သာမန်လူများအား ယဇ်ပုရောဟိတ် ခန့်ထားခြင်းနှင့် ပွဲနေ့များကို သတ်မှတ်ခြင်း များကြောင့် ဘုရားသခင်၏ ပရောဖက်အားဖြင့် ဆုံးမခြင်းခံခဲ့ရသည်။ သို့သော် နောင်တ မရ၊ ဆက်၍ လမ်းမှားလိုက်နေကြောင်း အောက်ပါ ကျမ်းပိုဒ် များ အားဖြင့် သိရသည်။

ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်၊ သာမည လူတို့ကို မြင့်သောအရပ် တွင် ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား၏။ ယဇ်ပုရောဟိတ် လုပ်ချင်သောလူရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။ ထိုသို့ပြုသောကြောင့် ယေရောဗောင် အမျိုးကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှားစေသော အပြစ်ရောက်သတည်း။ (၃ရာ ၁၃း၃၃-၃၄)

ထို့ကြောင့် သူ့အပေါ်၌ ထာဝရဘုရား အလွန်အမျက်ထွက်၍ ပရောဖက် အဟိယအားဖြင့် ဤသို့ ဆိုခဲ့သည် - သင်သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို၊ ယေရောဗောင်ထံသို့ သွား၍ ဆင့်ဆိုရမည်မှာ၊ သင့်ကို လူစုထဲက ငါရွေး၍ ငါ၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်လျက်၊ နိုင်ငံတော် ကို ဒါဝိဒ်မင်းမျိုးလက်မှ နှုတ်၍ သင့်အားပေးသော်လည်း၊ သင်သည် ငါ့ ကျွန်ဒါဝိဒ် ကဲ့သို့မဟုတ်။ သူသည် ငါ့ပညတ်တို့ကို စောင့်ရှောက်၏။ ငါ့ရှေ့မှာ ကောင်းသော အကျင့်ကိုသာ ကျင့်မည်ဟုတ် စိတ်နှလုံး အကြွင်းမဲ့ င့ါကိုဆည်းကပ်၏။ သင်မူကား သင့်ရှေ့မှာ ဖြစ်ဘူးသော သူအပေါင်းတို့ကို လွန်၍ ဒုစရိုက်ကိုပြုလေပြီ။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ အခြားတပါးသောဘုရားနှင့်သွန်းသော ရုပ်တုတို့ကို လုပ်၍ ငါ့ကိုသင့်ကျောနောက်သို့ ပစ်ထားပြီ။ ထို့ကြောင့် ယေရောင်ဗောင် အမျိုးအပေါ်သို့ ဘေးဥပါဒ် ရောက်စေမည်။ ဣသရေလမြို့ရွာ၌ အချုပ်ခံ သောသူဖြစ်စေ၊ အလွတ်ပြေး သောသူဖြစ်စေ၊ ယေရောဗောင်အမျိုး ယောက်ျားများကို ပယ်ဖြတ်မည်။ လူသည် နောက်ချေးကို အကုန် အစင် ကျုံးသွားသကဲ့သို့၊ ကျန်ကြွင်းသော ယေရောဗောင်အမျိုးကို ပယ်သွားမည်။ ယေရောဗောင် အမျိုးသားသည် မြို့ထဲမှာ သေလျှင် အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာ သေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည် အကြောင်း ထာဝရဘုရား မိန့်တော်မူပြီ။ (၃ ရာ ၁၄း၇-၁၁)

16

ယဇ်ပုရောဟိတ်အရာကို ရှာသော ကောရအဖွဲ့၏နိဂုံးသိရပြီ။ ယဇ်ပုရောဟိတ်အားဖြင့် မကိုးကွယ် သော ရှောလုဘုရင် ဘုရားသခင်၏ပယ်ရှားခြင်းခံရကြောင်း သိရပြီ။ လိုချင်သောသူတိုင်းကို ယဇ်ပုရောဟိတ် ခန့်သော ယေရောဗောင်၏ ပြစ်ဒဏ်များလည်း သိရပြီ။ ထို့ကြောင့် ယဇ်ပုရောဟိတ်သည် အလွန်အရေးကြီးသည်။

သို့ဖြစ်လျှင် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်သည် မည်သူနည်း။ ကက်သလိပ်ဘုန်းကြီးများသည် ယဇ်ပုရော ဟိတ် ဖြစ်သလော။ သင်းအုပ် ဆရာများသည် ယဇ်ပုရောဟိတ်ဖြစ်သလော။ အာရုန်အနွယ်များသည် ယဇ်ပုရောဟိတ် ဖြစ်သေးသလော။ သင်ကိုယ်တိုင်သည် ယဇ်ပုရောဟိတ် ဖြစ်သလော။ ယဇ်ပုရောဟိတ် မသိလျှင် မည်သို့ အားကိုး နိုင်မည်နည်း။ ယဇ်ပုရောဟိတ် မရှိလျှင် မည်သို့ ဘုရားသခင်ထံ ချဉ်းကပ် ကိုးကွယ်နိုင်မည်နည်း။ ထိုအရာများကို ဆက်လေ့လာမည်။ ဆက်ဖတ်ပါ။


သင်ခန်းစာ (၅) မေးခွန်းများ


၁။ ကမ္ဘာဦးမှစ၍ မောရှေလက်ထက်တိုင်အောင် မည်သူသည် ယဇ်ပုရောဟိတ် ဖြစ်သနည်း။

...............................................................................................................


၂။ ၀တ်ပြုခြင်းဆိုင်ရာ ပညတ်အရ မည်သူသည်သာ ယဇ်ပုရောဟိတ် ဖြစ်နိုင်သနည်း။

................................................................................................................


၃။ အာရုန်၏ သားများ နာမည် ဖေါ်ပြပါ။

................................................................................................................


၎။ အာရုန်၏ ယဇ်ပုရောဟိတ် ရာထူးကို လိုချင်ကြသောသူများသည် .............................

တို့ဖြစ်သည်။


၅။ ကောရနှင့် အဖွဲ့များကို ဘုရားသခင်က မည်ကဲ့သို့ စီရင်သနည်း။

................................................................................................................


၆။ ယဇ်ပုရောဟိတ် ဖြစ်ချင်ကြသော လူ ၂၅၀ တို့ကို ဘုရားသခင်က မည်ကဲ့သို့ တရားစီရင်သနည်း။

................................................................................................................


၇။ ရှောလုမင်း၏ အပြစ်သည် အဘယ်အရာနည်း။

................................................................................................................


၈။ ယေရောဗောင် ကျူးလွန်သော ၀တ်ပြုခြင်းဆိုင်ရာ ပညတ်များကို ဖေါ်ပြပါ။

................................................................................................................


၉။ ဘုရားသခင်သည် ယေရောဗောင်ကို မည်ကဲ့သို့ တရားစီရင်သနည်း။

................................................................................................................


၁၀။ ကက်သလိပ်ဘုန်းကြီးများ၊ သင်းအုပ်များ၊ သင်ကိုယ်တိုင်သည် ယဇ်ပုရောဟိတ် ဖြစ်သလော။

................................................................................................................





17

Share:

ဝတ်ပြုခြင်းဆိုင်ရာပညတ်

သင်ခန်းစာ (၄)

ဝတ်ပြုခြင်းဆိုင်ရာပညတ်


ဝတ်ြပုခြင်းဆိုင်ရာ ပညတ်သည်များစွာရှိသော်လည်း အရေးကြီးဆုံးသောအရာ လေးခုကိုဖေါ်ပြလိုသည်။ ထိုအရာ များမှာ

၁၊ အသက်ရှင်တော်မူသော ဘုရားသာ ကိုကွယ်ရမည်။

၂၊ ဘုရားရှိသောနေရာ၌သာ ကိုးကွယ်ရမည်၊

၃၊ ယဇ်ပုရောဟိတ်အားဖြင့်သာ ကိုးကွယ်ရမည်၊

၎၊ ယဇ်ကောင်အားဖြင့်သာ ကိုးကွယ်ရမည်၊၊


၁၊ အသက်ရှင်တော်မူသော ဘုရား သာ ကိုးကွယ်ရမည်

ကောင်းကင်ဘုံနှင့် ငရဲ ပိုင်ရှင်သည် အသက်ရှင်တော်မူသော ဖန်ဆင်းရှင် ဘုရားသခင်ဖြစ်သည်၊ ထိုဘုရားသခင် ကို မကိုးကွယ်ဘဲ အခြားသော ဘုရားကို ကိုးကွယ်လျှင် မည်ကဲ့သို့ ကောင်းကင်နိင်ငံသို့ ရောက် နိင် မည်နည်း။ ဘုရားရှင် ကိုယ်တော်တိုင်က ဤသို့ ပညတ်ထားခဲ့သည်-ငါမှတပါး အခြားသော ဘုရားကို မကိုးကွယ်နှင့်။ အထက် မိုဃ်းကောင်းကင် ၌ ၄င်း၊ အောက်အရပ်မြေကြီး ပေါ်၌၄င်း၊ မြေကြီးအောက် ရေထဲ၌၄င်း ရှိသော အရာ နှင့် ပုံသဏ္ဍာာန်တူအောင်၊ ရုပ်တု ဆင်းတု ကို ကိုယ် အဘို့ မလုပ်နှင့် (ထွက် ၂၀း၃-၄)၊

ထို့ ကြောင့် အခြားသောဘုရား ကိုးကွယ်သောသူသည် ကောင်းကင်နိင်ငံရောက်ဘို့ မရောက်ဘို့ စဉ်းစားစရာ မလိုတော့ချေ။ မရောက်ဘို့ ရန် သေချာ ပြီးဖြစ်သည်။

ဘုရားသခင်သည် သူ၏ဘုန်းကို အဘယ်သူမျှ မပေးချင်။ ပညတ်တော်ဆယ်ပါးပေးသောအခါ သူမှတပါး အခြားသော ဘုရားများကို ကိုးကွယ် မှာ စိုးရိမ်သောကြောင့် အခြား ဘုရားများ မကိုးကွယ်ဘို့ ရန် အတန်တန် မှာ ထား ခဲ့သည်၊ အခြားသော ဘုရားကို သင်သည် မကိုးကွယ်ရ၊ အပြစ် ရှိ ယုံလွယ် အမည် ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည် ဟု ယုံလွယ်သော ဘုရားသခင် ဖြစ်တော်မူ၏၊ (ထွက် ၃၄း၁၄)၊

ဤကျမ်းပိုဒ်ကို အင်္ဂလိပ်ကျမ်းစာ ၌ ကြည့်ပါက ဤသို့ တွေ့  ရသည် (for you shall not worship any other god, for the LORD, whose name is Jealous God.) ထာဝရ ဘုရားသည် သ၀န်တို တတ်သော ဘုရားဖြစ်သည်ဟုဆိုသည်၊ သ၀န်တိုခြင်းသည် လင်နှင့်မယားကြား၊ ရီးစား ကြား၌ဖြစ်တတ်သော အရာဖြစ်သည်။ အချစ်ကြီးလျှင် သ၀န်တိုမှုများသည်။

ဘုရားသခင်လည်း သူ့ ကို မကိုးကွယ်ဘဲ အခြားသော ဘုရားကို ကိုးကွယ်လျှင် အလွန်သ၀န်တိုသည်၊ ထို့  ကြောင့် မောရှေ မှတဆင့် ဣသရေလ လူများထံ ဤကဲ့သို့ အထပ်ထပ် မှာထားခဲ့သည်-ငါပညတ်သမျှ တို့ သတြိပု ကြလော့၊ အခြားသော ဘုရား၏နာမကို မမြွက်မဆိုနှင့်၊ သင်၏နှုတ်ထဲက မြွက်သံကို သူတပါး မကြားစေနှင့်၊ (ထွက် ၂၃း၁၃) ထာဝရဘုရားသည် အခြားသော ဘုရားများကို နှုတ်နှင့်ပင် မမြွက်စေချင်၊ မည်မျှ သ၀န်တိုကြောင်းကို သိနိင်သည်၊

သင်၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရ မည်။ ထိုဘုရားသခင်ကိုသာ ၀တ်ပြုရမည်၊၊ နာမတော်အားဖြင့် လည်း ကျိန်ဆိုခြင်းကို ပြုရမည်၊ အခြားတပါးသောဘုရား။ သင့်ပတ်လည့့််နေသော လူမျိုးတို့ ၏ဘုရားကို မဆည်းမကပ်ရ၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့  အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့် ကို အမျက်ထွက်၍ မြေကြီးပြင်မှာ သုတ်သင် ပယ်ရှားတော်မူမည်ဟု စိုးရိမ်စရာရှိ၏။ (တရား ၆း၁၃-၁၅) ဘုရားသခင်သည် သူ့ ကို မကိုးကွယ် ဘဲ အခြားသောဘုရား ကို ကိုးကွယ် လျှင် မြေကြီးပြင်မှာ သုတ်သင် ပယ်ရှားတော်မူသည့် တိုင် အောင်အမျက်ထွက်မည့် အရာကို ကြိုတင် သတိပေး တော်မူခဲ့သည်၊ ထို့ ကြောင့် အခြားသော ဘုရား ကိုးကွယ်သူများအပေါ် ထာဝရဘုရား မည်မျှ အမျက်ထွက်တော်မူကြောင်း သိနိင်သည်။ သိလည်းသိသင့်သည်၊ သို့  သော် ယနေ့  ခရစ်ယာန်ဟု ဆိုသူများသည် ထိုအရာကို အလေး အနက်မထား။ သားသမီးများကိုလည်း ထာဝရဘုရား မကိုးကွယ်သော်လည်း ရာထူး ကောင်းသော။ ချမ်းသာသော သူများနှင့် လက်ထပ်စေချင် ကြသည်၊ ထာဝရဘုရားအား အမျက်နှိုးဆော်ကြသည်။

သင်၏ညီအစ်ကိုရင်း၊ သင်၏သားသမီး၊ သင်၏ရင်ခွင်၌နေသော မယား။ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေ ခင်ပွန်း တစုံတယောက်က၊ သွားကြစို့ ၊ သင်လည်းမသိ၊ ဘိုးဘေးတို့ လည်း မသိသော အခြားတပါးသော ဘုရား၊

11

သင့်ပတ်လည်အနီးအဝေး နေသောသူ၊ မြေကြီးစွန်း တဘက်မှသည် တဘက်တိုင်အောင်၊ ကိုးကွယ်သော ဘုရားကို ၀တ်ပြုကြစို့ ဟု တိတ်ဆိတ်စွာ သွေးဆောင်လျှင်၊ သင်သည်ဝန်မခံရ၊ သူ့၏စကားကို နားမထောင်ရ၊ သူ့  ကြိုမင် သောအခါ မသနားရ၊ နှမြောသဖြင့် ဖွက် မထားရဘဲ၊ သူ့  ကို အမှန် သတ်ရမည်။ သူသည် အသေသတ်ြခင်းကို ခံစိမ့် သော၊ သင်သည် အဦး ပြုပြီးမှ၊ လူအပေါင်းတို့ သည်ြပုရကြမည်။ ကျွန်ခံနေရာအဲဂုတ္ထုပြည်မှ သင်တို့ကို နှုတ်ဆောင် တော်မူသော သင်၏ ဘုရားသခင် ထာဝရဘုရားထံတော်မှ လွဲစေခြင်း ငှာကြံစည်သောကြောင့်၊ ထိုသူကို ကျောက်ခဲနှင့် ပစ်၍ အသေ သတ်ရ ကြမည်။ ထိုသိတင်းကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား၍၊ ထိုသို့သော အဓမ္မအမှုကို သင်တို့ တွင် နောက် တဖန် မ ပြုဝံဘဲ နေကြလိမ့် မည်၊၊ (တရား ၁၃း၆-၁၀)၊

ကိုယ်မိသားစုထဲမှ အခြားဘုရားကို ကိုးကွယ်ဘို့ရန် သွေးဆောင်သူများကို ကိုယ်တိုင် သတ်ရမည်ဟု ဘုရားသခင် ပညတ် ထားသည်၊ ထို့ကြောင့် ထာဝရဘုရားသခင်သည် အခြားသော ဘုရား ကိုးကွယ်သော သူများကို မည်မျှ အလို မရှိကြောင်း ကို ထင်ရှားစွာ တွေ့ မြင်နိင်သည်၊ သို့သော် ယနေ့ ခရစ်ယာန်များသည် ထိုအရာကို အလေး အနက် မထားကြ။

ဘုရားအမြင်၌ အခြားဘုရား ကိုးကွယ်ခြင်းသည် ပြည့်တန်ဆာ လုပ်ခြင်းနှင့်တူကြောင်း ဤသို့ တွေ့ ရသည် -သင်သည် ယခုသွားသော ပြည်သူပြည်သား တို့ နှင့် မိတ်သဟာယ ဖွဲ့ သဖြင့်။ သင့်အလယ်၌ တိုက်မိ လဲစရာ အကြောင်း မဖြစ်စေခြင်းငှါ။ ကိုယ်ကိုကိုယ် သတိပြုလော့။ သူတို့  ယဇ်ပလ္လင်များ ကို ဖျက်ဆီးရမည်။ သူတို့ ရုပ်တုဆင်းတုများကို ချိုးးဖဲ့ ရမည၊်၊ သူတို့ ၏ အာရှရပင်များကို ခုတ်လှဲရမည်၊ အခြားသော ဘုရား ကို သင် သည် မကိုးကွယ်ရ။ အပြစ်ရှိ ယုံလွယ် အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည် ထိုပြည်သူ ပြည်သားတို့ နှင့် မိတ်သဟာယဖွဲ့ သဖြင့်၊ သူတို့ သည် မိမိတို့ ဘုရားနှင့် မှားယွင်း ခြင်းကြိုပု၍ ထိုဘုရားတို့ အား ယဇ်ပူဇော် သောအခါ၊ သင့်ကို ခေါ်၍ သင်သည် ထိုယဇ်ကောင်ကို စားမည် ဟူ၍၄င်း၊ သင်သည် သူတို့ သမီးများ ကို ယူ၍။ ကိုယ်သား တို့ နှင့်ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီးတို့ သည်၊ မိမိတို့ ဘုရားနှင့် မှားယွင်းခြင်းကိုပြု၍ သင်၏သားတို့ ကို ထိုဘုရားတို့  နှင့် မှားယွင်းစေမည်ဟူ၍၄င်း စိုးရိမ်စရာရှိ၏။ သင်သည် ကိုယ်အဘို့  သွန်းသော ဘုရားတို့ကို မလုပ်ရ။ (ထွက် ၃၄း၁၂-၁ရ)၊

မြန်မာကျမ်းစာအုပ်၌ "မှားယွင်းသည်" ဟုဆိုသော်လည်း အင်္ဂလိပ်ကျမ်းစာ၌ ပြည့်တန်ဆာလုပ်သည်ဟု ဤကဲ့သို့  တွေ့  ရသည်၊

(for you shall worship no other god: for the LORD, whose name is Jealous, is a jealous God.
15 "Don't make a covenant with the inhabitants of the land, lest they play the prostitute after their gods,and sacrifice to their gods, and one call you and you eat of his sacrifice; 16 and you take of their daughters to your sons, and their daughters play the prostitute after their gods, and make your sons play the prostitute after their gods.)(Ex 34:14-16)

ထို့ ကြောင့် အခြားဘုရား ကိုးကွယ်ခြင်းသည် ဘုရားသခင် အလွန်အမျက်ဒေါသထွက်၍ မည်မျှ အပြစ် ကြီး ကြောင်းကို သိနိင်သည်။ ထိုသို့  အတန်တန် မှာထားသော်လည်း ဣသရေလ လူမျိုးများသည် အဲဂုတ္တုပြည်မှ ထွက်က တည်းက စ၍ ဗာဗုလုန် ကျွန်ခံသည်အထိ ရုပ်တုများကိုသာ ကိုးကွယ်ကြသည်။ ထာဝရဘုရား ယုံကြည်သောဘုရင်များ ဖြစ်သည့် ဒါဝိဒ်မင်း။ ယေဟောရှဖတ်မင်း။ ဟေဇကိမင်း။ ယောရှမင်းတို့ လက်ထက်၌သာ အခြားဘုရား မကိုးကွယ်ဘဲ ထာဝရဘုရားကို ကိုးကွယ်ကြသည်၊ ပရောဖက်များကို စေလွတ်၍ သတိပေးသော်လည်း နားမထောင်ကြ။ ဂရုမစိုက်ကြ၊ ထို့ကြောင့် နောက်ဆုံး၌ ဣသရေလပြည်ကို အာရှုရိလက်၌၄င်း၊ ယုဒပြည်ကို ဗာဗုလုန်လက်၌၄င်း၊ ကျွန်ခံစေ ခဲ့သည်။ ထာဝရဘုရား ကို မကိုးကွယ် ဘဲ အခြားသော ဘုရားများ ကိုးကွယ်ခြင်းသည် ကောင်းကင်ဘုံရှင် ထာဝရ ဘုရား အတွက် သာမည အပြစ် မဟုတ်။ အကြီးမားဆုံးသော အပြစ်၊ အပြစ်တကာတို့ ၏ အကြီးမားဆုံးသော အပြစ် ဖြစ်သည်။ သို့သော် ယနေ့ ခရစ်ယာန်များ၏အမြင်၌ အခြားဘုရား ကိုးကွယ် ခြင်းသည် အရေးမကြီး၊ ထို့  ထက် ကိုယ်ကျင့်တရား ဖေါက်ဖျက် ခြင်းသည် အလွန် အပြစ်ကြီးသည် ဟု ယူဆ ကြသည်၊


၂၊ ဘုရားရှိသောနေရာ၌သာ ကိုးကွယ်ရမည်

နေရာတိုင်း၌ ကမ္ဘာဦးမှစ၍ ပညတ်တော်ပေးသည် အထိ ဘုရားသခင်ကို မိမိတို့ ကြိုက်နှစ်သက်သော နေရာတိုင်း မှာ ကိုးကွယ်နိင်သည်။ အဗြဟံ၊ ဣဇက်၊ ယာကုပ်တို့ သည် ရောက်လေရာအရပ်ရပ်၌ ယဇ်ပလ္လင်များကိုတည်ဆောက်၍ ကိုးကွယ် တတ်ကြသည်၊

12

တဲတော်၌ ဘုရားသခင်က မောရှေအား သိနာ တောင်ခြေ ၌ တဲတော် ဆောက်ခိုင်းသည်၊ ထိုအချိန်မှစ၍ ဘုရားသခင် အား တဲတော်၌သာ ကိုးကွယ်ရသည်။

ဗိမာန်တော်၌သာ ရှောလမုန်မင်းက တဲတော် အစား ဗိမာန်တော် ဆောက်သောအခါ ဗိမာန်တော်ထဲမှသာ ကိုးကွယ် ရသည်၊ အဘယ့်ကြောင့် ဆိုသော် ဗိမာန်တော်၌သာ ဘုရားသခင် ကျိန်းဝပ်တော်မူခဲ့သည်၊ သို့ သော် ဣသရေလူများသည် သစ္စာမရှိသောကြောင့် ဘုရားသခင်ကို စွန့်၍ အခြားသော ဘုရားများကို ကိုးကွယ်သော အခါ စိမ်းသောသစ်ပင်အောက်တိုင်းနှင့်တောင်ကုန်းတိုင်းပေါ်၌ ယဇ်ပူဇော်တတ်ကြသည်၊ ထိုသို့ ဖြစ်မည့် အရာကို ကြိုသိသော ကြောင့် ဘုရားသခင်က -သင်တို့ သည် မြေကြီးပေါ်မှာ အသက် ရှင်သမျှသော ကာလပတ်လုံး ၀င်စားစေခြင်းငှာ သင်တို့  ဘိုးဘေး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်၌ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင်ထုံးဖွဲ့ချက်များဟူမူကား။ သင်တို့  အစိုးရသော လူမျိုးတို့ သည် တောင်ကြီး တောင်ငယ် အပေါ်၊ စိမ်းသော သစ်ပင် အောက်၌ မိမိတို့ ဘုရားများကို ၀တ်ပြုရာအရပ် ရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီးရမည၊်၊ သူတို့ ယဇ် ပလ္လင်များကိုလည်း ဖျက်ရမည်။ ရုပ်တုများကို ဖြိုချရမည်၊၊ အာရှရပင်များကို မီးရှို့ရမည်။ ထုလုပ်သော ဘုရားဆင်းတုများကို ခုတ်လှဲရမည်။ ထိုအရပ်၌ ထိုဘုရားတို့၏ နာမကို ပင်ပယ်ရှင်း ရမည်။ သူတိုြ့ပုသကဲ့သို့ သင်တို့ သည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားအား မပြုဘဲ၊ သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ အမျိုးအနွယ်ရှိသမျှတို့ တွင် နာမတော်ကို တည်စေ ဘို့ ရာ ရွေးကောက်တော်မူသော အရပ်တည်းဟူသော ကျိန်းဝပ်တော်မူရာ အရပ်ကို ရှာ၍ လာရကြမည်။ ထိုအရပ်သို့  သင်တို့ သည် မီးရှို့ရာယဇ် အစရှိသော ယဇ်များ၊ ဆယ်ဘို့ တဘို့ ပူဇော်သက္ကာ၊ ချီမြောက်ရာ ပူဇော်သက္ကာ၊ သစ္စာ ဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ မှစ၍၊ သိုးနွားတွင် အဦးဘွားသောသားငယ်တို့ ကို ဆောင်ခဲ့ရကြမည်၊ ထိုအရပ်၌သင်တို့ ၏ဘုရားသခင်ထာဝရဘုရား ရှေ့တော်၌ စားရကြမည်၊ ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသဖြင့်၊ ကိုယ်တိုင်မှစ၍ အိမ်သူ အိမ်သားတို့ သည် ရပ်လျက် ရွှင်လန်းခြင်းကို ပြုရကြမည်။ (တရား ၁၂း၁-၈)

တွေ့  မြင်ရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရမည် အကြောင်း သတြိပုကြလော့။ သင်တို့အမျိုး တမျိုးတွင် ထာဝရ ဘုရား ရွေးကောက် တော်မူသောအရပ်၌ မီးရှို့ရာယဇ်ကို ပူဇော်၍၊ ငါမှာထားသမျှတို့ကို ပြုရကြမည်-(တရား၁၂း၁၃-၁၄)၊ ဟု ထာဝရဘုရားသည် မောရှေအားဖြင့် အထပ်ထပ် မှာထားသည်။ ထို့ ကြောင့် ဣသရေလ လူများသည် တဲတော် သို့မဟုတ် ဗိမာန်တော်၌သာ ကိုးကွယ်ခြင်းအမှုကို ပြုလုပ်ကြသည်။ သို့သော် အခြားသော ဘုရား ကိုးကွယ်သောအချိန်တွင်မူ နေရာတကာမှာ ကိုးကွယ် တတ်ကြသည်။


အသွင်ကူးပြောင်းကာလ

ဣသရေလလူများသည် တောလည်ရာ၌ တဲတော်ထဲမှ ဘုရားကို ကိုးကွယ်၍ ယေရုရှလင်မြို့  ဗိမာန်တော် တည် ဆောက်ချိန်မှစ၍ ဗိမာန်တော်၌သာ ကိုးကွယ်လေ့ ရှိသည်၊ထို့ ကြောင့် ရှမာရိအမျိုးသမီးက သခင်ယေရှုထံ - အကျွန်ုပ်တို့  ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏၊ ယေရုရှလင်မြို့သာ ကိုးကွယ်ရမည်ဟု သင်တို့ သည် ဆိုတတ် ကြ၏ဟု လျှောက်လျှင်- သခင်ယေရှုက-အချင်းမိန်းမ၊ ငါ့စကား ကိုယုံလော့၊၊ ဤတောင် သို့  မလာ။ ယေရုရှလင် မြို့သို့ မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည် အချိန်ကာလ ရောက်ဆဲရှိ၏-ဟုဖြေခဲ့သည်(ယော၎း၂၀-၂၁)၊ သခင်ယေရှုက ကိုးကွယ်မည့်နေရာ ပြောင်းတော့မည့်အကြောင်းကို ရှမာရိအမျိုးသမီးထံ ပြောပြခြင်းဖြစ်သည်၊


ဗိမာန်တော်ဖျက်စီး

သခင်ယေရှု အသေခံသောအခါ ဗိမာန်တော်အထဲမှအသန့်ရှင်းဆုံးနှင့်သန်ရှင်းရာဌါနကို ကာထားသော ကုလားကာသည် ကွဲသွားကြောင်း ဤသို့  တွေ့ ရသည်- ထိုအခါ ဗိမာန်တော်၌ ကုလားကာသည် အထက်စွန်းမှ အောက်စွန်း တိုင်အောင် စုတ်ကွဲလေ၏-(မ ၂ရး၅၁)။ အဘယ့်ကြောင့် သခင်ယေရှု အသေ ခံသောအခါ ဗိမာန်တော် ကုလားကာ စုတ်ကွဲသနည်း ဟူမူကား၊ ဘုရားသခင်ကို ဗိမာန်တော်မှာ ကိုးကွယ်ချိန် ကုန်ဆုံးကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူဆောက်သောဗိမာန်တော်၌ မရှိတော့သောကြောင့် ဗိမာန်တော်၌ ကိုးကွယ်၍ မရတော့ ကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ ထိုဗိမာန်တော်သည် အေဒီ ရ၀ တွင်ရောမ စစ်သားများက ဖျက်စီး၍ မရှိတော့ချေ။ ဣသရေလလူများက အေဒီ ၁၃၅ ခန့် တွင် ပြန်လည် တည်ဆောက်ဘို့ ရန် ကြံစည်သော်လည်း မအောင်မြင်ခဲ့ချေ။ ယနေ့ 

13

တိုင်အောင် ဗိမာန်တော် မရှိသောကြောင့် ယဇ်ပူဇော်ခြင်း မပြုလုပ်နိင်ကြချေ။ ဣသရေလများ၏ အဓိက ရည်မှန်းချက် တခု မှာ ဗိမာန်တော်ပြန်လည်တည်ဆောက်၍ ယဇ်ပူဇော်ဘို့ ရန်ဖြစ်သည်။ သို့ သော် ဗိမာန်တော် နေရာ၌ မူစလင်များက ဗလီဆောက်ထားသောကြောင့် သူတို့၏စိတ်ကူးယဉ် မပြည့်စုံနိင်ချေ။ ဘုရားသခင်က အကောင်းဆုံးသော အစောင့်များကို ချထားသည်။ အခြားသူများက ဗိမာန်တော်နေရာကို ပိုင်ခဲ့သည်ရှိသော် ဣသရေလလူများက ၀ယ်ယူ၍ ဗိမာန်တော် တည်ဆောက်လောက်ပြီ။ ထိုအရာကို သိသောကြောင့် ဘုရားသခင်က အကောင်းဆုံး အစောင့်များဖြစ်သော မူစလင်များ ကို အစောင့်များအဖြစ် ချထားခြင်းဖြစ်သည်။

ယနေ့ ခရစ်ယာန်များက ဘုရားသခင်ကို လူလက်နှင့်ဆောက်သော ဘုရားရှိခိုးကျောင်း၌ ကိုးကွယ်နိင်သည်ဟု ထင်မှတ်ကြသည်။ တနည်းအားဖြင့် မှန်ပါသည်။ သို့သော် မပြည့်စုံချေ။ ကက်သလိပ်အသင်းတော်သည် ဣသရေလများ လုပ်သော အရာကို ဆက်လက်ထိမ်းသိမ်း၍ သူတို့ ရှိသော နေရာတိုင်း၌ ဗိမာန်တော်များကို ဆောက်ကြသည်။ သန့်ရှင်းရာ ဌါနများကို ပြုလုပ်၍ သူတို့ ၏ဘုန်းကြီးများသာ ၀င်ခွင့်ရှိသည်။ အခြားသော ခရစ်ယာန် အဖွဲ့များသည် ထိုကဲ့သို့သော သန့်ရှင်းရာဌါန မပြုလုပ်ကြသောကြောင့် ဆင်မြင့်ပေါ်၌ လူတိုင်းတက်ခွင့် ရှိကြသည်။ ကက်သလိပ်များက အရိပ်ကို အတု ယူ ထိန်းသိမ်း၍ အခြားသောခရစ်ယာန်များသည် အရိပ်ကိုလည်း မသိထိန်းသိမ်းရမှန်းလည်း မသိ မိမိတို့ ကြိုက်နှစ်သက် သလို လုပ်ကြသည်၊

သို့သော် ဣသရေလများ၏ရည်ရွယ်သည့်အတိုင်း ဗိမာန်တော် တည်ဆောက်လျှင်လည်း အကျိုးမရှိချေ။ အကြောင်းမှာ ဘုရားသခင်သည် လူဆောက်သော ဗိမာန်တော်၌ မရှိပြီ။ ကက်သလိပ်များ ဆောက်သော ဗိမာန်တော်များ လည်း အဓိပ္ပါယ် မရှိချေ။ အခြားသော ခရစ်ယာန်များ၏ ဘုရားကျောင်းများ၌လည်း ဘုရားသခင် မကျိန်းဝပ်ချေ။

သို့ဖြစ်လျှင် မည်သူ မှန်မည်နည်း။ ဘုရားသခင်ကို မည်သည့်နေရာ၌ ကိုးကွယ်ရမည်နည်း။ ထိုအရာများကို ဆက်လက် လေ့လာရကြဦးမည်။ ဆက်ဖတ်ပါ။


သင်ခန်းစာ (၄) မေးခွန်းများ


၁။ ကိုးကွယ်ခြင်းဆိုင်ရာ ပညတ်၌ အဓိကအချက် လေးချက်များ၊

(၁)-------------------------------------

(၂)--------------------------------------

(၃)--------------------------------------

(၄)--------------------------------------

၂။ ဘုရားသခင်သည် သူ၏ဘုန်းကို အဘယ်သူအား ကေးချင်သနည်း။--------------

၃။ ဘုရားသခင်သည် မည်ကဲ့သို့သော ဘုရား ဖြစ်သနည်း။----------------------------

၎။ ထာဝရဘုရားသခင်က- လူများအခြား ဘုရား ကိုးကွယ်ခြင်းကို မည်မျှ မုန်းသနည်း။-------------------

၅။ အခြားသော ဘုရားကိုးကွယ်သူကို မည်ကဲ့သို့ အရေးယူခိုင်းသနည်း။----------------------------------

၆။ အခြားဘုရားကိုးကွယ်ခြင်းသည် ဘုရားအမြင်၌ မည်ကဲ့သို့သော အပြစ်ကျူးလွန်ခြင်း ဖြစ်သနည်း။---------------------။

၇။ မောရှေ လက်ထက်မှစ၍ ဘုရားသခင်ကို-----------မှာ၎င်း၊ရှောလမုန် လက်ထက်မှစ၍---------------၌၄င်း ကိုးကွယ်ရသည်။

၈။ တဲတော်နှင့်ဗိမာန်တော်မှ မကိုးကွယ်သောအရာသည် အဘယ်ကြောင့် ဘုရားသခင်က လက်မခံနိုင်သနည်း။---------။

၉။ သခင်ယေရှုက ရှမာရိ အမျိုးသမီးကို အဘယ်အရာပြောသနည်း။-------------------------

၁၀။ အဘယ်ကြောင့် သခင်ယေရှု သေသောအခါ ဗိမာန်တော် ကုလားကာ စုတ်ကွဲသနည်း။--------------------

၁၁။ ဣသရေလများ၏ အဓိကရည်ရွယ်ချက်သည် အဘယ်အရာ ဖြစ်သနည်း။------------------

၁၂။ ဗိမာန်တော်နေရာ၌ အဘယ်အရာဆောက်ထားသနည်း။------------အဘယ်ကြောင့်နည်း။--------------------------။



14

Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support