HCF

HCF MYANMAR IN SINGAPORE

Saturday, May 15, 2010

လူ၏ကျဆင်းခြင်း


လူ၏ကျဆင်းခြင်း

The Fall of Man

New life in Christ Course 3

Lesson 4

ဖတ်ရန်ကျမ်းချက်။ က၊ ၂း၇-၂၇။ က၊ ၃း၁-၁၉။

သော့ချက်ကျမ်းပိုဒ်။

''ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရား အားဖြင့် သေခြင်းတရား ဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။'' (ရော၊ ၅း၁၂)


သင်ခန်းစာ(၂)တွင် အာဒံသည် ဘုရားသခင်၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခံရကြောင်း ကျွန်ုပ်တို့ လေ့လာခဲ့ပြီ။ အာဒံ သည် သူ၏ ဖန်ဆင်းရှင်၏လက်တော်မှ လာခဲ့သောကြောင့် သူသည် အပြစ်နှင့်ကင်းစင်တော်မူ၏။ သူ၏သဘာဝသည် စင်ကြယ် ၏။ သူ၌ အပြစ် ပြုရန် လက္ခဏာ မရှိပါ။ သို့သော်လည်း သူ၌လွှတ်လပ်စွာ ရွေးချယ်ခွင့် ရှိနေခြင်းကြောင့် အာဒံသည် အပြစ်ကို ပြုရန် ဖြစ်နိုင် သည်။ ဘုရားသခင်ကို နာခံခြင်း (သို့) မနာခံခြင်းကို သူသည် လွှတ်လပ်စွာ ရွေးချယ်နိုင်၏။

ဘုရားသခင်သည် အာဒံ၌ဇနီးတစ်ဦး လိုအပ်ကြောင်းကို သိတော်မူ၏။ ထို့ကြောင့် သူသည် အာဒံကို ကြီးသော အိပ် ခြင်းဖြင့် အိပ်စေတော်မူ၏။ အာဒံ အိပ်ပျော်စဉ် သူ၏နံဘေးမှ နံရိုးတစ်ချောင်းကို ထုတ်ယူပြီး သူ့အတွက် လူမိန်းမကို ဖန်ဆင်း တော်မူ၏။ အာဒံသည် သူမကို ဧဝ ဟုခေါ်၏။ အဓိပ္ပါယ်မှာ''အသက်ရှင်သောသူအပေါင်းတို့၏အမိ'' ဖြစ်သတည်း။

ဘုရားသခင်သည် အာဒံနှင့်ဧဝကို ကောင်းကြီးပေးပြီး၊ မြွက်ဆိုသည်မှာ''အချင်းတို့၊ များပြားစွာ မွေးဘွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။...''ဟုဆို၏။(က၊ ၁း၂၈) ဘုရားသခင်သည် သူတို့ကို''ဧဒင်ဥယျာဉ်''ဟု ခေါ်သော လှပသော ဥယျာဉ်၌ ထားတော်မူ၏။ ၄င်းမှာ ဥယျာဉ်ကို စေါင့်ရှောက်ရန် အာဒံ၏တာဝန်ဖြစ်၏။

ဥယျာဉ်၌ မတူညီသော အပင်မျိုးပေါင်း များစွာရှိ၏။ သို့သော် အခြားသောအပင်များနှင့် မတူသောအပင် နှစ်ပင်ရှိ၏။ တပင်ကို ''အသက်ပင်''ဟု ခေါ်ပြီး၊ အခြားတပင်ကို''ကောင်း၊မကောင်း သိကျွမ်းရာအပင်''ဟုခေါ်၏။ အာဒံနှင့်ဧဝသည် ဥယျာဉ်ရှိ ''ကောင်း၊မကောင်း သိကျွမ်းရာ အပင်''မှတပါး အပင်အားလုံးကို လွှတ်လပ်စွာ စားရသောအခွင့်ကိုရ၏။ ထိုအပင်၏အသီးကိုကား သူတို့ မစား ရန် ဘုရားသခင် သည် သီးသန့်သတ်မှတ် ပညတ်တော်မူပြီး သူတို့ကို သတိပေးသည်မှာ''ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့ တွင် ဧကန်အမှန် သေမည် ဟု လူကို ပညတ် ထားတော်မူ၏''ဟု ဆို၏။(က၊ ၂း၁၇)

အာဒံနှင့်ဧဝတို့သည် ဧဒင်ဥယျာဉ်၌ ပျော်ရွှင်ကြ၏။ သူတို့သည် တစ်စုံတခုသောအချိန်အထိ ဤကဲ့သို့ ပျော်ရွှင်စွာ နေ ထိုင် ကြပေလိမ့်မည်။ သူတို့၏ဖန်ဆင်းရှင် ဘုရားသခင်နှင့်အတူ အံ့သြဘွယ်သော မိတ်သဟာယဖွဲ့ခြင်းသည် သူတို့၌ အထူး ဝမ်းမြောက် ခြင်း ဖြစ် စေသော အရာ တစ်ခု ဖြစ်၏။ နေဧသောအချိန် ညနေတွင် ဘုရားသခင်သည် သူတို့ထံသို့ အလည်လာရန် ကြွလာ တော်မူ၏။

သို့သော် တနေ့တွင် တုန်လှုပ်ဘွယ်သော အကြောင်းအရာ တစ်ခု ဖြစ်ခဲ့၏။


စာတန်သည် မြွေတကောင်၏သဏ္ဍာန်အထဲ၌ဝင်၍ ဥယျာဉ်ထဲဝင်လာပြီး၊ဧဝနှင့်စတင် စကားပြော၏။ သူက မိန်းမအား မေးခွန်း မေးသည်မှာ''သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို မစားရဟု ဧကန်စင်စစ် ဘုရားသခင် မိန့်တော်မူသလော''ဟု မေးလေ ၏။ (က၊ ၃း၁)

ဤအမေးသည် ထိခိုက်နှစ်နာဟန် မရှိသော်လည်း၊ စာတန်၌ မကောင်းသောအကြံ ရှိ၏။ သူ၏အကြံကား ဧဝသည် ဘုရားသခင်၏ စကားကို မနာခံရန်အတွက် လှည့်စားရန် ဖြစ်၏။

စာတန်သည် ဧဝကို မည်ကဲ့သို့ လှည့်စားခဲ့သနည်း


ဧဝက ပြန်ပြောသည်မှာ ''ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏အသီးကို စားရသောအခွင့်ရှိ၏။-ဥယျာဉ်အလယ်၌ရှိ သောအပင်၏ အသီး ကိုကား၊ သင်တို့သည် မကိုင်မစားဘဲ နေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင်အမိန့်တော်ရှိသည်''ဟု မြွေ အား ဆို၏။(က၊ ၃း၂-၃)

စာတန်၏နောက်ထပ်မံ ပြောဆိုခြင်းကား ရဲတင်းသော လိမ်ညာမှုဖြစ်၏။ သူက''သင်တို့သည် ဧကန်အမှန်သေရမည် မဟုတ်။-အကြောင်းမူ ကား၊ထိုအသီးကိုစားသောနေ့၌ သင်တို့သည်မျက်စိ ပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင် ကဲ့သို့ ဖြစ်ကြ လတံ့ သည်ကို၊ ဘုရားသခင် သိတော်မူသည်''ဟု မိန်းမအားဆို၏။(က၊ ၃း၎-၅)

စာတန်သည် ဘုရားသခင်ကို မမှန်မကန်ကြောင်း ဆန့်ကျင်ပြောဆိုသည်သာမက ဘုရားသခင်မှ အာဒံနှင့်ဧဝတို့ကို အချို့ ကောင်းသောအရာ များကိုလည်း ထိန်ချန်ထားခဲ့ကြောင်း အကြံပေးသွင်းခဲ့၏။ စာတန်က ဧဝကို ဤအသီးကို စားခြင်းဖြင့် သူမနှင့် သူမ၏ ခင်ပွန်းသည် ဘုရားကဲ့သို့ ဖြစ်လိမ့် မည် ဟု ပြောဆို၏။

ဧဝသည် ဆုံးဖြတ်ချက်ကို ပြုလုပ်ရပေမည်။ ဘုရားသခင်က''စားသောနေ့၌ ဧကန်အမှန်သေမည်''ဟု ဆို၏။ ယခု စာတန်က ''သင်တို့သည် ဧကန်အမှန် သေမည်မဟုတ်''ဟု ဆို၏။ ဘုရားသခင်(သို့)စတန် မည်သူ့ကို ယုံကြည်ရမည်ကို ဧဝ ရွေး ချယ်ရန်ရှိ၏။ ဧဝသည် အသီးကိုကြည့်၍ စာတန်ပြောသောအကြောင်းအရာကို ဆင်ခြင်၏။ ထိုနောက် သူမသည် သူမ၏ ရွေး ချယ်မှုကို ပြု၏။ သူမသည် အသီးကို ယူ၍စား၏။ ဧဝသည် စာတန်ကို ယုံကြည်ရန် ရွေးချယ်၏။

စာတန်သည် အာဒံကို အပြစ်လုပ်ရန် မည်ကဲ့သို့ ပြုလုပ်ခဲ့သနည်း


ဧဝကို လိမ်ညာ လှည့်စားရန် စာတန်၏အကြံ အောင်မြင်ခဲ့၏။ သူမသည် စာတန်ကို အမှန်တကယ် ယုံ၏။ သူမသည် မုသာကို ယုံကြည်ရန် လှည့်စားခြင်းကို ခံရ၏။ အဘယ်ကြောင့် ဧဝလှည့်စားခြင်း ခံရပါသနည်း။ သူမသည် ဘုရားသခင်၏ စကားကို မယုံသော ကြောင့်ဖြစ်၏။ ကျွန်ုပ်တို့လည်း ဘုရားသခင်၏စကားကို မယုံခဲ့လျှင် လှည့်ဖြားခြင်းကို ခံရလိမ့်မည်။

သို့သော် ဤကား စာတန်၏မကောင်းသောအကြံ၏ နိဂုံး မဟုတ်ပါ။ စာတန်၌ အာဒံ အပြစ်ကိုလုပ်ရန်လည်း ကြံစီခဲ့ပြီ ဖြစ်၏။ ဤအချိန်၌ စာတန်သည် အာဒံနှင့် တိုက်ရိုက်စကား မပြောပါ။ ယင်းအစား အာဒံသည် ဘုရားစကား နားမထောင်ရန် ဧဝ ကို စာတန် အမှီပြုခဲ့၏။ ဧဝသည် အသီးကို သူ၏ယောင်္ကျားကိုပေး၏။ အသီးစားခြင်းဖြင့် တန်ခိုးကို သူတို့၌ ရရှိမည်ဖြစ် ကြောင်း စာတန်ပြောခဲ့ကြောင်းကို ဧဝသည် အာဒံကို ပြောလိမ့်မည် ဆိုသည် ကို ယုံမှားသံသယ ရှိစရာ မလိုပါ။

ယခု အာဒံသည် ရွေးချယ်မှု ပြုရပေမည်။ ဘုရားသခင် ဘာပြောခဲ့သည်ကို အာဒံသိ၏။ ဘုရားသခင်သည် သူ့အား ဆိုသည်မှာ အသီး စားခြင်း၏ရလဒ်မှာ တန်ခိုး မဟုတ်ပါ သေခြင်းသာ ဖြစ်၏။ အာဒံသည် ဧဝကဲ့သို့ စာတန်၏ လိမ်ညာ လှည့်ဖြားခြင်း ကိုခံရပါသလား။ သူ မခံရပါ။ သူ ကောင်းစွာ သိ၏။ သို့သော်ငြားလည်း သူသည် အသီးကို ယူ၍ စား၏။ အာဒံ ၌ အပြစ် ရှိလာ၏။

အာဒံ၏အပြစ်ကားအဘယ်နည်း။ သူ၏အပြစ်ကား နားမထောင်ခြင်းဖြစ်၏။ ဘုရားသခင်၏အမိန့်ကို သူသည် တိုက်ရိုက် ဆန့်ကျင် ခြင်း ဖြစ်၏။ ဘုရားသခင်၏အလိုကို ရွေးချယ်ရမည့်အစား သူ၏အလိုကို သူ ရွေးချယ်ခဲ့၏။ ထိုသို့ ပြုခြင်းဖြင့် အာဒံ သည် ဖန်ဆင်းရှင် ကို ဆန့်ကျင် ပုန်ကန်ခဲ့ပြီ၊ အဦးဆုံးသော အကြီးဆုံး ပုန်ကန်သူ စာတန်၏နောက်သို့ လိုက်ခဲ့၏။

အာဒံ အပြစ်ပြုခဲ့ချိန်မှစ၍ ဘာဖြစ်ပျက်လာခဲ့သနည်း။


အာဒံ နားမထောင်ခြင်း၏ ချက်ခြင်း ရလဒ်သည် သေခြင်းဖြစ်သည်။ ဘယ်ကဲ့သို့သော သေခြင်းဖြစ်သနည်း။ ၄င်းမှာ ဝိညာဉ်ရေးရာ သေခြင်း ဖြစ်၏။ အာဒံ၏ကိုယ်ခန္ဓာသည် ချက်ခြင်းမသေသည်ကို ကျွန်ုပ်တို့ သိသည်။ သူသည် နားမထောင်ခြင်း အမှုနောက် နှစ်ရာပေါင်းများ စွာ အသက်ရှင်ခဲ့၏။ သို့သော် သူသည် ဝိညာဉ်ရေးရာ၌ ထိုနေ့မှာပင် သေခဲ့ပြီး ဖြစ်၏။

ကျမ်းစာ၌ သေခြင်းသည် ကွဲကွာခြင်း (သို့) အဆက်ပြတ်ခြင်းကို ဆိုလိုသည်။ ကျွန်ုပ်တို့အားလုံး ခန္ဓာသေခြင်းကို သိ ကြသည်။ ၄င်းသည် ခန္ဓကိုယ်မှ ဝိညာဉ် ခွဲခွာခြင်းဖြစ်သည်။ သို့သော် ဝိညာဉ်သေခြင်းကား အဘယ်နည်း။ ဝိညာဉ်ရေးရာသေ ခြင်းသည် လူ၏ဝိညာဉ်နှင့် ဘုရားသခင်၏ဝိညာဉ်တို့ အဆက်ပြတ်ခြင်းဖြစ်သည်။ ဘုရား၏အသက်မှ ဖြတ်တောက်ခံရခြင်းသည်။ ဝိညာဉ်ရေးရာ သေခြင်းဖြစ်သည်။ အာဒံနှင့်ဧဝ တို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းကြောင့် သူတို့၌ ဤသေခြင်း ဖြစ်လာခဲ့ ၏။ သူတို့၏ဝိညာဉ်သည် ဘုရားသခင်၏ဝိညာဉ်မှ အဆက်ဖြတ်ခြင်းကို ခံရ၏။

အာဒံနှင့်ဧဝ အပြစ်ပြုပြီးနောက် ဦးဆုံး သတိပြုမိသည်မှာ သူတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လာ၏။ ကျမ်းစာက ''ထိုသူနှစ် ယောက် တို့သည် မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ ဝတ်ရန်ဘို့ သင်္ဘောသဖန်းပင် အရွက် တို့ကိုချုပ်စပ်၍ ခါးစည်းကို လုပ်ကြ၏။''ဟုဆိုသည်။(က၊ ၃း၇)

ယခင်က အာဒံနှင့်ဧဝသည် အဝတ်ကို အဘယ်ကြောင့် မလိုအပ်သနည်း။ သူတို့သည် ဘုရားသခင်၏ဘုန်းတော် အလင်းနှင့် ပတ်ရစ်ထား သောကြောင့် ဖြစ်၏။ ယခု သူတို့၏ အသက်တာထဲ အပြစ် ဝင်လာသောကြောင့် ဘုရားသခင်နှင့် အဆက် ပြတ်ပြီ၊ ဘုရားသခင်၏ ဘုန်းတော်သည် သူတို့ထံမှ စွန့်ခွာသွား၏။ အာဒံနှင့်ဧဝသည် အပြစ်သားဖြစ်လာ၏။

ဘုရားသခင်သည် အာဒံနှင့်ဧဝတို့အပေါ် တရားစီရင်ခြင်းကို မိန့်မြွက်တော်မူ၏


ထိုနေ့၌ နေအေးသောညနေတွင် ဘုရားသခင်သည် ကြွလာ၍ အာဒံနှင့်ဧဝကိုရှာတော်မူ၏။ သို့သော် သူတို့သည် ဘုရားသခင်ကို မတွေ့မြင်လိုပါ။ ယင်းအစား သူတို့သည် အပြစ်ရှိကြောင်းကို ခံစားလာရကာ၊ ဥယျာဉ်ရှိ အပင်များအကြားတွင် သူတို့ ပုန်းကွယ်၍ နေကြ၏။ သို့သော် မည်သူမျှ ဘုရားသခင်ထံတော်မှ ပုန်းကွယ်၍မရပါ။

ဖြောင့်မတ်တော်မူသော ဘုရားသခင်သည် သူတို့၏အပြစ်ကို လစ်လျှူရှု၍ မရပါ။ သူသည် ဘာမျှ မဖြစ်သကဲ့သို့ ဟန် ဆောင်၍ မရပါ။ ဘုရားသခင်သည် အာဒံနှင့်ဧဝကို သူ့ထံလာရန် ခေါ်တော်မူ၏။ ထိုနောက် ဘုရားသခင်သည် သူ၏တရားစီရင် ခြင်းကို သူတို့အပေါ် မိန့်မြွက်တော်မူ၏။ သူတို့သည် လှပသော ဧဒင် ဥယျာဉ်မှ ထွက်ခွါရလိမ့်မည်။ အာဒံသည် မြေကြီးမှ သူ၏ အစာအတွက် ပင်ပန်းစွာ လုပ်ကိုင် ရလိမ့်မည်။ ဧဝသည် ယောင်္ကျား၏ အုပ်စိုးခြင်းကို ခံရပြီး၊ ဝမ်းနည်းခြင်းနှင့်နာကျင်စွာ သားဖွား ခြင်းအမှုကို ပြုရလိမ့်မည်။ မြေကြီးသည်လည်း အပြစ်ကြောင့် ကျိန်ခြင်းကို ခံရလိမ့်မည်။

လူအဘို့ ဘုရားသခင်၏ ကတိတော်ကား အဘယ်နည်း


ဧဝကို လှည့်ဖြားခြင်း၌ စာတန်၏အသုံးပြုခြင်းခံရသော မြွေကိုလည်း ဘုရားသခင်က''...မြွေကိုခေါ်၍ သင်သည် ဤ အမှုကို ပြုသောကြောင့် သားယဉ်၊သားရဲအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍ မြေမှုန့်ကို တသက်လုံး စားရမည်''ဟု ဆို၏။(က၊ ၃း၁၄)

ဘုရားသခင်သည် စာတန်သို့ လှည့်၍ ဆိုသည်မှာ''သင်နှင့် မိန်းမကို၎င်း၊သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် ကို၎င်း၊ ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူ(ကြွလာမည့် ကယ်တင်ရှင်)သည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်။ သူသည်သင်၏ဖနောင့် ကို ကြိတ်လိမ့်မည်ဟု မိန့် တော်မူ၏''ဟုဆို၏။(က၊ ၃း၁၅)

ဘုရားသခင်၏ပဌမလူ အာဒံသည် စာတန်အားဖြင့် ရှုံးနှိမ့်ခြင်းကိုခံရ၏။ ဤနေရာ၌ ဘုရားသခင်သည် စာတန်ကို ရှုံး နှိမ့်စေမည့်သူ သခင်ယေရှု ခရစ်တော် ကြွလာမည့် ကတိတော်ကိုပေးခဲ့၏။

ဘုရားသခင်သည် လူအတွက် ဘယ်ကဲ့သို့ပြင်ဆင်ပေးခဲ့သနည်း


ဘုရားသခင်သည် သန့်ရှင်းတော်မူသော ဘုရားသခင်ဖြစ်သောကြောင့် သူ၏ရှေ့တော်မှောက်၌ အပြစ်ကိုခွင့်ပြု၍မရပါ။ အာဒံနှင့်ဧဝသည် အပြစ်ရှိ၏။ သို့ဖြစ်၍ အာဒံနှင့်ဧဝသည် ဧဒင်ဥယျာဉ်မှ ထွက်သွားရန်ရှိ၏။ အပြစ်သည် လူနှင့်ဘုရားကို အမြဲ တမ်း ကွဲကွာစေသည်။ သို့သော် ဘုရားသခင်၌ အကြံအစည်ရှိတော်မူ၏။ တနေ့သောအခါ ဘုရားသခင်သည် သူ၏တပါးတည်း သော သားတော်ကို လူ၏အပြစ်အတွက် အသေခံရန် ဤလောကသို့ စေလွတ် လိမ့်မည်။ သခင်ယေရှု လက်ဝါးကပ်တ်ုင်ပေါ် အသေခံခြင်းဖြင့် လူသည် အပြစ်ခွင့်လွတ်ခြင်းရရန်နှင့် ဘုရားသခင်နှင့် အတူ မိသဟာယ ရှိရာသို့ ပြန်လာနိုင်ရန်အတွက် သခင် ယေရှု ပြုလုပ် ပေးလိမ့်မည်။

ဤ အချိန်၌ ဘုရားသခင်သည် အာဒံနှင့်ဧဝတို့အတွက် ယာယီအားဖြင့် ကြိုတင် ပြင်ဆင်စီမံချက်ကို ပြုလုပ်ပေးခဲ့၏။ ဘုရားသခင် သည် သူတို့အား တိရစ္ဆာန်၏အရေဖြင့် ဝတ်လုံကို ပြုလုပ်ပြီး ခြုံစေ၏။ ကျမ်းစာက ''ထာဝရအရှင်ဘုရားသခင်သည် လည်း၊ လူလင်မယား ဘို့ သားရေဖြင့် ဝတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော်မူ၏''ဟုဆိုသည်။(က၊ ၃း၂၁)

ဘုရားသခင်သည် အပြစ်ရှိသော ထို လူ နှစ်ဦးအတွက် ဖုံးအုပ်ရန် အပြစ်မရှိသော တိစ္ဆာန်များကို သေစေခဲ့ရ၏။ အာဒံ နှင့်ဧဝ တို့အတွက် သားရေဖြင့် ဝတ်လုံကို ပြုလုပ်ရန် အပြစ်မရှိသော တိရစ္ဆာန်များကို သေစေခြင်းနှင့် စပ်လျင်း၍ ဘုရားသခင် သူတို့အား သွန်သင် ခဲ့သည် မှာ''... အသွေး မသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိ''ဟူ၍ဖြစ်သည်။(ဟေဗြဲ၊ ၉း၂၂)

ဘုရားသခင်သည် အာဒံနှင့်ဧဝတို့နှင့် သူတို့မှ ဆင်းသက်လာသောသူများ အားလုံးအတွက် သူနှင့်မိသဟာယ ဖွဲ့ရာသို့ ပြန်လာရာ လမ်းကို ပြင်ဆင်ပြုလုပ်ပေးခဲ့၏။ ထိုအချိန်မှစ၍ ယေရှုသည် ကယ်တင်ရှင်အဖြစ် ကြွလာသည့် နေ့တိုင်အောင် လူများတို့သည် အပြစ်မရှိ သော သိုးများကို မိမိတို့၏အပြစ်များအတွက် ပူဇော်ခဲ့ကြ၏။ ဘုရားသခင်သည် တိရစ္ဆာန်များဖြင့် ပြုသော ယဇ်များကို လက်ခံတော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကြွလာမည့် သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းဖြင့် မြော်ကြည့်လျက် ပူဇော် ကြသောကြောင့် ဖြစ်၏။

လူ၏ပျက်စီးခြင်းသည် အပြစ်ဝင်လာခြင်းကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အာဒံသည် ဘုရားသခင်၏အလိုတော်ကို ရွေးချယ် ရမည့်အစား မိမိ၏အလိုကိုသာ ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်၏။

ရှာဖွေတွေ့ရှိခဲ့ရသော ရတနာ

အာဒံသည် ဘုရားသခင်၏အလိုတော်ကို ရွေးချယ်ရမည့်အစား သူ၏အလိုကိုသာ ရွေးခဲ့ခြင်းကြောင့် အပြစ်တရား ၀င်လာပြီး လူ၏ပျက်စီးခြင်း ကို ဖြစ်စေသည်။


ဆုတောင်းချက်။ အဖ ဘုရားသခင် ကိုယ်တော်သည် သန့်ရှင်းတော်မူသော ဘုရားနှင့် အပြစ်ကို လစ်လျှူ မရှုသော ဘုရားသခင် ဖြစ်သောကြောင့် ကိုယ်တော်ကို ကျေးဇူးတင်ပါသည်။ ဘုရားသခင်၏သားတော်၏ အသွေးတော်အားဖြင့် ကိုယ်တော် ၏ မျက်မှောက်တော်သို့ လာရန် လမ်းကို ပြင်ဆင်ပေးသောကြောင့် ကိုယ်တော်ကို အကျွန်ုပ် ကျေးဇူးတင်ပါသည်။

မှားယွင်းသော ကိုးကွယ်ခြင်း၏ အစ


အာဒံ၌ သားနှစ်ယောက်ရှိပြီး ကာဣနနှင့်အာဗေလ ဟုခေါ်၏။ သူတို့၌ မှန်သောနည်းလမ်းနှင့် ဘုရားသခင်ကို ကိုးကွယ်ရန် သွန်သင်ခြင်း ခံရ၏။ သူတို့ အပြစ်များအတွက် ယဇ်ပူဇော်ရန် အပြစ်အနာဆာမရှိသော သိုးသည် ဘုရားသခင်ကို ပူဇော်ခြင်း၌ လိုအပ်သော အရာ ဖြစ်သည် ကို သူတို့ သိကြ၏။

သားနှစ်ယောက်တို့သည် ဘုရားသခင်ထံ ပူဇော်ရန် ယဇ်များကို ယူလာ၏။ ကာဣနသည် လယ်မှထွက်သော အသီးများကို သူ၏ ယဇ် အတွက် ယူလာ၏။ ဘုရားသခင်သည် သူ၏ယဇ်ကို ငြင်းပယ်တော်မူ၏။ အာဗေလသည် သိုးကို ယူလာ၏။ သူ၏ယဇ်အတွက် သိုး တကောင်ကို ယူလာပြီး ဘုရားသခင်သည် သူ၏ယဇ်ကို လက်ခံတော်မူ၏။

ဘုရားသခင်သည် အာဗေလ၏ယဇ်ကို သာလျှင် အဘယ်ကြောင့် လက်ခံခဲ့ပါသနည်း။

အဘယ်ကြောင့် ဘုရားသခင်သည် အာဗေလ၏ယဇ်ကို လက်ခံပြီး သို့သော် ကာဣန၏ယဇ်ကို ငြင်းပယ်သည်ကို သိရန် ၄င်းသည် အလွန်မှ အရေးကြီးပါသည်။ အာဗေလသည် ကာဣနထက် သာ၍ကောင်းသော အသက်တာနှင့် အသက်ရှင်ခြင်းကြောင့် မဟုတ်ပါ။ ကာဣနနှင့် အာဗေလ နှစ်ယောက်စလုံး အပြစ်သားများ ဖြစ်ကြသည်။


ဘုရားသခင်သည် အာဗေလပူဇော်သော ယဇ်ကို လက်ခံရခြင်းမှာ သူသည် သိုးတကောင်ကို ပူဇော်ပြီး ထိုအရာသည် ခရစ်တော် ၏ ပုံကို ဆောင်သော ဘုရားသခင်၏သိုးသူငယ် ဖြစ်၏။ အာဗေလက သူသည် အပြစ်သားတယောက် ဖြစ်ကြောင်း ၀န်ခံပြီး သူ၏အပြစ်များ အတွက် သိုးတ ကောင် ယူလာသည်။ အာဗေလသည် ယုံကြည်ခြင်းအားဖြင့် လောကသားများ၏အပြစ်များအတွက် အသေခံရန် ကြွလာမည့် ဘုရားသခင်၏ သားတော် ကို ရှေ့ရှု့ မြော်ကြည့် လျက်ရှိနေ၏။


ဘုရားသခင်သည် ကာဣန၏ပူဇော်သော ယဇ်ကို လက်မခံရခြင်းမှာ ဘုရား၏နည်းလမ်းနှင့်လာရမည့်အစား သူ၏ကိုယ်ပိုင် နည်းလမ်းနှင့် လာခဲ့သည်။ ကာဣန ယူဆသည်မှာ အပြစ်များ ခွင့်လွှတ်ခြင်းကိုရရှိရန် သူ၏ကျိုးစားမှုများဖြင့် ရနိုင်ကောင်း ရနိုင်မည် ဖြစ်သည်။

ကာဣနနှင့် အာဗေလ အချိန်ကတည်းက သခင်ယေရှုခရစ်၌ ယုံကြည်ကိုးစားရန် အပြစ်သားများအဖြစ် ဘုရားသခင်ထံလာ ကြသကဲ့သို့ မိမိတို့၏ နည်းလမ်းများဖြင့် ဘုရားသခင်ထံ လာကြခြင်းသည် အစဉ် ရှိနေပြီး ဖြစ်သည်။ သို့သော် ခရစ်တော်၌ မဟုတ်လျှင် အခြား မည်သူ တယောက် ကိုမျှ ဘုရားသခင် လက်မခံပါ၊ အလျှင်း လက်ခံလိမ့်မည် မဟုတ်ပါ။

မှားယွင်းသော ကိုးကွယ်မှု အားလုံးသည် ကာဣနနှင့် အတူ အစပြုခဲ့သည် ကို ကျွန်ုပ်တို့ ပြောနိုင်ပါသည်။

မေးခွန်းများ

၁။ ဘုရားသခင်ဖန်ဆင်းခဲ့ခြင်း၌ အာဒံသည် အပြစ်မရှိ ဖြစ်ပါသလား။

(က) ဟုတ်သည်။

(ခ ) မဟုတ်ပါ။

၂။ ဘုရားသခင်က အာဒံနှင့် ဧ၀ကို ...........အပင်၏အသီးကို မစားရန်အမိန့်ပေးခဲ့၏။

(က) အသက်

(ခ ) ကောင်း၊ မကောင်း သိသော၊

၃။ စာတန်၏အကြံသည်………………………

(က) ဧ၀ သည် ဘုရားသခင်ကို မနာခံရန် အတွက် လှည်ဖြားရန်။

(ခ ) သူကိုယ်တိုင် ဥယျာဉ်ရှိ အပင်အားလုံး၏အသီးစားရန်၊

၎။ အဘယ်ကြောင့် ဧ၀သည် စာတန်၏လှည့်ဖြားခြင်း ခံခဲ့ရပါသနည်း။

(က) သူမသည် ဘုရားသခင်၏နှုတ်ကပတ်တော် ကို မယုံသောကြောင့် ဖြစ်သည်။

(ခ ) သူမသည် အာဒံထက် သာ၍ ချက်ချာပါးနတ် လိုသောကြောင့် ဖြစ်သည်။

၅။ စာတန်သည် အာဒံနှင့်တိုက်ရိုက် စကားပြောခဲ့ပါသလား။

(က) ဟုတ်သည်။

(ခ ) မဟုတ်ပါ။

၆။ အာဒံ၏အပြစ်သည် ဘာဖြစ်ပါသနည်း။

(က) ဧ၀နှင့် အတူနေခြင်း၊

(ခ ) မနာခံခြင်း၊

(ဂ ) အ၀တ် အချည်းစီး ရှိခြင်း။

၇။ ရုပ်ခန္ဓာ သေခြင်းသည် ……………မှ…………တို့ ကွဲကွာခြင်းဖြစ်သည်။ ၀ိညာဉ်ပိုင်းသေခြင်းသည်………….မှ …………………ကွဲကွာခြင်း ဖြစ်သည်။

(က) ၀ိညာဉ်၊ ကိုယ်ခန္ဓာ၊ ဘုရား၏၀ိညာဉ်၊ လူ၏၀ိညာဉ်

(ခ ) ကိုယ်ခန္ဓာ၊ အသက်၊ သမ္မာကျမ်းစာ။ လူများစွာ။

၈။ မည်သည့် ညီအစ်ကိုက ဘုရားကို နာခံခဲ့ပါသနည်း။

(က) ကာဣန

(ခ ) အာဗေလ

၉။ ဤ သင်ခန်းစာအတွက် သော့ချက် ကျမ်းပိုဒ်ကို သင်သည် အလွတ်ရပါသလား။

(က) ဟုတ်သည်။

(ခ ) မဟုတ်ပါ။

၁၀။ အောက်တွင် လေ့ကျင့်ရန်အတွက် ချရေးပါ။



Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support