HCF

HCF MYANMAR IN SINGAPORE

Saturday, May 29, 2010

နံဝိညာဉ်ဖြင့်ကိုးကွယ်ခြင်း



သင်ခန်းစာ (၃)
နံဝိညာဉ်ဖြင့်ကိုးကွယ်ခြင်း
သင်ခန်းစာ(၂)၌ ထာဝရဘုရားသည် တလောကလုံး၏တရားသူကြီး ဖြစ်ကြောင်း သိရှိရပြီ၊ ထိုတရားသူကြီးက သူ့ ကိုကိုးကွယ်သောသူသည် နံဝိညာဉ်ဖြင့် ကိုးကွယ် ရမည်ဟု ပညတ်ထားသည်။
နံဝိညာဉ်ဖြင့်ကိုးကွယ်ရမည်

သခင်ယေရှုက-ကိုးကွယ်သောသူမှန်သမျှသည် ခမည်းတော်ကို နံဝိညာဉ် နှင့်၎င်း သစ်္စာတရား (သမ္မာတရား)နှင့်၎င်း၊ ကိုးကွယ်ရမည့် အချိန် ကာလသည်လာ၍ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား ထိုသို့ ကိုးကွယ်သောသူတို့ ကိုခမည်းတော်သည် အလိုရှိတော် မူ၏။ဘုရား သခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည်နံဝိညာဉ်နှင့်၎င်းသစ်္စာတရား (သမ္မာတရား) နှင့်၎င်း ကိုးကွယ် ရမည်- ဟုမိန့် တော်မူ၏ (ယော ၄း၂၃-၂၄)။
မည်ကဲ့သို့ ကိုးကွယ်ရမည်နည်း
ဘုရားသခင်ကို မည်ကဲ့သို့ နံဝိညာဉ်ဖြင့် ကိုးကွယ်ရမည်နည်း။ များသော အားဖြင့် ထိုသို့  ယူဆတတ်ကြသည်၊ နံဝိညာဉ်ဖြင့် ကိုးကွယ်ခြင်း ဆိုသည်မှာ။-
(က) စိတ်နှလုံးပါပါနှင့်ကိုးကွယ်ရမည်ဟူ၍၄င်း။

(ခ) စိတ်ရောကိုယ်ပါ ကိုးကွယ်ရမည် ဟူ၍၄င်း။

(ဂ) သစ္စာရှိစွာ ကိုးကွယ်ရမည်ဟူ၍၄င်း ဖြစ်သည်၊

သို့သော် ထိုအရာများသည် နံဝိညာဉ်မဟုတ်သောကြောင့် မှားယွင်းနေပါသည်။ စိတ်နှလုံးသည် ၀ိညာဉ် မဟုတ်ပါ။

ကိုယ်၊ စိတ်၊ ၀ိညာဉ်

ဘုရားသခင်သည် လူကိုဖန်ဆင်းသောအခါ ကိုယ်ခန္ဓာ၊ စိတ်၊ ၀ိညာဉ် သုံးမျိုးပါဝင်လျက် ဖန်ဆင်းခဲ့သည်။ ထိုအထဲ၌ ဘုရားနှင့် တူညီသော အပိုင်းသည် ၀ိညာဉ်ဖြစ်သည်။ လူသည်ထိုဝိညာဉ်အားဖြင့် ဘုရားသခင်နှင့် မိဿဟာရဖွဲ့ နိုင်သည်။ ထိုဝိညာဉ်အားဖြင့်ဘုရားကို ကိုးကွယ်ရမည်။ ထိုဝိညာဉ် အားဖြင့်ဘုရားနှင့် စကားပြောနိင်သည်။ဘုရား၏ အလိုတော်ကိုလည်း သိနိင်သည်။ အကြောင်းမှာ ၀ိညာဉ် အချင်းချင်းဖြစ်သောကြောင့်ဖြစ်သည်။
ရှင်ပေါလုက-ဘုရားသခင်သည်မိမိဝိညာဉ်တော်အားဖြင့်ငါတို့  အားဖေါ်ပြတော်မူ၏- ဟုဆိုထားသည် (၁ ကော ၂း၁၀)၊ တဖန် -ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ၀ိညာဉ်တော်သည် ငါတို့ ၏၀ိညာဉ် နှင့်အတူသက်သေခံတော်မူ၏- ဟုဆိုထားသည် (ရော ၈း၁၆)။ ထို့ ကြောင့် ဘုရားဝိညာဉ်နှင့်လူ၏၀ိညာဉ်ဆက်နေမှသာလျှင်နံဝိညာဉ်ဖြင့် ကိုးကွယ်နိုင်သည်။ အောက်ပါပုံက ဘုရား၏၀ိညာဉ်နှင့် လူ၏၀ိညာဉ်ဆက်စပ်မှုကို ဖေါ်ပြထားသည်၊
အထက်ပါပုံ၌ ဘုရား၏၀ိညာဉ်နှင့် လူ၏၀ိညာဉ်သည်ဆက်နေသည်။ ထို့ကြောင့် လူ၏၀ိညာဉ်သည်ဘုရားသခင်ထံမှ ထာဝရအသက်ကို ရရှိခံစားသည်။ ဘုရား၏ အလိုတော်ကိုလည်း သိသည်။ ထိုအခါ လူ၏၀ိညာဉ်က စိတ်နှလုံးကို အုပ်ချုပ် ညွှန်ကြားနိင် သည်။ တဖန်စိတ်သည် ၀ိညာဉ်၏ညွှန်ကြားချက်အရ ဘုရား၏ အလိုတော်ကိုသိ၍ ကိုယ်ခန်္ဓာကိုညွှန်ကြားနိင်သည်။ ထိုသို့ ဖြင့် စိတ်နှင့် ကိုယ်ခန္ဓာသည် ဘုရား၏အလိုတော်အတိုင်း အသက်ရှင်ခြင်းအားဖြင့် ဘုရား ဘုန်းတော်ထင်ရှားစေနိင်သည်။
ဘုရားနှင့်အဆက်ပြတ်ခြင်း

လူသားအားလုံး၏ဘခင်ဖြစ်သောအာဒံသည်ဘုရားသခင်နှင့်ဆက်စပ်လျက် အခြေအနေကောင်းရာမှ စာတန်၏လုပ်ဆောင်ချက်ကြောင့် ဘုရားနှင့်အဆက်ပြတ် သွားခဲ့သည်။ အာဒံသည်စာတန်၏စကားနားထောင်၍ ဘုရားသခင် တားမြစ် ထားသော ကောင်းမကောင်း သိကျွမ်း ရာ အသီးကိုစားလိုက်သည် (ကမ္ဘာ၊၃း၁-ရ)။ထိုအချိန်မှစ၍ အာဒံသည်ဘုရားသခင်နှင့်အဆက်ပြတ်၍ အပြစ်သား ဘ၀သို့ ရောက်သွားသည် (က ၃း၂၃)။
အထက်ပါပုံအတိုင်း အာဒံသည် ဘုရားစကားနားမထောင်သောကြောင့် သူ၏ ၀ိညာဉ်နှင့်ဘုရားသခင်၏ ၀ိညာဉ်အကြား ဆက်သွယ်မှု ပြတ်တောက် သွားသည်။ ဘုရားနှင့်လူအကြားအပြစ်တိမ်ကာစီးနေသည်။ မိုးတွင်း၌နေထွက် သော်လည်း မိုးတိမ်ကြောင့် နေမတွေ့ နိင်သကဲ့သို့  အပြစ်ကြောင့်ဘုရားနှင့် လူကွာခြားစေသည် (ဟေရှာယ ၅၉း၂)။ ထို့ ကြောင့်ဘုရားသခင်သည် လူဝိညာဉ်ကို ညွှန်ကြားခြင်း မရှိတော့ချေ။ ထာဝရအသက်လည်းဆုံးရှုံးခဲ့ရသည်။ လူ၏ ၀ိညာဉ်သည်ဘုရားနှင့်အဆက်ပြတ်သောကြောင့် အသေဖြစ်ကာ စိတ်နှလုံးကို ညွှန်ကြားခြင်းမရှိတော့ချေ။ ထိုအခါစိတ်သည်ဘုရား၏နေရာကိုယူ၍ မိမိစိတ်ကြိုက် ကိုယ်ခန္ဓာကို ညွှန်ကြားအုပ်ချုပ်လာသည်။ ထို့ ကြောင့် ကိုယ်ခန္ဓာသည် စိတ်၏ အလိုဆန္ဒအတိုင်းသာ အသက်ရှင် လှုပ်ရှားလာတော့သည်။
တိရစ္ဆာန်ဖြစ်
ထိုသို့ စိတ်နှလုံးသည်ကိုယ်ခန်္ဓာကိုအုပ်ချုပ်လျက်နေသောကြောင့်ဘုရား အလိုတော်နှင့်မကိုက်ညီတော့ချေ။ အာဒံ၏၀ိညာဉ်သည် ရှိနေသော်လည်း မရှိ သကဲ့သို့ ဖြစ်သည်။ ထို့ ကြောင့် ကိုယ်ခန္ဓာနှင့်စိတ်၏အလိုသို့ သာ လိုက်ရသည်။ ထိုသို့  စိတ်နှင့်ကိုယ်ခန္ဓာ အလိုသို့ သာ လိုက်သောသူသည် တိရစ္ဆာန်ဖြစ်သည်။ အကြောင်းမှာတိရစ္ဆာန်များလည်းကိုယ်ခန္ဓာနှင့်စိတ်အလိုသို့  သာလိုက်ကြသည်။ သို့ဖြစ်၍ အာဒံသည် လူစင်စစ်မှ တိရစ်္ဆာန်ဘ၀သို့ ကျဆင်းသွားသည်။
အာဒံမှ ဆင်းသက်လာသော လူသားတိုင်းလည်း တိရစ္ဆာန်ဖြစ်သည်။ မွေးစကပင် ၀ိညာဉ်ပိုင်း၌ သေနေလျက်၊ ခန္ဓာကိုယ်ပိုင်း နှင့်စိတ်သာ အသက်ရှင် ကြသည်။ ထို့ ကြောင့် ယာကေသား အာဂုရက- အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ်္ဆာန်ဖြစ်သည်- ဟုဝန်ခံခဲ့သည် (သုတ်္တံ၊၃၀း၂)။


အမျက်တော်ခံရ

ထိုသို့ လူသည် ကိုယ်ကာယနှင့်စိတ်အလိုသာ လိုက်သောကြောင့် ဘုရားသခင်၏ အမျက်တော်ကို ခံရသော သူများဖြစ်ကြသည် (ဧဖက် ၊၂း၃)။ မိတ်ဆွေနှင့်ကျွန်ပ်သည်မွေးစကပင်
(၁) တိရစ္ဆာန်သဘောနှင့်မွေးကြသည်။ထို့ ကြောင့်စိတ်နှင့်ကိုယ်ကာယအလိုသို့သာ လိုက်တတ်ကြသည် (သု ၊၃၀း၂)။

(၂) ဘုရားသခင်နှင့်အဆက်ပြတ်နေသည်။ထို့ကြောင့် ဘုရားသခင်၏အလိုတော်ကို မသိကြ (၁ ကော ၊၂း၁၁-၁၄)။

(၃) ထာဝရအသက်ဆုံးရှုံးသည်။ ထို့ ကြေင့်လောကမှထွက်သွားသောအခါ ငရဲသို့သွားရမည် (က ၊၃း၁ရ ၊ ၂၁-၂၄)။

(၄) ဘုရား၏အမျက်တော်ခံရသောသူများဖြစ်ကြသည်။ထို့  ကြောင့်ပျော်ရွှင် ငြိမ်သက်မှုမရှိ (ဧဖက် ၊၂း၃)။

ငရဲမီးအိုင် သင်္ချိုင်း

အထက်ပါပုံ၌ လူသည်အပြစ်ကြောင့် ဘုရားနှင့်အဆက်ပြတ်၍ တိရစ္ဆာန်ဖြစ် သွားသည်။ ၀ိညာဉ်သည်အသေဖြစ်၍ လူသည် ခန္ဓာကိုယ်နှင့် စိတ်အလို သို့သာ လိုက်သည်။ ထို့ ကြောင့် ဘုရားအမျက်တော်ခံရသည်။ သို့ ဖြစ်၍ လူသည် လောကမှ ထွက်ခွါသွားသော အခါ စိတ်နှင့်ဝိညာဉ်သည် မီးအိုင် ထဲသို့  ဆင်း၍ ကိုယ်ခန္ဓာသည် မြေကြီးသို့ ပြန်သွားရမည်။
အပြစ်ဖယ်ဘို့ လို

လူသည်မိမိအမြင်၌လူဟု ကိုယ့်ကိုယ်ကို ထင်ရသော်လည်းဘုရားအမြင်၌ တိရစ္ဆာန်ဖြစ်နေပြီ။ ထို့ ကြောင့်ဘုရားကို ကိုးကွယ် လျှင်လည်း စိတ်အားဖြင့်၎င်း၊ ကိုယ်ခန္ဓာအားဖြင့်၎င်းကိုးကွယ်သည်။ သို့ သော်ဘုရားသခင်ကလက်မခံနိုင်။ နံဝိညာဉ်အားဖြင့် ကိုးကွယ်မှ သာလျှင် လက်ခံနိင်မည်။ တနည်းအားဖြင့်လူ၏ ၀ိညာဉ်နှင့် ဘုရားသခင်ပြန်ဆက်ရမည်။သို့  သော်ဘုရားနှင့်လူအကြား၌အပြစ်ရှိနေ သော ကြောင့် နံဝိညာဉ်ဖြင့်ကိုးကွယ်၍ မရချေ။ ထိုအပြစ်ကို ဖယ်ရှားဘို့ လိုသည်။ ထိုအပြစ်အကြောင်းကို သင်ခန်းစာ (၄)ကို လေ့လာကြစို့ ။
သင်ခန်းစာ (၃)မေးခွန်းများ

၁။ ဘုရားသခင်ကို ဘာအားဖြင့်ကိုးကွယ်ရမည်နည်း-------------

၂။ စိတ်ရောကိုယ်ပါ ကိုးကွယ်ခြင်းမှန်ပါသလား၊----------------

၃။ လူ၌ အပိုင်းဘယ်နှစ်ခုရှိသနည်း၊---------------

၎။ ခန္ဓာ၊ စိတ်၊ ၀ိညာဉ်၌ ဘုရားနှင့်တူသောအပိုင်းသည်-------------

၅။ ဘုရား၏အလိုတော်ကို အဘယ်အပိုင်းက သိနိင်သနည်း------------

၆။ ဘုရားကလူ၏ မည်သည့်အပိုင်းကိုညွှန်ကြားသနည်း--------------

ရ။ လူ၏ ၀ိညာဉ်ကမည်သည့်အပိုင်းကိုညွှန်ကြားသနည်း---------------

၈။ စိတ်က မည်သည့်အပိုင်းကို ညွှန်ကြားသနည်း--------------

၉။ ဘုရားနှင့်လူ အဆက်ပြတ်စေသောအရာသည်------------

၁၀။ လူသည် ဘုရားနှင့်အဆက်ပြတ်သောအခါ မည်သူကအုပ်စိုးသနည်း------------

၁၁။ လူသည် ဘုရားနှင့်အဆက်ပြတ်သောအခါ မည်သူ၏ အလိုလိုက်သနည်း-----------

၁၂။ စိတ်နှင့်ကိုယ်ကာယအလိုသာ လိုက်သောသူသည် မည့်သည့်အရာဖြစ်သနည်း၊----------

၁၃။ မိတ်ဆွေသည် မည်သည့်အချိန်မှစ၍ တိရစ္ဆာန်ဖြစ်သနည်း-------------

၁၄။ မွေးစကပင် ဘုရားနှင့်အဆက်ပြတ်သောကြောင့် မည်သူ့ အလိုတော်မသိ သနည်း၊------

၁၅။ မိတ်ဆွေ သေဆုံးသောအခါ ကိုယ်ခန္ဓာသည်မည်သည့်အရာ ဖြစ်မည် နည်း၊------------

၁၆။ မိတ်ဆွေ သေဆုံးသောအခါ ၀ိညာဉ်နှင့်စိတ်သည် ဘယ်နေရာသို့ ရောက်မည် နည်း၊----

၁ရ၊ လူသည် ကိုယ်ခန္ဓာနှင့်စိတ်အလိုသာ လိုက်သောကြောင့် မည်သူအမျက်ထွက် သနည်း၊ ------------။

၁၈။ ဘုရားကို နံဝိညာဉ်ဖြင့် ကိုးကွယ်နိင်ရန် ဘုရားနှင့်လူ၏၀ိညာဉ် မည်သို့ဖြစ်ရမည်နည်း -----------။

၁၉။ ဘုရားနှင့်လူ၏၀ိညာဉ် ပြန်ဆက်နိင်ရန် ဘာကို ဖယ်ရှားရမည်နည်း------------

၂၀။ ဘုရားကိုနံဝိညာဉ်ဖြင့် ကိုးကွယ်လိုပါသလား၊-----------



Share:

1 comment:

  1. (၁၆)နှစ်ခြင်းမခံရသေးဘဲ သေခါနီးလူနာသည် ခရစ်တော်ကိုသိရှိပြီး နှစ်ခြင်း
    ခံချင်ပါသည်ဟုဆိုကာ....နှစ်ခြင်းမခံယူလိုက်ရဘဲ သေဆုံးပါသော်..
    ထိုလူ ၀ိညာဉ်သည် ဘယ်နေရာသို့ ရောက်ရှိနေပါသနည်းးးး။ ဖြေပေးပါ။

    ၁၈။


    ReplyDelete

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support