HCF

HCF MYANMAR IN SINGAPORE

Monday, January 31, 2011

မဟာအမူ့တော်မြတ်ကြီး

မဟာအမှုတော်မြတ်ကြီး

The Great Commission

New Life in Christ Course III

Lesson 19

ဖတ်ရန် ကျမ်းစာ ။ ရောမ၊ ၁ဝ-၁၅။

သော့ ကျမ်းချက်၊ ။''သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။ '' (မာ၊ ၁၆း၁၅)

အသင်းတော်နှင့် ပတ်သက်သော အံဘွယ်သောအကြောင်းအရာ အချို့ကိုလေ့လာခဲ့ပြီ။ အသင်းတော်သည် ခရစ် တော်၏ခန္ဓာ ဖြစ်ကြောင်း ကျွန်ုပ်တို့လေ့လာခဲ့၏။ ခရစ်တော်သည် အသင်းတော်၏ဦးဂေါင်းဖြစ်ပြီး၊ ယုံကြည်သူများသည် သူ့ခန္ဓာ၏ အဖွဲ့ဝင်များဖြစ်သည်။

စာတန်၏မကောင်းမှုစနစ်များ အလယ်၌ ခရစ်တော်သည် သူ၏အားကြီးသော၊ အောင်မြင်သော တန်ခိုးနှင့် အလုပ် လုပ်နိုင်ခြင်း၊ ထင်ရှားနိုင်ရန် သူ၌ခန္ဓာ ရှိတော်မူသည်။ အသင်းတော်အားဖြင့် ဤလောက၌ သူ၏အသက်တာနှင့် သူ၏ အလုပ်များကို ဖေါ်ပြလျက်ရှိသည်။

ဤသင်ခန်းစာ၌ အသင်းတော်သည် လုပ်ဆာင်ရန်ရှိသည်ဟု ယူဆရသော အသင်းတော်၏သာသနာပြုခြင်း အကြောင်းကို စဉ်းစားကြမည်။

အသင်းတော်၏သာသနာပြုခြင်းဆိုသည်မှာ အဘယ်နည်း။ အသင်းတော်၏သာသနာပြုခြင်းသည် ဤလောကရှိ လူတိုင်းအား ဧဝံဂေလိ သတင်းကောင်းကို ကြေညာခြင်းဖြစ်သည်။ ဤ အမှု၌ ယုံကြည်သူတိုင်း၏ အခန်းကဏ္ဍပါဝင်သည်။ သခင်ယေရှုက''သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရား ကို ဟောကြလော့။''ဟုဆို၏။

သခင်သည် သူ၏တပည့်တော်များကို အမိန့်ပေးခဲ့စဉ်မှစ၍ နှစ်ပေါင်း နှစ်ထောင်ရှိခဲ့ပြီ၊ သို့သော်လည်း ယနေ့ ကယ်တင်ခြင်းသို့ မရောက်ကြ သော လူ သန်းပေါင်းများစွာ ရှိနေဆဲဖြစ်သည်။ ကယ်တင်ခြင်းသို့မရောက်သော လူ အုပ်စု နှစ်စု ခွဲနိုင်သည်။

(၁) သတင်းစကားကိုကြားရပြီးသော်လည်း ၄င်းကို ငြင်းပယ်သောသူများ။

(၂) သတင်းစကားကို တခါမျှ မကြားသေးသော သူများ။

ဤ သင်ခန်းစာ၌ ကျွန်ုပ်တို့သည် ဒုတိယအုပ်စုဖြစ်သော သတင်းစကားကို တခါမျှ မကြားရသေးသောသူများ နှင့် ဘုရားသခင်၌ မှန်သောအသိပညာ မရှိသော သူများအကြောင်းကို စဉ်းစားကြမည်။ ထိုသူများ၏ ဝိညာဉ်ရေးရာ အခြေအနေ နှင့် ၄င်းတို့နှင့် ပတ်သက်၍ လုပ်ဆောင်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘာပြောခဲ့သည်ကို ကျွန်ုပ်တို့မြင်လိုသည်။

သတင်းစကားကို မကြားရသေးသောသူများ၏ အခြေအနေကား အဘယ်နည်း။ သူတို့သည် ဝိညာဉ်ရေးရာ မှောင် မိုက်၌ ရှိပြီး စာတန်၏တန်ခိုးအောက်၌ ရှိကြသည်။ အကြောင်းမှာ သူတို့သည် ကြောက်စရာကောင်းသော ဒုစရိုက်များကို ပြု ကြသည်။ သစ်သားနှင့်ကျောက် အရုပ်များကို ပြုလုပ် ကိုးကွယ်ကြသည်။ သူတို့သည် ဝိညာဉ်ဆိုးများကို ကြောက်ရွံ့ခြင်း၌ အသက်ရှင်နေကြရသည်။ သူတို့ သေရန် ကြောက်ကြသည်။ အချို့သော တိုင်းပြည်များတွင် မိခင်များသည် မိမိတို့၏ခလေး များကို မိကျောင်းစာကျွေးခြင်း၊ မိမိတို့ ကိုယ်ကို ရှနခြင်း၊ အနာတရဖြစ်စေခြင်းများကို ပြုလုပ်ကြသည်။ ဤအရာများကို သူတို့ ဘာကြောင့် ပြုကြပါသနည်း။ ဤအရာများကိုပြုခြင်းဖြင့် သူတို့၏ဒုစရိုက်အပြစ်များ ခွင့်လွှတ်ခြင်း ခံရလိမ့် မည် ဖြစ်ကြောင်း သွန်သင်ခြင်း ခံခဲ့ရသောကြောင့်ဖြစ်၏။

အချို့သောတိုင်းပြည်များတွင် လူတို့သည် မြို့ပြယဉ်ကျေးမှု မြင့်မားကြသော်လည်း သူတို့ ဘုရားကို မသိကြပါ။ သူတို့သည် သစ်သားနှင့်ကျောက် အရုပ်များကို မကိုးကွယ်ကြသော်လည်း သူတို့သည်လည်း ဝိညာဉ်ရေးရာမှောင်မိုက်နှင့် စာတန်၏တန်ခိုးအောက်တွင် ရှိနေကြသည်။ သူတို့ကို ကျမ်းစာ၌ရေးထားသည်မှာ'' ဤလောကတွင် ဘုရား မရှိခြင်းနှင့်၊ ခရစ်တော် မရှိလျှင်၊ မြော်လင့်ခြင်းလည်း မရှိနိုင်ပါ။''

အမှန်မှာ ခရစ်ယာန်နိုင်ငံများတွင် ဧဝံဂေလိ သတင်းစကားကို ငြင်းပယ်ကြသူများသည်လည်း သတင်းစကားကို မကြားရ သေးသော သူ များထက်သာ၍ မကောင်ကြပါ။ သတင်းစကားကိုကြားပြီး၊ ငြင်းပယ်သောသူများသည် ဘုရားသခင် ၏တရား စီရင်ခြင်းကို သာ၍ပြင်းစွာ ခံရကြလိမ့်မည်။ ဧကန်အမှန်ဖြစ်သည်။

ဘုရားသခင်သည် လူများ သူ့ကို သိသောပညာမပါရှိခြင်းနှင့် ဖန်ဆင်းခဲ့ပါသလား။ သူသည် ထိုသို့မပြုခဲ့ပါ။ လူ ကိုဘုရားသခင်၏ပုံသဏ္ဍာန် နှင့်အညီ ဖန်ဆင်းခဲ့၏။ သို့သော် လူသည် ဘုရားသခင်ထံမှ ဝေးရာသို့ လှည့်ထွက်ခဲ့၏။

ရောမသြဝါဒစာ ပထမအခန်းကြီးတွင် ကျွန်ုပ်တို့ဖတ်ရသည်မှာ ဘုရားထံမှ လူ၏ကျဆင်းခြင်းဖြစ်သည်။''...ထိုသူ တို့သည် ဘုရားသခင်ကို သိလျက်ပင် ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်းမသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံး မိုက်မဲခြင်းသို့ရောက်ကြ၏။ ပညာရှိယောင်ဆောင်လျက်နှင့်လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊-မဖေါက်ပြန် မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကို ပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော၊ လူ၏ရုပ်ထု၊သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်ထုတို့ကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။...''ဟုဆို သည်။ (ရော၊ ၁း၂၁-၃၂)။ ထိုမှ လူသည် ကြောက်ဖွယ်သော ဒုစရိုက်မကောင်းမှုများနှင့်အကျင့်ဖေါက်ပြန်ပျက်စီးခြင်း ထဲသို့ရောက်ရှိ သွားခဲ့၏။ သို့ဖြင့် လူသည် ဝိညာဉ်ရေးရာ အလင်းထဲမှ ဝိညာဉ်ရေးရာ မှောင်မိုက်ထဲသို့ ရောက်ခဲ့၏။

ဧဝံဂေလိသတင်းစကားကို တခါမျှ မကြားဘူးသော သူတိုင်း ပျောက်ဆုံးပျက်စီးခြင်းသို့ ရောက်ပါသလား။ အမှန် သူတို့ ပျက်စီးခြင်းသို့ ရောက်ပါသည်။ ခရစ်တော်ကို မရသောသူတိုင်း ပျက်စီးခြင်းသို့ရောက်သည်။ ဒုစရိုက်အပြစ်များနှင့် သေသော သူတိုင်း ထာဝရဘုရားသခင်နှင့် အစဉ် ကွဲကွာပြီ၊ မီးအိုင်ထဲတွင် နေရကြလိမ့်မည်။ ကျမ်းစာက''မတရားသော သူတို့နှင့်ဘုရားသခင်ကိုမေ့လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကိုခံရကြလိမ့်မည်။''ဟုဆိုသည်။ (ဆာလံ၊ ၉း၁၇)

ဧဝံဂေလိသတင်းစကားကို မကြားဘူးသော သူများ ပျောက်ဆုံးပျက်စီးခြင်းသို့ အဘယ်ကြောင့် ရောက်ရသနည်း။


သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရသောအကြောင်းရင်း နှစ်ချက်မှာ၊

(၁) သူတို့သည် အပြစ်သားများဖြစ်သည်။

(၂) သူတို့သည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် မသိကြပါ။

ထို လူများတို့၌ ဘုရားသခင်၏နှုတ်ကပတ်တော် ကျမ်းစာ မရှိသော်လည်း သူတို့ မှားသောအရာများကို ပြုလုပ် ခြင်းကို သူတို့ သိကြသည်။ မည်ကဲ့သို့သိသနည်း။ ဘုရားသခင်က သူ၏တရားတော်များကို သူတို့၏စိတ်နှလုံးနှင့် သြတ္တပ စိတ်တွင် ထည့် ပေးထားခြင်းကြောင့်ဖြစ်သည်။ သူတို့သည် လိမ်ညာခြင်း၊ခိုးခြင်း၊လူသတ်ခြင်း၊လိင်ဖေါက်ပြန်ခြင်း၊ သေစေ ခြင်းနှင့်အခြားသော မကောင်းသောအရာများ မှားသောအရာများကို သိပြီ၊ သူတို့ ပြုလုပ် ကြသည်။ ထိုကြောင့် သူတို့သည် အပြစ်သားများဖြစ်ကြပြီ၊ သူတို့၏အပြစ်များအတွက် တရားစီရင်ခြင်းကို ခံရကြမည်။ ကျမ်းစာက ''...ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်''ဟုဆို၏။(ယေဇ၊ ၁၈း၎)

သူတို့၏ဘာသာတရားများက သူတို့ကို ကယ်တင်နိုင်ပါသလား။ လူအများ ယုံကြည်ကြသည်မှာ လူသည် မိမိ၏ ဘာသာတရားအပေါ် ဖြောင့်မှန်ခဲ့သော် ဘုရားသခင်သည် သူတို့ကို ကယ်တင်လိမ့်မည်။ ဤအရာ မှန်ပါသလား။ မမှန်ပါ။

ကျမ်းစာ၌ ရှင်းလင်းစွာ ဆိုသည်မှာ လူသည် သခင်ခရစ်တော်ယေရှုကို သူ၏ ကယ်တင်ရှင်အဖြစ် လက်ခံခြင်းမရှိ လျှင် ထို ပုဂ္ဂိုလ်သည် ကယ်တင်ခြင်းသို့ မရောက်နိုင်ပါ။ ခရစ်တော်သည် ကယ်တင်ရှင်ဖြစ်သည်။ တစ်ဦးတည်းသော ကယ်တင်ရှင်ဖြစ်သည်။ သခင်ယေရှုက'' ယေရှု က၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မတရားလည်းဖြစ်၏။ အသက် လည်း ဖြစ် ၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။''ဟု ဆိုသည်။ (ယော၊ ၁၄း၆)

ကယ်တင်ခြင်းသည် ခရစ်တော်၌နှင့် သူ့တစ်ဦးတည်း၏အထဲ၌ သာလျှင်ရှိသည်။ ကျမ်းစာက''ထိုသခင်၏နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမ တစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထို သူတို့အား မြွက်ဆို၏''ဟုဆိုသည်။(တ၊ ၄း၁၂)

ရုပ်ထုကိုကိုးကွယ်ကြသောသူများသည် မိမိတု့၏ဘာသာတရား၌သစ္စာရှိ၊ဖြောင့်မှန်သော်လည်း၊ သူတို့၏ကိုးကွယ်ခြင်းကို ဘုရားသခင်သည် လက်ခံ၍မရပါ။ ကျမ်းစာကဆိုသည်မှာ၊ လူများ ရုပ်ထုကို ပူဇော်ခြင်းသည် အမှန်တကယ်မှာ သူတို့သည် စာတန်နှင့် သူ၏ဝိညာဉ်ဆိုးများကို ကိုးကွယ်ခြင်း သာ ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် မှားသော ဘာသာ တရားများကိုမုန်းခြင်းနှင့် ရုပ်ထုကိုကိုးကွယ်သောသူများကို သူ လက်မခံနိုင်ခြင်းကို သင် သိမြင်နိုင်သည်။

ထိုသူများ ကယ်တင်ခြင်းသို့ ရောက်နိုင်ပါသလား။ အမှန်တကယ် ကယ်တင်ခြင်းသို့ ရောက်နိုင်သည်။ ဧဝံဂေလိ သတင်းစကားသည် လူတိုင်း အတွက်ဖြစ်သည်။ ကျမ်းစာက ဆိုသည်မှာ ခရစ်တော်၏ဧဝံဂေလိ သတင်းစကားသည် ''ယုံ ကြည်သမျှသော သူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်''(ရော၊ ၁း၁၆)

အရေးကြီးသော မေးခွန်း လေးခု

ကျမ်းစာက''အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့''ဟုဆိုသည်။ သို့သော် သတင်းစကားကို မကြားရသောသူများနှင့်ပတ်သက်၍ ကျမ်းစာက မေးခွန်းများ မေး လျက်ရှိပါသည်။

၁။ သခင်ယေရှုကို မယုံကြည်လျှင် သူ၌ အဘယ်သို့ ပဌနာပြုနိုင်မည်နည်း။

၂။ သူတို့သည် သခင်ယေရှု၏အကြောင်း သိတင်းစကားကို မကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။

၃။ ဟောပြောသောသူကို မစေလွတ်လျှင် သူတို့သည် အဘယ်သို့ ကြားနိုင်မည်နည်း။

၎။ ဟောပြောသူကို မစေလွတ်လျှင် သူသည် အဘယ်သို့ ဟောပြောနိုင်မည်နည်း။ (ရော၊ ၁ဝး၁၄-၁၅ ကြည့်ပါ)

လူသည် သခင်ယေရှု၌မယုံကြည်လျှင် သူတို့သည် ယေရှု၌ ပဌာနာပြုနိုင်ပါသလား။ သူတို့ မပြုနိုင်ပါ။ ခရစ်တော် ၏ သတင်းကို မကြားလျှင် သူတို့ ခရစ်တော်ကို ယုံကြည်နိုင်ပါသလား။ မယုံနိုင်ပါ။ တစ်စုံတဦးသည် ကြားပြောခြင်းမရှိလျှင် သူတို့ ဘယ်ကဲ့သို့ ကြားနိုင်မည်နည်း။ မကြားနိုင်ပါ။ ထို့အတွက်ကြောင့် သူတို့သည် ကယ်တင်ခြင်းသို့ရောက်ရန် သင်သည် သခင်ယေရှု၏အကြောင်းကို သူတို့ထံ သွားရောက် ပြောရပေမည်။

သခင်ယေရှုအကြောင်း သူတို့ကို မည်သူ ပြောနိုင်ပါသနည်း။ ကယ်တင်ခြင်းသို့ ရောက်သောသူများ ဖြစ်သည်။ ကျမ်းစာက ''ထိုသို့ ဖြစ်သော် ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည်ယေရှုခရစ်အားဖြင့် ငါတို့၏ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိသဟာယ ဖွဲ့စေတော်မူ၏။ ထိုမိသဟာယတရားကို ဟောရသောအခွင့်အရာကို ငါတို့၌အပ် ပေးတော်မူ၏။''ဟုဆိုသည်။(၂ကော၊ ၅း၁၈)

မဟာအမှုတော်မြတ်ကြီးသည် ကျွန်ုပ်တို့သခင်၏ အမိန့်ဖြစ်ပြီ၊ သူ၏တပည့်တော်များ ဧဝံဂေလိ သိတင်းကို လောက တခုလုံးရှိ လူအပေါင်းတို့ အား ဟောပြောရန်ဖြစ်သည်။ ယေရှုက''သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိ သမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။'' (မာ၊ ၁၆း၁၅)


မဟာအမှုတော်မြတ်ကြီးသည် ဆောင်ရွက်၍ ပြီးပြည့်စုံပြီလား။

မပြီးပြည့်စုံသေးပါ။ သန်းပေါင်းများစွာသောသူများတို့သည် ဝိညာဉ်ရေးရာမှောင်မိုက်နှင့် စာတန်၏တန်ခိုး အောက်၌ ရှိနေကြဆဲဖြစ်သည်။ လောကထဲရှိ လူများစွာတို့သည် ကျမ်းစာကိုတခါမျှ မမြင်ဘူးသလို၊ သခင်ယေရှု၏နာမကို လည်း မကြားဘူးကြပါ။ သူတို့၌ ခရစ်တော် မရှိပါ။ မြှော်လင့်ခြင်းလည်း မရှိကြပါ။ ရုပ်ထုကိုကိုးကွယ်သော အမျိုးသမီး တစ်ဦး ၏စကားသည် ကျွန်ုပ်တို့၏စိတ်ကို လှုပ်ရှားစေသင့်ပါသည်။ သူမက'' သင်၏လူများကို ကျွန်ုပ်တို့ လျှင်မြန်စွာ သေအံ့ဆဲဆဲ ဖြစ်နေသည်ကိုပြောပါ။ သတင်းစကားကို အနည်းငယ် သာ၍ အလျှင်အမြန် မပို့ဆောင်နိုင်ဘူးလား၊ သူတို့ကို ပြော ပေးပါ။''ဆိုပါသည်။

အီဂျစ်ပြည်တွင် သာသနာပြုတစ်ဦးသည် သခင်ယေရှု၏ချစ်ခြင်းမေတ္တာနှင့်ဆိုင်သော အကြောင်းအရာကို ပြောပါ သည်။ သူ၏သတင်းစကား ပြီးဆုံးသောအခါ အမျိုးသမီး တစ်ဦးကပြောသည်မှာ ''အံ့ဘွယ်ရာကောင်းသော အကြောင်းအရာ တခု ဖြစ်ပါသည်။ သင်၏တိုင်းပြည်ရှိ လူများ သင်ပြော သော အကြောင်းအရာကို ယုံကြည်ကြပါသလား။'' သာသနာပြု ဆရာက ဟုတ်ကဲ့ ယုံကြည်ကြပါသည်။ အမျိုးသမီးသည် ခဏမျှ စဉ်းစားပြီး ပြောသည်မှာ'' သူတို့ ယုံကြည်နိုင်မည်ဟု ကျွန်မ မထင်ပါ။ သို့ဖြစ်လျှင် သူတို့ ကျွန်ုပ်တို့ကို လာရောက်ကြားပြောရန် အကြာကြီး စေါင့်နေလိမ့်မည် မဟုတ်ပါ။''


တလောကလုံး ဧဝံဂေလိသိတင်းစကားကို ကြားရကြမည်။

လူအပေါင်းတို့အား ဧဝံဂေလိသိတင်းစကားကို ဟောပြောရန် သခင်ယေရှုသည် ကျွန်ုပ်တို့အား အမိန့်ပေးခဲ့၏။ သူ၏အမိန့်ကို ကျွန်ုပ်တို့ နာခံ ကြရမည်။ သိတင်းစကားကို ပျောက်ဆုံးသောသူများထံ ပို့ဆောင်နိုင်လျက်နှင့် ကျွန်ုပ်တို့ မလုပ်ဆောင်ခဲ့သော် ဘုရားသခင်သည် ကျွန်ုပ်တို့၏တာဝန်ရှိမှု အပေါ် အရေးယူပေလိမ့်မည်။ ကျမ်းစာက''သင်သည် အမှန် သေလိမ့်မည်ဟု၊လူဆိုးအား ငါပြောလျက်နှင့်သင်သည်သတိမပေး၊ လူဆိုး၏အသက်ကို ချမ်းသာစေခြင်းငှါ၊လူဆိုးအား သတိ ပေးသောစကားကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေလိမ့်မည်။ သူ၏အသက်ကိုကား သင်၌ ငါတောင်းမည်'' ဟုဆိုသည်။(ယေဇ၊ ၃း၁၈)

ပျောက်ဆုံးသောသူများ၏ ကြောက်ဖွယ်ကောင်းသောအခြေအနေနှင့် ကျွန်ုပ်တို့၏တာဝန်ရှိမှုမှ လွတ်ကင်းရန် ကျွန်ုပ်တို့၏မျက်စိများကို မမြင်ဟန်ဆောင် ပိတ်ထား၍မရပါ။ ခရစ်ယာန်တိုင်းသည် တနေ့သောအခါ ခရစ်တော်၏ တရား ပလ္လင်တွင် ရပ်လျက် ကယ်တင်ခြင်းသို့ရောက်ပြီးနောက် သူ၏အသက်တာ အကြောင်းအရာများကို ပြောဆို ဖြေကြား ရပေ လိမ့်မည်။ လူတိုင်းအား သိတင်းစကားကိုပြောဆိုရန် စေလွတ်နိုင်လျက်နှင့် ကျွန်ုပ်တို့ ပြုလုပ်ရန် ပျက်ကွက်ခဲ့သော်၊ ကျွန်ုပ်တို့၏ လျစ်လျှူရှု ပြုမှုအတွက် သခင်ဘုရားထံ အဖြေပေးရပေလိမ့်မည်။ ထိုသူများ၏ လိုအပ်မှုများကို မသိပါဟု ကျွန်ုပ်တို့ မပြော ဆိုနိုင်ပါ။ သခင်ယေရှုက ''ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလဖြစ်လိမ့်မည် ဟုသင်တို့ ဆိုတတ်သည် မဟုတ် လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်းအလိုငှါ လယ်ပြင်တို့သည် ယခုပင် ဝင်းဝင်းရှိသည်ကို မျှော်၍ ကြည့် ကြ လော့။'' ဟုဆို သည်။ (ယော၊ ၄း၃၅)


ကျွန်ုပ် ဘာလုပ်နိုင်ပါသနည်း

သို့ဖြစ်လျှင် သတင်းစကားကိုတခါမျှ မကြားရသေးသောသူများ ကယ်တင်ခြင်းသို့ရောက်ရန် အခွင့်အရေးကိုရရန် အလို့ငှါ၊ ထိုသူတို့ထံ သတင်းစကားရောက်ရှိရန် ဘုရားသခင်၏ညွှန်ကြားမှုဖြင့် ယုံကြည်သူတိုင်း သူတို့တတ်နိုင်မျှအားလုံး လုပ်ဆောင်ရပေမည်။ မဟာအမှုတော်မြတ်ကြီး ပြီးမြောက်ရန်အတွက် ခရစ်ယာန်တိုင်းအတွက် ဘုရားသခင်၌ အလုပ်ရှိသည်။ သင်သည်ပြောပါ၊ ကျွန်ုပ် ဘာပြုလုပ်နိုင်ပါသနည်း။ ပြုလုပ်ရန် ဤနေရာ၌ အကြောင်းအရာ ငါးမျိုး ရှိသည်။


၁။ သက်သေခံပါ။ အခြားသောသူများကို သတင်းစကားပြောရန် သခင်ယေရှု၏အတ္ထုပ္ပတ္တိကို သိခဲ့ပြီးသော ခရစ်ယာန် တိုင်းအတွက် ဤလောကကြီးကို ဧဝံဂေလိပြုရန် ဘုရားသခင်၌အကြံအစည်ရှိသည်။ သင်၏နှုတ်သက်သက်မျှသာမဟုတ်ပါ အသက်တာအားဖြင့်လည်း ဖြစ်သည်။ သခင်ယေရှုက''သင်တို့သည် ငါ၏သက်သေဖြစ်ကြ လိမ့်မည်...''ဟုဆို၏။ ယခုပင် အစပြုပါ။ သင် အမှန် ရှိနေသောနေရာတွင် သခင်ယေရှုအဖို့ သက်သေခံ ဖြစ်စေပါ။


၂။ ဆုတောင်းပါ။ ကယ်တင်ခြင်းမရသေးသောသူများထံ သာသနာပြုများကို ဘုရားသခင် စေလွတ်ရန် ကျွန်ုပ်တို့ ဆု တောင်းနိုင်သည်။ ဘုရားသခင်စေလွတ်ခဲ့ပြီးသော သာသနာပြုများအတွက် ကျွန်ုပ်တို့ နေ့စဉ် ဆုတောင်းပေးနိုင်သည်။ သခင် ယေရှုက'' သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင် စေလွှတ်တော်မူမည် အကြောင်း ဆုတောင်းကြလော့။''ဟုဆိုသည်။ (လု၊ ၁ဝး၂)


၃။ ပေးလှူပါ။ ဘုရားသခင်၏အလုပ်တွင် ပေးလှူခြင်းသည် ထိုအလုပ်၌ရှယ်ယာထည့်ဝင်ခြင်းဖြစ်ပြီး၊ တနေ့သောအခါ ဆုလပ် အကျိုးကို ပြန်လည်ဝေမျှ ခံစားရရှိပေလိမ့်မည်။ ကျွန်ုပ်တို့သည် ပညာရှိစွာ ပေးလှူသင့်သည်။ ကျွန်ုပ်တို့၏ ငွေကြေး ကို သစ္စာရှိစွာ သတင်းစကား ကြားပြောသော သူများကို ပေးလှူရန် ရှာ၍ မြင်တွေ့ပါ။ ကျွန်ုပ်တို့၏ငွေကြေးများကို အခြား သောသူများ ထာဝရအသက်ရရန်အတွက် အသုံးပြုနေခြင်းကို သိပြီ၊ ကျွန်ုပ်တို့ ဝမ်းမြောက်ခြင်းနှင့် ပေးလှူ သင့်ပါသည်။


၎။ ပြင်ဆင်မှုကိုပြုလုပ်ပါ။ ကျွန်ုပ်တို့သည် သခင်ဘုရား၏ အသုံးတည့်သောသူတယောက်ဖြစ်လိုသော် ကျွန်ုပ်တို့မိမိ ကိုယ်ကို ပြင်ဆင်မှု ပြုရပေမည်။ ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းချက်များကို အလွတ်ကျက်မှတ်ခြင်းများအတွက် ကျွန်ုပ်တို့ နေ့စဉ် အချိန် သီးသန့် ထားရှိ ပြုလုပ် နိုင်သည်။ သင်၏တန်ဆာပလာများကို အသင့်ဖြစ်စေပါ၊ ဘုရားသခင်သည် သင်အား အသုံးပြုပေလိမ့်မည်။


၅။ သွားပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ့ကို အစေခံရန် အလိုရှိခဲ့သော် သူ့ကို ကျွန်ုပ်တို့မေးလျှောက်ရန် မလို အပ်ပါ။ ဘုရားသခင် သည် သူ၏သားသမီးတိုင်းကို သူ့ကိုအစေခံရန် ခေါ်လျက်နေသည်။ သင်နှင့်ကျွန်ုပ် မေးရမည့် တခု တည်းသော မေးခွန်းမှာ '' သခင်ဘုရား၊ ကျွန်ုပ်၌ ကိုယ်တော် ဘာပြုလုပ်လိမ့်မည်နည်း''ဖြစ်သည်။


သင်ဘာပြုလုပ်မည်နည်း။
သင်သည် ဘုရားသခင်ကို မသိသောသူတို့၏ ကြောက်ဖွယ်ကောင်းသော အခြေအနေ နှင့် အကြောင်း အရာ အချို့ကို လေ့လာခဲ့ရပြီ၊ ထိုသူများထံ သတင်းစကားရောက်ရှိရန် ခရစ်ယာန်တယောက်ဖြစ်သော သင်၏တာဝန်များကို သင်သည် လေ့လာခဲ့ပြီး ဖြစ်သည်။


ယခု မေးခွန်းမှာ၊ သင် ဘာပြုလုပ်မည်နည်း။

သင် ရှိနေသောနေရာ၌ သခင်ယေရှုအတွက် သစ္စာရှိသော သက်သေခံတယောက် အဖြစ် ဖြစ်လိုပါသလား။ ဘုရားသခင်သည် လုပ်ဆောင်သောသူများကို စပါးရိတ်ရာကွင်းသို့ စေလွတ်ရန် သင်သည်ဆုတောင်းပေးမည်လား။ အခြားသူများ ကြားစေရန် သင်သည် ပေးလှူမည်လား။ သင်သည် သခင်ဘုရား၌ သာ၍ထိရောက်စွာ အစေခံရန် သင့် ကိုယ် ကို ပြင်ဆင်ပါ။ ဘုရားသခင် သင့်အား ခေါ်သောနေရာသို့ သင်သည် သွားမည်လား။


''အသက်တာသည် တဘာဝ ခဏသာဖြစ်သည်။ အလျှင်အမြန် ကုန်ဆုံး သွားပေလိမ့်မည်။ ခရစ်တော်အတွက် ပြုလုပ် ခဲ့သောအရာများသာလျှင် ကြာရှည်တည်ရှိပေလိမ့်မည်။''

မေးခွန်းများ


၁) အသင်းတော်၏သာသနာပြုခြင်းသည်၊

(က) ငွေရရန် လုပ်ဆောင်ခြင်း

(ခ ) လောကရှိ လူတိုင်းအား ဧ၀ံဂေလိ သတင်းကောင်းကို ကြေညာခြင်း။


၂) မှန် (သို့) မှား ။ လောကရှိ ကယ်တင်ခြင်းမရသေးသောသူများကို အုပ်စု နှစ်စုအဖြစ် ခွဲခြားနိုင်သည်။

(၁) ဧ၀ံဂေလိ သတင်းကောင်းစကားကို ကြားသော်လည်း ငြင်းပယ်သောသူများ၊

(၂) ဧ၀ံဂေလိသတင်းကောင်းစကားကို တခါမျှ မကြားသောသူများ။

(က) မှန် (ခ ) မှား


၃) ဧ၀ံဂေလိသတင်းကောင်းစကား မကြားရသောသူများသည်၊

(က) ၀ိညာဉ်ရေးရာ မှောင်မိုက်၌ရှိပြီး၊ စာတန်၏တန်ခိုးအောက်၌ရှိသည်။

(ခ ) နိုင်ငံရပ်ခြား တိုင်းပြည်များ၌ ရှိသည်။


၎) ဘုရားသခင်သည် သူ့ကို သိသောပညာ မပါရှိသော လူအဖြစ် လူကို ဖန်ဆင်းခဲ့ပါသလား။

(က) မှန် (ခ ) မှား


၅) မှန် (သို့) မှား။ ဧ၀ံဂေလိ သတင်းကို တခါမျှမကြားရသောသူများ ဆုံးရှုံးခြင်းသို့ရောက်ရသော အကြောင်းရင်း နှစ်ချက်မှာ

(၁) သူတို့သည် အပြစ်သားများ ဖြစ်သည်။

(၂) သူတို့သည် ခရစ်တော်ကို သူတို့၏ကယ်တင်ရှင် အဖြစ် မသိကြပါ။

(က) မှန် (ခ ) မှား


၆) ရုပ်တုကိုးကွယ်ကြသူများ သူတို့၏ဘာသာတရားများ၌ ရိုးသားစွာ သစ္စာရှိခဲ့လျှင်၊ ဘုရားသခင် သူတို့ကို ကယ်တင်မည်လော။

(က) ကယ် (ခ ) မကယ်


၇) လူများ ရုပ်တု၌ ပူဇော်ခြင်းသည် သူတို့……အမှန် ကိုးကွယ်ခြင်းဖြစ်သည်။

(က) စာတန်

(ခ ) သူတို့ ပူဇော်သော အရာ ရုပ်တု ဖြစ်သည်။


၈) သခင်ယေရှု၌ ယုံကြည်ခြင်းမရှိဘဲ သူ့ကို ဆုတောင်းပဌနာပြုရနိုင်ပါသလား။ သူ၏အကြောင်းကို တခါမျှမကြားဘဲနှင့် သူ့ကို ယုံကြည်နိုင်ပါသလား။ တစုံတယောက်မှ ကြားပြောခြင်းမရှိလျှင် သူတို့ကြားနိုင်ပါသလား။

(က) ဟုတ် (ခ ) မဟုတ


၉) မဟာအမှုတော်မြတ်ကြီးသည်၊

(က) ကျွန်ုပ်တို့ ကောင်းကင်ဘုံသို့ရောက်သောအခါ ကျွန်ုပ်တို့ ရရှိကြလိမ့်မည်။

(ခ ) လောကနေရာအနှံသို့ သွားပြီး ဧ၀ံဂေလိသတင်းကောင်းကို ဟောပြောရန် ဘုရားသခင်၏အမိန့် ဖြစ်သည်။


၁၀) မဟာအမှုတော်မြတ်ကြီး ပြီးပြည့်စုံခြင်းသို့ ရောက်ပြီလား။

(က) ရောက် (ခ ) မရောက်


၁၁) ဤ သင်ခန်းစာအတွက် သော့ချက်ကျမ်း ကို သင် အလွှတ် ကျက်မှတ်ပါသလား။

(က) ကျက်မှတ်သည် (ခ ) မကျက်မှတ်သေးပါ


အန်ဒရူး



Share:

ဘုရားသခင်ကို အသက်တာ ဆက်ကပ်ခြင်း

ဘုရားသခင်ကို အသက်တာ ဆက်ကပ်ခြင်း

Consecration

New Life in Christ Course III

Lesson 16

ဖတ်ရန်ကျမ်းချက်။ ရော၊၁၂း၁-၂။

သော့ချက်ကျမ်း။ ရော၊၁၂း၁။

ခရစ်တော်ထဲ၌ ဘုရားက ကျွန်ုပ်တို့အတွက် ပြုလုပ်ပေးခဲ့သော အံ့ဘွယ်သောအရာများကို လေ့လာခဲ့ပြီးဖြစ်သည်။ ခရစ်တော်ထဲ၌ မှောင်မိုက် နိုင်ငံမှ လွှတ်မြောက်စေသည်သာမက အပြစ်တန်ခိုး၊ ဇာတိ၊လောကနှင့်စာတန်ချည်နှောင်ခြင်းများမှ လည်းလွှတ်မြောက်စေခဲ့ပြီ။ ခရစ်တော် ကိုယ်တိုင် ပြန်လာ၍ ကျွန်ုပ်တို့နှင့်အတူ ရှိခြင်းအားဖြင့် ပညတ်တရားက တောင်းဆိုသော ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ ကျင့်နိုင်

ရန် ပြုလုပ်ပေးပါသည်။

ဤအံ့သြဘွယ်အရာများ အားလုံးကို ဘုရား၏ကျေးဇူးတော်အားဖြင့် ဖြစ်သည်။ သေခြင်းမှတပါး ကျွန်ုပ်တို့ ဘာမျှ မထိုက်တန်ပါ။ ဘုရားက ကျွန်ုပ်တို့အပေါ် ကြီးစွာသောကောင်းကြီးများကို အခမဲ့ပေးသနားခြင်းဖြစ်သည်။ ယခုဘုရားသခင်သည် သူ့အတွက် တစုံတခု ပြု လုပ်ပေးရန် ကျွန်ုပ်တို့အား ပြောနေပါသည်။

ဘာကိုပြုလုပ်ပေးရန် ကျွန်ုပ်အား၊ ပြောနေပါသနည်း

သူ့ကို ကျွန်ုပ်တို့ ဆက်ကပ်ရန် ပြောနေပါသည်။ ဘုရားက သူ့ကျွန်ပေါလုအားဖြင့် ပြောနေခြင်းကို ကြားကြပါစို့။(ရော၊၁၂း၁)

ဆက်ကပ်ခြင်းကား အဘယ်နည်း။

အခြေခံကဘာလဲ။ ဆက်ကပ်ခြင်း၏အဖြေကား ဘာလဲ။ ဤမေးခွန်းများသည် အရေးကြီးပါသည်။ေ လ့လာရင်း အဖြေရှာကြမည်။ ဆက်ကပ် ခြင်း၏အဓိပ္ပါယ်။ ဆက်ကပ်ခြင်းသည် မိမိ၏အလိုဆန္ဒအစား မိမိအသက်တာကို ဘုရား၏အလိုဆောင်ရန် ပေးခြင်းဖြစ်သည်။ မိမိ၏ကိုယ်ကိုအသက်ရှင် သော ယဇ်အဖြစ် တင်ဆက်ခြင်းဖြစ်သည်။

ဓမ္မဟောင်းကာလ၊ ဘုရားသခင်အားပူဇော်သောယဇ်သည် အသေကောင်ယဇ်ဖြစ်သည်။ ကျွန်ုပ်တို့ကို ပလ္လင်ပေါ်တင်လျှက် အသေခံယဇ်ပြု ရန် မတောင်းဆိုပါ။ သို့သော် အသက်ရှင်သောယဇ်အဖြစ် ပြုရန်ဖြစ်သည်။ အဓိပ္ပါယ်မှာ သူ့အတွက် အသက်ရှင်ဘို့ရန် အလိုရှိသည်။

ဓမ္မဟောင်းခေတ်ယဇ်သည် သခင်ယေရှု၏ပုံရိပ်ဖြစ်သည်။ ဥပမာ-သိုးတကောင်ဖြင့် အပြစ်ဖြေရာယဇ်သည် ခရစ်တော်သည် ကျွန်ုပ်တို့၏ ဒုစရိုက်အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ် အသေခံခြင်း၏ပုံရိပ်ဖြစ်သည်။ အပြစ်နှင့်မဆိုင်ဘဲအခြားသောယဇ်တခုမှာမီးရှိုရာယဇ်ဖြစ်သည်။

မီးရှိုရာယဇ်

မီးရှိုရာယဇ်သည် ဘာကိုကိုယ်စားပြုပါသနည်း။ သခင်ယေရှုသည် မိမိ၏အသက်တာကို ခမည်းတော်၏အလိုတော်ကို ဆောင်ရန်ပေးအပ်ခြင်း ဖြစ်သည်။ ဤဆက်ကပ်ခြင်းသည် ဘုရားအဘို့ အလွန်မှတန်ဘိုးရှိပြီ၊ ဤဆက်ကပ်ခြင်းနှင့်ပတ်သက်၍ များစွာသင်ယူနိုင်သည်။

ဆက်ကပ်ခြင်းသည် မိမိ၏စိတ်ဆန္ဒအလိုအလျောက် ဖြစ်သည်။

မီးရှိုရာယဇ်နှင့်စပ်လျှင်း၍ ကျမ်းစာ၌''သင်တို့တွင် တစုံတယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သက္ကာပြုလိုလျှင်၊''ဟုဆိုသည်။ (ဝတ်၊၁း၂) ပူဇော်ခြင်းသည် ''ထာဝရဘုရားအား''အလိုအလျှောက် ပူဇော်ခြင်း ဖြစ်ရပေမည်။ ကျွန်ုပ်၏အသက်တာကို မပြုမနေရ ဆက်ကပ်ရန် မဟုတ်ပါ။ သူက''တိုက်တွန်းနိုးဆော်ခြင်း''သာဖြစ်သည်။ ဘုရားသခင်က သူ့ကိုချစ်လျှက်၊ သူ့အား အစေခံလိုခြင်းကိုသာ အလိုရှိပါသည်။

ဆက်ကပ်ခြင်းသည်ထာဝရဘုရားအဘို့

ဆက်ကပ်ခြင်းပြုရာတွင် တရားဟောဆရာ(သို့)သာသနာပြုဆရာ တယောက်ဖြစ်လာရန် အသက်တာပေးခြင်းကို ဆိုလိုပါသလား။ ထိုသို့ မဟုတ်ပါ။ ကျွန်ုပ်သည်အိမ်၌၄င်း၊ ကျောင်း၌၄င်း၊ အလုပ်၌၄င်းဘုရားကထားသောနေရာ၌ သူ၏အလိုကိုလုပ်ဆောင်ရန် ဖြစ်သည်။ ထာဝရဘုရား အဘို့ဆက်ကပ်ခြင်းဖြစ်သည်။ ဘုရားသခင်ကသာ ကျွန်ုပ်ကိုဘာလုပ်စေခြင်သည်နှင့် ဘယ်နေရာမှာလုပ်ရမည်ကို ဆုံးဖြတ် သူသည် သူပင် ဖြစ်သည်။ သူသည် ကျွန်ုပ်အတွက် ရွေးချယ်ပေးသောအရာများသည် ကျွန်ုပ်အတွက် အကောင်းဆုံးဖြစ်ကြောင်း စိတ်ချ နိုင် ပါသည်။

ထာဝရဘုရားအား ဆက်ကပ်ခြင်းသည် အသက်တာတခုလုံး ဖြစ်သည်။

မီးရှိုရာယဇ်ပြုရာတွင် ဘုရားက ခွင့်ပြုသော အကောင် လေးမျိုးသာ ဖြစ်သည်။ ချမ်းသာသောသူများသည် နွားထီးကို၎င်း၊ အလယ်အလတ် ချမ်းသာ သူများက သိုးထီးကို၎င်း၊ ထိုအရာများကို မတတ်နိုင်သူများက ချိုးတကောင်(သို့)ခိုတကောင်ကို ယူလာရ၏။ ပူဇော်မှုတခု စီတိုင်း၌ တကောင် လုံးကို ပူဇော်ခြင်းဖြစ်သည်။ ဤထက်လျှော့နည်းသောအရာများကို ဘုရားက လက်မခံပါ။

ဤပူဇော်ခြင်းများက ထာဝရဘုရားအား ပူဇော်ခြင်းသည် အသက်တာတခုလုံးဖြစ်ကြောင်းကို ပြောနေခြင်းဖြစ်သည်။ အသက်တာ၏အပိုင်း တပိုင်း ကိုသာ ဘုရားအားပေးခြင်းနှင့် ကျန်သောအပိုင်းကို ကိုယ့်အဘို့ ထားရှိခြင်းကို ကျွန်ုပ်တို့မပြုလုပ်နိုင်ပါ။ ဤသို့ ပြုလုပ်ခြင်းက ဘုရား၏ စိတ်တော် နှင့် မတွေ့နိုင်သလို ကျွန်ုပ်တို့လည်း စိတ်ကျေနပ်ခြင်းကိုရမည် မဟုတ်ပါ။ ခရစ်ယာန်အသက်တာ၏ အလုံးစုံသော ဝမ်းမြောက်ခြင်းနှင့် ကောင်းကြီး မင်္ဂလာအပေါင်းသည် ဘုရားသခင်အား ထိန်ချန်ခြင်းလုံးဝမရှိဘဲ၊ အားလုံးပေးအပ်ခြင်းအပေါ်၌ တည်ပါသည်။

ဆက်ကပ်ခြင်းသည် နောက်ဆုံးအကြိမ်နှင့်အပြီး ဖြစ်သည်။

ယဇ်ကောင်ကို ယဇ်ပလ္လင်ပေါ်ထာဝရဘုရားအားပူဇော်ခြင်းပြုရန် တကြိမ်ထားရှိခြင်းဖြင့် နောက်တဖန်အောက်သို့ပြန်ချခြင်းကို မပြုလုပ်ပါ။ ထာဝရဘုရားအဘို့ သန့်ရှင်းပြီးဖြစ်သည်။''ကျိန်ဆို၍ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့်ရှင်းရမည်။''(ဝတ်၊၂၇း၂၈)

တကြိမ်တည်းနှင့်အသက်တာကို ဘုရားသခင်အဘို့ ဆက်ကပ်ပြီးဖြစ်၍ တဖန်ပြန်၍ မဆက်ကပ်မှုမျိုး ပြုလုပ်၍ မရနိုင်တော့ပါ။ ဘုရားက သူ့အား အသက်တာဆက်ကပ်ခြင်းကို ပြုလုပ်ခြင်းသည် တကြိမ်နှင့်အပြီး ဟုမှတ်ယူပါသည်။

ဆက်ကပ်ပြီးနောက်၊ အပြစ်ထဲသို့ ကျရောက်သောအခါ ဘာဖြစ်မည်နည်း။ နောက်တကြိမ် ပြန်၍ဆက်ကပ်ရန်ပြုလုပ်ရ မည်လား။

ပြုလုပ်စရာမလိုပါ။ အပြစ်ကိုပြုခဲ့သော်၊ ထိုအပြစ်ကိုဘုရားသခင်အား ဖေါ်ပြဝန်ချလျက် တကြိမ်ပြန်လည်၍ ယခင်ကဲ့သို့ ဝမ်းမြောက်စွာ ဘုရားသခင်နှင့် မိသဟာယပြန်လည် ရရှိပေသည်။ ဘုရားသခင်အား ဆက်ကပ်ထားပြီဖြစ်၍ နောက်တဖန်ပြန်လည် ဆက်ကပ်ရန် မလိုအပ် တော့ပါ။

ဆက်ကပ်ခြင်းသည် အဆက်မပြတ် တလျှောက်လုံး ဖြစ်သည်။

မီးရှိုရာယဇ်ပူဇော်ခြင်းသည် နံနက်တိုင်း၊ ညနေတိုင်းဖြစ်သည်။ နေ့တိုင်း အဆက်မပြတ် ဖြစ်သည်။ ဤအရာက ဘာကိုဆိုလို သနည်း။ဤ အရာက ကျွန်ုပ်တို့၏ ဆက်ကပ်ခြင်းသည် အဆက်မပြတ် တသမှတ်တည်းဖြစ်ရမည်။ ကျွန်ုပ်၏ဆက်ကပ်ခြင်းသည် ဆက်ကပ် ချိန်မှအစပြုပြီး၊ ထိုနေရာ၌ မပြီးသွားပါ။ ဆက်ကပ်သည်အတိုင်း အသက်ရှင်ရပေမည်။ နေ့တိုင်း ကိုယ်အလိုဆန္ဒအစား ဘုရားသခင်၏ အလို ကိုလုပ်ဆောင်ရန် ပေးအပ်ခြင်း ဖြစ်သည်။ သခင်ယေရှုက ''ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါး ကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။''ဟုဆို၏။(လု၊၉း၂၃)

ဘာကြောင့်ကျွန်ုပ်သည်ဘုရားသခင်အားဆက်ကပ်သင့်ပါသနည်း။ ကျွန်ုပ်ကို သူပိုင်သောကြောင့် ဖြစ်သည်။ ကျမ်းစာက''... သင် တို့ ကိုယ်ခန္ဓာသည် ...သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကိုမိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူဖြစ်သောကြောင့်...''(၁ကော၊၆း၁၉-၂ဝ)''...အသက်ရှင်သည်ဖြစ်စေ၊သေသည်ဖြစ်စေ၊ သခင်ဘုရား ဆိုင်တော် မူ၏။''ဟု ဆိုသည်။ (ရော၊၁၄း၈) ဤကျမ်းချက်များက မိမိကိုယ်မိမိ မပိုင်ကြောင်းနှင့် ထာဝရဘုရားသည် ပိုင်တော်မူသည်။ ကျွန်ုပ်တို့ကို အသွေးနှင့်ဝယ်ခဲ့ပြီးဖြစ်သည်။ သခင်ယေရှု၏အသွေးတော်နှင့် ဝယ်ခဲ့ခြင်းဖြစ်သည်။ ကျမ်းစာ၌''...ရွှေငွေအစရှိသော ဖေါက်ပြန် ပျက်စီးတတ် သောဥစ္စာနှင့်သင်တို့ကို ရွေးတော်မူသည် မဟုတ်။-အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။''ဟုဆိုသည်။(၁ပေ၊၁း၁၈-၁၉)

သခင်ယေရှုသည် ကျွန်ုပ်ကိုရွေးခဲ့၏။ သူသည် သခင်ဖြစ်သည်။ သူသည် ကျွန်ုပ်ကိုပိုင်သည်။ ကျွန်ုပ်ကို ပိုင်ဆိုင်ချိန်မှစ၍ သူ့ကိုကျွန်ုပ် ပေးဆက်ရပေမည်။ ကျွန်ုပ်ကိုပိုင်ပါသလား၊ မေးရန်မဟုတ်ပါ။ ကျွန်ုပ်ကိုသူပိုင်ဆိုင်ခဲ့ခြင်းကြောင့် ကျွန်ုပ်က ဘာပြန်ပေးခဲ့ပြီးလဲ။

ဆက်ကပ်ခြင်းသည်ခရစ်တော်သည်ပိုင်ရှင်ဖြစ်ကြောင်းကိုသိမှတ်ခြင်းဖြစ်သည်။ ''ကိုယ်တော်သည် ကျွန်ုပ်အား ပိုင်ခွင့်ရှိပြီး၊ ကျွန်ုပ်သည် ရွေးချယ်ခြင်းဖြင့် ကိုယ်တော်ပိုင်သောသူ ဖြစ်ခြင်ပါသည်။ ''ကျမ်းစာ၌ အသစ်မွေးဘွားခြင်း ခံပြီးသူတိုင်း''ဆက်ကပ်ခြင်းကို ပြုအပ်သောဝတ်''ဟု ရှင်းလင်းစွာ ပြောထားပါသည်။

ဆက်ကပ်ခြင်း၏အရင်းခံ အကြောင်းအရာ။

ခရစ်တော်၏ချစ်ခြင်းမေတ္တာ၊ကဆက်ကပ်ခြင်းကို ဖြစ်စေသည်။ ကျမ်းစာက''ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက် သွေးဆောင်၏။'' (၂ကော၊၅း၁၄) ခရစ်တော်၏ချစ်ခြင်းက နှလုံးသားကို တို့ထိသောအခါ ကျွန်ုပ်မတတ်နိုင်သော်လည်း ကျွန်ုပ်ရှိ အရာအားလုံးကို သူ့အား ပေးအပ်ရန် သူ၏ရှေ့မှောက် ဒူးထောက် စေပါသည်။

ဆက်ကပ်ခြင်း၏ရည်ရွယ်ချက်။

ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ်၏အသက်တာ၌ လုပ်ဆောင်ရန်ဖြစ်သည်။ ကျွန်ုပ်၏အထဲ၌ ဘုရား၏အလိုကို သခင် ယေရှုက အမှန် လုပ်ဆောင် ပေးပါသည်။ ''ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် ၊-မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှု ခရစ်အားဖြင့် သင်တို့၌ပြုတော်မူ၍၊ သင်တို့သည် အလိုတော်သို့လိုက်မည်အကြောင်း၊ ကောင်းသောအကျင့်အမျိုးမျိုး၌ သင်တို့ကို ပြုပြင် ပါစေသော။ ''(ဟေဗြဲ၊၁၃း၂ဝ-၂၁)သခင်ယေရှုသည် မြေကြီးပေါ်ရှိခဲ့စဉ် ခမည်းတော်၏အလိုကိုသာဆောင်ခဲ့ကြောင်း ခရစ်ဝင်ကျမ်းများက ပြောပါသည်။

တမန်တော်ဝတ္ထု၌လည်း တမန်တော်များနှင့် တပည့်တော်များအားဖြင့် ခမည်းတော်၏အလိုကို ဆက်လက်လုပ်ဆောင်ပါသည်။ ယနေ့ ဘုရား သခင်၏အလိုတော်ကို ကျွန်ုပ်တို့အားဖြင့် လုပ်ဆောင်လိုသည်။ ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ်တို့ကိုယ်ခန္ဓာကို အသက်ရှင် သောယဇ် အဖြစ် ပေးအပ်ရန် သူ ကျွန်ုပ်တို့ကို သူလိုအပ်သည်။ ကျွန်ုပ်တို့၏လက်များ၊ခြေများနှင့်နှုတ်များကို အသုံးပြုရန် သခင်သည် အလိုရှိသည်။ ကျမ်းစာ၌''ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့်ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ ပြု အပ်သောဝတ်ကို ပြုမည်အကြောင်း၊ဘုရားသခင်၏ ဂရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါ တိုက်တွန်း နှိုးဆော်ပေ၏။'' (ရော၊၁၂း၁) အသက်တာကို လုံးလုံး ပေးအပ်ပါက သူ၌ခမည်းတော်သည် လုပ်ဆောင်သကဲ့သို့ ကျွန်ုပ်တို့အားဖြင့် သူက လုပ် ဆောင်ပေမည်။

ဘယ်ကဲ့သို့ ဆက်ကပ်မည်နည်း။

သေခြင်းမှ ထမြောက်အသက်ရှင်သော သူကဲ့သို့ ''ဘုရားထံ ဆက်ကပ်ရပေမည်။ အတ္တအသက်တာဟောင်းနှင့်ဆက်ကပ်ရန် ဘုရားသခင် အလိုမရှိပေ။ ခရစ်တော်၌ အသက်တာသစ်ဖြင့်သာ ဘုရားက သူအား ပေးရန်အလိုရှိသည်။ ''...သေခြင်းမှထမြောက်၍ အသက်ရှင် သော သူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ် ဆက်ကြလော့။''(ရော၊၆း၁၃) ဘုရားက အသက်တာဟောင်းကို အသုံးမပြုနိုင်ပါ။ ''သေခြင်း မှ အသက်ရှင်သော သူ'' များသာ အစေခံနိုင်ပါသည်။ ငါသည် ခရစ်တော်နှင့်အတူ အသေခံခြင်း၊ သူနှင့်အတူသဂြိုလ်ခြင်းနှင့် တဖန်သူနှင့် အတူ ထမြောက်ခြင်းကို မြင်လာမှ သာလျှင် ကျွန်ုပ်၏အသက်တာကို အမှန်တကယ်၊ ဆက်ကပ်နိုင်ပေလိမ့်မည်။

ဆက်ကပ်ခြင်း၏အကျိုး

မိမိ၏အကြံအစည်၊ ဝါသနာနှင့်အလိုဆန္ဒများကို သေစေပြီး၊ ဘုရားသခင်၏အလိုကိုသာ လုပ်ဆောင်ရန်အသက်ရှင်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ပုံစံနမူနာဖြစ်သည်။ သူသည်လူ၏အမြင်၌ ကြီးမြတ်သူတယောက်(သို့)သူ၏ အလိုကို လုပ်ဆောင်ရန် ဤ လောကသို့ ကြွဆင်း လာခဲ့ခြင်း မဟုတ်ပါ။ ခမည်းတော်၏အလိုကို ဆောင်ရန်ဖြစ်သည်။ သူသည် ဘုရားဖြစ်တော်မူသည်။ သို့သော် နှိမ့်ချ လျှက် အစေခံကျွန်၏သဏ္ဍာန်ကို ခံယူခဲ့ပြီး၊ ကါးတိုင်သို့တိုင်အောင် အသေခံကာ ခမည်းတော်၏အလိုကိုဆောင်ကာ နာခံခဲ့ပါသည်။ ဘုရား သခင် က ကျွန်ုပ်တို့အား ''ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။''(ဖိ၊၂း၅)

သင်သည် ဆက်ကပ်ခဲ့သော် နာမည်ကျော် တရားဟောဆရာတဦး(သို့)ဧဝံဂေလိတဦး ဖြစ်လာလိမ့်မယ်လို့ မထင်ပါနှင့်။ကယ်တင် ရှင်သခင် ကိုယ်တိုင် အထင်သေးခံရခြင်းနှင့် ငြင်းပယ်ခြင်းကို ခံခဲ့ရပါသည်။ ကျွန်ုပ်တို့သည် သူ၏အစေခံများဖြစ်သည်။ ကျမ်းစာက ''... ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်။ တမန်သည်လည်း စေလွှတ်သောသူထက်သာ၍ ကြီးမြတ်သည်မဟုတ်။''(ယော၊၁၃း၁၆) လူ၏အမြင်၌ မကြီးမြတ်သော် လည်း ဆက်ကပ်ခြင်း၌ ကောင်းကြီးများစွာ ရှိပါသည်။

ဆက်ကပ်ခြင်း၏ ကောင်းကြီးကား အသက်တာ၌ ဘုရားသခင်၏ပြည့်စုံသော အလိုတော်ကို၊ တွေ့ရှိခြင်းဖြစ်သည်။ ဘုရားသခင်၌ သူ၏ သားသမီးတိုင်းအတွက် အလုပ်ရှိပေသည်။ ''အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည်ကောင်းသောအကျင့်ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူ နှင့်ပြီ။'' (ဧ၊၂း၁ဝ) အသက်တာကို ဆက်ကပ်သောအခါ ကျွန်ုပ်တိုအတွက် အလုပ်ကိုဖေါ်ပြပေမည်။ အသက်တာ၌ ဘုရား၏အလိုတော်ကို တွေ့ရှိပြီး လုပ်ဆောင်သောအခါ ကြီးစွာသောကျေနှပ်ခြင်းကိုရရှိလာပေမည်။ ဘုန်းတော်ထဲ၌ သခင်ယေရှုနှင့် ဝမ်းမြောက်ခြင်း၌ တွေ့ဆုံချိန်ခါ၊ သူပြောမည့် စကားကိုစဉ်းစားသော်''အရှင်ကလည်း၊ သာဓုသစ္စာရှိသော ငယ်သားကောင်း၊ သင်သည်အမှု ငယ်၌ သစ္စာစေါင့်လေပြီ။ များစွာသောအမှု အခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟုမိန့်တော် မူ၏။''(မ၊၂၅း၂၁)

ဘုရားသခင်က ကျွန်ုပ်တို့၏ခန္ဓာကို အသက်ရှင်သောယဇ်အဖြစ် ပေးဆက်ရန်ပြောနေပါသည်။ ဤအရာအတွက် အစားထိုးရန် အခြားမရှိပါ။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ခရစ်ယာန်ဆိုင်ရာအလုပ်များကိုလုပ်ခြင်း၊ သက်သေခံခြင်း၊ ဘုရားကျောင်းသွားခြင်း စသည်တို့သည် ကောင်းကြပါ သည်။ သို့သော် ထိုအရာများအားဖြင့် ဆက်ကပ်ခြင်းနေရာ၌ အစားထိုး၍မရပါ။

သင့်အား ဘုရားသခင် စကားပြောနေပါသည်။ သင့်ကို သူပိုင်ကြောင်းကို သင်သိပါသလား။ သင့်ကို၎င်း၊ သင် ပိုင်ဆိုင်သော အရာ များနှင့်အချိန် နာရီမျာကို၎င်း၊ သူသည်ပိုင်ဆိုင်ကြောင်းကို သင်သည်သိပါသလား။ သင့်အတွက် ဘုရားက ပြုလုပ်ပေးခဲ့သော အရာများကို စဉ်းစား ခဲ့ဘူး ပါသလား။ ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို ခံစားရပြီး သင့်အသက်တာကို သူ့အား ပြန်လည် ပေးဆပ် လိုပါသလား။ ယနေ့ စဉ်းစား ပြီးဆုံးဖြတ်ပါ။ ဘုရားသခင်သည်၊ သင့်အားကောင်းကြီးပေးပါစေသော။

မေးခွန်းများ

၁) ဆက်ကပ်ခြင်းဆိုသည်မှာ

(က) အသက်ရှင်သောယဇ်အဖြစ်ဖြင့် အသက်ရှင်ခြင်း။

(ခ ) ဘုရားသခင်၏အလိုကိုဆောင်ရန် ကျွန်ုပ်၏အသက်တာ ဘုရားသခင်ကို ပေးဆက်ခြင်း။

(ဂ ) အထက်ပါ အရာများအားလုံး။

၂) မီးရှို့ရာယဇ် ကိုယ်စားပြုသောအရာသည်

(က) ဘုရားသခင်ဘို့ ကျွန်ုပ်တို့သည် ဘာမျှတန်ဘိုးမရှိသောအရာဖြစ်သည်။

(ခ ) သခင်ယေရှုသည် ခမည်းတော်၏အလိုတော်ဆောင်ရန် သူ၏အသက်တာကို ပေးအပ်ခြင်းဖြစ်သည်။

၃) ကျွန်ုပ်၏အသက်တာကို ထာဝရဘုရားသခင်အား ဆက်ကပ်သောအခါ တရားဟောဆရာ သို့မဟုတ် သာသနာပြုဆရာ ဖြစ်လာရန် ကျွန်ုပ် အသက်တာကို ပေးခြင်းဟု ဆိုလိုခြင်းဖြစ်သည်။

(က) မှန် (ခ ) မှား

၎) ကျွန်ုပ်၏အသက်တာ တပိုင်းကို ထာဝရ ဘုရားသခင်အားပေးခြင်းနှင့် တပိုင်းကို ကျွန်ုပ် အတွက် ချန်ထားခြင်းကို ပြုလုပ်နိုင်ပါသလား။

(က) မှန် (ခ ) မှား

၅) အဘယ်ကြောင့် ဘုရားသခင်၌ ကျွန်ုပ် အသက်တာ ဆက်ကပ် ရပါသနည်း။ အကြောင်းမှာ၊

(က) ကျွန်ုပ်ကို သူပိုင်သည်။

(ခ ) အခြားသူများအမြင်၌ ကြည့်၍ ကောင်းသည်။

၆) ကျွန်ုပ်အတွက် သခင်ယေရှု ပေးဆပ်ခဲ့ရသော အဖိုးအခ ကား မည်သည့်အရာနည်း။

(က) သူ၏အသွေးတော်၊

(ခ ) ၁၀၀၀၀ ဒေါ်လာ၊

၇) ဆက်ကပ်ခြင်း၏ရည်ရွယ်ချက်သည်

(က) ထိုနောက် သင်သည် အမှန် သန့်ရှင်းလာသည်။

(ခ ) ကျွန်ုပ်၏အသက်တာ၌ ဘုရားသခင်၏အလိုကို လုပ်ဆောင်နိုင်ရန် ဖြစ်သည်။

၈) ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဘုရားသခင်ထံ ပေးဆက်ရန် သမ္မာကျမ်းစာက ဆိုထားသည်။

(က) သေခြင်းမှ အသက်ရှင်သောသူများကဲ့သို့၊

(ခ ) အညီအမျှ ဖြစ်သော

၉) ဆက်ကပ်ခြင်း၏ရလဒ်သည်

(က) ကောင်းကင်ဘုံသို့ရောက်ရန် သင်၌စိတ်ချ သေချာစေသည်။

(ခ ) ကျွန်ုပ်၏အကြံအစည်နှင့် အလိုဆန္ဒများကို ကျွန်ုပ်သေစေခြင်းဖြစ်သည်။

၁၀) ကျွန်ုပ်၌ ကြီးစွာသောကျေနပ်အာရခြင်းသည် …………….မှလာသည်။

(က) လူများက ကျွန်ုပ်၏လိုအပ်မှုကိုဖြည့်ပေးခြင်း၊

(ခ ) ကျွန်ုပ်၏အသက်တာ၌ ဘုရားသခင်၏အလိုတော်ကို ရှာဖွေခြင်းနှင့် ၄င်းကို လုပ်ဆောင်ခြင်း။

ဤ သင်ခန်းစာပါ သတင်းစကားက သင့်အသက်တာ ခရစ်တော်ထံ ဆက်ကပ်ခဲ့သော် ၄င်း အကြောင်းအရာကို သိရှိ ၀မ်းမြောက်လိုပါသည်။

အန်ဒရူး



Share:

Saturday, January 22, 2011

မည်ကဲ့သို့ခရစ်ယာန်အသက်တာကိုရှင်မည်နည်း

How to Live a Christian Life
New Life in Christ Course III
Lesson 15
ဖတ်ရန်ကျမ်းချက်။ ထွက်၊ ၂ဝး၁-၁၇။ဂလာ၊ ၃း၁၃-၂၆။


သော့ ကျမ်းချက်။ "ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံပြီ၊ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင် မရှင် ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခု ငါရှင်သော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဘို့ ကိုယ်ကို စွန့် တော်မူ၏။" ဂလာ၊၂း၂ဝ
ပညတ်တရား အကြောင်း လေ့လာမည်။ ခရစ်ယာန်တယောက်ဖြစ်လာရာ၌ ပညတ်တရား၏ ပါဝင်မှု အခန်းကဏ္ဍ၊ ပညတ်တရား အားဖြင့် ရသော ဖြောင့်မတ်ခြင်းကို ခရစ်တော်က မည်ကဲ့သို့ ပြည့်စုံပေးခဲ့ပါသနည်း။ ပညတ်တရားအကြောင်း ကိုစဉ်းစားခြင်းဖြင့် အစပြုကြပါစို့။


ထာဝရဘုရား၏ပညတ်တရား။


ပညတ်တော်ကိုဆိုလိုသည်။ ဘယ်ကလာသနည်း။ ဘုရားသည် မောရှေအား ပညတ်တော် ဆယ်ပါးကို သိန တောင် ပေါ်တွင် ပေးခဲ့၏။ ဘုရားသခင် ကိုယ်တိုင် လက်တော်ဖြင့် ကျောက်ပြားပေါ် ရေးခဲ့၏။ ''ငါမှတပါး အခြားသော ဘုရားကို မကိုးကွယ်နှင့်။-ရုပ်ထုဆင်းထု ကို ကိုယ်အဘို့ မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ -သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆို နှင့်-ဥပုတ်နေ့ကို သန့်ရှင်းစေခြင်းငှါ၊ ထို နေ့ရက်ကို အောက်မေ့လော့။-သင်၏ ဘုရား သခင် ထာဝရဘုရား ပေးသနားတော် မူသောပြည်၌ သင်၏ အသက်တာ ရှည်မည် အကြောင်၊ သင်၏မိဘကို ရိုသေစွာ ပြုလော့။-လူအသက်ကို မသတ်နှင့်။-သူ့မယားကို မပြစ်မှားနှင့်။- သူ့ ဥစ္စာကို မခိုးနှင့်။- ကိုယ်နှင့် စပ်ဆိုင်သော သူ တဘက်၌ မမှန်သော သက်သေကို မခံနှင့်။-ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အိမ်၊...မယား၊ သူ၏ ကျွန်ယောင်္ကျား၊မိန်းမ၊နွား၊မြည်း၊ မှစ၍ ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာတစုံတခုကိုမျှ တတ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော် မူ၏'' (ထွက်၊၂ဝး၁-၁၇)
ပညတ်တော်ဆယ်ပါးအပြင် သာ၍များသော ပညတ်များကိုလည်း ပေးခဲ့၏။ ပညတ်တရားသည် ဘုရား၏အလိုတော်ကို ဖေါ်ပြပြီး၊ ဘုရား၏ အမြင်၌ အမှန်နှင့်အမှားကို ပြောထားပါသည်။''သင်သည် ချမ်းသာရခြင်းငှါ ၄င်း၊ ... ထာဝရ ဘုရား ရှေ့တော်၌ ဖြောင့်မတ် လျောက်ပတ်သောအမှုတို့ကို ပြုရမည်။''ဟုဆို၏။(တရား၊၆း၁၈-၁၉)။
''ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သတည်း။''(၁ယော၊၃း၎)
''အပြစ်တရား၏အခကား သေခြင်းပေတည်း။''(ရော၊၆း၂၃)


လူသည် ပညတ်တော်ကို စေါင့်ထိမ်းပါသလား။


သခင်ယေရှုမှတပါး မည်သူမျှ မစေါင့်ထိမ်းနိုင်ပါ။ ''မောရှေသည် ပညတ်တရားကို သင်တို့အား ပေးသည် မဟုတ်လော။ ထိုတရား ကို သင်တို့ တွင် တစုံတယောက်မျှမကျင့်။'' (ယော၊၇း၁၉)
''ထိုသို့ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည် ဖြစ်သောကြောင့် ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင် ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့မရောက်ရာ။''(ရော၊၃း၂ဝ)


ပညတ်တရားက မပြုလုပ်ပေးနိုင်သောအရာ။



ပညတ်တရားသည် ကောင်းခြင်း၊ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းရှိသော်လည်း၊ သို့သော် မပြုလုပ်ပေးနိုင်သော အရာ သုံးခုရှိသည်။

၁။ ပညတ်တရားသည် အပြစ်ကို ခွင့်မလွတ်နိုင်။

၂။ ပညတ်တရားသည် ထာဝရအသက်ကိုမပေးနိုင်။

၃။ ပညတ်တရားသည် လူကိုကောင်းအောင် မပြုလုပ်ပေးနိုင်ပါ။

ပညတ်တရားက ဘာလုပ်ရမည်ကိုသာ ပြောပြီး၊ သို့သော် လူကို ပြုလုပ်နိုင်ရန် တန်ခိုးကို မပေးနိုင်ပါ။



ပညတ်တရားကဘာကိုပြုလုပ်ပေးခဲ့ပါသနည်း။



ပညတ်တရားက လူကိုမကယ်နိုင်၊ ကောင်းအောင်မပြုလုပ်ပေးပါ။ သို့ဖြစ်လျင် ဘာကို ပြုလုပ်ပေးပါသနည်း။

၁။ ပညတ်တရားသည် လူ၏အပြစ်ကိုဖေါ်ပြပေးခြင်း။

၂။ ပညတ်တရားသည် အပြစ်သားကိုအပြစ်စီရင်ခြင်း။

၃။ ပညတ်တရားက လူသည်ကယ်တင်ရှင်ကို လိုအပ်ကြောင်းကို ဖေါ်ပြပေးခြင်း။

ဓမ္မဟောင်းကာလ၌ လူကိုပညတ်တရားက ပြုလုပ်ပေးသော အဓိကအချက်သုံးချက်ကို စဉ်းစားကြမည်။



၁။ ပညတ်တရားသည် လူ၏အပြစ်ကိုဖေါ်ပြပေးခြင်း။

''...ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်။''(ရော၊၃း၂ဝ)



၂။ အပြစ်သားကို အပြစ်စီရင်သည်။

လူကိုအပြစ်သားဖြစ်ကြောင်း ဖေါ်ပြပေးသည်သာမက ထိုသူကို သေပြစ်စီရင်သည်။ ''ပြစ်မှားသောသူသည်အသေခံရမည်။'' (ယေဇ၊၁၈း၂ဝ)



၃။ ပညတ်တရားက လူသည် ကယ်တင်ရှင်ကို လိုအပ်ကြောင်းဖေါ်ပြသည်။

လူသည် အပြစ်သားဖြစ်ခြင်းနှင့် သေပြစ်ကို စီရင်ခြင်းခံရခြင်းကြောင့် ကယ်တင်ရှင်ကို လိုအပ်ကြောင်း သိလာသည်။



သူဘာလုပ်မည်နည်း။

ယုံကြည်ခြင်းဖြင့် သိုးတကောင်ကို ယဇ်ပူဇော်ပါသည်။ ယဇ်ကောင်သိုးသည် ထိုသူ၏အပြစ်ကို ဖယ်ရှားပေးခဲ့ပါ သလား။ မပေးခဲ့ပါ။ သို့သော် ကြွလာမည့် မေရှိယ(ယေရှုခရစ်)ဖြစ်သော ဘုရားသခင်၏ သိုးစစ်ကို မြော်ကြည့်၍ ပူဇော် ခဲ့ခြင်းကြောင့် ဘုရားက သူ၏ယဇ်ကို လက်ခံခဲ့ခြင်း ဖြစ်သည်။


ပညတ်တရားကကျွန်ုပ်တို့အားဘာပြုလုပ်ပေးပါသနည်း။



ဓမ္မဟောင်းကဲ့သို့ တူညီသောအချက် သုံးခု ယနေ့ပြုလုပ်ပေးပါသည်။

၁။ အပြစ်ကိုဖေါ်ပြသည်။

၂။ အပြစ်စီရင်သည်။

၃။ ကယ်တင်ရှင်ယေရှုခရစ်ကို လိုအပ်ကြောင်းကို ဖေါ်ပြသည်။

ပညတ်တရား၏ရည်ရွယ်ချက်ကား ''ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်း ခရစ်တော်ထံသို့ ပို့ ဆောင်ပေးပါ သည်။''
''ထိုကြောင့်ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြေင့်မတ်ရာသို့ ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော် ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏အထိန်း ဖြစ်သတည်း။''(ဂလာ၊၃း၂၄)

ကယ်တင်ရှင်ယေရှုခရစ်။



ပညတ်တရားက လူကို ခရစ်တော်ထံသို့ ပို့ဆောင်ခြင်းနှင့်ခရစ်တော်က လူကိုကယ်တင်ရာတွင် ပြုလုပ်ပေးခဲ့ခြင်း များကို ကြည့်ကြပါစို့။

၁။ ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်ခဲ့ခြင်း။

၂။ ပညတ်တရား၏အုပ်စိုးမှုအောက်မှ လွှတ်မြောက်စေခဲ့ခြင်း။

၃။ ခရစ်တော်သည် ကျွန်ုပ်တို့၌ ပြန်၍လာရောက် အတူရှိနေခြင်း။




၁။ ခရစ်တော်သည် ကျွန်ုပ်တို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်ခဲ့ခြင်း။


ပညတ်တရားက လုံးဝနာခံခြင်းကို တောင်းဆိုသည် ဘုရား၏သန့်ရှင်းသော ပညတ်ကိုချိုးဖေါက်သူသည် ပညတ်၏ကျိန်ခြင်း အောက်သို့ ကျရောက်ပါသည်။ ကျမ်းစာက ''အကြောင်းမူကား ပညတ္တိကျမ်းစာ၌ ပါသမျှသောစကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေ သတည်း ဟု ကျမ်းစာလာ၏''ဟုဆို၏။(ဂလာ၊၃း၁ဝ)
ဘုရား၏ ပညတ်ကို ချိုးဖေါက်ခြင်းကြောင့် သေပြစ်၊စီရင်ခြင်းကိုခံရသည်။ သို့သော်ခရစ်တော်သည်ပညတ် ၏ကျိန်ခြင်းမှ ကျွန်ုပ်တို့ကို ရွေးနှုတ် ခဲ့ပြီး။ ကျွန်ုပ်တို့အတွက် အသေခံခြင်းအားဖြင့် ဖြစ်သည်။
''ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကိုခံရသောသူဖြစ်၍ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ။''(ဂလာ၊၃း၁၃)



၂။ ပညတ်တရား၏အုပ်စိုးမှုအောက်မှ ခရစ်တော်သည် ကျွန်ုပ်တို့ကို လွတ်မြောက်စေခဲ့ပြီး။



ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သေခြင်းဖြင့် မှောင်မိုက်နိုင်ငံမှ ဘုရား၏သားတော် နိုင်ငံထဲသို့ ရောက်ခဲ့ပြီး။

''မှောင်မိုက် တန်ခိုး မှလည်း ငါတို့ကို နှုတ်၍၊ ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့သွင်းတော်မူ၏''(ကော၊၁း၁၃)

ပညတ်တရား၏အောက်၊ အပြစ်၏ကျွန်မဟုတ်တော့ပါ။ ကျေးဇူးတရားအောက်ရှိဘုရား၏သားများဖြစ်ခဲ့ပြီး။ ''သင်တို့သည် ပညတ်တရား လက်၌ မရှိ။ ကျေးဇူးတရား လက်၌ရှိသောကြောင့် အပြစ်တရားသည်သင်တို့ကိုမအုပ်စိုးရ''(ရော၊၆း၁၄)


၃။ ခရစ်တော်သည် ကျွန်ုပ်တို့နှင့်အတူ နေရန်ပြန်လာခဲ့သည်။


ဘုရား၏သားသမီးများသည် အမိန့်နာခံခြင်းဖြင့် ကောင်းကင်ဘုံရှင်ဘုရားအား ချစ်ကြောင်း ဖေါ်ပြပါသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ အထဲ ၌ ဘုရားစကား နာခံခြင်းကို ပြုလုပ်ပေးပါသည်။ သူသည် ကျွန်ုပ်တို့နှင့် အတူ ပြန်လါ ရှိနေခြင်းဖြင့် ပညတ်တရားက တောင်းဆိုသော ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့၌ ပြည့်စုံ စေရန်ဖြစ်သည်။ ပညတ်တော် အောက်၌ရှိစဉ် ဖြောင့်မတ်ရန် ကျိုးစားသော်လည်း ကျရှုံးခဲ့သည်။ ကျွန်ုပ်အထဲ၌ ခရစ်တော်ရှိခြင်း အားဖြင့် သူသည် ကျွန်ုပ်တို့၌ ဖြောင့်မတ်ခြင်းကို ပြုလုပ်ပေးပါသည်။
ပညတ်တရားသည် အချင်းချင်းချစ်ရန် အမိန့်ပေးပါသည်။ ဤပညတ်သည် ကောင်းသည် အမှန်ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ မစေါင့်ထိမ်းနိုင်ပါ။ ယခု ခရစ်တော် ရှိနေပြီးဖြစ်၍ သူသည် အခြားသူများကိုလည်း ချစ်သည်။ ထိုသူ များအတွက်လည်း အသေခံခဲ့၏။ ကျွန်ုပ်၏စိတ်တွင် ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ကြွယ်ဝနေလျှင် ကျွန်ုပ်၏ ရန်သူ ကိုပင် ချစ်ပေမည်။ ပညတ်တရားက မလုပ်ပေးနိုင်သော အမိန့်ကိုခရစ်တော်က ပြုလုပ် ပေးပါသည်။ ပညတ်က ''ကိုယ်နှင့်စပ်ဆိုင်သောသူ ကိုကိုယ်နှင့် အမျှ ချစ်လော့။''ဟုဆို၏။(မ၊ ၁၉း၁၉)
''ငါတို့အား ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့စိတ်နှလုံး ထဲသို့ သွန်းလောင်း တော် မူ၏''(ရော၊၅း၅)


ဘယ်ကဲ့သို့ ခရစ်ယာန်အသက်တာ ရှင်မည်နည်း။


တမန်တော်ပေါလုက (ဂလာ၊၂း၂ဝ)၌ ဘယ်ကဲ့သို့ ခရစ်ယာန်အသက်တာ ရှင်ရမည်ကို ပြောထား၏။ ''ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တ်ုင်၌ အသေခံပြီး။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခု ငါရှင်သောအသက်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်း အားဖြင့်တည်၏။ သားတော်သည် ငါ့ကို ချစ်၍ ငါ့အဘို့ ကိုယ်ကို ကိုယ်စွန့်တော်မူ၏''ဟုဆို၏။


ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေခံပြီး''


ခရစ်ယာန်အသက်တာ၌ ဝိညာဉ်ရေးဆိုင်ရာ ရန်သူများကို အောင်ခြင်း၏ အခြေခံသည်ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သေခြင်း ဖြစ်သည်။ ခရစ်တော်နှင့် အတူ သေခြင်း၊ သဂြိုလ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အပြစ်တန်ခိုး၊ အတ္တ၊ဇာတိ၊ လောကနှင့်စာတန် စသည်တို့မှ လွှတ်မြောက်ခဲ့ပြီ။ ဤအမှန်တရားကို သိမှတ်ရမည်။
''ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။'' ဘုရားက လူဟာင်းကို ခရစ်တော်နှင့်အတူ သေစေခြင်းသည် အသက်တာ ဟောင်း ကို အဆုံးသတ်ရန်ဖြစ်ပြီး ခရစ်တော်ကို ကျွန်ုပ်တို့အထဲ၌ အသက်ရှင်စေလိုခြင်းဖြစ်သည်။''
ခရစ်တော်သည် ဘုရား၏တန်ခိုးတော်''ဖြစ်သည်။(၁ကော၊၁း၂၄)။
သူသည် ကျွန်ုပ်တို့အထဲ၌ရှိပြီး၊ ကျွန်ုပ်တို့လိုသောအရာကို ပြုလုပ်ပေးခဲ့ပြီ။ ''ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေ ကြ ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည် အတိုင်း၊ငါတို့၌ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်းဖြစ်တော်မူ၏'' (၁ကော၊၁း၃ဝ)
ခရစ်တော်ထဲ၌ ကျွန်ုပ်ဖြောင့်မတ်ပြီ။ သန့်ရှင်းပြီ။ သွေးဆောင်ခြင်းကို အောင်ပြီ။ ပညတ်တရားက တောင်းဆိုသော ဖြောင့်မတ်ခြင်းကို ခရစ်တော်ကပြုလုပ်ပေးခဲ့ပြီ။ ဘုရားသခင်၏ အလိုတော်ကို အမြဲတမ်းနာခံသောသူ၊ ခရစ်တော်ဖြစ်သည်။ (ယော၊၅း၃ဝ)
''ကိုယ်ခန္ဓာ၌ယခုငါရှင်သောအသက်သည်ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။''ငါ့ကိုချစ်၍အသက်ကိုပေးခဲ့၏။
ခရစ်ယာန် အသက်တာသည် အဘယ်နည်း။ ခရစ်ယာန် အသက်တာသည် ကျွန်ုပ်တို့ အထဲ၌ ခရစ်တော်အသက် ရှင်နေခြင်း ဖြစ်သည်။ ''ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏''(ဖိ၊၁း၂၁)
ခရစ်ယာန် အသက်တာသည် ဘယ်လိုရှင်မည်နည်း။ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ ကျွန်ုပ်တို့အထဲ၌ ခရစ်တော်၏ အသက်ရှိခြင်းနှင့် သူ့ကို ယုံကြည် ကိုးစားခြင်းဖြင့် အသက်ရှင်ခြင်းဖြစ်သည်။ သူ၏အသက်သည် ကျွန်ုပ်တို့ အထဲ ၌ရှိကြောင်းကို သိမှတ်ပါ။ သူသည် သစ္စ္စာနှင့် ပြည့်စုံတော် မူ သည်။
ယနေ့ မှစ၍သူသည် သင့်အထဲ၌ရှိကြောင်းကို အသိအမှတ်ပြုပါ။ တနေ့လုံး မကြာခဏအမှတ်ရစေပါ။ ခရစ်တော်နှင့် သူ၏ လုပ်ဆောင် ပေးခဲ့မှု များ အတွက်ဝမ်းမြောက်ပါ။ သူနှင့် ခဏခဏ စကားပြောပါ။သူ့ကို ချစ်ကြောင်းနှင့်သူ့ကို နှစ်သက်စေသော အရာများကိုသာ သင်သည် လုပ်စေချင် ကြောင်း ကိုပြောပါ။ ပေါလုကဲ့ သိုပြောပါ။ ''ငါ့ကိုခွန် အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။'' (ဖိ၊၄း၁၃)

ရှာဖွေတွေ့ရှိသော ရတနာ
ဘုရားက ပညတ်တရားကို ပေးခြင်းသည် ခရစ်တော်ကို ကျွန်ုပ်တို့ လိုအပ်ကြောင်းကို သိမြင်လာစေသည်။ ခရစ်တော်ကို ရရှိခြင်းဖြင့် ပညတ်တရား၏ ဖြောင့်မှတ်ခြင်းကို ကျွန်ုပ်၌ သူကပြည့်စုံစေဘို့ဖြစ်သည်။

ဆုတောင်းချက်။ အဘဘုရား၊ ကျွန်ုပ်အား ကိုယ်တော်၏အမြင်၌ ကောင်းခြင်းနှင့်အမှန်ကို ဖေါ်ပြပေးသော ကိုယ်တော်၏သန့်ရှင်းသော ပညတ်တရား တော် အတွက် ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏အလိုကိုသာ အစဉ်လုပ်ဆောင်ရန် အလိုရှိပါသည်။ ခရစ်တော်အားဖြင့် ကိုယ်တော်၏စိတ်တော်နှင့် အကောင်းဆုံး တွေ့ရန် ကျွန်ုပ်အထဲ၌ ပြုတော်မူပါ။ ခရစ်တော်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။

မေးခွန်းများ
၁။ ဘုရားသခင်၏ပညတ်တရားသည် ………….ဖေါ်ပြခြင်း ဖြစ်သည်။

(က) အမှန်နှင့် အမှားကို ဖေါ်ပြပေးသည်။

(ခ ) ဘုရားသခင်၏အလိုတော်။

(ဂ ) အထက်ပါ အရာ အားလုံး။



၂။ ဘုရားသခင်၏ပညတ်တရားကို ချိုးဖေါက်ခြင်းသည်၊ ကျွန်ုပ်တို့…………..ကျူးလွန်ခြင်း ဖြစ်သည်။

(က) နောက်တချိန်၌ သာ၍ ကောင်းသောအရာကို လုပ်ရန်။

(ခ ) အပြစ်။







၃။ ပညတ်တရားက မပြုလုပ်ပေးနိုင်သော တတိယမြောက် အကြောင်းအရာကား အဘယ်နည်း။

(က) ပညတ်တရားသည် အပြစ်ကို ခွင့်မလွတ်နိုင်ပါ။

(ခ ) ပညတ်တရားသည် ထာဝရအသက်ရရန် မပြုလုပ်ပေးနိုင်ပါ။

(ဂ ) ပညတ်တရားသည် ………..မပြုလုပ်ပေးနိုင်ပါ။

၁) အပြစ်သားများကို ချစ်သည်။

၂) သင်၌ ကယ်တင်ခြင်း။

၃) လူများကို ကောင်းလာရန်။



၎။ ပညတ်တရား၏ရည်ရွယ်ချက်သည်

(က) ကျွန်ုပ်တို့မည်ကဲ့သို့ အသက်ရှင်ရန် နည်းဥပဒေသကို ပေးသည်။

(ခ ) ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ရန် ခရစ်တော်ထံ ပို့ဆောင်သည်။



၅။ မှန် နှင့် မှား ။ ခရစ်တော်သည် ကျွန်ုပ်တို့ကို ကယ်တင်ရာ၌ ကျွန်ုပ်တို့အတွက် ပြုလုပ်ပေးခဲ့သောအရာ သုံးခု။

(က) သူသည် ကျွန်ုပ်တို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်ခဲ့သည်။

(ခ ) သူသည် ကျွန်ုပ်တို့ကို ပညတ်တရား၏အုပ်စိုးမှုအောက်မှ လွှတ်မြောက်စေခဲ့သည်။

(ဂ ) သူသည် ကျွန်ုပ်တို့အထဲ၌ နေရန် ပြန်လာခဲ့သည်။



၆။ ခရစ်တော်သည် ကျွန်ုပ်တို့အထဲ၌ နေရန် ပြန်လာခဲ့ပြီး၊ ကျွန်ုပ်၌……………

(က) ပညတ်တရားကတောင်းဆိုသော ဖြောင့်မတ်ခြင်းကို ကျွန်ုပ်၌ ပြည့်စုံစေရန်။

(ခ ) နောက်ထပ် အပြစ်မလုပ်ချင်တော့ရန် ကျွန်ုပ်တို့၌ ပြုလုပ်ပေးသည်။



၇။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူ ကားတိုင်၌ အသေခံစေခြင်းဖြင့် အစီအစဉ်မှာ

(က) ကျွန်ုပ်တို့ ကယ်တင်ခြင်းကို လုပ်ဆောင်ခြင်းဖြင့် ရရှိနိုင်သည်။

(ခ ) ကျွန်ုပ်တို့၏ ဇာတိဟောင်းကို အဆုံးသတ်ရန် ဖြစ်သည်။



၈။ မည်ကဲ့သို့ ကျွန်ုပ် ဖြောင့်မတ်ခြင်း ရနိုင်မည်နည်း။

(က) ခရစ်တော်သည် ကျွန်ုပ်၌ရှိကြောင်း အမှန်တရားကို သိမှတ်ယုံကြည်ခြင်း။

(ခ ) အပတ်စဉ်တိုင်း အသင်းတော်သို့ သွားခြင်း။

(ဂ ) ကိုယ်ပိုင် ကျမ်းစာကို နေ့စဉ် ဖတ်ခြင်း။



၉။ ခရစ်ယာန် အသက်တာသည်၊

(က) ကျွန်ုပ် တတ်နိုင်သမျှ အကောင်းဆုံး ကျွန်ုပ် ကြိုးစားလုပ်ဆောင်ခြင်း။

(ခ ) ခရစ်တော်၏ အသက် ကျွန်ုပ်အထဲ၌ သူ ရှင်နေခြင်း။

(ဂ ) ခရစ်တော်သည် ခရစ်ယာန်အသက်တာ၌ ကျွန်ုပ်ရှင်ရန် မစကူညီသည်။

(ဃ) ကျွန်ုပ်၏ခွန်အားဖြင့် ပညတ်တရား အားလုံးကိုပြည့်စုံရန် ကျွန်ုပ် ကြိုးစားလိုက်လျှောက်ခြင်း။



၁၀။ ကျွန်ုပ် ခရစ်ယာန် အသက်တာကို…………..ရှင်သည်။

(က) ယုံကြည်ခြင်းဖြင့်။

(ခ ) အကျင့်အားဖြင့်။



အန်ဒရူး










Share:

စာတန်အပေါ် အောင်နိုင်ခြင်း


Victory Over Satan

New Life in Christ III

Lesson 14


ဖတ်ရန်ကျမ်းပုဒ်များ - ဧဖက် ၁း ၁၅ ၊ ဧဖက် ၂း ၇ ၊ ဧဖက် ၆း ၁၈


ခရစ်ယာန်အသက်တာသည် တိုက်ပွဲတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် တိုက်ပွဲကို ဆင်နွဲရန် သခင်ယေရှု၏ကောင်းသော စစ်သည်များ အနေဖြင့် ခေါ်ယူခြင်းခံရသည်။

ခရစ်ယာန်အသက်တာသည် တိုက်ပွဲတစ်ခုဖြစ်ရခြင်းမှာ ကျွန်ုပ်တို့ကို ဖျက်ဆီးရန်ရှာဖွေခြင်းနှင့် ကြောက်ဖွယ်ကောင်းသော ရန်သူကြီး တစ်ယောက် ကျွန်ုပ်တို့၌ ရှိနေသောကြောင့်ဖြစ်သည်။ ထိုရန်သူမှာ ''စာတန်''ဖြစ်သည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့သတိပေးသည်။ ''သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေ ကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာနတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်း ဟူ၍ လှည့်လည် ရှာဖွေလျက်ရှိ၏။'' (၁ပေ ၅း ၈)


ကျွန်ုပ်တို့၏ရန်သူ - စာတန်


စာတန်သည် ဖန်ဆင်းခြင်းခံရစဉ်က လူစီဖာအမည်ရသော လှပ၍ညဏ်ပညာကြွယ်ဝသူ ဖြစ်သည်။ သို့သော် မာန်မာနသည် သူ၏ နှလုံးသား ထဲဝင်ရောက်လာပြီး ဘုရားသခင်ကို ပုန်ကန်ခဲ့သည်။ အခြားသော ကောင်းကင်တမန်များလည်း စာတန်နောက်ကိုလိုက်၍ ဘုရားသခင်ကို ပုန်ကန်ခဲ့ ကြသည်။

စာတန်ကို ''လေထု၌ တန်ခိုးကို အစိုးရသောမင်းသား''ဟူ၍ ခေါ်ရခြင်းမှာ သူနှင့်သူ၏ကျဆုံးသော ကောင်းကင်တမန်တို့မှာ ကမ္ဘာမြေကြီး အထက်ရှိ လေထုထဲ၌ နေထိုက်ကျက်စားသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူတို့ကို မမြင်နိုင်သော်လည်း စာတန်နှင့် အပေါင်းအပါတို့မှာ ဘုရားသခင် သားသမီးတစ်ဦး၏ ရန်သူများ အစစ်အမှန်ပင်ဖြစ်သည်။ သမ္မာကျမ်းစာက ''ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန် ရကြသည်မဟုတ်၊ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက် ၌ အစိုးတရ ပြုလုပ်သော မင်းတို့ နှင့် ၄င်း၊ မိုဃ်းကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း ဆိုင်ပြိုင်တိုက်လှန် ကြ၏။''ဟု ဧဖက် ၆း ၁၂ တွင် ပြောထားသည်။


စာတန်၏အလုပ်မှာ အဘယ်နည်း။


စာတန်၏အဓိကရည်ရွယ်ချက်မှာ လူများကို ဖျက်ဆီးရန်ဖြစ်သည်။ သခင်ယေရှုက ''စာတန်ကို အစအဦးမှစ၍ လူသတ်သမား'' ဟူ၍ ဖော်ပြ ခဲ့ သည်။ လူများကို ဖျက်ဆီးရန်အတွက် စာတန်၌ နည်းလမ်း များစွာရှိသော်လည်း သူ၏အဓိကလက်နက်များမှာ လှည့်ဖျားမှုနှင့် လိမ်ညာမှုများ ဖြစ်သည်။

သဘာဝထက်လွန်ကဲ၍ ထူးခြားစွာ ဖြစ်ပေါ်မှုအားလုံးသည် ဘုရားသခင်ထံမှလာကြောင်း လူများကို ထင်မြင်စေခြင်းအားဖြင့် စာတန်သည် လူများကိုလှည့်ဖျားသည်။ သို့သော်လည်း အားလုံးသော အံ့သြဖွယ် လုပ်ဆောင်မှုများသည် ဘုရားသခင်ထံမှ လာခြင်းမဟုတ်ပါ်။ စာတန် နှင့် နတ်ဆိုးများ သည် လူများ မလုပ်နိုင်သော အံ့သြဖွယ်အရာများကို လုပ်ဆောင်နိုင်ကြသည်။ ယေရှုက နောက်ဆုံးသောနေ့များ၌ ပရောဖက် အတုများ ရောက်လာ၍ ''အံ့သြဖွယ်နိမိတ်လက္ခဏာများနှင့် လုပ်ဆောင်မှု''များအားဖြင့် လူတို့ကို လှည့်ဖြားမည်ဟူ၍ ဆိုခဲ့သည်။


သတိပေးချက် ။ ။ နတ်ကတော်ပြပွဲ၊ ဗေဒင်ဆရာများ၊ နက္ခတ်ဗေဒပညာရှင်များ၊ စုန်းကဝေအတတ် ပညာများနှင့် ပတ်သက်မှု လုံးဝမရှိပါနှင့်။ ထိုအရာများသည် မှောင်မိုက်နိုင်ငံကို ကိုယ်စားပြုသည်။ သမ္မာ ကျမ်းစာက ''အကျိုးမဲ့သောမှောင်မိုက်အမှုတို့နှင့် မဆက်ဆံကြနှင့်'' ဟူ၍ ဧဖက် ၅း၁၁ တွင်ပြောထား သည်။

စာတန်သည် ဘုရား၏လုပ်ဆောင်မှုကို တားဆီးသည်။ သတင်းကောင်းကို ဟောပြောသည့်အခါ စာတန်သည် သတင်းကောင်းကို ကြားရသူ တို့ စိတ်ထဲတွင် သံသယများနှင့် မယုံကြည်မှုများ ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သည်။

စာတန်သည် ခရစ်ယာန်များကို ဖိနှိပ်သည်။ သူသည် သံသယ၊ ကြောက်ရွံ့မှုနှင့် စိတ်ပျက်မှုများကို သူတို့၏စိတ်အတွင်းသို့ သွတ်သွင်းသည်။ ဘုရားသခင်အတွက် အသက်မရှင်နိုင်ရန်အတွက် ခရစ်ယာန်များကို စိတ်ပျက်အောင် လုပ်ရန်ကြိုးစားသည်။

စာတန်သည် ဆိုးရွာသောအပြစ်များကိုလုပ်ရန် ခရစ်ယာန်များကို သွေးဆောင်သည်။ ထိုအပြစ်တို့ ကို လုပ်ခြင်းမှာ မှားယွင်းခြင်း မရှိဟူ၍ ခရစ်ယာန်များထင်လာအောင် လှည့်ဖျားရန် စာတန်ကြိုးစားသည်။ ခရစ်ယာန်တို့၏စိတ်နှလုံးများကို ဘုရားသခင်ထံမှ သွေဖယ်စေရန် နှင့် သူ၏အလိုကို မလုပ်ဆောင်နိုင်ရန် အတွက် စာတန်သည် လောကအရာများကို အသုံးပြုသည်။ မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ လုံးဝဥဿုန်အပ်နှံမှုမရှိစေရန် စာတန်သည် ခရစ်ယာန်များကို တားဆီးသည်။

ဤသင်ခန်းစာ၌ ဤကြောက်စရာကောင်းသော ရန်သူကို အောင်နိုင်ခဲ့သော ခရစ်တော်၏ အောင်နိုင်မှုကို လေ့လာ ကြမည်ဖြစ်သည်။ ခရစ်တော်၏ အောင်နိုင်မှုသည် ကျွန်ုပ်တို့၏ အောင်နိုင်မှုလည်းဖြစ်သည်ကို လေ့လာ မည်ဖြစ်သည်။


ခရစ်တော် ဘာကြောင့် ကြွလာသနည်း။


သခင်ယေရှု ဤလောကသို့ကြွလာခြင်းမှာ မာရ်နတ်၏လုပ်ဆောင်မှုကို ရိုက်ချိုးဖျက်ဆီးရန် ဖြစ်သည်။ သမ္မာကျမ်းစာက ''မာနတ်၏ အမှုတို့ကို ပယ်ဖျက်ခြင်းငှာ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏'' ဟူ၍ ၁ယော ၃း၈ တွင် ပြောထားသည်။

ကားတိုင်တော်သည် ခရစ်တော်၏လူများကို စာတန်၏တန်ခိုးအောက်မှ ကယ်တင်ခဲ့သောနေရာဖြစ်သည်။ စာတန်သည် အပြစ်ကြောင့် လူများကို ဖမ်းဆီးထားသည်။ သို့သော် သခင်သည် ကားတိုင်ထက်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပေးဆပ်ခဲ့သည်။ ကျွန်ုပ်တို့အပေါ်ရှိ စာတန်၏ အခွင့် အရေးအားလုံးကို အဆုံးသတ်စေခဲ့သည်။ ယခုတွင် လူများသည် သူတို့မည်သူ့ကို အစေခံမည်ဆိုတာကို ရွေးချယ်နိုင်သည်။ ယေရှုခရစ်ကို သူတို့၏ သခင်အဖြစ် ရွေးချယ်သူများသည် စာတန်၏တန်ခိုးအောက်မှ လွတ်မြောက်ကြသည်။ သမ္မာကျမ်းစာက ''မှောင်မိုက်တန်ခိုးမှာလည်း ငါတို့ကို နှုတ်၍ ချစ်တော်မူသောသားတော်၏ နိုင်ငံ ထဲသို့ သွင်းတော်မူသောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းကြလော့''ဟူ၍ ကော ၁း၁၂-၁၃ တွင် ပြောထား သည်။

ကားတိုင်တော်သည် စာတန်ရှုံးနိမ့်ခဲ့သောနေရာလည်းဖြစ်သည်။ သမ္မာကျမ်းစာက သခင်ယေရှုသည် ''အသေခံခြင်းအားဖြင့် သေခြင်းတန်ခိုး ရှိသူ စာတန်မာရ်နတ်ကို ဖျက်ဆီးမည့်အကြောင်း" ကျွန်ုပ်တို့ဇာတိကို သူ့အပေါ် ယူဆောင် ခဲ့သည်။

သခင်ယေရှုသည် ကားတိုင်ထက်၌ သေဆုံးသောအခါ မှောင်မိုက်တန်ခိုးသည် သခင်ကိုအောင်နိုင် သွားသည် ဟု ထင်ရသော်လည်း သုံးရက်မြောက်သောနေ့၌ သူသည် သင်္ချိုင်းတွင်းမှ ထမြောက်၍ စာတန်နှင့် မှောင်မိုက်တန်ခိုးများအပေါ်သို့ အကြီး အကျယ် အောင်နိုင်မှု ရရှိခဲ့သည်။

ရှင်ပြန်ထမြောက်ပြီးနောက် သခင်သည် ရက်ပေါင်း (၄ဝ)ကြာ လောက၌ရှိနေခဲ့သည်။ ကောင်းကင်ဘုံသို့ ပြန်မတက်မီ သူက ''ကောင်းကင်ပေါ်၌၄င်း၊ မြေကြီးပေါ်၌၄င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ ကို ငါခံရပြီ''ဟူ၍ မသဲ ၂၈း၁၈ တွင်ပြောခဲ့သည်။


မှောင်မိုက်တန်ခိုးများသည် ရှုံးနိမ့်သွားပြီဖြစ်သည်။


စာတန်နှင့် နတ်ဆိုးများ၏အခွင့်အာဏာအားလုံးမှာ ဖယ်ရှားခြင်းခံလိုက်ရပြီ ဖြစ်သည်။ သခင်ယေရှုသည် မှောင်မိုက်တန်ခိုးများကို အောင်နိုင်သူအဖြစ် ကောင်းကင်ဘုံသို့ ပြန်တက်သွားခဲ့သည်။ သူသည် ထိုအရာကို ထင်ရှားစွာ ထုတ်ဖော်ပြသခဲ့သည်။ သမ္မာကျမ်းစာက ''အထွဋ်အမြတ် အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာထုတ်ပြ၍ လက်ဝါးကပ်တိုင်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ''ဟူ၍ ကော ၂း၁၅ တွင်ပြော ထားသည်။

သခင်ယေရှုသည် စာတန်နှင့် မှောင်မိုက်တန်ခိုးများကို အောင်နိုင်၍ ကောင်းကင်ထက်သို့တက်သွားသည့်မြင်ကွင်းမှာ မမြင်ရသော ဝိညာဉ် ကမ္ဘာ၌ ရှိသောသူများအတွက် အံ့ဖွယ်ကောင်းသော မြင်ကွင်းဖြစ်ပေ လိမ့်မည်။


ခရစ်တော်သည် ချီးမြှောက်ခြင်းခံရသည်။


ခမည်းတော်သည် သားတော်ကို အိမ်တော်၌ကြိုဆို၍ ဘုန်းအသရေနှင့် တန်ခိုးတော်၏ အမြင့်ဆုံးနေရာ ကိုပေးခဲ့သည်။ ယေရှုခရစ်တော်သည် မှောင်မိုက်တန်ခိုးများ၏အထက်ရှိ ကောင်းကင်နိုင်ငံ၏ ပလ္လင်တော် ပေါ်၌နေရာချထားခြင်းခံရသည်။ သမ္မာကျမ်းစာက ''ခပ်သမ်းသော အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝ နောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင်ဘုံ အရပ်၌ မိမိ လက်ျာတော်ဘက်၌ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အား ပေးတော်မူပြီး'' ဟူ၍ ဧဖက် ၁း ၂၁ တွင် ပြောထားသည်။


ခရစ်တော်အောင်နိုင်မှုသည် ကျွန်ုပ်တို့၏အောင်နိုင်မှုဖြစ်သည်။


ဤအရာသည် အံ့သြဖွယ်အမှန်တရားဖြစ်သည်။ ''မှောင်မိုက်တန်ခိုးအပေါ် ခရစ်တော်၏ အောင်နိုင် မှုသည် ကျွန်ုပ်တို့၏ အောင်နိုင်မှု လည်းဖြစ်သည်။'' ခရစ်တော်လုပ်ခဲ့ခြင်းသည် ကျွန်ုပ်တို့ကို ကိုယ်စားပြု လုပ်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် သူ၏သေခြင်း၊ မြုပ်နှံခြင်း၊ ရှင်ပြန် ထမြောက်ခြင်းတို့၌ ဝေမျှခံစားခဲ့ သလို စာတန်အပေါ်အောင်နိုင်မှု၌လည်း ဝေမျှခံစားကြသည်။ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက် စေ၍ သူ၏လက်ျာလက်ဘက်၌ နေရာချခဲ့သလို ကျွန်ုပ်တို့ကိုလည်း ထမြောက်စေခဲ့သည်။ သမ္မာကျမ်းစာ က ''ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ''ဟူ၍ ဧဖက် ၂း၆တွင် ပြောထားသည်။


ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာ နေရာသစ်သည် အဘယ်နည်း။


မှောင်မိုက်တန်ခိုးများနှင့် ဝေးစွာသောအထက်အရပ်၌ ခရစ်တော်နှင့်အတူ နေရာချ ထားခြင်းခံရသည်။ ခရစ်တော်၌ရှိသော ကျွန်ုပ်တို့သည် ခပ်သိမ်းသောအရာတို့နှင့် ဝေးစွာသောအထက် နေရာရှိ တန်ခိုးနှင့်အောင်နိုင်ခြင်းစုဝေးရာနေရာ၌ သခင်နှင့်အတူ နေရာ ချထားခြင်း ခံရသည်။ သူ၏ပလ္လင် တော်ကို ဝေမျှခံယူနိုင်သည်။

ခရစ်တော်၏ ပလ္လင်တော်ကို ဝေမျှခံယူနိုင်သကဲ့သို့ သူ၏အခွင့်အာဏာကိုလည်း ဝေမျှရယူနိုင်သည်။ ကျွန်ုပ်တို့ရန်သူကို အောင်နိုင်ရန် အတွက် အခွင့်တန်ခိုးများကို ကျွန်ုပ်တို့အား ပေးထားသည်။ သခင်ယေရှုက သူ၏တပည့်တော်များကို ဤသို့ဆိုသည်။ ''သင်တို့သည် မြေ၊ ကင်းမြီးကောက် တို့ကို နိုင်ရ သောအခွင့်နှင့် ရန်သူများကို နိုင်ရသောအခွင့်တန်ခိုးကိုငါပေး၏။'' (လုကာ ၁ဝး ၁၉)

ခရစ်တော်ထံမှ ''အခွင့်အာဏာကိုရသည်''၏အဓိပ္ပာယ်မှာ သူ့ကိုကိုယ်စားပြုသူများ အနေဖြင့် ဆောင်ရွက်ရန် ကျွန်ုပ်တို့တွင် အခွင့်ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူ၏နာမတော်အားဖြင့် ကျွန်ုပ်တို့ ပြောဆိုလုပ်ကိုင်နိုင်သည်။

''တန်ခိုး''နှင့်''အခွင့်အာဏာ''တို့တွင် ခြားနားမှုရှိသည်။ ကုန်တင်ကားတွင် တန်ခိုး (power) ရှိသည် သို့သော် ရဲတွင်မူ အခွင့် အာဏာ ရှိသည်။ ရဲအရာရှိနောက်၌ မြို့တော်အစိုးရ၏ အခွင့်အာဏာရှိသဖြင့် ကုန်တင်ကားမောင်သူသည် ဤအရာကို နားလည်လက်ခံ၍ ရဲအရာရှိကို နာခံသည်။

စာတန်နှင့်သူ၏နတ်ဆိုးများတွင် တန်ခိုး (power) ရှိသော်လည်း ခရစ်တော်သည် ကျွန်ုပ်တို့အား အခွင့်အာဏာကိုပေးသည်။ ကျွန်ုပ်တို့သာ ခရစ်တော်၌တည်၍ သူ၏နာမတော်အားဖြင့် ပြောဆိုမည်ဆိုပါက မှောင်မိုက်တန်ခိုးများသည် ကျွန်ုပ်တို့ကို နာခံမည်ဖြစ်သည်။ သူတို့သည် ကျွန်ုပ်တို့ နောက်၌ရှိသော ခရစ်တော်၏ အခွင့်အာဏာကို အသိအမှတ်ပြုကြသည်။




တိုက်ပွဲမှာ မပြီးဆုံးသေးပါ


စာတန်သည် ရှုံးနိမ့်သွားသော ရန်သူကြီးဖြစ်သည်။ တစ်နေ့တွင် သူနှင့်သူ၏ဝိညာဉ်များသည် မီးအိုင်တွင်းသို့ ပစ်ချခံရမည်ဖြစ်ပြီး ဘယ်တော့မှ ပြဿနာရှာနိုင်တော့မည် မဟုတ်ပေ။ သို့သော် ဤအချိန် ၌မူ သူသည်အလွန်သွက်လက်လှုပ်ရှား လျက်ရှိသည်။ စာတန်သည် ဟောက်သော ခြင်္သေ့ ကဲ့ သို့ သွေးဆောင် လှည့်ဖြား၊ ဖျက်ဆီးရန် လှည့်လည်သွားလာလျက်ရှိသည်။ ဘုရားသခင်၏ မည်သည့်သားသမီးကမှ စာတန်ကို မိမိဘာသာမိမိ ရင်မဆိုင် နိုင် ပေ။ ခရစ်တော်အားဖြင့်သာ ဤရန်သူကို အောင်မြင်ကျော်လွှားနိုင်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်တို့ကို ဤသို့ပြောသည်။ ''ညီအစ်ကိုတို့၊ သခင်ဘုရား အားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့်၎င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။'' (ဧဖက် ၆း ၁ဝ)


မိမိဘာသာ မိမိဆိုလျှင် ကျွန်ုပ်တို့သည် ခိုင်ခံ့ခြင်းရှိမည်မဟုတ်ပေ။ သခင်အားဖြင့်သာ ခိုင်ခံ့နိုင်မည်ဖြစ်သည်။ ခရစ်တော်သည် ''စာတန်အပေါ် အောင်နိုင်မှု'' ဖြစ်ပြီး သူ့အားဖြင့်သာ ကျွန်ုပ်တို့ခိုင်ခန့်ရန် ဖြစ်သည်။


ဘုရားသခင်၏အောင်နိုင်သူများ


ဗျာဒိတ်ကျမ်းတွင် အောင်နိုင်သူများအကြောင်း ဖော်ပြထားသည်။ စာတန်ကို အောင်နိုင်သူများ အကြောင်းဖြစ်သည်။ သူတို့သည် စာတန်ကို အောင်နိုင်မှု၏ လျှို့ဝှက်ချက်ကို သမ္မာကျမ်းစာက ဖော်ပြ ထားသည်။ လျှို့ဝှက်ချက် (၃)ခုရှိသည်။ သူတို့သည် စာတန်ကို ....


(၁) သိုးသငယ်၏အသွေးအားဖြင့် အောင်နိုင်သည်။

(၂) သူတို့၏သက်သေခံခြင်းအားဖြင့် အောင်နိုင်သည်။

(၃) အသေခံသည်တိုင်အောင် မိမိတို့၏အသက်ကို မနှမြောခြင်းအားဖြင့် အောင်နိုင်သည်။ (ဗျာဒိတ် ၁၂း၁၁)

ဤအချက်(၃)ချက်ကို သေချာလေ့လာ၍ စာတန်ကိုအောင်နိုင်ရန် မည်သို့အသုံးချနိုင်မည်ကို ကြည့်ကြပါစို့။


(၁) သိုးသငယ်၏အသွေးတော်


စာတန်သည် လှည့်ဖြားသူဖြစ်ပြီး လူသတ်သမားလည်းဖြစ်သည်။ သို့သော် သူ၏ခရစ်ယာန်များကို တိုက်ခိုက်မှုတစ်ခုမှာ စွပ်စွဲခြင်းအားဖြင့် ဖြစ်သည်။ ''ညီအစ်ကိုများကို စွပ်စွဲသူ''ဟူ၍ သူ့ကိုခေါ်ကြသည်။ ဘုရားရှေ့၌သူသည် ကျွန်ုပ်တို့ကို စွပ်စွဲပြီး ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်း၌လည်း ကျွန်ုပ်တို့ကို စွပ်စွဲသည်။ ကျွန်ုပ်တို့သည် ဆိုးသည်ဟူ၍ သူပြောသည်။ ကျွန်ုပ်တို့သည် အားနည်း၍ အပြစ်ရှိပြီး ဤပုံစံအတိုင်း အမြဲ ဖြစ်နေမည်ဟု သူ ကျွန်ုပ်တို့ကို ပြောသည်။ စာတန်၏စွပ်စွဲချက်များကို ဆန့်ကျင်မည့် ကျွန်ုပ်တို့၏ အကာ အကွယ်က ဘယ်အရာနည်း။ ကျွန်ုပ်တို့၏အကာအကွယ်မှာ ''သိုးသငယ်၏အသွေးတော်''ဖြစ်သည်။ သခင်ယေရှု၏အသွေးတော်အားဖြင့် စာတန်၏ စွပ်ဆွဲချက်များ ကို ကျွန်ုပ်တို့အောင်နိုင်သည်။ ကျွန်ုပ်တို့ စာတန်ကို ဤသို့ ပြောနိုင်သည်။ ''ဟုတ်တယ်။ ငါ့မှာအပြစ်ရှိတယ်။ သို့သော် ဘုရားသားတော် ယေရှုခရစ်၏ အသွေးတော်သည် ကျွန်ုပ်၏အပြစ်အားလုံး ကို ဆေးကြောသန့်စင်စေသည်။''


(၂) သူတို့၏သက်သေခံချက်


ဘုရားသခင်သည် စာတန်၏စွပ်စွဲမှုများကို ဆန့်ကျင်ရန် အကာအကွယ်အနေဖြင့် သိုးသငယ်၏ အသွေးတော်ကို ကျွန်ုပ်တို့အား ပေးသည်။ သူသည် စာတန်ကိုယ်တိုင်ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် လက်နက်တစ်ခုကိုလည်း ကျွန်ုပ်တို့အား ပေးသည်။ ထိုလက်နက်မှာ ''ကျွန်ုပ်တို့ သက်သေ ခံချက်၏ နှုတ်ထွက်စကားများ''ဖြစ်သည်။ ဆိုလိုသည်မှာ သူ့အပေါ် ခရစ်တော်အောင်နိုင်ခြင်း၏ ကြီးမားလှသော အချက်များကို စာတန်အား ပြောဆို ကြေငြာခြင်းဖြစ်သည်။ ''သင်သည် အရှုံးသမားဖြစ်သည်။ ယေရှုခရစ်သည် ကျွန်ုပ်တို့၏သခင်ဖြစ်သည်။ ယေရှုသည် အောင်နိုင်သူဖြစ်သည်။ ယေရှုသည် ဘုရင်ဖြစ်သည်။ ငါသည် သူနှင့်အတူရှိသူတစ်ဦးဖြစ်သည်။'' ထိုအချက်များသည် ကြီးစွာသော အချက်များဖြစ်၍ စာတန်သည် ထိုအချက်များကို မငြင်းနိုင်ပေ။ ထိုအချက်များမှန်သည်ကို သူသိသည်။


(၃) သူတို့သည် သူတို့၏အသက်များကို မနှမြောကြပါ။


ကျွန်ုပ်တို့စာတန်ကို အောင်နိုင်လိုပါက မိမိကိုယ်ကို မချစ်ပါနှင့်။ မိမိကိုယ်ကိုချစ်ပါက ရှုံးနိမ့်သွား လိမ့်မည်။ သို့သော် တစ်ကိုယ်ကောင်းစိတ်က ကျွန်ုပ်တို့ကို အုပ်စိုးရန် ခွင့်ပြုစရာမလိုပေ။ အကြောင်းမှာ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ ကားတိုင်၌ အသေ သတ်ခြင်းကိုခံ၍ မိမိကိုယ်တိုင် မရှင် တော့ပဲ ကျွန်ုပ်တို့အတွက် အသေခံသောသူအားဖြင့် အသက်ရှင်နိုင်ပြီဖြစ်သည်။ တမန်တော်ပေါလုနှင့် အတူ ဤသို့ ပြောနိုင်သည်။ ''ငါသည် ကားတိုင်၌ ခရစ်တော်နှင့်အတူအသေခံပြီ။ သို့သော် ငါသည် ကိုယ်တိုင်မရှင်။ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏'' (ဂလာတိ ၂း ၂ဝ)

ကျွန်ုပ်တို့၏ ခရစ်တော်နှင့်အတူ သေခြင်း၊ မြုပ်နှံခြင်းနှင့် ထမြောက်ခြင်းအားဖြင့် ရန်သူတိုင်း၏ တန်ခိုးများမှ လွှတ်မြောက်ခြင်း ကျွန်ုပ်တို့ ခံရ သည်။ အပြစ်၊ တစ်ကိုယ်ကောင်းစိတ်၊ ကိုယ်ခန္ဓာတပ်မက်မှု၊ လောကအရာများနှင့် စာတန်ကိုယ်တိုင်ကို "မဆိုင်တော့ပါ" "NO" ဟူ၍ ကျွန်ုပ်တို့ ပြောနိုင်သည်။

သခင်ယေရှုသည် ကျွန်ုပ်တို့ရန်သူများ၏ တန်ခိုးများမှ လွှတ်မြောက်ခြင်းသာမက ထမြောက်အောင်နိုင်သူ ခရစ်တော်ကိုယ်တော်တိုင် ကျွန်ုပ် တို့ အတွင်း၌ အသက်ရှင်သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်။ ''ချစ်သားတို့ သင်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင် ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ ရှိသောသူ(ခရစ်တော်)သည် လောကဘက်၌ရှိသောသူ(စာတန်)ထက်သာ၍ ကြီးတော်မူ၏။ (၁ယော ၄း၎)


တွေ့ရှိရသော ရတနာ

ခရစ်တော်သည် စာတန်ကိုရှုံးနှိမ့်စေခဲ့ပြီ။ ကျွန်ုပ်သည် ခရစ်တော်၌ရှိသောကြောင့် သူ၏အောင်မြင်ခြင်း၌ ကျွန်ုပ်လည်း ဝေမျှ ခံစားခွင့်ကိုရသည်။

ဆုတောင်းချက် ။ ။ ''အို..... ခမည်းတော်၊ စာတန်နှင့် မှောင်မိုက်တန်ခိုးများအပေါ် ကြီးစွာသော ခရစ်တော်၏ အောင်နိုင်မှု၌ ကျွန်ုပ်၏ ဝေမှ်ျ ခံစားခွင့် ကို မြင်နိုင်ရန်မစပါ။''


မှတ်ရန် ။ ။ စာတန်နှင့်သူ၏နတ်ဆိုးများမှာ ဝိညာဉ်များသာဖြစ်သည်။ သူတို့တွင် ကိုယ်ခန္ဓာမရှိပေ။ သို့သော်လည်း သူတို့သည် အစစ်အမှန် ရှိနေပြီး ကျွန်ုပ်တို့သည် မှောင်မိုက်တန်ခိုးများအပေါ် ခရစ်တော်၏ အောင်နိုင်မှုကို အလေးထား ပြောလျက်ရှိသည်။


မေးခွန်းများ


(၁) ကျွန်ုပ်တို့ကို ဖျက်ဆီးရန်ရှာဖွေလျက်ရှိသော ကြောက်စရာကောင်းသောရန်သူတစ်ဦး ကျွန်ုပ်တို့တွင်ရှိသည်။ ထိုရန်သူမှာ

(က) ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များ

(ခ ) ဘုရားသခင်

(ဂ ) စာတန်


(၂) စာတန်၏ရည်မှန်းချက်မှာ

(က) လူများကို ဖျက်ဆီးရန်

(ခ) ကျွန်ုပ်တို့ဘုရားသခင်ကိုသိရန် ကူညီပေးရန်


(၃) သခင်ယေရှုသည် အောက်ပါအရာကိုလုပ်ရန် ဤလောကသို့ကြွလာသည်။

(က) ကျွန်ုပ်တို့ကို လာရောက်ကြည့်ရှုစစ်ဆေးရန်

(ခ) မာရ်နတ်၏ လုပ်ဆောင်မှုကို ရိုက်ချိုးဖျက်ဆီးရန်


(၄) ကားတိုင်တော်သည်.....

(က) ခရစ်တော်က စာတန်၏တန်ခိုးအောက်မှ လူများကိုကယ်တင်ခဲ့သောနေရာဖြစ်သည်။

(ခ) ကျွန်ုပ်တို့အပြစ်များအတွက် ခရစ်တော်ပးဆပ်ခဲ့သောနေရာဖြစ်သည်။

(ဂ ) အထက်ပါ နှစ်ခုစလုံး။


(၅) မှောင်မိုက်တန်ခိုးများအပေါ် ခရစ်တော်၏အောင်နိုင်မှုသည်.....

(က) ကျွန်ုပ်တို့၏ အောင်နိုင်မှုလည်းဖြစ်သည်။

(ခ) ကယ်တင်ခြင်းခံရရန်အတွက် လိုအပ်သည်။


(၆) မှား / မှန် ။

ကျွန်ုပ်တို့သည် သူ၏သေခြင်း၊ မြှုပ်နှံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတို့၌သာမက စာတန်အပေါ် အောင်နိုင်ခြင်း၌လည်း ဝေမျှခံစားနိုင်သည်။

(က) မှန် (ခ) မှား


(၇) ကျွန်ုပ်တို့၏ အသစ်သောဝိညာဉ်ရေးအရ ရပ်တည်မှုနေရာမှာ အဘယ်နည်း။

(က) ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရပြီး ကျွန်ုပ်တို့အပြစ်များအတွက် ပေးဆပ်ရန်လုံးဝမလို တော့ပေ။

(ခ) မှောင်မိုက်တန်ခိုး၏အထက်၌ ခရစ်တော်နှင့်အတူ နေရာချထားခြင်းခံရသည်။


(၈) ''ခရစ်တော်၏ ပလ္လင်တော်ကို ဝေမျှရယူနိုင်သည်''၏ အဓိပ္ပာယ်မှာ...

(က) သူ၏အခွင့်အာဏာကို ဝေမျှရယူနိုင်သည်။

(ခ) ခရစ်တော်၏ မိတ်ဆွေတစ်ယောက်ဖြစ်လာသည်။


(၉) စာတန်၏ စွပ်စွဲချက်များကို ဆန့်ကျင်ရန်အတွက် ကျွန်ုပ်တို့၏အကာအကွယ်မှာ....

(က) အပြစ်ထပ်မလုပ်ရန်ဖြစ်သည်။

(ခ) သိုးသငယ်၏ သွေးတော်ဖြစ်သည်။


(၁ဝ) သခင်ယေရှုသည် ကျွန်ုပ်တို့ကို ရန်သူထံမှ ရွေးနုတ်ရုံမက...

(က) နာခံရန်မလို (NO) ဟူ၍ အပြစ်ကိုပြောနိုင်သည်။

(ခ) ထမြောက်အောင်နိုင်သူခရစ်တော်သည် ကျွန်ုပ်တို့အတွင်း၌နေသည်။

(ဂ) (က) နှင့် (ခ) နှစ်ခုလုံး

အန်ဒရူး

Share:

Monday, January 17, 2011

တုံ့ပြန်မူ.နှင့်နာကြည်းခြင်း


Reaction and Resentment
Practical Christian Living Course 4 Lesson 17

သော့ချက်ကျမ်းပုဒ် ။ ။ တရားတော်ကို နှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်းမရှိပါ။ ဆာ ၁၁၉း ၁၆၅

အခြားသူတဦး၏ ပြောဆိုမှုနှင့် လုပ်ဆောင်မှုအား ပြန်လည်တုံ့ပြန်ခြင်းအား ကျွန်ုပ်တို့၏ တုံ့ပြန်မှုဟုခေါ်သည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ ကောင်းကြောင်းကို ပြောပါက၊ ကျွန်ုပ်တို့သည် ကျေနပ်နှစ်သက်မည်ဖြစ်သည်။ ကျေနပ်နှစ်သက်ခြင်းသည် တုံ့ပြန်မှုတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့နှင့် ပတ်သက်၍ မမှန်သောအရာတို့ကို အခြားသူတဦးဦးက ပြောပါက၊ ကျွန်ုပ်တို့သည် စိတ်ဆိုး ဒေါသထွက်ကြမည်ဖြစ်သည်။ စိတ်ဆိုး ဒေါသထွက်ခြင်း သည်လည်း တုံ့ပြန်မှုတခုဖြစ်သည်။ ကျွန်ုပ်တို့၏ တုံ့ပြန်မှုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် သိပ်ပြီးဂရုမစိုက်ခဲ့ကြပါ။ အမှန်မှာ ထိုအရာတို့သည် အလွန် အမင်းအရေးကြီးသောအရာများဖြစ်ကြသည်။ ဤသင်ခန်းစာတွင် တုံ့ပြန်မှုများက မည်မျှအရေးကြီးကြောင်း ကို လေ့လာကြမည်။ ကျွန်ုပ်တို့၏ တုံ့ပြန်မှုများအား ထိန်းကျောင်းပေးမည့် အသိဥာဏ်မျိုးကိုလည်း ရရှိ ကြမည် ဖြစ်သည်။


ကျွန်ုပ်တို့၏တုံ့ပြန်မှုသည် ဘာကြောင့်အရေးကြီးသနည်း?

ကျွန်ုပ်တို့၏ တုံ့ပြန်မှုများက အရေးကြီးရခြင်းအကြောင်းအရင်းမှာ ဤအရာများက ရေရှည်နှင့် ထာဝရကာလအကျိုးဆက်များကိုတောင်မှ ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့တွင် ဖြစ်ပျက်သော အရာတို့သည် ကျွန်ုပ်တို့၏တုံ့ပြန်မှုလောက် အရေးမကြီးပါ။ ကျွန်ုပ်တို့အား ဒုက္ခ ဖြစ်စေ သောအရာတို့သည် အချိန်တန်လျှင် ပျောက်ကွယ်သွားမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့၏ တုံ့ပြန်မှုများတွင်မူ ထာဝရကာလ အကျိုးဆက်များ ရှိနိုင်သည်။
ခရစ်ယာန်တဦးက သူသည် သူ့အဖေ၏ မမျှမတဆက်ဆံမှုကို ဆယ်ကျော်သက်အရွယ်၌ မည်သို့ ခံစားခဲ့ရပုံကို ပြောပြသည်။ သူက ကျွန်တော်အရိုက်မခံသင့်ဘဲနဲ့ ကြာပွတ်နဲ့ အရိုက်ခံခဲ့ရတယ်။ ဤ အကြောင်းကြောင့် ကျွန်ုပ်သည် အဖေ့ကို နှစ် ၃၀ ကြာ နာကြည်းခဲ့တယ်။ နောက်ဆုံး၌၊ တစ်ညမှာ ဘုရား သခင်ဟာ ကျွန်တော်ကို ဤသို့ပြောခဲ့တယ်။ ""မင်းရဲ့နာကြည်းခြင်းကို စွန့်လွှတ်လိုက်တော့။ မဟုတ်ရင်တော့ မင်းနဲ့ငါ ကိစ္စပြတ် သွားပြီ""။ ထို့ကြောင့် ကျွန်တော်သည် ကျွန်တော့်ရဲ့ နာကြည်းခြင်းကို စွန့်ပစ်ခဲ့သည်။
ဤအဖြစ်အပျက်က ကျွန်ုပ်တို့တွင် ဖြစ်ပျက်သောအရာသည် ထိုအရာအပေါ်တွင် ကျွန်ုပ်တို့၏ တုံ့ပြန်မှုလောက် အရေးမကြီးကြောင်း သမ္မာတရားက ဖော်ပြထားသည်။ ကြာပွတ်နှင့်အရိုက်ခံခဲ့ရခြင်းသည် အမှန်တကယ်ပင် မမျှတစွာ မထိုက်တန်ဘဲ အရိုက်ခံခဲ့ရခြင်းဖြစ်ချင်ဖြစ်မည်။ အရိုက်ခံရသောကြောင့် ဖြစ် ပေါ်လာသောခန္ဓာပိုင်းနာကျင်မှုသည် အချိန်အတော်ကြာနိုင်သည်။ ဤလူ၏နောက်ဆုံးသော တုံ့ပြန်မှုမှာ အဘယ်နည်း? နှစ် ၃၀ ကြာ ၊ သူသည် သူ့ဖခင်နှင့် အဆက်အသွယ်ပျက်ခဲ့သည်။ နှစ် ၃၀ ကြာ ဘုရား သခင်သည် ဤလူကို အပြည့်အ၀ အသုံးမပြုနိုင်ခဲ့ပါ။ ဘာကြောင့်နည်း? အကြောင်းမှာ သူ့စိတ်နှလုံးသည် နာကြည်းမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသောကြောင့်ဖြစ်သည်။ သူ၏တုံ့ပြန်မှုသည် ရေရှည်နှင့်၊ ထာဝရကာလ အကျိုးဆက်များတောင်မှ ရှိခဲ့သည်။


မှန်ကန်သောတုံ့ပြန်မှုတွင် ကောင်းမွန်သောထာဝရကာလအကျိုးဆက်များရှိသည်။

ဓမ္မဟောင်းကျမ်းထဲရှိ ယောသပ်၏ အဖြစ်အပျက်သည် တုံ့ပြန်မှုများနှင့်ပတ်သက်၍ များစွာ သင်ကြားပေးနိုင်သည်။ ယောသပ်သည် ယာကုပ် ၏သား ၁၂ယောက်တွင် ဒုတိယအငယ်ဆုံးသားဖြစ်သည်။ သူဖခင်က သူ့ကိုအထူးတလည်ချစ်ခဲ့သောကြောင့် သူ့အစ်ကိုများသည် မနာလို ဖြစ်ခဲ့ကြသည်။
တစ်နေ့တွင် ယောသပ်သည် ဘုရားသခင်က သူ့အားပေးခဲ့သော အိပ်မက်အကြောင်းကို သူ့အစ်ကို များကို ပြောပြခဲ့သည်။ ""တစ်နေ့ကျလျှင် ကျွန်တော်ဟာ အစ်ကိုတို့ကို အုပ်စိုးရမည်ဖြစ်ပြီး အစ်ကိုတို့က ကျွန်တော်ကိုပြပ်ဝပ်လျက်အရိုအသေပေးရမည့်အကြောင်းကို ဘုရားသခင်က အိပ်မက်ထဲမှာ ကျွန်တော့်ကို ပြသခဲ့တယ်။ ဤအခြင်းအရာသည် သူ့အစ်ကိုများအား သာ၍အမျက်ထွက်စေခဲ့သည်။ အခွင့်အရေးရသော အခါ၊ အစ်ကိုများသည် ယောသပ်အား ကျွန်အဖြစ် အီဂျစ်ပြည်သို့ ရောင်းစားခဲ့သည်။ ထိုပြည်၌၊ သူဘက် က အမှားမလုပ်ဘဲ၊ သူ့သခင်၏မိန်းမကို သွေးဆောင် ဖြားယောင်းရန်ကြိုးပမ်းသည်ဟု စွပ်စွဲခြင်းကို ခံခဲ့ရ သည်။ ယောသပ်သည် သူ မကျူးလွန်ခဲ့သော အပြစ်အတွက် ထောင်ထဲတွင် နှစ်အနည်းငယ် နေခဲ့ရသည်။ ဤသို့ဖြစ်ပျက်တာတောင်မှ၊ ယောသပ်သည် မနာကြည်း၊ မခါးသီးခဲ့ပါ။
အချိန်တန်လျှင်၊ ဘုရားသခင်သည် ယောသပ်ကို ချီးမြှောက်ခဲ့သည်။ ဖာရောဘုရင်အောက်တွင် ယောသပ်သည် အီဂျစ်ပြည်တပြည်လုံးအား အုပ်စိုးရသောမင်းဖြစ်ခဲ့သည်။ ယောသပ်သည် ဘုရားသခင်ပေး သော ဥာဏ်ပညာအားဖြင့် သီးနှံကြွယ်ဝစွာထွက်သော ၇-နှစ်အတွင်း သီးနှံတို့ကို သိုလှောင်ခဲ့သည်။ ထို့ နောက် ကြီးစွာသောငတ်မွတ်ခြင်းဘေးသည် တကမ္ဘာလုံးတွင် ဖြစ်ပျက်ခဲ့သည်။ ဤအချိန်တွင် ယောသပ် ၏ အစ်ကိုများသည် သူတို့အတွက်နှင့် မိသားစုအတွက် အစားအစာရှာရန် အီဂျစ်ပြည်သို့ ရောက်လာခဲ့ သည်။ သူတို့သည် ယောသပ်ရှေ့တွင် ရပ်နေကြသော်လည်း ယောသပ်အား မမှတ်မိခဲ့ပါ။ အီဂျစ်ပြည်၏ ၀န်ကြီးချုပ်အနေဖြင့်၊ ယောသပ်သည် သူ၏အစ်ကိုများအား ကလဲ့စားချေရန်အတွက် သူ၏တန်ခိုးအာဏာ ကိုအသုံးပြုနိုင်သည်။ သူက ""အခု၊ ငါ့အစ်ကိုတွေဟာ ငါရှိစေလိုတဲ့နေရာမှာ ရှိနေကြပြီ။ သူတို့ရဲ့အပြစ် တွေအတွက် အဖိုးအခပြန်ပေးစေမည်။ သူတို့ရဲ့အပေါ်မှာ ချီးမြှောက်ခြင်းကိုခံရတယ်ဆိုတဲ့ ငါ့အိပ်မက်ဟာ မှန်ကန်ကြောင်းကို သူတို့အား သိစေမည်။ သူတို့လုပ်ခဲ့တဲ့အရာမျိုးကို ငါ့အား မလုပ်နိုင်ကြောင်းနှင့် အပြစ် မှလွတ်အောင် မရှောင်ကွင်းနိုင်ကြောင်း သူတို့အား ငါပြသမည်။""ဟု တွေးချင်တွေးနိုင်သည်။ သို့သော် ဤ သို့သော ကလဲစားချေရန်အတွေးမျိုးသည် ယောသပ်စိတ်ထဲသို့ မ၀င်လာခဲ့ပါ။ သူက အစ်ကိုများအား ဤသို့ ပြောခဲ့သည်။ ""သင်တို့ကိုယ်သင်တို့ ၀မ်းမနည်း၊ အမျက်မထွက်ပါနှင့်၊ သင်တို့သည် ကျွန်ုပ်အား ဤနေရာသို့ရောင်းစားခဲ့သည်။ သို့သော်အသက်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဘုရားသခင်က ကျွန်တော့အားဤနေရာသို့ ပို့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်အား ဤနေရာသို့ စေလွှတ်သူမှာ ဘုရား သခင်သာဖြစ်သည်။ သင်တို့ မဟုတ်ပါ။""
ယောသပ်သည် ဘုရားသခင်ကို သူ၏တုံပြန်မှုများအား ချုပ်ထိန်းစေခဲ့သည်။ သူသည် အစ်ကိုများ အပေါ်တွင် ကြင်နာစွာ ကျေးဇူးပြုခဲ့သည်။ သူသည် အစ်ကိုများနှင့် သူတို့၏မိသားစုများအား စောင့်ရှောက် ပေးခဲ့သည်။ ယောသပ်၏ တုံ့ပြန်မှုတို့သည် မှန်ကန်ပြီး ထာဝရကာလကောင်းသော အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။


ကျွန်ုပ်တို့၏ဘ၀အခြေအနေများအား ကိုင်တွယ်ခြင်း

ယောသပ်ကဲ့သို့ အလွန်ခက်ခဲသောအခြေအနေမျိုးကို ကျွန်ုပ်တို့ရင်ဆိုင်ချင်မှရင်ဆိုင်ရမည်။ သို့သော် ကျွန်ုပ်တို့သည် ဆိုးဝါးစွာ ဆက်ဆံခြင်း အချို့ကို ခံရနိုင်သည်။ အပြစ်လုပ်၍ ပုန်ကန်တတ်သော လူသားများအားဖြင့် ပြည့်လျက်ရှိသော ဤကမ္ဘာပေါ်တွင် အသက်ရှင်စဉ်အခါတွင်၊ မမျှမတ ရိုင်းပျစွာ ဆက်ဆံခြင်းကို သင်ခံရသောအခါ မအံ့သြသင့်ပေ။ ဤကဲ့သို့ ဆက်ဆံခံရမှုသည် ဤအချိန်တွင်သာ ကျွန်ုပ်တို့အား ဒုက္ခရောက်စေနိုင်ပြီး၊
68
ကျွန်ုပ်တို့၏ဘ၀အပေါ်သို့ ကြာရှည်သောအကျိုးသက်ရောက်မှုများ မရှိနိုင်ပါ။ အရေးကြီးသောအရာမှာ ကျွန်ုပ်တို့၏ တုံ့ပြန်မှုသာဖြစ်သည်။ ဤအရာတို့ သည် ကျွန်ုပ်တို့၏ ဘ၀နှင့် အခြားသူတို့၏ဘ၀ အပေါ်သို့ ကြာရှည်သောအကျိုးသက်ရောက်မှုများ ရှိသည်။
အောက်ပါအခြေအနေအချို့အား တွေ့ကြုံရသောအချိန်မျိုးတွင် ကျွန်ုပ်တို့သည် မှားယွင်းစွာ တုံ့ပြန် လေ့ရှိသည်။ မည်သို့မှန်ကန်စွာ တုံ့ပြန်ရမည်ကို လေ့လာကြမည်ဖြစ်သည်။ အခြေအနေတစ်ခုစီတိုင်းတွင် ပါဝင်ပတ်သက်နေသောလူသည် သူ၏တုံ့ပြန်မှုနှင့် ပတ်သက်၍ ရွေးချယ် နိုင် ကြောင်း ကို သတိပြုမှတ် သားပါ။
(၁) ရိုင်းပြခြင်း (သို့) မယဉ်ကျေးမပျူငှာခြင်း

မည်သူကမှ ရိုင်းပြစွာနှင့် မပျူငှာစွာ ဆက်ဆံခြင်း မခံလိုကြပါ။ ဤသို့ဆက်ဆံခံရသောအခါ ကျွန်ုပ်တို့၏ ယေဘုယျတုံ့ပြန်မှုမှာ သူတို့ပြုမူသကဲ့သို့ ပြန်လည် ပြုမူဆက်ဆံခြင်းဖြစ်သည်။ ဤသို့သော တုံ့ပြန်မှုမျိုးသည် ဘုရားသခင်အား မနှစ်မြို့စေပါ။ ကျမ်းစာက ခရစ်ယာန်များသည် ပျူငှာရမည်ဟု ပြော ထားသည်။
နေစဉ်သတင်းစာကြီးတစ်စောင်၏ အယ်ဒီတာက ဤအကြောင်းအရာကို ပြောပြခဲ့သည်။
တည၌ ကျွန်တော်သည် မိတ်ဆွေတဦးနှင့်အတူ သတင်းစာရောင်းရာဆိုင်သို့ လမ်းလျှောက်ထွက်ခဲ့ သည်။ သူသည် သတင်းစာတစောင်ကို ၀ယ်ပြီးနောက် သတင်းစာရောင်းသည့် ကောင်လေးအား ယဉ်ကျေးစွာ ကျေးဇူးတင်စကားဆိုခဲ့သည်။ ကောင်လေးသည် သူ့ကိုအသိအမှတ်မပြုရုံမက မော့၍ပင် မကြည်ပါ။ ""သုန်မှုန်နေတဲ့ ကောင်းလေး""ပဲဟု ကျွန်တော်က မှတ်ချက်ချခဲ့သည်။ ""သူကညတိုင်းဒီလိုပုံစံ ပါပဲ""ဟု ကျွန်တော်မိတ်ဆွေက ပြန်ပြောသည်။ ""ဒါဆို မင်းကသူ့ကိုဆက်ပြီး ဘာကြောင့် ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာလဲ""ဟု ကျွန်တော်က မေးလိုက်သည်။ ""ဘာကြောင့် မဆက်ဆံ ရမှာလဲ။ ငါ့ရဲ့ပြုမူလုပ် ဆောင်မှုပုံစံကို သူ့ကဘာကြောင့် အဆုံးအဖြတ်ပေးရမှာလဲ""ဟု မိတ်ဆွေဖြစ်သူက ပြန်ပြောခဲ့သည်။
(၂) မမျှတစွာဆက်ဆံခံရခြင်း

လူတိုင်းနီးပါးသည် မမျှတစွာဆက်ဆံခြင်းကို တချိန်မဟုတ်တချိန်ခံရသည်။ ဤသို့ဆက်ဆံခံရ ခြင်းသည် ကျွန်ုပ်တို့အား နာကျင် စိတ်ပျက် စေသည်။ ခရစ်ယာန်တဦးဖြစ်ခြင်းသည် အခြားသူတို့ ကဲ့သို့ပင် မမျှတစွာ ဆက်ဆံခံရခြင်းအား စိတ်ထိခိုက်ခံစားရခြင်းမရှိ ဟု မဆိုလိုပါ။ သို့သော် ခရစ်ယာန်များ အနေဖြင့် ကျွန်ုပ်တို့၏ တုံ့ပြန် မှုပုံစံက မည်သို့ဖြစ်မည်ကိုမူ ရွေးချယ်နိုင်သည်။
အထက်တန်းကျောင်းအုပ်ဆရာကြီး၏ သမီးဖြစ်သူသည် မမျှတစွာ ယာယီ ထိန်းသိမ်းထားခြင်း (အပြစ်ဒဏ်)ကိုခံရသည်။ သူမသည် ထိုကိစ္စနှင့်ပတ်သက်၍ အကြီးအကျယ် ဂယယ်ထအောင် လုပ်နိုင်ပါ သည်။ (သို့) နာကြည်းခြင်းအား သူမ၏နှလုံးသား၌ သိမ်းဆည်းထားနိုင်ပါသည်။ သို့သော် ဤအရာ ၂ခု လုံးအား သူမ မလုပ်ခဲ့ပါ။ သူမသည် ဤကိစ္စကို ရိုးရှင်းစွာ လျစ်လျူရှုပြီး ""အိုး၊ ယာယီထိန်းသိမ်းခြင်းကို ခံသင့်တဲ့ ကိစ္စအတော် များများ အရင်က ကျွန်မလုပ်ခဲ့ပေမယ့် အထိန်းအသိမ်းမခံခဲ့ရပါဘူး၊ ဒါကြောင့် ဒီကိစ္စက ဒီလောက်ကြီးမဆိုးပါဘူး""ဟု ပြောခဲ့သည်။
ဤကောင်မလေးကဲ့သို့ မမျှတစွာ ဆက်ဆံခံရခြင်းအား ကောင်းမွန်စွာ ကိုင်တွယ်နိုင်သော ခရစ်ယာန်သည် ပျော်ရွှင်သော ခရစ်ယာန်တဦး ဖြစ်သည်။
(၃) မာနကို ထိခိုက်ခြင်း

သင်၏မာနကို ထိခိုက်စေသောအရာတခုခုကို အခြားသူတဦးက ပြောသောအခါ ၊ သင်သည် ဒေါသတကြီး တုံ့ပြန်နိုင်သည်။ သင်သည် ထိုနာကျင်မှုနှင့် နာကြည်းခြင်းအား သင့်ဘ၀တလျှောက်လုံး သင့်ရင်ထဲတွင် မျိုသိပ်ထားနိုင်သည်။ ကြီးမားသော နှလုံးသားဖြင့် သင်သည် ဤသို့ပြောနိုင်လျှင် မည်မျှ ပိုကောင်းလိမ့်မည်နည်း? ""သူမပြောသည့်အရာက ကျွန်ုပ်၏မာနကို ထိခိုက်စေခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ ဒီထက်ပိုပြီး ဆိုးဆိုးရွားရွား ပြောနိုင်ပါတယ်။ ကျွန်ုပ်ဟာ မိမိကိုယ်ကို သိသလိုမျိုး သူမဟာ ကျွန်ုပ်အား သိခဲ့မယ်ဆိုရင်၊ ဒီထက်ဆယ်ဆလောက်ပိုပြီး ဆိုးဆိုးရွားရွား ပြောတာတောင် အမှန်ကို ပြောနေခြင်းသာ ဖြစ်ပါလိမ့်မည်။""
(၄) တိုက်ခိုက်ထိပါးခြင်းများ

အခြားသူတဦးက ကျွန်ုပ်တို့အပေါ်တွင် တိုက်ခိုက်ထိပါးခြင်း အပြစ်ကျူးလွန်သောအခါ၊ ဒေါသထွက်ရန်နှင့် မှားယွင်းစွာ တုံ့ပြန်မိရန်မှာ အလွန်ပင် လွယ်ကူသည်။ သို့သော် စိုက်သည့်အတိုင်း ရိတ်ရမည်ဆိုသည့်အချက်ကို သတိ ရသင့်သည်။ ကျွန်ုပ်တို့က အခြားသူတို့အား ဆက်ဆံသည့် ပုံစံအတိုင်း၊ ဘုရားသခင်က ကျွန်ုပ်တို့အား ပြုမူ ဆက်ဆံလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့သည် အခြားသူများအပေါ်တွင် ကြင်နာ၍ ခွင့်လွှတ်ပေးပါက၊ ဘုရားသခင်ကလည်း ကျွန်ုပ်တို့အပေါ်တွင် ကျေးဇူးတော်ကြွယ်ဝစွာဖြင့် ခွင့်လွှတ်ပေးလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့သည် အခြာသူတို့အပေါ်တွင် မာကျောခက်ထန်၍ ခွင့်မလွှတ်ပေးလိုပါက၊ ဘုရားသခင်ကလည်း ကျွန်ုပ်တို့နှင့် ပတ်သက်လာလျှင် တင်းကြပ်စွာ ပြုမူလိမ့်မည်။ ယေရှုက သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော် မူမည်။ သင်တို့သည် သူတပါးတို့၏အပြစ်ကို မလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ"" ဟု ဆိုသည်။ မသဲ ၆း ၁၄-၁၅
တစ်ခါ၌ ဗိုလ်ချုပ်ကြီး Oglethorpe က John Wesley အား ဤသို့ မာန်ပါပါပြောခဲ့သည်။ ""ငါ ကတော့ ဘယ်တော့မှ ခွင့်မလွှတ်ပေး တတ်ဘူး"" ထိုအခါ John Wesley က ""ဒါဆို ခင်ဗျား ဘယ်တော့မှ အပြစ် မလုပ်မိဖို့ ကျွန်တော်မျှော်လင့်ပါတယ်""ဟု ပြန်ပြောခဲ့သည်။
(၅) အခြားသူတဦး၏ ""ရက်ရက်စက်စက် ကြိမ်းခြင်း"" ကိုခံရခြင်း

အခြားသူတဦးက ကျွန်ုပ်တို့နှင့်ပတ်သက်၍ ဒေါသထွက်ဖွယ် ရိုင်းစိုင်းသော မှတ်ချက်တို့ကို ချပါ က၊ ကျွန်ုပ်တို့ကလည်း ထိုသူကဲ့သို့ပင် ပြန်လည်တုံ့ပြန်လိုကြသည်။ ဤသို့လုပ်ခြင်းသည် အခြေအနေ ဆိုးတစ်ခုအား ပို၍ဆိုးစေသည်။ အကယ်၍ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်ပြီး နူးညံ့သောအဖြေ မျိုးအားဖြင့် ဤအခြေအနေကို ကိုင်တွယ်ပါက များစွာပိုကောင်းမည်ဖြစ်သည်။
စားပွဲဝိုင်းဆွေးနွေးပွဲတစ်ခုတွင် အခြေအနေတို့သည် အလွန်ပင် တင်းမာလာသဖြင့်၊ မိန်းမတဦး သည် ဆွေးနွေးပွဲတွင် ဦးဆောင်သူအား ""ကျွန်မရှင်နဲ့ သဘောလုံးဝမတူဘူးဆိုတာကို ရှင့်ကိုသိစေချင် တယ်""ဟု ဒေါသတကြီး ပြောခဲ့သည်။ ထိုအခါ ဦးဆောင်သူသည် မိန်းမဘက်သို့လှည့်ပြီး ခေတ္တမျှ သူကို ကြည့်ကာ ""ကျွန်တော်လည်း သင့်ကို နှစ်သက်ပါတယ်""ဟု အပြုံးလေးဖြင့် ပြန်ပြောခဲ့သည်။ သူသည် မိမိ ကိုယ်ကို ထိန်းချုပ်နိုင်ခဲ့သည်။ တင်းမာမှုသည် ပြေလည်သွားခဲ့ပြီး သက်တောင့်သက်သာရှိသော အခြေ အနေသို့ ပြန်ရောက်သွားခဲ့သည်။ ဆွေးနွေးပွဲပြီးနောက် သူတို့နှစ်ဦးသည် အတူတူထွက်ချိန်တွင် သူမက သူ့ဘက်သို့လှည့်ကာ ""ကျွန်မလည်း ရှင့်ကို နှစ်သက်ပါတယ်""ဟု အပြုံးလေးဖြင့် ပြောခဲ့သည်။ ဤလူ သည် မည်မျှ ဥာဏ်ပညာရှိလိုက်သနည်း။ ပြီးတော့ ကျွန်ုပ်တို့သည်လည်း ""ရက်ရက်စက်စက် ကြိမ်းခြင်း""ကို ခံရသောအခါ ဤကဲ့သို့ မိမိကိုယ်ကို ချုပ်ထိန်းနိုင်ပါက၊ ကျွန်ုပ်တို့သည်လည်း မည်မျှဥာဏ်ပညာရှိလိုက်မည်နည်း။ ကျမ်းစာက ""ဖြည်းညှင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏""ဟုဆိုသည်။ သု ၁၅း ၁




69
(၆) ဝေဖန်ခြင်း

ဝေဖန်ခြင်းများသည် တခါတရံမှန်သော်လည်း တခါတရံ မမှန်ပါ။ အကယ်၍ ဝေဖန်ခြင်းသည် မှန်ကန်ပါက၊ ဤဝေဖန်ခံရခြင်းမှ သင်ခန်းစာတခုခုကို သင်ယူသင့်သည်။ အကယ်၍ မမှန်ကန်ပါက၊ ကျွန်ုပ်တို့အား ဤအရာက အနှောင့်အယှက်ဖြစ်စေရန် ခွင့်မပြုသင့်ပေ။ ဘုရားသခင်က ဤကိစ္စအား ကိုင်တွယ်မှာကို သိရှိလျက်၊ ဘုရားသခင်ထံသို့ ပေးအပ်လိုက်ပါ။
ပညာရှိတဦးက ""သင်ဘက်ကသာမှန်ပါက သင်သည် သင်၏အမျက်ကို ထိန်းချုပ်နိုင်မှာသေချာသည်။ သို့သော် သင်ဘက်က မှားပါက၊ သင်၏အမျက်မထွက်စေရန် အစွမ်းကုန်ကြိုးပမ်းသင့်သည်""ဟု ဆိုခဲ့သည်။
(၇) အမှားများ

လူတိုင်းသည် အမှားတခုခုကို တချိန်မဟုတ်တချိန်ချိန်တွင် ပြုလုပ်လေ့ရှိကြသည်။ မကြာခဏပင် ကျွန်ုပ်တို့သည် အပြစ်မှ ဆင်ခြေပေး၍ ရှောင်ထွက်လေ့ရှိကြပြီး အခြားသူတဦးအပေါ်သို့လည်း အပြစ်ပုံချ လေ့ရှိကြသည်။ အမှားတခုနှင့် စပ်လျဉ်း၍ မှားယွင်းစွာ တုံ့ပြန်လိုက်မှုသည် ဆိုးသော အခြေအနေတခုအား များစွာသာ၍ ဆိုးစေသည်။ အခြားတဖက်၌ ကျွန်ုပ်တို့သည် မိမိတို့၏ အမှားများကို ၀န်ခံပြီး မှန်ကန်စွာ တောင်းပန်ပါက ဘုရားသခင်သည် သူ၏ဘုန်းတော်ထင်ရှားရန်အတွက် ကျွန်ုပ်တို့၏ အမှားများကိုပင် အသုံးပြုနိုင်သည်။
University of Edinburgh တက္ကသိုလ်၏ ပါမောက္ခ ဖြစ်သူ Stuart Blackie သည် အတန်းတတန်းအား ကြားနာနေစဉ် အတန်းသားတဦး သည် မှားသောလက်ဖြင့် သူ စာအုပ်ကို ထောင်ခဲ့သည်။ ထိုကျောင်းသားက ရှင်းပြရန် လုပ်စဉ်တွင် ဘလက်ကီက ""မင်းစာအုပ်ကို ညာလက်နဲ့ကိုင်ပြီး ထိုင်တော့""ဟု အော်ငေါက် လိုက်သည်။
ထိုအခါ ကျောင်းသားက သူ၏ညာလက်ကို ထောင်ပြလိုက်သည်။ သူညာလက်သည် လက်ကောက်ဝတ်မှစ၍ ပြတ်နေသည်။ ဤ ပါမောက္ခကြီးသည် ခေတ္တငြိမ်သက်တွေဝေသွားပြီးနောက် သူ့မျက်လုံးမှ မျက်ရည်များစီးကျလျက် ကျောင်းသားထံသို့သွားပြီး ""မင်းလက် ဒီလိုဖြစ်နေတာ ငါ လုံးဝ မသိခဲ့ဘူး။ ငါ့ကိုခွင့်လွှတ်ပေးပါလား?ဟု မေးခဲ့သည်။ ကျောင်းသားလေး၏ ပြောင်းလဲခြင်းအားဖြင့် ဤကိစ္စသည် အဆုံးသတ်ခဲ့သည်။
ဤဖြစ်အပျက်ကို ကျမ်းစာညီလာခံတစ်ခုတွင် ပြန်လည်ပြောပြခဲ့သည်။ တွေ့ဆုံပွဲပြီးနောက် လူတဦးသည် ရှေ့ထွက်လာပြီး သူ့ညာလက်ကို မြှောက်ပြခဲ့သည်။ လက်ကောက်ဝတ်မှာ ပြတ်နေသည်။ သူက ""ကျွန်တော်ကို ပါမောက္ခ ဘလက်ကီက ခရစ်တော်ထံသို့ ပို့ပေးခဲ့ပါတယ်။ အကယ်၍ သူသာ ကျွန်တော့်ကိုဖတ်ပြီး သူ့အမှားကို အမှန်ပြင်ဖို့ မကြိုးစားခဲ့ဘူးဆိုရင် ကျွန်တော့ကို ခရစ်တော်ဆီ ပို့ပေးနိုင် မှာ မဟုတ်ပါဘူး""ဟု ပြောခဲ့သည်။
ဤလက်တွေ့ဘ၀အဖြစ်အပျက်များမှ သင်ယူရမည့် သင်ခန်းစာမှာ ""အမျက်ဒေါသက ကျွန်ုပ်၏ တခုတည်းသော တုံ့ပြန်မှုဖြစ်ရမည့် အခြေအနေမျိုးအတွင်းသို့ မကျရောက်ပါ။ ကျွန်ုပ်သည် အမျက်ထွက် ရန် မလိုအပ်ပါ။ အခြားသူတို့က ကျွန်ုပ်စိတ်ဆိုးဒေါသထွက်စေမည့်အရာတို့ကို ပြောလုပ်ကြသော်လည်း မည်သူ ကမှ ကျွန်ုပ်၏အမျက်ကိုထွက်အောင် မလုပ်နိုင်ပါ။ ကျွန်ုပ်သည် စိတ်ဆိုးဒေါသထွက်ပါက၊ ထိုသို့ ဖြစ်ခြင်းမှာ ကျွန်ုပ်၏ ရွေးချယ်မှုကြောင့်သာဖြစ်သည်။ ကျွန်ုပ်သည် သည်းခံခြင်း၊ ဟာသဥာဏ်၊ ကြင်နာ ခြင်း (သို့) အခြားပုံစံတမျိုးမျိုးအားဖြင့် ပြန်လည်တုံ့ပြန်နိုင်သည်။
မှားယွင်းသောတုံ့ပြန်မှုများအား ဆက်လက်ဖက်တွယ်နေခြင်းအား သတိပြုပါ။

မှားယွင်းသောတုံ့ပြန်မှုများအား ဆက်လက်ဖက်တွယ်နေခြင်းသည် ပို၍နက်ရှိုင်းသော ပြသနာများ အား ဖြစ်စေနိုင်သည်။ ကျွန်ုပ်တို့သည် မှားယွင်းသော တုံ့ပြန်မှုတခုအား ဖက်တွယ်ထားပါက ထိုအရာသည် နာကြည်းမှုတခုဖြစ်လာသည်။ နာကြည်းခြင်းအား ကြာရှည်စွာ ထိန်းသိမ်း ထားသောအခါ ဤအရာ သည် ခါးသီးခြင်းဖြစ်လာသည်။ နာကြည်းခြင်းနှင့် ခါးသီးခြင်းသည် ကျွန်ုပ်တို့အား ပျက်စီးစေနိုင်သည်။ ကျွန်ုပ် တို့၏ဘ၀တွင် နာကြည်းခြင်းနှင့် ခါးသီးခြင်းက ခြေကုပ်မရအောင် တားဆီးနိုင်ရန်အတွက် ကျွန်ုပ်တို့ လုပ်ဆောင်သင့်သည့်အရာအချို့ကို လေ့လာကြပါစို့။
· တိုက်ခိုက်မှုများကို လျစ်လျူရှုခြင်း
ယုံကြည်သူများသည် ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းအားဖြင့် ဘုရားသခင်နှင့် စဉ်ဆက်မပြတ် မိတ်သဟာယဖွဲ့သင့်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၌ တည်မြဲနေသောအခါ၊ ကျွန်ုပ်တို့အား စိတ်ဆိုး ဒေါသထွက်စေမည့်အရာတို့ကို ကျော်ကြည့် (လျစ်လျူရှု) နိုင်စွမ်း ရှိကြသည်။ ကျမ်းစာက ""တရားတော်ကို နှစ်သက်သောသူတို့၌ ကြီးစွာသော ငြိမ်သက်ခြင်းရှိပါ၏။ သူတို့ စိတ်ပျက်စရာ အကြောင်း မရှိပါ""ဟု ဆိုသည်။ ဆာ ၁၁၉း ၁၆၅
မိမိတို့၏ အမျက်ကို ထိန်းချုပ်နိုင်ပြီး ပြစ်မှားမှုများအား လျစ်လျူရှုနိုင်ခြင်းသည် ချီးမွမ်းထိုက်သော အရည်အသွေးပင်ဖြစ်သည်။ ကျမ်းစာက ""သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်း တတ်၏။ သူတပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏""ဟု ဆိုသည်။ သု ၁၉း ၁၁
· နားလည်မှုမှားခြင်းများအား အလျင်အမြန်မှန်စေပါ။

စာတန်၏လက်နက်များထဲမှ တစ်ခုမှာ ဘုရားသခင်၏ သားသမီးများ တယောက်ကိုတယောက် နားလည်မှုမှားစေရန်အတွက် ပြုလုပ်ရန် ဖြစ်သည်။ သူသည် လိမ်ညာခြင်းနှင့် မှားယွင်းခြင်းတို့အား အခြေ အနေတခုအတွင်းသို့ ထိုးသွင်းလေ့ရှိသည်။ ရလဒ်အနေဖြင့် လူများစွာသည် အခြားသူများက အပြစ် မကျူးလွန်ခဲ့သော်လည်း သူတို့တွင် အပြစ်ရှိသည်ဟုထ င်ကာ ရန်လုပ်လေ့ရှိကြသည်။
ကျမ်းစာက ကျွန်ုပ်တို့သည် အခြားယုံကြည်သူတဦးဦးနှင့် နားလည်မှုလွဲပါက၊ ထိုသူထံသို့သွား၍ လွဲနေသောအရာကို ပြန်တည့်မတ်အောင် လုပ်ဖို့ ထပ်ခါတလဲလဲ ပြောထားသည်။ အကယ်၍သာ ဘုရား သခင်၏သားသမီးများသည် ဤအချက်ကို နာခံပါက၊ သူတို့ကြားထဲရှိ ပြသနာ များစွာ တို့သည် ပြေလည် သွားနိုင်ပါသည်။
သာသနာပြုခေါင်းဆောင်တဦးသည် နိုင်ငံရပ်ခြားတနိုင်ငံ၌ သာသနာပြုများ ညီလာခံတခုကို ဦးစီး ကျင်းပခဲ့သည်။ တစ်နေ့တွင် သာသနာပြုတဦးသည် သူ့ထံသို့လာပြီး ""ဒီညီလာခံမှာရှိတဲ့ သာသနာပြုတဦး က ကျွန်တော့်ကို မကျေမနပ်ဖြစ်နေပေမယ့် သူဘာကြောင့် မကျေမနပ် ဖြစ်နေလဲဆိုတာကိုတော့ ကျွန်တော် မသိပါဘူး"" ဟုပြောခဲ့သည်။ မကြာမီအချိန်တွင် အခြားသာသနာပြုကလည်း ခေါင်းဆောင်ထံသို့လာ၍ ပထမသာသနာပြုပြောခဲ့သောစကားအတိုင်းပင် ပြောခဲ့သည်။ အမှန်စင်စစ်၊ ထိုသူနှစ်ဦးလုံးက တယောက် ကိုတယောက် မကျေမနပ်ဖြစ်နေကြသည်ဟု ထင်ခဲ့ကြသည်။ သူတို့နှစ်ဦးလုံး မှားယွင်းခဲ့သည်။ အမှန်မှာ သူတို့နှစ်ဦးကြားထဲတွင် တယောက်ကိုတယောက် မကျေနပ်စရာ ဘာအကြောင်းမှ မရှိပေ။ စာတန်က ဤအတွေးမျိုးကို သူတို့စိတ်ထဲသို့ ထည့်ခဲ့ပြီး သူတို့ကလည်း ထိုအတွေးကို လက်ခံခဲ့သောကြောင့် အလိမ် ညာမိခဲ့ခြင်းဖြစ်သည်။
· မှားယွင်းသောသဘောထားများအား လျင်မြန်စွာ ငြင်းပယ်ပါ။

တခါတရံ ကျွန်ုပ်တို့သည် ဖြစ်ပေါ်လျက်ရှိသော အခြေအနေတခု၌ မိမိတို့၏ ချက်ခြင်းလက်ငင်း တုံ့ပြန်မှုအား ထိန်းချုပ်နိုင်စွမ်းမရှိကြပါ။ သို့သော် ကျွန်ုပ်တို့သည် မှားယွင်းသော တုံ့ပြန်မှုတခုအား နာကြည်ခြင်းတခု မဖြစ်လာအောင် ကာကွယ်တားဆီးနိုင်သည်။ ကျွန်ုပ်တို့သည် မှားယွင်းသော တုံ့ပြန်မှု တခုအား ငြင်းပယ်ရန်အတွက် ရွေးချယ်ဆုံးဖြတ်နိုင်သည်။

70
ခရစ်ယာန်ဆရာမတစ်ဦးသည် လမ်းလျှောက်နေစဉ်တွင် သူမအား ခါးသီးစေနိုင်သည့်အရာတစ်ခု ကို လုပ်ခဲ့သောသူ့လုပ်ဖော်ကိုင်ဖက် ဆရာမအကြောင်းကို တွေးမိခဲ့သည်။ ရုတ်တရက် သူမသည် လမ်းလျှောက်တာကို ရပ်လိုက်ပြီး ""ကျွန်မရဲ့နာကြည်းခြင်းကို ငြင်းပယ်မယ်။ နာကြည်းခြင်းကို ဘယ်တော့မှ ရင်ဝယ်မပိုက်ထားဘူး""ဟုဆိုခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူမက ဤကိစ္စနှင့် ပတ်သက်၍ ""အဲ့ဒီတုန်းက ကျွန်မဟာ ဘာကြောင့် နာကြည်းခဲ့လဲဆိုတာ လုံးဝမမှတ်မိဘူး""ဟု ပြောလေ့ ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ""အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမ၀င်စေနှင့်""ဟု ဆိုသည်။ ဧ ၄း ၂၆-၂၇
ဤနေရာ၌ ဘုရားသခင် ပြောလိုသည်မှာ မှားယွင်းသော သဘောထားများအား မဖက်တွယ်ထား နှင့်ဟု ပြောလိုခြင်းဖြစ်သည်။
· အခြားလူအတွက်ဆုတောင်းပါ။

ကျွန်ုပ်တို့သည် အခြားသူတဦးဦးအပေါ်တွင် မှားယွင်းသောသဘောထားများ ရှိနေသည်ဟု မည်သည့် အချိန်တွင်မဆို ခံစားမိပါက၊ ထိုသူ အတွက် စတင်၍ဆုတောင်းပေးသင့်သည်။ ထိုလူက သင့်ကို ဆိုးဝါးစွာဆက်ဆံလျှင်တောင်မှ ထိုလူအတွက် နေ့စဉ်ဆုတောင်းပေးပါ။ နာကြည်းခြင်း သည် သင့်စိတ် နှလုံးထဲသို့ မ၀င်လာရန်အတွက် သင့်အတွက်လည်းဆုတောင်းပါ။ ယေရှုက ""သင်တို့ကို နှောင့်ယှက် ညှင်းဆဲသောသူတို့အဖို့၊ ဘုရားသခင်ကို ဆုတောင်းကြလော့။""ဟု ဆိုသည်။ မဿဲ ၅း၄၄
ကျွန်ုပ်တို့၏တုံ့ပြန်မှုများသည် ဘုရားသခင်၏ထိန်းချုပ်မှု့အောက်တွင်သာရှိရမည်။

အပြင်ဘက်ပိုင်းမှ လှုံ့ဆော်မှု့တစ်ခုခုက ကျွန်ုပ်တို့မည်သို့တုံ့ပြန်ကြမည်ကို အဆုံးအဖြတ်မပေးပါ။ ကျွန်ုပ်တို့အတွင်း၌ ထိန်းချုပ်နေသောအရာ က အဆုံးအဖြတ်ပေးသည်။ အကယ်၍ ကျွန်ုပ်တို့အား ဇာတိစိတ်က အုပ်စိုးနေပါက၊ ဇာတိစိတ်က စေခိုင်းသည့်အတိုင်း တုံ့ပြန်ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့အား ခရစ်တော်က အုပ်စိုးနေလျှင်မူ၊ သူ့အသက်တာကဲ့သို့ ပြန်လည်တုံ့ပြန်ကြမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများအနေဖြင့်၊ မိမိနှစ်သက်သလို တုံ့ပြန်နိုင်သော လွတ်လပ်မှု့ ကျွန်ုပ်တို့တွင်မရှိပါ။ ကျွန်ုပ်တို့၏ တုံ့ပြန်မှုများသည် ဘုရားသခင်၏ထိန်းချုပ်မှု့အောက်တွင် ရှိရမည်။ ဘုရားသခင်က ခရစ်ယာန်များအား မည်သို့တုံ့ပြန်ရမည်ကို တိကျစွာ အမိန့်ပေးထား သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ""သူတပါး၌ အဘယ်သူမျှရန်တုံ့မမူခြင်းငှာ၊ သတိပြု၍၊ အချင်းချင်း တို့၌၄င်း၊ ခပ်သိမ်းသောသူတို့၌၄င်း၊ ကာလ အစဉ်ကြိုးစား၍ ကျေးဇူးကိုပြုကြလော့။""ဟုဆိုသည်။ ၁သက် ၅း၁၅
ဤကျမ်းပုဒ်က ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် အခြားသူများအား လက်စားချေရန် ကြိုးပမ်းမည့် အစား ဆိုးဝါးစွာ ဆက်ဆံခံရခြင်းကို သည်းခံခြင်းရှိစွာ ခံယူကြရန်ဖြစ်သည်။ သခင်ယေရှုကိုယ်တိုင်က ကျွန်ုပ်တို့အတွက် ပုံသက်သေဖြစ်သည်။ ကျမ်းစာက ""...ခရစ်တော်သည် ငါတို့ အတွက်ခံတော်မူသည် ဖြစ်၍၊ ခြေတော်ရာကို လျှောက်လိုက်စေခြင်းငှာ ပုံသက်သေကို ထားတော်မူပြီ။ ထိုသခင်သည် ဒုစရိုက်ကို မပြု၊ နှုတ်တော်၌လည်း မုသာကိုမတွေ့။ ကဲ့ရဲ့ခြင်းကို ခံရသောအခါ၊ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ်အပ်တော်မူ၏။"" ဟုဆိုသည်။ ၁ပေ ၂း၂၁-၂၃
ကျွန်ုပ်တို့၏တုံ့ပြန်မှု့များတွင် ထာဝရကာလအကျိုးဆက်များရှိသည်။

ကျွန်ုပ်တို့ တုံ့ပြန်မှုများ၏ အရေးကြီးမှု့ကို ဘုရားသခင်က ကျွန်ုပ်တို့အားသိစေလိုသည်။ အိန်္ဒိယကို သာသနာပြုခဲ့သူ Miss Amy Carmichael က တစ်ခါတွင် ဤသို့ပြောခဲ့သည်။ ""အခြေအနေတခု၏ အရေးကြီးမှု့သည် ထိုအခြေအနေပေါ်တွင် မမူတည်ပါ။ ထိုအခြေအနေအပေါ်တွင် တုံ့ပြန်လိုက်သော ကျွန်ုပ် တို့၏ တုံ့ပြန်မှု့အပေါ်တွင်သာ မူတည်သည်။ ကျွန်ုပ်တို့သာ ခက်ခဲသည့်အချိန်များတွင် နာကြည်းခြင်းမှ ကင်းဝေးစွာ၊ တိတ်ဆိတ်ငြိမ်သက်စွာ အတွင်းပိုင်း၌ ချိုသာမှုတို့ဖြင့် ပြည့်နှက်စွာဖြင့် အသက်ရှင်နိုင်ခြင်း သည်သာ အရေးအကြီးဆုံးအရာဖြစ်သည်။ ကျွန်ုပ်တို့အား စိတ်ပျက်ဝမ်းနည်း စေသော အရာများသည် ရွေ့ လျားကျော်လွန်သွားသော လေကဲ့သို့ မကြာမီ ပျောက်ကွယ်သွားလိမ့်မည်။ သို့သော် လေတိုက်နေစဉ် အတွင်း ကျွန်ုပ်တို့ ပြုမူ လုပ်ဆောင်မှုများတွင် ထာဝရကာလအကျိုးဆက်များရှိသည်။
ကျွန်ုပ်တို့တွင် ဖြစ်ပျက်သောအရာတို့သည် သိပ်အရေးမကြီးပါ။ အမှန်တကယ် အရေးကြီးသော အရာမှာ ကျွန်ုပ်တို့တွင် ဖြစ်ပျက်သော အရာ တို့အပေါ်တွင် တုံ့ပြန်လိုက်သော ကျွန်ုပ်တို့၏ တုံ့ပြန်မှု ဖြစ်သည်။ ကျွန်ုပ်တို့၏ တုံ့ပြန်မှုများတွင် ထာဝရကာလ အကျိုးဆက်များ ရှိသည်ကို ဘုရားသခင် က ကျွန်ုပ် တို့အား မြင်စေနိုင်ကြပါစေ။


ရှာဖွေတွေ့ရှိရသောအဖိုးထိုက်ရတနာ

ကျွန်ုပ်တို့အား ဒုက္ခဖြစ်စေသောအရာများသည် မကြာခင် ရွေ့လျားပျောက်ကွယ်သွားမည်။ သို့သော် ကျွန်ုပ်တို့၏တုံ့ပြန်မှုများတွင် ထာဝရကာလ အကျိုးဆက်များရှိသည်။
မေးခွန်းများ

မှန်/မှား

(၁) ကျွန်ုပ်တို့တွင် ဖြစ်ပျက်သောအရာတို့အပေါ်တွင် တုံ့ပြန်လိုက်သော ကျွန်ုပ်တို့၏တုံ့ပြန်မှုသည် အရေးမကြီးပါ။
(၂) ကျွန်ုပ်တို့က အခြားသူတို့အား ပြုမူဆက်ဆံသည့် ပုံစံအတိုင်း ဘုရားသခင်က ကျွန်ုပ်တို့အား ပြုမူ ဆက်ဆံလိမ့်မည်။
(၃) မှားယွင်းစွာ တုံ့ပြန်မှုများ၏ ကြီးမားသောအန္တရာယ်မှာ ဤတုံ့ပြန်မှုများသည် နက်ရှိုင်းသော ပြသနာများဖြစ်လာသည့်အထိ ဖက်တွယ် ထားခြင်း ဖြစ်သည်။
(၄) နာကြည်းခြင်းနှင့် ခါးသီးခြင်းတို့သည် ကျွန်ုပ်တို့၏ဘ၀တွင် ခြေကုပ်မရစေရန်အတွက်၊ ကျွန်ုပ်တို့ သည် မှားယွင်းသောသဘောထားများအား အလျင်အမြန် ငြင်းပယ်စွန့်ပစ်ရမည်။
(၅) အပြင်ဘက်ပိုင်း လှုံ့ဆော်မှုတစ်ခုခုက ကျွန်ုပ်တို့မည်သို့တုံ့ပြန်ကြမည်ကို အဆုံးအဖြတ်ပေးသည်။
(၆) အကယ်၍ ဇာတိစိတ်က ကျွန်ုပ်တို့အား အုပ်စိုးနေပါက၊ ဇာတိစိတ်က စေခိုင်းသည့်အတိုင်း ကျွန်ုပ်တို့တုံ့ပြန်လိမ့်မည်။
(၇) ကျွန်ုပ်တို့၏တုံ့ပြန်မှုများတွင် ရေရှည်နှင့် တခါတရံထာဝရကာလအကျိုးဆက်များရှိသည်။
(၈) တစုံတဦးက ကျွန်ုပ်တို့နှင့်ပတ်သက်၍ ဒေါသထွက်ဖွယ် ရိုင်းပြသောမှတ်ချက်တို့ကို ချပါက၊ နူးညံ့သောအဖြေအားဖြင့် ပြန်လည် တုံ့ပြန်ခြင်း သည် အကောင်းဆုံးဖြစ်သည်။
(၉) အမျက်ဒေါသကသာ ကျွန်ုပ်၏တခုတည်းသော တုံ့ပြန်မှုကို ဖြစ်စေနိုင်သော အခြေအနေအချို့ရှိသည်။
(၁၀)ကျွန်ုပ်တို့၏အမျက်ကို ထိန်းသိမ်းနိုင်ပြီး ပြစ်မှားမှုများအား လျစ်လျူရှုနိုင်ခြင်းသည် ချီးမွမ်းထိုက် သောအရည်အသွေးများဖြစ်သည်။
ရဲလင်းထွန်း (အင်းစိန်)



71
Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support