HCF

HCF MYANMAR IN SINGAPORE

Thursday, May 27, 2010

ဘုရားသခင်၏ဒုတိယလူ


ဘုရားသခင်၏ဒုတိယလူ

God's Second Man

New life in Christ Course III

Lesson 6

ဖတ်ရန်ကျမ်းချက်။ (မ၊၁း၁၈-၂၅။ဖိ၊၂း၅-၁၁။ဧ၊၁း၂ဝ-၂၃)

သော့ချက် ကျမ်းပိုဒ်။

''အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တယောက်သော သူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏'' (ရော၊၅း၁၉)


လူက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း

ဘုရားကပထမဆုံးလူ၊အာဒံကိုဖန်ဆင်း၏။ သူ၏ဘုန်းကိုထင်ရှားစေရန် လူမျိုးနွယ်ကို အလိုရှိတော်မူ၏။ သို့သော် အာဒံသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့၏။ အာဒံသည် မိမိတဦးထဲ အပြစ်သားဖြစ်ခဲ့ခြင်းသာမဟုတ်၊ လူသားအားလုံး ကိုလည်း အပြစ်သားများဖြစ်စေ၏။ ဘုရားသခင်၏ အသက်ရရှိရမည့် အစား ဘုရားသခင်နှင့်အဆက်ပြတ်ခဲ့၏။ ဘုရား၏ပကတိ ရှိရမည့်အစား၊ လူသည်အပြစ်နှင့် အတ္တအုပ်စိုးခြင်းသာရှိ၏။ ဤကမ္ဘာ လောက ကို အုပ်စိုးရမည့်အစား အပြစ်နှင့်စာတန်၏ကျွန် ဖြစ်ခဲ့ရ၏။ လူ၊ အပြစ်သားမျိုးနွယ်သည် ဘုရား၏ဘုန်းတော်နှင့်ရည်ရွယ်ချက်ကို မည်ကဲ့သို့ ပြည့်စုံစေနိုင်မည်နည်း။ အဖြေမှာ၊ မဖြစ်နိုင်ပါ။


ဘုရားသခင်၏ရည်ရွယ်ချက်၊ ပြောင်းလဲခြင်းမရှိပါ

ဘုရားသခင်သည် သူ၏ဘုန်းကိုထင်ရှားစေမည့်၊ လူမျိုးကိုအလိုရှိနေဆဲဖြစ်သည်။ ဘုရားက ဘယ်လို လုပ်လိမ့်မည် နည်း။ အခြားသော သူတယောက်ဖြင့် လုပ်ဆောင်လိမ့်မည်။ တယောက်သောသူအားဖြင့် လူများတို့သည် ပျက်စီးခြင်းသို့ ရောက် ခဲ့စဉ်ကပင်၊ တယောက်သောသူ၊ ယေရှုခရစ် အားဖြင့် လူမျိုးများကို ကယ်တင်ရန်ပြင် ဆင်ထားပေလိမ့်မည်။ ကျမ်းစာက ''အကြောင်း မူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တယောက် သောသူသည် နားထောင် သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ရောက်ရကြ၏'' ဟုဆို၏။(ရော၊၅း၁၉)


ဘုရားသခင်၏ဒုတိယလူ

ဘုရားသခင်၏ပထမလူသည် ဘုရား၏ဘုန်းတော်ကို ထင်ရှားစေရန် ပျက်ကွက်ခဲ့ခြင်းကြောင့် သူ၏ဘုန်းကို ထင်ရှား စေမည့် မျိုးနွယ်သစ်၏ ဦးခေါင်းဖြစ်ရန် ဒုတိယလူရှိရပေမည်။ ဘုရားကသူ၏သားတော်ကို ဒုတိယလူဖြစ်ရန် ရွေးချယ်ခဲ့၏။ ကျမ်းစာက ''...ဒုတိယ လူမူကား၊ ကောင်းကင်ဘုံက ဖြစ်တော်မူသောသခင်ပေတည်း''ဟုဆို၏။(၁ကော၊၁၅း၄၇ခ)

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်၍ ကယ်တင်ခြင်းသို့ရောက်ရန် အလိုရှိ၏။ ကျွန်ုပ်တို့ကို ကယ်တင်ရန် သူ၏သားတော်ကို ဤလောကသို့ စေလွတ်၍ သားတော်သည်လည်း လူများ၏အပြစ်အတွက် အသေခံပေလိမ့်မည်။ ထိုနောက် ဘုရား၏ သားသမီးများ ဖြစ်ကြသော မျိုးနွယ်သစ်၏ ဦးခေါင်းဖြစ်စေရန် တဖန်ရှင်ပြန်ထမြောက်ရလိမ့်မည်။ သခင်ယေရှုသည် သူ၏ အသေခံခြင်းနှင့် ထမြောက်ခြင်း အားဖြင့်၊ ကျွန်ုပ်တို့သည်အာဒံ၏ အပြစ်သားမျိုးနွယ်ဘဝမှ ဘုရား၏သားသမီးများ ဖြစ်လာရန် ပြု လုပ် လိမ့်မည်။ ဘုရားသခင်က မည်ကဲ့သို့ ပြုလုပ်ပေးခဲ့သည်ကို ရှုစားကြပါစို့။

ပထမအဆင့်သည် လူဇာတိခံယူခြင်းဖြစ်၏။ လူဇာတိခံယူခြင်းသည် ဘါကိုဆိုလိုပါသနည်း။ ဘုရားသခင်က လူသားဖြစ် လာ ခြင်းဖြစ်သည်။ ဘုရားသခင်၏သားတော်ကိုယ်တိုင် လူသားတဦးအဖြစ် ခံယူခြင်းဖြစ်သည်။ အံ့ဘွယ်ရာကျမ်းစာက''အစဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော် သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော် မူ၏။-နှုတ်ကပတ်တော်သည် လည်း လူဇာတိအဖြစ်ကို ခံယူ၍...ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍'' ဟုဆို၏။(ယော၊၁း၁,၁၄)

လူကိုဖန်ဆင်းခဲ့သောသူသည်၊ ကိုယ်တိုင် လူဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ဤအရာကား နက်နဲသော မဟာသစ္စာတရား ဖြစ်သည်။ သာ၍ ကြီးစွာ သော နက်နဲခြင်းကား ဘုရားသခင်က လူသားတဦးအဖြစ်၊ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ပထမလူ၊ အာဒံသည် အရွယ်ရောက် လူတဦး အဖြစ် ဖန်ဆင်း ခြင်း ကိုခံရ၏။ သို့သော် ဒုတိယလူ၊ ယေရှုခရစ်သည်၊ ကလေးငယ်တဦးအဖြစ် ဤ လောကသို့ ဝင်ရောက်လာခဲ့၏။

သခင်ယေရှုသည် အပျိုကညာဝမ်းမှ ဘွားမြင်ပြီ၊ သူ၌ လူသားဖခင်မရှိပါ။ သူ၏ဖခင်မည်သူနည်း။ ထာဝရဘုရားသခင်သည် သူ၏ အဘ ခမည်းတော် ဖြစ်တော်မူ၏။ သူ၏မိခင်မာရိသည် လက်ထပ်ထိမ်းမြားရန် ယောသပ်နှင့် စေ့စပ်ထားသူ ဖြစ်၏။ သူတို့ အတူတကွ လက်ထပ်ထိမ်းမြားခြင်း မခံမှီ၊ ကောင်းကင်တမန်သည် မာရိထံပေါ်လာပြီး ပြောသည်မှာ ''ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသော ဝိညာဉ် တော်သည် သင်၏ အပေါ်မှာ သက်ရောက်တော်မူ၍ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော် တော်သည် သင့်ကို လွှမ်းမိုး လိမ့်မည်။ ထို အကြောင်းကြောင့် ထိုသန့်ရှင်းသောသား သည် လည်း ဘုရားသခင်၏သားတေဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်''ဟု ဆို၏။ (လု၊၁း၃၅)

ယောသပ်ထံ၌လည်း ကောင်းကင်တမန်သည် ပေါ်လာပြီးပြောသည်မှာ ''ထိုသို့ကြံစည်၍နေစဉ်တွင်အိပ်မက်ကိုမြင်ရ သည်မှာ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည် အခွင့် ကိုမစိုးရိမ်နှင့်။ ဤပဋိန္ဓေသည် သန့်ရှင်းသော ဝိညာဉ်တော်ကြောင့်ဖြစ်၏။ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထို သားသည် မိမိလူတိုအပြစ်မှ ကယ်ချွတ် မည်သူဖြစ်သောကြောင့်၊ ယေရှုဟူသော အမည်ဖြင့်မှည့်ရမည်ဟု ကောင်းကင် တမန် ဆို၏'' (မ၊၁း၂ဝ-၂၁)။ ယေရှုဟူသော နာမည်၏ အဓိပ္ပါယ်မှာ ''ကယ်တင်ရှင်'' ဖြစ်၏။


ယေရှုခရစ်သည် ဘုရား-လူသား ( God-Man)ဖြစ်သည်။

ယေရှုခရစ်ကို (ဘုရား-လူသား)ဟုခေါ်၏။ သူသည် ဘုရားဇာတိ ပြည့်စုံခြင်းနှင့် လူသားဇာတိပြည့်စုံခြင်း အပေါင်း ဖြစ်တော်မူ၏။ သူသည် ဘုရားဖြစ်၏။ သူ၏အဘသည် ထာဝရဘုရား ဖြစ်သောကြောင့် ဖြစ်၏ မာရိသည်သူ၏ မိခင်ဖြစ်သောကြောင့် သူသည် လူသား တဦဖြစ်၏။ သူသည် ဘုရားသခင်နှင့် တလုံးတဝတည်း ဖြစ်သကဲ့သို့လူသားမျိုးနွယ် နှင့်လည်း တလုံးတဝတည်း ဖြစ်၏။ ခမည်းတော် ဘုရားသခင်၏ တပါးတည်းသော သားတော်ဖြစ်သောကြောင့် ''ဘုရားသားတော်''ဟုခေါ်၏။ သူ့ကို''လူသားတော်'' ဟု ခေါ်သော ကြောင့် လူသားအပေါင်း ကိုလည်းကိုယ်စားပြုတော်မူ၏။ ကျမ်းစာက ''မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာ ဖြစ်သည် ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်း တော်မူပြီ။''ဟုဆို၏။ (၁တိ၊၃း၁၆က)

ဘုရားသခင်၏သားတော်သည် ဤလောကသို့ လူသားတဦးအဖြစ် ဘာကြောင့်ကြွလာခဲ့ရပါသနည်း။ အလွန် အရေး ကြီး သော အကြောင်း အရာ နှစ်ချက်ကြောင့် ဖြစ်သည်။


၁။ မာရ်နတ်၏အမှုများကို ဖျက်ဆီးရန်ယေရှုလာခြင်းဖြစ်၏။ကျမ်းစာက ''မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ဘုရားသခင်၏ သားတော်သည် ထင်ရှား ပေါ်ထွန်းတော်မူ၏''ဟုဆို၏။(၁ယော၊၃း၈)


၂။ သူသည် ကျွန်ုပ်တို့ကို အာဒံ၏အပြစ်သားမျိုးနွယ်မှ ထွက်မြောက်ရာလမ်းကိုပြုလုပ်ပေးရန်နှင့် ဘုရား၏အိမ်ထောင်မိသားစုထဲသို့ရောက်ရာ လမ်း ကို ပြုလုပ်ရန် လာခြင်းဖြစ်၏။ ဤသည်ကား ကယ်တင်ခြင်း၏အဓိပ္ပါယ်ဖြစ်သည်။


ဒုတိယလူသည် လည်းစုံစမ်းစစ်ဆေးခြင်းကိုဘယ်ကဲ့သိုခံခဲ့ရသနည်း။

ပထမလူ၊ အာဒံသည် စုံစမ်းစစ်ဆေးခြင်းကို ခံရ၏။ ဒုတိယလူ၊ ယေရှုသည်လည်း စုံစမ်းစစ်ဆေးခြင်းကို ခံရန်လိုအပ် ၏။ စာတန်က သုံးကြိမ်တိုင် ယေရှုသည်မိမိ၏ အလိုကိုသာလုပ်ဆောင်ရန်စုံစမ်းခဲ့၏။ ယေရှု သုံးကြိမ်စလုံး ငြင်းပယ်၏။ စာတန်ရှုံးခဲ့၏။

ပထမလူ အာဒံသည် ဘုရား၏စကားကို နားမထောင်ခြင်းကြောင့်၊ စာတန် အောင်နိုင်ခဲ့၏။ ဒုတိယလူ၊ ခရစ်တော်သည် ဘုရား၏ စကားကို နာခံခြင်းကြောင့် စာတန်၏အပေါ် အောင်နိုင်ခဲ့၏။

သခင်ယေရှုသည် အခြားသောစုံစမ်းမှုများကိုလည်း သူ၏အသက်တာ၌ရင်ဆိုင်ခဲ့ရ၏။ သို့သော် အောင်နိုင်ခဲ့၏။ အ ဘယ်ကြောင့်ဆိုသော် သူ့ ခမည်းတော်၏ အလိုကိုသာ လုပ်ဆောင်ခြင်းကို နှစ်သက်သောကြောင့်ဖြစ်၏။ ကျမ်းစာက ''ဘုရား သခင်၏ သားတော် မှန်သော်လည်း၊ ဆင်းရဲဒုက္ခကို ခံသောအားဖြင့် နားထောင်ခြင်း အကျိုးအကြောင်း ကိုသင် တော်မူ၏'' (ဟေဗြဲ၊၅း၈)။

ယေရှုသည် အရာရာ၌ သူ့ခမည်းတော်ကို နာခံရန် သင်ယူခဲ့၏။ လက်ဝါးကပ်တိုင်အပေါ် နောက်ဆုံး နှင့် ကြီးစွာသော စုံစမ်းစစ် ဆေးခြင်းကို ခံရန် ပြင်ဆင်ခဲ့၏။


ယေရှုသည် ကျွန်ုပ်တို့၏အပြစ်အတွက် အပြစ်ရှိသောသူ ဖြစ်စေ၏။

တလောကလုံး၏ အပြစ်များကို ခံယူရန်ယေရှုသည် ဘုရား၏သိုးသငယ်အဖြစ် လာခဲ့၏။ ကျမ်းစာက''အဘယ်ကြောင့်နည်းဟူမူ ကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေ၏။ အကြောင်းမူကား၊ ငါတို့သည် ထို သူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့်အကြောင်းတည်း''(၂ကော၊၅း၂၁)

ဂေသရှေမန်ဥယျာဉ်၌ ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များကို မည်ကဲ့သို့ခံယူရမည်ကို စဉ်းစားရင်း၊ မျက်နှာကိုအပ်လျက်ဆုတောင်း ခဲ့သည်မှာ ''အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော''သူ၏ စိတ်ဝေဒနာသည် အလွန်မှ ကြီးမား သောကြောင့် ချွေးသည် သွေးစက်ခဲကဲ့သို့ ကျတော်မူ၏။ သို့သော် သူသည်ခမည်းတော်၏ အလိုတော်ကို အမြဲ နာခံသူဖြစ်၏။ ဆက်၍ ဆုတောင်းသည်မှာ ''သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း (မ၊၂၆း၃၉)(လု၊၂၂း၄၂)


သခင်ယေရှု၏ ကြောက်ဘွယ်ကောင်းသော သေခြင်း

သခင်ယေရှုကို ပိလတ်မင်းရှိရာ ရောမအစိုးရရုံးတော်သို့ ခေါ်ဆောင်ခဲ့၏။ ထိုနေရာ၌ သူ၏အဝတ်ကို ချွတ်ပြီးဆူးများ ပါသော သားရေဖြင့် ပြုလုပ်ထားသော ကြာပွတ်နှင့်ရိုက်တော်မူ၏။ ဆူးများကို သတ္တုစ(သို့)အရိုးစများဖြင့် ပြုလုပ်ထားခြင်းဖြင့် အသား များကို ရှန စေရန်ဖြစ်သည်။ သူသည် ကဲ့ရဲ့ခြင်း၊ လှောင်ပြောင်ခြင်းနှင့်တံထွေးနှင့်ထွေးခြင်းကို ခံရ၏။ သူ၏ မျက်နှာသည် ထိုးခြင်းခံရသောကြောင့် ဖူး ရောင် နေ၏။ သူ၏ဦးခေါင်း၌လည်း ဆူသရဖူကို လှောင်ပြောင်၍ ဆောင်းခြင်းကို ခံရ၏။ သူကို အသေ ခံရန်နေရာ၊ ကရာနီသို့ လက်ဝါး ကပ်တိုင် ကို ပေးလျက် ထမ်းစေ၏။

ကရာနီကုန်းပေါ်၌လည်း စာတန်သည်ယေရှုကို အခြားသောတစုံတရာကိုလုပ်ဆောင်ခြင်းဖြင့် စုံလင်သောကယ်တင်ရှင် မဖြစ် စေရန် အစွမ်းကုန် ကြိုးစားခဲ့၏။ စာတန်သည် နည်းလမ်းပေါင်းစုံ လုပ်ဆောင်ခဲ့သော်လည်း ယေရှုသည်ဘုရားသခင်ကို စိတ်နှလုံး အကြင်း မဲ့ ဆက်လက် ချစ်နေဆဲဖြစ်၏။ သူ၏နောက်လိုက်များကိုလည်း ချစ်နေဆဲဖြစ်၏။မိမိကိုယ်ကို သနားခြင်းကို ငြင်းပယ်ပြီ၊ သူ့ကိုယ်ကိုသူ ကယ်တင်လိမ့်မည်မဟုတ်ပါ။ သူသည် သေသည့် တိုင်အောင် နာခံတော်မူ၏။ လက်ဝါး ကပ်တိုင်ပေါ် သေသည့်တိုင်အောင် ဖြစ်၏။ ဘုရားသခင်၏ဒုတိယလူသည်၊ သူ့အသက်တာ နောက်ဆုံးပိုင်း၌ ပြောနိုင်ခဲ့သည်မှာ ''အကျွန်ုပ် သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ ဘုန်းကိုထင်ရှား စေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဘို့ အကျွန်ုပ်၌ အပ်ပေးတော်မူသော အမှုကို အကျွန်ုပ် ဆောင်ရွက်၍ပြီးပါပြီ။''ဟု ဆို၏။(ယော၊၁၇း၎)


ယေရှုခရစ်၏ ဘုန်းနှင့်ပြည့်စုံသော ရှင်ပြန်ထမြောက်ခြင်း

သုံးဆယ်သုံးနျစ်တိုင် အသက်ရှင်ခဲ့သော သခင်ယေရှု၏ခန္ဓာကိုယ်အလောင်း ကိုလက်ဝါးကပ်တိုင်ပေါ်မှ ချပြီ၊ သင်္ချိုင်းအဝတ်နှင့် ပတ်ရစ်ကာ သေဌေးတဦး၏ ဂူတွင်မြုပ်နှံထားလေ၏။ ဂူအတွင်းသူ၏ခန္ဓာသည် သုံးရက်နှင့်သုံးည လည်းလျောင်းတော် မူ၏။ ထိုနောက်မှ တစုံတခုသော အံ့ဘွယ် နိမိတ်ဖြစ်ခဲ့၏။ ယေရှုသည် ဘုရားသခင်၏ ကြီးစွာသော တန်ခိုးဖြင့် သေခြင်း မှထမြောက်ခဲ့၏။

ဘုရားသခင်၏ဒုတိယလူသည် ခမည်းတော်ကို အရာခပ်သိမ်းတို့၌ နာခံခဲ့၏။သေခြင်းသည်သူ့ကို မထိန်းချုပ်ထားနိုင်ခဲ့ပါ။ သူသည် သင်္ချိုင်းမှ ထမြောက်ခြင်းဖြင့် အပြစ်၊ သေခြင်းနှင့် စာတန်အပေါ် ထာဝစဉ် အောင်နိုင်ခဲ့ပြီ။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်သော ခန္ဓာ ဖြင့် တပည့်တော်များကို ထင်ရှားပြပြီ ၊လက်တွင် သံရိုက်ရာများနှင့် သူ၏နံဘေးတွင် လှံနှင့်ထိုးခြင်းခံရသော အမှတ်ကိုပြသခဲ့၏။

ယေရှုခရစ်၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသည် စင်္ကြာဝဠာသမိုင်း၌ အရေးကြီးဆုံးသော ဖြစ်ပျက်မှုကြီးဖြစ်၏။ ယေရှုခရစ်၏ လက်ဝါးကပ်တိုင် အကြောင်းအရာသည် လူသားမျိုးနွယ်၏ အပြစ်နှင့် စာတန်နှင့်သူ၏နောက်လိုက် ပုန်ကန် ကျ ဆင်းခဲ့သော တမန်များကို ရင်ဆိုင် ဖြေရှင်းရန် ဘုရားသခင်၏ မဟာအကြံအစီတော်ဖြစ်၏။

ယေရှုသည်ကားတိုင်ပေါ်သေစဉ်စာတန်သည်ကြီးစွာသောအောင်မြင်ခြင်းဖြစ်သည်ဟုသူယူဆခဲ့၏။ ဤကားသူ၏အရှုံး ဖြစ်၏ စာတန် ထင်မြင် ခဲ့သော ဘုရား၏သားတော်၏အသက်တာ အဆုံးသတ်ခဲ့သော ကါးတိုင်တရားသည်နောက်တွင် သူ၏ အမှားဖြစ်လာ၏။ ယေရှုခရစ်၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဘုရားသခင်သည် မာရ်နတ်၏ အမှုများကို ဖျက် ဆီးပြီ၊ သူ ကျွန်ပြုထားသူများကို လွတ်မြောက်စေခဲ့၏။ ကျမ်းစာက ''ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံ ကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူ သော အားဖြင့်၊သေခြင်းတရားကို အစိုးရသော သူတည်းဟူသောမာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကိုကြောက်၍ တသက်လုံးကျွန်ခံရသောသူတို့ကို ကယ်လွတ်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့၏နည်းတူ အသွေးအသား ကိုဆောင်ယူ တော်မူ၏'' ဟုဆိုသည်။ (ဟေဗြဲ၊၂း၁၄-၁၅)


ယေရှုသည် ကောင်းကင်ဘုံသို့ ပြန်တက်သွားခြင်း

သခင်ယေရှုခရစ်သည် ရှင်ပြန်ထမြောက်ပြီးနောက်၊ မြေကြီးပေါ်၌ ရက်ပေါင်း လေးဆယ် ကိုယ်ထင်ရှား ပြတော်မူ၏။သူ့ကို လူများစွာ မြင်ခဲ့ရ၏။ အဖြစ်အပျက်တခု၌ တပည့်တော်ငါးရာထက်မကကိုသူ ထင်ရှားပြခဲ့၏။ ကောင်းးကင်ဘုံသို့သူ ပြန်မတက်ကြွခင်၊ သူ၏ တပည့်များကို လောကကြီးထဲ သို့သွား၍လူတိုင်းတို့အား ဝမ်းမြောက်ဘွယ်ဧဝံဂေလိသတင်းစကားကို ဟောပြောရန်အမိန့်ပေးခဲ့၏။ သူတို့၌ အံ့ဘွယ်ဂတိစကားကိုလည်း ပေးခဲ့၏။ ''ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင်သင်တို့နှင့် အတူအစဉ်မပြတ်ရှိသည်ဟု တပည့်တော် တို့အား မိန့်တော်မူ၏''(မ၊၂၈း၂ဝ)

တပည့်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူ၍ မိုဃ်းတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင်ခံယူလေ၏။ သူ၏ဘုန်းနှင့်ပြည့်စုံသော၊ ရှင်ပြန်ထမြောက်သောခန္ဓာဖြင့် သခင်ယေရှုသည် မြေကြီးကို စွန့်ခွါပြီ၊ မိုဃ်းတိမ်ကို ဖြတ်လျက်၊ သူသည်ကောင်းကင်ဘုံသို့ပြန်သွားခဲ့၏။


အရာခပ်သိမ်းတို့၏သခင် သခင်ယေရှုခရစ်

ဘုရားသခင်သည် သူ၏ ဒုတိယလူ ယေရှုခရစ်ကို အရာခပ်သိမ်းတို့၏ သခင်ဖြစ်စေခြင်းငှါ ခန့်ထားတော်မူ၏။ သခင်ယေရှုခရစ် ၏ မိမိကိုယ်ကိုနှိမ့်ချခြင်းနှင့် ခမည်းတော်၏ ချီးမြောက်ခြင်းကို ဖေါ်ပြသော လှပသော ကျမ်းပိုဒ်ကို ဖိလိပ္ပိသြဝါဒစာ၌ တွေ့ရပေသည်။''ထိုသို့ လူ၏ဂုဏ်အင်္ဂါ လက္ခဏာနှင့် ပြည့်စုံလျက်၊အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင်အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။-ထိုကြောင့် ဘုရားသခင်သည်ကိုယ်တော်ကို အလွန်ချီးမြောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေး သနား တော်မူ၏။ အကြောင်း မူကား၊ ကောင်းကင်သတ္တဝါ၊မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါ၊တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည် အကြောင်း တည်း''(ဖိ၊၂း၈-၁၁)


မျိုးနွယ်သစ်၏ ဦးခေါင်းဖြစ်သော ယေရှုခရစ်

ခမည်းတော် ဘုရားသခင်သည် ယေရှုခရစ်ကို အရာခပ်သိမ်းတို့၏အရှင်သခင်အဖြစ် ပြုလုပ်ရုံသာမကဘဲ၊သူကိုလည်း အိမ်ထောင် မိသားစု အသစ်၏ ဦးခေါင်းအဖြစ်လည်း ပြုလုပ် ခန့်ထားတော်မူ၏။ ဤအိမ်ထောင်မိသားစုအသစ်ကို ''ဘုရားသခင်၏သားသမီးများ ''ဟု လည်း ခေါ်ဆိုသည်။ ယခု ကမ္ဘာပေါ်တွင် အိမ်ထောင်မိသားစု နှစ်စုရှိပါသည်။ အိမ်ထောင်မိသားစု တခုချင်းစီ၌ ဦးခေါင်းတခုစီရှိသည်။ အာဒံသည်သူမှ ဆင်းသက်လာခဲ့သော အပြစ်သား အိမ်ထောင်မိသားစု၏ ဦးခေါင်းဖြစ်ပြီး၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားသမီးများ ဟုခေါ်သော အိမ်ထောင်မိသားစု အသစ်၏ ဦးခေါင်း ဖြစ် သည်။ ကျွန်ုပ်တို့ အယောက်တိုင်းသည် မွေးဖွားလာခြင်းအားဖြင့် အာဒံ၏ အပြစ်သား မျိုးနွယ် အဝင်ဖြစ်လာခဲ့၏။ သို့သော် ယခုသခင်ယေရှု၏ အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ကျွန်ုပ်တို့သည် ဝိညာဉ်ရေး၌ အသစ်တဖန် မွေးဖွားခြင်းနှင့် ဘုရားသခင်၏ သားသမီးများ ဖြစ်လာရန် သူသည် ပြုလုပ်ပေးနိုင်ပြီ။


ဘုရားသခင်၏ဝိညာဉ်တော်၌ တဖန်ပြန်လည်မွေးခြင်းကား အဘယ်နည်း။

သခင်ယေရှုက ''ဒုတိယမွေးဖွားခြင်း မခံသော သူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ''ဟု ဆိုသည်။ (ယော၊၃း၃)။ မည်ကဲ့သို့ ဒုတိယမွေးဖွားရမည်နည်း။ သခင်ယေရှုက ''ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဖွားရမည်''ဟု ဆို၏(ယော၊၃း၅)။

ရေပါသောကြောင့် အချို့သောသူ များက ရေနှစ်ခြင်းအားဖြင့် ဒုတိယမွေးဖွားပြီဟု ယုံကြည်ကြသည်။ သို့သော် ရေနှစ်ရုံဖြင့် ဒုတိယ မမွေး နိုင်ပါ။ ဒုတိယမွေးဖွားခြင်း သိနိုင်ရန်မှာ ပထမမွေးဖွားခြင်းသည် မိခင်ဝမ်းထဲမှ မွေးဖွားခြင်းဖြစ်သည်။

ပထမမွေးဖွားသောအခါ အာဒံအမျိုး၊ အာဒံမိသားစုထဲ၌ မွေးဖွားသည်။ အာဒံအမျိုးသည် လူဟောင်းဖြစ်၍ အပြစ်သားဖြစ်သည်။ ထို ပထမ မွေးဖွားခြင်းဖြင့် ကောင်းကင်သို့ မဝင်နိုင်ပါ။ ဒုတိယပြန်မမွေးလျှင် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ဟုဆို၏။ ဒုတိယ မွေးဖွားရန်ရေနှစ်ခြင်း၊ ဘာသာရေး ကျင့်ထုံးများကို လိုက်လျောက်ခြင်း၊ ပညတ်တော်များကို စောင့်ခြင်းဖြင့် မရပါ။

ဘုရားသခင်သည် ထို လူဟောင်းအာဒံမျိုးကို ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ ရိုက်ထားခဲ့၏။ သင်္ချိုင်းထဲမှ ရှင်ပြန် ထ မြောက် သောအခါ လူဟောင်း မပါတော့ချေ။ လူသစ်အနေဖြင့် ထမြောက် လာ၏ ထိုသို့ လူသစ်ဖြစ်ဖို့ရန် လူမတတ်နိုင်၊ ဘုရားသခင်၏ တန်ခိုးအား ဖြင့်ဖြစ်သည်။ (၂ကော၊၅း၁၇-၁၈)။ ထိုသို့ လူသစ် အဖြစ်သို့ ရောက်ရှိခြင်းသည်သာလျှင် ဒုတိယမွေးဖွားခြင်း ဖြစ်သည်။ မိတ်ဆွေ၏ လုပ်ဆောင်ချက် မပါ။ ဘုရားသခင်၏စီစဉ်ပေးမှုကြောင့် ခရစ်တော်နှင့်အတူထမြောက်ခြင်းဖြင့် မိတ်ဆွေသည် ဒုတိယမွေးခြင်း ခံရပြီး ဖြစ်သည်။

ရှာဖွေတွေ့ရှိရသော ရတနာ

ယေရှုခရစ်သည် ဘုရားသခင် ဖြစ်တော်မူ၏။ သူသည် လူသားတော်ဖြစ်လာခဲ့ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင် ၏သားများ အဖြစ်သို့ ဖြစ်ခွင့် ကိုရမည့် အကြောင်းတည်း။

ဆုတောင်းချက် ''အဘဘုရားသခင်၊ ကိုယ်တော်၏ဒုတိယလူဖြစ်တော်မူသော သခင်ယေရှုခရစ် အတွက်၊ ကျေးဇူးတင်ပါသည်။ သူသည် ကိုယ်တော်ရှင်၏အလိုတော်ကို လုံးလုံး နာခံသူဖြစ်၏။ ကျွန်ုပ်သည် သခင်ယေရှု ပြုတော်မူခဲ့သကဲ့သို့ ကိုယ် တော် ၏ အလိုတော်ကို ချစ်မြတ်နိုးလျက် အစဉ် လိုက်လျှောက်နိုင်ရန် မစတော် မူပါရန်ဆုတောင်းပါ၏'' အာမင်။


မေးခွန်းများ


၁။ ကွက်လပ်ဖြည့်ပါ။ ''အကြောင်းမူကား၊ တယောက်သောသူသည်……………သောအားဖြင့်၊လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တယောက်သောသူသည် နားထောင်သောအားဖြင့်၊ လူများတို့သည် …………….သို့ ရောက်ရကြ၏'' (ရော၊၅း၁၉)

(က) နားထောင်၊ ကောင်းရာ။

(ခ ) နားမထောင်၊ ဖြောင့်မတ်ရာ။


၂။ ဘုရားသခင်၏ ပထမလူ အာဒံသည် ဘုရား၏ဘုန်း ထင်ရှားစေခဲ့ပါသလား။…………..ဘုရားသခင်သည် မည်သူကို သူ၏ ဒုတိယလူ အဖြစ် ရွေးချယ်ခဲ့ပါသနည်း။……………… ………………. …………………………..။

(က) မထင်ရှားပါ။ သူ၏သားတော်။

(ခ ) ထင်ရှာသည်။ ကာဣန နှင့် ထိုနောက် အာဗေလ။


၃။ လူ့ဇာတိကို ခံယူခြင်း အကြောင်း ကျွန်ုပ်တို့ပြောဆိုရာ၌ ကျွန်ုပ်တို့ ဆိုလိုသည်မှာ……………………….။

(က) ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်။

(ခ ) ဘုရားသခင်သည် လူသားတစ်ယောက် အဖြစ် ခံယူခြင်း။


၎။ ယေရှု ခရစ်တော်ကို ………………- ………………ဟု ခေါ်သည်။

(က) ဘုရား-လူသား (God-Man)

(ခ ) ကောင်းသော-ဆရာ (Good-Teacher)


၅။ ဘုရားသခင်၏သားတော်သည် လူသားတစ်ယောက်အဖြစ် ဤ လောကသို့ လာခဲ့ရခြင်း အကြောင်း တခုမှာ………………….။

(က) မာရ်နတ်၏အမှုများကို ဖျက်ဆီးရန်။

(ခ ) အာဒံ၏ အပြစ်သား မျိုးနွယ်မှ ထွက်မြောက်ရန်နှင့် ဘုရားသခင်၏မိသားစုထဲသို့ ရောက်ရန် ကျွန်ုပ်တို့အတွက် လမ်း ပြုလုပ်ရန်။

(ဂ ) အထက်ပါ အရာ အားလုံး။


၆။ ယေရှုကို စာတန်၏စုံစမ်းနှောင့်ရှက်ခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ ယေရှုသည်……………………ဖြစ်သည်။

(က) အပြစ် ပြုရန်။

(ခ ) ဘုရားသခင်ကို နာမခံရန်။


၇။ စာတန်သည် အာဒံကို အောင်နိုင်ခဲ့ရခြင်း အကြောင်းမှာ…………………..။

(က) သူသည် ဧ၀နှင့် အတူ နေသည်။

(ခ ) သူသည် ဧ၀ မပါဘဲနှင့် အရာများစွာ ပြုလုပ်ခဲ့၏။

(ဂ ) သူသည် ဘုရားသခင်ကို မနာခံပါ။


၈။ ယေရှုသည် ထမြောက်ပြီးနောက် ဘယ်နှစ်ရက် သူသည် ကိုယ်ထင်ရှား ပြခဲ့ပါသနည်း။

(က) တရက်မျှ မပြပါ။

(ခ ) သုံး

(ဂ ) လေးဆယ်


၉။ ယေရှုကို လူ အနည်းငယ် (သို့) အများ မြင်ခဲ့ရပါသလား။

(က) အများ၊

(ခ ) အနည်းငယ်၊


၁၀။ သော့ချက် ကျမ်းပိုဒ်ကို ……………..၌ တွေ့ရသည်။

(က) ရောမသြ၀ါဒစာ။

(ခ ) ဖိလိပ္ပိသြ၀ါဒစာ။

(၈ ) ဧဖက်သြ၀ါဒစာ။

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support