HCF

HCF MYANMAR IN SINGAPORE

Wednesday, August 28, 2013

အသင်းတော်

                                             သင်ခန်းစာ (၂၈)

နိဒါန်း
            ဓမ္မသစ်ကျမ်းရှိသြ၀ါဒစာကျမ်းများတွင်ဖော်ပြထားသောခရစ်တော်၏ “ကိုယ်ခန္ဓာတော်” “သတို့သမီး” တို့ကို ဒေသန္တရအသင်းတော်ကဲ့သို့ သွန်သင်ဟောပြောသော သင်းအုပ်ဆရာ၊ ဧ၀ံဂေလိဆရာ များစွာရှိပါသည်။ သမ္မာကျမ်းစာ တွင် ဒေသန္တရအသင်းတော်ရှိကြောင်း ရှင်းလင်းစွာအသိအမှတ်ပြု ထားသော်လည်း အသင်းတော်နှင့် အသင်းတော်များ တို့ သည်များစွာကွာခြားလှပါသည်။ ထိုအသင်းတော် ကို “အခြားကာလတို့၌လူမျိုးတို့အားဖော် ပြတော်မမူ”ခဲ့ပါ။ ဧ၊ ၃း၅။

ခရစ်ယာန်ဟုခေါ်ခြင်းကို ခံယူသမျှသောသူအားလုံးတို့သည် ဒေသန္တရအသင်းတော်အသီသီး၏ အသင်းသား ဖြစ်ကြသော် လည်းကယ်တင်ခြင်းကိုရရှိထားသောသူများသာလျှင် ခရစ်တော်၏ကိုယ်တည်းဟူသောအသင်းတော်၏ အင်္ဂါအစိတ် အပိုင်းများဖြစ်ကြပါသည်။
            ဤသင်ခန်းစာကိုပြင်ဆင်ရာတွင်ဒေသန္တရအသင်းတော် local church နှင့်တပါတည်းသောအသင်းတော် (universal church) ၏ကွာခြားမှုကိုသာဖော်ပြရန်မဟုတ်ပါ။ ထိုအသင်းတော်နှစ်ပါးလုံး၏မူလဇစ်မြစ်၊ တန်ဘိုးနှင့်ရည် ရွယ်ချက်တို့ကို ဖော်ပြလျက် “မိမိအသွေးနှင့်ဝယ်တော်မူသောအသင်းတော်” (တ၊ ၂၀း၂၈) ၏အနာဂတ်ကာလအ တွက်ဘုန်းသရေတော်ကိုပါဖော်ပြရန်ဖြစ်ပါသည်။
ဤသင်ခန်းစာအရေးကြီးပုံ။
            ဘုရားသခင်သည် “ထာဝရအကြံတော်နှင့်အညီ၊ ကောင်းကင်အရပ်၌အထွဋ်အမြတ်အာဏာစက်တို့သည်၊ ဘုရားသခင်၏ထူးဆန်းသောပညာတော်ကိုအသင်းတော်အားဖြင့် သိစေခြင်းငှာအလိုတော်ရှိကြောင်းသိထားရန်အရေး ကြီးလှပါသည်။ ဧ၊ ၃း၁၀-၁၁။ အကယ်၍သင်သည်အသစ်တဖန်မွေးဖွားပေးခြင်းကိုခံရသူဖြစ်လျှင်ခရစ်တော်နှင့်စေ့စပ် ထားသော“သတို့သမီး”တည်းဟူသောအသင်းတော်၏အစိတ်အပိုင်းဖြစ်ကြောင်း သိထားရန်အကြီးပါသည်။ ၂ကော၊ ၁၁း၂။ ထိမ်းမြားမင်္ဂလာပွဲကျင်းပရန်ပြင်ဆင်ထားပါသည်။ ဧ၊ ၅း၂၇။ လောကသားတို့သည် လူတို့ဖွဲ့စည်းထားသော လောကအဖွဲ့အစည်းကိုသာမြင်ရပြီးထိုအဖွဲ့အစည်းသည်လည်းပျက်စီးခြင်း၊ ပြိုလဲခြင်းနှင့်သာမကြာခဏရင်ဆိုင်ပါ သည်။ “မရဏာနိုင်ငံ၏တန်ခိုးတို့သည်မနိုင်ရာ” (မ၊ ၁၆း၁၈)။ ဟူသောအသင်းတော်၏တပါးတည်းဖြစ်မှုနှင့်အောင်ပွဲခံမှု ကိုမမြင်နိုင်ကြပါ။ သင်သည်ဤလောကရှိအသင်းတော်တပါးနှစ်ပါးတင်ပါဝင်သည်သာမကအသွေးတော်အားဖြင့်ဆေး ကြောခြင်းခံရသောသန့်ရှင်းသူအမြောက်အမြားတို့ပါဝင်သည့်အသင်းတော် (universal church) တွင်ပါဝင်လျက်ရှိ ကြောင်းသိရှိရန်မှာအရေးကြီးလှပါသည်။ ဧ၊ ၅း၂၅။
            ရောမကာသိုလစ်အသင်းတော်နှင့်အခြားသောဘာသာရေးအဖွဲ့အစည်းများတို့သည် မိမိတို့အဖွဲ့အစည်းသည် သာစစ်မှန်သောအသင်းတော်ဖြစ်ကြောင်းအသားယူနေကြပါသဖြင့်၊ သို့သော်စစ်မှန်သောအသင်းတော်သည် မည် သည့်အရာဖြစ်၍သမ္မာကျမ်းစာကမည်ကဲ့သို့သွန်သင်ဖော်ပြထားကြောင်းကိုသိရှိနိုင်ရန်အရေးကြီးပါသည်။
သင်ခန်းစာ။
၁။         အခြေခံအယူအဆ၊ အခြေခံအဓိပ္ပါယ်။       
           က။         “အသင်းတော်” ဟူသောစကားလုံး“ဓမ္မသစ်ကျမ်းစာပါအဓိပ္ပါယ်ကိုဂရိဘာသာအားဖြင့် (၂)မျိုး တွေ့ရပါသည်။
            (၁)        kuriakon “သခင်ဘုရားပိုင်ဆိုင်သောအရာ” သရုပ်ပြ-၁ ကော၊ ၁၁း၂၀။ “သခင်ဘုရား၏ပွဲ တော်” ရော၊ ၁၄း၈။
                        သခင်ဘုရားအဘို့အလို့ငှာ---သခင်ဘုရားဆိုင်၏။
            (၂)        Ekklesia (ဓမ္မသစ်ကျမ်းတွင် ၁၁၁ကြိမ်သုံး) EK= out of အထဲမှရွေးထုတ်ခြင်း၊ Kaleo = to call ခေါ်ယူသည်။ အဓိပ္ပါယ်မှာ- “မှရွေးထုတ်ခေါ်ယူထားသော”
                        (က)      သန့်ရှင်းသူ (တဖန်ဖြစ်ပွားစေခြင်းခံရပြီးသူ၊ ယုံကြည်သူများ) သည်ခေါ်တော်မူ သောသူဖြစ်သည်။ ရော၊ ၈း၃၀။ ၂ ကော၊ ၆း၁၇။
                        (ခ)        တပါးသောအသင်းတော်တွင်ဤလောကမှခေါ်တော်မူခြင်းခံရပြီးသူယုံကြည် သူများလည်းပါဝင်ပါသည်။ တ၊ ၂း၄၇။
                                    ယော၊ ၁၅း၁၉။
                        ခ။         ဓမ္မသစ်ကျမ်းမပေါ်မှီကပင်ဂရိလူမျိုးများနှင့်ဂျူးလူမျိုးများသည် “ekklesia” ဝေါဟာရကိုကြာမြင့်စွာ အသုံးပြုထားကြောင်းတွေ့ရှိရပါသည်။ လွတ်လပ်သောမြို့နိုင်ငံများတွင်ပြည်သူတို့၏အရေးကိုဆွေး နွေးတိုင်ပင်ရန်ပုံမှန်ကျင်းပသောအစည်းအဝေးများကိုရည်ညွှန်းလျက်ဂရိလူမျိုးများကအသုံးပြုကြပါသည်။ တ၊ ၁၉း၃၈-၃၉။ ဘုရာသခင်၏လူမျိုးတော်၊ ဣသရေလလူမျိုးစုကိုရည်ညွှန်းရန် ဂျူးလူမျိုး များကအသုံးပြုထားပါသည်။ တ၊ ၇း၃၈။
                        ဂ။         ဂရိလူမျိုးများအတွက် ထိုစကားလုံးကိုအသုံးပြုရာတွင်မိမိတို့ကို အုပ်ချုပ်သောဒီမိကရက်တစ်အဖွဲ့ အစည်းကိုရည်ညွှန်းပါသည်။ ဂျူးလူမျိုးများအတွက် ထိုစကားလုံးသည် ကောင်းကင်အရှင်ဘုရင် ဘုရားသခင်အုပ်စိုးသောဒီမိုကရက်တစ်အဖွဲ့အစည်းကိုရည်ညွှန်းပါသည်။ ဓမ္မသစ်ကျမ်းစာတွင်ထိုစာ လုံးကိုအသုံးပြုရာ၌တိကျသောအဓိပ္ပါယ်ကိုဆောင်လျက်ရှိပါသည်။ သခင်ယေရှုခရစ်ကိုယုံကြည် သောသူများဖြစ်လျက်၊ မိမိတို့ရရှိထားသောလွတ်လပ်မှုသည်သခင်ယေရှုအားနာခံခြင်းအားဖြင့်သာ ဖြစ်သည်ဟုယုံကြည်ကြသောသူအဖွဲ့အစည်းဖြစ်သဖြင့် Theocratic – democracy သခင်ခရစ် တော်ဦးဆောင်သောဒီမိုကရေ စီစနစ်ပင်ဖြစ်ပါသည်။
၂။         ဓမ္မဟောင်းကျမ်းတွင် - EKKLESIA အသုံးပြုထားပုံ။
            က။        မူလအားဖြင့် ekklesia သည် ခေါ်ယူစုဝေးထားသောအဖွဲ့အစည်း ၊အစည်းအဝေး၊ ဥပမာ မြို့တော် အစည်းအဝေးကဲ့သို့အသုံးပြုထားပါသည်။ တ၊ ၁၉း၄၁။ ထိုနည်းတူဣသရေလလူမျိုးများအားအီဂျစ် ပြည်မှခေါ်ထုတ်လာလျက်တောတွင်း၌စုစည်း “စည်းဝေး” ထားပါသည်။ တ၊ ၇း၃၈။ septuagent ခေါ်ဂရိဘာသာသို့ပြန်ဆိုထားသောသမ္မာကျမ်းစာတွင် “ဣသရေလလူစုအဝေး” ကို ekklesia ဟုဘာသာပြန်ထားပါသည်။
            ခ။         ဣသရေလသည် “အသင်းတော်” တစ်ပါးသာဖြစ်ခဲ့ပါသည်။ ၀တ်ပြုရာကျမ်း ၄း၁၃၊ အရအစုအဝေး တစ်ရပ်၊ အစည်းအဝေးတစ်ရပ်ဖြစ်သည်။ ဘုရားသခင်သည်သန့်ရှင်းသောလူမျိုးဖြစ်ရန်ခေါ်ထုတ် ခြင်းဖြစ်သည်။ ၀တ်၊ ၁၁း၄၄။ ဓမ္မသစ်ကျမ်းစာတွင်ထိုသဘောမဆောင်တော့ပါ။
            ဂ။         “အသင်းတော်” ဟုဆိုရာတွင်အဆောက်အဦး၊ ဗိမာန်တော်၊ ခန္ဓာတော်၏သတို့သမီးစသည်ဖြင့်မှတ် ယူထားသင့်ပါသည်။ ထိုအယူအဆများသည် ဓမ္မဟောင်းခေတ်တွင်မှတ်ထားလျက်ရှိပါသည်။ ဘုရားသခင်သည် ရှေးကာလ၌၀ှက်ထားလျက်ရှိသောထိုအကြောင်းအရာကိုတမန်တော်ကြီး ရှင်ပေါ လုအားဖြင့်အနက်ဖွင့်ပေးတော်မူခဲ့ပါသည်။ ဧ၊ ၃း၃-၁၀။ “ရှေးကာလပတ်လုံးဝှက်ထားပြီးလျှင် ယခု မှာထင်ရှားသည်ဖြစ်၍ ” ရော၊ ၁၆း၂၅-၂၆။” ဖန်ဆင်းတော်သောဘုရားသခင်၌ရှေးကပ်ကာလပတ် လုံးဝှက်ထားလျက်ရှိသောထိုနက်နဲသောအရာနှင့်စပ်ဆိုင်သောသသနာ” စသည်ဖြင့်-
၃။         ဓမ္မသစ်အသင်းတော်၏တိုက်မြစ်။
            က။        “အသင်းတော်” ဟူသောအသုံးအနှုန်းကို ဓမ္မသစ်ကျမ်းတွင် မ၊ ၁၆း၁၈ ၌ ပဌမ ဦးဆုံးတွေ့ရှိရပါ သည်။ အသင်းတော်ကို တည်ဆောက်မည်ဖြစ်ကြောင်း၊ ဗျာဒိတ်ပေးလျက်ထိုအသင်းတော်တံခါးတို့ ကို “မရဏနိုင်ငံတံခါးတို့သည် မနိုင်ရာ” ဟုခရစ်တော်က သတိပေးထားခဲ့ခြင်းဖြစ်ပါသည်။
            ခ။         ထိုဗျာဒိတ်ထားချက်နှင့်ကတိပြုချက်တို့သည် တမန်၊ ၁-၂း၎တွင်ပြည့်စုံလာခဲ့ပါသည်။ ပထမဆုံး ခရစ်ယာန်အသင်းတော်သည်မည်ကဲ့သို့အံ့သြဘွယ်ကောင်းစွာယေရုရှလင်မြို့၌အမှန်လာရောက်စတင်တည်ထောင်လာသည်ကိုတွေ့ရှိနိုင်ပါသည်။
            ဂ။         မဿဲ၊ ၁၆း၁၈ ကို အနက်ဖွင့်ရာတွင်အမျိုးမျိုးဖြစ်နေလျက်၊ မဆုံးနိုင်တော့သောသဘောကွဲလွဲမှုကို ဖြစ်စေခဲ့ပါသည်။
                        (၁)        ပေတရုအပေါ်အသင်းတော်တည်ဆောက်လျက်ပေတရုလုံးဝမမှားနိုင်တော့သည်သာမက၊ ပေတရုသည်အခြားသောတမန်တော်များထက်မြင့်မားစေရန်ခရစ်တော်ချီးမြင့်ထားတော်မူသည်ဟုရောမကာသိုလစ်အသင်းတော်ကလက်ခံထားပါသည်။ သို့ရာတွင်ပေါလုသည် ပေတရုရှေ့မှာ၌ရပ်လျက် သူ၌အပြစ်တင်စရာအခွင့်ရှိသောကြောင့်----ဆီးတားခဲ့ရ၏။ (ဂလာ၊ ၂း၁၁) ထို့ပြင်ယေရုရှလင်မြို့ရှိအသင်းတော်၌ပေတရုမဟုတ်ဘဲယာကုပ်သည်သာ သြဇာအာဏာရှိနေကြောင်းတွေ့ရှိရပါသည်။ တမန်၊ ၁၅း၁၃-၂၇။ သမ္မာကျမ်းစာတွင်မည် သည့်နေရာ၌မျှပင်ပေတရုကိုဆက်ခံရသူသို့မဟုတ် ပုဒ်ရဟန်းမင်းများရှိကြောင်းမတွေ့ရှိ ရပါ။
                        (၂)        အချို့ပညာရှင်များသည် ဤကျမ်းချက်နှင့်ပတ်သက်၍၊ အသုံးပြုထားသောဂရိဘာသာ စကားအပေါ်ဖလှယ်ရန်ကြိုးစာခဲ့ကြပါသည်။ “သင်သည်ပေတရု Peters သေးငယ်သော ကျောက်တုံးဖြစ်၏။ ဤကျောက်ပေါ်မှာ Petra ။ ကျောက်ဖျာကြီး၊ ကျောက်ကမ်းပါးကြီး ခရစ်တော် ငါ့အသင်းတော်ကို ငါတည်မည်၊ ဆောက်မည်စသည်ဖြင့်----ဤနေရာတွင် ပေတရု။ ကျောက်ခဲနှင့်တူသောခိုင်မာသည့်ယုံကြည်ချက်ဖော်ထုတ်မှုကို ထောက်ခံလျက်၊ ကျောက်ဖျာကြီးဖြစ်သော ခရစ်တော်ကိုယ်တိုင်အပေါ်၌အသင်းတော်ကိုတည်ဆောက် ကြောင်းခံယူချက်ဖြစ်ပါသည်။
                                    (က)      ၁ ကော၊ ၃း၁၁ ကိုယှဉ်ကြည့်ပါ။ ယေရှုခရစ်တော်တည်းဟူသောချလျက်ရှိသော တိုက်မြစ် မှတပါးအခြားသောတိုက်မြစ်ကိုအဘယ်သူမျှမချနိုင်။
                                    (ခ)        ၁ ပေ၊ ၂း၎-၈ တွင်၊ မဿဲ ၁၆း၁၈ တွင်ပါသောခရစ်တော်၏စကားကိုပြန်လည် သတိရလျက်ပေတရုသည်ခရစ်တော်အား “အသက်ကျောက်မြတ်”တိုက်ထောင့် အမြစ်ကျောက်ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်ဟုခေါ်ဝေါ်ထားပါ သည်။
                                    (ဂ)        ဟေရှာ ၂၈း၁၆ တွင် ခရစ်တော်အားအမြစ်ကျောက်ဟုခေါ်ထားပါသည်။
                                    (ဃ)      ၁ ကော၊ ၁၀း၎ တွင် ထိုကျောက်ကားခရစ်တော်ဖြစ်သတည်း။
                        (၃)        WORD STUDIES IN THE NEW TESTMENT
                                    စာအုပ်တွင် A.T.Robertson ကခရစ်တော်သည် ပေတရုအားမိန့်တော်မူခဲ့ရာတွင် ထို ခေတ် ထိုဒေသသုံးစကားဖြစ်သော Aramaic ဘာသာစကားဖြစ်၍ ထိုစကားတွင်လော Petera လော သဲသဲကွဲကွဲမရှိလှကြောင်းခံယူထားပါသည်။ အသင်းတော်ကို တည် ဆောက်မည့် ကျောက်သည်အခြေခံအားဖြင့် ပေတရုမဟုတ်ပါ။ ယေရှုသည် ခရစ်တော် သို့မဟုတ် မေရှိယ၊ အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို ဘုရားသခင် က ပေတရုအား ဖော်ပြထားသဖြင့်ပေတရုသည် ရဲရင့်ဝမ်းမြောက်စွာ ၀န်ခံခြင်း ဖြစ်ပါသည်။ အသင်းတော်သည် ထိုဝန်ခံချက်အပေါ်တွင် တည်ဆောက်ရမည် ဖြစ်ပြီး နောက်နောင်တွင် ထိုယုံကြည်ချက်သည် ၀န်ခံသောသူအပေါင်းတို့သည် ထို အသင်းတော်၏ထာဝရ အသင်း သား အဖြစ်ထားရှိ မည်ဖြစ်ပါသည်။ ယော၊ ၂၀း၃၁၊ တမန် ၁၆း၃၁။ နှင့် ယော၊ ၈း၂၄တို့နှင့် ယှဉ်တွဲဖတ်ပါ။
                        (၄)        နောက်ဆုံးအနေဖြင့် Albert Barne / Barnes Notes the New Testament / ကဲ့သို့ သောအယူအဆများလည်းရှိပါသည်။ ရောမကာသိုလစ်အသင်းတော်ယူဆထားသကဲ့သို့ ပေတရုအားအခြားတမန်တော်များထက်ချီးမြှောက်ရန်မဟုတ်သော်လည်းထိုကျောက်စုဆိုရာတွင်ပေတရုရုပ်ကိုပင်ရည်ညွှန်းပါသည်။ ပေတရုသင်သည်ကျောက်တစ်လုံးဖြစ်ပါသည်။ ဂျူးလူမျိုးနှင့် တစ်ပါးအမျိုးသားများအကြားတွင်အသင်းတော်၏တိုက်မြစ်ကိုချရသောအ ခွင့်ကိုငါပေး၏။ ဟုရိုးရိုးပြောခြင်းဖြစ်၏။ ဤဗျာဒိတ်ပေးချက်သည် တမန်တော်၊ ၂စး၁၄-၁၆၊ ၁၀တွင်တပါးအမျိုးသားတို့အားဧ၀ံဂေလိတရားကိုဟောပြောပေးခြင်းဖြင့်ပြည့်စုံပြီးဖြစ် ပါသည်။
                        (၅)        စာရေးသူ၏သဘောထား။ နောက်ဆုံးဖော်ပြထားသောအယူအဆ (၃)မျိုးတွင်မှန်ကန်မှုရှိ နိုင်ပါသည်။ ခရစ်တော်သည် အသင်းတော်၏အစိတ်အပိုင်းဖြစ်ကြသောယုံကြည်သူအား လုံးတို့၏ယုံကြည်ခြင်းရပ်တည်တည်ဆောက်ရာကျောက်ဖြစ်ရပါမည်။ ယေရှုသည် ခရစ် တော်ဖြစ်သည်။ မေရှိယဖြစ်သည်။ သခင်ဖြစ်သည်။ အသက်ရှင်တော်မူသောဘုရားသခင် ဖြစ်၏။ သားတော်ဖြစ်သည်ဟုဝန်မခံသောသူတစ်စုံတစ်ယောက်မျှအသင်းတော်၏ အင်္ဂါ အစိတ်အပိုင်းမဖြစ်နိုင်။ ပေတရုအားဂျူးလူမျိုးနှင့်တပါးအမျိုးသားတို့အားတံခါးကိုဖွင့်လျက် အသင်းတော်ကိုတည်ဆောက်ရသောအခွင့်ကိုပေးတော်မူသည်မှာလည်းအမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့်သမ္မာတရားအပေါ်ဝမ်းမြောက်လျက်ရှိနေကြပါစို့။ ပုဂ္ဂိုလ်ရေးရာခံယူချက်၊ နည်းပညာခံယူချက်များကိုထားရစ်ကြပါစို့။
            ဃ။        “ဤကျောက်ပေါ်မှာငါ့အသင်းကိုငါတည်ဆောက်မည်။ ထိုအသင်းကိုမရဏာနိုင်ငံတံခါးတို့သည် မ နိုင်ရာ။”  အတွေးအခေါ် ၂ခုအပေါ်အခြေခံနိုင်ပါသည်။
                        (၁)        အသင်းတော်အားအဆောက်အဦးကဲ့သို့မြင်ခြင်း။ ဧ၊ ၂း၁ဦ-၂၁။ ၁ ပေ၊ ၂း၎-၈။ ကိုဖတ်ပါ။
                        (၂)        “မရဏာနိုင်ငံ၏တံခါးများ” အသင်းတော်အားဆန့်ကျင်လျက်ဆိုးသွမ်းမှုအမျိုးမျိုးသည် စစ်ဆင်နေကြောင်း၊ အသင်းတော်သည်လည်းထိုဖျက်ဆီးတတ်သောစာတန်၏ အင်အားစု များအပေါ်တားဆီးအနိုင်ယူကြောင်းဖြင့်သင်ကြားပို့ချပေးသူအမြောက်အမြားရှိပါသည်။ ဤနေရာတွင် မရဏာနိုင်ငံသည် ဂရိဘာသာ Hades ဖြစ်၍ ဟေဗြဲဘာသာ Sheol နှင့်ထပ်တူဖြစ်ပြီးသေလွန်သောသူတို့၏နေရာပင်ဖြစ်ပါသည်။ ဤနေရာတွင် hades သေခြင်းသည် ခရစ်တော်ကိုမအောင်နိုင်ရာဟူသောအဓိကအတွေးအခေါ်ရှိသည်။ မရဏာ နိုင်ငံ၏တန်တိုင်းတို့ကိုခရစ်တော်သည်ချိုးဖျက်၍အောင်မြင်စွာထွက်ကြွလာတော်မူသဖြင့်၊ ကိုယ်တော်ကို ယုံကြည်သောသူအပေါင်းတို့ စုဝေးရာအသင်းတော်သည် သေခြင်းကိုမ ကြောက်တော့ပေ။ မရဏာနိုင်ငံ၏အောင်မြင်ခြင်းတန်ခိုးကိုဖျက်ဆီးလေပြီ။ ခရစ်တော် သည်ငါတို့အတွက်အောင်မြင်တော်မူပြီ။ ဟေဗြဲ၊ ၂း၁၄။ ၁ကော၊ ၁၅း၅၄-၅၇။
            င။         ခရစ်တော်သည် မိမိအသက်ကိုစွန့်တော်မူသည်မှာအသင်းတော် အတွက်ဖြစ်ကြောင်း သတိပြုရပါ မည်။ ဧ၊၅း၂၅။ အသွေးတော်အားဖြင့်ဝယ်ယူခဲ့သည်မှာလည်းအသင်းတော်ပင်ဖြစ်ပါသည်။ တမန်၊ ၂၀း၂၈။
၎။         အသင်းတော်ဖွဲ့စည်းခြင်း။
            က။        မဿဲ၊ ၁၆း၁၈ တွင်အသင်းတော်ဖွဲ့စည်းတည်ဆောက်မည်ဖြစ်ကြောင်းမည်သည့်အခါမျှဆုံးရှုံးခြင်းရှိ မည်မဟုတ် ကြောင်းကတိတော်ကိုတွေ့ရှိရပါသည်။
            ခ။         မဿဲ၊ ၁၈း၁၅-၁၈ တွင်ခရစ်တော်သည် အသင်းတော်အားရှင်သန်သောအသင်းတော်၊ စည်းကမ်း ထိန်းသိမ်းလျက်နေသောအသင်းတော် မိမိအတွင်းပါဝင်သော အစ်ကိုများနှင့်ပြဿနာများကိုထိန်း သိမ်းနိုင်သောအသင်းတော်ဖြစ်မည်ဟုမျှော်လင့်မှတ်ယူထားကြောင်းတွေ့ရှိရပါသည်။
            ဂ။         မဿဲ၊ ၁၈း၂၀။ အသင်းတော်သည်လူနှစ်ဦးသုံးဦးတို့ခရစ်တော်၏နာမစုဝေးရမည့်နေရာဖြစ်သည်ဟု ဖော်ညွှန်းထားပါသည်။
            ဃ။        တမန်၊ ၁း၁၅ မှ ၂း၄၆ တွင် ပထမမူလအသင်းတော်တွင်အသင်းသားဦးရေ ၁၂၀ပါဝင်လျက်၊ ယုဒ၏ နေရာတွင်မဿိကိုခန့်ထားကြောင်းကတိထားတော်မူသောတန်ခိုးတော်ကိုဆုတောင်းခြင်းဖြင့်စောင့် မျှော်နေကြောင်း (လု၊ ၂၄း၄၉၊ တ၊ ၁း၈) ဟောပြောသွန်သင်လျက်၊ ပြောင်းလဲလာသူတို့အာ ဗတ္တိဇံမင်္ဂလာပေးခြင်း၊ အစဉ်သဖြင့်မိတ်သဟာယဖွဲ့နိုင်ရန်မိမိတို့ကိုဆက်ကပ်ခြင်း၊ ဆုတောင်းခြင်းပွဲ တော်မင်္ဂလာခံယူခြင်း၊ ကျမ်းစာဖတ်ခြင်းလေ့လာခြင်းများပြုလုပ်နေကြကြောင်းတွေ့ရှိရပါသည်။
            င။         ဤကနဦးအသင်းတော်ကြီးမားလျင်မြန်စွာ တိုးပွားမှုတွေ့ကြုံခဲ့ရပါသည်။ တ၊ ၁း၁း၁၅-၂၀။ တ၊ ၂း၄၁=၃၀၀၀ ထပ်၍၊ တ၊ ၄း၎=နောက်ထပ် ၅၀၀၀။ တ၊ ၄း၃၂ နှင့် ၅း၁၄ တွင်ထပ်မံ၍အမြောက် အမြားထပ်ဖြည့်ခြင်း။ ထိုသူများတို့သည် အသင်းတော်၏အစိတ်အပိုင်းဖြစ်လာလျက်ကယ်တင်ခြင်း သို့ရောက်သောသူတို့ကိုလည်းနေ့စဉ်မပြတ်သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။ တ၊ ၂း၄၇။ သခင်ဘုရားသည် သင်းဝင်စေတော်မူကြောင်းသတိပြုရပါမည်။ တစ်စုံတစ်ယောက်သောသူသည် အစစ်အမှန်ယုံကြည်လျက်အသစ်တဖန်မွေးဖွားစေခြင်းကိုခံရသောအခါထိုသူသည် အသင်းတော်၏ အစိတ်အပိုင်းအဖြစ်သို့အလိုအလျောက်ရောက်ရှိသွားပြီးဟုမှတ်ယူရပါမည်။ သူသည်အသင်းဝင်ရ မည်မ၀င်ရမည်ကိုမေးခွန်းထုတ်ရန်မဟုတ်ပါ။
            စ။         လက်တွေ့အားဖြင့်အသင်းတော်ဖွဲ့စည်းခြင်းနှင့်ဖွဲ့စည်းပုံစနစ်ကျနခြင်းသည်တိုးတက်မှုနှင့် အညီတ ဖြည်းဖြည်းဖြစ်ပေါ်လာပါသည်။ တမန်၊ ၆း၁-၄ တွင်အသင်းထောက်များကိုခန့်ထားလျက်တမန် တော်များသည် ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်လေ့လာခြင်းကိုဦးစားပေးဆောင်ရွက်လာပါ သည်။ ထို့နောက်တွင်အသင်းတော်အသီးသီး၌ ဦးဆောင်သူများခန့်ထားလာပါသည်။ တမန် ၁၁း၃၀ နှင့် ၁၄း၂၃။
            ဆ။        ဤကနဦးအသင်းတော်၊ အသင်းတော်တစ်ပါးဖြစ်နေသည်ဟုမှတ်ယူထားသောအသင်းတော်သည် နေရာအနှံ့အပြားတွင်စည်းဝေးခြင်းအမှုကိုပြုခဲ့ပါသည်။ အိမ်များတွင်၎င်း၊ တ၊ ၂း၄၆။ ၁၂း၁၂။ အထက်ခန်းတွင်၎င်း၊ တ၊ ၁း၁၃။ ဗိမာန်တော်တွင်၎င်း၊ တ၊ ၁၂း တရားဇရပ်တို့၌၎င်း၊ တ၊ ၁၃း၅။ စည်းဝေးခဲ့ကြပါသည်။
            ဇ။         ဤကနဦးအသင်းတော်သည် ပုံမှန်အစည်းအဝေးချိန်ရှိပါသည်။ နေ့စဉ်၌၎င်း ၊တ၊ ၂း၄၆။ သခင် ဘုရား၏ထမြောက်တော်မူရာနေ့များတွင်၎င်း၊ တ၊ ၂၀း၇။ ဆုတောင်းရန်အတွက်၎င်း၊ တ၊ ၃း၁၊၁၀း၉။
            စ်။         ကနဦးအသင်းတော်သည်မကြာမှီမှာပင်ညှင်းဆဲခြင်းနှင့် ရင်ဆိုင်ခဲ့ရပါသည်။ တ၊ ၈း၁။ သန့်ရှင်းသူ များသည် အရပ်ရပ်သို့ကွဲခွင့်သွားကြရပါသည်။ ရောက်ရာအရပ်တွင်အသင်းတော်ထူထောင်ကြပါ သည်။ ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်ပြန့်နှံ့သွားကြပါသည်။ တ၊ ၁း၈။ ဆီးရီယားပြည်အန္တိအုတ်မြို့သည်တပါးအမျိုးသားအသင်းတော်၏ဌာနချုပ်ဖြစ်လာပါသည်။ တ၊ ၁၃း၁။ ယေရုရှလင်မြို့သည်ဂျူးလူမျိုးအသင်းတော်၏ဌာနချုပ်အဖြစ်ဆက်လက် တည်တံ့ခဲ့ပါ သည်။ ၁၊ ၁၅း၂-၂၁။
၅။         ဖော်မြူလာ၊ အသင်းတော်တည်ဆောင်ပုံ။
            က။        ဒေသအသင်းတော်များကိုအဖွဲ့အစည်းတစ်ရပ်အဖြစ်တည်ထောင်ရသည်မှာရှင်းလင်းလျက်ရှိပါ သည်။ ပေါလုသည်သာသနာပြုခရီးစဉ်များထွက်ရာအသင်းတော်များကိုတည်ထောင်လျက်အဖွဲ့ အ စည်းအဖြစ်ဖွဲ့စည်းပေးခဲ့ပါသည်။ နောက်ပိုင်းတွင်ထိုအသင်းတော်များကိုကောရိန္တုမြို့ရှိအသင်း တော်၊ ဂလာတိအသင်းတော်၊ သက်သာလောနိအသင်းတော်စသည်ဖြင့်ခေါ်ဝေါ်လာပါသည်။
            ခ။         ၁ ကော၊ ၁၂၊၁၄ ကိုကြည့်လျှင်အသင်းတော်များသည်ဝတ်ပြုကိုးကွယ်မှပြုလုပ်ရာတွင်ပုံစံရှိနေ ကြောင်းတွေ့နိုင်ပါသည်။ ရှင်ပေါလုရေးထားသောတိမောသေသို့ပေးစာ၊ တိတုသို့ပေးစာများကိုလေ့ လာသောအခါယုံကြည်သူများဖြင့်ဖွဲ့စည်းထားသောအဖွဲ့အစည်းများရှိနေပြီးကြောင်းတွေ့ရပါသည်။
            ဂ။         အသင်းတော်၏ဖွဲ့စည်းပုံကိုရိုးရိုးလေးထားရှိကြောင်းတွေ့ရပါသည်။
                        (၁)        ပေါလုသည်ဖိလိပ္ပိမြို့အသင်းတော်သို့စာရေးရာတွင် ဖိလိပ္ပိမြို့၌ရှိသောသင်းအုပ်တို့နှင့် သင်းထောက်တို့မှစ၍၊ ယေရှုခရစ်၏သန့်ရှင်းသူအပေါင်းတို့ကိုကြားလိုက်ပါ၏။ ဖိ၊ ၁း၁) ဟုရေးထားပါသည်။ အခြားနေရာများတွင် သန့်ရှင်းသူအပေါင်း သို့မဟုတ် သစ္စာရှိညီ အကိုအပေါင်း စသည်ဖြင့်ရိုးရိုးလေးပင်ခေါ်လေ့ရှိကြောင်းတွေ့ရပါသည်။
                                                (က)      Bishop, သို့မဟုတ် Overseer, elder သို့မဟုတ် Presbyter သင်းအုပ်ဆရာ စသည့်အလုပ်များမှာအတူတူပင်ဖြစ်ပါသည်။ တိတု၊ ၁း၅ နှင့် ၁း၇ကိုယှဉ်ကြည့် ပါ။ တ၊ ၂၀း၁၇-၂၈ တွင် Bishop နှင့် သင်းအုပ်သည်အတူတူဖြစ်ကြောင်းတွေ့ရ ပါသည်။ Bishop သည်လုပ်ဆောင်သောအလုပ်ဖြစ်၍ Elder သည်လုပ်ဆောင် သောသူဖြစ်ပါသည်။ Prebytery ဆိုသည်မှာ Elders သို့မဟုတ် Pastors တို့၏အစုအဝေးဖြစ်ပါသည်။ ဓမ္မသစ်ခေတ်တွင် အသင်းတော်တိုင်း၌သင်းအုပ် ဆရာသို့မဟုတ် Elder တစ်ဦးထက်ပို၍ထားရှိကြောင်းတွေ့ရပါသည်။ Elder ခန့်ထားရေးအတွက်အရည်အချင်းသတ်မှတ်မှုကိုအလေးပေးထားပါသည်။ တ၊ ၁၄း၂၃။ တိ၊ ၁း၅-၉ ။၁ တိ၊ ၃း၁-၇။
            ဃ။        အသင်းတော်ဖွဲ့စည်းပုံအားလုံးတို့သည် ဒေသန္တရအသင်းတော်၏ဖွဲ့စည်းပုံဖြစ်ကြောင်းသတိပြုရပါ မည်။ (၁ ကော၊ ၁၂း၂၈။ ဧ၊ ၄း၁၁) အသင်းတော်၊ တလောကလုံးနှင့် ဆိုင်သောအသင်းတော် Universal church မှာတမန်တော်များ၊ တ၊ ၁၄း၁၄။ ပရောဖက်များ၊ ဆုကျေးဇူးခံစားရသောဧ၀ံဂေ လိဆရာများ၊ ဆရာများတို့ဖြင့်ပြုစုထားကြောင်းတွေ့ရပါသည်။ တ၊ ၁၃း၁။
            င။         သင်းထောက်များအနေဖြင့် လူတို့ လိုအပ်လာခြင်း၊ ခန့်အပ်ခြင်းနှင့်ရည်ရွယ်ချက်ကိုပထမဆုံး တ၊ ၆း၁-၆ တွင်တွေ့ရှိရပါသည်။ စားပွဲ၌လုပ်ကျွေးခြင်း “နှုတ်ကပတ်တော်ကိုလေ့လာခြင်း” များဆောင် ရွက်ရန်ဖြစ်၍ထိုလုပ်ငန်းသည်လည်းသီးခြားဖြစ်လာပါသည်။
၆။         အသင်းတော်၏မိတ်သဟာယ (အသင်းသားများ)။
            အသင်းတော်ဘောင်ဝင်အသင်းသား (အင်္ဂါအစိတ်အပိုင်းဝင်) ဖြစ်ရန်အောက်ပါအရည်အချင်းများလိုအပ်ပါ သည်။
            က။        နောင်တရပြီးသူဖြစ်ရမည်။ တ၊ ၂း၃၈။ ၃း၁၉။ ၁၁း၁၈။ ၁၇း၃၀။
            ခ။         ခရစ်တော်အားသခင်ယေရှုခရစ်ဖြစ်ကြောင်းဝန်ခံလျက်၊ အသက်ရှင်တော်မူသောဘုရားသခင်၏ သားတော်၊ ရွေးနှုတ်ကယ်တင်ရှင်ဖြစ်ကြောင်းဝန်ခံသူဖြစ်ရမည်။ တ၊ ၁၆း၃၁။ ရော၊ ၁၀း၉-၁၀။ မ၊ ၁၆း၁၆-၂၈။ ၁ ယော၊ ၄း၁၅။
            ဂ။         ခရစ်တော်ကိုယုံကြည်လက်ခံကြောင်းလက္ခဏာအဖြစ်လူတို့ရှေ့တွင်ဝန်ခံလျက်သုံးပါးတစ်ဆူဘုရား ၏န်ာမတော်၌ရေတွင်နစ်မြှုပ်သောဗတ္တိဇံမင်္ဂလာခံယူပြီးသူဖြစ်ရမည်။ တ၊ ၂း၃၈-၄၁။ မ၊ ၂၈း၁၉။ တ၊ ၁၀း၄၇-၄၈။ ရော၊ ၆း၃-၅။ တ၊ ၁၆း၃၃။ ၁၈း စသည်ဖြင့်။
            ဃ။        အစစ်အမှန်ကယ်တင်ခြင်းရရှိရန် အသစ်တဖန်မွေးဖွားစေခြင်းကိုရရှိသူတို့သာ အသင်းတော်၏အ သင်းသားဖြစ်ရပါသည်။ ယော၊ ၃း၃-၈။ တ၊ ၂း၄၇။ ထိုသူတို့သည် အသင်းတော်ဘောင်သို့မ၀င်မှီ သခင်ဘုရားသို့ဝင်ကြရပါသည်။ တ၊ ၅း၁၄။ ၁၁း၂၄။ အထက်ပါအရည် အချင်းများသာမကပဲ။ ကန ဦး အသင်းတော်ကိုကြည့်လျှင် အသင်းသားများတွင် အောက်ပါလက္ခဏာများကို တွေ့ရှိရပါသည်။
                        က။        တမန်တော်၏အဆုံးအမ၌တည်နေကြ၏။ တ၊ ၂း၄၂။
                        ခ။         ထိုသူတို့အား “သန့်ရှင်းသူများ” ဟုခေါ်ဝေါ်လျက်သန့်ရှင်းသော၊ သီးသန့်သီးခြားဖြစ်ခြင်း ကိုတွေ့ရပါသည်။ တ၊ ၉း၁၃။ ရော၊ ၁း၇။ ၁၆း၂။ ဧ၊ ၂း၁၉။ ၄း၁၂။ ယုဒ၊ ၃ စသည်များ။
                        ဂ။         ထိုသူတို့အား “ခရစ်ယာန်” သို့မဟုတ် ခရစ်တော်၏နောက်လိုက်များဟုသိထားခေါ်ဝေါ် ခြင်းခံရပါသည်။ တ၊ ၁၁း၂၆။ ၁၆း၂၈။
                        ဃ။        သူတို့အား “ညီအစ်ကိုများ” ဟုခေါ်ဝေါ်ပါသည်။ တ၊ ၁၁း၂၉။ ၁၂း၁၇။ ရော၊ ၁း၁၃။
                        င။         သူတို့ထဲ၌အဆင့်အတန်းခွဲခြားမှုလုံးဝမရှိခဲ့ပါ။ မ၊ ၂၃း၈-၁၂။
                        စ။         ဘုရားသခင်ရွေးကောက်တော်မူသောသူများဖြစ်ကြ၏။ ရော၊ ၈း၃၃။ ၁ပေ၊ ၁း၂။ ကော၊ ၃း၁၂ စသည်----
၇။         အသင်းတော်၏ပုံပန်းသဏ္ဍာန်။ (အသင်းတော်ကိုသိရသောအသွင်အပြင်)
            မှတ်ချက                     Ordinance ဆိုသည်မှာပေးအပ်ထားသောအမိန့်ညွှန်ကြားချက်၊ အသင်းတော် တွင်ကျင့်သုံးရန်ဘုရားသခင်ကပေးအပ်ထားသောညွှန်ကြားချက်ဖြစ်ပါသည်။ ရောမကာ သိုလစ်အသင်းတော်သည် - Council of Trene မှစ၍၊ ပေးအပ်ထားသော Ordinance (၇)ပါးရှိကြောင်းပြောပါသည်။ သို့ရာတွင်ဓမ္မသစ်ကျမ်းစာ၌ (၂)ပါးသာတွေ့ရှိရပါသည်။
                                                က။        ဗတ္တိဇံ။ မ၊ ၂၈း၁၉။ တ၊ ၈း၁၂။ ၁၀း၄၇-၄၈။
                                                ခ။         ပွဲတော်။ မ၊ ၂၆း၂၆-၂၈။ ၁ ကော။ ၁၁း၂၃-၂၄။ တ၊ ၂၀း၇။
၈။         အသင်းတော်ထူးခြားသောနာမများ။
            က။        အသင်းတော်အားနာမည်အမျိုးမျိုးပေးထားပါသည်။
                        (၁)        တစ်ခုတည်းသောခန္ဓာကိုယ်အဖြစ်မြင်တွေ့ထားပါသည်။ ကော၊ ၃း၁၅။ ဧ၊ ၄း၁၆။ ထိုခန္ဓာတွင်အင်္ဂါအစိတ်အပိုင်းအများရှိကြသည်။ ၁ ကော၊ ၆း၁၅။ ၁၀း၁၇။ ၁၂း၁၂-၃၁။ ဤသို့အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သော ခရစ်ယာန်သည် ခရစ်တော်နှင့်လည်းကောင်း အချင်းချင်းနှင့်လည်းကောင်းအရေးပါအရာရောက်စွာဆက်စပ်လျက်ရှိပါသည်။
                        (၂)        ထိုတစ်ပါးတည်းသောခန္ဓာကိုယ်အား “ခရစ်တော်၏ကိုယ်” ဟုခေါ်ပါသည်။ ဧ၊ ၁း၂၂-၂၃။ ကော၊ ၁း၂၄။ ထိုကိုယ်တွင်ခရစ်တော်သည်ဦးခေါင်းဖြစ်တော်မူပါသည်။ ဧ၊ ၁း၁၅။ ၅း၂၃၊ ကော၊ ၁း၁၈။ ဦးခေါင်းတည်းဟူသောခရစ်တော်သည်ခွန်အားတိုးပွားစေသောသူ၊ ဧ၊ ၄း ၁၅၊ ၁၆။ အကာအကွယ်ပေး၍ကယ်တင်သောသူ၊ ထောက်ပံ့သူ၊ လမ်းညွှန်သူ ဧ၊ ၅း၂၃-၂၄။ ပြည့်စုံစေသူ၊ ဧ၊ ၁း၂၃ ဖြစ်လျက်၊ ကော၊ ၂း၁၉၊ ကြီးပွားစေသောသူ လည်းဖြစ် ပါသည်။
                        (၃)        အသင်းတော်အားအဆောက်အဦးကဲ့သို့သုံးနှုန်းထားပါသည်။ ၁ ကော၊ ၃း၉၊ ၁၆၊၁၇။ ဗိမာန်တော်အဖြစ် ဧ၊ ၂း၁၉-၂၂၊ ၁ ပေ-၂း၎-၈။ တင်စားထားပါသည်။ ခရစ်တော်သည် တိုက်မြစ်         ကျောက်မြတ်ဖြစ်ပါသည်။ ၁ ပေ၊ ၂း၎-၈။ အုတ်မြစ်လည်းဖြစ်ပါသည်။ ၁ ကော၊ ၃း၁၁။ ထိုအုတ်မြစ်ကိုတမန်တော်ကြီးများနှင့်ပရောဖက်များကချထားကြပါသည်။ ၁ ကော၊ ၃း၁၀။ ဧ၊ ၂း၂၀။ ထိုအဆောက်အဦးသည်လောကတွင်သန့်ရှင်းသောဝိညာဉ်တော်ကိန်း ၀ပ်တော်မူရန်အိမ်အဖြစ်သို့ရောက်ရှိထားပါသည်။ ဧ၊ ၂း၂၂။ ၁ ကော၊ ၃း၁၆။
                        (၄)        ထိုအသင်းတော်သည် ယုဒလူနှင့်တပါးအမျိုးသားတို့ကိုနှစ်စုမဖြစ်စေပဲ တစ်စုတည်းဖြစ်စေ သော “လူသစ်”အဖြစ်ဖော်ပြထားပါသည်။ ဧ၊ ၂း၁၅။
                        (၅)        အသင်းတော်ကို ခရစ်တော်၏သတို့သမီး အဖြစ်ရှုမြင်ထားပါသည်။ ၂ ကော၊ ၁၁း၂။ ဧ၊ ၅း၂၃-၂၅၊ ၃၂။ ခရစ်တော်သတို့သားအဖြစ်ရှုမြင်ထားပါသည်။ ယော၊ ၃း၂၉၊ မ၊ ၂၅း၁၁။ ယုံကြည်သူအားလုံးတို့ကို အသင်းတော်တွင်စေ့စပ်ထားပါသည်။ ၂ကော၊ ၁၁း၂။ “ချီ ဆောင်ခြင်းကာလ” တွင်ခရစ်တော်သည် မိမိသူတို့သမီးအတွက်လာတော်မူမည်ဖြစ်ပါ သည်။ ၁ သက်၊ ၄း၁၁-၁၈။ ဒုတိယအကြိမ်ကြွလာတော်မူသောအခါကြီးစွာသောမင်္ဂလာ ဆောင်ညစာစားပွဲကျင်းပမည်ဖြစ်ပါသည်။ ဗျာ၊ ၁၉း၇-၉။
                        ခ။         အသင်းတော်၏ထူးခြားမှုတုနှိုင်းမရသီးခြားဖြစ်မှုတို့ကိုအောက်ပါအတိုင်းအမည်များကဖော်ပြလျက်ရှိ ပါသည်။
                                    (၁)        အသင်းတော် (တလောကလုံးနှင့်ဆိုင်သောအသင်းတော်) ကိုဒေသန္တရအသင်းတော်နှင့် မရောထွေးသင့်ပါသည်။
                                                (က)      ဒေသန္တရအသင်းတော်သည်လူတို့ဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်သည်။ အ သင်းတော်သည် အသက်ရှင်သော သက်ရှိဖြစ်သည်။
                                                (ခ)        ဒေသန္တရအသင်းတော်ကို မျက်စိဖြင့် မြင်နိုင်ပါသည်။ အသင်းတော်မှာ မမြင်နိုင် သော အရာဖြစ်သည်။
                                                (ဂ)        ဒေသန္တရအသင်းတော်တွင် နယ်နိမိတ်ရှိသည် အသင်းတော်တွင် နယ်နိမိတ်တို့ မရှိစင်္ကြ၀ဠာနှင့်သက်ဆိုင်သည်။
                                                (ဃ)      တည်းခိုရိပ်သာတွင် တည်းခိုသကဲ့သို့ လူတို့သည် ဒေသန္တရအသင်းတော်သို့ ၀င်နိုင်ပါသည်။ သို့ရာတွင် အမှန်တကယ် စင်စစ် ကယ်တင်ခြင်းရရှိထား သူများ သာ။ တ၊ ၂း၄၇။ ခရစ်တော်၏ကိုယ်ဖြစ်သောအသင်းတော်၏ အင်္ဂါရပ်အစိတ် အပိုင်းအဖြစ်စုစည်းလျက်။ ၁ ကော၊ ၁၂း၁၃။ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏။ ၂ တိ၊ ၂း၁၉။ အမည်ခံသူတိုင်း ပိုင်ဆိုင်သည်မဟုတ်သကဲ့သို့ နာမည်စာရင်းသွင်းသူတိုင်း သိုးငယ်၏အသက်စာ စောင်တွင်စာရင်းမ၀င်ပါ။
                                    (င)        ဓမ္မသစ်ကျမ်းစာတွင် ဒေသန္တရအသင်းတော်ဆိုရာ၌မည်သည့်အရပ် တနေရာ တွင်မဆိုရှိနေသော ယုံကြည်သူဖြစ်လျက်။ ၁ကော၊ ၁း၂။ အသင်းတော်ဟုဆိုရာ တွင်မည်သည့်အရပ်တွင်မဆို နေရာတိုင်း၌ရှိနေကြသောယုံကြည်သူအားလုံးကို ဆိုလိုပါသည်။ ၁ကော၊ ၁၅း၉။
                        (၂)        အသင်းတော်အား “ကောင်းကင်နိုင်ငံတော်” နှင့် မရောထွေးသင့်ပါ။ သို့မဟုတ် “ခရစ် ယာန်လောက” ကမ္ဘာပေါ်ရှိခရစ်ယာန်အသိုင်းအ၀ိုင်းနှင့်လည်းမရောထွေးသင့်ပါ။
                                    (က)      အသင်းတော်သည် “ကောင်းကင်နိုင်ငံတော်” ၏အစိတ်အပိုင်းတစ်ခုဖြစ်သော် လည်း ယနေ့လူတို့စုစည်းထားသော ဒေသအဖွဲ့အစည်းသည် ခရစ်တော်က မိမိခန္ဓာကိုယ်ဖြစ်သည်ဟု ဆိုထားသောအရာ တ၊ ၉း၅။ မဟုတ်ပါ။ ကိုယ်တော် အသေခံတော်မူခြင်းမှာလည်းသူ့အတွက်မဟုတ်ပါ။ ဧ၊ ၅း၂၅။ ပေါလုညှင်းဆဲ ခဲ့သောအသင်းတော်လည်းမဟုတ်ပါ။ ၁ ကော၊ ၁၅း၉။
                                    (ခ)        မဿဲ ၁၆း၁၈ တွင် ခရစ်တော်သည် သူတည်ဆောက်မည့် အဖွဲ့အစည်းသစ်၏ အမည်ကို ကိုယ်တိုင်အမည်ပေးခဲ့ရာ အသင်းတော်နှင့်နိုင်ငံတော်သည် လုံးဝမတူ ကြောင်းသိနိုင်ပါသည်။
                                    (ဂ)        တမန်တော်ကြီးများက စာရေးရာတွင် “နိုင်ငံတော်” ဟူသော စကားလုံးကို သုံးတတ်ပါသည်။ ပင်တေကုတေပွဲနေ့နောက်ပိုင်းတွင်ဘုရားသခင်၏အခြေခံ အားဖြင့် လုပ်ဆောင်သောအမှုသည် အသင်းတော်သို့ ခေါ်ယူစုစည်းခြင်းဖြစ် ၍၊ တ၊ ၁၅း၁၄။ နိုင်ငံတော်ကို တည်ဆောက်နေခြင်းမဟုတ်ပါ။
                                    (ဃ)      မဿဲ ၁၃ တွင်ဖော်ပြထားသော ဥပမာတော်၏ တိုင်းနိုင်ငံတော်သည် ကောင်း သောသူ၊ မကောင်းသောသူတို့နှင့် တည်ဆောက်ထားပါသည်။ အသင်းတော် သည် သန့်ရှင်းသူများနှင့်သာ သီးသန့်တည်ဆောက်ထားပါသည်။ တ၊ ၁း၆။
                                    (၃)        အသင်းတော်အားဣသရေလလူမျိုးနှင့်မရောထွေးသင့်ပါ။ ဣသရေလလူမျိုးတို့သည် ယေ ဟောဝါဘုရား၏ ဖောက်ပြန်သော “မယား” ခရစ်တော်ကြွလာတော်မူသောအခါနောင်တ ရမည့်အဖြစ်ဖြေလွှတ်ခြင်းခံရမည့်နေရာဟောင်းတွင် ပြန်တည်စေသည့်မယား၊ ဘုရား သခင်၏လောကမယားဖြစ်မည့်သူဖြစ်ပါသည်။ ဟောရှေ၊ ၂း၂၃။ အသင်းတော်သည် သီလ နှင့်ပြည့်စုံသော“သတို့သမီးကညာ” ဖြစ်လျက်ခရစ်တော်တပါးတည်းနှင့်သာစေ့စပ် ထားပါ သည်။ ၂ ကော၊ ၁၁း၂။ ကောင်းကင်တွင်သိုးသငယ်မင်္ဂလာဆောင်ပွဲကျင်းပမည့်သတို့ သမီးဖြစ်ပါသည်။ ဗျာ၊ ၁၉း၅-၈၊ ဟောရှေ၊ ၂း၁-၂၃၊ ဟေရှာ၊ ၅၄း၁-၁၀ နှင့် ဧ၊ ၅း၂၅-၂၇။ ဖတ်ပါ။
                                    (၄)        နောက်ဆုံးအနေဖြင့် ၁ကော၊ ၁၀း၃၂တွင် ယုဒလူ တစ်ပါးအမျိုးသားနှင့် အသင်းတော်ကို ခွဲခြားပြလျက် ဤလောက၏အထူးမြတ်ဆုံးအလင်းပေးမည့်အရာ ဖြစ်ပါသည်။
၉။         အသင်းတော်၏လုပ်ငန်းတာဝန်များ
            (ကနဦးအသင်းတော်များ၏ တာဝန်တွင် လုပ်ဆောင်ချက်များ)။
                        က။        တမန်တော်များ၊ တမန်တော်ဟုဆိုရာ၌ ပထမ (၁၁)ဦးကိုသာဆိုလိုခြင်းမရှိပါ။ (ပေါလုနှင့် ဗာနဗ ရော၊ ၁၆း၇) သော်လည်းတမန်တော်ဖြစ်ရန် ရှင်ပြန်ထမြောက်တော်မူသော သခင်ဘုရားကို မျက်စိဖြင့် မြင်နိုင်ရန် အထူးလိုအပ်ပါသည်။ တ၊ ၁း၂၂၊ ၂ ကော၊ ၉း၁။
                                    (၁)        နိမိတ်လက္ခဏာအံ့ဘွယ်သော အမှုထူးဆန်းသောတန်ခိုးများပြသနိုင်ရမည်။ ၂ ကော၊ ၁၂း၁၂။
                                    (၂)        ဧ၀ံဂေလိတရားတော်၏အမှုကိုဆောင်ရန်ခရစ်တော်ကိုယ်တိုင်ရွေးကောက် ၍ခန့်ထားခြင်း ခံရသူဖြစ်ရမည်။ ၁ ကော၊ ၁း၁၇-၉။ ၂ ကော၊ ၄း၁၊ ကော၊ ၁း၂၃။
                                    (၃)        တရားဟောသူ၊ သင်ကြားပို့ချသူဖြစ်သည်။ ၁ တိ၊ ၂း၇၊ ၂ တိ၊ ၁း၁၁။
                                    (၄)        အသင်းတော်များတွင် သင်းအုပ်တို့ကို ခန့်ထားသည်။ တ၊ ၁၄း၂၃။
                                    (၅)        အသင်းတော်များအား စောင့်ရှောက်ရန်အထူးတာဝန်ရှိသည်ဖြစ်သည်။ ၂ ကော ၁၁း၂၈။ အသင်းတော်တည်ထောင်သူ။ တ၊ ၁၆း၅။ အသင်းတော်ကိုတည်စေသောသူဖြစ်သည်။ ၁၊ ၁၅း၄၁။
                                    (၆)        ဤအလုပ်သည်  တမန်တော်ကြီးများသည် ကွယ်လွန်သောအခါ ဆက်လက်တည်ရှိခြင်း မရှိတော့ပါ။
                        ခ။         ပရောဖက်များ၊  ဤအလုပ်သည် အုပ်ချုပ်ရေးရာထူးမဟုတ်ပါ။
                                    (၁)        ဘုရားသခင်၏ အထူးဖော်ပြတော်မူခြင်းခံရမည်။ ဧ၊ ၃း၅။
                                    (၂)        အသင်းတော်တည်ဆောက်မှုရှိစေရန်၊ စေလွှတ်ခြင်းခံရသော သတင်းပို့ဆောင်သူဖြစ် သည်။ ၁ ကော၊ ၁၄း၎-၂၂။
                                    (၃)        အသင်းတော်တည်ထောင်ရန်တွင် အထောက်အကူဖြစ်သည်။ ဧ၊ ၂း၂၀။
                                    (၄)        ဓမ္မသစ်ပရောဖက်များသည် အခြေခံအားဖြင့် ရှေ့ဖြစ်မည့်အကြောင်းအရာကို ဟောပြော သူဖြစ်ရန်မလိုဘဲ အသင်းတော်၏ တည်ထောင်မှုရှိစေရန် ကြိုတင်ဟောပြောခြင်း၊ တိုက်တွန်းခြင်း၊ နှစ်သိမ့်ခြင်းများဖြစ်ပါသည်။ ၁ ကော ၁၄း၅။
                                    (၅)        အသင်းတော်သည် တမန်တော်များနှင့် ပရောဖက်များအား အခွင့်အာဏာပိုမိုရရှိ သူများ အဖြစ်အသိအမှတ်ပြုထားကြောင်းထင်ရှားပါသည်။
                        ဂ။         ဧ၀ံဂေလိဆရာ၊ ဆရာ။ ဧ၊ ၄း၁၁။
                                    (၁)        ဤပုဂ္ဂိုလ်များသည် သန့်ရှင်းသူများအားပြီးပြည့်စုံသောအဆင့်သို့ရောက်ရှိစေရန်နှင့် ခရစ် တော်၏ကိုယ်ခန္ဓာတည်ဆောက်ခြင်းရှိစေရန် ဆုကျေးဇူးအထူးရရှိထားပါသည်။ ဧ၊ ၄း၁၂။ ဟေဗြဲ ၅း၁၂ နှင့် ၂ တိ၊ ၄း၅ ယှဉ်ဖတ်ပါ။
                        ဃ။        Bishop / Elders/ Pastors (ရာထူးတူများ)
                                    (၁)        အသင်းတော်အားလုပ်ကျွေးရန်၊ ကြည့်ရှုစောင့်ရှောက်ရန်ဖြစ်ပါသည်။ တ၊ ၂၀း၁၇၊ ၂၈း၃၅၊ ၁ ပေ၊ ၅း၂။
                                    (၂)        သူတို့၏တာဝန်များနှင့်အရည်အချင်းများအတွက် ၁တိ၊ ၃း၂-၈၊ ယာ၊ ၅း၎ ကိုကြည့်ပါ။
                                    င။         သင်းထောက်များ၊ သူတို့၏ လုပ်ငန်းတာဝန်ကို ရှင်းလင်းစွာပြတ်သားစွာရေးထားခြင်းမရှိ၍ပြည့်စုံစွာ မသိရှိရပါ။
                                                (၁)        သူတို့၌ လိုအပ်သော အရည်အချင်း။ ၁ တိ၊ ၃း၈-၁၃။
                                                (၂)        သင်းအုပ်တို့သည် ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်က ဟောပြောခြင်းအမှုကိုသာ ပြုနိုင် မည်ဖြစ်ကြောင်းထိုသူတို့သည်  “စားပွဲ၌လုပ်ကျွေးခြင်းအမှု” ကို ပြုကြရပါသည်။ တ၊ ၆း၁-၄။
                                    စ။         သန့်ရှင်းသူများ အသင်းတော်တစ်ရပ်လုံး။
                                                (၁)        ဘုရားသခင်၏ ကျေးဇူးတော် ထင်ရှားမည့်အကြောင်း သန့်ရှင်းသောအသက်တာ၊ အပြစ် တင်ခွင့်နှင့်ကင်းသောအသက်တာကို အသက်ရှင်ကြရမည်။ ဧ၊ ၁း၎-၆။
                                                (၂)        ဘုရားသခင်၏ကျေးဇူးတော်၌ကြီးထွားလျက်။ ၁ ပေ၊ ၃း၈၊ ခရစ်တော်၏ပြည့်စုံခြင်းပမဏ အရပ်တည်းဟူသော ကြီးရင့်သောလူအဖြစ်သို့ရောက်အောင်လုပ်ဆောင်ရကြမည်။ ဧ၊ ၄း၁၃။
                                                (၃)        ကမ္ဘာလောကကြီးအား ဧ၀ံဂေလိတရားတော်နှင့်ပြည့်စုံစေရပါမည်။ မ၊ ၂၈း၁၉-၂၀၊ တ၊ ၁း၈။ ၈း၎။
                                                (၄)        ဘုရားသခင်နှင့်မတ်သဟာယဖွဲ့လျက်၊ အချင်းချင်းနှင့်လည်းမိတ်သဟာယဖွဲ့ရပါမည်။ ၁ ယော၊ ၁း၃-၇၊ တမန်တော်တို့၏အဆုံးအမကို ခံယူကြ၏။ တ၊ ၂း၄၂။
                        (၅)        အချင်းချင်းစိတ်သဘောမခြားမနား၊ တလုံးတ၀တည်းဖြစ်အံ့သောငှာ ကျိုးစားအားထုတ်ရ ကြမည်။ ဧ၊ ၄း၃၊ ၄း၁၃။
                        (၆)        အသင်းတော်များအား နှင်ထုတ်ခြင်း၊ နေရာဟောင်း၌ ပြန်လည်တည်စေခြင်းများပြုရ ကြမည်။ ၁ ကော၊ ၅း၅၊ ၂ ကော၊ ၂း၆။
                        (၇)        စည်းကမ်းထိန်းသိမ်းရကြမည်။ မ၊ ၁၈း၁၈၊ ၁ ကော၊ ၅း၎-၅။
                        (၈)        အသင်းတော်ခေါင်းဆောင်များကိုရွေးချယ်ရမည်။ တ၊ ၆း၃-၇။
                        (၉)        ဘုရားသခင်အမိန့်တော်များနာခံရမည်။ ၁ ကော၊ ၁၁း၂၀-၃၄။ မိမိတို့အမှုအရေးကို စီရင်ကြရမည်။ ၁ ကော၊ ၁၄း၄၀၊
                        (၁၀)      အချင်းချင်းချစ်ရကြမည်။ ၁ ပေ၊ ၁း၂၂၊ များများဆုတောင်းရမည်။ တ၊ ၄း၃၂၊ ၁၂း၅၊ တကမ္ဘာလုံးသို့ဧ၀ံဂေလိတရားဟောပြောရန်ဘုရားသခင်ခန့်ထားတော်မူခြင်းခံရသောအမှုကို ဆောင်ရွက်နိုင်ရန်သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ကိုရယူရမည်။ တ၊ ၁း၈၊ ၂ တိ၊ ၁း၇၊ ယော၊ ၁၅း၁၉။
၁၀။       အသင်းတော်၏အနာဂတ်
            (က)      အသင်းတော်သည် သခင်ဘုရားနှင့်အတူရှိရန် ချီဆောင်ခြင်းကာလတွင် ချီဆောင်တော်မူခြင်းခံရ မည်ဖြစ်သည်။ ထိုကာလသည် သင့်မျက်စိတမှိတ်၊ လျပ်တပြက်သာကြာမည်ဖြစ်သည်။ ၁ သက်၊ ၄း၁၅-၁၈။
            (ခ)        အသင်းတော်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၏အမွေစားအမွေခံအဖြစ်ချီးမြောက်ခြင်းခံရ မည်။ ယော၊ ၈း၁၆-၁၈။
            (ဂ)        ခရစ်တော်သည် မိမိပိုင်ထိုက်တော်မူသော သူတို့ထံပြန်လာသည့်ထမြောက်ခြင်းကာလတွင်အသင်း တော်သည် “မျက်စိတမှိတ်” အတွင်း၌ပျက်စီးဆွေးမြေ့တတ်သောအရာများကို ပယ်ရှားလျက်မ ပျက်မစီးတတ်သောအဖြစ်သို့ရောက်ရှိသွားမည်ဖြစ်ပါသည်။ ၁ ကော၊ ၁၅း၅၀-၅၇ ၏။
၁၁။       အကျဉ်းချုပ်။
            (က)      ဒေသန္တရအသင်းတော်ဓမ္မသစ်ကျမ်းအလိုအရခရစ်ယာန်ဟုခေါ်ဝေါ်ခြင်းခံရသောသူများ ၏အဖွဲ့အ စည်းဖြစ်လျက်ဒေသတစ်စုတစ်ရပ်ဝန်းတစ်ခုတွင်နေထိုင်ကြပြီးကိုးကွယ်ရန်၊ ချီးမွမ်းရန်၊ ဆုတောင်း ရန်၊ နှုတ်ကပတ်တော်လေ့လာရန်၊ သက်သေခံရန်၊ ဘာသာဝင်များအား ဗတ္တိဇံပေးရန်၊ သခင်ဘုရား ၏ပွဲတော်မင်္ဂလာပါဝင်ဆက်ဆံရန် အသင်းသားများအားစည်းကမ်းထိန်းသိမ်းရန် ဧ၀ံဂေလိတရား တော်ကို ကမ္ဘာအနှံ့ဟောပြောရမည်ဟူသော သခင်ဘုရား၏မိန့်မှာထားချက်ကို ပြည့်စုံစေရန် ခရစ် တော်၏နာမ၌မှန်မှန်စုဝေးတတ်သော အဖွဲ့အစည်းဖြစ်ပါသည်။ တ၊ ၁၃း၁-၄၊ ၂၀း၇၊ မ၊ ၂၈-၁၉-၂၀၊ ၁ သက်၊ ၁း၈၊ ဟေဗြဲ ၁၀း၂၅၊ ဖိ၊ ၄း၁၄-၁၈၊ ၁ ကော၊ ၅း၎-၅၊ ၁၄း၁၆။
            (ခ)        တစ်ပါးတည်းသောအသင်းတော်ခရစ်တော်၏ ကိုယ်ခန္ဓာ၊ ခရစ်တော်၏သတို့သမီးသည်ပင် ပင်တေ ကုတ္တေပွဲနေ့နှင့် ချီဆောင်ခြင်းနေ့အကြားခရစ်တော်ကိုယုံကြည်၍တဖန်ဖြစ်စေခြင်းကို ခံရသောသူ များဖြစ်ပါသည်။ ထိုယုံကြည်သူအယောက်တိုင်းအား သန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံအားဖြင့် ခရစ်တော်၌စုစည်းလျက် ဦ်းခေါင်းဖြစ်တော်မူသော ခရစ်တော်၏ ကိုယ်ခန္ဓာ သန့်ရှင်းသောဝိညာဉ် တော်ကိန်းဝပ်တော်မူရာ ဗိမာန်တော်ဖြစ်ပါသည်။ ဤအသင်းတော်သည် ခရစ်တော်နှင့်တသွေး တသားတလုံးတ၀တည်းဖြစ်လျက်ခရစ်တော်နှင့်စေ့စပ်ပြီးသော သတို့သမီးကညာအဖြစ်ချီဆောင် ခြင်းကာလကိုယ်တော်နှင့်အတူရှိရန် သိမ်းဆည်းခြင်းခံရမည်ဖြစ်ပါသည်။ ဟေဗြဲ ၁၂း၂၃၊ ၁ ကော၊ ၁၂း၁၂-၁၃၊ ဧ၊ ၁း၂၂-၂၃၊ ၅း၃၀-၃၁၊ ၂ ကော၊ ၁၂း၎၊ ၁ သက်၊ ၄း၁၅-၁၈၊
မေးခွန်းများ
၁။         တလောကလုံးနှင့်ဆိုင်သောအသင်းတော် universal church နှင့် ဒေသအသင်းတော် Local church တို့၏ ခြားနားမှုကို သိရှိထားရန် အဘယ်ကြောင့်အရေးကြီးပါသနည်း။
၂။         ဓမ္မသစ်ကျမ်းစာတွင် “အသင်းတော်” ဟူသောစကားလုံး၏ အခြေခံအဓိပ္ပါယ်မည်သို့နည်း။
၃။         ဓမ္မသစ်ခေတ်မတိုင်မီ ဂျူးနှင့် ဂရိများတို့သည် Ekklesia ဟူသော စကားလုံးကို အသုံးပြုခဲ့ကြပြီးဖြစ်သည်။ ထိုအသုံးအနှုန်းများသည် ဓမ္မသစ်ခေတ်အသုံးအနှုန်းသည် မည်သို့အဓိပ္ပါယ်သက်ရောက်စေပါသနည်း။
၎။         ဣသရေလသည် မည်ကဲ့သို့အသင်းတော်တစ်ပါးဖြစ်ရပါသနည်း။
၅။         မဿဲ ၁၆း၁၈ နှင့် ပတ်သက်၍ ပညာရှင်များက တင်ပြသော အနက်ဖွင့်ချက် အမျိုးမျိုးကို လေ့လာပြီးနောက် သင့်အနေဖြင့်မည်ကဲ့သို့အနက်အဓိပ္ပါယ်သက်ရောက်သည်ဟု အဘယ်ကြောင့်ခံယူပါသနည်း။
၆။         “မရဏနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ” ဟုဆိုရာတွင်မည်သို့ဆိုလိုပါသနည်း။ မဿဲ ၁၆း၁၈။
၇။         ကနဦးအသင်းတော်သည် မည်သည့်အရပ်တွင် စည်းဝေးပါသနည်း။ ကနဦးအသင်းတော်အလျင်အမြန်ကြီး ထွားတိုးတက်လာပုံကို ရှင်းပြပါ။
၈။         ဒေသန္တရအသင်းတော်များကို အဖွဲ့အစည်းများအဖြစ်ဖွဲ့စည်းခဲ့ကြကြောင်းအထောက်အထားခိုင်လုံနေသည် နှင့်အညီဒေသန္တရအသင်းထောက်တစ်စု၏ ဖွဲ့စည်းပုံရှင်းပြပါ။ ကျမ်းစာ အထောက်အထားဖြင့်ပြသပါ။
၉။         ဓမ္မသစ်ခေတ်အသင်းတော်တွင် အသင်းသားဖြစ်ရန်လိုအပ်သောအရည်အချင်းသုံးခုနှင့်လက္ခဏာ (၄)ရပ်တို့ ကိုစာရင်းပြုပါ။
၁၀။       အသင်းတော်မှလိုက်နာရန်ခရစ်တော်မိန့်မှာတော်မူခဲ့သည့် ပညတ်တော်များ၏အမည်ကိုဖော်ပြ၍ ထိုပညတ် တို့ကိုလိုက်နာရန်ညွှန်ပြထားသောကျမ်းကိုလည်းပြပါ။
            (၁)
            (၂)       
၁၁။       အသင်းတော်အားဓမ္မသစ်ကျမ်းတွင်ပေးသောထူးခြားသည့် အမည်နာမ အနည်းဆုံးသုံးခုကိုဖော်ပြလျက်၊ ထိုသူတို့နှင့်သက်ဆိုင်သည့် ကျမ်းညွှန်းများကိုဖော်ပြပါ။
            (၁)
            (၂)
            (၃)
၁၂။       ဤအမည်များ ပုံသဏ္ဍာန်များကိုကြည့်ခြင်းအားဖြင့် အောက်ပါတို့သည် မည်ကဲ့သို့ခြားနားကြောင်းဖော်ပြပါ။
            (က)      ဒေသန္တရအသင်းတော်
            (ခ)        ကောင်းကင်နိုင်ငံတော်
            (ဂ)        ယေဟောဝါ၏မယားဣသရေလ
၁၃။       အသင်းတော်မိသားစုကို ဖြစ်ပေါ်စေသောအရာရှိများ၊ အသင်းသားများ၏ အမည်စာရင်းပြုလျက်၊ ၎င်းတို့၏ တာဝန်အနည်းဆုံးတစ်မျိုးစီဖော်ပြပါ။
၁၄။       အသင်းတော်၏အနာဂတ် မျှော်လင့်ခြင်းမည်သို့ရှိသနည်း။
၁၅။       ဒေသန္တရအသင်းတော်၊ တပါးတည်းသောအသင်းတော်တို့နှင့်ပတ်သက်၍အကျဉ်းချုပ်ရေးပါ။

အမည်၊   ____________________________                                   ရက်စွဲ     _____________________________
လိပ်စာ၊  ____________________________
            ____________________________
            ____________________________
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
 
Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support