HCF

HCF MYANMAR IN SINGAPORE

Saturday, May 29, 2010

ကျွန်ုပ်တို့၏အလုံးစုံတို့၌အလုံးစုံဖြစ်သောယေရှုခရစ်


သင်ခန်းစာ (၉)

''...ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော် ပေ တည်း'' (ကော၊ ၁း၂၇)


ချစ်သောမိတ်ဆွေ၊

ကျွန်ုပ်တို့သည်သခင်ယေရှုနှင့်ဆိုင်သော အံ့ဘွယ်သောအကြောင်းများစွာကို လေ့လာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့လေ့ လာခဲ့ရာတွင် သူသည် ဘုရားသခင်ကတိတော်နှင့်ဆိုင်သောကယ်တင်ရှင်၊ တန်ခိုးကြီးသောဘုရား၊ ကြီးမြတ်သောဆရာ၊ဘုရား ၏သိုးသငယ်၊ ထမြောက်ခြင်း အရှင်၊ အလုံးစုံတို့၏သခင်၊ ကြီးမြတ်သော ကိုယ်စားပြုအကျိုးဆောင်သူနှင့် ကြွလာမည့် ရှင်ဘုရင် ဖြစ်သည်။ ယေရှုခရစ်သည် ဤအရာများသာမက သာ၍များသော အရာများလည်းဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း၊ ကျွန်ုပ်တို့၏တန်ခိုး၊ ကျွန်ုပ်တို့၏သန့်ရှင်းခြင်း၊ ကျွန်ုပ်တို့၏ အောင်မြင်ခြင်း၊ ကျွန်ုပ်တို့၏ ဝမ်းမြောက် ခြင်း၊ ကျွန်ုပ်တို့၏ခွန်အား၊ ကျွန်ုပ်တို့၏စိတ်ရှည်ခြင်း၊နှင့် သာ၍များစွာသော အရာများဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့၏ လိုအပ် သော အရာတိုင်းအတွက် ဘုရားသခင်သည် ခရစ်တော်ကို ကျွန်ုပ်တို့၌ ပေးခဲ့ခြင်းဖြစ်သည်။ ကျမ်းစာက''ထိုသို့သင်တို့သည် သား ဖြစ်သောကြောင့် အဗ္ဗအဘ ဟုခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွတ် တော်မူ သည်'' ဟုဆိုသည်။(ဂလာ၊ ၄း၆)

ဤကား မည်သည့် အဓိပ္ပါယ်နည်း။ ၄င်း၏အဓိပ္ပါယ်မှာ ခရစ်တော်သည် ကျွန်ုပ်တို့၏အထဲ၌ သူ၏ဝိညာဉ်တော် အားဖြင့် ရှိနေခြင်း ဖြစ်သည်။ ကျမ်းစာက''...ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသောသင်တို့ အထဲ၌ တည် တော်မူသော ခရစ်တော် ပေတည်း''ဟုဆိုသည်။ (ကော၊ ၁း၂၇)

ဤသင်ခန်းစာ၌ စိတ်နှလုံးထဲ၌ကျိန်းဝပ်တော်မူသော ခရစ်တော်နှင့် ခရစ်ယာန်အသက်တာကို မည်ကဲ့သို့အသက်ရှင် လိုက်လျောက် မည်နည်း ဟူသောအကြောင်းကို ကျွန်ုပ်တို့ သာ၍ လေ့လာကြမည်။


ဘုရားသခင်သည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ကျိန်းဝပ်ရန် ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့၏။

ကျမ်းစာက လူသည်''ဘုရားသခင်၏ပုံသဏ္ဍာန်နှင့်အညီ''ဖန်ဆင်းခြင်း ခံရ၏ဟုဆို၏။ ကျွန်ုပ်တို့သည်ဘုရားသခင်၏ပုံသဏ္ဍာန် ဖန်ဆင်းခြင်းခံရသည်သာမက ဘုရားသခင် သူကိုယ်တိုင် ကျွန်ုပ်တို့အထဲ၌ နေနိုင်ရန်အတွက်လည်း ကျွန်ုပ်တို့ ကို ပြုလုပ်ခဲ့ခြင်းဖြစ်၏။

ဆွယ်တာတထည်သည် လူတစ်ဦး၏ပုံစံ(သို့)ပုံသဏ္ဍာန်ကဲ့သို့ပြုလုပ်ထားသော ပိတ်စတခုဖြစ်သည်။ ၄င်းကို လူ တစ်ဦး၏ပုံသဏ္ဍာန် ပြုလုပ်ခြင်းတခုတည်း မဟုတ်ပါ။ အသက်ရှင်သောသူ ဝတ်ဆင်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း အသက်ရှင်သောပုဂ္ဂိုလ် ဘုရားသခင်ကိုယ်တိုင် ကျွန်ုပ်တို့အထဲ၌ ကျိန်းဝပ်ရန် ပြုလုပ်ခဲ့၏။

ဘုရားသခင်သည် ယေရှု၏အထဲ၌ တည်တော်မူ၏

ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ ဘုရားသခင်ဖြစ်တော်မူသည်။ သို့သော် သူသည် လူသား တစ်ဦးလည်း ဖြစ်ခဲ့၏။ သူ့ကိုယ်သူ''လူသားတော်''ဟုခေါ်ခြင်းကို သူသည်နှစ်သက်တော်မူ၏။ ယခု ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ သူ၏အမှန်ဖြစ်သော လူသားစင်စစ် တစ်ဦးအဖြစ်ကို ကျွန်ုပ်တို့ စဉ်းစားလိုခြင်း ဖြစ်သည်။

သူသည် ဤမြေပေါ်အသက်ရှင်စဉ်အခါ၊ သခင်ယေရှုသည် သန့်ရှင်းခြင်း၊တန်ခိုးရှိခြင်းနှင့်အောင်မြင်သောအသက်တာဖြင့် အသက်ရှင်ခဲ့ ၏။ သူက''ငါသည် ခမည်းတော်ကို နှစ်သက်စေတော်မူသော အမှုကိုအစဉ်မပြတ်ပြုတော်မူသည်''ဟုမိန့် တော်မူ၏။ သူ၏ရန်သူများပင် သူ၌ အံ့သြခြင်းရှိတော်မူ၏။ သူတို့က''ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှ မဟောစဘူး ပါ''ဟုပြောဆိုကြ၏။

ယေရှုသည် ဤကဲ့သို့သော ပညာများကို ဘယ်ကရရှိခဲ့သနည်း။ ဘယ်ကဲ့သို့ သူသည် အပြစ်ကင်းသော အသက်တာဖြင့် အသက်ရှင် နိုင်ခဲ့ရသနည်း။ သူပြုခဲ့သော တန်ခိုးကြီးသောအရာများကို သူ ဘယ်ကဲ့သို့ ပြုလုပ်ခဲ့အနည်း။ သခင်ယေရှု ၄င်းကို ရှင်းပြခဲ့၏။ သူက'' ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည် ကို၎င်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျှောက် ငါ ဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကိုကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည်ပြုတော်မူ၏။''ဟုဆိုသည်။(ယော၊ ၁၄း၁ဝ)

ယေရှုသည် ခမည်းတော် သူ၌ရှိတော်မူသည်ကို သိတော်မူ၏။ ခမည်းတော်သည် သူ၌ရှိကြောင်းကို သိမှတ်တော်မူ ပြီး၊ သူ့ခမည်းတော် ကို သူ အစဉ်နာခံခြင်း ရှိတော်မူ၏။ သူ၏လိုသောအရာအားလုံးအတွက် သူ၏ခမည်းတော်ကို အားကိုး မှီ ခိုတော်မူ၏။ ယေရှုက ဆိုသည်မှာ တန်ခိုးကြီးသောအမှုများကို သူပြုလုပ်ခဲ့ခြင်းသည် ခမည်းတော်သည် သူ၏အထဲ၌တည်ရှိ နေခြင်း၏ ရလဒ်ကြောင့်ဖြစ်သည်။

ယေရှုသည် သူ၏တပည့်တော်များ၏အထဲ၌ ကျိန်းဝပ်ရန် ကတိပေးခဲ့၏။

ယေရှုသည် လက်ဝါးကပ်တိုင်ပေါ် အသေသတ်ခြင်းမခံမှီ သူ၏တပည့်တော်များကို ပြောခဲ့သည်မှာ သူသည် မကြာခင် သူတို့ကို စွန့်ခွာ သွားလိမ့်မည်။ သို့သော် သူတို့ထံသို့ ပြန်လာမည်ဖြစ်ကြောင်း သူ ကတိပေးခဲ့၏။ ယေရှုက'' ခမည်း တော်သည်သမ္မာတရားကိုပြသော ဝိညာဉ် တော်တည်းဟူသော တပါးသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။- ထိုဝိညာဉ်တော် ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူ နိုင်ကြ။ ထို ဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ရှိတော် မူသော ကြောင့် သင်တို့သိရကြ၏။- ငါသည် သင် တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့လာဦးမည်''ဟုဆိုသည်။(ယော၊ ၁၄း၁၆-၁၈)

ယေရှုသည် တပည့်တော်များကို ဘာပြောသနည်း။ သူပြောသည်မှာ''ငါသည်သွားရမည် သို့သော် ငါသည် အသစ်သောအသွင်နှင့် ခြားနားသော အသွင်ဖြင့် ပြန်လာဦးမည်။ ငါသည် သန့်ရှင်းသောဝိညာဉ်တော် ပုဂ္ဂိုလ်တစ်ဦး အဖြစ်နှင့်ပြန် လာမည်။ သင်တို့၌ နေရန်ပြန်လာမည်။ ခမည်းတော်သည် ငါ၌ရှိနေသကဲ့သို့ ငါသည် သင်တို့၌ရှိနေရန် ပြန်လာမည်။'' သခင်ယေရှုက'' ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည် ငါရှိသည်ကို၎င်း၊ ငါ သည်သင်တို့၌ ရှိသည်ကို၎င်း၊ ထိုနေ့၌ သင်တို့သည် သိရကြ လိမ့်မည်။''ဟုဆို၏။(ယော၊ ၁၄း၂ဝ)


ခရစ်တော်သည် ကျွန်ုပ်တို့၌ ရှင်တော်မူသည်

ခရစ်တော်သည် ယုံကြည်သူတိုင်း၏အထဲ၌ ရှိပါသလား။ အမှန် ရှိတော်မူသည်။ ကျမ်းစာက''...ယေရှုခရစ်သည် သင်တို့၌ တည်တော်မူ သည်ဟု ကိုယ်အကြောင်းကို ကိုယ်မသိကြသလော။''ဟုဆိုသည်။(၂ကော၊ ၁၃း၅ခ)''...ခရစ်တော်၏ ဝိညာဉ်ကို မရသောသူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။'' ရော၊ ၈း၉)

ဤသည်ကား တမန်တော်ရှင်ပေါလု၏ အံ့သြချီးမွမ်းဖွယ်သော၊ အောင်မြင်သောအသက်တာ၏ လျှို့ဝှက်ချက် ဖြစ် သည်။ သူက''ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။''ဟုဆို၏။(ဂလာ၊ ၂း၂ဝ)

ဘုရားသခင်၏သားသမီးတိုင်းသည်''ခရစ်တော်သည် ငါ၌ရှင်တော်မူ၏''ဟု ဤကဲ့သို့ ပြောနိုင်ပါသည်။ သင်သည် ခရစ်တော်ကို သင်၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့ပြီးပြီလား။ လက်ခံခဲ့ပြီးသော် သင့်ကိုယ်ကိုပြောပါ။''ခရစ်တော် သည် ငါ၌ရှင်တော်မူ၏။ ခရစ်တော် သည် ငါ၌ရှင်တော်မူ၏။''ဟုပြောပါ။

သင်၌ရှင်တော်မူသော ခရစ်တော်သည် မည်သူနည်း။ သူသည် ဘုရားသခင် ဖြစ်တော်မူသည်။ ကျမ်းစာက ''အကြောင်းမူကား၊ ဘုရားသခင်၏ဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော် မူ၏။''ဟုဆိုသည်။(ကော၊ ၂း၉)

ခရစ်တော်၏နာမည်များထဲမှ နာမည်တခုကို စဉ်းစားခြင်းဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့၌ရှင်သည်ဆိုသော အနက်ကို နားလည်ရန် ကျွန်ုပ်တို့ကို မစပေလိမ့်မည်။

ခရစ်တော်သည် ကြီးမြတ်တော်မူသော'' ငါ ဖြစ်သည်'' ဟု ဆိုသောသူဖြစ်သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်တွင် ဘုရားသခင်က ခရစ်တော်၏နာမည်သည် '' ငါ ဖြစ်သည်''ဟု ကျွန်ုပ်တို့ကို ဖေါ်ပြသည်။ သခင်ယေရှုက'' ယေရှု ကလည်း၊ ငါအမှန်အကန်ဆိုသည်ကား အာဗြဟံမဖြစ်မှီ ငါ ဖြစ်၏''ဟု မိန့်တော်မူ၏။ (ယော၊ ၈း၅၈)

ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏အမည်နာမ တခုမှာ ''ငါ ဖြစ်သည်''ဟူသောနာမဖြစ်၏။ ဤနာမ၏ အနက် ကိုနားလည်ရန် ဣသရေလ၏သားသမီးများ ကျွန်ခံရာ အဲဂုတ္တုပြည်၌ ဖြစ်ပျက်ခဲ့သော တစုံသော အကြောင်းအရာဆီသို့ နောက်ကြောင်းပြန် ရပေလိမ့်မည်။

ဘုရားသခင်သည် မောရှေအား တောထဲ၌ထင်ရှားပြပြီး၊ သူအား အဲဂုတ္တုပြည်သို့ပြန်သွား၍ ဣသရေလ၏သား သမီးများ ကျွန်ခံရာမှ ထွက်မြောက်ခြင်းကို ဦးဆောင်ရန်ပြောခဲ့၏။ သို့သော် မောရှေသည် ဘုရားသခင် သူ့အား စေလွတ်ခြင်း ကို လူများ မယုံကြည်ကြ လိမ့် မည်ကို ကြောက်၏။ မောရှေကလည်း''အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ရှိရာသို့ ရောက် ၍၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်သည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ထို ဘုရားသခင်၏နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကို ပြန်၍ မေးသောအခါ၊ အဘယ်သို့ပြန်ပြောရမည်နည်း''ဟု ဘုရားသခင်အား မေးလျှောက်လေ၏။

ဘုရားသခင်ကလည်း မောရှေအား ''ငါ ဖြစ်သည် အတိုင်း ငါ ဖြစ်၏ဟူ၍၄င်း၊ ငါ ဖြစ်သည်ဟုအမည်ရှိသော သူ သည်၊ ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလ အမျိုးသားတို့အားပြန်ပြောလော့ဟူ၍၄င်း'' မိန့်တော်မူ၏။ (ထွက်၊ ၃း၁၃-၁၄)

ဘုရားသခင်က သူ၏နာမသည်''ငါ ဖြစ်သည်''ဟုဆို၏။ ဘုရားသခင်၌ ထူးဆန်းသောနာမတခုဖြစ်သည်၊ မဟုတ် ပေဘူးလား။ ၄င်းကား အမှန်တကယ် မပြီးဆုံးသေးသော ဝါကျတကြောင်းကဲ့သို့ ဖြစ်နေပါသည်။ ငါ---------ဖြစ်သည်။

ဘုရားသခင်သည် ဘာကိုဆိုလိုသနည်း။ ဘုရားသခင်ဆိုလိုသည်မှာ''ငါသည် သင်လိုအပ်သောမည်သည့်အရာမဆို ဖြစ်သည်။'' ဟူ၍ဖြစ်၏။

ဘုရားသခင်ကမောရှေအားပြောသည်မှာ'' မောရှေ၊ ငါသည်သင့်ကို အမှုပြုရန်ခေါ်ခြင်းကြောင့် ကြီးမားသောအမှု များကိုပြုရန် သင်၌အရာများစွာ လိုအပ်လိမ့်မည်။ သင်သည် ရဲရင့်ခြင်းကို လိုလိမ့်မည်။ ငါသည် သင်၌ရဲရင့်ခြင်း ဖြစ်သည်။ သင်သည် ဥာဏ်ပညာကို လိုလိမ့်မည်။ ငါသည် သင်၌ဥာဏ်ပညာ ဖြစ်သည်။ သင်သည်တန်ခိုးကို လိုမည်။ ငါသည် သင်၌ တန်ခိုးဖြစ်သည်။ သင်သည် သီးခံခြင်းနှင့်စိတ်ရှည်ခြင်းကို လိုလိမ့်မည်။ ငါသည် သင်၌သီးခံခြင်းနှင့်စိတ်ရှည်ခြင်းဖြစ်သည်။

ငါသည် သင်၌လိုအပ်သောအရာ မည်သည့်အရာမဆို ဖြစ်သည်။''ဟူ၍ဖြစ်၏။

မောရှေသည် ဘုရားသခင်ကို ယုံကြည်ပြီး၊ သူ၌လိုအပ်သောအရာအားလုံးအတွက် သူသည် ဘုရားသခင်အပေါ် အားကိုးမှီခိုတော်မူ၏။ အကျိုးကျေးဇူးကား မည်သို့ရှိသနည်း။ ကျမ်းစာက ကျွန်ုပ်တို့အား ဆိုခဲ့သည်မှာ ဘုရားသခင်သည် ဣသရေလ၏သားသမီးများကို အဲဂုတ္တုပြည်မှ ''တန်ခိုးကြီးသောလက်တော်ဖြင့်'' ထုတ်ဆောင်တော်မူ၏။

ခရစ်တော်သည် ဘုရားသခင်၏အရာခပ်သိမ်း ဖြစ်ခြင်း

ကျွန်ုပ်တို့ ဓမ္မသစ်ကာလသို့ ရောက်လာသောအခါ ခရစ်တော်သည် ကြီးမြတ်သော'' ငါ ဖြစ်သည်''ဟူသော သူ ဖြစ်ကြောင်းကို တွေ့ရသည်။ သူက ဆိုသည်မှာ-

''ငါသည် အသက်မုန့် ဖြစ်သည်'' (ယော၊ ၆း၅၁)

''ငါသည် လောက၏အလင်းဖြစ်သည်'' (ယော၊ ၈း၁၂)

''ငါသည် တံခါးဝ ဖြစ်သည်'' (ယော၊ ၁ဝး၉)

''ငါသည် ကောင်းသော သိုးထိန်း ဖြစ်သည်'' (ယော၊ ၁ဝး၁၄)

''ငါသည် ထမြောက်ခြင်းအကြောင်း ဖြစ်သည်'' (၁ယာ၊ ၁၁း၂၅)

''ငါသည် လမ်းခရီး ဖြစ်သည်'' (ယော၊ ၁၄း၆)

''ငါသည် သမ္မာတရား ဖြစ်သည်'' (ယော၊ ၁၄း၆)

''ငါသည် အသက် ဖြစ်သည်'' (ယော၊ ၁၄း၆)

''ငါသည် မှန်သောစပျစ်နွယ်ပင် ဖြစ်သည်'' (ယော၊ ၁၅း၁)

''ငါသည် အာလဖနှင့်သြမေဃ ဖြစ်သည်'' (ဗျာ၊ ၁း၈)

ယေရှုခရစ်သည် ဤအရာအားလုံးသာမက သာ၍များသော အရာများလည်း ဖြစ်တော်မူ၏။ သူသည် ကျွန်ုပ်တို့၏ မြော်လင့်ခြင်း၊ ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်း၊ ကျွန်ုပ်တို့၏ငြိမ်သက်ခြင်း၊ ကျွန်ုပ်တို့၏စိတ်ရှည်ခြင်း၊ ကျွန်ုပ်တို့၏ချစ်ခြင်း၊ ကျွန်ုပ်တို့၏နူးညံ့သိမ်မွေ့ခြင်း၊ ကျွန်ုပ်တို့၏စင်ကြယ်ခြင်း၊ ကျွန်ုပ်တို့၏တန်ခိုး၊ ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်း၊ ကျွန်ုပ်တို့၏ သန့်ရှင်းခြင်း၊ ကျွန်ုပ်တို့၏ကယ်တင်ခြင်း၊ ကျွန်ုပ်တို့၏ပညာ၊ ကျွန်ုပ်တို့၏ကျန်းမာခြင်း၊ ကျွန်ုပ်တို့၏အောင်မြင်ခြင်း၊ မှစ၍ သူသည် ကျွန်ုပ်တို့၌ လိုအပ်သောအရာ မည်သည့်အရာမဆို ဖြစ်တော်မူသည်။ ကျမ်းစာက''...ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံ ဖြစ်တော်မူ၏။''ဟုဆိုသည်။(ကော၊ ၃း၁၁)

ခရစ်တော်သည်''အလုံးစုံ''သော သူ ဖြစ်သည်။ သူသည် ကျွန်ုပ်တို့၌လိုသော အရာခပ်သိမ်းဖြစ်ပြီ၊ ကျွန်ုပ်တို့၌ရှင် တော်မူသည်။ သူသည် ''ငါ ဖြစ်သည်''ဟု ကြီးမြတ်သောအမည်ရှိသည်။ သူက'' သင်၌လိုအပ်သောအရာသည် ငါ ဖြစ်သည်'' ဟုဆို၏။

ခရစ်တော်၌တည်ပါ

ခရစ်တော်က''ငါ၌တည်နေကြလော့၊ ငါသည်လည်း သင်တို့၌တည်နေမည်။''ဟုဆို၏။ ဤသည်ကား အမိန့်နှင့် ကတိတော် ဖြစ်သည်။

အမိန့်ကား အဘယ်နည်း။ အမိန့်သည်''ငါ၌တည်နေကြလော့။'' ကတိကား အဘယ်နည်း။ ကတိကား''သင်တို့၌ ငါတည်နေမည်။''ဖြစ်သည်။ ခရစ်တော်က ကျွန်ုပ်တို့အား'' ငါ၌တည်နေကြလော့။ ငါ၏အသက်သည် သင်တို့၌ ငါရှင်တော်မူ လိမ့်မည်။ သင် လိုသောအရာခပ်သိမ်းသည် ငါဖြစ်တော်မူသည်။''ဟုဆို၏။

ခရစ်တော်၌တည်ခြင်းသည် အဘယ်နည်း။ အဓိပ္ပါယ်မှာ သူနှင့်အတူ အစဉ်မပြတ် မိသဟာယ ဖွဲ့ခြင်းဖြစ်သည်။

ခရစ်တော်၌တည်နေရန် ကျွန်ုပ်တို့ ပြုလုပ်ရမည့်အရာများမှာ-

၁။ ကျွန်ုပ်တို့၌ သူ ရှိနေကြောင်းကို သိမှတ်ဝန်ခံပါ။

၂။ အချိန်တိုင်း သူ့ကို နာခံပါ။

၃။ သင်၏လိုအပ်မှုအားလုံးကို သူ့ထံ အားကိုးမှီခိုပါ။

ခရစ်တော်၌တည်နေခြင်းသည် သူသည် ကျွန်ုပ်၌ရှိနေခြင်းကို သိမှတ်ခြင်း၊ သူ့ကိုနာခံခြင်း၊ ကျွန်ုပ်၏လိုသောအရာ များကို သူ၌ အားကိုး မှီခိုခြင်း၊ သူ၏ချစ်ခြင်းနှင့်မိသဟာယဖွဲ့ခြင်း၌ ဝမ်းမြောက်ခြင်း တို့ဖြစ်သည်။ အပြစ်ပြုလုပ်မိသော် ဘုရားသခင်ထံ အပြစ်ကိုချက်ခြင်း ဝန်ချ တောင်းပန်သင့်သည်။ ထိုသို့ပြုလုပ်သော် ဘုရားသခင်သည် ထိုတခဏခြင်းတွင် အပြစ်ကို ခွင့်လွှတ်တော်မူပြီ၊ ကျွန်ုပ်သည် ခရစ်တော်၌ တည်နေခြင်းကို တဖန် တကြိမ်ပြန်၌ တည်နေပေလိမ့်မည်။

ခရစ်တော်သည် ကျွန်ုပ်၏အသက်ဖြစ်သည်

ကျွန်ုပ်သည် ခရစ်တော်၌တည်နေခြင်းကြောင့် သူသည် ကျွန်ုပ်၌ သူကိုယ်တိုင် အမှန်ရှိနေခြင်းကို ထင်ရှားလာရန် ပြုလုပ်လိမ့်မည်။ သူသည် ကျွန်ုပ်အဖို့ ကြီးမြတ်သော''ငါ ဖြစ်သည်''ဟူသော သူဖြစ်လာလိမ့်မည်။ ကျွန်ုပ်လိုသောအရာ မည် သည့်အရာမဆို သူသည် ကျွန်ုပ်အဖို့ ထိုအရာ ဖြစ်လာပေမည်။

ကျွန်ုပ်သည် မိမိကိုယ်ကို ပြန်ကြည့်သောအခါ ကျွန်ုပ်၌ လိုသောအရာများစွာရှိပါသည်။ ကျွန်ုပ်၌ ဘုရားသခင်ကို အစေခံရန်နှင့် သူ၏စိတ်တော်နှင့်တွေ့သောအသက်တာကို အသက်ရှင်ရန် တန်ခိုးကို လိုအပ်သည်။ ကျွန်ုပ်၌ စင်ကြယ်ခြင်း ကို လိုသည်။ ကျွန်ုပ်၌စိတ်ရှည်ခြင်းကို လိုသည်။ ကျွန်ုပ်၌ချစ်ခြင်းမေတ္တာကို လိုသည်။ ကျွန်ုပ်၌သန့်ရှင်းခြင်းကို လိုသည်။ ကျွန်ုပ်၌ဥာဏ်ပညာကို လိုသည်။ ကျွန်ုပ်၌ဖြောင့်မတ်ခြင်းကို လိုသည်။

ဤအရာများကို ဘုရားသခင်ထံ ကျွန်ုပ် တောင်းသောအခါ သူသည် ကျွန်ုပ်၌ ဤ သို့သော အရာများ ကိုမပေးပါ။ ယင်းအစာ သူသည် ကျွန်ုပ်၌လိုအပ်သော ခပ်သိမ်းသောအရာ ဖြစ်တော်မူသော ခရစ်တော်ကို ပေးတော်မူသည်။ ကျမ်းစာက ''ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင်စီရင်တော်မူသည့်အတိုင်း၊ ငါတို့၌ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏''ဟုဆိုသည်။(၁ကော၊ ၁း၃ဝ)

သင်၌ ဥာဏ်ပညာ လိုပါသလား။ ခရစ်တော်သည် သင်၌ ဥာဏ်ပညာကို လုပ်ပေးလိမ့်မည်။ သင်၌ဖြောင့်မတ်ခြင်း လိုပါသလား။ ခရစ်တော်သည် သင်၏ဖြောင့်မတ်ခြင်း ဖြစ်သည်။ သင်သည် သန့်ရှင်းခြင်းကို အလိုရှိပါသလား။ ခရစ်တော် သည် သင်၌ သန့်ရှင်းခြင်းဖြစ်တော်မူသည်။ သင်သည် အပြစ်အပေါ် အောင်ခြင်းကို လိုအပ်နေပါသလား။ ခရစ် တော်သည် သင်၏အောင်ခြင်းဖြစ်သည်။ သင်လိုသောအရာခပ်သိမ်းအတွက် သင်သည် ''သခင်ယေရှု ကျွန်ုပ်အဖို့ ဤအရာများကို ဖြစ်စေ ပါ'' ဟု ပြောဆိုနိုင်သည်။

ကျွန်ုပ်တို့သည် ခရစ်တော်အားဖြင့် အသက်ရှင်သည်

သခင်ယေရှုက''ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်''ဟုဆို၏။ ဤနေရာ၌ ယေရှု ဘာကိုဆိုသနည်း။ သူ ဆိုသည်မှာ ''ခမည်းတော်သည် ငါ၌ ရှင်တော်မူပြီး ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်။ ခမည်းတော်သည် ငါ၌ရှိနေခြင်းကို သိမှတ်ဝန်ခံခြင်း၊ ငါသည် သူ့ကို အစဉ် နာခံတော်မူသည်။ ငါ လိုသောအရာ အားလုံး သူ၌ ငါ အားကိုး မှီခို တော်မူသည်''ဟု၍ဖြစ်၏။

ခရစ်တော်သည် သူ၌ကျိန်းဝပ်တော်မူသော ခမည်းတော်အားဖြင့် အသက်ရှင် သကဲ့သို့ ထို့အတူ ကျွန်ုပ်တို့သည် လည်း ကျွန်ုပ်တို့၌ကျိန်းဝပ်တော်မူသော ခရစ်တော်အားဖြင့် အသက်ရှင်ရန်ဖြစ်သည်။ ကျမ်းစာက ခရစ်တော်သည်''ငါတို့၏ အသက်'' ဖြစ်သည်။

ဤ အကြောင်းအရာ သုံးချက်ကို ပြုလုပ်ရန် ယခု အစပြုပါ။

(၁) သင်၌ ခရစ်တော် ရှိနေခြင်းကို သိမှတ်ဝန်ခံပါ။ သင့်ကိုယ်ကို ပြောပါ။ ''ခရစ်တော် ငါ၌ ရှင်တော်မူသည်။ ခရစ် တော် ငါ၌ ရှင်တော်မူသည်။'' ခရစ်တော်သည် သင်၌ရှင်တော်မူသည်။ သူ့ကို ရရှိ ပိုင်ဆိုင်သောသူကဲ့သို့ အစပြု လုပ်ဆောင် ပါ။ ဘုရားသခင်သည် သင့်အဖို့ ဧကန်အမှန် ဖြစ်လာရန် ၄င်းကို ပြုလုပ် ပေးလိမ့်မည်။

အမျိုးသမီးငယ်တစ်ဦး တခါက စုံစမ်းသွေးဆောင်ခြင်းကို အောင်မြင်ခြင်း၏ ထျှို့ဝှက်ချက်ကို လေ့လာ ခဲ့ရခြင်း အကြောင်း ပြောပြခဲ့၏။ သူမက မာရ်နတ်သည် ကျမ၏နှလုံးသားတံခါးကို လာခေါက်စဉ် ကျမကပြောသည်မှာ "သခင်ယေရှု ကျေးဇူးပြု၍ တံခါးခေါက်သူအား ဖြေကြား ပေးပါ။" မာရ်နတ်သည် ယေရှုကို မြင်လျှင် သူသည်ခေါင်းကိုငုံ့လျက် သူသည် အခန်းမှားခေါက် မိကြောင်းပြောလျက် သူ ထွက်သွားခဲ့သည်။''

အမျိုးသမီးငယ်သည် ဘာပြုလုပ်ခဲ့သနည်း။ သူမသည် သူမ၏နှလုံးသားထဲ၌ ခရစ်တော် ရှိနေခြင်းကို ရိုးသားစွာ သိမှတ်ဝန်ခံခြင်းနှင့် စုံစမ်းသွေးဆောင်ခြင်းကို သူမ အောင်မြင်ရန် ခရစ်တော်ကို ယုံကြည်ကိုးစားခဲ့သည်။ ကျွန်ုပ်တို့လည်း ဤကဲ့သို့ ပြုလုပ်ရပေမည်။

(၂) အချိန်တိုင်း ခရစ်တော်ကို နာခံပါ။ ကျွန်ုပ်တို့သည် အံ့ဘွယ် ကျန်းဝပ်နေတော်မူသော ခရစ်တော်၌ သူ့ကို ဂုဏ်ပြု ခြင်းနှင့်နာခံခြင်း မရှိခဲ့လျှင် ဝမ်းမြောက်ခြင်းကို မရနိုင်ပါ။ ကျွန်ုပ်တို့ ပြောရန် အမြဲတမ်း အဆင်သင့်ဖြစ်ရမည်မှာ'' သခင် ယေရှု၊ အကျွန်ုပ် ကိုယ်တော်ကိုသာ ကျေနပ်စေလိုပါသည်။ ဤသို့ဆိုသော် အခြားသောသူများကို မကျေနပ်ခြင်းကို ဖြစ် စေနိုင်ပါ။''

(၃) သင်၏လိုအပ်မှု အရာအားလုံးအပေါ် ခရစ်တော်၌ အားကိုးမှီခိုပါ။ သင်လိုသောအရာတိုင်းအတွက် ထိုအရာ၌ ခရစ်တော်ကို ယူဆောင်ပါ။ သူသည် ကြီးမြတ်သော''ငါ ဖြစ်သည်''ဟူသောသူ ဖြစ်ကြောင်းကို သတိရပါ။ သင်၏အောင်ခြင်း အဖြစ် သူ့ကို ကိုင်ယူပါ။ သင့်အဖို့ စုံစမ်းခြင်းကို အောင်မြင်ရန် သူ့ကိုအခွင့်ပေးပါ။ သူသည် သင့်ကို မရှုံးနှိမ့်စေပါ။

နေ့တိုင်း တနေ့နောက်တနေ့ ကျွန်ုပ်သည် ခရစ်တော်၌ တည်ခြင်းကိုလေ့လာခြင်းနှင့် ကျွန်ုပ်၏လိုအပ်သော အရာများ၌ သူ့ကို ယုံကြည်ကိုးစားခြင်းဖြင့် ကျွန်ုပ်သည် ပြောင်းလဲခြင်းကို ခံရပေမည်။ ကျမ်းစာက ကျွန်ုပ်တို့အား ဆိုသည်မှာ

''ဘုရားသခင်၏သားတော်၏ပုံသဏ္ဍာန်နှင့်အညီ ပြုပြင်ခြင်းကိုခံရ၏''ဟူ၍ဖြစ်သည်။ ဤ အနက်ကား သခင်ယေရှုကဲ့သို့ ကျွန်ုပ်တို့ သာ၍သာ၍ တူလာခြင်းဖြစ်သည်။

တနေ့သောအခါ ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် မျက်နှာခြင်းဆိုင် တွေ့ရပေလိမ့်မည်။ ကျွန်ုပ်တို့သည် အရာရာ၌ သူကဲ့သို့ ဖြစ်လာ လိမ့်မည်။ ဘုန်းတော်နှင့်ပြည့်စုံသောနေ့သည် ထိုနေ့ ဖြစ်လိမ့်မည်။

ခရစ်တော်သည် ငါ၌ ရှင်တော်မူပြီး၊ သူသည် အကျွန်ုပ် လိုသောအရာ ခပ်သိမ်း ဖြစ်တော်မူသည်။


ရှာဖွေတွေ့ရှိခဲ့ရသော သမ္မာကျမ်းစာ ရတနာ


အကျွန်ုပ်၌ ရှင်တော်မူသော ခရစ်တော်သည် ကြီးမြတ်တော်မူသော "ငါ ဖြစ်သည်" ဟူသော သူ ဖြစ်သည်။ သူသည် အကျွန်ုပ်၌ "အလုံးစုံတို့၌ အလုံးစုံ" ဖြစ်သည်။


မေးခွန်းများ


၁။ ခရစ်တော်သည် အကျွန်ုပ်၌ ရှင်သည် ဟု ကျွန်ုပ် ပြောဆိုရာ၌

(က) ထိုအရာသည် ဧကန်အမှန်မဟုတ်ကြောင်းကို ကျွန်ုပ်သိသည်၊ သို့သော် ထိုအရာ၌ ကျွန်ုပ် ဟန်ဆောင်ခြင်း သာ ဖြစ်သည်။

(ခ ) ကျွန်ုပ်ဆိုလိုသည်မှာ သူ(ခရစ်တော်)၏အကြောင်းကို ကျွန်ုပ် အများကြီး စဉ်းစားခြင်း သာ ဖြစ်သည်။

(၈ ) ကျွန်ုပ်ဆိုလိုသည်မှာ သူ(ခရစ်တော်) သည် ဧကန်အမှန် သူ၏၀ိညာဉ်တော်အားဖြင့် ကျွန်ုပ်၌ရှင်နေခြင်း ဖြစ်သည်။


၂။ ခရစ်တော် သည် ရှင်တော်မူသည်။

(က) ယုံကြည်သူတိုင်း၌။

(ခ ) ယုံကြည်သူ အားလုံး နီးပါးမျှ။

(၈ ) ယုံကြည်သူ အချို့၌ သာ။


၃။ နာမည် " ငါ ဖြစ်သည်" ဟူသော နာမသည်

(က) ယင်း၌ ထူးခြားသော အဓိပ္ပါယ် မရှိပါ။

(ခ ) လူတိုင်း ယင်းကဲ့သို့ ပြောဆိုနိုင်သည်။

(ဂ ) ယင်းသည် ဘုရားသခင် တပါးတည်းသာ ပိုင်ဆိုင်သော နာမည် ဖြစ်သည်။


၎။ ယေရှုသည် "ငါ ဖြစ်သည်" ဟူသောနာမည်ကို သူ့ကိုယ်ပိုင် အတွက် အသုံးပြုရာ၌ သူသည်

(က) အလွန် မိုက်မဲရာကျပါသည်၊ သူသည် လူသားတယောက်သာလျှင် ဖြစ်သောကြောင့် ဖြစ်သည်။

(ခ ) ဘုရားဖြစ်ရန် အမှန် ကြွေးကြော်နေခြင်း မဟုတ်ပါ။

(ဂ ) သူသည် ဧကန် အမှန် ဘုရားသခင် ဖြစ်ခြင်း ကို ကြွေးကြော် နေခြင်း ဖြစ်သည်။


၅။ ယေရှု၌ မယုံကြည်ကြသော ယုဒ လူများသည် သူ့ကို မုန်းတော်မူပြီး၊ သူ့ကို သတ်ရန် ကျိုးစားရခြင်း အကြောင်းမှာ၊

(က) သူသည် ဘုရား ဖြစ်ကြောင်းကို ကြွေး ကြော်ခြင်းကြောင့် ဖြစ်သည်။

(ခ ) သူသည် သွန်သင်ရန်နှင့် ဟောပြောရန်အတွက် ထိုသူများ ထံမှာ အခွင့်မတောင်းခဲ့ပါ။

(ဂ ) သူသည် ထိုသူများကို မုန်းပြီး၊ သူတို့ကို ဖျက်ဆီးရန် ကျိုးစား တော်မူသည်။


၆။ ယေရှုက "ပါသည် တံခါးဝ ဖြစ်သည်"ဟုပြောဆိုရာ၌၊ သူ ဆိုလိုသည်မှာ၊

(က) သူသည် ကောင်းကင်ဘုံဝင်ရန် တံခါးများအနက် တံခါး တခု ဖြစ်သည်။

(ခ ) သူသည် ကောင်းကင်ဘုံဝင်ရန် တံခါး တခု ဖြစ်သည်။ တစ်ခုတည်းသော တံခါးသာလျှင် ဖြစ်သည်။

(ဂ ) သူသည် ကောင်းကင်ဘုံဝင်ရန် တံခါးများစွာထဲမှ အကောင်းဆုံး တံခါး ဖြစ်သည်။


၇။ ယေရှုက "ငါသည် လမ်းခရီး ဖြစ်သည်"ဟု ပြောဆိုရာ၌ သူ ဆိုလိုသည်မှာ၊

(က) သူသည် အကျွန်ုပ်တို့အား ဘုရားသခင်ထံသို့ရောက်သော လမ်းကို ပြသော သူ တစ်ဦး ဖြစ်သည်။

(ခ ) သူသည် အကျွန်ုပ်တို့ အား ပျော်ရွှင်စရာအသက်တာသို့ ရောက်သော လမ်းကို ပြသောသူ ဖြစ်သည်။

(ဂ ) သူသည် ဘုရားသခင်ထံ ရောက်သော လမ်းဖြစ်ပြီး၊ တစ်ခုတည်းသော လမ်း ဖြစ်သည်။


၈။ ယေရှုက "ငါသည် အသက် ဖြစ်သည်"ဟု ပြောဆိုရာ၌၊ သူ ဆိုလိုသည်မှာ၊

(က) သူ ကိုယ်တိုင် ထာဝရအသက် ဖြစ်တော်မူသည်။ ကျွန်ုပ် သူ့ကို ရရှိခဲ့သော်၊ ကျွန်ုပ်သည် ထာဝရအသက်ကို ရရှိသည်။

(ခ ) သူသည် ကျွန်ုပ်တို့ကို ဤ ဘ၀အသက်တာ၌ သာ၍ ကောင်းသော ခံစားမှုရှိရန် ပြုလုပ်ပေး နိုင်သည်။

(ဂ ) ခရစ်တော်သည် သူ့ကိုယ်တိုင်မပါရှိဘဲနှင့် ကျွန်ုပ်တို့ကို ထာဝရအသက်ကို ပေးနိုင်သည်။


၉။ ယေရှုက "ငါသည် အာလဖ နှင့် သြမေဃ၊ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူ ဖြစ်၏"ဟု ပြောဆိုရာ၌ သူဆိုလိုသည်မှာ၊

(က) သူသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်း အမှု၌ အစပြု ပေးသူ တစ်ဦးဖြစ်ပြီး၊ ကျွန်ုပ်တို့သည် ကျန်ရှိသောအပိုင်းကို ကျွန်ုပ်တို့ကိုယ်တိုင် ဆက်လက်လုပ်ဆောင်ရမည်။

(ခ ) သူသည် မိမိကိုယ်၌ မစသောသူများကိုသာ မစကူညီသည်။

(ဂ ) သူသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအမှု၌ အစပြုသူဖြစ်ခြင်းနှင့် ယင်းအမှုကို ပြီးပြည့်စုံသည် တိုင်အောင် ပြု သူ တစ်ဦး ဖြစ်သည်။


၁၀။ သမ္မာကျမ်းစာ၌ ခရစ်တော်သည် ကျွန်ုပ်တို့၏ "အလုံးစုံတို့၌ အလုံးစုံ" ဖြစ်သည်ဟု ဆိုရာ၌ ယင်း၏ အဓိပ္ပါယ်မှာ၊

(က) ခရစ်တော်သည် ယုံကြည်သူတိုင်း၏စိတ်နှလုံး၌ရှိတော်မူခြင်းနှင့် ကျွန်ုပ်တို့ လိုသောအရာအားလုံးသည် သူ ဖြစ်သည်။

(ခ ) ကျွန်ုပ်တို့ ကောင်းကင်ဘုံသို့ရောက်သောအခါ ကျွန်ုပ်တို့လိုသောအရာ အားလုံးသည် သူ ဖြစ်လိမ့်မည်။

(ဂ ) သူသည် ကျွန်ုပ်တို့၏စိတ်နှလုံး တွင် ရှိတော်မူသည်။ သို့သော် သူသည် ကျွန်ုပ်တို့၌ ယခု မကူညီနိုင်ပါ။


ဤ သင်ခန်းစာကို သင်လေ့လာခဲ့ရာ၌ မည်သည့်အရာသည် အရေးကြီးဆုံး ဖြစ်ပါသနည်း။

Share:

ထမြောက်ခြင်း အရှင်ယေရှုခရစ်တော်


သင်ခန်းစာ (၅)


''အသက်ရှင်သော သူလည်းဖြစ်၏။ ငါသည်အရင်သေသည်ဖြစ်၍၊ ကမ္ဘာအဆက်ဆက် အသက်နှင့်ပြည့်စုံ၏။...''(ဗျာ၊၁း၁၈)

ချစ်စွာသော မိတ်ဆွေ၊

သင်သည် ချစ်ခင်ရသူတဦး၏သင်္ချိုင်းတွင်းအနား ရပ်နေခဲ့ဘူးပါသလား။ သင်၏အလွန်မြတ်နိုးချစ်ခင်ရသူ၏ကိုယ်ခန္ဓာကို မြေသို့ ချနေစဉ် ကြည့်ရှုလျက် အလွန်ဝမ်းနည်းခဲ့ရပါသလား။ သို့ဖြစ်သော် သေခြင်းသည် ကြောက်ဖွယ်သော ရန်သူဖြစ်ကြောင်း သင်သည် နားလည် ရပြီး။ ကျွန်ုပ်တို့မသေမှီ ကျွန်ုပ်တို့အတွက် သခင်ယေရှု ချီဆောင်ခြင်းငှါ ကြွလာခဲ့ခြင်း မရှိခဲ့သေးလျှင် ကျွန်ုပ်တို့အယောက်စီတိုင်း သေခြင်းကို ဖြတ်သန်းရပေလိမ့်မည်။ ကျမ်းစာက''လူသည်ထိုနောက်မှတခါတည်းသေ၍...''ဟုဆိုသည်။

ကျွန်ုပ်တို့သည် ခရစ်တော်ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးစားပြီးခဲ့သော် သေခြင်းကို ကျွန်ုပ်တို့ ကြောက်စရာမလို တော့ပါ။ ဤရန်သူ သေခြင်းကို ယေရှုခရစ်တော်သည် အောင်နိုင်ခဲ့သောကြောင့် ဖြစ်၏။ ကျမ်းစာက ဆိုသည်မှာ သူသည် သေခြင်း၏တန်ခိုး ကို ချိုးဖျက်ခဲ့ပြီ၊ ဧဝံဂေလိ သတင်းအားဖြင့် ထာဝရအသက်ကို ကျွန်ုပ်တို့ထံ ယူဆောင်လာခဲ့၏။

''ဧဝံဂေလိ'' ဟူသောစကား၏အဓိပ္ပါယ်မှာ ''သတင်းကောင်း''ဖြစ်ပြီး တမန်တော်ပေါလုက ဘယ်ကဲ့သို့သော သတင်း ကောင်းဖြစ် ကြောင်းကို ကျွန်ုပ်တို့အား ပြောခဲ့၏။ ပေါလုက''ညီအစ်ကိုတို့၊ ငါသည်သင်တို့အား ဟောပြောဘူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ၍ မှီဝဲဆည်းကပ်သော ဧဝံဂေလိတရားကို သင်တို့အား တဖန်ငါကြားလိုက်၏။ ငါသည် ကိုယ်တိုင် ခံယူသည့် အတိုင်း ....ခရစ်တော်သည် ကျမ်းစာလာသည့်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။-သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာ လာသည့် အတိုင်း သုံးရက် မြောက်သောနေ့၌ ထမြောက်တော်မူ၏။''ဟုဆို၏။(၁ကော၊၁၅း၁,၃,၄)

ဤကျမ်းပိုဒ်မှ သခင်ယေရှုခရစ်၏ဧဝံဂေလိတရားသည် ကြီးစွာသော သမ္မာတရား နှစ်ချက်အပေါ် တည်နေကြောင်း ကျွန်ုပ်တို့ တွေ့မြင်ရသည်။

(၁) ခရစ်တော် ကျွန်ုပ်တို့၏အပြစ်များအတွက်အသေခံ၏။

(၂) ခရစ်တော် သေခြင်းမှ ထမြောက်ခဲ့၏။

ကျမ်းစာက ကျွန်ုပ်တို့အား ဘုရားသခင်သည် အချို့သောလူများကို သေခြင်းမှထမြောက်ခဲ့ကြောင်း အမှန်ဖြစ်ရပ်များကို ပြောပါ၏။ မည်သို့ပင်ဖြစ်စေ ဖြစ်ပျက်မှုတိုင်း၌ ဤလူများသည် နောက်ပိုင်းတွင် သေခဲ့ကြ၏။ သို့သော် သခင်ယေရှုမူကား ထိုကဲ့ သို့မဟုတ်ပါ။ သူသည် သင်္ချိုင်းမှ ထမြောက်ခဲ့ပြီး၊ နောက်တဖန် ဘယ်သောအခါမျှ မသေတော့ပါ။ ယေရှုက''အသက်ရှင်သော သူ လည်းဖြစ်၏။ ငါသည် အရင် သေသည်ဖြစ်၍၊ ကမ္ဘာအဆက်ဆက် အသက်နှင့်ပြည့်စုံ၏။...''ဟုဆို၏။(ဗျာ၊၁း၁၈)

ယေရှုသည် သူ၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြိုတင်၍ပြောခဲ့၏

သခင်ယေရှုက တပည့်တော်များအား ပြောခဲ့သည်မှာ သူသည်ဒုက္ခဆင်းရဲခြင်းကို ခံရမည်။ အသေသတ်ခြင်းကို ခံရမည်၊ ထိုမှ သုံးရက်ပြီး၊ နောက်တဖန် ထမြောက်လိမ့်မည်။ ယေရှုက'' ခဏကြာပြီးမှ သင်တို့သည် ငါကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြ လိမ့်မည်(သူသည် တဖန်ထမြောက်လိမ့်မည် ဖြစ်သောကြောင့်)။ အကြောင်းမူကားငါသည် ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။-ငါ အမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေး မည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီသားတို့ သည် ဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်း ရှိသော်လည်း၊ ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။''ဟု ဆို၏။ (ယော၊၁၆း၁၆,၂ဝ)

ဂျူးများစွာက ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို မယုံကြည်ကြပါ။ သူတို့သည် ယေရှုကို မုန်းကြပြီး၊ သူ့ကို သတ်ရန် အလိုရှိ၏။ ဖြစ်ရပ်တခု၌ သူတို့က ယေရှုကို သူသည် ဘုရားသခင်၏သားတော် အစစ်အမှန် ဖြစ်ကြောင်းကို နိမိတ်လက္ခဏာဖြင့် ပြရန် ပြောဆိုကြ၏။

ယေရှုက သူတို့ကို ပရောဖက်ယောန၏နိမိတ်လက္ခဏာတခုကို ပြမည်ဖြစ်ကြောင်းကိုပြော၏။ ယေရှုက'' ယောနသည် ငါကြီးဝမ်း ထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည်မြေ ကြီးထဲမှာ သုံးရက်နေရလတံ့။''ဟုဆို၏။(မ၊၁၂း၎ဝ)

ယေရှုသည် ဘာကိုဆိုလိုပါသနည်း။ ယောနသည် ငါးကြီး၏ဝမ်းတွင်း သုံးရက်နှင့်သုံးည နေခဲ့ရသကဲ့သို့ သူသည် လည်း သင်္ချိုင်း တွင် သုံးနေ့နှင့်သုံးညနေမည် ဖြစ်ကြောင်း ပြောခဲ့၏။ ထိုနောက် သူသည်တဖန်ထမြောက်လိမ့်မည်။ သူ၏ရှင်ပြန် ထမြောက်ခြင်းက သူသည် ဘုရားသခင်၏သားစစ်ဖြစ်ကြောင်း နိမိတ်လက္ခဏာသက်သေ ဖြစ်လိမ့်မည်။

ယေရှု ကါးတိုင်ထက်တွင် အသေသတ်ခံခဲ့ခြင်း

သခင်ယေရှုသည်ကားစင်ထက်တွင် နံနက်ကိုးနာရီတွင် ရိုက်ထားခြင်းကိုခံရပြီး၊ မွန်းလွဲသုံးနာ၌အသက်တော်ကို စွန့် တော်မူခဲ့၏။ မွန်းတည့်ချိန်မှစ၍သုံးနာရီတိုင်အောင် တလောကလုံးသည် မဲမှောင်လျက်ရှိ၏။ ထိုနောက် ယေရှုသည် ငိုကြွေး လျက်''အမှုပြီးပြီ''ဟု မိန့်တော်မူပြီးနောက် အသက်တော်ကိုစွန့်တော်မူ၏။ ထိုအခါ ခဏခြင်းပင် ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်း မှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ ကြီးစွာသောမြေကြီးလှုပ်လေ၏။ ကျောက်များတို့သည် ကွဲပြားကြ၏။

ထိုနောက်မှ ယေရှုသေပြီးနောက် ရောမစစ်သားများ ရောက်လာကြ၏။ ယေရှု၏ဘေးရှိ လက်ဝါးကပ်တိုင်ပေါ် ရိုက် ထားသော သူနှစ်ယောက်၏ခြေကိုချိုးကြ၏။ သို့သော် ယေရှုထံသို့ရောက်သော် သူသည် သေနှင့်ပြီးကြောင်းကို တွေ့မြင်လျှင် ခြေ ကို မချိုးဘဲနေကြ၏။ ထိုအကြောင်းအရာကား ကယ်တင်ရှင်၏ကိုယ်မှ အရိုးတချောင်းမျှ မကျိုးရဟု (ဆာလံ၊၃၄း၂ဝ) အရ ပရောဖက်ပြုခဲ့သော ကျမ်းစာလာချက်ကို တိုက်ရိုက်ပြည့်စုံခြင်း အကြောင်းဖြစ်၏။

ယေရှုကို သင်္ဂြိုသ်မြုပ်နှံခြင်း

အရိမသဲမြို့သားယောသပ်ဖြစ်သော သူဌေးတယောက်သည် ပိလတ်မင်းထံလာပြီး ယေရှု၏အလောင်းတော်ကို ယူသွား မည့်အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်းသည် ယေရှု သေကြောင်းကို အသေအခြာသိလျှင် ယောသပ်၏တောင်းဆိုချက်ကို ခွင့်ပြုလေ၏။

ယောသပ်နှင့်အခြားသောတပည့်တော်ဖြစ်သော နိကောဒင်တို့သည်လာ၍ ယေရှု၏အလောင်းကိုသင်္ဂြိုသ်ရန် ပြင်ဆင် လေ၏။ သူ၏အလောင်းတော်ကို ပိတ်ပုဆိုးဖြင့် ပတ်ရစ်ကြ၏။ ယေရှု၏ကိုယ်ခန္ဓာတွင် ဒါဏ်ရာများရှိ၍ အဝတ်တွင် မွှေးကြိုင်သော နံသာများကို ထည့်လျက် ပတ်ရစ်လေ၏။

ယေရှု၏အလောင်းတော်ကို ကျောက်တွင် ထွင်းထားသော၊ တယောက်ကိုမျှ မသင်္ဂြိုသ်ဘူးသော၊ သင်္ချိုင်းတွင်းသစ် တခု တွင် မြုပ်နှံကြ၏။ ကြီးစွာသောကျောက်ဖြင့် သင်္ချိုင်းဂူတံခါး အဝကိုပိတ်ခဲ့ကြ၏။

ယေရှု၏တပည့်တော်များသည် သူ၏အလောင်းကို ခိုးယူနိုင်ပြီး သင်္ချိုင်းမှ ထမြောက်ကြောင်းကို ကြွေးကြော်မှာကို ဖာရိရှဲတို့ သည် ကြောက်သဖြင့် သင်္ချိုင်းဂူကို စေါင့်ကြပ်ရန် ရောမစစ်သားများကို တာဝန်ချထားပေးရန် ပိလတ်မင်းထံ တောင်းဆို ကြ၏။ ပိလတ်မင်းသည် သူတို့၏တောင်းဆိုခြင်းကို ခွင့်ပြုခဲ့၏။

ယေရှု သင်္ချိုင်းမှ ထမြောက်ခဲ့ခြင်း

ယေရှု၏အလောင်းသည် သင်္ချိုင်းဂူအတွင်း သုံးရက်နှင့်သုံးည လည်းလျှောင်းခဲ့၏။ တတိယမြောက်သောနေ့ နံနက် မိုးမလင်းမှီ သခင်ယေရှုသည် သေခြင်းမှ ထမြောက်ခဲ့၏။ ထိုနောက်မှ ကြီးစွာသော မြေငလျှင် လှုပ်လေ၏။ ထာဝရဘုရား၏ ကောင်း ကင်တမန်သည် ကောင်းကင်ဘုံမှ ဆင်းလာပြီး၊ ဂူတံခါးဝ၌ ပိတ်လျက်ရှိသော ကျောက်ကို လိမ့်လှန်ခဲ့၏။ ကျမ်းစာက ရောမ စစ်သားတို့သည်'' ကြောက် ရွံ့ သဖြင့် တုန်လှုပ်၍ သေမတတ်ဖြစ်ကြ၏''ဟုဆို၏။

ထိုနေ့ နံနက်စောစောတွင် အမျိုးသမီးသုံးဦးတို့သည် ယေရှု၏သင်္ချိုင်းဂူသို့ လာကြ၏။ယေရှု၏အလောင်းကို နံ့သာမျိုးနှင့်ပြင်ဆင် ရန် လာခြင်းဖြစ်၏။ သို့သော် သူတို့ ရောက်သောအခါ သင်္ချိုင်းသည် ဗလာ ဖြစ်ကြောင်းကိုသာတွေ့ကြ၏။ ကောင်းကင်တမန်က သူတို့အား ''ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သော ယေရှုကို သင်တို့ရှာကြသည်ကို ငါသိ၏။ ဤ အရပ်၌မရှိ။ မိန့်တော်မူသည် အတိုင်းထမြောက်တော်မူပြီ။...''ဟုဆို၏။

အမျိုးသမီးတို့သည် ယေရှုထမြောက်ကြောင်းကို တပည့်တော်တို့အား ကြားပြောရန် နောက်သို့ ပြန်ပြေးသွားကြ၏။ သူ တို့သည် ပေတရုနှင့်ယောဟန်ကိုတွေ့ပြီး သူတို့မြင်ခဲ့၊ ကြားခဲ့သမျှတို့ကို ကြားပြောလေ၏။ ပေတရုနှင့်ယောဟန်သည် သင်္ချိုင်း သို့ ပြေးသွားကြ၏။ သူတို့ သင်္ချိုင်ဂူသို့ ရောက်သောအခါ အံ့ဖွယ်မြင်ကွင်းကို တွေ့ကြ၏။

ယေရှု၏အလောင်းကို ပတ်ရစ်လျက်ရှိသော ပိတ်ပုဆိုးသည် ပုံမပျက်ဘဲ ရှိလျက်နေ၏။ လူ၏ပုံစံအတိုင်းပင် ရှိနေပြီး သို့သော် ယေရှု၏ခန္ဓာမူကား မရှိတော့ပါ။ ခေါင်းတော်၌ရှိသော ပုဝါသည် ပိတ်ပုဆိုးနှင့်အတူမရှိဘဲ တခြားစီလိပ်လျက် ထောင့် တခု၌ရှိနေ၏။ ယေရှု ထမြောက်ခဲ့ပြီ။

တပည့်တော်များ ထွက်သွားပြီးနောက် မာရိမာကဒလသည် သင်္ချိုင်းဂူအပြင်ဘက်တွင် ငိုကြွေးလျက် ရပ်နေ၏။ သူမ သည်ငုံ့၍ တွင်းထဲသို့ကြည့်လျှင် ကောင်းကင်တမန် နှစ်ပါးကိုမြင်လေ၏။ သူတို့က သူမအား ''အချင်းမိန်းမ အဘယ်ကြောင့် ငို ကြွေးသနည်း။''ဟု မေးလျှင် မာရိက''ကျွန်မ၏သခင်ကို ယူသွားကြပြီး။ အဘယ်မှာ ထားကြသည်ကို မသိပါ''ဟု ပြောဆို၏။

ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင် လူတယောက်သည် သူမအား စကားပြောတော်မူ၏။ ထိုသူသည် ယေရှု ကိုယ်တော် တိုင်ဖြစ် ၏။ သူက''အချင်းမိန်းမ အဘယ်ကြောင့် ငိုကြွေးသနည်း။ အဘယ်သူကိုရှာသနည်း။''ဟုမေးတော်မူ၏။ မာရိသည် မှော် မကြည့်ဘဲနှင့် သူ့ကို ဥယျာဉ်စောင့် ဖြစ်သည်ဟု ထင်မှတ်၏။ ယေရှုက တဖန် ''မာရိ''ဟု ခေါ်လျှင် သူမသည် သခင်ယေရှုကို မှတ်မိပြီး ''အရှင်ဘုရား''ဟု ထူးတော်မူ၏။

ထိုည တပည့်တော် ဆယ်ယောက်တို့သည် ထိုနေ့တာ၏ ထူးခြားသော အဖြစ်အပျက်များကို ပြောဆိုရန် ပိတ်ထားလျက်ရှိသော အခန်းတွင် တွေ့ဆုံကြ၏။ သောမသည် သူတို့နှင့်အတူ မရှိပါ။ ဂျူးများကို ကြောက်သောကြောင့် တံခါးသည် ပိတ် လျက် ရှိ၏။

ရုတ်တရက် သူတို့၏အလယ်၌ ယေရှုသည်ပေါ်လာပြီး ''သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်း''ဟု မိန့်တော်မူ၏။ တပည့် တော်တို့ သည် ကြောက်ရွံ့ကြ၏။ တပည့်တော်တို့သည် ယေရှုကို တစ္ဆေ ဖြစ်သည်ဟု ထင်မှတ်ကြ၏။ ယေရှုက ''ကိုယ်တော်ကလည်း၊ အဘယ် ကြောင့် တုန်လှုပ်ခြင်း ရှိကြသနည်း။ အဘယ်ကြောင့် အထူးထူး အထွေထွေ သော စိတ်ရှိကြသနည်း။- ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည် အတိုင်း အရိုးအသား နှင့် ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံ''ဟု မိန့်တော်မူ၏။

တပည့်တော်တို့သည် ယေရှုကိုကြည့်လျက် အံ့သြကြ၏။ ယေရှုက''သင်တို့၌ စားစရာ တစုံတခု ရှိသလော။''ဟု မေး တော်မူ၏။ သူတို့သည် ငါးကင်တပိုင်းနှင့်ပျားလပို့ကို ပေးကြ၏။ ယေရှုသည် သူတို့အရှေ့၌ စားတော်မူ၏။

ယေရှုသည် သင်္ချိုင်းမှ သူ၏အရိုး၊ အသားခန္ဓာကိုယ်နှင့် ထမြောက်ခဲ့ပြီး။ တပည့်တော်များ မည်ကဲ့သို့သိသနည်း။ သူ တို့ သူ့ကို မြင်ကြ၏။ သူ့ကို တို့ထိ စမ်းသပ်ကြ၏။ သူနှင့်အတူ စကားပြောဆိုကြ၏။ သူနှင့်အတူ စားကြ၏။

တပည့်တော်များသည် သောမအား ရှာတွေ့ပြီး သတင်းကောင်းကို ပြောရန် မစေါင့်နိုင်ခဲ့ကြပါ။ သူတို့ သောမကို ယေရှု အသက် ရှင်ကြောင်းကို ပြောသောအခါ၊ သောမကလည်း သူတို့ကို မယုံပါ။ သူက '' သံရိုက်ရာချက်ကို မမြင်၊ သံ ရိုက်ရာ ချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့်မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံ''ဟုဆို၏။(ယော၊၂ဝး၂၅)

ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်များသည် တဖန် ယခင်အခန်း၌ ပြန်ဆုံကြ၏။ သောမသည်လည်း ဤအချိန် ၌ သူတို့နှင့်အတူရှိတော်မူ၏။ တဖန် ယေရှုသည်သူတို့၌ ပေါ်လာပြီး''သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း''ဟု မိန့်တော်မူ၏။ ယေရှုသည် သောမထံသို့လှည့်၍ '' သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်း မရှိနှင့်။ ယုံလော့ဟု မိန့်တော်မူ၏။'' သောမသည်လည်း ယုံမှားခြင်း မရှိတော့ပါ။ သောမကလည်း၊ ''အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင် ပါတကား''ဟု ပြန်၍လျှောက်လျက် ကိုးကွယ်လေ၏။ (ယော၊၂ဝး၂၈)

သခင်ယေရှုသည် သင်္ချိုင်းမှ ထမြောက်ပြီးနောက် ဤမြေကြီးပေါ်၌ ရက်ပေါင်းလေးဆယ်တိုင် ကိုယ်ထင်ရှား ပြ တော် မူ၏။ ကျမ်းစာ၌ ယေရှုသည် သူ ရှင်ပြန်ထမြောက်ပြီးနောက် အဖြစ်အပျက် အနည်းဆုံး ဆယ်ကြိမ်ထက် မနည်း တပည့်တော် တို့အား ကိုယ်ထင် ရှား ပြတော်မူခဲ့ကြောင်းကို ပြောဆိုထားပါသည်။ ကျမ်းစာက ''အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေး ဆယ်ပတ်လုံး ကိုယ်ကိုပြ၍...မိမိအသက်ရှင်ကြောင်းကို ခိုင်ခန့်သော သက်သေအများအား ဖြင့်ပြတော်မူ၏'' ဟုဆို ၏။(တ၊၁း၃)

ယေရှုက ငါသည် ''အသက်ရှင်သော သူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍၊ ကမ္ဘာအဆက်ဆက် အသက်နှင့် ပြည့်စုံ၏။...''ဟုဆို၏။(ဗျာ၊၁း၁၈)

ယေရှု၏သေခြင်းမှရှင်ပြန်ထမြောက်ခြင်းသည် သူသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သက်သေဖြစ်သည်။

ယေရှုသည် သေခြင်းမှထမြောက်ကြောင်းကို ကျွန်ုပ်တို့သိကြသည်။ သို့သော် သူ၏သေခြင်းမှ ရှင်ပြန် ထမြောက်ခြင်း ၏ အမှန်အဓိပ္ပါယ်ကား အဘယ်နည်း။

ယေရှု၏သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းသည် သူသည် ဧကန်အမှန် ဘုရားသခင်၏သားတော်ဖြစ်ခြင်းနှင့် သူဟော ပြောခဲ့သော အကြောင်းအရာများအားလုံးသည် အမှန်တရားဖြစ်ပေ၏။

သင်၏ကယ်တင်ခြင်းနှင့်ပတ်သက်၍ သံသယရှိခြင်း၌ သင်သည် ပြသနာများ ရှိနေခဲ့သော်၊ သို့မဟုတ် ကျမ်းစာအပေါ် ယုံကြည်မှု အရာ၌ သံသယဖြစ်နေသော မိတ်ဆွေများ သင်၌ ရှိနေခဲ့လျှင် ထိုအရာများအားလုံးကို ခဏဘေးဖယ်ထားလျက် အကြောင်းအရာအားလုံးကို ဤမေးခွန်းအပေါ် ဆုံးဖြတ်စစ်ဆေးမှုကိုပြုပါ။ ယေရှုခရစ်သည် ဧကန်အမှန်သေခဲ့ပါသလား။ သူသည် ဧကန်အမှန် တဖန် ထမြောက် ခဲ့ပါသလား။

ဧကန်အမှန်ဖြစ်ပါသည်။ သူသည် ဧကန်အမှန်သေခဲ့၏။ သူသည် ဧကန်အမှန် တဖန် ထမြောက်ခဲ့၏။ ထို့ကြောင့် သူ သည် ဘုရားသခင်၏သား ဖြစ်ခြင်းနှင့် သူ ဟောပြောခဲ့သမျှသော အရာများအားလုံးတို့သည် အမှန်ဖြစ်ကြောင်းကို ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့ သည် သူ့အပေါ် အပြည့်အဝ ယုံကြည်ကိုးစားခြင်းကို ပြုနိုင်ပါသည်။ ကျမ်းစာက ''သေခြင်းမှထမြောက်တော် မူ၍၊ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့်၊တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့ သခင်ယေရှု ခရစ်တည်း ဟူသော မိမိသားတော်ကို အကြောင်းပြု၍...''ဟုဆို၏။(ရော၊၁း၃-၄)

ယေရှု၏ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏ရှင်ပြန်ထမြောက်ခြင်းကို အာမခံချက်ပေးပါသည်။

သေပြီးနောက် ဘုရား၏သားသမီးများ တဖန်အသက်ရှင်ခြင်းကို ဘုရားသခင်သည် ကတိပြုထားခဲ့ပါသည်။ သူသည် ဤအမှုကို ပြုလုပ် နိုင်ပါသလား။ အမှန်ပင် သူ ပြုလုပ် နိုင်ပါသည်။ မည်ကဲ့သို့ ကျွန်ုပ်တို့ သိနိုင်ပါသနည်း။ သူသည် ယေရှုကို ထမြောက်စေခဲ့သော ကြောင့် ဖြစ်သည်။ ယေရှုက ''ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင် ရကြလိမ့်မည်။''ဟုဆိုသည်။ (ယော၊၁၄း၁၉)

တဖန်ယေရှုက'' ယေရှုကလည်း၊ ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သော သူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။''ဟုဆိုပြန်၏။(ယော၊၁၁း၂၅)

ခရစ်ယာန်တယောက် သေပြီးနောက် ဘာတွေ ဖြစ်လိမ့်မည်နည်း

ကျွန်ုပ်တို့သည်တဖန် အသက်ရှင်ခြင်းသို့ရောက်လိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ သိနေကြသည့်တိုင် ခရစ်ယာန် တယောက် သေခဲ့လျှင် ဘာတွေ ဖြစ်လိမ့်မည်နည်း၊ စသော မေးခွန်းများသည် ကျွန်ုပ်တို့၌ရှိနေပါသည်။ ကျွန်ုပ်တို့ ဘယ်ကို သွားကြ မည်နည်း။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာ၌ အဘယ်ကဲ့သို့ဖြစ်မည်နည်း။ ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့ မည်ကဲ့သို့ ဖြစ်လာလိမ့်မည်နည်း။ ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့ ချစ်ခင်သော သူများနှင့် သိကြလိမ့်မည်လား။ ဤမေးခွန်းများသည် အလွန်မှ အရေးကြီးပါသည်။ ဤ အကြောင်းအရာများနှင့် ပတ်သက်၍ ဘုရားသခင်၏နှုတ်ကပတ်တော်မှ မည်ကဲ့သို့ ပြောဆိုထားကြောင်းကို ကျွန်ုပ်တို့ ကြည့်ကြ ရမည်။

(၁)ခရစ်ယာန်တယောက် သေခဲ့ပြီးနောက် ဘာတွေဖြစ်မည်နည်း။

ယေရှုခရစ်နှင့်အတူနေရန် သူ ထွက်သွားသည်။ ကိုယ်ခန္ဓာသည် မြေကြီးထဲတွင် မြုပ်ထားသည်။ သို့သော် လူပုဂ္ဂိုလ် ဖြစ် သော၊ စိတ်နှင့်ဝိညာဉ်သည် ချက်ခြင်းပင် သခင်ယေရှုနှင့်အတူနေရန် ထွက်သွားသည်။ တမန်တော်ရှင်ပေါလုက ''ငါ အသက် ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။''ဟုဆို၏။(ဖိ၊၁း၂၁)

ရှင်ပေါလုက ဘာကြောင့် သေလျှင်သာ၍ ''အကျိုး'' ရှိသည်ဟုပြောဆိုရသနည်း။ အဓိပ္ပါယ်မှာ ခရစ်တော် နှင့်အတူ နေရန် သွားခြင်း ဖြစ်သည်။ ချစ်ခင်ရသော ခရစ်ယာန်တဦး သေသောအခါ ကျွန်ုပ်တို့သည် အလွန်ဝမ်းနည်းကြသည်။ ဤကား ဓမ္မတာပင် ဖြစ်သည်။ သူ့ကို ကျွန်ုပ်တို့ အလွန်လွမ်းဆွတ်သောကြောင့် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ သိထားရန်မှာ သူတို့သည် ခရစ်တော် နှင့်အတူရှိနေခြင်းသည် ဤနေရာမှာ ရှိနေခြင်းထက် အလွန်မှသာ၍ကောင်းလှပေသည်။

(၂)ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ၌ မည်ကဲ့သို့ဖြစ်မည်နည်း။

ခရစ်ယာန် သေသောအခါ ခန္ဓာကို သင်္ချိုင်း တွင်ထားပါသည်။ ခန္ဓာသည် ''ခရစ်တော်၌ အိပ်ပျော်ခြင်း'' ဟုဆိုပါသည်။ ယေရှု တဖန် ကြွလာသောအခါ ကျွန်ုပ်တို့၏ခန္ဓာကို ထမြောက် စေလိမ့်မည်။ ခန္ဓာအသစ်ကို ပေးလိမ့်မည်။ ကျွန်ုပ်တို့၏ခန္ဓာကို အိမ်တလုံး အဖြစ် ပြောဆိုထားပါသည်။ တမန်တော်ရှင်ပေါလုက''ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင်ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏။''ဟုဆိုသည်။(၂ကော၊၅း၁)

ဤနေရာ၌ ရှင်ပေါလုက ဘာပြောပါသနည်း။ သူက ''ငါသည် သေခဲ့သော်၊ ငါ၏ခန္ဓာသည် မြေသို့ပြန်သွားမည်။ တနေ့သောအခါ အံ့ဘွယ်သော ခန္ဓာသစ်ကိုပေးရန် ဘုရားသခင်သည် သူကိုယ်တိုင် ကျွန်ုပ်တို့အတွက် ပြုလုပ် ပေးလိမ့်မည်။ ကျွန်ုပ်တို့ သည် ကောင်းကင်ဘုံ ၌ အစဉ်နေရပေလိမ့်မည်။

(၃)ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့မည်ကဲ့သို့ဖြစ်မည်နည်း။

သခင်ယေရှုနှင့် တူလာလိမ့်မည်။ သူ၏ဘုန်းနှင့်ပြည့်သော ရှင်ပြန်ထမြောက်ခြင်းကဲ့သို့သော ခန္ဓာကို ရရှိကြလိမ့်မည်။ ကျမ်းစာက ''ချစ်သူတို့ယခုတွင် ငါတို့သည်ဘုရားသခင်၏သား ဖြစ်ကြ၏။ နောက်မှ အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး၊ သို့သော်လည်း ကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော် ဖြစ်တော်မူသည့်အတိုင်းကို ငါတို့သိမြင်ရကြလိမ့်မည်။''ဟုဆို၏။(၁ယော၊၃း၂)

(၄)ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့၏ချစ်ခင်ခဲ့ရသောသူများနှင့် ကျွန်ုပ်တို့သိကြလိမ့်မည်လား။

ကျွန်ုပ်တို့ သိကြလိမ့်မည်။ ကောင်းကင်ဘုံ၌ ခရစ်တော်သည် ကျွန်ုပ်တို့ကို သိသကဲ့သို့ ကျွန်ုပ်တို့သည် အချင်းချင်း တယောက်နှင့် တယောက်ကို သိကြလိမ့်မည်။ ကျမ်းစာက''ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ၏။ ထိုအခါ မူကား၊ မျက်မှောက် ထင်ထင် မြင်ရလိမ့်မည်။ ယခုတွင် ငါအသိအမြင်မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည်ငါ့ကို သိသ ကဲ့သို့ ငါသိရလိမ့်မည်။''ဟု ဆို၏။(၁ကော၊၁၃း၁၂)

သခင်ယေရှုခရစ်သည် သင်၏ကယ်တင်ရှင် ဖြစ်ပါသလား။ သူသည် သင့်ကို ပိုင်ကြောင်းကို သင်သည် သိပါသလား။ သို့ ဖြစ်သော် သင်သည် သေခြင်းကိုကြောက်ရန် မလိုတော့ပါ။ ဘုရားသခင်၏သားသမီးများအတွက် သေခြင်းသည် ကောင်းကင် ဘုံသို့ ရောက်ရန်တံခါးတခုဖြစ်ပြီ၊ ကျွန်ုပ်တို့သခင်၏မျက်မှောက်တော်ထဲ၌ ကျွန်ုပ်တို့ ထာဝစဉ် နေရပေလိမ့်မည်။


ယေရှုခရစ်သည် ထမြောက်ခြင်း အရှင်သခင် ဖြစ်သည်။ သူသည် အသက်ရှင် သောကြောင့် ကျွန်ုပ်တို့သည်လည်း အသက်ရှင် ရကြလိမ့်မည်။


မေးခွန်းများ


၁။ "ဧ၀ံဂေလိ"ဟူသော စကား၏ အဓိပ္ပါယ်မှာ သတင်းကောင်း ဖြစ်သည်။ ၁ ကော ၁၅ အရ ဧ၀ံဂေလိ တရား ဟူသည်မှာ၊

(က) ကယ်တင်ခြင်းသို့ရောက်ရန် ပညတ်တော် ဆယ်ပါးကို ကျွန်ုပ်တို့ စေါင့်ထိန်းရမည်။

(ခ ) ယေရှုခရစ်တော် ကျွန်ုပ်တို့အပြစ်များအတွက် အသေခံခြင်း၊ မြုပ်နှံခြင်းနှင့် ထာဝရအသက်ရှင်ခြင်း ဖြစ်သည်။

(ဂ ) ကယ်တင်ခြင်းသို့ရောက်ရန် ယေရှု၏နမူနာ အတိုင်း ကျွန်ုပ်တို့ လိုက်လျှောက်ရမည်။

၂။ သူသည် အသေ သတ်ခြင်း မခံမှီ သခင်ယေရှုက တပည့်တော်များကို ပြောခဲ့သည်မှာ၊

(က) နောင်အခါ သူ၌ မည်ကဲ့သို့ ဖြစ်လိမ့်မည်မှာ မသေချာပါ။

(ခ ) သူ၌ လူထု ပရိသတ်က မည်ကဲ့သို့ ပြုလိမ့်မည်ကို သူ ကြောက်ရွံ့ခြင်း ရှိသည်။

(ဂ ) သူသည် ဒုက္ခဆင်းရဲခံရမည်၊ အသေသတ်ခြင်း ခံရမည်။ သုံးရက်ပြီးနောက် တဖန် ထမြောက်လိမ့်မည်။

၃။ သခင်ယေရှုက ယုဒလူတို့အား သူသည် ဘုရားသခင်၏သားတော် ဧကန်အမှန် ဖြစ်ကြောင်းကို သက်သေပြရန် မည်သည့် နမိတ်လက္ခဏာ တခုကို ပေးခဲ့ပါသနည်း။

(က) အံ့ဘွယ်နမိတ် လက္ခဏာများ။

(ခ ) ပရောဖက် ယောန၏နမိတ်လက္ခဏာ (ဤကား သူသည် အသေခံခြင်းနှင့် ထမြောက်ခြင်း ဖြစ်သည်)။

(၈ ) ပရောဖက် အာမုတ်၏ နမိတ်လက္ခဏာ။

၎။ သခင်ယေရှု သေခြင်းမှ ထမြောက်သေါ အခါ၊

(က) သူသည် အရိုး၊ အသား မရှိသော ၀ိညာဉ် နှင့် ဖြစ်သည်။

(ခ ) ယေရှု တဖန်ထမြောက်ခြင်းကို တပည့်တော်များသာလျှင် မြင်တွေ့ရသည်။

(၈ ) အရိုး၊ အသားရှိသော ခန္ဓာနှင့် သူသည် ရှင်ပြန်ထမြောက်ခဲ့သည်။

၅။ ယေရှု သင်္ချိုင်းမှထမြောက်ခဲ့သည်ကို တပည့်တော်များ မည်ကဲ့သို့ သိခဲ့ပါသနည်း။

(က) သူ၏ခန္ဓာ သင်္ချိုင်းဂူ၌ မရှိတော့ခြင်း။

(ခ ) တပည့်တော်များ သူ့ကို မြင်ရသည်၊ သူ့ ကို တို့ထိရသည်၊ သူနှင့် စကားပြောရသည်၊ သူနှင့်အတူ စားသောက်ကြရသည်။

(ဂ ) တစုံတယောက်က တပည့်တော်များကို ယေရှု ထမြောက်ကြောင်း ပြောခဲ့သည်။

၆။ သခင်ယေရှုသည် သေခြင်းမှ ထမြောက်ပြီးနောက် သူ၏တပည့်တော်များကို ကိုယ် ထင်ရှားပြခဲ့သည်။

(က) အနည်းဆုံး ဆယ်ကြိမ်ထက် မနည်း၊

(ခ ) အကြိမ် အနည်းငယ်မျှသာလျှင်။

(ဂ ) တကြိမ်တည်းသာ။

၇။ ယေရှု၏ရှင်ပြန်ထမြှောက်ခြင်းကြောင့် ကျွန်ုပ်တို့သိရသည်မှာ၊

(က) အချို့သော ခရစ်ယာန်များ သေပြီးနောက် တဖန် ထမြှောက်ခြင်းကို ခံရလိမ့်မည်။

(ခ ) ဘုရား၏သားသမီးများ အားလုံး သေပြီးနောက် အသက်ရှင်ရကြမည် ဖြစ်ကြောင်း ဘုရား ကတိတော်ရှိသည်။

(ဂ ) ခရစ်ယာန် အနည်းငယ်မျှသာ သေပြီးနောက် ယေရှုကို မြင်တွေ့ ရလိမ့်မည်။

၈။ ခရစ်တယောက် သေသောအခါ၊

(က) ကိုယ်ခန္ဓာ သင်္ချိုင်း၌ မြုပ်နှံသည်။ သို့သော် သူ၏ စိတ်နှင့်ဝိညာဉ်သည် သခင်ယေရှုနှင့်အတူနေရန် တခဏခြင်း သွားရောက်သည်။

(ခ ) သူသည် အပြစ်သား ဖြစ်သည့်အတွက် တရားစီရင်ခြင်းကို ခံရလိမ့်မည်။့ သူ၏အပြစ်များအတွက် ပေးဆပ်ရလိမ့်မည်။

(ဂ ) သူသည် ကောင်းကင်ဘုံ (သို့) ငရဲ တခုခုတွင် ရောက်ရှိလိမ့်မည် မှာ သူ၌ မသေချာပါ။

၉။ တမန်တော်ပေါလု က သူသေပြီးနောက် သခင်ယေရှုနှင့်အတူနေရန် သွားရလိမ့်မည်ကို သူ သိသောကြောင့် ဖိလိပ္ပိ ၁း၂၁ ၌ ရေးသားခဲ့သည်မှာ၊ အမှန်တကယ် သေလျှင်မူကား သာ၍၊

(က) သိတ် မဆိုးရွားပါ။

(ခ ) အထိတ်တလန့်ဖြစ်ခြင်းနှင့် မသေခြာ မရေရာ ဖြစ်ခြင်း ဖြစ်သည်။

(ဂ ) အကျိုးရှိသည်။

၁၀။ ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့ မည်ကဲ့သို့ ဖြစ်လိမ့်နည်နည်း။

(က) ကျွန်ုပ်တို့သည် ယခု ဤ နေရာ မြေကြီးပေါ်မှာကဲ့သို့ ပင် အတူတူ နီးပါးပင် ဖြစ်ကြလိမ့်မည်။

(ခ ) ကျွန်ုပ်တို့သည် ကောင်းကင်တမန်များကဲ့သို့ အတောင်များ ရှိလာလိမ့်မည်။

(ဂ ) ကျွန်ုပ်တို့ ယေရှုနှင့် တူလာကြ လိမ့်မည်။

ဤ သင်ခန်းစာကို သင်သည် လေ့လာခဲ့ပြီး ဖြစ်သည်။ ဘယ်အရာသည် အရေးကြီးဆုံး ဖြစ်ပါသနည်း။

သခင်ယေရှုခရစ်သည် သင်၏ ကယ်တင်ရှင် ဖြစ်ပါသလား။

သင့်ကို သူပိုင်ဆိုင်ကြောင်းကို သင်သည် သိပါသလား။

သို့ဖြစ်သော် သင်သည် သေခြင်းကို ကြောက်စရာ မလိုတော့ပါ။

ဘုရား၏သားသမီးများအတွက် သေခြင်းသည် ကောင်းကင်ဘုံသို့ ၀င်ရန် တံခါးတခုသာ ဖြစ်ပြီး၊ ထိုနေရာ ကျွန်ုပ်တို့သခင်၏ မျက်မှောက်တော်ရှိရာ၌ ကျွန်ုပ်တို့ အစဉ်အမြဲ နေရကြလိမ့်မည်။













Share:

ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းဖြစ်သော ယေရှုခရစ်


သင်ခန်းစာ (၈)


ထိုဘုရားသခင်အားဖြင့်သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင်စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့် မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏။ (၁ကော၊ ၁း၃၀)


ချစ်သောမိတ်ဆွေ

လူသားကိုဖန်ဆင်းရခြင်းမှာဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေရန်နှင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရန်ဖြစ်သည်။ သို့သော်လူသား၏အပြစ်နှင့်ပုန်ကန်မှု ကြောင့်ဘုရားသခင်နှင့်ဝေးကွာခဲ့သည်။ကယ်တင်ခြင်း၏ရည်ရွယ်ချက်မှာသန့်ရှင်းတော်မူသောဘုရားနှင့်ပြန်လည်မိတ်သဟာယဖွဲ့နိုင်ရန်ဖြစ်ပြီး မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ပျော်ရွှင်ဝမ်းမြောက်နိုင်ရန်ဖြစ်သည်။

ကျွန်ုပ်တို့သည် အပြစ်ရှိသော လူသားများဖြစ်သောကြောင့် ဘုရားသခင်၏ သန့်ရှင်းတော်မူခြင်းကို ကျွန်ုပ်တို့ နားမလည်နိုင်ရုံမျှမက ထင်မြင်ယူဆရန်ပင် လုံးဝမဖြစ်နိုင်ပေ။ သမ္မာကျမ်းစာက ဘုရားသခင်သည် အလင်း ဖြစ်၍ ဘုန်းတော်ကြီးမားပြီး ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်း အရာတို့၌ ပြီးပြည့်စုံသည်ဟု ဖော်ပြသည်။ လုံးဝဥသုန် သန့်ရှင်းတော်မူပြီး အပြစ်လုံးဝမရှိပေ။ သမ္မာကျမ်းစာထဲ၌ အပြစ်သည် အမှောင်ဖြစ်သည်ဟု အကြိမ်အတော်များများ ဖော်ပြထားသည်။ သမ္မာကျမ်းစာက "ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ ဘုရားသခင်၌မှောက်မိုက် အလျှင်းမရှိ'' ဟူ၍ဖော်ပြသည်။(၁ယော၊ ၁း၅)

တစ်ခါက ပရောဖက်ဟေရှာယသည် ရူပါရုံတစ်ခု ရပြီး သူ၏ရူပါရုံ၌ ဘုရားသခင်သည် သူ၏ ပလ္လင်ပေါ်၌ ထိုင်နေသည်။ ပလ္လင်တော်၏ ပတ်လည်၌ ကောင်းကင်ဘုံသားတို့သည် '' သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း တော်မူသော ဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကိုယ်တော်၏ ဘုန်းတော်သည် မြေကြီးတပြင်လုံး၌ ပြည့်နှက် လျက်ရှိသည်''ဟူ၍ ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းလျက်ရှိသည်။

ဟေရှာယသည်သူမြင်ရသောဘုရားသခင်၏ဘုန်းတော်နှင့် သန့်ရှင်းတော်မူခြင်းကို အလွန်အံ့သြ တုန်လှုပ်ပြီး "ငါ၌ အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကားငါသည် ညစ်ညူးသော နှုတ်ခမ်း ရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ရှင်ဘုရင်ကိုကိုယ်မျက်စိနှင့် မြင်လေပြီတကား"ဟူ၍အော်ဟစ်ခဲ့သည်။(ဟေရှာယ၊ ၆း၅)

"ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။" ဟူ၍ ဟေရှာယဆိုရလောက်အောင် သူ့ကိုဘယ်အရာက လှုံ့ဆော်ခဲ့သနည်း။ သူ၏ "အပြစ်ကိုသိသောစိတ်" ဖြစ်သည်။ ဘုရားသခင်နှင့်အတူ ရှိနေနိုင်ရန် အတွက် လိုအပ်သည့်ဖြေင့်မတ်မှု သူ၌ မရှိကြောင်းကို ဟေရှာယ နားလည်ခဲ့သည်။


ဘုရားသခင်က လက်ခံနိုင်ရန် ကျွန်ုပ်တို့ ဖြောင့်မတ်ခြင်း ရှိရန် လိုအပ်သည်။


ဘုရားသခင်နှင့်ဝမ်းမြောက်စွာမိတ်သဟာယဖွဲ့နိုင်ရန်အတွက်ကျွန်ုပ်တို့အပြစ်အားလုံးကိုဖြေလွှတ်ခဲ့ပြီးဆိုတာသိရုံမကဘုရားသခင်လက်ခံနိုင်သော ဖြောင့်မတ်ခြင်းတန်ဆာကို ဝတ်ဆင်ပြီးပြီ ဆိုတာသိရန် လိုအပ်သည်။

"ခွင့်လွှတ်ခြင်း" နှင့် "ဖြောင့်မတ်ခြင်း" တွင် ကွာခြားမှုတစ်ခုရှိသည်။ "ခွင့်လွှတ်ခြင်း"သည် ရေချိုးတာနှင့်တူပြီး "ဖြောင့်မတ်ခြင်း"မှာ အဝတ်ဝတ်တာနှင့် တူသည်။ အညစ်ကြေးများ ဖယ်ရှားနိုင်ရန် အတွက် ကျွန်ုပ်တို့ရေချိုးသည်။ လူတို့ရှေ့၌ သားသားနားနား ဖြစ်ရန်အတွက် ကျွန်ုပ်တို့ အဝတ်ဝတ်သည်။

"ငါဘာဝတ်ရမလဲ" ဆိုတာကို အရေးကြီးပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံရန်ရှိသည့်အခါ ကျွန်ုပ်တို့ အမြဲတွေး တတ်သည်။ သမ္မတ၊ ဘုရင်တို့နှင့် တွေ့ရန်ရှိသည့်အခါတွင်မူ ကျွန်ုပ်တို့ဝတ်ဆင်ရမည့် အဝတ်အစားနှင့် ပတ်သက်ပြီး ပို၍ပင် စိုးရိမ်ဂရုစိုက် ပေမည်။

ကျွန်ုပ်တို့သည်ဘုရားသခင်ထံဆုတောင်းသည်ဖြစ်စေ၊မိတ်သဟာယဖွဲ့သည်ဆိုသည်မှာကျွန်ုပ်တို့တနည်းအားဖြင့်ဘုရားသခင်ထံတော်ပါးသို့တိုးဝင်ချဉ်းကပ်ခြင်း ဖြစ်သည်။ဘုရားသခင်ထံတော်သို့ချဉ်းကပ်သည့်အခါကျွန်ုပ်တို့ထူးခြားစွာ ဆင်ယင်ထားရမည်ကိုကျွန်ုပ်တို့သိသည်။ဘုရားသခင်လက်ခံနိုင်သောဖြောင့်မတ်ခြင်း တန်ဆာဖြင့် ကျွန်ုပ်တို့ ဆင်ယင်ထားရမည်ဖြစ်သည်။

ဘယ်လိုဖြောင့်မတ်ခြင်းမျိုးကိုဘုရားသခင်လက်ခံသနည်း။ဘုရားသခင် လက်ခံနိုင်သောတစ်ခုတည်းသောဖြောင့်မတ်ခြင်းမျိုးမှာ"ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်း" ပင်ဖြစ်သည်။


ပြီးပြည့်စုံစွာ ဖြောင့်မတ်ခြင်း ရှိရန် ကျွန်ုပ်တို့ ကျင့်ကြံနိုင်ပါ့မလား။


ဘုရားသခင်လက်ခံနိုင်သောဖြောင့်မတ်ခြင်းမျိုးရရှိရန်ကျွန်ုပ်တို့လုပ်နိုင်ပါ မည်လား။ မလုပ်နိုင် ပါ။ မည်မျှပင်ကြိုးစားစေကာမူ ဘုရားသခင်၏ ပညတ်တော်တို့ကို ပြီးပြည့်စုံစွာ နာခံနိုင်မည် မဟုတ်ပါ။ သမ္မာကျမ်းစာက ''ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။ နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသောသူမရှိ။ လူအပေါင်းတို့ သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။-အဘယ်ကြောင့်နည်းဟူမူကား၊လူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဘုရားသခင့် ရှေ့တော်၌ အသရေပျက်ကြပြီ။"ဟု ဆိုသည်။ (ရေမ ၃း ၁ဝ-၁၂၊၂၃)

ကျွန်ုပ်တို့အကောင်းဆုံးကျင့်ကြံနိုင်သောဖြောင့်မတ်မှုတောင်မှဘုရားသခင်လက်ခံနိုင်ဖွယ်မရှိ။သမ္မာကျမ်းစာက''အကျွန်ုပ်တို့ရှိသမျှသည်စင်ကြယ်ခြင်းမရှိပါ။ ပြုမူသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့်တူကြပါ၏'' (ဟေရှာယ ၆၄း၆) ဆိုထားသည်။

ဘုရားသခင်ကျွန်ုပ်တို့အတွက် လုပ်ပေးခဲ့သောအရာကို ကျွန်ုပ်တို့ မိမိဘာသာမိမိ မည်သည့်အခါမျှ လုပ်နိုင်မည်မဟုတ်ပေ။ သူ၏လူများ အတွက် ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်းကို ပေးကမ်းထားသည်။ ဘုရားသခင် သူ၏လူများကို သူပေးထားသော ဖြောင့်မတ်ခြင်းအကြောင်းကို စဉ်းစား သောအခါ ပရောဖက် ဟေရှာယသည် အလွန်ဝမ်းမြောက်ခဲ့သည်။ ဟေရှာယ ''ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်းမြောက် ၍၊ ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင်လန်းမည်။ အကြောင်းမူကား ကယ်တင်ခြင်းအဝတ် တန်ဆာနှင့် ငါ့ကိုဝတ်ဆင်စေရန်၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံစေတော်မူပြီ။" (ဟေရှာယ၊ ၆၁း၁၀)


ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ဖြောင့်မတ်စေသနည်း။


ဘုရားသခင်သည်သူ၏အမြင်၌ ကျွန်ုပ်တို့ကိုမည်သို့ဖြောင့်မတ်စေသနည်း။ သခင်ယေရှု၌ ကျွန်ုပ် တို့ကို တည်စေခြင်းအားဖြင့် ပြုလုပ်သည်။ သမ္မာကျမ်းစာက ''ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှု ခရစ်၌ တည်နေကြ၏'' ဟုဆိုထားသည်။ (၁ကော၊ ၁း၃၀)

ခရစ်တော်၌တည်ခြင်း (In Christ) ဆိုသော စကားလုံးမှာ ဘုရားသခင်သည် ယုံကြည်သူတို့ကို ပေးသောအရာဖြစ်၏။ ခရစ်တော်၌ မည်သို့တည်နေခဲ့ကြသနည်း။ ဘုရားသခင်က တည်စေသောကြောင့်ဖြစ် သည်။ မိမိဘာသာမိမိ ခရစ်တော်၌တည်ရန် မပြုလုပ်နိုင်ပေ။ ဘုရားသခင်က သာ လုပ်ပေးနိုင်သည်။ သမ္မာ ကျမ်းစာက ''ဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌တည်နေကြ၏'' ဟုဆိုထားသည်။

မိမိဘာသာမိမိဆိုလျှင် ကျွန်ုပ်တို့သည် ဖြောင့်မတ်မှု မရှိပေ။ သို့သော်ဘုရားသခင်သည် ကျွန်ုပ်တို့ ကို ခရစ်တော်၌တည်စေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုကြည့်သောအခါ ကျွန်ုပ်တို့ကိုမမြင်ပဲ ခရစ်တော်ကိုသာမြင်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌တည်သောကြောင့် ဘုရားသခင့်ရှေ့တော်၌ ကျွန်ုပ်တို့ လုံးဝဖြောင့်မတ်မှုရှိသည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာက ''အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။'' ဟု ၂ကော (၅း၂၁) တွင် ဆိုထားသည်။

ဤကျမ်းတစ်ပုဒ်က ''သခင်ယေရှုအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများ ဖြစ်စေသည်''ဟု ဆိုထားသည်။ ဤဖြောင့်မတ်ခြင်းသည် ပြီးပြည့်စုံသည်။ အဘယ်ကြောင့်ဆိုသော ယေရှုခရစ်သည် ပြီးပြည့်စုံသောကြောင့် ဖြစ်သည်။ ဤဖြောင့်မတ်ခြင်းသည်ပြောင်းလဲမှုလည်း မရှိရခြင်းမှာ သခင်ယေရှုကလည်း ပြောင်းလဲမှု မရှိသောကြောင့် ဖြစ်သည်။ ဤဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့၏ ဖြေင့်မတ်ခြင်း ဖြစ်သည့်အကြောင်းမှာ ကျွန်ုပ်တို့သည် ခရစ်တော်၌ တည်သောကြောင့် ဖြစ်သည်။

ဤပြည့်စုံသော ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့၏ ကျင့်ကြံအားထုတ်မှုကြောင့် ရသည် မဟုတ်ပါ။ သခင်ယေရှုကို ကျွန်ုပ်တို့၏ ကယ်တင်ရှင် အဖြစ် လက်ခံလိုက်သောအချိန်တွင်သာဤဖြောင့်မတ်ခြင်းကိုကျွန်ုပ်တို့သည်လက်ဆောင်အ နေဖြင့်အဖိုးအခမပေးရဘဲရရှိသည်။သမ္မာကျမ်းစာက ''ကျေးဇူးတော် ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့ သွင်းပေးတော်မူခြင်းကို၎င်း ခံရသောသူတို့သည် တယောက်သောသူ တည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍စိုးစံရကြလတံ္တ့။''ဟု ရောမ ၅း၁၇ တွင် ဆိုထား သည်။

တမန်တော်ပေါလုသည်ဘာသာရေးအလွန်ကိုင်းရှိုင်းသူဖြစ်သည်။ဖြောင့်မတ်ခြင်းကို ရရှိရန် အတွက် ပြင်းပြင်း ထန်ထန် ကြိုးစား လုပ်ဆောင်ခဲ့သည်။ သူ၏လုပ်ဆောင်မှုအားဖြင့် ဘုရားသခင်ကို လက်ခံ လာစေရန် မပြုလုပ်နိုင်သည်ကို နောက်ပိုင်းတွင် ပေါလုနားလည်ခဲ့သည်။

ထို့ကြောင့် ရှင်ပေါလုဘာလုပ်ခဲ့သလဲ၊ သခင်ယေရှုကို ယုံကြည်လက်ခံပြီး ဘုရားသခင်၏ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်းကို လက်ခံရယူခဲ့ သည်။ ပေါလုက ''ထိုမျှမက ငါ၏သခင်ယေရှုခရစ်ကို သိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကိုထောက်၍ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မြင်၏။'' ဟု ဖိ (၃း၈-၉)တွင် ရေးသားခဲ့သည်။

ဤပြီးပြည့်စုံသောဖြောင့်မတ်ခြင်း''လက်ဆောင်''မှာရှင်ပေါလုအတွက်သာမဟုတ်ဘဲ ယုံကြည်သူ တိုင်းအတွက် ဖြစ်သည်။ သခင်ယေရှုကို ယုံကြည်သည်နှင့် တပြိုင်နက် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ တည်စေပြီး ဤ ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်း လက်ဆောင်ကို ကျွန်ုပ်တို့ ရရှိသည်။


ကျွန်ုပ်တို့သည်ခရစ်တော၌တည်သောကြောင့်ဘုရားသခင်သည်ကျွန်ုပ်တို့ကိုလက်ခံသည်

"ခရစ်တော်အတွင်း၌ ကျွန်ုပ်တို့ ရှိသောကြောင့်သာ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုလုံးဝဥဿုန်လက်ခံသည်"ဟုဆိုသည်။ သမ္မာကျမ်းစာကပင်ဘုရားသခင်သည် သူ၏ချစ်စွာသောသူအားဖြင့် ကျွန်ုပ်တို့ကို လက်ခံသည်။ ''ချစ်စွာသောသူ''ဆိုသည်မှာ သခင်ယေရှုကို ရည်ညွှန်းခြင်းဖြစ်သည်။ သခင်ယေရှု၌ ကျွန်ုပ်တို့ကိုလက်ခံသည်။

ဘုရားသခင်သည် သူ၏သားတော်ကိုချစ်ပြီး သားတော်၌ ဝမ်းမြောက်သည်။ ထာဝရကာလ တစ်လျှောက်လုံး သခင်ယေရှုသည် ဘုရားသခင် ပျော်ရွှင်ဝမ်းမြောက် ကျေနပ်စရာအကြောင်း ဖြစ်တော်မူ၏။ သခင်ယေရှု နှစ်ခြင်းမင်္ဂလာခံယူသောအခါ ကောင်းကင်ပေါ်မှ ''ဤသူကား ငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ် သားပေတည်း''ဟူသော အသံထွက်ပေါ်လာသည်။(မ၊ ၃း၁၇)

ကျွန်ုပ်တို့သည်ခရစ်တော်အတွင်း၌ရှိသောကြောင့်ဘုရားသခင်သည်သူ၏ သားတော်ကို လက်ခံ သလိုမျိုးပင် ကျွန်ုပ်တို့ကို လက်ခံသည်။ သူ၏သားတော်ကိုချစ်ပြီး သူ၏သားတော်၌ဝမ်းမြောက်သကဲ့သို့ပင်ကျွန်ုပ်တို့ကိုချစ်ပြီးကျွန်ုပ်တို့၌ဝမ်းမြောက်သည် ဤအရာသည်အလွန် ကောင်းမွန်သောအရာဖြစ်သောကြောင့် ကျွန်ုပ်တို့နားလည်ရန်ပင် ခက်ခဲလှသည်။ သို့သော် ဤအရာသည် အမှန်ပင်ဖြစ်သည်။ သခင် ယေရှုက ယုံကြည်သူများနှင့်ပတ်သက်ပြီး''ကိုယ်တော်သည်အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း နှင့်အကျွန်ုပ်ကိုချစ်တော်မူသကဲ့သို့သူတို့ကိုလည်းချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှာ ၄င်း၊ ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည် သူတို့အား ပေးပါပြီ''ဟူ၍ သူ၏ခမည်းတော်ထံ ဆုတောင်းထားသည်။(ယော၊ ၁၇း၂၃)


ကျွန်ုပ်တို့၏ ပြုမူလုပ်ဆောင်မှုနှင့် ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း


''ဘုရားသခင်ရှေ့တော်၌ကျွန်ုပ်တို့ဖြောင့်မတ်ခြင်း"နှင့်''ကျွန်ုပ်တို့၏ဤကမ္ဘာပေါ်တွင် နေ့စဉ် ပြုမူလုပ်ဆောင်မှု''နှစ်ခု၏ခြားနားမှုကို ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့ သိထားရမည်ဖြစ်သည်။

ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်ခြင်းဆိုသည်မှာဘုရားသခင်သည် ခရစ်တော်အတွင်း၌ရှိသော ကျွန်ုပ်တို့ကိုမြင်သော အမြင်ဖြစ်သည်။ ခရစ်တော်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းမျိုးရရှိအောင်လုပ်ဆောင်ပေးသည်။ ဤဖြောင့်မတ်ခြင်းသည်ပြီးပြည့်စုံသည်။မည်သည့်အခါမျှမပြောင်းလဲပါ။ မည်သည့်အချိန်မှာ ဤပြီးပြည့်စုံသော ဖြောင့်မတ်ခြင်းမျိုးကို သင်လက်ခံရရှိသနည်း။ ခရစ်တော်ကို သင်၏ကယ်တင်ရှင်အဖြစ် သင်လက်ခံလိုက်သည်နှင့် တပြိုင်နက် ဤအရာကို သင်လက်ခံရရှိသည်။

ဤကမ္ဘာပေါ်တွင်ကျွန်ုပ်တို့အသက်ရှင်သည့်ပုံစံမှာ''ကျွန်ုပ်တို့၏ ပြုမူလုပ်ဆောင်မှု''ပင်ဖြစ်သည်။ ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့၏ ပြုမူလုပ်ဆောင်မှုသည် ပြောင်းလဲလွယ်ပြီး ပြီးပြည့်စုံမှုမရှိပေ။ တစ်ရက် အတွင်းတွင်ပင် ကျွန်ုပ်တို့၏ ပြုမူလုပ်ဆောင်မှုသည် ကွဲပြားနိုင်သည်။

မနေ့သည် ကျွန်ုပ်တို့အတွက် ကောင်းသောနေ့တစ်နေ့ ဖြစ်သည်ဆိုပါစို့။ မနေ့က ကျွန်ုပ်တို့ သမ္မာကျမ်းစာဖတ်၍ ဆုတောင်ခြင်းအားဖြင့် ဘုရားသခင်နှင့် အချိန်ယူရုံမက ဒေါသမထွက်အောင်လည်းထိန်းချုပ်ထားနိုင်ခဲ့သည်။ရလဒ်အားဖြင့်ကျွန်ုပ်တို့ကျေနပ်အားရနေပြီး ဘုရားသခင်လည်း ကျွန်ုပ်တို့အား ဖြင့် ဝမ်းမြောက်မည်ဟု ခံစားခဲ့ရပေမည်။ ဆုတောင်းခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ဖို့ရန် ကျွန်ုပ်တို့ ရဲဝံ့စွာ ရှိနေမည်ဖြစ်သည်။

ယနေ့တွင်မူ မနေ့ကနှင့်မတူဘဲ ဆုတောင်းရန်နှင့် နှုတ်ကပတ်တော်ကိုဖတ်ရန် ကျွန်ုပ်တို့အချိန်မယူခဲ့ပါ။အခြားသူများနှင့်လည်းကတောက်ကဆဖြစ်ပြီး ဒေါသအိုးလည်း ပေါက်ကွဲခဲ့သည့်အတွက် ကျွန်ုပ်တို့ သည် မိမိကိုယ်ကို စိတ်ပျက်ပြီး ဘုရားသခင်လည်း ကျွန်ုပ်တို့ကြောင့် စိတ်ပျက်မည်ဟု ခံစားရပေမည်။ ရလဒ်အားဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ဖို့ရန် ရဲဝံ့သောစိတ် ကျွန်ုပ်တို့ထံ၌ ရှိတော့မည်မဟုတ်ပါ။ ကျွန်ုပ်တို့ ဘာကြောင့်ဤသို့ဖြစ်ရသနည်း။ ဤသို့ဖြစ်ရသည်မှာ ဘုရားသခင်၏ ကျွန်ုပ်တို့အပေါ် လက်ခံမှု ကို ကျွန်ုပ်တို့၏နေ့စဉ်လုပ်ဆောင်မှုအပေါ် မူတည်၍ ကြည့်သောကြောင့်ဖြစ်သည်။ ဤအရာမှာ အမှား တစ်ခုဖြစ်သည်။ ဘုရားသခင်၏ ကျွန်ုပ်တို့အပေါ်လက်ခံမှုသည် ကျွန်ုပ်တို့ခရစ်တော်၌ ရှိ/မရှိအပေါ်တွင် မူတည်သည်။ ခရစ်တော်၏ ဖြောင့်မတ်ခြင်းကြောင့် ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့ရပ်တည်နိုင်သည်။

ကျွန်ုပ်တို့ နမော်နမဲ့အသက်ရှင်ခြင်းသည် ဘုရားသခင်ကို ဝမ်းနည်းစေသည်။ ကျွန်ုပ်တို့အပြစ်လုပ် သောအခါ သန့်ရှင်းသော ဝိညာဉ်တော်က အပြစ်စီရင်သည်။ ကျွန်ုပ်တို့နားမထောင်ပဲ အပြစ်ဆက်လုပ်မည် ဆိုပါက ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဆုံးမစည်းကမ်း ပေးမည်ဖြစ်သည်။ အပြစ်ပေးခြင်းဖြင့် လမ်းမှန်သို့ ရောက်အောင်လုပ်လိမ့်မည်။

သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အပြစ်ပေးဆုံးမချိန်၌ပင် ခရစ်တော်၌ ကျွန်ုပ်တို့ရှိသောကြောင့်ကျွန်ုပ်တို့ကိုချစ်တုန်း၊လက်ခံတုန်းပင်ဖြစ်သည်။ သူ၏ချစ်စွာသော သားတော်အားဖြင့်ကျွန်ုပ်တို့ကိုလက်ခံတော်မူသည်။ သမ္မာကျမ်းစာက ''ထိုဘုရားသခင်သည်ချစ်တော်မူသောသားတော်ကြောင့်၊ငါ့တို့အား ပေးတော်မူသောကျေးဇူးတော်၏ ဘုန်းအသရေတော်ကို ချီးမွမ်းစေခြင်းငှာ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကိုရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့် မှတ်သားတော်မူ၏။'' ဟုဆိုသည်။(ဧဖက်၊ ၁း၆)

''ချစ်စွာသောသားတော်အားဖြင့်ကျွန်ုပ်တို့ကိုလက်ခံသည်'' ၏ဆိုလိုရင်းမှာထင်ရှားသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သခင်ယေရှု အားဖြင့် အမြဲတမ်း လက်ခံသည်။ ကျွန်ုပ်တို့အပြစ်လုပ်မိသောအခါ ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင်အားဝန်ခံရန်လိုသည်။သို့သော်သနားခြင်းဂရုဏာတော်နှင့် ကျေးဇူးတော်ကိုတောင်းခံရန်ဘုရားသခင့်ထံတော်သို့ချဉ်းကပ်ခြင်းကိုမူ ကျွန်ုပ်တို့၏အပြစ်များနှင့် လုပ်ဆောင်ရန် ပျက်ကွက်မှုများက မတားဆီးသင့်ပေ။ သမ္မာကျမ်းစာကဟေဗြဲ(၄း၁၆)တွင်''ထိုကြောင့်၊ငါတို့သည်သနားခြင်းဂရုဏာတော်ကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည် အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။'' ဟု ဆိုထားသည်။


သခင်ယေရှုကိုယ်တိုင်က ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။


''သခင်ဘုရား၌အစဉ်မပြတ်ဝမ်းမြောက်ရန်''ဘုရားသခင်သည်သူ၏နှုတ်ကပတ် တော်ထဲ၌ကျွန်ုပ်တို့ကိုမိန့်မှာထားသည်။ကျွန်ုပ်တို့၏အခြေအနေမှာမည်သို့ပင်ဖြစ်စေကာမူကျွန်ုပ်တို့သည်သခင်ယေရှုနှင့်သူလုပ်ပေးခဲ့သမျှသောအရာတို့၌ ကျွန်ုပ်တို့အစဉ်မပြတ် ဝမ်းမြောက်နိုင်သည်။ သူသည် ကျွန်ုပ် တို့၏ဖြောင့်မတ်ခြင်းဖြစ်သည်ဆိုသောအချက်၌ ကျွန်ုပ်တို့အထူးသဖြင့် ဝမ်းမြောက်နိုင်သည်။

သခင်ယေရှုကိုယ်တိုင်ကကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းဖြစ်သည်။ဓမ္မဟောင်းကျမ်းထဲရှိ သူ၏အမည် တစ်ခုမှာ ''ကျွန်ုပ်တို့၏ ဖြောင့်မတ်တော်မူ သော ဘုရားသခင်'' ဟူ၍ဖြစ်သည်။ သမ္မာကျမ်းစာက ''ထိုမင်း သည် ယေဟောဝါဗဇေဒကနု ဟူသောဘွဲ့နာမရှိလိမ့်မည်''ဟူ၍ (ယေရမိ ၂၃း၆)တွင် ရေးသားထားသည်။

ကျွန်ုပ်တို့အားဖြင့်ဖြစ်စေ၊ ကျွန်ုပ်တို့၏လုပ်ဆောင်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းသည် သခင်ယေရှုခရစ်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်၌တည်စေပြီး ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်ဖြစ်သည်။သမ္မာကျမ်းစာက''ထိုဘုရားသခင်အားဖြင့်သင်တို့ သည် ယေရှုခရစ်၌တည်နေကြ၏။ထိုသခင်မူကား၊ဘုရားသခင်စီရင်တော်မူ သည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်းဖြစ်တော်မူ၏''ဟု ၁ကော (၁း၃ဝ)တွင် ဆိုထားသည်။

ဤကျမ်းပိုဒ်ကမည်သူနှင့်ဆိုင်သနည်း။ယုံကြည်သူတိုင်းနှင့်ဆိုင်သည်။ယုံကြည်သူတိုင်းသည် ခရစ်တော်အတွင်း၌ တည်သည်။ ထို့ကြောင့် ''ခရစ်တော်သည် ငါ၏ဖြောင့်မတ်ခြင်းဖြစ်သည်''ဟူ၍ ယုံကြည်သူတိုင်းဆိုနိုင်သည်။



ဘုရားသခင် ကျွန်ုပ်တို့ကို မြင်သလိုမျိုး ကျွန်ုပ်တို့မိမိကိုယ်ကိုမြင်ရမည်


ခရစ်တော်အားဖြင့်ပြီးပြည့်စုံစွာ ဖြောင့်မတ်သောသူများအဖြစ် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုမြင်သလိုမျိုးကျွန်ုပ်တို့မိမိကိုယ်ကိုမြင်ရမည်။ ဤပြီးပြည့်စုံသောဖြောင့်မတ်မှုသည်ဘုရားသခင်ကကျွန်ုပ်တို့ကိုပေးသောလက် ဆောင်ဖြစ်သည်။ခရစ်တော်၌တည်သောကြောင့်ရရှိခြင်းဖြစ်သည်။သင်သည်လူဟောင်းမဟုတ်၊ ခရစ်တော်၌ အသစ်သောသတ္တဝါဖြစ်၏။ သမ္မာကျမ်းစာက ''လူမည်သည်ကား၊ ခရစ် တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ၊'' ဟူ၍ ၂ကော ၅း၁၇ တွင်ဆိုထားသည်။

ဘုရားသခင်သည် သူ၏သားတော်ကို ကြည့်သောအခါ ပြီးပြည့်စုံစွာ ဖြောင့်မတ်သောသူအဖြစ် မြင်သလိုမျိုး ကျွန်ုပ်တို့ကိုလည်း မြင်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ခရစ်တော်၌တည်ရှိ သောကြောင့်ဖြစ်သည်။

သူ၏အမြင်၌ ဖြောင့်မတ်သောသူများဖြစ်သည်ကို ကျွန်ုပ်တု့သိရှိလျက် နေ့စဉ်နေ့တိုင်း ဘုရား သခင်သည် ကျွန်ုပ်တို့ကို အသက်ရှင်စေ လိုသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ခရစ်တော်၌ တည်သောကြောင့်ဖြစ်သည်။ ''ငါသည်ခရစ်တော်၌တည်သည်၊ သူသည် ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းဖြစ်သည်'' ဟူ၍ သင်ကိုသင်ခဏခဏပြောပါ။

''ကျွန်ုပ်တို့သည်ခရစ်တော်၌တည်ပြီးသူသည်ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းဖြစ်သည်ဟူသောအမှန်တရားထက် ပိုပြီးအရေးကြီးသောအရာ ကျမ်းစာထဲတွင်မရှိပါ။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံလိုက်သောအခါ ဘုရားသခင်က ဤအရာကို ရရှိရန် ကျွန်ုပ်တို့ကိုလုပ်ဆောင်ပေးသည်။ ဤသင်ခန်း စာကို ထပ်ခါတလဲလဲဖတ်ပါ။ သင်သည်ခရစ်တော်၌တည်သည်၊ သူသည် သင်၏ဖြောင့်မတ်ခြင်းဖြစ်သည် ဆိုတာကို ပြသရန်ဘုရားသခင်ထံ တောင်းခံပါ။



ရှာဖွေတွေ့ရှိရသော သမ္မာကျမ်းစာ ရတနာ


ဘုရားသခင်သည်ကျွန်ုပ်ကို ခရစ်တော်၌တည်စေပြီး ခရစ်တော်၏ဖြောင့်မတ်ခြင်း၌ ဘုရားသခင်၏ ရှေ့တော်မှောက် ကျွန်ုပ် ရပ်လျက်ရှိသည်။


မေးခွန်းများ (အဖြေမှန်ရွေးပါ။)


၁။ ကယ်တင်ခြင်း၏ရည်ရွယ်ချက်မှာ ....

(က) ကျွန်ုပ်တို့ကိုပျော်ရွှင်စေရန်။

(ခ ) သန့်ရှင်းသောဘုရားနှင့်မှန်ကန်စွာ မိတ်သဟာယဖွဲ့နိုင်ရန်။

(ဂ ) အသင်းသားကောင်းများ ဖြစ်စေရန်။

၂။ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်း၌ ပျော်ရွှင်ရန်၊ ကျွန်ုပ်တို့၏အပြစ်များကို ဖြေလွှတ်ခဲ့ပြီဆိုတာ သိရုံမက....

(က) ဘုရားသခင်လက်ခံနိုင်သော ဖြောင့်မတ်ခြင်းတန်ဆာကို ဝတ်ဆင်ထားပြီးဖြစ်ကြောင်းလည်း သိရမည်။

(ခ ) လူများ၏နှစ်သက်လက်ခံမှုကိုရကြောင်းလည်းသိရမည်။

(ဂ ) တရားဟောဆရာ (သို့) ဘုရားသခင်၏ အချိန်ပြည့် အမှုတော်ဆောင်ဖြစ်သွားကြောင်းလည်း သိရမည်။

၃။ ဘုရားသခင်လက်ခံနိုင်သော တစ်ခုတည်းသော ဖြောင့်မတ်ခြင်းမျိုးမှာ ....

(က) အခြားလူအများစုထက် ပိုကောင်းသောဖြောင့်မတ်ခြင်းမျိုးဖြစ်သည်။

(ခ ) ကျွန်ုပ်တို့သိသော အကောင်းဆုံးလူများတွင်ရှိသော ဖြောင့်မတ်ခြင်းမျိုးဖြစ်သည်။

(ဂ ) ပြီးပြည့်စုံသော ဖြောင့်မတ်ခြင်းမျိုးဖြစ်သည်။

၎။ ဘုရားသခင်သည် သူ၏အမြင်၌ ကျွန်ုပ်တို့ကို လုံးဝဖြောင့်မတ်စေသည်။

(က) သာ၍ကောင်းသောသူများဖြစ်လာရန် ပြောင်းလဲစေခြင်းဖြင့်။

(ခ) ခရစ်တော်၌ ကျွန်ုပ်တို့ကို တည်စေခြင်းအားဖြင့်။

(ဂ) ကျွန်ုပ်တို့သိသော အကောင်းဆုံးလူများနှင့်တူအောင် ကူညီပေးခြင်းဖြင့်

၅။ ဤပြီးပြည့်စုံသော ဖြောင့်မတ်ခြင်းကို .....

(က) သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံချိန်တွင် ရရှိသည်။

(ခ ) အသင်းတော် ဝတ်ပြုစည်းဝေးပွဲများတွင် သစ္စာရှိစွာ ပါဝင်ခြင်းဖြင့် ရရှိသည်။

(ဂ ) အချိန်အတော်ကြာ ကောင်းသောအမှုများကို ပြုလုပ်ခြင်းအားဖြင့် ရရှိသည်။

၆။ ဘုရားသခင်က ကျွန်ုပ်တို့ကို လက်ခံနိုင်မှုသည် အောက်ပါအရာပေါ်တွင် မူတည်သည်။

(က) ကျွန်ုပ်တို့၏နေ့စဉ်ပြုမူလုပ်ဆောင်မှု။

(ခ ) ကျွန်ုပ်တို့လုပ်သော ကောင်းမှုများ။

(ဂ ) ကျွန်ုပ်တို့၏ ခရစ်တော်၌တည်ရှိမှု။

၇။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဆုံးမပဲ့ပြင်နေချိန်တွင်.....

(က) ကျွန်ုပ်တို့ခရစ်တော်၌တည်သောကြောင့် ကျွန်ုပ်တို့ကို ချစ်တုန်း၊ လက်ခံတုန်းဖြစ်သည်။

(ခ ) သူသည် ကျွန်ုပ်တို့ကို စိတ်ပျက်ပြီး မချစ်တော့ပေ။

(ဂ ) ကျွန်ုပ်တို့ကို စကေားပြောတော့မည်မဟုတ်ပေ။

၈။ ကျွန်ုပ်တို့သည် အပြစ်လုပ်မိသည့်အခါ .....

(က) သနားခြင်းဂရုဏာနှင့် ကျေးဇူးတော်ကို တောင်းရန် ဘုရားသခင်ထံတော်သို့ မချဉ်းကပ်သင့် တော့ပေ။

(ခ ) အပြစ်လုပ်မိခြင်းကို ကာမိစေရန်အတွက် ကောင်းမှုလုပ်သင့်သည်။

(ဂ ) ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင်ထံ ဝန်ချတောင်းပန်သင့်သည်။

၉။ ဘုရားသခင့်ရှေ့တော်၌ ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်းသည် .....

(က) သခင်ယေရှု ခရစ်တော်ဖြစ်သည်။

(ခ ) ကျွန်ုပ်တို့၏ နေ့စဉ်လုပ်ဆောင်မှုဖြစ်သည်။

(ဂ ) ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သော ကောင်းမှုများဖြစ်သည်။

၁ဝ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာကို အောက်ပါအတိုင်း အသက်ရှင်စေလိုသည်။

(က) သူ၏အမြင်၌ စိတ်ပျက်ဖွယ် အပြစ်သားများ ဖြစ်သည်ကို ကျွန်ုပ်တို့သိပြီး။

(ခ ) သူလက်ခံလာနိုင်အောင် မိမိကိုယ်ကို ပြုလုပ်စေခြင်းဖြင့်။

(ဂ) ခရစ်တော်၌တည်သောကြောင့် ပြီးပြည့်စုံစွာဖြောင့်မတ်သောသူများဖြစ်ကြသည်ကိုသိရှိခြင်းဖြင့်။



ဤသင်ခန်းစာ၌ သင်ယူရရှိခဲ့သော အရေးကြီးဆုံးအရာမှာ မည်သည့်အရာနည်း။


ရဲလင်းထွန်း

Share:

ကျွန်ုပ်တို့၏ ကိုယ်စားပြုအကျိုးဆောင်သူ ယေရှုခရစ်


သင်ခန်းစာ (၇)


'' ...ထိုသူတို့၏အမှုကို ကိုယ်တော်သည် စေါင့်လျက်၊ ကာလအစဉ် အသက်ရှင်သောကြောင့်၊ သူတို့ကို ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏''ဟုဆိုသည်။(ဟေဗြဲ၊ ၇း၂၅)

ချစ်သော မိတ်ဆွေ၊

ကျွန်ုပ်တို့သည် သခင်ယေရှု၏လက်ဝါးကပ်တိုင်ပေါ် ကယ်တင်သောအရှင်အဖြစ် အသေခံခဲ့သော အချိန်ကာလကို နောက်သို့ ကြည့်မြင်နိုင်ပါသည်။ သူသည် ဤမြေပေါ်သို့ ကျွန်ုပ်တို့၏ ဘုရင်အဖြစ် အုပ်စိုးရန် ပြန်လာမည့်အချိန်ကို ရှေ့သို့မြော် ကြည့်နိုင်ပါသည်။ ဤအကြောင်းအရာ၌ သခင်ယေရှု၏ ပစ္စုန်ပန်ကာလ အမှုတော်ဆောင်ခြင်း အကြောင်းကို ကျွန်ုပ်တို့ စဉ်းစားကြမည်။

ယေရှုသည် ကျွန်ုပ်တို့၏ ကိုယ်စားပြု အမှုဆောင်သူ ဖြစ်သည်

ယခုကာလ၌ သခင်ယေရှု ဘာပြုလုပ်နေပါသနည်း။ သူသည် ကျွန်ုပ်တို့အတွက် ဆုတောင်း ပေးနေပါသည်။ ကျမ်းစာ၌ ယေရှုသည် ကျွန်ုပ်တို့၏ ကြီးမြတ်တော်မူသော ကိုယ်စားပြုအမှုဆောင်သူဟု ပြောဆိုထားပါသည်။ ကိုယ်စား ပြုအမှုဆောင်သူ သည် အခြားသော သူများ အတွက် ဆုတောင်းပေးနေသော သူ တစ်ဦးဖြစ်သည်။ ဤသည်ကား ယခု သခင်ယေရှုပြုနေသော အမှု ဖြစ်သည်။ သူသည် ကောင်းကင်ဘုံ၌ သူ့ကို ယုံကြည်သောသူ အားလုံးတို့အတွက် ဆုတောင်းပေးနေသည်။

ကျမ်းစာ၌ သူတပါးတို့အတွက် ဆုတောင်းပေးခဲ့ကြသော ကြီးမြတ်သော လူများ ရှိခဲ့ပါသည်။ သူတို့သည် ဘုရားသခင်နှင့်အတူ သူတို့၏လူမျိုးများအတွက် ဆုတောင်းခဲ့ကြ၏။ တခါတရံ သူတို့၏လူမျိုးများ အပြစ်ကို ခွင့်လွှတ်ရန် ဘုရားသခင်ထံ ပြောဆိုခြင်း၊ တခါတရံ သူတို့သည် ဘုရားသခင်ထံ သူတို့၏ရန်သူများ ဘေးမှလွတ်မြောက်ခွင့်ပေးရန် ပြောဆို ခဲ့ကြ၏။ ဤသူများသည် အခြားသောသူများအတွက် ဘုရားသခင်ထံ ဆုတောင်းခဲ့ခြင်းကြောင့် ကိုယ်စားပြုဆုတောင်းသူများ ဖြစ်ကြ၏။

ကျွန်ုပ်တို့သည်လည်း ကိုယ်စားပြုအမှုဆောင်ပေးမည့်သူ ကိုလိုအပ်ပါသည်။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့၌ ကြီးသော ရန်သူ၊ ဘုရားသခင်၏ သားသမီးတိုင်းကို မုန်းသောရန်သူ စာတန် ရှိနေသောကြောင့်ဖြစ်သည်။ စာတန်သည် ကျွန်ုပ်တို့ကို ဘုရား သခင်၏မိသားစုဝင် အဖြစ်မှ ဆုံးရှုံးသွားအောင် မပြုလုပ်နိုင်သည့်တိုင် ကျွန်ုပ်တို့အပြစ်ထဲသို့ လိုက်ပါရန် သူသည် တတ် နိုင်သမျှ ကျိုးစားလုပ်ဆောင်နေပါသည်။ ဘုရား၏စိတ်တော်နှင့်တွေ့သောအသက်တာ၌အသက် မရှင်နိုင်ရန် ကျွန်ုပ်တို့ကို သူ ကျိုးစား ဆီးတားလျက် ရှိသည်။ သို့သော် ကျွန်ုပ်တို့ ကြောက်ရန်မလိုပါ။ သခင်ယေရှုသည် ကျွန်ုပ်တို့၏ ကြီးမြတ်တော်မူသော ကိုယ်စားပြု အမှုဆောင်သူ ဖြစ်တော်မူသည်။ သူသည် နေ့တိုင်း ကျွန်ုပ်တို့အတွက် ဆုတောင်းပေးနေသည်။ ကျမ်းစာက '' ထိုသို့နှင့်အညီ၊ မှန်သော သန့်ရှင်းရာဌာနတို့၏ပုံဖြစ်သော၊...ခရစ်တော်သည်...ငါ တို့အတွက်ကြောင့် ယခု ဘုရားသခင်၏ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှါ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီး''ဟု ဆိုသည်။(ဟေဗြဲ၊ ၉း၂၄)

ကျမ်းစာ၌ မိမိ၏လူမျိုးများအတွက် ဆုတောင်းခဲ့ကြသော ကြီးမြတ်သော လူများသည် နောက်ဆုံး၌သေခဲ့ကြ၏။ သေ ခြင်းက သူတို့၏ဆုတောင်းခြင်းများကို အဆုံးသတ်စေခဲ့၏။ သခင်ယေရှုသည်လည်းသေ၏။ သို့သော် တဖန် သေခြင်းမှ ထ မြောက်ခဲ့၏။ သူသည် ယနေ့ အသက်ရှင်တော်မူသည်။ သူပိုင်သော သူများအတွက် သူသည် အဆက်မပြတ် ဆုတောင်းပေး လျက်နေသည်။ ကျမ်းစာ၌'' ...ထိုသူ တို့၏ အမှုကို ကိုယ်တော်သည် စေါင့်လျက်၊ကာလအစဉ် အသက်ရှင်သောကြောင့်၊ သူတို့ကို ကယ်တင်ခြင်းငှါ တတ်နိုင်တော် မူ၏'' ဟု ဆိုသည်။(ဟေဗြဲ၊ ၇း၂၅)

သခင်ယေရှုသည် ပြည့်စုံသော ကိုယ်စားပြုအကျိုးဆောင်သူ ဖြစ်၏

သခင်ယေရှုသည် ဤမြေကြီးပေါ်၌ ရှိခဲ့စဉ်အခါ သူ၏နောက်လိုက် တပည့်တော်များအတွက် မကြာခဏ ဆုတောင်း ခဲ့၏။ သူတို့ကို ချစ်တော်မူပြီး သူတို့သည် မကောင်းသောအမှုနှင့် ကင်းလွှတ်မည့်အကြောင်း ဆုတောင်းပေးခဲ့၏။

ယခု သခင်ယေရှုသည် ကောင်းကင်ဘုံ၌ရှိတော်မူပြီး၊ သူပိုင်သော သူများအတွက် သူသည် ဆက်လက်ဆုတောင်းပေး နေလျက် ရှိသည်။ သူသည် ကျွန်ုပ်တို့အတွက် ပြည့်စုံသော ကိုယ်စားပြုအကျိုးဆောင်သူ ဖြစ်သည်။

၁။ သူသည် ဘုရားသခင်၏ ချစ်တော်မူသော သားတော်ဖြစ်သည်။

၂။ သူသည် ကျွန်ုပ်တို့ကို အလုံးစုံ ကောင်းစွာ သိနားလည်ခြင်း ရှိတော်မူသည်။

၃။ သူသည် ကျွန်ုပ်တို့ အပြစ်များအတွက် အပြစ်ဒါဏ်ကို ပေးဆပ်ခဲ့ပြီ။

ဤအကြောင်းအရာ သုံးချက်ကို စဉ်းစားဆင်ခြင်ကြပါစို့။

(၁) ယေရှုသည် ဘုရားသခင်၏ချစ်တော်မူသော သားတော် ဖြစ်တော်မူသည်။

ခမည်းတော်ဘုရားသခင်သည် ချစ်တော်မူသော သူ၏သားတော်အတွက် မပြုလုပ်ပေးသော အရာ တစုံတခုမ မရှိပါ။

ကျမ်းစာက'' ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေးတော်မူပြီ'' ဟု ဆိုသည်။(ယော၊ ၃း၃၅) ယေရှုသည် တပည့်တော်များကို သူ၏နာမ၌ ခမည်းတော် ထံ ဆုတောင်းကြရန် မိန့်တော်မူ၏။ သူက ''...ငါ အမှန် အကန် ဆိုသည်ကား၊ သင်တို့သည် ငါ၏နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်'' ဟု ဆိုသည်။ (ယော၊ ၁၆း၂၃)

(၂) ယေရှုသည် ကျွန်ုပ်တို့ကို အလုံးစုံ ကောင်းစွာ သိနားလည်ခြင်း ရှိတော်မူသည်။

သခင်ယေရှုသည် အဘယ်ကြောင့် ကျွန်ုပ်တို့ကို အလုံးစုံ ကောင်းစွာ သိနားလည်ကြောင်းကို သင် သိပါ သလား။ အဘယ်ကြောင့် ဆိုသော် သူသည် ဤလောက၌ လူသား တစ်ဦးအဖြစ် နေထိုင်ခဲ့သောကြောင့်ဖြစ်၏။ ကျမ်းစာ၌ ယေရှုသည် ဘုရားသခင်၏ ရှေ့တော်မှောက်၌ ကျွန်ုပ်တို့၌ သနားခြင်းဂရုဏာနှင့်၎င်း၊ အမြင့်ဆုံးသော ယဇ်ပုရောဟိတ်မင်း (ကိုယ်စားပြုအကျိုး ဆောင်သူ) ဖြစ်နိုင်ရန် သူသည် ကျွန်ုပ်တို့ ကဲ့သို့ဖြစ်ရမည် ဟူသောအရာသည် လွှဲရှောင်မရနိုင်သောအရာ ဖြစ်သည်။

သခင်ယေရှုသည် ဆင်းရဲခံရခြင်းနှင့်ငတ်မွတ်ခြင်း ဆိုသည်မှာ အဘယ်နည်း။ သူ သိတော်မူသည်။ သူသည် ငြင်းပယ် ခံရခြင်းနှင့် နားလည်မှု လွှဲမှားခံရခြင်းကို သိတော်မူသည်။ သူ သည် စုံစမ်းခြင်းနှင့် ငြင်းဆဲနှိပ်စက်ခံရခြင်း ဒုက္ခကို သိတော် မူသည်။ ကျွန်ုပ်တို့၌ ဖြစ်ပျက်နိုင်သောအရာ၊ သူ မသိသောအရာ တစုံတခုမျှ မရှိပါ။ ကျမ်းစာက သူသည်''ငါတို့ ယဇ်ပုရောဟိတ်မင်း သည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူ မဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်း နှောင့်ရှက်တို့ကို ခံဘူးသောသူ ဖြစ်တော် မူ၏။သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွှတ်တော်မူ၏''ဟု ဆိုသည်(ဟေဗြဲ၊ ၄း၁၅)

ယေရှုသည် ကိုယ်တိုင် ဒုက္ခဆင်းရဲခြင်းနှင့် စုံစမ်းသွေးဆောင်ခြင်းများကို ဖြတ်သန်း ကြုံတွေ့ခဲ့ရခြင်းကြောင့် ကျွန်ုပ်တို့ ဒုက္ခ ဆင်းရဲခြင်းနှင့် စုံစမ်းခြင်းများ ခံရချိန်၌ ထိုကဲ့သို့အရာများကို သူ သိတော်မူသည်။ သူသည် ကျွန်ုပ်တို့အတွက် စုံလင် ပြည့်စုံသော ကိုယ်စားပြု အကျိုးဆောင်သူ ဖြစ်သောကြောင့် သူသည် ကျွန်ုပ်တို့ကို ကောင်းစွာ သိနားလည်တော်မူသည်။

(၃) ယေရှုသည် ကျွန်ုပ်တို့ အပြစ်များအတွက် အပြစ်ဒါဏ်ကို ပေးဆပ်ခဲ့ပြီ။

ယေရှုသည် ကျွန်ုပ်တို့ အပြစ်များအတွက် အပြစ်ဒါဏ်ကို ပေးဆပ်ခဲ့ခြင်းကြောင့် သူသည် ကျွန်ုပ်တို့၏ ကိုယ်စားပြုအကျိုး ဆောင်သူ ဖြစ်ရသောအခွင့်အရေးသည် သူ၌ရှိ၏။ သူသည် ကျွန်ုပ်တို့အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ် အသေခံခြင်း၌ သူ ၏လက်များ၊ခြေများ၌ ရှိခဲ့သော သံရိုက်ရာများနှင့်နံဘေးတော်ရှိ လှံထိုးရာသည် အမှတ်ရစေသော သစ္စာတရားများ ဖြစ်သည်။

ကျွန်ုပ်တို့ အပြစ်ပြုသောအခါ ယေရှုသည် သူ၏လက်များ၌ရှိသော သံရိုက်ရာကို ညွှန်ပြလျက်၊ ပြောဆိုနိုင်သည်။ ''အဘ ဤ သူသည် အပြစ်ပြုခဲ့ခြင်းကို ကျွန်ုပ် သိပါသည်၊ သို့သော် သူ၏အပြစ်များအတွက် ကျွန်ုပ်ပေးဆပ်ခဲ့ပြီး။ အကျွန်ုပ်၏အသွေးဖြင့် သူ့ကို ကျွန်ုပ် ရွေးခဲ့ပြီး။ သူ့ကို ကျွန်ုပ် ပိုင်တော်မူ၏။'' ယေရှုသည် ကျွန်ုပ်တို့၏အပြစ်ဒါဏ်များကို ပေးဆပ်ခဲ့သောကြောင့် ဘုရား သခင်သည် ကျွန်ုပ်တို့ကို ခွင့်လွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကျွန်ုပ်တို့၏ ကိုယ်စားပြုအကျိုးဆောင်သူ အဖြစ် ယေရှုသည် ဘာကိုပြုလုပ်ပါသနည်း။

သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် ပြည့်စုံသော ကိုယ်စားပြုအကျိုးဆောင်သူ ဖြစ်ကြောင်းကို ကျွန်ုပ်တို့ မြင်ခဲ့ရပြီ။

ယခု သခင်ယေရှု ကြားဝင်ဆောင်ရွက်ပေးနေသော အကြောင်းအရာ လမ်းစဉ်သုံးမျိုး ကို ကျွန်ုပ်တို့ စဉ်းစားကြမည်။

၁။ သူသည် ကျွန်ုပ်တို့ စုံစမ်းခြင်းကို ခံရစဉ် ကျွန်ုပ်တို့အတွက် ဆုတောင်းပေးနေသည်။

၂။ သူသည် ကျွန်ုပ် အပြစ်ပြုခဲ့မိသောအခါ ကျွန်ုပ်အတွက် ကြားဝင်အကျိုးဆောင် ပေးပါသည်။

၃။ သူသည် ခမည်းတော်ထံ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများကို တင်ဆက်ပေးပါသည်။

ဤအကြောင်းအရာများကို စဉ်းစားဆင်ခြင် ကြပါစို့။

၁။ ခရစ်တော်သည် ကျွန်ုပ်တို့ စုံစမ်းခြင်းကို ခံရစဉ် ကျွန်ုပ်တို့အတွက် ဆုတောင်းပေးနေသည်။

ကျွန်ုပ်တို့သည် စာတန်၏စုံစမ်းသွေးဆောင်ခြင်းကိုခံရစဉ် ကျွန်ုပ်တို့သည် အပြစ်သို့မလိုက်ပါစေရန် သခင်ယေရှု အထူး ဆုတောင်း ပေးလျက်ရှိသည်။ သူ့ ခမည်းတော်ထံ ဆုတောင်းတော်မူသည်။ '' ဤသူတို့ကို ဤလောကမှ နှုတ်ယူတော် မူမည်အကြောင်း အကျွန်ုပ်တောင်း သည် မဟုတ်ပါ။ မကောင်းသော အမှုအရာနှင့် ကင်းလွှတ်စေခြင်းငှါ စောင်မ တော်မူမည် အကြောင်းကို သာတောင်းပါ၏။'' (ယော၊ ၁၇း၁၅)

ကျွန်ုပ်တို့သည် ဤလောက၌ ရှိနေစဉ်ကာလ ကျွန်ုပ်တို့ စုံစမ်းခြင်းကို ခံရကြပေလိမ့်မည်။ သို့သော် သခင်ယေရှုသည် ကျွန်ုပ်တို့ အတွက် ဆုတောင်းပေးလျက်ရှိသည်။ ခမည်းတော်၏ ဂတိရှိသည်မှာ ကျွန်ုပ်တို့ခွန်အားထက် ကျော်လွန်သော စုံစမ်းခြင်းကို သူ ခွင့်ပြု လိမ့် မည် မဟုတ်ပေ။ သူသည် ကျွန်ုပ်တို့အတွက် ထွက်မြှောက်ရာ လမ်း ကိုပြင်ဆင် ပေးပေလိမ့်မည်။ ကျမ်းစာက''...ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံ တော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည့် အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ ထွက်မြှောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။''ဟုဆိုသည်။ (၁ကော၊ ၁ဝး၁၃)

ဤအဓိပ္ပါယ်ကား ကျွန်ုပ် အပြစ်မလုပ်နိုင်တော့ခြင်းကို ဆိုလိုပါသလား။ ထိုသို့မဟုတ်ပါ။ ကျွန်ုပ် အပြစ် ပြုလုပ်နိုင် သေးသည်။ သို့သော် ကျွန်ုပ် အပြစ်ကို မပြုလုပ်ရပါ။ စုံစမ်းသွေးဆောင်ခြင်းကို ကျွန်ုပ် ခွင့်မပြုနိုင်ကြောင်း ပြောဆိုနိုင်သည်။

၂။ ခရစ်တော်သည် ကျွန်ုပ် အပြစ်ပြုခဲ့မိသောအခါ ကျွန်ုပ်အတွက် ကြားဝင်အကျိုးဆောင် ပေးပါသည်။

ကျွန်ုပ်တို့သည် ခရစ်တော်ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် လက်ခံစဉ် ကျွန်ုပ်တို့သည် ဘုရားသခင်၏မိသားစုတွင် မွေးခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ဆက်နွယ်တော်စပ်မှု အသစ်ကိုရရှိကြသည်။ သူသည် ကျွန်ုပ်တို့၏ ကောင်းကင်ဘုံအဖ ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် သူ၏သားသမီးများဖြစ်ကြသည်။

တစုံတခုသော အကြောင်းအရာက ဤ ဆက်နွယ်တော်စပ်မှုကို ချိုးဖျက်နိုင်ပါသလား။ မချိုးဖျက်နိုင်ပါ။ ဘုရားသခင်နှင့်

ကျွန်ုပ်တို့ကြား တော်စပ်သော သူ၏သားသမီးများအရာမှ ဘယ်သောအခါမျှ ချိုးဖျက်၍ မရပါ။ သို့သော် ဘုရားသားသမီးများ ဖြစ်သော ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးသော အခြားသော အကြောင်းအရာတခု ရှိပါသည်။ ဤကား ကျွန်ုပ်တို့၏ကောင်း ကင်ဘုံ အဖနှင့် ကျွန်ုပ်တို့ မိဿဟာယဖွဲ့ခြင်းဖြစ်သည်။

အခြားသောသူများနှင့် မိဿဟာယဖွဲ့ခြင်းသည် အဘယ်နည်း။ ကျွန်ုပ်တို့သည် ထိုသူများနှင့်အတူ ဝမ်းမြှောက်လျက်ရှိ နေခြင်းဖြစ်သည်။ ကျွန်ုပ်သည် သူတို့ကိုချစ်ခြင်းနှင့် သူတို့သည်လည်း ကျွန်ုပ်တို့ကို ချစ်ကြောင်းကို သိကြသည်။ ကျွန်ုပ်တို့သည် သူတို့နှင့် အတူ စကားပြောဆိုလိုခြင်း၊ ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်းနှင့်ကျွန်ုပ်တို့၏ပြသနာအခက်အခဲများကို သူတိုနှင့်အတူ ဝေမျှ ပြောဆိုလိုသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်တော်မူပြီး သူနှင့်ကျွန်ုပ်တို့ မိသဟာယဖွဲ့ရန် အလိုရှိတော်မူသည်။ သူနှင့်အတူ ဝမ်း မြောက်ခြင်း ရှိရန် သူသည် ကျွန်ုပ်တို့ကို အလိုရှိသည်။ သူသည် ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်းများ၊ ကျွန်ုပ်တို့၏ပြသနာများကို သူ့ထံ ကျွန်ုပ်တို့ ပြောကြား ရန် အလိုရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ သူ့ကို ချစ်ပြီး ကျွန်ုပ်တို့ကို သူ ချစ်ကြောင်း သိရန် အလိုရှိသည်။ ကျွန်ုပ်တို့ သူ၌ နာခံခြင်း ရှိသောအခါ သူနှင့်အတူအံ့ဘွယ်သော မိသဟာယဖွဲ့ခြင်း၌ ကျွန်ုပ်တို့ဝမ်းမြောက်ကြသည်။

ဤသို့ အဖဘုရားသခင်နှင့်မိသဟာယပြုခြင်းသည် ချိုးဖျက်နိုင်ပါသလား။ ချိုးဖျက်နိုင်ပါသည်။ မည်သည့်အရာက ချိုးပျက် စေပါသနည်း။ ''အပြစ်'' ဖြစ်သည်။ ကျွန်ုပ်တို့ အပြစ်ပြုသောအခါ အဖဘုရားသခင်နှင့် ကျွန်ုပ်တို့၏မိသဟာယကို ရပ်စဲ စေပါသည်။ သူနှင့်ကျွန်ုပ်တို့ သူ၏သားသမီးအရာ တော်စပ်ဆက်နွယ်မှုသည် မပြတ်တောက်ပါ သို့သော် အပြစ်သည် သူနှင့် မိသဟာယပြုခြင်းကို ရပ်စဲစေသည်။


အဖဘုရားသခင်နှင့် ကျွန်ုပ်တို့ မိသဟာယကို ပြန်လည်တည်ဆောက်နိုင်ပါသလား။ ပြန်လည်တည်ဆောက်နိုင်ပါသည်။ မည်သူ တည်ဆောက်ပေးပါသနည်း။ သခင်ယေရှုဖြစ်သည်။ ကျွန်ုပ်တို့ အပြစ်ပြုသောအခါ သူသည် ကျွန်ုပ်တို့အတွက် ကိုယ်စား ပြုအကျိုးဆောင်တော်မူသည်။ ကျမ်းစာက''ချစ်သားတို့၊သင်တို့သည် ဒုစရိုက်ကို မပြုစေခြင်းငှါ ဤအရာများကို သင်တို့အား ငါ ရေး၍ ပေးလိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါ တို့ အမှုဆောင် သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။''ဟုဆိုသည်။(၁ယော၊ ၂း၁)

ကျွန်ုပ်တို့ အပြစ်ပြုသောအခါ သခင်ယေရှုသည် ကျွန်ုပ်တို့အတွက် လျှောက်လဲပေးပါသည်။ သူသည် ခမည်းတော်ထံ သူ့နာမကြောင့် ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် ပြောဆိုပေးသည်။ ယေရှု မည်သူနည်းနှင့် ကျွန်ုပ်တို့အတွက် သူ ပြုပေးခဲ့သော အရာ များကြောင့် ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင် ခွင့်လွှတ်ခဲ့ခြင်းဖြစ်သည်။ ကျမ်းစာက''ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့်ကင်းလွှတ်သောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏''ဟုဆိုသည်။(၁ယော၊ ၂း၁၂)

ဘုရားသခင်သည် အပြစ်လွှတ်ခြင်းသာမက ခရစ်တော်၏အဖိုးထိုက်သော အသွေးနှင့် ကျွန်ုပ်တို့ကို သန့်ရှင်း စင်ကြယ် စေပြီး သူနှင့်အတူ တဖန် ပြန်လည် မိသဟာယ ဖွဲ့စေပါသည်။

မည်သည့်အချိန်၌ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ မိသဟာယဖွဲ့ခြင်းကို ပြန်လည်တည်ဆောက်ပါသနည်း။ အဖ ဘုရားသခင်ထံ ကျွန်ုပ်တို့၏အပြစ်များကို ဝန်ချတောင်းပန်ပြီး တခဏခြင်းတွင် ကျွန်ုပ်တို့၏မိသဟာယသည် ပြန်လည်တည် ဆောက် ပြီးဖြစ်သည်။ ကျမ်းစာက''ကိုယ့်အပြစ်တို့ကိုဖေါ်ပြတောင်းပန်လျှင် ငါတို့အပြစ်များကိုလွတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင် စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ ပြည့်စုံတော်မူ၏''ဟုဆိုသည်။(၁ယော၊ ၁း၉)

ဤ သည်ကား အပြစ်ကို နေ့စဉ်ပြုလုပ်ရန် ကျွန်ုပ်တို့ဆုံးဖြတ်နိုင်ပြီး၊ ထိုနောက် ဘုရားသခင်ထံ ဝန်ချတောင်းပန်ပြီး၊ အရာအားလုံး ပြေလည်ပြီးဟု ထင်မြင်ယူဆနေခြင်းဟူသော အဓိပ္ပါယ်ကို ဆိုလိုပါသလား။ ထိုသို့ လုံးလုံး မဟုတ်ပါ။ ဤကဲ့သို့ သော နည်းမျိုး ကျွန်ုပ်၌ ယူဆ နေခဲ့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏မိသားစုထဲ၌ ဧကန် ရှိမရှိ မြင်နိုင်ရန် ကျွန်ုပ်တို့ ကိုယ်ကို ပြန်လည် စစ်ဆေးမေးမြန်းသင့်သည်။ စစ်မှန်သော ဘုရားသခင်၏သားသမီးများသည် ကောင်းကင်ဘုံအဖ၏စိတ်တော်နှင့် တွေ့ ရန်ကိုသာ အလိုရှိပြီး၊ ဘုရားသခင် မုန်းတော် မူသော အရာများကို သူသည် မုန်းတော်မူလိမ့်မည်။

၃။ ခရစ်တော်သည် ခမည်းတော်ထံ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများကို တင်ဆက်ပေးပါသည်

သခင်ယေရှုသည် ကျွန်ုပ်တို့ စုံစမ်းနှောင့်ရှက်ခြင်းကိုခံစဉ် ဆုတောင်းပေးခြင်း၊ ကျွန်ုပ်တို့အပြစ်ပြုစဉ် ခပည်းတော်နှင့် ကျွန်ုပ်တို့၏ မိသဟာယကို ပြန်လည်တည်ဆောက်ပေးခြင်းတို့ကို ကျွန်ုပ်တို့မြင်တွေ့ခဲ့ပြီ။ သို့ပြင် အခြားသော အံ့ဘွယ်သောအရာ တခုရှိပါသည်။ သူသည် ကျွန်ုပ်တို့၏ဆုတောင်းခြင်းများကို ခမည်းတော်ထံတင်ဆက်ပေးပါသည်။

လူများယူဆသည်မှာ တစ်ဦးတယောက်သည် ဘုရားသခင်ထံဆုတောင်းနိုင်ပြီး၊ ဘုရားသခင်သည် သူ၏ဆုတောင်းခြင်း ကို နားညောင်းပေလိမ့်မည်။ သို့သော် ဤကဲ့သို့ မဟုတ်ပါ။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံခြင်းရှိသူများသာ ဘုရား သခင်ကို ကောင်းကင်ဘုံအဖအနေဖြင့် ဆုတောင်းနိုင်သည်။ ဘုရားသခင်သည် ကျွန်ုပ်၏ဆုတောင်းခြင်းကိုနားညောင်းပြီး အဖြေ ရလိုသော် သင်သည် ယေရှု၏နာ၌ဆုတောင်းရမည်။ သခင်ယေရှုက'' ငါ အမှန်အကန်ဆိုသည်ကား၊ သင်တို့သည်ငါ၏နာမ ကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်း သမျှ တို့ကိုခမည်းတော်သည်ပေးတော်မူမည်''ဟုဆိုသည်။(ယော၊ ၁၆း၂၃)

ကျွန်ုပ်တို့ဆုတောင်းစဉ် သခင်ယေရှုသည် ကျွန်ုပ်တို့၏ကြီးမြတ်သော ကိုယ်စားပြုအကျိုးဆောင်သူဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများကို ခမည်းတော်ထံ တင်ဆက်ပေးပါသည်။ သူသည် ခမည်းတော်ထံ ကျွန်ုပ်တို့၏တောင်းခံမှုများ ကို သူ့နာမကြောင့် ခွင့်ပေး ရန် ပြောပါသည်။ အကြောင်းမှာ ယေရှုသည် မည်သူဖြစ်ခြင်းနှင့်ကျွန်ုပ်တို့အဖို့ သူ ပြုလုပ်ပေးခဲ့ခြင်းက ကျွန်ုပ်တို့၏ဆုတောင်းခြင်းများကို ဘုရားသခင်သည် နားညောင်းခြင်းနှင့်အဖြေပေးခြင်းဖြစ်သည်။

ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ ဘုရားသခင်ထံ ရဲရင့်စွာ လာရောက်တိုးဝင်နိုင်ခြင်းအခွင့်ကို ရကြပြီ

သခင်ယေရှုသည် ကျွန်ုပ်တို့အဖို့ ပြည့်စုံသော ကိုယ်စားပြုအကျိုးဆောင်သူ ဖြစ်ကြောင်း လေ့လာနားလည်ခဲ့ရပြီ။ သူ သည် ကျွန်ုပ် တို့အတွက် နေ့စဉ် ဆုတောင်းပေးနေသည်။ ကျွန်ုပ်တို့ ကူညီမှုလိုအပ်စဉ် သူ ကျွန်ုပ်တို့ကို အဝေးသို့မလှည့်စေပါ၊ သို့ သော် သူသည် သူ၏ ခွန်အားကို ကမ်းလှမ်းတော်မူသည်။ ကျွန်ုပ်တို့ လဲကျစဉ်ခါ သူသည် ကျွန်ုပ်တို့ကို အပြစ် မတင်ပါ။ သို့ သော် သူသည် ကျွန်ုပ်တို့၌ သီးခံသော သဘော၊ သနားခြင်းကရုဏာသဘော ရှိတော်မူသည်။ သူသည် ကျွန်ုပ်တို့အဖို့ ခမည်းတော် ဘုရားသခင်နှင့် ကြားဝင် ကိုယ်စားပြုသော ကြောင့် အဖဘုရားသခင်နှင့် ကျွန်ုပ်တို့၏ မိသဟာယကို ပြန်လည် တည်ဆောက်နိုင် ခြင်း အခွင့် ရကြသည်။ သင်သည် အောင်မြင်ရန် လမ်းကို မမြင်နိုင်သော စုံစမ်းနှောင့်ရှက်ခြင်း၌ ဒုက္ခရောက်နေပါသလား။ သို့ဖြစ်သော် အဖဘုရားထံ သခင်ယေရှုအားဖြင့် လာပါ။ သင်သည် ထိုအရာများအပေါ် အောင်မြင်ခြင်းကိုပေးရန် သူ့ထံ၌ တောင်းခံပါ။

သင်သည် အပြစ် ပြုခဲ့ပါသလား။ အဖဘုရားသခင်နှင့် သင်သည် မိသဟာယဖွဲ့ခြင်း၌ ရပ်စဲ နေပါသလား။ ခရစ်ယာန်ဖြစ် သော သင်၏ဝမ်းမြောက်ခြင်း ပျောက်ဆုံးနေပါသလား။ အဖဘုရားထံ သင်၏ကြီးမြတ်တော်မူသော အကျိုးဆောင် သခင်ယေရှု ခရစ်အားဖြင့် သင်သည် လာပါ။ ဘုရားသခင်ထံ အပြစ်ဝန်ချပြီး၊ သင့်အပြစ်များကိုခွင့်လွတ်ရန် သူ့ကို ပြောပါ။ သခင်ယေရှုသည် သင်နှင့် ဘုရားသခင်တို့၏ မိသဟာယကို ပြန်လည်တည်ဆောက် ပေးလိမ့်မည်။

သင်သည် ကြီးစွာသောကူညီမှုကို လိုအပ်နေပါသလား။ သင့်အသက်တာ၌ သို့မဟုတ် သင်ချစ်ခင်ရသောသူ တစ်ဦး၌ တစ်စုံတစ်ခု သောပြသနာအားဖြင့် သင်သည်ဒုက္ခနှင့် ကြုံတွေ့နေရပါသလား။ သို့ဖြစ်လျှင် အဖ ဘုရားထံ ယေရှု၏နာမ၌ ဆုတောင်းပါ။ သခင်ယေရှုသည် ဘုရားသခင်၏ ချစ်တော်မူသော သားတော်ဖြစ်သည်။ သူသည် သင်၏ဆုတောင်းခြင်းများကို ခမည်းတော်ထံ တင်ဆက်ပေလိမ့်မည်။ ကျမ်းစာက''ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်း အကြီးတည်းဟူ သော ဘုရားသခင်၏ သားတော် ယေရှုသည် ငါတို့၏ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့် ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ ၌ တည်ကြည်ကြကုန်အံ့။...ထိုကြောင့် ငါတို့ သည် သနားခြင်းကရုဏာကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည် အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူး ပလ္လင်တော် သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။''ဟုဆိုသည်။(ဟေဗြဲ၊ ၄း၁၄၊၁၆)


ရှာဖွေတွေ့ရှိခဲ့ရသော သမ္မာကျမ်းစာ ရတနာ

ယေရှုခရစ်သည် ကျွန်ုပ်၏ကြီးမြတ်တော်မူသော ကိုယ်စားပြု အကျိုးဆောင်သူ ဖြစ်သည်။ ကျွန်ုပ်၏လိုအပ်မှု အရာအားလုံနှင့် အတူ ဘုရားသခင်ထံ သူ့(ယေရှုခရစ်)အားဖြင့် ရဲရင့်စွာ တိုးဝင်ခြင်းငှါ ကျွန်ုပ် လာနိုင်ပြီ။


မေးခွန်းများ

၁။ သခင်ယေရှု၏ ပစ္စုန်ပန် အမှုဆောင်ခြင်းသည်

(က) မကောင်းသောလူများအားလုံးကို တရားစီရင်လျှက်ရှိနေသည်။

(ခ ) သူ၌ ယုံကြည်ကြသော ကျွန်ုပ်တို့အတွက် ဆုတောင်းလျှက်ရှိသည်။

(ဂ ) ဘုရားသခင်၏အကြံပြုချက်များကို ပေးလျှက်ရှိသည်။

၂။ ယနေ့ ကျွန်ုပ်တို့၌ ကြားဝင် ကိုယ်စားပြု အကျိုးဆောင်တဦး(ကျွန်ုပ်တို့အတွက် ဆုတောင်းပေးမည့်သူ) လိုအပ်ရခြင်းမှာ၊

(က) စာတန်သည် ကျွန်ုပ်တို့ကို ဘုရားသခင်၏ မိသားစု အပြင်ဘက်သို့ရောက်အောင် ထုတ်ဆောင်နိုင်သည်။

(ခ ) အကျိုးဆောင်တဦးရှိခြင်းသည် ကောင်းပေသည်။

(ဂ ) ကျွန်ုပ်တို့၌ ဘုရားသားသမီးများ အားလုံးကို အလွန်မုန်းတီးသော မဟာရန်သူ စာတန်ရှိသည်။

၃။ ဟေဗြဲ ၉း၂၄ အရ၊ ယေရှု သည် ယခု အဘယ်မှာရှိပြီး သူ အဘယ်အမှုကို ပြုနေပါသနည်း။

(က) သူသည် ကောင်းကင်ဘုံ တနေရာရာမှာရှိနေပြီး ကျွန်ုပ်တို့အတွက် လုပ်ဆောင်ရန် ဘာမျှ မလိုတော့ပါ။

(ခ ) သူသည် ဘုရားသခင်၏ မျက်မှောက်တော်၌ရှိနေပြီး ကျွန်ုပ်တို့အတွက် ဆုတောင်းခြင်း(အကျိုးဆောင်ခြင်း) ပြုလျှက် ရှိသည်။

(ဂ ) သူသည် ကြီးစွာသော အားတခုကဲ့သို့ လေထဲ၌ ပျံဝဲ လျှက် နေသည်။

၎။ ယေရှုသည် ကျွန်ုပ်တို့အတွက် စုံလင်သော ကိုယ်စားပြု အကျိုးဆောင် ဖြစ်နေရခြင်းမှာ၊

(က) သူသည် ကျွန်ုပ်တို့၌ အလုံးစုံ သိတော်မူသည်။

(ခ ) ကျွန်ုပ်တို့ ကြီးစွာသော သွေးဆောင်ခြင်းကို ဘယ်သောအခါမျှ မရင်ဆိုင်ရပါ။

(ဂ ) စာတန်သည် ဘုရား၏သားသမီးများကို ယနေ့ စုံစမ်းသွေးဆောင်ခြင်း မပြုပါ။

၅။ ၁ကော၊ ၁၀း၁၃ က ကျွန်ုပ်တို့ကို ဖေါ်ပြထားသည်မှာ၊

(က) ခရစ်ယာန်များသည် ဘယ်သောအခါမျှ အပြစ် မပြုလုပ်တော့ပါ။

(ခ ) ခရစ်ယာန်များသည် အပြစ်ကို မပြု လုပ်ရပါ။

(ဂ ) ကျွန်ုပ်တို့ အပြစ်ပြုခဲ့သော် ဘုရားသခင်က အမှုမထားတော့ပါ။

၆။ အပြစ်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏မိတ်သဟာယကို ကျိုးပျက်စေသည်၊ သို့သော်၎င်းကို ပြန်လည်တည်ဆောက်နိုင်သည်။

(က) ကျွန်ုပ်တို့ အပြစ်ကို မေ့ပြစ်လိုက်သောအခါ။

(ခ ) ဘုရားသခင်ထံ ကျွန်ုပ်တို့ အပြစ် ၀န်ချတောင်းပန်သောအခါ။

(ဂ ) သန့်ရှင်းခြင်းရှိရန် ကျွန်ုပ်တို့ အထူးကျိုးစား လုပ်ဆောင်သောအခါ။

၇။ ဘုရားသခင်နှင့် ကျွန်ုပ်တို့ ခရစ်ယာန်များအဖြစ် ဆက်နွယ်တော်စပ်ခြင်းသည်

(က) ကျွန်ုပ်တို့ ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းနှင့် ဘုရားကျောင်းသို့ သွားခြင်း မရှိလျှင် ကျိုးပျက်နိုင်သည်။

(ခ ) ကျွန်ုပ်တို့ ပညတ်တော် ဆယ်ပါး၌ နာခံခြင်း မရှိလျှင် ကျိုးပျက်နိုင်သည်။

(ဂ ) မကျိုးပျက်နိုင်ပါ။

၈။ စစ်မှန်သော ဘုရားသခင်၏သားသမီးများသည်

(က) သူ၏ ကောင်းကင်ဘုံ အဘ ကို နှစ်သက်စေရန် ပြုလိုသည်။

(ခ ) သူ၏ ကောင်းကင်ဘုံ အဘ နှစ်သက်စေရန် အမှုကို အရေးမထားပါ။

(ဂ ) သူ့ကိုယ်ကို သာ နှစ်သက်စေရန်သာ အသက်ရှင်သည်။

၉။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဆုတောင်းခြင်းများကို အဖြေပေးရခြင်းမှာ

(က) ကျွန်ုပ်တို့သည် အထူးကောင်းမွန်သော ခရစ်ယာန်များ ဖြစ်ခြင်းကြောင့် ဖြစ်သည်။

(ခ ) ယေရှု မည်သူ ဖြစ်သည် နှင့် ကျွန်ုပ်တို့အတွက် သူ ပြုခဲ့သော အမှုများကြောင့် ဖြစ်သည်။

(ဂ ) ဘုရားသခင်ကိုနှစ်သက်စေသော ရှည်သော ဆုတောင်းခြင်းများနှင့် ကျွန်ုပ်တို့ ဆုတောင်းသောကြောင့် ဖြစ်သည်။

၁၀။ ယေရှုသည် ကျွန်ုပ်တို့အတွက် အဆက်မပြတ် ကြားဝင် ကိုယ်စားပြု အကျိုးဆောင်ခြင်းကြောင့် ကျွန်ုပ်တို့သည်

(က) ဘုရားသခင်ထံ ရဲရင့်စွာ အစဉ်အမြဲ တိုးဝင်နိုင်သည်။

(ခ ) အပြစ်ကို အချိန်မရွေးပြုလိုက ပြုနိုင်ပြီး၊ ယင်း၏အကျိုးဆက်ကို စိုးရိမ်စရာ မလိုပါ။

(ဂ ) ဆုတောင်းခြင်းကို ပြစ်ထား၍ ရနိုင်သည်။


ဤ သင်ခန်းစာ၌ မည်သည့် အရေးကြီးဆုံး သောအရာကို သင်သည် လေ့လာ သင်ယူခဲ့ရပါသနည်း။




Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support