HCF
HCF MYANMAR IN SINGAPORE
Saturday, August 24, 2013
သန့်ရှင်းရာ၌တည်စေခြင်း
သင်ခန်းစာ အမှတ် (၁၅)
ဖြောင့်မတ်ရာ၌တည်စေခြင်းနှင့် သန့်ရှင်းရာ၌တည်စေခြင်း။
(JUSTIFICATION AND SANCTFICATION)
 “နိဒန်း”
            အခြေခံပုံသေယုံကြည်ချက် (doctrine) ကိုသင်၏အသက်တာတွင် အသက်ရှင်စေလို၍ ဤသင်ခန်းစာတွင် ထည့်သွင်းထားပါသည်။ ကယ်တင်ခြင်းတွင်ပါဝင်သော ရွေးနှုတ်ဝယ်ယူခြင်း (redemption) ပြန်လည်သင့်မြတ်ခြင်း  (reconciliation) အစားထိုးဝင်ရောက်ခြင်း (Propitiation ) မွေးစားခြင်း adoption စသော ဝေါဟာရများ၏ ဆိုလိုရင်း ကိုရှင်းလင်းစွာ သဘောမပေါက်လျှင်၊ ရရှိထားသောကယ်တင်တော်မူခြင်း ကောင်းကြီးမင်္ဂလာ၏ ကြွယ်ဝမှုကို အပြည့် အစုံသိရှိခံစားနိုင်မည်မဟုတ်ပါ။
ဤအကြောင်းအရာများကို လေ့လာခြင်းသည် ပျင်းရိဘွယ်ဖြစ်ရန်မလိုပါ။ ဤအကြောင်းအရာများကို နားလည်သဘောပေါက်လျက် မိမိအသက်တာတွင် လက်တွေ့အသုံးချနိုင်ရန်နည်းလမ်းမှာ၊ သင်၏အသက်တာကို ခရစ်တော်နှင့်ဒွန်တွဲတိုးတက်စေရန်သာဖြစ်ပါသည်။
            ဤသင်ခန်းစာတွ် ဖြောင့်မတ်ရာ၌ တည်စေခြင်းနှင့် သန့်ရှင်းရာ၌တည်စေခြင်းဟူသော အခြေခံပုံသေယုံ ကြည်ချက်တို့၏အဓိပ္ပါ့ယ်နှင့် အရေးပါအရာရောက်မှုကို ပေါ်လွင်ထင်ရှားအောင်ဖော်ပြလိုပါသည်။ သင်ခန်းစာပါ တန် ဘိုးကြီးလှသော သစ္စာတရားသည် သင်၏စိတ်ဝိညာဉ်ကိုဝမ်းမြောက်မှုပေးနိုင်ပါစေသော။
ဤသင်ခန်းစာအရေးကြီးပုံ။
          “သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ် (ဖြောင့်မတ်ခြင်း)ကို အဘယ်သို့ရနိုင်သနည်း” (ယောဘ ၂၅း၎)ဟု ယောဘ၏မိတ်ဆွေရှုအာအမျိုးသားဗိလဒဒ်သည် မေးခဲ့ပါသည်။ ထိုမေးခွန်းသည် ခေတ် အဆက် ဆက် လူသားအားလုံးတို့မေးလိုသော မေးခွန်းပင်ဖြစ်ပါသည်။ ဥပဒေကို ကျူးလွန်ထားသူ၊ ခရစ်တော် ကိုငြင်းပယ်ခဲ့သူ၊ အမျက်တော်ကိုခံထိုက်သောသူ အားအလွန်သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်သည် အပြစ် မရှိတော့ဟု ကြေညာလျက်ဖြောင့်မတ်သောသူဖြစ်သည်ဟု မည်သို့ သတ်မှတ်ပေးနိုင်ပါမည်နည်း။ ထိုအမှုသည် ဖြစ်နိုင်သော အမှု ဖြစ်ပါသည်။ လူသားတစ်ဦးအနေဖြင့် ကြားဘူးသော သတင်းများတွင် အကောင်းဆုံးသော သတင်းလည်း ဖြစ်နိုင် ပါသည်။ ဤသင်ခန်းစာသည် ထိုသတင်းကောင်းအကြောင်းဖြစ်ပါသည်။ ဖြောင့်မတ်စေခြင်းသည် ရပ်တည်မှုအခြေ အနေသတ်မှတ်ချက်တစ်ရပ်ဖြစ်ပြီး သန့်ရှင်းစေခြင်းသည်လက်တွေ့သဘောဖြစ်လျက် နေ့စဉ်အသက်တာနှင့် ဆက်စပ် လျက်ရှိပါသည်။ ဖြောင့်မတ်ရာ၌တည်စေခြင်းသည် ဘုရားသခင်က ကျွန်ုပ်တို့အားမြင်သောအမြင်ဖြစ်လျက်၊ ထိုအမြင် နှင့်အညီ ကျေညာပေးခြင်းဖြစ်ပါသည်။ သန့်ရှင်းစေခြင်းသည် ခရစ်တော်၌ ကျွန်ုပ်တို့ရပ်တည်မှုအခြေအနေသာမဟုတ် ပဲ၊ သန့်ရှင်းသောအသက်တာ၌ ကျွန်ုပ်တို့အသက်ရှင်လာသည်နှင့်အမျှအစဉ်တိုးတက်လျက်ရှိပါသည်။ ထိုအခြေခံ ပုံသေယုံကြည်ချက်နှစ်ရပ်လုံးသည် ဖြောင့်မတ်ခြင်း righteousness နှင့် စပ်ဆိုင်သောကြောင့် ဤသင်ခန်းစာတွင် ပေါင်း၍ လေ့လာခြင်းဖြစ်ပါသည်။
သင်ခန်းစာ
၁။       ဖြောင့်မတ်ရာ၌ တည်စေခြင်း (Justfication)
          (က)    အဓိပ္ပါယ်။
                        (၁)        “သူလုပ်ခဲ့တာတွေကြည့်ရင် ဖြောင့်မတ်တယ်လို့ပြောနိုင်စရာမရှိပါဘူး” တရားသူကြီးရှေ့ မှာ သူအပြုအမူဟာဖြောင့်မတ်တယ်လို့သူပြောတာပဲ” စသည်ဖြင့် နေ့စဉ်ပြောဆိုတတ်ကြ ပါသည်။ နှစ်ရပ်လုံတွင် “အမှန်ကိုလုပ်ဆောင်ခြင်း”နှင့် ပတ်သက်နေပါသည်။ သူ့အပြု အမူမှန်တယ်လို့မပြောနိုင်ဘူး” သို့မဟုတ် တရားသူကြီးရှေ့မျာ သူ “မှန်ကြောင်း တင်ပြ နေတာပဲ” ဓမ္မသစ်ကျမ်းစာတွင် စကားလုံးအသုံးအနှုန်းမှာ ထိုသဘောပင်ဖြစ်ပါ သည်။ “ဖြောင့်မတ်စေသည်” “ဖြောင့်မတ်ရာ၌ တည်စေခြင်း”စသော စကားလုံးများသည် righteous ဖြောင့်မတ်သော righteousness ဖြောင့်မတ်ခြင်း၊ အမှားမရှိခြင်းနှင့် တိုက်ရိုက် ဆက်နွယ်လျက်ရှိပါသည်။ ဂရိဘာသာအားဖြင့် တူညီသောစကားရပ်မှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။
verb =dikaioo    =          မှန်ကန်ဖြောင့်မတ်သည်ဟု ကျေညာသည်။ “ဖြောင့်မတ်စေသည်” ဖြောင့်မတ်ရာ၌ တည်စေသည်။
Noun-dikaiosune            =          မှန်ကန်နေခြင်း၊ ဖြောင့်မတ်စေခြင်း၊ ဖြောင့်မတ်ရာ၌ တည်စေခြင်း။
Adjective = dikaios         =          မှန်သောဖြောင့်မတ်သော။
                        (၂)        Justification = ဖြောင့်မတ်ရာ၌တည်စေခြင်းတွင် (၂)မျိုးပါဝင်သည်။
                                    (က)      အပြစ်/ဒုစရိုက်အနာအဆာ၊ အမှားအားလုံးတို့မှ အပြစ်ဖြေလွှတ်ခြင်း၊ ရော ၈း၁၊ ၃၁ နှင့် တမန်တော်၊ ၁၃း၃၈၊ ၃၉။
                                    (ခ)        ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြင့် အစားထိုး၍ ဘုရားသခင်၏မျက်နှာသာလုံးဝ ရရှိစေခြင်း။ ရော ၃း၂၂၊ ၄း၅။
                        (၃)        ဖြောင့်မတ်ရာ၌ တည်စေခြင်းကြောင့် လက်တွေ့တွင် ကျွန်ုပ်တို့သည် အမှားကင်း၍ မသွားပါ။ တရားရုံး၏ ဝေါဟာရဖြစ်လျက်၊ ကျွန်ုပ်တို့သည် ယုံကြည်သူဖြစ်လာသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းမျှသာဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုလျှင် ကျွန်ုပ်တို့သည် သခင်ယေရှု၏ကယ်တင်တော်မူခြင်း၌ ကိုးစား လာသောအခါ ဖြစ်ပေါ်သောဘုရားသခင်၏ အမြင်နှင့် ဆက်စပ်လျက်ရှိပါသည်။
                                    အာဒံနှင့် အပြစ်ကြောင့် ပျက်စီးသွားခဲ့သော ဘုရားသခင်နှင့် ဆက်ဆံမှုအခြေအနေနှင့် သက်ဆိုင်ပါသည်။ ထိုပျက်ပြားသွားသော ဆက်ဆံရေးသည် မျက်နှာသာပေးခြင်း၊ လက်ခံ တော်မူခြင်းနှင့် ကောင်းကြီးပေးခြင်းအဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ပါသည်။ ယုံကြည်သူ တစ်ဦးအနေဖြင့် ရပ်တည်နေခြင်းနှင့်သာ သက်ဆိုင်၍ အမှန်ရှိနေသော ဖြစ်ရပ်နှင့် မသက် ဆိုင်ပါ။ ကျွန်ုပ်တို့၏အခြေအနေမှန်မှာ ၀ိညာဉ်ရေးရာ အခြေအနေဖြစ်၍အသစ်တဖန်ဖြစ် ပွားစေခြင်းနှင့် သန့်ရှင်း သည်ဟု မှတ်ယူခြင်းအဆင့်ဖြစ်ပါသည်။
                        (၄)        ဖြောင့်မတ်ရာ၌ တည်စေခြင်းဆိုသည်မှာ အပြစ်သားသည် ယုံကြည်လာသောအခါ ခရစ်တော်နှင့် နေရာချင်းလဲလှယ်သည့် ရလဒ်ဖြစ်ပါသည်။ ၂ကော ၅း၂၁။
                                    (က)      ခရစ်တော်သည် အပြစ်ရှိသောသူဖြစ်လာသည်။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သူ (အပြစ်မရှိသူ) ဖြစ်လာပါသည်။
                                    (ခ)        ခရစ်တော်သည် ယုံကြည်သူအပြစ်သားနှင့် ပတ်သက်နေသောကြောင့် ကျွန်ုပ် တို့၏ အပြစ်များအား ကိုယ်တော်အပြစ်များအဖြစ် ဘုရားသခင်က အသိအမှတ်ပြုတော်မူ ပါသည်။ ယုံကြည်သူအပြစ်သားသည်လည်း ခရစ်တော်နှင့် ပတ်သက်နေသောကြောင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့၏ ဖြောင့်မတ်ခြင်းဟု အသိအမှတ်ပြုလိုက်ခြင်း ဖြစ်ပါသည်။
                        (၅)        ဖြောင့်မတ်ရာ၌ တည်စေခြင်းဟု ဆိုရာတွင်၊ တရားသူကြီးသည် အပြစ်ဒါဏ်မခံရဟု စီရင်ခြင်းသက်သက်မျှသာမဟုတ်ပါ။ တစ်ကြိမ်တစ်ခါမျှအပြစ်မပြုခဲ့ဘူးသကဲ့သို့ မှတ်ယူ လျက်သင့်မြတ်သော ဆက်ဆံမှုနှင့် အခွင့်အရေးအားလုံးကို ပြန်လည်ပေးအပ်ခြင်းဖြစ်ပါ သည်။
                        (၆)        သခင်ယေရှုခရစ်ကိုယုံကြည်လျက်၊ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းဝတ်လုံတော်ကို ခြုံထား ပြီး ဘုရားသခင်၏တရားခွင်သို့ဝင်ကာ၊ စင်္ကြာဝဠာတစ်ခုလုံး၏ တရားသူကြီးက “အပြစ်မရှိ”ဟု အမိန့်ချမှတ်သော စီရင်ချက်ကိုကြားနာလိုက်ခြင်းဖြစ်ပါသည်။ ရော ၈း၁။
            (ခ)     အခွင့်အာဏာ။ ကျွန်ုပ်တို့သည် မည်သူ၏ နုတ်ထွက်စကားဖြင့် ဘုရားသခင်ရှေ့တော်မှောက်တွင် အပြစ်အနာအဆာမရှိဟု မည်သို့ခံယူပိုင်ပါသနည်း။
                        (၁)        အဖြေပေးသူမှာ ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ပါသည်။
                                    ရော ၃း၂၆-၃၀။ ၃၃ကိုဖတ်ပါ။
            (ဂ)      မည်သည့်အခွင့်အာဏာအားဖြင့် ကျွန်ုပ်တို့အားဖြောင့်မတ်ရာ၌ တည်စေနိုင်၍ ထိုအခွင့်၏အရင်း အမြစ်၊ မူလဇစ်မြစ်သည်အဘယ်မှာနည်း။
                        (၁)        အဖြေမှာ “ကျေးဇူးတော်”ဖြစ်ပါသည်။ တိ ၃း၇။ ဂလ၊ ၅း၎။ ရော ၃း၂၄
                                    ကျေးဇူးတော်အားဖြင့်ဟုဆိုသောကြောင့် အခမဲ့ဖြစ်ပါသည်။ မထိုက်မတန်သော်လည်း ခရစ်တော်အားဖြင့်သာရရှိသောဘုရားသခင်၏ မျက်နှာသာဖြစ်ပါသည်။
            (ဃ)      မည်သည့်နည်းအားဖြင့်ရနိုင်သနည်း။
                        (၁)        သွန်းတော်မူသောခရစ်တော်၏အသွေးအားဖြင့်။
                                    ဟေဗြဲ ၉း၂၂။ ရော။ ၅း၉။
                                    ခရစ်တော်ရွေးနှုတ်တော်မူသောအားဖြင့်။ ရော ၃း၂၄။
                                    ဖြောင့်မတ်ရာ၌တည်စေခြင်းသည် ဈေးမပေါပါ။ တန်ဖိုးမနည်းပါ။ ခရစ်တော်အဘိုးအခ ပေးခြင်းသာဖြစ်ပါသည်။ ခရစ်တော်၏ “သေစားသေခြင်း” အားဖြင့်။ တော၌ လှည့်လည် ကြစဉ် တဲတော်တွင် ကျေးဇူးတော်ပလ္လင်၌အသွေးကိုမြင်ရသောအခါ  ဘုရားသခင်သည် အပြစ်အတွက် ၀န်ချပြီးဟု မှတ်ယူသည်။ ခရစ်တော်၏ အသွေး၌ ကျွန်ုပ်တို့အဖြစ်၏ အဖိုးအခပေးပြီး ဘုရားသခင်က မြင်တော်မူပါသည်။ ကိုယ်တော်၏သန့်ရှင်းတော်မူခြင်း၏  ကျေနပ်မှုရရှိပြီးဖြစ်သည်။ သခင်ယေရှုသည် ယုံကြည်သူအပေါင်းတို့အား “တရားသဖြင့် ပြုတော်မူသောသူ၊ အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှာ ခန့်ထားသောသူ”ဖြစ်ပါသည်။ ရော ၃း၂၆။
            (င)        ကျွန်ုပ်တို့ရရှိသော ဖြောင့်မတ်ရာ၌ တည်စေခြင်းသည် မည်မျှပြည့်စုံပါသနည်း။
                        (၁)        အပြစ်ရှိသမျှမှလွှတ်ခြင်း၊ တ ၁၃း၃၈-၃၉။ ရော၊ ၈း၁။
                        (၂)        ခပ်သိမ်းသော ဒုစရိုက် တိ၊ ၂း၁၄။
                        (၃)        ငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူပြီ။ ဟေရှာ ၅၃း၆။
                        (၄)        ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ငါတို့၌ တင်တော်မူပြီ။
                                    ရော ၃း၂၂။
            (စ)        မည်သည့်နည်းလမ်းအားဖြင့် ဖြောင့်မတ်စေသနည်း။
                        (၁)        ယုံကြည်ခြင်းတစ်ခုတည်းဖြင့်သာ၊ ဂလ ၂း၁၆၊ ၃း၈၊ ၁၁။
                                    ဟာဗက္ကုတ် ၂း၎။ ရော ၁း၁၇၊ ဟေ ၁၀း၃၈။
                                    ယခုရောမ၊ ၃း၂၅-၂၈။ ၄း၂-၅ ကိုဖတ်ပါ။
                        (၂)        တစ်စုံတစ်ယောက်သောသူသည် စိတ်နေသဘောထားကောင်းမြတ်ပါသည်။ အိမ်ထောင် ကိုလည်းပြုစုသည်။ ဇနီးသည်အားလည်းချစ်သည်။ ရပ်ကွက်လူမှုရေးကိစ္စများတွင် ပါဝင် လှုပ်ရှားသည်။ အကြွေးကိုလည်းဆပ်သည်။ အကျင့်စာရိတ္တလည်းကောင်းသည်။ ထိုသို့ ဖြစ်လျှင် ထိုသူသည်အဘယ်ကြောင့်ဖြောင့်မတ်ရာ၌တည်စေခြင်းအခွင့်မရနိုင်သလော။
                                    (က)      ဘုရားသခင်သည် မည်သည့်လူသားကိုမျှ ဖြောင့်မတ်သည်ဟုမမြင်ပါ။ ရော၃း၂၃။ ဟေရှာ ၅၃း၆။ ၆၄း၆။
                                    (ခ)        ကယ်တင်ခြင်းသည် ကျေးဇူးတော်အားဖြင့် ဖြစ်၍ အကျင့်စာရိတ္တအားဖြင့်၊ သို့မဟုတ်ကျင့်စောင့်ခြင်းအားဖြင့်မရနိုင်ပါ။ ဧ ၂း၈-၉ ရော ၄း၅။
                                    (ဂ)        အကျင့်တရား၊ ပညတ်တရားသည်လူတို့အား ဖြောင့်မတ်ခြင်း၊ တို့ကိုမပေးနိုင်။ ဖြောင့်မတ်စွာအသက်ရှင်စေရန်လည်းရည်ရွယ်ခြင်းမရှိပေ။
                                                (၁)        ရော၊ ၃း၂၀ ကိုဖတ်ပါ။ “ထိုသို့”ဟူသော စကားလုံးသည် အမှုကိုစစ် ဆေးပြီး၍ အမိန့်ချမှတ်ပြီးဟု ခံယူခြင်းဖြစ်ပါသည်။ အမှုစစ်ဆေး၍ စီရင်ချက်ချ မှတ်ခြင်းကို အငယ် ၉-၁၂ တွင်ဖတ်ပါ။
                                                (၂)        ပညတ်တရားသည် အပြစ်ကိုဖော်ပြသော်လည်းအပြစ်မှ ကင်းလွှတ် ခြင်း၊ သက်သာခြင်းအကြောင်းကို ဖော်ပြခြင်းမပြုပါ။ ကျွန်ုပ်တို့ကို ဘာမျှမပြောနိုင်အောင် နှုတ်ပိတ်လျက်အပြစ်ရှိသူဖြစ်ကြောင်း ကြေညာ ခြင်းကိုသာပြုနိုင်ပါသည်။ ရော။ ၃း၁၉။
                                    (ဃ)      ပညတ်တရားသည် လုံးဝနာခံလိုက်လျှောက်ခြင်းကိုသာ တောင်းဆိုပါသည်။ ဂလ ၃း၁၀။ ၅း၃။
                                    (င)        ထိုသို့ကျင့်ခြင်းဖြင့်ရနိုင်လျှင်လူတို့သည်ဝါကြားနိုင်သောကြောင့် ဧ ၂း၈-၉။ ရောမ ၄း၂ တွင် ဖော်ပြထားသောအာဗြံဟံနှင့် ပတ်သက်သည့် စကားကို သတိပြုပါ။  အာဗြံဟံသည် အကျင့်အားဖြင့် ၀ါကြွားစရာရှိသော်လည်း “ဘုရားသခင်ရှေ့ တော်၌ ထိုသို့မဟုတ်”
                                    (စ)        ထို့ကြောင့် ကျွန်ုပ်တို့အား ကျေးဇူးတော်နှင့် ယုံကြည်ခြင်းသို့သာ နှုတ်ပိတ်လျက် ပို့ဆောင်နေပါသည်။
                                    (ဆ)      မည်သည့်စိတ်ချမှု၊ မည်သည့်အာမခံချက်ရှိပါသနည်း။
                                                (၁)        ရှင်ပြန်ထမြောက်တော်မူခြင်း။ ရော ၄း၂၅။ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်း၊ အာမခံချက်အားလုံးသည် ခရစ်တော်သေခြင်းမှရှင်ပြန်ထမြောက်တော် မူခြင်းနှင့် ပတ်သက်နေပါသည်။ ၁ပေ ၁း၃။ သခင်ယေရှုခရစ်သည် ကျွန်ုပ်တို့ကိုယ်စားပြုတော်မူသော အမှု၌ ဘုရားသခင်သည် ကျေနပ်မှု ရရှိကြောင်း ခိုင်လုံသော အထောက်အထားမှာ၊ သခင်ယေရှုသေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဖြစ်ပါသည်။
                                    (ဇ)        ဖြောင့်မတ်ရာ၌ တည်စေတော်မူခြင်း၏ အကျိုးသက်ရောက်မှု။
                                                (၁)        ဘုရားနှင့် “ရန်ငြိမ်းခြင်း။ ရော ၅း၁။ ကော၊ ၁း၂၀-၂၁။ သခင်ယေရှုခရစ်၏ အသွေးတော်၌ရန်ငြိမ်းခြင်းစာချုပ်ကို ချုပ်ဆိုပြီးဖြစ် ပါသည်။ ရန်ငြိုးဖွဲ့ခြင်းဖယ်ရှား၍ ကွာခြားမှုအားလုံးဖြေရှင်းပြီး၊ မိတ်သဟာယဖွဲ့ရန်အတားအဆီးအားလုံးကိုဖြိုချပြီးဖြစ်ပါသည်။ စစ်ပြေ ငြိမ်းပြီးဖြစ်သည်။ ဘုရားသခင်နှင့် ကျွန်ုပ်သည်သင့်မြတ်လျက်ရှိပါ သည်။
                                                (၂)        အမျက်တော် ပြေငြိမ်းခြင်း၊ ယခု၌ ၄င်းနောင်၌၄င်းငြိမ်းပြီ။
                                                            (က)      ယော ၃း၃၆။ “ထိုသူအပေါ်၌အမျက်တော်တည်နေသည်” ယခုမတည်တော့ပါ။
                                                            (ခ)        ၁သက် ၅း၉။ အပြစ်သားသည် ဘုရားသခင်၏ အမျက်တော် ကိုခံခြင်းငှာ ခန့်ထားသောသူဖြစ်သည်။ သို့သော်ယုံကြည်သူ သည်ထိုသို့မဟုတ်ပါ။ ရော ၅း၉ ဖတ်ပါ။
                                                (၃)        ကောင်းသောအကျင့်။ ဖြောင့်မတ်ရာ၌ တည်စေတော်မူခြင်းကို ခံရသောယုံကြည်သူသည် “ကောင်းသောအကျင့်ကိုကျင့်မည့်အ ကြောင်းယေရှုခရစ်၌ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်၏။ ဧ၊ ၂း၁၀။ အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့မရောက်နိုင်၊ သို့သော် ဖြောင့်မတ်ရာ၌ တည်စေတော်မူခြင်းကို ရရှိသော သူသည် ကောင်းသော အကျင့်ကို ပြုလိမ့်မည်။ ဂလ ၅း၆။ ယာကုပ် ၂း၁၄-၂၀။ ဤနေရာတွင် ရှင်ယာကုပ် သည်ဖြောင့်မတ်ရာ၌ တည်စေတော်မူခြင်း၏  အကျိုးကျေးဇူးအသီး အပွင့်ကိုပြောနေခြင်းဖြစ်ပါသည်။ ပေါလုသည် “အပြစ်သားကို” ပြော နေခြင်း ဖြစ်ပါသည်။ ထိုသူနှစ်ဦးတို့သည် ဆန့်ကျင်သောအယူအဆ မရှိကြပါ။ “အကျင့် နှင့်ကင်းသောယုံကြည်ခြင်း”သည် တစ်ပါးတည်း ရှိသောကြောင့် အသေဖြစ်၏။ ဟုရှင်ယာကုပ်ကဆိုပါသည်။ ကျင့် ဆောင်ခြင်း မရှိသောယုံကြည်ခြင်းသည် ယုံကြည်ခြင်းအလျင်းမဟုတ်၊ ထိုကဲ့သို့ သောယုံကြည်ခြင်းသည် ကယ်တင်ခြင်းကို မဖြစ်စေနိုင်။ ပေါလုနှင့် လည်း သဘောထားတူပါသည်။
                                                (၄)        ဂုဏ်သရေ။
                                                            (က)      တိ ၃း၇။ “ဘုရာသခင်၏ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာ သို့ရောက်၍ အမွေခံဖြစ်မည်အကြောင်းတည်း။ ရော၊ ၈း၇-၁၀။
                                                            (ခ)        ဘုရားသခင်၏အမြင်အားဖြင့် ခရစ်တော်နှင့်အတူ ကျွန်ုပ်တို့ အမွေခံရမည့်ဘုန်းအသရေကိုယခုပင် ကျွန်ုပ်တို့ခံယူပြီးဖြစ်ပါ သည်။ ရော ၈း၃၀။ “ဖြောင့်မတ်ရာ၌ - တည်စေတော်မူသော သူတို့ကိုလည်း ချီးမြှောက်တော်မူ၏။”
                                                            (ဂ)        “ငါတို့သည်ကိုယ်တော်နှင့် တူကြလတံ့” ၁ယော ။ ၃း၂။ ချီဆောင်ခြင်း ကာလသို့မဟုတ်ထမြောက်ခြင်းအချိန်တွင် ယခုအခါဘုရားသခင်မြင်တော်မူသကဲ့သို့အမှန်ပင်ဖြစ်လာ လိမ့် မည်။
                                                (ဈ)       ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမြင်၌ အဘယ်သို့ဖြောင့်မတ်ရာ၌ တည်စေနိုင်သနည်း။
                                                            (၁)        ရော ၃း၂၀ ကိုဖတ်ပါ။ ပညတ်တရား၏အကျင့်အားဖြင့်မ ဟုတ်။
                                                            (၂)        ရော၊ ၃း၂၆-၂၈။၏ ယေရှုပြုပြီးခဲ့သော အမှုနှင့် ယေရှုခရစ်၌ ယုံကြည်ခြင်းဖြင့်သာ ဖြောင့်မတ်ရာ၌ တည်စေခြင်းကို ရရှိနိုင်ပါသည်။
၂။       သန့်ရှင်းရာ၌တည်စေတော်မူခြင်း
            က။        အဓိပ္ပါယ်။
                        (၁)        ဓမ္မဟောင်းကျမ်းတွင်ဖြစ်စေ၊ ဓမ္မသစ်ကျမ်းတွင်ဖြစ်စေ။ အင်္ဂလိပ်ဘာသာအားဖြင့် holy နှင့် sanctify တို့သည် ဘုရားသခင်အတွက်သီးသန့်ထားခြင်း”ဟူသော အဓိပ္ပါယ်ကိုဆောင်ပါ သည်။
                        (၂)        ဓမ္မဟောင်းကျမ်းတွင် ဟေဗြဲဘာသာအားဖြင့် oash သို့မဟုတ် qodesh ဖြစ်၍ “သီးသန့် ထားသည်” သန့်ရှင်းစေသည်” ဟု အဓိပ္ပါယ်ရပါသည်။
                        (၃)        ဓမ္မသစ်ကျမ်းစာတွင် ဂရိဘာသာအားဖြင့် hagios, ဖြစ်၍ သဒ္ဒါအရ holy, holiness, sanctify, sanctified, sanctification ဟု ပုံစံအမျိုးမျိုးဖြင့် ဘာသာပြန်ထားပါသည်။
                        (၄)        ဓမ္မသစ် ဓမ္မဟောင်းတွင်လူနှင့် ပစ္စည်းများအပေါ်သုံးထားပါသည်။
                                    (က)      ဓမ္မဟောင်းကျမ်းမှ သရုပ်ပြရသော်။
                                                က။ ၂း၃။ ထိုသတ္တမနေ့ကိုဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။
                                                ထွက်၊ ၁၉း၂၃။ မကျော်ရသော အဆီးအတားကို (သိနာ)ပတ်လည်၍ စီရင်၍ သန့်ရှင်းစေလော့။
                                                ယောရှု ၇း၁၃ “ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ ယောရှုအားလူတို့ကို သန့်ရှင်းစေရန်ပြောထားပါသည်။
                                                ထွက် ။ ၂၉း၃၆။ ယဇ်ပလ္လင်ကိုသန့်ရှင်းစေသည်။
                                                ထွက်။ ၂၉း၄၄။ ၏ အာရုန်နှင့် သူ၏သားတို့ကို သန့်ရှင်းစေသည်။
                                    ဖော်ပြပါနေရာတိုင်းတွင် ဘုရားသခင်အတွက်သန့်ရှင်းစေ၍ သီးသန့်ထားရန်ဖြစ်ပါသည်။ှ Quodesh ဟူသော စကားလုံးကို sanctification ဟူသောစကားလုံးသာမက dedication ဆက်ကပ်ခြင်း consecration အပ်နှံခြင်း၊ holiness သန့်ရှင်းခြင်း၊ စသော စကားများ၏ အရင်းဖြစ်ကြောင်းတွေ့ရှိရပါသည်။
                        (ခ)        ဓမ္မသစ်ကျမ်းစာမှ သရုပ်ပြရသော်-
                                    မ၊ ၂၃း၁၇၊ ၁၉။ ရွှေယဇ်ပလ္လင်နှင့် ပူဇော်သက္ကာ။
                                    ၁တိ ၄း၅။ အစားအစာကိုသန့်ရှင်းစေသည်။
                                    ၁ကော ၇း၁၄။ ယုံကြည်သူ၏ မယုံကြည်သောမယား။
                                    ယော ၁၀း၃၆။ ခရစ်တော်အားခမည်းတော်သန့်ရှင်းစေသည်။
                                    ၁ပေ၊ ၃း၁၅။ ယုံကြည်သူသည် ခရစ်တော်အား မိမိစိတ်နှလုံးထဲတွင် သန့်ရှင်းစေသည်။
                        အထက်ကျမ်းချက်အားလုံးတွင် “ဘုရားအတွက်သီးသန့်ထားခြင်းဟူသော အဓိပ္ပါယ်ရပါသည်။
                        (၅)        ပစ္စည်းများနှင့် ပတ်သက်၍ sanctify ကိုအသုံးပြုသောအခါစာရိတ္တနှင့် ပတ်သက်၍ အဓိပ္ပါယ်ဆောင်ခြင်းမရှိပါ။ သို့သော် လူနှင့် ပတ်သက်၍ အသုံးပြုသောအခါ အဓိပ္ပါယ် (၃) မျိုးကို ရယူနိုင်ပါသည်။
                                    (က)      ရပ်တည်ချက်။
                                                (၁)        ယုံကြည်သူများအား “ခရစ်တော်၌ရှိသည်ဟု ရှုမြင်ခံယူထားပါသည်။ ဧဖက်သြ၀ါဒစာတစ်ခုတည်း၌ပင်ဤစကားစုကို အကြိမ်ကြိမ်တွေ့ရပါသည်။
                                                (၂)        ရပ်တည်ချက်အနေနှင့် ယုံကြည်သူသည် ခရစ်တော်၌ရှိသည်ဖြစ်၍ သန့်ရှင်းသောသူအရာ၌ ခန့်ထားခြင်း (၁ကော ၁း၂)ရရှိသည်။ သန့်ရှင်းသူဟုခေါ်ဝေါ်ခြင်း အခွင့်ကိုရရှိသည်။ ဧ၊ ၁း၁။ ဖိ၊ ၁း၁။ ကော၊ ၁း၂။ စသည်။ ၁ ကော ၁း၂၀ တွင် ခရစ်တော်သည်ယုံကြည်သူ၏သန့်ရှင်းခြင်းဖြစ်သည်ဟုဖော်ပြထားပါသည်။
                                                (၃)        ဟေဗြဲ ၁၀း၁၀ တွင်ခရစ်တော်သည် ကိုယ်ကိုတခါတည်းပူဇော်သော အားဖြင်ယုံကြည်သူသည်အစဉ်သဖြင့် (တစ်ကြိမ်တည်းဖြင့်) စင်ကြယ်ခြင်း (သန့်ရှင်းသော အရာ၌ခန့်ထားခြင်း) သို့ရောက်ကြောင်းသတိပြုပါ။
                        (ခ)        လက်တွေ့သဘော။
                                    အတွေ့အကြုံအရ၊ ယုံကြည်သူသည် သန့်ရှင်းခြင်း၌၄င်း၊ ကျေးဇူးတော်၌၄င်းကြီးပွားတိုး တက်ပါသည်။ ၂ပေ ၃း၁၈။
                                    (၁)        ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ယော ၃၇း၁၇။ ဧ ၅း၂၆။
                                    (၂)        သန့်ရှင်းသော ၀ိညာဉ်တော်သည် ကျွန်ုပ်တို့၌လုပ်ဆောင်ခြင်းအားဖြင့် ၂ကော ၃း၁၈။
                                    (၃)        ဘုရားသခင်သည် ကျွန်ုပ်တို့၌ လုပ်ဆောင်သောအားဖြင့် ၁လက် ၅း၂၃။
                        (ဂ)        ပြီးပြည့်စုံခြင်း၊ သို့မဟုတ် ရှေ့အလားအလာ။
                                    (၁)        သခင်ဘုရားကြွလာတော်မမူမှီတိုင်အောင် ပြီးပြည့်စုံခြင်းအတွက် စောင့်ဆိုင်းရ ပါမည်။
                                                (က)      မပုပ်မပျက်နိုင်သောအဖြစ်သို့ ပြောင်းလဲကြမည်။
                                                            ၁ကော။ ၁၅း၅၁-၅၆။
                                                (ခ)        ကျွန်ုပ်တို့သခင်ယေရှုနှင့်တူကြလတ္တံ့။
                                                            ၁ယော ၃း၂။ ထိုအခါ ကျွန်ုပ်တို့အားသန့်ရှင်းရာ၌ခန့်ထားတော်မူခြင်း သည်ပြည့်စုံခြင်းသို့ရောက်ပါမည်။
ခ။         ယုံကြည်သူသည် မည်သည့်အချိန်တွင် သန့်ရှင်းရာ၌ ခန့်အပ်ခြင်းခံရပါသနည်း။
            (၁)        ယုံကြည်သူသည် သခင်ယေရှုခရစ်ကိုယုံကြည်လက်ခံသောခဏတွင် ယုံကြည်ခြင်းဖြင့် ရာထူး အဖြစ် သန့်ရှင်းရာ၌ ခန့်အပ်ခြင်းရရှိပါသည်။ တ ၂၆း၁၈။
                        (က)      ခရစ်တော်၏ကိုယ်ထဲသို့ ဗတ္တိဇံကိုခံသောအခါ ၁ကော ၁၂း၁၃။ ခရစ်တော်၌ သီးသန့်ထား ခြင်းသို့မဟုတ် ခရစ်တော်၌ သန့်ရှင်းစေခြင်း၊ ၁ကော ၁း၂၇ ရှိလျက် ခရစ်တော်သည်ပင် လျှင် ကျွန်ုပ်တို့၏ သန့်ရှင်းရာ၌ ခန့်အပ်ခြင်းဖြစ်ပါသည်။ ၁ကော ၁း၃၀။
            (၂)        သို့ရာတွင် လက်တွေ့အား အခြေအနေတွင် အတွေ့အကြုံအားဖြင့် အဆင့်ဆင့်တိုးတက်၍ တစ်ဆင့် ပြီးတစ်ဆင့် ဘုရားအတွက် သီးသန့်ထားနိုင်ခြင်း၊ ဘုရားသခင်အတွက် ပိုမိုသန့်ရှင်းရာ၌ တည်နိုင်ခြင်းနှင့် သန့်ရှင်းခြင်း အခွင့်များရရှိစေပါသည်။
                        (က)      ဘုရားသခင်ကို ကြောက်ရွံ့၍ “သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံရပါမည်။ ၂ကော ၇း၁။
                        (ခ)        ဘုရားသခင်သည် သန့်ရှင်းစေခြင်းငှာ ခေါ်တော်မူ၏။ ၁သက် ၄း၇။
                        (ဂ)        ကျွန်ုပ်၏ကိုယ်အင်္ဂါများကို သန့်ရှင်းခြင်းအလို့ငှာ ဖြောင့်မတ်ခြင်းတရား၌ သွင်း၍၊ ကျွန်ခံစေရန် ဘုရားသခင်သည် အလိုရှိတော်မူပါသည်။ ရော၊ ၆း၁၉-၂၀။
                        (ဃ)      သန့်ရှင်းသူများတို့သည် ခရစ်တော်၏ပြည့်စုံခြင်းအရပ်ပမာတည်းဟူသော ကြီးရင့်သော လူ၏အဖြစ်သို့ရောက်ရှိလာစေရန်ဆရာများနှင့် သင်းအုပ်များတို့သည် ဆောင်ရွက်ကြရ မည်။ ဧ ၄း၂၂-၁၃။
ခ။         ကျွန်ုပ်တို့အားမည်ကဲ့သို့ သန့်ရှင်းရာ၌ တည်စေတော်မူသနည်း။
            (၁)        ခရစ်တော်၏အသွေးတော်နှင့် ပူဇော်သက္ကာအားဖြင့် ဟေဗြဲ ၁၀း၁၀၊ ၂၉။
            (၂)        ခရစ်တော်၏နမူနာကိုလိုက်ခြင်း၊ ဧ ၄း၂၀။ ဖိ ၂း၅။
            (၃)        ဘုရားသခင်နှုတ်ကပတ်တော်ဆေးကြောခြင်းအားဖြင့်၊ ယော ၁၇း၁၇။ ဧ ၅း၂၆။
            (၄)        သန့်ရှင်းသော ၀ိညာဉ်တော်၏ တန်ခိုးတော်အားဖြင့်၊ ဧ ၅း၂၆။
                        (က)      ကျွန်ုပ်တို့အား သန့်ရှင်းရာ၌တည်စေခြင်းငှာ ပြုတော်မူသောသူသည်။ သန့်ရှင်းသော ၀ိညာဉ်တော်ဖြစ်ပါသည်။ ၁ပေ ၁း၂။ ၂သက် ၂း၁၅။ ရော ၁၅း၁၆။
                                    ဘုရားသခင်၊ ကျွန်ုပ်တို့အား ရွေးကောက်တော်မူသည်နှင့် အညီ ၀ိညာဉ်တော်သည် ညီညွှတ်စွာပြုတော်မူပါသည်။
                        (ခ)        သန့်ရှင်းရာ၌တည်စေတော်မူခြင်းကို ကျွန်ုပ်အသက်တာ၌ ထိရောက်စေတော်မူသော တန်ခိုးတော်သည် သန့်ရှင်းသောဝိညာဉ်တော်ပင်ဖြစ်ပါသည်။ ရော ၊ ၈း၁၃။ ဧ၊ ၃း၁၆။ ဂလ ၅း၁၆။
မေးခွန်းများ
၁။         ပုံသေယုံကြည်ချက်များကို လေ့လာခြင်းသည် အဘယ်ကြောင့်အရေးကြီးပါသနည်း။
၂။         ယောဘ၊ ၂၅း၎တွင် ဗိလဒဒ်သည် အဘယ်မေးခွန်းကြီးကိုမေးခဲ့ပါသနည်း။
၃။         ဓမ္မသစ်ကျမ်းစာတွင် “ဖြောင့်မတ်ခြင်း”နှင့် “ဖြောင့်မတ်ရာ၌တည်စေခြင်း”တို့သည် မည်ကဲ့သို့ဆက်စပ်ကြ ပါသနည်း။
၎။         “ဖြောင့်မတ်ရာတည်စေခြင်း”ဟူသော ဝေါဟာရတွင် မည်သည့်အခြေခံ (၂)ရပ်ကိုတွေ့ရပါသနည်း။ ထိုအခြေခံများအတွက် ကျမ်းညွှန်းတစ်ခုစီကို ပေးပါ။
            က။
            ခ။
၅။         ဘုရားသခင်သည် ကျွန်ုပ်တို့အား “ဖြောင့်မတ်ပြီ”ဟု ကျေညာချက်အမိန့်ချမှတ်ပြီးဖြောင့်မတ်ရာ၌ ခန့်ထားတော်မူသော်လည်း အဘယ်ကြောင့် ကျွန်ုပ်တို့သည် လက်တွေ့အားဖြင့် မဖြောင့်မတ်ပဲရှိနေပါသနည်း။
၆။         ၂ကော ၅း၂၁။ ကိုအခြေခံလျက် အပြစ်သားနှင့် ခရစ်တော်တို့နေရာချင်းလဲလှယ်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌ တည်စေခြင်းအပြောင်းအလဲမည်သို့ဖြစ်သွားကြောင်းရှင်းပြပါ။
၇။         အပြစ်မရှိ၊ တရားသေလွှတ်သည်ဟူသော အမိန့်ထက် ဖြောင့်မတ်ရာ၌တည်စေခြင်းသည် အဘယ်ကြောင့် ကြီးမြတ်ပါသနည်း။
၈။         ဖြောင့်မတ်သူအရာ၌ ခန့်ထားပြီဟု ပြောဆိုနိုင်အောင် အာဏာရှိသူသည် မည်သူနည်း။ ကျမ်းညွှန်းဖြင့်ပြပါ။
၉။         ဖြောင့်မတ်ရာ၌ တည်စေခြင်းကို ဖြစ်စေသော မူလဇစ်မြစ်သည် မည်သည့်အရာနည်း။ ကျမ်းညွှန်းဖြင့်ပြပါ။
၁၀။       မည်သည့်နည်းလမ်းအားဖြင့် ကျွန်ုပ်တို့အားဖြောင့်မတ်သူအရာ၌ ခန့်ထားပါသနည်း။ ကျမ်းညွှန်းဖြင့်ဖြေပါ။
၁၁။       “ခရစ်တော်ကကိုယ်စားခံတော်မူခြင်း”ဆိုရာတွင် မည်သို့ဆိုလိုပါသနည်း။
၁၂။       မည်သည့်လမ်းစဉ်အားဖြင့် ကျွန်ုပ်တို့အား ဖြောင့်မတ်ရာ၌ တည်စေတော်မူပါသနည်း။ ကျမ်းညွှန်းအမြောက် အများပေးပါ။
၁၃။       မိမိသဘာဝအားဖြင့် ကောင်းမြတ်နေသူအား အဘယ်ကြောင့် ဖြောင့်မတ်ရာ၌ တည်စေတော်မူခြင်း၏ မပြုပါ သနည်း။ အနည်းဆုံးအကြောင်းပြချက် (၃)ခုပေးပါ။
၁၄။       ကျွန်ုပ်တို့အား ဖြောင့်မတ်ရာ၌ တည်စေတော်မူခြင်းကြောင့် မည်သည့်အရာကအာမခံချက်ပေးပါသနည်း။
၁၅။       ဖြောင့်မတ်ရာ၌ တည်စေတော်မူခြင်း၏ အကျိုးသက်ရောက်မှု (၄)ချက်ကို ၌သင်ခန်းစာတွင် ဖော်ပြထားသည် များအနက်မှဖြေဆိုပါ။
၁၆။       သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်းဟု ဓမ္မသစ်ဓမ္မဟောင်းတို့တွင် ဘာသာပြန်ထားသောစကားလုံး၏ အခြေခံ အဓိပ္ပါယ်ကိုဖော်ပြပါ။
၁၇။       ဓမ္မသစ်နှင့် ဓမ္မဟောင်းကျမ်းစာတွင် သန့်ရှင်းခြင်း၊ သန့်ရှင်းစေခြင်းကိုလူနှင့်အရာဝတ္ထုနှစ်မျိုးလုံးတွင်အသုံးပြု ထားကြောင်းပေါ်လွင်စေရန် ကျမ်းညွှန်းအမြောက်အများဖော်ပြလျက် အထောက်အထားပြပါ။
၁၈။       ဓမ္မသစ်ကျမ်းတွင် လူပုဂ္ဂိုလ်နှင့် ပတ်သက်၍ အသုံးပြုသောအခါ မည်သည့်သဘောမျိုး (၃)မျိုးဖြင့် အသုံးပြု ထားပါသနည်း။ ထို (၃)မျိုး၏အမည်ကိုဖော်ပြပြီးအကျဉ်းချုပ်ရှင်းလင်းပါ။ ကျမ်းညွှန်းတစ်ခုစီကိုလည်းပေးပါ။
၁၉။       လူသည်မည်သည့်အချိန်တွင်သန့်ရှင်းရာ၌ တည်စေခြင်းအခွင့်ကို ရရှိပါသနည်း။
၂၀။       ကျွန်ုပ်တို့အားသန့်ရှင်းရာ၌တည်စေသော နည်းလမ်း (၄)ခုကို ဤသင်ခန်းစာ၌ ဖော်ပြထားပါသနည်း။ ထိုနည်းလမ်းများကို ဖော်ပြလျက် ကျမ်းညွှန်းနှင့်တကွဖြေဆိုပါ။
အမည်။  ----------------------------------------။
လိပ်စာ။  ----------------------------------------။                                             ရက်စွဲ --------------------------။
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
Share:
0 comments:
Post a Comment
healthcare christian fellowship. Powered by Blogger.
လစဉ် ဝတ်ပြုရာနေရာ
JBC CHURCH 45 Thomson Rd Singapore 307584 6256 2277
ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း
ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51
New Life In Christ 3
Practical Christian Living Lesson
ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎
OVERCOMERS
Love, Dating and Marriage Lessons
ကြာသာပသေးနေညနေ ၇ နာရီ
ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)
ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ
New Life In Christ 2
My Guests
free web counter
ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)
Labels
Blog Archive
Recent Posts
Unordered List
User Online
Pages
Theme Support