HCF

HCF MYANMAR IN SINGAPORE

Sunday, August 25, 2013

သန့်ရှင်းသောဝိညာဉ်တော်



သင်ခန်းစာ (၂၁)
(အပိုင်း ၁)
သန့်ရှင်းသောဝိညာဉ်တော်၏ ပင်ကိုယ်လက္ခဏာများ
အခြားအမည်များနှင့် သင်္ကေတနမိတ်လက္ခဏာများ
နိဒါန်း
            ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ကာလတွင် အသက်ရှင်နေထိုင်လျှက်ရှိပြီး၊ ကမ္ဘာတ၀ှမ်းလုံး နှင့် အမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဆောင်ခြင်းအပေါ်၌ များစွာ စိတ်ဝင်စားလျှက်ရှိကြသည်။ သို့သော်လည်း မှားယွင်းချွတ်ချော်သော သွန်သင်မှုများကြောင့် ရှုတ်ထွေး၍ သံသယဖြစ်စေသော အတွေးအခေါ်များပေါ်ပေါက်ခဲ့ရ သည်။
သန်းပေါင်းများစွာသော လူအပေါင်းတို့သည် မြင်ခဲ့ရသမျှ၊ ကြားခဲ့ရသမျှ၌ စိုးရိမ်တုန်လှုပ်မှုနဲ့ သံသယမ ကင်းသော စိတ်နေသဘောထားများ ကိန်းအောင်းလျှက်ရှိကြသည်။ ဤသင်ခန်းစာနှင့်တကွ ဆက်လက်ပို့ချမည့် သင် ခန်းစာနှစ်ရပ်တွင် သန့်ရှင်းသော ၀ိညာဉ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်း (His Person) နှင့် အမှုဆောင်ခြင်း (His Ministry) အကြောင်းများကို ထင်ရှားပြတ်သား၍ စေ့စပ်သေချာပြီး စုံလင်ပြည့်ဝအောင် သွန်သင်လိုသော ရည်ရွယ်ချက်သည် အဓိကဖြစ်ပါသည်။
သင်ခန်းစာ၏ အရေးပါမ (THE IMPORTANCE OF THIS LESSON)
            သန့်ရှင်သောဝိညာဉ်တော်သည် အသက်ကိုမွေးဖွားစေခဲ့ပြီး (ယော၊ ၃း၅) (တ ၁း၈) တန်ခိုးအပ်နှင်းပြီး ယေရှုခရစ်တော် အားဖော်ထုတ်ဖွင့်ပြသော ပုဂ္ဂိုလ်ဖြစ်သဖြင့် (ယော ၁၆း၁၄) ထိုပုဂ္ဂိုလ်၏ အကြောင်းနှင့်အမှု ဆောင်ခြင်းကို ဃဃနန နားလည်သဘောပေါက်ရန် အထူးအရေးကြီးပေသည်။ သို့မှသာလျှင် ဘုရားသခင် နှင့် စပ်ဆိုင်သော အကြောင်း အရာများကို ပြည့်ဝသိရှိခံစားနိုင်၍ ထိုဘုရားသခင်အား မှန်ကန် ထိုက်တန်သော ၀တ်ပြု ကိုးကွယ်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် အစေခံခြင်းတို့ကို ပေးအပ်နိုင်ကြပေလိမ့်မည်။ သမ္မာတရားကို စူးစမ်း ရှာဖွေကြသော သူအပေါင်းတို့သည် ၀ိညာဉ်တော်ဘုရား၏ လမ်းပြပို့ဆောင်မှုကို ခံယူရရှိပါစေသော်(၀်)
သင်ခန်းစာ
၁။         သန့်ရှင်းသောဝိညာဉ်တော်၏ ၀ိညာဉ်လက္ခာဏာများ
မှတ်ချက်။          လေ့လာသုံးသပ်ရန် ထင်မြင်ယူဆချက်နှစ်ခုပါသည့်အနက် တခုအပေါ်တွင် အခြေပြုရပ်တည်နိုင် သည့်အနက် တခုအပေါ်တွင် အခြေပြုရပ်တည်နိုင်သည်။ ပထမယူဆနိုင်သော သဘောထားမှာ သန့်ရှင်းသောဝိညာဉ် တော်သည် အားနည်းနေသော သူတစ်ယောက်၏ အခြေအနေတွင် ပိုင်ဆိုင်လျှက်အသုံးချနိုင်သော တန်ခိုးတစ်ရပ် သက်သက်သာဖြစ်သည်။ သို့တည်းမဟုတ် သို့တည်းမဟုတ် ဒုတိယအချက်အရ သန့်ရှင်းသော ၀ိညာဉ်တော်သည် မြင့်မြတ်သန့်ရှင်း၍ ဥာဏ်အမျှော်အမြင်၊ ချစ်ခြင်းမေတ္တာ၊ အနန္တတန်းခိုးနှင့်ပြည့်စုံတော်မူလျှင် ကျွန်ုပ်တို့အား ပိုင်ဆိုင်အ သုံးပြုလိုသည့် တန်ခိုးကြီးသော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ ပထမယူဆချက်တွင် ၀ါကြွားမှုကို ဖော်ထုတ်စေပြီး၊ ဒုတိယ ယူဆချက်အရ ထိုဝါကြွားခြင်းကို ချိုးနှိမ်ဖျောက်ဖျက်လျှက် မိမိကိုယ်ကို မိမိနှိမ့်ချလျှက်ကျိုးပဲ့ကြွေမွသော နှလုံးသားမှ ရိုကျိုးနွံသောစိတ်ထားများ သွန်းလောင်းဖော်ထုတ်စေကြောင်း တွေ့ရသည်။
မှတ်ချက်။          ၀ိညာဉ်ရေးရာပိုင်၌ သော်၎င်း၊ လက်တွေ့ကျကျလိုက်လျောက်ကျင့်သုံးရာ၌ သော်၎င်း၊ သန့်ရှင်း သောဝိညာဉ်တော်အား ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အသိအမှတ်ပြုခြင်းသည် အဓိကကျဆုံးသော အချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့ ပထမအချက်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ဇာတိကို ခံယူထားသည့် မွန်မြတ် သော ပုဂ္ဂိုလ်မတစ်ဦးမဟုတ်ဟု ယူဆလက်ခံကြပြီး။ ဘုရားသခင်သြဇာအာဏာစက်ဖြင့် လွမ်းမိုးထားသော တန်ခိုးတစ် ရပ် ဖြစ်သည်ဟု သဘောထားခဲ့လျှင် ဘုရားသခင်နှင့် စပ်ဆိုင်ထိုက်တန်သော ၀န်ပြုကိုးကွယ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ် ခြင်းမေတ္တာနှင့် ကြည်ညိုလေးစားမှုအစရှိသည့် ဂုဏ်အင်္ဂါရပ်များမှာလည်း ဆုံးရှုံးပျောက်ကွယ်ကြပေလိမ့်မည်။ ဒုတိယ အချက်အနေဖြင့် စဉ်းစားသုံးသပ်ရန်မှာ - သန့်ရှင်းသောဝိညာဉ်တော်အား သာမန်ကျေးဇူးတင်ထိုက်၍ သန့်ရှင်းမြတ် သော သြဖာလွမ်းမိုးမှုတစ်ရပ်ဟူ သတ်မှတ်ကြလျှင် သမ္မာတရာကို ပြသော ၀ိညာဉ်တော်တည်းဟူသော ဥပဇ္ဈာယ်ဆ ရာ၏ ကျွန်ုပ်တို့၌ ကိန်းဝပ်ခြင်းနှင့်ကောင်းချီးမင်္ဂလာများကို အလွဲသုံးစားပြုရာရောက်၍ အဆုံးတွင် ဆုံးရှုံးနစ်နာမှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။ (ယော ၁၄း၁၇)
(က)      သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ထံမှ ထွက်ပေါ် ဆင်းသက်လာသော သြဇာလွမ်းမိုးမှု တစ်ရပ် သာ ဖြစ်သည်ဟု မှားယွင်းသောယူဆချက်-
(WHY SOME BELIEVE THE HOLY SPIRIT IS SIMPLE AN INFLUENCE EMANATING FORM GOD)
၁။         အဘယ်ကြောင့်ဆိုသော် “၀ိညာဉ်”ဟူသော ဝေါဟာရသည် ဂရိဘာသာစားအားဖြင့် တိုက်ရိုက် ဘာ သာပြန်ဆိုလျှင် “လေ” ဟုအဓိပ္ပါယ်ဖွင့်ထား၍ ရုပ်ပိုင်းဆိုင်ရာ အတိအကျ အကောင်အထည်မဖော် ထားနိုင်သော သဘော၌ သက်ရောက်နေသည်။
၂။         သြ၀ါဒစာများကို သုံးသပ်သည့်အခါ၌လည်း တမန်တော်တို့၏ နှုတ်ခွန်းဆက်အမှာစကားများတွင် သန့်ရှင်းသော ၀ိညာဉ်တော်အား ဦးထိပ်ထား၍ ဂါရ၀ပြုခြင်းကို မတွေ့ရပေး။ (ကျမ်းကိုကားချက် များ ဂလာ ၁း၁)
၃။         ဧဖက် ၁း၁-၂၊ ဖိ ၁း၂ သို့သော်ငြားလည်း တမန်တော်ရှင်ပေါလုသည် ၂ ကော ၁၃း၁၄ တွင် သန့်ရှင်းသော ၀ိညာဉ်တော်အားထည့်သွင်းဖော်ပြကောင်းချီးပေးလျှက်ထောပနာပြုထားကြောင်းကို အထင်အရှားတွေ့နိုင်ပေ သည်။
၎။         သန့်ရှင်းသောဝိညာဉ်တော်ကို သမ္မာကျမ်းစာ၌ “လေ”၊ “မှုတ်သွင်းခြင်း” “မီး”နှင့်“ရေ” အစရှိသဖြင့် ခေါ်ဝေါ်တင်စား ထပ်တူပြုထားကြောင်း တွေ့ရှိရ၍ ဓမ္မဆရာများအနေဖြင့် သန့်ရှင်းသော ၀ိညာဉ် တော်သည် ပုဂ္ဂိုလ်မဟုတ်ဘဲ ဘုရားသခင်ထံမှ အခြေပြုအကောင်အထည်ပေါ်လာသော သြဇာ လွှမ်းမိုးမှုတစ်ရပ်သာဖြစ်သည်ဟုမှားယွင်းစွာယုံကြည်လက်ခံထားကြသည့်အပြင်လွဲမှားစွာ သွန်သင် ဝေငှခြင်းများကို ပြကြပေသည်။
(ခ)        ၀ိညာဉ်တော်၏ ပင်ကိုယ်လက္ခဏာများနှင့် ပတ်သက်၍သက်သေပြခြင်း
(PROFF OF THE SPIRIT’S PERSONILITY)
၁။         ၀ိညာဉ်တော်နှင့် ၀ိညာဉ်တော်၏ အမှုဆောင်ခြင်းများကို လေ့လာသုံးသပ်ရာတွင် အဖိုနှင့်စပ်ဆိုင် သော နာမ် စားများကို အကြိမ်ကြိမ်သုံးပြုထားကြောင်း တွေ့ရပေသည်။ )ယော ၁၄း၁၆၊ ၁၇၊ ၂၆။ ယော ၁၆း၇၊၈၊၁၃-၁၅။ ယော ၁၅း၂၆)။ ၀ိညာဉ်ဟူသော ဝေါဟာရတွင် အဖိုအမနှင့် စပ်လျဉ်းသော ဂုဏ်အင်္ဂါနှစ်မျိုးစလုံးကို မတွေ့ရ သော်လည်း သခင်ယေရှုကမူ အဖိုနှင့်စပ်ဆိုင်သော နာမ်စားကို ၀ိညာဉ်တော်ဟူ၍ (HE) ၁၂ ကြိမ်ထက်မ နည်း သုံးစွဲထားကြောင်း တွေ့ရ၍ ၀ိညာဉ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်းကို စိတ်ချစွာဖော်ထုတ်ဖွင့်ပြခဲ့သည်။
၂။         သန်ရှင်းသောဝိညာဉ်တော်နှင့် စပ်ဆိုင်သော ကိုယ်ပိုင်ဂုဏ်သတ္တိများသည် “ပုဂ္ဂိုလ်ဖြစ်ခြင်း” နှင့် ပင်ကိုယ် လက္ခဏာများရှိခြင်းကို ထင်ရှားစေသည်။
(က)      ၀ိညာဉ်တော်တွင်တိကျသေချောသောအလိုတော်နှင့် အကြံအစည်ရှိသည်။ (၁ ကော ၁၂း၁၁)
(ခ)        ၀ိညာဉ်တော်တွင် ထက်မြက်သောအသိစိတ်နှင့် ဥာဏ်ပညာရှိသည်။ (ရော ၈း၂၇။ ၁ ကော ၂း၉-၁၀)
(ဂ)        တမန်တော်ရှင်ပေါလုက (ဂလာ ၅း၂၂)တွင် ဖော်ထုတ်ဖွင့်ပြခဲ့သော အချက် (၉) ချက်ကို ဆင်ခြင်သုံး သပ်ကြည့်လျှင် “၀ိညာဉ်အသီး” (THE FRUIT OF THE SPIRIT) နှင့် သက်ဆိုင်သော အကျိုးများဖြစ်၍ ပုဂ္ဂိုလ်၏ ပင်ကိုယ်လက္ခာများ ပိုင်ဆိုင်လျှက်ရှိကြောင်း တွေ့ရှိရပေလိမ့်မည်။
၃။         သန့်ရှင်းသောဝိညာဉ်တော်၏အမှုဆောင်ခြင်းအမျိုးမျိုးတို့ကိုလေ့လာဆန်းစစ်ကြည့်ပါက၊ ပုဂ္ဂိုလ်၏ ပင်ကိုယ်လက္ခဏာ များပိုင်ဆိုင်လျှက်ရှိကြောင်းတွေ့ရပေလိမ့်မည်။
                        (က )     တန်းခိုးနှင့်ပြည့်ဝစေသည်။ (က ၁း၈)
                        (ခ)        လမ်းပြပို့ဆောင်တော်မူသည်။ (ရော ၈း၂၆)
                        (ဂ)        နှစ်သိမ့်စေတော်မူသည်။ (တ ၉း၃၁၊ ယော ၁၄း၁၆)
                        (င)        ခရစ်တော်နှင့် စပ်ဆိုင်သော အရာတို့ကို သက်သေခံတော်မူ၏။
                        (စ)        ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားဖြစ်ကြောင်းကို ကျွန်ုပ်တို့အတွင်းမှ သက်သေခံ
                                   တော်မူသည်။ (ရော ၈း၁၆၊  ဂလာ ၄း၆)
(ဆ)      ဖော်ထုတ်ဖွင့်ပြ၍ မြွတ်ဆိုတော်မူသည်။ (ဗျာ ၂း၇)
(ဇ)        သမ္မာတရားကို သိနားလည်စေရန်သွန်သင်တော်မူသည်။ သွေးဆောင်တော်မူသည်။
(ယော ၁၄း၂၆၊ ယော ၁၆း၁၂-၁၄)
(ဈ)       လူတို့၏ အမှုကိစ္စနှင့် အသင်းတော်၏ အမှုကိစ္စများတွင် ၀င်၍ အမှုဆောင်တော်မူသည်။
(တ ၁၃း၂၊ တ ၂၀း၂၈)
၎။         သမ္မာကျမ်းစာ၌သန့်ရှင်းသောဝိညာဉ်တော်အားပြစ်မှားလွန်းကျူးစေသော အပြစ်အမျိုးမျိုး အကြာင်း ကိုဖော်ပြထားသည် သာမန်ဖြစ်ပေါ်လာသော သြဇာလွမ်းမိုးမှုတရပ်အပေါ်၌ ပြုလုပ်မိသော အပြစ် တစ်ခုသည် ပြစ်မှားကျူးလွန်ရာမရောက်နိုင်ပေ။
(က)      ၀ိညာဉ်တော်ကို စိတ်နာစေခြင်း။ (ဧ ၄း၃၀)
(ခ)        ၀ိညာဉ်တော်ကို ညှိုးငယ်စေခြင်း။ (၁ သက် ၅း၁၉)
(ဂ)        ၀ိညာဉ်တော်ကိုလှည့်စားခြင်း။ (က ၅း၃)
(ဃ)      ၀ိညာဉ်တော်ကို မထီမဲ့မြင်ပြုခြင်း။ (ဟေဗြဲ ၁၀း၂၉)
(င)        ၀ိညာဉ်တော်ကို ကဲ့ရဲ့ခြင်း။ (မ ၁၂း၃၁၊ ၃၂)
(စ)        ၀ိညာဉ်တော်ကို တားဆိးခြင်း။ (တ ၇း၅၁)
(ဂ)        သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်မှန်လျှင် “သင်နှင့်ဝိညာဉ်တော်” တို့၏ ဆက်ဆံရေးအခြေအနေ ကား အဘယ်သို့ရှိသနည်း။ သင်၏ အသက်တာတွင် ၀ိညာဉ်တော်၏ ရပ်တည်ကိန်းအောင်မှုကို အသိအမှတ် ပြုမိရဲ့လား။ ၀ိညာဉ်တော်နှင့် အစဉ်မိဿဟာရဖွဲ့လျက် တလုံးတ၀တည်းလိုက်လျောက်အသက်ရှင်ကြပြီးသူ နှင့် စပ်ဆိုင်သော ထိုက်တန်သော ချစ်ခြင်းမေတ္တာနှင့် ၀တ်ပြုကိုးကွယ်ခြင်းကို ပေးဆပ်ရဲ့လား။
၂။         သန့်ရှင်းသောဝိညာဉ်တော်၏ လုံးဝဥဿုံပြည့်စုံတော်မူသော ဘုရားဇာတိ
THE ABSOULUTE DEITY OF THE HOLY SPIRIT
မှတ်ချက်။    သန့်ရှင်းသောဝိညာဉ်တော်သည် အသီးအခြားရပ်တည်နိုင်သော ပုဂ္ဂိုလ်မဟုတ်ဘဲ သုံးပါး တစ်ဆူဘုရား၏ တူညီသော အစိတ်အပိုင်းတစ်ခုသာဖြစ်ခဲ့လျှင် ၀ိညာဉ်တော်တည်းဟူသော အရာသည် သြ ဇာလွှမ်းမိုးမှုတစ်ရပ်သာဖြစ်ပြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်စွမ်းရှိမည် မဟုတ်ပေ။
မှတ်ချက်။    သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဇာတိနှင့် မပြည့်စုံလျှင်သူ့အပေါ်၌ ချစ်ခြင်းမေတ္တာ ထားခြင်း၊ ၀တ်ပြုကိုးကွယ်ခြင်း၊ အစေခံခြင်းနှင့် ကိုးစားနားထောင်ခြင်းတို့သည် မှားယွင်းသည့်အရာများဖြစ်၍ အချည်းအနှီးဖြစ်ကြပေမည်။
           
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဇာတိနှင့်ပြည့်စုံလျက်ရှိကြောင်းသက်သေပြချက်
(PROFF OF THE DEITY OF THE HOLY SPIRIT)
(က)      ၀ိညာဉ်တော်သည် ခမည်းတော်ဘုရားနှင့် သားတော်ဘုရားနှင့်တလုံးတ၀တည်း ရပ်တည်လျှက်ရှိသည်။
၁။         တမန်တော်ရှင်ပေါလု၏ ကောင်းချိးထောပနာပြုခြင်း (၂ ကော ၁၃း၁၄)
၂။         ဗတ္တိဇံပေးရန် စေခိုင်းထားသည့် မဟာအမှုတော်မြတ်ကြီးကို ဆန်းစစ်သုံးသပ်ကြည့်ပါက “နာမတော် ၌ဟူသော စကားစု+” တစ်လုံးတည်းအသုံးပြုထားပြီး “နာမတော်များ၌” ဟူ၍ ဖော်ပြထားခြင်းမရှိ ကြောင်းတွေ့ရပေသည်။
၃။         ၀ိညာဉ်ဆုကျေးဇူးအမျိုးမျိုးကို ဝေငှသည့်အခါ၌လည်း ၀ိညာဉ်တော်တပါးတည်းဟူသော စကားစုကို အသုံးပြုထားခြင်းကို ထောက်ရှုခြင်းအားဖြင့် သော်၎င်း (၁ ကော ၁၂း၎-၆)
(ခ)        သန့်ရှင်းသောဝိညာဉ်တော်အား ဘုရားသခင်ဟုထပ်တူပြုခေါ်ဝေါ်ထားခြင်း (တ ၅း၃-၄)
(ဂ)        ၀ိညာဉ်တော်သည် ဘုရားဇာတိကို ခံယူရရှိထားသဖြင့် ဘုရားသခင်တတ် စွမ်းနိုင်သကဲ့သို့ အရာရာကို တတ်စွမ်းနိုင်သည်။
၁။ ဖန်ဆင်းသည် (ဆ ၁၀၄း၃၀၊ က ၁း၂)
၂။ အသစ်သောအသက်တာ (၀ါ) ဒုတိယမွေးခြင်းကို ပေးသည်။ (ယော ၃း၅)
၃။ အသက်ကိုလည်းပေးသည်။ (ယော ၆း၆၃)
၎။ သေခြင်းမှ ရှင်ပြန်ထမြောက်စေသည်။ (ရော ၁း၎၊ ၈း၁၁)
၅။ အနာဂတ္တိစကားကိုဖွင့်ဆိုမြွတ်ကြားခဲ့သည်။ (၂ ပေ ၁း၂၁)
၆။ အလိုတော်ရှိသည့်အတိုင်း လူအသီးသီးတို့အား ကျေးဇူးအသီးသီးကို ဝေငှပေးသည်။ (၁ ကော ၁၂း၈-၁၁)
(ဃ)      ဘုရားဇာတိနှင့် စပ်ဆိုင်သော ဂုဏ်အင်္ဂါရပ်အားလုံးကို ပိုင်ဆိုင်သည်။
ရှင်းလင်ချက်။    ဂုဏ်အင်္ဂါရပ်ဆိုသည်မှာ အဘယ်နည်း။
            တသီတခြားစီ ခွဲခြားဖော်ထုတ်နိုင်သော သုံးပါးတစ်ဆူဘုရား၏ မပြောင်းလဲသော ဂုဏ်သတ္တိများနှင့် တန်ခိုးတို့ကို ဆိုလိုသည်။ ဂုဏ်အင်္ဂါရပ်များကို နှစ်မျိုးခွဲခြားနိုင်သည်။
၁။ သဘာဝဂုဏ်အင်္ဂါရပ်များ (Natural Attributes)
၂။ လောကဓါတ်နှင့်ဆိုင်သော ဂုဏ်အင်္ဂါရပ်များ (MORAL ATTRIBUTES)
ရှင်းလင်ချကသဘာဝဂုဏ်အင်္ဂါရပ်များမှ ရှိရင်စွဲဗီဇနှင့် အသီးအခြားခွဲထုတ်၍ မရသော ဘုရားသခင်၏ ပင်ကိုယ်ဂုဏ်သတ္တိများဖြစ်သည်။ ထိုဂုဏ်သတ္တိများအားဖြင့် ဘုရားသခင်သည် မိမိကိုယ်ဘုရားဖြစ်ကြောင်း ဆက်စပ်ဖော်ထုတ်ဖွင့်ပြခြင်းဖြစ်သည်။
            လောကဓါတ်နှင်ဆိုင်သော ဂုဏ်အင်္ဂါရပ် များမှာ ဘုရားသခင်နှင့်သူဖန်ဆင်ခဲ့သော သတ္တ၀ါအပေါင်း တို့၏ ဆက်စပ်မှုကို ဖော်ထုတ်ဖွင့်ပြလျှက်ရှိသော ပင်ကိုယ်ရှိရင်းစွဲဂုဏ်သတ္တိများဖြစ်သည်။
၁။         သန့်ရှင်းသောဝိညာဉ်တော်ပိုင်ဆိုင်သော “သဘာဝဂုဏ်အင်္ဂါရပ်များနှင့် ပတ်သက်၍ သရုပ်ဖော်ထုတ်ခြင်း
(က)      ဘုရားအသက်တာဖွင့်ပြခြင်း (Those revealing the of God)
-           အသက်တာ (life) ရောမ ၈း၂
-           ၀ိညာဉ်ရေးရာ (Spirituality) ယော ၃း၈
-           ပင်ကိုယ်ဗီဇ (Personality) ယော ၁၅း၁၆

(ခ)        ဘုရားသခင်၏ ပုဂ္ဂိုလ်ဖြစ်ခြင်းကို ဖော်ပြခြင်း
(Those revealing the person of god)
-               တလုံးတ၀တည်းရှိခြင်း (Unity) ယော ၁၇း၂၂။ မ ၂၈း၁၉-၂၀
-               မပြောင်းလဲမပျက်စိးနိုင်ခြင်း (Immutability) ဟဂ္ဂဲ ၂း၅
-               ထာဝရဖြစ်ခြင်း (Eternity) ဟေ ၉း၁၄
(ဂ)        ဘုရားသခင်၏ တန်ခိုးတော်ကို ဖော်ပြခြင်း
(Those revealing the power of God)
-               အလုံစုံကိုသိခြင်း (Omniscience) ၁ ကော ၂း၉-၁၄
-               နေရာတိုင်း၌ ရှိခြင်း (Omnipresence) ဆာ ၁၃၉း၇-၁၀
-               အလုံးစုံကို စွမ်းဆောင်နိုင်သော အနန္တတန်ခိုးကို ပြည့်စုံခြင်း (Omnipotence) က ၁း၂၊ ရော ၁၅း၁၉
၂။         သန့်ရှင်းသော ၀ိညာဉ်တော်ပိုင်ဆိုင်သော လောကဓါတ်နှင့်ဆိုင်သည့် ဂုဏ်အင်္ဂါရပ်များနှင့် ပတ်သက်၍ သရုပ် ဖော်ထုတ်ခြင်း။
(က)      ဘုရားသခင်၏ ပင်ကိုယ်သဘောကို ဖော်ပြခြင်း
(Those revealing the nature of God)
-               ချစ်ခြင်းမေတ္တ (love) ဂလာ ၅း၂၂၊ ရော ၅း၎
-               ကျေးဇူးတော် (Grace) ဟေ ၁၀း၂၉
-               ဂရုဏာတော် (mercy) ဂလာ ၅း၂၂
(ခ)        ဘုရားသခင်၏ ဗီဇသဘာဝကို ဖော်ပြခြင်း
(Those revealing the character of God)
-               သန့်ရှင်းစင်ကြယ်ခြင်း (Holiness) ရော ၁း၎
-               ဖြောင့်မတ်ခြင်း (Righteousness) ယော ၁၆း၇-၁၀
-               သစ္စာရှိခြင်း (Faithfulness) ဧ ၁း၁၃-၁၄၊ ၂ ကော ၂း၉-၁၁
(ဂ)        ဘုရားသခင်၏ အုပ်စိုးမှုကို ဖော်ပြခြင်း
(Those revealing the government of God)
-               ဥာဏ်ပညာ (Wisdom) ၁ ကော ၁၂း၈၊ ၁ ကော ၁၂း၉-၁၁
-               သမ္မာတရား (Turth) ယော ၁၄း၁၇
-               အချုပ်အခြာအာဏာစက် (sovereignty) ၂ ပေ ၁း၂၁
မှတ်ချက်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဖြစ်တော်မူ၍ သုံးပါးတစ်ဆူတည်းသော ဘုရား၏ ပင်ကိုယ် ရှိရင်းစွဲပုဂ္ဂိုလ်အဖြစ်ရပ်တည်လျှက်ရှိသောကြောင့် သူနှင့်ထိုက်တန်သောကျင့်ဝတ်များဖြစ်သည့် ကြည်ညို လေးမြတ်ခြင်းနှင့် ၀တ်ပြုကိုးကွယ်ခြင်းတို့ကို အပ်နှံဆက်သရန် မလွဲမသွေလုပ်ဆောင်ကြပါစို့။ ထိုသို့ ပြုလုပ် ခြင်းအားဖြင့်သင်၏အသက်တာသည် တည်ငြိမ်လျှက် ချမ်းသာကြွယ်ဝခြင်းနှင့်ပြည့်စုံရလိမ့်မည်။
၃။         သန့်ရှင်းသောဝိညာဉ်တော်၏ အမည်များ
(THE NAME OF THE HOLY SPIRIT)
သမ္မာကျမ်းစာ၌ သန့်ရှင်းသောဝိညာဉ်တော်အား အစရှိသောအမည်နာမအမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြောင်းတွေ့ ရှိရပြီးသူ၏ အမှုဆောင်ခြင်းနှင့် ဆက်ဆိုင်သောပင်ကိုယ်လက္ခဏာများကို ထောက်ရှုခြင်းအားဖြင့် ထာဝရ ဘုရားအား ကိုယ်စားပြုထားသော ပုဂ္ဂိုလ်ဖြစ်ကြောင်းတွေ့ရမည်။
(က)      ဘုရားသခင်၏ ၀ိညာဉ်တော် (THE SPIRIT OF GOD) ၁ ကော ၃း၁၆ နှင့် ခရစ်တော်၏၀ိညာဉ် တော် (THE SPIRIT OF CHRIST) ရော ၈း၉ ၀ိညာဉ်တော်အား ခမည်တော်နှင့် သားတော်နှစ်ဦး စလုံးက စေလွှတ်ခန့်အပ်၍ အာဏာကုန်လွှဲအပ်ထားပြီး ဘုရားဇာတိကိုခံယူထားသော ထူးမြတ် သည့်ပုဂ္ဂိုလ်ဖြစ်သည်။
(ခ)        သန့်ရှင်းသောဝိညာဉ်တော် (THE HOLY SPIRIT OF HOLINESS) လု ၁၁း၁၃၊ ရော ၁း၎ သန့်ရှင်း သောဝိ ညာဉ်တော် (THE SPIRIT OF HOLINESS) ၏ အမည်နာမကို ထောက်ရှုကြလျှင် သန့်ရှင်း ခြင်းကိုဖော်ဆောင်ပြီး မိမိ ကိုယ်တိုင်သန့်ရှင်းခြင်း၌ တည်လျှက် ကျွန်ုပ်တို့အားလည်း သန့်ရှင်းခြင်း ကို ယူတင်ဝတ်ဆောင်ရန် တိုက်တွန်းတော်မူ သည်။
(ဂ)        ကတိတော်နှင့် ယှဉ်သောသန့်ရှင်းသောဝိညာဉ် (THE HOLY SPIRIT OF PROMISE) ဧဖက် ၁း၁၃ အထက်ပါအမည်ကို ထောက်ရှုခြင်းအားဖြင့် ၀ိညာဉ်တော်သည် ကတိတော်နှင့်ယှဉ်သောတပါး တည်းသော ဥပဇ္ဈယ်ဆရာအဖြစ်လောကသို့ ဆင်းသက်လာပြီး ကျွန်ုပ်တို့နှင့် အစဉ်မပြတ်တည်နေ မည်ဟူသော ခရစ်တော်၏ ကတိတော်မြတ် ပင်ဖြစ်၏။ ယော ၁၄း၁၆-၁၈။ တဖန်သန့်ရှင်းသော ၀ိညာဉ်တော်သည် ကျွန်ုပ်တို့၌ တံဆိပ်ခတ်ခြင်း (ဧ ၁း၁၃)။ “အမွေ ၏ စားရန်” (ဧ ၁း၁၄) ဖြစ်တော် မူပြီး ရွေးနှုတ်ခြင်းနှင့် ဆိုင်သောကတိတော်များ၏ ပြည့်စုံမှုကို အာမခံထားသည်။
(ဃ)      ဆုကျေးဇူးကို ပေးသော ၀ိညာဉ်တော် (THE SPIRIT OF GRACE) ဟေဗြဲ ၁၀း၂၉
ဤအမည်နာမကမူ ဘုရားသခင်၏ ကျေးဇူးတော်ကို အလိုတော်နှင့်အညီ စီမံခန့်ခွဲ၍ ဝေမျှသောသူ သည် ၀ိညာဉ်တော် ဖြစ်ကြောင်း ထင်ရှားပေသည်။
(င)        အသက်ရှင်စေသောဝိညာဉ်တော် (THE SPIRIT OF TRUTH) ၀ိညာဉ်တော်သည် အသက်ကိုပေး သည့်အပြင် ခရစ်တော်သည် ကျွန်ုပ်တို့၏ အသက်တာ၌ အမှန်စင်စစ်အသက်ရှင်နေခြင်းကို သွန် သင်သွေးဆောင်တော်မူ၏။
(စ)        သမ္မာတရားနှင့်ပြည့်စုံတော်မူသော ၀ိညာဉ်တော်
(THE SPIRIT OF TRUTH)
ယော ၁၄း၁၇၊ ၁၅း၂၆၊ ၁၆း၁၃
သို့ဖြစ်၍ ၀ိညာဉ်တော်သည် ကျွန်ုပ်တို့အား သမ္မာတရားလမ်းသို့ လမ်းပြလျှက်အာမခံအတည်ပြု၍ သက်သေခံလျှက်ပို့ ဆောင်တော်မူသည်။
(ဆ)      ဘုန်းကြီးသောဝိညာဉ်တော် (THE SPIRIT OF GLORY) ၁ ပေ ၄း၁၄ ၀ိညာဉ်တော်သည် ကိုယ်တိုင်ဘုန်းကြီးရုံမက၊ မိမိတို့အပေါ်၌ ဘုန်းတော်ချပေးသနားတော်မူ၏ ဘုရားသခင်၏ကောင်း ချီးမင်္ဂလာဆုကျေးဇူးအပေါင်းကို ကိုယ်တိုင်စီစဉ်ဖြန့်ဝေပေးခြင်းအားဖြင့် ဘုရားသခင်၏ ဘုန်တော် ကို ထင်ရှားစေ၏။
(ဇ)        ထာဝရ၀ိညာဉ်တော် (THE ETERNAL SPIRIT) ဟေရှာ ၉း၁၄ 
ဤအချက်၌ ၀ိညာဉ်တော်၏ ထာဝရအမှုဆောင်ခြင်းနှင့် ဘုရားသခင်၏ ထာဝရဂုဏ်အင်္ဂါရပ်ကို သက်သေပြထင်ရှား စေသည်။
၎။         သန့်ရှင်းသောဝိညာဉ်တော်အားကိုယ်စားပြုသည့် သင်္ကေတလက္ခဏာများ
(THE SYMBOL OF THE HOLY SPIRIT)
သမ္မာကျမ်းစာ၌ သန့်ရှင်းသောဝိညာဉ်တ်ာအား ကိုယ်စားပြုလျှက် ကိုးကားဖော်ပြထားသော လက္ခဏာနှင့် တိကျသော အမှုဆောင်ခြင်းတို့ကို ဖော်ထုတ်ဖွင့်ပြလျှက်ရှိသည်။
(က)      ချိုးငှက် THE DOVE မ ၃း၁၆၊ မာ ၁း၁၀၊ လု ၃း၂၂၊ ယော ၁း၃၂ ဖြူသောချိုးငှက်သည် ဖြူစင် သန့်ရှင်းမှုကို သရုပ်ဖော်သည့်အပြင် ၀ိညာဉ်တော်အား သတင်းပို့သော စေတမန်အဖြစ်အသုံးပြု တော်မူသကဲ့သို့ ချိုးငှက်ကိုယ်စားပြု ဖော်ပြထားသည်။
(ခ)        လေ THE WIN (ယေ ၃း၈၊ က ၂း၁-၄)
လေသည်မမြင်ရသောလည်း ထိုးဖောက်တွန်းလှန်နိုင်သော အင်အားကြီးသလို ရွင်လန်းချမ်းမြေ့စေ သော ဂုဏ်သတ္တိနှင့်ပြည့်စုံ၏။ ထိုနည်းတူဝိညာဉ်တော်သည် ထိုအရည်အသွေးလက္ခဏာများနှင့် ပြည့်စုံတော်မူ၏။
(ဂ)        မီး FIRE (တ ၂း၃၊ ယေ ၂၀း၉)
ဝိညာဉ်တော်သည်နှုတ်ကပတ်တော်ကိုမီးကဲ့သို့လောင်ကျွမ်းစေသည်။ (မာလခိ ၃း၂) နှုတ်ကပတ် တော်ကို ရွှေကိုစစ်သောမီးကဲ့သို့ တင်စားထား၏။ မီး၏ ဂုဏ်သတ္တိများမှာ လောင်ကျွမ်းခြင်း၊ ဖျက် ဆီးခြင်း၊ သန့်စင်ခြင်း၊ စစ်ဆေးခြင်းအစရှိသည်တို့ ဖြစ်သကဲ့သို့ ၀ိညာဉ်တော်သည်ထိုနည်းတူ ဖြစ်၏။
(ဃ)      ဆီ OIL (ထွက် ၂၇း၂၀၊ ၃၀-၃၁၊ တ ၁း၈) (တ ၂း၎) (ဟေ ၁း၉) ဆီသည် ညက်ညောချောမွေ့ သောသဘော၊ အဟာရဖြစ်စေသောသဘော၊ (သံလွင်ဆီ) အလင်းကိုပေးထားသည့်သဘောကို သရုပ်ဖော်ထားသည့်အပြင် ဆီကို ဘိသိတ်ပေးရာ၌လည်း အသုံးပြုခြင်းသည် ဘုရားသခင်၏ ကောင်းချီးနှင့်တန်ခိုးတို့ကို ခံစားရယူခြင်း ပင်ဖြစ် သည်။
(င)        ရေ WATER        (ယော ၇း၃၇-၃၉)
ရေ၏ဂုဏ်သတ္တိများက အသစ်ဖြစ်စေခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ ရွှင်လန်းချမ်းမြေ့စေခြင်း၊ အသက်ရှင်စေခြင်းစသည် များဖြစ်သကဲ့သို့ ၀ိညာဉ်တော်၏ ဂုဏ်အင်္ဂါရပ်များသည် ထိုနည်းတူဖြစ် သည်။
(စ)        တံဆိပ် A SEAL (ဧ ၁း၁၃၊ ဧ ၄း၃၀)
ကျွန်ုပ်တို့၌ ၀ိညာဉ်တော်၏ တံဆိပ်ခတ်ခြင်း မည်သည် ဘုရားသခင်၏ ပိုင်ဆိုင်မှုကို ထုတ်ဖော်ပြသ ခြင်းဖြစ်သည်။ ၀ိညာဉ်တော်ကိုယ်တိုင်သည် ကျွန်ုပ်တို့၏ တံဆိပ်ဖြစ်သည်။ ထိုတံဆိပ်ခတ်တော်မူ ခြင်းက ကျွန်ုပ်တို့သည် ဘုရားသခင် ၏ သားသမီးဖြစ်ကြောင်း ထပ်တူထပ်မျှဖြစ်စေသည်။
(ဆ)      စားရန် EARNEST (၂ ကော ၅း၅၊ ၁း၂၂။ ဧ ၁း၁၄) စားရန်ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ဖွင့်ဆို ချက်များမှာ လက်ငင်းငွေချေခြင်း၊ ကတိက၀တ်ပြုခြင်း၊ စိတ်ချမှုရှိခြင်းနှင့် အာမခံခြင်းတို့ဖြစ်သကဲ့သို့ ဘုရားသခင်၏ ဆုကျေးဇူးဖြစ်သော ထိုဝိညာဉ်တော်သည် ကျွန်ုပ်တို့အား သခင်ဘုရားနှင့်အတူ ကောင်းကောင်နိုင်ငံတော်၌ ဘုန်းတော်ဝင်စားရမည့် ဂတိကို အာမခံသည့်ပုဂ္ဂိုလ်ဖြစ်သည်။
နိဂုံးချုပ်
            သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်သော ၀ိညာဉ်တော်၏ ဗတ္တိဇံ ၀ိညာဉ်တော်၏  ဆုကျေးဇူး၊ ၀ိညာဉ် တော်နှင့်ပြည့်စုံခြင်းအကြောင်းတို့ကို သေချာစွာနားလည်သဘောပေါက်ရန် သင်ခန်းစာ (၂၂) နှင့် (၂၃) တွင် အသေးစိတ် ထပ်မံလေ့လာရပေမည်။
သင်ခန်းစာ (၂၁) မေးခွန်းများ
၁။         သန့်ရှင်းသောဝိညာဉ်တော်၏ အကြောင်းနှင့် သူ့၏ အမှုဆောင်ခြင်းတို့ကို သိရှိနားလည်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။ လိုရင်းကို စာပှိဒ်ငယ်ဖြင့် ဖြေဆိုပါ။
၂။         သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ထံမှ ဖြစ်ပေါ်လာသော အမှန်အဖြစ်အပျက်ဟူ၍ ၄င်း၊ ခံစား ချက်တစ်ခု၊ အတွေ့အကြုံတစ်မျိုး၊ တန်ခိုးတစ်ရပ်ဟူ၍၄င်း ယုံကြည်လက်ခံခြင်းအားဖြင့် ခံစားရမည့် သဘာဝ ရလာဒ်သည် အဘယ်နည်း။
၃။         သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်အမှန်ဖြစ်ကြောင်း လက်ခံခြင်းကို ၀ိညာဉ်သဘောအရသော်လည်း ကောင်း၊ လက်တွေ့အရသော်လည်းကောင်းခိုင်လုံသော အကြောင်းပြချက်များကိုးကား၍ ဖြေဆိုပါ။
၎။         သန့်ရှင်းသောဝိညာဉ်တော်သည် သာမန်သြဇာလွှမ်းမိုးမှုတစ်ရပ်ဟူ၍ အချို့သော ဓမ္မဆရာတို့၏ မှားယွင်း သောခံယူချက်နှင့်သွန်သင်ချက်တို့အပေါ်၌ အချက် (၃) ချက်ဖြင့် ကိုးကားထောက်ပြ၍ တိုတိုနှင့် လိုရင်းကို ဖော်ပြပါ။
၅။         သန့်ရှင်းသောဝိညာဉ်တော်၏ နဂိုဗီဇလက္ခဏာများအထင်အရှားရှိခြင်းကို ခိုင်လုံသော အထောက်အထား (၄) ချက်ဖြင့် တိုတိုနှင့်လိုရင်းကို ဖြေဆိုပါ။ (စာကြောင်းလေးကြောင်းဖြင့် ရေးသားဖော်ပြရန်)
၆။         သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဆောင်ခြင်းနှင့် စပ်လျဉ်း၍ ပင်ကိုယ်ဗီဇလက္ခဏာများ   အမှန်တကယ်လို အပ်ကြောင်း အချက် (၅) ချက်ကို ကျမ်းအကိုးအကားဖြင့် ဖြေဆိုပါ။
၇။         သန့်ရှင်းသောဝိညာဉ်တော်အား ပြစ်မှားခြင်းနှင့် စပ်လျဉ်း၍ သင်မှတ်မိသောအချက် (၆) ချက်ကို ကျမ်းအကိုး အကားဖြင့် ဖြေပါ။
၈။         သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားမဟုတ်လျှင် ဖြစ်ပေါ်လာမည့်ရလဒ်များကို အတိုချုပ်ရေးသားပါ။
၉။         သန့်ရှင်းသောဝိညာသ်တော်သည် ခမည်တော်နှင့် သားတော်တလုံးတ၀တည်းဖြစ်နေသော နည်းလမ်း (၃)ခု ကိုရေးပါ။
၁၀။       ဘုရားသခင်သာ တတ်စွမ်းနိုင်သောအရာများကို သန့်ရှင်းသောဝိညာဉ်တော်လည်း တတ်စွမ်းနိုင်ကြောင်း အနည်းဆုံးလုပ်ဆောင်ချက် (၄) ချက်ဖြင့်ဖော်ပြပါ။
၁၁။       ဂုဏ်အင်္ဂါရပ် ATTRIBUTE အဓိပ္ပါယ်ကို ရှင်လင်းပါ။
၁၂။       ဂုဏ်အင်္ဂါ (၂) မျိုးကိုဖော်ပြပါ။
၁၃။       ဂုဏ်အင်္ဂါရပ်အမျိုးအစားတစ်ခုစီအတွက် သရုပ်ဖော်ပြချက်အနည်းဆုံး (၃) ခုစီကို ကျမ်းညွှန်းနှင့်တကွ ဖော်ပြ ပါ။
၁၄။       သန့်ရှင်းသောဝိညာဉ်တော်၏ အမည်အမျိုးမျိုးက ဘာကိုဆိုလိုပါသလဲ။
၁၅။       ပေးထားသောအမည် (၈) ခုမှ (၄) ခုကိုဖော်ပြ၍ ၄င်းတို့၏ အကျိုးသက်ရောက်မှုကို ကျမ်းညွှန်းနှင့်တကွ အတိုချုပ်ဖြေဆိုပါ။
၁၆။       သန့်ရှင်းသောဝိညာဉ်တော်ကို ကိုယ်စားပြုသော သင်္ကေတလက္ခဏာ (၇) ချက်မှ (၅) ချက်၏ အဓိပ္ပါယ်ကို ကျမ်းညွှန်းနှင့်တကွ အတိုချုပ်ဖြေဆိုပါ။
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
 
Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support