HCF

HCF MYANMAR IN SINGAPORE

Wednesday, August 28, 2013

ခေတ်အဆက်ဆက်တွင် ဘုရားသခင်၏အကြံတော်(၂)

                                                       သင်ခန်းစာ (၃၁)

ခေတ်အဆက်ဆက်တွင် ဘုရားသခင်၏အကြံတော်။
(ပဋိညာဉ်ကြီးများနှင့်ပဋိညာဉ်ငယ်များအဆက်)
နိဒါန်း
            သင်ခန်းစာ (၃၀)တွင် ဘုရားသခင်မှလူတို့နှင့် ပြုထားသော ပဋိညာဉ်များ၏အဓိပ္ပါယ်နှင့် အစုံအလင်ကို တတ် နိုင်သမျှ တင်ပြထားပြီး ဖြစ်ပါသည်။ ထိုပဋိညာဉ်များကို ခေတ်ကာလကြီးများနှင့် ယှဉ်လေ့လာခင်းကျင်းပြီးဖြစ်ပါသည်။ အနက်ဖွင့်လျက် အဓိကလက္ခဏာများနှင့်ဆက်စပ်ပြီးဖြစ်ပါသည်။ ထိုပဋိညာဉ်(၈)ပါးတို့၏ အဓိကရည်ရွယ်ချက်များကို လည်း ဖော်ပြပြီးဖြစ်ပါသည်။
အသေးစိတ်လေ့လာရန် လိုအပ်ခြင်းနှင့် ကျမ်းချက် အမြောက်အများပါဝင်နေခြင်းကြောင့် ပြီးခဲ့သော သင်ခန်းစာတွင်၊ ပဋိညာဉ်(၅)ပါးကိုသာ လေ့လာခဲ့ရပါသည်။ အာဒံပဋိညာဉ်၊ နောဧပဋိညာဉ်၊ အာဗြဟံပဋိညာဉ်နှင့် မောရှေပဋိညာဉ် တို့ဖြစ်ပါသည်။ ဤသင်ခန်းစာတွင် ပါလတိနပဋိညာဉ်၊ ဒါဝိဒ်ပဋိညာဉ်နှင့် ပဋိညာဉ်သစ်များကို လေ့လာ ရမည်ဖြစ်ပါသည်။
ဤသင်ခန်းစာ အရေးကြီးပုံ။
            အထက်ဖော်ပြပြီးသည့်အတိုင်း၊ ပဋိညာဉ်များကိုကောင်းစွာ သဘောမပေါက်လျှင် သမ္မာကျမ်းစာကို ကောင်း စွာ နားလည်နိုင်မည် မဟုတ်ပါ။ ဘုရားသခင်၏ထာဝရကာလအတွက် အကြံတော်နှင့် ရည်ရွယ်ချက်တို့ကို သိရှိထား ရန် အရေးကြီးလှပါသည်။ ဘုရားသခင်၏အလိုတော် ဖော်ပြတော်မူချက်ကို သဘောပေါက်နိုင်မည့်အကြောင်း ပညာနှင့် ပြည့်စုံရသောအခွင့် ပေးသနားတော်မူပါစေသော။

ဣသရေလတို့ပါလတိနပိုင်ဆိုင်ခွင့်။
(ပါလတိန ပဋိညာဉ်)
၁။         နောက်ခံသမိုင်း။
            ကတိထားတော်မူသည့်အမွေခံရာပြည်ကို ဣသရေလလူတို့သည်၊ မကြာမှီ ၀င်တော့မည်ဖြစ်သည်။ အာဗြဟံ အား ကတိထားတော်မူသောမြေ ဖြစ်ပါသည်။ သူတို့၏အနောက်တွင် အဲဂုတ္တုပြည်၌ ကျွန်ခံခြင်းရှိသည်။ သူတို့၏ရှေ့ တွင် ထိုပြည်၌နေထိုင်သောရန်သူ အမြောက်အမြားရှိသည်။ သူတို့တွင် မေးရန် မေးခွန်းမြောက်မြားစွာရှိခဲ့သည်။
က။        ထိုမြေသည် သူတို့ပိုင် ဖြစ်နေသေးပါသလော။
ခ။         အခြေအနေပေါ်တွင်မူတည်နေသော မောရှေပဋိညာဉ်သည် အခြေအနေပေါ် မူတည်ခြင်း မရှိသော ပါလတိန ပဋိညာဉ် ကိုဘေးဖယ်ထားပြီလော။
ဂ။         ရန်သူတို့၏တားဆီးခြင်းဖြင့် သူတို့ ရပ်နားနေရမည်လော။

၂။         ဘုရားသခင်၏အာမခံချက်။          တရား ၃၀း၁-၁၀
                        ပါလတိနပဋိညာဉ်ဖြစ်ပါသည်။ ဘုရားသခင်သည် သူတို့အား အာမခံချက်ပေးသည် သာမက လူတို့ ၏ မေးခွန်းများကို ဖြေထားပါသည်။

၃။         အရေးကြီးသောအချက်။
            က။        ထိုမြေကို ဣသရေလတို့ပိုင်ဆိုင်နေသေးကြောင်း အတည်ပြုထားပါသည်။ သစ္စာမရှိမှု၊ မယုံကြည်မှု တို့သည် ဤပဋိညာဉ်ကို ပျက်ပြယ်စေခြင်း မပြုချေ။
            ခ။         အခြေအနေပေါ်တွင် မူတည်နေသောမောရှေပဋိညာဉ်တွင် သူတို့နေထိုင်ရသော်လည်း အာဗြဟံ တွင် ပေးထားသောကတိတော်ကို ထိုပဋိညာဉ်သည် ပေါ့ပျက်စေခြင်းမပြုနိုင်။ ဂလ၊ ၃း၁၇။ က၊ ၁၃နှင့် ၁၅တွင် ကတိပြုထားသောမြေသို့ ပြန်၍ ၀င်စားရန်သာ ဖြစ်သည်။
            ဂ။         အာဗြဟံပဋိညာဉ်ကိုအတည်ပြုခြင်းနှင့် အကျယ်ချဲ့ခြင်းဖြစ်ပါသည်။ မြေမျက်နှာအသွင်အပြင်ကို ထပ်ဖြည့်ထားသည်။ နားမထောင်ခြင်းနှင့် မယုံကြည်ခြင်းတို့သည် ကြားခံရပ်တည်နေသော်လည်း အာဗြဟံအားပြုထားသော ကတိတော်သည် ပြည့်စုံရမည်သာဖြစ်သည်။
၎။         ပါဝင်သောအချက်များ။
            အောက်ပါအတိုင်း (၇) ချက်ရှိပါသည်။
            က။        ပညတ်တော်တို့ကို ကျင့်ဆောင်ခြင်း မပြုလျှင် ပေးထားသောနယ်မြေမှ ပယ်ရှားခြင်းခံရမည်။ (တရား၊ ၂၈း၆၃-၆၈)။
            ခ။         နောင်တွင် ဣသရေလလူမျိုးတို့အား ပြန်လည် သတိရမည်။( တရား၊ ၃၀း၁-၃)
            ဂ။         သူတို့အား ကယ်တင်သောအရှင်သည် ပြန်လာလိမ့်မည်။ (တရား၊ ၃၀း၃-၆)
            ဃ။        ဘိုးဘေးတို့ဝင်စားသောပြည်သို့ တဖန်ဆောင်ခဲ့မည်။ (တရား၊ ၃၀း၅)။
            င။         ဣသရေလ တစ်မျိုးသားအားလုံးသည် ပြောင်းလဲခြင်းသို့ရောက်လိမ့်မည်။ တရား၊၃၀း၎-၈။ ရော၊ ၁၁း၂၆-၂၇။ တ၊ ၁၅း၁၄-၁၆။
            စ။         ဣသရေလ၏ရန်သူအပေါင်းတို့ကို စီရင်တော်မူမည်။ တရား၊ ၃၀း၇။
            ဆ။        ထိုအမျိုးသားတို့သည် ထာဝရဘုရားထံမှအကျိုးကိုအပြည့်အ၀ရရှိကြလိမ့်မည်။ တရား၊ ၃၀း၉။
                        မှတ်ချက်။            ဘုရားသခင်သည် ထိုနယ်မြေနှင့်ပတ်သက်၍ ဣသရေလတို့အပေါ် မည်ကဲ့သို့ အလေးထားသည်ကို သတိပြုသင့်ပါသည်။

၅။         ထပ်မံအတည်ပြုထားသည်။ ယေဇ ၁၆း၁-၆၂ နှင့် ၆၀-၆၁။
                        ဘုရားသခင်က ထိုပဋိညာဉ်ကို ထာဝရပဋိညာဉ်ဟု ခေါ်ထားပါသည်။ အချက်အလက်များကိုကြည့် သောအခါ ဣသရေလလူတို့အား နှင်ထုတ်ခြင်းသည် အပြီးသတ် မဟုတ်ကြောင်းတွေ့ရှိရပါသည်။

၆။         လက္ခဏာများ
က။        အခြေအနေပေါ် မူတည်ခြင်း မရှိပါ။
ခ။         ထာဝရပဋိညာဉ်ဖြစ်သည်။ ယေဇ ၁၆း၆၀။
ဂ။         အာဗြဟံပဋိညာဉ် (အခြေအနေပေါ်မူတည်ခြင်းမရှိ) ကိုထပ်မံ အကျယ်ချဲ့ခြင်း ဖြစ်ပါသည်။
ဃ။        ဣသရေလ၏ စိတ်နှလုံးပြောင်းလဲခြင်းသည် ပဋိညာဉ်၏ပြည့်စုံမှုအတွက် အဓိကအကြောင်း ဘုရားရှင်က အာမ ခံထားပါသည်။ ရော၊ ၁၁း၂၆-၂၇။ ဟော၊ ၂း၁၄-၂၃။ တရား ၃၀း၆။ ယေဇ ၁၁း၁၆-၂၁။ ဘုရားသခင်သည် မိမိအချုပ်အခြာအာဏာကိုကျင့်သုံးဖြစ်ပါသည်။
င။         ပဋိညာဉ်အစိတ်အပိုင်းများသည် လက်တွေ့တွင် ပြည့်စုံနေပြီးဖြစ်သည်။
စ။         တရား၊ ၃၀း၁-၃တွင်ပါဝင်သော“လျှင်” သည် အချိန်ကာလနှင့်သာသက်ဆိုင်သဖြင့်- ပဋိညာဉ်ပါအချိန် အားလုံး အပေါ် အခြေအနေတစ်ရပ်အဖြစ် လွှမ်းမိုးခြင်းမပြုပါ။

၇။         ခေတ်ကာလပြီးဆုံးချိန်အတွက်ဖော်ပြချက်။
က။        ဣသရေလသည် ပြောင်းလဲရမည်။
ခ။         ဣသရေလသည် ပြန်လည်စုစည်းရမည်။
ဂ။         ဣသရေလသည် မိမိပြည်သို့ပြန်ရမည်။
ဃ။        ဣသရေလသည် ထိုပြည်ကိုပိုင်ရမည်။
င။         ဣသရေလသည် မိမိရန်သူအပေါ်ကျရောက်သောစီရင်ခြင်းကိုမြင်တွေ့ရမည်။
စ။         ဣသရေလသည် လောကစည်းစိမ်ကောင်းကြီးမင်္ဂလာခံစားရမည်။
ဆ။        ဤနေရာများသည် မည့်သည့်အခါကမှ ပြည့်စုံခြင်းမရှိသေးသည်နှင့်လာမည့်ခေတ်ကာလအတွက် ကြိုတင်သိ ရှိနိုင်ရန် သတိပြုရပါမည်။

၈။         ဤအချက်များသည် ပရောဖက်များ၏ ဟောပြောချက်တို့နှင့်ကိုက်ညီလျက်ရှိပါသည်။ ဟေရှယ။ ၁၁း၁၁-၁၂။ ၁၄း၁-၃။ ၁၇း၁၂-၁၃။ ၄၈း၈-၁၆။ ၆၆း၂၀-၂၂။
            ယေရမိ ၁၆း၁၄-၁၆။ ၂၃း၃-၈။ ၃၀း၁၀-၁၁။ ၃၁း၈။ ၃၁-၃၉။ ယေဇကျေလ။ ၁၁း၁၇-၂၀။ ၂၀း၃၃-၃၈။ ၃၄း၁၁-၁၆။ ၃၉း၂၅-၂၉။ ဟော။ ၁း၁၀-၁၁။ ယောလ။ ၃း၁၇-၂၁။ အာမုတ်၊ ၉း၁၁-၁၅။ မိက္ခာ၊ ၄း၎-၇။
            ဇေဖနိ၊ ၃း၁၄-၂၀။ ဇာခရိ၊ ၈း၎-၈။

ခရစ်တော်နှင့်ဒါဝိဒ်၏ရာဇပလ္လင်
(ဒါဝိဒ် ပဋိညာဉ်)
၁။         ဘယ်မှာ။             ၂ရာ၊ ၇း၈-၁၇။
၂။         အချိန်။               ဒါဝိဒ်သည် ဣသရေလရှင်ဘုရင်အဖြစ်စိုးစံစဉ်။ ပညတ်တော်ကာလ။
၃။         မည်သူနှင့်။          ဒါဝိဒ်နှင့်သူ၏မိသားစု။
၎။         အဓိကရည်ရွယ်ချက်။
            (၁)        ဒါဝိဒ်၏သားစဉ်မြေးဆက် အစဉ်တည်စေသည်။ (ခရစ်တော်၌ပြည့်စုံသည်) မ၊ ၁း၁။ လု၊ ၁း၃၃။
            (၂)        ဒါဝိဒ်၏မင်းနိုင်ငံသည် ဣသရေလပြည်နှင့်တစ်ကမ္ဘာလုံးတွင်အစဉ်တည်စေသည်။ (ခရစ်တော်၌ ပြည့်စုံမည်။ တ၊ ၁၅း၁၄-၁၇)           
၅။         တိကျသောကတိများ။
            က။        အစဉ်အမြဲတည်သောအမျိုးအနွယ် (၂ရာ ၇း ၁၆) ဒါဝိဒ်အမျိုးအနွယ်ကိုရည်ရွယ်ခြင်းဖြစ်သည်။ ဇာတိအမျိုးအနွယ် သို့မဟုတ် သားမြေးများကိုဆိုလိုပါသည်။ ဒါဝိဒ်မျိုးဆက်ကိုဆိုလိုပါသည်။ အမျိုး အနွယ်မပြတ်ရ။
            ခ။         ထာဝရရာဇပလ္လင်။ (၂ရာ ၇း၁၆) ဒါဝိဒ်၏အာဏာစက်၊ အုပ်စိုးပိုင်ခွင့်ကို ဆိုလိုသည်။ အချုပ်အခြာ အာ ဏာပိုင်စိုး၍ အုပ်စိုးရသော အခွင့်သည် ဒါဝိဒ်နှင့်သားစဉ်မြေးဆက် တို့၌ အစဉ်ရှိနေစေရမည်။
            ဂ။         ထာဝရနိုင်ငံတော်။ လောက၌တည်သော နိုင်ငံဖြစ်ပါသည်။ နိုင်ငံရေးအရတည်သော မင်းနိုင်ငံ ဒါဝိဒ်၊ ရှောလမုန်မှစ၍ ပရောဖက်တို့သည် ဤကဲ့သို့သာ နားလည်ခဲ့ကြပါသည်။(၂ရာ ၇း၁၆)
            ဃ။        ပြည့်စုံမည့် အခွင့်အလမ်း။ (၂ရာ၊ ၇း၁၆)

၆။         တွေ့ကြုံမည့်ပြဿနာများ။
            က။        ဤအချက်များသည် မျက်မြင်သဘောအားဖြင့်ပြည့်စုံလာရမည်လော။
            ခ။         ဤအရာများသည် ၀ိညာဉ်သဘောကိုဆောင်သည်ဆိုပြီး (၁) နိုင်ငံတော်ဆိုရာ၌အသင်းတော်လော။ (၂) မိသားစုအမျိုးအနွယ်ဆိုရာ၌“ယုံကြည်ခြင်းမျိုးနွယ်”လော။ (၃) ရာဇပလ္လင်ဆိုရာ၌ခရစ်တော် ယခု လက်ျာဘက်၌ထိုင်နေသော အာဘဘုရားသခင်၏ပလ္လင်တော်ဟု အနက်ဖွင့်ရမည်လော။
            ဂ။         သမိုင်းအရ ရှောလမုန်တွင် အရာခပ်သိမ်းပြည့်စုံသွားပြီလော။
            ဃ။        နိုင်ငံတော်သည်၊ ယခုပင်လော သို့မဟုတ် နောင်တွင်လော။
            င။         ခရစ်တော်သည် မည်သည့်အချိန်တွင် ဤကတိတော်များကို ပြည့်စုံစေပါသနည်း။
            စ။         သမိုင်းအရ ပြီးပြည့်စုံမှုရှိခဲ့ပြီလော။

၇။         ရှောလမုန်နှင့်သားစဉ်မြေးဆက်ပြဿနာ။ (၂ရာ၊ ၇း၁၂-၁၄။
            က။        သင်မှဆင်းသက်သောသားကိုငါချီးမြှောက်မည်။ (ငယ်-၁၂) ပြည့်စုံပြီး။
            ခ။         သူ၏နိုင်ငံတော်ကိုတည်ဆောက်မည်။ (ငယ်-၁၂) ပြည့်စုံပြီး။
            ဂ။         အိမ်ကိုဆောက်မည်။ (ငယ်- ၁၃) ပြည့်စုံပြီး။
            ဃ။        သူထိုင်သောရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်။ (ငယ်-၁၃) အချုပ်အခြာအာဏာပိုင်စိုးခွင့် သို့ မဟုတ် မင်းအဖြစ် စိုးစံခွင့်ကို ရည်ညွှန်းပါသည်။
င။         မှတ်ချက်။          ရှောလမုန်၏မျိုးဆက်နှင့်မိသားစု၏အစဉ်အမြဲ တည်ရှိနေမှုကို လုံးဝဖော်ပြခြင်း  မတွေ့ရပါ။
            (၁)        အံ့သြဘွယ် တိကျသောပရောဖက်ပြုမှုကို တွေ့ရှိရပါသည်။
            (၂)        ရှောလမုန်၏ရာဇပလ္လင်နှင့် မင်းအာဏာသည် ဆက်လက်ရှင်သန်ခဲ့သည်။
            (၃)        ရှောလမုန်၏သားစဉ်မြေးဆက်သည် ဘုရင်ယေခေါနိ လက်ထက်၌ အဆုံးသတ်ပြီးဖြစ်ပါ သည်။ ယေ၊ ၂၂း၂၈-၃၀။
            (၄)        ခရစ်တော်သည် မယ်တော်မာရိမှမွေးဖွား၍ ရှောလမုန်၏ သားစဉ်မြေးဆက်ဝင် မဟုတ်ပါ။ သို့သော် နာသန်မှတဆင့် ဆင်းသက်သောဒါဝိဒ်၏သားစဉ်မြေးဆက်အ၀င်ဖြစ်ပါသည်။ ခရစ်တော်၏တရားဝင် ဖခင်ဖြစ်သော ယောသပ်သည် ရှောလမုန်မှတဆင့် ဆင့်သက် သော ဒါဝိဒ်၏သားစဉ်မြေးဆက်ဖြစ်သည်။ ဤအချက်သည် ခရစ်တော်အား ဒါဝိဒ်၏ တရားဝင် သားစဉ် မြေးဆက်အ၀င်ဖြစ်စေလျက်၊ ကတိထားတော်မူသော ရာဇပလ္လင်ကို ဆက်ခံရန် အခွင့်အာဏာ ရှိစေပါသည်။
                                    ထို့ကြောင့် ဤပဋိညာဉ်သည် ရှောလမုန်အား ပြည့်စုံခြင်း မရှိပါ။

၈။         အနှစ်တစ်ထောင် စိုးစံခြင်းကို မယုံကြည်သူ။
                        မျက်မြင်ပြည့်စုံခြင်းကို လက်မခံသူ၏ငြင်းခုံချက်
            က။        ဤပဋိညာဉ်သည် လောကဆိုင်ရာဖြစ်သောကြောင့် ယာယီသဘောဆောင်လျက် အခြေအနေတွင် မူတည်နေသည်ဟု ပြောပါသည်။
            အဖြေ    -           သမ္မာကျမ်းစာ၏ရိုးရိုးရှင်းရှင်း ဖော်ပြချက်သည် ထိုသို့ မဟုတ်ပါ။
            ခ။         ရှောလမုန်နှင့်သူ၏အုပ်စိုးခြင်းတွင် ဤပဋိညာဉ်သည် ပြည့်စုံပြီဖြစ်သည်ဟု ပြောပါသည်။
အဖြေ    -           ထိုသို့ဖြစ်လျှင် နောက်မှပရောဖက်ပြုသော ယေရမိ၏ ဟောပြောချက်များသည် မိုက်မဲရာ မကျပါ။ ယေ ၃၃း၁၅-၁၇။
ဂ။         ဤပဋိညာဉ်သည် ၀ိညာဉ်ရေးရာအားဖြင့်သာ ပြည့်စုံမှုရှိပါသည်။
            (၁)        ရာဇပလ္လင်သည် ခမည်းတော်ဘုရား၏ပလ္လင်အတွက် ဖြစ်ပါသည်။ ဗျာ၊ ၃း၂၁။ ဟေဗြဲ၊ ၈း၁။ ၁၀း၁၂။ မှတ်ချက်။ ကျမ်းစာတွင် မည်သည့်အခါမျှ ခမည်းတော်ဘုရားသခင်၏ပလ္လင် ကို ဒါဝိဒ်၏ပလ္လင်ဟူ၍ မခေါ်ခဲ့ဘူးပါ။
            (၂)        မိသားစုသည် “ယုံကြည်သူ၏အိမ်သားများ” ဖြစ်ပါသည်။ ဂလ၊ ၆း၁၀
            (၃)        နိုင်ငံတော်သည် အသင်းတော်ဖြစ်သည်။
            (၄)        ဒါဝိဒ်အားပေးသော ထာဝရနိုင်ငံတော်နှင့်မျိုးနွယ်ဆိုင်ရာပဋိညာဉ်သည် အသင်းတော်၌ ပြည့်စုံပြီး ဖြစ်ကြောင်းနှင့်၎င်းဝိညာဉ်သဘောအရ ခရစ်တော်ကိုပုံဆောင်ခြင်းဖြစ်ကြောင်း သူတို့က ယုံကြည်၏။
            မှတ်ချက်။            ၎င်းယူဆချက်သည် အစွန်းရောက်၍ ကျမ်းစာနှင့်ကိုက်ညီခြင်း မရှိပါ။

၉။         ဤပဋိညာဉ်၏အခြေအနေပေါ် မူတည်ခြင်းမပြုပဲ လက်တွေ့ပြည့်စုံခြင်းကို သက်သေပြချက်။
            က။        “ထာဝရ” ဟုခေါ်ထားပါသည်။ ၂ရာ၊ ၇း၁၆။ ၂၃း၅နှင့် ဟေရှာ ၅၅း၃။ ထို့အတူ ဤပဋိညာဉ်၏ပြည့်စုံ ခြင်းသည် ဘုရားသခင်၏အချုပ်အခြာအာဏာပိုင်စိုးမှုနှင့်ကတိတည်မှုအပေါ်တွင်သာတည်ပါသည်။
            ခ။         အခြေအနေပေါ်မူတည်ခြင်းမရှိပဲ၊ အာဗြဟံနှင့်ပြုထားခဲ့သော အာဗြဟံ ပဋိညာဉ်ပါ “အမျိုးအနွယ်” ကို ပိုမိုပေါ်လွင်စေခြင်း ဖြစ်ပါသည်။
            ဂ။         မှတ်ချက်၊ ဆာလံ ၈၉။
                        ၁။         ဒါဝိဒ်သည် မိမိနိုင်ငံတော်ပျက်စီးမည့်အကြောင်းကို ကြိုတင်မြင်ထားပြီးဖြစ်သည်။ (ငယ်-၃၈-၄၅) ထိုအချိန်သည် ကတိပြုထားသောပဋိညာဉ်သည်ပြည့်စုံခြင်းမရှိမီကပင်ဖြစ် သည်။ (ငယ်-၂၀-၂၉)
                        ၂။         ထိုသို့ဖြစ်သည့်တိုင်သူသည်ထိုပဋိညာဉ်များလက်ထက်တွင်ပြည့်စုံရန်မျှော်လင့်ခဲ့သည်။ (ငယ်-၄၆-၅၂)
                        ၃။         အငယ် ၃၀-၃၄ ပါ “သို့ရာတွင်” ကိုသတိပြုပါ။
            ဃ။        ဓမ္မသစ်ကျမ်းစာတွင် ဒါဝိဒ်အားရည်ညွှန်းထားသောကျမ်းချက် ၅၉ကြိမ်တွေ့ရှိရပါသည်။ ထိုရည်ညွှန်း ချက်များတွင် ခမည်းတော်၏ပလ္လင်နှင့်ဆက်စပ်ဖော်ပြခြင်းမရှိခဲ့ပါ။ ဆိုလိုရင်း ပေါ်လွင်ပါသည်။
            င။         ယောဟန်၊ သခင်ယေရှု၊ တစ်ဆယ့်နှစ်ပါး၊ အပါးခုနှစ်ဆယ်တို့မှ ပေးအပ်သော “နိုင်ငံတော်” သည် လောကနိုင်ငံဖြစ်ပါသည်။
                        (၁)        ယုဒလူတို့သည် ခရစ်တော်အား အဘဒါဝိဒ်၏နိုင်ငံတော် တည်ထောင်မည်ဟု မျှော်လင့်ခဲ့ ခြင်းသည် တရားသောအမှုဖြစ်ပါသည်။ ယုဒလူများအနေဖြင့် ထိုနိုင်ငံတော်သည် ကယ် တင်ရှင်၏နိုင်ငံတော်ဖြစ်လျက်၊ ဤလောက၌ပေါ်ထွန်းမည့် မျက်မြင်နိုင်ငံဖြစ်သည်ဟု ယုံ ကြည်ထားကြပါသည်။
                        (၂)        အကယ်၍ဒါဝိဒ်အားပေးထားသော ကတိတော်သည် ယုဒလူမျိုးတို့ မျှော်လင့်ထားသည့်အ တိုင်း သူတို့သိသော အဓိပ္ပါယ်နှင့် အမြင်အတိုင်း မဖြစ်ခဲ့ပါလျှင် ရာစုနှစ်ပေါင်းများစွာ ထို ယုဒ လူတို့သည်လှည့်ဖြားခြင်းခံသူများဖြစ်ပါသည်။ ဆာလံ ၈၉း၃၄ နှင့် ၁၃၂း၁၁ ကဲ့သို့သော ကတိတော်ရှေ့၌ ဘုရားကိုကြည်ညိုသော ယုဒလူတို့သည် မျှော်လင့်သလို မဖြစ်လာပါက ထိုကျမ်းချက်တို့သည် ပင်လျှင် ထင်မြင်ချက် ဖြစ်ရပါတော့မည်။
                        (၃)        “နိုင်ငံတော်” ကိုငြင်းပယ်ခြင်းခံရပြီးနောက် ခရစ်တော်သည် ဤလောကမျက်မြင် နိုင်ငံ တော် ကိုမျှော်လင့်လျက် ရှိနေပါသေးသည်။ မ၊ ၂၅း၃၁။
            စ။         ဤကတိတော်များသည် လူ့ရာဇ၀င်သမိုင်းအရ ပြည့်စုံမှု တစ်ခါမျှ မရှိဘူးသေးပါ။
                        (၁)        ဘုရားသခင်သည် အာဗြဟံအား ကတိထားတော်မူသောပြည်၊ ဒါဝိဒ်၏မင်းနိုင်ငံကို ဣသ ရေလလူတို့သည် ရာဇ၀င်သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ အစဉ်ပိုင်စိုးခြင်းမရှိသေးပါ။
                        (၂)        ရှောလမုန်မင်းကြီးသည် ထိုဒေသအချို့မှ အခွန်ကောက်နှင့် အမှုထမ်းခြင်းကိုရယူခဲ့ သော် လည်း ထိုနယ်မြေများကို ၀င်ရောက်ပိုင်စိုးခြင်းမပြုခဲ့ပါ။ ၃ရာ၊ ၄း၂၁။
                        (၃)        ရှောလမုန်မင်းကြီး နောက်နှစ်ပေါင်းများစွာကြာလာသောအခါ ထိုနယ်မြေကို အပိုင် ပေးမည် ဖြစ်ကြောင်း ကတိတော်များကို သမ္မာကျမ်းစာ၌ ထပ်မံတွေ့ရှိရပါသည်။
                        ဆ။        ထိုကတိတော်များသည် ဒါဝိဒ်၏သားတော် (အသွေးအသားအားဖြင့်) အား ပြုထားခြင်းဖြစ်ပါသည်။ ရာဇပလ္လင်နှင့် နိုင်ငံတော်သည် လူသားအဖြစ်ကိုခံယူသော ခရစ်တော်၏ အမွေအနှစ်အဖြစ် ကတိ ပေးထားခြင်း ဖြစ်ပါသည်။
                                    မှတ်ချက်။ ခရစ်တော်သည် မျက်မြင်အားဖြင့် ဒါဝိဒ်၏သားတော်ဖြစ်ပါသည်။ လု၊ ၁း၃၂။ ရော၊ ၁း၃။ ထိုကတိတော်သည် ခရစ်တော်၌ မျက်မြင်ပြည့်စုံ ရမည်ဖြစ်ပါသည်။
                        ဇ။         ဤပဋိညာဉ် ပါ ကတိတော်များကို ၀ိညာဉ် အဓိပ္ပါယ် ဖွင့်ရန် လမ်းညွှန်ထားသော ကျမ်းချက် မတွေ့ ရပါ။ ထိုသို့ လုပ်မည်ဆိုပါက စိတ်ဆန္ဒအရာသာဖြစ်သည်။
                        စ်။         မျက်မြင်အားဖြင့် တစ်ပိုင်းတစ်စပြည့်စုံ နေခြင်းသည် နောင်တွင် အပြည့်အစုံ ပြည့်စုံမည့် သဘော ဖြစ်ပါသည်။
                        ည။        ဓမ္မသစ်ကျမ်းစာတွင် ဒါဝိဒ်၌ကတိပြုထားသော နိုင်ငံတော်အား ယခုခေတ်ကာလ သို့မဟုတ် အသင်းတော်ခေတ် သို့မဟုတ် ခရစ်တော်၏လက်ရှိကာလ သာသနာအဖြစ် တစ်ကြိမ်တစ်ခါမျှ ဆက်စပ် ဖော်ပြခြင်း မပြုခဲ့ပါ။
                                    (၁) အခြားတဘက်တွင် ဒါဝိဒ်၏ ရာဇပလ္လင်ကို မည်သည့်အချိန်တွင် ခရစ်တော်သည် တည်ဆောက်မည်။ ဣသရေလလူတို့ မည်သည့်အချိန်တွင် ပြောင်းလဲမည် စသည်များကို မှတ်တမ်းတင် ဖော်ပြထားပါသည်။ တ ၁၅း၁၄-၁၆။
                                    (၂) မှတ်ချက်။ အာမုတ် ၉း၁၁-၁၂ ကို ဂရိဘာသာ ကျမ်းစာမှ ထုတ်ယူဖော် ပြခြင်း ဖြစ်ပါ သည်။ ယာကုပ်က ဤစကားကိုပြောကြားရာတွင်“လျှင်”ဟုဆိုရာ၌ ပြန်လည် တည် ဆောက်ခြင်း၊ ပြန်မတ်စေခြင်း ရှေးယခင်ကကဲ့သို့ ပြန်ဖြစ်နေမည့် အချိန်ကို ရည်ညွှန်း ထားပါသည်။
                                    (၃) ရော၊ ၁၁း၂၅-၂၇။ အငယ် ၂၇ တွင်ပဋိညာဉ်။
                                    (၄) “တဲတော်”။ တစ်ပါးအမျိုးသားများ မပါသော ဣသရေလ တစ်မျိုးသား အားလုံးကို ကိုယ်စားပြုပါသည်။ တ၊ ၁၅း၁၆။
                                    (၅) ဤအရာများကို ကြည့်လျှင်ခရစ်တော်သည် ယခုအခါ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင် စိုးစံနေတော်မူခြင်း မရှိကြောင်း သိသာနိုင်ပါသည်။

၁၀။       နိဂုံး
            က။        ခေတ်ကာလသည် အသင်းတော်ကာလဖြစ်ပါသည်။ နိုင်ငံတော်ကာလ မဟုတ်ပါ။
            ခ။         ခရစ်တော်သည် ခမည်းတော်သည် ဘုရား၏ပလ္လင်တွင် စံနေပါသည်။ မိမိကိုယ်ပိုင်ပလ္လင်၌ မဟုတ် ပါ။
            ဂ။         ယနေ့သန့်ရှင်းသော ၀ိညာဉ်တော်၏ လှုပ်ရှားမူနှင့်ဧ၀ံဂေလိ တရားဟောပြောမူကြောင့် အတင်း တော်ကို တည်ဆောက်လျက်ရှိပါသည်။ ဤအရာသည် လူတို့အတွက် “ခက်ခဲနက်နဲ” သောနိုင်ငံ တော်ကို ဖွဲ့စည်းမူပင် ဖြစ်ပါသည်။
            ဃ။        ယနေ့ပါလက်စတိုင်းတွင် ကျွန်ုပ်တို့မြင်နေရသော အရပ်များသည် နောင်လာမည့်အရာများ၏ ရှေ့ ပြေးသာ ဖြစ်ပါသည်။
            င။         ခရစ်တော်နောက်တဖန်ကြွလာခြင်းသည်-
                         အသင်းတော်အတွက် - ချီဆောင်ခြင်း
                        ယုဒလူတို့အတွက် - ပြန်လည်ထူထောင်ခြင်း
                        တစ်ပါးအမျိုးသားအတွက် - ငြိမ်သက်စွာအုပ်စိုးခြင်း ဖြစ်ပါသည်။
            စ။         ဘုရားသခင်နှင့်သူ၏နှုတ်ကပတ်တော်သည် ထာဝရဖြစ်လျှက် မပြောင်းမလဲတည်ရှိ နေသဖြင့် ထိုအရာပေါ်တွင် ရပ်တည်နိုင်ပါသည်။
            ဆ။        ခရစ်တော်သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြောင့်မတ်စွာ စိုးစံဦးမည်ဖြစ်ပါသည်။
                                               
အသွေးတော်ဖြင့် တံဆိပ်ခပ်ထားသော ပဋိညာဉ်။
                                                (ပဋိညာဉ် တရားသစ်)
၁။         အဓိကကျမ်းချက်။           ယေ၊ ၃၁း၃၁-၃၈။ ၃၂း၃၇-၄၁။ ယေဇ၊ ၃၆း၂၆-၃၄။ ၃၇း၂၁-၂၈။ ဟေဗြဲ ၈း၈-၁၂။ ဟေဗြဲ ၉း၁၅။ ၁၀း၁ ၆။ ၁၂း၂၄။ မ၊ ၂၆း၂၈။ ၁ ကော ၁၁း၂၅။

၂။         မည်သူနှင့်ပြုပါသနည်း။ “ဣသရေလ အမျိုးသား” ယေ ၃၁း၃၁။ ဟေဗြဲ ၈း၈။

၃။         အဓိပ္ပါယ်ဖွင့်ချက်။ ယေ ၃၁း၃၂။ ပဋိညာဉ်တရား “ဟောင်း” ဖြစ်သော “ပညတ်” တရား၏ ဆန့်ကျင်ဘက် “အသစ်”

၎။         ပါဝင်သောအချက်များ။
            က။        ဣသရေလူတို့အား နှလုံးသားအသစ်ပေးမည်။ ယေရ ၃၁း၃၃။
  ခ။        ဣသရေလ လူတို့အား ဘုရားသခင်ရှေ့၌ မျက်နှာရသောအမျိုး၊ ကောင်းကြီးခံစားရသောအမျိုး၊ ပြန်ဖြစ်စေမည်။
ဂ။         ဣသရေလ လူတို့အား အပြစ်လွှတ်မည်။ ယေ ၃၁း၃၄။
ဃ။        သန့်ရှင်းသော ၀ိညာဉ်တော်ကို ပေးမည်။ ယေဇ ၃၆း၂၇။
င။         ထိုပြည်၌ စီးပွားချမ်းသာ တိုးတက်မည်။ ယေဇ ၃၆း၃-၃၅
စ။         ဂျေရုဆလင်မြို့တော်၌ ဗိမာန်တော်ကို တည်ထောင်မည်။ ယေဇ ၃၆း၂၆-၂၇
ဆ။        စစ်မူငြိမ်း၍ ငြိမ်းချမ်း သာယာခြင်းရှိမည်။ ဟေရှာ ၂း၎။
ဇ။         ထိုပဋိညာဉ်သည် ခရစ်တော် ပူဇော်ခဲ့သော အသွေးတော်အားဖြင့် တံဆိပ်ခတ်ခြင်း အာမခံခြင်းပြု လုပ်ပါသည်။ မ ၂၆း၂၈။ ဟေဗြဲ ၉း၁၁-၂၂။ ဟေဗြဲ ၁၀း၁၁-၁၈။

၅။           ပဋိညာဉ်တရားတော်သစ်၏ သဘောသဘာဝ။
            က။        အခြေအနေပေါ်တွင် ရပ်တည်မူ လုံးဝမရှိပါ။ ဘုရားသခင်၏အလိုတော် တစ်ခုတည်းပေါ်တွင်သာ အခြေတည်ထားပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော် သက်သက်ဖြစ်၍ ဘုရားသခင် ကိုသာ မျှော်ကြည့်ရပါမည်။
            ခ။         မျက်မြင်ဖြစ်ပါသည်။ မြင်တွေ့ရမည့်လူသားများ မြင်တွေ့ရမည့်မြေကြီး၊ လက်တွေ့ခံစားရမည့်အပြစ် ဖြေလွှတ်ခြင်း၊ ဆေးကြောခြင်း၊ လက်တွေ့ပြုခဲ့သော ပူဇော်သက္ကာ၌ အခြေတည်သော အသစ်သော မွေးဖွားခြင်း။
            ဂ။         ထာဝရဖြစ်ပါသည်။ ယေရ ၃၁း၃၄၊ ၃၂း၄၀။
            ဃ။        အာဗြံဟံ ပဋိညာဉ်ပါ တတိယအချက်ဖြစ်သော “ကောင်းကြီးမင်္ဂလာ” ပေးထားပြီးဖြစ်သော ပဋိညာဉ်တစ်ပါးကို ပိုမိုအကျယ်ချဲ့ဖွင့်ပြခြင်းဖြစ်ပါသည်။ အခြေအနေပေါ်တွင်မူတည်ခြင်းမရှိ၊ ထို့ ကြောင့်ပြောင်းလဲ၍မရနိုင်။

၆။         မည်သည့်အခါပြည့်စုံမည်နည်း။
           က။         ဤပဋိညာဉ်သည် စတင်အသက်ဝင်ပြီးဖြစ်၍ အသင်းတော်၌ပြည့်စုံဆဲဖြစ်သည် ဟု သွန်သင်သော သူများ ရှိပါသည်။
            ထိုအမြင်ရ-
           (၁)         ဣသရေလလူတို့၏ ရှေ့ရေးကိုငြင်းပယ်ထားပါသည်။
           (၂)         ဣသရေလူတို့၏ရှင်ဘုရင်အဖြစ်ဤလောကသို့ ခရစ်တော်ကြွလာမည့်အကြောင်းကိုငြင်းပယ်သည်။
           (၃)         ဤပဋိညာဉ်တော်၏အစိတ်အပိုင်းအချို့ကို ၀ိညာဉ်သဘောဆောင်စေခြင်း၊ သြ၀ါဒသဘော ဆောင် 
                       စေပါသည်။
           (၄)         အသင်းတော်အား ဘယ်သောအခါမျှ ဣသရေလဟု မခေါ်ကြောင်းကိုမြင်ကြပါ။
          
            ခ။         ရှေးဟောင်းအယူအဆကို နှစ်သက်သောပညာရှင်များက ယေဘုယျအားဖြင့် လက်ခံထားသော   
           အချက်များ ရှိပါ သည်။
           (၁)         ဤပဋိညာဉ်ကို ဣသရေလအမျိုးသားများကသာ အဓိပ္ပါယ်ပြည့်စုံစွာခံစားနိုင်မည်ဖြစ်သည်။ ယေ၊  
                       ၃၁း၃၃-၃၄၊ ဟေဗြဲ၊ ၈း၈။
           (၂)         ဤပဋိညာဉ်ကို ဣသရေလနှင့်သာပြုထားသည်။
                        (က)      ကျမ်းစာ၏စကားအရပေါ်လွင်ပါသည်။
                        (ခ)        ပဋိညာဉ်ဟောင်းပညတ်နှင့်ဆန့်ကျင်ဘက်ဖြစ်ခြင်း။
                        (ဂ)        ပဋိညာဉ်သစ်သည် ဣသရေလအမျိုးသားအဖြစ်အစဉ်တည်တံ့နိုင်ရေး၊ ထိုနယ်မြေကို ပြန် လည် ပိုင် စိုးရေးနှင့် ဆက်စပ်နေပါသည်။ ယေရမိ၊ ၃၂း၄၁။ ယေဇ ၃၆း၃၄-၃၅။
           
            ဂ။         အချိန်နာရီသည် အနာဂတ်အတွက်ရှိနေပါသေးသည်။
                        (၁)        ဓမ္မဟောင်းအချိန်ကကဲ့သို့ ပင်မြင်နေကြပါသည်။
                        (၂)        အတိအကျ ကြိုတင်ပြောထားသော ဖြစ်စဉ်များရှိပါသည်။
                                    ဣသရေလကို ပြန်လည်စုစည်းမည်။ ပြန်လည်ထူထောင်မည်။ ယေရမိ၊ ၃၂း၂၇-၄၁။
                        (၃)        လူ့သမိုင်းတွင် ထိုသို့ မှတ်တမ်း မတွေ့ရပါ။
                       (၄)         သမ္မာကျမ်းစာ ကျမ်းညွှန်းများအရ ဤပဋိညာဉ်၏ပြည့်စုံခြင်းတို့ အနှစ်တစ်ထောာင် ကာလ ၌ ဖော်ပြ ထားပါသည်။ ယေဇ ၊၃၇း၂၄-၂၈။
                       (၅)         ခရစ်တော်သည် အရင်ကြွလာရမည်။ ရော၊ ၁၁း၂၆-၂၇။ ဤနေရာတွင် ရည်ညွှန်း ထားသော   ပဋိညာဉ်သည် ပဋိညာဉ်သစ်ဖြစ်ရပါမည်။ အကြောင်းမှာ ထိုပဋိညာဉ်သစ်၌ သာ အပြစ်ဖြေလွတ်ခြင်း  အကြောင်း ဖော်ပြပါရှိ သည်။

၇။         ခရစ်တော်နှင့်ပဋိညာဉ်သစ်။
            က။        ခရစ်တော်သည် အသင်းတော်၏သခင်နှင့်ကယ်တင်ရှင် ဖြစ်သကဲ့သို့ ဣသရေလ လူတို့ အတွက်   
                        မေရှိယ သခင် ဖြစ်နေကြောင်းကို သတိပြုရပါမည်။
            ခ။         တစ်ပါးအမျိုးသားတို့အား ကယ်တင်ခြင်းတရားကို ဟောပြောခြင်း၊ အသင်တော်ကာလကို တည်
                        ထောင်ခြင်း ဖြင့် ယုဒလူတို့အားမေ့ပျောက်ခြင်း ဣသရေလလူတို့အား ထားရစ်ခြင်း မဟုတ်ပါ။
                        တ၊ ၁၅း၁၄-၁၆။ ရော၊ ၁၁း၂၅-၂၇။
            ဂ။         ခရစ်တော်၏ပူဇော်သက္ကာသည် ထိုပဋိညာဉ်ကို တံဆိပ်ခတ်လျက် အာမခံထားပါသည်။
                        အပြစ် ဖြေလွှတ်ခြင်း ပါဝင်ပါသည်။ ဟေဗြဲ၊ ၉း၁၁-၂၂။ ၁၀း၁၁-၁၈ (အငယ် ၁၆ သတိပြု)
            ဃ။        ခရစ်တော်သည်ထိုပဋိညာဉ်၏အာမခံဖြစ်သည်။ ဟေ၊ ၉း၁၅။
            င။         မည်သည့်အချိန်တွင်စတင်အကောင်အထည်ဖော်မည်နည်း။ တ၊ ၁၅း၁၄-၁၇။ ရော၊ ၁၁း၂၆-၂၇။

၈။         အသင်းတော်နှင့်ပဋိညာဉ်သစ်။
            Darby, Chafer နှင့် Scofield တို့၏အမြင်။
            က။        ပဋိညာဉ်သစ်တွင် ဣသရေလလူတို့အား ပြုထားသောကတိတော်များ ယခု အသက်ဝင်ပြီဟု ကျမ်းစာတွင် ဖော်ပြချက်တစ်စုံတစ်ရာ မတွေ့ရှိရပါ။
            ခ။         အသင်းတော်နှင့် ယုံကြည်သူသည် တစ်ပါးတည်းသော အာမခံသခင်နှင့်ဆက်နွယ်လျက် ထိုကတိ တော်နှင့်ကောင်းကြီးမင်္ဂလာများကို ဆက်ဆံနေရပါသည်။
            ဂ။         ကိုယ်တော်၏ပူဇော်သက္ကာသည် အပြစ်အားလုံးတို့အတွက် ဖြစ်ပါသည်။  ဟေဗြဲ၊ ၁၀း၁၂။
            ဃ။        ထို အသွေးသည်ပင် ကျွန်ုပ်တို့၏ရွေးနှုတ်ခြင်းကို ဖြစ်စေပါသည်။ ဟေ၊ ၉း၁၂။ ဧ၊ ၁း၇။
            င။         ကတိတော်၌ ပါရှိသော သန့်ရှင်းသောဝိညာဉ်တော်နှင့် အသစ်သောအသက်တာကို ယုံကြည်သူတို့ အားပေးသနားတော်မူပါသည်။ တ၊ ၁း၈။ ဧ၊ ၅း၁၈။ ယော၊ ၃း၃။ တိတု၊ ၃း၅-၆။
            စ။         အာဗြဟံ ပဋိညာဉ်ကဲ့သို့ပင် ဤပဋိညာဉ်၌လည်း အသင်းတော်သည် ပဋိညာဉ်တရားအောက်၌မရှိ လျက်ပင် ကောင်းကြီးမင်္ဂလာကိုရယူခံစားနေရပါသည်။(ဧ၊ ၂း၁၁-၁၉)။

၉။         အနာဂတ်ကာလအတွက်ကြိုတင်ဟောပြောချက်။
            က။        ဣသရေလသည် အမှန်ပင်ပြန်လည်ထူထောင်ရမည်။ တည်တံ့ခိုင်မြဲရမည်။ တည်ဆောက်ခြင်း ရှိရ မည်။ စိတ်နှလုံးပြောင်းလဲရမည်။ အမျိုးသားနိုင်ငံအဖြစ် အမြဲရပ်တည်ရမည်။
            ခ။         ပါလတိန(ပါလက်စတိုင်း)သည် ပြန်လည်တည်ဆောက်ရမည်။ အစဉ်သဖြင့် အမွေခံရပြည်ဖြစ်ရ မည်။
            ဂ။         ခရစ်တော်သည် ဣသရေလလူတို့၏ဘုရင်အဖြစ် အစဉ်အမြဲစိုးစံရန် နောက်တဖန် ကြွလာရမည်။
            ဃ။        ထာဝရရာဇပလ္လင်ကို တည်ထောင်တော်မူသည်။
            င။         ထာဝရနိုင်ငံတော် တည်ထောင်ရမည်။
            စ။         ထာဝရပဋိညာဉ်သည် အမှန်ပြည့်စုံခြင်း ရှိရမည်။
            ဆ။        ထာဝရကောင်းကြီးမင်္ဂလာကို ခံစားစံစားရမည်။
                        မှတ်ချက်။            အသင်းတော်၏မျှော်လင့်ခြင်းနှင့် ဣသရေလလူတို့၏မျှော်လင့်ခြင်း ခြားနားပုံ။
                        က။        အသင်းတော်သည် ကယ်တင်ခြင်းရပြီးဖြစ်၍ ကောင်းကင်သို့ ချီဆောင်ခြင်းခံရမည်။
                        ခ။         ဣသရေလသည် ကယ်တင်ခြင်းရ၍ မြေကြီးပေါ်၌ တည်ဆောက်ခြင်းရှိရမည်။

မေးခွန်းများ
၁။         ပါလတိနပဋိညာဉ်ကိုသမ္မာကျမ်းစာထဲ၌၊ မည်သည့်နေရာတွင်တွေ့ရှိရပါသနည်း။ ထိုပဋိညာဉ်သည် ဣသ ရေလ လူတို့အား မည်သို့ကတိပြုခြင်း၊ မည်သို့ထပ်မံကတိပြုခြင်းများပြုထားပါသနည်း။
၂။         ကမ္ဘာဦးကျမ်းအခန်းကြီး ၁၃နှင့် ၁၅တွင် အာဗြဟံသို့ကတိပေးထားချက်များ၊ ပါလတိနပဋိညာဉ်တွင်ပေးထား သော ကတိတော်များအရ နယ်မြေဆိုင်ရာကိစ္စများသည် ယခုခေတ်ဣသရေလလူများက မောရှေပဋိညာဉ်ကို လိုက်နာရန် ပျက်ကွက်မှုများကြောင့် ပျက်ပြားခြင်းရှိပါသလော။
၃။         ပါလတိနပဋိညာဉ်တွင်အချက် (၇)ချက်ထည့်သွင်းပေးထားပါသည်။ (၅)ခုတို့ကိုရေးပါ။
            (၁)
           (၂)        
           (၃)
           (၄)
            (၅)       
၎။         ယေဇကျေလ၊ ၁၆း၁-၆၂ တွင်ဘုရားသခင်သည် ထိုပဋိညာဉ်အား မည်သို့သောအမည် ပေးထားပါသနည်း။
            ဣသရေလလူတို့၏ ပြန်ကျဲခံရမှုနှင့်ပတ်သက်၍ ယေဇကျေလကျမ်းက မည်သို့ ဖော်ပြထားပါသနည်း။
၅။         ထာဝရပဋိညာဉ်၊ အခြေအနေပေါ်မူတည်ခြင်းမရှိသော ဤပဋိညာဉ်မှ ရရှိသောအ နာဂတ်ဟောပြောချက်များ အနည်းဆုံး(၄)ချက်ကိုဖော်ပြပါ။
            (၁)
            (၂)       
            (၃)
            (၄)       
၆။         ဒါဝိဒ်ပဋိညာဉ်ကို မည်သည့်နေရာတွင် တွေ့ရှိရပါသနည်း။
            မည်သည့်အချိန်တွင် မည်သူနှင့်ပြုထားသောပဋိညာဉ်ဖြစ်ပါသနည်း။
၇။         ထိုပဋိညာဉ်မှ အာမခံထားသောအဓိကအချက်(၂)ချက်မှာ အဘယ်အရာများနည်း။
၈။         ပဋိညာဉ်တွင်ကတိပြုထားသောအချက်(၄)ချက်။
            (၁)
            (၂)       
            (၃)
            (၄)
၉။         ဒါဝိဒ်ပဋိညာဉ်သည် သမိုင်းစဉ်အရ ရှောလမုန်မင်းကြီး၌ ပြည့်စုံခြင်းရှိပါသလော။ ပြည့်စုံခြင်းမရှိခဲ့လျှင်၊ ရှောလ မုန်မင်းကြီး၏သားစဉ်မြေးဆက်အ၀င်တို့အား ဒါဝိဒ်ရာဇပလ္လင်၌ ဆက်ခံခွင့်ကို ပိတ်ထားသော်လည်း ခရစ်တော်သည် မည်ကဲ့သို့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ရယူနိုင်ကြောင်းကို အံ့သြဘွယ်ရာ အနာဂတ်တို့၏ ဆက်နွယ်မှု တတ်နိုင်သမျှရှင်းပြပါ။
၁၀။       ဤပဋိညာဉ်နှင့်ပတ်သက်၍ အနှစ်တစ်ထောင်စိုးစံခြင်းကို ယုံကြည်လက်ခံခြင်းမရှိသူများနှင့်လက်တွေ့ပြည့်စုံ ခြင်းကို ဆန့်ကျင်သူများ၏ငြင်းချက်များနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားပါ။
            က။        ဤပဋိညာဉ်သည် အခြေအနေပေါ်မူတည်၍ယာယီသဘောဆောင်သည်။
            ခ။         ရှောလမုန်မင်းကြီး၏စိုးစံမှုသည် ဤပဋိညာဉ်ကိုသမိုင်းအရပြည့်စုံစေပြီးဖြစ်သည်။
            ဂ။         ၀ိညာဉ်ရေးရာပြည့်စုံမှုကိုသာပေးပါသည်။
                        (၁)        ရာဇပလ္လင်ဆိုရာ၌ အဘခမည်းတော်ရာဇပလ္လင်ကို ဆိုလိုပါသည်။ ဗျာ၊ ၃း၂၁။
                        (၂)        မိသားစု (သားစဉ်မြေးဆက်) ဆိုရာ၌ ယုံကြည်သူမိသားစုကိုသာ ဆိုလိုပါသည်။ ဂလ၊ ၆း၁၀။
၁၁။       ဤပဋိညာဉ်သည် အခြေအနေပေါ်မူတည်ခြင်းမရှိ၊ လက်တွေ့မျက်မြင်ပြည့်စုံကြောင်း ဤသင်ခန်းစာတွင် အထောက်အထား (၁၀)ချက်ဖော်ပြထားသည်များအနက် အဓိကျသောအချက် (၆)ချက်အရေးပြပါ။
            (၁)
            (၂)
            (၃)
            (၄)
            (၅)
            (၆)
၁၂။       နောက်ဆုံးပဋိညာဉ်ဖြစ်သော ပဋိညာဉ်သစ် (ရှစ်စုံမြောက်သောပဋိညာဉ်) နှင့် ပတ်သက်သောအဓိက ကျမ်း ချက်များကို ဖော်ပြပါ။
၁၃။       မည်သူနှင့် ပဋိညာဉ်ပြုထားပါသနည်း။
၁၄။       ပဋိညာဉ်တရားသစ်ဟုဆိုရာတွင်မည်သို့ဆိုလိုပါသနည်း။
၁၅။       ဤပဋိညာဉ်၏သဘောသဘာဝ(၃)ရပ်ကိုဖော်ပြပါ။
၁၆။       ဤပဋိညာဉ်သည် ပြည့်စုံခြင်း ရှိဦးမည်လော။
၁၇။       တစ်ပါးအမျိုးသားဖြစ်သောကျွန်ုပ်တို့အား ၀မ်းမြောက်ဘွယ်ရာဧ၀ံဂေလိတရား လာရောက်ဟောကြားခြင်း အားဖြင့် ဘုရားသခင်သည် မိမိဣသရေလလူတို့ကိုစွန့်လွတ်ပြီးလော၊ အာဗြဟံ၊ ဒါဝိဒ်တို့နှင့်ပြုထားသော ပဋိညာဉ် ကို ပယ်ဖျက်ပြီလော။
၁၈။       ဤပဋိညာဉ်ကို ဣသရေလလူတို့အားပြုထားလျှက် တချိန်တည်းမှာပင် ကျွန်ုပ်တို့တစ်ပါးအမျိုးသားတို့အား အပြစ်ဖြေလွှတ်ခြင်းနှင့်ရွေးနုတ်ကယ်တင်ခြင်းကို ဟောပြောနေခြင်းသည် မည်သို့နည်း။
၁၉။       ဤပဋိညာဉ်သည် ဣသရေလလူတို့နှင့် ပြုထားသောပဋိညာဉ်ဖြစ်လျက် ပြည့်စုံဦးမည်ဖြစ်သော်လည်း ယုံကြည်သူများနှင့် အသင်းတော်၌ကောင်းကြီးမင်္ဂလာသည် မည်ကဲ့သို့ သက်ရောက်ပါသနည်း။
၂၀။       ဤပဋိညာဉ်တရားကြောင့်ကျွန်ုပ်တို့အနာဂတ်တွင်ဖြစ်လာမည့်အရာများအနက် ကျွန်ုပ်တို့သိထားရမည်။  
           အချက် (၄)ချက်ကိုဖော်ပြပါ။
            (၁)
            (၂)
            (၃)
            (၄)


အမည်၊   ____________________________                       ရက်စွဲ     _____________________________
လိပ်စာ၊  ____________________________
            ____________________________
            ____________________________
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)


Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support