HCF

HCF MYANMAR IN SINGAPORE

Sunday, August 25, 2013

ကယ်တင်ခြင်းနှင့်ဆုလဒ်



သင်ခန်းစာ (၁၉)

နိဒါန်း။
မကြာသေးမီကခရစ်ယာန်တစ်ဦးသည် ကွယ်လွန်ခဲ့ပါသည်။ ထိုသူသည်နိမ့်ချသောသူဖြစ်လျက် အကျင့် စာရိတ္တအ ထူးကောင်းမွန်သူတစ်ဦးဖြစ်ပါသည်။ ထိုသူကိုမြေသို့အပ်နှံသောအခါမိတ်ဆွေတစ်ဦးက "ဤပုဂ္ဂိုလ်သည် ကောင်းကင်ဘုံ သို့ဝင်စားခြင်းမပြုခဲ့လျင် ကျွန်ုပ်အတွက် မျှော်လင့်စရာရှိတော့မည်မဟုတ်ပါ"ဟု ပြောသောမှတ်ချက် ကိုကြားလိုက်ရပါသည်။
ဤမှတ်ချက်ကိုကြည့်ခြင်းအားဖြင့် ကောင်းကင်ဘုံသည် ထိုက်တန်သောသူများအတွက် နေရာဖြစ်သည်ဟူ သော အတွေးအခေါ်ကိုလက်ခံထားကြောင်းပေါ်လွင်လှပါသည်။ ကောင်းကင်ဘုံကိုဝင်ရန် (သို့မဟုတ်) မ၀င်ရရန် တစ်စုံတစ် ယောက်၏ ပြုမူကျင့်ကြံသောကောင်းမှုကုသိုလ်အပေါ်တည်မှီနေသကဲ့သို့ဖြစ်နေပါသည်။
ကောင်းကင်ဘုံသည် ထိုက်ထိုက်တန်တန် အသက်ရှင်ခဲ့သူများအတွက် ဆုလက်ဆောင်လော သို့တည်းမ ဟုတ် သခင်ယေရှုခရစ်တော်ကိုလက်ခံယုံကြည်သူအပေါင်းတို့အား အဘိုးကိုမယူဘဲ ဘုရားသခင်ပေးသနား တော်မူ သော ကယ်တင်ခြင်းလော။ အကယ်၍ကောင်းကင်ဘုံသည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် အဘိုးကိုမယူဘဲ ပေး သနားတော်မူ သောအရာဖြစ်ပါလျင် ယုံကြည်သူများရယူခံစားမည့် ဆုလဒ်များသည်မည်သည့်အရာများဖြစ်ပါသနည်း။ အရာဖြစ်ပါ သည်။ သို့သော် သန်းပေါင်းများစွာသောခရစ်ယာန်တို့သည် တစ်စုံတစ်ခုသော အတိုင်းအတာအထိအကျင့် ကိုကျင့် ခြင်း၊ သန့်ရှင်းစွာနေထိုင်ခြင်းမရှိလျှင် ကယ်တင်ခြင်း (သို့မဟုတ်) ကောင်းကင်ဘုံသို့ဝင်စားရမည်မဟုတ် ဟုခံ ယူလျက်ကြောင့်ရွံ့နေကြပါသည်။ ဤသင်ခန်းစာကိုလေ့လာခြင်းဖြင့်ကယ်တင်ခြင်းသည် ဘုရားသခင်ဆောင်ရွက်ပြီး စီးသောအမှုဖြစ်သည်ဟုစိတ်ချနိုင်ရန်နှင့်သင်၏ပြဿနာများဖြေရှင်းသွားနိုင်စေရန်ရည်ရွယ်ပါသည်။ ရွေးနှုတ်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ဖြစ်သည်ဟုသဘောပေါက်ရမည်ဖြစ်ပါသည်။
သင်ခန်းစာ
၁။         ကယ်တင်ခြင်းဆိုသည်မှာ အဘယ်နည်း။
(က)     ကယ်တင်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့အားအပြစ်မှ ဖြေလွတ်ခြင်းဆိုင်ရာအခြေခံပုံသေယုံကြည်ချက် များဖြစ်သော ရွေးနှုတ်ခြင်း၊ ဖြောင့်မတ်ရာ၌တည်စေခြင်း၊ သန့်ရှင်းရာ၌တည်စေခြင်း၊ အပြစ်ဖြေ လွတ်ခြင်း၊ ကိုယ်စားသေပေးခြင်း၊ အစားထိုးခြင်း၊ ပြန်လည်သင့်မြတ်ခြင်း၊ သားအဖြစ်မွေးစားခြင်း စသည့် စကားအားလုံးကို ခြုံငုံသော ခရစ်တော်၏ ဧ၀ံဂေလိတရားဖြင့်ရရှိစေသောအရာဖြစ်ပါသည်။
(ခ)       ကယ်တင်ခြင်း၏မူရင်း ဂရိစကားလုံးမှာ "Soteria" ဖြစ်လျက်ဖြေလွှတ်ခြင်း၊ မပျက်မစီးတည်စေခြင်း ဖြစ်ပါသည်။ နာမ၀ိသေသနပုံစံမှာ " Soterios" ဖြစ်၍ Saving or bringing salvation ဖြစ်ပါသည်။
(ဂ)       ကျမ်းစာတွင် ကယ်တင်ခြင်းကိုနည်းလမ်းမျိုးစုံဖြင့်အသုံးပြုထားပါသည်။
(၁)        ခရစ်တော်၏ရာထူးကိုဖော်ပြရာတွင် " ထာဝရကယ်တင်ခြင်းကျေးကိုပြုသောသူ" ဟေဗြဲ၊ ၅း၉။ အပြစ်သားတို့အားကယ်တင်ခြင်း။ လု၊ ၂း၃၀။ ၁၉း၁၀။
(၂)        ထင်ရှားသောရန်သူနှင့်ဘေးဒဏ်မှကယ်တင်ခြင်းကိုဖော်ပြရာတွင် " မစိုးရိမ်ကြနှင့်၊ ငြိမ်ဝပ် စွာနေကြ၊ ယနေ့ပြတော်မူသောကယ်တင်ခြင်းကိုကြည့်ရှုကြလော့" ထွက်၊ ၁၄း၁၃။
(၃)        ဧ၀ံဂေလိတရားကိုဖော်ထုတ်ရာတွင် "ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သောဧ၀ံ ဂေလိတရား" (ဧ၊ ၁း၁၃) အပြစ်၏အခနှင့်တန်ခိုးမှ ကယ်တင်သောဝမ်းမြောက်ဘွယ် သတင်းဟုဆိုလိုပါသည်။
(၄)        ခရစ်တော်၌ရှိခြင်းကို ဖော်ပြရာတွင် " ငါတို့ကိုကယ်တင်နိုင်သောနာမ" (တ၊ ၄း၁၂) အခြားကယ်တင်နိုင်သောအရာမရှိကြောင်း။
(၅)        ဘုရားသခင်၏ ကျေးဇူးတော်ကို ယူဆောင်လာသကဲ့သို့ဖော်ပြရာတွင် - " ကယ်တင်တတ် သောဘုရားသခင်၏ကျေးဇူးတော်" (တိ၊ ၂း၁၃)
(၆)        ဧ၀ံဂေလိတရားကိုဟောပြောခြင်း/ ကြားနာခြင်းအားဖြင့်ထွက်ပေါ်လာသောအရာအဖြစ် ဖော်ပြရာတွင် "ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသောဘုရားသခင်၏ တန်ခိုးတော်"။ ရော၊ ၁း၁၆။
(၇)        ခရစ်ယာန်တို့အနေဖြင့် "ဖော်ပြ" "ကျင့်ကြံ" ပြုမူရမည့်အရာ၊ ဆာ၊ ၉၆း၂။ ဖိ၊ ၂း၁၂။
(၈)        ဤလောကမျက်မှောက်ခက်ခဲခြင်းမှကယ်နှုတ်ခြင်း။ ပေါလုသည်ထောင်ထဲမှ ဖိ၊ ၁း၂၀ တွင်ရေးသားရာ၌ "ဤအကြောင်းအရာသည်ငါ့ကိုကယ်တင်သောအကြောင်းအရာဖြစ်မည်ဟုငါသိ၏။ "
(၉)        အပြစ်၏အခ၊ တန်ခိုးနှင့်အပြစ်၏ချည်နှောင်ခြင်းအမျိုးမျိုးမှ ၀ိညာဉ်၌ထာဝရကယ်တင်ခြင်း ငှာခရစ်တော်ကို ယုံကြည်သူအပေါင်းတို့အားပေးသနားသောကယ်တင်ခြင်း တ၊ ၄း ၁၂။ ရော၊ ၁၀း၁၀။ ဧ၊ ၁း၁၃။ ၁သက်၊ ၅း၉။ ဟေ၊ ၉း၂၈။
ဆက်လက်လေ့လာသောအခါ "ကယ်တင်ခြင်း" ဝေါဟာရသုံးထားသောအခြားအသုံးအနှုန်း များကို တွေ့ရှိမည်ဖြစ်ပါသည်။ သို့ရာတွင် ယခုဖော်ပြထားသော စကားလုံးများသည် အခြေခံအဓိပ္ပါယ်များ ပါဝင်သည်ဟု ခံယူမိပါသည်။
၂။         ကယ်တင်ခြင်း ကိုကျွန်ုပ်တို့ရရှိနိုင်စေရန်မည်ကဲ့သို့ကြိုတင်စီစဉ်ထားပေးပါသနည်း။
(က)      ပထမဦးစွာကျွန်ုပ်တို့သည် ကယ်တင်ခြင်းကိုရယူခံစားနိုင်ပါမည့်အကြောင်းဘုရားသခင်သည် ကမ္ဘာ မတည်မရှိမီကပင်၊ ကြိုတင်စီမံထားပါသည်။
            (၁)        ဧ၊ ၁း၎။  ဤကမ္ဘာမတည်မရှိမီ ခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီ။
(၂)        ရော၊ ၈း ၂၉။        "ဘုရားသခင်သည် ရှေးမဆွက သိတော်မူသော သူတို့ကိုသားတော်၏ ပုံသဏ္ဍာန်နှင့်တညီတည်းဖြစ်စေခြင်းငှာ ရှေးမဆွတခွဲခန့်မှတ်သားတော်မူ၏။"
(၃)        ၁ ပေ၊ ၁း၁၉-၂၀။  " ခရစ်တော်၏အသွေးတော်မြတ်နှင့်ရွေးကောက်တော်မူသည်။---ထိုခရစ်တော်ကား ဤကမ္ဘာမတည်မရှိမီ ခန့်ထားတော်မူခြင်းကိုခံနှင့်သည်ဖြစ်၍"---။
(၄)        ဂလ၊ ၄း၎။           အချိန်ကာလစေ့သောအခါ ငါတို့သည်သား၏ အခွင့်အရာကို ခံရမည့် အကြောင်း။
(၅)        ၂ သက် ၊၂း၁၃။    သမ္မာတရားကို ယုံကြည်၍ကယ်တင်ခြင်းသို့ ရောက်စိမ့်သောဌါ ဘုရား သခင်သည်ရှေးမဆွကပင် သင်တို့ကိုရွေးကောက်တော်မူသည်ဖြစ်၍
            (ခ)        ဒုတိယအနေဖြင့် ကယ်တင်ခြင်းသည် ဘုရားသခင်အားဖြင့်ဖြစ်လျှက်ဘုရားသခင်၏ ကျေးဇူးတော် သက်သက်ဖြင့်သာရနိုင်သောအရာဖြစ်ပါသည်။ ကျင့်ယူ၍မရ၊ ပေးဝယ်၍မရ၊  ထိုက်တန်၍မဟုတ်၊ ဘုရားသခင်၏လက်ဆောင် သက်သက်ဖြစ်ပါသည်။
(၁) တိတု ၊ ၂း ၁၃ ။ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော် သည်ထင်ရှားပေါ်ထွန်းလျှက်ရှိ၏။
(၂) တိတု ၊ ၃း၅ ။ ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ မိမိသနား ခြင်းကရုဏာတော်နှင့်အညီ --- ငါတို့ကိုကယ်တင်တော်မူ၏။
(၃) ဧဖက် ၊ ၂း၎-၅ ။ “ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူသော မဟာမေတ္တာတော်အား ဖြင့်ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်တော်မူပြီး။”
(၄)   ဧဖက် ၊ ၂း၈-၉ ။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျှောက် ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ် သတည်း။ ကိုယ့်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်၊ သို့ဖြစ်၍ အ ဘယ်သူမျှဝါကြွားစရာ အခွင့်မရှိ။
(ဂ)        နောက်ဆုံးအနေဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား ကျွန်ုပ်တို့သေရမည့် လက်ဝါး ကပ်တိုင်၌ မိမိအသက်ကို စွန့်၍အကျွန်ုပ်တို့အတွက် အသွေးသွန်းတော်မူခြင်းကြောင့် ကယ်တင်ခြင်းကို ကျွန်ုပ်တို့ရယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါသည်။
(၁)        ဂလ ၊ ၂း၂၀ ။ ငါ့ကိုချစ်၍ ငါ့အဘို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။
(၂)        ဟေ ၊ ၉း၂၈ ။ ခရစ်တော်သည် လူများအပြစ်တို့ကိုခံခြင်းဌါ တစ်ခါတည်းကိုယ်ကို ပူဇော်ပြီးမှ နောက်ထပ်တစ်ဖန် ထိုသခင်ကိုမျှော်လင့် လျှက်နေသောသူတို့ကို ကယ်တင် ခြင်းဌါ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ။
(၃)        တိတု ၊ ၂း၁၄ ။ ထိုသခင်ယေရူခရစ်သည် ခပ်သိမ်းသော ဒုစရိုက်မှငါတို့ကို ရွေးနှုတ်ခြင်းဌါ။
(၄)        ဂလ ၊ ၁း၎ ။ ဆိုးညစ်သောပစ္စုပ္ပန် ဘဝမှငါတို့ကို ကယ်နှုတ်ခြင်းဌါ ငါတို့အပြစ်ကြောင့် ကိုယ်ကိုကိုယ်အပ်တော်မူ၏။
(၅)        ဟေရှာ ၊ ၅၃း၆ ။ ၂ ကော ၊၅း၂၀ ။ ၁ပေ ၊၂း၂၄ တို့ကိုလည်း လေ့လာပါ။
၃။         ဘုရားသခင်သည် လောကသားအားလုံးတို့အား ကယ်တင်ခြင်းပေးရန် စီစဉ်ထားတော်မူ ကြောင်းသမ္မာ ကျမ်းစာကို သေချာစွာလေ့လာသူများ အနေဖြင့် ငြင်းချက်ထုတ်နိုင်မည် မဟုတ်ပါ။ ထို့အတူထာဝရ ကာလ ကပင် ထာဝရဘုရားအနေဖြင့် မည်သူကယုံကြည်မည် (၁ ပေ ၊ ၁း၂ ) ထိုသူများကိုရွေးကောက်ရမည် (ကော ၊၃း၁၂ ) (၁ ပေ ၊ ၁း၂ ) စသည်များ ကိုလည်းသိထားပြီးဖြစ်ပါသည်။ လူတိုင်းတို့အား ကယ်တင်ခြင်းပေးရန် ကမ်းလှမ်းထားပါသည်။
(က)      ဟေရှာ ၊ ၄၅း၂၂ ။ မြေကြီးစွန်းသား အပေါင်းတို့ငါ့ကိုမျှော်ကြည့် ၍ကယ်တင်ခြင်း ကျေးဇူးကိုခံကြလော့။
(ခ)        ၁ တိ ၊ ၂း၃-၄ ။ ဤသို့သောအမူသည် ကောင်းသောအမူဖြစ်၏။ ငါတို့ကို ကယ်တင် တော်မူသော အရှင်ဘုရားသခင်နှစ်သက်တော်မူသော အမူလည်းဖြစ်၏။ လူအပေါင်းတို့ သည်ကယ်တင်ခြင်းသို့ ရောက်၍သမ္မာတရားကို သိစေခြင်းဌါ ဘုရားသခင်အလိုတော်ရှိ ၏။
(ဂ)        တိတု ၊၂း၁၃ ။ လူအပေါင်းတို့ကို ကယ်တင်သောဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှား ပေါ်ထွန်း လျှက်ရှိ၏။
(ဃ)      ဗျာ ၊၂၂း၁၇ ။ အလိုရှိသောသူသည် အဘိုးမပေးဘဲ အသက်ရေကိုယူပါစေ။
(င)        ယော ၊ ၃း၁၆-၁၇ ။ တ ၊၂း၂၁ ။ ၁၀း၄၃ ။ ၁၇း၃၀ ။ ရော ၊၁၀း၁၃ ။ ယော ၊၇း၁၇ တို့ကိုလည်းဖတ် ပါ။
၎။         ကယ်တင်ခြင်းကို ကျွန်ုပ်တို့မည်သို့ရယူပါသနည်း။
(က)      လူတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့် ကောင်းမှုကုသိုလ်အားဖြင့် ဤကြီးမြတ် သောကယ်တင် ခြင်း ကိုမရရှိနိုင်ကြောင်း ပထမဦးစွာ သတိပြုမှတ်သားရပါမည်။
(၁)        လူသားအားလုံးသည်အပြစ်ဒုစရိုက်ကိုပြုထားသူများဖြစ်သောကြောင့်ဘုရားသခင်၏ ကျေး ဇူးတော်ကိုခံစားရန် မထိုက်တန်ကြပါ။
                                    (က)     ဟေရှာ ၊ ၆၄း၆ ။ ငါတို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိ ပြုဘူးသမျှသော ကုသိုလ် ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့်တူကြပါသည်။
(ခ)      ရော ၊ ၃း၉-၁၂-၁၉ ။ ယုဒလူ၊ ဟေလသလူ၊ လူသားအားလုံးလမ်းလွှဲကြပြီး၊ ဘုရား သခင်ရှေ့တော်၌ အပြစ်သင့်သောသူဖြစ် ကြပြီး။
(၂)        ကယ်တင်ခြင်း ကိုဘုရားသခင်သည် လူတို့၏အကျင့်၊ သီလ၊ ဘာဝနာ ကုသိုလ်လုံးဝ မပါဘဲ ကျေးဇူးတော်သက်သက် အပေါ်အခြေခံပေးသော အရာဖြစ်ပါသည်။
(က) တိတု ၊ ၂း၁၃ ။ လူအပေါင်းတို့ကို ကယ်တင်သော ဘုရားသခင်သည် ထင်ရှား ပေါ်ထွန်း လျှက်ရှိ၏။
(ခ)  ရော ၊ ၅း၁၅ ။ ဘုရားသခင်၏ ကျေးဇူးတော်နှင့်ကျေးဇူးတော်၏ အကျိုးသည် လူများ တို့၌သာ၍ကြွယ်ဝပြည့်စုံ၏။
(ဂ)     ဧဖက် ၊ ၂း၈-၉ ။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ဘုရားသခင် သနား တော်မူရာ ဖြစ်သတည်း။ ကိုယ့်ကုသိုလ်ကြောင့်မဟုတ်။
            (ဃ)  တိတု ၊ ၃း၅ ။ ငါတို့ကျင့်သောဖြောင့်မတ်ခြင်း အကျင့်အားဖြင့်မဟုတ်။
            (ခ)        မည်သူမဆို ကယ်တင်ခြင်းရရှိနိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ယုံကြည်ခြင်းအားဖြင့် သာဖြစ် ပါသည်။ ခရစ်တော် ဆောင်ရွက်ပြီးစီးခဲ့သော အလုပ် မိမိကိုယ်ကိုယဇ်ကောင် အဖြစ်ပူဇော်လျှက် အသွေးတော်သွန်းခြင်း အပေါ်ယုံကြည်ခြင်းအား ဖြင့်ရရှိပါသည်။ ကျွန်ုပ်တို့အပြစ်များ အတွက်ပေး ရမည့် အဘိုးအခများကို ပေးရှင်းခြင်း၊ အပြစ်ကိုဖယ်ရှား ခြင်း၊ ပယ်ရှင်းခြင်းများဖြစ်ပါသည်။ ကျွန်ုပ် တို့၏ အပြစ်များနှင့်ပတ်သက်၍ တရားတော်မူ သောဘုရားရှင်၏ တရားမျှတမှုလည်း ထင်ရှားစေ လျှက်သန့်ရှင်းတော်မှုခြင်းကိုလည်း ပေါ်လွင်စေပါသည်။ စာတန်၏ တန်ခိုးကိုချေဖျက်ပြီးဖြစ်သည်။ ပညတ်တရား တော်ကို လည်းစောင့်ရှောက်လျှက် ပြည့်စုံစေပြီးဖြစ်သည်။ ပညတ်တရားအရ ဒဏ် ကြေးကိုလည်း အပြည့်အဝပေးဆောင်လျှက် ပညတ်တရားအရ ကျသင့်သောကျိန်စာကိုလည်း ပယ် ရှင်း ပြီးဖြစ်ပါသည်။ ပြီးပြည့်စုံသော ရွေးနှုတ်ခြင်း အမှုကိုပြုလုပ်ပြီးဖြစ်ပါသည်။ “အမှုပြီးပြီ” ဟု ခရစ် တော်ကြွေးကြော်ခဲ့ပါသည်။ ကယ်တင်ခြင်းလုံးရရှိပြီး ဖြစ်၍ဘုရားသခင်သည် အဘိုးအခမယူဘဲ လူ တို့အားယုံကြည်ခြင်းကိုသာ အခြေတည်လျက်အဘိုးကို မယူဘဲလွှတ်လပ် စွာပေးကမ်းနိုင်ပြီး ဖြစ်ပါ သည်။
(၁)        ဧဖက် ၊ ၂း၈ ။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက် ရ၏။
(၂)        ဂလာတိ ၊ ၂း၁၆ ။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်း ဌါ ငါတို့(ယုဒလူများ) ပင်ယေရူခရစ်ကို ယုကြည်ကြပြီး။
(၃)        ဂလာတိ ၊ ၃း၂၂ ။ ယုံကြည်သောသူတို့သည် ယေရူခရစ်ကိုယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ကတိတော်ကိုရမည့် အကြောင်းကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်၌ ချုပ်ထား၏။
(၄)        ရော ၊ ၄း၅ ။ (ကယ်တင်ခြင်းရရှိရန်) အကျင့်မရှိသောသူ မည်သည်ကား မတရားသော သူ၏အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင် သူ၏ယုံကြည်ခြင်းကို ဖြောင့် မတ်ခြင်းကဲ့သို့ မှတ်လျှက်ရှိ၏။
(၅)        ရော ၊၃း၂၀ ။ ထို့ကြောင့်လူမည်သည်ကား ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟုယူရ၏။
(၆)        ရော ၊ ၁၀း၉-၁၀။ တ ၊၁၆း၃၀။ ဟေ ၊၁၁း၆။ ယော ၊၃း၁၆။ တ ၊၁၀း၄၃။ ၁၃း၃၉။ ရော၊ ၃း ၂၂-၂၄ တို့ကိုဖတ်ပါ။
၅။         ဆုလဒ်ဆိုသည်မှာအဘယ်အရာများနည်း။
ဆုလဒ်ဆိုသည်မှာ ဘုရားသခင်၏အမှုတော်ကို သစ္စာရှိစွာဆောင်ရွက်နေသော သူတို့အား ပေးပါမည်ဟု ဘုရားသခင်ကတိထားတော်မူသော ကောင်းကင်ဆိုင်ရာထာဝရ ဂုဏ်အသရေများဖြစ်ပါသည်။ ကျွန်ုပ်တို့ သည် လောကနှင့်စပ်ဆိုင်သော ချမ်းသာကြွယ်ဝခြင်း၊ ဂုဏ်အသရေနှင့် ပျော်ရွှင်မှုများကိုရှာခြင်းထက် ကောင်းကင်ဆိုင်ရာများကို ရှာနိုင်စေရန် သစ္စာရှိစွာ ခိုင်ခန့်မြဲမြံစွာ အမှုတော်ကိုထမ်း ရွက်နိုင်စေရန် အားပေး သည့်အနေဖြင့် ပေးကမ်းခြင်းဖြစ်ပါသည်။
(က)      ဟေဗြဲ ၊ ၁၇း၂၅-၂၆ ။ မောရှေသည် အပြစ်ရှိသောကာမဂုဏ် ကိုခံစားခြင်းထက် ဘုရားသခင်၏ လူ တို့နှင့်အတူညှင်းဆဲခံရခြင်း ကိုသာ၍အလိုရှိသဖြင့်လည်းကောင်း အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ဆင်းရဲခြင်းဒုက္ခသည်သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့် လည်း ကောင်း။
(ခ)        ၂ ကော ၊ ၄း၁၈ ။ ယခုခဏခံရ၍ ပေါ့ပါးသောဒုက္ခသည် အတိုင်းထက်အလွန်ကြီးမြတ် လေးလံ သောနိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဘို့ဖြစ်စေတတ်၏။
(ဂ)        ကော ၊၃း၂၄ ။ သင်တို့သည် သခင်ခရစ်တော်၏ အစေကိုခံကြသည်ဖြစ်၍ အမွေတော် တည်းဟူ သော အကျိုးကို ထိုသခင်ဘုရား၏ လက်တော်မှခံရလိမ့်မည်ဟု သိမှတ်ကြ လော့။
(ဃ)      မ ၊ ၅း၁၂ ။ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည်ကြီးလှပေ၏။
(င)        ၁ ကော ၊၃း၈ ။ အသီးသီးမိမိလုပ်သည့် အတိုင်းမိမိအကျိုးကိုခံရလိမ်မည်။
(စ)        ၁ ကော ၊၃း၁၄ ။ အကြင်သူ၏အလုပ်သည်မြဲ၏။ ထိုသူသည်အကျိုးကိုခံရလိမ့်မည်။
(ဆ)      မ ၊ ၁၀း၄၁-၄၂ ။ ထိုသူသည် အကျိုးကိုမရဘဲ မနေရာ။
၆။         မည်သူတို့အား ပေးပါသနည်း။
(က)      ခရစ်တော်တည်းဟူသော တိုက်မြစ်အပေါ်၌သစ္စာရှိစွာ တည်ဆောက်သောသူများ။ ၁ ကော၊ ၃း၁၁-၁၄ ။
(ခ)        ဘုရားသခင်သည် မိမိတို့အားအပ်နှံထားသော ဘဏ္ဍာကိုသစ္စာရှိစွာ စောင့်ထိန်းသော သူများ။ မ၊ ၂၅း၂၁ ။လု ၊ ၁၉း၁၇ ။
(ဂ)        စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူ ယာ ၊၁း၁၂ ။
(ဃ)      သစ္စာရှိသောသင်းအုပ်များ (သို့မဟုတ်) ဘုရားသခင်၏ သိုးတို့ကိုကျွေးမွေးသောသူ။ ၁ ပေ ၊ ၅း၂-၄။
(င)        ဘုရားသခင်ကို ကြိုးစား၍ရှာသောသူ။ ဟေ ၊၁၁း၆။
(စ)        ဝိညာဉ်ကယ်တင်ခြင်းကိုပြုသောသူ။ ဒံ ၊ ၁၂း၃။ ၁သက် ၊၂း၁၉။
(ဆ) ကောင်းစွာသော တိုက်လှန်ခြင်းကိုပြုသောသူ ပြေးရသောလမ်းကို အဆုံးတိုင်ပြေး သောသူ ယုံကြည် ခြင်းတရားကို စောင့်ရှောက်သောသူ သခင်ဘုရားပေါ်ထွန်းတော်မူခြင်းကိုတောင့်တသောသူ။ ၂တိ၊ ၄း ၇-၈။
            မှတ်ချက်         ဆာ ၊ ၁၉း၁၁ တွင် ဖ“တရားစောင့်ခြင်း အကျိုးသည်ကြီးလှပေ၏။” ၁ တိ ၊၅း၁၈ တွင် “လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ၏။”ယခုဘဝတွင်ဖြောင့်မတ်စွာအသက်ရှင် သောသူတို့အတွက်အကျိုးများလှကြောင်းမှာ အငြင်းပွားဘွယ်ရာမရှိပါ။ ထိုသို့ အသက်ရှင် ခြင်း သည်လည်း ခရစ်တော်၏ အမှုကိုဆောင်ရာ ရောက်သောအချက်များရှိပါ သည်။ သို့ရာ တွင်ယခုကျွန်ုပ်တို့ လေ့လာနေသောအရာသည ကောင်းကင်ဘုံနှင့်ဆိုင်သော ထာဝရဆု လဒ်များသည် ဒုတိယမွေးဖွားခြင်းခံရပြီး သောယုံကြည်သူများ ကျေးဇူးတော် ကြောင့်ကယ် တင်ခြင်း သို့ရောက်လျှက် မိမိရှေ့၌ ဘုရားသခင်ထားပေးသော ဆုလဒ်ကိုရ ယူနိုင်ရန် ရိုး သားစွာကြိုးစားနေသူများ အတွက်သာဖြစ်ပါသည်။
၇။         မည်သည့်အချိန်တွင် မည်သူကဆုပေးမည်နည်း။
            ကယ်တင်ခြင်းသည် အတိတ်၊ပစ္စုပ္ပုန်၊အနာဂတ် ကာလသုံးပါးနှင့် ထာဝရကာလတိုင် အောင်ဖြစ်သည့်အား လျှော်စွာ ယခုဘဝ၌ ကျွန်ုပ်တို့ရယူခံစားနိုင်သော အရာရှိမည်ဖြစ်ပါ သည်။အခြားတစ်ဘက်၌ ဆုလဒ်များ သည် ကောင်းကင်ဘုံ ဆိုင်ရာသာဖြစ်ပြီး ထိုအရပ်တွင် ခရစ်တော်၏တရားပလ္လင် ရှိသဖြင့်ထိုနေရာတွင် ပေး မည်ဖြစ်ပါသည်။
            (က)      ၂ကော ၊ ၅း၁၀ ။ အကြောင်းမူကား ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့် ကောင်းမ ကောင်း ရှိသည့် အတိုင်းအကျိုးအပြစ်ကို အသီးသီးခံခြင်း ခရစ်တော်၏တရား ပလ္လင်ရှေ့၌ ပေါ်လာ ကြရသည်။
(ခ)        ၁ ကော ၊ ၃း၁၃-၁၅ ကိုဖတ်ပါ။ ထိုနေ့ (သခင်ဘုရား၏နေ့) တွင်လူတိုင်း ကျင့်ခဲ့သော အကျင့် ရှိသမျှ မီးနှင့်စစ်သကဲ့သို့ စစ်ဆေးခြင်းရှိပါသည်။ အကြင်သူ၏အလုပ်သည်မြဲ၏ ထိုသူသည် ဆုလဒ် ရရှိပါမည်။ အကြင်သူ၏အလုပ်သည်လောင်ကျွမ်း၏ ထိုသူသည် ဆုလဒ်  ကိုမရ အရှုံးခံရမည်။ သို့သော် ကယ်တင်ခြင်းကို လက်မလွှတ်ရပေ။
မှတ်ချက် ။      ယုံကြည်သူတို့အား ခရစ်တော်၏ တရားပလ္လင်ရှေ့တွင် စီရင်မည်ဖြစ်ကြောင်း ရည်ညွှန်း သော ကျမ်းချက်ဖြစ်ပါသည်။ သမ္မာကျမ်းစာကို ကောင်းစွာနားလည်လိုသူသည် ယုံကြည် သူများသာ ပါဝင်သည့် အသင်းတော်ကိုသိမ်းဆည်းပြီး နောက်ဖြစ်ပေါ်သော ခရစ်တော်၏ တရားပလ္လင်နှင့်(ဗျာ၊ ၂၀း၁၁-၁၅) တွင်ဖော်ပြထားသော ခရစ်တော်၏အနှစ်တစ်ထောင် စိုးစံ ခြင်းကာလအဆုံးမှ ဖြစ်လာသောအပြစ်သားများကို စီရင်သည့်ပလ္လင်ဖြူကြီး တရားစီရင်ခြင်း တို့ကို ကွဲပြားစွာနားလည်ထားရမည်။
(ဂ)        မ ၊ ၁၆း၂၇ ။ ခရစ်တော်သည် တစ်ဖန်ကြွလာတော်မူသောအခါ လူအသီးသီးတို့အား “အကျင့် နှင့်အလျှေက်အကျိုးအပြစ်” ကိုဆပ်ပေးတော်မူလတံ့။ ခရစ်တော်သည် ဆုလဒ်ပေးမည့်သူဖြစ် ကြောင်း မြင်တွေ့ရပါသည်။
(ဃ)      လု၊ ၆း၂၃ ။ ထိုကာလ၌ဝမ်းမြောက်ခြင်းရှိကြလော့။ ရွှင်မြူးသောစိတ်နှင့်ခုန်ကြလော့။ အကြောင်း မူကားကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။
(င)        ၁သက်၊ ၂း၁၉ ။ ငါတို့မျှော်လင့်ခြင်းအကြောင်း ၊ဝမ်းမြောက်ခြင်းအကြောင်း ၊ဝါကြွားခြင်း၏ဦးရစ် သရဖူကား အဘယ်သို့သောအကြောင်းအရာနည်း။ ငါတို့သခင်ယေရူခရစ်ကြွလာတော်မူသောအခါ ရှေ့တော်၌ သင်တို့သည်ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည် မဟုတ်လော။
(စ)        ဗျာ၊ ၂၂း၁၂ ။ ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည် ဖြစ်၍လူ အသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။
မှတ်ချက်။      ခရစ်တော်သည် မိမိကယ်တင်ပြီးသောသူ တို့ကိုလက်ခံသိမ်းဆည်းခြင်းဌါ ပေါ်ထွန်းတော်မူ သောအခါ ကောင်းကင်၌ယုံကြည်သူများအား ဆုလဒ်ချီးမြှင့်မည် ဖြစ်ကြောင်းထင်ရှားလှပါ သည်။ ခရစ်တော် ဘုရားသခင်၏ တရားပလ္လင်ရှေ့တွင် ဆုချီးမြှင့်မည်ဖြစ်သည်။ ခမည်းတော် ဘုရားသခင်သည် ဤဆုများချီးမြှင့်နိုင်ရန် ဆောင်ရွက်ထားသော် လည်းဆုလဒ်များကို ချီးမြှင့် မည့်ပုဂ္ဂိုလ်မှာ အဓိကအားဖြင့် ခရစ်တော်သာဖြစ်ပါမည်။
၈။         မည်သည့်သရဖူများကိုပေးမည်နည်း။
            ယုံကြည်သူများအနေဖြင့် ကောင်းကင်ဘုံတွင်ရယူခံစားနိုင်မည့် သရဖူအနည်းဆုံး (၅) မျိုကိုသမ္မာကျမ်းစာက ဖော်ပြထားပါသည်။
(က)      ဝိညာဉ်ကယ်တင်သူများ၏သရဖူ။
(၁) ဒံယေလ ၊ ၁၂း၁ ။ လူများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့ သည်လည်းကြယ်များကဲ့သို့လည်းကောင်း အစဉ်မမြဲ ထွန်းလင်းကြလိမ့်မည်။
(၂)     ၁သက်၊၂း၁၉ ။ငါတို့သခင် ယေရူခရစ်ကြွလာတော်မူသောအခါ ရှေ့တော်၌သင်တို့သည် ထိုသို့သော အကြောင်းအရာ(ဝါကြွားခြင်း၏ဦးရစ်သရဖူ) ဖြစ်ကြသည် မဟုတ်လော။
မှတ်ချက်။ ခရစ်တော်ထံသို့ ကျွန်ုပ်တို့ခေါ်ဆောင်လာသော ပုဂ္ဂိုလ်များကို ကောင်းကင်၌ မြင်ကြရသောအခါ မည်မျှဝမ်းမြောက်ဘွယ်ကောင်းပါမည်နည်း။ သန့်ရှင်းသူအမြောက်အမြားသည် ခရစ်တော်ထံသို့ မိမိတို့၏ပထမဆုံး ဝိညာဉ်ကိုပင် ခေါ်မလာသေးသည်မှာ ဝမ်းနည်းဘွယ်ရာဖြစ်ပါသည်။
(ခ)        အပြေးသမားသရဖူ။
(၁)        ၁ ကော ၊ ၉း၂၄-၂၇ ။ မြေတလင်း၌ပြိုင်၍ပြေးသောသူ အပေါင်းတို့သည် ပြိုင်၍ ပြေးကြ သော်လည်း တစ်ယောက်တည်းသာလျှင် ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကို ရမည့်အကြောင်းပြေးကြလော့။ ပွဲ၌ပြိုင်၍အချင်းချင်းတိုက်သောသူမည်သည်ကားအရာရာ ၌တပ်မက်ခြင်းကိုချုပ်တည်းတတ်၏။ ထိုသူ တို့သည်ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ် ကိုရယူခြင်းအလို့ဌါပြုကြ၏။ ငါတို့မူကား မညှိးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကိုရခြင်းအ လို့ဌါပြုကြ၏။
မှတ်ချက်။          စည်းကမ်းချက်များနှင့်အညီပြိုင်ပွဲ၌၀င်၍ပြေးသော ခရစ်ယာန်များအတွက် ဆုသရဖူဖြစ်ပါ သည်။ အစဉ်သဖြင့်လေ့ကျင့်ခန်းများပြုလုပ်နေရသည်။ ပွဲ၌လူချင်းတိုက်သောမည်သည် ကား၊ ထုံးထမ်းအတိုင်းမတိုက်လျင်ပန်းဦးရစ်မရ။ ၂ တိ၊ ၂း၅။
(ဂ)        စစ်သူရဲကောင်းတို့၏ သရဖူ။
(၁)        ၂ တိ၊ ၄း၇-၈။       ကောင်းစွာသောတိုက်လှန်ခြင်းကိုငါပြုပြီ။ ပြေးရသောလမ်းကို အဆုံး တိုင် အောင်ပြေးပြီ ယုံကြည်ခြင်းတရားကိုစောင့် ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့ အဘို့သိုထားလျက်ရှိ။
မှတ်ချက်။            ဤသရဖူရရှိနိုင်ရန် နတ်ဆိုး၊ ၀ိညာဉ်ဆိုးတို့နှင့် ကောင်းစွာတိုက်လှန်သူဖြစ်ရပါမည်။ ဘုရား သခင်အပ်ပေးတော်မူသော အလုပ်ကို အပြီးဆောင်ရွက်ရမည် ယုံကြည်ခြင်း၌ခိုင်ခန့်မြဲမြံရ မည်။ အငယ်(၈)တွင် ရှင်ပေါလုကဘုရားသခင်၏ပေါ်ထွန်းတော်မူခြင်းကိုမျှော်လင့်သော သူတို့သည်ကောင်းစွာသောတိုက်လှန်ခြင်းကိုပြုရမည်။တာဝန်ပြီးစီးရမည်။ ယုံကြည်ခြင်း၌ ခိုင်မြဲရမည်ဟုဖော်ပြထားပါသည်။
(ဃ)      အောင်နိုင်သူ၏သရဖူ။
(၁)        ယာ၊ ၁း၁၂။ စုံစမ်းနှောင့်ယှက်ခြင်းကိုခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ ဘုရားသခင်ကိုချစ်သောသူတို့ အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။
မှတ်ချက်။          မီးနှင့်စစ်သကဲ့သို့ ပြင်းထန်သောစုံစမ်းခြင်းကိုခံပြီးနောက် ယုံကြည်ခြင်း၌ မြဲမြံခိုင်ခန့်စွာ ဆက်လက်တည်နေသောသူတို့အား ဤသရဖူကိုပေးမည်ဖြစ်ပါသည်။ ဗျာ၊ ၂း ၁၀၊ ဤ နေရာတွင် ဖိ၊ ၄း၁၃။ ရော၊ ၈း၃၉ နှင့် ၂ ကော၊ ၂း၁၄ တို့ကို ပါဆက်နွယ်ဆက်စပ်ဖတ် ရှုပါ။
(င)        သိုးထိန်းသရဖူ။
(၁)        ၁ ပေ၊ ၅း၎။         သို့ဖြစ်လျှင်သိုးထိန်းကြီး ပေါ်ထွန်းတော်မူသောအခါ သင်တို့သည်မညှိုး မနွမ်းတတ်သော၊ ဘုန်းကြီးသောပန်းဦးရစ်သရဖူကို ခံကြရလိမ့်မည်။
မှတ်ချက်။          ဘုရားသခင်၏ သိုးတို့ကို ထိန်းကျောင်းကျွေးမွေးသောသိုး ထိန်းများ၊ သင်းအုပ်များ၊ ခေါင်း ဆောင်များတို့အတွက်ပေးသော သရဖူ ဖြစ်ပါသည်။
(အငယ်-၂) ထိုသူတို့သည် မိမိတို့တာဝန်ကိုကြေကြလျှင် သရဖူပေးမည်ဖြစ်သည်။ ထို ပုဂ္ဂိုလ်များအားပေးထားသောတာဝန်ကို အငယ်(၂) နှင့်(၃)တွင်ဖော်ပြထားပါသည်။
မှတ်ချက်။          ဗျာ၊၄း၎၊၁၀။တွင်အသက်ကြီးသူနှစ်ဆယ့်လေးပါးတို့ အနေဖြင့် မိမိတို့ရရှိသောသရဖူသည် မိမိတို့နှင့်မထိုက်တန်ကြောင်းကို သတိပြုမိလျက်မိမိတို့၏သရဖူများကို သခင်ယေရှု၏ခြေ ရင်း ၍ချထားကြဟန်တူပါသည်။
၉။         ကယ်တင်ခြင်းနှင့်ဆုလဒ်ခြားနားပုံ           ကယ်တင်ခြင်းနှင့်ဆုလဒ်တို့၏ ပေါ်လွင်သောခြားနားချက်များကိုသိသာ နိုင်ရန် အောက်တွင်ဖော်ပြထားပါသည်။
                        ကယ်တင်ခြင်း                                         ဆုလဒ်
(၁)        ပျောက်ဆုံးသူများအားပေးပါသည်။    (၁)        ကယ်တင်ခြင်းရပြီးသူများအားပေးပါသည်။
                        (၂)        အဘိုးကိုမယူဘဲပေးပါသည်။            (၂)        တပည့်တော်စစ်ဖြစ်ခြင်းဆိုင်ရာအဘိုး ထိုက်လှသောတန်ဖိုးဖြင့်-
                        (၃)        ကျေးဇူတော်သက်သက်ဖြင့်              (၃)        အကျင့်သက်သက်ဖြင့်။
                        (၄)        လက်ရှိပိုင်ဆိုင်သောအရာ။               (၄)        နောင်မှရယူမည့်အရာ။
                        (၅)        လက်ခံရယူရုံဖြင့်                           (၅)        ထိုက်တန်အောင်လုပ်ဆောင်မှရရှိနိုင်ပါ သည်။  
                        (၆)        ဘုရားသခင်၏မျက်နှာသာကြောင့်      (၆)        လူ၏သစ္စာရှိမှုဖြင့်သာ။
                        (၇)        ပေးဝေသောအခမဲ့လက်ဆောင်         (၇)        ချီးမြှင့်သောဆုလဒ်ဖြစ်သည်။           


ဖြစ်သည်။
၁၀။       နိဂုံး။     ကယ်တင်ခြင်းသည် အပြစ်သားများအတွက်သာ ဖြစ်ကြောင်းမှတ်ယူပါ။ ဆုလဒ်သည် ယုံကြည် သူများ အတွက်သာဖြစ်သည်။ ကယ်တင်ခြင်းသို့ရောက်ရန်ကျင့်ယူ၍မရပါ။ ကယ်တင် ခြင်း သို့ရောက်ပြီး သောအခါအကျင့်ကိုကျင့်ရပါသည်။ ခရစ်ယာန်ဘာသာသည် အကျင့်တရားကို အခြေခံသော ဘာသာ မဟုတ်ပါ။ အသက်ကိုပေး၍ထိုအသက်ကကျင့် ဆောင်ခြင်း ဖြစ်ပါသည်။ ကောင်းကင်ဘုံသည် အကျင့်အား ဖြင့် ရယူခံစားရမည့်ဘုံမဟုတ်ပါ။ အမွေစားအမွေခံ တို့အား ကတိပြုထားသောဘုံဖြစ်ပါသည်။
            ဟေဗြဲ၊ ၁း၎။ ရော၊ ၈း၁၇။ ဂလ၊ ၃း၂၉။
မေးခွန်းများ
၁။         ကောင်းကင်ဘုံနှင့်ပတ်သက်၍ မည်သည့်မှားယွင်းသောအယူအဆကို ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားပါ သနည်း။
၂။         ကယ်တင်ခြင်းနှင့်ဆုလဒ်တို့၏ခြားနားခြင်းကိုသမ္မာကျမ်းစာလေ့လာသူတိုင်းအခြေအနေဖြင့်ရှင်းလင်းစွာနား လည်ထားရန်အဘယ်ကြောင့်လိုအပ်ပါသနည်း။
၃။         ကယ်တင်ခြင်းဆိုင်ရာ၌မည်သို့ဆိုလိုပါသနည်း။
၎။         ကယ်တင်ခြင်းဟူသောဝေါဟာရကိုသမ္မာကျမ်းစာတွင် (၉)မျိုးအသုံးပြုထားရာအနည်းဆုံး (၅)မျိုးကို ဖော်ပြပါ။
၅။         ကယ်တင်ခြင်းသည် ထာဝရကာလအတွက်ဘုရားသခင်၏အကြံတော်ဖြစ်ကြောင်းဖော်ပြထားသောကျမ်းချက် (၃)ခု ကိုဖော်ပြပါ။
၆။         လူတို့၏ကောင်းသောအကျင့်နှင့်ကုသိုလ်ကောင်းမှုတို့နှင့် မသက်ဆိုင်ဘဲဘုရားသခင်၏ကျေးဇူးတော်ကြောင့် သာ ကယ်တင်ခြင်းသို့ရောက်ရကြောင်းဖော်ပြသောကျမ်းချက် (၃)ခုကိုဖော်ပြပါ။
၇။         ကျွန်ုပ်သေမည့်နေရာတွင်အသေခံခြင်း (လူစားထိုးအသေခံခြင်း) နှင့် ကျွန်ုပ်ကိုယ်စားအသေခံခြင်း တို့ကို အတိုချုပ်ရှင်းပြပါ။
၈။         ခရစ်တော်၏လူစားထိုးအသေခံခြင်းနှင့်ကိုယ်စားအသေခံခြင်းတို့ကို ဖော်ပြသောကျမ်းချက် (၄)ခုကို ဖော်ပြ ပါ။
၉။         ကယ်တင်ခြင်းသည် ကမ္ဘာ့နေရာတိုင်းတွင်ရှိသောလူသားတိုင်းအတွက်ဖြစ်ကြောင်း ဖော်ပြသောကျမ်းချက် (၄)ချက်ကို ဖော်ပြလျက်၊ ထိုအချက်ကိုထောက်ပြသောကျမ်းပိုဒ်စာသားကို ရေးပြပါ။
၁၀။       ကယ်တင်ခြင်းကိုရနိုင်သော တစ်ခုတည်းသောနည်းလမ်းကိုဖော်ပြပါ။ ကျမ်းချက်ဖြင့် ထောက်ပြပါ။
၁၁။       ဤသင်ခန်းစာအရဆုလဒ်များသည် မည်သည့်အရာများဖြစ်၍ မည်သည့်အတွက်ချပေးပါသနည်း။ ဤအချက် ကို ကျမ်းချက်များဖြင့် ထောက်ပြပါ။
၁၂။       ဤသင်ခန်းစာတွင် ဆုလဒ်ရရှိမည့် (၈)ခုကို ဖော်ပြထားပါသည်။ အနည်းဆုံး (၅)မျိုးကို ဖော်ပြလျက် ကျမ်းညွှန်းဖြင့်ပြပါ။
၁၃။       မည်သည့်အချိန်တွင် မည်သည့်နေရာ၌ ဆုလဒ်များကို မည်သူကချီးမြှင့်ပါမည်နည်း။ ကျမ်းညွှန်းပြပါ။
၁၄။       ယုံကြည်သူအနေဖြင့်ရယူနိုင်မည့် သရဖူ (၅)မျိုးကို ဤသင်ခန်းစာတွင် ဖော်ပြထားပါသည်။ အမည်များ ဖော်ပြလျက်ကျမ်းညွှန်းဖြင့်ထောက်ပြပါ။
၁၅။       ကယ်တင်ခြင်းနှင့်ဆုလဒ်တို့ခြားနားချက် (၇)ချက်ဖော်ပြထားပါသည်။
                              ကယ်တင်ခြင်း                           ဆုလက်ဆောင်
                                    (၁)                                                        (၁)
                                    (၂)                                                        (၂)       
                                    (၃)                                                        (၃)
                                    (၄)                                                        (၄)
                                    (၅)                                                        (၅)
                       


အမည်၊   ____________________________           ရက်စွဲ၊ ___________________________
လိပ်စာ၊  ____________________________
            ____________________________
            ____________________________
                       
            LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)                                                                                                                                                                                                                                                                                                                                                                                                                                               
                                           
 


Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support