HCF
HCF MYANMAR IN SINGAPORE
Tuesday, August 27, 2013
ဥာဏ်ပညာရှိစွာ ရွေးချယ်ခြင်း
                                                သင်ခန်းစာ(၁၆)                            
            ယေရှုခရစ်တော်ကို သင်၏ကယ်တင်ရှင်အဖြစ် ဆုံးဖြတ်ချက်ချပြီးနောက်၊ နောက်ထပ် သင်ယူရမည့် အရေး အကြီးဆုံး ဆုံးဖြတ်ချက်မှာ သင်၏ဘ၀အဖော်ကို ရွေးချယ်ဆုံးဖြတ်ရန်ဖြစ်သည်။ လူအချို့သည် လက်မထပ်ဘဲ နေလို ကြသည်။ ဤရွေးချယ်မှု့သည် လက်ခံနိုင်သောရွေးချယ်မှု့ပင် ဖြစ်သော်လည်း၊ လူအများစုကမူ လက်ထပ်လိုကြသည်။ လက်ထပ်ရန် လွယ်ကူသော်လည်း၊ ပျော်ရွှင်အောင်မြင်သော အိမ်ထောင်ရေးမျိုးကို ရရန်မူ ခက်ခဲသည်။ သင်သည် ““ကံကောင်း””     ထောက်မစွာဖြင့် ဤသို့သောအိမ်ထောင် ရေးမျိုးကို မရနိုင်ပါ။ အောင်မြင်သောအိမ်ထောင်ရေးမျိုးကို ရနိုင်မည့် သင်၏ အခွင့်အရေးများကို မြှင့်တင် ပေးရန်အတွက် သင်လုပ်ရမည့်အရာ အချို့ရှိသည်။
သင်လုပ်ရမည့် အရာ (၅)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ကျမ်းထဲတွင် ဖော်ပြထားသော အိမ်ထောင်ရေးမျိုးကို နားလည်ခြင်း
(၂) “မှန်ကန်သော” လူတဦးဖြစ်လာခြင်း
(၃) မှန်သောဘ၀အဖော်ပေးရန် ဘုရားသခင်အားကိုးစားခြင်း
(၄) ဥဏ်ပညာရှိစွာ ရွေးချယ်ခြင်း
(၅) သင်တို့၏ ယှက်နွယ်မှု့အပေါ်သို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကျရောက်စေရန် ကြိုးစား ရှာဖွေခြင်း
(၁) ကျမ်းစာထဲတွင် ဖော်ပြထားသောအိမ်ထောင်ရေးမျိုးကို နားလည်ခြင်း
            ကျမ်းစာထဲရှိ အိမ်ထောင်ရေးမျိုးသည် တစ်ဘ၀စာ သံဓိဌာန်ချထားခြင်းပင်ဖြစ်သည်။ သေခြင်းက သူတို့ကို မခွဲခွာမီ တိုင်အောင်၊ တဦးကိုတဦး ချစ်ခင်မြတ်နိုးမည်ဟု ဘုရားသခင်၊ မိသားစုနှင့်မိတ်ဆွေများ ရှေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုခြင်းဟာ ယောက်ျားတဦးနှင့်မိန်းမတဦးအတွက် လေးနက်မှု့ရှိသောအရာတစ်ခု ပင် ဖြစ်သည်။ ဘုရားသခင်က “သင်သည် သစ္စာကျိန်ဆိုပါက၊ ဤသစ္စာကိုစောင့်ထိန်းလော့။”ဟုဆိုသည်။ ကျမ်းသစ္စာများဆိုပြီး သစ္စာချိုးဖောက်သူများကို ဘုရားသခင်သည် နှစ်မြို့တော်မမူပါ။ ဘုရားသခင်က ““ကွာရှင်းခြင်းအမှု့ကို ငါမုန်း...””ဟု ပြောထားသည်။ မာလခိ ၂း၁၆
            အကယ်၍ သင်တို့ဟာ လက်ထပ်ခြင်းဆိုသည်မှာ တစ်ဘ၀စာဖြစ်ပြီး ကွာရှင်းခြင်းဟာ ရွေးချယ်နိုင်သည့် အရာ တစ်ခုမဟုတ်ဟု သဘောတူထားပါက၊ သင်တို့သည် အောင်မြင်သောအိမ်ထောင်ရေးမျိုးကို ရအောင်ခြေလှမ်းကြီးကြီးဖြင့် တက်လှမ်းနေခြင်းပင်ဖြစ်သည်။ ယေရှုက ““ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုး တင်သောအရာကို လူမခွဲမခွာစေနှင့်”” ဟု မိန့်တော်မူခဲ့သည်။ မဿဲ ၁၉း၆ အိမ်ထောင်ရေးတိုင်းတွင် ပြဿနာများရှိနေနိုင်သော်လည်း၊ ခင်ပွန်းနှင့်ဇနီးနှစ်ဦးစလုံးက သူတို့သည် တစ်ဘ၀စာ တဦးကိုတဦး ဆက်ကပ်အပ်နှံထားကြမည်ဟု သံဓိဌာန်ချထားပါက ဤအရာသည် ကြီးမားသော အားသာချက် တစ်ခုပင် ဖြစ်သည်။ ဤနည်းဖြင့် ကွာရှင်းမှု့၏ခြိမ်းခြောက်မှု့ကို မခံရဘဲသူတို့၏ ပြဿနာများကို ဖြေရှင်းနိုင်ရန် အတွက်၊ သူတို့လိုအပ်သော လုံခြုံမှု့နှင့်လွတ်လပ်မှု့ကို ရရှိကြမည်ဖြစ်သည်။ စကားများရန်ဖြစ်ရာတွင် ““ကွာရှင်းမယ်””ဟူသော စကားကို လက်နက်တစ်ခုအနေဖြင့် ဘယ်တော့မှအသုံးမပြုသင့်ပါ။
(၂) ““မှန်ကန်သောလူတဦးဖြစ်လာခြင်း
            လူငယ်အများစုက သူတို့သည် သူတို့အတွက် မှန်ကန်သင့်တော်သောသူကို တွေ့မှတွေ့ပါမလားဟု တွေးတောခြင်း အားဖြင့် အချိန်များစွာကို ကုန်ဆုံးစေကြသည်။ ဤအချက်ကအရေးကြီးသော်လည်း၊ သာယာပျော်ရွှင်သော အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ရန်အတွက်၊ ““မှန်ကန်””သော လူနှစ်ဦးသည် တွေ့ဆုံရမည်ဖြစ်သည်။ မှန်ကန် သင့်တော်သောသူကို ရှာဖွေရန်မှာ သင့်အတွက်အရေးကြီးသလို၊ သင်ကိုယ်တိုင်က အခြားသူတဦးအတွက် ““မှန်ကန်””သော လူစားမျိုးဖြစ်ရန်မှာလည်း အရေးကြီးသည်။
အိမ်ထောင်ရေးအတွက် သင့်ကိုသင် ပြင်ဆင်နိုင်အောင် သင်လုပ်ရမည့်အရာအချို့မှာ အောက်ပါ အတိုင်းဖြစ်သည်။
            ဘုရားသခင်နှင့်ပုဂ်္ဂိုလ်ရေးအရ ပေါင်းသင်းဆက်ဆံမှု့ကို ပြုလုပ်ခြင်း - အကယ်၍သင်သည် ခရစ်ယာန်တဦး မဟုတ်ပါက သင်လုပ်နိုင်သည် အရေးအကြီးဆုံးအရာတစ်ခုမှာ ယေရှုခရစ်အားဖြင့် ဘုရားသခင် နှင့်မိတ်သဟာယဖွဲ့ခြင်း ပင်ဖြစ်သည်။ သင်သည် ခရစ်ယာန်တဦးဖြစ်လာသောအခါ၊ ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အတွင်း ၌ လာရောက်အသက်ရှင်သည်။ ကျမ်းစာက ““၀ိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်စောင့်ထိန်းခြင်း ပေတည်း။”” ဟု ဆိုသည်။ (ဂလာ ၅း၂၂-၂၃)
        အထက်ပါအရည်အသွေးများသည် ကမ္ဘာပေါ်ရှိအိမ်တစ်အိမ်ကို ကမ္ဘာပေါ်ရှိကောင်းကင်ဘုံလေး ဖြစ်အောင် ပြုလုပ် ပေးနိုင်စွမ်းရှိသည်။ သင်သည် ခရစ်ယာန်တဦးဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော် သင်သည် ခရစ်တော်နှင့်နေ့စဉ် မိတ်သဟာယဖွဲ့ပါရဲ့လား? ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့တိုင်း ဖတ်ရဲ့လား? သခင်၌သင်ဟာ ရင့်ကျက် ကြီး ထွားလာသလော? သင်သည် သင်၏ဒေသန္တရ အသင်းတော် အပေါ်တွင် သစ္စာရှိပါရဲ့လား? သင်သည်  သခင်ကို အမှန် တကယ်ချစ်ပြီး သူ၌၀မ်းမြောက်ပါက၊ သူသည် သင့်နှလုံးသား၏ ဆန္ဒကို ဖြည့်ဆည်းပေးလိမ့်မည်။ ကျမ်းစာက ““ထာဝရ ဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလိုပြည့်စုံရသော အခွင့်ကိုပေးမည်။””ဟု ဆိုသည်။ (ဆာ ၃၇း၎)
            တကိုယ်ကောင်းဆန်ခြင်းကင်းမဲ့သော ချစ်ခြင်းမေတ္တာကို သင်ယူခြင်း - ““လက်ထပ်ဖို့သင့်တော် သောအချိန်””မှာ တကိုယ်ကောင်းဆန်ခြင်း ကင်းမဲ့သောမေတ္တာမျိုးကို သင်ယူလိုစိတ်ရှိသောအချိန်မျိုးတွင် ဖြစ်သည်။ အရင်က ပြောခဲ့ သလိုမျိုး။ ဤသို့သောမေတ္တာမျိုးကို သင်ယူရနိုင်ရန်အတွက် ကျွန်ုပ်တို့၏အိမ်ကို ကျွန်ုပ်တို့အားပေးထားခြင်းဖြစ်သည်။ သင့်မိသားစုအတွင်းရှိ လူများမှာ ပေါင်းရ သင်းရ ခက်သောသူများဟု သင်ထင်နိုင်သော်လည်း၊ သာယာပျော်ရွှင်သော အိမ်ထောင်တစ်ခုအတွက်မရှိ မဖြစ်လိုအပ်သော တကိုယ်ကောင်းဆန်ခြင်း ကင်းမဲ့ပြီး စွန့်လွတ်ပေးအပ်သော မေတ္တာမျိုးကို သင်ယူရမည့် နေရာမှာ ဤနေရာ ပင်ဖြစ်သည်။ ထို့ကြောင့် သင့်အား ထိုနေရာ၌ရှိနေစေသော ဘုရားသခင်၏ ကျေးဇူးတော် ကို စတင် ချီးမွမ်းပါ။
            တကိုယ်တည်း ( single ) နေရခြင်း၌ ၀မ်းမြောက်အောင်သင်ယူခြင်း - လူငယ်တဦးအတွက် ဘ၀အဖော်တဦးကို မျှော်လင့်တောင့်တခြင်းသည် ပုံမှန်သာဖြစ်သော်လည်း၊ single တဦးအနေဖြင့်လည်း ကျေနပ်ရောင့်ရဲစွာဖြင့် နေတတ်ရန် သင်ယူသင့်သည်။ single နေရသူတဦး၏ အထီးကျန်မှု့ကို ကုစားမည့် အရာမှာ လက်ထပ်ခြင်းမဟုတ်သည်ကို သိရန်လိုအပ်သည်။ သင်သည် single နေရခြင်း၌ ကျေနပ်ရောင့်ရဲ မှု့မရှိပါက၊ လက်ထပ်ပြီးသောလူတဦးအနေဖြင့်လည်း ကျေနပ်ရောင့်ရဲနိုင်မည်မဟုတ်ပါ။
            လက်ထပ်ထားသော သန်းပေါင်းများစွာသေလူတို့သည် အထီးကျန်ဆဲ၊ မကျေနပ် မရောင့်ရဲနိုင် ဖြစ် နေဆဲ ဖြစ်သည်။ သူတို့သည် အခြားသူတဦးထံမှ မေတ္တာနှင့်ဖြည့်ဆည်းပေးမှု့တို့ကို ရှာဖွေကြသော်လည်း၊ စိတ်ပျက်ခြင်းနှင့်သာ တွေ့ကြုံခဲ့သည်။ single တဦးအနေဖြင့် ကျေနပ်ရောင့်ရဲစွာ နေတတ်ဖို့အတွက် ဘုရားသခင်က သင့်အား သင်ယူ စေလိုသည်။ တစ်ဘ၀လုံး single အနေဖြင့်နေရမှာကို တွေးကြောက်သဖြင့် မှားသောလူအမျိုးအစားနှင့် အလျင်အမြန် အိမ်ထောင်ပြုခြင်းဟာ သင်လုပ်နိုင်သောအမှားများထဲမှ ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံးအမှားတစ်ခုပင်ဖြစ်သည်။
            ကျေနပ်ရောင့်ရဲမှုရှိခြင်း၏လျှို့ဝှက်ချက်မှာ ဘုရားသခင်၏မေတ္တာကို သိကျွမ်းခြင်းပင်ဖြစ်သည်။ သူ၏မေတ္တာ သည် သင့်ကိုအပြည့်အ၀ ကျေနပ်စေနိုင်သည်။ သင်၏ချစ်ခင်လိုစိတ်ကို သူ့အပေါ်တွင်ထားပါ။ စိတ်နှလုံးအကြွင်းမဲ့ သူ့ကိုချစ်ပြီး ဆာလံ ၉၁ ကိုဖတ်ပါ။ အထူးသဖြင့် နောက်ဆုံး ၃ပုဒ်ကိုဖတ်ပြီး သူ့အပေါ်တွင် မေတ္တာထားသောသူအတွက် ဘုရားသခင်က ဘာလုပ်ပေးဖို့ ကတိပေးထားသည်ကို သိမြင်ပါ။
(၃) မှန်သောဘ၀အဖော်ကို သင့်အားပေရန်အတွက် ဘုရားသခင်အားမျှော်ကြည့်ခြင်း
            သင်သည် ခရစ်ယာန်တဦးဖြစ်ပါက၊ သင်လက်ထပ်မည့်သူနှင့် ပတ်သက်ပြီး ဘုရားသခင်က သင့်ထက်ပိုမို ဂရုစိုက်မှု့ရှိသည်။ နှုတ်ကပတ်တော်ထဲ၌ သင်၏ဆံပင်ရှိသမျှကိုပင် ရေတွက်ထားသည်ဟု ပြောထားသည်။ ဘုရားသခင် သည် သင့်ဆံပင်အရေအတွက် အတိအကျကိုပင်သိရှိလောက်အောင် သင့်အား ဂရုစိုက်ပါက၊ သင်လက်ထပ်မည့်သူနှင့် ပတ်သက်ပြီး လည်း သူကဂရုစိုက်၊ စိုးရိမ်ကြောင်းကို သင်သေချာ သိနိုင်သည်။
            လက်ထပ်ခြင်းသည် အလေးအနက်ထားရမည့် ကိစ္စတစ်ခုဖြစ်သည်။ တစ်ဘ၀စာ သံဓိဌာန်ချလိုက်ခြင်း ဖြစ်သည်။ ဘုရားသခင်က လက်ထပ်ခြင်းသည် မည်မျှအရေးကြီးသည်ကို သိသည်။ မှားသော အမျိုး အစားကိုလက်ထပ်မိခြင်းဟာ သင့်ဘ၀အား ပျက်စီးစေနိုင်သည်ကိုလည်း သူသိသည်။
            ဘုရားသခင်က သင့်အားလက်ထပ်စေရန် အလိုတော်ရှိပါက၊ သင့်အတွက် မှန်သောလူ သူ့တွင် ရှိသည်။ သို့သော် ဘုရားသခင်က မှန်ကန်သောလူ အမျိုးအစားကို သင်နှင့်လက်ထပ်စေရန် အလို အလျောက်မပြုလုပ်ပေးပါ။ ခရစ်ယာန် တဦးသည် အခြားသူများကဲ့သို့ပင် မှားသောလူကို အရှုးအမူးစွဲမက် သွားနိုင်သည်။ မကြာခဏပင် ခရစ်ယာန်တဦးသည် ထိုသူကို လက်ထပ်ချင်သောကြောင့် ဘုရားသခင်က ဦးဆောင်၍ သူတို့နှစ်ဦးကို ဆုံဆည်းစေပြီး ထူးခြားကောင်းမွန်သော ““နိမိတ်လက္ခဏာ””များကိုလည်း မြင်နေသည်ဟုထင်တတ်ကြသည်။ စာတန်သည်အောင်သွယ်ရာ၌ ထူးချွန်သည်ကို သူမေ့နေခြင်းဖြစ်သည်။ ယုံကြည်သောသူတဦးကို မှားသောသူနှင့်လက်ထပ်မိစေမည့် အခြေအနေများကို စာတန်က ခုံမင်စွာ ဖန်တီးသည်။
            ထင်ရှားသော ခရစ်ယာန်အကြံပေးဆွေးနွေးသူ Dr. James Dobson  ကဤသို့ပြောခဲ့သည်။ ““ခရစ်ယာန်တိုင်း ကို အောင်မြင်သောအိမ်ထောင်ရေးပေးရန် ဘုရားသခင်က အာမခံထားသည်ဟု ယုံကြည်နေသူသည် ထိတ်လန့်စရာနှင့် တွေ့ကြုံရဖွယ်ရှိသည်”” Dr. James Dobson  က ဤအဖြစ်အပျက်ကို ပြော ပြသည်။ ““ကျွန်တော်အကြံပေး ဆွေးနွေးနေသော လူငယ်တဦးက သူသည် တစ်ညတွင် ညနက်သန်းခေါင်၌ နိုးလာပြီး သူအရင်ကအကြိမ်အနည်းငယ်သာ ဒိတ်လုပ်ဖူးသည့် ကောင်မလေးနှင့် ဘုရားသခင်က သူ့အား လက်ထပ်စေလိုကြောင်း ပြင်းပြစွာခံစားခဲ့ရသည်ဟု ပြောခဲ့ သည်။ နောက် တစ်နေ့ မနက်တွင် သူသည် သူမ အားဖုန်းခေါ်ပြီး မနေ့ညက ဘုရားသခင်က သူ့အားပေးခဲ့သည်ဟု သူ ထင်သော သတင်း စကားကို သူမအား လက်ဆင့်ကမ်းပြောပြခဲ့သည်။ ကောင်မလေးကလည်း သူမသည် ဘုရားသခင်နှင့် အငြင်းအခုန် မပြုသင့်ဟု မှတ်ယူလျက်၊ သူ့ရဲ့ကမ်းလှမ်းမှု့ကို လက်ခံခဲ့သည်။ သူတို့ ယခု လက်ထပ် ထားသည်မှာ ၇ နှစ်ရှိပြီဖြစ်ပြီး လက်ထပ်သည့်နေ့မှစ၍ ယနေ့တိုင်အောင် သူတို့၏အိမ်ထောင်ရေး အလုပ်လုပ်စေရန် ရုန်းကန်နေရသည်။
            ဘုရားသခင်က သင်၏ဘ၀အဖော်ရွေးချယ်မှု့နှင့် ပတ်သက်ပြီး အလွန်အလေးထားသည်ကို သတိ ရပါ။ ဤအလွန်အရေးကြီးသော ဆုံးဖြတ်ချက်ကို ချရာ၌သူကသင့်အား လမ်းပြလိုသည်။
(၄) ဥဏ်ပညာရှိစွာရွေးချယ်ပါ။
            သင်ဟာ ဘ၀အဖော်ကို ရွေးချယ်ရာ၌ ဘုရားသခင်အားမျှော်ကြည့်ရမည် ဖြစ်သော်လည်း၊ သူပေး ထားသော ဉဏ်ပညာနှင့်အသိစိတ်ကိုလည်း အသုံးပြုရမည်။ သင့်အားမှန်သောရွေးချယ်မှု့ကို ပြုလုပ်နိုင် စေရန်အတွက် အောက်ပါ အရာတို့က ကူညီပေးလိမ့်မည်။
            သင်ဘာကိုရှာနေသလဲဆိုတာ သင်သိပါ။ - လူအချို့က သူတို့ဟာ ကမ္ဘာပေါ်မှာ အချောဆုံး၊ ပညာအရှိဆုံး၊ နှစ်လိုဖွယ်အကောင်းဆုံးသူနှင့် လက်ထပ်နိုင်မှသာ ပျော်ရွှင်နိုင်မည်ဟု ထင်ကြသည်။ သို့သော် ပြီးပြည့်စုံသောသူကို ရှာဖွေတွေ့ရှိနိုင်မည့်သင်၏ အခွင့်အရေးမှာ မရှိသလောက်နည်းပါးသည်။ ထိုအချက်ကို ရင်ဆိုင်ရပေမည်။ သို့သော် သင့်အတွက်မှန်သောလူကိုမူ တွေ့ရှိနိုင်သည်။ သင့်အား ““ပြီးပြည့်စုံစေသော””သူထံ၌ အချစ်စစ်ကို တွေ့ရှိနိုင်သည်။ သင်နှင့်သက်ဆိုင်သောသူဟု သင်ခံစားရသော သူမျိုးဖြစ် သည်။
            သင်သည် ဘုရားသခင်ရည်ရွယ်ထားသော စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ပျော်ရွှင်သောအတွေ့အကြုံ မျိုးကို ရနိုင်မည့် အိမ်ထောင်ရေးမျိုးကို လိုလားပါက၊ သင်ဟာ ခရစ်ယာန်တဦးဖြစ်ပြီး သင်လက်ထပ်မည့် သူမှာလည်း ခရစ်ယာန် တဦး ဖြစ်ကြောင်း သေချာစေပါ။ ခရစ်ယာန်တဦးဖြစ်ခြင်းက ဘာကိုဆိုလိုလဲဆိုတာကို လူများစွာတို့သည် မသိရှိကြပါ။ ဘုရားကျောင်းတက်ပြီး မိမိဟာ ခရစ်ယာန်ပါဟု ပြောကာ၊ သင့်တင့်သောဘ၀ကို နေထိုင်သောမည်သူမဆိုသည် ခရစ်ယာန် ဖြစ်သည်ဟု ထင်ကြသည်။ ထိုကဲ့သို့မဟုတ်ပါ။
            သမ္မာကျမ်းစာအရ၊ မိမိဟာအပြစ်သားဖြစ်ကြောင်းကိုသိပြီး ယေရှုခရစ်တော်ကို သူ၏ကယ်တင်ရှင် အဖြစ် လက်ခံ ရရှိသောသူက ခရစ်ယာန်တဦးဖြစ်သည်။ ကြားနေ၍မရပါ။ သင်ဟာ ခရစ်တော်ကို လက်ခံသူ ဖြစ်ချင်ဖြစ်မယ်။ မဖြစ်ရင် မဖြစ်ဘူး။ ကျမ်းစာက ““သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသော သူမူကား အသက်ကိုမရ။””ဟုဆိုသည်။ (၁ယော ၅း၁၂)
            မယုံကြည်သူတဦးကို လက်ထပ်ရန်မှာ ဘုရားသခင်၏အလိုတော် ဘယ်တော့မှမဟုတ်ခဲ့ပါ။ ဘုရားသခင်၏ ရိုးရှင်းသော ပညတ်ကို မလိုက်နာဘဲ မယုံကြည်သူတဦးကို ဒိတ်လုပ်ရန်နှင့် လက်ထပ်ရန် ရွေးချယ် ဆုံးဖြတ်သော မည်သူမဆိုသည် ပြင်းထန်သောအကျိုးဆက်များကို ရင်ဆိုင်ရန်မျှော်လင့်ထားသင့်သည်။
““သူဟာခရစ်ယာန်တဦးဟုတ်၊ မဟုတ် ကျွန်ုပ်သေချာမသိဘူးဆိုရင်ရော?
            သင်သည် ထိုသူကိုကောင်းကောင်းသိကျွမ်းသော်လည်း၊ သူဟာခရစ်ယာန်ဟုတ်လား၊ မဟုတ်လား ဆိုတာကို သင်သေချာမသိပါက၊ သူဟာခရစ်ယာန်တယောက် မဟုတ်လောက်ပါ။ အနည်းဆုံးတော့၊ သင်၏ဘ၀အဖော်အဖြစ် သင်ရွေးချယ်လိုသောသူ မဟုတ်လောက်ပါ။ ခရစ်ယာန်တဦးကို ရှာဖွေရုံဖြင့် မလုံလောက်ဘဲ၊ ခရစ်တော်အား သူ့ဘ၀၏ အလယ်ဗဟို၌ထားပြီး မိမိကိုယ်ကိုဆက်ကပ်အပ်နှံထားသူမျိုးကို ရှာရန်လိုအပ်ပါသည်။ ခင်ပွန်းနှင့်ဇနီးနှစ်ဦးစလုံး က ခရစ်တော်အား သူတို့ဘ၀နှင့်သူတို့အိမ်ထောင်၏ အလယ်ဗဟို၌ထားပြီး ခရစ်တော်ရထိုက်သောနေရာကို သူ့အား ပေးရန် မှာ မည်မျှအရေးကြီးကြောင်းကို သိရှိ ထားရမည်ဖြစ်သည်။ ကျမ်းစာက ““ထာဝရဘုရားသည် အိမ်ကို ဆောက်တော် မမူလျှင် ဆောက်သောသူတို့ သည်အချည်းနှီးလုပ်ဆောင်ကြ၏။””ဟု ဆိုသည်။ (ဆာ ၁၂၇း၁)
ခန္ဓာပိုင်းနီးစပ်မှုကို သတိထားပါ။
            ခန္ဓာပိုင်းနီးစပ်ခြင်း(သို့) ပွတ်သပ်နမ်းရှုပ်ခြင်းသည် လိင်စိတ်ကိုကြွစေပြီး ပါဝင်ပတ်သက်နေသူ များအား မျက်ကန်း ဖြစ်စေသည်။ ဤအရာသည် စုံတွဲများစွာတို့အား တစ်ဘ၀စာ အမှားများကို လုပ်စေသည်။ သူတို့နှစ်ဦးကြား၌ အချစ်စစ်ရှိသည်ဟု လက်ထပ်လိုက်ကြပြီးမှ သူတို့နှစ်ဦးကြားတွင် လိင်ပိုင်းအရ ဆွဲဆောင်မှု့သာရှိသည်ကို သိလာကြ သည်။ ဤအမှားကို မလုပ်သင့်ပါ။ စာတန်သည် သင့်အားရေရှည် နောင်တရစေရန်အတွက်၊ ခဏတာ စိတ်လှုပ်ရှား ပျော်ရွှင်မှု့ကို ပေးသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံပါက၊ နောင်တရစရာ မရှိသော ရေရှည်ပျော်ရွှင်မှု့ကို ကျွန်ုပ်တို့အားပေးသည်။
            သင်တို့နှစ်ဦးသည် တဦးကိုတဦးအမှန်တကယ်သိကျွမ်းကြောင်း သေချာစေပါ။ - ကျွန်ုပ်တို့ အားလုံးသည် သရုပ်ဆောင်ကောင်းများ ဖြစ်နိုင်သည်။ အထူးသဖြင့် အခြားသူတဦးအား အထင်ကြီးအောင် လုပ်နေသည့် အချိန်တွင်ပေါ့။ ထူးဆန်းသည်ဟု ထင်ရသော်လည်း၊ သူသည်တစုံတဦးကို နှစ်အတန်ကြာ ဒိတ်လုပ်ပြီးနောက်၊ လက်ထပ်လိုက်ကြပြီးမှ သင်လက်ထပ်ခဲ့သောထိုသူကို သင်အမှန်တကယ်မသိကြောင်း ကို တွေ့ရှိလာနိုင်ပေသည်။
             Dr. Ray Short  ““ကျွန်တော်သည် ဤရဲဝံ့သောအကြံပေးချက်ကို ကျောင်းသားများအား နှစ်အတော် ကြာပေးခဲ့သည်။ အုပ်ထိန်းသူများပါလျှက် Camping  ခရီးကို မထွက်ပြီးမချင်း၊ မည်သည့်စုံတွဲမှ လက်မထပ်သင့်ပါ။ သင်တို့ နှစ်ဦးစလုံးသည် အကောင်းဆုံးပြုမူပြောဆိုနေနိုင်သော ဒိတ်လုပ်ခြင်းများမှ တဦးအကြောင်းကို တဦး သိနိုင်တာထက် Camping ခရီးအတူထွက်ခြင်းအားဖြင့် ပို၍သိနိုင်သည်။ သူ(သို့) သူမသည် ခက်ခဲသော အခြေ အနေတခုကို မည်သို့တုံ့ပြန်သည်ကို စောင့်ကြည့်ပါ။””
            သင်အမှန်တကယ်မသိကျွမ်းသောသူကို လက်ထပ်မိခြင်းမှ ရှောင်ရှားနိုင်ရန်အတွက်၊ မတူညီသော အခြေအနေ တို့ တွင် သူနှင့်အတူအချိန်ကိုဖြတ်သန်းပါ။
            ဂိမ်းအတူကစားပါ။ - သင်အရင်ကမသိခဲ့သော လူတဦး၏တကိုယ်ကောင်းဆန်မှု တသီတတန်းကြီးကို ဂိမ်းကစား နေစဉ် အတွင်း သိရှိလာနိုင်သည်။ သူသည် အရှုံးကိုကောင်းစွာလက်မခံတတ်သူလော? သူမ၏အလိုအတိုင်း မဖြစ်ပါက၊ သူမသည် နှုတ်ခမ်းဆူ၍ သုန်မှုန်တတ်သလော? သူသည် သူမအား အညှာတာကင်းမဲ့စွာ ကျီစယ်တတ်ပြီး ကျီစယ်ခြင်းက သူ့အားလာပြန်ထိသည့်အခါ ဒေါသထွက်တတ်သူ လော့?
            အတူတူအလုပ် လုပ်ပါ။ - မတူညီကွဲပြားသော အခြေအနေတို့ကို သူသည်မည်သို့တုံ့ပြန်သည် ကိုလေ့လာပါ။ သူသည်အလုပ်တစ်ခုကို စွဲမြဲစွာလုပ်ပြီး ပြီးသည့်အထိလုပ်ပါသလား(သို့) ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ အရှုံးပေး တတ်သလော? မတူညီကွဲပြားသောအခြေအနေအရပ်ရပ်အောက်၌ ၀မ်းမြောက်စွာ နေတတ်သူလော? သူသည် အခြားသူများ အတွက် စဉ်းစားပေးသလော?
            အတူတူတွေးတော စဉ်းစားပါ။ - အရေးကြီးကိစ္စများနှင့် စပ်လျဉ်း၍ သင်တို့ ၂ဦး၏ သဘောထားများက မည်သို့ရှိသည်ကို နက်နက်ရှိုင်းရှိုင်း တွေးတောဆင်ခြင်ပါ။ ဤလူ၏ဘ၀၌ မည်သည့်အရာများကို ဦးစားပေးသနည်း? သူသည် ငွေကိုဉဏ်ပညာရှိစွာ အသုံးပြုတတ်သူလော? ဘ၀ရှိသူ၏ပန်းတိုင် မှာ အဘယ်နည်း?
            အတူတကွဝတ်ပြုကိုးကွယ်ပါ။ - ဘုရားသခင်ကို ရိုးသားစွာချစ်သော သူတဦးအနေဖြင့် ရရှိမည့် အရည် အသွေး များ ဤလူ၌ရှိသလော? သူ၏ယုံကြည်ခြင်းဟာ စစ်မှန်သလော (သို့) အခြားသူများအား အထင်ကြီးစေရန် ဟန်ဆောင် ယုံကြည်ခြင်းသာ ဖြစ်သလော? ငယ်ရွယ်သောဇနီးတဦးသည် သူမ၏ခင်ပွန်းက မိသားစုဝတ်ပြုပွဲကို မဦး ဆောင်နိုင်သဖြင့် ငြီးတွားခဲ့သည်။ သူမ၏စိတ်ပျက်မှု့ကို သင်းအုပ် ဆရာအားဖွင့်ပြောပြခဲ့သည်။ ထိုအခါ ဆရာက ““ပိုးပန်းနေတဲ့ကာလတွေ မှာ အတူတူဝတ်ပြုခဲ့ဖူးသလား?”” မပြုခဲ့ဘူးဟု သူမက ၀န်ခံခဲ့သည်။ ““သူဟာ သန်စွမ်း ရင့်ကျက် တဲ့ ခရစ်ယာန်တဦး မဟုတ်တာကို ကျွန်မသိခဲ့ပေမယ့် သူ့မှာမရှိတဲ့အရည်အသွေးတွေကို ရှိတယ်လို့ မျက်စိမှိတ် ယုံမိခဲ့တယ်။””
တဦးအပေါ်တဦးအထင်ကြီးလေးစားမှုရှိပါ။
            သင်တို့နှစ်ဦး၏ဆက်ဆံရေးတွင် သေချာပေါက်ရှိရမည့်အရေးကြီးသော အရည်အသွေးတစ်ခုမှာ တဦးအပေါ်တဦး အထင်ကြီး လေးစားမှုရှိခြင်းပင်ဖြစ်သည်။ တစုံတဦးကို အထင်ကြီးလေးစားသည်ဟုဆိုရာ တွင်၊ ထိုသူကို အလွန်အမင်း လေးစားမှုရှိပြီး ထိုသူ၏တန်ဖိုးကြီးမှုကို သိရှိခြင်းပင်ဖြစ်သည်။ သာယာပျော်ရွှင်သောအိမ်ထောင်တစ်ခုတွင်၊ ခင်ပွန်းနှင့် ဇနီးကြား၌ အထင်ကြီးလေးစားမှုရှိသည်။ တဦးကအခြားတဦးကို အလွန်လေးစားတန်ဖိုးထားသည်။
            အလျင်အမြန်မရွေးချယ်ပါနှင့် ထပ်မံ၍ ကျွန်ုပ်တို့အလေးအနက်ထားပြောလိုသည်မှာ သင်တို့နှစ်ဦးသည် တဦး အတွက်တဦး ဖြစ်တည်လာခြင်းဆိုတာကို အကောင်းဆုံး အဆုံးအဖြတ်ပေမည့် သင်၏မိတ်ဆွေ မှာ အချိန်ပင် ဖြစ်သည်။ အလျင်စလို လက်မထပ်ပါနှင့်။ စာရင်းအင်းများအရ၊ အမျိုးသားများ လက်ထပ်ရန် အကောင်းဆုံးအချိန်မှာ အသက်၂၇ မှ ၃၁ ကြားဖြစ်ပြီး မိန်းကလေးများမှာမှု အသက်၂၅ နှစ်ဝန်းကျင် ဖြစ်သည်။ သင်ဟာမှန်ကန်သောလူကို ရွေးချယ်နိုင်ဖို့ သင်ယူသင့်သည့် အချိန်ကာလကို အရယူပါ။ သို့သော် အနာဂတ်တွင် ထိုသူနှင့်လက်ထပ်မည်ဟု မပြင်ဆင်ထားပါက၊ ထိုသူနှင့် မစေ့စပ်မိ ပါစေနှင့်။ ကာလကြာရှည်စွာပိုးပန်းခြင်းနှင့် စေ့စပ်ထားခြင်းသည် ကာလတိုသာပိုးပန်ပြီး လက်ထပ်ခြင်း ထက် ပိုကောင်းပါ သည်။
သင်တို့၏စေ့စပ်မှုအပေါ်သို့ ဘုရားသခင်၏ကောင်းချီးမင်္ဂလာ ကျရောက်စေရန် ကြိုးပမ်းပါ။
            သင်သည်သင့်အတွက် မှန်သောလူကိုတွေ့ပြီး စေ့စပ်လိုက်သောအချိန်သည် စိတ်လှုပ်ရှားဖွယ် ကောင်းသော အချိန် ဖြစ်သည်။ သို့သော် အထူးသွေးဆောင်မှုများကို ရင်ဆိုင်ရမည့်အချိန်လည်းဖြစ်သည်။ ချိန်းတွေ့စဉ်ကာလအတွင်း လိင်ကိုရှောင်ရှားသူများသည် စေ့စပ်လိုက်ပြီးနောက် စတင်၍လိင်ဆက်ဆံလာကြသည်။ ““နောက်ဆုံးမှာ၊ လက်ထပ်ဖို့ စီစဉ်ထားတာပဲ သူများတွေမသိအောင် သတိထားပြီး ကိုယ်ဝန်ရခြင်း ကို ရှောင်ရှားနိုင်ပါက၊ ဘာကြောင့် လက်ထပ် ပြီးတဲ့အထိ စောင့်ရမှာလဲ? ဟုတွေးတောဆင်ခြင်ကြသည်။ ဤသို့ဆင်ခြင်ခြင်းဟာမှားယွင်းသည်။ စေ့စပ်ခြင်းဟာ ထိမ်းမြားလက်ထပ်ခြင်းမဟုတ်ပါ။ စေ့စပ်ခြင်းများသည် မကြာမဏ ကွဲပြဲတက်သည်။ သင်စေ့စပ်ထားသောသူနှင့် လက်ထပ်ရန် ရသလို၊ မထပ်၍လည်းရသည်။
            သင်တို့သည် ကွဲပြဲသွားပါက၊ လိင်ဆက်ဆံခဲ့ခြင်းဟာ ကွဲပြဲခြင်းကို ပို၍နာကျင်စေလိမ့်မည်။ သင်ရဲ့ ““တဦးတည်း သောသူ””အား နောက်ပိုင်းမှတွေ့ပါက၊ သင်မည်သို့လုပ်မည်နည်း? သူ (သို့) သူမအား မည်သို့ ပြော မည်နည်း? အကယ်၍ သူသည် သင့်အကြောင်းကို အခြားသူတဦးထံမှ ကြားသိခဲ့ပါက၊ သင် ဘယ်လို လုပ်မည်နည်း? သေချာသည့်အချက်မှာ သင်သည် သင်နှင့်တစ်ဘ၀လုံးအတူ အသက်ရှင်မည့်သူအတွက် သင့်ကိုသင် မစောင့်ထိန်းခဲ့ခြင်းအတွက် နောင်တ ရ လိမ့်မည်။
            သင်သည်နောက်ပိုင်းတွင် လက်ထပ်လိုက်သည်ဆိုပါစို့။ သင်၏ပျားရည်ဆမ်းခရီးသည် သင့်ဘ၀ အတွက် စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးအချိန် ဖြစ်သင့်သော်လည်း၊ သင့်အတွက်မဖြစ်တော့ပါ။ မလက်ထပ်မီ လိင် ဆက်ဆံခြင်း သည် အိမ်ထောင်သည်ဘ၀ အိပ်ရာပေါ်ရှိ အလှအပနှင့် ကောင်းမွန်သောအရာကို ပျက်ဆီးပစ်သည်။
            သင်သည်လက်မထပ်မီ အခြားသူများနှင့် လိင်ပိုင်းအရပါဝင်ပတ်သတ်ခဲ့ပါက သင်လက်ထပ်ပြီး နောက် သင်၏ဘ၀အဖော်နှင့် လိင်ဆက်ဆံမှု၌ ပြဿနာများကို ဖြစ်စေပြီး ဆက်ဆံမှု၌ အပြည့်အ၀ ၀မ်းမြောက်နိုင်တော့မည် မဟုတ်ပါ။ ကွန်ပြူတာတစ်လုံးသည် သင်ထည့်သော Software များအားဖြင့် ပရိုဂရမ်လုပ် (တည်ဆောက်) ထားခြင်းကို ခံရသည်။ ပထမဆုံးအတွေ့အကြုံများသည် စွမ်းအားကြီးပြီး ကြာရှည်စွာ သတိရနေနိုင်သည်။ သင်သည် တစုံတခုကို ပထမဆုံးအကြိမ်လုပ်သောအခါ၌ ဖြစ်ပေါ်လာသော ခံစားချက်များသည် ပြန်ဖျက်ရန်မရနိုင်လောက်အောင် သင့်စိတ်ထဲ တွင် စွဲနေသည်။
            သင်သည် လက်မထပ်မီ လိင်ပိုင်းအရ ပါဝင်ပတ်သတ်ခဲ့ပါက၊ သင်ဟာနောင်တရမှု၊ ကြောက်ရွံ့မှု နှင့် မိမိကိုယ် အထင်ကြီးသောစိတ်ဆုံးရှုံးခြင်း စသည့်စိတ်ခံစားချက်များကို ခံစားရမည်ဖြစ်သည်။ ဤ အချက်သည် အမျိုးသား/သမီး နှစ်ဦးလုံးအတွက် မှန်ကန်သော်လည်း၊ အထူးသဖြင့် အမျိုးသမီးများ အတွက် ပို၍မှန်ကန်သည်။ သူတို့ဟာ အမှား လုပ်နေသည်ကို သူတို့သိသောကြောင့် သူတို့၌ အပြစ်ရှိသည် ဟုခံစားရကြသည်။ မိမိကိုယ်ကို အထင်ကြီး လေးစားသော စိတ်လည်း ဆုံးရှုံခြင်းမှာ သူတို့၏မြင့်မားသော စံနှုန်းများအတိုင်း အသက်မရှင်ကြသောကြောင့်ဖြစ်သည်။ ကြောက်ရွံ့မှု လည်း ရှိကြခြင်းအကြောင်းအရင်းမှာ ဤအရာနှစ်ခုဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။ (၁) ကိုယ်ဝန်ရလာခြင်း။ (၂) သင်တို့လိင်ဆက်ဆံခြင်း ကို သူများသိရှိသွားခြင်း။
            သင်သည်စေ့စပ်ထားသည်ဖြစ်စေ၊ မဖြစ်စေ၊ သင်သည် လိင်ဆက်ဆံသည့်အခါတိုင်းတွင် နောင်တ ရမှု၊ ကြောက်ရွံ့မှုနှင့် မိမိကိုယ်ကို အထင်ကြီးလေးစားမှု ပျောက်ဆုံးခြင်းအတိုင်းအတာတစ်ခုအထိ ခံစားရ မည်ဖြစ်သည်။ သင်နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သင်ဟာ အထက်ပါခံစားချက်ဆိုးများနှင့်လိင်ဆက်ဆံခြင်းကို တွဲဘက် လျက် မှတ်မိခံစားရအောင် သင်၏စိတ်ထဲ၌ ပရိဂရမ်လုပ်ထားခြင်းကို ခံရသည်။
            ယခုသင်သည် လက်ထပ်လိုက်သည်ဆိုပါစို့။ လက်ထက်ပြီးသည်နှင့်၊ သင်တို့၏ပေါင်းသင်း ဆက်ဆံရေးသည် တရားဝင်ဖြစ်သွားမည်။ ယခုတွင်သင်သည် လိင်ဆက်ဆံသောအခါ ထိုသို့သောခံစား ချက်များအားခံစားရန် မလိုတော့ပါ။ ထို့ကြောင့် သင်၏များရည်ဆမ်းခရီး၌ ထိုနောင်တရမှု၊ ကြောက်ရွံ့မှု နှင့် ရှက်ကြောက်မှုအားလုံးကို မေပျောက်ထားနိုင်ပြီး ပြီးပြည့်စုံသော ကောင်းမွန်တဲ့လိင်ဆက်ဆံခြင်းကို ပြုလုပ်နိုင်မှာဖြစ်တယ် ဆိုတာဟုတ်ပါရဲ့လား??? လုံးဝမဟုတ်ပါ။ သင်သည် လိင်ဆက်ဆံသောအခါ၊ ထိုသို့သောနောင်တရမှု၊ ကြောက်ရွံ့မှုနှင့် ရှက်ကြောက်မှုတို့ကို သင် ဆက်လက် ခံစားနေရမည် ဖြစ်သည်။ ထိုသို့သောခံစားချက်ဆိုးများကို လိင်ဆက်ဆံခြင်းနှင့် တွဲဘက်၍ခံစားရအောင် သင်သည် ပရိုဂရမ် လုပ်ထားခြင်းကို ခံခဲ့ရပြီးဖြစ်သောကြောင့်၊ သင်လိင်ဆက်ဆံသည့် အခါတိုင်းတွင်၊ ထိုသို့သော ခံစားချက် ဆိုးများဖြစ်သည့် နောင်တရမှု၊ ကြောက်ရွံ့မှုနှင့် ရှက်ကြောက်မှုတို့သည် သင့်ဆီပြန် လာ၍သင့်အား ခြောက်လှန့်နေမည် ဖြစ်သည်။
            လက်ထပ်ပြီးသည်မှာ နှစ်ပေါင်းများစွာကြာခဲ့တောင်မှ၊ သင်သည်သင်၏အဖော်အား သင့်ကိုသင် လွတ်လပ်စွာဖြင့် အပြည့်အ၀ပေးနိုင်တော့မည်မဟုတ်ပါ။ ခဏတာပျော်ရွှင်မှုရရန် လက်မထပ်မှီ လိင်ဆက် ဆံခဲ့ခြင်းအတွက် သင်ပေးရမည့် ဆိုးဝါးသောအဖိုးအခမှာ အထက်ပါအတိုင်းဖြစ်သည်။ သင်သည်သင်၏ လက်ထပ်ထိမ်းမြားခြင်းအပေါ်သို့ ဘုရားသခင်၏ ကောင်းချီး မင်္ဂလာ ကျရောက်စေလိုပါက၊ လက်မထပ်မီ လိင်ပိုင်းအရပါဝင်ပတ်သက်မှုမရှိပါနှင့်။
ဘုရားသခင်၏နည်းလမ်းသည် လှပသည်။
            ““ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။””
            သင်နက်ရှိုင်းစွာချစ်သောသူနှင့် လက်ထပ်နိုင်ခြင်းသည် ဘုရားသခင်ပေးနိုင်သော အကြွယ်ဝဆုံး လက်ဆောင် များ ထဲမှ တစ်ခုဖြစ်သည်။ သင်သည် သင်၏ဘ၀အဖော်ကို ရှာတွေ့ပြီဟုထင်ပါက၊ အဖိုးတန် ရတနာ တစ်ခု စောင့်ရှောက်သလိုမျိုး၊ သင်တို့ပေါင်းသင်းဆက်ဆံရေး၏ သန့်ရှင်းစင်ကြယ်သောအရာအား စောင့်ထိန်းပါ။ ထိုအရာသည် အမှန်တကယ်သန့်ရှင်းသောကြောင့်ဖြစ်သည်။
            လက်မထပ်မီ သန့်ရှင်းစင်ကြယ်ခြင်းဟာ လှပသောထိမ်းမြားခြင်းကို လုပ်နိုင်ရန်အတွက် သင့်အား ပြင်ဆင် နေခြင်း ဖြစ်သည်။ သင်သည် သန့်ရှင်းသောဘုရားရှေ့၌ရပ်ပြီး သင့်ကိုသင် သင်၏ဘ၀ အဖော်ကို အပ်နှံလိုက်သောအခါ တွင်၊ သင်သည် သင်၏ဘ၀အဖော်အားပေးနိုင်သော အဖိုးအထိုက်ဆုံး လက်ဆောင်မှာ သင်၏အပျိုစင်ဘ၀ (သို့) လူပျိုစင် ဘ၀ ဖြစ်သည်ကို နားလည်လာလိမ့်မည်။ ဤအချက်သည် အမျိုးသား၊ အမျိုးသမီးနှစ်ဦးလုံးအတွက် မှန်ကန်သည်။
သင်သည် သင့်ကိုသင် သန့်ရှင်းစင်ကြယ်စေခဲ့ပါက၊ သင်နှင့်တစ်ဘ၀လုံး ပေါင်းသင်းမည့်သူအတွက် သင့်ကိုသင် စောင့်ထိန်းခဲ့ခြင်း ၌ များစွာဝမ်းမြောက် လိမ့်မည်။
            သင်တို့သည် လိင်ပိုင်းဆိုင်ရာမေတ္တာကို တဦးကိုတဦးပေးရမည့်အချိန် ရောက်လာသောအခါ၊ ရှက် ကြောက် နောင်တ ရစရာအကြောင်း မရှိသည့်ပြီးပြည့်စုံ၍ ပေးဆပ်မှု့ရှိသော လိင်ဆက်ဆံမှုကို ပြုလုပ်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏အလိုတော်နှင့်သင်၏ အထွတ်အထိပ်ကောင်းကျိုးဟာ အတူတူပင်ဖြစ်သည်ကို နားလည်လာလိမ့်မည်။ ဘုရားသခင်သည် အကောင်းဆုံးကိုသာသင့်အား ရရှိစေရန်လိုလားသည်။
            သင်တို့နှစ်ဦးသည် တသားတကိုယ်တည်း ဖြစ်လာသောအခါ၊ ဘုရားသခင်၏သဘောတူညီမှု့အား သိရှိခံစား လာနိုင် လိမ့်မည်။ လက်ထပ်ထိမ်းမြားခြင်းနှင့် စပ်လျဉ်းသော ဘုရားသခင်၏အစီအစဉ်ကို သင်ဟာ အကောင်အထည် ဖော်နေခြင်း ဖြစ်ပြီး ဘုရားသခင်သည် ထိုအချက်၌၀မ်းမြောက်လိမ့်မည်။ လူနှစ်ဦးသည် သူတို့နှစ်ဦးအတွက် ဘုရားသခင် ရည်ရွယ်ထားသော လှပမှု့၊ သန့်ရှင်းစင်ကြယ်မှု့တို့၌ ချစ်ခြင်းမေတ္တာကို အပြည့်အ၀တွေ့ကြုံခံစားနေပြီဖြစ်သည်။ လူတိုင်းသည် သင်တို့ကို သူတို့တစုံတဦးအား အပြည့် အ၀ပေးအပ်လိုကြသည်မှာ ထိုသူနှင့်နက်ရှိုင်း၍ နီးကပ်သော ဆက်ဆံရေးမျိုး ရရှိနိုင်ရန်ဖြစ်သည်။ ထိုသူ၏ လုံးဝဥဿုန် ချစ်ခြင်းကိုလည်း ခံလိုကြသည်။ ဘုရားသခင်က ဤသို့ ပြောနေသည်ဟု စိတ်ကူးကြည့်ပါ။
            ““သင်သည် ပထမဆုံး ငါတစ်ဦးတည်း၏ ချစ်ခြင်းကိုခံရသောကြောင့် ကျေနပ်ရောင့်ရဲမှုနှင့် အလိုပြည့်စုံမှု့ရှိရမည်။ ငါတဦးတည်းနှင့် အတုမရှိသော ပုဂ်္ဂိုလ်ရေးအရ လေးနက်စွာဆက်ဆံသော ဆက်ဆံရေးကို အရင်ဆုံးတည်ဆောက်ပြီးမှ သာ လူနှစ်ဦးကြားမှာ ငါစီမံထားတဲ့ ပေါင်းသင်းဆက်ဆံရေးကို သင်ရရှိနိုင်မှာဖြစ်တယ်။ ““ငါဟာ သင့်အား အကောင်းဆုံး အရာ ကိုသာ ရစေလိုတယ်။ ထိုအရာကို သင့်ဆီယူ လာပေးနိုင်ဖို့ ငါ့ကိုခွင့်ပြုပါ။ သင်ဟာ ငါ့ကိုသာဆက်လက်ယုံကြည်ပြီး ကြီးမြတ်တဲ့အရာတွေကို မျှော်လင့် ထားပါ။ ... ငါပေးတဲ့ကျေနပ်ရောင့်ရဲမှု့ကို တွေ့ကြုံခံစားပါ။””
            ““မစိုးရိမ်ပါနှင့်။ အခြားသူတွေရရှိတဲ့အရာ (သို့) သူတို့ကို ငါပေးထားတဲ့အရာတွေကို လျှောက် မကြည့်ပါနှင့်။ သင်လိုချင်တယ်လို့ သင်ထင်တဲ့အရာတွေကို မကြည့်ပါနှင့်။ ငါ့ကိုသာဆက်မျှော်ကြည့် နေပါ။ မဟုတ်လျှင် ငါ သင့်အား ပြသလိုတဲ့အရာတွေကို သင်လက်လွှတ်သွားရနိုင်တယ်။ ““ထို့နောက်၊ သင် အဆင်သင့်ဖြစ်တဲ့အချိန်မှာ သင် အိပ်မက်တောင် မမက်ဖူးတဲ့မေတ္တာမျိုးနဲ့ သင့်ကိုအံ့သြစေမယ်။ ငါဟာ ယခု အချိန်၌ပင် သင်နှင့်သင့်အတွက် ငါစီမံထားတဲ့ သူ ကို အဆင်သင့်ဖြစ်အောင် တချိန်တည်း၌ပြင်ဆင်ပေးနေသည်။
            သင်တို့နှစ်ဦးလုံးဟာ ငါတဦးတည်းနဲ့ ဆက်ဆံရခြင်းနှင့် သင်တို့အတွက် ငါပြင်ဆင်ထားတဲ့ဘ၀၌ ကျေနပ်မှု့ မရှိမချင်း၊ သင်နှင့်ငါရဲ့ဆက်ဆံရေးကြားမှာရှိတဲ့ မေတ္တာ၌၀မ်းမြောက်နိုင်မှာမဟုတ်ပါ။
            ““ချစ်လှစွာသော ငါ့သား၊ ငါသည် ဤထူးခြားကောင်းမွန်သောမေတ္တာမျိုးကို သင့်အားရရှိစေလိုတယ်။ ငါနှင့် သင့်ရဲ့ ဆက်ဆံရေးကို ပုံဖော်ကြည့်ပါ။ ငါကိုယ်တိုင်သင့်အားပေးရန် ကမ်းလှမ်းထားတဲ့။ ထာဝရကာလကြာရှည်သော ပေါင်းစည်းမှု့များဖြစ်တဲ့ လှပမှု့၊ ပြီးပြည့်စုံမှု့နဲ့ ချစ်ခြင်းမေတ္တာ၌ သင့်အား ၀မ်းမြောက်စေလိုတယ်။ ငါဟာသင့်အား ပြီးပြည့်စုံစွာဖြင့် လုံးဝဥဿုန် ချစ်ကြောင်းကိုသိပါ။
(၂) အချစ်များ
            တစ်ဘ၀စာကြာရှည်သည့် ဆက်ဆံရေးမျိုးကို တည်ဆောက်ခြင်းမှာ လွယ်ကူသောအလုပ်တစ်ခု မဟုတ်ပါ။ ကျွန်မသည် ဒိတ်လုပ်ခြင်းအားဖြင့် လူနှစ်မျိုးနှစ်စားကို တွေ့ကြုံခဲ့သည်။ တဦးနှင့်ကျွန်မ၏ ပေါင်းသင်းဆက်ဆံရေးမှာ ကျွန်မတို့မျိုးဆက်၏ စိတ်သဘောအပေါ်၌သာ အခြေတည်ထားပြီး အခြားတဦး နှင့် ကျွန်မ၏ဆက်ဆံရေးသည် ဘုရားသခင်၏မူဝါဒ စည်းမျဉ်းများအပေါ်တွင် ခိုင်မာစွာအခြေတည်သည်။
            ကျွန်မ၏ပထမအချစ်မှာ  Sam ဖြစ်သည်။ Sam သည် ကလေးဘ၀မှစ၍ ခရစ်ယာန်တဦးဖြစ်ခဲ့ပြီး၊ သူနှင့် သူ့မိသားစုသည် ကျွန်မအားပြောင်းလဲစေရန် ကူညီပေးခဲ့သည်။ အဲဒါကလွဲ၍ ကျွန်မတို့ဆက်ဆံရေး နှင့်ပတ်သက်၍ မှန်သောအရာနှစ်ခုသာရှိသည်။ သူရော၊ ကျွန်မရောခရစ်ယာန်များဖြစ်ပြီး သူက ယောက်ျားလေး၊ ကျွန်မက မိန်းကလေး ဖြစ်သည်ဆိုသည့် အရာ ၂ခု ပင်ဖြစ်သည်။ ကျွန်မတို့၏ပေါင်းသင်းဆက်ဆံရေးသည် ခန္ဓာပိုင်းအရ စွဲမက်ခြင်း ဆိုသည့် အုတ်မြစ် အပေါ်တွင်သာ အခြေတည်ထားသောကြောင့်၊ ကျွန်မတို့ နှစ်ဦးသည် မနာလိုသောစိတ်၊ တကိုယ်ကောင်း ဆန်သောစိတ် တို့ဖြင့် ၅ နှစ်တာကို ရန်ဖြစ်လိုက်၊ ပြန်တည့် သွားလိုက်ဖြင့် ဖြတ်သန်းလာခဲ့သည်။ ကျွန်မတို့နှစ်ဦးသည် စိတ်ပိုင်းအရ ယှက်နွယ်မှု့သာ မရှိခဲ့ပါက၊ ဒီထက်စောစောပင် ပြတ်သွားနိုင်သည်။ ကျွန်မတို့သည် တဦးနှင့်တဦး ခွဲခွာ နေရပါက၊ စိတ်ပျက်ဝမ်းနည်းသည်။ ကျွန်မဟာ Sam ကိုနှစ်ပေါင်းကြာရှည်စွာ သိကျွမ်းခဲ့သောကြောင့် သူနှင့် ပေါင်းသင်းဆက်ဆံမှု မရှိ တော့သည့် အနာဂတ်ဘ၀ကို လက်တွေ့ရင်ဆိုင်ရခြင်းသည် ကွာရှင်းခြင်း(သို့)သူ၏သေခြင်းကို ရင်ဆိုင်ရ သကဲ့သို့ပင်ဖြစ်ခဲ့သည်။
            ကျွန်မဟာ ပေါင်းသင်းဆက်ဆံရေးအသစ်တစ်ခုကို မရှာသော်လည်း တစ်ခုသောနွေရာသီ၌ Stacy ဟု နာမည်ရသော အမျိုးသားတဦးနှင့် တစ်ရက်လျှင် ၄၀မိနစ်ကြာ Car pool  တွင် အတူရှိနေခဲ့သည်။ ကျွန်မဟာ သာမန်ပြောဆိုဆက်ဆံဖို့ ကြိုးစားခဲ့ပေမယ်၊ ၂ ပတ်ကြာပြီးနောက်မှာ ကျွန်မဟာငြီးငွေ့ဖွယ် ကောင်းတဲ့သူ ဟုတ်ရင်ဟုတ်(မဟုတ်ရင်) Stacy ကတဦးတည်းသီးသန့်နေသူသာဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။
            သို့သော် တနေ့မှာတော့၊ ကျွန်မဟာ Racquet ဘောလုံးအကြောင်းကို အမှတ်မထင်ပြောမိရာ၊ သူက မနားတမ်းစကားစပြောပါတော့တယ်။ ကျွန်မ Racquet ရဲ့အလျားနဲ့ဘယ်လို ရိုက်ချက်မျိုးကိုကျွန်မကြိုက် လဲဆိုတာကို သူမေးလာတဲ့အခါ၊ ကျွန်မ အံ့အားသင့် ခဲ့ပါတယ်။ ကျွန်မဟာ လိမ်ညာကာအဖြေပေးခဲ့ပါတယ်။ အမှန်မှာ ကျွန်မဘ၀မှာ Racquet ဘောလုံးကို မြင်တောင်မမြင်ဖူးပါ။  
            ကျွန်မဟာကားထဲကထွက်ပြီးသည်နှင့်တပြိုင်နက်၊ ကျွန်မဟာလိမ်ညာခဲ့သောကြောင့်၊ နောက်တနေ့ ကျရင် အမှန်တရားကို နှိမ့်ချစွာဖြင့် ၀န်ခံရတော့မည့်အခြေအနေနှင့် ရင်ဆိုင်ရမည်ကို နားလည်ခဲ့သည်။ သို့သော် ကျွန်မ၏ ၀န်ချတောင်းပန်မှု့သည် ကျွန်မတို့နှစ်ဦးအားရင်းနှီးသွားစေခဲ့ပြီး ကျွန်မတို့သည် နေ့စဉ် မိနစ် ၄၀ကြာ ကားစီးခြင်း၌ တဦးကိုတဦး ပိုမိုသိကျွမ်းလာခြင်းအားဖြင့် နွေရာသီတစ်ခုလုံးကို ပျော်ရွှင်စွာ ကုန်ဆုံးစေခဲ့သည်။
            ထိုအချိန်မှစ၍ ကျွန်မတို့သည် လူကိုယ်တိုင်စကားပြောခြင်းအားဖြင့်ဖြစ်စေ၊ ဖုန်းထဲ၌စကားပြော ခြင်းဖြင့်ဖြစ်စေ အဆက်အသွယ် လုပ်ခဲ့ကြသည်။ ကျွန်မတို့၏ ဆက်ဆံရေး၌ခန္ဓာပိုင်းအရ ပါဝင်ပတ်သက်မှု ထင်ရှားစွာမရှိခဲ့သောကြောင့်၊ (ခန္ဓာပိုင်းအရ ဆွဲဆောင်မှု့မရှိခြင်းတော့မဟုတ်ပါ) တဦးက အခြားတဦး၏ပန်းတိုင်များ၊ အိပ်မက်များနှင့် နောက်ခံ ဘ၀များ ကို သိရှိခွင့်ရခဲ့သည်။ အမှန်မှာ ကျွန်မဟာ ကျွန်မအရင်က သိခဲ့သောယောက်ျားများ (ခရစ်ယာန်(သို့) ခရစ်ယာန် မဟုတ်သူ) ထက် သာ၍သိကျွမ်းခဲ့သည်။ အကြောင်းမှာ ကျွန်မသည် သူ၏ပုဂ်္ဂိုလ်ရေးရာ အလုံးစုံကို အခြားသူတို့ထက် ပိုသိခဲ့သည်။ ထိုအချိန်၌ ကျွန်မအား လွှမ်းခြုံ နေသော စိတ်ခံစားမှု့မှာ သူ့အပေါ်လေးစားမှု့ဖြစ်ပြီး နောက်ပိုင်းတွင် ထိုလေးစားမှု့သည် အချစ်အဖြစ်သို့ ကူးပြောင်းလာခဲ့သည်။
            လက်ထပ်ပြီး တစ်နှစ်အကြာမှာ၊ ကျွန်မတို့ကို ဘုရားသခင်ကအချိန်ပေးခဲ့ကြောင်းနှင့် ကျွန်မတို့ ၂ဦးရဲ့ ဆုံဆည်းမှု့ ဟာ ဘုရားသခင်၏လုပ်ဆောင်မှု့ဖြစ်ကြောင်းကို ယုံကြည်စိတ်ချခဲ့ပါတယ်။ လက်ထပ်ပြီးသောအခါမှသာ လက်ထပ်မှု့၏ အရေးပါမှုအား အပြည့်အ၀နားလည်တန်ဖိုးထားခဲ့သည်။
မေးခွန်းများ
၁။ ကျမ်းစာထဲရှိ အိမ်ထောင်ရေးမျိုးမှာ တစ်ဘ၀စာ သံဓိဌာန်ချထားခြင်းပင်ဖြစ်သည်။ ယောက်ျား တဦး နှင့်မိန်းမတဦးတို့ က သူတို့ဟာတဦးကိုတဦးသေသည့်အထိ ချစ်ခင်မြတ်နိုး မည်ဟု ဘုရားသခင်၊ မိသားစု နှင့်မိတ်ဆွေများရှေ့၌ ကျမ်းသစ္စာ ကျိန်ဆိုခြင်းသည် အလေးအနက်ထား ရမည့်အရာဖြစ်သည်။
၂။ ဘုရားသခင်သည် သစ္စာကျိန်ဆိုခြင်းများအား အလေးအနက်ထားသည်။ နှုတ်ကပတ်တော်ထဲ တွင် ဘုရားသခင်က ““ကွာရှင်ခြင်းကို ငါမုန်းသည်””ဟု ပြောထားသည်။ လက်ထပ်ထိမ်းမြားခြင်းသည် တစ်ဘ၀လုံးအတွက်ဖြစ်ပြီး ကွာရှင်းခြင်း မှာ ရွေးချယ်စရာတစ်ခုမဟုတ်သည်ကို ခင်ပွန်းနှင့် ဇနီးနှစ်ဦးစလုံးက သဘောတူထားရန် လိုအပ်သည်။
၃။ မှန်သောလူတဦးကို သင်အတွက်ရှာဖွေတွေ့ရှိရန်မှာ အရေးကြီးသကဲ့သို့၊ သင်ကိုယ်တိုင်က အခြားသူတို့အတွက် မှန်သောလူတဦးဖြစ်လာရန်မှာလည်း အရေးကြီးသည်။
၎။ သင်သည် သခင်ကို အမှန်တကယ်ချစ်ပြီးသူ၌ ၀မ်းမြောက်ပါက၊ သင့်နှလုံးသား၏ဆန်္ဒကို ဖြည့်ဆည်းပေးမည်ဟု သူက ပြောထားသည်။ (ဆာလံ ၃၇း၎-၅ တွင်ကြည့်ပါ)
၅။ သင်သည် Single နေရခြင်း၌ ကျေနပ်ရောင့်ရဲမှု့မရှိပါက၊ လက်ထပ်ထားပြီးသောလူတဦး အနေဖြင့်လည်း ကျေနပ် ရောင့်ရဲမှု့ ရှိနိုင်မည် မဟုတ်ပါ။
၆။ သင်လက်ထပ်ရန်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်ပါက၊ သင်ဟာမှန်သောလူကိုလက်ထပ်ရန် အတွက် ဘုရားသခင် က အလိုအလျောက် ပြုလုပ်ပေးမည်။
၇။ မယုံကြည်သူတဦးအး လက်ထပ်ရန်မှာ ဘုရားသခင်၏အလိုတော်ဘယ်တော့မှ မဟုတ်ခဲ့ပါ။
၈။ ဘုရားကျောင်းတက်ပြီး မိမိဟာခရစ်ယာန်ဟုပြောကာ လျော်ကန်သောဘ၀ကို နေထိုင်နိုင်ရန် ကြိုးစားသောသူ မည်သူ မဆိုသည် ခရစ်ယာန်တဦးဖြစ်သည်။
၉။ သင်သည် မှန်သောလူအမျိုးအစားကိုတွေ့ပြီး သူ၏စေ့စပ်လိုက်သောအချိန်သည် စိတ်လှုပ်ရှား ဖွယ်ကောင်းသော အချိန်ဖြစ်သော်လည်း၊ အထူးသွေးဆောင်မှု့များအား တွေ့ကြုံရမည့် အန္တရာယ်ရှိသော အချိန်လည်းဖြစ်သည်။ သင်သည် သင်၏လက်ထပ်ထိမ်းမြားခြင်းပေါ်သို့ ဘုရားသခင်၏ကောင်းချီးမင်္ဂလာကျရောက်စေလိုပါက၊ အမှန်တကယ် လက်မထပ် ရသေးဘဲ၊ လိင်ပိုင်းအရ ပါဝင်ပတ်သက်မှု့မပြုပါနှင့်။
၁၀။ သင်နှင့်သင်၏ဘ၀အဖော်သည် မိမိကိုယ်ကိုသင်သန့်ရှင်းစေခဲ့ပါက၊ တဦးကိုတဦးလိင်ပိုင်းအရ မေတ္တာမေးရမည့် အချိန်ကျရောက်လာသောအခါ၊ သင်တို့သည် ဘုရားသခင်၏ သဘောတူညီမှု့ကို သိရှိခံစားရမည်ဖြစ်သည်။ လက်ထပ် ထိမ်းမြားခြင်း အတွက် ဘုရားသခင်စီမံထားသော အရာကို သင်သည် ဖြည့်ဆည်းအကောင်အထည်ဖော်နေခြင်းဖြစ်ပြီး သူသည် ဤအချက်၌ နှစ်သက်ဝမ်းမြောက်လိမ့်မည်။
ရဲလင်းထွန်း(အင်းစိန်)
Share:
0 comments:
Post a Comment
healthcare christian fellowship. Powered by Blogger.
လစဉ် ဝတ်ပြုရာနေရာ
JBC CHURCH 45 Thomson Rd Singapore 307584 6256 2277
ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း
ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51
New Life In Christ 3
Practical Christian Living Lesson
ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎
OVERCOMERS
Love, Dating and Marriage Lessons
ကြာသာပသေးနေညနေ ၇ နာရီ
ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)
ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ
New Life In Christ 2
My Guests
free web counter
ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)
Labels
Blog Archive
Recent Posts
Unordered List
User Online
Pages
Theme Support