HCF
HCF MYANMAR IN SINGAPORE
Wednesday, August 28, 2013
ကောင်းကင်ဘုံ
                                       သင်ခန်းစာ အမှတ် (၃၃)
“နိဒါန်း”
            ကောင်းကင်ဘုံတည်ရှိနေကြောင်း အတွေးအခေါ်သည်၎င်း၊ အမှန်ရှိနေခြင်းသည်၎င်း အံ့သြဘွယ်မဟုတ်ပါ။ အိပ်မက်မဟုတ်ပါ။ စိတ်ကူးယဉ်ဖန်တီးမှုလည်းမဟုတ်ပါ။ စိတ်ကူးယဉ်ဖန်တီး မှုလည်းမဟုတ်ပါ။  ဒဏ္ဍာရီလည်း မဟုတ်ပါ။ တီထွင်မှု၊ အယူသည်းမှုလည်း မဟုတ်ပါ။ ကောင်းကင်ဘုံ ဆိုသည်မှာ ၀ိညာဉ်အတွေ့ အကြုံ လည်းမဟုတ်၊ လောကသားတို့၏ စိတ်ကူးယဉ် နိဗ္ဗာန်လည်း မဟုတ်ပါ။
ကောင်းကင်ဘုံသည် အမှန်ရှိလျက် လူသားတို့အမှန် အမွေ ခံရသည့် အစဉ်လှုပ်ရှားတိုးတက်နေသော အရပ် ဖြစ်ပါသည်။ ထိုအရပ်သည် ခမည်းတော် ဘုရားသခင် နေထိုင် ကိန်းဝပ်တော်မူရာ အရပ်ဖြစ်ပါသည်။ ယောဟန် ၁၄း၂။ သားတော်ဘုရား ဆုတောင်း နေတော်မူသော အရပ် ဖြစ်ပါသည်။ ဟေ ၄း၁၆။ ၇း၂၅။ ၁ယော ၂း၁ သခင်ယေရှုခရစ်တော် ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ် လက်ခံသော လူသားတိုင်းတို့သွားရောက်ရမည့်နေရာဖြစ်ပါသည်။ ဖိလိပ္ပိ ၃း၂၀။ ဤသင် ခန်းစာကို လေ့လာခြင်းဖြင့် သင်၏စိတ် နှလုံးသည် ကောင်းမြတ်သော မျှော်လင့်ခြင်းနှင့် ပြည့်ဝနိုင်ပါစေ။
ဤသင်ခန်းစာအရေးကြီးပုံ။
            လူ့လောကမနုဿဝါဒီများအနေဖြင့် သင့်တစ်သက်တာတွင် မြင်ရမည့် ကောင်းကင်ဘုံသည် ယခုအချိန်ပင် ဖြစ်လျှက်၊ ဤနေရာတွင်ပင်ရှိကြောင်း သင့်အတွက် ကောင်းကင်ဘုံကို သင်ပင် တည်ဆောက်ရကြောင်း ပြောတတ်ပါ သည်။ အမှန်အားဖြင့် ကမ္ဘာပေါ်တွင်ထွန်းကားလျက်ရှိသော သဘောတရားများသည် ဘာသာဝင်တို့အား ထာဝရ ကာလအတွက် ကောင်းမြတ်ခြင်း တစ်မျိုးမဟုတ် တစ်မျိုးကိုဖော်ပြလေ့ရှိကြပါသည်။ ကောင်းကင်ဘုံသည် ခရစ်တော် ကို ယုံကြည်၍ဒုတိယမွေးဖွားခြင်းကိုခံရသော ယုံကြည်သူများနှင့် အသက်တာပြောင်းလဲပြီးသော ယုံကြည်သူများ နေရမည့်အိမ်ဖြစ်လျက် ခရစ်တော်နှင့်အတူ စိုးစံရမည်ဖြစ်ကြောင်း မည်သည့်ဘာသာကမျှ ဖော်ပြခြင်းမပြုနိုင်ကြပါ။ ထိုအရပ်တွင် ခရစ်တော်ကိုချီးမွမ်းလျက် ခရစ်တော်၏အမှုကိုအစဉ်ဆောင်ရွက်ရပါမည်။ ကောင်းကင်ဘုံသည် အမှန် ရှိကြောင်း သိရှိခြင်းအားဖြင့် ဘာသာများဖော်ပြသော စိတ်ကူးယဉ် မရေမရာသော မျှော်လင့်ချက်နှင့် ခြားနားပါသဖြင့် အရေးကြီးလှပါသည်။ ယုံကြည်သူတိုင်း၏ မျှော်လင့်ခြင်းပြည့်စုံရာအရပ်သည် ကောင်းကင်ဘုံဖြစ်သဖြင့် သာ၍ အရေးကြီးလာပါသည်။ (၁ကော ၁၅း၁၉) ယုံကြည်သူတိုင်းပြေးရသော ပန်းတိုင်ဖြစ်ပါသည်။ ဖိလိပ္ပိ ၃း၁၄။ ယုံကြည် သူတိုင်းဝင်စားရမည့်အမွေကို လက်ခံရရှိမည့်နေရာဖြစ်ပါသည်။ ၁ပေ ၁း၁၅။
သင်ခန်းစာ
၁။ ကောင်းကင်ဘုံရှိပါသည်။ အဘယ်မှာရှိသနည်း
(က) သမ္မာကျမ်းစာတွင် ကောင်းကင် (၃)ဆင့်ဖော်ပြထားပါသည်။  
(၁)       ၂ကော ၁၂း၂ ။ တမန်တော်ကြီးရှင်ပေါလုသည် “တတိယကောင်းကင်သို့တိုင်အောင် ချီဆောင်ခြင်း” အကြောင်းဖော်ပြပါသည်။
မှတ်ချက် ။           ကမ္ဘာဦး ၁း၇-၈ တွင် ဘုရားသခင်သည် မိုးမျက်နှာကြက်အောက်၌ ရှိသော ရေနှင့် မိုးမျက် နှာကြက် အထက်၌ ရှိသော ရေကိုခွဲခြားထားကြောင်း တွေ့ရပါသည်။ မိုးမျက်နှာကြက်ကိုလည်း မိုးကောင်း ကင်ဟု ဘုရားသခင် သမုတ်တော်မူ၏ ဤမိုးမျက်နှာကြက်ကိုလည်း မိုးကောင်ကင်ဟု ဘုရားသခင် သမုတ် တော်မူ၏။ ဤမိုးမျက်နှာကြက်ကို သာမန်အားဖြင့် ပထမကောင်းကင်ဟု မှတ်ယူထားပါသည်။
မှတ်ချက်။            ကမ္ဘာဦး ၁း၁၄-၁၈ တွင်ဘုရားသခင်သည် နေ၊ လ၊ ကြယ်တို့ကိုဖန်းဆင်းလျက် မိုးမျက်နှာ ကြက် အပေါ်၌ထားပြီး မြေကြီး၌ အလင်းဖြစ်စေခြင်းငှာ ပြုတော်မူကြောင်းဖော်ပြထားပါသည်။ ဤအရာ သည် ဒုတိယ ကောင်းကင်ဖြစ်ပါသည်။
(၂)       တတိယကောင်းကင်ဟု ရှင်ပေါလု ခေါ်ဝေါ်သောအရပ်သည် နေလကြယ်များလွန်သွားလျက် ဘုရားသခင် ကိန်းဝပ်တော်မူရာ အရပ်ဖြစ်ပါသည်။ မ ၆း၉။
(၃)       “ကောင်းကင်ဘုံသည် အာကာသဟင်းလင်းပြင်၏ အပြင်ဘက်မှာလော” ဟုမေးနိုင်ပါသည်။ အာ ကာသ ဟင်းလင်းပြင်၏အပြင်ဘက်ဆိုရာတွင် ကြယ်များလွန်သွားသောနေရာ ဖြစ်ခဲ့လျှင်၊ ကောင်း ကင်ဘုံသည်လည်း ကြယ်များလွန်သွားသော နေရာဖြစ်လျှင် မှန်ပါသည်ဟု ဖြေရပါမည်။ ကြယ် များကို လွန်လျက် ထို အထက်ကောင်းကင်၌ ဘုရားသခင်၏ ကိန်းဝပ်တော်မူရာ အရပ်ရှိပါသည်။
ခ။       သမ္မာကျမ်းစာတွင် ကောင်းကင်ဘုံသည် ကမ္ဘာမြေကြီး၏ မြောက်ဘက်တွင်ရှိသည်ဟု ဆိုထားပါသည်။
(၁)        ဟေရှယ ၁၄း၁၃။ ဤကျမ်းချက်တွင် စာတန်ဖြစ်လာမည့် ကောင်းကင်တမန်မင်း လူစီဖာသည် ဘ၀င်မြင့်လျက် ဘုရားသခင်အား ပလ္လင်တော်ပေါ်မှချ၍ စင်္ကြာဝဠာကို မိမိကိုယ်တိုင် အစိုးရရန် ကြံစည် လေသည်။ သူပြောသောစကားကိုသတိပြုပါ။ “ဘုရားသခင်၏ကြယ်တို့၏ အထက်တွင် ရှိသည်) ဗျာဒိတ်တော်တောင် ပေါ်မှာ ငါထိုင်မည်။ တောင်သည် ဓမ္မဟောင်းကျမ်းထဲတွင် နိုင်ငံတော် ကို ရည်ရွယ်ပါသည်။
“မြောက်မျက်နှာဘက်” ဗျာဒိတ်တော်တောင်ပေါ်မှာ ငါထိုင်မည်။ မိုးတိမ်ထိပ်သို့ ငါတက်မည်။ အမြင့် ဆုံးသော ဘုရား ကဲ့သို့ ငါနေမည်”။
မှတ်ချက်။              ကောင်းကင်ဘုံသည် မိုးတိမ်တို့၏ အထက်၌ ရှိပြီး ကြယ်တို့၏ အထက်၌ ရှိလျက်၊ မြောက်မျက် နှာဘက်တွင်ရှိကြောင်း ဖော်ပြထားပါသည်။
(၂)       ဆာလံ ၄၈း၂ “မြေကြီးတပြင်လုံးရွင်လန်းရာ ဇီအုန်တောင်ထိပ်သည် အဆင်းလှပေ၏” မြောက် မျက်နှာဘက်၌ မဟာ မင်းကြီး၏ မြို့တော်တည်၏။
 (၃)       ယောဘ ၂၅း၇။ မိုးကောင်းကင် (မြောက်) ကို လွတ်လပ်လဟာ၌ ကြက်ထားတော်မူ၏။
မှတ်ချက်။ သမ္မာကျမ်းစာကို လေ့လာရာတွင် ရေးထားသမျှထက်ပို၍ သီဝရီများထုတ်ခြင်း၊ မှန်းဆတွက်ချက်ခြင်းသည် မသင့်လျှော်ပါ။ ဤကျမ်းချက်းများမှ ကျွန်ုပ်တို့အစစ်အမှန်ဖော်ထုတ်နိုင်သော အချက်သည် ကောင်းကင်ဘုံရှိလျက် တည်နေရာသည် အာကာသဟင်းလင်းပြင်ဘက်၊ အထက်မိုးကောင်းကင်၌ဖြစ်သည်။ မြောက်အရပ်ဖြစ်ပြီး ထိုအရပ် တွင် ဘုရားသခင်ကိန်းဝပ်တော်မူသည်။ ယော ၁၄း၂ တွင် သခင်ယေရှုက ငါ့အဖ၏ အိမ်ဟု ခေါ်ဝေါ်သော နေရာ ဖြစ်သည်။
ဂ။       ကောင်းကင်ဘုံသည် မည်သည့်နေရာတွင် ရှိကြောင်း ချင့်တွက်ရန်မလိုဘဲ ဖော်ပြသောစကားနှစ်လုံးကို သမ္မာကျမ်း စာတွင် အသုံးပြုထားပါသည်။
(၁)        မြင့်သောအထက်အရပ်တွင်ရှိသည်။
(က)      တမန် ၇း၅၅။ သတေဖန်သည် “ကောင်းကင်သို့ စေ့စေ့မြော်ကြည့်၍ ဘုရားသခင်၏ ဘုန်း တော်ကို လည်းကောင်း၊ ဘုရားသခင်၏ လကျာတော်ဘက်၌ ယေရှုရပ်နေသည်ကို လည်း ကောင်း မြင်လျှင်”
(ခ)        တမန် ၁း၁၁။ အိုဂါလိလဲလူတို့ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြ သနည်း။ သင်တို့နှင့် ခွာ၍ ကောင်းကင်သို့ ဆောင်ယူခြင်းကို ခံတော်မူသော ယေရှုသည် သင်တို့ မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူ သည်နည်းတူ တဖန်ကြွသွားတော်မူသည်နည်းတူ တဖန်ကြွာတော်မူလတ္တံဟု ပြောဆို၏”။
            (ဂ)        ၄ ရာ ၂း၁၁။ “ဧလိယသည် လေပွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။
 (၂)       ကောင်းကင်သည် အထက်အရပ်၌ ရှိပါသည်။
(က)      ကော ၃း၁ အထက်ကဆိုခဲ့သည့်အတိုင်း သင်တို့သည် ခရစ်တော်နှင့် အတူထမြောက် ကြသည် မှန်လျင် ဘုရာသခင်၏ လင်္ကျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်တော်မူရာအရပ်၌ ရှိသော အထက် အရာတို့ကို ရှာကြလော့။
            (ခ)        ယော ၈း၂၃။ သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်၏။
မှတ်ချက်။ ကောင်းကင်ဘုံသည် အမှန်ပင်ရှိလျက် မြင့်သော အပေါ် အထက်အရပ်၌ ရှိသောကြောင့် အလုပ် (၂) ခုကိုလုပ်ကြစို့။
(၁)       သင်တို့ကို ရွေးနုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့် မျှော်ကြည့်၍ ခေါင်းကို ကြွကြလော့ ဟု မိန့်တော်မူ၏။ လု ၂၁း၂၈။
 (၂)       အထက်အရာတို့ကို စိတ်စွဲလမ်းခြင်းရှိကြလော့။ ကော ၃း၂။
၂။       ကောင်းကင်ဘုံသည် ထိုအရပ်တွင်ရှိလျက်၊ အသက်ရှင်သူများ နေထိုင်ပြီး ဆက်လက်ရှင်သန်နေသည် ဟုပြ နိုင်ပါမည်လော။
က။      ကောင်းကင်ဘုံသည် ပြင်ဆင်ထားပြီးသော နေရာဖြစ်ကြောင်း ဖော်ပြထားပါသည်။
            (၁)        ယော ၁၄း၂။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။
            (၂)        ဟေဗြဲ ၁၁း၁၆။ ထိုပြည်ကို မအောက်မေ့ဘဲ။ ကောင်းကင်ပြည်တည်းဟူသော သာ၍  မြတ်သော ပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ သူတို့နေစရာထိုမြို့ကို တည်ထောင်တော်မူပြီ။
(၃)        ထို့ကြောင့် ကောင်းကင်ဘုံသည် သာမညမဟုတ်သော သူတို့အတွက် အထူး ပြင်ဆင်ထား တော်မူသော အရပ်ဖြစ် ပါသည်။ သခင်ယေရှုခရစ်ကို ယုံကြည်သောသူတို့သာ နေရသော အရပ် ဖြစ်ပါ သည်။
ခ။       ကောင်းကင်ဘုံသည် ခမည်တော်ဘုရားသခင်အနေဖြင့်။-
(၁)        မြေကြီးပေါ်မှ တက်လာသော ဆုတောင်းချက်တို့ကို ကြားတော်မူရာအရပ်ဖြစ်ပါသည်။
           ဆာ ၆၅း၂။ မ ၆း၅
(၂)        ကျွန်ုပ်တို့တောင်းလျှောက်သော ဆုတောင်းချက်တို့၏ အဖြေကို ပို့ပေးရာအရပ် ဖြစ်ပါ သည်။ ၆ ရာ  ၇း၁၄။
(၃)        လူသားတို့၏ လှုပ်ရှားဆောင်ရွက်ချက်အားလုံးကို ငုံ၍ ကြည့်တော်မူရာ အရပ်ဖြစ်ပါသည်။ ဆာ  ၁၄း၂။ ၆ ရာ ၁၆း၉။
(၄)        ဘုရားမဲ့နေခြင်းအမှု၊ တရားကိုလွန်ကျူးခြင်းအမှုအမျိုးမျိုးတို့တဘက်၌ ဘုရားသခင်၏ အမျက်တော်  ထင်ရှား ရာအရပ်ဖြစ်သည်။ ရော ၁း၁၈။
(၅)        ကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီး မင်္ဂလာ သွန်းလောင်းရာ အရပ် ဖြစ်ပါ သည်။  မာလခိ ၃း၁၀။
ဂ။        ကောင်းကင်ဘုံသည် ကျွန်ုပ်တို့သခင်ဖြစ်သော ကောင်းကင်သခင်အနေဖြင့် (ဧ ၆း၉၊ ကော ၄း၁)
              (၁)        ခမည်းတော်ဘုရားသခင်၏ လင်္ကျာတော်ဘက်၌ နေတော်မူလျက် ရှိရာအရပ်ဖြစ်ပါသည်။
               (က) တ ၇း၅၅။ သတေဖန်သည် ဘုရားသခင်၏ လင်္ကျာတော်ဘက်၌ သခင်ယေရှု ရပ်နေတော် 
                           မူသည် ကို မြင်ခဲ့ပါသည်။
               (ခ) ဟေဗြဲ ၁း၃။ ငါတို့အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှားပြီးလျှင်၊ မြင့်သော  
                           အရပ်မှာ တန်ခိုး အာနုဘော်တော်၏ လင်္ကျာဘက်၌ ထိုင်တော်မူ၏။
(၂)        ကျွန်ုပ်တို့အတွက်ဆုတောင်းပေးသူ (ရှေ့နေ) အမှုဆောင်သခင်၊ စေ့စပ်ပေးသူ၊ အာမခံ အဖြစ် ဆောင်ရွက် နေတော် မူရာ အရပ်ဖြစ်ပါသည်။
               (က)      ၁ ယော ၂း၁။ တစ်စုံတစ်တစ်ယောက်သောသူသည် ဒုစရိုက်ကို ပြုမိလျှင်၊ ဖြောင့်မတ် 
                           တော် မူ သော အရှင်ယေရှု ခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင် (ရှေ့နေ) သည်  
                           ခမည်းတော်ထံ၌ ရှိတော်မူ၏။
               (ခ)        ဟေဗြဲ ၇း၂၅။ ကာလအစဉ်အသက်ရှင်သောကြောင့် သူတို့ကို အစဉ်ကယ်တင်ခြင်းငှာ
                           တတ်နိုင်တော်မူ၏။
               (ဂ)        ၁ တိ ၂း၂၅။ ဘုရားသည် တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူုတို့၏ စပ်ကြားမှာ  
             လူဖြစ် သော ယေရှုခရစ် တည်းဟူသော အာမခံတဦးတည်း ရှိတော်မူ၏။
                        (၃)        ခမည်းတော်ဘုရားသခင်နှင့်အတူ ရှေ့ယခင်က ဘုန်းအသရေနှင့် ခံစားနေရာအရပ် ဖြစ်  
                       ပါသည်။
               (က)      ခရစ်တော်သည် ကောင်းကင်ဘုံမှ ဆင်းသက်တော်မူခဲ့ပါသည်။  (၁ ယော ၆း၅၁)   
                           ခမည်းတော်ဘုရားသခင်က စေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။ (ယော ၁၇း၁၈)  
                           ယခုခမည်းတော်ထံသို့ ပြန်၍ တက်ကြွတော်မူပြီ။ (ယော ၂၀း၁၇)
ကမ္ဘာမတည်မရှိမီ အထံတော်၌ ခံစားရသောဘုန်အသရေကို ပြန်လည်ရရှိပြီးဖြစ်သည်။ (ယော  ၁၇း၅)
            (၄)        ဤလောကသို့ပြန်လည် ဆင်းသက်ရန် စောင့်ဆိုင်းနေတော်မူရာ အရပ်ဖြစ်သည်။
            (က)      အသင်းတော်ကို သိမ်းဆည်းရန်။ ၁ သက် ၄း၁၆။ ဖိလိပ္ပိ ၃း၂၀။
            (ခ)        မြေကြီးကို တရားစီရင်ရန်နှင့် အုပ်စိုးရန် ဗျာ ၁၉း၁၁ မှ။
ဃ။      ကောင်းကင်ဘုံသည် သမ္မာကျမ်းစာကို အစဉ်ထိန်းသိမ်းထားရာ အရပ်ဖြစ်ပါသည်။
                (၁)    ဆာ ၁၁၉း၈၉။ အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။
                (၂)    မဿဲ ၂၄း၃၅။ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။
                  မှတ်ချက်။      မြင်ရသော ကောင်းကင်နှင့်မြေကြီးသည် မျက်မြင်အတိုင်း ဖျက်စီးခြင်းခံရမည်။ ၂ ပေ        
                      ၃း၁၀-၁၁။ သို့ သော်ဘုရားသခင်၏ နှုတ်ကပတ်တ်ာသည် အစဉ်အမြဲတည်လိမ့်မည်။
င။       ကောင်းကင်ဘုံသည် ကောင်းကင်တမန်တပ်ကြီးနေရာအရပ်ဖြစ်သည်။
(၁)       မဿဲ ၂၆း၅၃။ ကောင်းကင်တမန် တဆယ့်နှစ်တပ်မကို ခမည်းတော်ထံမှ တောင်းလျင် ရနိုင်ကြောင်း သခင်ယေရှု ပြောပါသည်။
(၂)       လုကာ ၁၅း၇၊၁၀ အပြစ်သားသည် ကယ်တင်ခြင်းသို့ ရောက်သောအခါ ကောင်းကင်တမန်များ တို့ သည် ၀မ်းမြောက်ကြပါသည်။
စ။       ကောင်းကင်ဘုံသည် ကွယ်လွန်ပြီးသော ခရစ်ယာန်တို့၏ ၀ိညာဉ်များနေထိုင်ရာအရပ်ဖြစ်ပါသည်။ သခင် ယေရှု သည် အသင်းတော်အတွက် ကြွလာတော်မူသောအခါ  မိမိတို့ကိုယ်ခန္ဓာ၌ ထမြောက်မည့် အချိန် ကို စောင့်ဆိုင်း ရသော နေရာဖြစ်ပါသည်။ ဖိလိပ္ပိ ၃း၂၁။
(၁)        ၂ ကော ၅း၁။ သန့်ရှင်သူများသည် သေလွန်သောအခါ ခရစ်တော် ကြွလာတော်မမူမီတိုင်အောင် ၀ိညာဉ်ခန္ဓာ၌ နေရကြပါသည်။
 မှတ်ချက်။           ခန္ဓာကိုယ်မရှိသော်လည်း ၀ိညာဉ်သည် ပုဂ္ဂိုလ်အဖြစ်ဆက်လက်ရပ်တည်နေနိုင်ကြောင်း အထောက် အထားကို သန့်ရှင်းသောဝိညာဉ်တော်ဘုရားအားဖြင့် ထင်ရှားစွာသိနိုင်ပါသည်။
(၂)        ၂ ကော ၅း၆-၈။ ကျွန်ုပ်တို့သည် ဤမြေကြီးခန္ဓာကို ထားခဲ့သောအခါ “သခင်ဘုရားနှင့်အတူ ရှိနေ မည်ဖြစ်သည်။
(၃)        ၁သက် ၄း၁၄၊၁၆-၁၇။ ချီဆောင်ခြင်းနေ့တွင် ကျွန်ုပ်တို့၏၀ိညာဉ်သည် ထမြောက်သော ခန္ဓာ ရယူ ရန် သခင်ဘုရားနှင့်အတူ လိုက်လာလျက် သခင်ခရစ်တော်နှင့်တူကြမည်ဖြစ်သည်။ ၁ယော ၃း၂ ။
(၄)        သခင်ယေရှုကိုယုံကြည်လျက် သေလွန်ပြီးသူ သန်းပေါင်းများစွာတို့၏၀ိညာဉ်သည် သခင်ဘုရားနှင့် အတူ ကောင်းကင်ဘုံ၌ ယခုရှိနေစဉ် အသက်ထင်ရှားမှုမရှိဟု ယူဆမည်ဆိုလျှင် မိုက်မဲရာ ရောက် ပါမည်။  
၃။       ကောင်းကင်ဘုံနှင့် ပတ်သက်၍ အများဆုံးမေးကြသော မေးခွန်းများ၏အဖြေ
(က)    ကောင်းကင်ဘုံကို ၀င်စားမည့်သူများသည် လူသားစစ်စစ်များလော။
                        (၁)        ဗျာ ၂၁း၃ “ကောင်းကင်ဘုံ၌ကြီးသောအသံကား ဘုရားသခင်၏တဲတော်သည် လူတို့တွင် ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်လိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်”
                        (၂)        မဿဲ ၁၇း၁-၃ ဤနေရာတွင် မောရှေနှင့် ဧလိယတို့သည် ကောင်းကင်ဘုံမှ ပေါ်လာလျက် သခင်ယေရှုနှင့်အတူ စကားပြောကြပါသည်။ အမည်နာမအစစ် လူသားအစစ်များပင်။
                        (၃)        မဿဲ ၈း၁ “လူများတို့သည် အရှေ့အရပ် အနောက်အရပ်မှလာ၍ ကောင်းကင်နိုင်ငံ၌ အာဗြံ ဣဇက်၊ ယာကုပ်တို့နှင့်တကွ လျှောင်းရကြလတ္တံ့” လူသားစစ်စစ်၊ အမည်နာမ စစ်စစ်များ ပင်။
                        (၄)        ဗျာဒိတ် ၁၉း၁၄ “ကောင်းကင်ဗိုလ်ခြေ” တို့သည် အန္တိခရစ်၏တန်ခိုးကို ခြေဖျက်ရန် ခရစ်တော်နှင့် အတူကြွလာကြသည်။ အငယ် ၈ တွင် ထိုဗိုလ်ခြေတို့သည် ကောင်းကင်ဘုံ သို့ ရောက်ပြီးသော သန့်ရှင်းသူများဖြစ်ကြောင်း ဖော်ပြထားပါသည်။
            ခ။         ကျွန်ုပ်တို့သည် နာမည်သစ်များရမည်လော၊ လက်ရှိအမည်များဖြင့်ပင်နေရမည်လော။
                        မှတ်ချက်။          မြေကြီးတွင် ကျွန်ုပ်တို့ပိုင်ဆိုင်ထားသောအမည်များကိုပင်၊ ကောင်းကင်ဘုံ၌ အသုံးပြု ကြ မည်ဟု သမ္မာကျမ်းစာမှ ရှင်းလင်းစွာ သွန်သင်ဖော်ပြသကဲ့သို့ ရှိပါသည်။
                        (၁)        လု ၁၀း၂၀ “ယေရှုက သင်တို့၏အမည်များသည် ကောင်းကင်စာရင်း၌ ၀င်သည်ကို ၀မ်း မြောက်ခြင်းရှိကြလော့။ နာမည်အထူးအဆန်းမဟုတ် သူတို့နာမည်များသာဖြစ်ပါသည်။
                        (၂)        ဖိလိပ္ပိ ၄း၃ ။ “အသက်စာရင်းဝင်သော အခြားသော ငါ၏လုပ်ဖော်ဆောင်ဖက်တို့နှင့်အတူ ဧ၀ံဂေလိကို ဟောပြောသောအမှု၌ ကူညီ၍ကြိုးစားအားထုတ်သော မိန်းမတို့ကို မစ ထောက်ပံ့ကြလော့။ ” သူတို့၏အမည်များသာဖြစ်ပါသည်။
                        (၃)        မဿဲ ၁၇း၃။        “မောရှေနှင့် ဧလိယတို့သည် ကောင်းကင်ဘုံ၌ အမည်သစ်များရရှိ မထားပါ။
                        (၄)        ကျွန်ုပ်တို့အမည်များဖြင့်ပင် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုသိထားပါသည်။
                                    (က)      ကမ္ဘာဦး ၂၂း၁၁ “ဘုရားသခင်သည် အာဗြံဟံအား ကောင်းကင်မှ အမည်ရင်းဖြင့် ပင်ခေါ်ပါသည်။
                                    (ခ)        ကမ္ဘာဦး ၂၁း၁၇ “ဘုရားသခင်သည် ဟာဂရကို ထိုအမည်ဖြင့်ပင် သိလျက် “ဟာဂရသည် အဘယ်အမှုရှိသနည်း”ဟု ကောင်းကင်မှခေါ်ပါသည်။
                                    (ဂ)        ထွက် ၃၃း၁၇ ဘုရားသခင်သည် မောရှေအား “သင့်ကို သင်၏နာမဖြင့်ငါသိ၏။” ဟု မောရှေအားမိန့်တော်မူ၏။
                                    (ဃ)      တမန် ၉း၎ “ပေါလုသည် တာရှုမြို့သား ရှောလုအဖြစ်ရှိနေစဉ်တွင် ကောင်း ကင်မှ ခေါ်လျက် “ရှောလုအဘယ့်ကြောင့် ငါ့ကိုညှင်းဆဲသနည်း”ဟု မေးခဲ့ပါ သည်။
            မှတ်ချက်။          ဤမှန်ကန်သော သစ္စာစကား၏အခြားအထောက်အထားများကို သမ္မာကျမ်းစာတွင် ဆက်လက်ရှာဖွေပါ။ အမှန်တွင် ကောင်းကင်ဘုံသည် လူသားစစ်စစ်များနေရန် ဖြစ်လျက် ထိုသူတို့သည်လည်း မိမိတို့အသီးသီး၏ နာမည်ဖြင့်ပင်ရှိနေပါမည်။
          ဂ။       ကိုယ်ခန္ဓာနှင့်ပတ်သက်၍ မည်သို့နည်း။ ကောင်းကင်ဘုံတွင် ကျွန်ုပ်တို့ခန္ဓာသည် မြင်နိုင်သောခန္ဓာ တကယ့် ခန္ဓာ ရှိမည်လော။
                        ၁။         ပထမဦးစွာ အသင်းတော်ချီဆောင်ခြင်း ရောက်သောအခါ မြေကြီးပေါ်ရှိ သန်းပေါင်းများစွာ သော ခရစ်ယာန်များတို့သည် အသက်ရှင်လျက်ပင် ရှိနေကြပါမည်။ ၁သက် ၄း၁၅-၁၇။ ထိုခရစ်ယာန်များ တို့သည် ကိုယ်ခန္ဓာအားဖြင့် သေခြင်းကိုမခံစားရဘဲ ကောင်းကင်သို့ ခန္ဓာကိုယ်ဖြင့် ချီဆောင်ခြင်းကို ခံရပါမည်ဖြစ်ပါသည်။
                                    မှတ်ချက်။ ၁ကော။ ၁၅း၅၀။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။
                        ၂။         ကောင်းကင်ဘုံသို့ ကိုယ်ခန္ဓာဖြင့် ချီးဆောင်ခြင်းခံရပြီးသူများ ရှိနေပါသည်။  ဧနောက်  (ကမ္ဘာ ၅း၂၄) ဧလိယ (၄ရာ ၂း၁၁) မောရှေ မ ၁၇း၃-၂ ယုဒ ၉) သခင်ယေရှု (တ ၁း၉-၁၀ )
            မှတ်ချက်          သန်းပေါင်းများစွာတို့သည် ကိုယ်ခန္ဓာဖြင့်ချီဆောင်ခြင်း ခံရမည်မှန်လျှင် ခန္ဓာကိုယ်ဖြင့် ကောင်းကင်ဘုံသို့ ချီဆောင်ခြင်း ခံရပြီးသူများ ရှိသည်မှန်လျှင် ကောင်းကင်ဘုံတွင် ခန္ဓာကိုယ်အစစ် အမှန် ရှိလျက် ဖြစ်နိုင်သော ခန္ဓာဖြစ်မည်ဟု ယုံကြည်သင့်သည်။ မဟုတ်ပါလော။
                   ၃။         ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် ကောင်းကင်ဘုံတွင် မည်သို့ဖြစ်မည်နည်း။
                                    (က)    ကျွန်ုပ်တို့သည် ထမြောက်တော်မူသော သခင်ဘုရား၏ ကိုယ်ခန္ဓာကဲ့သို့ ဖြစ်မည်။
                                    ၁။        ၁ယော ၃း၂ ငါတို့သည် ကိုယ်တော်နှင့်တူကြလတ္တံ့။        
            `                      ၂။        ဖိ ၃း၂၁ ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင် ဘုန်းအသရေတော်နှင့် ပြည့်စုံ သောကိုယ်ခန္ဓာတော်၏ နည်းတူဖြစ်စေခြင်းငှာ အသစ်ပြင်ဆင်တော်မူလတ္တံ့။
                                    ၃။        ၁ကော ၁၅း၅၂ သေလွန်သောသူတို့သည် မပုပ်နိုင်သော အဖြစ်၌တည်လျက် ထမြောက်၍ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။
            မှတ်ချက်။          ကျွန်ုပ်တို့သည် ပြောင်းလဲသွားမည်ဖြစ်သည်။ လဲလှယ်ခြင်းခံရမည် မဟုတ်ပါ။ ခရစ်တော် ၏ခန္ဓာနှင့်တူအောင် ပြောင်းလဲသွားမည်ဖြစ်ပါသည်။
                             (ခ)    မည်သို့ပြောင်းလဲမည်နည်း
                                    ၁။        ကိုယ်ခန္ဓာသည် အရိုး၊ အသားပါသော ခန္ဓာဖြစ်ပါမည်။ လု ၂၄း၃၉ ထမြောက် တော်မူပြီးသော သခင်ဘုရားက “ငါသည် သင်တို့မြင်သည့်အတိုင်း အရိုး၊ အသား နှင့် ပြည့်စုံ၏။ တစ္ဆေ မည်သည်ကား ဤကဲ့သို့ မပြည့်စုံ” ခရစ်တော်သည် နတ်ဆိုး တစ္ဆေ မဟုတ် ထို့အတူ ကျွန်ုပ်တို့လည်း ဖြစ်မည်မဟုတ်။
                                    ၂။        သွေးမပါသောခန္ဓာဖြစ်မည်။ ၁ကော ၁၅း၅၀။ “လူ့အသွေးအသားသည် ဘုရား သခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်” ဘာဖြစ်လို့လဲ ။
            မှတ်ချက် ။         ၀တ် ၁၇း၁၁။ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏ ယဇ်ပလ္လင်ပေါ်တွင် သွန်းသော အသွေးသည် အပြစ်ကိုဖြေပါသည်။ ခရစ်တော်သည် အသေခံတော်မူ သောအခါ ကရာနီယဇ်ပလ္လင်ပေါ်တွင် သူ၏အသွေးကို ကျွန်ုပ်တို့အပြစ်များ အတွက် သွန်း တော်မူခဲ့ပါသည်။ ထမြောက်သောအခါ သံရိုက်ရာဒါဏ်ချက်ဖြင့် ထမြောက်သော် လည်း သွေး မပါလာချေ။
                                               လု၂၄း၃၉။ သွေးသည် မြေကြီးပေါ်တွင် လူသားအဖြစ်အသက်ရှင်နိုင်ရန် မရှိ မဖြစ် လိုအပ်ပါသည်။ သို့ရာတွင် ထာဝရကာလတွင် ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့ သည် ကမ္ဘာမတည်မရှိမှီ ခရစ်တော်၌ရှိသော အသက်ဖြင့် အသက်ရှင်ရမည် ဖြစ်ပါသည်။ ယော ၁း၎၊ ၅း ၂၆နှင့် ယှဉ်ကြည့်ပါ။
၎။       မည်သို့ဖြစ်လာမည်နည်း။
                   (က)      ဖိ ၃း၂၀-၂၁ “ထိုသခင်သည် ခပ်သိမ်းသော အရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူ သော ပြုပြင်အားထုတ်ခြင်းအားဖြင့်”
                        မှတ်ချက်။            ။ ခရစ်တော်သည် ကျွန်ုပ်တို့နှင်တ့ကွ စင်္ကြာဝဠာ တစ်ခုလုံးကို အုပ်စိုးရသော နိယာမတရားကို ပြုလုပ်သည့်နည်းတူ (ကော ၁း၁၆) ထိုအခါ ထိုနိယာမတရား အားလုံးကို မိမိအောက်၌ နှိမ့်ချတော်မူမည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ အနန္တတန်ခိုးတော်အားဖြင့် ပြောင်းလဲကြပါမည်။
၅။       ကောင်းကင်ဘုံတွင် ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာရှိကြပါမည်။ သွေးမပါသောခန္ဓာ၊ အကောင်အထည်ရှိ ပြီး ကိုင် ၍ မရသောခန္ဓာ မျက်စိဖြင့် မြင်ရသောခန္ဓာ မသေတတ်သောခန္ဓာ၊ ထာဝရတည်သော ခန္ဓာ၊ မပျက်စီးတတ်သော ခန္ဓာ၊ ဘုန်းကြီးသောခန္ဓာ ၀ိညာဉ်ခန္ဓာဖြစ်ပါမည်။ (၁ကော ၁၅း၄၁-၅၄၊ ဖိ ၃း၁) တို့ကိုဖတ်ပါ။
                   (က)    ကောင်းကင်ဘုံတွင် တစ်ယောက်ကိုတစ်ယောက်သိရပါမည်လော။ ထိုသို့ဖြစ်လျှင်  တော်စပ်မှု မည်သို့နည်း။
                                    ၁။         ၁ကော ၁၃း၁၂။ သိရကြပါမည်။ သူတစ်ပါးသည် ကျွန်ုပ်တို့ကို သိသကဲ့သို့ သိရပါ မည်။ ကျွန်ုပ်တို့အမည်များနှင့် ထူးခြားချက်များကို ဘုရားသခင်သည် ယခုပင် သိ နှင့်ပြီးဖြစ်ပါသည်။ (ကောင်းကင်ဘုံသို့ ရောက်နှင့်ပြီး ပုဂ္ဂိုလ်များသည်ပင် သိနိုင်ပါ သည်။ ဟေဗြဲ ၁၂း၁) ကျွန်ုပ်တို့သိရသည်သာမက ကျွန်ုပ်တို့ကို သူတစ်ပါးသိ သကဲ့သိရမည်ဖြစ်ပါသည်။
                                    ၂။         မဿဲ ၈း၁၁။ ကျွန်ုပ်တို့သည် ထိုနိုင်ငံတော်တွင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့ နှင့်အတူထိုင်ရကြမည်။ သူတို့ကိုလည်း ကျွန်ုပ်တို့ သိရပါမည်။
                                    ၃။         မဿဲ ၁၇း၁-၄။ ပေတရုသည် မောရှေနှင့် ဧလိယကို ကြိုတင်မိတ်ဆက်ခြင်းမရှိ ဓါတ်ပုံကြိုမြင်စရာမလိုဘဲ ချက်ချင်းသိလိုက်ရပါသည်။ တနည်းပြောရလျှင် ကျွန်ုပ်တို့သိပြီးသော သူများကိုသာ သိရကြမည်မဟုတ်ဘဲ အခြားသန့်ရှင်းသူများ အားလုံးကိုပါ သိရကြမည်ဖြစ်ပါသည်။
                                    ၄။         တမန် ၁း၁၁။        “ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွ သွားတော်မူသည့်နည်းတူ တဖန်ကြွလာတော်မူလတံ္တ့”။ တနည်းပြောရလျှင် ထို ယေရှုပင်ဖြစ်လျှင် ထိုဧနောက်ပင်ဖြစ်ပါမည်။ ထိုဧလိယပင်ဖြစ်မည်။ ထို မောရှေ ပင်ဖြစ်မည်။ ကျွန်ုပ်တို့သည် မြေကြီးပေါ်မှတ်ပုံတင်ထားသော အမည် ရှိသော ကြောင့်သာ သိရကြမည်မဟုတ်ဘဲ။ တစ်ဦးချင်း၏ ထူးခြားသောအရည် အချင်း များနှင့်သာ သိရမည်ဖြစ်ပါသည်။ ထူးခြားမှုမှာ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ သည် ကိုယ်တော်နည်းတူ ဘုန်းကြီးသော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲမည့် အချက် သာ ဖြစ်ပါသည်။ ဖိလိပ္ပိ ၃း၂၁။
                   မှတ်ချက်။          မြေကြီးပေါ်တွင် မွေးဖွားလာသူ လူသားများတွင် လုံးဝတူညီသောသူဟူ၍ လူနှစ် ယောက်ပင်မတွေ့ရပါ။ ကျွန်ုပ်တို့တစ်ဦးစီသည် ဘုရားသခင်၏ မျက်မှောက်တော် တွင် သီးခြားထူးခြားနေကြပါသည်။
                                    ၅။         မြေကြီးပေါ်မှာကဲ့သို့ လူသားတို့၏ တော်စပ်မှုများ မရှိတော့ပါ။ မဿဲ ၂၂း၃၀။ ကောင်းကင်တမန်ကဲ့သို့ဖြစ်မည်။ ဘုရားသခင်၏ အမှုတော်ဆောင်များဖြစ်လျက် ခရစ်တော်နှင့် အစဉ်ထာဝရအတူနေရမည်။ ကာမဆက်ဆံမှုနှင့် မိသားစုဘ၀ သည် ဤမြေကြီးအတွက်သီးသန့်ဖြစ်သည်။ (က၊ ၁း၂၇-၂၈)
                                                (က၊ ၂း၂၂-၂၅) တစ်ယေက်ကိုတစ်ယောက်ကောင်းကင်ဘုံတွင်သိရှိမှတ်မိ ကြမည်သာမကကောင်းကင်တမန်ကဲ့သို့ဖြစ်ကြပါမည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏သားများ၊ အမှုဆောင်သူများဖြစ်ကြပါမည်။
၆။       လူမမယ်ကလေးငယ်များမည်သို့ဖြစ်မည်နည်း။ ထိုသူတို့သည် ပျက်စီးသလော၊ သို့မဟုတ် ကောင်းကင်ဘုံသို့ဝင်သလော။
                                    (၁)        ၂ကော ၅း၂၁ကို အထူးသတိပြုပါ။ ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအ တွက်ခံတော်မူသည်သာမက အပြစ်ရှိသောသူ အပြစ်သို့ ရောက်ရှိခံယူတော်မူပါ သည်။ ခရစ်တော်သည် လောကသားအားလုံးတို့၏ အပြစ်အတွက်ခံတော်မူ လျက် ကလေးသူငယ်နှင့် လူမမယ်များ၏ အပြစ်ကိုပါခံယူခဲ့ပါသည်။ လူသား အားလုံးသည် မိမိတို့အပြစ်အတွက် မိမိတာဝန်ယူရသောအရွယ် (ဘုရားသခင် ကသာ သိသည်) သို့ရောက်လာကြရသည်။ မိမိတို့အပြုအမူအတွက် တာဝန် ရှိလာသည်။ ထိုအချိန်မတိုင်မီ ကလေးငယ်များသည် ခရစ်တော်၏ သန့်ရှင်း မြင့်မြတ် သောပူဇော်သက္ကာမှ ဖုံးကွယ်လျက်ရှိပါသည်။
                                    (၂)        မဿဲ၊ ၁၈း၁-၁၄ကိုဖတ်ပါ။ ကလေးများနှင့် ပတ်သက်သော အခန်းကြီးဖြစ်ပါ သည်။
                                                အငယ်(၃)။ ခရစ်တော်ကအပြစ်သားအားလုံးသည် ကယ်တင်ခြင်းသို့ ရောက်ရန် ကလေးသူငယ်ကဲ့သို့ဖြစ်ရမည်”ဟု မိန့်တော်မူခဲ့ပါသည်။
                                                အငယ် (၁၀)။ ကလေးငယ်များတွင် ကောင်းကင်တမန်ရှိလျက် ထိုကောင်းကင် တမန်များသည် သူတို့ကိုယ်စား ခမည်းတော်ဘုရားသခင်ထံသို့ ၀င်နိုင်သည်။
                                                အငယ် (၁၄)။       သူငယ်တယောက်ကိုမျှပျက်စီးစေခြင်းငှာ ဘုရားသခင်သည် အလိုတော် မရှိကြောင်းကို ခရစ်တော်က ရှင်းလင်းစွာ မိန့်ကြားခဲ့ပါသည်။
                                    မှတ်ချက်။ ဤကျမ်းချက်များကြည့်လျှင် ကလေးသူငယ်များနှင့် လူမမယ်များကို ဘုရား သခင် စောင့်ရှောက်တော်မူသည်ဖြစ်၍ ကယ်တင်ခြင်းသို့ ရောက်ကြောင်း ထင်ရှားပြီးဟု ယူဆပါသည်။
                                    (၃)        ၂ရာ ၁၂း၂၃ကို ဖတ်ပါ။ ဒါဝိဒ်၏အားနည်းချက်နှင့် အပြစ်ကြောင့် ကလေးငယ် တစ်ဦး မွေးဖွားလာကြောင်းတွေ့ရပါသည်။ ဒါဝိဒ်အား အဘယ်ကြောင့် အစာ ရှောင်လျက်ဆုတောင်းခြင်းမပြုပါသနည်းဟုမေးကြသောအခါ - ဒါဝိဒ်သည် ထူးခြား မှတ်သားဘွယ်စကားကိုပြောခဲ့ပါသည်။ “သူငယ်ကိုပြန်၍ ဆောင်ခဲ့ နိုင်သလော” သူရှိရာသို့ ငါသွားမည်။ သူသည် ငါရှိရာသို့ မပြန်လာရ”
                                    မှတ်ချက်။ ဒါဝိဒ်သည် အပြစ်ပြုမိသော်လည်း “ဘုရားသခင်၏စိတ်တော် နှင့်တွေ့သောသူ ဖြစ်ပါသည်။ ဘုရားသခင်ကိုယုံကြည်လျက်ရှိပါသည်။ ကောင်းကင်ဘုံသို့သွား ရန် လုံးဝကြိုတင်မျှော်လင့်ထားပါသည်။ ထိုအရပ်တွင် သူငယ်ကိုပြန်တွေ့ရန် အပြည့် အ၀ ယုံကြည်ထားပါသည်။
၇။       ကောင်းကင်ဘုံသည် ဘာနှင့်တူမည်နည်း။ 
            က။        ထိုအရပ်သည် အတိုင်းအဆမရှိ လှပသောနေရာဖြစ်ပါမည်။ ဗျာဒိတ်ကျမ်း ၂၁ကိုဖတ်ပါ။
                        ယေရှုရှလင်မြို့သစ်အကြောင်၊ ဤကမ္ဘာမြေကြီးရွေ့ သွားပြီးနောက် ပေါ်လာမည့်မြို့တော်သစ်
                        အကြောင်း ဖော်ပြထားခြင်းဖြစ်ပါသည်။ (၂ပေ ၃း၁၀-၁၁)
                        ကောင်းကင်သစ်နှင့် မြေကြီးသစ်လည်းပေါ်လာ၏။ (ဗျာ ၂၁း၁) ဘုရားသခင်ထံတော်မှ မြေကြီး 
                        သစ် တွင် တည်ရန်ဆင်းသက်လာခြင်းဖြစ်ပါ သည်။ (ဗျာ၂၁း၂) ထိုမြို့တော်၏ လှပမှုနှင့် အကျယ်
                        အ၀န်းကို အပြည့်အ၀ ဖော်ပြ ထားပါသည်။
          မှတ်ချက်                  ဘုရားသခင်ကို ယုံကြည်သောသူတိုင်းတို့၏ နောက်ဆုံးမျှော်လင့်လျက် ပန်းတုံးတိုင် သည်
                    ဤနေရာဖြစ်မည်ဟု ယူဆပါသည်။
            ခ။         ထိုအရပ်တွင် “အခန်းအများရှိ”ပါမည်။ (ယော၊ ၁၄း၁-၂) သို့မဟုတ် အချို့ဘာသာပြန်ထားသည့်
                        အတိုင်း နားနေရာအရပ်အများရှိမည်။ ကောင်းကင်ဘုံ တွင် ကျွန်ုပ်တို့ ယခုတိုက်ရသော
                        တိုက်ပွဲ များပြီးဆုံး၍ ၀န်ထုပ်အားလုံးချထား လျက်ရှိပါမည်။
            ဂ။         “မင်္ဂလာဆောင်သတို့သမီးကဲ့သို့ပြင်ဆင်လျက်ရှိပါမည်” (ဗျာ ၂၁း၂) သတို့သမီးသည်
                        မည်ကဲ့သို့ အသေးစိတ်အသေအချာပြင်ဆင်ထားပါသနည်း။ ထိုနည်းတူဘုရားသခင်သည်
                        ကောင်းကင်၌ကျွန်ုပ်တို့အတွက် သေချာစွာပြင်ဆင် ထားပါသည်။
            ဃ။        ထိုအရပ်၌ “ညဥ့်မရှိ” (ဗျာ ၂၁း၂) ဆင်းရဲခြင်း၊ နာကျည်းခြင်းတည်းဟူ သောရှည်ကြာသည့် ညဥ့်များ
                        ထိုအရပ်၌မရှိ။ ၀မ်းနည်းခြင့်နှင့် အထီးကျန်ခြင်း တည်းဟူသော ညဥ့်လည်းထိုအရပ်၌မရှိ၊
                        ကြောက်ရွံ့ခြင်းနှင့် ရာဇ၀တ်မှုတည်း ဟူသောညဥ့်လည်းမရှိရ။
            င။         တေးဂီတသံလွင်သောအရပ်ဖြစ်ပါမည်။ (ဗျာ ၅း၉) ၀မ်းမြောက်စွာ ကိုး ကွယ် ၀တ်ပြုခြင်းပြုရပါမည်။
                        (ဆာ ၁၆း၁၁။ ဗျာ ၂၂း၃) ဘုရားသခင်၏ ဘုန်း အသရေတော်သည် အလင်းဖြစ်လိမ့်မည်။ (ဗျာ
                        ၂၁း၁၁)
၈။       ကောင်းကင်ဘုံသို့မည်သူသွားရသနည်း။ အဘယ်ကြောင့်နည်း။
            က။      ကောင်းကင်ဘုံသို့မည်သူသွားရသနည်း။
                        (၁)        ၁ပေ ၁း၃။ “အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သောမျှော်လင့်ခြင်းအကြောင်း  ရှိစေခြင်းငှာ
                                    တဖန်ဖြစ်ပွား စေတော်မူသောသူ။
                        (၂)        ရောမ ၈း၁၇။ သခင်ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားမှန်လျှင်
                                    ခရစ်တော်နှင့်အတူ “ဘုန်းဝင်စား”ရမည်။
                        (၃)        ၁ယော ၃း၂ “ဘုရားသခင်၏သား”တို့သည် ကိုယ်တော်နှင့်တူကြလတ္တံ့။
                                    မှတ်ချက်။ ကောင်းကင်ဘုံသည်ပြင်ဆင်ထားသော သူတို့အတွက် ပြင်ဆင်ထား သော
                                                နေရာဖြစ်ကြောင်းသတိပြုပါ။ (ဗျာ ၅း၉) ကိုယ်တော်၏ အသွေး တော်အားဖြင့်
            ခ။       မည်သူတွေမ၀င်ရပါသနည်း။
                        (၁)        ဗျာ ၂၁း၈။ “ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ် ရွံ့ရှာဘွယ် သောသူ၊
                                    လူအသက်ကိုသတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲ သောသူ၊ ပြုစားတတ်သောသူ၊
                                    ရုပ်တုကိုကိုးကွယ်သောသသူ၊ သစ္စာပျက် သော သူ အပေါင်းတို့မူကား၊ ဒုတိယ သေခြင်း
                                    တည်းဟူသော ကန့်နှင့် လောင်သော မီးအိုင် ထဲ၌ မိမိတို့အဘို့ကိုရကြလိမ့်မည်။ ဟူ၍
                                    ငါ့အား မိန့်တော်မူ၏။
                        (၂)        မှတ်ချက်။ သခင်ယေရှုခရစ်အား မိမိ၏အရှင်သခင်နှင့် ကယ်တင်ပိုင်ရှင် အဖြစ် လက်ခံရန်
                                    ငြင်းပယ်သောသူအတွက် သေခြင်းလမ်းသာ ရှိသည်။
                                    (က)      ယော ၈း၂၄။ “ထို့ကြောင့် သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည် ဟု ငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏”
                                                မှတ်ချက်။            သင်သည် သခင်ယေရှုခရစ်ကို ယုံကြည်လက်ခံပြီး သူ ဖြစ် လျှင် သင့်ရှေ့၌ထားရှိသောမျှော်လင့်ခြင်းအတွက် ၀မ်းမြောက်လော့။
မေးခွန်းများ
၁။         ကောင်းကင်ဘုံအကြောင်းလေ့လာခြင်းသည် အဘယ်ကြောင့် အရေးကြီးပါသနည်း။ မည်သည့်အချက်သည် ယုံကြည်သူအား ထိုလေ့လာမှုကို မြတ်နိုးဘွယ်ဖြစ်စေပါသနည်း။
၂။         ၂ကော ၁၂း၂ တွင်ပေါလုသည် တတိယကောင်းကင်သို့ ချီဆောင်ခြင်းဟုဆိုရာတွင် မည်သို့ဆိုလိုပါသနည်း။ အခြားကောင်းကင်နှစ်ခု၏အမည်ကို ဖော်ပြပါ။
၃။         ဘုရားသခင်၏ကောင်းကင်ဘုံသည် မိုးတိမ်တို့၏အထက်၊ ကြယ်တို့၏အထက်တွင်ရှိ၍ အာကာသဟင်းလင်း ပြင်၏အပြင်ဘက်ဖြစ်နိုင်သည်ဟု မည်သည့်ကျမ်းချက်များကြောင့် ယူဆရပါသနည်း။
၎။         ကောင်းကင်ဘုံတည်ရှိရာအရပ်ကို ညွှန်ပြရာတွင် မည်သည့်စကားနှစ်ရပ်သည် ထင်ရှားစွာပြပါသနည်း။ ကျမ်းညွှန်းရေးပါ။
၅။         ကောင်းကင်ဘုံသည် ပြင်ဆင်ထားလျှက်ရှိသော နေရာဖြစ်ကြောင်း ဖော်ပြသည့်ကျမ်းညွှန်း (၂)ခုကိုရေးပါ။
၆။         ကောင်းကင်ဘုံမှ ခမည်းတော်ဘုရားသခင်ဆောင်ရွက်သောအမှု (၃)ရပ်ကိုဖော်ပြပါ။
၇။         ခရစ်တော်ယခုကောင်းကင်ဘုံတွင်ရှိသည်ဟု အဘယ်ကြောင့် သင်ယုံကြည်ရကြောင်းကို ကျမ်းညွှန်းဖြင့် ဖြေပါ။
၈။         ခရစ်တော်သည် ကောင်းကင်ဘုံတွင် မည်သည့်အမှု (၃)မှုကို ဆောင်ရွက်ခြင်းဖြင့် သင်၏အကျိုးကို ဆောင် နေ ပါသနည်း။ ကျမ်းညွှန်းပေးပါ။
၉။         ကျမ်းစာသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည်မဟုတ်ကြောင်း မည်ကဲ့သို့ သိရပါသနည်း။
၁၀။       သေလွန်ပြီးသော ယုံကြည်သူတို့သည် ယခုအခါ ကောင်းကင်ဘုံ၌ ရှိနေကြောင်းကို မည်သည့်ကျမ်းချက်များ ကထောက်ပြနေပါသနည်း။
၁၁။       ကောင်းကင်ဘုံ၌ လူသားစစ်စစ်များ နေထိုင်မည်ဖြစ်ကြောင်း မည်သည့်အထောက်အထားများပေးနိုင်ပါသ နည်း။
၁၂။       ကျွန်ုပ်တို့သည် ကောင်းကင်ဘုံတွင် မိမိတို့ ကိုယ်ပိုင်အမည်များနှင့်ပင် နေရမည်ဖြစ်ကြောင်း အထောက် အထား (၃)ခုပြပါ။
၁၃။       မျက်စေ့ဖြင့် မြင်နိုင်သောခန္ဓာ၊ အကောင်အထည်ရှိသော ခန္ဓာတို့ကို ကောင်းကင်ဘုံတွင် ကျွန်ုပ်တို့ ပိုင်ဆိုင် မည်ဖြစ်ကြောင်း ကျမ်းစာအရ မည်သို့သက်သေပြနိုင်သနည်း။
၁၄။       ကျွန်ုပ်ရရှိမည့် ခန္ဓာနှင့် ပတ်သက်၍ အချက်(၅)ချက်အနည်းဆုံးပြပါ။
၁၅။       ဤပြောင်းလဲမှုကြီးသည် မည်ကဲ့သို့ (သို့) မည်သည့်တန်ခိုးဖြင့် ဖြစ်လာပါသနည်း။
၁၆။       ကောင်းကင်ဘုံတွင် ကျွန်ုပ်တို့သည် အချင်းချင်းအမှန်သိကြမည်ဖြစ်ကြောင်း ကျမ်းချက်အထောက်အထား အနည်းဆုံး (၃)ချက်ကိုဖော်ပြပါ။
၁၇။       ကလေးသူငယ်များနှင့် လူမမယ်များသည် ကောင်းကင်ဘုံသို့ ၀င်စားရကြောင်း မည်သည့်အထောက်အထား ပေးနိုင်ပါသနည်း။
၁၈။       ဤကျမ်းစာလေ့လာမှုအရ၊ ကောင်းကင်ဘုံသည် မည်ကဲ့သို့ဖြစ်မည်ကို ကျမ်းညွှန်းဖြင့် စာပိုဒ်ကိုရေးပါ။
၁၉။       မည်သူသည် ကောင်းကင်ဘုံသို့ဝင်ရ၍ မည်သူက မ၀င်ရပါသနည်း။ အဘယ်ကြောင့်နည်း။
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D) 
Share:
0 comments:
Post a Comment
healthcare christian fellowship. Powered by Blogger.
လစဉ် ဝတ်ပြုရာနေရာ
JBC CHURCH 45 Thomson Rd Singapore 307584 6256 2277
ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း
ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51
New Life In Christ 3
Practical Christian Living Lesson
ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎
OVERCOMERS
Love, Dating and Marriage Lessons
ကြာသာပသေးနေညနေ ၇ နာရီ
ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)
ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ
New Life In Christ 2
My Guests
free web counter
ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)
Labels
Blog Archive
Recent Posts
Unordered List
User Online
Pages
Theme Support