HCF

HCF MYANMAR IN SINGAPORE

Wednesday, August 28, 2013

အသင်းတော်အားချီဆောင်ခြင်း

                                                       သင်ခန်းစာ (၃၄)

နိဒါန်း
            ခရစ်တော် ဤလောကသို့ ဒုတိယအကြိမ်ကြွလာတော်မမူမီ ဖြစ်ပေါ်လာမည့်အဖြစ်အပျက်တခုကို သမ္မာကျမ်းစာက ထင်ရှားစွာ ဖော်ပြထားပါသည်။ သွန်သင်ထားပါသည်။ သမ္မာကျမ်းစာကို   လေ့လာသူများနှင့် ကျွမ်းကျင်သူများသည် ထိုအဖြစ်အပျက်ကို “အသင်းတော်အားချီဆောင်ခြင်း” ဟုရည်ညွှန်းပြောကြားကြပါသည်။ 

“အသင်းတော်” နှင့် “ချီဆောင်ခြင်း” ဝေါဟာရများကို အနက်ဖွင့်ပြီး ခရစ်တော်သည် ဘုန်းအာနုဘော်တော်ဖြင့် ကြွလာတော်မမူမီဖြစ်ပေါ်မည့် ဘေးဒဏ်ကြီးကာလ၊ အန္တီခရစ်ပေါ်ထွန်းမည့်ကာလတို့ မတိုင်မီ အသင်းတော်အား ချီဆောင်ခြင်းဖြင့် ယနေ့အသင်းတော် အတွက်ဘုရားသခင်၏ ထူးကဲသောအကြံအစည်ကို နားလည်နိုင်ရန် ရည်ရွယ်လျှက် ဤသင်ခန်းစာကို ပို့ချခြင်းဖြစ်ပါသည်။
ဤသင်ခန်းစာအရေးကြီးပုံ
            ဤသင်ခန်းစာသည် အရေးကြီးသော သင်ခန်းစာဖြစ်ပါသည်။ တိမောသေသြ၀ါဒစာဒုတိယစောင် ၂း၁၅ တွင် သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်ရမည်ဟု ဆိုထားပါသည်။ အသင်းတော်အား ဓမ္မဟောင်းခေတ် ပရောဖက်ကြီးများ လုံးဝနားမလည်ခဲ့သောအသစ်အဆန်းဖြစ်ကြောင်း (ဧ ၃း၅။ ၁ ပေ ၁း၁၀-၁၂)လူမျိုးတော်ဖြစ်သော ဣသရေလလူမျိုး နှင့်ထိုလူမျိုးနှင့်ထိုလူမျိုးအတွက်ဘုရားသခင်၏အကြံအစည်မှာကွဲပြားနေကြောင်း (၁ကော ၁၀း၃၂) (ရော ၁၁း၂၅-၂၇)။ ဤကျေးဇူးတော်ကာလသည် အခြားကာလများနှင့် မတူတမူထူးနေကြောင်းကို မသိ သဘော မပေါက်လျှင် (ဧ ၃း၂-၆) ဘုရားသခင်၏အကြံအစည်တော်ကို နားမလည်ခြင်းဖြစ်ပါမည်။ ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ ဧ၀ံဂေလိတရားတော်ဟောပြောခြင်းဖြင့်လည်းကောင်း၊ ယုဒ အမျိုးသား နှင့် တပါးအမျိုးသား ပါဝင်သော ဒုတိယမွေးခြင်းကိုခံရသည့် ယုံကြည်သူများဖြင့် ဖွဲ့စည်းထားသော အသင်းတော်ကို ယနေ့ကာလတွင် တည်ဆောက်လျက် ရှိပါသည်။ ထိုကိုယ်ခန္ဓာသည် ပြည့်စုံခြင်းသို့ ရောက်သော အခါ ထိုအသင်းတော်သည် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်ရှိ နေစေခြင်းငှာ (၁သက် ၄း၁၅-၁၇) ဤလောကမှ ချီဆောင်ခြင်း ခံရပါမည်။ ဤအချက်သည် အသင်းတော် ၏မျှော်လင့်ချက်ဖြစ်ပါသည်။ ၎င်းသည် အချိန်အရွေး ဖြစ်နိုင်ပါသည်။ ခရစ်တော်ကြွလာတော်မူခြင်း အကြောင်းနှင့် ပါတ်သက်၍အ ထက်ပါမျှော်လင့်ချက်နှင့် ဆန့်ကျင် နေသော သွန်သင်ချက်များသည် ကျမ်းစာနှင့်မကိုက်ညီပါ။ ခရစ်တော်၏ကတိတော် များကိုလွဲ မှားစေပါသည်။
သင်ခန်းစာ
၁။         အသင်းတော်ဆိုသည်မှာအဘယ်နည်း။ ဘုရားသခင်သည် ဤလောကတွင် မည်သို့ လုပ်ဆောင်နေပါသနည်း။
က။        အသင်းတော်ကိုဂရိဘာသာအားဖြင့် EKKLESIA ဟုခေါ်ပါသည်။ “ခေါ်ထုတ်ခြင်း” ဟု အဓိပ္ပါယ်ရှိပါ သည်။ မူလတွင်မြို့တော်ကောင်စီအစည်းအဝေး ကျင်းပရန်ခေါ်ဖိတ်ခြင်းကဲ့သို့သော အစုအစည်း တခုခု သို့ဖိတ်ခြင်း၌အသုံးပြုပါသည်။ အသင်းတော်နှင့်ပါတ်သက်၍အသုံးပြုရာတွင် “ခေါ်ထုတ်ခြင်း ခံရသူများ” ဖြစ်ပါသည်။ ယခုခေတ်ကာလယုံကြည်သူများဖြစ်ပါသည်။ ယုဒလူမျိုးများနှင့် တပါး အမျိုးသားများပါဝင်ပါသည်။ (ဧ ၂း၁၆၊ ၃း၆) ခရစ်တော်ကိုယ်ခန္ဓာကို တည်ဆောက်ရန် ဤလောကမှ ခေါ်ထုတ်ခြင်းဖြစ်ပါသည်။ (ဧ ၄း၎၊ ရော ၈း၂၈ စသည်)
ခ။         အသင်းတော်ကို “ခရစ်တော်၏ကိုယ်ခန္ဓာ”ဟုခေါ်ပါသည်။ (ဧ ၁း၂၂၊၂၃။ ၂း၁၆။ ၃း၆)
ဂ။         အသင်းတော်ကို “ခရစ်တော်၏သတို့သမီး”ဟု ဖော်ပြလျှက် အသိအမှတ်ပြုထားပါသည်။ (ဧ ၅း၂၃၊ ၃၀-၃၂)။
ဃ။        ဘုရားသခင်သည် ယနေ့ ဘာလုပ်နေပါသနည်း။ တမန်တော်ဝတ္တု - ၁၅း၁၄-၁၇ ကိုဖတ်ပါ။ ၎င်းသည် ထိမိစွာဖော်ပြသောပရောဖက်ပြုချက်ဖြစ်ပါသည်။ ဘုရားသခင်သည် တပါးအမျိုးသား (လူမျိုးပေါင်း) ကိုအကြည့်ကြွလာတော်မူလျှက်” နာမတော်ဖြင့်သမုတ်သောလူတို့” ကို ထိုသူတို့ အထဲမှ ရွေးထုတ်လျှက်ရှိပါသည်။ ထိုလူစုသည်အသင်းတော်၊ ခရစ်တော်၏ကိုယ်ခန္ဓာ သတို့သမီး ဖြစ်ကြောင်းသတိပြုပါ။ ဤအမှုပြီးစီး၍ နောက်ဆုံးသောဝိညာဉ်ကို ကယ်တင်ပြီး အသင်းတော်သို့ ပို့ဆောင်ပြီးနောက် မည်သို့ဖြစ်မည်နည်း။ “ထို့နောက်ဒါဝိဒ်တဲကိုဆောက်တည်ပြန်မည်” ခရစ်တော် သည် -ဣသရေလ ကိုပြန်လည်တည်ဆောက်ခြင်းငှာကြွလာလျှက် “ဒါဝိဒ်၏ဖြောင့်မတ်သော အညွှန့်” အဖြင့်မိမိ၏ ပလ္လင်တော်ကိုတည်ထောင်ပါမည်။ (ယေရမိ ၂၃း၃-၆)။ အသင်းတော် တည်ဆောက်မှုပြီးစီးသောအခါဖြစ်ပါမည်။ ရောမ ၁၁း၂၅-၂၇ ကိုသေချာစွာဖတ်ပါ။ တပါးအမျိုးသား အပေါင်းတို့၏ပြည့်စုံခြင်းသည် တပါးအမျိုးသားတို့တွင် ဘုရားသခင်လုပ်ဆောင်တော်မူသော အလုပ်ပြီးပြည့်စုံခြင်းကိုရည်ညွန်း ပါသည်။ ထို့နောက် ဣသရေလလူမျိုးတို့၏ ကယ်တင်ရှင်သည် ကြွလာပါမည်။
၂။         ခရစ်တော်ကြွလာတော်မူခြင်းသည် လူအမျိုးမျိုးတို့အတွက် အဓိပ္ပါယ်တမျိုးစီ ဖြစ်နေပါသည်။
က။        ယုဒလူမျိုးများအတွက် ခရစ်တော်မေရှိယကြွလာတော်မူခြင်းသည် ပါလက်စတိုင်းဒေသတွင် ငြိမ်းချမ်းမှု ပြန်လည်တည်ဆောက်ခြင်း ဖြစ်ပါသည်။ (တရား ၃၀း၂-၉)
ခ။         ကမ္ဘာပေါ်ရှိ လူအသီးသီးတို့၌ ခရစ်တော် ဤလောကသို့ ကြွလာတော်မူခြင်းသည် ကမ္ဘာ့ ငြိမ်းချမ်း ရေး၊ တရားမျှတရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုတည်ဆောက်မည့်လူစွမ်းကောင်း (The Powerful Person   ) ပေါ်လာခြင်း ဖြစ်သည်။ (ဇာခရိ ၁၄း၉)
ဂ။         အသင်းတော်အတွက် ခရစ်တော်ကြွလာတော်မူခြင်းသည် ကောင်းကင်ဆိုင်ရာ မျှော်လင့်ခြင်းဖြစ် သည်။ (ကော ၁း၂၇) အသင်းတော်သည် ပါလက်စတိုင်းတွင် ပြန်လည်ထူထောင်ခြင်းကို မျှော်လင့် ခြင်း၌၎င်း၊ ဤလောက၌ခရစ်တော်၏အုပ်စိုးခြင်း၊ စိုးစံခြင်း၌၎င်းပါဝင်မျှော်လင့်ခြင်းမရှိပါ။ သို့သော် ဘုန်းအသရေတော်နှင့်အတူ ကောင်းကင်သို့ချီဆောင်လျှက်၊ သခင်ဘုရားအား အာကာသကောင်း ကင်၌ ဆုံတွေ့မည့်အကြောင်းကိုသာ မျှော်လင့်လျက်ရှိပါသည်။ (၁ သက် ၄း၁၅-၁၇)။
၃။         ချီဆောင်ခြင်းဝေါဟာရ၏အဓိပ္ပါယ်။
            က။        ဓမ္မသစ်ကျမ်းကို လက်တင်ဘာသာသို့ပြန်ဆိုသောအခါ ၁ သက် ၄း၁၇ ပါ ချီဆောင်ခြင်းကို Rapere ဟုပြန်ဆိုခဲ့ပါသည်။ စွန် သို့မဟုတ် သိန်းငှက်တို့သည် သားကောင်ကိုဖမ်း၍ ချီကြွပြန်သွားခြင်း ဖြစ်ပါသည်။
            ခ။         လက်တင်ဘာသာ Repere မှ အင်္ဂလိပ်ဘာသာ ဖြစ်လာပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာ သင်တန်းများတွင် ထိုအဖြစ်အပျက်ကို Caught up သို့မဟုတ် Snatched away ဟုသွန်သင်ပြီး သခင်ဘုရား နှင့်အတူ အစဉ်မပြတ်ရှိရန် ချီဆောင်တော်မူခြင်းကို ဆိုလိုပါသည်။


၎။         ချီဆောင်ခြင်းကို ရှင်းလင်းစွာဖော်ပြသော ကျမ်းချက်အချို့။
            က။        ယော ၁၄း၁-၃
                        (၁)        ခရစ်တော်သည် ကောင်းကင်တပ်ကြီးမပါဘဲ ကြွလာခြင်းဖြစ်ပါသည်။ ခရစ်တော်သည် သူ၏အမျိုးသမီးတည်းဟူသော အသင်းတော်အတွက် တစ်ကိုယ်တည်းကြွလာခြင်းဖြစ်ပါ သည်။    
                        (၂)        အမေဂဒုံစစ်ပွဲကြီး စတင်ခြင်းမရှိသေးပါ။ ခရစ်တော်သည် “ကျွန်ုပ်တို့ကိုသိမ်းဆည်းရန်” သာ ကြွလာခြင်းဖြစ်သည်။
                        (၃)        ဗျာဒိတ်ကျမ်း ၁၉း၁၁-၁၅ တွင်ဖော်ပြထားသော ကြောက်မက်ဖွယ်အခြေအနေနှင့်ယခု အဖြစ်အပျက်သည် လုံးဝမတူကြောင်း သတိပြုပါ။
            ခ။         ၁ သက် ၄း၁၅-၁၇။
                        (၁)        ဤနေရာတွင်ခရစ်တော်သည် လောကသို့ရောက်လာခြင်းမရှိဘဲ မိုးတိမ်အထိသာ ရောက် လာပါသည်။
                        (၂)        ဤနေရာတွင် ခရစ်တော်သည် ကျွန်ုပ်တို့ “အတွက်” ကြွလာခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ နှင့် “အတူ” ကြွလာခြင်း မရှိပါ။
                        (၃)        ဤနေရာတွင် ကျွန်ုပ်တို့သည် ကောင်းကင်သို့တက်ကြွခြင်းဖြစ်ပြီး လောကသို့ဆင်းသက် လာခြင်းမဟုတ်ပါ။
            ဂ။         ၂ သက် ၂း၁-၅။
                        (၁)        အထံတော်၌ စည်းဝေးခြင်းအကြောင်းကို ဖော်ပြထားပါသည်။ (အငယ် ၁)။
                        (၂)        ဤနေရာတွင် ချီဆောင်ခြင်းသည် အန္တီခရစ်ဖြစ်သော ဒုစရိုက်လူတည်းဟူသော ဖျက်ဆီး ခြင်း၏သား ရောက်လာခြင်းထက် စောနေကြောင်း အထင်အရှားတွေ့နိုင်ပါသည်။
၅။         ဘယ်အချိန်တွင်ဖြစ်မည်နည်း။
            က။        BEAMA သို့မဟုတ် ခရစ်တော်၏တရားပလ္လင်မတိုင်မီ (၂ ကော၊ ၅း၁၀)။
                        (၁)        ဤတရားစီရင်ခြင်းသည် ကောင်းကင်၌ဖြစ်လျှက် ခရစ်တော်ဒုတိယအကြိမ်ကြွလာတော် မမူမီ ကာလ ဖြစ်ပါသည်။
                        (၂)        ဤတရားစီရင်ခြင်းကို ဒုတိယအကြိမ်ကြွလာတော်မူခြင်းနှင့် ဆက်စပ်၍လည်းကောင်း၊ ဒုတိယအကြိမ်ကြွလာတော်မူပြီးနောက်ဟူ၍လည်းကောင်း၊ ဖော်ပြခြင်းမရှိပါ။
                        (၃)        ဖြူသောပလ္လင်ကြီးဖြင့် တရားစီရင်ခြင်းသည် (ဗျာ၊ ၂၀း၁၁-၁၅) အပြစ်သားများ အတွက် သာဖြစ်သကဲ့သို့ (၂ကော၊ ၅း၁၀) ၏တရားစီရင်ခြင်းသည် ခရစ်ယာန်များအတွက်သာ ဖြစ်သည်။
                        (၄)        ထို့ကြောင့် ဤတရားစီရင်ခြင်းသည် ချီဆောင်ခြင်း နောက်ဖြစ်လျှက် ခရစ်တော် ဤလောက သို့ ကြွလာတော်မမူမီ ဖြစ်သည်။
            ခ။         သခင်ဘုရား၏နေ့မတိုင်မီ။
                        (၁)        သက်သာလောနိတ်သြ၀ါဒစာ ဒုတိယစာစောင်ကို ထိုစဉ် ဝေဒနာခံစားနေရသော ခရစ်ယာန်များအတွက် ရေးသားခြင်းဖြစ်ပါသည်။ ချီဆောင်ခြင်းကို ဧကန်အမှန် ကြုံရမည် ဖြစ်ပါသဖြင့် ကြောက်မက်ဖွယ်သောသခင်ဘုရား၏နေ့နှင့် ကင်းလွတ်ကြောင်း အာမခံ ချက် ပေးထားခြင်း ဖြစ်ပါသည်။ (၂ သက် ၂း၁-၈)
                        (၂)        အငယ် - ၂ တွင် ဘုရားသခင်၏နေ့ရက်ကိုဖော်ပြထားပါသည်။
                        (၃)        သခင်ဘုရား၏နေ့ရက်မတိုင်မီဖြစ်ပေါ်မည့် အကြောင်း (၂)ချက်ကို အငယ်-၃ တွင်ဖော်ပြ ထားပါသည်။
                        က -      “ဖောက်ပြန်သင်းခွဲခြား” သို့မဟုတ် “ခွဲခွာခြင်း” သည် ချီဆောင်ခြင်း ကိုရည် ညွှန်းထားပါသည်။  
                        ခ -        ဒုစရိုက်လူပေါ်လာခြင်း
                                    မှတ်ချက် - ချီဆောင်ခြင်းသည် အန္တီခရစ်မပေါ်မီဖြစ်ပါသည်။
            (၄)        ယောလ ၁း၁၅ တွင် “ထာဝရဘုရား၏နေ့ရက်” သည် “အနန္တတန်ခိုးရှင်ဖျက်ဆီးခြင်း ဘေးကဲ့သို့ ရောက်လာမည်။” ဟုဖော်ပြထားပါသည်။ ချီဆောင်ခြင်း ပြီးနောက် ဘုရားသခင်သည် လူတို့၏အမှုအရေးများတွင် ကိုယ်တိုင် တိုက်ရိုက်ပါဝင်ပတ် သက်လာခြင်း ဖြစ်ပါသည်။
            (၅)        သမ္မာကျမ်းစာကိုသေချာစွာလေ့လာသူများသည် ခရစ်တော်၏နေ့ရက် (၁ ကော ၁း၈၊ ဖိ ၁း၆၊၁၀။ ၂း၁၆) ချီဆောင်ခြင်းကို ရည်ညွှန်းသောကျမ်းချက်များ သို့မဟုတ် BEAMA နှင့် ထာဝရဘုရား၏နေ့ရက် ကို ကွဲပြားခြားနားစွာ နှိုင်းယှဉ်နိုင်ခြင်းရှိပါသည်။   
ဂ။         သန့်ရှင်းသောဝိညာဉ်တော်ကို မရုတ်သိမ်းမီ။
            ၂ သက် ၂း၆၊၇ ကိုဖတ်ပါ။
            မှတ်ချက်။            သန့်ရှင်းသောဝိညာဉ်တော်သည် ယနေ့အချိန်တွင်ယုံကြည်သူတို့၌ ကျိန်းဝပ်ပါ သည်။ ၁ ကော ၆း၁၉။ ယုံကြည်သူမရှိတော့သည့်နောက် ချီဆောင်ခြင်း ကိုခံရပြီးနောက် သန့်ရှင်း သော ၀ိညာဉ်တော်ကိုလည်း ရုပ်သိမ်းပါသည်။
            (၁)        အငယ် ၃ နှင့် ၇-၈ တို့၏ဆိုလိုရင်းမှာ ထပ်နေပါသည်။ အငယ် - ၃ တွင်ချီဆောင်ခြင်း ပေါ် လာသောအခါ ဒုစရိုက်လူပေါ်လာပါသည်။ အငယ်-၇-၈ တွင်သန့်ရှင်းသောဝိညာဉ်တော် ကိုရုပ်သိမ်းသောအခါ အဓမ္မလူသည် ထင်ရှားပါလိမ့်မည်။
            မှတ်ချက်။            ချီဆောင်ခြင်းအမှု မပြီးမီ အန္တီခရစ်သည် ပေါ်မလာကြောင်း ထင်ရှားပါသည်။
ဃ။        အမျက်တော်နေ့ရက်မတိုင်မီ။ ဘေးဒဏ်ကြီးကာလမတိုင်မ၊ီ
            (၁)        ကမ္ဘာကြီးတွင် ဘေးဒဏ်ကြီးကာလ ကျရောက်မည်ဖြစ်ကြောင်း သမ္မာကျမ်းစာကဖော်ပြ ထားပါသည်။ (မဿဲ ၂၄း၂၁-၂၂။ ယေရမိ ၃၀း၇။ ဒံယေလ ၁၂း၁)
            (၂)        ထိုနေ့ရက်သည် ဘုရားသခင်၏အမျက်တော်ထင်ရှားသောနေ့ကြီးနှင့် တထပ်တည်း ဖြစ်ပါ သည်။ (ဗျာ ၆း၁၇၊ ၁၅း၁။ ၁၆း၁။)
            (၃)        ဘေးဒဏ်ကြီးကာလ ဘုရားသခင်၏အမျက်တော်နေ့ရက်၊ တရားစီရင်ရာနေ့ရက်သည်  ယုံကြည်သူများအတွက်မဟုတ်ပါ။ (၁ သက် ၅း၉) ထိုဘေးဒဏ်မှ ယုံကြည်သူသည်   ကင်းလွတ်လိမ့်မည်။ (ရော ၅း၉) ယုံကြည်သူသည် ထိုဘေးဒဏ်မှ ယခုပင်လျှင် ကယ်တင်ခြင်း ခံရပြီးဖြစ်ပါသည်။ (၁သက် ၁း၁၀)
                        မှတ်ချက်။              ဘေးဒဏ်ကြီးကာလရှိ သန့်ရှင်းသူများသည် (ဗျာ ၇း၉-၁၅) အရ အ သင်းတော် မဟုတ်ပါ။ ခရစ်တော်၏ဧ၀ံဂေလိတရားကို တကြိမ်တခါမျှ ကြားဖူးခြင်းမရှိ သော်လည်း ၀ိညာဉ်တော်နှင့်ပြည့်ဝသောဧ၀ံဂေလိဆရာ ၁၄၄၀၀၀ တို့၏ဟောပြောချက် ကြောင့် ပြောင်းလဲလာမည့်ပုဂ္ဂိုလ်များဖြစ်ပါသည်။ ချီဆောင်ခြင်း နေ့ရက်မတိုင်မီ ကယ်တင်ခြင်း ရနိုင်ရန် အခွင့်အရေးရနိုင်ပါလျှက် ငြင်းပယ်ခဲ့သောသူတို့သည် ထာဝရ ဆုံးရှုံးခြင်းသို့ ရောက်မည့် အကြောင်း လှည့်ဖြားခြင်းကိုခံရမည်။ (၂ သက်၂း၁၀-၁၂)
၆။         ချီဆောင်ခြင်းနှင့် ဒုတိယအကြိမ်ကြွလာခြင်းတို့၏ခြားနားချက်။
          ချီဆောင်ခြင်း၌ ခရစ်တော်သည် -                             ကြွလာခြင်း၌ခရစ်တော်သည်-
၁။         အာကာသသို့ကြွလာမည်                                            ၁။      မြေကြီးပေါ်သို့ကြွလာမည်
၂။         ကျွန်ုပ်တို့အတွက်ကြွလာမည်                                       ၂။      ကျွန်ုပ်တို့နှင့်အတူကြွလာမည်
            ၃။         ကောင်းချီးပေးရန်ကြွလာမည်                                      ၃။      တရားစီရင်ရန်နှင့်စစ်တိုက်ရန်ကြွလာမည်။
၎။         မိုးတိမ်စီး၍ကြွလာမည်                                               ၄။      သံလွင်တော်ပေါ်သို့ကြွလာမည်
            ၅။         လောကကိုတရားမစီရင်                                             ၅။      လောကကိုတရားစီရင်မည်
၆။         သန့်ရှင်းသူများကိုကောင်းကင်သို့ယူဆောင်မည်။               ၆။      သန့်ရှင်းသူများကိုလောကသို့ယူဆောင် လာမည်
၇။         မမျှော်လင့်သောအချိန်- အချိန်မရွေးကြွလာမည်               ၇။      နမိတ်လက္ခဏာများပြ၍ကြွလာ မည်
၈။         လျှို့ဝှက်စွာလာမည်                                                  ၈။      လူတိုင်းမြင်တွေ့ရမည်
၉။         စာတန်ကိုချည်နှောင်ခြင်းမပြု                                       ၉။      စာတန်ကိုအနက်ဆုံးသောတွင်း ထဲ၌ချည်နှောင်မည်
၁၀။       အသင်းတော်အတွက်သာကြွလာမည်                             ၁၀။    ကမ္ဘာကြီးတခုလုံးကိုကောင်းချီး ပေးရန်ကြွလာမည်        
၁၁။       ကောင်းကင်တပ်မတော်မပါဘဲကြွလာမည်                       ၁၁။    ကောင်းကင်တပ်မတော်ကြီးပါလျှက်ကြွ လာမည်
၁၂။       ကယ်တင်ခြင်းအမှုပြီးဆုံးစေရန်ကြွလာမည်                     ၁၂။    ဘုရားသခင်ကဒါဝိဒ်အားပေးထားသော ကတိပြည့်စုံရန်ကြွလာမည်
မှတ်ချက်။              အချက်တိုင်းတွင် သက်ဆိုင်ရာကျမ်းချက်များ ကိုးကားဖော်ပြလျှက် သင့်တော်မည် ဖြစ်သော် လည်း မိတ်ဆွေအနေဖြင့် လေ့လာပြီး ဖြည့်စွက်နိုင်ရန် ချန်လှပ်ထားပါသည်။
၇။         ဤဖြစ်ရပ်နှင့်ပတ်သက်၍မည်ကဲ့သို့သဘောထားရမည်နည်း။
            က။        ခရစ်တော်ပြန်ကြွလာမည့်အချိန်ကို မျှော်လင့်လျက်နေရန် ကျွန်ုပ်တို့ကို တိုက်တွန်းထားပါသည်။      (ဖိ ၃း၂၀။ ဟေ ၉း၂၈။ တိတု ၂း၁၃) ၀မ်းမြောက်စွာဆုံတွေ့မည်ဟု မျှော်လင့်ခြင်း နှင့်အတူတွေ့လို သောစိတ်အပြည့် ဖြင့်စောင့်စားရပါမည်။
            ခ။         ခရစ်တော်ကြွလာမည့်အချိန်ကိုငံ့လင့်၍နေရမည် (၁ သက် ၁း၁၀) ကိုယ်တော်သည် အချိန်မရွေး ကြွလာ တော်မူနိုင်သည်ဖြစ်၍ မလာမချင်း ပြင်ဆင်လျက် ငံ့လင့်နေရန်ဖြစ်ပါသည်။
            ဂ။         နိုးကြားစွာ စောင့်ကြည့်နေရန် ဖြစ်ပါသည်။ (၁ သက် ၅း၆)
                        မြို့ရိုးပေါ်တွင် ကင်းစောင့်လျှက်နေသော တပ်သား ကဲ့သို့ ခရစ်ယာန်သည် မိုးလင်းမည့်အချိန် ချီဆောင်ခြင်း နေ့ရက်ကို မျှော်လင့်ရပါမည်။ သတိကြီးစွာ နိုးနိုးကြားကြား၊ ရိုးသားငြိမ်သက်စွာ သခင်ဘုရား ကြွလာမည့် အချိန်ကို စောင့်ကြည့်ရမည် ဖြစ်ပါသည်။
            ဃ။        ပေါ်ထွန်းလာမည့်အချိန်ကို တောင့်တရမည်ဖြစ်ပါသည်။ ၂ တိ ၄း၇-၈ သခင်ဘုရားကြွလာမည့် အချိန် ကို တောင့်တလျက် သခင်ဘုရားနှင့်တွေ့ဆုံရမည့်အချိန်ကို စောင့်မျှော် ငံ့လင့် တောင့်တ နေသော သူ တို့အားဓမ္မသရဖူ - (crown of righteousness) ကိုပေးမည်ဟု ကတိ ပေးထား ပါ သည်။
           မှတ်ချက်။ ။ “သခင်ယေရှုကြွလာတော်မူပါ” ဟု ရှင်ယောဟန် ကြွေးကြော်ခဲ့သည်မှာ အံ့သြစရာရှိပါသလား
၈။         ချီဆောင်ခြင်းတွင် မည်သည့်အဖြစ်အပျက်များ ပါဝင်သနည်း။
            က။        ခရစ်တော်သည်မိမိ၏အနန္တတန်ခိုးတော်အားဖြင့်
                        (၁)        သေမင်းအပေါ်ပွဲခံတော်မူမည် (၁ ကော ၁၅း၅၅-၅၇)
                        (၂)        ပုပ်ပျက်ခြင်းတရားကို ချေဖျက်မည် (၁ ကော ၁၅း၅၃)
                        (၃)        မြေကြီး၏ဆွဲငင်ခြင်း နိယာမကိုချေဖျက်မည်။ (၁ သက် ၄း၁၅း၁၇)
            ခ။         ကျွန်ုပ်တို့၏အားနည်းသော၊ သေတတ်သော၊ ဇာတိပကတိဖြစ်သော ပုပ်ပျက်တတ်သောခန္ဓာကိုယ် သည် ထိုအခါ မပုပ်မပျက်စီးတတ်သော၊ ၀ိညာဉ်ပကတိဖြစ်သော၊ တန်ခိုးနှင့်ပြည့်စုံသော မသေ တတ်သော ကိုယ်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွားပါမည်။ (၁ ကော ၁၅း၄၂-၅၄။ ဖိ ၃း၂၁ စသည်ကို ဖတ်ပါ။
            ဂ။         ကျွန်ုပ်တို့သည် ခရစ်တော်ကို ကိုယ်တိုင် တွေ့မြင်ရသည်သာမက ကိုယ်တော်နှင့်တူသောအဖြစ်သို့ ပြောင်းလဲသွားကြမည်။ (၁ယော ၃း၂။ ယု ၂၄။ ဖိ ၃း၂၁ စသည်)        
            ဃ။        ကမ္ဘာမြေပြင်မှမိုးတိမ်တိုင် အာကာသ၌ချီဆောင်ခြင်းခံရမည်။ (၁ သက် ၄း၁၆-၁၇)
            င။         ခရစ်တော်နှင့်ကောင်းကင်နိုင်ငံတော်၏ဘုန်းအသရေတော်ကို အမွေခံကြရမည်။ (ရော ၈း၁၇-၁၈။ ၁ ပေ ၄း၁၃။ ၅း၎။)
၉။         နောက်ဆုံးတိုက်တွန်းနှိုးဆော်ခြင်း။
            က။        ဤကြီးမားသောလုပ်ရပ်သည် ယုံကြည်သူအား မည်ကဲ့သို့ပြောပါသနည်း။
                        (၁)        သက်သာနှစ်သိမ့်ခြင်းရှိလော့ (၁သက် ၄း၁၈)
                                    -           ခရစ်တော်ကို ကျွန်ုပ်တို့မြင်ရသောအခါ အရာရာသည် ထိုက်တန်နေပါလိမ့်မည်။
                                -           ခရီးလမ်းဆုံးသို့ရောက်သောအခါ ခရီးလမ်း၌ ပင်ပန်းခဲ့သမျှသည် ဘာမျှမဟုတ် သကဲ့သို့ဖြစ်လာပါမည်။
                    (၂)        မြဲမြံခိုင်ခံ့သောစိတ်ရှိလော့ (ဟေ ၆း၁၉၊ ၁ သက် ၅း၆)
                                -           အားမငယ်နှင့်၊ ရပ်စဲခြင်းမပြုနှင့်၊ သံသယမရှိနှင့်။
                                -           အသက်တာ၏မုန်တိုင်း မွေနှောက်နေစဉ် ဤမျှော်လင့်ခြင်းသည် သင့်အတွက် ကျောက်ဆူးဖြစ်စေပါ။
                    (၃)        သတိနှင့်စောင့်နေလော။ (မဿဲ ၂၅း၁၃။ ၁ သက် ၅း၆)
                                -           ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသမျှကို သတိပြုပါ။ အမှုတော်ဆောင်နိုင်ရန် အခွင့် အလမ်းကိုစောင့်ပါ။
                                -           ငါပြန်၍ မလာမီတိုင်အောင် ပြုလော့ (လု ၁၉း၁၃)
                                (၄)        သီးသန့်ထားသောအသက်တာ (Separate) သန့်ရှင်းသောအသက်တာ အညစ်အကြေး ကင်းသောအသက်တာကို အသက်ရှင်လော့။
                                            (တိ ၂း၁၁၊ ၁၃။ ၁ ယော ၃း၃)၊ မသန့်ရှင်းသောအပြစ်များကိုစွန့်ပစ်လော့။ မသန့်ရှင်းသော အဆက်အနွယ်အားလုံးဖြတ်ပါ။ လောကထဲမှထွက်လာပါ။ သခင်ယေရှုကြွလာတော်မူ သောအခါ သင့်ကို မတွေ့စေလိုသောနေရာ၊ သင်ပြောသည်ဟုမကြားလိုသောစကား၊ သင် လုပ်သည်ဟု မထင်စေလိုသောအလုပ် စသည်များအားလုံးကို ရှောင်ပါ။
                    ခ။         နောက်ဆုံးအခြေအနေဖြင့် မယုံကြည်သောသူတို့အားမည်သို့ပြောပါသနည်း။
                                ၁။         ဘုရားသခင်နှင့်တွေ့ခြင်းငှာပြင်ဆင်ပါ (အာမုတ် ၄း၁၂)
                                ၂။         သင်၏အပြစ်ကိုနောင်တရပါ။ (လု ၁၃း၃)
                                            လွှဲကြလော့၊ အဘယ်ကြောင့်အသေခံလိုကြသနည်း။ (ယေဇကျေလ ၃၃း၁၁)
                                ၃။         ထာဝရဘုရားသခင်ကို ယခုပင်ရှာကြလော့။ (ဟေရှာ ၅၅း၆)
                                ၄။         သင်၏စိတ်နှလုံးကို မခိုင်မာစေပါနှင့် (ဟေဗြဲ ၃း၁၃)
                                            အချိန်သည် တရွေ့ရွေ့ကုန်လွန်လေပြီ။ မလွဲမရှောင်နိုင်သောအမှုအတွက် ပြင်ဆင်ပါ။
                                            ကမ္ဘာမြေကြီး ရေလွှမ်းမိုးခဲ့သည်ကို သတိပြုပါ။ (ကမ္ဘာဦး ၇)
                                            မိုက်သော သတို့သမီးတို့ကို သတိပြုပါ။ (မ ၂၅း၁-၁၃)
                                            သတိမမူသောအပြစ်ကို မကျူးလွန်ပါနှင့်။ ကမ္ဘာလောကကြီးဟူသောသင်္ဘောသည် နစ်လု ပြီ။ ခရစ်တော်တည်းဟူသော အသက်ကယ်လှေသို့ ၀င်ပါ။

“သင်တန်းသားတိုင်းဖြေဆိုရန်မေးခွန်းများ”
(အဖြေကိုပေးထားသောစာရွက်တွင်ဖြေပါ)
၁။         ဤသင်ခန်းစာတွင် သင်ခန်းစာ၏တန်ဘိုး၊ သင်ခန်းစာ၏အရေးကြီးသောအချက်ဖြစ်မည်ဟုသင်ယူဆသော အချက်များကိုလိုရင်းရေးပါ။
၂။         “အသင်းတော်”ဟူသောစကားလုံးကို အနက်ဖွင့်ပါ။ ဓမ္မသစ်ကျမ်းတွင် အသင်းတော်ကို နှစ်မျိုးဖော်ပြထားရာ ကျမ်းညွှန်းများဖြင့် ဖြေပါ။
၃။         ဘုရားသခင်သည် ယနေ့တွင်လောက၌အဓိကအားဖြင့်မည်သည့်အမှုကိုပြုနေသနည်း။
၎။         တပါးအမျိုးသားအတွက်ပြည့်စုံခြင်းဆိုသည်မှာအဘယ်နည်း။
၅။         အသင်းတော်၏မျှော်လင့်ခြင်းသည် ယုဒလူတို့၏မျှော်လင့်ခြင်းတပါးအမျိုးသားတို့၏မျှော်လင့်ခြင်းနှင့် မည်သို့ ကွာခြားသနည်။
၆။         RAPTURE ဟူသောစကားအရင်းအမြစ်ကိုဖော်ပြလျက် အသင်းတော်နှင့်ပတ်သက်၍ မည်သို့ ဆိုလိုကြောင်း ဖော်ပြပါ။
၇။         ခရစ်တော်၏တရားပလ္လင် BEAMA ဆိုသည်မှာအဘယ်နည်း။ မည်သည့်အချိန်တွင်ပေါ်လာမည်နည်း။ ကျမ်းညွှန်းဖြင့်ပြပါ။
၈။         သခင်ဘုရား၏နေရပ်တွင်သက်သာသောနမ်တိမြို့သားယုံကြည်သူများပါဝင်ခြင်းမရှိကြောင်းပေါလုသည်မည် သို့နှစ်သိမ့်သနည်း။
၉။         သခင်ဘုရား၏ -“နေ့ရက်”သည် “ခရစ်တော်၏နေ့ရက်” နှင့်မည်သို့ကွာခြားပါသနည်း။
၁၀။       သက်သာလောနိတ်သြ၀ါဒစာ ထူး စာစောင် ၂း၃ နှင့် သက်သာလောနိတ်သြ၀ါဒစာစောင်ဒုတိယစာစောင် ၂း၆-၈ တို့ကို နှိုင်းယှဉ်ကြည့်သောအခါမည်သည့်တူညီမှုသို့မဟုတ်အလားတူဖော်ပြမှုများကိုတွေ့ရပါသနည်း။
၁၁။       အသင်းတော်သည်ဘေးဒဏ်ကြီးကာလကိုဖြတ်သန်းသွားမည်မဟုတ်ကြောင်းသင်မည်ကဲ့သို့ဖော်ပြမည်နည်း။ ကျမ်းညွှန်းပြပါ။
၁၂။       “ချီဆောင်ခြင်း” နှင့် “ဒုတိယကြွလာခြင်း” တို့၏ကွားခြားမှုအနည်းဆုံး (၆)ချက်ကိုဖော်ပြပါ။
၁၃။       ခရစ်များအနေဖြင့်ဤအဖြစ်အပျက်ပေါ်ထားရှိရမည့်သဘောထားလေးချက်ကိုဖော်ပြပါ။ ကျမ်းညွှန်းရေးပါ။
၁၄။       ချီဆောင်ခြင်း တွင်ဖြစ်ပေါ်လာမည့်ဖြစ်စဉ်အနည်းဆုံးသုံးခုကိုရေးပါ။ ကျမ်းညွှန်းပြပါ။
၁၅။       ချီဆောင်ခြင်းသည် သင့်အတွက် မည်သို့ဖြစ်ကြောင်း ဤသင်ခန်းစာကို အခြေခံလျက် ရေးပါ။
၁၆။       ခရစ်တော်အမှန်ပြန်လာမည့်အကြောင်းအရာနှင့်ပတ်သက်၍သန့်ရှင်းသူတို့အားလည်းကောင်း အပြစ်သားတို့ အားလည်းကောင်း သင်သည်မည်သို့တိုက်တွန်းမှုပေးနိုင်ပါသနည်း။ ကျမ်းညွှန်းဖော်ပြပါ။

LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)                              
Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support