HCF
HCF MYANMAR IN SINGAPORE
Monday, August 26, 2013
စာတန်၏ နံပါတ်တစ်ပစ်မှတ်
                                                         Lesson 8
            စာတန်သည် လူငယ်လူရွယ်များအား အဓိကချိန်ရွယ်ထားပြီး စာတန်၏အဓိကပစ်မှတ်များထဲ၌ ထိပ်ဆုံးတွင် တည်ရှိသည်။ စာတန်က သင့်အား အသေရရ၊ အရှင်ရရ ဖမ်းဆီးလိုသည်။ ကျွန်ုပ်တို့က ““သခင်ယေရှုက ဘယ်သူလဲ ဆိုတာကို လူတိုင်းသိသင့်သည်။”” ဟုသီချင်းဆိုကြသည်။ သိလည်းသိသင့်ပါ သည်။ သို့သော် စာတန်က ဘယ်သူလဲ ဆိုတာကိုလည်း လူတိုင်းသိသင့်ပါသည်။
လူများစွာတို့သည် စာတန်ဟု အမည်ရသော ၀ိညာဉ် ပုဂ္ဂိုလ် အမှန်တကယ်ရှိသည်ကို မယုံကြည်ကြပါ။ ဟာသ တစ်ခု အနေဖြင့်ပင် သတ်မှတ်လိမ့်မည်။ ဤသို့ မယုံကြည်ခြင်း၌ စာတန်လောက် မည်သူမျှ ၀မ်းမမြောက်နိုင်ပါ။ သူ၏အဓိက တာဝန်မှာ လူများအား လှည့်ဖျားရန်ဖြစ်ပြီး သူ၏တည်ရှိမှုကို လူများက မယုံကြည်သောကြောင့် သူ့အတွက်လုပ်ရကိုင်ရ ပိုလွယ်သွားသည်။ ကျွန်ုပ်တို့သည် ဤမေးခွန်းအား မေးနိုင်သည်။ စာတန်ဟူသောပုဂ်္ဂိုလ် အမှန်တကယ်မတည်ရှိပါက၊ သူ့အလုပ်ကို မည်သူက လုပ်ဆောင် ပေးသနည်း။ ကျမ်းစာ၌ ထို ပုဂ်္ဂိုလ်အား စာတန်ဟု ၃၉ ကြိမ်တိုင်တိုင် ခေါ်ဆိုထားပြီး ““မကောင်းဆိုးဝါး”” ဟု ၄၈ ကြိမ်တိုင်တိုင် ခေါ်ဆိုထားသည်။
ခေတ်ကာလ အဆက်ဆက်ရှိ တိုက်ပွဲ
            မူလအစ၌ စာတန်အား လူစီဖာ အမည်ရသောကောင်းကင်တပါးအနေဖြင့် ဖန်ဆင်းခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သမျှသော ကောင်းကင်တမန်တို့တွင် သူသည် ဥာဏ်ပညာအရှိဆုံး၊ အလှဆုံး နှင့် တန်ခိုး အကြီး ဆုံးဖြစ်သည်။ ထင်ရှားစွာပင် သူသည် အခြားကောင်းကင်တမန်များထက် သာလွန် ကောင်းမွန်ခဲ့သည်။ လူစီဖာ သည် အချိန်အတန်ကြာ သူ့နည်းသူ့ဟန်ဖြင့် ပြီးပြည့်စုံခဲ့သည်။ သို့သော် မာန် မာနသည် သူ့နှလုံးသားအတွင်းသို့ ၀င် ရောက် လာခဲ့သည်။ သူသာ ဘုရားဖြစ်သင့်သည် ဟု ဆုံးဖြတ်ခဲ့သည်။ သူ့နှလုံးသားအတွင်း၌ ဤသို့ကြံစည်ခဲ့သည်။ ““ကောင်းကင် ပေါ်သို့ ငါတက် မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ ...”” (ဟေရှာယ ၁၄း ၁၃)
            စာတန်သည် သူ၏ဖန်ဆင်းရှင် ဘုရားကို ပုန်ကန်ခဲ့သည်။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန် ၃ပုံ ၁ပုံသည် စာတန် နောက်လိုက်ပြီး ဘုရားသခင်အား ပုန်ကန်ခဲ့သည်။ ထိုအချိန်မှစ၍ ယခုတိုင်အောင် စာတန်နှင့် သူနောက်လိုက်များ သည် ဘုရားသခင်နှင့်လူသားမျိုးနွယ်ကို အဆက်မပြတ် တိုက်ခိုက်လျက်ရှိသော ရန်သူများပင်ဖြစ်သည်။ စာတန်နှင့် သူ့နောက်လိုက်များသည် နောက်ဆုံး၌ သူတို့ဘ၀ဟာ မီးအိုင် အတွင်း၌အဆုံးသတ်ကြမည်ကို သိပြီး ထိုအိုင်အတွင်း၌ နေ့ရော ညပါ နှိပ်စက်ခံရမည်ကိုလည်း သိကြသည်။ ထိုကြောင့် သူတို့သည် သူတို့ခေါ်နိုင်သမျှသော လူတို့ကို သူတို့နှင့် အတူ ခေါ်သွားလိုသည်။
            အစအဦးသောအချိန်များ၌ပင် စာတန်သည် လူများအားလှည့်ဖျားပြီး သတ်ဖြတ်နေခဲ့သည်။ ယေရှု က ““... မာနတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သော ရန်သူဖြစ်၏။... မုသာစကား၌ ကျင်လည် သောသူဖြစ်၏။ မုသာ၏ အဘလည်းဖြစ်၏။”” ဟုဆိုသည်။ (ယော ၈း ၄၄) စာတန်သည် သင့်အားလှည့် ဖြားလိုပြီး သတ်ဖြတ်လိုသည်။ ကျမ်းစာက ““သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်း ဟူသောစာတန်သည် ဟောက်သော ခြင်္သေ့ ကဲ့သို့ အဘယ်သူကို မျိုရမည်နည်း ဟုလှည့်လည် ရှာဖွေလျက်ရှိ၏။”” ဟုဆိုသည်။ ၁ပေ ၅း ၈
            ခေတ်ကာလအဆက်ဆက်ရှိတိုက်ပွဲသည် လူအားလုံးအတွက် တနည်းအားဖြင့် လူအားလုံး၏ စိတ်နှင့် စိတ်ဝိညာဉ်များ အတွက် မပြီးဆုံးသေးသည့် တိုက်ပွဲဖြစ်သည်။ ဤကမ္ဘာမြေသည် ကလေးကစားကွင်း မဟုတ်ပါ။ စစ်မြေပြင်ပင်ဖြစ်သည်။ စာတန်၏မုသားများနှင့် ဘုရားသခင်၏အမှန်တရားကြားထဲရှိ တိုက်ပွဲ ဖြစ်သည်။ ကျမ်းစာက စာတန်အား ““ဤကမ္ဘာ မြေ၏အရှင်သခင်”” ဟုခေါ်သည်။ အကြောင်းမှာ သူသည် မာန်မာန၊ လောဘကြူးမှု၊ ရမ္မက်အပေါ်တွင် အခြေတည်ထားသော ဤ လောကီရေးရာစနစ်၏နောက်ကွယ်မှ မမြင်ရသော အုပ်စိုးသူဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် သူ၏မုသားများဖြင့် လူများ၏စိတ်ကို အမှောင်ကျစေခြင်းမှာ လူတို့အား သူနှင့်အတူ မီးအိုင် အတွင်း သို့ ကျရောက်စေရန် ဖြစ်သည်။
            စာတန်က ဤစကြာဝဠာကြီးသည် မတော်တဆဖြစ်တည်လာပြီး ဘုရားသခင်မရှိ ဟုပြောခြင်းအားဖြင့် လူများ အား လှည့်ဖျားသည်။ သမ္မာတရားမှာ ဘုရားသခင်သည် စကြာဝဠာကြီးအား ဖန်ဆင်းခဲ့သည်။ ကျမ်းစာက စကြာဝဠာကြီး မည်သို့ဖြစ်တည်လာသည်ကို တစ်ခုတည်းသော အံ့သြတုန်လှုပ်ဖွယ် ဤစာကြောင်း တစ်ကြောင်းတည်းဖြင့် ဖော်ပြထား သည်။ ““အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီး ကိုဖန်ဆင်းတော်မူ၏။”” ကမ္ဘာ ၁း ၁
            ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မယုံကြည်ချင်သောသိပ္ပံပညာရှင်များသည် “Big Bang”  သီအိုရီကို သင်ကြားကြသည်။ ဤသီအိုရီအရ အဆုံးအစမရှိ ကျယ်ဝန်းရှုပ်ထွေးလှသော ဤစကြာဝဠာကြီးသည် အာကာသ ဟင်းလင်းပြင်၌ စကြာဝဠာဓာတ်ကြီးတစ်ခု “cosmic material”  ကြီးမားစွာပေါက်ကွဲမှုကြောင့် မတော်တဆ ဖြစ်တည် လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ဤသီအိုရီက မည်သည့်သိပ္ပံပညာရှင်မှ မဖြေနိုင်သောမေးခွန်း နှစ်ခုအား ချန်ထားရစ်ခဲ့သည်။ စကြာဝဠာ ဓာတ်ကြီး“cosmic material”  က ဘယ်ကဖြစ်လာသနည်း? ““အဆမတန်ကြီးမားစွာ ပေါက်ကွဲမှုအား မည်သည့်အရာက ဖြစ်စေခဲ့ သနည်း။””  
            ကျမ်းစာက ““ဘုရားသခင်မရှိ ဟု မိုက်သောသူသည် ထင်တတ်၏။”” ဟုဆိုသည်။ ဆာ ၁၄း ၁။ ကျမ်းစာထဲ တွင် ဖော်ပြထားသော ““လူမိုက်”” (Fool)  ဟူသောစကားလုံးသည် ဥာဏ်ရည် မပြည့်ဝသူ ကို ဆိုလိုခြင်း    မဟုတ်ဘဲ ဘုရား သခင် မရှိသလိုမျိုး ရိုင်းပြမောက်မာစွာ၊ မာန်မာနကြီးစွာ၊ တကိုယ်ကောင်းဆန်စွာ အသက်ရှင်နေသူကို ဆိုလိုသည်။
            စာတန်၏နောက်ထပ်လိမ်ညာမှုတစ်ခုမှာ လူသားသည် တစ်ခုတည်းသော သက်ရှိဆဲလ်တစ်ခုမှ အဆင့်ဆင့် ပြောင်းလဲ တိုးတက်ကာ လူသားအဖြစ် ဖြစ်တည်လာခြင်းဖြစ်သည် ဟုဆိုခြင်းပင်ဖြစ်သည်။ သမ္မာတရားမှာ လူသားကို ဘုရားသခင်က သူ၏ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်းပင်ဖြစ်သည်။ ကျမ်းစာက ““ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမ ကိုဖန်ဆင်းပြီးလျှင်”” ဟုဆိုသည်။ ကမ္ဘာ ၁း ၂၇
            လူ့ကိုယ်ခန္ဓာသည် ကမ္ဘာပေါ်၌ အထူးခြား၊ အကောင်းမွန်ဆုံးနှင့် အံ့ဖွယ်အကောင်းဆုံး အရာတစ်ခု ဖြစ်သည်။ စကြာဝဠာ အား ဖန်ဆင်းရန်အတွက် ဘုရားသခင်သည် စကားသာပြောရပြီး ထိုအရာသည် ဖြစ်တည်လာခဲ့သည်။ လူကိုယ်ခန္ဓာသည် ဘုရားသခင်၏ဖန်ဆင်းခြင်းဖြစ်ရုံမျှမက ဘုရားသခင်၏ လက်တော်နှင့် တိုက်ရိုက် ဖန်ဆင်းထားခြင်း ဖြစ်သည်။ ကျမ်းစာက ““ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင် သောသတ္တ၀ါဖြစ်လေ၏။”” ဟုဆို သည်။ ကမ္ဘာ ၂း ၇ ဒါဝိဒ်မင်းကြီးက ““အကျွန်ုပ် သည် ကြောက်မက် ဖွယ်ကောင်းသော လက္ခဏာ၊ ထူးဆန်းသောလက္ခဏာနှင့် ပြည့်စုံသည်ဖြစ်၍”” (ဆာလံ ၁၃၉း ၁၄) ဟုဆိုခဲ့သည်။
            လူသားမျိုးနွယ်အား လှည့်ဖျားရန်အတွက် စာတန်အသုံးပြုခဲ့သော မုသားကြီးများထဲတွင် ဆင့်ကဲ ဖြစ်စဉ် သီအိုရီသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ဤသက်သေ မပြနိုင်သော သီအိုရီသည် ဘုရားသခင်အား လုံးဝ ချန်လှပ် ထားခဲ့ပြီး ကျွန်ုပ်တို့ကျောင်းများ၊ တက္ကသိုလ်များ၌ပင် အချက်အလက်တစ်ခုအနေဖြင့် သင်ကြားလျက်ရှိသော သီအိုရီတစ်ခု ဖြစ်ပြီး တကမ္ဘာလုံးနီးပါး၌လည်း သင်ကြားလျက်ရှိသည်။ ထပ်မံ၍ မည်သည့်သိပ္ပံပညာရှင်မှ မဖြေနိုင်သောမေးခွန်းမှာ ““ပထမဆုံး သက်ရှိဆဲလ်က ဘယ်ကလာသနည်း။””
            ယနေ့ခေတ်ကာလ ယဉ်ကျေးမှုရှိ လူငယ်အများစုက တိကျသောကိုယ်ကျင့်တရားဆိုင်ရာ သမ္မာ တရားမရှိ ဟု ယုံကြည်ထားကြသည်။ သူတို့က လူတဦးစီတိုင်းသည် မိမိနှစ်သက်ရာ၊ မိမိကမှန်သည် ဟုထင်သော ဘယ်အရာကိုမဆို လုပ်ရန် အခွင့်အရေးရှိသည် ဟု တရားသေယုံကြည်ထားကြသည်။ ယနေ့ခေတ်ယဉ်ကျေးမှု၌ ဤအရာကို လက်မခံခြင်း သည် ခွင့်မလွှတ်နိုင်သောအပြစ်တစ်ခုဖြစ်ပြီး သင်သည် ထိုအရာကို သဘောမတူပါက၊ သည်းခံ နားလည်တတ်မှု မရှိသောသူ ဟူ၍ထင်ခြင်းခံရမည် ဖြစ်သည်။
            သို့သော် ဘုရားသခင်သည် ကိုယ်ကျင့်တရားနှင့်ပြည့်စုံသောဘုရားဖြစ်သည်။ ပညတ်တော် ဆယ်ပါးနှင့် ကျမ်းစာ ထဲရှိ အခြားပညတ်ချက်များထဲတွင် ဘယ်အရာကမှန်သည်၊ မှားသည်ကို ဘုရားသခင်က ကျွန်ုပ်တို့အား ပြောပြထားသည်။ အခြားဘုရားများအား ကိုးကွယ်ခြင်း၊ ရုပ်တုများအားပြုလုပ်ခြင်း၊ မိဘကို မရိုသေခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ ခိုးဝှက်ခြင်း၊ ကိုယ်ကျင့်တရားဖောက်ပြားခြင်း၊ လိမ်ညာခြင်းနှင့် အခြားသူတဦးပိုင်ဆိုင်သော အရာကို တပ်မက်ခြင်းသည် မှားယွင်းသည်ဟု ဘုရားသခင် ပြောထားသည်။
            ဤသမ္မာတရားသည် အချိန်ကာလတိုင်း၌ နေရာအသီးသီးရှိ လူအားလုံးနှင့်သက်ဆိုင်သော တကမ္ဘာလုံးဆိုင်ရာ သမ္မာတရားဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ပြောထားသည်ကို ပမာ မခန့်ပြု၍ လျစ်လျူရှုနိုင်သော်လည်း ဘုရား သခင် ရှေ့၌ မတ်တပ်ရပ်ရသောနေ့တွင် ကျွန်ုပ်တို့သည် သူ့ နှုတ်ကပတ်တော်၏တရားစီရင်ခြင်းကို ခံရကြမည် ဖြစ်သည်။
            ထူးဆန်းစွာပင် လူငယ်များစွာတို့သည် အထူးဆန်းဆုံး မုသားစကားတစ်ခုကို ယုံကြည်ကြသည်။ သူတို့က တစုံတခုကိုယုံကြည်လျှင် ထိုအရာသည် သူတို့အတွက် အစစ်အမှန်ဖြစ်လာသည် ဟုထင်ကြသည်။ ကိုယ်ကျင့်တရား ဆိုင်ရာ သမ္မတရားကို ယုံကြည်ရန်အတွက် မရွေးချယ်မချင်း၊ ထိုတရားသည် သူတို့အတွက် အစစ်အမှန်မဖြစ်လာပါ ဟု သူတို့က ယုံကြည်ကြသည်။ သို့သော်လည်း မုသားတစ်ခုကို ယုံကြည်ခြင်းအားဖြင့် ထိုမုသားကို လူတိုင်းအတွက် အစစ်အမှန်ဖြစ်လာအောင် မပြုလုပ်နိုင်ပါ။ သမ္မာတရားကို မယုံကြည်ခြင်းသည်လည်း သမ္မာတရားအား ထိခိုက်စေလိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်က ““ကျွန်ုပ် ကမ္ဘာ့ ဆွဲအား နိယာမကိုမယုံကြည်ဘူး။”” ဟုပြောနိုင်သည်။ သို့သော် ကျွန်ုပ်သည် ဆယ်ထပ်တိုက်ပေါ်မှခုန်ချ ပါက၊ ကျွန်ုပ်ယုံသည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ကမ္ဘာ့ဆွဲအား နိယာမသဘောတရားက ကျွန်ုပ်အပေါ် တွင် သက်ရောက်မှုရှိမည် ဖြစ်သည်။
            ဘာသာတရားအားလုံးတို့သည တူညီသောဘုရားတစ်ပါးတည်းကိုသာ ၀တ်ပြုကိုးကွယ်ပြီး ဘာသာ တရား အားလုံးဟာ အတူတူပင်ဖြစ်သည် ဟုစာတန်က အခိုင်အမာဆိုသည်။ အကယ်၍ ဤသို့ဆိုခြင်းသာ မှန်ပါက သူ့ သားတော်(ယေရှုခရစ်)အား ကြောက်ရွံ့ရှက်ကြောက်ဖွယ်ကောင်းသော သေခြင်းမျိုးဖြင့် သွေးစွန်းသော ကားတိုင်ပေါ်၌ အသေခံ စေခဲ့သော ဘုရားသခင်သည် ဆိုးဝါးသောအမှားတစ်ခုကိုကျူးလွန်ခဲ့ခြင်းလော။ ဤသို့သော သေခြင်းမျိုးသည် ဆိုးဝါးလှ သောကြောင့် ခရစ်တော်သည်ပင်လျှင် ““အကျွန်ုပ်ဘုရား ကျွန်ုပ် အားဘာကြောင့် စွန့်ပစ်တော်မူသနည်း။”” ဟု အော်ဟစ် ခဲ့သည်။
            သမ္မာကျမ်းစာထဲရှိ ဘုရားတည်းဟူသော အသက်ရှင်၍စစ်မှန်သော ဘုရားတစ်ပါးတည်းသာ ရှိသည်။ သူက ““ငါမှတပါး အခြားသောဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။ ငါမှတပါး အခြားသောဘုရားမရှိ။ မြေကြီးစွန်းသားအပေါင်းတို့ ငါ့ကိုမျှော်ကြည့်၍ ကယ်တင်ခြင်း ကျေးဇူးကိုခံကြလော့။”” ဟုဆိုသည်။ (ဟေရှာယ ၄၅း ၂၁-၂၂)
            ကမ္ဘာတစ်ဝန်းရှိ ဘာသာတရားများသည် ဆင်ခြင်တုံတရားနှင့် ပြင်းထန်သောလုပ်ဆောင်မှုများကို တောင်းဆို သော ဘုရားများ ကို ကိုးကွယ်ကြသည်။ ဤဘာသာတရားများ၌ သူတို့၏ဘုရားနှင့် ပုဂ်္ဂိုလ်ရေး အရ မည်သို့ မိတ်သဟာယ ဖွဲ့နိုင်မည်ကို မတင်ပြထားပါ။
            ကျမ်းစာထဲရှိ ဘုရားသည် ချစ်ခြင်းမေတ္တာဘုရားဖြစ်သည်။ ကျွန်ုပ်တို့သည် သူ့အားချစ်ရန် ပြန် လည် တုံ့ပြန်သည် ဖြစ်စေ၊ မတုံ့ပြန်သည်ဖြစ်စေ၊ သူသည် ကမ္ဘာပေါ်ရှိ လူတစ်ဦးစီတိုင်းအား ချစ်သည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်က ကျွန်ုပ်တို့ အား သူနှင့်ပုဂ်္ဂိုလ်ရေးအရ ဆက်ဆံရေးမျိုးကို တည်ဆောက်စေလို သည်။
            ယေရှုခရစ်တော်သည် ကားတိုင်ပေါ်၌အသေခံခြင်းအားဖြင့် ကျွန်ုပ်အပေါ်တွင်ထားသော ဘုရားသခင်၏ အံ့သြဘွယ် ထာဝရကာလ ချစ်ခြင်းမေတ္တာတော်အား ဖော်ထုတ်ပြသပြီး ဤသို့သော မေတ္တာတော်ဖြင့် ချစ်ကြောင်းကို သက်သေပြသည်။ ယေရှုက ကျွန်ုပ်တို့၏အပြစ်ကြွေးကို အပြည့်အ၀ပေးချေပြီး ကျွန်ုပ်တို့၏အသက်ရှင်သော ကယ်တင်ရှင် အဖြစ် သေခြင်းမှထမြောက်လာခဲ့သည်။ သူက ““ငါသည်လမ်းခရီး၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရကြ။”” ဟုဆို သည်။ (ယော ၁၄း ၆)
            စာတန်က ယေရှုခရစ်တော်သည် လူကောင်းတစ်ဦးဖြစ်သော်လည်း၊ ဘုရားသခင်၏သားတော် မဟုတ်ဟု လူများအားယုံကြည်စေလိုသည်။ မှန်ကန်သောအချက်မှာ ယေရှုသည် ဘုရားသခင်၏သားတော် ဖြစ်ပြီး ကတိတော် ထားတော်မူသော ကယ်တင်ရှင်ဖြစ်သည့် ယေရှုပင်ဖြစ်သည်။ ယေရှုခရစ်တော်တွင် ပြိုင်ဘက်မရှိပါ။ လောကအတွင်းသို့ သူ၏ကြွလာမှုသည် အံ့သြဘွယ်ကောင်းသည်။ သူ၌အပြစ်မရှိဘဲ သူ၏အခါးသီးဆုံးရန်သူများကတောင် သူ၌ အပြစ် တစုံတခု ရှိသည် ဟူ၍ထောက်မပြနိုင်ခဲ့ပါ။ ယေရှုသည် ကတိထားတော်မူသော ကယ်တင်ရှင်အဖြစ် ဘုရားသခင် တစ်ဦးတည်းသာ လုပ်နိုင်သောအရာများကို သူ လုပ်ခဲ့သည်။ သူသည် လေနှင့်လှိုင်းများကို အမိန့်ပေးခဲ့ပြီး ထိုအရာတို့ သည် သူ့ကိုနာခံခဲ့သည်။ သူသည် လူ ၃ ဦးကိုသေခြင်းမှထမြောက်စေခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်ထက်မှ ဤသို့ နှစ်ကြိမ်ပြောခဲ့ သည်။ ““ဤသူကား၊ ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။””
            လူများအား လှည့်ဖျားရန်အတွက် စာတန်သုံးသောအခြားနည်းလမ်းတစ်ခုမှာ ယေရှုခရစ်တော်သည် သေခြင်းမှ ထမြောက်ခြင်းမရှိ ဟုပြောခြင်းပင်ဖြစ်သည်။ သို့သော် ယေရှုခရစ်တော်သည် ထမြောက်ခဲ့သော ကိုယ်ခန္ဓာအသစ်ဖြင့် သေခြင်းမှထမြောက်လာခဲ့သည်။ အဓိကဘာသာရေးများကို တည်ထောင်ခဲ့သူများ၏ ဂူသင်္ချိုင်းများသည် ထိုဘာသာဝင်များ အတွက် သန့်ရှင်းသောနေရာများပင် ဖြစ်သည်။ သို့သော် ခရစ်တော် ၏အုတ်ဂူသည် ဗလာကျင်းနေသော အုတ်ဂူဖြစ်ပြီး ခရစ်တော်သည် အသက်ရှင်နေသည်။ ခရစ်တော်သည် ထမြောက်ပြီးနောက် ရက်ပေါင်း ၄၀ ကြာ ဤကမ္ဘာပေါ်၌ ကိုယ်ထင်ပြခဲ့သည်။ သူသည် သူ၏တပည့်တော်များအား ကြိမ်ဖန်များစွာ ကိုယ်ထင်ပြခဲ့သည်။ တကြိမ်၌ လူပေါင်း ၅၀၀ သည် သူ့ကိုမြင်ခဲ့ပြီး ခရစ်ဝင် ကျမ်းများကို ရေးသားချိန်၌ သူတို့သည် အသက်ရှင်ဆဲဖြစ်သည်။
            လူသားကို ဖန်ဆင်းခဲ့ချိန်မှစ၍ နှစ်ထောင်ပေါင်းများစွာ သေခြင်းသည် အစိုးရနေခဲ့သည်။ ဤ အခြင်းအရာသည် စာတန်၏အောင်ပွဲတစ်ခုပင် ဖြစ်သည်။ ဘုရားသခင်၏သားတော်သည် ကားတိုင်ထက်၌ သေဆုံးသောအခါတွင် သူလည်းပဲ သေမင်း၏အရိပ်အောက်သို့သက်ဆင်းခဲ့ပြီး သေခြင်းက သူ့အားဝါးမြို သွားပြီဟု ထင်ရသည်။ သို့သော်လည်း မဲမှောင်သော သေမင်း၏ချောက်အတွင်းမှ လူသားခရစ်တော်သည် အောင်ပွဲခံကာ ထွက်ပေါ်လာခဲ့သည်။
            ယေရှုခရစ်တော်သည် ထမြောက်ခဲ့သောကိုယ်ခန္ဓာအသစ်ဖြင့် သေခြင်းမှထမြောက်ခဲ့ပြီး ဖြစ်သည်။ အပြစ်၊ စာတန်နှင့်သေခြင်းကို အောင်နိုင်သူအဖြစ်လည်း ထမြောက်ခဲ့ခြင်းဖြစ်သည်။ သူပြောသည့်အတိုင်း၊ သူဟာ ဘုရား ဖြစ် ကြောင်းနှင့် သူပြောသည့်အရာအားလုံးသည် မှန်ကန်ကြောင်းကို ခရစ်တော်၏ရှင်ပြန် ထမြောက်ခြင်းက သက်သေ ပြသည်။ ကျမ်းစာက ယေရှုခရစ်တ်ာသည် ““သေခြင်းမှထမြောက်တော်မူ၍ ... တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်း ဟူသော ...”” ဟုဆိုသည်။ (ရော ၁း ၁၄) ယေရှုက ““ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက် ရှင်ရကြလိမ့်မည်။”” ဟုဆိုသည်။
            စာတန်က ““သင်သည် လူကောင်းဖြစ်ပြီး ကောင်းမှုကုသိုလ် အလုံအလောက်လုပ်လျှင်၊ ဘုရားသခင် က သင့်ကို လက်ခံလိမ့်မည်”” ဟုပြောသည်။ အမှန်တရားမှာ မိမိတို့ပြုလုပ်သော ကောင်းမှုကုသိုလ်အားဖြင့် မည်သူကမှ ကယ်တင်ခြင်းမခံရနိုင်ပါ။ ကျမ်းစာက ““ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ် တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ် သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်ခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှဝါကြွား စရာအခွင့်မရှိ။”” ဟုဆိုသည်။ (ဧ ၂း ၈-၉)
            အခြားသော ဘာသာတရားအားလုံးတို့သည် လူလုပ်သောအမှုကို အဓိကထားပြောဆိုကြသော်လည်း ဘုရားသခင် အတွက် လုပ်ပေးသောအရာများအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်း ကိုမခံရဘဲ၊ ဘုရားသခင်က ယေရှုဟူသောပုဂ်္ဂိုလ်၌ ကျွန်ုပ်တို့အတွက် လုပ်ပေးသောအရာအားဖြင့် ကယ်တင်ခြင်းခံရသည်။ ကျမ်းစာက ယေရှု ခရစ်တော်သည် ““ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့၏အပြစ်များကို ဆေးကြောတော်မူ”” ဟုဆိုသည်။ (ဗျာ ၁း ၅) ဤကျမ်းပိုဒ်သည် ကျွန်ုပ်တို့၏နှလုံးသားကို ထိတွေ့မည်မှာ အမှန်ပင်ဖြစ်သည်။
            စာတန်က ငရဲဟူသောနေရာသည် အမှန်တကယ်မရှိဟု ထင်စေခြင်းအားဖြင့်လူများအား လှည့်ဖျားသည်။ ကောင်းကင်ဘုံသည် အစစ်အမှန်တည်ရှိသကဲ့သို့၊ ငရဲသည်လည်း အမှန်တကယ်ရှိသည့်နေရာ တစ်ခုဖြစ်သည်။ ဓမ္မသစ် ကျမ်းတွင် ငရဲဟူသော စကားလုံးကို ၁၂ကြိမ်တိုင်တိုင် တွေ့ရပြီး ကျွနု်ပ်တို့သည် ထိုနေရာကို မသွားရ စေရန် အတွက် သူ့အသက်ကိုစွန့်လွှတ်ခဲ့သော ကျွန်ုပ်တို့သခင်ယေရှု၏ နှုတ်ဖျားမှ ၁၁ ကြိမ်တိုင်တိုင် ထိုငရဲဆိုသော စကားလုံး ထွက်ခဲ့သည်။ ငရဲကို ကျွန်ုပ်တို့အတွက် ဖန်ဆင်းထားခြင်းမဟုတ်ဘဲ မကောင်းဆိုးဝါးနှင့် သူ၏ကောင်းကင်တမန်များ  အတွက် ဖန်ဆင်းထားခြင်းဖြစ်သည်။ ကျမ်းစာက ““ဘုရား သခင်သည် အဘယ်သူကိုမျှ မပျက်စီးစေလို”” ဟု ပြောထား သော်လည်း သူ၏မေတ္တာတော်နှင့်ကျေးဇူးတော်ကို ငြင်းပယ်ပြီး စာတန်နောက်သို့လိုက်သောသူများတို့သည် မိမိတို့ပြုသော အမှု၏အကျိုးဆက်တို့ကို ရင်ဆိုင်ရ ပေမည်။
            ငရဲကို ““မီးအိုင်”” ဟုဖော်ပြထားပြီး ခရစ်တော်ကိုမရရှိဘဲ သေဆုံးခဲ့သူများသည် ထိုနေရာ၌ထာဝရ ကာလ နေသွားကြရမည် ဖြစ်သည်။ ဘုရားသခင်က သူတို့သည် ကောင်းကင်ဘုံ၌ ထာဝရကာလနေနိုင်ရန် အတွက် ယေရှု ခရစ်တော်အားဖြင့် ထာဝရအသက်လက်ဆောင်ကိုပေးရန် ကမ်းလှမ်းထားသော်လည်း သူတို့သည် ယေရှုကို လက်မခံခဲ့ပါ။ ထိုသူတို့၏မဖော်ပြနိုင်သော ၀မ်းနည်းကြေကွဲမှုသည် သူတို့ငရဲသို့ ရောက် သွားချိန်၌ ဖြစ်ပေါ်လာမည် ဖြစ်သည်။
            သဘာဝထက်လွန်ကဲသောအရာများကို ရယူရန်ဆန္ဒပြင်းပြနေသောလူငယ်လူရွယ်များသည် စုန်း ကဝေပညာ၊ နတ်ပွဲများ၊ နက္ခတ်ပညာ၊ ဗေဒင်ပညာနှင့် ၀ိညာဉ်ကမ္ဘာနှင့် ဆက်စပ်မှုရှိသော စမ်းသပ်ကြည့် ကြသည်။ ဤအရာများကို လုပ်ခြင်းသည် မှားယွင်းသလော။ မှားယွင်းသည်။ ၀ိညာဉ်ကျင့်စဉ်ကို မည်သည့်ပုံစံဖြင့် ကျင့်သည်မဆို သင်သည် ၀ိညာဉ်ဆိုးများနှင့် ဆက်သွယ်၍ရသွားမည်ဖြစ်သည်။ ဘုရားသခင်က ဤအရာများကို လုပ်သောသူအားလုံးတို့သည် သူ့အတွက် ရွံရှာဘွယ်ဖြစ်သည် ဟုဆိုသည်။
            ကျွန်ုပ်တို့သည် ဘုရားသခင်အား ကျွန်ုပ်တို့ဘ၀အတွင်းသို့ဝင်ရောက်ရန် ဖိတ်ခေါ်မှသာ၊ သူသည် ၀င်ရောက်မည် ဖြစ်သကဲ့သို့ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စိတ်နှလုံးတံခါးကို မဖွင့်မပေးချင်း၊ ၀ိညာဉ်ဆိုး များသည် ကျွန်ုပ်တို့အတွင်းသို့ ၀င်ရောက်နိုင်မည် မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့သည် ၀ိညာဉ်ကမ္ဘာနှင့် အဆက်အသွယ်လုပ်ရန် ရွေးချယ်ဆုံးဖြတ်ပါက၊ ကျွနုပ်တို့သည် ကျွန်ုပ်တို့၏ဘ၀ကို သူတို့အတွက် ဖွင့်ပေးနေခြင်းဖြစ်ပြီး သူတို့သည် ၀င်လာလိမ့်မည်။
            အံ့သြဘွယ်အမှုအားလုံးတို့သည် ဘုရားသခင်ထံမှလာသည် ဟုထင်စေခြင်းအားဖြင့် စာတန်သည် လူများအား လှည့်ဖျားသည်။ သို့သော် စာတန်တွင် ကြီးမားသည့်တန်ခိုးရှိပြီး သူသည် အံ့သြဘွယ်အမှုကြီး များကို လုပ်ဆောင်နိုင်သည်။ နောက်ဆုံးသောနေ့များ၌ ခရစ်တော်သည် ဤလောကသို့ နောက်တကြိမ်ကြွ လာမည်ဆဲဆဲအချိန်တွင် စာတန်သည် သူ၏အကောင်းဆုံးလက်ရာဖြစ်သော ““အန်္တိခရစ်””ကို စေလွှတ်မည် ဖြစ်သည်။ ဤ လူမကောင်း ဆိုးဝါးကြီး သည် စာတန်၏အားပေးအားမြှောက်ပြုမှုနှင့် ထိန်းချုပ်မှုကို အပြည့် အ၀ခံထားရသည်။ ကျမ်းစာက ထိုအဓမ္မလူသည် ““စာတန်ပြုပြင်သောအားဖြင့် မုသာနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုအမျိုးမျိုး နှင့် ၄င်း၊ လာလိမ့်မည်။”” (၂သက် ၂း ၉) ဟုပြောထားသည်။ တကမ္ဘာလုံး သူ့နောက်သို့လိုက်လာအောင် သူသည် လှည့်ဖျားလိမ့်မည်။
            သင်သည် ငရဲသို့ဖြတ်လမ်းမှသွားလိုပါက၊ ထိုဖြတ်လမ်းမှာ မူးယစ်ဆေးဝါးပင် ဖြစ်သည်။ သင်သည် ဆေးစွဲ သွား ပါက စာတန်သည် အခြားသူတဦးဦးကို အာရုံစိုက်နိုင်ပြီ ဖြစ်သည်။ အကြောင်းမှာ သင်သည် သူ၏တန်ခိုးတော်၌ ရောက်နေပြီဖြစ်သောကြောင့် ဖြစ်သည်။ မူးယစ်ဆေးဝါးသည် သင့်စိတ်နှင့် ခန္ဓာကို ဖျက်ဆီးသည်။ ကိုကိန်း (သို့) ကုတ်(ခ်) သည် မည်သည့်ပုံစံ၌မဆို သေစေနိုင်သည်။ Len Bias ဆိုသော ကောလိပ်ဘက်စကတ်ဘော ကြယ်ပွင့်တစ်ဦးသည် ကြေးစားကစားရန် တောက်ပသောအနာဂတ် ရှိသော်လည်း၊ ကိုကိန်းအား တကြိမ်တခါမျှ အလွန်အကျွံသုံးစွဲရုံမျှဖြင့် သူ၏ကြေးစားဘ၀နှင့် အသက်တာမှာ အဆုံးသတ်သွားသည်။ ထိုစဉ်က မူးယစ်ဆေးဝါးအား စမ်းသပ်ဖူးသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် နှင့်နောက်ဆုံးအကြိမ်ပင် ဖြစ်သည်။
            လူငယ်အများစုက မူးယစ်ဆေးဝါးသည် သူတို့၏စိတ်နှင့်ခန္ဓာအတွက် အလွန်အန္တရာယ်ကြီးမားသည်ဟု သိကြ သည်။ ဆေးစွဲသူ တစ်ဦးက ““မူးယစ်ဆေးဝါးကို စွဲသွားခြင်းသည် ငရဲနှင့်အနီးဆုံးနေရာသို့ ရောက်သွားခြင်းဖြစ်သည် ဟုဆိုသည်။”” လူငယ်များသည် ဘာကြောင့်မူးယစ်ဆေးဝါးနှင့် ကစားကြသနည်း အများအားဖြင့် သက်တူရွယ်တူများ၏ ဖိအားကြောင့်ဖြစ်သည်။ သင်အမှန်တကယ် ဂရုမစိုက်သောသူများ၏လက်ခံမှုကိုရရန်အတွက် သင်၏အနာဂတ်နှင့် ဘ၀ကို အန္တရာယ်ကျရောက်စေခြင်းသည် သင့်လျော်သော လုပ်ရပ် မဟုတ်ပါ။
            လူငယ်များသည် သေရည်သေရက်အမျိုးအစားတစ်ခုခုကို ပို၍ပို၍သုံးစွဲလာကြပြီး ထိုအရာပေါ်တွင် မှီခို နေရ သည်။ သူတို့သည် အရက်ကို မူးယစ်ဆေးဝါဟု မသတ်မှတ်ဘဲ၊ အန္တရာယ်ရှိသည်ဟု မယုံကြည်ကြပါ။ ပညာရှင်များက သေရည်သေရက် မည်သည့်အမျိုးအစားမဆိုသည် မူးယစ်ဆေးဝါးများထဲတွင် ပျက်စီးမှု အများဆုံး ဖြစ်သောအရာဖြစ်သည် ဟုဆိုကြသည်။ သင်သည်မူးအောင်သောက်သည့် အကြိမ်တိုင်း တွင် ပျက်စီးမှုအများဆုံး ဖြစ်စေသောအရာဖြစ်သည်ဟုဆို ကြသည်။ ဆယ်ကျော်သက်မလေးတဦးက ““ကျွန်မအရက်ကို လုံးဝမကြိုက်ခဲ့ပါဘူး။ ကျွန်မနဲ့အလွန်ရင်းနှီးတဲ့ မိတ်ဆွေများ ထဲမှ နှစ်ဦးဟာ အရက်ကြောင့်ဖြစ်တဲ့ မတော်တဆမှုတွေမှာပါဝင်ခဲ့ပြီး ဆိုးဝါးစွာဒဏ်ရာရရှိခဲ့ပါတယ်။ Tom က ပထမ တစ်ဦးဖြစ် ပါတယ်။ သူဟာ Van ကားတစီးနှင့် ခေါင်းချင်းဆိုင်တိုက်မိခဲ့ပြီး သူဟာယခုအချိန်မှာ မျက်မမြင် ဖြစ်နေပြီး ဆေးရုံမှာ ၈လကြာ ကုသမှုခံယူနေပါတယ်။ ကျောင်းမှာလူကြိုက်အများဆုံးဖြစ်ပြီး cheerleader   တဦးဖြစ်တဲ့ Ann ဟာ သစ်ပင်နဲ့ခေါင်းချင်းဆိုင်တိုက်မိပြီး Coma ဖြစ်နေတာ နှစ်လကျော်ပါပြီ။ အဆိုးဆုံးကတော့ ဘယ်သူကမှ အရက်သောက် ခြင်း ကို မရပ်တန့်ကြပါဘူး။
            ထင်ရှားသည့်အချက်မှာ အသင့်အတင့်သာသောက်သူတောင်မှ သူသောက်သည့်အကြိမ်တိုင်းတွင် ပြန်လည် အစားထိုး၍ မရနိုင်သော ဦးနှောက်ဆဲလ်များအချို့ပျက်စီးခြင်းကို ခံစားရမည်ဖြစ်သည်။ သင်နှင့် အတူ သောက်ချင်သူများ အား NO ဟုပြောနိုင်ရန်အတွက် နည်းလမ်းကောင်းတခုမှာ ဤသို့ပြန်ပြောခြင်းပင် ဖြစ်သည်။ ““ကျွန်တော် မသောက်တတ် ပါဘူး။ အရက်သောက်တာဟာ ပညာရှိတဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ မမြင်ဘဲ ကျွန်တော့်မှာရှိတဲ့ ဦးနှောက်ဆဲလ် အားလုံးကိုလည်း ကျွန်တော်လိုအပ်ပါတယ်။””
            ဆေးလိပ်သောက်ခြင်းဟာ OK ပါသည်ဟု ပြောခြင်းအားဖြင့် စာတန်က လူများအား ဖြားယောင်း လေ့ရှိသည်။ သို့သော် နီကိုဒင်းသည် အလွန်အမင်းစွဲစေသော မူးယစ်ဆေးဝါးတခုဖြစ်သည်။ ဤအရာက သင့်အားအရက်နှင့်အခြား မူးယစ်ဆေးဝါးများ စွဲစေသည်ထက် သာ၍ စွဲညိစေလိမ့်မည်။ လူအများစုအတွက် အရက်နှင့် မူးယစ်ဆေးဝါးများကို ဖြတ်ရန်ထက် ဆေးလိပ်ကိုဖြတ်ရန်သာ၍ ခက်ခဲသည်။ နီကိုဒင်းစွဲသူ တဦးဖြစ်လာရန်အတွက် ရိုးရှင်းသောအဆင့် ၃ဆင့်သာ လိုသည်ကို သိသင့်သည်။
            ပထမဆုံးအဆင့်မှာ စီးကရက်ကိုသောက်ရန် ကြိုးပမ်ခြင်းပင်ဖြစ်သည်။ စီးကရက်သည် အရသာ ဆိုးသော်လည်း၊ သင်စသောက်ပါက၊ စီးကရက်သောက်သူလူစု၏ လက်ခံမှုကိုရရှိမည်ဖြစ်သည်။ ဒုတိယ အဆင့်မှာ ဆေးလိပ်ကို ပါတီပွဲများ၊ ချိန်းတွေ့ချိန်များ၌ အခါအားလျော်စွာသောက်သုံးခြင်းပင် ဖြစ်သည်။ အခြားသူများက မီးညှိသောအခါ၊ သင်ကလည်း မီးညှိသည်။ တတိယအဆင့်မှာ သင်သည်စည်းကျော်ပြီး အမာခံဆေးလိပ်သောက်သူတဦး ဖြစ်လာခြင်းပင်ဖြစ်သည်။ သင်သည်ချိတ်မိသွားပြီးဖြစ်သည်။ စီးကရက် ကိုစမ်းသပ်သောက်သည့် ဆယ်ကျော်သက်အများစုသည် ၁၂ မှ ၁၄ အရွယ်အရောက်တွင် စွဲညိသွားကြသည်။
            ဆေးလိပ်လောင်ကျွမ်းသောအခါ ဖြစ်ပေါ်လာသော ကတ္တရာဟူသောစေးကပ်သောအမဲရောင် အရည်တွင် ကင်ဆာ ဖြစ်စေနိုင်သော အဆိပ်အတောက်ရာပေါင်းများစွာ ပါသည်ဟု သိထားကြသည်။ ထိုအရာများသည် အဆုတ် အတွင်းသို့ ရောက်သောအခါ၊ အဆုတ်၌ကပ်နေကြသည်။ ဆေးလိပ်မသောက်သူ တဦး၏အဆုပ်သည် ပန်းရောင် ဖြစ်ပြီး ဆေးလိပ်သောက်သူများ၏ အဆုပ်မှာအမဲရောင်ဖြစ်နေသည်။ သင်၏အဆုပ်များသည် အမဲရောင်ကတ္တရာများဖြင့် ဖုံးအုပ် နေပါက၊ သင်သည် အားကစားသမားကောင်း တဦးဖြစ်မလာနိုင်ပါ။
            စီးကရက်ကုမ္ပဏီတစ်ခုသည် အထက်တန်းကျောင်းသားတဦးကို ဤစာတန်းတိုလေးနှင့် ဆေးလိပ် တစ်ဘူးကို လက်ဆောင်အဖြစ် ပို့ပေးခဲ့သည်။ ““ဒီဆေးလိပ်တွေဟာ သင့်အတွက်အကျိုးဖြစ်ထွန်းမယ်လို့ ကျွန်ုပ်တို့မျှော်လင့်ပါတယ်။”” တစ်ပတ်ကြာပြီးနောက် သူကဤသို့ပြန်ရေးလိုက်သည်။ ““ဆေးလိပ်တွေကို ပို့ပေးတဲ့အတွက် ကျေးဇူးပါပဲ။ ကျွန်တော့် အတွက် တကယ်အသုံးဝင်ခဲ့ပါတယ်။ ကျွန်တော်ဟာ ဆေးလိပ် တွေကို ရေထဲမှာနှစ်လိုက်ပြီး ကျွန်တော်တို့ရဲ့ သီးနှံပင်တွေ အပေါ်မှာ အဲဒီရေတွေကိုလောင်းလိုက်တဲ့အခါ၊ ဥယျာဉ်ထဲမှာရှိတဲ့ ပိုးမွှားအားလုံးဟာ သေသွားပါတယ်။””
            သင်သည် ခရစ်ယာန်တဦးဖြစ်ပါက၊ သင်၏ကိုယ်ခန္ဓာသည် ““ဘုရားသခင်၏ ဗိမာန်တော်””ဖြစ်ပါသည်။ ယေရှုခရစ်တော်ကို သင်၏ကယ်တင်ရှင်အဖြစ် ယုံကြည်လိုက်သည်နှင့်တပြိုင်နက်၊ ဘုရားသခင်သည် သင့်အတွင်း၌ လာ ရောက်နေထိုင်သည်။ သင်၏ကိုယ်ခန္ဓာသည် သင်နှင့်မသက်ဆိုင်တော့ပါ။”” မိမိတို့ ကိုယ်ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ သင်တို့သည် အဖိုးနှင့်ဝယ်ယူသောသူများဖြစ်ကြောင်းကို၎င်း၊”” ဘုရားသခင်၏ဗိမာန်တော်ကို စောင့်ရှောက်ပါ။ သင့်ကိုယ် ခန္ဓာကိုလည်း ကောင်းစွာပြုမူပါ။
            လိင်သည် အရာအားလုံးပင်ဖြစ်ပြီး လူအားလုံးကလုပ်နေကြသည်ဟု ယုံကြည်စေခြင်းအားဖြင့် စာတန်က လူများအား လှည့်ဖြားသည်။ လိင်သည် အရာရာတိုင်းမဟုတ်ဘဲ၊ လူအားလုံးကလည်း မလုပ်နေ ကြပါ။ သင်သည် ဤစည်းကို မကျော်မီ၊ သေသေချာချာနှင့်အချိန်တန်ကြာစဉ်းစားပါ။ သင်သည် လိင်ကို အိမ်ထောင်ရေးဘ၀အတွက် သီးသန့်ဖယ်ထားပါက၊ ဆန့်ကျင်ဘက်လိင်နှင့် သင်သည် များစွာသောအရာတို့၌ ၀မ်းမြောက်နိုင်သည်။ လွယ်သော မိန်းကလေးများအား ယောက်ျားများက မလေးစားပါ။ သင်သည် သူ့အားဆွဲဆောင်ရန်နှင့် ချည်ထားရန်အတွက် လိင်ကို အသုံးပြုပါက၊ သူစိတ်ဝင်စားသော သင်၏တစ်ခု တည်းသော အစိတ်အပိုင်းမှာ လိင်သာဖြစ်လိမ့်မည်။
မိန်းကလေးများ၊ သေသေချာချာ နားထောင်ကြပါ (အတွေ့အကြုံရှိသောသူတဦး၏ စကားသံ)
            ““မိန်းကလေး၊ ကျွန်မ၏စကားကို ယုံကြည်ပါ။ လိင်ကိစ္စသည် ရုပ်ရှင်တွေထဲကလို စိတ်လှုပ်ရှားဖွယ် ကောင်း သလို ကျေနပ်နှစ်သိမ့်မှု့ကိုလည်း မရစေပါ။ ဤကိစ္စသည် အသေးအမွှားကိစ္စသာဖြစ်သည်။ အမှန်မှာ ဤအရာသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသည်။ ဤလိင်ကိစ္စဟာ ဘယ်လိုပုံစံမျိုးဆိုတာကို ကျွန်မသာသိခဲ့မယ်ဆိုရင်၊ ဤကိစ္စကို လုပ်ဖို့အတွက် အချိန်ကိုစောင့်ဆိုင်းခဲ့မှာဖြစ်ပါတယ်။ ကျွန်မနဲ့ ပထမဆုံးအကြိမ်ဆက်ဆံခဲ့သူဟာ ကျွန်မသိပ်ပြီး ဂရုမစိုက် တဲ့သူဖြစ်ခဲ့ခြင်းကို ကျွန်မအမှန်တကယ် နောင်တရခဲ့ပါတယ်။ ကျွန်မဟာ သူနှင့်ဆက်တွဲဆဲဖြစ်ပြီး ဤသို့တွဲခြင်းက ကျွန်မအတွက် ပြဿနာတစ်ခု လိုဖြစ်ခဲ့ပါတယ်။ ကျွန်မဟာ ဤသို့သောဆက်ဆံရေးကို အဆုံးသတ်လိုပြီး အခြားသူများနှင့် ဒိတ်လုပ်လို သော်လည်း၊ ကျွန်မတို့နှစ်ဦးမှာ ခန္ဓာပိုင်းအရ အလွန်နီးကပ်ခဲ့ပြီးဖြစ်တာကြောင့် အဆုံးသတ်ဖို့ကိစ္စဟာ တော်တော်လေး ခက်ခဲပါတယ်။
            ပထမအကြိမ် လိင်ဆက်ဆံခဲ့တဲ့ညမှစ၍၊ ချိန်းတွေ့တဲ့အချိန်တိုင်းမှာ သူနှင့်ဆက်ဆံဖို့ သူက မျှော်လင့် ထား ပါ တယ်။ လက်ထပ်ထားတဲ့သူများကဲ့သို့ပေါ့။ ကျွန်မတို့ရဲ့ပေါင်းသင်းဆက်ဆံမှု့ တခုလုံးဟာ အိပ်ရာထဲ ၀င်လိုက် ထွက်လိုက် နဲ့ပဲ တ၀ဲလည်လည်ဖြစ်နေပါတယ်။ ကျွန်မက လုပ်ဖို့ဆန္ဒမရှိတဲ့အခါတိုင်းမှာ၊ ကျွန်မတို့ဟာ စကားများ ရန်ဖြစ်ရပါတယ်။ သူု့ကိုမပေးမဖြစ်ပေးရမယ့် ပုံပေါက်နေပါတယ်။ ဒီလူဟာ ကျွန်မကို ချစ်တယ်လို့ ကျွန်မ မထင်ပါဘူး။ အနည်းဆုံး ချစ်တယ် လို့တောင် မပြောဖူးပါဘူး။ သူ့ကိုကျွန်မ မချစ်တာကိုလည်း ကျွန်မရဲ့ အနက်ရှိုင်းဆုံးနေရာကနေ သိနေပါတယ်။ ဤသို့ သိနေခြင်းဟာ ကျွန်မအား ဈေးပေါစေပါတယ်။ မိန်းကလေးတဦးရဲ့ဘ၀မှာ ပထမဆုံးအကြိမ်ဟာ အလွန်ကြီးမားတဲ့ ခြေလှမ်းဖြစ်တာကို ကျွန်မ အခု နားလည်ပါပြီ။ သင်ဤကိစ္စကိုလုပ်ပြီးတဲ့နောက်၊ အရာရာဟာ အရင်က ကဲ့သို့ မဟုတ်တော့ ပါဘူး။ ဤသို့လုပ်ခြင်းဟာ အရာရာကိုပြောင်းလဲစေပါတယ်။ ဉဏ်ပညာရှိစွာဖြင့် သင်နှင့် တဘ၀လုံး အတူ လက်တွဲ အသက်ရှင်မည့်သူအတွက်သာ သင့်ကိုယ်ကို စောင့်ထိန်းထားသင့်ပါသည်။””
    ကျွန်မဟာ မစောင့်ဆိုင်းခဲ့တဲ့အတွက် ၀မ်းနည်းခဲ့ရပြီး ကျွန်မရဲ့အပျိုစင်ဘ၀ကို ပြန်ရပါရစေဟု ဆန္ဒပြုနေရပါတယ်။
ပညာရှိသောဆုံးဖြတ်ချက်များကို ချပါ။
            သင်သည် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ သင်ဟာအန္တရာယ်ရှိတဲ့ လောကကြီးမှာ ကြီးပြင်း နေပါ တယ်။ စာတန်အား ““ဤလောက၏အရှင်သခင်””ဟု ခေါ်ခြင်းမှာ သူသည် ကုလားကာ၏နောက်ကွယ်၌ အရာရာကို ထိန်းချုပ်နေသော မကောင်းဆိုးဝါးဖြစ်သောကြောင့်ဖြစ်သည်။ သူ၏လောကီရေးရာစနစ်များဖြင့် သင်၏စိတ်၊ ခန္ဓာ၊ ပေါင်းသင်း ဆက်ဆံရေး၊ အနာဂတ်အစီအစဉ်များနှင့် ထာဝရပန်းတိုင်တို့ကို ဖျက်ဆီးပစ်ရန်အတွက် ပုံစံသွင်းထားခြင်း ဖြစ်သည်။ ဆယ်ကျော်သက်အများစုသည် ပြသနာကိုလိုက်မရှာ ကြသော်လည်း၊ ဆုံးဖြတ်ချက်မှားများကို ချရန်မှာ လွန်စွာ လွယ်ကူသည်။ အပြစ်၏အကျိုးဆက်များသည် လူငယ်များကို မမြဲတမ်းအံ့သြစေသည်။
            သင်ဟာ ကောင်းသောဆုံးဖြတ်ချက်များအား မည်မျှပင်ပြုသည်ဖြစ်စေ၊ သင့်တဘ၀လုံး နောင်တ ရမည့်အရာများ ကို လုပ်မိရန်မှာ လွန်စွာနီးကပ်သည်။
မှားယွင်းသော ဆုံးဖြတ်ချက်များ၏ အကျိုးဆက်များ
သခင်နှင့်ဝေးရာသို့ ရောက်သွားခြင်း
မူးယစ်ဆေးဝါး၊ သေရည်သေရက်နှင့် ဆေးရွက်ကြီးကိုစွဲသွားခြင်း
အဖမ်းခံရခြင်း၊
ကိုယ်ဝန်ရလာခြင်း
ကျောင်းနေဘ၀၌ ရှုပ်ထွေးမှုများရှိလာခြင်း
AIDS သို့မဟုတ် လိင်မှတဆင့်ကူးစက်သော အခြားရောဂါများကို ရရှိခြင်း
ထ၀ရကာလအကျိုးဆက်များကို ရင်ဆိုင်ရခြင်း
            သင်သည် သင်၏အသက်တာအား မိမိကိုယ်ကိုသာ နှစ်သက်စေမည်ဟူသော မူဝါဒအရအသက်ရှင် ပါက၊ တနေ့တွင် သင် နောင်တရလိမ့်မည်။ အကယ်၍ သင်သည်ဘုရားသခင်ထံမှ ဉဏ်ပညာကိုတောင်းခံ ပါက၊ သူသည် သင့်အား လမ်းပြလိမ့်မည်။ အရေးကြီးသော ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ပထမဆုံးမေး ရမည့် မေးခွန်းမှာ ဤလိင် ကိစ္စနှင့်ပတ်သက်၍ ကျမ်းစာထဲတွင် ဘုရားသခင်က ဘာပြောထားသနည်း? ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော် ထဲ၌ သူပြောသောအရာကို ဘယ်တော့မှဆန့်ကျင်မည် မဟုတ်ပါ။ မေးရမည့် ဒုတိယမေးခွန်းမှာ ဘုရားသခင်က ကျွန်ုပ် ဤကိစ္စအား လုပ်တာကို တွေ့ချင်ပါမလား? သူမတွေ့ လိုသောကိစ္စမျိုး ဖြစ်သည်ဟု သင်ထင်ပါက ထိုကိစ္စကို မလုပ်ပါနှင့်။
            ဤသို့သော ဆုံးဖြတ်ချက်များကို ချခြင်းက သက်တူရွယ်တူများ၏ မှားယွင်းသော ဖိအားကို ရှောင်ကွင်းခြင်း ပင် ဖြစ်သည်။ သင်နှင့်သက်တူရွယ်တူများ၏ မှားယွင်းသောဖိအားများကို ကိုင်တွယ်ရန် အတွက် အကောင်းဆုံးနည်းလမ်းမှာ ပြုံး၍ ဤသို့ပြောခြင်းပင်ဖြစ်သည်။ ““အဲဒါကို လုပ်တာဟာ ကျွန်ုပ် အတွက် ပညာရှိစွာလုပ်တဲ့ကိစ္စလို့ မထင်ဘူး။”” မည်သူက ဤသို့ပြောခြင်းအား ပြန်လည်တုံ့ပြန်နိုင်မည်နည်း။
မှန်ကန်သော ဆုံးဖြတ်ချက်များ၏ ကောင်းချီးမင်္ဂလာများ
သင်လုပ်သမျှအရာအားလုံး၌ အောင်နိုင်ခြင်းကိုရသည်။
ဆေးစွဲခြင်းနှင့် အခြားအန္တရာယ်ရှိသော ဓာတ်ပစ္စည်းများစွဲခြင်းမှ ကင်းဝေးစေသည်။
AIDS နှင့် အခြားလိင်မှတဆင့်ကူးစက်သောရောဂါများကို မရစေပါ။
နာမည်ကောင်းရသည်။
အခြားသူများအပေါ်တွင် ဆွဲဆောင်မှုရှိသည်။
မေးခွန်းများ
၁။    ၀ိညာဉ်ကမ္ဘာ၌ စာတန်၊ သူ့နောက်လိုက်များနှင့် ဘုရားသခင်ကြားတွင်ကြီးမားသောတိုက်ပွဲတစ်ခု ဖြစ်နေသည်။
၂။    ဤတိုက်ပွဲမှာ လူများ၏စိတ်နှလုံးသားကို ရရန်အတွက်တိုက်ကြသော တိုက်ပွဲဖြစ်သည်။ စာတန်၏ မုသားများနှင့် ဘုရားသခင်၏သမ္မာတရားကြားရှိ တိုက်ပွဲဖြစ်သည်။
၃။    “ Big Bang” သီအိုရီက အာကာသဟင်းလင်းပြင်၌ စကြာဝဠာဓါတ်ကြီး “cosmic material”  တစ်ခု ပြင်းထန်စွာ ပေါက်ကွဲ မှုကြောင့် စကြာဝဠာကြီး စတင်ဖြစ်တည်လာခဲ့သည်ဟု ဆိုသည်။ မည်သည့်သိပံ္ပရှင်မှ မဖြေနိုင်သော မေးခွန်း (၂)ခုကို ဤသီအိုရီက ချန်ထားခဲ့သည်။
            စကြာဝဠာဓါတ်ကြီးသည် “cosmic material”   ဘယ်ကဖြစ်လားသနည်း? ကြီးမားသည့် ပေါက်ကွဲမှုကြီးအား ဘယ်အရာက ဖြစ်စေခဲ့သနည်း?
၎။    ကျမ်းစာထဲရှိ ပညတ်တော် (၁၀)ပါးနှင့် အခြားပညာတ်တော်များထဲတွင် ဘယ်ရာကမှားသည်၊ ဘယ်အရာက မှန်သည်ကို ဘုရားသခင်က ကျွန်ုပ်တို့အား ပြောပြထားသည်။ ဤအရာများသည် အချိန် ကာလအဆက်ဆက်၌ နေရာဒေသ အသီးသီးရှိ လူအားလုံးနှင့် သက်ဆိုင်သော တကမ္ဘာလုံးဆိုင်ရာ အမှန် တရားဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသောအရာများ၏ စစ်ကြောခြင်းကို ကျွန်ုပ် တို့သည် ခံရမည်။
၅။    တစုံတခုသည် မှန်ချင်မှမှန်မည်။ သို့သော်သင်သည် ထိုအရာကို ယုံကြည်လိုက်ပါက၊ ထိုအရာ သည် သင့်အတွက် အမှန် ဖြစ်လာသည်။
၆။    သမ္မာကျမ်းစာထဲရှိ အသက်ရှင်၍ စစ်မှန်သောဘုရားတပါးတည်းသာရှိသည်။ ယေရှုက ““ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက် ရကြ””ဟု ဆိုသည်။
၇။    ကျွန်ုပ်တို့ပြုလုပ်သောအရာများအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို မရဘဲ၊ သူ၏သားတော် ယေရှုခရစ်၏ နာမတော်အားဖြင့် ဘုရားသခင်လုပ်ခဲ့သောအရာအားဖြင့် ကယ်တင်ခြင်းကိုခံရသည်။ သူ (သို့) သူမ ပြုသော ကောင်းမှု ကုသိုလ်များအားဖြင့် မည်သူကမျှ ကယ်တင်ခြင်းကိုမခံရနိုင်ပါ။
၈။    စုန်းကဝေပညာ၊ နတ်ပွဲ၊ နက္ခတ်ဗေဒ၊ အနာဂတ်ဟောကိန်းထုတ်သူများနှင့် အခြားမမြင်ရသော ၀ိညာဉ်ကမ္ဘာနှင့် စပ်ဆိုင်သောအရာများကို စမ်းသပ်ခြင်းသည် မမှားယွင်းပါ။
၉။    စာတန်က အံ့သြဖွယ်အမှုအားလုံးတို့သည် ဘုရားသခင်ထံမှလာသည်ဟု ပြောခြင်းအားဖြင့် လူများအား လှည့်ဖျား သည်။ သို့သော် စာတန်တွင် ကြီးမားသည့် တန်ခိုးရှိပြီး အံ့ဖွယ်အမှုများကို လုပ်ဆောင်နိုင် သည်။
၁၀။    လိင်သည် အရာရာတိုင်းမဟုတ်ဘဲ၊ လူတိုင်းကလည်း ဤကိစ္စကို မလုပ်နေပါ။ ကောင်မလေး (သို့) ကောင်လေးတဦး၏ဘ၀၌ ပထမဆုံးအကြိမ် လုပ်ခြင်းသည် အလွန်ကြီးမားသည့် ခြေလှမ်းတစ်ခုပင်ဖြစ် သည်။ သင်သည် လုပ်ပြီးနောက် အရာရာတို့သည် အရင်ကကဲ့သို့မဟုတ်တော့ပါ။
Share:
0 comments:
Post a Comment
healthcare christian fellowship. Powered by Blogger.
လစဉ် ဝတ်ပြုရာနေရာ
JBC CHURCH 45 Thomson Rd Singapore 307584 6256 2277
ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း
ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51
New Life In Christ 3
Practical Christian Living Lesson
ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎
OVERCOMERS
Love, Dating and Marriage Lessons
ကြာသာပသေးနေညနေ ၇ နာရီ
ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)
ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ
New Life In Christ 2
My Guests
free web counter
ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)
Labels
Blog Archive
Recent Posts
Unordered List
User Online
Pages
Theme Support