HCF

HCF MYANMAR IN SINGAPORE

Wednesday, August 28, 2013

ဆုတောင်းခြင်း အဓိပ္ပါယ်၊ ရည်ရွယ်ချက်နှင့်တန်ခိုး

                                                 သင်ခန်းစာ (၂၅)

 နိဒါန်း
            ခရစ်ယာန်တစ်ဦး၏ အသက်တာတွင် ဆုတောင်းခြင်းကို တန်ဘိုးဖြတ်ရန်ခက်ခဲလှပါသည်။   ကောင်းကင်စည်း စိမ်စီးဆင်းရာ တံခါးကိုဖွင့်သော၊ သော့ချက်ဖြစ်ပါသည်။ ကျွန်ုတို့၏စိတ်ဝိညာဉ်ထဲတွင် ဘုရားသခင်ကို လှုပ်ရှားစေသော အရာလည်းဖြစ်ပါသည်။ ဆုတောင်းခြင်းသည် သန့်ရှင်းသော ၀ိညာဉ်တော်၏ တန်ခိုးတော်ကိုထွက်လာစေလျက်၊ ထိုတန်ခိုးတော်သည်လည်း၊ ဘုရားသခင်၏နှုတ် ကပါတ်တော်အား ကျွန်ုပ်တို့၏ အရိုးတွင်းချဉ်ဆီ၌ တောက်လောင်စေ ပြီးခရစ်တော်သည် ကျွန်ုတို့နှင့် အတူရှိတော်မူကြောင်းကိုအမှန်သိရှိစေပါသည်
Share:

ဓမ္မဟောင်းကျမ်း၏ပုံဆောင်ချက်များ

                                             သင်ခန်းစာ (၂၄)

နိဒါန်း
            ဤသင်ခန်းစာကို ကျွန်ုပ်ပြင်ဆင်နေချိန်တွင် Pentateuch ခေါ်မောရှေ (၅)ကျမ်း၍ ပုံဆောင်ချက် အမြောက် အများတွေ့ရှိ ရသောအခါအားတက်မိပါသည်။ တစ်ချိန်တည်းမှာပင် ထိုပုံဆောင်မှုအားလုံးကို ဤသင်ခန်းစာတွင် ထည့် သွင်းဖော်ပြနိုင်မည် မဟုတ်ကြောင်း သတိပြုမိပါသည်။ မည်သို့ပင်ဖြစ်စေယခုဖော်ပြထားသောပုံဆောင်မှုများသည် အား လုံးကိုသိလိုသော ၀ိညာဉ် ဆာလောင်မှုပေါ်ပေါက်စေမည်ဟုမျှော်လင့်ပါသည်။
Share:

သန့်ရှင်းသောဝိညာဉ်တော်(၃)

                                               သင်ခန်းစာ (၂၃)
အပိုင်း(၃)
"ယုံကြည်သောသူများနှင့် ပတ်သက်သောသူ၏ အမှုဆောင်ခြင်း၊ ၀ိညာဉ်တော်၏နှစ်ခြင်း၊   
ဝိညာဉ်တော်ဖြင့်ပြည့်ဝခြင်း နှင့် မည်ကဲ့သို့ပြည့်ဝစွာခံယူရမည့်အကြောင်း"။
နိဒါန်း
            ဤသင်ခန်းစာသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သောသင်ခန်းစာများမှနောက်ဆုံး အပိုင်းဖြစ်ပါသည်။ ဘုရားသခင်၏အမှုတော်ဆောင်ခြင်း၌သန့်ရှင်းသောဝိညာဉ်တော်ကို အထူးအလေး အနက်ထားခြင်းကြောင့်၊ သင်ကြား မှုနှင့်ပီပြင်စွာရှင်းပြနိုင်ရန်အလွန်အရေးကြီးကြောင်းကျွန်ုပ်တို့ခံ စားသိရှိရ၍ ဤသင်ခန်းစာကိုအထူးအလေးပေး ဆက် ကပ်ကြပါသည်။ သင်ခန်းစာ (၂၁)တွင် သုံးပါးတဆူ တည်းဖြစ်သော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားအစစ် အမှန် ဖြစ်ကြောင်းတင်ပြခဲ့သည်။
Share:

Tuesday, August 27, 2013

သန့်ရှင်းသောဝိညာဉ်တော်(၂)

သင်ခန်းစာ (၂၂)
အပိုင်း(၂)
ဖန်ဆင်းခြင်း၊ ဓမ္မဟောင်းကျမ်း၊ ကျမ်းစာ၊ ခရစ်တော်၏
သက်တော်စဉ်နှင့်မယုံကြည်သူများနှင့် ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်
နိဒါန်း
            သန့်ရှင်းသောဝိညာဉ်တော်၏ အကြောင်းသင်ခန်းစာ (၃)ခုတို့သည် တဆက်တည်းဖြစ်ပါသည်။ သင်ခန်းစာ (၂၁) တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်ဖြစ်လျက်တန်ခိုးတော်သက်သက်လွှမ်းမိုးခြင်းသက်သက်မဟုတ်    ကြောင်းလေ့လာခဲ့ ပြီးဖြစ်ပါသည်။ သူသည်သန့်ရှင်းသောဝိညာဉ်တော်ဘုရားဖြစ်လျက်သုံးပါးတစ်ဆူဘုရားတွင်၊ တစ်ပါး အပါအ၀င်ဖြစ်ပြီး ဘုရား ၏ဂုဏ်အင်္ဂါလက္ခဏာအားလုံးဝိညာဉ်တော်ဘုရားတွင်ရှိကြောင်းတွေ့ရှိပြီးဖြစ်ပါသည်။ ဆောင် ရွက်တော်မူချက်များနှင့် ညီစွာ အမည်အမျိုးမျိုးသမ္မာကျမ်းစာပါအမှတ်တံဆိပ်များတွေ့ရှိပြီးဖြစ်ပါသည်။
Share:

ဥာဏ်ပညာရှိစွာ ရွေးချယ်ခြင်း

                                                သင်ခန်းစာ(၁၆)                            
            ယေရှုခရစ်တော်ကို သင်၏ကယ်တင်ရှင်အဖြစ် ဆုံးဖြတ်ချက်ချပြီးနောက်၊ နောက်ထပ် သင်ယူရမည့် အရေး အကြီးဆုံး ဆုံးဖြတ်ချက်မှာ သင်၏ဘ၀အဖော်ကို ရွေးချယ်ဆုံးဖြတ်ရန်ဖြစ်သည်။ လူအချို့သည် လက်မထပ်ဘဲ နေလို ကြသည်။ ဤရွေးချယ်မှု့သည် လက်ခံနိုင်သောရွေးချယ်မှု့ပင် ဖြစ်သော်လည်း၊ လူအများစုကမူ လက်ထပ်လိုကြသည်။ လက်ထပ်ရန် လွယ်ကူသော်လည်း၊ ပျော်ရွှင်အောင်မြင်သော အိမ်ထောင်ရေးမျိုးကို ရရန်မူ ခက်ခဲသည်။ သင်သည် ““ကံကောင်း””     ထောက်မစွာဖြင့် ဤသို့သောအိမ်ထောင် ရေးမျိုးကို မရနိုင်ပါ။ အောင်မြင်သောအိမ်ထောင်ရေးမျိုးကို ရနိုင်မည့် သင်၏ အခွင့်အရေးများကို မြှင့်တင် ပေးရန်အတွက် သင်လုပ်ရမည့်အရာ အချို့ရှိသည်။
Share:

စစ်မှန်သောအချစ်ကိုပိုင်းခြားသိမြင်ခြင်း

                                                     (သင်ခန်းစာ - ၁၅)                                            
            “အချစ်””ထက်သာ၍ ရေပန်းစားသော အကြောင်းအရာအား TV နှင့် ရုပ်ရှင်များတွင် မတွေ့နိုင် ပါ။ Soap Operas  များသည် ကဗျာဆန်သောအချစ်များဖြင့် ပြည့်နှက်လျက်ရှိသည်။ လူကြိုက်များသော သီချင်း အများစု၏ အဓိက အကြောင်း အရာမှာလည်း အချစ်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအတွေးအခါ် ၏တိုက်ခိုက်ခြင်းကို အဆက်မပြတ် ခံရကြ သည်။ ““အရေးပါဆုံးတစ်ခုတည်းသောအရာမှာ အချစ်ဖြစ်သည်
Share:

ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို မည်သို့တွေ့ကြုံခံစားနိုင်မည်နည်း?

                                                     (သင်ခန်းစာ -၁၄) (အပိုင်း -၂)
            ဘုရားသခင်၏သားတော်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့်မိတ်ဖွဲ့ရခြင်းထက် သာ၍ ကျေနပ်ဖွယ်   ကောင်းသောအရာ ဤကမ္ဘာပေါ်တွင် မရှိပါ။ စကြာဝဠာကို ဖန်ဆင်းခဲ့သော ဘုရားသခင် နှင့် ပုဂိ္ဂုလ်ရေးအရ   ပေါင်းသင်း ဆက်ဆံမှုရှိခြင်းသည် သင့်ဘ၀ရှိ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးနိုင်သည်။ ယေရှုက ““ငါမူကား သိုးတို့သည် အသက် လွတ်ရုံမက၊  အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှာ လာသတည်း”” ဟုဆိုသည်။ ယော ၁၀း ၁၀
Share:

ဘုရားသခင်၏မေတ္တာတော်ကို မည်သို့တွေ့ကြုံခံစားနိုင်မည်နည်း?

                                                                    သင်ခန်းစာ- ၁၃ ( အပိုင်း ၁ )
                                                                                                                                      လူသားတိုင်း၏ အနက်ရှိုင်းဆုံးလိုအပ်ချက်များထဲမှ တစ်ခုမှာ ချစ်ခြင်းကိုခံရရန်လိုအပ်မှုပင်ဖြစ် သည်။ အထီးကျန် ၍ ချစ်ခြင်းမခံရဟု ခံစားရခြင်းဟာ ကြေကွဲဖွယ်ကောင်းသည်။ သို့သော်လည်း ကျွန်ုပ် တို့အထဲမှ အများစုသည် ထိုကဲ့သို့
တစ်ကြိမ်မဟုတ်၊ တစ်ကြိမ်တွင် ခံစားရလေ့ရှိသည်။     ဆယ်ကျော်သက် အရွယ် ကောင်မလေးတဦးက ဤသို့ ရေးခဲ့သည်။

Share:

ထောင်ချောက်တွင်း (၁၀)တွင်းနှင့် ရှောင်ရှားရန်နည်းလမ်းများ

                                                        ( သင်ခန်းစာ - ၁၂ )

လူငယ်အများစုသည် အနာဂတ်တချိန်ချိန်တွင် လက်ထပ်မည့်အကြောင်းနှင့် သာယာပျော်ရွှင်သော အိမ်ထောင် အကြောင်းကို တွေးတောစိတ်ကူးယဉ်ရန်အတွက် နာရီပေါင်းများစွာကို အသုံးပြုကြသည်။ သို့သော် သာယာပျော်ရွှင်သော အိမ်ထောင်ရေးသို့ သွားရာလမ်းတွင် ““ထောင်ချောက်တွင်း”” များစွာရှိသည်။ ““ထောင်ချောက်တွင်း”” ဆိုသည်မှာ စနစ်ကျစွာဖုံးကွယ်ထားသော ထောင်ချောက်ဖြစ်သည်။ အမြင်အားဖြင့် အန္တရာယ်မရှိဟု ထင်ရသော်လည်း၊ ထိုတွင်းအပေါ် သို့  သင်လျှောက်လှမ်းပါက၊ နက်ရှိုင်းသောတွင်းထဲသို့ ကျသွားလိမ့်မည်
Share:

ချစ်ခြင်းမေတ္တာသည် ပျော်ရွှင်ဖွယ်ကောင်းသော စိတ်ခံစားချက် တစ်ခုထက် ပိုပါသည်။

                                         ( သင်ခန်းစာ - ၁၁ )
                        သင့်ကိုသင် ဆန်းစစ်ပါ။ အောက်ပါစာကြောင်းများအား မှန်/မှား ဖြေပါ။ ပြီးနောက် ဤသင်ခန်းစာ အား ဖတ်ရှုခြင်းအားဖြင့် သင်၏အဖြေကို အမှန် တိုက်ကြည့်ပါ။
 မှန်/မှား    ၁။    မိန်းကလေးဖြစ်သူက ယောက်ျားလေးဖြစ်သူအတွက် သာယာပျော်ရွှင်ဖွယ်ကောင်းသော ညနေခင်းလေး တစ်ခုကို မဖြစ်မနေ ဖန်တီးပေးရမည်။ 
Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support