HCF

HCF MYANMAR IN SINGAPORE

Monday, August 26, 2013

ယောက်ျား-မိန်းမ ပေါင်းသင်းဆက်ဆံရေး၏ နိယာမသဘောတရား (အပိုင်း- ၂)


                                                                    Lesson 6 
 ၄။ တဆင့်ပြီးတဆင့်တက်ခြင်း၏ နိယာမသဘော
            လိင်နှင့်ပတ်သက်လျှင် တဆင့်ပြီးတဆင့်တက်သည့် သဘောသဘာဝရှိသည်။ သင်သည် ခန္ဓာပိုင်းအရပို၍ ရင်းနှီးကျွမ်းဝင်လာရန်အတွက် ရှေ့သို့တိုးသည်။ အချို့သောဆယ်ကျော်သက်များသည် လိင်အတွေ့အကြုံကို တမင် တကာ ယူကြသည်။ ယောက်ျားလေးတဦးသည် လိင်အကြောင်းကို သူ့ထက် အသက်ကြီးသူများထံမှ ကြားပြီး သူကလည်း ““ဂိုးသွင်း””ချင်ပေမည်။ အချို့သောမိန်းကလေးများသည် လိင်ကိစ္စနှင့်ပတ်သက်ခဲ့ပြီးသော သူတို့၏သူငယ်ချင်းများနှင့် မကွဲပြားလိုသောကြောင့်၊ သူတို့၏အပျိုစင် ဘ၀ကို စွန့်လွှတ်ရန် ရွေးချယ်ဆုံးဖြတ်ကြသည်။

လိင်ဆက်ဆံရန် ရွေးချယ်ဆုံးဖြတ်ခဲ့ပြီးသော သူ(သို့)သူမအား သင်ပြောနိုင်တာ များများစားစား မရှိပါ။ သို့သော် ယောက်ျားလေးနှင့်မိန်းကလေးအများစုသည် သူတို့အတွက် အကောင်းဆုံးအရာကိုသာ လုပ်လိုကြသည်။ သူတို့သည် အဆုံးထိလုပ်ရန်အတွက် ဆန္ဒမရှိသော်လည်း၊ အဆုံးထိလုပ်မိသွားတာမျိုး တွေရှိသည်။ ဘာကြောင့်နည်း? အကြောင်းမှာ သူတို့သည် တဆင့်ပြီးတဆင့်တက်သည့် လိင်၏သဘော သဘာဝကို မသိသောကြောင့်ဖြစ်သည်။ သူတို့သည် တဆင့်ပြီး တဆင့်တက်သည့် နိယာမသဘောကို မနား လည်ကြပါ။

            လိင်နှင့်ပတ်သက်၍ တဆင့်ပြီးတဆင့်တက်သည့် နိယာမသဘောမှာ အဘယ်နည်း။ ယင်းမှာ ယောက်ျားနှင့် မိန်းမသည် နှစ်ယောက်တည်းအချိန်ကို ကုန်ဆုံးစေသောအခါ၊ သူတို့၏ဆက်ဆံရေးသည် ခန္ဓာပိုင်းအရ ပို၍ရင်းနှီးမှုဆီသို့ တဖြည်းဖြည်းချင်း ဦးတည်သွားလာသည်။

            စတင်ပြောရသော်၊ သင်ချစ်သည့်သူနှင့်အတူ ရှိနေရခြင်းသည်ပင်လျှင် ပျော်ရွှင်ဖွယ်ကောင်းသော အတွေ့ အကြုံ တစ်ခုဖြစ်သည်။ ခန္ဓာပိုင်းအရ ထိတွေ့မှုကိုလည်း လိုချင်လာကြသည်။ ယောက်ျားပင်လျှင် ပျော်ရွှင်ဖွယ်ကောင်းသော အတွေ့အကြုံတစ်ခုဖြစ်သည်။ တဆင့်ပြီးတဆင့်တက်ခြင်း၏နိယာမသဘော-မိန်းမ ဆက်ဆံရေး၌ ပထမဆုံး ခန္ဓာပိုင်း အရထိတွေ့မှုမှာ လက်တွဲခြင်းပင်ဖြစ်သည်။ ဤအရာသည် စိတ်လှုပ်ရှား ဖွယ်ကောင်းသည်။ အကြောင်းမှာ ခန္ဓာပိုင်းအရ ထိတွေ့ခြင်းဖြစ်ပြီး ခံစား၍ အလွန်ကောင်းသည်။ မကြာမီ ပို၍နီးကပ်စွာ ထိတွေ့လာကြမည်ဖြစ်သည်။ ကောင်လေးသည် ကောင်းမလေးကို စတင်ပွေ့ဖက်မည်။ ထို့နောက် ပထမဆုံးအနမ်းပေးမည်။ ဤအနမ်းသည် ရိုးရိုး အိမ်ပြန် နှုတ်ဆက် အနမ်းပင် ဖြစ်သော်ငြား လည်း၊ သူ့အတွက် စိတ်လှုပ်ရှားကျေနပ်ဖွယ်ကောင်းသည်။ ဤအရာသည် ထူးခြားကောင်းမွန်ပြီး တဆင့်ပြီးတဆင့် တက်သည့် နိယာမသဘောတရားမှာ အလုပ်လုပ်နေသည်။ သင့်အား ယခုကျေနပ်စေသောအရာသည် နောက်ပိုင်းတွင် သင့်အား ကျေနပ်စေမည် မဟုတ်ပါ။

            သင်သည် နှစ်ဦးတည်းရှိသည့် အချိန်တိုင်းတွင် ပြီးခဲ့သည့်အကြိမ်၌ လုပ်ခဲ့သည်အရာမှ ပြန်စလုပ်သည်။ သင်တို့ စုံတွဲသည် “Super Kissing”  (ကြာရှည်စွာနမ်းခြင်း)ကို စတင်ပြုလုပ်လာကြသည်။ ထို့နောက်  “French Kissing” (ပါးစပ်ဖွင့်၍နမ်းခြင်း) ကိုပြုလုပ်လာကြသည်။ သင်သည် ယခုတွင် လိင်ဆန္ဒများ လှုံ့ဆော်ခြင်းခံရသည့် အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ ထို့နောက်ကြာရှည်စွာ ဖက်ထားခြင်းနှင့် နမ်းခြင်းတို့ကို ပြုလုပ်လာမည်။ သင်တို့နှစ်ဦးသည် အချိန်ကြာကြာ အတူရှိလေလေ၊ ပို၍ရင်းနှီးလာလေလေ ဖြစ်မည်ဖြစ်သည်။

            ထို့နောက် ““ပွတ်သပ်ခြင်း”” လာသည်။ ဤနေရာ၌ လက်များ၏အခန်းကဏ္ဍပါဝင်လာသည်။ ပွတ် သပ်ခြင်း ဆိုသည်မှာ ပုံမှန်အားဖြင့် အ၀တ်အစားများဖြင့် ဖုံးထားသည့်ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို အပြန်အလှန်ကိုင်တွယ်ခြင်း ဖြစ်သည်။ လိင်ဆက်ဆံခြင်းတော့မဟုတ်ပေ။ ထို့ကြောင့်ဤအရာကို ဟိုဟာ မလုပ်ရုံတမယ်ဘဲ...”” ဟု အဓိပ္ပါယ် ဖွင့်လေ့ ရှိသည်။ ပွတ်သပ်ခြင်းသည် ယောက်ျား၊ မိန်းမနှစ်ဦးလုံးအတွက် ပျော်ရွှင်ကျေနပ်ဖွယ်ကောင်းသော်လည်း၊ ပွတ်သပ် ပေးခြင်းသည် လိင် မဆက်ဆံမီ ပြုလေ့ရှိသော Foreplay တစ်ခုဖြစ်သည်။ သို့သော် သင်၏ခန္ဓာကိုယ်က သင် လက်မထပ် ရသေးသည်ကို မသိပါ။ ထို့ကြောင့် ““လိင် ဆက်ဆံရန်အတွက် အဆင်သင့်ဖြစ်နေပါ””ဟူ၍ အချက်ပြမှု့ကိုသာ သင့် ခန္ဓာကိုယ်က လက်ခံရရှိလိမ့်မည်။

            ယောက်ျားလေးနှင့် မိန်းကလေးများစွာတို့သည် ပွတ်သပ်ပေးခြင်းမျိုး ပြုလုပ်ကြသော်လည်း၊ သူတို့သည် အဆုံးထိလုပ်ရန် ဆန္ဒမရှိသောကြောင့် ထိုသို့လုပ်ခြင်းသည် မှားယွင်းခြင်းမရှိဟု ယုံကြည်ကြသည်။ သို့သော် သူတို့သည် အများအားဖြင့် အဆုံးထိလုပ်မိသွားရခြင်းအကြောင်းမှာ တဆင့်ပြီးတဆင့်တက်သည့် လိင်၏သဘောသဘာဝကို သူတို့ နားမလည်သောကြောင့် ဖြစ်သည်။

            ပွတ်သပ်ခြင်းမှတဆင့် ““အလွန်အမင်းပွတ်သပ်ခြင်း””ဖြစ်လာသည်။ ထို့နောက် ကောင်လေးနှင့် ကောင်မလေး သည် အတွင်းကျကျအင်္ဂါအစိတ်အပိုင်းများကို ထိတွေ့ကိုင်တွယ်ကြသည့် အပြန်လှန်လိင်နှင့် ကစားခြင်းမျိုး လုပ်လာ ကြသည်။ ပြင်းပြသောလိင်ဆန္ဒများသည် ပို၍လှုံ့ဆော်ခြင်းကို ခံရပြီးဤစုံတွဲသည် လိင်ဆက်ဆံခြင်းကို ပြုလုပ်လာကြမည် ဖြစ်သည်။ လိင်ဆက်ဆံခြင်းသည် အိမ်ထောင်ရေးဘ၀အတွက်သာ ဖြစ်သင့်ပေသည်။

အရင်ကကဲ့သို့သော ဆက်ဆံရေးမျိုးမှာ ပြီးဆုံးသွားပြီ
တဆင့်ပြီးတဆင့်တက်သည့်နိယာမသဘောတရား

            တဆင့်ပြီးတဆင့်တက်သည့် နိယာမသဘောတရားကို ကိုင်တွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ခန္ဓာ ပိုင်းအရ လုပ်ဆောင်မှု့ကို ထိန်းသိမ်းရန်ပင်ဖြစ်သည်။  သူမ၏ပထမ(သို့) ဒုတိယမြောက်ချိန်းတွေ့ သောနေ့တွင် သူမအား နမ်းခွင့်ပြုသော ကောင်မလေးသည် ခန္ဓာပိုင်းအရ နီးစပ်မှု့၏ လမ်းကြောင်းပေါ်၌ အလျင်အမြန်စတင် သွားနေခြင်း ပင်ဖြစ် သည်။ သူမသည် ကဗျာဆန်သော ဖက်ခြင်းနှင့်နမ်းခြင်းတို့ကိုသာ ပြုလုပ်လိုပြီး သူမတို့၏ ဆက်ဆံရေးကို ထိန်းသိမ်း လိုကောင်း လိုလိမ့်မည်။ သို့သော် တဆင့်ပြီးတဆင့် တက်သည့်နိယာမသည် သူတို့၏ဆက်နွယ်မှု့အပေါ်တွင် အကျိုး သက်ရောက်မှု့ရှိနေပြီး ဆက်ဆံရေးသည် ပို၍ခန္ဓာပိုင်းအရ နီးစပ်သော ဆက်ဆံရေး အဖြစ်သို့ ဦးတည် ရွေ့လျား ပေမည်။

    အနှစ်ချုပ်ရသော်။ ။ လိင်နှင့် ပတ်သက်လာလျှင် တဆင့်ပြီးတဆင့်တက်သည့် နိယာမသဘော တရားရှိသည်။ အကယ်၍ သင်သည် ထိုသို့တက်ခြင်းကို တားဆီးရန်အတွက် လက်တွေ့ကျသည့်ကာကွယ် မှုများကို မပြုလုပ်ထားပါက၊ သင်သည် ခန္ဓာပိုင်းအရသာ၍ နီးစပ်မှုဆီသို့ တဖြည်းဖြည်းချင်း ဦးတည် သွားနေပေမည်။

၅။ ရိတ်သိမ်းမှု၏နိယာမသဘော

            သင်သည် စိုက်သည့်အတိုင်းရိတ်ရမည်။ လယ်သမားတိုင်းသည် ရိတ်သိမ်းမှု၏နိယာမသဘောကို နားလည် ကြ သည်။ သူစိုက်ပျိုးသောအရာကိုသာ သူရိတ်ရမည်။ သူသည် ပြောင်းဖူးစိုက်ပါသည်။ ပြောင်းဖူးကိုသာ ရိတ်ရမည်။ သူသည် ဖရဲသီးကိုစိုက်ပါက၊ ဖရဲသီးသာ ရိတ်ရမည်။ သင်စိုက်ပျိုးသည့် အတိုင်း သင်ရိတ်ရမည်။

            ကျွနုပ်တို့တဦးစီတိုင်းသည် ကျွန်ုပ်တို့၏ဘ၀၌ “သီးနှံ” တစ်မျိုးကို စိုက်ပျိုးနေကြသည်။ ကျွန်ုပ်တို့ ၏လုပ်ဆောင်မှု များသည် မျိုးစေ့ဖြစ်သည်။ အနာဂတ်တစ်ချိန်၌ ကျွန်ုပ်တို့သည် စိုက်ပျိုးထားသည့်သီးနှံ ကို ရိတ်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့ ရိတ်သိမ်းမည့်အရာသည် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့မှုများအပေါ်တွင် မူတည်သည်။

            သင်သည် အိမ်ထောင်ရေးဘ၀အပြင်ဘက်၌ လိင်ကိစ္စနှင့်ပါဝင်ပတ်သက်ပါက၊ သင်သည် ကိုယ်ကျင်တရား ပျက် ပြားခြင်း ဟူသောမျိုးစေ့ကို စိုက်ပျိုးနေခြင်းပင်ဖြစ်သည်။ အနာဂတ်တစ်ချိန်၌ သင်သည် သင်စိုက်ပျိုးနေသောအရာကို ရိတ် သိမ်းရလိမ့်မည်။ တစုံတဦးက “ကျုပ်က ရိတ်သိမ်းမှု၏နိယာမ သဘောကို မယုံကြည်ပါ” ဟုဆိုလိမ့်မည်။ သင် ယုံကြည် သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဤနိယာမ သဘော၏လုပ်ဆောင်မှုကို ထိခိုက်လိမ့်မည် မဟုတ်ပါ။ ရုပ်ပိုင်း ဆိုင်ရာ ကမ္ဘာ၌ ကမ္ဘာ့ဆွဲအားဟူသော နိယာမသဘောတရား တစ်ခုရှိသည်။ သင်က ယုံချင်မှယုံနိုင်သော်လည်း၊ ဤ နိယာမ သဘောတရားက အလုပ်လုပ်နေသည်။ သင်သည် ကမ္ဘာ့ဆွဲအားနိယာမကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဆယ်ထပ် တိုက်ပေါ်မှ ခုန်ချပါက၊ ခုန်ချခြင်း၏အကျိုးဆက်များကို ခံစားရလိမ့်မည်။ ရိတ်သိမ်းမှုနိယာမသဘော တရားမှာလည်း ထိုကဲ့သို့ပင်ဖြစ်သည်။ သင်ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ ဤနိယာမသည် အဆက် မပြတ် အလုပ် လုပ်နေသည်။

            လိင်ကိစ္စနှင့် ပတ်သက်၍ “လိမ်ညာမှုကြီး” ကိုအားပေးအားမြှောက်ပြုခြင်းအတွက် TV နှင့် ရုပ်ရှင် များတွင် အပြစ် ရှိသည်။ ထိုလိမ်ညာမှုကြီးမှာ လိင်ကိစ္စသည် ပျော်ရွှင်ဖွယ်ကောင်းပြီး အိမ်ထောင်ရေးအပြင် ဘက်၌ လိင်ဆက်ဆံခြင်း အတွက် မည်သူကမှအကျိုးဆက်ဆိုးများကို ခံစားစရာမလိုပါ။ TV နှင့် ရုပ်ရှင် များတွင် လိင်ဆက်ဆံမှုအများစုသည် လက်မထပ်ရသေးသည့်သူများအကြား၌ ဖြစ်သည်။ တစ်ညပြီး တစ်ည TV နှင့် ရုပ်ရှင်များထဲတွင် လူများသည် သူတို့၏ အိမ်ထောင်ဖက် မဟုတ်သောသူများနှင့် အိပ်ရာ ပေါ်ခုန်တက်ကြသည်။ ထိုအရာများသည် စိတ်လှုပ်ရှားဖွယ်ကောင်းသည် ဟုထင်ရပြီး အကျိုးဆက်ဆိုးများ လည်းရှိပုံမပေါ်ပါ။ လူငယ်လူရွယ်များသည် ထိုအရာများကို မြင်တွေ့ပြီး ဒါဟာရှယ်ဘ၀ပဲ ဟူ၍ ထင်တတ် ကြသည်။ သို့သော် ထိုအရာများသည် လိမ်ညာမှုတစ်ခုသာ ဖြစ်သည်။ သူတို့သည် အညာခံနေရသည်။

            ဤသို့ဆိုရင်၊ လိမ်ညာမှုက အဘယ်နည်း။ မီဒီယာသည် ဤလိမ်ညာမှုကိ ထောက်ပြသည် ဟုပြော သော်လည်း၊ တကယ်တမ်း မပြောကြပါ။ နေ့စဉ်နေ့တိုင်း လူထောင်ပေါင်းများစွာတို့သည် လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ (STD)များကို ကူးစက်ခံနေရသည်။ ဒါဟာအစစ်အမှန်ပင်ဖြစ်သည်။ သို့ သော် TV (သို့) ရုပ်ရှင်များထဲမှ တစ်ဦးဦး STD (Sexualy Transmitted Disease)ကူးတာတွေ့ဖူး ပါသလား။ တွေ့ဖူးလိမ့်မည် မဟုတ်ပါ။

              TV ထဲတွင် မည်သူကမှ ကိုယ်ကျင့်တရားပျက်ပြားစွာ လိင်ဆက်ဆံခြင်းအတွက် အဖိုးအခကို ပေးစရာ မလိုသော်လည်း၊ လက်တွေ့ဘ၀၌မူ သင်သည် ပေးရမည်ဖြစ်သည်။ ရိတ်သိမ်းမှု၏နိယာမသဘောမှာ သေချာစွာ တည်ရှိ နေသည်။ သင်သည် ကိုယ်ကျင့်တရားပျက်ပြားမှု ဟူသောမျိုးစေ့ကို စိုက်ပျိုးပါက၊ သင်သည် ခါးသီးသောသီးနှံများကို ရိတ်သိမ်းရလိမ့်မည်။ လူအချို့က အိမ်ထောင်ရေးဘ၀အပြင်ဘက်၌ ဆက်ဆံခြင်းသည် “တာဝန်သိတတ်သော လိင် ဆက်ဆံမှု” ဖြစ်ပါက၊ ဤသို့ဆက်ဆံခြင်းသည် OK ပါသည် ဟု ပြောကြသည်။ ဆိုလိုသည်မှာ “သင့်တော်တဲ့ အကာ အကွယ် ပစ္စည်းသုံးပါက၊ သင်သည် ကိုယ်ဝန်ရမည် မဟုတ်သလို၊ လိင်မှတဆင့် ကူးစက်သည့်ရောဂါများကိုလည်း ရမည်မဟုတ်ပါ။” ဟုဆိုလိုခြင်း ဖြစ်သည်။ သို့သော် သင်သည် အကာအကွယ်ပစ္စည်းသုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ၊ အိမ်ထောင်ရေးဘ၀ အပြင်ဘက်၌ ဆက်ဆံခြင်းသည် အပြစ်ဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် အပြစ်မဟုတ်ပါ ဟု ပြောခြင်းသည် အဖမ်းသာမခံရပါက စတိုးဆိုင်မှ အလစ်သုတ်ခြင်းဟာ OK ပါသည်ဟု ပြောသလိုဖြစ်နေပေမည်။

            သင်၏ ဒုစရိုက်အပြစ်အတွက် သင်ဝေဒနာပြန်ခံစားရခြင်းမှာ တော်တော်ဆိုးနေပြီဖြစ်သည်။ သို့သော် သင်၏ မှားယွင်းစွာ လုပ်ဆောင်ခဲ့မှုအတွက် သင်ချစ်သောအပြစ်မဲ့သူတဦးသာ ဝေဒနာခံစားရပါက၊ ပို၍ ဆိုးဝါးပေမည်။

            ဂျိုးသည် အခြားလူငယ်များစွာကဲ့သို့ပင်၊ သူမြူဆွယ်နိုင်သမျှ မိန်းကလေးများစွာတို့ကို မြူဆွယ်ရန် ကြိုးစား ခဲ့သည်။ ထိုကာလအတွင်း သူသည် လိင်မှတဆင့်ကူးစက်သည့်ရောဂါ တစ်ခုကိုရခဲ့သည်။ အချိန်တန်သောအခါ သူသည် တည်ငြိမ်ရင့်ကျက်လာပြီး ချစ်စဖွယ်အမျိုးသမီးလေးကို လက်ထပ်ခဲ့သည်။ သူ့ဖခင်၏ရောဂါကြောင့် မွေးကတည်းက မျက်ကန်း ဖြစ်ခဲ့ရရှာသော သားကလေးတဦးအား သူမိန်းမသည် မွေးဖွားခဲ့သည်။ မွေးဖွားပြီး မကြာမီတွင်ပင်၊ သူ၏ ငယ်ရွယ်သောမိန်းမသည် အထက်ပါရောဂါကြောင့်ပင် ဆုံးပါး ခဲ့ရသည်။ ထို့နောက်၊ တစ်ည၌ ဂျိုးသည် အလွန်အမင်း ကြေကွဲ ၀မ်းနည်းပြီး သူ၌အပြစ်ကြီးသည် ဟုခံစားရလျက်၊ သူ့သားကို ချီပြီး သင်္ချိုင်းကုန်းရှိရာသို့  ကားမောင်းထွက်ခဲ့သည်။ ထိုနေရာရှိ သူ့မိန်းမ၏အုတ်ဂူ ပေါ်၌ သူ့သားကိုသတ်ပြီး သူကိုယ်တိုင်လည်း မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။

            သင်သည် အိမ်ထောင်ရေးဘ၀၏ အပြင်ဘက်၌လိင်ကိစ္စနှင့် ပါဝင်ပတ်သက်ပါက၊ သင်သည် သုံး နိုင်သမျှ အကာအကွယ် ပစ္စည်းများကို သုံးနိုင်သော်လည်း၊ ဤသို့အကာအကွယ်ယူခြင်းသည် ရိတ်သိမ်းမှု နိယာမသဘောကို အလုပ် မလုပ်နိုင်အောင် တားဆီးလိမ့်မည်မဟုတ်ပါ။ သင်သည် စိုက်ပျိုးထားသည့် အတိုင်း ရိတ်သိမ်းရမည်။ သင်သည် ကြာရှည်စွာ လုပ်နေသော်လည်း၊ အဖမ်းမခံရပါ ဟုဆိုပါစို့။ ကိုယ်ဝန် လည်းမရ၊ မည်သည့်ရောဂါမှလည်း မကူးစက်ပဲ မည်သူကမှလည်း သင်လုပ်နေသောအရာကို မသိပါ။ သို့သော် ရိတ်သိမ်းမှု၏နိယာမသဘောကပြောသည်မှာ “ရိတ်သိမ်းရ မည့်  အချိန်သည် ဧကန်ရောက်လာမည်” ဟူ၍ဖြစ်သည်။ ဤအချက်သည် မှန်ပြီးဖြစ်လာလိမ့်မည်။ သင်သည် တနေ့၌ ခါးသောအသီးများကို ရိတ်သိမ်းရလိမ့်မည်။

            စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းကိစ္စများနှင့် ပတ်သက်လာလျှင် အဆိုးချည်းမဟုတ်ပါ။ အကောင်းဘက်လည်း ရှိပါသည်။ အကယ်၍ သင်၌ လုံလောက်သောသတ်္တိရှိပြီး လူအုပ်ကြီးလုပ်သည့်အတိုင်း မလုပ်ဘဲ၊ အိမ်ထောင်ရေး ဘ၀ အတွက် မိမိကိုယ်ကိုသန့်ရှင်းစေပါက၊ သင်သည် ကောင်းမွန်သောရိတ်သိမ်းပွဲကို မျှော်လင့်နိုင်သည်။ Julijanna ဆိုသော မိန်းကလေးသည် သောက်စားမူးယစ်မှုများနှင့် ကိုယ်ကျင့်တရား ပျက်ပြားမှုများရှိသော ပါတီပွဲများသို့ သွားရန်အတွက် သူမသူငယ်ချင်းများက အဖော်ခေါ်သောအခါ၊ လိုက်မည့်အစား တဦးတည်းနေရန်ရွေးချယ်ခဲ့သည်။ သူမ၏ သူငယ်ချင်းများ အတွက်မူ၊ သူမသည် ဆယ်ကျော် သက်အရွယ်တွင် ခံစားရမည့်ပျော်ရွှင်မှုများကို လက်လွှတ်ဆုံးရှုံးသွားသည် ဟု ထင်ရ သည်။ သို့သော် သူမ ၏ဆုလဒ်ကို နောက်ပိုင်းတွင် ရခဲ့သည်။

            နောက်ပိုင်းတွင် သူမ၏သူငယ်ချင်းတဦးက သူမနှင့် စပ်လျဉ်း၍ ဤသို့ပြောခဲ့သည်။ ““Julijanna  ကို ကြည့်ပါဦး။ သူမမှာ ကောင်းမွန်လှတဲ့ဘ၀နဲ့ သူမကို နက်ရှိုင်းစွာချစ်တဲ့ ခန့်ညားတဲ့ယောက်ျားတဦး ရှိတယ်။ သူမဟာ အူလှိုက် သည်းလှိုက် ပျော်နေတယ်။ Julijanna ဟာ နာခံမှုကြောင်ရတဲ့ သူမဘ၀ရဲ့ အသီးတွေ ကိုစားသုံးနေတယ်။””

    အနှစ်ချုပ်ရသော်။ ။ ရိတ်သိမ်းမှု၏နိယာမသဘောတရားက သင်သည် စိုက်သည့်အတိုင်း ရိတ်ရ မည်ဟု ပြောထား သည်။ ကိုယ်ကျင့်တရားပျက်ပြားစွာ လိင်ဆက်ဆံမှုအတွက် အဖိုးအခကို မည်သူကမှ မပေးရ ဟူသောလိမ်ညာမှုကြီးကို TV နှင့် ရုပ်ရှင်များက အားပေးအားမြှောက်ပြုကြသည်။ သို့သော် လက်တွေ့ဘ၀၌မူ၊ တခြားစီပင် ဖြစ်သည်။ သင်စိုက်ပျိုးသည့်အတိုင်း သင်ရိတ်ရမည်။
NO ဟု သင်ဘာကြောင့် ပြောသင့်သနည်း။

            လက်မထပ်မီဆက်ဆံခြင်းကို NO ဟုပြောခြင်းသည် သင့်အကျိုးအတွက် အကောင်းဆုံးဖြစ်သည်။ စိတ်လှုပ်ရှားမှု အချို့ကို ယခုငြင်းပယ်ခြင်းအားဖြင့် သင်သည် သင်၏တောက်ပသောအနာဂတ်အတွက် ပြင်ဆင်စီမံနေခြင်းပင် ဖြစ်သည်။ အောက်ပါအကြောင်းအရာကို ဖတ်ကြည့်ပါ။

            သင်ကိုချစ်ခင်မြတ်နိုးသော အဆမတန်ကြွယ်ဝချမ်းသာသည့် ဦးလေးတဦး သင့်တွင်ရှိသည် ဆိုပါစို့။ သင် အသက် ၁၄ နှစ်ပြည့်သောအခါ၊ သူက အလွန်ကောင်းသောကတိတစ်ခုကို ပေးသည်။ သူက ““မင်းရဲ့ ၁၆ နှစ် ပြည့် မွေးနေ့ကျရင်၊ မင်းကိုငါ ဒေါ်လာ ၁၀၀၀ ပေးမယ်။”” Wow! သင်၏စိတ်သည် လှုပ် ရှားနေမည် ဖြစ်ပြီး သင်ဝယ်မည့် အရာများကို တွေးတောနေမည်ဖြစ်သည်။

            သို့သော် သင်၏ဦးလေးသည် နောက်ထပ်ကတိတစ်ခုကို ထပ်ပေးသည်။ သူက ““အဲဒီ ဒေါ်လာ ၁၀၀၀ ကိုမင်းကြိုက်သလိုသုံးနိုင်တယ်။ ဒါပေမယ့် ငါက မင်းရဲ့အနာဂတ်အတွက် မင်းကိုယ်တိုင်အစီအစဉ် ချတတ်ဖို့ သင်ပေးချင်တယ်။ ဒါကြောင့် နောက်ထပ်ကတိတစ်ခုကို ငါပေးမယ်။ အဲဒီ ဒေါ်လာ ၁၀၀၀ ထဲ က မင်းမသုံးဘဲ စုထားခဲ့နိုင်တဲ့ ငွေပမာဏကို မင်းရဲ့ ၂၁ နှစ်မြောက်မွေးနေ့မှာ မင်းကိုငါပေးမယ်။ ပြီးတော့ ၂၁ နှစ်ပြည့်မွေးနေ့ကစပြီး အဲဒီစုထားခဲ့နိုင်တဲ့ ငွေပမာဏကို မင်းဘ၀တလျှောက် လတိုင်း မင်းကို ငါပေးသွားမယ်။

            ထိုကတိသည် အခြေအနေကို လုံးဝပြောင်းလဲသွားစေသည်။ အကယ်၍ သင်သည် သင်၏ ၂၁ နှစ် ပြည့်မွေးနေ့၌ ဒေါ်လာ ၁၀၀၀ ထဲမှ သင်စုထားသောငွေပမာဏမှာ ဒေါ်လာ ၅၀ သာရှိပါက၊ ထိုဒေါ်လာ ၅၀ ကိုသာ သင့်ဘ၀တလျှောက်လုံး လတိုင်းရသွားမည်ဖြစ်သည်။ အကယ်၍ သင်သည် ဒေါ်လာ ၅၀၀ ကို စုထားခဲ့နိုင်ပါက၊ ဒေါ်လာ ၅၀၀ ကို သင့်တစ်ဘ၀လုံး လတိုင်းရသွားမည်ဖြစ်သည်။

            သင်သည် ဒေါ်လာ ၁၀၀၀ အားသုံးစွဲခြင်းဖြင့် ရရှိလာမည့်ပျော်ရွှင်မှုကို ငြင်းပယ်ခြင်းသည် သင့် အတွက် အကျိုးကျေးဇူးဖြစ်ထွန်းပေလိမ့်မည်။ ဤသို့ ငြင်းပယ်ခြင်းအားဖြင့် အတောက်ပဆုံးဖြစ်လာနိုင် သည့် အနာဂတ်အတွက် ပြင်ဆင်စီမံနေခြင်းပင်ဖြစ်သည်။ လိင်နှင့် ပတ်သက်လာလျှင်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ သင်၏ အတောက်ပဆုံး ဖြစ်လာနိုင်သည့် အနာဂတ်ကို ပြင်ဆင်စီမံရန်အတွက် စိတ်လှုပ်ရှားမှု အချို့အား ယခုငြင်းပယ်ရမည်။

NO ဟု မည်သို့ပြောရမည်နည်း။

            သင်သည် NO ကို ပုံစံနှစ်မျိုးဖြင့် ပြောနိုင်သည်။ စကားအားဖြင့် NO ဟုပြောနိုင်သလို၊ ကိုယ်ခန္ဓာ အမူအရာ အားဖြင့်လည်း ပြောနိုင်သည်။ ပုံစံနှစ်မျိုးလုံးသည် အရေးကြီးသည်။ သင်သည် သင်၏နှုတ်ခမ်း များဖြင့် NO ဟုပြောပြီး သင်၏ကိုယ်ခန္ဓာကို သူနှင့်ဝေးရာသို့ရွှေ့လိုက်ပါ။ တခါတရံ ကောင်မလေးတဦး သည် ဒွိဟဖြစ်စေသောအချက်ပြမှုကို ပြတတ်သည်။ သူမ၏နှုတ်ဖြင့် NO ဟုပြောသော်လည်း၊ သူမ၏ ခန္ဓာဖြင့်မူ “လုပ်ရင်ကောင်းမလား (သို့) လုပ်တာပေါ့” ဟုအချက်ပြတတ်သည်။ ဤသို့လုပ်ခြင်းသည် အလုပ်မဖြစ်ပါ။

            သင်သည် NO ဟုပြောသောအခါ၊ ခိုင်မာပြတ်သားစွာပြောပြီး ကိုယ်ခန္ဓာကိုရွှေ့လိုက်ပါ။ မပြတ် မသား မလုပ်သင့် ပါ။ သင်မလုပ်ချင်သောအရာ တနည်းအားဖြင့် သင်မှားသည်ဟုခံယူထားသောအရာကို လုပ်စေရန်အတွက် တစုံတဦးက တွန်းအားပေးခြင်းကို ဘယ်လိုအခြေအနေမျိုးတွင်မဆို၊ ဘယ်တော့မှ လက်မခံပါနှင့်။

            ကောင်လေးတဦးသည် သူလုပ်ချင်တာကိုလုပ်နိုင်ရန်အတွက် အချို့အရာတို့ကို လုပ်ရန်ကြိုးစား လိမ့်မည်။ သင်က သင်ဟာထိုအမျိုးအစားထဲကမဟုတ်ဘဲ၊ သူက ဤသို့သောအရာများကို လုပ်ရန်ကြိုးစား သည့်အတွက် သင်သည် စိတ်ပျက်မိကြောင်းကို ဘွင်းဘွင်းရှင်းရှင်းပြောရမည့်အချိန် ဖြစ်နိုင်သည်။ ယောက်ျားတဦးဦး၏လက်များသည် ဟိုဟိုဒီဒီ ရွှေ့လျားလာသောအချိန်သည် အဆုံးထိသွားနေသောအချိန် ဖြစ်နိုင်သည်။ ထိုအခါ မိန်းကလေးက ရွေ့လျားနေသော လက်ကို သေချာစွာဖယ်ရှားလိုက်ပြီး NO ဟုပြော လိုက်လျှင် အချို့သောယောက်ျားများက ဆက်လုပ်တော့မည် မဟုတ်ပါ။ အချို့သောယောက်ျားများကိုမူ ပို၍ ပြင်းထန်စွာပြောရန်လိုလိမ့်မည်။ သင်၏ NO ဟု ပြောခြင်းကို သူသည် လျစ်လျူရှုပါက၊ ယခုချက်ချင်း အိမ်သို့ပို့ပေးပါ ဟုပြောရန်လိုအပ်လိမ့်မည်။

            သင်ဟာ ထိုအမျိုးအစားထဲက မဟုတ်ကြောင်းသတင်းစကားသည် ပျံ့နှံ့သွားလိမ့်မည်။ ယောက်ျား တချို့ (မှားသောအမျိုးအစား) သည် ဤသတင်းကိုကြားသောအခါ သင့်အားစိတ်ဝင်စားမှုလျော့သွားလိမ့်မည်။ တချိန်တည်း၌ ပင်၊ ဤသတင်းသည် ယောက်ျားတချို့ (မှန်သောအမျိုးအစား) ၏စိတ်အာရုံကို ဖမ်းစားလိမ့်မည်။ ကိုယ်ကျင့်တရား စံနှုန်းမြင့်မားသော မိန်းကလေးကို ချစ်ခင်မြတ်နိုးသော ယောက်ျားများလည်းရှိသည်။ သင်တို့သည် တဦးကိုတဦး အမှန် တကယ် ချစ်ပါက၊ သင်တို့၏ဆက်ဆံရေးကို ပြည့်ဝစေရန် အတွက် လိင်ကိုမလိုအပ်ပါ။ ချစ်ခြင်းမေတ္တာကို ထုတ်ဖော် ပြရန် အတွက် အခြားနည်းလမ်းများစွာ ရှိပါသည်။

            တစ်ညနေ၌ အလွန်အမင်းချစ်ကျွမ်းဝင်နေကြသော စုံတွဲတစ်တွဲ ကျောင်းဝင်းအတွင်းသို့ လမ်းလျှောက် ၀င်လာ သည်။ မိန်းကလေးအဆောင်အနီးသို့ ရောက်သောအခါ၊ အဆောင်သို့တက်ရာ လှေကား ထစ်တွင် လူများဖြင့်ပြည့်နေပြီး သူတို့အတွက် နေရာမရှိတော့ပါ။ လှေကားထစ်သို့တက်ခါနီးတွင် သူမသည် နောက်သို့လှည့်၍ ပြုံးရွှင်သောမျက်နှာဖြင့် သူ့ကိုကြည့်လိုက်ပြီး  သူမ၏လက်များဖြင့် သူ့မေးစေ့ကို ငြင်သာစွာကိုင်လိုက်ကာ ““ကျွန်မ ရှင်နဲ့အတူ အရမ်းပျော်ခဲ့ရပါ တယ်။ ရှင်ဟာ အကောင်းဆုံးပါပဲ”” ဟုပြော လိုက်သည်။ ထို့နောက် သူမက အဆောင်ပေါ်သို့ပြေးတက်သွားခဲ့ပြီး သူကလည်း သူ့အဆောင်ရှိရာသို့ ကျေနပ်ရွှင်ပျသော မျက်နှာဖြင့်ပြန်လာခဲ့သည်။ သူသည် တစုံတခု (ဥပမာ နမ်းတာတို့၊ ဘာတို့) ကို လက်လွှတ်ခဲ့ရသည် ဟုထင်ရသည်။

            အမှန်မှာ သူလက်လွှတ်ခဲ့ရတာ ဘာမျှမရှိပါ။ အကြောင်းမှာ သူသည် သူဂရုစိုက်၍ ချစ်မြတ်နိုးသော ကောင်မလေး ထံမှ သူကြားလိုသောအရာများကို ကြားခဲ့ရပြီဖြစ်သောကြောင့် ဖြစ်သည်။ သူမက သူနှင့်အတူနေရတာကို ပျော်ရွှင် ကြောင်း၊ သူမတွင် အချိန်ကောင်းလေးတွေရှိခဲ့ကြောင်းနှင့် သူမဟာ သူ့ကို အလွန်ထူးခြားသည့် ပုံစံမျိုးဖြင့် နှစ်သက် ကြောင်း ကို ပြောခဲ့ပြီးဖြစ်သည်။

            ဤကောင်မလေးသည် တွေ့သမျှယောက်ျားတိုင်း၏ မေးစေ့ကိုမြတ်နိုးစွာကိုင်မည် မဟုတ်တာ သေချာပါသည်။ ဤအပြုအမူလေးသည် သူ့အတွက် အရေးကြီးသည်။ အကြောင်းမှာ ဤသို့ကိုင်ခြင်းသည် သူ့အတွက်သာ သီးသန့်ဖြစ်ပြီး သူဟာ သူမအလွန်တန်ဖိုးထားသောသူ ဖြစ်ကြောင်းကို ပြသသောကြောင့် ဖြစ်သည်။

            တခါတရံ ကောင်လေးသည် သူ့ကောင်မလေးအား သူတို့အတူရှိစဉ်ကာလအတွင်း မည်သို့ပြုမူနေထိုင် ရမလဲ ဆိုတာကို ညွှန်ကြားထားရန်လိုအပ်ကောင်း လိုအပ်ပေမည်။ အကြောင်းမှာ မိန်းကလေးများသည် သူတို့ လုပ်သော အချို့ အပြုအမူများက ယောက်ျားတဦးအား လိင်ပိုင်းအရမည်မျှ လှုံ့ဆော်နိုင်ကြောင်းကို သူတို့ မသိကြသောကြောင့် ဖြစ်သည်။

            Carlos နှင့် Anna သည် တဦးကိုတဦး အလွန်နှစ်သက်မြတ်နိုးကြသည်။ သူတို့သည် အတန်ကြာ ပုံမှန် တွဲနေကြပြီးနောက်၊ Carlos က သူမအား ပြောရမည့်အရာအချို့ရှိသည် ဟုဆုံးဖြတ်ခဲ့သည်။ သူက ဤသို့ပြောခဲ့သည်။ ““ကိုယ်မင်းကို အရမ်းချစ်ပါတယ်။ ချစ်လွန်းလို့ မင်းအနားမှာပဲအမြဲနေချင်မိတယ်။ ဒါပေမယ့် မင်း ငါ့ပေါင်ပေါ်မှာ လာ ထိုင် တဲ့ အခါ၊ ငါဟာ ကိုယ့်ကိုကိုယ် စိတ်ထိန်းဖို့ တော်တော်မလွယ်ဘူး။ ဒါကြောင့် ပေါင်ပေါ်က ဆင်းပြီး တစ်ခုခု သွားစား ကြ တာပေါ့။”” Carlos မှာ သူတို့၏ပေါင်းသင်းဆက်ဆံရေး၏သူ့ဘက်အပိုင်းမှ တာဝန်ကို အပြည့်အ၀ ယူနေခြင်း ပင်ဖြစ်သည်။ အခြေအနေကို အထိန်းအကွပ်မဲ့ဖြစ် မသွားစေသင့်ပေ။ လျင်မြန်သောအမြန်နှုန်းဖြင့် တဆင့်ပြီးတဆင့် တက်နေခြင်းအား ရပ်တန့်ရန်မလွယ်ကူပါ။ သို့သော် ရပ်တန့်နိုင်ပါသည်။ ယော ၃း ၁၆ ကို ရွတ်ဖတ်ခြင်းအားဖြင့် အခြေအနေတို့ကို ပြောင်းလဲ စေနိုင်ခဲ့သည် ဟုမိန်းကလေးများစွာက ဆိုပါသည်။

NO ဟုပြောရန်အတွက် လက်တွေ့ကျသောနည်းလမ်းများ

            NO ဟုပြောခြင်းသည် သင့်စိတ်နှလုံးထဲမှ မြစ်ဖျားခံသည်။ သို့သော် သင့်စိတ်နှလုံးက ဆုံးဖြတ် သည့်အတိုင်း တိကျစွာလုပ်ရမည် ဖြစ်သည်။ သင်၏ဆုံးဖြတ်ချက်အတိုင်း လိုက်နာလုပ်ဆောင်ရန်အတွက် အောက်ပါအရာတို့ကို လုပ်ဆောင်သင့်သည်။

 (ဒိတ်လုပ်ခြင်းနှင့် ပတ်သက်၍ ကျွန်မ၏စံနှုန်းများ)

(၁) ကျွန်မဟာ ကျွန်မနဲ့လက်ထပ်မယ့်သူအတွက် မိမိကိုယ်ကို သန့်ရှင်းစေမယ်။

(၂) ကျွန်မဟာ ပွတ်သပ်ခြင်းကို အလုပ်မခံဘူး။

(၃) မိမိတို့ရဲ့အိမ်တွေ၌ ဘယ်သူမှမရှိတဲ့အခါ၊ သူ့ရဲ့အိမ်ကိုလည်းမသွားဘူး။ ကျွန်မအိမ်ကိုလာဖို့လည်း မခေါ်ဘူး။

(၄) မူးယစ်ဆေးဝါး၊ သေရည်သေရက်နှင့် လိင်အပျော်ကျူးမှုတွေရှိတဲ့ ပါတီပွဲတွေကိုလည်း မသွားဘူး။

            အထက်ပါအတိုင်း သင်စံနှုန်းများကိုရေးချပါ။ သင်လုပ်မည့်အရာများနှင့် မလုပ်မည့်အရာများကို ရေးပါ။ သင်သည် ခိုင်မြဲ၍မချိုးဖောက်နိုင်သော စည်းမျဉ်းများ၊ တနည်းအားဖြင့် မည်သူ့အတွက်မှ သင်မချိုးဖောက်မည့် စည်းမျဉ်းများကို သတ်မှတ်ပါ။

            ဥပမာအားဖြင့် ကျွန်မဟာ ကျွန်မနဲ့လက်ထပ်မည့်သူအတွက် မိမိကိုယ်ကိုသန့်ရှင်းအောင်ထားမယ်။ ကျွန်မဟာ ပွတ်သပ်ခြင်းကို အလုပ်မခံဘူး။ အိမ်မှာ ဘယ်သူမှမရှိတဲ့အချိန်မှာ သူ့ရဲ့အိမ်ကိုလည်း မသွားဘူး။ သူ့ကိုလည်း အိမ်ကိုလာဖို့ မခေါ်ဘူး။ မူးယစ်ဆေးဝါး၊ သေရည်သေရက်နှင့် လိင်အပျော်ကျူးမှုတွေ ရှိတဲ့ ပါတီပွဲတွေကိုလည်း မသွားဘူး။

            မိန်းကလေးတဦးသည် သူမ၀တ်ပုံစားပုံကို ဆင်ခြင်သင့်သည်။ သင်သည် သင်၏ဘလောက်အင်္ကျီ၌ကြယ်သီး ဘယ်နှစ်လုံးဖြုတ်ထားသနည်း။ ယောက်ျားများက ထိုအရာကို သတိပြုမိကြသည်။ သင်သည် သင်၏ပါးစပ်ဖြင့် ပြောနေတာက တစ်မျိုး၊ အ၀တ်အစားဝတ်ပုံစားပုံအားဖြင့် ပြောနေတာကတစ်မျိုး၊ ဖြစ်နေ လိမ့်မည်။

သင်ချိန်းတွေ့မည့်နေ့များအတွက် ကြိုတင်စီစဉ်ထားပါ။

            သင်တို့သည် ချိန်းတွေ့သောနေ့၌ ဘာလုပ်ကြမည်ကို စီစဉ်ထားပါ။ စီစဉ်ထားသည့်အရာကို လုပ် ပြီးသောအခါ၊ အိမ်ပြန်ဖို့ စဉ်းစားပါ။ လူငယ်တွေက ဤသို့ပြောနိုင်သည်။ ““ကျွန်တော်တို့ ချိန်းတွေ့မယ့် နေ့မှာ လုပ်မည့်အရာတွေကို မစီစဉ်ထားတာကြောင့်၊ အချိန်တွေအများကြီးပိုပြီး အဲ့ဒီပိုနေတဲ့အချိန်တွေမှာ မလုပ်သင့်တာတွေကို လုပ်ခဲ့မိတယ်။””

လိင်နှင့်စပ်လျဉ်း၍ သင်၏စံနှုန်းများကို ကြိုတင်သတိပေးထားပါ။

            ယနေ့အချိန်တွင် ယောက်ျားလေးများစွာသည် မိန်းကလေးတဦးနှင့် တကြိမ်နှစ်ကြိမ် ချိန်းတွေ့ပြီး ပါက၊ သူမနှင့် ဆက်ဆံရန်အတွက် သူမက ခွင့်ပြုလိမ့်မည် ဟုမျှော်လင့်ထားကြသည်။ ထို့ကြောင့် သင်၏ စံနှုန်းများကို ရှေ့တန်းတင်၍ ပြောပြရန်လိုအပ်ပေမည်။ ဤသို့ပြောသင့်သည်။ ““လိင်ကိစ္စနဲ့ ကျွန်မ မပတ်သက်ချင်ဘူး။ ပွတ်သပ်တာမျိုးလည်း အလုပ် မခံဘူး။ ပါးစပ်ဖွင့်ပြီးလည်း မနမ်းချင်ဘူး။”” သင်သည် ဤသို့ပြောပါက၊ ပြဿနာများနှင့် ၀မ်းနည်းစရာများကို ရှောင်ရှား နိုင်ပေမည်။ သူ၏စံနှုန်းများသည် သင်၏စံနှုန်းများနှင့် မကိုက်ညီပါက၊ သူနှင့်ဆက်မချိန်းတွေ့ခြင်းမှာ သင့်အတွက် အကောင်းဆုံး ဖြစ်လိမ့်မည်။

            လူငယ် ၁၀၀၀ ကိုစစ်တမ်းကောက်ကြည့်သောအခါ၊ မိန်းကလေး ၉၄ % နှင့် ၇၆ % တို့က လိင်ကိစ္စအား “No” ဟု ပြောခြင်းသည် လက်ခံနိုင်သောကိစ္စဖြစ်သည်ဟု ဆိုကြသည်။ လက်ခံနိုင်ရုံသာ မက  အသိဥာဏ်ရှိသော လုပ်ရပ် မျိုး ပင် ဖြစ်သည်။ ဘဏ်ထဲရှိငွေနှင့် ဤအရာသည်တူသည်။ ငွေစုစာရင်း ထဲသို့ ငွေထည့်သောသူသည် သူ၏ငွေအား လွှင့်ပစ် နေခြင်းမဟုတ်ပါ။ သူ၏အနာဂတ်ကို မျှော်ကြည့်လျက် စီမံနေခြင်းပင်ဖြစ်သည်။

            လက်မထပ်မီဆက်ဆံခြင်းကို “No” ဟုပြောခြင်းမှာ သင်၏အနာဂါတ်ကို မျှော်ကြည့်နေခြင်းပင် ဖြစ်သည်။ ဤအခြင်းအရာမှာ ““အချစ်ငွေစာရင်း””ကို ပြုလုပ်ထားခြင်းဖြစ်ပြီး ဤအချစ်ငွေကို မှန်သော အချိန်၌ ပြန်ထုတ်ပြီး မှန်သော လူ နှင့် ၀မ်းမြောက်စွာသုံးစွဲရမည်ဖြစ်သည်။

            မိန်းကလေးများသည် အံ့သြစွာဖြင့် သိရှိသွားကြသည်မှာ သူတို့သည် အပျိုစင်များဖြစ်ကြောင်းနှင့် ဤသို့ ဆက် ဖြစ်ဖို့ ရည်ရွယ်ကြောင်း သတင်းပြန့်နှံ့သွားသောအခါတွင် သူတို့ကိုချိန်းတွေ့သူများပို၍ များလာပြီး ပို၍ အရည်အသွေး မြင့် သော သူငယ်ချင်းဘ၀များကိုလည်း တည်ဆောက်လာနိုင်ပေမည်။ ယောက်ျားများက သူတို့သည် လိင်ပိုင်းအရ လုပ်ဆောင်ဖို့ အကြောင်းမရှိသည်ကို သိသွားသောအခါ၊ တဦး ကိုတဦး သိကျွမ်းလာနိုင်ဖို့နှင့် သာယာ ပျော်ရွှင်ဖွယ် ကောင်းသော အချိန်များကို ရရန်အတွက်သာ ပို၍ အာရုံစိုက်လာနိုင်ပေမည်။

            ဤအချက်ကို ရင်ဆိုင်ရမည်။ ဤလိင်ရူးသွပ်နေသောကမ္ဘာ၌ မိမိကိုယ်ကို သန့်ရှင်းအောင်ထားဖို့ အတွက် မလွယ် ကူပါ။ ပါတီပွဲတစ်ခု၌ အခြားစုံတွဲများက အိပ်ခန်းထဲသို့အသီးသီးဝင်ကြသွားသောအခါ၊ ယောက်ျားတဦးက ထိုပါတီပွဲမှ သူ့ကောင်မလေးနှင့်အတူပြန်ထွက်သွားနိုင်ဖို့အတွက်၊ သူမတွင် သတိ္တအလုံ အလောက်ရှိရန် လိုအပ်သည်။ အခြားသူများ က “No” ဟု မပြောချိန်တွင်၊ ကောင်းမလေးတဦးက “No” ဟု ပြောနိုင်ရန်အတွက်၊ သူမတွင် သတိ္တ အလုံအလောက် ရှိရမည်။ သင်ရမည်ဆုလာဒ်မှာ ကြီးမားသည်ကိုမူ သင်သိပါသည်။

            မိမိကိုယ်ကိုစင်ကြယ်အောင်ထားသော ကောင်မလေးတဦးက ဘာကြောင့် သူကိုယ်ကိုသူ ယခုအချိန်ထိ စင်ကြယ် အောင် ထားမှန်း တခါတရံ စဉ်းစားတွေးတောမိသည်ဟု သူမ၏အဖေအားပြောပြသည်။ ထိုအခါ အဖေဖြစ်သူက ပညာ ရှိစွာဖြင့် ပြန်ပြောသည်မှာ  သမီးဘာကြောင့် အခုအချိန်ထိ စောင့်ဆိုင်းနေလဲ ဆိုတာကို အဖေသိတယ်လို့ထင်တယ်။ သမီး အခုချိန်ထိ အပျိုစင်ဘ၀ကို စွန့်လွှတ်ဖို့အတွက် စောင့်ဆိုင်း နေတဲ့အကြောင်းကတော့ သမီးဟာ မိမိမှာ အပြစ် ရှိကြောင်း ခံစားရတဲ့ ခံစားချက်တွေနဲ့ နောင်တရမှုတွေကနေ ကင်းဝေးလိုလို့ပဲ။ ပြီးတော့ သမီးရဲ့၊ အနာဂတ် မင်းသားလေး ကို အပြည့်အ၀ ပေးနိုင်ဖို့ စောင့်စားနေခြင်း ပဲဖြစ်တယ်။

            လက်မထပ်မီ ဆက်ဆံခြင်းအား “No” ဟုပြောခြင်း၏ဆုလဒ်ကို နောက်ပိုင်းမှရသည်။ ဤဆုလဒ်သည် ထူးခြား ကောင်းမွန်သည်။ ဘာဆုလဒ်များလဲ? ဆုလဒ်မှာ သင်သည်သင်၏အိမ်ထောင်သည်ဘ၀ကို ရှက်ကြောက်စရာ အကြောင်း နှင့် နောင်တရစရာအကြောင်းရှိဘဲ စတင်နိုင်သည်။ ထို့ပြင် မိမိ၌အပြစ်ရှိသည် ဟု ခံစားချက်မျိုး မခံစား ရရုံသာ မက ၊ sgd ရောဂါများနှင့် ကင်းဝေးစွာဖြင့် သင်၏အိမ်ထောင်ရေးဘ၀ကို အစပြုနိုင်သည်။

            အနှစ်ချုပ်ရသော ။ “No” ဟုပြောခြင်းသည် အိမ်တအိမ် (သို့) ရပ်ထားသောကားပေါ်တွင် ဖြစ်လိမ့်မည်။ သို့သော် ဤသို့ ပြောနိုင်ရန်အတွက် သင့်စိတ်နှလုံးထဲတွင် အစောကြီးကတည်းက ပြင်ဆင်ထားရမည်။ သင်သည် “No” ဟု ပြောနိုင်ပြီး ထိုသို့ပြောနိုင်သည့် နည်းလမ်းများရှိသည်။ သင်သည် ဒိတ်မလုပ် မီ အချိန်ကတည်းက သင့်ကိုယ်သင် ပြင်ဆင် ထားရမည် ဖြစ်ပြီး ဒိတ်လုပ်မည့်နေ့တွင် လုပ်မည့်အရာများကို တိကျစွာသတ်မှတ်ပြီး သတ်မှတ်ထားသည့်အတိုင်း လုပ်သင့်ပေသည်။

ဘုရားသခင်အား မည်သို့နှစ်သက်ကျေနပ်နိုင်စေမည်နည်း?

            လူအများစုသည် ဤမူဝါအားဖြင့် အသက်ရှင်ကြသည်။ ““ငါနှစ်သက်တာကို ငါလုပ်မယ်””။ ခရစ်ယာန်များ အတွက် မူ၊ ထိုကဲ့သို့မဟုတ်ပါ။ သခင်ယေရှုသည် သင်၏ကယ်တင်ရှင်ဖြစ်ပါက၊ သင်သည် သင့်ကိုသင်မပိုင်ဘဲ၊ သင်သည် ဘုရားသခင်နှင့်သာသက်ဆိုင်သည်။ သင်သည် စာတန်၏နိုင်ငံ၌ ကျွန်တဦးဖြစ်ခဲ့သော်လည်း သခင်ကသင့်အား အဖိုးအခ ပေးပြီးဝယ်ခဲ့သည်။ ဘုရားသခင်က သင့်အတွက် ဘာအဖိုးအခကို ပေးခဲ့သနည်း? ထိုအဖိုးအခမှာ သူ့သားတော်၏ သေခြင်းပင်ဖြစ်သည်။ ကျမ်းစာက ““ရွှေ ငွေအစရှိသော အရာနှင့် သင်တို့ကိုရွေးတော်မူသည်မဟုတ်။ ...ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော် မူသည်ကိုသိမှတ်ကြလော့’”။ (၁ပေ ၁း၁၈၊၁၉) ခရစ်တော်သည် သင်၏ကယ်တင်ရှင် ဖြစ်ရုံမက၊ သင်၏ သခင်လည်းဖြစ်သည်။ သင့်နှလုံးသား၏ ပလ္လင်ပေါ်၌ထိုင်ရန်အတွက် သူတွင် အခွင့်ရှိသည်။ ထို ပလ္လင် သည် နှစ်ဦးအတွက် မဟုတ်ဘဲ တဦးတည်းအတွက်သာဖြစ်သည်။ ထိုတဦးတည်းမှာ ခရစ်တော်ဖြစ်သည်။ ဇာတိ ပကတိ မဟုတ်ပါ။ ကျမ်းစာက ““... မိမိတို့ကို မိမိမပိုင်ကြောင်းကို၎င်း၊ .... သင်တို့သည် အဘိုးနှင့်ဝယ် တော်မူသောသူ ဖြစ်သောကြောင့်၊ ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။

            ဘုရားသခင်အား နှစ်သက်ကျေနပ်စေရန် ရွေးချယ်အသက်ရှင်ပါက၊ သင့်ဘ၀ရှိ မေးခွန်းပေါင်းများ စွာအတွက် အဖြေရလိမ့်မည်။ သင်သည် ကြီးမားသည့်ဆုံးဖြတ်ချက်ကို ချရန်လိုအပ်လာသောအချိန်တွင် သင်သည် သင့်မိတ်ဆွေများ ထံ သွား၍ သူတို့၏အမြင်ကို တောင်းခံစရာမလိုပါ။ ထိုသို့လုပ်မည့်အစား သင်က မိမိကိုယ်ကို ဤသို့မေးလိမ့်မည်။ ““ဒီလုပ်ရပ်က ဘုရားသခင်အား နှစ်သက်စေပါ့မလား?

            အိမ်ထောင်ရေးဘ၀အပြင်ဘက်၌ လိင်ဆက်ဆံခြင်းအားလုံးကို ဘုရားသခင်က တားမြစ်ထားသည်။ လိင်နှင့် ပတ်သက်လာလျှင်၊ ဘုရားသခင်၏အလိုတော်မှာ ဤသို့ဖြစ်သည်ဟု ကျမ်းစာက ပြောသည်။ ““ဘုရားသခင်၏အလိုတော် ဟူမူကား သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်း ငှါ၎င်း၊“” ၁သက် ၄း ၃

            သန့်ရှင်းစေခြင်းဟူသောစကားလုံး၏ အဓိပ္ပါယ်မှာ ““ဘုရားသခင်အတွက် သီးသန့်ဖယ်ထားခြင်း”” ဟု အဓိပ္ပါယ် ရသည်။ ကျွန်ုပ်၏ကိုယ်ခန္ဓာ(ကျမ်းစာအခေါ်အိုး)သည် ဘုရားသခင်နှင့်သက်ဆိုင်သော်လည်း ဘုရားသခင်က ကျွန်ုပ်အား ပိုင်ဆိုင်ခွင့်ပေးထားသည်။ ကျွန်ုပ်၏မြေအိုးကို ဘုရားသခင်အတွက် ကောင်းစွာထိန်းသိမ်းထားရမည်ဖြစ်သည်။ ကျွန်ုပ်၏ ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရမည်။ ကျမ်းစာက ““ဘုရားသခင်ကို မသိသော သာသနာပ လူတို့သည် ကိလေသာတပ်မက်ခြင်း ရှိသကဲ့သို့ မရှိ၊ သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကို ထိန်းတတ် စေခြင်းငှာ၎င်း”” ဟုဆိုသည်။ ၁သက် ၄း ၄၊ ၅

            ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ခန္ဓာအား သန့်ရှင်းစင်ကြယ်စေရန်၊ အသရေတင့်တယ်စေရန်အတွက် ထိန်းသိမ်း ထားပါက၊ ဘုရားသခင်အား နှစ်သက်ကျေနပ်စေသည်။ ဘုရားသခင်အားနှစ်သက်စေနေကြောင်း ကို သိရခြင်းက ကျွန်ုပ်တို့အား အလွန်ဝမ်းမြောက်စေသည်။ ဘုရားသခင်ကို မသိသော၊ ကယ်တင်ခြင်း မရသောသူများကဲ့သို့ ကျွန်ုပ်တို့ သည် အသက်ရှင်ပြီး သူတို့လုပ်သလိုမျိုး လိုက်လုပ်ပါက၊ စာတန်ကအောင်ပွဲ ခံမည်ဖြစ်ပြီး ဘုရားသခင်၏ ရှုံးနိမ့်မှု ပင် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် စင်ကြယ်စွာ၊ အသရေတင့် တယ်စွာ အသက်ရှင်ပါက၊ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေခြင်း ပင်ဖြစ်သည်။

မေးခွန်းများ (မှန်/မှား)
၁။    ယောက်ျားတဦးက မိန်းကလေးအား ချစ်သည်ဟုပြောပြီး သူမနှင့်လိင်ဆက်ဆံလိုသည်ဟု ပြောသောအခါ သူ၏ပြင်းပြသည့် လိင်ဆန္ဒသည် စစ်မှန်သောအချစ်၏သက်သေဖြစ်သည်။

၂။    ယောက်ျားများဘက်မှနေ၍ မျှတစွာပြောရမည်ဆိုလျှင်၊ လိင်ဆက်ဆံဖို့အတွက် ယောက်ျားတဦးအား ဖိအားပေးသော မိန်းကလေးမျိုးမှာ ရိုင်းပြပြီးလျှပ်ပေါ်သောမိန်းကလေးမျိုးဖြစ်သည်။ ဤသို့ဖိအားပေးခြင်းအားဖြင့် သူမသည် မိမိကိုယ်ကို လေးစားမှု အနည်းငယ်သာရှိကြောင်းကို ပြသသည်။

၃။    တဆင့်ပြီးတဆင့်တက်သည့် နိယာမသဘောတရားက ပြောသည်မှာ လိင်ဆန္ဒများသည် တဆင့်ပြီး တဆင့် တက် လာသည့် သဘောသဘာဝမျိုးပင်ဖြစ်သည်။ ယေက်ျားလေးနှင့်မိန်းကလေးသည် အတူကွ အချိန်ကိုနှစ်ယောက်တည်း ကုန်ဆုံးစေသောအခါ၊ သူတို့သည်ခန္ဓာပိုင်းအရသာ၍ နီးကပ်မှုဆီသို့ ဦးတည် သွားနေမည်ဖြစ်သည်။

၎။    ပွတ်သတ်ခြင်းဆိုသည် တဦးနှင့်တဦး မိမိတို့၏ ကိုယ်ခန္ဓာကို အပြန်အလှန်ကိုင်တွယ်ကြခြင်းဖြစ် သည်။ သင်သည် အဆုံး ထိ သွားရန်ဆန္ဒမရှိပါက၊ မွတ်သတ်ခြင်းသည် အိုကေ ပါသည်။

၅။    သင်တို့နှစ်ဦးသည် နှစ်ဦးတည်းရှိသည့်အချိန်တိုင်းတွင် အရင်တစ်ခေါက်က ပြုလုပ်ခဲ့သောအရာမှ စတင်ပြုလုပ်သည်။ ယောက်ျားနှင့်မိန်းမများစွာတို့သည် အဆုံးထိလုပ်ရန် မရည်ရွယ်သော်လည်း လုပ်မိ သွားခြင်းမှာ တဆင့်ပြီး တဆင့် တက်သည့် လိင်ဆန္ဒ၏သဘောသဘာဝကို နားမလည်ကြသောကြောင့် ဖြစ်သည်။

၆။    ရိတ်သိမ်းမှု၏နိယာမသဘောက သင်သည်စိုက်သည့်အတိုင်းရိတ်ရမည်ဟုပြောသည်။ သင်သည် အိမ်ထောင်ရေး ဘ၀ အပြင်ဘက်၌ လိင်ကိစ္စ၌ပါဝင်ပတ်သက်နေပါက၊ ကိုယ်ကျင့်တရားပျက်ပြားမှုဟူသော မျိုးစေ့အား စိုက်ပျိုး နေခြင်း ပင်ဖြစ်ပြီး အနာဂိတ်တစ်ချိန်၌ သင်၏ရိတ်သမ်းပွဲသည် ခါးသီးဖွယ်ကောင်း လိမ့်မည်။

၇။    သင်သည် ရိတ်သိမ်းမှု၏နိယာမသဘောကို မယုံကြည်ပါက၊ ထိုသဘောတရားသည် သင့်အပေါ် သို့သက်ရောက်မှု ရှိမည် မဟုတ်ပါ။

၈။    လိမ်ညာမှုကြီးမှာ လိင်ကိစ္စသည် ပျော်ရွှင်ဖွယ်ကောင်းပြီး အိမ်ထောင်ရေးဘ၀အပြင်ဘက်၌ ဆက်ဆံခြင်းအတွက် မည်သူကမှ အဖိုးအခပေးစရာမလိုပါ။

၉။    သင်သည် အကာကွယ်အနေဖြင့် ကွန်ဒုံးသုံးသော်ငြားလည်း၊ အိမ်ထောင်ရေးဘ၀အပြင်ဘက်၌ ဆက်ဆံခြင်းသည် အပြစ် ဖြစ်သည်။

၁၀။    လက်မထပ်မီဆက်ဆံခြင်းကို “No” ဟုပြောခြင်းသည် သင့်အတွက်အကောင်းဆုံးဖြစ်သည်။ ယခု အချိန်၌ စိတ် လှုပ်ရှားမှုအချို့ကိုငြင်းပယ်ခြင်းအားဖြင့် သင်သည် သင်၏တောက်ပသောအနာဂတ်အတွက် ပြင်ဆင် စီမံနေခြင်းပင် ဖြစ်သည်။

ရဲလင်းထွန်း (အင်းစိန်) ဘာသာပြန်ဆိုသည်။
Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support