HCF

HCF MYANMAR IN SINGAPORE

Wednesday, September 15, 2010

ဘုရားသခင်၏ဆုံးမပဲ့ပြင်ခြင်း


God's Chastening

Practical Christian Living Course Four

Lesson 12


သော့ချက်ကျမ်းပုဒ် ။ ။ အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရ လိမ့်မည်။ ဂလာ ၆း ၇

ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် နာခံခြင်းရှိရမည်ဟူသော မူဝါဒအားဖြင့် အသက်ရှင်ကြရ မည်ဖြစ်သည်။ ဘုရားသခင်သည် ဘယ်သောအခါမှ မိမိ၏သားသမီးများကို အပြစ်၌ မကျင်လည်စေလိုပေ။ ကျမ်းစာက""ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ၊ ဤအရာတို့ကို သင်တို့အားငါရေး၍ ပေးလိုက်၏။""ဟု ဆိုသည်။ ၁ယော ၂း၁

သို့သော်လည်း၊ ခရစ်ယာန်တို့သည် အမှန်တကယ်ပင်အပြစ်ကို ပြုလုပ်ကြပြီး ခရစ်ယာန်များစွာတို့သည် အပြစ်နှင့်ပတ်သက်၍ ပေါ့ပျက်ပျက် သာ သဘောထားကြသည်။ ဤသင်ခန်းစာ၌ ဤမေးခွန်းကို ကိုင်တွယ်ကြမည်ဖြစ်သည်။ ""ယုံကြည်သူတဦးဦး ဆန္ဒရှိရှိ(စိတ်ပါလျက်) အပြစ်ကို ကျူးလွန်ပါက ဘာဖြစ်မည်နည်း?


ယုံကြည်သူတဦး၏အသက်တာရှိ အပြစ်၏အကျိုးဆက်များ

သင်ခန်းစာ ၆ တွင် ယုံကြည်သူတဦး၏ဘ၀ထဲရှိ အပြစ်၏အကျိုးဆက်များထဲမှတစ်ခုကို လေ့လာ ခဲ့ကြပြီးဖြစ်သည်။ ၄င်းမှာ အပြစ်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏မိတ်သဟာယကို ဖျက်ဆီးပစ်သည်။ ဤသင်ခန်းစာတွင် ""အပြစ်သည် ဆုံးမပဲ့ပြင်တတ်သော ဘုရားသခင်၏ လက်တော်ကို ကျွန်ုပ်တို့အပေါ်သို့ ကျရောက်စေသည်"" ပင်ဖြစ်သည်။

ယုံကြည်သူတဦးသည် ခရစ်တော်အား သူ၏ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ချိန်တွင် သူ၏အပြစ်များသည် လွှတ်ခြင်းခံရသည် ဆိုသည့် အချက်မှာ မှန်ကန်သည်။ သို့သော် ဤအချက်က သူ့စိတ်ကြိုက်အသက် ရှင်၍ သူလုပ်လိုသမျှ မည်သည့်အရာကိုမဆို လုပ်နိုင်သော အခွင့်ကိုမူ သူအား မပေးပါ။ သူသည် သူလုပ် ဆောင်မှုများ၏ လက်တွေ့ကျသောအကျိုးဆက်များကို ရင်ဆိုင်ရပေမည်။ ကျမ်းစာက ""အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရ လိမ့်မည်။""ဟု ဆိုသည်။ ဂလာ ၆း၇

ကျွန်ုပ်တို့သည် မည်သို့သောအပြစ်ကိုမဆို ကျူးလွန်ခဲ့သည်ဖြစ်စေ၊ ဘုရားသခင်ထံသို့သွား၍ ထိုအပြစ်ကို ၀န်ချတောင်းပန်ပြီး ခွင့်လွှတ်ပေးရန် တောင်းဆိုပါက ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်းခံရမည် ဖြစ်သည်။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့မှုကိုလည်း အလျင်အမြန်ပြန်လည် ရယူနိုင်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များကို ရိုးသားဖြောင့်မှန်စွာ ၀န်ချတောင်းပန်က၊ ဘုရားသခင်သည် အပြစ်အားလုံးတို့ကို လွှတ်ပေးရန် ဆန္ဒရှိသည်။ သို့သော် ဤအရာက ကျွန်ုပ်တို့၏အပြစ်များအတွက် ဆုံးမခြင်းကို မခံရပါဟု ဆိုလိုခြင်းမဟုတ်ပါ။


ဒါဝိတ်အား ဆုံးမပဲ့ပြင်ခြင်း

ဓမ္မဟောင်းကျမ်းထဲတွင် လူများစွာတို့၏ အသက်တာအကြောင်းအရာတို့ကို မှတ်တမ်းတင်ထားခြင်းမှာ ထိုသူတို့ဘ၀အသက်တာ၏ အတွေ့ အကြုံများမှ သင်ယူစရာများကို ကျွန်ုပ်တို့ သင်ယူနိုင်ကြရန် ဖြစ်သည်။ ဒါဝိတ်၏ကြီးစွာသော အပြစ်အကြောင်းအရာမှ ကျွန်ုပ်တို့သင်ယူရမည့် အလွန် အရေးကြီးသော သင်ခန်းစာ (၂)ခုရှိသည်။

(၁) ကျွန်ုပ်တို့၏အပြစ်များသည် လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်မှု၏ အကျိုးဆက်များကိုမူ မလွဲမသွေ ရင်ဆိုင်ရမည်။

(၂) အချို့သောအပြစ်များသည် တစ်သက်တာလုံးစာ အတွက် အကျိုးဆက်များရှိသည်။


ဒါဝိတ်သည် ဘုရားသခင်၏ ကြီးမြတ်သောလူဖြစ်ရုံမက၊ အစ္စရေးနိုင်ငံကို အုပ်စိုးခဲ့သော ဘုရင်များအနက် အကြီးမြတ်ဆုံးသော ဘုရင်တစ်ပါး လည်းဖြစ်သည်။ သို့သော် ဒါဝိတ်သည် ၀မ်းနည်း ကြေကွဲဖွယ် အပြစ်လုပ်ခဲ့ပြီး သူ့အပြစ်၏အကျိုးဆက်များကို အလူးအလဲ ခံစားခဲ့ရသည်။

ဓမ္မရာဇ၀င် ၁နှင့် ၂တွင် ဒါဝိတ်၏ကြီးစွာသောအပြစ်အကြောင်းကို မှတ်တမ်းတင်ထားသည်။ ဒါဝိတ်၏တပ်သားများသည် စစ်မြေပြင်၌ စစ်တိုက်ထွက်နေချိန်တွင် ဒါဝိတ်သည် မိမိနန်းတော်၌ ကျိန်းစံနေခဲ့ သည်။ ညနေခင်းတစ်ခုတွင် သူသည် နန်းတော်၏ လသာဆောင်တစ်ခု၌ လမ်းလျှောက် နေစဉ်၊ မိန်းမလှ တစ်ဦး ရေချိုးနေသည်ကို မြင်တွေ့ခဲ့သည်။ လိုချင်ရမ္မက်စိတ်သည် သူ့စိတ်ထဲသို့ ၀င်ရောက်လာခဲ့သည်။ သူသည် ဗာသရှေဘကို အထံတော်သို့သွင်းစေပြီး သူမနှင့် ဖောက်ပြားခဲ့သည်။

မကြာမီအချိန်တွင် ဗာသရှေဘက သူမသည် ဒါဝိတ်နှင့်ရသည့် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို ဒါဝိတ်အား အကြောင်းကြားခဲ့သည်။ ဗာသရှေဘ၏ ခင်ပွန်းဖြစ်သူ ဥရိယသည် စစ်တိုက်ထွက်နေပြီး အိမ်နှင့်ဝေးရာအရပ်တွင် အချိန်အတန်ကြာရှိနေသာကြောင့် သူ့မယားကို ပြစ်မှားခြင်း အပြစ်သည် မကြာမီ အချိန်အတောအတွင်း လူအများရှေ့၌ ထွက်ပေါ်လာတော့မည်ကို ဒါဝိတ် နားလည်ခဲ့သည်။

ဒါဝိတ်သည် သူ၏အပြစ်ကို ဖုံးကာရန်နှင့် သူအနေဖြင့် ဗာသရှေဘအား လက်ထပ်နိုင်ရန်အတွက် ဥရိယအား စစ်ပွဲအတွင်း၌ ကျဆုံးစေရန် စီမံခဲ့သည်။ ဒါဝိတ်သည် သူ့အပြစ်ကို အောင်မြင်စွာ ဖုံးကာနိုင်ခဲ့သည်ဟု ထင်ရသော်လည်း ကျမ်းစာက ""ဒါဝိတ်လုပ်ခဲ့သောအရာသည် ဘုရားသခင်အား မနှစ်မြိုစေခဲ့ပါ"" ဟုဆိုသည်။

ဘုရားသခင်သည် သူ့မယားကိုပြစ်မှားခြင်းအပြစ်နှင့် သူ့အသက်ကိုသတ်ခြင်းအပြစ်တို့ကို ကျူးလွန်ခဲ့သော ဒါဝိတ်အား ရင်ဆိုင်တွေ့ဆုံရန် အတွက် ပရောဖက်နာသန်အား စေလွှတ်ခဲ့သည်။ ဒါဝိတ် သည် သူ၏အပြစ်တို့ကို အမှန်တကယ် နောင်တရခဲ့ပြီး ဘုရားသခင်ထံဝန်ချတောင်းပန်ခဲ့သည်။ ဆာလံ ၅၁ တွင် ဒါဝိတ်၏၀န်ချတောင်းပန်မှုသည် မည်မျှနက်ရှိုင်းသည်ကို မှတ်တမ်းတင်ထားသည်။ ""အို ဘုရားသခင်၊ ကျေဇူးပြုချင်သော စေတနာစိတ် ရှိသည်အတိုင်း၊ အကျွန်ုပ်ကို သနားတော်မူပါ။ စုံမက်တော်မူခြင်း ဂရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။ ဒုစရိုက် အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။ အကျွန်ုပ်လွန်ကျူးပါပြီဟု ၀န်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက် နေပါ၏။"" ဆာ ၅၁း ၁-၃

ဤကျမ်းပုဒ်တို့ကို ကြည့်ခြင်းအားဖြင့် ဒါဝိတ်သည် သူ၏အပြစ်များနှင့် ပတ်သက်၍ အမှန် တကယ်ပင် သူ၏စိတ်နှလုံး ကျိုးပဲ့ကြေကွဲခဲ့သည်ကို တွေ့နိုင်သည်။ ဘုရားသခင်သည် ဒါဝိတ်၏ ၀န်ချ တောင်းပန်ခြင်းအား လက်ခံခဲ့ပြီး သူ့ကိုအပြစ်လွှတ်ကာ သူနှင့်ပြန်လည်မိတ်သဟာယဖွဲ့စေခဲ့သည်။ နာသန်က ဒါဝိတ်အား ""သခင်သည် သင်၏အပြစ်များကို ဖယ်ရှားပစ်ခဲ့ပြီးဖြစ်သောကြောင့်၊ သင်မသေဆုံး တော့ပါ""ဟူ၍ ပြောခဲ့သည်။

သို့သော် ဤမျှနှင့် ဤကိစ္စက မပြီးဆုံးသွားပါ။ ဘုရားသခင်သည် စင်္ကြာဝဠာကို အုပ်စိုးသူဖြစ်ပြီး သူသည် သန့်ရှင်း၍ ဖြောင့်မတ်သည်။ သူသည် ကျွန်ုပ်တို့၏အပြစ်များကို မမြင်ချင်ဟန်ဆောင်၍ ကျော်ကြည့်သွား၍မရသလို ကျွန်ုပ်တို့၏အပြစ်တို့ကို မသိသလိုမျိုး ဟန်ဆောင်၍လည်းမရပါ။ ဒါဝိတ်သည် ဘုရင်တစ်ပါးဖြစ်သော်ငြားလည်း ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံခဲ့ရသည်။ ကျမ်းစာက ဘုရားသခင်သည် "အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ" ဟူ၍ပြောခဲ့သည်။ ရော၊ ၂း၁၁

ဒါဝိတ်၏ အပြစ်က ဘုရားသခင်၏ ရန်သူများအား ဘုရားသခင်၏နာမတော်ကို ရှုံ့ချနိုင်စေရန် အတွက် အခြေအနေပေးသလို ဖြစ်သွားသော ကြောင့်၊ ဘုရားသခင်က ""ဓားလက်နက်သည် သင့်အိမ်မှ ဘယ်သောအခါမှ ထွက်ခွာသွားလိမ့်မည်မဟုတ်။ အကြောင်းမှာ သင်သည် ငါ့အပေါ်တွင် ကျူးလွန်ခဲ့ပြီး"" ဟု ဆိုခဲ့သည်။

ဘုရားသခင်က သူ၏အပြစ်တို့ကို ခွင့်လွှတ်ပေးခဲ့သော်လည်း ဒါဝိတ်သည် သူ့ဒုစရိုက်အပြစ်များ၏ လက်တွေ့ကျသော အကျိုးအဆက်တို့ကို ဤလောက၌ရှိစဉ်ကာလတွင်း ရိတ်သိမ်းခဲ့ရသည်။ သူသည် ၀မ်းနည်းကြေကွဲစရာကိစ္စများစွာတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဗာသရှေဘ မှ မွေးဖွားသော သားသည် သေဆုံး ခဲ့သည်။ သူ့သားများထဲမှ တစ်ဦးမှာ အသတ်ခံခဲ့ရသည်။ အခြားသားတဦးက ဒါဝိတ်အား ပုန်ကန်မှုကို ဦးဆောင်ခဲ့ပြီး စစ်ပွဲ၌ ကျဆုံးခဲ့သည်။ အမှန်တကယ်ပင် ဓားလက်နက်သည် ဒါဝိတ်၏အိမ်တော်မှ မထွက် ခွာသွားခဲ့ပါ။

ကျွန်ုပ်တို့၏အပြစ်များသည် လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့သည်လည်း ဒါဝိဒ်ကဲ့သို့ ပင်ကျွန်ုပ်တို့အပြစ်များ၏လက်တွေ့ကျသော အကျိုးဆက်တို့ကို ရင်ဆိုင်ကြုံတွေ့ရမည်ကို ကျွန်ုပ်တို့သိမြင် ကြပါရဲ့လား? အပြစ်သည် တစ်သက်တာလုံးစာအတွက် အကျိုးဆက်များရှိသည်ကိုလည်း မြင်ကြပါရဲ့လား?


ကျွန်ုပ်တို့ လုံးဝမလုပ်ရမည့်အရာအချို့

ခရစ်ယာန်တဦးသည် မိမိ၏အသက်တာကို နမော်နမဲ့အသက်မရှင်နိုင်သလို အပြစ်ကိုလည်း ပေါ့ပျက်ပျက် သဘောမထားနိုင်ပါ။ ဘုရားသခင် သည် ကျေးဇူးတော်နှင့်ကြွယ်ဝပြည့်စုံ၍ ကျွန်ုပ်တို့အပြစ်များကို လွှတ်ပေးလိုသော်လည်း၊ သူ၏ဆုံးမပဲ့ပြင်ခြင်းကို မခံရပါဟု ဆိုလိုခြင်းမဟုတ်ပါ။

ကျွန်ုပ်တို့သည် ပြင်းထန်ဆိုးဝါးသောအကျိုးဆက်တို့ကို ရှောင်လွှဲလိုပါက၊ ကျွန်ုပ်တို့မလုပ်ရမည့် အရာအချို့ရှိသည်။


(၁) ဆန္ဒ(စိတ်နှလုံး)ပါလျက် အပြစ်ကိုမကျူးလွန်ပါနှင့်

ဘုရားသခင်အား ဆန္ဒရှိရှိ(စိတ်နှလုံး)ပါလျက် တမင်သက်သက်မနာခံခြင်းသည် သူအားပုန်ကန်ခြင်းတမျိုးဖြစ်သောကြောင့်၊ ဘုရားသခင်၏ ဆုံးမတတ်သော လက်တော်ကို ကျွန်ုပ်တို့အပေါ်သို့ကျရောက်စေနိုင်သည်။ ဘုရားသခင်က သူ၏သားသမီးများ အမှားတစ်ခုခုလုပ်သည့်အခါတိုင်းတွင် ဆုံးမခြင်းမဟုတ်ပါ။ သူသည် ထိုကဲ့သို့ မဟုတ်ပါ။ သူသည် သူ့သားသမီးများကိုချစ်ပြီး သူတို့နှင့်ပတ်သက်လာလျှင် စိတ်ရှည်သည်းခံပြီး ညင်သာသည်။ ဒါဝိဒ်က ""ငါတို့အပြစ်များခြင်းနှင့်အလျောက်၊ ငါတို့၌ပြုတော်မမူတတ်၊ ငါတို့၌ဒုစရိုက်ရှိ သည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်။ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည်အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၌ ဂရုဏာတော်သည် အားကြီးပေး၏။""ဟု ဆိုသည်။ ဆာ ၁၀၃း၁၀-၁၁

ဒါဝိဒ်က ဘုရားသခင်သည် သူ၏သားသမီးများအပေါ်တွင် အလွန်အမင်းကျေးဇူးတော် ကြွယ်ဝပြီး စိတ်ရှည်သည်းခံသည်ကို အသိ အမှတ် ပြုခဲ့သည်။

သို့သော် ဤကိစ္စနှင့်ပတ်သက်၍ အခြားတစ်ဖက်၌ ဆင်ခြင်စရာရှိသေးသည်။ ဘုရားသခင်သည် သူ၏သားသမီးများအပေါ်တွင် အလွန် စိတ်ရှည် သည်းခံတတ်သည်ကို အသိအမှတ်ပြုနေတုန်းတချိန်တည်း၌ပင် ကျွန်ုပ်တို့နားလည်ထားရမည့်အချက်မှာ ဆန္ဒ(စိတ်နှလုံး)ပါလျက် နာခံခြင်း မရှိသော လုပ်ဆောင်မှုတစ်ခုတည်းကတောင် မှ ပြင်းထန်ပြီး၊ သက်ရောက်မှုများစွာရှိသော အကျိုးဆက်တို့ကို ဖြစ်ပေါ်စေနိုင်သည်။

ပထမဦးဆုံးသော လူယောက်ျားနှင့် လူမိန်းမတို့၏ တစ်ခုတည်းသော မနာခံမှု ဖြစ်ရပ်ကြောင့် အပြစ်နှင့်သေခြင်းသည် ဤလောကအတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်သည်။ အပြစ်၏ရလဒ်ဖြစ်သော ၀မ်းနည်းစရာများ၊ ခေါင်းခဲစရာများနှင့် ကြေကွဲဖွယ်ဖြစ်ရပ်များသည်လည်း ဤလောကအတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ကျွန်ုပ်တို့အပိုင်းမှ နာခံခြင်းမရှိဘဲ လုပ်ဆောင်မှု တစ်ခုတည်းတောင်မှ ကြေကွဲဖွယ် နှင့်တခါတရံတစ်သက်တာလုံးအပေါ်တွင် သက်ရောက်မှုရှိသော အကျိုးဆက်တို့ဖြစ်ပေါ်စေနိုင်သည်။

ခရစ်ယာန်မိဘများ၏သားဖြစ်သူ လူငယ်တစ်ဦးသည် ကိုယ်ကျင့်တရားမရှိသော မိန်းမတစ်ဦးထံ သွားပြီး သူမနှင့် ကာမရောယှက်ခဲ့သည်။ တကြိမ်တခါတည်းသော လိင်ဆက်ဆံမှုမှတဆင့် သူသည်ကာလသားရောဂါတစ်ခုကို ရလိုက်သည်။ သူသည်ဆေးဝါးကုသမှုခံခဲ့သော်လည်း ဤရောဂါကို မထိန်းချုပ်နိုင်ခဲ့ ပါ။ ၃ နှစ်အတောအတွင်း သူသေဆုံးသွားခဲ့သည်။


(၂) ကျွန်ုပ်တို့သည် ကိုယ်ကာယ၏အလိုနောက်သို့လိုက်၍ အသက်မရှင်သင့်ပါ။

ကိုယ်ကာယ၏အလိုနောက်သို့လိုက်၍ အသက်ရှင်ခြင်းဆိုသည်မှာ ကိုယ်ကာယ၏ အလိုဆန္ဒနှင့် ရမ္မက်တို့၏ကျွန်အဖြစ် အသက်ရှင်ခြင်းကို ဆိုလိုသည်။ ကျမ်းစာက ဤသို့အသက်မရှင်ရန် သတိပေးထားသည်

ကိုယ်ကာယ၏အလိုနောက်သို့လိုက်၍ အသက်ရှင်သောကြောင့် တွေ့ကြုံရသောအကျိုးဆက်တို့အား ရှန်ဆုံ၏အသက်တာကို ကြည့်ခြင်းအား ဖြင့် သိနိုင်သည်။ သူ့လူများကို ရွေးနှုတ်သောသူအဖြစ် ဘုရားသခင်က ရှန်ဆုံးကို ရွေးချယ်ခဲ့သည်။ ဘုရားသခင်ကသူ့ကို ထူးခြားသော တန်ခိုးနှင့်စွမ်းရည် တို့ကို ပေးအပ် ထားသည်။ သူသည်ကြီးစွာသောလုပ်ရပ်တို့ကို လုပ်ဆောင်ခဲ့သည်။ သို့သော်ရှန်ဆုံသည် သူ၏ကိုယ်ကာယ ၏တပ်မက်မှုတို့ကို မထိန်းချုပ်နိုင်ခဲ့ပါ။

ရှန်ဆုံသည် ဒေလိလ ဟူသော ဖိတိတ်္တိမိန်းမနှင့် မတော်မလျော်သော ဆက်နွယ်မှုရှိခဲ့သည်။ ဒေလိလ ၏လုပ်ဆောင်မှုများက သူမသည် ရှန်ဆုံကိုသစ္စာဖောက်ပြီး သူ့ရန်သူများလက်ထဲသို့ အပ်နှံရန် ဆန္ဒရှိကြောင်းကို ရိုးရှင်းစွာပြသသည်။ ရှန်ဆုံကလည်းဤအရာကိုသိသည်။ သူ့အမှား လုပ်နေသည်ကို လည်းသူသိသော်လည်း ဒေလိလ နှင့်ကာမ ယှက်နွယ်မှုကို ဆက်လက်ပြုလုပ်ခဲ့သည်။ သူ၏လုပ်ဆောင်မှု များနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် ရှန်ဆုံ၏စိတ်နှလုံး၌ ကြိမ်ဖန်များစွာပြောဆိုခဲ့သည်မှာ သံသယရှိ စရာမလိုပေ။

နောက်ဆုံးတွင် ဒေလိလ သည် သူမအကြံအစည်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့ သည်။ သူမသည် ရှန်ဆုံကို သူ၏ ရန်သူများ လက်ထဲသို့ အပ်နှင်းခဲ့သည်။ ရှန်ဆုံက အရင်ကသူလုပ်ခဲ့သလို မျိုး သူ၏ကြီးစွာသော အားကိုသုံး၍ သူ့ရန်သူများကို အောင်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ဘုရားသခင်သည် သူကိုစွန့်ခွာသွားပြီးဖြစ်သောကြောင့် သူသည် အခြားလူများထက် မသန်စွမ်းတော့ပါ။ ဖိလိတ်္တိ လူများသည် သူ၏မျက်စိကို ဖောက်ထုတ်ကာ သံကွင်းများဖြင့်ချည်နှောင်၍ အကျဉ်းချထားပြီး ကြိတ်ဆုံကို ကြိတ်စေခဲ့သည်။

ဒါဝိဒ်နှင့်ရှန်ဆုံတို့၏ အဖြစ်အပျက်များသာမက အခြားလူတို့၏အဖြစ်အပျက်တို့ကို ဓမ္မဟောင်း ကျမ်း၌ မှတ်တမ်းတင်ထားခြင်းမှာ သူတို့၏ အသက်တာကိုကြည့်၍ သင်ယူစရာများကို ကျွန်ုပ်တို့သင်ယူ နိုင်ကြရန်ဖြစ်သည်။ ကျမ်းစာက ""ထိုအကြောင်းအရာ ရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့ သောငှာ ထိုသူတို့ ၌ရောက်ကြ၏။"" ၁ကော ၁၀း၁၁ ဟုဆိုသည်။

ရှန်ဆုံ၏အဖြစ်အပျက်မှ ကျွန်ုပ်တို့သင်ယူရမည့် သင်ခန်းစာမှာ ""ကိုယ်ကာယ၏အလိုနောက်သို့ လိုက်၍ အသက်မရှင်နှင့်"" ဖြစ်သည်။ ကျမ်းစာက ""သင်တို့သည် ဇာတိပကတိအတိုင်း အသက်ရှင်လျှင် သေရကြမည်""ဟုဆိုသည်။ ရော ၈း၁၃

အပြစ်အချို့တို့ကို ကျွန်ုပ်တို့ တင်ပြခဲ့ပြီးဖြစ်သည်။ သို့သော် ထိုအပြစ်တို့သာမက အခြားသော အပြစ်တို့ကလည်း ဘုရားသခင်၏ ဆုံးမတတ် သော လက်တော်ကို ကျွန်ုပ်တို့အပေါ်သို့ ကျရောက်စေနိုင် သည်။

ဝန်ချတောင်းပန်ထားခြင်းမရှိသော၊ မစွန့်လွှတ်သော မည်သည့်အပြစ်မဆိုသည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုအောက်သို့ ကျွန်ုပ်တို့ကို ကျရောက် စေသည်။


ဘုရားသခင်က ကျွန်ုပ်တို့ကို မိမိကိုယ်ကို မိမိ စစ်ကြောစီရင်စေလိုသည်

ဘုရားသခင်အား မနှစ်မြို့စေသောအရာတစ်ခုခုကို ကျွန်ုပ်တို့လုပ်နေပါက၊ သူသည် ပထမဆုံး ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်မှတဆင့် ကျွန်ုပ်တို့ကို စကားပြောသည်။ သူ၏နှုတ်ကပတ်တော်နှင့် သန့်ရှင်း သောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ချက်၏ မှားယွင်းမှုများကို ပြသရန်ကြိုးပမ်းသည်။ ဘုရားသခင်က သစ္စာရှိသော ခရစ်ယာန်တဦးကို ကျွန်ုပ်တို့အား သတိပေးရန် ကျွန်ုပ်တို့ထံ စေလွှတ်ကောင်း စေလွှတ်လိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်တို့၏ အပြစ်များကို ၀န်ချတောင်းပန်စေလို၊ စွန့်လွှတ်စေလိုသည် ထိုမှသာ၊ သူသည် ကျွန်ုပ်တို့ကို စစ်ကြောစီရင်စရာမလိုတော့ပါ။ ကျမ်းစာက ""ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်""ဟုဆိုသည်။ ၁ကော ၁၁း၃၁

ကျွန်ုပ်တို့သည် မိမိကိုယ်ကို မစစ်ကြော မစီရင်ပါက၊ ဘုရားသခင်က စစ်ကြောရမည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမပဲ့ပြင်ခြင်းမှာ ကျွန်ုပ်တို့ကို အလွန်ချစ်၍ နာခံခြင်းရှိစွာ အသက်ရှင်နိုင်ရန်အတွက်ဖြစ်သည်။ ကျမ်းစာက ""စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသား တို့ နှင့် အတူအပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုံးမတော်မူခြင်းကိုခံရကြ၏"" ဟုဆိုသည်။ ၁ကော ၁၁း ၃၂

ဘုရားသခင်က ကျွန်ုပ်တို့ကို မည်သို့ဆုံးမသနည်း? သူ့သားသမီးများကို ဆုံးမရန်အတွက် ဘုရားသခင်အတွက် ဘုရားသခင်တွင် နည်းလမ်း များ စွာရှိသည်။ သူသည် ကျွန်ုပ်တို့ကို နာမကျန်းဖြစ်စေမည် (သို့) မတော်တဆမှုတစ်ခုခုတွင် ပါဝင်စေမည်။ သူသည် ဘဏ္ဍာရေးအရ ကျွန်ုပ်တို့ကို ဆုံးရှုံးစေနိုင်သည် သာမက မိမိ၏ ချစ်သောသူတဦးဦးကိုပင် လက်လွှတ်ဆုံးရှုံးစေနိုင်သည်။ သူ့သားသမီးများကို ကိုယ်တွယ် ရန် ဘုရားသခင်တွင် နည်းလမ်းများစွာရှိသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို မည်သို့ဆုံးမမည်ကို ကျွန်ုပ်တို့မပြောနိုင်သော်လည်း၊ သူကဆုံးမခြင်းမှာ ကျွန်ုပ်တို့သည် ဆုံးမခြင်း ခံရန် လိုအပ်သောကြောင့် ဖြစ်သည်ကိုမူ သေချာသိနိုင်သည်။ ကျမ်းစာက ""ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မူတက်၏"" ဟုဆိုသည်။ ဟေဗြဲ ၁၂း၆

သတိပြုရန်…ဖျားနာခြင်းအားလုံးသည် ဘုရားသခင်၏ဆုံမခြင်းဖြစ်သည်ဟု မှားသောယူဆခြင်းကို ကျွန်ုပ်တို့ မဖြစ်စေရပါ။ သဘာဝအကြောင်းအရာများက များစွာသော ဖျားနာခြင်းကိုလည်း ဖြစ်စေသည်။


ကျွန်ုပ်တို့ကို ဆုံးမခြင်း၌ ဘုရားသခင်၏ရည်ရွယ်ချက်များ

ဘုရားသခင်သည် ရည်ရွယ်ချက်များထားလျက် သူ၏သားသမီးများကို ဆုံးမခြင်းဖြစ်သည်။ ၄င်းတို့ထဲမှ ၃ခုကို ကြည့်ကြပါစို့။

(၁) ကျွန်ုပ်တို့သည် နာခံခြင်းကိုသင်ယူနိုင်ရန်အတွက် ဘုရားသခင်က ဆုံးမခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် မိမိကိုယ်ကိုမိမိ သိသည်ထက်၊ ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့၏ ခမည်းတော်က ကျွန်ုပ်တို့ကိုသာ၍ သိနားလည်သည်။ ကျွန်ုပ်တို့သည် ဇာတိသဘောအရ နာခံခြင်းမရှိသူများဖြစ်ကြသည် ကို သူသိသည်။ ဖခင်၏လက်ထဲတွင် ကြိမ်တုတ်ကိုမတွေ့မချင်း ဖခင်၏စကားကို နားမထောင်သော ကလေးများနှင့် ကျွန်ုပ်တို့သည်တူသည်။ အပြစ်ပေး ဆုံးမမှသာ ကျွန်ုပ်တို့သည် သူ့ကိုနာခံရန် သင်ယူကြ မည်ကို သူသိသည်။ ဒါဝိတ်က ""ကျွန်ုပ်သည်ဆင်းရဲမခံမှီ လမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ်တော်အတိုင်း ကျင့်စောင့်ပါ၏""ဟု ဆိုသည်။ ဆာ ၁၁၉း ၆၇

ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမပြီးတာတောင်မှ ကျွန်ုပ်တို့သည် ဆက်ပြီးနာခံခြင်းမရှိဘဲ ပုန်ကန် ကောင်းပုန်ကန်လိမ့်မည်။ ယင်းမှာ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှသည်။ ဤအရာက ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်အား နာခံရန် မသင်ယူသေးဘဲ သူ၏အုပ်စိုးခြင်းကိုလည်း မခံသေးပါဟုဆိုလို ခြင်းဖြစ်သည်။ ဤအချက်က ဘုရားသခင်၏စိတ်နှလုံးကို ကြေကွဲဝမ်းနည်းစေသည်။ အကြောင်းမှာ သူသည် သူ၏သားသမီးများ ဝေဒနာခံစားရသည်ကို မကြည့်ရက်သောကြောင့်ဖြစ်သည်။ သို့သော် ကျွန်ုပ် တို့သည် မိမိကိုယ်ကို သူထံသို့ မဆပ်ကပ်မချင်း သူသည် ကျွန်ုပ်တို့ကို ဆက်လက်ကိုင်တွယ်ရပေမည်။ မှန်ကန်သောစိတ်ဓာတ်မျိုးဖြင့် ဘုရားသခင်၏ ဆုံးမခြင်းကို လက်ခံရန်မှာ အရေးအကြီးဆုံးအရာတစ်ခု ဖြစ်သည်။ ကျမ်းစာက ""တနည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍ အသက်ချမ်းသာရ ကြမည်မဟုတ်လော"" ဟုဆိုသည်။ ဟေဗြဲ ၁၂း ၉

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဆုံးမခြင်းကို အလျင်အမြန်သဘောတူနိုင်ပြီး ဤသို့ပြောနိုင်ပါစေ။ ""သခင်၊ သခင်၏စစ်ကြောစီရင်မှုသည် မှန်ကန်ဖြောင့်မတ်ပါသည်။ ကိုယ်တော်ထံသို့ မိမိကိုယ်ကို ဆပ်ကပ်အပ်နှံရန်အတွက် ကျွန်ုပ်လိုလားပါ၏""


(၂) ကျွန်ုပ်တို့သည် သူ၏သန့်ရှင်းတော်မူခြင်းကို ဆက်ဆံဝင်စားသူများဖြစ်နိုင်ရန်အတွက် ကျွန်ုပ်တို့ကို ဆုံးမခြင်းဖြစ်သည်။

ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမခြင်းမှာ ကျွန်ုပ်တို့ကို အမျက်ထွက်ပြီး အပြစ်ဒဏ်ပေးလိုသောကြောင့် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့ ကို ကိုင်တွယ်ခြင်းအားလုံးတို့မှာ ကျွန်ုပ်တို့၏ ကောင်းကျိုး အတွက်သာဖြစ်သည်။ သူသည်သူ၏သားသမီးများအား ""ကလေးကို လေ့ကျင့် သင်ကြား ပေးသကဲ့သို့"" လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမခြင်း၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ သည် သူ၏သန့်ရှင်းခြင်းကို ဆက်ဆံ ၀င်စားသူများဖြစ်လာကြရန်ဖြစ်သည်။ ကျမ်းစာက ""အကြောင်းမူကား ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာဆုံးမပေးကြ၏။ ကိုယ်တော်မူ ကား၊ မိမိသန့်ရှင်းခြင်း ပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှာ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏""ဟု ဆိုသည်။ ဟေဗြဲ ၁၂း ၁၀

ဘုရားသခင်သည် ဆုံးမခြင်းအားဖြင့် သူ၏သန့်ရှင်းခြင်းကို ကျွန်ုပ်တို့အတွင်းသို့ ပေါင်းစပ်ပေးသည်။ သူကဆုံးမချိန်တွင် ကျွန်ုပ်သည် ""သခင်၊ ဤသို့ဆုံးမခြင်းအားဖြင့် ဘာကိုသင်ကြားပေးနေ သနည်း?""ဟုမေးသင့်သည်။ ဘုရားသခင်၏အလိုတော်ကို ပိုမိုသိရှိလာနိုင်ရန်နှင့် သူနှင့်ပို၍ တူလာအောင် ကျွန်ုပ်တို့အား ဆုံးပဲ့ပြင်ပေးခြင်းဖြစ်သည်။


(၃) ကျွန်ုပ်တို့သည် သူ၏နာမတော်ကို ချီးမြှောက်နိုင်ရန်အတွက် ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမခြင်း ဖြစ်သည်။

ဘုရားသခင်၏ ဆုံးမပဲ့ပြင်ပေးမှုကြောင့်၊ ဒါဝိတ်သည် ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သူတဦး ဖြစ်လာသည်။ ဒါဝိတ်၏နာမည်ကို ဟေဗြဲ ၁၁ တွင် စာရင်းသွင်းထားသည်။ ဤအခန်းကြီးတွင် ဘုရား သခင်၏ ""ကျော်ကြားသူများစုဝေးရာခန်းမ""ကို ဖော်ပြထားသည်။ မိမိတို့၏ယုံကြည်ခြင်းနှင့် လုပ်ဆောင် မှုများအားဖြင့် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ထင်ရှားစေသူများကို ဤနေရာ၌ စာရင်းပြုစုထားခြင်း ဖြစ်သည်။

ရှန်ဆုံသည် သူ၏အပြစ်ကို နောင်တရခဲ့ပြီး ဘုရားသခင်၏ ရန်သူများကို သူအသက်ရှင်စဉ်က သတ်သည်ထက် သာ၍များသောရန်သူတို့ကို သူ၏သေဆုံးချိန်၌ သတ်ဖြတ်ခဲ့သည်။ ရှန်ဆုံကိုလည်း"ဘုရားသခင်၏ ကျော်ကြားသူများစုဝေးရာခန်းမ"(Hall of Fame) ထဲတွင် စာရင်း သွင်းထားသည်။

ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမပဲ့ပြင်ပေးခြင်းမှာ ကျွန်ုပ်တို့သည် သူ၏နာမတော်ကို ထင်ရှားစေနိုင်ရန် ဖြစ်သည်။


(၄) ကျွန်ုပ်တို့သည် သူ၏နာမတော်ကို ခိုင်မာစေကြရန်အတွက် ဘုရားသခင်က ကျွန်ုပ်တို့အား ဆုံးမခြင်း ဖြစ်သည်။

ကျွန်ုပ်တို့သည် ခရစ်တော်၏နာမတော်ကို ယူဆောင်ထားကြသည်။ ခရစ်ယာန်တဦးသည် ""ခရစ်တော်၏လူတဦး"" ဖြစ်သည်။ ကျွန်ုပ်တို့ လုပ်သောအရာတို့သည် သူ့အပေါ်တွင် သက်ရောက်မှုရှိသည်။ အကယ်၍ ကျွန်ုပ်တို့သည် သူ၏နာမတော်ကို ဆန့်ကျင်ပါက သူသည် ကျွန်ုပ်တို့ကို ဆုံးမ လိမ့်မည်။ ဒါဝိတ်၏အခြေအနေမျိုးတွင် ဘုရားသခင်က သူသည် ဒါဝိတ်၏အပြစ်များနှင့် ပတ်သက်ဆက်စပ်မှု လုံးဝ မရှိကြောင်းကို သူ၏လုပ်ဆောင်မှုများ အားဖြင့် ပြသခဲ့သည်။ သူသည် ဒါဝိတ်၏အပြစ်ကို မကြေအေးခဲ့သလို၊ ကျော်မကြည့်သွားခဲ့ပါ။ ကျွန်ုပ်တို့သည်လည်း သူ၏နာမတော်ကို ညှိုးနွမ်းစေပါက၊ သူသည် ထိုကဲ့သို့ ပင်ပြုလုပ်လိမ့်မည်။ ထိုကဲ့သို့ဆုံးမခြင်းခံနေရသည့် အချိန်မျိုးတွင်၊ ကျွန်ုပ်တို့၏ ဦးခေါင်းကို ညွတ်၍ ဘုရားသခင်အား ဤသို့ပြော၍ ၀တ်ပြုကိုးကွယ်ပါ။ ""သခင်၊ ကျွန်ုပ်သည် ဤကိစ္စ၌ သခင်၏ဆုံးမခြင်း ကို ၀မ်းမြောက်စွာ လက်ခံပါ၏။ ကျွန်ုပ်၏ အပြစ်ကြောင့် ဤသို့ ဆုံးမခြင်း ခံရသည်ကို လည်း အသိအမှတ် ပြုပါ၏။ ကျွန်ုပ်သည် သခင်၏လူများ၊ လောကလူများနှင့် စာတန်တို့အား ကိုယ်တော်သည် ဤအပြစ်နှင့် ပတ်သက် ဆက်စပ်မှု လုံးဝမရှိဘဲ ကျွန်ုပ်၏အမှားသက်သက်သာဖြစ်ကြောင်းကို ၀မ်းမြောက်စွာ သိစေပါ မည်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို မြန်နိုင်သမျှ မြန်မြန် လက်ခံ၍ အသိအမှတ်ပြု လေလေ၊ ဘုရားသခင်၏ ဆုံးမခြင်းသည် လည်း လျင်မြန်စွာ ပြီးဆုံးသွားမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ၊ ဆင်ခြေပေး၍ အပြစ်မှ ရှောင်ရှားကာ၊ အခြားသူများအပေါ်တွင် အပြစ်ပုံချပါက ဘုရားသခင်၏ ဆုံးမခြင်းသည် ကြာရှည်စွာ ကျွန်ုပ်တို့နှင့်အတူ ရှိနေမည်ဖြစ်သည်။


ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ဥာဏ်ပညာ၏အစဖြစ်သည်။

ဘုရားသခင်အား ရိုသေလေးမြတ်သောစိတ်သည် ယုံကြည်သူတိုင်းတွင်ရှိသင့်သည်။ ထိုစိတ်က သူတို့အား ဘုရားသခင်၏စကားကို နားထောင်ရန် လှုံ့ဆော်ပေးသင့်သည်။ ကျွန်ုပ်တို့သည် သူ့ကို ဆန္ဒရှိရှိ(စိတ် ပါလျက်) မနာခံပါက၊ ကျွန်ုပ်တို့အား ဆုံးမမည်ကို ဘုရားသခင်က ပြောထား ပြီး ဖြစ်သလို၊ သူ၏စကားအတိုင်း လုပ်ဆောင်မည်ကိုလည်း ကျွန်ုပ်တို့သိကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ရိုသေ လေးမြတ်ပါက၊ သူ့အား မနာခံလိုမည် မဟုတ်ပေ။ ဤကဲ့သို့သော ချစ်ကြောက်ရိုသေမှုသည် ကျွန်ုပ်တို့အား ဥာဏ်ပညာရှိစေပြီး မှန်သောရွေးချယ်မှု တို့ကို ပြုလုပ်စေသည်။ ထို့ကြောင့် ကျမ်းစာက ""ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အစဖြစ်၏""ဟုဆိုခြင်းဖြစ်သည်။ သု ၉း ၁၀

ကျွန်ုပ်တို့သည် ဖြောင့်မတ်မှုကို ချစ်မြတ်နိုး၍ အပြစ်ကိုမုန်းတီးနိုင်ကြပါစေ။ အကြောင်းတခုခုကြောင့်၊ ဘုရားသခင်၏ ဆုံးမတတ်သော လက်တော်သည် ကျွန်ုပ်တို့အပေါ်သို့ ကျရောက်လာပါက၊ မှန်ကန်သောစိတ်သဘောထားမျိုးဖြင့် ဆုံးမခြင်းကို လက်ခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ""သခင်၊ ကျွန်ုပ်တို့မှားတာကို ကျွန်ုပ်သိပါ၏။ သခင်လုပ်သောအရာတို့သည် လုံးဝဥသုန် မှန်ကန်ပါ၏။ သခင်သာ ကျွန်ုပ်တို့ကို မကိုင်တွယ်ခဲ့ပါက၊ ကျွန်ုပ်ဘာဖြစ်သွားမည်ကို မသိနိုင်ပါ။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့် သစ္စာရှိမှုအတွက် ကိုယ်တော်ကို ချီးမွမ်း၍ ကျေးဇူးတင်ပါ၏""ဟုပြောသင့်သည်။


ရှာဖွေတွေ့ရှိသောအဖိုးထိုက်ရတနာ

ဘုရားသခင်က ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်ခဲ့မှု၏ လက်တွေ့ကျသောအကျိုးဆက်ကိုမူ ရင်ဆိုင်ရမည်။


မေးခွန်းများ မှန်/မှား


၁။ အပြစ်သည် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏မိတ်သဟာယကို ဖျက်ဆီးသည်။

၂။ ဘုရားသခင်ကအပြစ်ကို မနှစ်သက်သော်လည်း အပြစ်အတွက် ကျွန်ုပ်တို့ကို မဆုံးမပါ။

၃။ ကျွန်ုပ်တို့၏အပြစ်အတွက် ၀န်ချတောင်းပန်ပြီးသည်နှင့် တပြိုင်နက် ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်း ခံရပြီး ထိုအပြစ်၏အကျိုးဆက်တို့မှာ ဖယ်ရှားခြင်း ခံရမည်ဖြစ်သည်။

၎။ ဇာတိပကတိ၏ အလိုအတိုင်း အသက်ရှင်ခြင်းဆိုသည်မှာ ကိုယ်ကာယ၏ဆန္ဒရမ္မက်များ၏ကျွန် အဖြစ် အသက်ရှင်ခြင်းဖြစ်သည်။

၅။ ကျွန်ုပ်တို့အပြစ်လုပ်သောအခါ ဘုရားသခင်က ဆုံးမခြင်းမှာ သူသည်အမျက်ထွက်သောကြောင့် ဖြစ်သည်။

၆။ ယုံကြည်သူတဦးသည် ခရစ်တော်ကို သူ၏ကယ်တင်ရှင်လက်ခံချိန်တွင် သူ၏အပြစ်များသည် လွှတ်ခြင်းခံရသည်။

၇။ အချို့သောအပြစ်တို့တွင် တစ်သက်တာလုံးအပေါ်တွင် သက်ရောက်မှုရှိသော အကျိုးဆက်များရှိသည်။

၈။ သူ၏သားသမီးများက အမှားတစ်ခုခုကို လုပ်သည့်အခါတိုင်းတွင် ဘုရားသခင်သည် ဆုံးမသည်။

၉။ ဘုရားသခင်က ကျွန်ုပ်တို့အား မိမိကိုယ်ကိုမိမိ စစ်ကြောစီရင်စေလိုသည်။

၁၀။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမခြင်းမှာ နာခံခြင်းကို သင်ယူနိုင်ရန်အတွက် ဖြစ်သည်။

ရဲလင်းထွန်း (အင်းစိန်)

Share:

Friday, September 10, 2010

နိုင်ငံတော်သစ်







A New Kingdom

New life in Christ Course III

Lesson 10

ဖတ်ရန်ကျမ်းချက်များ။ ရောမ၊ ၆း၁-၁၄။

သော့ချက်ကျမ်းပိုဒ်။
''ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့်ဆိုင်သောအရာ၌ကား၊ အသေဖြစ်သည်ဟူ၍၄င်း၊ ဘုရားသခင်နှင့် ဆိုင်သောအရာ၌ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍၄င်း၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့။''(ရော၊ ၆း၁၁)


ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်နှင့် တလုံးတဝတည်း ပေါင်းစည်းခဲ့ပြီဖြစ်ကြောင်း အံ့ဘွယ် သစ္စာတရားတခု အကြောင်း လေ့လာခဲ့ရပြီ။ အခက်သည် စပျစ်ပင်နှင့်ဆက်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း သခင်ယေရှု၌ အသက်ရှင်ပေါင်းစည်း ခြင်း၌ ဆက်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် သူ၌်တည်တော်မူပြီ၊ သူ၏အသက်သည်လည်း ကျွန်ုပ်တို့၌ တည်တော်မူသည်။

အံ့ဘွယ်သော ကောင်းကြီးအလုံးစုံနှင့်အတူ ကျွန်ုပ်တို့သည် ခရစ်တော်၌တည်နေခြင်းကြောင့် ခရစ်ယာန်အသက်တာ သည် လွယ်ကူစွာနှင့် လျှောက်လှမ်းနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ တွေးထင်ကောင်း တွေးထင်ကြလိမ့်မည်။ အမှန်မှာ ထိုသို့မဟုတ်ပါ။ ကျွန်ုပ်တို့၌ တန်ခိုးရှိသော ရန်သူများ ရှိနေ ပါ သည်။ အပြစ်၊အတ္တ၊လောက၊ဇာတိပကတိနှင့် စာတန် ကိုယ်တိုင်ပင် ဖြစ်ကြသည်။ ဤအကြောင်းအရာ၌ ကျွန်ုပ်တို့သည် ခရစ်ယာန် တယောက်၏ အသက်တာ၌ရှိသော အပြစ်၏ပြသနာကို စဉ်းစားကြမည်။

ကျွန်ုပ်တို့ ပဌမဦးစွာ ကယ်တင်ခြင်းသို့ရောက်စဉ် ကျွန်ုပ်တို့သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်လျက်ရှိသည်။ ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခြင်းခံရပြီ၊ ဘုရားသခင်နှင့်အတူ ငြိမ်သက်ခြင်းကို ခံစားရသည်။ ကျွန်ုပ်တို့ ပြုလေရာတိုင်း၌ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့ရန် ကျွန်ုပ်တို့ အလိုရှိသည်။ နောင်ဘယ်သောအခါမျှ အပြစ်သည် ကျွန်ုပ်တို့ကို နှောင့်ရှက်နိုင်လိမ့်မည် မဟုတ် ဟု ယူဆကောင်းယူဆပေလိမ့်မည်။ သို့သော် ဤအရာ သည် လည်း မဟုတ်မှန်ကြောင်း ကျွန်ုပ်တို့ တွေ့လာရသည်။

အနှေးနှင့်အမြန် မကြာခင် ကျွန်ုပ်တို့ကိုယ်တိုင် မှားသောအရာများကို စဉ်းစားခြင်းနှင့် မှားသောအရာများကို လုပ်မိ ကြသည်။ ကျွန်ုပ်တို့ ဘုရားသခင်ထံသို့ သွားပြီး၊ အပြစ်များကိုဝန်ချခြင်းနှင့် သူ၏အပြစ်ခွင့်လွှတ်ခြင်းကို ခံရကြသည်။ သို့သော် ထိုနောက် တဖန် အလားတူအပြစ်များကို သွား၍ ပြန်လုပ်ကြပြန်သည်။ ပြသနာကား ကျွန်ုပ်တို့သည် အပြစ်တန်ခိုး၏အောက်၌ ရှိ နေခြင်းကြောင့် ဖြစ်သည်။

အချို့သောခရစ်ယာန်များသည် ဤအကြောင်းအရာ၌ အလေးအနက်ထားသင့်သော်လည်း အလေးမထားပါ။ သူတို့ သည် ဘုရားသခင်ထံသို့ ဝင်နိုင်ခြင်းနှင့် ဘုရား၏အပြစ်ခွင့်လွှတ်ခြင်းကိုရနိုင်ခွင့် ရှိနေသ၍ကာလပတ်လုံး အရာအားလုံး အဆင်ပြေနေသည်ဟု ယူဆနေကြသည်။ ထိုသို့ မဟုတ် ရပါ။ ခရစ်ယာန်တယောက် အပြစ်၌ဆက်လက်ရှိနေခြင်းသည် ကြောက်ဘွယ် ကောင်းသော အကြောင်းအရာဖြစ်သည်။ ၄င်းအရာက သန့်ရှင်းသော ဝိညာဉ်တော် ကို စိတ်နာစေပြီ၊ သခင်ယေရှု၏နာမကို ရှက် ဖွယ်ဖြစ်စေသည်။

တမန်တော် ပေါလုသည် ခရစ်ယာန်၏အသက်တာ၌ရှိသော အပြစ်၏အကြောင်းအရာနှင့်အတူ ဖြေရှင်းထားပါသည်။ သူ ရေးသားခဲ့သည်မှာ ''ထိုသို့မှန်လျင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော် ပွားများစေခြင်းငှါ အပြစ်တရားကို ကျင့်၍နေရ မည်လော။-ထိုသို့မနေရ။ အပြစ်တရားမှ စုတေသောသူတို့သည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။''ဟု ဆိုသည်။

တမန်တော်ပေါလုအနေဖြင့် အကျွန်ုပ် ခရစ်ယာန်တယောက်သည် အပြစ်ပြုခြင်း၌ ဆက်လက်ရှိနေရမည်ဟု သူ မယူဆ ပါ။ အဘယ်ကြောင့် နည်း။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ''အပြစ်တရားနှင့်ဆိုင်သောအရာ၌ သေခဲ့ပြီ'' ဖြစ်သည်။

ဤသင်ခန်းစာ၌ ကျွန်ုပ်တို့သည် ''အပြစ်တရားနှင့်ဆိုင်သောအရာ၌ သေခဲ့ပြီ''ဟု ပေါလု ပြောဆိုခြင်းက ဘာကို ဆိုလို သနည်း။ ကျွန်ုပ်တို့ ရှာဖွေကြမည်။ သခင်ယေရှုသည် အပြစ်တရား အုပ်စိုးသော မှောင်မိုက်နိုင်ငံမှ ကျွန်ုပ်တို့ကို မည်ကဲ့သို့ လွှတ်မြောက်စေခဲ့သည်ကို လေ့လာကြမည်။ အပြစ် တန်ခိုးမှ လွှတ်မြောက်ခြင်း၏ လျှို့ဝှက်ချက်ကို ကျွန်ုပ်တို့ လေ့လာကြမည်။

ပဌမဦးစွာ ကျွန်ုပ်တို့သည် မှောင်မိုက်နိုင်ငံထဲသို့ မည်ကဲ့သို့ရောက်ရှိခြင်းနှင့် အပြစ်တရားအောက် ကျရောက်ခဲ့ခြင်းကို လေ့လာ နားလည် ကြရမည်။ ထိုနောက် သခင်ယေရှုသည် ကျွန်ုပ်တို့ကို မည်ကဲ့သို့ ထိုအောက်မှ လွှတ်မြောက်စေသည်ကို လေ့လာ ကြမည်။


အပြစ်တရားသည် တယောက်သောသူ အာဒံ အားဖြင့် ဤလောကသို့ ဝင်လာခြင်း။

ပဌမဦးဆုံးသော အာဒံသည် အပြစ်မဲ့ ဖန်ဆင်းခြင်းခံရ၏။ သို့သော် သူသည် ဘုရားစကား နားမထောင်ခြင်းကြောင့် အပြစ်တရားသည် ဤလောကသို့ ဝင်လာခဲ့၏။ အပြစ်တရား၏ရလဒ်ကား သေခြင်းတရားဝင်လာ၏။ ကျမ်းစာက''...အပြစ်တရား သည် တယောက်သူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အ ပြစ်ရှိသောကြောင့် သေခြင်သို့ရောက်ရကြ၏။''ဟု ဆိုသည်။(ရော၊ ၅း၁၂)

အာဒံသည် ဘုရားသခင်ကို ဆန့်ကျင်ပြီ၊ စာတန် ဘက်နေခဲ့ခြင်းသည် ပဌမဆုံး ပုန်ကန်ခြင်း ဖြစ်သည်။ ထိုမှ အာဒံ သည် မှောင်မိုက်နိုင်ငံထဲသို့ ရောက်ရှိခဲ့ခြင်းနှင့် အပြစ်တရားအောက်သို့ ကျရောက်ခဲ့၏။ ဘုရားသခင်သည် အာဒံကို အုပ်စိုးရန် ဖန်ဆင်းခဲ့သော်လည်း ယင်းအစါး သူသည် အပြစ်နှင့်စာတန်၏ကျွန်ဘဝသို့ ကျရောက်ခဲ့၏။

အာဒံသည် လူသားအားလုံး၏ဦးစီးဦးခေါင်း(အဦးဆုံးသောလူ)ဖြစ်သောကြောင့် သူသည် လူသားမျိုးနွယ်အားလုံးကို မှောင်မိုက်နိုင်ငံထဲသို့ ရောက်ရှိစေခြင်းနှင့်အတူ အပြစ်တန်ခိုးအောက် ကျရောက်စေ၏။ လူသားအားလုံး အပြစ်တရား၏ကျွန် ဖြစ်လာ ရသည်။ ကျမ်းစာက ''...တယောက်သော သူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်...''ဟု ဆိုသည်။(ရော၊ ၅း၁၉)

ကျွန်ုပ်တို့၏အခြေအနေသည် အမြင်အားဖြင့် မြော်လင့်ခြင်းမဲ့လျက် ရှိသည်။ ကျွန်ုပ်တို့သည် ဘုရား၏အသက်မှ အဆက်ဖြတ်ခြင်း ခံရသည်။ ကျွန်ုပ်တို့သည် စာတန်၏အမှောင်နိုင်ငံထဲ၌ ရှိကြ၏။ ကျွန်ုပ်တို့သည် ဇာတိအားဖြင့် မွေးရာပါအပြစ် သားဖြစ်ခြင်းနှင့် အပြစ်တရား၏ကျွန် ဖြစ်ကြ၏။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူပြီ၊ ကျွန်ုပ်တို့ ကြောက်ဖွယ် ရာအခြေအနေမှ လွှတ်မြောက်ရန် ဘုရားသခင်သည် တစုံတခုကို ပြုခဲ့၏။ သူသည် ကျွန်ုပ်တို့ကို လွှတ်မြောက်ခြင်းအရှင် သခင်ယေရှုခရစ် ကို ပေးခဲ့သည်။


လွှတ်မြောက်ခြင်းအရှင်သည် ဘာပြုလုပ်ခဲ့ပါသနည်း။ သူသည် သင်ကို တစုံတခုသောအရာမှ လွှတ်ခြင်း ပေးခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ကို မှောင်မိုက်နိုင်ငံမှ လွှတ်မြေက်ခြင်းရရန်နှင့်အပြစ်တန်ခိုးအောက်မှ လွှတ်ခြင်းခွင့်ကို ပေးရန် ကြွလာ ခဲ့သည်။ သခင်ယေရှုက '' ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။-အကြောင်းမူကား၊ ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကို ဘိသိက် ပေးတော်မူပြီ။ ကြေမွသော သူတို့၏ အနာကို ပျောက် စေခြင်းငှါ¤င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန် ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှဉ်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှါ¤င်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ¤င်း၊ ငါ့ကိုစေလွှတ်တော်မူပြီဟု လာသတည်း။''ဟု ဆိုသည်။(လု၊ ၄း၁၈-၁၉)


ကျွန်ုပ်တို့သည် ဤနေရာ၌ ခဏရပ်လျက် အလွန်အရေးကြီးသော မေးခွန်း နှစ်ခုကို စဉ်းစားကြရန် လိုသည်။

(၁) ကျွန်ုပ်တို့ အာဒံမျိုး အပြစ်သားဘဝသို့ မည်ကဲ့သို့ ရောက်ရှိခဲ့ပါသနည်း။ မွေးဘွားခြင်းဖြင့် ကျွန်ုပ်တို့ ရောက်ရ ကြသည်။ လူသားမျိုးနွယ် ဖြစ်လာရန် နည်းလမ်းတခုတည်းသာရှိသည်။ ထိုလမ်းသည် မွေးဘွားခြင်းအားဖြင့် ဖြစ်သည်။

(၂) ကျွန်ုပ်တို့သည် အာဒံမျိုး မိသားစုမှ မည်ကဲ့သို့ ပြန်လည်ထွက်မြောက်ကြမည်နည်း။ ကျွန်ုပ်တို့သည် သေခြင်း ဖြင့်သာ ထွက်မြောက်ရသည်။ ကျွန်ုပ်တို့သည် မွေးခြင်းဖြင့် ဝင်လာပြီး၊ သေခြင်းအားဖြင့် ထွက်ခွါရသည်။

ကျွန်ုပ်တို့ကို လွှတ်ခြင်းကိုပေးရန် အစီအစဉ်မှာ သခင်ယေရှုသည် လူသား တစ်ဦးအဖြစ် ခံယူခဲ့၏။ ကျမ်းစာက''ထိုသူ ငယ်တို့သည် အသွေးအသားနှင့်ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကို အစိုး ရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကိုကြောက်၍ တသက်လုံး ကျွန်ခံရသော သူတို့ကို ကယ်တင်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့နည်းတူ အသွေးအသားကိုဆောင်ယူတော်မူ၏။''ဟု ဆိုသည်။(ဟေဗြဲ၊ ၂း၁၄-၁၅)


သခင်ယေရှုသည် လူသားတစ်ဦးအဖြစ် ဤလောက၌ အသက်ရှင်နေထိုင်ခဲ့ပါသည်။
သို့သော် သူသည် ကျွန်ုပ်တို့ကဲ့သို့ အပြစ်ဗီဇ မရှိပါ။ သူကိုယ်တိုင်သည် အပြစ်တန်ခိုးအောက်၌ ဘယ်သောအခါမျှ မရှိခဲ့ပါ။ သို့သော် သခင်ယေရှုသည် ကျွန်ုပ်တို့ကို မှောင်မိုက်နိုင်ငံနှင့် အပြစ်တန်ခိုးအောက်မှ လွှတ်မြောက်ခြင်း ပေးရန် ကြွလာခဲ့ခြင်း ဖြစ်သည်။


မှောင်မိုက်နိုင်ငံ၌ ကျွန်ုပ်တို့ကိုယ်စား သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ် အသေခံခဲ့၏။ လက်ဝါးကပ်တိုင်ပေါ် ကျွန်ုပ် တို့၏အပြစ်များကို သူ၏အပေါ်၌ တင်တော်မူ၏။ ကျမ်းစာက''အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်း စင်သော သူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့် ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့်အကြောင်းတည်း။''ဟု ဆိုသည်။ (၂ကော၊ ၅း၂၁)

ကျွန်ုပ်တို့၏အပြစ်များကို သခင်ယေရှုအပေါ် တင်တော်မူခဲ့ပြီး ဘာဖြစ်ခဲ့ပါသနည်း။ ထိုအပြစ်အတွက် သူသည် အသေ ခံတော်မူ၏။ ကျမ်းစာက ''ခရစ်တော် ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံတော်မူ၏''ဟု ဆိုသည်။

ယေရှု အသေခံပြီး၊ ဘာဖြစ်ခဲ့ပါသနည်း။ ယေရှု အသေခံပြီး၊ သူသည် အပြစ်တရားအုပ်စိုးသော မှောင်မိုက်နိုင်ငံထဲမှ ထွက်မြောက်ခဲ့၏။ ကျမ်းစာက ''ခရစ်တော်သည် အသေခံတော်မူရာမှာ၊အပြစ်ကြောင့် တကြိမ်သာခံတော်မူ၏''ဟုဆို၏။(ရော၊၆း၁ဝ)

ယေရှု အသေခံခြင်းသာ မဟုတ်ပါ၊ သူသည် သင်္ဂြိုဟ်ခြင်းနှင့် သူသည် သုံးရက်နေ့တွင် တဖန်ထမြောက်ခဲ့၏။ သူသည် နိုင်ငံတော်အသစ် ဖြစ်သော အလင်းနိုင်ငံတော်၌ ထမြောက်ခဲ့သည်။ သူသည် မျိုးနွယ်သစ်၏ဦးခေါင်း ဖြစ်သော ဘုရားသခင်၏ သားသမီးများ၏ ဦးခေါင်းဖြစ်ရန် ထမြောက် ခဲ့၏။ သူ၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မှောင်မိုက်နိုင်ငံမှ ထွက် မြောက်လျက် အလင်းနိုင်ငံထဲသို့ ရောက်ရှိခဲ့၏။ ဤနိုင်ငံတော်ကို ''ဘုရားသခင်၏ချစ်တော်မူသော သားတော်၏ နိုင်ငံတော်'' ဟု ခေါ်ပါသည်။ သခင်ယေရှုသည် ဤနိုင်ငံတော်ကို အုပ်စိုးတော်မူသောကြောင့် ဖြစ်သည်။

ခရစ်တော်သည် သူနှင့်အတူ ကျွန်ုပ်တို့ကို ထုတ်ဆောင်တော်မူ၏။

ယခု ကျွန်ုပ်တို့သည် သမ္မာကျမ်းစာတအုပ်လုံး၌ ရှိသော အံ့ဘွယ်အကောင်းဆုံးဖြစ်သော သစ္စာတရားများမှ တခုကို နား လည်ရန် ရောက်လာရပြီ။ ခရစ်တော်သည် မှောင်မိုက်နိုင်ငံမှ ထွက်မြောက်လျက် အလင်းနိုင်ငံတော်ထဲသို့ ရောက်ရှိခဲ့စဉ် သူသည် ကျွန်ုပ်တို့ကို သူနှင့်အတူ ထုတ်ဆောင်ခဲ့၏။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့သည် သူနှင့် အတူ ရှိသောကြောင့်ဖြစ်သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ တည်နေတော်မူ၏။

ဘုရားသခင်သည် ခရစ်တော်၌ ကျွန်ုပ်တို့ကို ဘယ်နေရာမှာ ထားတော်မူသနည်း။ လက်ဝါးကားတိုင်ပေါ် ခရစ်တော်၌ ကျွန်ုပ်တို့ကို ထားရှိ(တည်) တော်မူသည်။ ယေရှု လက်ဝါးကပ်တိုင်ပေါ် ရိုက်ထားခြင်း ခံရစဉ် ကျွန်ုပ်တို့သည်လည်း သူနှင့်အတူ ရိုက်ထားခြင်းကို ခံရ၏။ သူ သေစဉ် ကျွန်ုပ်တို့လည်း သူနှင့်အတူ သေခဲ့၏။ ''ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အ သေခံပြီ။...''(ဂလာ၊ ၂း၂ဝ)။

ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သေခဲ့ပြီ ဟူသော အကြောင်းအရာသည် ဤကား မဟာအမှန်တရား တခု ဖြစ်သည်။ ၄င်းသည် ယုံကြည်သူ အားလုံးအတွက် သစ္စာတရား ဖြစ်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံခြင်းသာ မဟုတ်ပါ၊ သို့သော် ကျွန်ုပ်တို့သည်လည်း သူနှင့်အတူ သေတော်မူခဲ့၏။

ခရစ်တော်နှင့်အတူ ကျွန်ုပ်တို့သေခဲ့ပြီး၊ ဘာ ဖြစ်ပါသနည်း။ ကျွန်ုပ်တို့သည် အပြစ်တရားအုပ်စိုးသော မှောင်မိုက်နိုင်ငံမှ ထွက်မြောက်ခဲ့၏။ ခရစ်တော်နှင့်အတူ သေခြင်းသာမက၊ သူနှင့်အတူ မြုတ်နှံခြင်းနှင့် သူနှင့်အတူ တဖန် ထမြောက်ခဲ့ပြီ။ ကျမ်းစာ ၌ ဘုရားသခင်က ''ငါတို့ကို ခရစ်တော်နှင့် အတူ အသက်ရှင်စေရန် ပြုတော်မူ၏''ဟု ဆိုသည်။

ခရစ်တော်နှင့်အတူ ကျွန်ုပ် ထမြောက်ပြီး ဘာဖြစ်လာပါသနည်း။ ဘုရားသခင်၏ ချစ်တော်မူသော သားတော်၏နိုင်ငံ တော်ဖြစ်သော နိုင်ငံတော်သစ်၌ ကျွန်ုပ်တို့ကို ထမြောက်စေ၏။ ခရစ်တော်နှင့်အတူ အကျွန်ုပ် သေခြင်း၊ မြုတ်နှံခြင်းနှင့် ရှင်ပြန်ထ မြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို မှောင်မိုက်နိုင်ငံမှ လွှတ်မြောက်စေခဲ့ပြီး၊ ဘုရားသခင်၏ချစ်တော်မူသော သားတော်၏နိုင်ငံတော် ၌ နေရာ ပေးတော်မူ၏။ ကျမ်းစာက ''အလင်း၌နေသော သန့်ရှင်းသူတို့၏အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည့် အကြောင်း ကျေးဇူးပြုတော်မူ၏။-မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူ သော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။''ဟု ဆိုသည်။(ကော၊ ၁း၁၂-၁၃)


ဤအရာများက ကျွန်ုပ်တို့အတွက် မည်သည့် အဓိပ္ပါယ် ဖြစ်ပါသနည်း။

၎င်း၏အဓိပ္ပါယ်မှာ ခရစ်တော်၌ရှိသောကြောင့် ကျွန်ုပ်တို့သည် အပြစ်တရား၏အုပ်စိုးခြင်း(အခွင့် အာဏာ)မှ လွှတ်ခြင်း ခံရပြီ။ ကျွန်ုပ်တို့သည် မှောင်မိုက်နိုင်ငံ၌ရှိစဉ် အပြစ်တရားသည် ကျွန်ုပ်တို့ကို အမိန့်ပေးနိုင်ပြီး၊ ကျွန်ုပ်တို့သည် နာခံရသည်။ သို့ သော် ယခု အပြစ်တရားအုပ်စိုးသောနိုင်ငံမှ ကျွန်ုပ်တို့ လွှတ်မြောက်ခြင်းကို ရခဲ့ပြီ။

ကျွန်ုပ်တို့ မည်ကဲ့သို့ လွှတ်ခြင်း ရခဲ့ပါသနည်း။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သေခြင်းဖြင့် လွှတ်ခြင်း ရခဲ့သည်။

ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်းကို ခံခဲ့၏။ သူသေစဉ် ကျွန်ုပ်တို့လည်း သေ၏။ သူတဖန် ထမြောက်စဉ် ကျွန်ုပ်တို့ လည်း သူနှင့်အတူ ထမြောက်ခဲ့၏။ အပြစ်တရားအုပ်စိုးသောနိုင်ငံ၌ ကျွန်ုပ်တို့ လုံးဝ မရှိတော့ပါ။ စာတန်သည် ခရစ်ယာန်များ ဤမဟာ သစ္စာတရား ဖြစ်သော ယုံကြည်သူများသည် သူ၏မှောင်မိုက်နိုင်ငံမှ လွှတ်မြောက်ခဲ့ပြီး ကြောင်းကို နားလည်ရန် သင်ယူခြင်းကို သူသည် ဆီးတားလျက် ရှိသည်။ သို့သော် ကျွန်ုပ်တို့သည် ဤလျှို့ဝှက်ချက်ကို လေ့လာ ခဲ့ရပြီ။

စာတန်အပေါ် အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်ကား အဘယ်နည်း။ လျှို့ဝှက်ချက်သည် ''ခရစ်တော်၌ ကျွန်ုပ်တို့သည် အပြစ် တရား၌ သေခဲ့ပြီ'' ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်တရား အုပ်စိုးသော နိုင်ငံတော်၌ မရှိတော့ပါ။ အပြစ်တရားသည် ကျွန်ုပ်တို့ အပေါ် အုပ်စိုးခွင့် မရှိတော့ပါ။ ခရစ်တော်သည် ကျွန်ုပ်တို့၏ သခင်အသစ် ဖြစ်တော်မူသည်။ အပြစ်နှင့်မဆိုင်တော့၍ ကျွန်ုပ်တို့ သည် အပြစ်ကို ဆက်လက်ပြုလုပ် သင့်ပါသလား။ အမှန်ပင် မပြုလုပ်ရပါ။ တမန်တော်ပေါလုက ''အပြစ်တရားမှ စုတေသော သူတို့သည် ထိုတရား၌ အဘယ်သို့ရှင်ရဦးမည်နည်း။''ဟု ဆို၏။(ရော၊ ၆း၂)

ဤအရာသည် ကျွန်ုပ်တို့ အပြစ် မပြုလုပ်နိုင်တော့ပါ ဟု ဆိုလိုပါသလား။ ထိုသို့ ဆိုလိုခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ သည် ဤလောကအသက်တာ၌ ရှိနေသမျှ အပြစ်ကို ပြုလုပ်နိုင်ပါသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ အပြစ်ကို မပြု လုပ်ရန် ဖြစ်နိုင်ခြင်းကို ပြုလုပ်ပေးခဲ့ပြီ။ ယခု ကျွန်ုပ်တို့သည် အပြစ်တရား အုပ်စိုးမှု အာဏာအောက်၌ မရှိတော့ပါ။ ကျွန်ုပ်တို့ အပေါ် ထိုအပြစ်တရား အုပ်စိုးခြင်းကို ငြင်းပယ်နိုင်သည်။ ကျွန်ုပ်တို့သည် အပြစ်ကို ပြုနိုင်သည်၊ သို့သော် ကျွန်ုပ်တို့ အပြစ်ကို မပြုလုပ်ရပါ။

ကျွန်ုပ်တို့သည် မှောင်မိုက်နိုင်ငံထဲ၌ ရှိခဲ့စဉ် အပြစ်တရားသည် ကျွန်ုပ်၏ သခင်ဖြစ်ပြီ၊ ကျွန်ုပ်တို့သည် ၄င်းကို နာခံရ သည်။ ယခု ကျွန်ုပ်သည် ဘုရားသခင့် သားတော်၏နိုင်ငံတော်ထဲ၌ ရှိသည်။ အပြစ်တရားသည် ကျွန်ုပ်၏သခင် လုံးဝ မဟုတ် တော့ပါ။ ဤသည်မှာ ကျွန်ုပ်သည် အပြစ်၏ သွေး ဆောင်ခြင်း ကို ဘယ်သောအခါမျှ မခံရတော့ပါ ဟု ဆိုလိုပါသလား။ မဆိုလိုပါ။ အမှန်မှာ ကျွန်ုပ်သည် သန့်ရှင်းသောအသက်တာ၌ အသက်ရှင်ရန် အမှန် အလိုရှိသော် ယခင် အစဉ်ထက် သာ၍စုံစမ်းခြင်းကို ခံရပေလိမ့်မည်။ သို့သော် ကျွန်ုပ်တို့အပေါ် အပြစ်တန်ခိုးသည် ကျိုးပျက်ခဲ့ပြီ။ အပြစ်သည် ကျွန်ုပ်ကို စုံစမ်းနှောင့်ရှက်နိုင်သော် လည်း ၄င်း သည် အကျွန်ုပ် သူ့ကို နာခံရန် မပြုလုပ်နိုင်ပါ။ သူ့တန်ခိုးမှ ကျွန်ုပ်၏လွှတ်မြောက်ခြင်းကို ကျွန်ုပ် ကြေညာ နိုင်ပါ သည်။ ကျမ်းစာက ''အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ...''ဟုဆို၏။

အပြစ်တန်ခိုးမှ ကျွန်ုပ်၏လွှတ်မြောက်ခဲ့ခြင်းကို မည်ကဲ့သို ကျွန်ုပ် ကြေညာမည်နည်း။ ပဌမ၊ ခရစ်တော်၌ သင်သည် အပြစ်တရား၌ သေခဲ့ပြီ ဟူသော သစ္စာသမ္မာတရားကို သင် သိမှတ်ထားရမည်။ ဒုတိယ၊ သင်သည် အပြစ်ကို မပြုလုပ်ရန် ရွေးချယ်ပါ။


(၁) ခရစ်တော်၌ သင်သည် အပြစ်တရား၌ သေခဲ့ပြီ ဟူသော သစ္စာသမ္မာတရားကို သိမှတ် ယုံကြည်ပါ။
ကျမ်းစာက''ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့်ဆိုင်သောအရာကား၊ အသေဖြစ်သည်ဟူ၍၄င်း၊ ဘုရားသခင်နှင့်ဆိုင်သောအရာကား၊ ငါတို့ သခင် ယေရှုခရစ်အားဖြင့် အသက်ရှင်သည် ဟူ၍၄င်း၊ ကိုယ်ကိုကိုယ် ထင်မှတ် ကြလော့။''ဟုဆို၏။(ရော၊ ၆း၁၁)

''ထင်မှတ်''ဟူသော စာလုံးသည် ''သိမှတ် ယုံကြည်ပါ''ဟု ဆိုလိုသည်။ ဘုရားသခင်က ကျွန်ုပ်အား ပြောဆိုသည်မှာ၊ ခရစ်တော်၌ အပြစ်တရား အတွက် ကျွန်ုပ်သေခဲ့ပြီ။ ဤကား ခရစ်တော်၌ ကျွန်ုပ်၏ ရပ်တည်ချက်ဖြစ်ပြီး၊ ဤအတိုင်း ကျွန်ုပ် သိမှတ် ယုံကြည်ရမည်။ သတိယရန်မှာ၊ ကျွန်ုပ်၏ရပ်တည်ချက်၌ ယုံကြည်ခြင်းရှိပါ၊ ထိုအတိုင်း ကျွန်ုပ်၏အသက်တာထဲ၌ အမှန် ဖြစ်ကြောင်း ပြုလုပ်ပါ။


(၂) အပြစ်ကို မပြုလုပ်ရန် ရွေးချယ်ပါ။ ကျမ်းစာက ''ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏တတ်မက်ခြင်းအလိုသို့ လိုက်ရသည့်တိုင်အောင်၊ အပြစ်တရားသည် ကိုယ်ခန္ဓာ၌အစိုးမရစေနှင့်။''ဟု ဆို၏။(ရော၊ ၆း၁၂) ဤကျမ်းချက်က ဘာကို ဆိုလို ပါသနည်း။ ၄င်းဆိုလိုသည်မှာ၊ ''အပြစ်တရားသည် သင့်အား အုပ်စိုးခြင်းကို အခွင့်မပေးပါနှင့်'' ဟု ဖြစ်သည်။ အဘယ်ကြောင့် နည်း။ သင်သည် အပြစ်နှင့်ဆိုင်သောအရာ၌ သေခဲ့ပြီး ဖြစ်သည်။

သင်သည် တစုံတခုသော အပြစ်အားဖြင့် တကြိမ်ပြီးတကြိမ် ကျရှုံးနေပါသလား။ သင်သည် အပြစ်တန်ခိုးမှ လွှတ်မြောက် ခဲ့ပြီးကြောင်း အဘယ်ကြောင့် မကြေညာပါသနည်း။ သင်သည် ဤကဲ့သို့သော အပြစ်အားဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရလျှင် သင်ပြောဆိုရန်မှာ'' ငါသည် သင့်၌ အလျှော့ပေးခြင်းကို မပြုလုပ်ပါ။ ငါသည် ခရစ်တော်နှင့်အတူ သေခဲ့သောနေရာ၌ သင်နှင့်ဆိုင်သောအရာ၌လည်း ငါ သေခဲ့ပြီ။ သင်သည် ငါ့ကို မအုပ်စိုးရပါ။''ဟူ၍ ဖြစ်သည်။

ထိုနောက် ဘုရားသခင်ထံသို့လှည့်၍ ''အဘ ဘုရားသခင် ကိုယ်တော်၏နှုတ်ကပတ်တော်၌ အပြစ်တရားသည် ကျွန်ုပ် အပေါ်၌ မအုပ်စိုးရပါဟု ဆိုထားပါသည်။ ထာဝရဘုရား ကျွန်ုပ်၌ ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း ပြည့်စုံစေတော်မူပြီး၊ ဤအပြစ်၏တန်ခိုးမှ အကျွန်ုပ်ကို လွှတ်ခြင်းငှါ မစတော်မူပါ။'' ဘုရားသခင်သည် ဤအမှုကိုပြုရန် သစ္စာနှင့်ပြည့်စုံတော်မူ၏။

သတိယ သိထားရန်မှာ၊ စုံစမ်းနှောင့်ရှက်ခြင်းသည် အပြစ်မဟုတ်ပါ။ သခင်ယေရှုသည် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရ ၏။ သို့သော် သူသည် ဘယ်သောအခါမျှ အပြစ်ကို မပြုလုပ်ပါ။ သင်သည်လည်း စုံစမ်းနှောင့်ရှက်ခြင်းကို ခံရလိမ့်မည်။ သို့သော် သင်သည် စုံစမ်းနှောင့်ရှက်ခြင်းကို ''မပြုလုပ်ပါ''ဟု သင် ပြောနိုင်ပါသည်။ သင်သည် အပြစ်တန်ခိုးမှ လွှတ်မြောက်ပြီးကြောင်းကို သင် ကြွေးကြော်နိုင်ပါသည်။ သင်သည် ဘုရားသခင်၏ အံ့ဘွယ် ကတိတော်ဖြစ်သော ''အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ'' ဟူသော ကတိတော်ကို ကြေညာနိုင်ပါသည်။

ဤသင်ခန်းစာကို အကြိမ်များစွာ ဖတ်ပြီးယင်း ဖတ်ပါ။ ၄င်းကို သေချာစွာ လေ့လာပါ။ သင်၌ ဤမဟာ သစ္စာ အမှန် တရားကို ဘုရားသခင် ဖေါ်ပြပေးရန် ဆုတောင်းပါ။

ရှာဖွေတွေ့ရှိသော ရတနာ

ခရစ်တော်သည် ကျွန်ုပ်အဘို့ အသေခံတော်မူပြီ၊ ကျွန်ုပ်သည်လည်း သူနှင့်အတူသေခဲ့ပြီ။ ခရစ်တော်နှင့်အတူ ကျွန်ုပ် သေခဲ့ခြင်းအားဖြင့် ကျွန်ုပ်သည် အပြစ်တန်ခိုးမှ လွှတ်မြောက်ခြင်းကို ရခဲ့ပြီ။


ဆုတောင်းချက်။ ''အဖ ဘုရားသခင် အကျွန်ုပ်သည် ခရစ်တော်နှင့်အတူ သေခြင်းနှင့် အပြစ်တရားနှင့်ဆိုင်သောအရာ၌ လည်း သေခဲ့ပြီးကြောင်းကို နေ့စဉ် သတိယ နေစေရန် ကျွန်ုပ်အား မစတော်မူပါ။ ဤ သစ္စာတရားကို သိမှတ်ယုံကြည်ပြီး အပြစ် ကို ငြင်းပယ်ခြင်းဖြင့် ကိုယ်တော်ကို ဆန့်ကျင်သော ထိုအပြစ်ကို မပြုလုပ်ရန် မစတော်မူပါ။ ယေရှု၏နာမတော်၌ အကျွန်ုပ် ဆုတောင်း ပါသည်။'' အာမင်


မေးခွန်းများ


၁။ မိမိတို့အပြစ်များကို ဘုရားသခင်ထံဝန်ချဖေါ်ပြတောင်းပန်ခြင်းနှင့်အတူ ခရစ်ယာန်များအပြစ်ထဲ၌ ဆက်လက်ရှိနေခြင်းအခွင့်ရှိသည်မှာ မှန်ပါသလား။

(က) မှန် (ခ ) မှား


၂။ ကွက်လပ်ဖြည့်ရန် အဖြေမှန်ကို ရွေးပါ။ အာဒံသည် ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်ခြင်း၌ သူသည် ……ဘက်၌အတူနေခဲ့သည်။ အာဒံသည် အားလုံးသော လူသား မိသားစု၏ဦးစီးဦးခေါင်းဖြစ်ပြီး သူသည်လူသားမျိုးနွယ်အားလုံးကို………..သို့ရောက်စေသည်။

(က) စာတန်။ မှောင်မိုက်နိုင်ငံအတွင်း။

(ခ ) ဧ၀။ ဧဒင်ဥယျာဉ်အပြင်။


၃။ လွှတ်မြောက်စေသောသူသည် ဘာပြုလုပ်ခဲ့ရပါသနည်း။ သူသည်…………။

(က) သင်ကို ပါဆယ်တထုပ်ပေးသည်။

(ခ ) တစုံတရာမှ သင့်ကို လွှတ်ခြင်းကို ပြုလုပ်ပေးသည်။


၎။ သခင်ယေရှုသည် ကျွန်ုပ်တို့ကို အမှောင်နိုင်ငံမှလွှတ်ခြင်းရရန် လာခဲ့ပြီး ကျွန်ုပ်တို့ကို……မှ လွှတ်မြောက်စေသည်။

(က) အပြစ်တန်ခိုး။

(ခ ) နေရက်အစဉ် အလုပ်လုပ်နေခြင်း။


၅။ အာဒံ မိသားစုထဲသို့ ကျွန်ုပ်တို့ မည်သို့ ရောက်လာခဲ့ရပါသနည်း။ ……..။အာဒံမိသားစုမှ မည်ကဲ့သို့ ပြန်ထွက်ရမည်နည်း။………….။

(က) ဧဒင်ဥယျာဉ်ထဲ၌။ အပြစ်ပြုခြင်းဖြင့်။

(ခ ) မွေးခြင်းဖြင့်။ သေခြင်းဖြင့်။


၆။ ယေရှုသည် သေခြင်းဖြင့် သူသည်……….ထွက်မြောက်ပြီ၊ သူသည်………….နိုင်ငံ၌ ထမြောက်ခဲ့သည်။

(က) ကမ္ဘာမှ။ ကောင်းကင်ဘုံဟုခေါ်သော။

(ခ ) မှောင်မိုက်နိုင်ငံမှ။ အလင်း။


၇။ ဘယ်နေရာ၌ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌တည်စေသနည်း။……….။ သူသည်လက်ဝါးကပ်တိုင် အသေသတ်ခြင်းခံစဉ်……………။

(က) လက်ဝါးကပ်တိုင်ပေါ်၌။ ကျွန်ုပ်တို့သည် သူနှင့်အတူ အသေသတ်ခြင်းခံရသည်။

(ခ ) ဧဒင်ဥယျာဉ်ထဲ၌။ ကျွန်ုပ်တို့သေခဲ့သည်။


၈။ အပြစ်အပေါ်အောင်မြင်ခြင်း၏လျှို့ဝှက်ချက်မှာ၊

(က) အမှားတခုမျှ မပြုလုပ်ပါနှင့်။

(ခ ) အပြစ်တရားနှင့်ပတ်သက်၍ ခရစ်တော်၌ ကျွန်ုပ် သေခဲ့ပြီ။


၉။ ဤသို့ ဖြစ်လျှင် ကျွန်ုပ် အပြစ်မပြုနိုင်တော့ခြင်း ကို ဆိုလိုပါသလား။

(က) မှန် (ခ ) မှား


၁၀။ အပြစ်တန်ခိုးမှ ကျွန်ုပ်တို့၏လွှတ်မြောက်ခြင်းကို ကြေညာရန်၊ (၁) ကျွန်ုပ်……..နှင့် (၂) ကျွန်ုပ်……….။

(က) အမှန်တရားအပေါ် သိမှတ်ယုံကြည်ရမည်။ အပြစ်ကိုမပြုရန် ရွေးချယ်ရမည်။

(ခ ) စာအုပ်များစွာဖတ်ကိုဖတ်ရမည်။ မိမိကိုယ်ကို အားကိုးရပ်တည်ရန်။



Share:

အသစ်သောဆက်ွိံယ်တော်စပ်ခြင်း


A New Relationship

New Life in Christ Course III

Lesson 9

ဖတ်ရန်ကျမ်းချက်။ ယော၊ ၁၅း၁-၅။


သော့ချက်ကျမ်းပိုဒ်။

''ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည်ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။ ထို သူသည် များစွာသော အသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင်သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ။'' (ယော၊ ၁၅း၅)

ယခင် သင်ခန်းစာ၌ ကျွန်ုပ်တို့သည် ခရစ်တော်၌ရှိခြင်း ဆိုင်ရာ အံ့ဘွယ်သစ္စာတရားတခုကို လေ့လာခဲ့ရသည်။ ကျွန်ုပ်တို့သည် အာဒံထဲ၌ မရှိတော့ပါ၊ သို့သော် ခရစ်တော်၌ ရှိပြီး ဖြစ်သည်။ ခရစ်တော်၌ ရှိခြင်းကြောင့် ဘုရားသခင့်ရှေ့မှောက် ကျွန်ုပ်တို့သည် ရပ်တည် ချက်(အဆင့်အတန်း) အသစ်၌ ရှိနေပြီး ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ စုံလင် လျက်ရှိသည်ကို မြင်တော်မူ သည်။

ဤသင်ခန်းစာ၌ ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းကို ခံရပြီးနောက် ကျွန်ုပ်တို့၌ဖြစ်လာခဲ့သော အကြောင်းအရာများကို သာ၍ လေ့ လာကြမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့ ရပ်တည်ချက်(အဆင့်အတန်း)အသစ် ရရှိခြင်းမျှသာမက သခင်ယေရှု ခရစ်တော် နှင့်အတူ ဆက်နွယ်တော်စပ်မှု အသစ် လည်း ရရှိခဲ့ပြီး ဖြစ်သည်။ ဤဆက်နွယ်တော်စပ်မှုအသစ်ကို စာကြောင်းတို ဝါကျ နှစ်ကြောင်းဖြင့် ဖေါ်ပြနိုင်ပါ သည်။


၁။ ကျွန်ုပ်သည် ခရစ်တော်၌ ရှိသည်။

၂။ ခရစ်တော်သည် ကျွန်ုပ်၌ ရှိသည်။


ခရစ်တော်ကိုယ်တိုင်နှင့် ယုံကြည်သူများအကြား အသစ်သော ဆက်နွယ်တော်စပ်ခြင်းကို ကျွန်ုပ်တို့နားလည်ရန်အတွက် အထောက်အကူ ဖြစ်စေရန် သခင်ယေရှုသည် သဘာဝတရားမှ ရှင်းလင်းသော သရုပ်ဖေါ်ပုံကို အသုံးပြုခဲ့သည်။ သူက'' ငါသည် စပျစ်နွယ်ပင် ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏။''ဟု ဆိုသည်။ သခင်ယေရှုသည် စပျစ်နွယ်ပင် ဖြစ်ပြီ၊ ယုံကြည်သူများသည် အခက်များ ဖြစ်ကြ သည်။ ထို့ကြောင့် ဤသင်ခန်းစာ၌ စပျစ်ပင်ဟု ဖေါ်ပြသော် သခင်ယေရှုကို ရည်ညွှန်းကြောင်းနှင့် အခက်များဟု ဖေါ်ပြသော် ကျွန်ုပ်တို့ ကိုယ်ကို ဆိုလိုကြောင်း ကျွန်ုပ်တို့ ယူဆကြမည်။


စပျစ်နွယ်ပင်နှင့်အခက်များသည် တပင်တည်း ဖြစ်သည်


ကျွန်ုပ်တို့ စပျစ်နွယ်ပင်နှင့် အခက်များကို ကြည့်သောအခါ ယင်းတို့သည် အပင်တပင်တည်းဖြစ်ကြောင်း မြင်ရသည်။ ယင်းတို့ သည် အသက်ရေ တခုတည်းကို ဝေမျှခံစားသည်။ တူညီသော အသက်ရေသည် စပျစ်နွယ်ပင်၌ စီးဆင်းသလို အခက်များ ၌လည်း စီးဆင်း သည်။ ဤအရာက ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တလုံးတဝတည်းဖြစ်ကြောင်း သင်တော်မူသည်။ ကျမ်းစာက ''ထိုဘုရားသခင် အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။'' သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ကျွန်ုပ် လက်ခံစဉ် တခဏတွင်း ကျွန်ုပ်တို့သည် သူနှင့် ဆက်ခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်သည် သူ၏အစိတ်အပိုင်း တခုအဖြစ် ပြုလုပ်ခြင်း ခံခဲ့ရပြီ။ အခက်များသည် စပျစ်ပင်နှင့် ဆက်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း သခင်ယေရှုနှင့် ဆက်ခဲ့ကြပြီ။ ကျွန်ုပ်တို့သည် သူနှင့် တလုံး တဝတည်း ဖြစ်ကြသည်။


အခက်သည် စပျစ်နွယ်ပင်၌ရှိသည်


စပျစ်နွယ်ပင်နှင့် ၄င်း၏အခက်များအကြောင်း ထိုထက် သာ၌ကြည့်ရှုသော် ကျွန်ုပ်တို့ အခြားသောအရာများကို မြင်ရ ပါသည်။ အခက်သည် စပျစ်နွယ်ပင်ထဲ၌ ရှိသည်ကို ကျွန်ုပ်တို့မြင်ရသည်။ ဤအရာက ကျွန်ုပ်တို့သည် ခရစ်တော်ထဲ၌ ရှိကြောင်းကို သင်တော်မူသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ထဲ၌ရှိကြောင်း မဟာသစ္စာတရားကို လေ့လာခဲ့ရပြီ။ သို့သော် ယခု ကျွန်ုပ်တို့သည် ခရစ်တော်၌ အသက်ရှင်သော ပေါင်းစည်းခြင်း၌ သူနှင့် ကျွန်ုပ်တို့ တလုံးတဝတည်းဖြစ်ကြောင်း နားလည်ရသည်။ အခက်သည် အသက်ရှင်သောစပျစ်နွယ်ပင်နှင့် ဆက်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း အသက်ရှင်တော်မူသော ယေရှုခရစ်နှင့် ဆက်ခဲ့ကြရသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိတော်မူသည်။

ကျွန်ုပ်တို့သည် ခရစ်တော်၌ အစဉ်မရှိခဲ့ကြပါ။ ဘုရားသခင်၏သား မဖြစ်ခင်က ကျွန်ုပ်တို့သည် အာဒံ၌ရှိတော်မူသည်။ သူနှင့် ဆက်ခဲ့ကြသည်။ သူ၏အသက်ကို ဝေမျှခံစားရပြီး သူ၏ဇာတိပကတိသဘောသည် ကျွန်ုပ်တို့၌ ရှိတော်မူ၏။

ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ပြီးနောက် ဘယ်အရာများ ဖြစ်လာခဲ့ပါသနည်း။ ဘုရားသခင်သည် ကျွန်ုပ် တို့ကို အာဒံထဲမှ ထုတ်ပြီး ခရစ်တော်ထဲသို့ ကိုင်းဆက် တော်မူသည်။

အခက်တခု ကိုင်းဆက်ခြင်းဆိုသည်မှာ ၄င်းကို စပျစ်ပင်တပင်မှ အခက်ကို ဖြတ်ထုတ်ပြီး အခြားစပျစ်တပင်တွင် ကိုင်း ဆက်ခြင်း ဖြစ်သည်။ စပျစ်ပင်အိုမှ ပဌမ အခက်ကို ဖြတ်သည်။ ထိုနောက် ဖြတ်သောအခက်ကို စပျစ်ပင်အသစ်တွင် ဆက်မည့် နေရာ ခုတ်ထစ်ထားသောနေရာတွင် ထည့်သွင်းလျက် သေချာစွာပတ်စည်းထားခြင်း ဖြစ်သည်။ မကြာခင်အတွင်း စပျစ်ပင်သစ်၏ အသက်ရေသည် ၄င်းအခက်ထဲသို့ စတင်စီးသွားသည်။ အခက်သည် စပျစ်ပင်သစ်တွင် အသက်ရှင်ပေါင်းစည်းခြင်း၌ ဆက်သွား လေသည်။

ယခု ကျွန်ုပ်တို့၌ ဘုရားသခင် ပြုတော်မူသော အံ့ဘွယ်သောအမှုကို ကျွန်ုပ်တို့ နားလည်နိုင်ပြီ။ ကျွန်ုပ်တို့ ဒုတိယမွေး ခြင်း ခံရစဉ် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အာဒံမှနှုတ်ယူပြီး ခရစ်တော်၌ ကိုင်းကူး ဆက်တော်မူ၏။ ကျမ်းစာက ''ထိုဘုရား သခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏''ဟုဆိုသည်။ (၁ကော၊ ၁း၃ဝ)

ယခု ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်နှင့် အသက်ရှင်သော ပေါင်းစည်းခြင်း၌ ဆက်ခဲ့ကြပြီ။ သူသည် စပျစ်ပင်သစ်ဖြစ် ပြီ၊ ကျွန်ုပ်တို့သည် အသက်ရှင်သော အခက်များ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သူ၏အသက်ကို ခံစားရပြီ၊ သူ၏ဝိညာဉ်ပကတိ သဘောသည် ကျွန်ုပ်တို့၌ ရှိတော်မူသည်။ ကျမ်းစာက ''...ဘုရားပကတိကိုဆက်ဆံရသောသူ ဖြစ်မည့်အကြောင်းတည်း''ဟု ဆိုသည်။ (၂ပေ၊ ၁း၎)


စပျစ်ပင်သည် အခက်၌ရှိခြင်း


အခက်သည် စပျစ်ပင်၌သာရှိနေခြင်း မဟုတ်ပါ။ စပျစ်ပင်သည်လည်း အခက်၌ရှိသည်။ အခက်သည် စပျစ်ပင်၌ ကိုင်းဆက်ပြီး နောက် စပျစ်ပင်ရှိ မှန်သောအသက်ရေသည် ၄င်းအခက်သို့ စတင်စီးဆင်းတော်မူသည်။ ဤသို့ဖြင့် အခက်ကို အသက်ရှင်စေပြီး၊ အသီးကို သီးစေပါသည်။

ဤအကြောင်းအရာက ကျွန်ုပ်တို့ကို သင်သည်မှာ ခရစ်တော်သည် ကျွန်ုပ်တို့၌ ရှိတော်မူသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိခြင်းမျှသာ မဟုတ်ပါ သို့သော် သူသည်လည်း ကျွန်ုပ်တို့၌ ရှိတော်မူသည်။ ကျွန်ုပ်တို့၌ ခရစ်တော်၏မှန်သောအသက်ကို ကျွန်ုပ်တို့ ရရှိကြသည်။ ဤသည်ကား မည်ကဲ့သို့ ဖြစ်နိုင်သနည်း။ သခင်ယေရှု ကိုယ်တော်တိုင် တပည့်တော်များကို မည်ကဲ့သို့ ရှင်းပြခဲ့သည်ကို ကျွန်ုပ်တို့လေ့လာကြမည်။

သခင်ယေရှု ဤလောက၌ရှိခဲ့စဉ် သူသည် တပည့်တော်များနှင့်အတူ လမ်းလျှောက်ခြင်း စကားပြောခြင်းကို အတူပြုခဲ့ သည်။ တပည့်တော်များ သခင်ယေရှုနှင့်အတူ ရှိနေစဉ် အဘယ်မျှ ပျော်ရွှင်သောအချိန် ဖြစ်မည်နည်း။ သို့သော် တနေ့သောအခါ သခင်သည် သူတို့ကို အလွန်ဝမ်းနည်းစေသော အကြောင်းအရာကို ပြောခဲ့သည်။ သူသည် မကြာခင် သူတို့နှင့်ခွဲခွါမည့်အကြောင်း ပြောခဲ့သည်။ သို့သော် ယေရှုသည် သူ၏တပည့်တော်များကို ဤနှုတ်ကပတ်စကားဖြင့် နှစ်သိမ့်တော်မူ၏။ ကျမ်းစာက '' ခမည်း တော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော် တည်း ဟူသော တပါးသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည် နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်။-ထိုဝိညာဉ်တော်ကို လောကီသား တို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထို ဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ရှိတော်မူသောကြောင့် သင်တို့သိရကြ၏'' ဟု ဆိုသည်။(ယော၊၁၄း၁၆-၁၇)

သခင်ယေရှုသည် တပည့်တော်တို့၌ အံ့ဘွယ်သော ကတိတော်ကို ပြုခဲ့သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်ကို သူတို့နှင့်အတူ အစဉ်တည်နေစေခြင်းငှါ စေလွှတ်တော်မည်အကြောင်း သခင်ယေရှု ကတိပြုခဲ့သည်။ သူသည် သူတို့နှင့်အတူ ရှိနေ လိမ့်မည်။ ထိုမျှမက သူတို့၏ အထဲ၌လည်း ရှိနေတော်မူလိမ့်မည်။ ထိုနောက် သူသည် ဤစကားများကို ထပ်၍ဖြည့်စွက်ကာ ''ငါသည် သင်တို့ ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည် မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။''ဟု ဆိုသည်။ ထို့ကြောင့် သန်ရှင်း သောဝိညာဉ်တော် ကြွလာခြင်းသည် သခင်ယေရှု ကိုယ်တော်တိုင် သူတို့၌နေရန် ကြွလာခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည် ရသည်။

သခင်ယေရှုသည် ဤကဲ့သို့အနေဖြင့် ပြောခဲ့ခြင်း ဖြစ်သည်။''ငါသည် သွားရမည်၊ သို့သော် ငါသည် အသစ်သော အသွင်ဖြင့် သင်တို့ထံသို့ တဖန်ပြန်လာမည်။ သန်ရှင်းသောဝိညာဉ်တော် ပုဂ္ဂိုလ်အဖြစ်နှင့် သင်တို့နှင့်အတူ နေရန် ငါပြန်လာပြီး၊ သင်တို့ကို ဘယ်သော အခါမျှ မစွန့်ခွါ သွား တော့ပါ။'' ယေရှုက''ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည် ငါ၌ ရှိသည်ကို၎င်း၊ ငါသည် သင်တို့၌ ရှိသည် ကို၎င်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။''ဟု ဆိုသည်။(ယော၊ ၁၄း၂ဝ)

ယေရှုသည် ဤ စကားများကို ပြောဆိုပြီးနောက် မကြာခင်မှာပင် သူသည် လက်ဝါးကပ်တိုင်၌အသေသတ်ခံခြင်းနှင့် မြုတ်နှံခြင်းကို ခံရ၏။ သုံးရက်နေ့မြောက်တွင် သူသည်ထမြောက်ခဲ့ပြီ၊ တပည့်တော်များကို သူ၏ရှင်ပြန်ထမြောက်ခြင်း ကိုယ်ခန္ဓာ ဖြင့် ထင်ရှားပြခဲ့သည်။ ရက်ပေါင်း(၄ဝ)ပြီး နောက် သူသည် စင်္ကြာဝဠာရှိ သူ၌အမြင့်ဆုံးသော ချီးမြောက်ခြင်းခံရာနေရာ ရှိရာ ကောင်းကင်ဘုံထဲသို့ ပြန်လည် တက်ကြွ သွားခဲ့သည်။ ကျမ်းစာက ''ထိုတန်ခိုးတော်ကား၊ခရစ်တော်ကို သေခြင်းမှ ထမြောက်စေ တော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာတန်ခိုး အာနု ဘော်အရှိန်ကဲ့သို့ ဖြစ်၏။-ခပ်သိမ်းသော အထဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍၊ယခုဘဝ နောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင် အရပ်၌ မိမိလက်ျာ တော်ဘက်မှာ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အား ပေးတော်မူ၍၊''ဟု ဆိုသည်။(ဧ၊ ၁း၂ဝ-၂၁)


သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ကြွလာခြင်း


သခင်ယေရှု ကောင်းကင်သို့ တက်ကြွပြီးနောက် (၁ဝ)ရက်နေ့မြောက်တွင် တပည့်တော်များသည် အတူတကွ တွေ့ဆုံ လျက် ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအမှုကို ပြုကြ၏။ ပင်တေကုတ္တေပွဲနေ့တွင် သခင်ယေရှုသည် သူ၏တပည့်တော်များဆီ သို့ အံ့ဘွယ်ရာ အသွင်သစ်ဖြင့် ပြန်လာခဲ့၏။ သူတို့အထဲ၌ နေရန် သူသည် ပြန်လာခဲ့သည်။


ထိုနေ့မှစ၍ လူတစ်ဦးသည် ဒုတိယမွေးခြင်းကို ခံရပြီးသော် တခဏခြင်းမှာပင် ခရစ်တော်၏ဝိညာဉ်သည် သူ၏အထဲ၌ ဝင်ရောက် ၍ ကျိန်းဝပ်တော်မူသည်။ ကျမ်းစာက''ထိုသို့ သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့၏ စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏''ဟု ဆိုသည်။(ဂလာ၊ ၄း၆)

ခရစ်တော်သည် ကျွန်ုပ်တို့၌ သူ၏ဝိညာဉ်တော်အားဖြင့် ရှင်တော်မူသည်။ ထိုကြောင့် ''ခရစ်တော်သည် အကျွန်ုပ်၌ ရှင်တော်မူ သည်''ကို ကျွန်ုပ်တို့ အမှန်ပြောဆို နိုင်ပါသည်။


ခရစ်ယာန်အသက်တာ၏ လျှို့ဝှက်ချက်


ကျွန်ုပ်တို့သည် ယခု ခရစ်ယာန်အသက်တာ၏ မဟာ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ခဲ့ရ၏။ ဤလျှို့ဝှက်ချက်မှာ ''ခရစ် တော်သည် ကျွန်ုပ်တို့၌ရှင်တော်မူခြင်း'' ဖြစ်သည်။ တမန်တော်ပေါလုက ဤအရာကို ကြီးစွာသော နက်နဲခြင်းဟု ခေါ်ဆိုပါသည်။ သူသည် ကောလောသဲရှိ ခရစ်ယာန်များသို့ ရေးသားခဲ့သည်မှာ ''တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့်ဆိုင်သော မဟာ စည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်း အကြောင်း တည်းဟူသော သင်တို့အထဲ၌ တည်နေတော်မူသော ခရစ်တော်ပေတည်း။''ဟု ဆိုသည်။ (ကော၊ ၁း၂၇)

ခရစ်ယာန်အသက်တာဆိုသည်မှာ အဘယ်နည်း။


ခရစ်ယာန်အသက်တာသည် ကောင်းလာဘို့ရန် ကြိုးစားခြင်းလား။ မဟုတ်ပါ။ အခြား ကောင်းသော ခရစ်ယာန်များနှင့် တူအောင် အတုယူ ကြိုးစားခြင်းလား။ မဟုတ်ပါ။ သခင်ယေရှုကို အတုယူ၍ သူကိုယ်တိုင်နှင့်တူလာအောင် ကြိုးစားခြင်းလား။ မဟုတ်ပါ။ ခရစ်ယာန် အသက်တာသည် ဤအရာများ တခုမျှ မဟုတ်ပါ။ သို့ဖြစ်သော် ခရစ်ယာန်အသက်တာသည် အဘယ်နည်း။


ခရစ်တော်သည် သူ၏အသက်တာဖြင့် ကျွန်ုပ်တို့၏အထဲ၌ ရှင်နေခြင်း ဖြစ်သည်။


တမန်တော်ပေါလုက'' ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏''ဟု ဆိုသည်။ သူက ''ငါအသက်ရှင်သည်မှာ ခရစ်တော်နှင့် တူလာရန် ကြိုးစားခြင်းဖြစ်သည်''ဟု မပြောဆိုပါ။ ရှင်ပေါလုဆိုသည်မှာ'' ငါအသက်ရှင်သည့်အရာမှာ ခရစ်တော် ဖြစ်၏။'' ရှင်ပေါလု အဘယ်အရာကို အမှန် ဆိုလိုပါသနည်း။ သူ ပြောဆိုသည်မှာ'' ငါအသက်ရှင်သည်မှာ ခရစ်တော်သည် သူ၏အသက်တာအားဖြင့် ငါ့အထဲ၌ ရှင်နေသည်''ဟူ၍ ဖြစ်သည်။ '' ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။''(ဖိ၊၁း၂၁)


သို့ဖြစ်သော် ခရစ်ယာန်အသက်တာ၌ ကျွန်ုပ်တို့ ဘယ်ကဲ့သို့ အသက်ရှင်ရကြမည်နည်း။


ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ကိုးစားခြင်းဖြင့် သူ၏အသက်တာသည် ကျွန်ုပ်တို့၏အထဲ၌ရှင်ရန် ဖြစ်သည်။ ကျွန်ုပ်တို့ သည် ကြိုးစားခြင်းဖြင့် ခရစ်ယာန်အသက်တာကို ရှင်ရမည့်အစား ခရစ်တော်၏အသက်တာကို ကျွန်ုပ်တို့အထဲ၌ ရှင်ရန် ခွင့်ပြု ရပေမည်။ ခရစ်တော်၏ အသက်တာသည် ခမည်းတော်ကို အစဉ်ကျေနပ်စေသော အသက်တာ ဖြစ်သည်။ ယေရှုက ''အကြောင်းမူကား၊ နှစ်သက်တော်မူ သော အမှုကို အစဉ်မပြတ် ငါပြုသည်''ဟု မိန့်တော်မူ၏။

သခင်ယေရှုသည် ပြောင်းလဲခြင်း မရှိပါ။ သူသည် ယနေ့တိုင် ထို့အတူသော ပုဂ္ဂိုလ်ပင်ဖြစ်သည်။ သူ၏အသက်တာ ဖြင့် ကျွန်ုပ်တို့၏အထဲ၌ သူ ရှင်ရန် အလိုရှိသည်။ သူ၌ယုံကြည်ကိုးစားလျှင် သူသည် ဤအမှုကို ပြုလိမ့်မည်။

သခင်ယေရှု ပြောခဲ့သော ဤအံ့ဘွယ်နှုတ်ကပတ်တော်စကားကို တကြိမ်ထပ်မံ၍ ကျွန်ုပ်တို့ ကြားနာ ကြပါစို့။ ''ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏။'' ကျွန်ုပ်တို့ကိုယ်တိုင် အခက်ဖြစ်လာအောင် ကျွန်ုပ်တို့ ကြိုးစား ပြုလုပ် ၍ မရပါ။ ကျွန်ုပ်တို့သည် ခရစ်တော်ယေရှုနှင့် အသက်ရှင်သော ပေါင်းစည်းခြင်း၌ ထာဝစဉ် ပေါင်းဆက်နေသော အခက် များ ဖြစ်ကြသည်။

တနေ့နောက်တနေ့ ကျွန်ုပ်တို့ အသက်ရှင်စဉ် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် တလုံးတဝတည်းဖြစ်ကြောင်း ဤအမှန်တ ရားကို သိမှတ်ယုံကြည်ရမည်။ သတိရရန်မှာ ကျွန်ုပ်တို့၏ရပ်တည်ချက်၌ ယုံကြည်ခြင်းရှိပါ။ ကျွန်ုပ်တို့အသက်တာ၌ ၄င်းအတိုင်း အမှန်ဖြစ်လာရန် ပြုလုပ်ပါ။


ဤအရာသည် ဘာကို ဆိုလိုပါသနည်း။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိတော်မူပြီ၊ သူသည်လည်း ကျွန်ုပ်တို့၌ ရှိသည်ဟူသော အမှန်တရားကို ကျွန်ုပ်တို့ အစဉ် သိမှတ်ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏သားများ ရှင်သင့်သော အသက်ရှင်ခြင်း၏တန်ခိုးကို ကျွန်ုပ်တို့ ရရှိပေလိမ့်မည်။


ရှာဖွေတွေ့ရှိခဲ့ရသော ရတနာ

စပျစ်ခက်သည် စပျစ်ပင်၌ရှိသကဲ့သို့ ကျွန်ုပ်သည်လည်း ခရစ်တော်၌ ရှိတော်မူသည်။ သူ၌ ကျွန်ုပ် ယုံကြည်ကိုးစား ခြင်းကြောင့် သူ၏အသက်တာသည် ကျွန်ုပ်၏အထဲ၌ သူ ရှင်လိမ့်မည်။


ဆုတောင်းချက်။ သခင်ယေရှု အကျွန်ုပ်သည် ကိုယ်တော်၌ အခက် ဖြစ်ပါသည်။ အကျွန်ုပ်သည် ကိုယ်တော်၌ရှိပြီး ကိုယ်တော်သည် ကျွန်ုပ်၌ရှိတော်မူသောကြောင့် ကိုယ်တော်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်ထင်ခဲ့သော ခရစ်ယာန်အသက်ရှင်ခြင်း ၌ ရုန်းကန်၍ အသက်မရှင်တော့ပါ။ ကျွန်ုပ်၏အသက်တာထဲ၌ တနေ့နောက်တနေ့ ကိုယ်တော်၏အသက်တာသည် ကျွန်ုပ်၌ ရှင် ရန် ကိုယ်တော်ကိုသာလျှင် အကျွန်ုပ် ယုံကြည်ကိုးစား ပါတော့မည်။ အာမင်။


မေးခွန်းများ


၁။ အောက်ပါ ၀ါကျ နှစ်ကြောင်းသည် ကျွန်ုပ်တို့ ခရစ်တော်နှင့်အတူ အသစ်သော ဆက်နွယ်တော်စပ်ခြင်း၌ မှန်သည် ဟု ဖေါ်ပြပြောဆိုရာ၌ ဟုတ်ပါသလား။

+ ကျွန်ုပ်သည် ခရစ်တော်၌ ရှိသည်။

+ ခရစ်တော်သည် ကျွန်ုပ်၌ ရှိသည်။

(က) ဟုတ်သည်။

(ခ ) မဟုတ်ပါ။


၂။ စပျစ်နွယ်ပင်နှင့် အကိုင်းအခက် ဥပမာ၌ မည်သူသည် စပျစ်နွယ်ပင် ဖြစ်ပြီး၊ မည်သူသည် အကိုင်းအခက် ဖြစ်ပါသနည်း။

(က) သခင်ယေရှုသည် စပျစ်နွယ်ပင် ဖြစ်ပြီး၊ ယုံကြည်သူများသည် အကိုင်းအခက်များဖြစ်ကြသည်။

(ခ ) ယုံကြည်သူများသည စပျစ်နွယ်ပင် ဖြစ်ပြီး၊ သခင်ယေရှုသည် အကိုင်းအခက်များ ဖြစ်ကြသည်။


၃။ စပျစ်ပင်နှင့် အကိုင်းအခက်သည် တခုနည်း ဖြစ်သည်။ သူတို့ အသက် တခုတည်းကို ဝေမျှခံစားသည်။ ဤသည်ကား ကျွန်ုပ်တို့ကို သင်သည်မှာ ကျွန်ုပ်တို့သည်………………………။

(က) စပျစ်ပင်နှင့်အကိုင်းအခက်သည် တ၀ိညာဉ်တည်း ဖြစ်သည်။

(ခ ) စပျစ်ပင်နှင့်အကိုင်းအခက်သည် သခင်ယေရှုနှင့် တလုံးတ၀တည်းဖြစ်ကြသည်။

(ဂ ) အထက်ပါအရာ အားလုံး။


၎။ အကိုင်းအခက်သည် စပျစ်ပင်၌ ရှိသည်။ ဤ ကား ကျွန်ုပ်တို့အားသင်သည်မှာ……………။

(က) အာဒံ၌ရှိသည်။

(ခ ) ခရစ်တော်၌ရှိသည်။

(ဂ ) အထက်ပါ အားလုံး။


၅။ ကျွန်ုပ်တို့သည် ခရစ်တော်၌ အစဉ်ရှိကြပါသလား။

(က) ရှိသည်။

(ခ ) မရှိပါ။


၆။ အကိုင်းအခက်သည် စပျစ်ပင်၌ရှိနေခြင်းသာမဟုတ်ပါ စပျစ်ပင်သည်လည်း အကိုင်းအခက်၌ရှိသည်။ ဤ ကား ကျွန်ုပ်တို့အားသင်သည်မှာ ………။

(က) ခရစ်တော်သည် ကျွန်ုပ်တို့၌ ရှိသည်။

(ခ ) ကျွန်ုပ်တို့သည် အပင်တပင်ထဲ၌ ရှိကြသည်။


၇။ ခရစ်တော်သည် သူ၏တပည့်တော်များထံ အသစ်သော၊ အံ့ဘွယ်သော အသွင်ဖြင့် ပြန်လာခဲ့သည်။ သူလာခြင်းသည်……….။

(က) ဟဲလို ဟု နှုတ်ဆက် ပြောဆိုရန်။

(ခ ) သူတို့ထဲ၌ နေရန်။


၈။ ခရစ်ယာန်အသက်တာ၏အကြီးဆုံးသော လျှို့ဝှက်ချက်တခုမှာ……………..။

(က) ခရစ်တော်အကြောင်း မည်သူတယောက်ကိုမျှ မပြောကြားခြင်း။

(ခ ) ခရစ်တော်သည် ကျွန်ုပ်တို့၌ ရှင်တော်မူသည်။

(ဂ ) ယေရှု လက်ဝါးကပ်တိုင်ပေါ် အသေခံခဲ့သည်။


၉။ ခရစ်ယာန်အသက်တာသည် ကျွန်ုပ်တို့ကိုယ်တိုင် ကောင်းလာအောင် ကြိုးစားခြင်းလား။ အချို့ ကောင်းသော ခရစ်ယာန်များကို အတုယူ ကြိုးစား လုပ်ဆောင်ခြင်းလား။ ခရစ်တော်၏အတုကိုယူ၍ ကြိုးစား အတုယူခြင်းလား။

(က) ဟုတ်သည်။

(ခ ) မဟုတ်ပါ။


၁၀။ ခရစ်ယာန်အသက်တာကို ကျွန်ုပ်တို့ မည်ကဲ့သို့ အသက်ရှင်ကြမည်နည်း။

(က) သခင်ယေရှု၏အသက်တာ ကျွန်ုပ်တို့၌ ရှင်ရန် သူ့ကို ယုံကြည်ကိုးစားရမည်။

(ခ ) ကျမ်းစာကို အချိန်တိုင်း ဖတ်ရှုခြင်း။


၁၁။ ဤ သင်ခန်းစာအတွပ် သင်သည် အလွတ် ကျက်မှတ်ခဲ့ပါသလား။

(က) ကျက်မှတ်သည်။

(ခ ) မကျက်မှတ်ပါ။






Share:

ခရစ်တော်၌ရှိခြင်း


In Christ

New life in Christ Course III


Lesson 8

ဖတ်ရန်ကျမ်းချက်၊ ဧဖက် အခန်းကြီး၊ ၁ နှင့် ၂။

သော့ချက် ကျမ်းပိုဒ်။

''လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍၊ ခပ်သိမ်းသော အရာတို့ သည် အသစ်ဖြစ်ကြပြီ။'' (၂ကော၊ ၅း၁၇)

ယခင် သင်ခန်းစာများ၌ လောကတွင် အိမ်ထောင်စု နှစ်စုသာလျှင်ရှိကြောင်း သင်ခဲ့ရပြီ။ အာဒံ၏အိမ်ထောင်စုနှင့် ခရစ် တော်၏ အိမ်ထောင် တို့ဖြစ်သည်။ ကျွန်ုပ်သည် အာဒံ၏အိမ်ထောင်တွင်ရှိခဲ့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အာဒံထဲ၌ရှိသူ အဖြစ် မြင်တော်မူသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏အိမ်ထောင်တွင်ရှိသော် ဘုရားသခင်သည် ကျွန်ုပ်ကို ခရစ်တော်၌ရှိသူ အဖြစ် မြင်တော် မူသည်။

ဘုရားသခင်သည် လူအပေါင်းကို အာဒံထဲ၌ သို့မဟုတ် ခရစ်တော်ထဲ၌ ရှိသည်ကို မြင်တော်မူသည်။ သူသည် သင့်ကို အာဒံ၌ သို့မဟုတ် ခရစ်တော်၌ မြင်တော်မူသည်။ သူသည် ကျွန်ုပ်ကိုလည်း အာဒံ၌ သို့မဟုတ် ခရစ်တော်၌ မြင်တော်မူသည်။

''အာဒံ၌'' ဟူသည် မည်သည့် အဓိပ္ပါယ် ရှိသနည်း။ အာဒံ၌ ရှိခြင်းသည် အာဒံနှင့် သူနှင့်ဆိုင်သောအရာများကို ဝေမျှခံ စားရန် ဖြစ်သည်။ မျိုးရိုးဇာတိအားဖြင့် ကျွန်ုပ်တို့သည် အာဒံ၌ ရှိတော်မူသည်။ ဘုရားသခင်နှင့်အဆက်ပြတ်ပြီ၊ အပြစ်နှင့်စာတန်၏ကျွန် ဖြစ်ကြသည်။ ဘယ်မျှ ကြောက်ဖွယ် ဖြစ်သနည်း။

သို့သော်လည်း ဤနေရာ၌ အံ့ဘွယ်သော သတင်းကောင်း အချို့ ရှိပါသည်။ ကျွန်ုပ်သည် ဒုတိယမွေးဘွားခြင်းကို ခံပြီး သော် ဘုရားသခင် သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ တည်စေတော်မူသည်။ ကျွန်ုပ်တို့သည် ဤအမှုကို ကျွန်ုပ်တို့ကိုယ်တိုင် ပြုလုပ် ရန် မတတ်နိုင်ပါ၊ သို့သော် ဘုရားသခင် သည် ကျွန်ုပ်တို့အတွက် ပြုတော်မူ၏။ ယခု ကျွန်ုပ်တို့သည် ခရစ်တော်၌ တည်တော်မူ သည်။

ခရစ်တော်၌ ကျွန်ုပ်တို့ မည်ကဲ့သို့ တည်နေတော်မူသနည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ တည်ရန် ပြု တော်မူသည်။ ကျမ်းစာ က ''ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။...''ဟုဆိုသည်။(၁ကော၊ ၁း၃ဝ)

ကျမ်းစာတခုလုံးတွင် အဖိုးထိုက်သော စာပိုဒ်သည် စာပိုဒ်ငယ် ''ခရစ်တော်၌''ဟူ၍ ဖြစ်သည်။ ဤကဲ့သို့သော စာပိုဒ် သို့မဟုတ် အလားတူ စာပိုဒ်ကို ဓမ္မသစ်ကျမ်းတွင် အကြိမ်ပေါင်း ၁၃ဝ ကျော် သုံးထားပါသည်။


ခရစ်တော်၌

ဤနေရာတွင် ခရစ်တော်၌ ကျွန်ုပ်တို့၏ အနေအထားသစ်ကို ပြောဆိုသော ကျမ်းပိုဒ် အချို့ကို ဖေါ်ပြပါမည်။

''ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။...''ဟုဆိုသည်။(၁ကော၊ ၁း၃ဝ)

ဤကမ္ဘာမတည်ရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာ တို့ကို ခရစ်တော်အားဖြင့် ငါတို့အားပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

(ဧ၊ ၁း၎)

အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည်ကျင်လည်ရမည့်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။''(ဧ၊ ၂း၁ဝ)

''လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍၊ ခပ် သိမ်းသောအရာတို့ သည် အသစ်ဖြစ်ကြပြီ။'' (၂ကော၊ ၅း၁၇)

''မှန်သော ဘုရားသခင်၌၄င်း၊ သားတော်ယေရှုခရစ်၌ ၄င်း ငါတို့သည် တည်လျှက်ရှိကြ၏။...''(၁ယော၊ ၅း၂ဝ)

''ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။'' (ကော၊ ၁း၁၄)

''ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့ သည် အပြစ်စီရင်ခြင်းနှင့်လွှတ်ကြ၏။'' (ရော၊ ၈း၁)

''ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်းဟူသော...'' (၁ကော၊ ၁း၂)

သင်သည် ''ခရစ်တော်၌'' ''သူ၌''''သူ့အားဖြင့်'' စသည့် စာသားများကို သင် သတိပြုမိပါသလား။ သင်သည် ဓမ္မသစ် ကျမ်းကို ဖတ်နေစဉ် ဤကဲ့သို့သော စာသားများကို များစွာ သုံးထားကြောင်း သင်တွေ့ရပေမည်။

''ခရစ်တော်၌'' တည်နေခြင်းသည် ဘာကို ဆိုလိုသနည်း။ ခရစ်တော်၌ တည်နေခြင်းသည် ခရစ်တော်၌ရှိသောအရာ အားလုံးနှင့် သူပြုပေး ခဲ့သောအရာအားလုံးကို အမွေခံ ဝေမျှခံစားရန် ဖြစ်သည်။ ကျမ်းစာ၌ ဘုရားသခင်က''ကောင်းကင်ဘုံနှင့် ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာ တို့ကို ခရစ်တော်အားဖြင့် ငါတို့အားပေးသနားတော်မူသော...''ဟု ဆိုသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ တည်နေသောကြောင့် ကျွန်ုပ်တို့အဖို့ ပြင်ဆင် လျက် ရှိသော ကောင်းကြီးများထဲမှ အချို့ကို စဉ်းစား ကြမည်။


ခရစ်တော်၌ ကျွန်ုပ်တို့ အပြစ်ခွင့်လွှတ်ခြင်းကို ရသည်

ကျွန်ုပ်တို့သည် ခရစ်တော်၌ရှိသောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များအားလုံးကို ခွင့်လွှတ်ခဲ့ပြီ။ ကျမ်း စာက''ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။''ဟု ဆိုသည်။ (ကော၊ ၁း၁၄)


ခရစ်တော်၌ ဖြောင့်မတ်ရာသို့ ရောက်ရ၏

ဖြောင့်မတ်ရာသို့ ရောက်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဖြောင့်မတ်ပြီ ဖြစ်ကြောင်း ကြေညာခြင်းကိုခံရသည်။ ကျွန်ုပ် တို့သည် ဘုရားသခင်ရှေ့တော်၌ မည်ကဲ့သို့ ဖြောင့်မတ်ခြင်းသို့ ရောက်သနည်း။ ခရစ်တော်၌ကျွန်ုပ်တို့ ဖြောင့်မတ်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ပကတိ စုံလင်ဖြောင့်မတ်သောကြောင့် ယခု ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ၌ ဖြောင့်မတ်ပြီ ဖြစ်ကြောင်းမြင် တော်မူသည်။ ကျွန်ုပ်တို့ ဖြောင့်မတ်ခြင်းသို့ ရောက်ရန် သူသည် ကျွန်ုပ်တို့၏အပြစ်များကို ယူတင်တော်မူ၏။ ကျမ်းစာက'' ဘုရား သခင်သည် အပြစ်နှင့်ကင်းစင်သောသူ(ခရစ်တော်)ကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်း တည်း'' ဟု ဆိုသည်။ (၁ကော၊၅း၂၁)


ခရစ်တော်၌ ဘုရားသခင်၏အနီးတော်သို့ ရောက်ရပြီ

အပြစ်သားတယောက်အဖြစ် ဘုရားသခင်နှင့် အဆက်ပြတ်ခဲ့ရသည်။ ဘုရားသခင်၏ရှေ့တော်မှောက်သို့ လာရန် ကြောက်ရွံ့သည်။ သို့သော် ယခု ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ ရှေ့တော်သို့ ရဲရင့်စွာ တိုးဝင်ခြင်းအခွင့်ကို ရကြသည်။ အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်၏အသွေးတော် သည် ကျွန်ုပ်တို့၏ အပြစ်ရှိသမျှကို ဆေးကြောခဲ့ပြီ ဖြစ်သည်။ ကျမ်းစာက ''သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း၊ ယခုမှာယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။''ဟု ဆိုသည်။(ဧ၊ ၂း၁၃)


ခရစ်တော်၌ ဘုရားသခင်သည် ကျွန်ုပ်တို့ကို လက်ခံပြီ

ကယ်တင်ခြင်းသို့မရောက်မှီ ကျွန်ုပ်တို့သည် ဘုရားသခင်၏ရန်သူများ ဖြစ်သည်။ ယခု ဘုရားသခင်သည် ချစ်တော်မူ သော မိမိ၏ သားတော် အားဖြင့် ကျွန်ုပ်တို့ကို လက်ခံတော်မူသည်။ ကျွန်ုပ်တို့ကို ဘုရားသခင် အဘယ်ကြောင့် လက်ခံတော်မူ သနည်း။ ကျွန်ုပ်တို့ ခရစ်တော်၌ရှိသောကြောင့် ဖြစ်သည်။ ကျမ်းစာက'' ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ဘုန်းအသရေကို ချီးမွမ်း စေခြင်းငှါ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည့် အကြောင်း၊ အလိုတော်ရှိသော စေတနာစိတ်အတိုင်း ရှေးမဆွက ခွဲခန့်မှတ်သား တော်မူ၏''ဟုဆိုသည်။(ဧ၊ ၁း၆)


ခရစ်တော်၌ သန်းရှင်းခြင်းကို ပြုလုပ်ပေးတော်မူသည်

ဘုရားသခင်၌ ယုံကြည်သူအတွက် နာမည်အသစ် ရှိတော်မူသည်။ ဘုရားသခင်သည် ယုံကြည်သူကို ''ယေရှုခရစ်၌ သန့်ရှင်းသူ''ဟု ခေါ်တော်မူသည်။ ''သန့်ရှင်းသူ''ဟူသော စကား၏အနက်မှာ ''သန့်ရှင်းစင်ကြယ်သောသူ'' ဖြစ်သည်။ ဘုရား သခင်၏ အမြင်၌ ယုံကြည်သူသည် ခရစ်တော်၌ သန့်ရှင်းသူ ဖြစ်သည်။ ပင်ကိုယ်အားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းခြင်း မရှိပါ။ သို့သော် ဘုရားသခင်သည် ခရစ်တော်၌ ကျွန်ုပ်တို့ကို မြင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ဘုရား၏ရှေ့မှေက်ရပ်စဉ် ခရစ်တော်၏ သန့်ရှင်းခြင်းထဲ၌ ရပ်နေရခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ''ခရစ်တော်၌ သန့်ရှင်းသူ'' ဖြစ်သည်။


ခရစ်တော်၌ ဘုရားသခင်၏တံဆိပ်ခတ်ခြင်းကို ခံရပြီ

ကျွန်ုပ်တို့သည် ဘုရားသခင်၏သားများ ဖြစ်ကြပြီ၊ ကျွန်ုပ်တို့၏ခရီးလမ်းဆုံးသည် ကောင်းကင်ဘုံ ဖြစ်သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌တည်စေပြီ၊ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ကျွန်ုပ်တို့ကို တံဆိပ်ခတ်တော်မူ၏။ ကျမ်းစာ က''...ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့် ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏တံဆိပ်ခတ်ခြင်းကို ခံရကြပြီ''ဟု ဆိုသည်။ (ဧ၊ ၁း၁၃)


ခရစ်တော်၌ ကျွန်ုပ်တို့ စုံလင်ခြင်းသို့ရောက်ရပြီ

ခရစ်ယာန်အသက်တာ အသက်ရှင်ရန် ကျွန်ုပ်တို့၌ လိုအပ်သောအရာအားလုံးသည် ခရစ်တော်၌ ရှိတော်မူသည်။ ကျွန်ုပ် တို့သည် ခရစ်တော်၌ စုံလင်ခြင်းရှိသည်။ ကျမ်းစာက'' အကြောင်းမူကား၊ ဘုရားသခင်၏ဇာတိအဖြစ်တော်၏ပြည့်စုံခြင်း အပေါင်း သည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။-အထွဋ်မြတ်၊အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင် တို့သည် စုံလင်ခြင်း ရှိကြ၏။''ဟု ဆိုသည်။(ကော၊ ၂း၉-၁ဝ)

ခရစ်တော်၌ရှိခြင်း၏ ဆိုလိုခြင်းကို ဖေါ်ပြသော ကျမ်းချက် အနည်းငယ်မျှကိုသာ ကျွန်ုပ်တို့ စဉ်းစားခြင်းသာ ဖြစ် သည်။ ကျွန်ုပ်တို့သည် အာဒံထဲ၌ မရှိတော့ပါ။ ယခု ခရစ်တော်၌ ကျွန်ုပ်တို့ ရှိကြပြီ ဖြစ်သည်။


ဤသို့ ဆိုသော် ကျွန်ုပ်တို့ နောက်တဖန် အပြစ်ကို ပြုလုပ်လိမ့်မည်မဟုတ် ဟု ဆိုလိုသလော။

ထိုသို့ ဆိုလိုခြင်း မဟုတ်ပါ။ ကောရိန်သုရှိ ယုံကြည်သူများထံ ရှင်ပေါလု ရေးသားသောစာ၌ နားလည်ရန် ခက်သော အကြောင်းအရာအချို့ကို ကျွန်ုပ်တို့တွေရသည်။ တဖက်၌ ရှင်ပေါလုသည် ယုံကြည်သူများကို ''သန့်ရှင်းသူ''နှင့် သူသည် ထိုသူ များကို''ယေရှုခရစ်၌ သန့်ရှင်းစင်ကြယ်သောသူ'' ဟု ပြောဆိုရေးသားထားပါသည်။ အခြားတဖက်၌ ထို စာထဲတွင် ပေါလုသည် သူတို့ အသက်တာထဲရှိ ကြောက်ဖွယ်ကောင်းသော ဒုစရိုက်အပြစ်များကို ပြောဆိုထားပါသည်။ အချို့သည် မာနထောင်လွားခြင်း၊ အချင်းချင်း ရန်တွေ့ခြင်းနှင့် အချို့တို့သည် အကျင့်စာရိတ္တပိုင်းဆိုင်ရာ၌ အပြစ်ရှိကြသည်။

ဤအကြောင်းအရာကို မည်ကဲ့သို့ ရှင်းလင်းပြောဆိုမည်နည်း။ ရှင်ပေါလုက သူတို့ကို ''ခရစ်တော်၌သန့်ရှင်းသူ'' ဟု အဘယ်ကြောင့် ပြောဆိုနိုင်ရသနည်း။ တချိန်တည်း၌ သူတို့သည် ခရစ်ယာန်အသက်တာ အသက်ရှင်ခြင်း၌ကျင်လည် အသက် ရှင်ခြင်း မရှိ ကြပါ။ ဤမေးခွန်းများကို ဖြေရန်အတွက် ကျွန်ုပ်တို့၏ရပ်တည်ချက်(အရိုက်အရာ)နှင့် ကျွန်ုပ်တို့၏အခြေအနေ (အနေအထား) တို့အကြား မတူညီခြားနားချက်ကို ကျွန်ုပ်တို့ သိရှိနားလည်ရမည်။

ကျွန်ုပ်တို့၏ရပ်တည်ချက်(အရိုက်အရာ) ဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ်တို့၏ရပ်တည်ချက်(အရိုက်အရာ)သည် ခရစ်တော်၌ ရှိနေသော ကျွန်ုပ်တို့ကို မြင်သော ဘုရားသခင်၏အမြင်ဖြစ်သည်။ ခရစ်တော်၌ ဘုရားသခင် ကျွန်ုပ်တို့အတွက် ပြုတော်မူသောအရာ အားလုံး ပါဝင်သည်။ ဘုရားသခင်သည် ခရစ်တော်၌ ကျွန်ုပ်တို့အား စုံလင်သော ရပ်တည်ချက် (အဆင့်အတန်း) ကို ပေးတော်မူသည်။

ကျွန်ုပ်တို့၏ရပ်တည်ချက်(အရိုက်အရာ)သည် အစဉ်အမြဲ စုံလင်ခြင်း ရှိပါသလား။ အမှန်ပင် စုံလင်တော်မူသည်။ အဘယ်ကြောင့်နည်း။ ခရစ်တော်၌ ကျွန်ုပ်တို့အတွက် ဘုရားသခင် ပြုလုပ်ပေးခဲ့သောအရာများအပေါ် မူတည်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ရှိသည်။ ခရစ်တော်၌ ကျွန်ုပ်တို့သည် စုံလင်လျက်ရှိခြင်းကို ဘုရားသခင်မြင်တော်မူသည်။ ကျမ်းစာက ''အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကို ရစေခြင်းငှါ၊ တခါတည်း ပူဇော်ခြင်းအား ဖြင့် ပြုတော်မူ၏''ဟု ဆိုသည်။ (ဟေဗြဲ၊ ၁ဝး၁၄)

ကျွန်ုပ်တို့၏အခြေအနေ(အနေအထား) ဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ်တို့၏အခြေအနေသည် မြေကြီးပေါ်၌ ကျွန်ုပ် တို့ အသက်ရှင် လျှောက်လှမ်းသော လမ်းဖြစ်သည်။ ကျမ်းစာက ကျွန်ုပ်တို့၏''လျှောက်လှမ်းခြင်း''ဟု ပြောဆိုသည်။ ကျွန်ုပ်တို့၏ အခြေအနေ(အနေအထား)သည် အစဉ် စုံလင်ခြင်း ရှိပါသလား။ စုံလင်ခြင်း မရှိပါ။ ကျွန်ုပ်တို့ ပြုသောအရာများအပေါ် မူတည်၍ ရှိနေသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်နှင့် ပြည့် လျက် ရှိသည်။ ကျမ်းစာက''ကိုယ်အပြစ်မရှိဟု ငါတို့သည် ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြား ကြ၏။ ငါတို့၌ သစ္စာတရားမရှိ။''ဟု ဆိုသည်။(၁ယော၊ ၁း၈)

ကျွန်ုပ်တို့၏ရပ်တည်ချက်(အရိုက်အရာ)သည် ခရစ်တော်၌ရှိသော ကျွန်ုပ်တို့ကို ဘုရားသခင်မြင်သော အမြင်ဖြစ်ခြင်း နှင့် ကျွန်ုပ်တို့၏ အခြေအနေ(အနေအထား)သည် မြေကြီးပေါ် ကျွန်ုပ်တို့ အသက်ရှင်လျှောက်လှမ်းခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့ သိမှတ်သော် ကျွန်ုပ်တို့၏ ခရစ်ယာန် အသက်တာ၌ အထောက်အကူ ဖြစ်လိမ့်မည်။ ဘုရားသခင်၏အမြင်၌ ကျွန်ုပ်တို့သည် ခရစ်တော်၌ အစဉ်စုံလင်ခြင်း ရှိပြီ၊ ကိုယ်တိုင်၌မူကား ကျွန်ုပ်တို့ သည် ဒုစရိုက်အပြစ်၌ ရှိကြသည်။

ကျွန်ုပ်တို့သည် အပြစ်ဒုစရိုက်၌ ကျေနပ်ရောင့်ရဲလျက် အသက်ရှင်ရန် ဖြစ်သည် ဟု ဆိုလိုပါသလား။ ထိုသို့မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ တနေ့နောက်တနေ့ အသက်ရှင်ခြင်းသည် ခရစ်တော်၌ ကျွန်ုပ်တို့၏ရပ်တည်ချက်(အရိုက်အရာ) သို့ မြင့်တက်လာရန် အလိုတော် ရှိသည်။ ကျွန်ုပ်တို့သည် ''ခရစ်တော်၌သန့်ရှင်းသူ'' များဖြစ်ကြသည်။ ကျွန်ုပ်တို့၏နေ့စဉ် အသက်ရှင်ခြင်း၌ သန့်ရှင်းခြင်းရှိရန် ဘုရားသခင် အလိုရှိသည်။ ကျမ်းစာ က''သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူ သည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။''ဟု ဆိုသည်။(၁ပေ၊ ၁း၁၅)


ကျွန်ုပ်တို့ မည်ကဲ့သို့ သန့်ရှင်းနိုင်ကြမည်နည်း။

ဘုရားသခင်၏နှုတ်ကပတ်တော်၌ ကျွန်ုပ်တို့သည် ''ယုံကြည်ခြင်း'' ဖြင့် ''လျှောက်လှမ်းရန်'' ဘုရားက ပြောဆိုပါသည်။ ဤအဓိပ္ပါယ်မှာ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိနေကြောင်းကို သိမှတ်ယုံကြည်ထားရန် ဖြစ်သည်။ ကျမ်းစာက''သင်တို့သည် သခင်ယေရှုကို ခံယူပြီးသည်ဖြစ်၍ .....ယုံကြည်ခြင်း၌မြဲမြံစွာ စွဲလမ်းလျက်...ယုံကြည်ခြင်းတိုးပွားပြည့်စုံလျက်၊ ထိုသခင်၌ ကျင် လည် ကြလော့''ဟုဆိုသည်။(ကော၊ ၂း၆-၇)

ယခု ခရစ်ယာန်အသက်တာ၏ ကြီးစွာသော လျှို့ဝှက်ချက်မှာ အောက်ပါ အကြောင်းအရာဖြစ်သည်။ ကျွန်ုပ်တို့၏ရပ်တည်ချက် (အရိုက်အရာ) ၌ ယုံကြည်ခြင်း ရှိပါ။ ကျွန်ုပ်တို့၏အသက်တာ၌ ရပ်တည်ချက်(အရိုက်အရာ)အတိုင်း ဧကန်အမှန် ဖြစ်လာရန် ပြုလုပ်ပါ။ ကျွန်ုပ်တို့ သည် ''ခရစ်တော်၌ သန့်ရှင်းသူ'' ဖြစ်ကြောင်းကို အကျွန်ုပ် မြင်သော် ကျွန်ုပ်၏နေ့စဉ်အသက်တာသည် ကျွန်ုပ်၌သန့်ရှင်းခြင်း ရှိလာပေလိမ့်မည်။ ကျွန်ုပ်တို့သည်'' ယေရှုခရစ်တော်၌ သန့်ရှင်းသူများ'' ဖြစ်ကြသည်ဟု မြင်သော် သန့်ရှင်းသူများ ရှင်သင့်သော အသက်ရှင်ခြင်း၌ အသက်ရှင်ရန် သင်သည် အစပြုလာပေလိမ့်မည်။ ကျွန်ုပ်တို့သည် စစ်မှန်သော ''ဘုရားသခင်၏သားများ'' ဖြစ်ကြသည်ကို အမှန်မြင်သော် ဘုရားသခင်၏သားများ ရှင်သင့်သော အသက်ရှင်ခြင်း၌ အသက်ရှင် ရန် ကျွန်ုပ်သည် အစပြုလာပေလိမ့်မည်။

ကျွန်ုပ်တို့သည် ခရစ်တော်ထဲ၌ရှိကြောင်းကို သိမှတ်ယုံကြည်လာခြင်းနှင့်အတူ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ် တို့အသက်တာ၌ ယုံကြည်ခြင်းရှိသည့်အတိုင်း ၄င်းအရာများကို ဧကန်အမှန် ဖြစ်လာရန် ပြုလုပ်ပေးလိမ့်မည်။


ရှာဖွေတွေ့ရှိခဲ့ရသော ရတနာ

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်ထဲ၌ တည်စေတော်မူသည်။ အကျွန်ုပ်ကိုယ်တိုင်၌ ကျွန်ုပ်သည် ဘာမျှ မဟုတ်ပါ။ ခရစ်တော်၌ အကျွန်ုပ်သည် အရာခပ်သိမ်း စုံလင်ခြင်း ရှိတော်မူသည်။

ဆုတောင်းချက်။ အဖဘုရားသခင် ကျွန်ုပ်သည် ခရစ်တော်ထဲ၌ရှိကြောင်းကို မြင်ရန် အကျွန်ုပ်ကို မစတော်မူပါ။ ကျွန်ုပ် ကို ကိုယ်တော်၏ ချစ်တော်မူသော သားတော်ထဲ၌ လက်ခံခဲ့ပြီးကြောင်းနှင့် သားတော်၌ အကျွန်ုပ်သည် သန့်ရှင်းပြီး ဖြစ်ကြောင်း ယုံကြည်နိုင်သော စိတ်နှလုံးကို ပေးတော်မူပါ။ ကိုယ်တော်၏ကျေးဇူးတော်ကြောင့် ကိုယ်တော်၏သား၌ ရှင်သင့်သော အသက် ရှင်ခြင်း၌ အသက်ရှင်နိုင်ရန် အကျွန်ုပ်၌ ပြုတော်မူပါ။ အာမင်။


မေးခွန်းများ

၁။ ဘုရားသခင်သည် လူများ အားလုံးကို အာဒံ၌ (သို့) …………ရှိသည်ကို မြင်တော်မူသည်။

(က) ခရစ်တော်၌

(ခ ) အာဗေလ၌


၂။ ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်း ကိုခံရစဉ် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ တည်စေတော်မူသည်။

ကွက်လပ် ဖြည့်ပါ။ ထို …………………………………………………………..။(၁ကော၊ ၁း၃၀)

(က)့ သင်သည် ယေရှု ခရစ်၌ တည်နေကြောင်း သိနားလည်ရသည်။

(ခ ) ဘုရားသခင်အားဖြင့် သင်တို့သည် ယေရှု ခရစ်၌ တည်နေကြ၏။


၃။ "ခရစ်တော်၌" (သို့) ယင်းနှင့်အဓိပ္ပါယ်တူ စာပိုဒ် များကို ဓမ္မသစ်ကျမ်း၌ အကြိမ်ပေါင်း မည်မျှ ကျော်ကျော် သုံးနှုံး ထားပါသနည်း။

(က) အကြိမ်ပေါင်း ၁၀၀

(ခ ) အကြိမ်ပေါင်း ၁၃၀

(ဂ ) အကြိမ်ပေါင်း ၅၀

၎။ ဖြောင့်မတ်ရာသို့ ရောက်ရ၏ ဆိုသည်မှာ…………။ ဘုရားသခင်၏ရှေ့တော်၌ ကျွန်ုပ်တို့ မည်ကဲ့သို့ ဖြောင့်မတ်ရာသို့ ရောက်ရပါသနည်း။…………..။

(က) ဖြောင့်မတ်ကြောင်း ကြေညာသည်။ ခရစ်တော်၌။

(ခ ) နားလည် သဘောပေါက်သည်။ ကျမ်းစာဖတ်ခြင်းဖြင့်။


၅။ ဘာကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို လက်ခံ ခဲ့ရပါသနည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည်……………………….။

(က) သူ၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခြင်းခံရသောကြောင့်၊

(ခ ) ခရစ်တော်၌ ရှိသောကြောင့် ။


၆။ ယုံကြည်သူများအတွက် ဘုရားသခင်၌ နာမည်သစ်ရှိသည်။ ဘုရားက ယုံကြည်သူများကို "ယေရှုခရစ်တော်၌ သန့်ရှင်းသူများ" ဟုခေါ်သည်။

"သန့်ရှင်းသူ" ဟူသော စကား အနက်မှာ …………………….။

(က) အကောင်းဆုံး၊

(ခ ) သန့်ရှင်းသူ

(ဂ ) ဘုရားကျောင်းသို့ သွားသော တစ်စုံတစ်ယောက်သော သူ။


၇။ ခရစ်တော်၌ ကျွန်ုပ်တို့၏ ရပ်တည်ချက် (အရိုက်အရာ) သည် အစဉ် စုံလင်ခြင်း ရှိပါသလား။

(က) ဟုတ်သည်။

(ခ ) မဟုတ်ပါ။


၈။ ကျွန်ုပ်တို့၏ လက်ရှိ အခြေအနေ၌ အစဉ် စုံလင်ခြင်းရှိပါသလား။ အဘယ်ကြောင့်နည်း။

(က) မဟုတ်ပါ။ ကျွန်ုပ်တို့ ကောင်းကင်ဘုံ၌ မနေသောကြောင့် ဖြစ်သည်။

(ခ ) မဟုတ်ပါ။ ကျွန်ုပ် ကိုယ်တိုင်၌ ကျွန်ုပ် ပြုသောအရာများအပေါ် မူတည်ပါသည်။


၉။ ကျွန်ုပ်တို့ "လျှောက်လှမ်းရန်" ဘုရားသခင်က ကျွန်ုပ်တို့ကို ပြောပါသည်။

(က) နှေးကွေးစွာ၊

(ခ ) ယုံကြည်ခြင်းဖြင့်၊

(ဂ ) ကိုယ့်ခွန်အားဖြင့်။


၁၀။ ခရစ်ယာန်အသက်တာ၏ မဟာ လျှို့ဝှက်ချက်မှာ၊ ကျွန်ုပ်တို့၏………….၌ ယုံကြည်ပါ၊ ကျွန်ုပ်တို့၏…………၌ ယင်းအတိုင်း………………ပြုလုပ်ပါ၊

(က) ရပ်တည်ချက်၊ ဧကန် အမှန်။ အသက်တာ။

(ခ ) ကိုယ်တိုင်၊ ကောင်း၊ အသက်တာ။








Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support