ခေတ်အဆက်ဆက်တွင်
ဘုရားသခင်၏အကြံတော်။
(ပဋိညာဉ်ကြီးများနှင့်ပဋိညာဉ်ငယ်များ)
နိဒါန်း
ပဋိညာဉ်ဆိုရာ၌ ဘုရားသခင်သည် လူနှင့်ပြုလုပ်ထားသောသဘောတူညီချက်ဖြစ်ပါသည်။
သမ္မာကျမ်းစာ တွင် ပဋိညာဉ်(၈)ခုကို ဖော်ပြထားပါသည်။ အချို့တို့သည် အခြေအနေပေါ်တွင်မူတည်၏။
ယာယီသဘောဖြစ်၏။ အခြား ပဋိညာဉ်များသည် အခြေအနေပေါ်တွင်မူတည်ခြင်း မရှိပါ။ ပြောင်းလဲခြင်း မရှိ။
အချို့သော ပဋိညာဉ်များသည် ပုဂ္ဂိုလ်တစ်ဦးတည်းနှင့်သာ သက်ဆိုင်ပါသည်။
(ဥပမာ-
အာဒံ) အချို့မှာ လူမျိုးတစ်မျိုးလုံးနှင့်သက်ဆိုင်ပါသည်။ (ဥပမာ-ဣသရေလလူမျိုး) ပဋိညာဉ်(၄)ပါးမှာ
ပဋိညာဉ်ကြီးဖြစ်၍ ကျန်(၄)ပါးမှာပဋိညာဉ်ငယ်များဖြစ်ပါသည်။ အချို့မှာ ယာယီဖြစ်လျက် အခြားပဋိညာဉ်များသည်
ထာဝရ မပြောင်းမလဲ မပျက်မစီးနိုင်သောပဋိညာဉ်များ ဖြစ်ပါသည်။
ဤပဋိညာဉ်များသည် ခေတ်ကာလအဆက်ဆက်အတွက် ဘုရားသခင်၏အကြံတော်ကို
ဖော်ပြထားပါသည်။ လူသားတို့၏သမိုင်းဖြစ်သော ပဌမလူသားအာဒံကိုဖန်ဆင်းခြင်းမှ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို
ဖန်ဆင်းသည် အထိ အကျုံးဝင်ပါသည်။ သမ္မာကျမ်းစာကိုချစ်သောခရစ်ယာန်များ၊ ဆက်ကပ်ထားသော ကျမ်းစာလေ့လာသူများ
အနေဖြင့် ဤပဋိညာဉ်များကိုအကျွမ်းတ၀င် နားလည်နိုင်ရန် မြင်ကွင်းကျယ်ကြီးနှင့် ထာဝရကာလကြီးအတွက်
ဘုရား ၏ ကြံစည်တော်မူချက်တို့ကို တိုတောင်းသောအချိန်အတွင်း မြင်သွားနိုင်စေရန် ကြံစည်ရည်ရွယ်လျက်
ဤ သင်ခန်းစာ ကို ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။
ဤသင်ခန်းစာ အရေးကြီးပုံ။
ဘုရားသခင်သည် လူသားနှင့်ပြုတော်မူခဲ့သောပဋိညာဉ်တော်များကို
သင်သည် သိရှိထားရမည်။ မသိပါက သမ္မာကျမ်းစာကို ဘယ်သောအခါမျှ တိကျမှန်ကန်စွာသိရှိနိုင်မည်
မဟုတ်ပါ။ ထို့ကြောင့် ဤသင်ခန်းစာသည် အရေးကြီး လှပါသည်။ ဤပဋိညာဉ်များကို ခေတ်ကာလကြီးများအလိုက်မြင်တွေ့ရမည်
ဖြစ်ပါသည်။ သမ္မာကျမ်းစာ တွင် ပဋိညာဉ်တရားဟောင်းနှင့် ပဋိညာဉ်တရားသစ်ဟူ၍နှစ်ပိုင်းရှိပါသည်။
ဘုရားသခင်၏ဖော်ပြတော်မူခြင်း အလုံးစုံ တို့သည် ပေါ်လွင်လာပြီးဖြစ်ပါသည်။ မည်သည့်အရာများသည်
ကုန်လွန်သွား၍ မည်သည့်အရာများသည် ထာဝရ ဖြစ်ကြောင်းကိုလည်း သိရှိထားရန် လိုအပ်ပါသည်။
ဘုရားသခင်၏အကြံတော်နှင့် ပဋိညာဉ်များကို သိရှိခွင့် ရရှိသော အခါ သာ၍ ကြီးသော ၀မ်းမြောက်ခြင်းကို
ဘုရားသခင် ပေးတော်မူပါစေသော။
မှတ်ချက်။ ဤပဋိညာဉ်များလေ့လာရာတွင် ကျမ်းချက်အမြောက်အများပါဝင်နေခြင်း၊
အသေးစိတ် သေချာလေ့ လာရန် လိုအပ်နေခြင်း စသည်များကြောင့် သင်ခန်းစာ(၂)ပိုင်းအဖြစ် ခွဲဝေထားပါသည်။
“တရားစီရင်ခြင်း”
ခေါင်းစဉ်ကို ချန်ထားမည်ဖြစ်၍ နောက်ဆုံးလေ့လာမည့်အချက်(၂)ချက်သည် ခရစ်တော်ဒုတိယ အကြိမ်ကြွလာခြင်းနှင့်စပ်ဆိုင်မည်ဖြစ်ပါသည်။
အဓိပ္ပါယ်ဖွင့်ဆိုချက်။ ဘုရားသခင်သည် လူသားအား မိမိကျေးဇူးတော်ကိုအခြေခံလျက်၊ မိမိကိုယ်ကို
တိုင်တည် လျက်၊ အချုပ်အခြာအာဏာပိုင်စိုးမှု၊ အချည်အနှောင်မရှိ တဖက်သတ် ကြေငြာထားသော
“ငါထာဝရဘုရား” သည် ပြည့်စုံအောင် ဆောင်ရွက်မည်ဟု မိန့်တော်မူခဲ့သော အရာများ ဖြစ် ပါသည်။
သဘောသဘာဝ။ ပဋိညာဉ်(၄)ခုမှာ ယာယီသဘောကိုဆောင်လျက်
အခြေအနေပေါ်တွင် မူတည်ပါသည်။ ၄င်းတို့မှာ ဧဒင်ပဋိညာဉ်၊ အာဒံပဋိညာဉ်၊ နောဧပဋိညာဉ် မောရှေပဋိညာဉ်တို့ဖြစ်ပါသည်။
၎င်းတို့ကို ပဋိညာဉ်ငယ်များဟု ခေါ်ပါသည်။ ကျန်ပဋိညာဉ်တရား(၄)ခုသည် အခြေအနေ ပေါ်တွင် မူတည်ခြင်းမရှိ၊
ထာဝရဖြစ်ပါသည်။
(အာဗြဟံပဋိညာဉ်၊
ပါလတိနပဋိညာဉ်၊ ဒါဝိဒ်ပဋိညာဉ်နှင့် ပဋိညာဉ်တရားတော်သစ်)။
ပဋိညာဉ်လက္ခဏာများ။ (၁) ဘုရားသခင်နှင့်လူသားတစ်ဦးအကြား၊
(အာဒံနှင့်ဧဒင်ဥယျာဉ်တွင်၊ က၊ ၂း၁၆)
(၂) ဘုရားသခင်နှင့်လူသားမျိုးနွယ်။ (နောဧပဋိညာဉ်၊
က၊ ၉း၉)
(၃) ဘုရားသခင်နှင့်လူမျိုးတစ်မျိုး။ (ဣသရေလလူမျိုး၊
မောရှေပဋိညာဉ်တွင်၊ ထွက်၊ ၁၉း၃)
(၄) ဘုရားသခင်နှင့်လူသားမိသားစုတစ်စု။ (ဒါဝိဒ်မိသားစု၊
ဒါဝိဒ်ပဋိညာဉ်၊ ၂ ရာ၊ ၇း၁၆)
(၅) ဘုရားသခင်နှင့် သခင်ယေရှု၏သွန်းတော်မူသော အသွေးတော်ကို
မိမိ၏ ကယ် တင်ခြင်း အတွက် ယုံကြည်သောလူသားအားလုံး။
(ဟေဗြဲ၊
၈း၈။ ၁ ကော၊ ၁၁း၂၅။ ဟေဗြဲ၊ ၉း၂၀-၂၃)
သမိုင်းဦးမှရေလွှမ်းမိုးခြင်းအထိ။
ဧဒင်ပဋိညာဉ်နှင့်
အာဒံပဋိညာဉ်ကိုလေ့လာခြင်း။
၁။ ဧဒင်ပဋိညာဉ်။
က။ အပြစ်မဲ့သောကာလတွင်
ဘုရားသခင်သည် လူသားနှင့်ပြုခဲ့သောပဋိညာဉ် ဖြစ်ပါသည်။
ခ။ လူသားတို့လောကတွင် အသက်ရှင်ခြင်းသည် အပြစ်ကင်းမဲ့နေမှုအပေါ်တွင်သာ
အခြေတည် နေပါ သည်။
ဂ။ က၊ ၁း၂၆ မှ ၃း၆ အထိ။ သော့ချက်။ က၊ ၁း၂၈ နှင့်
က၊ ၂း၁၅-၁၇။ ဧဒင်ဥယျာဉ်မှနှင်ထုတ်သော၊ က၊ ၃း၂၄တွင် အထွဋ်အထိပ်သို့ရောက်သည်။
ဃ။ အဓိကအချက်များ။
၁။ လူသည်တိုးပွားများပြား၍ မြေကြီးကိုပြည့်စေရမည်။
(က ၁း ၂၈) (ရုပ်ဝတ္တုများကို တိုး
တက် စေရန် လူ၏အတတ်ပညာကို
လွတ်လပ်စွာ အသုံးပြု နိုင်ရန် ဘုရား၏ခွင့်ပြုချက်)
၂။ လူသည် မြေကြီးကို မိမိအတွက် အုပ်စိုးရမည်။
(က ၁း ၂၈)
၃။ ဖန်ဆင်းထားသော တိရိစ္ဆာန်များအပေါ် အုပ်စိုးရမည်။
(က ၁း၂၈)
၎။ ဧဒင်ဥယျာဉ်ကို စောင့်ရှောက်၍ စားသောက်ရမည်။
(က ၂း၁၅-၁၆)။
၅။ စမ်းသပ်ခြင်းတစ်ရပ်ပေးထားသည်။ သစ်သီးတစ်မျိုးကို
မစားရဘဲ နေရမည်။ (ကောင်းမ ကောင်းကို သိကျွမ်းရာအပင်။ ထိုအပင်၏အသီးကိုကား မစားရ၊ က၊
၂း၁၇)
၆။ က ၃း၁၁-၁၇ ကိုသတိပြုပါ။ လူသည်လုံးဝကျရှုံးခဲ့သည်။
၃း၆။ (ဧ၀သည် လှည့်ဖြားခြင်း ကိုခံ၏။ ၁တိ၊ ၂း၁၄)
၇။ အပြစ်သည် မည်သည့်အမှုကို ပြုပါသနည်း။ က ၃း၆-၉။ အပြစ်သည်
လောကထဲသို့ ၀င်လာခြင်း ဖြစ်ပါသည်။ ရော ၅း၁၂။
၈။ ဤခေတ်ကာလသည် အာဒံနှင့်ဧ၀ကိုဧဒင်ဥယျာဉ်ထဲမှ
မောင်းထုတ်ခြင်းဖြင့် အဆုံးသတ် ခဲ့ပါသည်။ (က ၃း၂၄။ ၁၄-၂၄) ကိုသတိပြုပါ။
၉။ ခရစ်တော်ကို ဒုတိယလူအဖြစ် ရှုမြင်ထားပါသည်။
ပထမ အာဒံ လက်လွတ်ဆုံးရှုံးခဲ့သော အရာများကို ပြန်လည်ရယူသော နောက်ဆုံးသော အာဒံဖြစ်ပါသည်။
မှတ်ချက်။ ၁ ကော၊ ၁၅း၄၄-၄၉။ ၁၅း၂၀-၂၂။ ကော၊ ၂း၁၀နှင့်ရော၊
၅း၁၇-၁၉။
(က) အာဒံသည် နားမထောင်သောသူဖြစ်သည်။ ခရစ်တော်သည်နားထောင်သောသူဖြစ်သည်။
၁ကော၊၁၅း၂၂။ ယော၊ ၄း၃၄။ ယော၊ ၁၇း၃။ ဖိ၊ ၂း၈-၉။
(ခ) အာဒံသည် စာတန်၏တန်ခိုးအောက် အညံ့ခံသည်။ ခရစ်တော်သည်
စာတန်ကိုအောင်ပွဲ ခံသည်။ မ၊ ၄း၁၀-၁၁။
(ဂ) အာဒံသည် ဘုရားသခင်၏သမ္မာတရားနှင့်ကောင်းမြတ်ခြင်းကိုငြင်းပယ်ခဲ့သည်။
ခရစ်တော် သည် ဖော်ထုတ်ခဲ့သည်။ ယော၊ ၁း၁၇။
(ဃ) အာဒံသည်ဘုရားသခင်ရှိနေခြင်းကို လက်လွတ်လိုက်ရသည်။
ခရစ်တော်သည် ပြန်လည် ရယူသည်။ ဧ၊ ၂း၁၃။
(င) အာဒံသည် ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့မှုလက်လွတ်လိုက်ရသည်။
ခရစ်တော်သည် ပြန်လည်ရယူသည်။ ၁ယော၊ ၁း၃-၇။
(စ) အာဒံသည် မိမိအဆင့်အတန်းနှင့်အုပ်စိုးမှုတန်ခိုးကိုလက်လွတ်လိုက်ရသည်။
ခရစ်တော် အားဖြင့်ကျွန်ုပ်တို့သည် ပြန်လည်ရရှိကြမည်ဖြစ်သည်။ ရော၊ ၈း၁၆-၁၇။ ဗျာ ၅း၁၀၊
၂တိ၊ ၂း၁၂။
(ဆ) ဆူးပင်၊ ၀မ်းနည်းခြင်း၊ ချွေး၊ ဖုံ၊ ကျိန်ခြင်းတို့သည်
အာဒံ၏ကျဆုံးခြင်းနှင့် အတူ ရောက်ရှိ လာသော အရာများဖြစ်ပါသည်။
(ဇ) လူသားတို့၏ဆုံးရှုံးခြင်းကြောင့် ဘုရားသခင်
စီမံစီစဉ်ပေးသောအရာ၊ က၊ ၃း၂၁။
၂။ အာဒံပဋိညာဉ်။
က။ အသိတရား
အုပ်စိုးသောကာလတွင် ဘုရားသခင်သည် လူနှင့်ပြုသောပဋိညာဉ်ဖြစ်ပါသည်။ (ဧဒင် ဥယျာဉ်မှ နှင်ထုတ်ချိန်နှင့်
ရေလွမ်းမိုးခြင်းအကြား)
ခ။ ကျဆုံးပြီးဖြစ်သောလူသားနှင့် ကတိပြုထားသော
ကယ်တင်ရှင်တို့တွင် အခြေခံထားပါသည်။ ခရစ်တော် အုပ်စိုးသောနိုင်ငံတော်ကာလအထိ ဆက်လက်တည်နေမည်ဖြစ်သည်။
ရော၊ ၈း၂၁။
ဂ။ ကျမ်းချက်။ က၊ ၃း၁၄-၁၉။
ဃ။ အဓိကအချက်များ။ (လူသည် စာရိတ္တကိုထိန်းသိမ်းရန်
တာဝန်ကိုပေးထားသည်။)
(၁) မြွေအားကျိန်ထားသည်။ က၊၃း၁၄။ ၂ ကော၊ ၁၁း၃။
ဗျာ၊ ၁၂း၉ တို့နှင့်ယှဉ်ဖတ်ပါ။ (ခရစ်တော်နှင့်မြွေဆိုးတို့၏ဆက်ဆံပုံ။ (တော၊ ၂၁း၅-၉။
ယော၊ ၃း၁၄-၁၅)
(၂) ကယ်တင်ရှင်ပေးမည်ဟု ပထမဆုံး ကတိပေးခြင်း။ (က
၃း၁၅)။ (မျိုးစေ့အစပြုခြင်း)
မှတ်ချက်။ ခေတ်ကာလ အဆက်ဆက် တိုက်ခိုက်ရသောတိုက်ပွဲအစ။
(၃) မိန်းမအခြေအနေ ပြောင်းလဲသွားခြင်း။ (က ၃း၁၆)။
က။ ပွားများခြင်းအတွက်တာဝန်
ခ။ ကလေးမွေးရာ၌ နာကျင်ခြင်း
ဂ။ ယောက်ျား၏ဦးဆောင်မှုခံရခြင်း၊
မှတ်ချက်။ အပြစ်ကြောင့်ပုံစံသစ်။ (ဧ၊ ၅း၂၂-၂၅။ ၁တိ၊
၂း၁၁-၁၄)။
(၄) သက်တောင့်သက်သာ ပြုရသောဧဒင်ဥယျာဉ်ရှိ အလုပ်သည်
(က၊၂း၁၅) ပင်ပန်းစွာ လုပ်ရ သော အလုပ်ဖြစ်လာသည်။ (၃း၁၈-၁၉) မြေကြီးကိုကျိန်ထားသောကြောင့်
(က၊၃း၁၇)
(၅) အလွှဲမရှောင်နိုင်သောဝမ်းနည်းခြင်း
(က၊၃း၁၇)
(၆) တိုတောင်းသောအသက်တာ၊ အမှန်သေရမည်။ (ယာ၊ ၁း၁၅။
ရော၊ ၆း၂၃)။
(၇) ခရစ်တော်အား “မိန်းမ၏အမျိုး” ဟုမှတ်ယူသည်။
ဂလ၊ ၄း၎-၅။ ဗျာ၊ ၁၂း၁-၅)။
သက်တံ့၌ဘုရားသခင်
(နောဧပဋိညာဉ်)
၁။ မည်သည့်ကျမ်းချက်။ က၊ ၉း၁-၁၇၊ ၂၉။
၂။ မည်သည့်အချိန်တွင်ပေးသနည်း။
ရေလွှမ်းမိုးပြီးနောက်။ လူသည်အသိတရားအုပ်စိုးသောကာလ သို့မဟုတ် စာရိတ္တအတွက် တာဝန်ယူရသောကာလ၌
ဆုံးရှုံးပြီးနောက်ဖြစ်ပါသည်။ ဤဆုံးရှုံးခြင်းသည် လူသားအစိုးရ ကာလသို့ ပို့ဆောင်သွားပါသည်။
၃။ အဓိကရည်ရွယ်ချက်။ အာဒံပဋိညာဉ်အရပေးထားသောအသက်တာ အသက်ရှင်မှုနှင့်အပြစ်
ကျူးလွန်မှု
မပေါ် ပေါက်စေရန် လူသားအုပ်စိုးသော အစိုးရကာလ
တည်ဆောက်ပေးခြင်း ဖြစ်သည်။
၎။ မည်သူနှင့်ပဋိညာဉ်ပြုသနည်း။ လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် ဘုရားသခင်ပြုထားသောပဋိညာဉ်သစ်
ဖြစ်ပါသည်။ (က၊ ၉း၉)
၅။ အဓိကပါဝင်သောအချက်များ။
က။ သေဒဏ်အမိန့် ရှိလာပါသည်။ လူသားအစိုးရ၏အကြီးဆုံးသောတာဝန်မှာ
လူတို့၏အသက်တာ သန့်ရှင်းနေအောင် ကာကွယ်ရန်ဖြစ်သည်။ လူသည် ထိုတာဝန်ကို ထမ်းဆောင်ရာတွင်
ဥပဒေဖြင့် စနစ်တကျအုပ်စိုးရန် ဖြစ်လျက် သေခြင်းအတွက် အသက်သေစေသောအမိန့်ကို ပါချမှတ်ပါသည်။
က၊၉း၅-၆။
မှတ်ချက်။
(၁) ယခင်က လူသည် အခြားလူသား၏အသက်ကို သေစေခြင်းငှာ
အခွင့်မပေးခဲ့ပါ။
က၊ ၄း၁၀- ၁၅၊၂၃။
(၂) ဤအချိန်တွင် ဘုရားသခင်သည် မိမိအာဏာအချို့ကို
လူလက်သို့ လွဲအပ် ပေးထား ပါ သည်။
(၃) လူသည်ယခုသတိပြုရန်အချက် (၂)ချက်ရှိပါသည်။ အသိတရားနှင့်အုပ်စိုးခြင်းဖြစ်ပါသည်။
(၄) လူသည် လူသားချင်း၏စကားကို နားထောင်ရန်ဖြစ်ပါသည်။
ခ။ မြေကြီးအား နောက်ထပ်ကျိန်ခြင်းမရှိပါ။ က၊
၈း၂၁။
ဂ။ ကမ္ဘာမြေကြီးသည် နောက်ထပ် ရေလွှမ်းမိုးခြင်း
မရှိတော့ပါ။ က၊ ၉း၁၀-၁၆။
ဃ။ ရာသီဥတု အခြေအနေများ အတည်ဖြစ်ပါသည်။ (က၊ ၈း၂၂-
၉း၂)။
င။ တိရိစ္ဆာန်တို့၏အသားကို စားရသည်။ သို့သော်
အသွေးကို မစားရ။ က၊ ၉း၃-၄။
စ။ ရှေ့လာမည့်အရာ အမြာက်အများကို ကြိုတင် ဟောပြောထားပါသည်။
၁။ ဟာမ၏သားတစ်ဦးဖြစ်သော၊ ခါနန်နှင့်သားစဉ်မြေးဆက်တို့သည်
အစ်ကိုတို့၏ ကျွန်ဖြစ်ရ မည်။ က၊ ၉း၂၅-၂၆။
၂။ ရှေမ၏သားစဉ်မြေးဆက်သည် ဘုရားသခင်နှင့်ဆက်ဆံမှုတွင်
အထူးပြုထားခြင်းခံရမည်။ က၊ ၉း၂၆-၂၇။ ဘုရားသခင်၏ဖော်ပြတော်မူချက်အပေါင်းသည် ရှေမ၏အမျိုးမှ
သခင် ယေရှုခရစ် ပေါ်လာရမည်။
၃။ ယာဖတ်၏သားစဉ်မြေးဆက်သည် ပွားများ၍လူမျိုးအများဖြစ်မည်။
က၊ ၉း၂၇။ အုပ်စိုးခြင်း၊ သိပ္ပံအတတ်၊ ၀ိဇ္ဇာအတတ်အားလုံးကိုပင်ယာဖက်အမျိုးမှပေါ်လာပါသည်။
ဤသို့ပင် လူ သမိုင်းသည် - ဤဟောပြောချက်များ၏ပြည့်စုံမှုကို မှတ်တမ်းတင်ထားပါသည်။
၆။ လက္ခဏာများ။
က။ အချို့သောအချက်များသည် ယာယီသဘောဆောင်လျက် ခရစ်တော်ကိုယ်တိုင်
မြေကြီးပေါ်သို့ ကြွ ဆင်း အုပ်ချုပ်သောအခါ အဆုံးသတ်မည် ဖြစ်ပါသည်။
မှတ်ချက်။
၁၉း၁၁-၁၆။ လူသားအစိုးရခြင်းသည် ထိုကာလတိုင်အောင်
ရှိနေမည်ဖြစ်သည်။
ခ။ ကတိတော်များသည် အခြေအနေပေါ် မူတည်ခြင်းမရှိသောကြောင့်
ယနေ့တွင်ပင် ထိရောက်လျက် ရှိပါသည်။
၇။ အာမခံချက်။ သက်တံ့။ က၊ ၉း၁၂-၁၇။
၈။ လူ၏ဆုံးရှုံးခြင်း။ ဖြောင့်မတ်စွာ မအုပ်စိုးခြင်း။
ဗာဗုလုန် - က၊ ၁၁း၉။ ဘာသာစကားအမျိုးမျိုးပေါ်လာလျက်။
တိုင်းနိုင်ငံများပေါ်ပေါက် လာပါ သည်။
၉။ ခရစ်တော်ကို မည်သို့ မြင်သနည်း။ ရှေမ၏အကြီးဆုံးသောသား။
ကော၊ ၂း၉။ မှတ်ချက်။ ကော၊
၂း၃၊ ယော၊ ၁း၁၇။ ခရစ်တော်သည်ရှေမ၏ သားမြေးများ
မှ ဆင်းသက်ပါသည်။ က၊ ၉း၂၆-၂၇။
အာဗြဟံနှင့်ကတိတော်မြေ။
(အာဗြဟံပဋိညာဉ်)
၁။ မည်သည့်အချိန်တွင်ပေးပါသနည်း။
ဗာဗုလုန်မျှော်စင်တွင် လူတို့ဆုံးရှုံးပြီးသောအခါ။
လူသားအစိုးရ အဆုံးသတ်သောအခါ ကတိတော်ကာလ ထဲသို့ ၀င်လာပါသည်။
၂။ ဘယ်မှာတွေ့နိုင်သလဲ။ က၊ ၁၂း၁-၃၊ ၆-၇။ ၁၃း၁၄-၁၇။
၁၅း၁-၂၁။ ၁၇း၁-၁၄။ ၂၂း၁၅-၁၈။
၃။ ရည်ရွယ်ချက်။ ဣသရေလလူမျိုးကို ထူထောင်လျက် အာဒံအားကတိပြုထားသော ကယ်တင်ခြင်းကို ဖြည့်စွက်ချက်များဖြင့်
ဖော်ပြရန်။ လူသားအားလုံးတို့အတွက် ကယ်တင်ရှင်ကို၎င်း၊ ဣသရေလအမျိုးအတွက် ဘုးရားသခင်ပြင်ဆင်ထားတော်မူသော
အကြံအစည်ကို အာဗြဟံ အားဖြင့် ဖော်ပြရန်၎င်း ဖြစ်ပါသည်။
၎။ မည်သူနှင့်ပြုပါသနည်း။ မူလအားဖြင့် အာဗြဟံနှင့်ပဋိညာဉ်ပြုထားပါသည်။
သို့သော် ပဋိညာဉ်၏ အကျယ် အ၀န်းမှာ ဣသရေလလူမျိုးတော်၊ တစ်ပါးအမျိုးသားနှင့်အသင်းတော်တို့
ပါဝင်ပါ သည်။ ဣဇက်၌၎င်း၊ ယာကုပ်၌၎င်းအတည်ပြုထားပါသည်။ က၊ ၁၇း ၁၉။ ၂၈း၁၂-၁၃။
၅။ အဓိကထိရောက်မှု။
မြေကြီးနယ်မြေ။ က၊ ၁၃း၁၅-၁၇။ ၁၅း၇။ ၂၁း၁၈။
နယ်မြေအပိုင်းအခြား
ပေးထားပါသည်။ ထာဝရကာလအတွက်ဖြစ်သည်။ ပါလတိန ပဋိညာဉ် တွင် အပြည့်အစုံ ဖော်ပြထားပါသည်။
မျိုးဆက်။ က၊ ၁၃း၁၅။ ၁၅း၅။ သဘာဝသားမြေးများအတွက်။
ခရစ်တော်၊ ၀ိညာဉ်ရေးရာမျိုးဆက်၊
ဂလ ၃း၁၆။
ယုံကြည်သူများ၊
ရော၊ ၄း၁၃-၁၆။ ဂလ ၃း၆-၉ ဒါဝိဒ့်ပဋိညာဉ်ပြည့်စုံခြင်း။
ကောင်းကြီး နည်းများစွာဖြင့်ပြည့်စုံပြီး။
ပဋိညာဉ်သစ်တွင်ပိုမိုပီပြင်မည်။
၆။ လက္ခဏာများ။ ထာဝရဖြစ်လျက် အခြေအနေပေါ်တွင် တည်မှီခြင်း လုံးဝမရှိ။ က၊ ၁၂း၂။ ၁၇း၇-၈။
သက်သေ။
(၁) ပဋိညာဉ်များအားလုံးမှာ ထာဝရနှင့်အခြေအနေပေါ်
မူမတည်သောအရာများ ဖြစ်ပါသည်။
(၂) အရေဖျားလှီးခြင်းအပေါ် ကန့်သတ်ထားမှုမရှိပါ။ က၊
၁၇း၉-၁၀ နှင့် ရော၊ ၄း၉-၁၂ တို့ကို တွဲ ကြည့်ပါ။
(၃) အရေဖျားလှီးမင်္ဂလာ မခံယူမှီ ကတိပေးထားပြီးဖြစ်သည်။
(၄) ထိုကတ်သည် မဖောက်ပြန်နိုင်ပါ။ ဓမ္မသစ်ကျမ်းကအာမခံသည်။
ဟေဗြဲ၊ ၆း၁၃-၁၈။
(၅) ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတို့မှ ဣသရေလအမျိုးနှင့်ပတ်သက်၍ဖော်ပြထားသော
အရာများကိုအနက်ဖွင့်ရာ၌ အခြေအနေပေါ် မူတည်ခြင်းမရှိရန် လိုအပ်ပါသည်။
(၆) ကတိထားတော်မူချက်တွင် အချို့တို့သည် လက်တွေ့အားဖြင့်
ပြည့်စုံပြီးဖြစ်သဖြင့် ကျန်သောအရာများသည်လည်း ပြည့်စုံမည်ဟု ယုံကြည်ခြင်းသည် ယုတ္တိရှိလှပါသည်။
၇။ ဤအမြင်ကိုဆန့်ကျင်သူများက
(၁)
ရာဇ၀င်သမိုင်းအရပြည့်စုံပြီးဖြစ်သည်။ (မမှန်ပါ)
(၂)
အခြေအနေကိုဖော်ပြခြင်းမပြုသော်လည်း ထည့်တွက်ရန်လိုသည်။ (လျှို့ဝှက်ကြံစည်မှုဖြစ်သည်)
(၃)
ကတိတော်ပြည့်စုံခြင်းအတွက် အရည်ဖျားလှီးမင်္ဂလာခံယူရန် လိုအပ်သည်။ (မမှန်ပါ)
(၄)
ကောင်းကြီးမင်္ဂလာခံယူနိုင်ရန် နာခံမှုသည်အမြဲပင် အခြေအနေတစ်ရပ်အဖြစ် ရှိရမည်။ (မမှန်ပါ)
(၅)
ခရစ်တော်၌ပြည့်စုံပြီးဖြစ်သည်။ စုံလင်အောင်ပြည့်စုံခြင်းမရှိပါ။ (မြေကြီးနယ်မြေများမပါပါ)။
၈။ ပဋိညာဉ်ပါအချက်များ။
က။ ကြီးမားသောနိုင်ငံကြီးထူထောင်ရန်နှင့် ထိုနိုင်ငံ၏ခိုင်မြဲလုံခြုံမှုကို
အာမခံထားပါသည်။ က၊ ၁၂း၂။
(၁) မြေကြီးနယ်မြေကို ကတိပေးထားသောဣသရေလပြည်တွင် အခြေခံအားဖြင့်
ပြည့်စုံပြီး ဖြစ်ပါသည်။ က၊ ၁၇း၈။
(၂) ဣသရေလ၏ထာဝရတည်ရှိနေမှုကို အာမခံထားပါသည်။
(၃) ထိုမြေ၌ထိုအမည်သည် အစဉ်ရှိနေရမည်။ (လက်ရှိအခြေအနေကိုသတိပြုပါ)
(၄) အာဗြဟံသည် လူမျိုးအများတို့၏ အဘဖြစ်မည်။ က၊ ၁၇း၎။
ဣရှမေလနှင့် ဧသောတို့တွင် အခြေခံအားဖြင့်ပြည့်စုံပြီးဖြစ်သည်။
ခ။ ဘုရားသခင်သည် အာဗြဟံအား ကတိများပေးထားပါသည်။
က၊ ၁၂း၂-၃။
(၁) လူမျိုးအများအပြားတို့၏အဘဖြစ်စေသည်။ က၊ ၁၇း၁၆။
(၂) ကောင်းကြီးမင်္ဂလာခံရမည်။ “ငါသည်သင့်ကိုကောင်းကြီးပေးမည်။”
(က) ဣသရေလမှတဆင့်
(ခ) အာဗြဟံ၏နမူနာမှတဆင့် ရော၊ ၄း၁၉-၂၅။
(ဂ) ခရစ်တော်အားဖြင့် ဂလ၊ ၃း၁၆။
ဂ။ တစ်ပါးအမျိုးသားတို့အား ကတိအချို့ကို ပေးထားသည်။
က၊၁၂း၃။
(၁) သင့်ကိုကောင်းကြီးပေးသူကို ငါကောင်းကြီးပေးမည်။
(၂) သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ ဤအချက်သည်
လူ့သမိုင်းတစ်လျှောက်လုံးက သက်သေခံသောအရာဖြစ်လျက် များစွာသောအရာ လာလေဦးမည်ဖြစ်သည်။
မှတ်ချက်။ ယောလ၊ ၃း၁-၈။ ဇာ၊ ၁၄း၁-၃။ မ၊ ၂၅း၃၃-၄၆။
(၃) သင့်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်။
ခရစ်တော်အားဖြင့်
ခရစ်တော်၌ပြည့်စုံသောဧ၀ံဂေလိသတင်းဝမ်းမြောက်ဘွယ်သတင်းဖြစ် ပါသည်။ ထို့အတူ ဤပဋိညာဉ်သည်
ကယ်တင်ခြင်းနှင့် ပတ်သက်၍ များစွာပတ်သက်နေ ကြောင်း တွေ့ရှိရပါသည်။၏
မှတ်ချက်။ ရော၊ ၄း၃။ ဂလ၊ ၃း၆-၉၊ ၁၄၊၁၆၊ ၂၉။ ၄း၂၂-၃၁။
၉။ အနာဂတ်ကာလအတွက်
ကြိုတင်တွက်ဆခြင်း။
အကယ်၍ဤပဋိညာဉ်သည်
ထာဝရဖြစ်လျက်ပြောသည့်အတိုင်း တိုက်ရိုက်အဓိပ္ပါယ်သက်ရောက် မည်ဆိုပါက-
(က) ဣသရေလသည် ရပ်တည်ရမည်။ ပြောင်းလဲရမည်။ ပြန်လည်တည်ထောင်ရမည်။
အကြောင်းမှာ အနာဂတ်တွင် နိုင်ငံအဖြစ် ရပ်တည်ခြင်းကို အာမခံထားပါသည်။
(ခ) ပါလတိနနယ်မြေပိုင်ဆိုင်မှုတွင် ပိုင်ရှင်၏အမည်မှာ
ဣသရေလဖြစ်ပါသည်။ (မှတ်ချက်။ ပါလတိန ပဋိညာဉ်တွင် ပိုမိုပြည့်စုံအောင် ဖော်ပြထားပါသည်။
(ဂ) ဤကတိတော်များသည် အသင်းတော်၌၎င်း၊ အသင်းတော်အားဖြင့်၎င်း၊
ပြည့်စုံခြင်းမရှိပါ။
(၁) ဣသရေလလူစစ်နှင့် တစ်ပါးအမျိုးသားတို့ကို ဓမ္မသစ်ကျမ်းတွင်
ကွဲပြားစွာ ဖော်ပြထားပါ သည်။ တ၊ ၃း၁၂။ ၄း၈။ ၂၁း၂၈။ ရော၊ ၁၀း၁။
(၂) အသင်းတော်တည်ထောင်ပြီးနောက် ဣသရေလနိုင်ငံတော်အဖြစ်
ဆက်လက်ဖော်ပြထား ပါသည်။
(၃) ယုဒလူ ဟူသောစကားလုံးသည် အသင်းတော်ပေါ်ပေါက်လာပြီးနောက် ဆက်လက်
၍ ထင်ရှားစွာ အသုံးပြုထားပါသည်။
(၄) အသွေးအသား “မျိုးဆက်” သည် ထိုမြေကို ဆက်လက်ပိုင်ဆိုင်ဦးမည်
ဖြစ်သည်။
(၅) အသွေးအသား ဣသရေလနှင့် အသင်းတော်သည် ဓမ္မသစ်ကျမ်းစာတွင်
ကွဲပြားခြားနား လျက် ရှိပါသည်။ ရော၊ ၁၁း၁-၂၅။ ၁ ကော၊ ၁၀း၃၂။ ထို့ကြောင့် အသင်းတော်သည်
ပဋိညာဉ်ပါ ဣသေရလ၏နေရာကို ၀င်ရောက်ရယူခြင်း မရှိပါ။
(၆) အသင်းတော်သည် မျိုးစေ့ဖြစ်သော“ခရစ်တော်၌”ရှိနေသောကြောင့်
ကောင်းကြီးမင်္ဂလာ ခံစားနေခြင်း ဖြစ်ပါသည်။ ဂလ၊ ၃း၁၆၊ ၆း၉။
အာဗြဟံ၏နမူနာပြယုံကြည်ခြင်းအတွက်
ဘုရားသခင်အား ချီးမွမ်းပါ။ ဖြောင့်မတ် သောသူတို့၌ ထားရှိသောကတိတော်များအတွက် ဘုရားသခင်အားချီးမွှမ်းပါ။
ရော၊ ၃း၂၂။ ၄း၁၁။
သိနတောင်မှမိုးချိန်းသံ။
(မောရှေပဋိညာဉ်)
၁။ အဘယ်မှာတွေ့ရပါသနည်း။ ထွက်၊ ၁၉း၅-၃၁း၁၈။
ထွက်၊ ၁၉း၁၆နှင့် ၂၀း၁၈ ကိုသတိပြုပါ။
၂။ မည်သည့်အချိန်တွင် ပေးပါသနည်း။
က။ ကတိတော်ကာလသည်
မအောင်မြင်ပဲ ရှုံးဆုံးသောအခါ။ (အဲဂုတ္တုပြည်၌ဣသရေလအမျိုး)
ခ။ ပင်လယ်နီကိုဖြတ်၍
အဲဂုတ္တုပြည်မှကယ်လွတ်တော်မူပြီးနောက်
ဂ။ ပညတ်တော်ခေတ်ကာလအစပြုမည့်အချိန်။
၃။ မည်သူနှင့်နည်း။ ဣသရေလလူမျိုး၊ ထွက်၊ ၁၉း၆။
၎။ ပဋိညာဉ်၏သဘော။
က။ အခြေအနေပေါ်မူတည်သည်။
ထွက်၊ ၁၉း၅။ ငါ့ပညတ်ကိုစောင့်ရှောက်လျှင် -
ခ။ အာဗြဟံပဋိညာဉ်နှင့်
နှိုင်းယှဉ်ပါ။ က၊ ၁၂း၂-၃။
ဘုရားသခင်က “ငါသည်”ဟုပြောထားပါသည်။
ဂ။ ဤပဋိညာဉ်တွင်
ပေးမည့်ကတိထက် လိုအပ်ချက်သည် အရင်လာပါသည်။ အာဗြဟံပဋိညာဉ်တွင် ကတိသည် လိုအပ်ချက် ထက်
စော၍ လာပါသည်။
၅။ လက္ခဏာ။
ဥပုသ်နေ့။ ထွက် ၃၁း၁၂-၁၇။ ဘုရားသခင်သည် ဥပုသ်နေ့ကို စောင့်ရှောက်စေခြင်းငှာ
အမြဲပင်သတိ ပေးထားသည်။ သူတို့၏ ၀န်ထုပ်များကိုယူထားပြီးဖြစ်၍ ဥပုသ်နေ့ကိုစောင့်ရန်
သူတို့၏တာ ၀န် ဖြစ်ပါသည်။
၆။ အကျယ်အ၀န်း။ ကဏ္ဍကြီး(၃)ခုပါဝင်ပါသည်။
က။ ပညတ်တော်။ ထွက် ၂၀း၁-၂၆။ ဘုရားသခင်၏ဖြောင့်မတ်သော
ဆန္ဒကို ဖော် ပြ ထားပါသည်။
ခ။ စီရင်ခြင်း။ ထွက် ၂၁း၁-၂၄း၁၁။ ဣသရေလလူတို့၏လူမှုရေးဘ၀ကို
အုပ်စိုး ပါ သည်။
ဂ။ ၀ိနည်းများ။ ထွက် ၂၄း၁၂-၃၁း၁၈။ ဣသရေလလူတို့၏ဘာသာရေးဘ၀ကို
အုပ် စိုးပါသည်။
ဃ။ ဤကဏ္ဍကြီး (၃)ရပ်သည် ပညတ်တရားဟုခေါ်ဆိုသောအရာဖြစ်ပါသည်။
မ၊
၅း၁၇-၁၈။
၇။ အဓိကအခြေအနေ
- နာခံခြင်း (ထွက်၊ ၁၉း၅)။
၈။ ဣသရေလ၏ဆုံးရှုံးမှုနှင့်ဘုရား၏စီရင်ချက်။
က။ ၄ ရာ၊ ၁၇း၇
ခ။ တရား၊ ၂၈း၆၃ (၆ ရာ၊ ၃၆း၁၅-၁၆ နှင့် တ၊ ၇း၄၁-၄၂
ကို နှိုင်းယှဉ်ပါ)။
၉။ ထိုဆုံးရှုံးမှုသည်
ကတိတော်ကို ပျက်ပြားစေပြီလော။
လုံးဝပျက်ပြားစေခြင်း
မပြုပါ။ ဂလ ၃း၁၇-၁၈။
၁၀။ ပဋိညာဉ်ကာလ။ ခရစ်တော်အထိ။
က။ မ၊
၅း၁၇။ ပညတ်တော်ကို ပြည့်စုံစေရန်။
ခ။ ဂလ၊ ၃း၂၄။ ခရစ်တော် မလာမှီတိုင်။
ဂ။ ရော ၁၀း၎။ ခရစ်တော်အားဖြင့်စုံလင်၏။
ဃ။ ဂလ၊ ၃း၁၉။ ကတိတော်ကို ခံသောအမျိုးအနွယ်
မဖြစ်မှီတိုင်၊
၁၁။ ရည်ရွယ်ချက်။ ဖြစ်စေလိုခြင်းနှင့်မဖြစ်စေလိုခြင်း ရည်ရွယ်ချက်နှစ်မျိုးလုံးပါဝင်သည်။
ဖြစ်စေလိုသောအရာများ
က။ စာရိတ္တနှင့်ပြုပြင်ရေးအတွက်၊ ကိုယ်အကျိုးကိုထောက်လျက် - တရား၊ ၆း၂၄၊
ခရစ်တော်ထံသို့ပို့ ဆောင်သောအထိန်း ဂလ၊ ၃း၂၄။
ခ။ ပူဇော်သက္ကာအသွေးအားဖြင့် ဖုံးကွယ်ပြီးဖြစ်လျက် အာဗြဟံအား ပေးထားသောကတိတော်နှင့်
အကြုံးဝင်သောလူတို့အတွက် နေထိုင်ရေးလမ်းညွှန်အဖြစ် ပေးထားခြင်းဖြစ်ပါသည်။ ထွက်၊ ၁၂း၁၃။
ပဿခါ သိုးသငယ်ကို သတိပြုပါ။
ဂ။ ရွေးကောက်တော်မူသော လူမျိုးတော်၏သန့်ရှင်းခြင်းကို ဖော်ပြရန် ပေးထားခြင်းဖြစ်ပါသည်။
ထွက်၊ ၁၉း၅-၆။
ဃ။ ၀ိနည်းအထုံးအဖွဲ့အားဖြင့်၊ ယဇ်ပရောဟိတ်မင်းကို ဘုရားသခင်၏ကိုယ်စားလှယ်အဖြစ်
ဣသရေလ အား၎င်း၊ ပူဇော်သက္ကာများတင်လှူရာတွင် အမှားအယွင်းများအတွက် အကွယ်အကာ၊ အပြစ်ဖြေရာ
အဖြစ် ပေးထားပါသည်။ ၀တ်၊ ၁၆း၆ နှင့် ၁၇း၁၁
င။ ပူဇော်သက္ကများ၊ တဲတော်နှင့်ယဇ်ပုရောဟိတ်မင်းတို့သည် ခရစ်တော်နှင့်လက်ဝါးကပ်တိုင်ကို
ပုံ ဆောင် ထားသည်။ ဟေဗြဲ၊ ၉း၆-၁၄။
မဖြစ်စေလိုသောအရာများ။
က။ အပြစ်ကြောင့် ထိုပညတ်များထပ်၍ပေးခြင်းဖြစ်ပါသည်။ ဂလ၊ ၃း၁၉။ ရော၊
၇း၇၊ ရော၊ ၃း၂၀။
ခ။ ပါးစပ်အားလုံး နုတ်ပိတ်ရန်။ ရော၊ ၃း၁၉။
ဂ။ အပြစ်စီရင်ခြင်း ပြုလုပ်ရန်။ ၂ကော ၃း၇-၉။
ဃ။ ဖြောင့်မတ်ခြင်းရရန် ပေးခြင်းမဟုတ်ပါ။ ဂလ၊ ၂း၁၆၊၂၁
၁၂။ ခရစ်ယာန်နှင့်မောရှေပဋိညာဉ်။
က။ ခရစ်ယာန်သည် ပညတ်တရားအောက်၌ အမှန်ပင်မရှိ။
(၁) ရော၊ ၆း၁၄။ “ကျေးဇူးတရားလက်၌ရှိ” သည်။
(၂) ရော၊ ၃း၂၁-၂၂။ ပညတ်တရားနှင့်မစပ်ဆိုင်။
(၃) ရော၊ ၁၀း၎။ ပညတ်တရားသည် ခရစ်တော်အားဖြင့်ပြည့်စုံခြင်းရှိ၏။
(၄) ဖိ၊ ၃း၉။ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို
မကိုးစားဘဲ၊
(၅) ဟေဗြဲ၊ ၁၀း၁၁-၁၇။ အသစ်ပေးသော ကျေးဇူးတော်ပဋိညာဉ်တရား။
ခ။ ပညတ်တရားနှင့်ကျေးဇူးတရား။
ပညတ်တရား ကျေးဇူးတရား
သိုးသည်သိုးထိန်းအတွက်အသေခံ၏။ သိုးထိန်းသည် သိုးအတွက်အသေခံ၏။
လူသားအားလုံးသေရ၏။ လူအားလုံးရှင်ရ၏။
ဘုရားသခင်က “သင်သည် မလုပ်ရ ဘုရားရှင်က “ငါပြုမည်”
ဟုမိန့်သည်။
ဟုမိန့်” သည်။
လူအားလုံးအပြစ်စီရင်ခြင်းခံရမည် ယုံကြည်သူများအပြစ်စီရင်ခြင်းမခံရ။
အခြေအနေပေါ်မူတည်သည်။ အခြေအနေပေါ်မူတည်ခြင်းမရှိ။
ဖြောင့်မတ်ခြင်းလိုအပ်သည်။ ဖြောင့်မတ်ခြင်းကိုတပ်ဆင်ပေးသည်။
ယာယီသဘောဖြစ်သည်။ ထာဝရအတွက်ဖြစ်သည်။
ဂ။ ယုဒလူတို့သည် ပညတ်တရားတော်၏ရည်ရွယ်ချက်ကို သဘောမပေါက်သောကြောင့်
ပညတ် တရား ကိုစောင့်ရှောက်ခြင်းအကျင့်အားဖြင့် မိမိတို့၏ ဖြောင့်မတ်ခြင်းကို တည်ဆောက်ခဲ့ကြသည်။
၁ တိ၊ ၁း၈-၉ နှင့် ရော၊ ၉း၃၁၊ ၁၀း၎ ကိုယှဉ်၍ပူးတွဲဖက်ပါ။ ယနေ့တွင်လည်း လူအမြောက်အမြား
သည် ဤအမှားကိုပင် ပြုလုပ်နေကြပါသည်။
မေးခွန်းများ
၁။ လူသားတို့နှင့် ဘုရားသခင်သည် ပဋိညာဉ်
မည်မျှပြုလုပ်ခဲ့ပါသနည်း။
၂။ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် မရိုသေဘွယ်ရာ
တစ်ခွန်းတစ်လေမျှ မပါသော်လည်း ထို ပဋိညာဉ်များ အနက် အချို့ကို အငယ်ဟုခေါ်ဝေါ်ထားပါသည်။
မည်မျှကို အဘယ်ကြောင့် ထိုသို့ ခေါ်ဝေါ်ထားပါသနည်း။
၃။ ပဋိညာဉ်တရားကို လေ့လာရန် အဘယ်ကြောင့်
အရေးကြီးပါသနည်း။
၎။ ပဋိညာဉ် (၈)ပါးတို့ကို အစဉ်လိုက်ရေးပါ။
(၁) (၂) (၃) (၄) (၅) (၆) (၇) (ဂ)
၅။ ခေတ်ကာလကြီးများအလိုက် ထို ပဋိညာဉ်တို့ကိုပြန်စီပါ။
(၁) (၂) (၃) (၄) (၅) (၆) (၇) (ဂ)
၆။ ပဋိညာဉ်ငယ် (၄)ပါး၏ အမည်ကိုရေးပါ။
ပဋိညာဉ်ကြီး (၄)ပါး၏ အမည်ကိုရေးပါ။
အငယ် …………..
အကြီး …………..
၇။ ပဋိညာဉ်ကြီးတစ်ပါးကိုတတ်နိုင်သမျှအနက်ဖွင့်ပါ။
၈။ ပဋိညာဉ် (၈)ပါး ရေးပြလျက် တစ်ပါးစီ၏အဓိကရည်ရွယ်ချက်ကိုရေးပါ။
၉။ ဧဒင် ပဋိညာဉ် အဓိက (၉) ချက်အနက် အနည်းဆုံး
(၅)ချက်ကိုရေးပါ။
(၁) (၂) (၃) (၄) (၅)
၁၀။ အာဒံနှင့်ခရစ်တော်တို့၏ခြားနားချက်(၇)ခုကို
ဤသင်ခန်းစာတွင် ရေးသားထားပါသည်။ အနည်းဆုံး (၄)ချက် ကိုကျမ်းညွှန်းနှင့်တကွဖြေပါ။
(၁) (၂) (၃) (၄)
၁၁။ အာဒံ ပဋိညာဉ် ပါရှိသောကျမ်းချက်ကိုပြပါ။
၁၂။ အာဒံ ပဋိညာဉ်အရ အောက်ပါတို့တွင်မည်သို့ဖြစ်ပါသနည်း။
မြေဆိုး -
မိန်းမ -
မြေကြီး -
လူယောက်ျား -
၁၃။ အာဒံ ပဋိညာဉ်တွင် ခရစ်တော်အား မည်သို့ဖြစ်ပါသနည်း။
၁၄။ နောဧ ပဋိညာဉ်ကို ကျမ်းစာ၏ မည်သည့်နေရာတွင်တွေ့ရပါသနည်း။
မည်သူ့အား မည်သည့်အချိန်တွင်ပေး ထားသနည်း။
၁၅။ နောဧ ပဋိညာဉ်အရ အောက်ပါများအတွက် ဘုရားသခင်သည်
မည်သို့မိန့်တော်မူခဲ့ပါသနည်း။
(၁) သေဒဏ်ပေးခြင်း
(၂) ရာသီဥတုအခြေအနေ
(၃) တိရိစ္ဆာန်အသား
(၄) သက်တံ့။
၁၆။ နောဧ ပဋိညာဉ်တွင် ခရစ်တော်ကို မည်သို့မြင်ပါသနည်း။
၁၇။ အာဗြဟံ ပဋိညာဉ်၌ အောက်ပါတို့နှင့် ပတ်သက်၍ဖြေပါ။
(၁) ကျမ်းစာတွင် အဘယ်မှာ တွေ့ရပါသနည်း။
(၂) အဓိကရည်ရွယ်ချက်များ။
(၃) အဓိက ကဏ္ဍကြီးများ။
(၄) အဓိက ကဏ္ဍကြီးများ၏အချက်အလက်များကို ကျမ်းချက်ဖြင့် ဖော်ပြပါ။
(၅) အနာဂတ်ကာလတွင် ကြိုတင်တွက်ဆချက်များကို အကျဉ်းချုပ်ရေးပါ။
၁၈။ မောရှေ ပဋိညာဉ် နှင့် ပတ်သက်၍အောက်ပါအချက်များကိုဖြေပါ။
(၁) ကျမ်းစာတွင်မည်သည့်နေရာ၌တွေ့ရပါသနည်း။
(၂) မည်သူနှင့်ပြုထားပါသနည်း။
(၃) ပဋိညာဉ်၏သဘော။
(၄) ပဋိညာဉ်၏ လက္ခဏာ။
(၅) အဓိကတောင်းဆိုချက်။
(၆) အာဗြဟံ၌ ပေးထားသောကတိတော်များသည် ဣသရေလလူတို့၏ဆုံးရှုံးမှုကြောင့်
ပျက်ပြယ်ခြင်း၊ ဖျက်သိမ်းခြင်းရှိပါသလော့။ မဖြစ်လျှင်အဘယ်ကြောင့်နည်း။ ကျမ်းချက်ဖြင့်ဖြေပါ။
(၇) ပဋိညာဉ်၏ကာလသည် မည်မျှရှည်ကြာပါသနည်း။
၁၉။ ခရစ်ယာန်နှင့်မောရှေ ပဋိညာဉ်တို့၏ ဆက်စပ်မှုမည်သို့နည်း။
၂၀။ ပညတ်တရားအောက်၌ရှိခြင်းနှင့် ကျေးဇူးတရားအောက်၌ရှိခြင်းတို့၏ခြားနားချက်(၇)ခုကို
ဤသင်ခန်းစာတွင် ဖော်ပြထားပါသည်။ အနည်းဆုံး (၄)ခုကိုဖော်ပြပါ။
အမည်၊ ____________________________ ရက်စွဲ _____________________________
လိပ်စာ၊ ____________________________
____________________________
LESSONS FROM ROGMA INTERNATIONAL FREE BIBLE
CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
0 comments:
Post a Comment