လူသားတိုင်း၏ အနက်ရှိုင်းဆုံးလိုအပ်ချက်များထဲမှ တစ်ခုမှာ ချစ်ခြင်းကိုခံရရန်လိုအပ်မှုပင်ဖြစ် သည်။ အထီးကျန် ၍ ချစ်ခြင်းမခံရဟု ခံစားရခြင်းဟာ ကြေကွဲဖွယ်ကောင်းသည်။ သို့သော်လည်း ကျွန်ုပ် တို့အထဲမှ အများစုသည် ထိုကဲ့သို့
““မနှစ်တုန်းက၊ ကျွန်မသူငယ်ချင်း
၃ဦးဟာ သေကြောင်း ကြံဖို့ကြိုးစားခဲ့တယ်။ ဘ၀ဟာ သူတို့အတွက် အလွန်ခက်ခဲ ပါတယ်။ သူတို့ဟာ
မခံနိုင်တော့ပါဘူး။ ဤ လောကဟာ သူတို့အား ၀ါးမြိုလိုက်ပြီး သူတို့ရဲ့တစ်ခုတည်းသော ထွက်ပေါက်
ဟာ သေခြင်းပဲလို့ သူတို့ ထင်ခဲ့ကြတယ်။ အထီးကျန်ခြင်းသည်
တစ်ကမ္ဘာလုံး၌ ဖြစ်ပေါ်လျက်ရှိပြီး ဤအရာက သင်၏အတွင်းပိုင်းကို တိုက်စားသည်။ ဤအရာသည် ဟာတာတာကြီးခံစားရမှု၊
သေမှာကိုကြောက်ရွံ့မှု စသည်တို့ကို သင်ဆီသို့ သယ်ဆောင်လာပြီး အခြားသူများ၏ နားလည်ပေးမှုနှင့်
ချစ်ခြင်းကိုလည်း ဆာလောင်စေသည်။ အထီး ကျန်ခြင်းသည် နာမကျန်းမှုတစ်ခုဖြစ်ပြီး နာကျင်စေသည်။
နာကျင်လွန်းသဖြင့် ဤအရာမှ ဝေးရာသို့ ရှောင်ပြေးနိုင်ရန်အတွက် သူတို့ဟာ ဘာကိုမဆိုလုပ်လိမ့်မည်။
သင့်တွင် သူငယ်ချင်းတစ်သန်းရှိသော်လည်း၊ သင်ဟာအထီးကျန်နေနိုင်သေးသည်။ သင်ဘယ်ကိုသွားသွား၊
ဘာလုပ်လုပ်၊ ဘာဖြစ်ရန်ကြိုးစား ကြိုးစား၊ အထီးကျန်ခြင်းဟာ သင်၏နှလုံးသားကို တိုက်စားသည်။
အထီးကျန်သူများသည်
မေတ္တာကိုလိုအပ်သည်။ မေတ္တာသည် အထီးကျန်မှုကို သတ်နိုင်သည်။ လူများသည် ချစ်ခြင်းကို ခံရရန်
အလွန်အမင်း လိုအပ်သည်။ လူတိုင်းဟာ သူတို့အတွက် အရေးပါသူ တဦးဦး၏ ချစ်ခြင်းကို ခံရရန်
လိုအပ်သည်။ သင်၏အခြေအနေက မည်သို့ပင်ဖြစ်စေကာမူ၊ သင့်အား ကျေနပ်စေမည့် မေတ္တာတစ်ခုရှိသည်။
ဤမေတ္တာကို လူတိုင်းတွေ့ကြုံခံစားနိုင်သည်။ ထိုမေတ္တာမှာ အဘယ် နည်း? ဘုရားသခင်နှင့် သူ့သားတော်
ယေရှုခရစ်၏ မေတ္တာတော်ပင်ဖြစ်သည်။
အထီးကျန်မှုအကြောင်းရေးသားခဲ့သော
ကောင်မလေးသည် အထီးကျန်မှုအား ကုသမည့်ဆေးကို ဘုရားသခင် နှင့် သူ၏မေတ္တာတော်၌ ရှာတွေ့ခဲ့သည်။
သူမက ဤသို့ရေးခဲ့သည်။ ““ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်ပြီး ယေရှုက ဘုရားသခင်၏ မေတ္တာတော်ကို
ပြသခဲ့သည်။ .... သူသည် ကောင်းကင် ဘုံရှိ ပလ္လင်တော်ကို စွန့်၍ လူများကြားတွင် လျှောက်သွားလျက်
လူသားများအား မေတ္တာပြနိုင်ရန်အတွက် လူသားဇာတိကို နှိမ့်ချစွာ ခံခဲ့သည်။ သူသည် ကားတိုင်ပေါ်
၌ အသေခံသည့်အထိ တောက်လျှောက်နာခံမှု ရှိခဲ့သည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် ချစ်ခြင်းမေတ္တာသည်
သေခြင်း၏အချည်အနှောင်ကို ထမြောက်နိုင်သောတန်ခိုးတော်ဖြင့် ဖောက်ထွင်းခဲ့သည်။ .... သခင်ယေရှုကို
သင်၏ စိတ်နှလုံးထဲ ၀င်ရောက်ရန်နှင့် ချစ်ခြင်းမေတ္တာနှင့် သနားခြင်းဂရုဏာတော် ကို သင့်ဆီသို့
ယူဆောင်လာပေးရန် တောင်း ဆိုပါ။
ကမ္ဘာပေါ်ရှိ
အကြီးမားဆုံးအချစ်ဇာတ်လမ်း
ကမ္ဘာပေါ်ရှိ
အကြီးမားဆုံးအချစ်ပုံပြင်ကို ကျမ်းစာထဲတွင် တွေ့ရသည်။ ဤပုံပြင်သည် မှန်သော အဖြစ် အပျက်
တစ်ခုဖြစ်ပြီး သင်နှင့်ကျွန်ုပ်နှင့်လည်း သက်ဆိုင်သည်။ ကျွန်ုပ်တို့အပေါ်တွင်ထားသော
ဘုရားသခင့် မေတ္တာတော် အကြောင်း ပင် ဖြစ်သည်။
ဤလက်တွေ့အဖြစ်အပျက်သည်
လူသားအား ဖန်ဆင်းခြင်းအားဖြင့် စတင်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့ သမျှသော သတ္တ၀ါတို့တွင်
လူသည် အမြင့်မြတ်ဆုံး ဖြစ်ရခြင်းမှာ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခဲ့သော
ကြောင့်ဖြစ်သည်။ ရွေးချယ်နိုင်သော စွမ်းရည်ကို ဘုရားသခင်က လူသားအား ပေးခဲ့သည်။ သူသည်
ဘုရားသခင်အား ချစ်ရန်နှင့် နာခံရန် ရွေးချယ်နိုင်သလို၊ ဘုရားသခင်အား မနာ ခံရန်နှင့်
မိမိလမ်း မိမိသွားရန်လည်း ရွေးချယ်နိုင်သည်။ ဘာဖြစ်ခဲ့လဲဆိုတာကို ကျွန်ုပ်တို့သိပါသည်။
လူသားသည် ဘုရားသခင်အား ပုန်ကန်ရန် ရွေးချယ်ခဲ့ပြီး ကိုယ့်လမ်းကိုယ် သွားခဲ့သည်။ ဤအချက်သည်
ပထမဆုံးလူဖြစ်သော အာဒံအတွက်သာမက၊ ကျွန်ုပ်တို့အားလုံး အတွက်လည်း မှန်ကန်သည်။ ““ခပ်သိမ်းသော
သူတို့သည် ကိုယ်လမ်းသို့ အသီးသီး လိုက်သွားကြသည်ဖြစ်၍””ဟု ကျမ်းစာကဆိုသည်။ (ဟေရှာ ၅၃း၆)
ကျွန်ုပ်တို့၏
ပုန်ကန်မှုနှင့် မနာခံမှုကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်နှင့် ကွဲကွာသွားပြီး သူ၏မေတ္တာကို
မတွေ့ကြုံ မခံစားနိုင်တော့ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကွဲကွာရုံသာမက၊ လူအချင်းချင်း
ပေါင်းသင်းရာ၌လည်း ပြသနာရှိလာသည်။ ဤအချက်နှင့်ပတ်သက်၍ ရိုးရှင်းသောအကြောင်းပြချက်မှာ
ကျွန်ုပ်တို့သည် ကိုယ့်နည်းလမ်းအတိုင်း ကိုယ်လုပ်လိုကြသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့၏
အတွင်းပိုင်းမှ တစုံတစ်ခုက ဤသို့ပြောနေသည်။ ““ငါ့နည်းအတိုင်း ငါလုပ်မယ်။ ငါလုပ်ချင်တာကို
ငါလုပ်မယ်””
တကိုယ်ကောင်းဆန်ပြီး
မိမိအလိုအတိုင်းသာဖြစ်လိုသောဆန္ဒသည် လူတိုင်း၏ စိတ်နှလုံးထဲ၌ ဇာတိသဘောအရ ရှိနေပြီး၊
ကျွန်ုပ်တို့ ပြသနာအားလုံး၏ ဇစ်မြစ်လည်းဖြစ်သည်။ ဤအရာက မိသားစု ပြသနာများကိုဖြစ်စေပြီး
အိမ်ထောင်ရေးများ ကိုလည်း အခြားအရာတစ်ခုခုက ပျက်စီးစေသည်ထက် သာ၍ ပျက်စီးစေသည်။ ကျွန်ုပ်တို့သည်
ကိုယ့်လမ်းအတိုင်း ကိုယ်သွားပြီး ကိုယ့်ကိစ္စကိုပဲ ကိုယ်လုပ်နေသမျှကာလပတ်လုံး၊ ဘုရားသခင်၏မေတ္တာတော်ကို
တွေ့ကြုံ ခံစားနိုင်မည်မဟုတ်ပါ။ သို့သော် ဘုရားသခင်က ကျွန်ုပ်တို့အား ချစ်နေဆဲဖြစ်ပြီး
သူဆီသို့ ခေါ်ဆောင် လိုဆဲ ဖြစ်သည်။ ထိုအကြောင်းကြောင့် သူသားတော် အား လောကသို့စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ကျွန်ုပ်တို့အတွက်
အသေခံရဲလောက်အောင် ယေရှုသည် ကျွန်ုပ်တို့အားချစ်သည်။
ယေရှုသည်
ဘုရား၏သားတော်ဖြစ်သော်ငြားလည်း၊ ကျွန်ုပ်တို့အတွက် သူ့အသက်ကို စွန့်လွှတ်ရန် ရွေးချယ်
ခဲ့သည်။ မည်သူကမှ ယေရှု၏အသက်ကို အတင်းအဓမ္မ ရယူခဲ့ခြင်းမဟုတ်ဘဲ သူကိုယ်တိုင်က စွန့်လွှတ်ရန်
ရွေးချယ် ခဲ့ခြင်းဖြစ်သည်။ ယေရှုက ““ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တဖန်ယူဦးမည် ဖြစ်သောကြောင့်
.... ငါ့အသက်ကို အဘယ်သူကမှ မလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏”” ဟုဆို သည်။ (ယော ၁၀
း ၁၇၊ ၁၈)
ယေရှုကြုံတွေ့ခဲ့သော
သေခြင်းသည် အရက်စက်ဆုံးနှင့် ရှက်ကြောက်ဖွယ်အကောင်းဆုံးသေခြင်း မျိုးဖြစ်သည်။ ရောမစစ်သည်များသည်
ယေရှု၏အင်္ကျီကိုချွတ်ပြီး သူ၏လက်များအား တိုင်တစ်တိုင်ပေါ်သို့ ချည်နှောင်လိုက်သည်။ သူသည်
ချွန်ထက်သောသံချွန်များဖြင့် တန်ဆာဆင်ထားသည့် ကြာပွတ်ဖြင့် ရိုက်ခြင်းကိုခံခဲ့ရသည်။
ယေရှုသည် ဤကြာပွတ်ဖြင့်အရိုက်ခံရချိန်၌၊ သံချွန်များသည် သူ၏အသားကို ဖောက်ဝင်သွားပြီး
သူ၏နောက်ကျောသည် သွေးများဖြင့် စိုရွှဲနေသည်။ လေးလံသောကားတိုင်ကို အတင်းအကြပ် ထမ်းစေခဲ့ပြီး
သူ့အားလှောင်ပြောင်ကာ တံတွေးဖြင့်ထွေးခဲ့သည်။ ထိုကားတိုင်အား သူ့အား တင်သတ်မည့် နေရာသို့ရောက်သည့်အထိ
ထမ်းခဲ့ရသည်။
ယေရှုသည်
ဦးခေါင်းခွံအရပ်ဟု အမည်ရသောနေရာ၌ ကားတင်သတ်ခြင်းကိုခံရသည်။ သူ့လက်များနှင့် ခြေထောက်များသည်
ကားတိုင်ပေါ်၌ သံဖြင့်ရိုက်ထားခြင်းကိုခံရသည်။ သူခိုးနှစ်ဦးကိုလည်း ယေရှုနှင့်အတူ ကားတိုင်ပေါ်၌
တင်သတ်ခဲ့သည်။ တဦးသည် ယေရှု၏ညာဘက်၌ရှိပြီး တဦးသည် ယေရှု၏ဘယ်ဘက်၌ရှိသည်။ ထိုလူများသည်
အလွန်ကောက်ကျစ်စဉ်းလဲသည်။ သူတို့သည် သူတို့၏အပြစ်များ အတွက် အသေသတ်ခံရခြင်းဖြစ်သည်။
သို့သော် ယေရှု၌ အပြစ်လုံးဝမရှိဘဲ ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံခဲ့ခြင်းဖြစ်သည်။
ယေရှုဟာ
ဘာကြောင့်အသေခံရန် လိုအပ်သနည်း?
ကားတိုင်ပေါ်၌
ယေရှုအသေခံရန်ဘာကြောင့်လိုအပ်သည်ကို လူများစွာတို့သည် နားမလည်ကြပါ။ သူတို့က ““ဘုရားသခင်က
ငါတို့ကို ဒီအတိုင်း အပြစ် မလွှတ်ပေးနိုင်တာလဲ? ယေရှုက ဘာကြောင့်သေရ မည်နည်း? ဘုရားသခင်က
ကျွန်ုပ်တို့အား ဒီအတိုင်းအပြစ် မလွှတ်ပေးနိုင်သည့်အကြောင်းအရင်းမှာ ဘုရားသခင်သည် ဤစကြ၀ဠာကြီး၏
ဖြောင့်မှန် သော တရားသူကြီးဖြစ်ပြီး ကျွန်ုပ်တို့သည် သူ၏ပညတ်(ဥပဒေ) များကို ချိုးဖောက်ခဲ့သောကြောင့်ဖြစ်သည်။
““အပြစ်ရှိသော ၀ိညာဉ်သည် အမှန်သေရမည်””ဟု ပြောခဲ့သည်။
ကျွန်ုပ်တို့အားလုံးသည်
ဒုစရိုက်အပြစ်ကို ပြုခဲ့သောကြောင့်၊ သေသင့်သောသူများဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား
ချစ်ပြီး အပြစ်လွှတ်ပေးလိုသော်လည်း မဖြောင့်မမှန်လုပ်၍မရပါ။ ဘုရားသခင်သည် မှန်သောအရာကိုသာ
အမြဲတမ်းလုပ်သည်။ ကျမ်းစာက ““ဘုရားသခင်သည် သူလုပ်သမျှ အရာတိုင်း၌ ဖြောင့်မတ်စွာလုပ်သည်””ဟု
ပြော ထားသည်။ ဘုရားသခင်သည် ဖြောင့်မတ်သောကြောင့်၊ သူသည် ကျွန်ုပ်တို့၏အပြစ်များကို
ကျော်ကြည့်သွား၍ မရသလို၊ မမြင်ချင်ယောင်ဆောင်ကာ မသိသလိုမျိုး နေ၍လည်း မရပါ။
ဘုရားသခင်သည်
သူ၏ဖြောင့်မတ်မှုကို စောင့်ထိန်းလျက် တစ်ချိန်တည်းတွင် ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်း
ကို မည်သို့ပြင်ဆင်စီမံခဲ့သနည်း? သူသည် ကျွန်ုပ်တို့၏အပြစ်များအား လူပုဂိ္ဂုလ်တဦးဖြစ်သော
သူ၏သားတော် ယေရှုခရစ် ပေါ်သို့ စုပုံတင်ခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းအား
စီမံ ခဲ့သည်။ လူအိုတစ်ဦးအား တရားရုံးထဲသို့ ခေါ်သွင်းလာခဲ့သည်။ သူသည် ပေါင်မုန်အနည်းငယ်ကို
ခိုးသောကြောင့် စွဲချက်တင်ခံရခြင်းဖြစ်သည်။
သူ့မှာ အပြစ်ရှိလား ဟု တရားသူကြီးကမေးသောအခါ၊ အပြစ် ရှိသည်ဟု သူက၀န်ခံသည်။ သို့သော်
သူက ““ကျွန်တော် အရမ်း ဆာလောင် နေလို့ ပေါင်မုန့်အား ခိုးမိခဲ့ခြင်း ဖြစ်ပါတယ်”” ဟုဖြည့်ပြောခဲ့သည်။
တရားသူကြီးသည် လူများအား ချစ်ပြီး ဥာဏ်ပညာ ရှိကာ ကြင်နာသော နှလုံးသားရှိသူဖြစ်သည်။
သူက ထိုလူအိုအား ““ ကျွန်တော် သင့်အား သနားဂရုဏာ
သက်မိပါတယ်။ ဒါပေမယ့် လူတွေဟာဆာလောင်နေတဲ့အတွက် ခိုးတာမျိုးကို လုပ်တာကိုတော့ ကျွန်တော်တို့
ခွင့်မပြု ပါဘူး။ သင်ဟာ ဥပဒေကိုချိုးဖောက်ခဲ့တာကြောင့် ဒဏ်ကြေးမဆောင်ရင် ထောင်ထဲဝင်ရပါလိမ့်မယ်။
လူအိုက
သူ၏ခေါင်းကို လှုပ်ခါပြီး ““ကျွန်တော်မှာ ပိုက်ဆံမရှိပါဘူး”” ဟု ပြန်ဖြေခဲ့သည်။ ထိုအခါ
တရားသူကြီး သည် အံ့သြဖွယ်ကောင်းသောအရာတစ်ခုကို ပြုခဲ့သည်။ သူသည် သူ၏တရားသူကြီး ၀တ်ရုံ
ကိုချွတ်ကာ၊ စားပွဲတစ်ခုပေါ်၌ တင်ထားပြီး ထိုလူအိုရှိရာသို့ ဆင်းသွားခဲ့သည်။ သူ၏လက်အား
ထိုလူ၏ ပခုံးပေါ်၌တင်ထားလျက် သူက ဤသို့ဆိုခဲ့သည်။ ““သင့်ရဲ့ တရားသူကြီးတဦးအနေနဲ့ ဆိုရင်၊
သင့်အား အပြစ်ဒဏပေးရမယ်။ ဒါပေမယ့် ကျွန်ုပ်ဟာ သင့်ရဲ့မိတ်ဆွေ တဦးအနေနဲ့ သင့်ရဲ့ဒဏ်ကြေးကို
သင့်ကိုယ်စား ပေးဆောင်ပေးပါမည်။ တရားသူကြီးသည် သူ၏အိတ်ကပ် ထဲမှ ပိုက်ဆံကို ပေးကာ ထိုလူအို၏ဒဏ်ကြေးအား
ပေးဆောင်ခဲ့သည်။
ကျွန်ုပ်တို့သည်လည်း
ထိုလူအိုကဲ့သို့ပင် ဥပဒေကိုချိုးဖောက်ခဲ့ပြီးနောက် ဒဏ်ကြေးကို မပေးဆောင် နိုင်သူများ
ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သန့်ရှင်းသော ပညတ်တော်ကို ချိုးဖောက်ခဲ့ကြသောကြောင့်
အပြစ်ဒဏ်ကို ခံသင့်ပါသည်။ ဘုရားသခင်သားတော်သည် ကျွန်ုပ်တို့အား အလွန်ချစ်သောကြောင့်
သူ၏တရားသူကြီး ၀တ်ရုံများကို ချွတ်ကာ၊ ကျွန်ုပ်တို့၏ အပြစ်များအတွက် ကားတိုင်ပေါ်၌ အသေခံရန်
ဤလောကအတွင်းသို့ ကြွဆင်းလာခဲ့သည်။ ကျမ်းစာ တအုပ်လုံး၌ အဖိုးထိုက်ဆုံး အမှန်တရားမှာ
ဘုရားသခင်၏သားတော်သည် ကျွန်ုပ်တို့အားချစ်လွန်းသဖြင့် ကောင်းကင်ဘုံကို စွန့်ခွာကာ လူဇာတိ
ခံယူပြီး ကျွန်ုပ်တို့အပြစ်များအတွက် ကားတိုင်ပေါ်၌ အသေခံခဲ့သည်ဆိုသော အမှန်တရားပင်ဖြစ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များ၏ အဖိုးအခကိုပေးချေခဲ့ပြီးဖြစ်သောကြောင့် ခရစ်တော်အား
ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် လက်ခံပါက၊ သူသည် ကျွန်ုပ်တို့အား ဖြောင့်မှန်စွာခွင့်လွှတ်ပေးနိုင်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များအား ကျော်ကြည့်မသွားသလို မသိသလိုမျိုး ဟန်လည်း
မဆောင်ပါ။ သူသည် သူတို့အား အပြစ်လွှတ်ပေးနိုင်ခြင်းမှာ သူတို့အတွက် သွန်းခဲ့သောခရစ်တော်၏
အသွေးတော်ကို မြင်ခဲ့သောကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့သည်
ကျွန်ုပ်တို့အပေါ်တွင်ထားသော ဘုရား၏မေတ္တာတော်ကို သံသယ မ၀င်သင့်ပါ။ ကျွန်ုပ်တို့အတွက်
သူ့သားတော်အား အသေခံစေခြင်း၌ သူ၏မေတ္တာတော်ကို ပြသခဲ့ပြီးဖြစ်သည်။ ကျမ်းစာက ““ငါတို့သည်
အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့အား
အဘယ်မျှလောက် ချစ်တော် မူသည် ကို ငါတို့အားထင်ရှားစွာပြတော်မူ၏။ ရောမ ၅း၈
ကျွန်ုပ်တို့သည်
ဘုရားသခင်၏ မေတ္တာတော်အား ဘာကြောင့် မတွေ့ကြုံ၊ မခံစားရသနည်း?
ဘုရားသခင်သည်
ကျွန်ပ်တို့အားဤမျှချစ်ပါက၊ ကျွန်ပ်တို့သည်သူ၏မေတ္တာအား ဘာကြောင့် မတွေ့ကြုံ မခံစား
ရသနည်း၊ ကျွန်ပ်တို့သည် သူ၏မေတ္တာတော်အား မခံစားရခြင်းအကြောင်းမှာ ကျွန်ပ်တို့သည် သူနှင့်ကွဲကွာ
နေသော ကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အသက်တာကို ရရှိရန်နှင့်သူ၏မေတ္တာကို တွေ့ကြုံခံစားနိုင်ရန်အတွက်
ကျွန်ပ်တို့သည် ဒုတိယမွေးခြင်းကို ခံရမည်၊ ယေရူက““ ဒုတိယမွေးခြင်းကို မခံသောသူသည်ကား၊
ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု”” အမှန် အကန် ဆိုခဲ့သည်။
ဒုတိယအကြိမ်မွေးခြင်းကိုခံခြင်းက
ဘာကိုဆိုလိုသနည်း၊ ၀ိညာဉ်ရေးအရပြန်လည် မွေးဖွားခြင်းအားဖြင့် ဘုရားသခင်၏ မိသားစုအတွင်းသို့
ရောက်ရှိသွားခြင်းကို ဆိုလိုသည်၊ ကျွန်ပ်တို့သည် ခန္ဓာပိုင်းအရ နောက်တဖန် မမွေးဖွား
နိုင်သော်လည်း၊ ၀ိညာဉ်ရေးအရမူ နောက်တကြိမ်မွေးဖွားနိုင်သည်။ ဒုတိယအကြိမ် မွေးဖွားနိုင်ရန်အတွက်၊
ကျွန်ပ်တို့၏ အပြစ်များအတွက် နောင်တရ, ရမည်ဖြစ်ပြီး သခင်ယေရူ အား ကျွန်ပ်တို့၏ ကယ်တင်ရှင်အဖြစ်
လက်ခံရမည် ဖြစ်သည်။
နောင်တရခြင်းဆိုသည်မှာ
ဘာကိုဆိုလိုသနည်း?
နောင်တရခြင်းဆိုသည်မှာ နောက်ပြန်လည့်ခြင်းဖြစ်သည်၊
ကျွန်ုပ်တို့သည် လမ်းမှားအတိုင်း သွားနေသော ကြောင့် နောက်ပြန်လှည်ရန် လိုအပ်ခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ လမ်းခရီးတော်၌ မသွားနေဘဲ ကိုယ်လမ်းကိုယ်သွားနေကြခြင်းဖြစ်သည်။
ကျမ်းစာက ““ ခပ်သိမ်းသော သူတို့သည် ကိုယ်လမ်းသို့ အသီးသီး လိုက်သွား ကြသည်ဖြစ်၍”” ဆိုသည်။
လူတိုင်း၏
နှလုံးသား၏အောက်ခြေတွင် မာနထောင်လွှားသောတစုံတရာရှိပြီး ထိုအရာက ဤသို့ပြောနေသည်။ ““
ငါလုပ်ချင်တာကို ငါလုပ်မယ်”” ဤအရာသည် အပြစ်ဖြစ်ပြီး ကျွန်ုပ်တို့အား အလွန်ချစ်သောကြောင့်
ဘုရားသခင်၏ စိတ်တော်ကို နာကျင်စေသည်၊ ယေရူက ““ သင်နောင်တမရလျှင်၊ သင်ဟာပျက်စီးမည်။
ဟုဆိုခဲ့သည်။ နောင်တရခြင်း ဆိုသည်မှာ သင်၏အပြစ်များအတွက် ငိုကြွေးနေခြင်း မဟုတ်ပါ။
လူများတို့သည် ဘုရားသခင်ရှေ့၌ ငိုကြွေးမြည်တမ်း ကြသော်လည်း၊ နောင်တမရကြပါ၊ နောင်တရခြင်းဆိုသည်မှာ
အစာမစားဘဲ သင်၏ကိုယ်ခန္ဓာကို ဘေးဒဏ်ဖြစ်စေခြင်းမျိုး လည်း မဟုတ်ပါ။ ထိုအရာများကို လုပ်ခြင်းအားဖြင့်
မည်သူကမှ သူတို့၏အပြစ်များကို မဖယ်ရှားခိုင်ပါ။ နောင်တရခြင်း ဆိုသည်မှာ သင်၏အပြစ်များအတွက်
စိတ်မကောင်းဖြစ်နေခြင်းမျိုးလည်း မဟုတ်ပါ။ လူတစ်ဦးသည် ထောင်ထဲ၌ရှိစဉ် သူ၏ဒုစရိုက်အပြစ်များအတွက်
ဒုက္ခခံစားနေရသောကြောင့် ၀မ်းနည်းနေနိုင်သော်လည်း၊ ထောင်မှလွတ်သောအခါ သူ၏အကျင့်ဆိုးများကို
ပြန်ကျင့်မည်။ နောင်တရခြင်းဆိုသည်မှာ ကြောက်ရွံမှု လည်း မဟုတ်ပါ။ တခါတရံဆဲဆိုတတ်သော
အလေ့အထရှိသူတဦးသည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရချိန်၌ တိတ်ဆိတ်သွားနိုင်ပြီး
သနားခြင်း ဂရုဏာ ထားရန်အတွက် ဘုရားသခင်အား တောင်းဆိုလိမ့်မည်။ သို့သော် အန္တရာယ်မှလွန်မြောက်သွားသောအခါ၊
ဆဲဆိုခြင်းကို ပြန်လည်ပြုလုပ်လိမ့်မည်။ သူတို့သည် နောင်တမရသေးပါ။
နောင်တရခြင်းဆိုသည်မှာ
ကျွန်ုပ်စိတ်နှလုံး၏ သဘောထားပြောင်းလဲသွားခြင်းဖြစ်ပြီး ကျွန်ုပ်၏ လုပ်ဆောင်မှု့ များကို
ကြည်ခြင်းအားဖြင့် ပြောင်းလဲသွားကြောင်းကို သိနိုင်သည်။ ဘုရားသခင်၏ သားတော်အား ကားတိုင်ထက်သို့
ရောက်စေသောအရာမှာ ကျွန်ုပ်၏အပြစ်များဖြစ်ကြောင်းကို ကျွန်ုပ် နားလည်သည်။ ဘုရားသခင်၏
သားတော်သည် ကျွန်ုပ်အားချစ်ပြီး ကျွန်ုပ်အတွက်အသေခံခဲ့ ကြောင်းကို ကျွန်ုပ်နားလည်သည်။
ယေရူ၏ ကျေးဇူးတော်ကို ထောက်ရှု၍ ကျွန်ုပ်၏အပြစ်များအား လွှတ်ပေးရန် အတွက် ဘုရားသခင်အား
ကျွန်ုပ်တောင်းဆိုသည်။ ကျွန်ုပ်၏လမ်းအတိုင်း မဟုတ်ဘဲ၊ သူ၏လမ်းခရီးတော် အတိုင်း လျှောက်သွားရန်အတွက်
ရွေးချယ်ပြီးကြောင်းကို ဘုရားသခင်အား ပြောပြမည်။
အဖွားရဲ့
သိုးမွှေးထိုးတဲ့အပ်
လူငယ်တစ်ဦးက ငယ်ရွယ်စဉ်
သူ၏ခိုးတတ်သည့် အကျင့်မည်သို့ ပျောက်သွားပုံကို အောက်ပါ အတိုင်ပြောပြသည်။
ကျွန်တော့်အား
အဖွားက ပြုစုစောင့်ုရှောက်ခဲ့ပြီး ကြီးပြင်းစေခဲ့ပါသည်။ သူမဟာ ရင့်ကျက်တဲ့ ခရစ်ယာန်
အမျိုးသမီးတဦးဖြစ်ပါတယ်။ သူမက ကျွန်တော်ကိုချစ်ပြီး၊ ကျွန်တော်ကလည်း သူမကိုချစ် ပါတယ်။
ဒါပေမဲ့ ကျွန်တော် ငယ်ရွယ်စဉ်က၊ ကျွန်တော့်မှာ ခိုးတတ်တဲ့အကျင့်ရှိပါတယ်။ ကျွန်တော်တို့
ဟာ ဆင်းရဲပြီး အခြားသူတွေ့ပိုင်တဲ့အရာတွေကို ကျွန်တော်ခိုးယူခဲ့တယ်။ ခိုးတာနဲ့ပတ်သတ်ပြီး
အဖွားက ကျွန်တော့်အား အပြစ်ပေးပေမယ့်၊ ကျွန်တော်အား မရပ်တန့် နိုင်ခဲ့ပါဘူး။ ကျွန်တော်လိုချင်တဲ့အရာ
တစ်ခုခု ကိုတွေ့ပါက ကျွန်တော်ယူထားလိုက်ပါတယ်။
တစ်နေ့မှာ
အဖွားက ကျွန်တော်ကိုခေါ်ပြီး ““ သားရေ၊ မင်းခိုးတာနဲ့ပတ်သတ်ပြီး ငါအပြစ်ဒဏ် တောက်လျှောက်
ပေနေခဲ့ပေမယ့်၊ မင်းကိုတော့ ကောင်းကျိုးတစ်ခုမှ မဖြစ်စေခဲ့ဘူး။ ငါမင်းကို အရမ်းချစ်တဲ့
အတွက် ၊ ဒါကို ဆက်မလုပ် စေချင်တော့ဘူး။ မင်းမပိုင်တဲ့အရာကို နောက်တကြိမ် အိမ်ကိုယူလာရင်၊
ငါဟာ သိုးမွှေးထိုးတဲ့အပ်တစ်ချောင်းကိုယူပြီး မီးထဲမှာနီရဲသွားတဲ့အထိ အပူပေးမယ်။ ပြီးနောက်
ခိုးတတ်တဲ့မင်းရဲ့ လက်ကို အပ်နဲ့ထိုးပစ်မယ်။ ဒါမှ မင်းစိတ်ထဲမှာ စွဲသွားမှာ””။
ကျွန်တော်ဟာအတန်ကြာ
မခိုးဝှက်တော့ပါဘူး။ ကျွန်တော်အဖွားဟာ ပြောတဲ့အတိုင်းလုပ်တတ်တဲ့ သူဆိုတာကို ကျွန်တော်သိပါတယ်။
ဒါပေမယ့် အချိန်တန်တဲ့အခါ ကျွန်တော်ဟာ အကျင့်ဆိုးကို ပြန်ကျင့် ခဲ့ပါတယ်။ ကျွန်တော်ရဲ့
အိတ်ကပ်ဖောင်းပွလျက် အိမ်ကိုပြန်လာပါတယ်။ ကျွန်တော်အဖွားက အိတ်ကပ် ဖောင်းနေတာကို သတိပြုမိခဲ့ပါတယ်။
ပထမတော့၊ သူဟာဘာမှမပြောပေမယ့်၊ ကြာလာတော့သူဟာ မသည်းခံနိုင်တော့ပါဘူး။ ““မင်းရဲ့အိတ်ကပ်ထဲကဟာတွေ
အကုန်လုံးကို ထုတ်လိုက်စမ်း”” ဟုအမိန့်ပေးသော အခါ ကျွန်တော်ထုတ်လိုက်သည်။ ဓားတစ်ချောင်း၊
ဘောလုံးနှစ်လုံး၊ ခဲဖျက်နှင့် ပိုက်ဆံအချို့ထွက်ကျလာသည်။ ““သား၊ ဒါတွေကိုဘယ်ကရလာတာလဲ?
(အဖြေသံမထွက်ပေါ်လာ) အဖွားက ထိုမေးခွန်းကို ထပ်မံ မေးခဲ့ရာ ကျွန်တော်မဖြေခဲ့သောကြောင့်၊
အဖွားက ““ကဲ ငါလုပ်မယ်လို့ပြောထားတာကို လုပ်တော့မယ်””။
သူမသည်
သိုးမွှေးထိုးတဲ့အပ်ကို မီးထဲထည့်လိုက်သည် အပ်နီရဲလာသောအခါ ““သား၊ သားလက် ကို ပေးစမ်း””
ဟု ပြောခဲ့သည်။ ကျွန်တော်သည် ကျွန်တော့်လက်များအား ကမ်းပေးချိန်၌ တုံရီနေသော်လည်း ကျွန်တော်
မှားကြောင်းနှင့် အပြစ်ဒဏ်ကိုခံသင့်ကြောင်းကို သိခဲ့သည်။ ကျွန်တော်အဖွားသည် ခေတ္တမျှ
ရပ်တန့်ကာ ““လူလေး၊ သားအကျင့်ဆိုးရဲ့ အတိမ်အနက်ကို နားလည်ဖို့အတွက်နဲ့ ဤအကျင့်ဆိုးအား
စွန့် ပစ်နိုင်ရန်အတွက် ဥပမာတစ်ခုကို ပြသရမယ်။ ဒီမှာကြည့် ထိုသို့ပြောပြီးနောက် သူမ၏လက်ကို
ဖြန့်လိုက်ကာ သိုးမွှေးထိုးတဲ့အပ်အား မီးထဲမှဆွဲယူကာ သူမ၏လက်ထဲသို့ ထိုးစိုက် လိုက်သည်
ထိုအခါ ရှဲကနဲ မြည်သွားပြီး ညော်နံ့နှင့် မီးခိုးအနည်းငယ် ထွက်ခဲ့သည်။ ထို့နောက် သူမသည်
အပ်ကို လက်ထဲမှပြန်ဆွဲထုတ် လိုက်ပြီး သူမလက်ကိုဖြန့်ကာ ““သေချာကြည့်ထား”” ဟု ကျွန်တော့်အား
ပြောခဲ့သည်။ ထိုအချိန်မှစ၍ ကျွန်တော်၏ ခိုးဝှက်တတ်သောအကျင့်ဆိုးသည် ပျောက်ကွယ်သွားသည်။
ကျွန်တော့်အား အလွန်ချစ်ပြီး ကျွန်တော်ကလည်း ချစ်သောသူအား ထိခိုက်စေခဲ့သောအချိန်နှင့်
ကျွန်တော်အပြစ် ဒုစရိုက်၏ ပြင်းထန်မှု အခြေအနေကို နားလည်ခဲ့ချိန်၌ ကျွန်တော့်အကျင့်ဆိုးအား
စွန့်ပစ်နိုင်ခဲ့သည်။
ဘယ်အရာက
ဤကောင်လေးစိတ်နှလုံး၏ သဘောထားကို ပြောင်းလဲစေခဲ့သနည်း? သူ့အား သူ့ အဖွားက မည်မျှချစ်ကြောင်းနှင့်
သူ့ကိုယ်စား ဝေဒနာခံစားခဲ့သည်ကို သူနားလည်ခဲ့သည်။ ကျွန်ုပ်တို့အား ခရစ်တော်က မည်မျှချစ်ပြီး
ကျွန်ုပ်တို့အတွက် ဝေဒနာခံစားခဲ့သည်ကို ကျွန်ုပ်တို့ နားလည်သိရှိသောအခါ၊ ကျွန်ုပ်တို့စိတ်နှလုံး၏
သဘောထားသည် ပြောင်းလဲသွားမည်ဖြစ်ပြီး သဘောထားပြောင်းလဲသွားသောကြောင့် ကျွန်ုပ်တို့၏လုပ်ဆောင်မှုများသည်လည်း
ပြောင်းလဲ လာမည်ဖြစ်သည်။ ကျွန်ုပ်တို့အပေါ်တွင် ထားသော ခရစ်တော်၏ မေတ္တာထက်သာ၍ ကြီးမြတ်သော
မေတ္တာမရှိနိုင်ပါ။ ကျမ်းစာက ““ကိုယ်အဆွေ အဘို့အလိုငှာ၊ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက်
သာ၍မြတ်သော မေတ္တာသည် အဘယ်သူ၌မျှမရှိ””ဟု ဆိုသည်။ ယော ၁၅း၁၃
သင်၏တုံ့ပြန်မှုက
မည်သို့နည်း?
နှုတ်ကပတ်တော်ထဲ၌
နောင်တရပြီး ခရစ်တော်အား ကယ်တင်ရှင်အဖြစ် လက်ခံ ရယူသောသူများသည် ကောင်းကင်ဘုံဟု အမည်ရသော
သာယာလှပသည့် နေရာ၌ သူနှင့်အတူ ထာဝရကာလနေရမည်ဟု ဘုရားသခင်က ပြောထားသည်။ အခြားတစ်ဖက်တွင်မူ၊
သူ့အား မချစ်လို့၊ နာမခံလိုသောသူများအတွက် ဘုရားသခင်က နေရာတစ်နေရာ ကို ပြင်ဆင်ထားသည်ဟု
ကျမ်းစာက ရိုးရှင်းစွာပြောထားသည်။ ငရဲသည် ပုန်ကန်၊ နာမခံသောသူများအတွက် ထာဝရကမ္ဘာ ဖြစ်သည်။
သင်သည်
လမ်းမှားကိုသွားနေသည်ဟု နားလည်သိရှိပါက ယခုပင် ဘုရားသခင်ဘက်သို့လှည့်ပါ။ ဘုရားသခင်က
““ငါဆုံးမသော စကားကိုနားထောင်၍ ပြောင်းလဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်းလောင်း၍၊
.... ”” ဟု ဆိုသည်။ သု ၁း၂၃ ဘုရားသခင်က သင့်အား ဤသို့ပြောနေသည်။ သင်ဟာ ငါ့ဆီသို့ပြန်လာပါက၊
သင့်အတွက် ငါအရာ အားလုံးကို လုပ်ပေးမည်။
သင်က
ဤသို့ပြောနိုင်သည်။ ““ဘုရားသခင်အား ဒီလိုမျိုး ရိုင်းပြစွာဆက်ဆံပြီးတဲ့နောက်မှာ ဘုရားသခင်က
ဘယ်လိုလုပ်ပြီး ကျွန်တော်အား လက်ခံနိုင်မှာလဲ?”” သင်သည် သူ့ထံသို့ အမှန်တကယ် နောင်တ
ရလျက်ပြန်လာပါက၊ သူသည် ချစ်ခြင်းမေတ္တာနှင့် ခွင့်လွှတ်ခြင်းတို့ဖြင့် သင့်အားကြိုဆိုလက်ခံလိမ့်မည်။
သခင်ယေရှုသည် ကျမ်းစာထဲရှိ လှပသော ဥပမာတစ်ခုအားဖြင့် ထိုအချက်ကို ရှင်းရှင်းလင်းလင်း
ဖော်ပြ ခဲ့သည်။ လုကာအခန်းကြီး ၁၅ ၌ ပျောက်သော သား ဥပမာဖြစ်ကြောင်းကို သင်သိပြီးသားဖြစ်လိမ့်မည်။
ကျွန်ုပ်တို့သည် ကျမ်းစာထဲရှိ ပုံဥပမာကို အရင်ဖတ်ပြမည်ဖြစ်ပြီး သင်သည် ဤပုံဥပမာကို
ပိုမိုနားလည် နိုင်ရန်အတွက် လက်ရှိခေတ်သုံးစကားဖြင့်လည်း ပြောပြမည်။
ပျောက်သောသား
လူတဦးတွင်
သား ၂ဦးရှိသည်။ အငယ်တယောက်က သူ့ဖခင်အား ဤသို့ပြောခဲ့သည်။ ““အဖေ၊ ကျွန်တော်နဲ့ သက်ဆိုင်တဲ့
အမွေတွေကို ကျွန်တော့်ကိုပေးပါ။ အဖေ့ပိုင်ဆိုင်မှုရဲ့ ကျွန်တော်နဲ့ သက်ဆိုင်တဲ့အပိုင်းကို
ကျွန်တော် ရချင်တယ်”” ထိုအခါ ဖခင်ဖြစ်သူက ဘာကြောင့်လဲသား? တစ်ခုခုမှားနေလိုလား? ဟုမေးခဲ့သည်။
သားဖြစ်သူက ““ဘာမှ မမှားပါဘူးအဖေ၊ ကျွန်တော်ဒီနေရာမှာ နေရတာငြီးငွေ့နေပြီ။ ကျွန်တော်ကြိုက်တဲ့ပုံစံအတိုင်းပဲ
အသက်ရှင် ချင်တယ်။ ကျွန်တော်လွတ်လပ်ချင်တယ်။”” ဟုပြောခဲ့သည်။ ထိုအခါ ဖခင်သည် သူ့သားများအား
အမွေခွဲပေးခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက်၊ သားငယ်သည် သူရတာတွေကို စုစည်းပြီး ဝေးလံသော
နိုင်ငံတစ်နိုင်ငံသို့ ခရီးထွက်ကာ ဘ၀သစ်ရှာခဲ့သည်။
သားငယ်သည်
အိမ်မှထွက်ခဲ့ရာ ဂိတ်ဝတစ်ခုတွင် လူစိမ်းတဦးနှင့် တွေ့ခဲ့သည်။ လူစိမ်းက သူ့အား နှုတ်ဆက်
လိုက်ပြီး ““မင်းနာမည်ဘယ်သူလဲ? ဟု မေးခဲ့သည်။ ““ကျွန်တော့်နာမည်က Matt ပါ။ ခင်ဗျား
နာမည်က ရော””ဟု ““ပြန်မေးသောအခါ အချို့ကတော့၊ ငါ့ကို မကောင်းဆိုးဝါး (စာတန်)လို့ခေါ်ကြတယ်။
ဒါပေမယ့် အဲဒီ နာမည်ကို ငါ လုံးဝ မကြိုက်ဘူး။ မကောင်းဆိုးဝါးနဲ့လည်း ငါကမတူပါဘူး။ ဟုတ်တယ်
ဟုတ်? ““မတူပါ ဘူးခင်ဗျာ”” ““ခင်ဗျာပုံ ကြည့် ရတာ သူများတွေ့နဲ့မတူ၊ တမူထူးခြားတဲ့သူပါ””
ဟုတ်တာ ပေါ့ကွ။ ငါ့မှာ ချမ်းသာကျော်ကြားတဲ့ အထက်တန်းလွှာ မိတ်ဆွေ များစွာရှိတယ်။ ငါသူတို့ကို
ချမ်းသာလာ အောင်ကူညီပေးတယ်။ စကားမစပ် မင်းက ဘယ်ကို သွားနေတာလဲ? ““ကျွန်တော်က အပျော်ရှာနေတာဗျ။
ကျွန်တော်ဟာ လောကအတွင်းသို့ ၀င်ပြီး လုပ်ချင်တာကိုလုပ်နိုင်ဖို့အတွက် ကျွန်တော့်အဖေဆီက
အမွေ တောင်းခဲ့တယ်””
““မင်းလုပ်ခဲ့သမျှတွေထဲက
အကောင်းဆုံးလုပ်ရပ်ပဲ ကောင်လေး၊ မင်းဟာ ဘ၀ကိုတစ်ခါပဲ ဖြတ်သန်းနိုင်တဲ့ အတွက် မင်းရနိုင်သမျှသော
ပျော်ရွှင်မှုတွေကို ဆုပ်ကိုင်နိုင်ရမယ်။ ပျော်စရာကောင်းတဲ့ အချိန်တွေကို မင်ရချင်ရင်၊
မင်းကိုငါကူညီပေးမှာပေါ့။ ငါမင်းကို အကောင်းဆုံးနေရာတွေကို ခေါ်သွားပြီး သူငယ်ချင်းအချို့နှင့်
ငါမိတ်ဆက်ပေးမယ်။”” ဝေးလံလှသော နိုင်ငံ၌ မကောင်းဆိုးဝါးသည် Matt အား သူငယ်ချင်းအသစ်အချို့နှင့်
မိတ်ဆက်ပေးခဲ့သည်။
““ဟေ့ ဘော်ဒါတွေ၊ Matt ကို မင်းတို့နဲ့ မိတ်ဆက်ပေးမယ်။
ငါတို့ရှာနေတာမင်းလိုလူမျိုးပဲ။ ငါတို့ ပါတီပွဲကြီး တစ်ခု လုပ်မလို့။ မင်းကိုလည်း ဂုဏ်သရေရှိ
ဧည့်သည်အဖြစ် တက်ရောက်စေလိုတယ်။ (ကုန်ကျ စရိတ်ကိုတော့ မင်းကပေးပေါ့) ထိုနေရာ၌ သူသည်
အပြစ်ရှိစွာ အသက်ရှင်ခြင်းဖြင့် သူပိုင်သော ဥစ္စာများ ကို သုံးဖြုန်းပစ်လိုက်သည်။ ဥစ္စာများအားလုံးကို
ဖြုန်းတီးပြီးနောက်တွင် ထိုနယ်မြေ၌ ငတ်မွတ်ခြင်း ဘေးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ရာ သူသည်
လိုအပ်မှုရှိသူတဦး ဖြစ်လာသည်။
မကြာမီအချိန်တွင်
Matt ရဲ့ ပိုက်ဆံအားလုံး ကုန်သွားရာ၊ သူ့အားကူညီမည့် မိတ်ဆွေများကို ရှာခဲ့ သည်။
“Jim ၊ ငါပိုက်ဆံပြတ်နေပြီ။ ဒေါ်လာ ၁၀၀ လောက်ကူညီပေးနိုင်မလား? ဆောရီးပဲ Matt ငါလဲ မွဲ
နေတယ်ကွ၊ ငါမင်းကို ကူညီချင်ပေမယ့်၊ ငါ့အခြေအနေကို မင်းသိပါတယ်။ Matt သည် အခြားမိတ်ဆွေ
တဦးထံသွားခဲ့သည်။ “Mike ပါတီတွေအားလုံးအတွက် ငါဒကာခံခဲ့တာကို မင်းသိပါတယ်။ အခုငါရေခန်း
နေပြီ။ ငါ့ကို ပိုက်ဆံနည်းနည်းလောက် ချေးပါလား?”” ““မင်းမွဲနေတာကြားရလို့ စိတ်မကောင်းပါဘူး။
Matt ဒါပေမယ့် ငါမကူညီနိုင်ဘူး။ ငါ့ကိုယ်ငါ
စောင့်ရှောက် ရဦးမယ်လေ။”” ထို့နောက် သူသည် ထိုနိုင်ငံသားတစ်ဦးထံသို့ သွားရောက်ပြီး
အစေခံခဲ့သည်။ ထိုသူသည် Matt အား လယ်ကွင်းထဲသို့ စေလွှတ်ပြီး ၀က်များအား အစာကျွေးစေခဲ့သည်။
Matt သည် ၀က်စာဖြစ်သော ပဲတောင့်များကိုပင် ၀မ်းမြောက်စွာဖြင့် အ၀စားရန်ပင် မည်သူမှ
သူ့အား မပေးကမ်းခဲ့ပါ။
“Sir
ကျွန်တော်အလုပ်တစ်ခုလိုတယ်ဗျ”” ““ဆောရီးပဲ ကောင်းလေး၊ ငါမင်းကို မခန့်နိုင်ဘူး။ ငါတို့ငတ်မွတ်ခြင်း
ဘေးနဲ့ ကြုံနေတာကို မင်သိတာပဲ။ အခြေအနေတွေက ခက်ခဲလွန်းတယ်ကွ။ ““ဆရာ၊ ကျွန်တော့်ကို
အလုပ်တစ်ခုလောက် ပေးပါလားဗျာ။ လုပ်ခဘယ်လောက်ပဲရရ စားစရာတစ်ခုခုကျွေးရင် ကျွန်တော်လုပ်မှာပါ။
အစာမစားရတာ ၂-ရက်ရှိပြီဗျ။ ဘာကိုမဆိုလုပ်ပါမယ်”” ““ဒါဆိုကောင်းပြီ။ ငါ့မှာဝက်အချိ့ရှိတယ်။
မင်းသွားကျောင်းပေါ့။ မင်းအလုပ် ကောင်းကောင်း လုပ် ရင် စာစရာ တစ်ခုခု မင်းကိုငါပေးမယ်။””
ဝက်များအား
ကျောင်းနေစဉ်အတွင်း Matt သည် ဤသို့တွေးခဲ့သည်။ ငါတကယ့်ကိုလူမိုက်ပဲ။ ငါလိုတဲ့ အရာ အားလုံးကိုရနိုင်တဲ့ ငါ့အိမ်ကို ငါစွန့်ခွာခဲ့တယ်။ အခုဆိုရင်၊ ငါဟာ ပိုက်ဆံတွေကိုလည်း
ဖြုန်းပစ်လိုက်ပြီ။ ငါဟာ အလွန်ဆာလောင်နေတာကြောင့်၊ ၀က်တွေစားတဲ့ အစာကိုတောင်မှ ငါစားချင် နေတယ်။””
Matt
သည် သတိပြန်ဝင်လာသောအခါ သူက ““ငါဒီလိုငတ်မွတ်ပြီး သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ၊ ငါ့အဖေ
ရဲ့ အစေခံတွေဆီမှာတောင် ပိုလျံနေလို့ စွန့်ပစ်ရမည့် ပေါင်မုန့်တွေရှိမှာပဲ။ ငါ့အဖေဆီအခု
ထသွားပြီး ဒီလိုပြောမယ်။ အဖေ၊ ကျွန်တော်ဟာ ကောင်းကင်ဘုံအား ဆန့်ကျင်လျှက်၊ အဖေ့အရှေ့၌
အပြစ်ပြုမိပါပြီ ကျွန်တော်ဟာ အဖေ့ရဲ့သား မဖြစ်ထိုက်တော့ပါဘူး။ အဖေ့ရဲ့ အစေခံတစ်ဦးသာ
ကျွန်တော် အားဖြစ်စေပါ။ အိမ်ပြန်ရောက်နေပါစေလို့ ငါဆန္ဒပြုတယ်။ ငါ့အဖေရဲ့ အစေခံတွေကတောင်
ငါ့ထက် အဆတစ်ရာမက ပိုပြီးအဆင်ပြေနေတယ်။ သူတို့မှာ နေထိုင်စရာ အိမ်ကောင်း တွေ ရှိပြီး
စားစရာတွေ ကလည်း အလျှံပယ်ပဲ။ ငါ့မှာတော့ သေလောက်အောင်ငတ်မွတ်နေတယ်””ဟု မိမိဘာသာ တွေးတောနေ
ခဲ့သည်။
ငါဒီလိုမျိုးစိတ်ကြိုက်အသက်ရှင်ပြီးနောက်၊
အဖေကငါ့ကို ခွင့်လွှတ်ပါ့မလား?။ ငါဟာ သူ့ရဲသား လုံးဝ မဖြစ်ထိုက် တော့ပါဘူး။ သူငှားထားတဲ့အစေခံတဦးဖြစ်ခွင့်ရရင်၊
ငါကျေနပ်ပါပြီ။ ငါဘယ်လောက် မိုက်မဲခဲ့လဲဆိုတာကို ပြန်သွားပြီး ပြောရမယ်။ ခွင့်လွှတ်ပေးဖို့
သူ့အားတောင်းဆိုပြီ သူရဲ့အစေခံတဦးဖြစ် ခွင့်ပေးဖို့လည်း တောင်းဆိုမယ်””
ထို့နောက်သူသည်
ထ၍ သူ့ဖခင်ထံသို့ပြန်ခဲ့သည်။ သို့သော်သူသည် သူ့ဖခင်နှင့် အလှမ်းဝေးသော နေရာ၌ ရှိနေစဉ်ပင်၊
သူ့ဖခင်သည် သူ့အားမြင်သွားပြီး သနားဂရုဏာသက်သဖြင့်၊ သူ့အားဆီးကြိုရန် ပြေး လာပြီး၊
သူ၏လည်ပင်းကို ဖက်၍ နမ်းခဲ့သည်။ Matt သည် သူအိမ်ဟောင်းနှင့် နီးရာသို့ရောက်လာချိန်တွင်
သူဖခင်သည် သူ့အားမြင်သွားပြီး ဤသို့ရေရွတ်ခဲ့သည်။ ““ဟိုမှာ ငါမြင်နေရာတာ Matt ဟုတ်တယ်
မဟုတ်လား။ သူ့နဲ့အတော်တူတာပဲ။ ဟုတ်ပြီး၊ သူပဲ သူ လမ်းလျှောက်တဲ့စတိုင်ကို ငါမှတ်မိတယ်။””
ဖခင်ဖြစ်သူသည်
Matt ဆီသို့ ပြေးသွားခဲ့ပြီး သူ့သားအား ဖက်ကာ အနမ်းမိုးရွာခဲ့သည်။ ထိုအချိန်၌ ပျောက်သော
သား သိသွားသောအရာ၂-ခုရှိသည်။ ပထမတစ်ခုမှာ သူသည် လွတ်လပ်စွာဖြင့် အပြည့်အ၀ ခွင့်လွှတ်ပေးခြင်း
ခံရကြောင်း ကို သိရှိခဲ့သည်။ ဒုတိယတစ်ခုမှာ သူသည် ချစ်ခြင်းနှင့်လက်ခံခြင်းကိုခံရ
ကြောင်းကို သိရှိခဲ့သည်။ သူ့ဖခင်ဟာ သူ့အပေါ် တွင် မည်သို့သဘောထားလဲဆိုတာကို သိရှိခဲ့သည်။
သူသည် သူ့ဖခင်၏ နှလုံးသားအား သိရှိနားလည်ခဲ့သည်။ သူ့ဖခင် သည် သူ၏အပြုအမူအားဖြင့် ဤသတင်းစကားကို
သူ့သားအားပေးခဲ့သည်။ ““ငါမင်းကိုချစ်တယ်။ မင်းပြန်လာတဲ့ အတွက် ငါအရမ်းဝမ်း မြောက်တယ်။””
သင်သည် ဘုရားသခင်ထံသို့ နောင်တတရားနှင့် ယုံကြည်ခြင်းတို့ဖြင့် ပြန်လာပါက သူသည် သင့်အားအထက်ပါပုံစံအတိုင်း ကြိုဆိုလက်ခံလိမ့်မည်။
သူသည် သင့်အား အနမ်းမိုးရွာမည်။ သင်၏အပြစ်များ အားလုံး သည် လွတ်လပ်စွာဖြင့် အပြည့်အ၀လွှတ်ခြင်းကိုခံရသည်။
ယုံကြည်သူတိုင်းက ဤသို့ပြောနိုင်သည်။ ““ခရစ်တော် ကြောင့် ဘုရားသခင်က ငါ့အပြစ်တွေအားလုံးကို
ခွင့်လွှတ်ပေးတယ်”” သင်သည် အပြစ်လွှတ်ခြင်းခံရရုံမက၊ ဘုရားသခင် က သင့် အပေါ်တွင် မည်သို့သဘောထားသည်ကိုလည်း
သိနိုင်သည်။ သူ့သဘောထားမှာ သူသည် သင့်အား စိတ်နှလုံး အကြွင်းမဲ့ချစ်သည်ပင် ဖြစ်သည်။
ဘုရားသခင်သည်
သင့်အား သူ့နှလုံးသားအတွင်းသို့ ခေါ်သွင်းပုံမှာ ပျောက်သောသား၏ဖခင် က သူ့သားအား ဖက်ပြီး
သူ့နှလုံးသားအတွင်းသို့ ခေါ်သွင်းထည့်ပုံမျိုးပင်ဖြစ်သည်။ ဘုရားသခင်က သင့်အား ““ငါမင်းကိုချစ်တယ်၊
ငါမင်းကိုချစ်တယ်၊”” ဟုပြောနေသည်။
မစောင့်ဆိုင်းပါနှင့်။
ဘုရားသခင်သည်
ကျွန်ုပ်တို့အား မည်မျှချစ်ကြောင်းနှင့် သူထံသို့ပြန်လာသောအခါ မည်သို့မည်ပုံ ကြိုဆိုမည်
ဖြစ်ကြောင်းကို သိနိုင်ရန်အတွက် ယေရှုက အထက်ပါပုံဥပမာအား ပြောပြခဲ့ခြင်းဖြစ်သည်။ ယခု
မေးရမည့် မေးခွန်းမှာ သင် ယခုဘယ်မှာနည်း? ခမည်းတော်၏အိမ်နှင့် ဝေးကွာလှသောနိုင်ငံတစ်နိုင်ငံတွင်
သင်ရှိနေသလော? သူ့အိမ်ရှိရာသို့ ဘာကြောင့် မပြန်လာသနည်း?
သင်သည်
ဆိုးဝါးသောအပြစ်နွံအတွင်းသို့ ကျရောက်ခဲ့ကောင်းကျရောက်ခဲ့မည်။ သင်၏အသက်တာကို တည့်မတ်အောင်
လုပ်ပြီးမှသာ ဘုရားသခင်ထံသို့ ပြန်သွားနိုင်မည်ဟု စာတန်က သင့်အား ပြောနေမည်။ စာတန်၏
စကားမှာ မုသားသာဖြစ်သည်။ သင်၏လက်ရှိအနေအထား၊ ဘ၀၌ပင် သူ့ဆီပြန်လာဖို့ ဘုရားသခင်က ပြောနေသည်။
သင်သည် ကယ်တင်ခြင်းခံရပြီဟု သင်ထင်သော်လည်း
မသေချာပါက ဤကိစ္စအား ယခုပင် ဖြေရှင်းပါ။ သင်သည် ခရစ်တော်အား သင်၏ကယ်တင်ရှင်အဖြစ် အစောပိုင်းက
လက်ခံခဲ့သော်လည်း၊ သူ့ အတွက် အသက်ရှင်
မနေခဲ့ပါ။ သင်သည်
ဘုရားသခင်ထံသို့ ပြန်လာလိုသော်လည်း၊ သူက သင့်အားမည် သို့ ကြိုဆိုလက်ခံမည်ကို သင် စဉ်းစားနေလိမ့်မည်။
နောက်ထပ်မစောင့်ပါနှင့်၊ ယခုလက်ရှိ သင့်ဘ၀၌ပင် သူဆီသို့ပြန်လာပါ။ ဘုရားသခင်ဟာ သင် ထင်ထားတာထက်
ပိုပြီး ကြင်နာ၍ မေတ္တာနှင့် ပြည့်ဝသည်ကို သင်သိရှိလာလိမ့်မည်။ သူသည် သင့်အား ၀မ်းမြောက်
စွာဖြင့် ကြိုဆိုလိမ့်မည်။ သင့်အပေါ်တွင် ထားရှိသော ဘုရားသခင်၏ မေတ္တာတော်နှင့် ခွင့်လွှတ်ခြင်းမှာ
ထိုကဲ့သို့ပင် ဖြစ်သည်။ သင်သည် ကောင်းကောင်းဆု တောင်းတတ်စရာမလိုပါ။ သင့်နှလုံးသားမှလာသော
ရိုးရှင်းသော စကား ကိုသာ ဘုရားသခင်ကြားလိုသည်။ ဤသို့ပင် ပြောနိုင်သည်။ ““အဖဘုရားသခင်၊
ကျွန်ုပ်ဟာ အဖအား ဆန့်ကျင်လျက်၊ ဒုစရိုက်ကို ပြုမိပါပြီ။ ကျွန်ုပ်ဟာ တကိုယ်ကောင်းဆန်ပြီး
ပုန်ကန်နာမခံတက်သောသူတဦး ဖြစ်ခဲ့သည်။ ယခုကျွန်ုပ်သင့်ဆီသို့ ပြန်လာပါပြီ။ ကျွန်ုပ်ဟာ
သခင်ယေရှုအား ကျွန်ုပ်၏ကယ်တင်ရှင်နှင့် သခင်အဖြစ် လက်ခံယုံကြည် ပါသည်။
မေးခွန်းများ
၁။ ကျွန်ုပ်ပေါ်ရှိ
အကြီးမြတ်ဆုံးသောအချစ်ဇာတ်လမ်းအား ကျမ်းစာထဲတွင် တွေ့ရှိရသည်။ ကျွန်ုပ်တို့ အပေါ်တွင်
ထား ရှိသော ဘုရားသခင်၏ မေတ္တာတော်အကြောင်းပင်ဖြစ်သည်။
၂။ တကိုယ်ကောင်းဆန်၍
မိမိအလိုအတိုင်း လုပ်လိုသောစိတ်ဆန်္ဒသည် ဇာတိသဘောကြောင့် လူတိုင်း၏နှလုံးသား ထဲတွင်
ရှိပြီး ဤသို့သောစိတ်ဆန္ဒသည် ကျွန်ုပ်တို့ပြသနာများ၏ ဇစ်မြစ်ပင်ဖြစ်သည်
၃။ ယေရှုခရစ်သည် ကျွန်ုပ်တို့အပြစ်များ၏
အဖိုးအခကို ပေးခဲ့သောကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ၏ ကယ်တင်ရှင် အဖြစ် ခရစ်တော်အား
ယုံကြည်လက်ခံပါက ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်စွာ အပြစ်လွှတ်ပေးနိုင်သည်။
၎။ ““ဒုတိယမွေးခြင်းကိုခံခြင်း””ဆိုသည်မှာ
ဝိညာဉ်ရေးအရ နောက်တစ်ကြိမ်မွေးဖွားခြင်းအားဖြင့် ဘုရားသခင်၏ မိသားစု အတွင်းသို့ ၀င်ရောက်သွားခြင်းကို
ဆိုလိုသည်။ ဒုတိယအကြိမ် မွေးဖွားနိုင်ရန် အတွက်၊ ကျွန်ုပ်တို့အပြစ်များအတွက် နောင်တရ,
ရမည်ဖြစ်ပြီး သခင်ယေရှုအား ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် လက်ခံရမည်။
၅။ နောင်တရခြင်းဆိုသည်မှာ
ကျွန်ုပ်တို့၏အပြစ်များအတွက် ၀မ်းနည်းငိုကြွေးခြင်းဖြစ်သည်။
၆။ နောင်တရခြင်းဆိုသည်မှာ
နောက်ပြန်လှည့်ခြင်းဖြစ်သည်။ နောင်တရခြင်းအားဖြင့် သင့်စိတ်နှလုံး၏ သဘောထား ပြောင်းလဲသွားပြီးနောက်
သင်၏လုပ်ဆောင်မှုအပြုအမူများလည်း ပြောင်းလဲသွားသည်။
၇။ ကောင်းလေး၏ စိတ်နှလုံး၏သဘောထား
ပြောင်းသွားခြင်း၏ရလဒ်ဖြစ်သော ခိုးတတ်သော အကျင့်ပျောက်သွားခြင်းမှာ သူ့အဖွားက သူ့အားအလွန်ချစ်ပြီး
သူ့အတွက် ဝေဒနာခံစားခဲ့ကြောင်း ကို သိရှိနားလည်သွားသောကြောင့်ဖြစ်သည်။
၈။ ခရစ်တော်က ကျွန်ုပ်တို့အား
မည်မျှချစ်ပြီး ကျွန်ုပ်တို့အတွက် ကြီးစွာသော ဝေဒနာ ခံစားခဲ့ခြင်းကို နားလည်သိရှိချိန်၌
ကျွန်ုပ်တို့၏ စိတ်နှလုံး၏သဘောထား ပြောင်းလဲသွားမည်ဖြစ်ပြီး သဘော ထားပြောင်းလဲသွားခြင်း၏
ရလဒ်အနေဖြင့် ကျွန်ုပ်တို့လုပ်ဆောင်မှုနှင့် အပြုအမူများသည်လည်း ပြောင်းလဲသွားမည်ဖြစ်သည်။
၉။ ဖခင်သည် သူ့ဆီသို့ပြေးလာပြီး
သူ့အားဖက်ကာ အနမ်းမိုးရွာသောအခါ၊ သူ့ဖခင်သည် သူ့အား လွတ်လပ်စွာဖြင့် အပြည့်အ၀ ခွင့်လွှတ်လိုက်ကြောင်းနှင့်
သူ့အားချစ်ခင်မြတ်နိုးစွာဖြင့် လက်ခံ ကြောင်းကို ပျောက်သောသားသည် သိရှိနားလည်သွားခဲ့သည်။
၁၀။ သင်သည် ဆိုးဝါးသော
အပြစ်နွံတွင်းသို့ ကျဖူးပါက၊ ဘုရားသခင်ထံသို့ ပြန်မလာမီ သင်၏ အသက်တာအား တည့်မတ်အောင်အရင်လုပ်ရမည်။
ရဲလင်းထွန်း (အင်းစိန်)
0 comments:
Post a Comment