HCF

HCF MYANMAR IN SINGAPORE

Wednesday, August 28, 2013

ခေတ်ကာလကြီးများကိုလေ့လာခြင်း

                                                သင်ခန်းစာ (၂၉)

နိဒါန်း
            သမ္မာကျမ်းစာလေ့လာရာတွင် သမ္မာကျမ်းစာ၏ မူလစကားလုံးကိုပြောင်းလဲစေခြင်းမပြုလျှင် (သို့မဟုတ်) ဆိုလိုရင်းကို မပြောင်းလဲစေလျင်၊ နားလည်လွယ်သောသဘော၊ ပို၍လွယ်သောအဓိပ္ပါယ်ဖြင့် လေ့လာနိုင်ပါသည်။ သမ္မာကျမ်းစာ ကို ခေတ် ကာလအပိုင်းအခြားအလိုက် ခွဲခြားလေ့လာရာတွင်လည်း ဝေဖန်သူများရှိပါသည်။ အထူး သဖြင့် Liberal ခေါ် လူတို့၏ဥာဏ်ဖြင့် အနက်ဖွင့်လိုသူများ၊ အနှစ်တထောင်မရှိဝါဒီများ၊ ကတိတော်ဝါဒီများထံမှ ဝေဖန်မှု ခံရမည်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်များ၏ဝေဖန် ချက် များကိုလည်း ကြိုးစား၍ အဖြေပေးသွားပါမည်။

ခေတ်ကာလဖြင့် လေ့လာမှုကိုလက်ခံသူများသည် သမ္မကျမ်းစာကိုစကားလုံးအတိုင်း တိုက်ရိုက် အမြင် အတိုင်း လက်ခံကြသည်။ သမ္မာကျမ်းစာကို ခေတ်ကာလခွဲခြား၍ လေ့လာခြင်းအားဖြင့် သမ္မကျမ်းစာကို မလွဲမသွေ ပိုမို နားလည် စေနိုင်သည်ဟုလည်း ယုံကြည်လက်ခံထားပါသည်။
            သမ္မာကျမ်းစာကို စကားလုံးအတိုင်း လက်ခံသူများ၊ မမှားနိုင်သောနှုတ်ကပတ်တော်အဖြစ် လက်ခံသူများနှင့် ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းကို အနှစ်တစ်ထောင်ကာလမတိုင်မီ ဘေးဒဏ်ကြီးကာလမတိုင်မီ ဖြစ်သည်ဟု ယုံ ကြည်သူများအတွက် ဤသင်ခန်းစာတွင် ခေတ်ကာလအလိုက် ခွဲခြား လေ့လာခြင်းအားဖြင့် ပိုမိုနားလည်နိုင်စေရန် ပြင်ဆင် ထားပါသည်။

ဤသင်ခန်းစာအရေးကြီးပုံ
            ဘုရားသခင်သည် မိမိ၏ သမ္မာတရားတော်ကို ခေတ်ကာလအလျောက်အဆင့်ဆင့်ဖော်ပြသည်ဖြစ်၍ အာဒံ၊ နောဧ၊ အာဗြဟံ၊ မောရှေနှင့်ပရောဖက်များတို့သည် သမ္မာတရားအားလုံးကိုမသိရှိခဲ့။ ခရစ်တော်၌သာ သမ္မာတရား၏ ပြည့်စုံစွာ ဖော်ပြမှုရှိလျက်၊ ဓမ္မသစ်ကျမ်းတွင်ပြည့်စုံသည်ဟူသော အတွေးအခေါ်သည် ခေတ်ကာလသမားများ၏ အမြင် ဖြစ်ပါသည်။ ခေတ်ကာလကို အလွန်အကျွံအသုံးပြုခြင်းကြောင့် တစ်ဖက်စွန်းရောက်သော ရပ်တည်ချက်များ ပေါ်ပေါက် လာစေတတ်သည်ကိုလည်း သတိပြုလျက်ပင်၊ အလွန်အကျွံမဟုတ်၊ လိမ္မာစွာ အချိန်အဆတစ်ခုဖြင့် ခေတ် ကာလကို အခြေခံ၍ လေ့လာခြင်းသည် သမ္မာကျမ်းစာအား အသက်ရှင်သောစာအုပ်ဖြစ်စေလျက် ပိုမို ရှင်းလင်းစွာ နားလည် စေနိုင်ပါသည်။ ဤ သင်ခန်းစာကို လေ့လာခြင်းအားဖြင့် ခရစ်တော် ဒုတိယအကြိမ် ကြွလာတော်မူမည့် ကာလသည် အနှစ်တစ်ထောင်စိုးစံခြင်း မပြုမီ ဘေးဒဏ်ကြီးကာလ မရောက်မီ ဖြစ်ကြောင်းကို သမ္မာကျမ်းစာသည် ဖော်ပြထားကြောင်း သံသယမရှိ။ အခိုင်အမာ ယုံကြည်လက်ခံလာစေမည် ဖြစ်ပါသည်။ ဝေဖန်သူများဖြစ်စေ၊ ထောက် ခံသူများ ဖြစ်စေ၊ ခေတ်ကာလကို ပိုင်းခြားခြင်းသည် အသင်းတော်တွင် အရေးကြီးသောအပိုင်း၌ ပါဝင်ကြောင်း ကို ၀န်ခံကြလျက် ယနေ့ အသင်းတော်သည်လည်း အမှန်ပင်ရှိနေသေးကြောင်း သဘောတူကြပါသည်။

သင်ခန်းစာ
၁။         ခေတ်ကာလအတွေးအခေါ်ဆိုသည်မှာ အဘယ်နည်း။
အဖြေ။   သမ္မာကျမ်းစာသင်ကြားပို့ချရာတွင် အသုံးပြုသောစနစ်တစ်ခု ဖြစ်ပါသည်။ ထိုအတွေးအခေါ်တွင် -
            (၁)        အာဒံမှခရစ်တော်တိုင်အောင် ဘုရားသခင်ဖော်ပြတော်မူသော သမ္မာတရားသည် အဆင့်ဆင့် တဖြည်းဖြည်းတိုးတက်လျက် ဓမ္မဟောင်းကျမ်းကိုရေးသားသူများ သို့မဟုတ် ပရောဖက်များသည် ပင်လျင် ဘုရားသခင်၏သမ္မာတရား အာလုံးကို မသိရှိရ။
            (၂)        ခေတ်အမျိုးမျိုး၊ ဒေသအမျိုးမျိုးတွင် ဘုရားသခင်သည် ထိုခေတ်ဒေသနှင့် လူကိုလိုက်၍ သမ္မာ တရား ကို အဆင့်ဆင့် ဖော်ပြတော်မူသည်။

၂။         ခေတ်ကာလ အပိုင်းအခြားဆိုသည်မှာ အဘယ်နည်း။
            (က)      ခေတ်ကာလအပိုင်းအခြား Dispensation သည် လက်တင်ဘာသာ Dispensatio မှဆင်းသက် လာ၍ အဓိပ္ပါယ်မှာ ဖြန့်ဝေနေသည်။ ဆက်ဆံနေသည်။ အုပ်ချုပ်စီမံနေသည်။ ဖြန့်ဝေနေသည်။ အစီအစဉ် ချမှတ်နေသည်ဟု ဆိုလိုပါသည်။ တစ်နည်းအားဖြင့် ခေတ်ကာလအပိုင်းအခြား ဆိုသည် မှာ တစ်စုံတစ်ခုသော လိုအပ်ချက်အတွက် (သို့မဟုတ်) မလိုအပ်ချက်အတွက် စီမံခန့်ခွဲ ပေးခြင်း ဖြစ်ပါသည်။
            (ခ)        Webster ၏အဘိဓာန်အရ a dispensing, a divine order ဖြစ်ပါသည်။
            (ဂ)        Oxford အဘိဓာန်အရ ခေတ်ကာလအပိုင်းအခြားဆိုသည်မှာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏လို အပ်ချက်နှင့်အညီ အဆင့်ဆင့်ဖော်ပြကျင့်သုံးသော အခြေအနေဖြစ်ပါသည်။ ထိုစနစ် (သို့မဟုတ်) ထို စနစ်ကို အသုံးပြုသောခေတ်ကိုလည်း ခေါ်ဝေါ်ပါသည်။
            (ဃ)      C.I Scofiold အလိုအရ ခေတ်ကာလအပိုင်းအခြားဆိုသည်မှာ တစ်စုံတစ်ခုသော ဘုရားသခင်၏ အလိုတော်အတွက် လူတို့၏ နာခံမှုကို စမ်းသပ်ကျင့်သုံးသည့် အချိန်ကာလ ဖြစ်ပါသည်။ ခေတ်ကာ လများသည် ဆက်စပ်မှုပုံစံဆိုင်ရာ အလိုတော်ကိုဖော်ပြခြင်းဖြစ်ရာ ခေတ်တစ်ခေတ်နှင့် စပ်ဆိုင် သော ကယ်တင်ခြင်းရရှိစေမည့် သီးသန့်နည်းလမ်း မဟုတ်ပေ။
            (င)        Dr. Graham Scroggie အလိုအရဘုရားသခင်သည် ခေတ်တစ်ခေတ်၊ အခြေအနေ တစ်ရပ်အ တွက် ဆက်ဆံမှုနည်းလမ်းတစ်မျိုးစီ ချမှတ်ထားသော်လည်း အားလုံးတို့သည် တစ်ဆက်တည်းဖြစ် လျက် အဆုံးသတ်တစ်ခုတည်းသာဖြစ်ပါသည်။
            (စ)        Dr.Harry Ironside က ခေတ်ကာလအပိုင်းအခြားဆိုသည်မှာ ခေတ်တခေတ်အတွက် ထူးခြား သောအခြေအနေအရ ဖော်ပြထားသောအရာဖြစ်လျက် အခြားခေတ်ကာလတွင် ဖော်ပြထားခြင်း မပြုပါ။
            (ဆ)      ဝေဖန်သုံးသပ်သူများ၏အဆိုအမိန့်များ မည်သို့ပင်ကွဲလွဲနေသော်လည်း ခေတ်ကာလအပိုင်းအခြား သည် သမ္မာကျမ်းစာပါ အကြောင်းအရာများကို ခေတ်ကာလအလိုက်ပိုင်းခြား၍ လေ့လာခြင်းဖြစ်ပါ သည်။ ထို့ကြောင့်သမ္မာကျမ်းစာကို လေ့လာသူတို့သည် ထိုခေတ်ကာလဖော်ပြချက်အရ လူတို့ တာ ၀န် စောင့်စည်းရမည့်အပိုင်းများကို ရှင်းလင်းစွာ သဘောပေါက်နိုင်မည် ဖြစ်ပါသည်။ ထိုအချိန် ပိုင်းခြားမှု ကို ခေတ်ကာလအပိုင်းအခြားဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။

၃။         ခေတ်ကာလအပိုင်းအခြားဝေါဟာရကို သမ္မာကျမ်းစာတွင်အသုံးပြုထားပုံ။
            (က)      “Oikonomeo” ကြိယာပုံစံကို လု၊ ၁၆း၂ တွင်ဘဏ္ဍာထိန်းခြင်းနှင့်ပတ်သက်၍သုံးထားပါသည်။
            (ခ)        “Oikonomos” နာမ်ပုံစံကို တိ၊ ၁း၇။ ၁ ကော ၄း ၁ တွင်အသုံးပြုထားပြီး “ဘဏ္ဍာစိုး” ဟုဘာသာပြန်ထားပါသည်။
            (ဂ)        “Oikonomia” နာမ်ပုံစံကို ၁ ကော၊ ၉း၁၇၊ ကော၊ ၁း၂၅။ ဧ၊ ၃း၂ တို့တွင် အသုံးပြုထားပြီး သာသနာ၊ အမှုတော် စသည်ဖြင့် ဘာသာပြန်ထားပါသည်။
            (ဃ)      ခရစ်တော်သည် ပုံဥပမာနှစ်ခုတို့တွင် ထိုစကားလုံးကို သုံးထားပါသည်။ လု၊ ၁၂း၄၂။ လု၊ ၁၆း၁၊၃၊၈။ ထိုဥပမာ နှစ်ရပ်လုံးတွင်သူတစ်ပါး၏ဘဏ္ဍာကိုထိန်းရခြင်းတာဝန်ယူရခြင်း၊ အုပ်ချုပ်စီမံရခြင်း၊ စီမံ ခန့်ခွဲရခြင်းနှင့်ဆက်စပ်လျက်ရှိပါသည်။
            ( င)       တမန်တော်ကြီးရှင်ပေတရုသည် ၁ပေ၊ ၄း၁၀ တွင်ထိုစကားလုံးကိုသုံးခဲ့ပါသည်။ “ဘုရားသခင်၏အ ထူးထူးအပြားပြားသောကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့” ဟုတွေ့ရပါသည်။
            (စ)        ရှင်ပေါလုသည် ခေတ်ကာလအပိုင်းအခြားနှင့်ပတ်သက်၍သွန်သင်ခဲ့ပါသည် -
                        (၁)        ဘုရားသခင်၏နက်နဲသောအကြောင်းအရာကိုဖော်ပြခြင်းခံရသောဘဏ္ဍာစိုး၌သစ္စာရှိရန် လိုအပ်ကြောင်း။ ၁ကော၊ ၄း၁-၂။
                        (၂)        အချိန်ကာလနှင့်ဆက်စပ်မှုရှိကြောင်းနှင့်အချိန်ကာလသည် အဆုံးအဖြတ်ပေးကြောင်း။ ဂလ၊ ၄း၂-၄။
                        (၃)        ခေတ်ကာလအပိုင်းအခြားများသည် သီးခြားခေတ်ကာလနှင့်သာသက်ဆိုင်သည်။ ဧ၊ ၃း၂-၆။
                        (၄)        ခေတ်ကာလအပိုင်းအခြားနှင့် ကမ္ဘာ့ခေတ်ကာလများသည် ဆက်စပ်လျက်ရှိပါသည်။ ဧ၊ ၃း၉။
                        (၅)        သာသနာနှစ်ပါးကို အထင်အရှားသွန်သင်ထားရာ ထိုသွန်သင်မှုနှစ်ရပ် ဧ၊ ၁း၁၀ နှင့် ဧ၊ ၃း၂ တွင် သွန်သင်ထားချက်များသည် ခေတ်ကာလအပိုင်းအခြားကို ယုံကြည်သွန်သင် သူများ နှင့် အတူတူပင်ဖြစ်ပါသည်။
                        မှတ်ချက်။ သမ္မာကျမ်းစာသည် ခေတ်ကာလအပိုင်းအခြား (၇)ခုရှိသည်ဟု တိကျစွာဖော်ပြထားခြင်း မပြုသော်လည်း၊ ရှင်ပေါလု၏သွန်သင်ချက်များအရ ပေါ်လွင်ထင်ရှားလျက်ရှိပါသည်။

၎။         ခေတ်ကာလအပိုင်းအခြားများ၏လက္ခဏာများ။ ခေတ်ကာလအပိုင်းအခြားတစ်ခုတွင် ထင်ရှားသောလက္ခဏာ (၅)ခုရှိပါသည်။
            (က)      လူတို့ကျင့်ကြံပြုမူရန်နှင့်ပတ်သက်၍ ဘုရားသခင်၏အလိုတော်သည် သမ္မာတရား၏အစိတ်အပိုင်း အဖြစ် လူတို့၌ထင်ရှားလာလျက်၊ ထိုဖော်ပြချက်သည်လည်း သီးခြားပေါ်လွင်သည်။
            (ခ)        လူတို့စောင့်ထိန်းရမည့်ကဏ္ဍ၊ လူတို့၏တာဝန် (သို့မဟုတ်) ဘုရားသခင်ဖော်ပြတော်မူသောဖော်ပြ ချက်အပေါ် လူတို့နာခံရမည့်ပုံစံ ဖော်ပြထားပါသည်။ လူသည် တိကျသောစမ်းသပ်မှုတစ်ခုကို ရင်ဆိုင် ရသည်။
            (ဂ)        ထိုစမ်းသပ်ခြင်းကာလ၊ ဖော်ပြတော်မူခြင်းကာလသည်လည်း သီးခြားပေါ်လွင်လျက်ရှိသည်။
            (ဃ)      လူတို့သည် ထိုသတ်မှတ်ချက်ကို ပြည့်မီရန်မတတ်နိုင်။ ဆုံးရှုံးခဲ့ကြောင်းမှတ်တမ်း။
            (င)        ထိုဆုံးရှုံးမှု (မလိုက်နာမှု) အပေါ်ဘုရားသခင်၏အဆုံးအဖြတ် တရားစီရင်ချက်။
            မှတ်ချက်။
            (၁)        ခေတ်ကာလအပိုင်းအခြားများသည် သာမန်ခေတ်၊ သာမန်ကာလ မဟုတ်ပါ။ ကယ်တင်ခြင်းရရှိရန် နည်းလမ်းအမျိုးမျိုး မဟုတ်ပါ။ ထိုခေတ်ကာလအပိုင်းအခြားများသည် ဘုရားသခင်၏အလိုတော် ဖော်ပြခြင်းနှင့်လူတို့အား ထိုအလိုတော်နှင့်ပတ်သက်၍ တာဝန်သစ်ချမှတ်ပေးခြင်း ဖော်ပြ တော်မူ ချက်ကို လူတို့နာခံခြင်းအကြောင်းကို သမ္မာကျမ်းစာက မှတ်တမ်းတင်ထားသော ထိန်းချုပ် စီမံ ခန့်ခွဲ ရေး မှတ်တမ်းဖြစ်ပါသည်။ ဤခေတ်အဆင့်ဆင့်တို့မှာ အခြားသောခေတ်ကာလများနှင့် ခြားနား လျက်၊ သိမှတ်ခွဲခြားရန် လွယ်ကူလှပါသည်။
            (၂)        သမ္မာကျမ်းစာကို အလေးထား လေ့လာသူတို့သည် ဤခေတ်အပိုင်းအခြားများကို ပိုမိုလေ့လာ တွေ့ရှိ မည်ဖြစ်ပါသည်။ သမ္မာကျမ်းစာကိုနားလည်နိုင်ရန် ပညတ်တရားနှင့်ကျေးဇူးတော်တရားတို့၏ ခြားနားချက်၊ ဣသရေလလူမျိုးနှင့်အသင်းတော်တို့၏ခြားနားချက်၊ အာဗြဟံအား ပေးထားသော ကတိတော်များနှင့်ဓမ္မသစ်ကျမ်းပါ ယုံကြည်သူတို့အား ပေးထားသောကတိတော်များ စသည်တို့ကို ခွဲခြားသိရှိရမည် ဖြစ်ပါသည်။
            (၃)        ခရစ်တော်သွန်းတော်မူခဲ့သောအသွေးတော်သည် လုံလောက်သောပူဇော်သက္ကာဖြစ်လျက် ယုဒဘာ သာထုံးစံနှင့်အညီ ယဇ်ပလ္လင်ပေါ်တွင်ပူဇော်သက္ကာထပ်မံ၍ ပူဇော်ခြင်းမပြုသူ၊ စနေနေ့တွင် ဘုရားသခင်အား ကိုးကွယ်ခြင်းပြုရမည့်အစား တနင်္ဂနွေနေ့တွင်ကိုးကွယ်ခြင်းကို ပြုသောသူ အားလုံးတို့သည် ခေတ်ကာလအပိုင်းအခြားကို လက်ခံသူများဖြစ်သည်ဟု သတ်မှတ်နိုင်ပါသည်။
            (၄)        ခေတ်ကာလအပိုင်းအခြားနှင့်ကမ္ဘာ့ခေတ်ကြီးများတို့သည် တိုက်ဆိုင်စွာ ဖြစ်ပေါ်ကြောင်းတွေ့ရှိရ မည်ဖြစ်ပါသည်။ ဧ၊ ၃း၉။

၅။         အဆင့်ဆင့်ဖော်ပြတော်မူခြင်းနှင့်ခေတ်ကာလအပိုင်းအခြားတို့၏ဆက်စပ်ပုံ။
            (က)      သမ္မာကျမ်းစာသည် သမ္မာတရားကိုအပြည့်အစုံဖော်ပြခြင်းမဟုတ်၊ ခေတ်ကာလအလျောက်အဆင့် ဆင့် ဖော်ပြထားသောသမ္မာတရားကို အပြည့်အစုံမှတ်တမ်းတင်ခြင်း ဖြစ်သည်ဟု ခေတ်ကာလ အပိုင်းအခြားကို လက်ခံသူများက မှတ်ယူသည်။
            (ခ)        ခေတ်ကာလအပိုင်းအခြားအလိုက် သမ္မာကျမ်းစာကိုလေ့လာခြင်းအားဖြင့် ခေတ်ကာလအလိုက် အ ဆင့်ဆင့် ဖော်ပြထားမှုကို တိကျစွာ သိရှိနိုင်စေသည်။
                       
သရုပ်ဖော်များ။
                        (၁)        ပေါလုက“ဘုရားသခင်သည် မိုက်မဲသောအချိန်ကာလတို့ကို အမှုမထားဘူးသော်လည်း၊ ယခုမှာ ကိုယ့်အပြစ်ကိုယ်မြင်၍နောင်တရကြလော့” ဟု အာရေတောင်ပေါ်တွင် ထုတ်ဖော် ပြောကြားခဲ့ ပါသည်။ (တ၊ ၁၇း၃၀)
                        (၂)        ယော၊ ၁း၁၇။ “အကြောင်းမူကား ပညတ်တရားကို မောရှေလက်ထက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့်သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။
                        မှတ်ချက်          ခေတ်ကာလအပိုင်းအခြားများကို ယုံကြည်သူမဟုတ်သည့် ကျမ်းတတ်ပုဂ္ဂိုလ် Bernard Ramm ကဤသို့ရေးထားပါသည်။ “ခေတ်ကာလအပိုင်းအခြားကို ယုံကြည်သူ တို့၏လေ့လာမှုကြောင့် ခေတ်ကာလအလိုက် အဆင့်ဆင့်ဖော်ပြထားခြင်းများကို ပိုမို ထင်ရှား၍ တွေ့မြင်ရပြီး ဖြစ်ပါသည်။
                        (ဂ)        တစ်စုံတစ်ခုသောခေတ်ကာလအတွက် ပေးထားသော ဘုရားသခင်ဖော်ပြတော်မူသည့် သမ္မာတရားသည် ထိုခေတ်ကုန်ဆုံးချိန် (သို့မဟုတ်) ခေတ်ပြောင်းသွားချိန်တွင် သမ္မာ တရား အဖြစ်မှ ရွေ့လျှော့သွားခြင်း မရှိပါ။ ဖေါ်ပြပြီးသော သမ္မာတရားကို ဆက်လက် ထပ်ဆင့်ခြင်း၊ ဆက်လက်၍ဖြည့်စွက်ခြင်းသာ ဖြစ်ပါသည်။ ဥပမာ အားဖြင့် ကိုယ့်ကိုယ်ကို သိသော အသိစိတ် အုပ်စိုးသောခေတ်ကာလ မဟုတ်တော့သော်လည်း ယနေ့တိုင်အောင် ထိုသမ္မာတရားသည် တည်ရှိဆဲပင်ဖြစ်ပါသည်။ ရော၊ ၂း၁၅၊ ၉း၁-၂။ ၂ ကော၊ ၁း၁၂။ ၄း၂။ ပညတ် တရားသည်လည်း ယခုအခါ ပညတ်တရားခေတ် မဟုတ်သော်လည်း သမ္မာ ကျမ်းစာ၏မရှိမဖြစ်သောအရာအဖြစ် ဆက်လက်ရပ်တည်လျက်ယနေ့ တိုင်အောင် အကျိုး ကို ပေးလျက်ပင် ရှိနေပါသည်။ ၂တိ၊ ၃း၁၅-၁၇။ ရော၊ ၇း၇။ ၁၅း၎။ ဂလ၊ ၃း၁၉၊ ၂၄။ ၅း၁၈။

၆။         ဝေဖန်သုံးသက်ချက်များကိုပြန်ဖြေခြင်း။
            (က)      ခေတ်ကာလအပိုင်းအခြားဖြင့် လေ့လာခြင်းကိုလက်ခံသူများသည် ကယ်တင်ခြင်းရရှိရန် သမ္မာကျမ်း စာကယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရောက်သည့်နည်းအပြင် အခြား နည်းအမျိုးမျိုး ဖော်ပြထားသည်ဟု ယုံကြည်ကြောင်းဖြင့် အချို့ဝေဖန်သူများက ထင်မှတ် ထားပါ သည်။
            အဖြေ။   ဤအချက်မှာမမှန်ပါ။ ခေတ်ကာလအပိုင်းအခြားဖြင့် လေ့လာခြင်းကို လက်ခံသူ အမြောက်အမြား တွေ့ရှိရပါသည်။ သို့သော် ထိုသူများတွင် ဤသို့မိုက်မဲစွာယုံကြည်သူ မတွေ့ရှိရပါ။ ဘုရားသခင် သည် ယုံကြည်ခြင်းအပေါ်၌သာလျင် အခြေတည်၍ဖြောင့်မတ်ခြင်းကို ပေးပါသည်။ က၊ ၁၅း၁၆။ ဂလ၊ ၃း၆။ ဟေ၊ ၁၁း၇။ ၁၃း ၁၄-၂၈။
            (ခ)        ခေတ်ကာလအလိုက် ခွဲခြားလေ့လာခြင်းသည် သမ္မာကျမ်းစားကို ကွဲပြားမှုဖြစ်စေလျက် သမ္မာကျမ်း စာ၏ညီညွှတ်မှုကို ပျက်ပြားစေပြီး မလိုလားအပ်သောအကျိုးများကို ဖြစ်စေသည်ဟု စွပ်စွဲသူများ လည်း ရှိပါသည်။
            အဖြေ။   ခေတ်ကာလအပိုင်းအခြားကို လက်ခံသူများသည် သမ္မာကျမ်းစာ၏မမှားယွင်းနိုင်မှုကို၎င်း၊ စကား လုံးတိုင်းအား မှုတ်သွင်းတော်မူခြင်းကို၎င်း၊ လက်ခံယုံကြည်သည်။ သမ္မာကျမ်းစာကို အနက် ဖွင့်ရာ တွင်လည်း စာရိတ္တဆိုင်ရာတိုက်ရိုက်သွန်သင်မှုမဟုတ်လျင်၊ ကျမ်းစကားအပေါ်တွင် အခြေခံ၍ အနက်ဖွင့်ခြင်းကိုသာယုံကြည်ကြသည်။ အကယ်၍ ဤယုံကြည်ချက်မရှိပါလျှင် ခွဲခြားပိုင်း ခြား လေ့လာခြင်းသည် ကွဲပြားမှုဖြစ်စေနိုင်ပါသည်။ ထို့အပြင်ခေတ်ကာလအပိုင်းအခြားကို လက်ခံ သူများသည် ခရစ်တော် ဒုတိယအကြိမ် ကြွလာမည့်အချိန်သည် အနှစ်တစ်ထောင် ကာလ မတိုင်မီ၊ ဘေးဒဏ်ကြီးကာလ မတိုင်မီ ဖြစ်သည်ဟု ယုံကြည်ထားကြပါသည်။ ဤအမြင်ကို ငြင်းပယ်သူ အများရှိပြီး ကွဲပြားသော သဘောလည်းရှိပါသည်။
            (ဂ)        ကျမ်းတတ်ပုဂ္ဂိုလ်များသည် ပါရဂူဘွဲ့ကိုရရှိပြီးသောအခါ ခေတ်ကာလအပိုင်းအခြားမှအောင်မြင်၍ လွတ်မြောက်သွားကြောင်းဖြင့် အချို့တို့သည် အသိပညာနှင့် ဆက်နွယ်၍ဝေဖန်ထားပါသည်။
            အဖြေ။   ခေတ်ကာလအပိုင်းအခြားကို ယုံကြည်သူများတွင် ပါရဂူဘွဲ့ကိုလေ့လာသင်ယူထားသောပညာရှင် Fundamental အမြောက်အများ ရှိနေပါသည်။ အသိပညာတစ်ခုချင်းသည် မည်သူ့ကိုမျှ မည်သည့် ပညာတွင်တတ်ကျွမ်းမှုကို မပေးနိုင်ပါ။ မမှားနိုင်သောအဆင့်သို့ ရောက်ရှိစေရန်လည်း မတတ်နိုင်ပါ။
            (ဃ)      အချို့တို့သည် သမိုင်းရှုဒေါင့်မှနေ၍ ခေတ်ကာလအပိုင်းအခြားကို လက်ခံသူများအား တိုက်ခိုက် ကြပါသည်။ သမိုင်းအရကြည့်လျှင် နုနေသေးကြောင်း၊ John Nelson Darby မှစ၍တင်ပြပြီး Plymouth Brethren တို့က ထောက်ခံသည်။ Scofield Bible ကထောက်ခံသည်။ ဤယုံကြည်ချက်သည် မကြာသေူမီကမှ ပေါ်လာသောယုံကြည်ချက်ဖြစ်၍ ခေတ်သစ်အတွေးအခေါ် ဖြစ်ပြီး မှန်မမှန် သမိုင်းအရ စစ်ဆေးရန် စောသေးကြောင်း ပြောပါသည်။
            အဖြေ။   ကနဦးအသင်းတော်တွင် ကလေးသူငယ်များအား ဗတ္တိဇံပေးသောအခါ အသစ်သောမွေးဖွားခြင်း ရရှိသည်ဟူသော ယုံကြည်ချက်များကဲ့သို့ မှားယွင်းသောယုံကြည်ချက်များ ပေါ်ပေါက်ခဲ့ဘူးပါသည်။ ထိုကြောင့် အတွေးအခေါ်တခုသည် ရှေးကပေါ်ပေါက်ခဲ့ခြင်းနှင့် မကြာမီက ပေါ်ပေါက်ခြင်း အပေါ် မူတည်၍ အမှားအမှန်ခွဲခြား၍မဖြစ်နိုင်ပါ။ အတွေးအခေါ်၏မှန်ကန်မှုကို သမိုင်းဖြင့် မစစ်ဆေးပါ။ ယုံကြည်ချက်တစ်ခု၏မှန်ကန်မှုကို စစ်ဆေးရာတွင် သမ္မာကျမ်းစာ၏ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိမရှိကိုသာ အခြေတည်ပြီး စစ်ဆေးရမည် ဖြစ်ပါသည်။

၇။         ခေတ်ကာလ အပိုင်းအခြားများ၏ အချိန်ဇယားကို အောက်တွင် ဖော်ပြထားပါသည်။
            မှတ်ချက်။          ဇယားကို သေချာစွာလေ့လာပါ။ ဖော်ပြထားသောကျမ်းချက်အားလုံးကို ဖတ်ရှုပါ။ ဤပုံစံ တွင် လူအားပေးထားသောတာဝန်နှင့် ထိုခေတ်ကာလအတွက် ဖော်ပြထားချက်များကို ပြထားပါ သည်။ ဤနေရာတွင် ခုနှစ်ခုကိုဖော်ပြထားသော်လည်း ခေတ်ကာလအပိုင်းအခြားများကို လက်ခံသူ ဖြစ်လာစေရန် ခုနှစ်ပိုင်းလုံးလက်ခံရန် မလိုပါ။ အချို့အနေဖြင့်နှစ်ပိုင်း/ သုံးပိုင်း/ငါးပိုင်း လက်ခံ ထားပါသည်။ ထိုကဲ့သို့သော ခေတ်ကာလခုနှစ်ခု ထင်ရှားကြောင်း ဖော်ပြခြင်းသာ ဖြစ်ပါသည်။

၈။         ခေတ်ကာလအပိုင်းအခြားများဇယား။       
            မှတ်ချက်။       
                        ခေတ်ကာလအပိုင်းအခြားတစ်ခုအတွက်ဖော်ပြထားသော လက္ခဏာများနှင့် သက်ဆိုင်ရာကျမ်း ချက်များကိုဖော်ပြထားပါသည်။ ဇယားကိုသေချာစွာလေ့လာပြီးပေးထားသောကျမ်းချက်များအား လုံးဖတ်ပါ။

၁။ အပြစ်မဲ့ကာလ-ကမ္ဘာပြန်တည်သည်(က၊၁း၂၈)မှ အာဒံ ကျဆုံးသည်အထိ(က၊၃း၆)။
၂။ ကိုယ့်ကိုကိုယ်သိသောစိတ်ကာလ-ကျဆုံးခြင်း(က၊၃း၇)မှ ရေလွှမ်းမိုးခြင်းအထိ(က၊၈း၁၄)။
၃။ လူသားအစိုးရကာလ-ရေလွှမ်းမိုးခြင်း(က၊၈း၁၅)မှ အာဗြဟံ ကိုခေါ်ခြင်းအထိ(က၊၁၁း၃၂)။
၎။ ကတိတော်ကာလ-အာဗြဟံ ကိုခေါ်ခြင်း(က၊၁၂း၁)မှ ကညတ်တရားကိုပေးခြင်းအထိ(ထွက်၊၁၈း၂၇)။
၅။ ပညတ်တရားကာလ-ပညတ်တရားပေးခြင်း(ထွက်၊၁၉း၁)မှ လက်ဝါးကပ်တိုင်အထိ(ယော၊၁၉း၃၀)။
၆။ ကျေးဇူးတော် အသင်းတော်ကာလ-လက်ဝါးကပ်တိုင်(တ၊၂း၁။ဧ၊၁း၁၀။၃း၂)မှခရစ်တော်ကြွလာခြင်း(၁သက်၊၄း၁၇)
၇။ နိုင်ငံတော်ကာလ- ဒုတိယအကြိမ်ကြွလာခြင်း(ဗျာ၊၁၉း၁၁၊၂၀း၎)မှ ကောင်းကင်သစ်နှင့်မြေကြီးသစ်(ဗျာ၊၂၁း၂၂)။

ခေတ်ကာလအပိုင်းအခြားများ၏အချိန်ဇယား

ခေတ်ကာလ
အပိုင်းအခြားများ
လူ၏အခြေအနေ
ဘုရားသခင်၏ဖော်ပြ ချက်နှင့်လူ၏တာဝန်
လူ၏ဆုံးရှုံးမှု
ဘုရား၏စီရင်ချက်
အပြစ်မဲ့ကာလ
က၊ ၁း၂၈-၃း၆
က၊ ၁း၂၆
က၊ ၂း၁၇
က၊ ၃း၆-၉
က၊ ၃း၁၅-၁၉

ကိုယ့်ကိုကိုယ်သိသော
စိတ်ကာလ
က၊ ၄း၁-၈း၁၄
က၊ ၃း၂၂-၂၄
က၊ ၄း၇
က၊ ၆း၅
က၊ ၆း၁၇-၁၈။
၇း၁၁

လူသားအစိုးရ
က၊ ၈း၁၅-၁၁း၃၂
က၊ ၇း၁
က၊ ၉း၁
က၊ ၁၁း၁-၁၁
က၊ ၁၁း၅-၉

ကတိတော်
က၊ ၁၂း၁ မှ
ထွက်၊ ၁၈း၂၇
က၊၁၂း၁
က၊၁၂း၁၀၊ က၊၁၅း၁၇-၁၈၊ က၊၂၆း၁-၅။
ဂေါရှန်ပြည် က၊၄၇း၁-၅၀း၂၆
ထွက်၊၁း၁၃ ညှဉ်းဆဲခံရခြင်း။
ပညတ်တော်
ထွက်၊၂၀-ယော၁၉း၃၀
ထွက်၊၁၉း၎-၂၄
ထွက်၊ ၁၉း၅
၎ရာ၊၁၇း၇-၂၃
တရား၊၂၈း၆၃-၆၈
ကျေးဇူးတော်၊အသင်းတော် ယော၊၁၉း၃၀၊ ကားတိုင်မှ ၁သက်၊၄း၁၇၊ ချီဆောင်ခြင်း
လု၊၁၉း၁၀
ယော၊၁း၁၁-၁၂
၂တိ၊၃း၁-၅။
မ၊ ၂၄း၂၁
ချီဆောင်ခြင်း
ယော၊၁၄း၁-၃
၁သက်၊၄း၁၅-၁၈
၂သက်၊၂း၁-၈
ယေရ၊ ၃၀း၇
ဘေးဒါဏ်ကြီး
မ၊၂၄း၂၉၊
ဒံ၊၉း၂၄-၂၇၊ ၁၂း၁။
ဒံ၊၉း၂၄-၂၇၊ 
ဒံ၊ ၁၂း၁
ဗျာ၊ ၄-၁၈
နိုင်ငံတော် ဗျာ၊၁၉-၂၀
ကောင်းကင်သစ်မြေကြီးသစ် ဗျာ၊ ၂၁
တ၊ ၁၅း၁၆
ဟေရှာ၊၂း၂-၄ နှင့်
ဟေရှာ၊ ၁၁
ဗျာ၊၂၀း၇-၉
ဗျာ၊၂၀း၁၁-၁၅

၉။         ခေတ်ကာလ အပိုင်းအခြားအလိုက် လေ့လာခြင်း၏အကျိုးကျေးဇူး။
            (က)      “သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သောဆရာ” ဖြစ်စေခြင်းငှာ ကျမ်းစာကို ကြိုးစားအားထုတ် လေ့လာရန် ရှင်ပေါလုက တိမောသေအား တိုက်တွန်းထားပါသည်။ ၂ တိ၊ ၂း၁၅။ သမ္မာကျမ်းစာကို ခေတ်ကာလအပိုင်းအခြားအလိုက် လေ့လာခြင်းဖြင့် အခြေခံအဓိပ္ပါယ်နှင့် ထိုခေတ်က ရည်ရွယ် ချက်ကိုပါ သိရှိလျက် ထိရောက်စွာ နားလည်စေနိုင်ပါသည်။
            (ခ)        သမ္မာကျမ်းစာကို လေ့လာသူအနေဖြင့် အသင်းတော်အား ပေးထားသောကတိတော်များနှင့် အာဗြဟံ၊ ဒါဝိဒ်၊ ဣသရေလလူမျိုးတို့အား ပေးထားသောကတိတော်များကို ကွဲပြားခြားနားစွာ နားလည်ရန် အရေးကြီးပါသည်။ သမ္မာကျမ်းစာကို ခေတ်ကာလအပိုင်းအခြားအလိုက် လေ့လာ သောအခါ မည်သည့်ကတိတော်ကို မည်သူအားပေးထားကြောင်းကို သိရှိစေလျက် စိတ်တက်ကြွမှု ကို အလျှင်တစော မဖြစ်စေပါ။
            (ဂ)        အချို့သောခေတ်ကာလများတွင် ထူးခြားသောအခြေအနေအရ ဘုရားသခင်သည် သူ၏သမ္မာ တရားကို လူတို့အားစမ်းသပ်နိုင်ရန် သီးခြားတာဝန်နှင့်တကွ ဖော်ပြတော်မူကြောင်းကို ကွဲပြား ခြား နားစွာတွေ့ရှိနိုင်မည်ဖြစ်ပါသည်။ ဘုရားသခင်၏အလိုတော်နှင့်အကြံတော်ကို ခေတ်ကာလ အလိုက် လေ့လာမှသာ အခြား ခေတ်ကာလများနှင့်ကွဲပြားနေမှုကို သိရှိနိုင်မည် ဖြစ်ပါသည်။
            (ဃ)      ဓမ္မသစ်ကျမ်းနှင့် ဓမ္မဟောင်းကျမ်းတို့၏ခေတ်ကာလများ ခွဲခြားရန် လိုအပ်ကြောင်း သမ္မာကျမ်းစာ ပညာရှင်အားလုံးက သဘောတူလက်ခံထားကြပါသည်။ ခေတ်ကာလအလိုက် ပိုင်းခြားမှသာ ဤလိုအပ်ချက်ကို ပြည့်မီစေမည် ဖြစ်ပါသည်။
            (င)        ခေတ်ကာလအပိုင်းအခြားအလိုက် လေ့လာသူများသည် ဘုရားသခင်က အာဗြဟံအား ကတိထား တော်မူခဲ့သည်နှင့်အညီ အစ္စရေးနိုင်ငံသည် တည်ထောင်ဖြစ်ပေါ်လာလိမ့်မည်ဟူ၍ ၎င်း၊ ခရစ်တော် သည် “ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက် ယေရုရှလင်မြို့တွင် စိုးစံလျက် အနှစ်တစ် ထောင် ကာလအတွင်း မြေကြီးပေါ်တွင် အုပ်စိုးမည်ဟူ၍၎င်း၊ ယုံကြည်ပါသည်။ ထိုသူတို့အတွက် ဤအရာသည် လူ့သမိုင်း၏ပန်းတိုင်ဖြစ်သည်။ အနှစ်တစ်ထောင်ကာလ အယူအဆကို လက်မခံ သူ များနှင့် ကတိတော်ကိုယုံကြည်သော ကျမ်းတတ် (covenant theologians) များသည် ဤ အယူ အဆများကို ဆန့်ကျင်လျက် အကောင်းနှင့်အဆိုး ဒွန်တွဲနေမှုသည် ထာဝရကာလအတွက်ဟု ယုံကြည် ထားပါသည်။ ခေတ်ကာလအပိုင်းအခြားအလိုက် လေ့လာခြင်းသည်သာ လူ့သမိုင်းစဉ်၏ ပန်းတိုင်ကို အမှန် သိရှိစေပါသည်။

၁၀။       နိဂုံး     ခေတ်ကာလအပိုင်းအခြားအလိုက် သမ္မာကျမ်းစာကို လေ့လာခြင်းကို လက်ခံသူ Dispensation- alist ဆိုသည်မှာ -
            (က)      သမ္မာတရား၏ ဖော်ပြမှုသည် တစ်ဆင့်ပြီးတစ်ဆင့် အဆင့်ဆင့်ဖြစ်သည်ဟု ယုံကြည်သူဖြစ်သည်။
            (ခ)        သမ္မာကျမ်းစာသည် မူလ ပထမက နှုတ်တိုက်တစ်လုံးချင်း ပေးထားသောကျမ်းဖြစ်လျက် မမှားနိုင် ဟု ယုံကြည်သူဖြစ်သည်။
            (ဂ)        သမ္မာကျမ်းစာ၌ ရေးထားသောစကားလုံးအဓိပ္ပါယ်ထက်၊ ထပ်ဆင့်အဓိပ္ပါယ်ရှာဖွေခြင်း မပြုဘဲ
                       (Spiritualization) ပုံမှန်၊ သာမန်ရိုးရိုး အရှိအတိုင်း လက်ခံလျက် အနက်ဖွင့်သူများဖြစ်သည်။
            (ဃ)      လူ့သမိုင်းအစဉ်နှင့်ထာဝရကာလ၌ ဘုရားသခင်၏ရည်ရွယ်ချက်သည် ဘုန်းတော်ထင်ရှားရန်သာ ဖြစ်သည်ဟု ယုံကြည်သူများ ဖြစ်သည်။
                        သင့်မြတ်မှုရှိစေရန် သတိထားရမည့် အချက်တစ်ချက်ရှိပါသည်။ “Ultra-dispensationalist” ခေါ် တစ်ဖက်စွန်းရောက် ခေတ်ကာလ အလိုက်လေ့လာမှုကို လက်ခံသူများ ရှိပါသေးသည်။ ထိုသူတို့၏ ယုံကြည်ချက်ကြောင့် ခေတ်ကာလအလိုက် လေ့လာခြင်းကိုပင် လက်မခံသူများ ပေါ်ပေါက်လာစေ တတ်ပါသည်။ ဥပမာ- အချို့ခေတ်ကာလသမားများသည် ဓမ္မဟောင်းကျမ်းတစ်ခုလုံးကို အလေး မထား၊ တောင်ပေါ်ဒေသနှင့်ရှင်မဿဲခရစ်ဝင်ကျမ်းတို့သည် ကျွန်ုပ်တို့နှင့်သက်ဆိုင်မှု လုံးဝမရှိဟု ယုံကြည်သူများပင် ရှိပါသည်။
                        အများအားဖြင့် ခေတ်ကာလအလိုက် လေ့လာခြင်းကို ယုံကြည်သူများ၏ခံယူချက်မှာ “ထိုကျမ်းစာရှိ သမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူခြင်းအားဖြင့်ဖြစ်သည်” ၂တိ၊ ၃း၁၆။ ကျမ်းစာရှိသမျှတို့ သည် ကျွန်ုပ်တို့လိုက်နာရန် မဟုတ်သော်လည်း ကျမ်းစာရှိသမျှသည် ဘုရားသခင်ရှေ့တော်၌ ၀န်ခံ တော်မူသောသူဖြစ်စေခြင်းငှာ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာ ဖြစ်စေရေးအ တွက် လေ့လာရန် ဖြစ်ပါသည်။

မေးခွန်းများ
၁။         ဤသင်ခန်းစာ အရေးကြီး ပုံခေါင်းစဉ်အောက်တွင် သမ္မာကျမ်းစာကို ခေတ်ကာလအလိုက် လေ့လာခြင်း အား ဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းစွာဖော်ပြထားပါသည်။ သင့်ကိုယ်ပိုင် စကားလုံးဖြင့် ရှင်းပြပါ။
၂။         ခေတ်ကာလအလိုက် သမ္မာကျမ်းစာကို ခွဲခြားလေ့လာသူကို အနက်ဖွင့်နိုင်သော အချက် (၂)ချက်ကို ရှင်းလင်းစွာ ဖော်ပြပါ။
၃။         ဤသင်ခန်းစာတွင် ဖော်ပြထားသောအနက်ဖွင့် (၇)ချက်ကို သေချာစွာလေ့လာပြီး မိမိကိုယ်ပိုင်အနက်ဖွင့် ချက်ပြုစုပါ။ ခေတ်ကာလအလိုက် ပိုင်းခြားခြင်း၏အဓိက အနှစ်သာရနှင့်ပုံစံများကို ပါဝင်စေပါ။
၎။         dispensation ၏ဂရိဘာသာပုံစံတွင် နာမ်ပုံစံသည် Oikonomeo နှင့် Oikonomia ဖြစ်ပါသည်။ ခရစ်တော်သည် ထိုစကားလုံးများကို လု၊ ၁၂း၄၂ နှင့် ၁၆း၁၊၃၊၈ တို့တွင် မည်သို့ အသုံးပြုထားပါသနည်း။
၅။         ၁ ပေ၊ ၄း၁၀ တွင် ပေတရုသည် ဤစကားလုံးကို မည်သို့အသုံးပြုထားပါသနည်း။
၆။         ခေတ်ကာလအပိုင်းအခြားအလိုက် လေ့လာခြင်းနှင့်ပတ်သက်၍ တမန်တော်ကြီးရှင်ပေါလုက မည်သို့ သွန်သင် ထားပါသနည်း။
၇။         ဧ၊ ၁း၁၀ နှင့် ၃း၂ တို့တွင် ရှင်ပေါလုက မည်သည့်ခေတ်ကာလ နှစ်ရပ်ကို ဖော်ပြထားပြီး၊ ခေတ်ကာလ အလိုက် လေ့လာလိုသူများအတွက် မည်သို့  ခံယူစေပါသနည်း။
၈။         ခေတ်ကာလအပိုင်းအခြား၏ထင်ရှားသော လက္ခဏာ ငါးပါးကို ဖော်ပြပါ။
၉။         သမ္မာကျမ်းစာကို အလေးထား လေ့လာသူတို့သည် ဤခေတ်ကာလ အပိုင်းအခြားများကို ပိုမိုတွေ့ရှိမည် ဖြစ်သည်။ အဘယ့်ကြောင့်နည်း။
၁၀။       သမ္မာတရားကို ဘုရားသခင်သည် သမ္မာကျမ်းစာ၌ဖော်ပြတော်မူရာတွင် မည်ကဲ့သို့ဖော်ပြသည်ဟု ခေတ်ကာ လ အပိုင်းအခြားသမားများက သွန်သင်ထားပါသနည်း။
၁၁။       ခေတ်ကာလတစ်ခုအတွက် ဘုရားသခင် တသီးတခြားဖော်ပြတော်မူသောအရာသည် ထိုခေတ်ကုန်ဆုံးသော အခါ အမှန်တရားအဖြစ် ရပ်တည်ခြင်းမှပျက်ပြားသွားပါသလော။ ပျက်ပြားသွားခြင်းမရှိလျှင် အဘယ့်ကြောင့် နည်း။
၁၂။       အောက်ပါဝေဖန်ချက်များနှင့်ပတ်သက်၍ သင်၏ပြန်လည်ဖြေရှင်းချက်ကို ရှင်းနိုင်သမျှ ရှင်းအောင်ရေးပါ။
            (က)      ခေတ်ကာလအလိုက် လေ့လာခြင်းကို ယုံကြည်သူများသည် ကယ်တင်ခြင်းရရှိရန် ကျေးဇူးတော် တစ်ပါးတည်းအပြင် အခြားသောနည်းလမ်းအမျိုးမျိုးကို သမ္မာကျမ်းစာက ဖော်ပြထားသည်ဟု ယုံကြည်ကြသည်။
            (ခ)        ခေတ်ကာလအပိုင်းအခြားအလိုက် လေ့လာခြင်းသည် ကွဲပြားမှုဖြစ်ပေါ်စေလျက် သမ္မာကျမ်းစာ၏ ညီ ညွှတ်မှုကို ပျက်ပြားစေပါသည်။
            (ဂ)        ခေတ်ကာလအပိုင်းအခြားအလိုက် လေ့လာခြင်း အတွေးအခေါ်သည် နုနယ်သေးသည်ဖြစ်၍ ခေတ် ပေါ် အတွေးအခေါ်တစ်ရပ်အဖြစ်သာ ငြင်းပယ်ထားသင့်ပါသည်။
၁၃။       ခေတ်ကာလအပိုင်းအခြားများ၏အချိန်ဇယားကို လေ့လာပြီးနောက် ပေးထားသောခေတ်ကာလ(၇)ပါးကို ဖော်ပြလျက် ဖြစ်နိုင်ပါက ခေတ်ကာလအစနှင့် ခေတ်ကာလအဆုံးတို့ကို ဖော်ပြပါ။
၁၄။       ခေတ်ကာလ အပိုင်းအခြားများဇယားတွင် ဤခေတ်ကာလကြီးများ၏ လက္ခဏာများကိုထည့်သွင်းဖော်ပြထား ပါသည်။ အောက်ပါ ခေါင်းစဉ်ငယ်များ၏လက္ခဏာများနှင့် သဘောသဘာဝများကို သင့်လျော်သော ကျမ်းချက်များနှင့်တကွဖော်ပြပါ။
            (က)      အပြစ်မဲ့ကာလ
                        (၁)        လူ၏အခြေအနေ
                        (၂)        ဘုရားသခင်၏ဖော်ပြချက်နှင့်လူ၏တာဝန်
                        (၃)        လူ၏ဆုံးရှုံးမှု
                        (၄)        ဘုရားသခင်၏စီရင်ချက်။
            (ခ)        ပညတ်တော်ကာလ
                        (၁)        လူ၏အခြေအနေ
                        (၂)        ဘုရားသခင်၏ဖော်ပြချက်နှင့်လူ၏တာဝန်
                        (၃)        လူ၏ဆုံးရှုံးမှု
                        (၄)        ဘုရားသခင်၏စီရင်ချက်။

၁၅။       ခေတ်ကာလအပိုင်းအခြားအလိုက် လေ့လာရခြင်း၏အကျိုး (၅)ခုကို ဤသင်ခန်းစာတွင် ဖော်ပြထားပါသည်။ အနည်းဆုံး (၃)ခုကိုဖော်ပြပါ။
၁၆။       အကျဉ်းချုပ်အားဖြင့် ခေတ်ကာလအပိုင်းအခြားအလိုက် လေ့လာမှုကို လက်ခံသူသည် မည်သို့သောသူနည်း။
၁၇။       အစွန်းရောက် ခေတ်ကာလအပိုင်းအခြားအလိုက် လေ့လာသူဆိုသည်မှာ မည်သူနည်း။
၁၈။       ဤသင်ခန်းစာ လေ့လာခြင်းမှ သင်ရရှိသောအဖြေကို အကျဉ်းချုပ် ရေးပြပါ။


အမည်၊   ____________________________                       ရက်စွဲ     _____________________________
လိပ်စာ၊  ____________________________
            ____________________________
            ____________________________
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support