HCF

HCF MYANMAR IN SINGAPORE

Saturday, February 26, 2011

သခင်ခရစ်တော်သည် ကျွန်တော်၏ဖြောင့်မတ်ခြင်း


Christ is My Righteousness!

Lesson 6

သခင်ခရစ်တော်သည် ကျွန်တော်၏င်္ ဖြောင့်မတ်ခြင်း

မိတ်ဆွေခင်ဗျာ၊

ဘုရားသခင်သည် ကျွန်တော်၏အပြစ် အားလုံးမှ ခွင့်လွှတ်ပေးသည် အလွန်ဝမ်းမြောက်ဖွယ်ရာဖြစ်သည်။ ကျွန်တော်သည်၊ ဘုရားသခင်လက်ခံနိုင်သော ဖြောင့်မတ်ခြင်းရှိရန်လိုအပ်သည်။

ဘုရားသခင်သည် သန့်ရှင်းသောဘုရားဖြစ်သည်။ သမ္မာကျမ်းစာမှသင်ကြားပေးသည်မှာ၊ ဘုရားသခင်သည် အလင်း နှင့် ဂုဏ်ကျက်သရေဖြစ်သည်။ သူသည် ပကတိ ပြည့်စုံ ကောင်းမွန်သော ၊ဖြောင့်မတ်သော၊ နှင့် အပြစ်ကင်းသောသူဖြစ်သည်။ သူရှိနေခြင်းဖြင့်။ ယုတ်မာသောသူ လွဲမှားသောသူ မည်သူမျှမ၀င်လာနိုင်ပါ။ အကြိမ်များစွာ သမ္မကျမ်းစာတွင် အမှောင်ထုသည်။ အပြစ် အဖြစ် ရပ်တည်သည်။ သမ္မာကျမ်းစာက "---ဘုရားသခင်သည်အလင်းဖြစ်တော်မူ၏။ ဘုရားသခင် ၌ မှောင်မိုက်အလျှင်းမရှိ။-"
(၁ယော ၁း၅)

ပရောဖက် ဟေရှာယသည် ရူပါရုံအားဖြင့်မြင်ရသည်။ သူသည်ထာဝရဘုရား ကိုဖူးမြင်ရ၏။ ကိုယ်တော်သည်မြင့်မြတ်သည့် ပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ၏။ ကိုယ်တော်အားမီးလျှံထလျက်နေသောကောင်းကင်တမန်များသည် ခြံရံကာ ရပ်လျက်နေကြ၏။ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းနေကြသည်။

"သူတို့ကလည်း၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားသည်သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့် လေ၏ဟု တပါးကိုတပါး ကြွေးကြော်၍မြွက်ဆိုကြ၏။" ( ဟေရှာ ၆း၃)

ဟေရှာယသည် ဘုရားသခင်၏ ဂုဏ်ကျက်သရေနှင့် သန့်ရှင်းတော်မူခြင်းကို ရူပါရုံ၌ မြင်ရ၍ ၊ ငိုကြွေးလေသည်။ "ငါကလည်း၊ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းရှိပြီ။ အကြောင်းမူကား၊ ငါသည်ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသော နှုတ်ခမ်းရှိသော လူမျိုးတွင် နေလျက်နှင့်၊ ကောင်းကင်ဗိုလ် အရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိ နှင့်မြင်လေပြီတကားဟုဆို၏။" (ဟေရှာ ၆း၅)

အဘယ်ကြောင့် ဟေရှာယ ငိုကြွေးသနည်း။ "ငါကလည်း၊ ငါ၌အမင်္ဂလာရှိ၏" သူ၏အသိတရားကအပြစ်။ ဟေရှာယသည် လူကောင်းတစ်ယောက်ဖြစ်ပြီး ဘုရားသခင်ကိုချစ်သည်။ ဒါပေမဲ့ သူသိတာက သူသည်အပြစ်သား။ သူသိတာကသူသည်၊ မွန်မြတ်သော၊ သန့်ရှင်းသော၊ ဘုရားသခင် ရှေ့မှောက်တွင် ရှိရန်မသင့်လျှော်ပါ။

ကွန်တော်သည် ပကတိ ဖြောင့်မတ်ခြင်း လိုအပ်သည်။

ခွင့်လွှတ်ခြင်း နှင့် ဖြောင့်မတ်ခြင်း တို့၏ ခြာနားချက်သည် ဘာလည်း? ခွင့်လွှတ်ခြင်းသည်၊ ကျွန်တော်၏ အပြစ်များ ဖယ်ရှားပေးခြင်း ကိုရရှိခဲ့သည်။ ဖြောင့်မတ်ခြင်းသည်၊ အ၀တ်အစား သင့်တင့်လျောက်ပတ်စွာဝတ်ဆင်၍ ဘုရားသခင် ထံတော်မှောက်သို့ဝင်ရန်။

ခွင့်လွှတ်ခြင်းသည် ရေချိုး ရသလိုဘဲ၊ ဖြောင့်မတ်ခြင်းသည် သန့်ရှင်းကောင်းမွန်သော အ၀တ်အစားကို ၀တ်ထား ရသလိုဘဲ။ ကျွန်တော်တို့၏အညစ်အကြေးများကင်းစင်ရန်ရေချိုးသည်။ ကျွန်တော်တို့ သင့်တင့် လျောက်ပတ်ဝတ် ဆင်ရန်၊ ကောင်းမွန် သောအ၀တ်အစားများကိုဝတ်ဆင်ကြသည်။

ကျွန်တော်သည် ညစ်ပတ်သော၊ ဟောင်းနွမ်းစုတ်ပြတ်သောအ၀တ်ကို ၀တ်ထားသည်။ ဘုရင်မင်းကြီးကတွေ့သည်၊ အကြောင်းအရာတစ်ခုကြောင့်၊ သူကကူညီမစခြင်သည်။ သူက ကျွန်တော်ကို နန်းတော်တွင် သူကိုလာတွေ့ရန်ဖိတ်ခေါ် သည်။

ပထမ ကျွန်တော်ဘာစလုပ်ရမလဲ? ပထမ အညစ်အကြေးများ သန့်အောင် ရေချိုးမည်။ ပြီးရင် အ၀တ်က ဘုရင်နှင့် တွေ့ ရန် သင့်တော်သောအ၀တ်ဖြစ်ရမည်။

ဘုရားသခင်၏ ထံတော်မှောက်သို့လာလျှင်ရော? ဘုရားသခင်ရှေ့၊ စကြ၀ဠာ ဘုရင်ရှေ့သို့လာရောက်ရန် ဖြောင့်မတ် သော၊ သူလက်ခံသော အ၀တ်ကို ၀တ်ဆင်ရမည်။

ဘုရားသခင်သည် ဘယ်လိုဖြောင့်မတ်ခြင်းကို လက်ခံမည်နည်း? ဘုရားသခင်က ပကတိ ဖြောင့်မတ်ခြင်းကိုလက်ခံ သည်။ ဒီ ပကတိ ဖြောင့်မတ်ခြင်းကိုသာ ဘုရားသခင် လက်ခံမည်။

ပကတိ ဖြောင့်မတ်ခြင်းကို ဘုရားသခင် ရှေ့တော်၌ ကျွန်ုပ်ကိုယ်တိုင် လုပ်၍ရနိုင်ပါသလား? မရနိုင်ပါ။ က္ပျွန်ုပ်ဘယ် လောက် ကျိုးစားပြီးလုပ်လဲ၊ ပကတိ ဖြောင့်မတ်ခြင်းကို ဘုရားသခင် ရှေ့တော်၌ ကျွန်ုပ်ကိုယ်တိုင် လုပ်၍မရနိုင်ပါ။ ကျွန်ုပ်၏ဖြောင့်မတ်ခြင်း။-----အကောင်းဆုံးလုပ်သည်များမှာ----- ဘုရားသခင်၏ရှေ့တော်၌၊ ညစ်သောအ၀တ်နှင့် တူကြ သည်။ ပရောဖက် ၊ ဟေရှာယ ပြောသည်မှာ၊

"အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသော ကုသိုလ်ကောင်းမှုတို့သည်ညစ်သောအ၀တ်နှင့် တူကြ ပါ၏။ အကျွန်ုပ်တို့ရှိသမျှသည် သစ်ရွက်ကဲ့သို့ ညှိုးနွမ်းလျက်ရှိ၍၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့အကျွန်ုပ်တို့ ကိုတိုက် သွားပါပြီ။' (ဟေရှာ ၆၄း၆)

ဒီဟာ သတင်းကောင်းဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင်မလုပ်နိုင်သောအရာ၊ ဘုရားသခင်က ကျွန်ုပ်တို့အတွက်လုပ်ပေး သည်။ သူက ယုံကြည်သူများအတွက် ပကတိ ဖြောင့်မတ်ခြင်း ကိုပေးပါသည်။

ဘုရားသခင်၏ရှေ့၌ ကျွန်ုပ်ဖြောင့်မတ်ရန် ဘုရားသခင်ဘယ်လိုလုပ်ပေးသနည်း?

ဘုရားသခင်က ၀မ်းမြောက်ဖွယ် ကောင်းသော အရာ သုံးခု ပြုလုပ်၍ ကျွန်ုပ်ကို ပကတိ ဖြောင့်မတ်ခြင်း သူ၏ ရှေ့၌ပြု လုပ်ပေးသည်။ ဘုရားသခင်က ကျွန်ုပ်၏အသက်တာဟောင်းကို ဖယ်ရှားသည်၊ ဘုရားသခင်က ကျွန်ုပ်ကို သခင်ယေရှု၌ လူသစ်အဖြစ် ဖန်ဆင်းပေးသည်။ ဘုရားသခင်သည်၊ သခင်ယေရှုကို ကျွန်တော်အားပေး၍ ကျွန်တော်၏ဖြောင့်မတ်ခြင်း

အတွက်။ ဘုရားသခင်ဒီအရာကိုဘယ်လိုလုပ်သလဲကြည့်ကြစို့။

၁။ ဘုရားသခင်က ကျွန်ုပ်၏အသက်တာဟောင်းကို ဖယ်ရှားသည်။

သင် စာအုပ်နှင့် လူကလေး ပုံပြင်ကို မှတ်မိ ပါသလား? လူကလေးကိုစာအုပ်ထဲထည့်သည်၊ စာအုပ်၏ဖြစ်ပျက်သမျှ၊ လူကလေးလိုက်ဖြစ်သည်။ သူသည်စာအုပ်ထဲ၌ရှိသဖြင့်။

ကျွန်ုပ်တို့လဲဒီလိုဘဲ၊ ဘုရားသခင်က ကျွန်ုပ်ကို သခင်ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်သို့ထည့်လိုက်သည်။ သူ အသတ်ခံ ရချိန်တွင် ကျွန်ုပ်လဲသေရသည်။ က္ပွန်ုပ်ကိုယ်တိုင်မသေပါ။ သခင်ခရစ်တော်ထဲ၌သေသည်။ ဘုရားသခင်ကဒီလိုမြင်သည်။ ကျွန်ုပ်၏အသက်တာဟောင်းထာဝရမရှိတော့ပါ။

၂။ ဘုရားသခင်က ကျွန်ုပ်အားသခင်ယေရှု၌ လူသစ်အဖြစ်ဖန်ဆင်းပေးသည်။

ကျွန်တော်သည် သခင်ယေရှုအတူသေခဲ့ရပြီ။ သူနှင့်အတူသင်္ဂြိုဟ် ခံရသည်။ ဘုရားသခင်၏အမြင်၌ကျွန်တော်၏ အသက်တာ ဟောင်း မရှိတော့ပါ။ ယခုဘုရားသခင်က ပြောသည်မှာ "သင်အားသခင်ယေရှု၌ လူသစ်အဖြစ် ဖန်ဆင်း ပေးပြီးပြီ။"

ကျမ်းစာက

"အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်း၊ ယေရှုခရစ် ၌ ပြုပြင်၍ ဖန်ဆင်း တော်မူရာဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့ ၌ ငါတို့သည်ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည်ငါတို့ ကိုပြင် ဆင်မူနှင့်ပြီ။" (ဧ ၂း၁၀)

၃။ ဘုရားသခင်က ယေရှုခရစ်ကိုကျွန်တော်၏ ဖြောင့်မတ်သောသူအဖြစ်ပေးသည်။

ကျွန်တော်သည် မဖြောင့်မတ်ပါ၊ ဘုရားသခင်ကသူ၏အမြင်၌ ဖြောင့်မတ်ခြင်းအပြည့်အ၀ရှိရန် ဆောင်ရွက်ပေးသည်။ ဘုရားသခင်ဘယ်လိုပြုလုပ်ပေးသလဲ? သူကကျွန်တော်ကို ယေရှုခရစ်၌ထည့်၍ ယေရှုခရစ်ကို ကျွန်တော်၏ဖြောင့်မတ် ခြင်းအဖြစ်ပေးသည်။ ကျမ်းစာက

"အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည်အပြစ်နှင့်ကင်းစင်သောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ် စေတော်မူ၏။ အကြောင်းမူကား၊ငါတို့သည်ထိုသူအားဖြင့်ဘုရားသခင်ရှေ့တော် ၌ ဖြောင့်မတ်သောသူဖြစ်မည် အကြောင်း တည်း။" (၂ကော ၅း၂၁)

ဤကျမ်းပိုဒ်က ကျွန်ုပ်တို့သည် "ထိုသူအားဖြင့်ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်သူဖြစ်မည်၊" ယေရှုခရစ်၌ ကိုပြောခြင်း ဖြစ်သည်။ ဘုရားသခင်က ယေရှုခရစ်ကိုကြည့်ရာ သူသည် ဖြောင့်မတ်ခြင်း အပြည်အ၀ရှိသည်ကို တွေ့သည်။ ကျွန်ုပ်တို့ အားကြည့်ရာတွင်လည်း ဖြောင့်မတ်ခြင်းအပြည့်အ၀ရှိသည်ကိုတွေ့သည်၊ ကျွန်ုပ်တို့သည် ယေရှုခရစ်၌ရှိသောကြောင့် ဖြစ်သည်။

ငွေကိုရေလိုသုံးသောသား ပုံပြင်ကပြသည်၊ ဘုရားသခင်က သူထံသို့ကျွန်ုပ်တို့သည် ဖြောင့်မတ်စွာလာနိုင်ရန်၊ သင့်လျော် သော နည်းကိုပြသည်။

သားကို ဖခင်နှင့်သင့်လျော်အောင်လုပ်ပေးသည်။

ငွေကိုရေလိုသုံးသောသား သူ၏ဖခင်ထံပြန်လာသည်၊ သူ၏ဖခင်က သူကို ဘယ်လို လက်ခံမည်ကို မသိပါ။ သူ၏ဖခင်က သူ့ကိုတွေ့တာနဲ့ပြေး၍လာပြီး ပွေ့ဖက်ခါနမ်းသည်။ ထိုအခါ သားက သူ၏ဖခင်သူ့အပေါ်မှာ ဘယ်လိုစိတ်ရှိသည် ကိုနား လည်ရသည်။ သူ၏ဖခင်သည် သူ့ကို ခွင့်လွှတ်ပြီး လက်ခံကြောင်းသိရှိရသည်။

သူ၏ဖခင်သည် သူ့ကို ခွင့်လွှတ်ပြီး လက်ခံသည်ကို သိရသော်လည်း၊ သားက အပြည့်အ၀ မပျော်နိုင်သေးပါ။ သူ့ အခြေအနေ ကြောင့်၊ သူသည် ညစ်ပတ်၍ အစုတ်စုတ်အပြတ်ပြတ်ဘဲ ရှိနေသေးသဖြင့်။

ငွေကို ရေလိုသုံးသည့်သားက ဖခင်ကို ပြောမည်ဖြစ်နိုင်သည်။ "ဖခင်ဒီလိုချစ်တာနဲ့။ ဒီလို လက်ခံတာကို ၀မ်းသာပါတယ်၊ ဒါပေမဲ့ ကျွန်တော် မပျော်နိုင်သေးပါ၊ ကျွန်တော်သည် ဖခင်နှင့်မထိုက်တန်သောကြောင့် ဖြစ်သည်။"

ဖခင်ကဘာလုပ်သလဲ? သူ၏အစေခံကို၊ "၀တ်ရုံအကောင်းစားယူလာ၍ သူအားဝတ်ပေးရန်" ပြောသည်။ ကျွန်ုပ်တို့ထင်မြင် ချက်၊ ဤ၀တ်ရုံကို ငွေကိုရေလိုသုံးသော သားကို သူ၏ညစ်ပတ်သော ကိုယ်ခန္ဓာနှင့်စုတ်ပြတ်နေသော အ၀တ်အပေါ်ထပ်၍် ၀တ်ပေးမည်မဟုတ်။ သူကို သန့်ရှင်းပေး၍အ၀တ်ဟောင်းများဖယ်ပေးပြီးမှ အစေခံက"၀တ်ရုံအကောင်းစား"၀တ်ပေးသည်။ "၀တ်ရုံအကောင်းစား" ဒီထက်ကောင်းတာမရှိတော့ပါ။

သား၏အခြေအနေယခုဘယ်လိုလဲ? သူ၏အညစ်ကြေးများသန့်အောင်လုပ်ပြီး၊ ၀တ်ရုံအကောင်းစား ၀တ်ထားသည်။ ယခုအချိန် ဖခင်ရှေ့ဝင်ရန် သင့်တော်ကြောင်း သူသိသည်။ သူသည် ဖခင်နှင့် ယခုပျော်နိုင်ပြီ။ သူ၏ဖခင်က သူနှင့် သင့်လျော်အောင် ဆောင်ရွက်ပေးသည်။

ဝတ်ရုံအကောင်းစားသည် သားကိုဖခင်နှင့်သင့်လျော်အောင်သာမဟုတ်ဘဲ၊ သူ၏ကောင်းသောအခြေအနေကို သတိရ သောသူ ဖြစ်ရန်လည်း လုပ်ပေးသည်။ သူသည် ယခုဖခင်ရှေ့ဝင်ရန် သင့်လျော်ကြောင်းသိပြီ။ အဘယ်ကြောင့်ဆိုသော် သူ၏ဖခင်က သင့်လျော်အောင်လုပ်ပေးသောကြောင့်ဖြစ်သည်။

ဤပုံပြင်သည် နက်နဲသော ကောင်းကင်ဘုံနှင့်ဆိုင်သော အဓိပ္မါယ်ရသည်။ ယေရှုခရစ်က ဒီပုံပြင်ကိုပြောပြသည်မှာ ကျွန်ုပ်တို့ ကို သိစေခြင်မှာ ဖခင်က ကျွန်ုပ်တို့ကို သူနှင့်သင့်လျော်အောင့်ပြုလုပ်ပေးသည်။

ဘုရားသခင်သည် ကျွန်တော်ကိုအပြစ်များမှသန့်သွားအောင်လုပ်သည်သာမက၊ ယေရှုခရစ်၌လည်း လူသစ်လုပ်ပေးသည် ၊ အတိအကျ၊ နည်းလမ်းတကျ စီစဉ်ပေးသည်မှာ ကျွန်တော်ကို သူ၏ "၀တ်ရုံအကောင်းစား"ပေးသည်။

ဘုရားသခင်၏၀တ်ရုံအကောင်းစားသည် ဘာလဲ? ဘုရား၏ ၀တ်ရုံအကောင်းစားသည် ယေရှုခရစ်ဖြစ်သည်။ ကျွန်တော် သည် ကယ်တင်ခြင်းရသည်နှင့် ဘုရားသခင်က ကျွန်တော်ကို ယေရှုခရစ်၌ ထည့်ပေးသည်၊ ယေရှုခရစ်ကို ကျွန်တော်၏ ဖြောင့်မတ်သောသူအဖြစ် ပေးသည်။

ငွေကိုရေလိုသုံးသောသားသည်၊ "၀တ်ရုံအကောင်းစား"ရသည်။ သူ၏ဖခင်ကပေးခြင်းဖြစ်သည်၊ သူသည်ဖခင်ရှေ့၌အကျိုး ခံစားရသည်။ သူသည်ဖခင်ရှေ့၌ သင့်လျော်သောအ၀တ်အစားကို ၀တ်ဆင်ထားရကြောင်း သိရှိလေသည်။

ဘုရားသခင်က ကျွန်တော်ကို သူနှင့် သင့်လျော်သောသူဖြစ်ရန်၊ သူ၏"၀တ်ရုံအကောင်းစား" ကျွန်တော်ကိုပေးသည်။ သူသည် ယေရှုခရစ်ကို ကျွန်တော်၏ အကောင်ဆုံး ဖြစ်သော၊ ဖြောင့်မတ်သောသူအနေဖြင့်ပေးသည်။ ကျွန်တော်သည်ယခု ဘုရားသခင်ရှေ့တွင် သာယာကြည်နူးသည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ယေရှုခရစ်၌ ရှိသော ကြောင့် ဖြစ်သည်။

ကွန်တော်ကို "ချစ်မြတ်နိုးသောသူအဖြစ် အသိအမှတ်ပြုသည်။"

ကျွန်တော် သခင်ယေရှု နှင့် အတူ အသေခံပြီး၊ ရှင်ပြန်ထမြောက်ရသည်၊ ကျွန်တော်သည်ယခု ဘုရားသခင်နှင့်လူသစ်ဖြစ်ရ သည်၊ ကျွန်တော်သည် အာဒံ၌ မဟုတ်တော့ပါ။ ကျွန်တော်သည်ယခု ယေရှုခရစ်၌ဖြစ်ပါသည်။ ဘုရားသခင်ကျွန်တော်ကို အသိအမှတ်ပြုသည်။ ယေရှုခရစ်၌ရှိသောကြောင့်ဖြစ်သည်။ ကျမ်းစာက

"ထိုဘုရားသခင်သည်ချစ်တော်မူသောသားတော်ကြောင့်၊ငါတို့အားပေးတော်မူသောကျေးဇူးတော်၏ဘုန်းအသရေကိုချီးမွမ်း စေခြင်းငှါ၊ ငါတို့သည်ယေရှုခရစ်အားဖြင့် သားအရာကိုရမည်အကြောင်း၊ အလိုတော်ရှိသောစေတနာအတိုင်းရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။" (ဧဖက် ၁း၅-၆)

ကျွန်တော်ရရှိသော ဖြောင့်မတ်ခြင်း၊ နှင့် ကြိုဆိုလက်ခံခြင်းသည်၊ အကောင်းဆုံးဖြစ်သော၊ ပြည့်စုံသောအရာပြစ်သည်။ ကျွန်တော်အလုပ်လုပ်၍ ရရှိသောအမြတ်မဟုတ်ပါ၊ ယေရှုခရစ်ကို ကျွန်တော်၏ကယ်တင်ရှင်အဖြစ် လက်ခံသည်အချိန်မှ စ၍ ဘုရားသခင်ကကျွန်တော်ကိုပေးခြင်းဖြစ်ပါသည်။ ဘုရားသခင်၏လက်ခံခြင်းသည်၊ ပျောက်ဆုံးသည်မရှိပါ၊ ကျွန်တော် သည် ယေရှုခရစ်၌ ထာဝရ လက်သင့်ခံခြင်းကို ရရှိသည်။

ကျွန်တော်၏ "နေရာမှန်" နှင့် ကွန်တော်၏ "လျှောက်လှမ်းခြင်း"

ကျွန်တော်၏ ယေရှုခရစ်၌ "နေရာမှန်" နှင့် ယေရှုခရစ်နှင့်"လျှောက်လှမ်းခြင်း" ကို ကျမ်းစာက ပြောသည်၊ ကျွန်တော် သည်၊ ဒီနှစ်ခု၏ ခြားနားချက်ကိုနားလည်ရန်လိုအပ်သည်။

ကျွန်တော်၏ ယေရှုခရစ်၌ "နေရာမှန်" သည်ဘာလည်း? ကျွန်တော်၏ "နေရာမှန်" သည် ယေရှုခရစ်၌ ဘုရားသခင်၏ အမြင်။ ကျွန်တော်၏ နေရာမှန် သည် ပကတိ ထာဝစဉ် ဖြစ်သည်။ ယေရှုခရစ်၌ ဘုရားသခင်၏အမြင်ဖြစ်သည်။

ကျွန်တော်၏ယေရှုခရစ်နှင့် "လျှောက်လှမ်းခြင်း" သည်ဘာလဲ? ကျွန်တော်၏ လျှောက်လှမ်းခြင်းသည်၊ နေ့စဉ် နေထိုင်ပုံ၊ ကျွန်တော် လျှောက်လှမ်းခြင်းသည် ပကတိ စုံလင်ခြင်း ဖြစ်သလား? မဖြစ်ပါ။ ဘာဖြစ်လို့လည်း? ကျွန်တော်၏အပေါ်၌ တည်ပါသည်၊ ကျွန်တော် အပြစ်လုပ်မိသည်။ ကျွန်တော်သည် ကိုယ်ခန္ဓာထဲ၌ ကြာရှည်စွာနေလျှင် အချိန်များတွင် အပြစ် လုပ်မိသည်။

ကျွန်ုပ်တို့၏ နေရာမှန်သည် ၊ ယေရှုခရစ်၌ ကျွန်ုပ်တို့ကို ဘုရားသခင်၏အမြင်ကိုသတိရလျှင် အကျိုးရသည်၊ လျှောက် လှမ်းခြင်း၊ ကျွန်ုပ်တို့ ဤကမ္ဘာပေါ်တွင် နေထိုင်ခြင်းအပေါ် မူတည်သည်။

ကျွန်တော်၏ ယေရှုခရစ်၌အနေအထား၊ ဖေါ်ပြခဲ့သည်အတိုင်းကို ဘုရားသခင်သည် အခြေအနေတိုင်းတွင် လိုလားစွာ လက်ခံသည်။ ကျွန်တော်၏ နေရာမှန် နှင့် နေထိုင်ပုံ ပြောင်းလဲသောအခြေအနေအလိုက် မဟုတ်ဘူး၊ ဘုရားသခင်သည် ကျွန်တော်ကိုယေရှုခရစ်၌ အခြေအနေတိုင်းတွင် မြင်သည်။

ဘုရားသခင်၏အမှန်တရား

ဘုရားသခင် ကျွန်တော်ကို ကယ်တင်သည့်အခါ၊ ယေရှုခရစ်၌ ကျွန်တော်ကိုထား၍ ယေရှုခရစ်အား ကျွန်တော်၏ ဖြောင့်မတ်ခြင်း အဖြစ်ပေးထားသည်။

ကျွန်တော်သည် "ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ယေရှုခရစ်၌်" ဖြစ်သည်။ "ဘုရားသခင်ရှေ့ကျွန်တော်၏ဖြောင့်မတ်ခြင်း သည် ယေရှုခရစ်ပင်ဖြစ်သည်။ သူသည်ဘုရားသခင်၏ "အကောင်းဆုံးဝတ်ရုံ" ဖြစ်သည်။ ဘုရားသခင်သည်သူ၏ "အကောင်းဆုံးဝတ်ရုံ" ကျွန်တော်အားပေးထားသည် ကိုပြန်မယူပါ။ သင်ကယ်တင်ခြင်းရလျှင်၊ ယခုသင်ကိုသင် ပြန်ပြောပါ "ကျွန်တော်သည် ယေရှုခရစ်၌၊" ယေရှုခရစ်သည် ကျွန်တော်၏ ပကတိ ဖြောင့်မတ်သူ ဖြစ်သည်။ ဘုရားသခင်ရှေ့၌ သူသည် ကျွန်တော်၏ ပကတိ ဖြောင့်မတ်သူဖြစ်သည်။"



ငါယုံကြည်သည်

အဖဘုရားသခင်၊ ကျွန်တော်ကို အလွန်ထူးခြားသောသူဖြစ်ရန် ဆောင်ရွက်ပေးသည်ကို ယုံကြည်သည်၊ ကျွန်တော်၏ အသက်တာဟောင်းမုလွတ်မြောက်စေသည်။ ကျွန်တော်ကို ယေရှုခရစ်၌ လူသစ် ပြုလုပ်ပေးသည်၊ ကျွန်တော်ကို ယေရှုခရစ်ပေး၍ ကျွန်တော်၌ ပကတိ ဖြောင့်မတ်သူဖြစ်စေသည်။ ကျေးဇူးတင်ပါသည်၊ ကျေးဇူးတင်ပါသည်၊ ကျေးဇူးတင်ပါသည်။

သင်ခန်းစာ(၆)မှ မေးခွန်းများ

မေးခွန်းများ မှား/မှန် ရွေးပါ။

၁။ ဟေရှာယ သည်ဘုရားသခင်ကို ရူပါရုံဖြင့် မြင်ရသောအခါ၊ ဘာဖြစ်လို့ငို၍ "ကျွန်တော်ပါ" ဟူပြောသနည်း။

က) သူ၏အပြစ်ရှိကြောင်းသိရှိခြင်း။ ဘုန်းတော်ထင်ရှား၍၊ သန့်ရှင်းတော်မူသောဘုရားသခင်ရှိသောနေရာသို့လာ ရန်ကောင်းမြတ်သောအရာ၊မျှော်လင့်စရာမရှိပါ။

ခ) အလင်းရောင်ကသူ၏မျက်စိကိုမမြင်စေခြင်း။

၂။ ခွင့်လွတ်ခြင်းသည်။

က) ကျွန်တော်နှင့် ပတ်သက်၍ ကောင်းမွန်စွာခံစားနိုင်သည်။

ခ) ကျွန်တော်၏အပြစ်များမှလွတ်မြောက်စေသည်။

၃။ ဖြောင့်မတ်ခြင်းအဓိပ္ပါယ်

က) ကျွန်တော်သည် လူအများထက် သာလွန်သည်။

ခ) သင့်လျော်စွာအ၀တ်အစားကိုဝတ်ဆင်၍ဘုရားသခင်ထံလာရောက်ခြင်း။

၎။ ဘုရားသခင်ကဘယ်လို ဖြောင့်မတ်ခြင်းကိုလိုလားစွာလက်ခံသနည်း?

က) ပကတိ ဖြောင့်မတ်ခြင်းကိုသာဘုရားသခင်လက်ခံသည်။

ခ) ကျွန်ုပ်တို့ဖြောင့်မတ်ရန်အထူးကျိုးစားမှဘုရားသခင်လက်ခံသည်။

၅။ ဘုရားသခင်သည် ကျွန်တော်ကို ပကတိ ဖြောင့်မတ်ခြင်း သူ၏အမြင်အတွက်လုပ်ပေးသည်။

က) ယေရှုခရစ်၌ထားသည်။ ယေရှုခရစ်ကိုကျွန်တော်၏ဖြောင့်မတ်ခြင်း အဖြစ်ပေးသည်။

ခ) ကျွန်တော်၏အပြစ်များကိုဖုံးအုပ်သည်။

၆။ ဘုရားသခင်၏ "အကောင်းဆုံးဝတ်ရုံ" ကျွန်တော်တို့အတွက်သည်

က) ယေရှုခရစ်

ခ) ကျွန်တော်တို့၏ ကောင်းမွန်သောအလုပ်များ

၇။ ဘုရားသခင်ရှေ့ကျွန်တော်၏ဖြောင့်မတ်ခြင်းသည်။

က) ကျွန်တော်လုပ်သော ကောင်းသောအရာများ

ခ) ယေရှုခရစ်ကိုယ်တိုင်

၈။ ကျွန်တော်၏ "နေရာအနေအထား" သည်

က) ဘုရားသခင်၏ ပညတ်တော်ကို လိုက်နာသည်အတိုင်း

ခ) ဘုရားသခင် ကျွန်တော်ကိုယေရှုခရစ်၌ မြင်သည်အတိုင်း

၉။ ယေရှုခရစ်နှင့် "လမ်းလျောက်ခြင်း"

က) ကျွန်တော်၏နေ့စဉ်နေထိုင်ပုံ

ခ) အပြစ်မရှိဘဲ ပကတိ ထာဝစဉ် ရှိရန်

၁၀။ ဘုရားသခင်ထာဝစဉ် ကျွန်တော်ကို လက်ခံသည်

က) ကျွန်တော်နေထိုင်သည့်အတိုင်း

ခ) ယေရှုခရစ်၌ ကျွန်တော်ကိုတွေ့မြင်သည်အတိုင်း

စံဝင်းချို






Share:

ကျွန်တော်သည် သခင်ခရစ်တော်၌ ရှိသည်။


I am in Christ!

ကွန်တော်သည် သခင်ခရစ်တော် ရှိသည်။

Lesson 5

မိတ်ဆွေခင်ဗျာ၊

ဘုရားသခင် ကမ္ဘာ ပေါ်သို့ကြည့်သော်၊ ကမ္ဘာပေါ်တွင်၊ မိသားစု နှစ်စု ကိုတွေ့ရသည်။ အာဒံ၏မိသားစု နှင့် သခင်ခရစ်တော်၏ မိသားစု တို့ကိုတွေ့ရလေသည်။ အာဒံသည် သူ၏ မိသားစုဝင်များ၏ ဦးစီးခေါင်းဆောင် ဖြစ်သည်။ သခင်ခရစ်တော်သည် သူ၏ မိသားစုဝင်များ၏ ဦးစီးခေါင်းဆောင်ဖြစ်သည်။

အကယ်၍ ကျွန်တော်သည် အာဒံ၏မိသားစုတွင်ရှိလျှင်၊ ဘုရားသခင်က ကျွန်တော်ကို အာဒံမိသားစုဝင်အနေနှင့်မြင်မည်။ အကယ်၍ ကျွန်တော်သည် သခင်ခရစ်တော်၏မိသားစုတွင်ရှိလျှင်၊ဘုရားသခင်က ကျွန်တော်ကို သခင်ခရစ်တော်မိသားစု ၀င်အနေနှင့်မြင်မည်။

ဘုရားသခင် မြင်တာ အာဒံ၏မိသားစုဝင်မှာဘဲဖြစ်ဖြစ်၊ သခင်ခရစ်တော်၏မိသားစုမှာဘဲဖြစ်ဖြစ်။ သူ ကျွန်တော်ကို မြင်တာ အာဒံမှာ (သို့မဟုတ်) သခင်ခရစ်တော်မှာ မြင်မည်။ ဘုရားသခင်လူတိုင်းကို အာဒံအထဲ၌ (သို့မဟုတ်) သခင်ခရစ်တော် အထဲ၌ ဟုမြင်မည်။

အာဒံအထဲ သည် ဘာအဓိပါယ် ရှိသနည်း?

အာဒံအထဲ၌ အဓိပ္ပါယ်သည်၊ အာဒံ လုပ်ကိုင်တာအားလုံး နှင့် ခံစားရဒါအာလုံး ပါဝင်မှုရှိမည်။ အာဒံအထဲ၌သည်၊ ဘုရားသခင်နှင့် ကွဲကွာနေရသည်ဟု အဓိပ္ပါယ်ရသည်။ စာတန်၏မှောင်မိုက်သောနိုင်ငံတွင် ရှိသည်။ ဘုရားသခင်၏ ဆုံးဖြတ်ချက် အောက်မှာရှိသည်။ ဘယ်လောက်၊ ကြောက်မက်ဖွယ်ကောင်းသောအခြေအနေသို့ရောက်နေသည်။

ဘုရားသခင်က ကွန်တော့်ကို သခင်ခရစ်တော် ထည့်ထားသည်။

သဘာဝအလျောက် မွေဖွါးကြသဖြင့် ကျွန်တော်တို့အားလုံးသည်၊ အာဒံ၏အပြစ်သား မိသားစုဝင်များဖြစ်လာကြရသည်။ ကျွန်တော်တို့အားလုံးသည် အာဒံအထဲ၌ဖြစ်ကြသည်။ ဒါကြောင့် သခင်ခရစ်တော်က ပြောကြားသည်မှာ၊ "ဒုတိယမွေးခြင်း ကိုခံရမည်။" ကျွန်တော်တို့သည်၊ သခင်ခရစ်တော်၏မိသားစုဝင်ဖြစ်ရန်၊ ၀ိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်း ကိုခံရ ကြမည်။

ဒီဟာ ၀မ်းမြောက်စရာသတင်းဖြစ်သည်။ ကျွန်တော်သည် သခင်ခရစ်တော်ကို။ ကျွန်တော်၏ကယ်တင်ရှင် အဖြစ် လက်ခံ သောကြောင့်၊ ဘုရားသခင်က ကျွန်တော်ကို အာဒံ၏မိသားစုထဲမှထုတ်ဖယ်ပြီး၊ သခင်ခရစ်တော်၏မိသားစုဝင် ဖြစ်စေ သည်။ ကျွန်တော်သည်ယခု သခင်ခရစ်တော်၌ရှိသည်။ ကျမ်းစာက

"ထိုဘုရားသခင်အားဖြင့်သင်တို့သည် ယေရှုခရစ် ၌ တည်နေကြ၏။ ----" (၁ကော ၁း၃၀)

ကျွန်တော် သခင်ခရစ်တော်၌ ဘယ်လိုရောက်ရသနည်း။? ဘုရားသခင်ပို့ပေးခြင်းဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်မလုပ် နိုင် ပါ၊ ဘုရားသခင်ဆောင်ရွက်ပေးခြင်းသာဖြစ်ပါသည်၊ ဘုရားသခင်သည် သူ၏တန်ခိုးတော်ဖြင့်၊ အာဒံ၏အပြစ်မိသားစုမှ၊ ထုတ်ယူ၍၊ သခင်ခရစ်တော်၏ မိသားစုဝင်အဖြစ်သို့ ၀င်ရောက်စေသည်။ ကျွန်တော်ကို သခင်ခရစ်တော်၌ ထည့်ပေး ခြင်းဖြစ်သည်။

သမ္မာကျမ်းစာတစ်အုပ်လုံးတွင်၊ အလွန်အမင်း အဖိုးတန်သော စကားအသုံးအနှုန်းသည်၊ အနည်းငယ်ဖွဲ့ဆိုသည့်၊ "သခင်ခရစ်တော် ၌" ဖြစ်သည်။ သမ္မာကျမ်းစာတွင် အကြိမ်ကြိမ်ပါဝင်သည့်၊ သခင်ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်၊ ယုံကြည်သူများသည်၊ "သခင်ခရစ်တော်၌" ရှိကြသည်။ ဘုရားသခင်က၊ သူကိုယုံကြည်သူများသည်၊ သခင်ခရစ်တော်၌ ရှိကြသည်ကို သိစေခြင်သည်။

သခင်ခရစ်တော်သည်၊ ဘာအဓိပါယ် ရသနည်း?

သခင်ခရစ်တော်၌သည်။ သခင်ခရစ်တော်လုပ်ဆောင်သည့်အရာအားလုံး၌ ပါဝင်မှုနှင့် သူ၏ ယနေ့အခြေအနေ အားလုံးပါဝင်သည်။ သခင်ခရစ်တော်၌ အဓိပ္ပါယ် မှာ ကျွန်တော်သည် ဘုရားသခင်ရှေ့မှောက်၌ "နေရာသစ်" ရသည်။ ကျွန်တော်သည် သခင်ခရစ်တော်၌ ဖြစ်သောကြောင့်၊ ဘုရားသခင် ကျွန်တော်ကိုလက်ခံသည်။

သခင်ခရစ်တော်ကို ကျွန်တော်၏ ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံသည် ခဏတွင်၊ ဘုရားသခင်က ကျွန်တော်ကို သခင်ခရစ်တော်အထဲသို့ ထည့်ပေးသည်။ ကျွန်တော်ကို အာဒံ နှင့် အတူ မထားတော့ပါ။ ကျွန်တော်သည် သခင်ခရစ် တော်၌ရှိပြီ။ ကျွန်တော်သည် သခင်ခရစ်တော်၌ထာဝရ ရှိပြီ်။ ဘုရားသခင် ကျွန်တော်ကို ထာဝရ တွေ့ရမည့်နည်းဖြစ် သည်။ သခင်ခရစ်တော်၌ ဘယ်လောက် နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းမည်နည်း။

ကျွန်တော်၏ ဘုရားသခင်ရှေ့မှောက်၌ "နေရာသစ်" အကြောင်းပြောသည့်၊ ကျမ်းပိုဒ်အချို့

" ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ် ၌ တည်နေကြ၏----" ( ၁ကော ၁း၃၀)

" ---ဘုရား---မေတ္တာ အားဖြင့်သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက်ဖြစ်မည်အကြောင်း၊" (ဧ ၁း၃)

" ကမ္ဘာ မတည် မရှိမှီ ငါတို့ကို ခရစ်တော် ၌ ရွေးကောက်တော် မူသည်----" (ဧ ၁း၎)

" အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့် တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ် ၌ပြုပြင် ၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့ ၌ ငါတို့သည်ကျင်လည် ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကိုပြင်ဆင်တော်မူနှင့်ပြီ။ " (ဧ ၂း၁၀)

" လူမည်သည်ကား၊ ခရစ်တော် ၌ ရှိလျှင်အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ ၍ ခပ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြ၏။" (၂ကော ၅း၁၇)

" ---မှန်သောဘုရားသခင်ကိုသိသောဥာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်းငါတို့သိကြ၏။ မှန်သောဘုရားသခင် ၌ ၄င်း၊ သားတော်ယေရှုခရစ် ၌ ၄င်း ငါတို့သည်တည်လျက်ရှိကြ၏။----" (၁ယော ၅း၂၀)

"ထိုသားတော်၏အသွေးအားဖြင့်အပြစ်လွှတ်တော်မူခြင်းတည်းဟူသောရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည်ခံရကြ၏။" (ကော ၁း၁၄)

" ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ် ၌တည် ၍ ၊ ဇာတိပကတိအတိုင်းမကျင့်၊ ၀ိညာဉ် ပကတိ အတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏။" (ရော ၈း၁)

ဘုရားသခင်က ယုံကြည်သူတိုင်းကိုသိစေခြင်တာကတော့ "သူသည်သခင်ခရစ်တော်၌" ဆိုတာကိုသိစေခြင်သည်။ အထက်မှကျမ်းပိုဒ်များကိုပြန်ဖတ်၍ သခင်ခရစ်တော်၌ (သို့မဟုတ်) သူ၌ ခဲတံနှင့်မျဉ်းတားပါ။ ကျမ်းစာအုပ်မှာလဲ မျဉ်းတားပါ။ ဓမ္မသစ်ကျမ်းကိုဖတ်လျှင်။ ဒီစကားများ သုံးထားသည်မှာအကြိမ်များစွာတွေ့ရမည်။ ဓမ္မသစ်ကျမ်းတွင် အကြိမ် ၁၃၀ ကြော်သုံးထားတာတွေ့ရမည်။ ဘုရားသခင်က ကျွန်တော် သည်သခင်ခရစ်တော်၌ ကိုသိစေခြင်သည်။

သခင်ယေရှု၌

ကျွန်တော် ခွင့်လွှတ်ခြင်းခံရပြီ။

ကျွန်တော်သည်သခင်ယေရှုခရစ်၌ ဖြစ်၍ ဘုရားသခင်က အပြစ်များမှ ခွင့်လွှတ်ပေးသည်။ ကျမ်းစာက "ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည်ခံရကြ၏။" (ကော ၁း၁၄)

သခင်ယေရှု၌

ကွန်တော် ဘုရားသခင်အနားမှာနေရပြီ။

အပြစ်သားဖြစ်၍ ဘရားသခင်နှင့်သီးခြားနေခဲ့ရသည်။ ဘုရားသခင်ရှိနေသောနေရာကို မလာနိုင်ပါ။ ယခုယေရှုခရစ်၌ ဖြစ်၍ ဘုရားသခင်ရှိသောနေရာသို့ ရဲရင့်စွာလာနိုင်သည် ၊ ယေရှုခရစ်၏အသွေးက၊ ကျွန်တော်၏အပြစ်များမှသန့်ရှင်း စေသည်။ ကျမ်းစာက

"သင်တို့သည်အထက်က ဝေးလျက်ရှိသောလည်း၊ ယခုမှာ ယေရှုခရစ် ၌ ဖြစ် ၍ အသွေးတော်အားဖြင့်အနီးသို့ရောက် ကြပြီ။" (ဧ ၂း၁၃)

သခင်ယေရှု၌

ကွန်တော် အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းခံရသည်။

ရွေးနှုတ်ကယ်တင်ခြင်းခံရရန်။ အဖိုးအခပေးရသည်၊ အာဒံ၏ မနာခံမှုကြောင့် ကျွန်တော်တို့ကို ဘုရားသခင်ထံမှစာတန် က ခိုးယူခြင်းခံရသည်။ ဘုရားသခင်က ကျွန်တော်ကို အပြစ်မှ ရွေးနှုတ်ကယ်တင်ပေးသည်။ ကျွန်တော်တို့ကို သူက "ပြန် ၍ခေါ်ခဲ့သည်။" ယခုကျွန်တော်တို့ကို သူပိုင်ဆိုင်သည်။ ကျွန်တော်တို့ကိုအပြစ် မှ ရွေးနှုတ်ကယ်တင်ပေးခဲ့သူ။

ကျမ်းစာက

" ခပ်သိမ်းသောသတိ ပညာတော်နှင့် လျော်စွာ ငါတို့ ၌ အတိုင်းထက်အလွန် များလှစွာ သော ကျေးဇူးတော်သည် ကြွယ်ဝ ပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏ အသွေးအားဖြင့် အဖြစ်လွှတ်တော်မူခြင်းတည်းဟူသောရွေးနှုတ်တော်မူခြင်း ကျေးဇူး ကိုငါတို့သည်ခံရကြ၏။" (ဧ ၁း ရ-၈)

ယေရှုခရစ်သည်။ ကျွန်တော် ကို ရွေးနှုတ်ကယ်တင်ရန် အဖိုးအခ ကြီးမားစွာပေးရသည်။ သူပေးရသည့်။ ပေးရသည်အဖိုး အခသည်ဘာလဲ၊? ပေးရသောအဖိုးအခသည် သူ၏အဖိုးတန်သော အသွေးတော်မြတ် ဖြစ်ပါသည်။ ကျွန်တော်တို့ကို ပြန်ရရှိရန်၊ သူအသေခံပေးရသည်။ ကျမ်းစာက

" မိစဉ်ဘဆက် ကျင်လည်သော အချည်းနှီး ကျင့်ကြံ ပြုမူခြင်းမှ၊ ရွှေငွေ အစရှိသောဖောက်ပြန် ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကိုရွေးတော်မူသည်မဟုတ်။- ဘယ်အပြစ်မှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သောသိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့်ရွေးတော်မူသည်ကိုသိမှတ်ကြလော့" ( ၁ပေ ၁း၁၈-၁၉)

သခင်ယေရှု၌

ကွန်တော်ကို လက်သင့်ခံခြင်း။

ကျွန်တော်တို့အားလုံးသည်၊ သူငယ်ချင်နှင့် အခြားလူများ က လက်သင့်ခံခြင်းကို လိုအပ်ကြပါသည်။ ဘုရားသခင်၏လက် သင့်ခံခြင်းသည်၊ အာလုံးထဲတွင် အလွန် အရေးကြီးဆုံးသော လက်သင့်ခံခြင်းဖြစ်ပါသည်။

ကျွန်တော်သည် အာဒံ၏အပြစ်သား မိသားစုဝင်များ အထဲမှာသာရှိမည်ဆိုလျင် ဘုရားသခင် လက်သင့်ခံမည် မဟုတ်ပါ။ ယေရှုခရစ်ကို ကျွန်တော်၏ကယ်တင်ရှင်အဖြစ် လက်ခံသည်အချိန်တွင်၊ ဘုရားသခင် လက်သင့်ခံသည်။ ဘာကြောင့် ဘုရားသခင် လက်သင့်ခံသနည်း? ကျွန်တော်သည်၊ ယေရှုခရစ်၌ဖြစ်သောကြောင့်။ ကျမ်းစာက

"ထိုဘုရားသခင်သည်ချစ်တော်မူသောသားတော်ကြောင့်၊ငါတို့အား ပေးတော်မူသောကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်း စေခြင်းငှါ၊ ငါတို့သည်ယေရှုခရစ်အားခြင့် သားအရာကိုရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာ အတိုင်းရှေး မဆွက ခွဲခန့်မှတ်သားတော်မူ၏။" (ဧ ၁း၅-၆)

ယေရှုခရစ်သည် ဘုရားသခင် "ချစ်မြတ်နိုးသော" အချစ်ဆုံးသား ဖြစ်သည်။ ကျွန်တော်ကို ယေရှုခရစ်က လက်သင့်ခံ သည်။ "ယေရှုခရစ်ကလက်သင့်ခံသည်" ၏အဓိပ္ပါယ်သည် ဘုရားသခင် ကျွန်တော်ကိုချစ်သည်။ လက်သင့်ခံသည်။ သူ၏ "ချစ်မြတ်နိုးသော" သားကို ချစ်သည်အတိုင်းနှင့် လက်သင့်ခံသည့်အတိုင်း၊ ကျွန်တော်ကိုသူ၏ "ချစ်မြတ်နိုးသော" သား ၌ လက်သင့်ခံသည်။

တစ်ချိန်က လှပသော သူငယ်မလေးတစ်ယောက်သည်။ ဝေးသော နိုင်ငံတွင်နေထိုင်သည်။ သူ၏မိသားစုသည် အလွန် ဆင်းရဲသဖြင့် သူမ၏အနာဂတ်သည် မတောက်ပြောင်ပါ။ တစ်ရက်တွင်သူမသည်၊ အခြားနိင်ငံရှိသူဌေး၏အိမ်တွင် အိမ်ဖေါ်လုပ်ရန် သူမ၏အိမ်မှထွက်ခွါခဲ့သည်။

ဤသူသည် အတော်ချမ်းသာသည်။ သူ၏အိမ်သည်၊ သူမအတွက် နန်းတော်ကြီးလိုဘဲ၊ သူက သူမအပေါ်တွင် ကောင်းပါ သည်။ သူမကလဲ သူဌေး ကျေနပ်အောင် အလုပ်ကို ကြိုးစား၍လုပ်သည်။

သူဌေးတွင် သားတစ်ယောက်ရှိသည်။ သူအလွန်ချစ်တယ်။ သူသားက လှပသောအိမ်ဖေါ်မကလေးကို ချစ်သော အချိန် တွင် သူမကလဲ ချစ်တယ်၊ တစ်ရက်တွင် သားက သူမကို ဇနီး ဖြစ်ယူရန်တောင်းဆိုသည်။

သူဖခင်ကလဲ သူသားလက်ထပ်ရန်ချစ်သူရ၍၊ ကျေနပ်သည်။ တနေ့တွင်သားနှင့်အိမ်ဖေါ်မလေးတို့လက်ထပ်ကြသည်။

ချက်ခြင်းဘဲ ဒီကလေးမလေးအတွက်၊ အရာရာတိုင်းပြောင်းလဲသွားသည်။ သူမသည် အိမ်ဖေါ် လုံးဝမဟုတ်တော့ပါ၊ သူမသည် သူဌေးကြီး၏ မိသားစုဝင်အဖြစ် လက်သင့်ခံခြင်းကို ရရှိပြီ။ သူမကိုဘာဖြစ်လို့ လက်သင့်ခံသနည်း? သူမသည် သူဌေးကြီး ချစ်မြတ်နိုးသောသား၏ ဇနီးဖြစ်သောကြောင့်၊ သူမကို "ချစ်မြတ်နိုးသောသား၌ လက်သင့်ခံသည်"

ဒီဟာ ဘုရားသခင် ကျွန်တော်ကို လုပ်ကိုင်ပေးတာများ၏ရုပ်ပုံဖြစ်ပါသည်။ ကျွန်တော်သည် တချိန်က အာဒံ၌ ရှိခဲ့သည်။ ကျွန်တော်မှာ မျှော်လင့်ချက်နှင့် အနာဂတ်မရှိခဲ့ပါ။ ဒါပေမဲ့ တရက်တွင် သခင်ယေရှုကို ကျွန်တော်၏ ကယ်တင်ရှင်အဖြစ် လက်ခံသည်အချိန်တွင် အားလုံးပြောင်းလဲသွားသည်၊ ဘုရားသခင် ကျွန်တော်ကိုယခု အပြည့်အ၀ လက်သင့်ခံသည်။

ဘုရားသခင် ဘာကြောင့် ကျွန်တော်ကို လက်သင့်ခံသနည်း။? ကျွန်တော်သည် ယခု သခင်ယေရှု၌ ရှိသောကြောင့် လက်သင့်ခံသည်။ ကျွန်တော်ကို သခင်ယေရှု၌ လက်သင့်ခံပြီ။ ဘုရားသခင်က "ချစ်မြတ်နိုးသောသား၌" ကျွန်တော်ကို လက်သင့်ခံရန် ပြုလုပ်ပေးသည်။

သခင်ယေရှု၌

ကျွန်တော်နေရာသစ်ရပြီ။

ကျွန်တော်နေရာသစ်သည် ယေရှုခရစ်၌ ဘုရားသခင်မြင်ရသည်။ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် မခံယူမှီက ဘုရား သခင်တွေ့တာ အာဒံအထဲမှာ၊ အဲ့ဒါကျွန်တော်၏နေရာဟောင်းဖြစ်သည်။

ယခုနေရာသစ်ရပြီ၊ ဘုရားသခင်၏အမြင်တွင်၊ ဘုရားသခင် ယခု ကျွန်တော်ကိုယေရှုခရစ်၌တွေ့ရသည်။ သူသည် ကျွန်တော်ကိုချစ်သည်။ လက်သင့်ခံသည်။ သူ၏ ချစ်မြတ်နိုးသောသားကိုချစ်သလို၊ လက်သင့်ခံသလို၊ တစ်ပုံစံထဲ ဖြစ်ပါ သည်။

ကျွန်တော်သည် ယေရှုခရစ်၌ ပျောက်ဆုံးနိုင်ပါသလား? ကျွန်တော်သည် ယေရှုခရစ်၌် မပျောက်ဆုံးနိုင်ပါ။ ဒါပေ မဲ့ပျောက် ဆုံးနှိုင်တာရှိသည်။

ကျွန်တော် ယေရှုခရစ်၌ ရှိသော သာယာကြည်နူးမှု၊ ပျောက်ဆုံးနိုင်သည်။ ကျွန်တော်သည်ဘုရားသခင်၏စကားများကို မနာခံဘဲ၊ ဘုရားသခင်သဘောမကျသည်များကို ဆက်လက်လုပ်နေလျှင်၊ ကျွန်တော်၏ပျော်ရွှင်မှုများ ဆုံးရှုံးမည်။


ဘုရားသခင်၏အမှန်တရား။

ဘုရားသခင်သည် ကျွန်တော်ကို ကြီးမားသောချစ်ခြင်းကြောင့်၊ ဘုရားသခင် ကျွန်တော်ကိုလုပ်ပေးသောအရာများသည်၊ ကိုယ်တိုင် လုံးဝမဆောင်ရွက်နိုင်ပါ။ သူက ကျွန်တော်ကို အာဒံ၏မိသားစုမှ ထုတ်ပေးပြီး၊ ယေရှုခရစ်၏မိသားစုဝင်ဖြစ်စေ

သည်။ ကျွန်တော်သည်ယခု ယေရှုခရစ်၌ဖြစ်သည်။ ယေရှုခရစ်၌ဖြစ်၍ ဘုရားသခင် ကျွန်တော်ကိုချစ်၍လက်သင့်ခံသည်။ ကျွန်တော်ကိုသူ၏ချစ်မြတ်နိုးသောသား၌ လက်သင့်ခံသည်။

ငါယုံကြည်သည်။

အဖဘုရားသခင်၊ ကျွန်တော်ကို ယေရှုခရစ်၌ ထားသည်၊ ကျွန်တော်ကို ချစ်၍ လက်သင့်ခံသည်ကို ယုံကြည်ပါသည်။ ဘုရားသခင်ကိုထာဝစဉ် ချစ်ရန် နှင့် နာခံရန် ။ ကျွန်တော်၏ဘုရားသခင်ပေးထားသောနေရာသစ်တွင်သာယာ ကြည်နူး မှုရရှိရန် နှင့် ၀မ်းမြောက်ဖွယ်ရာများ ဖြစ်ရန် အကူအညီပေးတော်မူပါ။


သင်ခန်စာ (၅)မှ မေးခွန်းများ

အမှား အမှန် ရွေးပါ။

၁။ ဘုရားသခင်ကမ္ဘာပေါ်သို့ကြည့်သော်၊

က) ကမ္ဘာပေါ်တွင် မိသားစုအများကြီးတွေ့သည်။

ခ) ကမ္ဘာပေါ်တွင်။ မိသားစု နှစ်စု ကိုတွေ့ရသည်။ အာဒံ၏မိသားစု နှင့် သခင်ခရစ်တော်၏မိသားစု တို့ကိုတွေ့ရလေသည်။

၂။ ဘုရားသခင် လူတိုင်းကိုမြင်သည်

က) အာဒံအထဲ၌ (သို့မဟုတ်) သခင်ခရစ်တော်အထဲ၌ ဟုမြင်မည်။

ခ) အကောင်း (သို့မဟုတ်) အဆိုး

၃။ အာဒံအထဲ၌ အဓိပ္ပါယ်သည်၊

က) အာဒံမိသားစုဝင်များနှင့်မိတ်ဆွေဖြစ်ရန်။

ခ) အာဒံ လုပ်ကိုင်တာအာလုံး နှင့် ခံစားရဒါအာလုံး ပါဝင်မှုရှိမည်။

၎။ သဘာဝအလျောက် မွေဖွါးကြသဖြင့် ကျွန်တော်တို့အားလုံးသည်၊

က) ဘုရားသခင်၏မိသားစုဝင်များဖြစ်ကြသည်။

ခ) အာဒံ၏အပြစ်သား မိသားစုဝင်များဖြစ်လာကြရသည်။




၅။ ကျွန်တော်သည် သခင်ခရစ်တော်ကို။ ကျွန်တော်၏ကယ်တင်ရှင်အဖြစ်လက်ခံ၍

က) ဘုရားသခင်က ကျွန်တော်ကို အာဒံ၏ အပြစ်မိသားစုထဲမှထုတ်ဖယ်ပြီး၊ သခင်ခရစ်တော်၏ မိသားစုဝင် ဖြစ်စေသည်။

ခ) ဘုရားသခင်က ကျွန်တော်ကို လူကောင်းဖြစ်ရန်ကူညီသည်။

၆။ ကျွန်တော် ဘယ်လို သခင်ခရစ်တော်၌ ဖြစ်လာသနည်း?

က) ဘုရားသခင်လုပ်ဆောင်ပေးသည်။

ခ) ကျွန်တော် လုပ်ယူသည်။

၇။ သခင်ခရစ်တော်၌၏ အဓိပ္ပါယ်သည်။

က) သခင်ခရစ်တော်လုပ်ဆောင်သည့်အရာအားလုံး၌ ပါဝင်မှုနှင့် သူ၏ ယနေ့အခြေအနေ အားလုံးပါဝင်သည်။

ခ) ကျွန်တော်သည် ကောင်းကင်ဘုံရောက်ရန်၊ မိမိကိုမိမိ အကောင်းဆုံးဖြစ်ရန်ကြိုးစားနေသည်။

၈။ ဘုရားသခင် ကျွန်တော်ကို လက်သင့်ခံသည်။

က) ကျွန်တော်ဟာ အပြစ်ကင်းစင်သဖြင့်။

ခ) ကျွန်တော်သည် သခင်ခရစ်တော်၌ ဖြစ်သောကြောင့်လက်သင့်ခံသည်။

၉။ ကျွန်တော်၏ နေရာသည်။

က) ဘုရားသခင်တွေ့မြင်နိုင်သည့် သခင်ခရစ်တော်၌ ဖြစ်သည်။

ခ) ကျွန်တော် ယခုနေသော ကမ္ဘာ ၌ရှိသောလမ်းကြောင်းဖြစ်သည်။

၁၀။ ယေရှုခရစ်၏ မိသားစုဝင်ဖြစ်သဖြင့်

က) ယခုနေရာသစ်ရပြီ၊ ဘုရားသခင်၏အမြင်တွင်၊ ဘုရားသခင် ယခု ကျွန်တော်ကို ယေရှုခရစ်၌ တွေ့ရသည်။

ခ) ကျွန်တော်သည်အရင်နေရာနှင့်အတူတူဘဲ၊ ဒါပေမဲ့ လူကောင်းဖြစ်လာပြီ။


စံဝင်းချို

Share:

ကျွန်တော်သည် သခင်ခရစ်တော်၌ လူသစ်ဖြစ်သည်။

I am a New Person in Christ!

ကျွန်တော်သည် သခင်ခရစ်တော်၌ လူသစ်ဖြစ်သည်။

Lesson 4

မိတ်ဆွေများခင်ဗျာ၊

ဘုရားသခင်တွင် တခုသောဝမ်းမြောက်ဖွယ်ရာမှာ၊ သူသည်အခြေအနေများကိုအသစ်ပြုလုပ်ခြင်းကိုနှစ်သက်သည်။ သူလုပ်ထားသော အရာတခုခုကို အပြစ်က ပျက်စီးစေလျှင်၊ ဘုရားသခင်ကအသစ်ပြုလုပ်မည်။ နောက်တစ်ကြိမ် အပြစ်က ထပ်၍ လုံးဝ မဖျက်ဆီး နိုင်ရန်ဖြစ်သည်။ ဘုရားကပြောသည်။

" ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ် ဖန်ဆင်းသည်ဟုမိန့်တော်မူ၏။---" (ဗျာ ၂၁
း၅)

ဘုရားသခင်၏ပထမလူ၊ အာဒံသည် ဘုရားသခင်၏ စကားများကို မလိုက်နာဘဲ အပြစ် နှင့် သေခြင်းကို ကမ္ဘာပေါ်သို့ ယူ ဆောင်လာခဲ့သည်။ အာဒံသည် အပြစ်သား လူမျိုးများ ထုတ်လုပ်ခဲ့သည်။ ကမ္ဘာပေါ်တွင်မွေးဖွားသူတိုင်းသည်၊ အာဒံ၏ အပြစ်ရှိသော မိသားစုဝင်များ ဖြစ်ကြရသည်။

ဘုရားသခင် ဘာကို မြင်ရမည်နည်း?

ဘုရားသခင်က ကျွန်တော်ကို လုံခြုံမှုမရှိသောအခြေအနေတွင်ကြည့်လျင်၊ ဘာကိုမြင်ရမည်နည်း? သူအချက် (၃) ချက်တွေ့မြင်ရမည်။

၁။ ဘုရားသခင်က ကျွန်တော်၏ အပြစ်များစွာကိုတွေ့ရှိမည်။

၂။ ဘုရားသခင်က အပြစ်များကိုပြုလုပ်သည့် အပြစ်သားဟုမြင်မည်။

၃။ ဘုရားသခင်က ကျွန်တော်ကို စာတန်၏ နိုင်ငံ အမှောင်ထဲထုထဲတွင်တွေ့မည်။

ဤအရာများသည် လုံခြုံမှုမရှိသော လူများအတွက် မှန်ကန်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကိုချစ်သည်အတွက်၊ ကျွန်ုပ် တို့နှင့် သူ၏အကြား၌ရှိသော အခြေအနေအရပ်ရပ်ကို ဖယ်ရှားပေးချင်သည်။ ဘုရားသခင်၊ ဘယ်လိုဆောင်ရွက်သည်ကို ကျွန်တော်တို့ ကြည့်ကြရအောင်။

ဘုရားသခင်သည် ကွန်တော်ကို အပြစ်များမှ ဘယ်လိုကယ်တင်ခဲ့သနည်း?

ဘုရားသခင်သည် ကျွန်တော်၏အပြစ်များကို သူ၏သားတော်သခင်ယေရှု အပေါ်၌တင်တော်မူခြင်းဖြင့် ကယ်တင် ခဲ့ပါ သည်။ ကျမ်းစာက "ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကိုသူ့အပေါ် ၌ တင်တော်မူ၏ " (ဟေရှာ ၅၃း၆ ခ)

သခင်ခရစ်တော်က ကျွန်တော်၏ အပြစ်များအတွက် အသေခံပေးသည်။ ဘုရားသခင်က ကျွန်တော်၏ အပြစ်များကို ထာဝရ ခွင့်လွှတ် ပေးတော်မူ၏။ ကျမ်းစာက

"ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကိုဆေးကြောတော်မူ၏" (၁ယော ၁း၇ ခ)

ကွန်တော်၏လွဲမှားသော အတ္တစိတ်မှ ဘုရားသခင်ဘယ်လို ကယ်တင်ခဲ့သနည်း?

ဘုရားသခင် ကျွန်တော်၏အပြစ်များကိုခွင့်လွတ်ပေးခြင်းကိုသိရှိရသည်မှာ အလွန် နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသည်၊ ဒါပေမဲ့ကျွန်တော်မှာ နက်နဲသော ပြဿနာရှိသည်။ ကျွန်တော်သည်အပြစ်သား။ ကျွန်တော်ကအပြစ်များကိုလုပ် သော သူဖြစ်သည်။

ကျွန်တော်၏အပြစ်များဘယ်ကလာသလဲ? ကျွန်တော်၏စိတ်နှလုံးမှလာသည်၊ ကျွန်တော်၏ လွဲမှားသော သဘာဝ။ သခင်ယေရှုကပြောသည်၊ အာလုံးသောအပြစ်များသည်၊ "လူသား၏ စိတ်နှလုံးအတွင်းမှ လာသည်။" ကျွန်တော် သည်ပြင် ၍မရပါ။ ဘုရားသခင်တောင်မှ ကျွန်တော်နှလုံးကောင်းအောင်မကြိုးစားပါ၊ သူတွင်ကျွန်တော်အတွက် ကောင်းမွန်သောအဖြေရှိပါသည်။

ဘုရားသခင်ကျွန်တော်၏အပြစ်များကို ခွင့်လွတ်ပေးပြီးပြီ၊ လက်ရှိအခြေအနေအတိုင်း ဒီမှာထားခဲ့မည်ဆိုလျှင်၊ ကျွန်တော် သည် အပြစ်များကို ဆက် လုပ်နေပြီးလျှင် ပိုမို၍ ဆိုးဝါးသောအခြေအနေသို့ ရောက်တော့မည်။ အကယ်၍ ကျွန်တော် သည် အသစ်သောအသက်တာ၌ ဘုရားသခင်၏ သားဖြစ်ပြီး အစဉ် သာယာကြည်နူးသည်ဆိုလျှင်၊ ကျွန်တော်၏ လွဲမှား သော အတ္တစိတ်၊ ပြဿနာကို ဘုရားသခင် ဖြေရှင်းပေးလိမ့်မည်။

ကျွန်တော်၏ လွဲမှားသော အတ္တစိတ် အဟောင်းကိုဖယ်ရှားပြီး။ ကျွန်တော်အား သခင်ယေရှု၌ လူသစ်ဖြစ်ရန်သည်၊ ဘုရားသခင်၏ ပြဿနာ ဖြေရှင်းနည်းဖြစ်သည်။

ဘုရားသခင်က ကျွန်တော်၏အဟောင်းသော အတ္တစိတ် ကို ၊ သခင်ခရစ်တော်နှင်အတူ့ လက်ဝါးကားတိုင် မှာထည့်လိုက် သည်။ ကျမ်းစာက

"ထိုသခင်အားဖြင့် သင်တို့သည် ယေရှုခရစ် ၌တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင်စီရင်တော်မူသည်အတိုင်း၊ ငါ တို့ ၌ ပညာမှစ ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်းဖြစ်တော်မူ၏။ " (၁ကော ၁း၃၀)

သခင်ခရစ်တော် လက်ဝါးကပ်တိုင်မှာ အဆုံးစီရင်ခြင်းခံရသည့်အချိန်တွင် ကျွန်တော်လဲသူနှင့်အတူ"အဆုံးစီခြင်းခံရသည်။"

ကျွန်တော်၏ အဟောင်းသော လွဲမှားသော အတ္တစိတ်၊ ကျမ်းစာက " ငါတို့၏လူဟောင်း" သည်၊ ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံရသည်။ ဘုရားသခင်က ဤအရာကို ကျွန်တော်တို့ကိုသိစေခြင်သည်။ ကျန်းစာက

"ထိုမှတပါးငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူလက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟုငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည်နောက်မှအပြစ်တရား၏အစေကိုမခံစေခြင်းငှါ၊ အပြစ်တရား၏ကိုယ်ကိုဖျက်ဆီးမည် အကြောင်းတည်း။ "(ရော ၆း၆)

ကျွန်တော်သည် သခင်ခရစ်တော်နှင့်အတူ အသေသတ်ခြင်းခံရတာဘယ်လိုသိသလဲ? ဘုရားသခင်၏စကားအရ သိရ သည်။ ရှင်ပေါလုကပြောသည်။ "ငါသည်ခရစ်တော်နှင့်အတူလက်ဝါးကပ်တိုင်မှာအသေခံပြီ။" (ဂ လ ၂း၂၀) ယုံကြည်သူတိုင်း အတွက် တူညီခြင်းသည်မှန်ကန်သည်။

သင်သည်စဉ်းစားလိမ့်မည်။ "သခင်ခရစ်တော်သည်အသေသတ်ခြင်းကိုခံရဒါ၊ နှစ် ၂၀၀၀ ရှိပြီ။ ကျွန်တော်ဘယ်လိုသခင် ခရစ်တော်နှင့် အတူအသေခံမည်နည်း?

ဤအရာကိုနားလည်ရန်အကူအညီပြုမှာက၊ စာရွက်တရွက်ယူပြီး၊ စာရွက်မှ လူတစ်ယောက် ညှပ်ထုတ်ပါ။ ထိုလူကလေး ကိုယူပြီးစာအုပ်ထဲမှာထည့်ထားပါ။ လူကလေးဘယ်မှာလဲ? သူသည်စာအုပ်ထဲမှာရှိ၊ သူသည်စာအုပ်ထဲမှာနေ မည်။

စာအုပ်ကို ကြမ်းပေါ်မှထာသည်ဟုမှတ်ယူ၊ လူကလေးဘယ်မှာလဲ? သူသည်စာအုပ်ထဲ၊ ကြမ်းပေါ်မှာ။

စာအုပ်ကိုစားပွဲပေါ်မှာထားသည်။ လူကလေးဘယ်မှာလဲ? သူသည်စာအုပ်ထဲ စားပွဲပေါ်မှာ။

စာအုပ်နှင့် စာအုပ်ထဲမှလူကလေးကို ရေအောက်တွင်ကိုင်ထား၊ လူငယ်လေးဘာဖြစ်မလဲ? သူသည်စာအုပ်ထဲ ရေအောက်မှာ။

စာအုပ်တွင်လူကလေးနှင့်ကို အထုတ်ထုတ်၍အခြားမြို့ကိုပို့သည်။ လူကလေးဘယ်မှာလဲ? သူသည်စာအုပ်ထဲအခြားမြို့မှာ။

ဤပုံဆောင်ခြင်းတွင် စာအုပ်သည်သခင်ယေရှု၊ လူကလေးက ကျွန်တော်ကို ကိုယ်စားပြုသည်။ လူကလေးကို စာအုပ် တွင်ထဲ့သလို၊ ဘုရားသင်က ကျွန်တော်ကို သခင်ယေရှုတွင်ထဲ့သည်။

လူကလေးကိုစာအုပ်တွင်ထဲ့သည်။ ထိုကြောင့် စာအုပ်ဘာဘဲဖြစ်ဖြစ်၊ လူကလေးလိုက်ဖြစ်ရသည်။ တူညီခြင်းသည်၊ ကျွန်တော်အတွက်လဲမှန်သည်။ ဘုရားသခင်က ကျွန်တော်ကို သခင်ယေရှုနှင့်အတူလက်ဝါးကပ်တိုင်မှာထည့်ပေးသည်။ သခင် ယေရှုဖြစ်သမျှ၊ ကျွန်တော်တွင်လဲဖြစ်ရမည်။ ကျွန်တော်သည် သခင်ယေရှုအတွင်း၌ရှိသောကြောင့်ဖြစ်သည်။

ဘုရားသခင်၏ ကြီးမြတ်သော ကယ်တင်ခြင်း။

သခင်ယေရှုကို လက်ဝါးကပ်တိုင်တွင်အသတ်ခံရချိန်၌၊ ကျွန်တော်လည်းသူနှင့်အတူအသတ်ခံရသည်။ သူသေသည၊် ကျွန်တော်လဲသေသည်။ သူမြေကြီးထဲအမြုပ်ခံရသည်၊ ကျွန်တော်လဲသူနှင့်အတူအမြုပ်ခံရသည်။ သူပြန်လည်ထမြောက် သည်၊ ကျွန်တော်လည်းထမြောက်ရသည်။ သူဖြစ်သမျှကို ကျွန်တော်လည်းဖြစ်ရသည်။

ကျွန်တော်ကိုယ်တိုင်မသေပါ၊ ဤအရာအားလုံးသည်သခင်ယေရှုတွင်မှန်ကန်ပါသည်။ စာအုပ်ထဲမှလူကလေးကိုသတိရပါ။ လူကလေးကိုစာအုပ်ထဲသို့ထဲတာနှင့် စာအုပ်ဖြစ်တာအာလုံးကိုသူလဲဖြစ်ရသည်။ သူသည်စာအုပ်ထဲမှာရှိသောကြောင့်ဖြစ် သည်။

တူညီခြင်းသည် ကျွန်တော်အတွက်မှန်သည်။ ဘုရားသခင်ကျွန်တော်ကို သခင်ယေရှုနှင့်အတူလက်ဝါးကပ်တိုင်တွင်ထည့် သည်နှင့်၊ သူဖြစ်တာအလုံးစုံကို ကျွန်တော်လဲဖြစ်ရသည်။ ကျွန်တော်သည် သခင်ယေရှုတွင်ရှိသောကြောင့်ဖြစ်သည်။ သခင်ယေရှု သေသည် အခါကျွန်တော်သည် သူ့အထဲတွင်ရှိသည်။ ဘုရားသခင်၏ အမြင်အာရုံတွင်ကျွန်တော်၏ အသက်တာ အဟောင်းသည်၊အဆုံးသို့ရောက်သွားပြီ။

သခင်ယေရှုကိုသင်္ဂြိုဟ်စဉ် ကျွန်တော်ကသူ့အထဲမှာ။ သခင်ယေရှုပြန်လည်ထမြောက်တော့လဲ ကျွန်တော်သူ့အထဲမှာ၊ ဒါပေမဲ့ကျွန်တော်ဟာ ယခုလူသစ်ဖြစ်ပြီ။

ဘုရားသခင်သည် ကျွန်တော်ကို သခင်ယေရှုအထဲမှာ လူသစ်အဖြစ်ဖန်ဆင်းသည်။ ကိုယ်ခန္ဓာသည်အတူတူဘဲ၊ ကျွန်တော်ဟာ အတွင်း၌ လူသစ်ဖြစ်သည်။ ကျမ်းစာက

"လူမည်သည်ကား၊ ခရစ်တော် ၌ ရှိလျင်အသစ်ပြုပြင်သော သတ္တ၀ါဖြစ်၏။ ဟောင်းသော အရာ တို့သည်ပြောင်း လဲ ၍ ခပ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီ။" (၂ကော ၅း၁၇)

ကွန်တော်သည် နေရာအသစ်တွင် လူသစ်ဖြစ်ပြီ။

ကျွန်တော်သည် စာတန်၏ နိုင်ငံ အမှောင်ထုတွင် မရှိတော့ပါ။ ကျွန်တော်သည်နေရာအသစ်တွင်လူသစ်ဖြစ်ပြီ၊ ကျွန်တော် သည်ဘုရားသခင်၏ သားတော်၏ နိုင်ငံတော်တွင်ယခုရောက်ရှိပြီ။ ကျမ်းစာက

"အလင်း ၌ နေသောသန့်ရှင်းသူတို့၏ အမွေကိုငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်းကျေးဇူးပြုတော်မူ၏။- မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ် ၍ ၊ ချစ်တော်မူသောသားတော်၏ နိုင်ငံထဲသို့သွင်းတော်မူ၏။" (ကော ၁း၁၂-၁၃)

သခင်ယေရှုက ကျွန်တော်ကိုဆန့်ကျင်သောအရာအားလုံးမှ ကယ်တင်သည်။ ကျွန်တော်သည်သခင်ယေရှု ဆောင်ရွက် ပေးခြင်းကိုသိရှိရသဖြင့် အလွန်ပျော်သောနေ့ဖြစ်ခဲ့ရသည်။ သူက ကျွန်တော် နှင့် ဘုရားသခင်အကြား မှာရှိသော အရာ အားလုံးကို ဖယ်ရှားပေးသည်။

ကျွန်တော်၏အပြစ်များ ဘယ်လိုလဲ? ကျွန်တော်၏အပြစ်များကို သခင်ယေရှု အပေါ်သို့ချခဲ့သည်။ ကျွန်တော်၏အပြစ်များ ကို သခင်ယေရှု၏အသွေးဖြင့် ချွတ်ချပေးသည်။ ကျွန်တော်၏အပြစ်အားလုံးကို ဘုရားသခင်က သခင်ယေရှု၏ နာမတော် အားဖြင့် ခွင့်လွတ်ပေးခဲ့သည်။ ကျမ်းစာက

"ချစ်သားတို့၊ သင်တို့သည်ထိုသခင်၏နာမတော်အားဖြင့် အပြစ်များ နှင့် ကင်းလွတ်သောကြောင့်၊ သင်တို့အားငါရေး ၍ ပေးလိုက်သည်။" (၁ယော ၂း၁၂)

ကျွန်တော်၏ လွဲမှားသော၊ အသက်တာအဟောင်း၊ ဘယ်အခြေအနေ၌ ရှိ ပြီနည်း? ဘုရားသခင်၏အမြင်မှာ၊ ကျွန်တော် အသက်တာဟောင်းသည်၊ သခင်ယေရှု နှင့် အတူကျွန်တော်သေခဲ့သည်အချိန်ကပြီးဆုံးသွားခဲ့ပါသည်။ ရှင်ပေါလုက ပြောသည်၊ "ငါသည် သခင်ယေရှု နှင့်အတူ လက်ဝါးကပ်တိုင်တွင်အသတ်ခံခဲ့ရသည်။" ကျွန်တော်လဲဒီလိုပြောနိုင်တယ်၊ သခင်ယေရှုသည် ကျွန်တော်၏ကယ်တင်ပိုင်ရှင်ဖြစ်သောကြောင့်။ ကျွန်တော်သည် ယခင်က လူမဟုတ်တော့ပါ။ ကျွန်တော်သည် သခင်ယေရှု၏လူသစ်ဖြစ်ပြီ။ ကျမ်းစာက

"စိတ်နှလုံး သဘောသစ်ကိုရပြီးလျှင်၊ မှန်သော ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီ အားဖြင့် ဘုရားသခင်နှင့် အတူ အမျှဖန်ဆင်းသောလူသစ်ကိုယူတင် ၀တ်ဆောင်မည်အကြောင်း၊ ခရစ်တော်၏စကားကို ကြားနာရသည်ရသည်ဖြစ် ၍ ၊ ယေရှု ၌ သမ္မာတရား ရှိသည်နှင့်အညီ၊ ထိုသခင်ထံ ၌ နည်းခံကြပြီသတည်း။" (ဧ ၄း၂၄)

စာတန်၏ မှောင်မိုက်သော နိုင်ငံတော် ဘယ်လိုရှိသနည်း? ကျွန်တော်သည် စာတန်၏မှောင်မိုက်သောနိုင်ငံတွင် မရှိ တော့ပါ။ ဘုရားသခင်က ကျွန်တော်ကို စာတန်၏မှောင်မိုက်သောနိုင်ငံမှ၊ သူသား၏ အသစ်သောနိုင်ငံတော်သို့လွှဲ ပြောင်း ပေးခဲ့သည်။

ဘုရားသခင်က ကျွန်တော်ထံမှ သာယာကြည်နှုးမှုကို လိုသည်။

ကျွန်တော်၏အပြစ်အားလုံးကို ခွင့်လွှတ်ပေးခြင်းသည်၊ နှစ်သက်ပျော်ရွှင်ဖွယ်အလွန်ကောင်းသည်။ ကျွန်တော်သည် သခင်ခရစ်တော်၌လူသစ်ဖြစ်သည်။

ဘုရားသခင်သည် ဘာကြောင့် ကျွန်တော်ကို နှစ်သက်ပျော်ရွှင်ဖွယ်ရာများ လုပ်ဆောင်ပေးသနည်း? သူဒီအရာများဆောင် ရွက်ပေးခြင်းသည်။ သူချစ်သောကြောင့်နှင့် ကျွန်တော်သည် သခင်ခရစ်တော်၌ရှိသောကြောင့်ဖြစ်သည်။

ကျွန်တော်သည် သခင်ခရစ်တော်၌ရှိသောကြောင့် ဘုရားသခင်သည် ကျွန်တော်ကို သာယာကြည်နှုးခြင်းနှင့် ကြည့်သည်။

ဘုရားသခင် ရှိနေခြင်းတွင် သခင်ခရစ်တော်က လိုက်လဲစွာကြိုဆိုသလား? သူက ကြိုဆိုသည်၊ ကျွန်တော်လဲရှိသည်။ သခင်ခရစ်တော်၏ဖခင်က သာယာကြည်နှုးမှုရှိပါသလား? သူကြည်နှုးမှုရှိပါသည်။ ကျွန်တော်လဲကြည်နှုးပါသည်။ ဘုရားသခင်ကပြောသည်မှာ " ငါမင်းကိုချစ်သည်၊ မင်းအပေါ်မှ သာယာကြည်နှုးမှုလဲရရှိပါသည်။ မင်းသည် ငါ့သား၌ ရှိသော ကြောင့် ဖြစ်သည်။"

ငွေကို ရေလိုသုံးသောသား

ငွေကိုရေလိုသုံးသောသား၊ ပုံပြင်တွင် သခင်ခရစ်တော်က ဖခင်ထံပြန်လာသော ကျွန်တော်တို့်ကို ဖခင်ကဘယ်လိုလက်ခံ သည် ကိုပြသခဲ့သည်၊ သခင်ခရစ်တော်ကို ကျွန်တော်၏ကယ်တင်ရှင်အဖြစ်ယုံကြည်ခြင်းရှိသည်။ သူသည်ကျွန်တော်တို့ကို အပြည့်အ၀၊ လွတ်လပ်စွာ၊ ခွင့်လွှတ်ခဲ့သည်။ သူသည်ခွင့်လွှတ်ခြင်သည်။ သူသည်ချစ်၍ ခွင့်လွှတ်ခြင်သည်။

ငွေကိုရေလိုသုံးသောသားပြန်လာသည်၊ သူ၏ဖခင်က အဝေးကတွေ့သည်။ ဖခင်သည်ပြေးပြီးသားကို လက်နှစ်ဖက်နှင့် ဖက်၍ နန်းသည်။ ဤအရာသည်၊ မပြောပလောက်သော ပါးကိုနန်းခြင်းမဟုတ်ပါ ။ ပင်ရင်းစကားတွင်၊ ကျမ်းစာက ဖခင်သည် "နမ်းးခြင်းဖြင့်ဖုံးလွှမ်းသည်။"

ထိုအချိန်တွင်၊ ငွေကိုရေလိုသုံးသောသားက အကြောင်းအရာ နှစ်ခုကို သိရှိရသည်။ ပထမ၊ ခွင့်လွှတ်ခြင်းသည်၊ အပြည့်အ၀ နှင့် လွတ်လပ်စွာရရှိသည်ကို သိရသည်။ ဒုတိယ၊ သူ၏ဖခင် သူအပေါ်၌ ဘယ်လိုခံစားမှု ရှိသည် ကိုသိ ရသည်။ သူ၏ဖခင်၏ စိတ်နှလုံး၊ သဘောထား၊သူအပေါ်မှာဘယ်လိုရှိသည်ကိုသိသည်။ သူ၏လုပ်ရပ်တွင် ဖခင်က ပြောသည်မှာ "မင်းကိုငါချစ်တယ်၊ မင်းကိုငါချစ်တယ်၊ မင်းကိုငါချစ်တယ်"

ကျွန်တော်ကို ဘုရားသခင်က ခွင့်လွှတ်ခြင်းသာမဟုတ်ဘဲ၊ ကျွန်တော်အပေါ်မှာ ဘယ်လိုခံစားမှုရှိသည်ကိုသိရသည်။- သူ၏နှလုံးသားမှချစ်ခြင်းသည်၊ သခင်ယေရှု၌ရှိသော ကျွန်တော်ကို ခွင့်လွှတ်ခြင်း၌၊ အကန့်အသတ် အတိုင်းအတာမရှိ သောချစ်ခြင်း စီးဆင်းသည်။

ဒီဟာ ဘုရားသခင်၊ ကျွန်တော်ကိုပွေ့ဖက်သည်၊ သူ၏နှလုံးသားထိ။ ဖခင်က ဆင်းရဲသော၊ ငွေကိုရေလိုသုံးသောသားကို ပွေ့ဖက်၍သူ၏နှလုံးသားရောက်ရန်၊ ပွေ့ပိုက်ထားသည်။ ဘုရားသခင်ကပြောကျွန်တော်သည်၊ "ငါမင်းကိုချစ်တယ်၊ ငါမင်းကိုချစ်တယ်၊ ငါမင်းကိုချစ်တယ်၊ မင်းငါ့ထံလာ၍ ငါပျော်တယ် ။"


ဘုရားသခင်၏အမှန်တရား

ဘုရားသခင်သည် သူ၏သား၏ ဆောင်ရွက်ချက်များကိုဖြတ်သန်း၍ ဘုရားသခင် နှင့် ကျွန်တော်အ ကြားရှိရှိ သမျှသော အရာများကို ဖယ်ရှားပေးသည်။ သခင်ယေရှု၏အသွေးသည်၊ ကျွန်တော်၏အပြစ်များကို သန့်ရှင်းစေသည်။ ကျွန်တော် ၏လွဲမှားသော အတ္တစိတ်ဟောင်းသည်၊ သခင်ယေရှု နှင့် အတူ အသတ်ခံခဲ့ရပြီ။ ဘုရားသခင်က ကျွန်တော်ကို သခင်ယေရှု ၌လူသစ်ဖြစ်ရန် ဖန်ဆင်းပေးသည်။ ကျွန်တော်သည် ယခု ဘုရားသခင် သားတော်၏အသစ်သော နိုင်ငံတော်၌ ရှိသည်။

ကျွန်တော်ဒါတွေကိုဘယ်လိုသိသလဲ? ဘုရားသခင်၏စကားများမှသိရသည်။ဘုရားသခင်က ကျွန်တော်ကိုယခုဘာ လုပ်စေခြင်သနည်း? သူက သူ၏သားကိုချစ်၍ သားတော်အတွက်အသက်ရှင်စေခြင်သည်။


ငါယုံကြည်သည်

"အဖ ဘုရားသခင် ကျွန်တော်၏အပြစ်များကို ခွင့်လွှတ်ပေးခြင်း နှင့် ကိုယ်တော်သည် ကျွန်တော်ကို သခင်ယေရှု၌ လူသစ်လုပ်ပေးသည်။ ကျေးဇူးတော်ချီးမွမ်းပါတယ်၊ ကျွန်တော်ကို နှစ်သက်ပျော်ရွှင်ဖွယ်အရာများကို ဖန်ဆင်းပေးသော ကြောင့် ဖြစ်ပါသည်။"

သင်ခန်စာ (၄) မှမေးခွန်းများ

အမှားအမှန်ရွေးပါ။

၁။ ကျွန်တော်၏ လွဲမှားသော၊ အပြစ်သားအခြေအနေ ကို ဘုရားသခင်ကြည့်စဉ် သူတွေ့သည့်မှာ

က) ကျွန်တော်၏ အပြစ်များစွာကိုတွေ့ရှိမည်။ အပြစ်များကိုပြုလုပ်သည့် အပြစ်သားဟုမြင်မည်။ ကျွန်တော်ကို စာတန်နိုင်ငံ အမှောင်ထုတွင်တွေ့မည်။

ခ) ကျွန်တော်၏အပြစ် နှင့် သူတွေ့သည်က ကောင်းမွန်သောလူ။ အပြစ်အများမဆောင်ရွက်သူဖြစ်သည်။

၂။ ဘုရားသခင်သည် ကျွန်တော်ကို အပြစ်များမှ ဘယ်လို ကယ်တင်ခဲ့သည်။

က) ဘုရားသခင်သည် ကျွန်တော်အပြစ်များကို သူ၏သားတော်သခင်ယေရှု အပေါ်၌တင်တော်မူခြင်းဖြင့် ကယ်တင်ခဲ့ပါသည်။

ခ) အပြစ်များမှခွင့်လွှတ်သည်၊ သူကျွန်တော်ချစ်သောကြောင့်။

၃။ ဘုရားသခင်က ကျွန်တော်၏ လွဲမှား အတ္တစိတ်မှ
ကယ်တင်သည်။

က)
လက်ရှိအခြေအနေအတိုင်းလက်ခံသည်။

ခ) ကျွန်တော်ကို ၊ သခင်ခရစ်တော်နှင့် လက်ဝါးကားတိုင်မှာထည့်လိုက်သည်။

၎။ ကျွန်တော် သည် သခင်ခရစ်တော်နှင့်အတူ အသေသတ်ခြင်းခံရတာဘယ်လိုသိသလဲ?

က) ကျွန်တော်ခံစားရသောကြောင့်။

ခ) ဘုရားသခင်၏နှုတ်ကပတ်တော်အရ သိရ သည်။

၅။ ဘုရားသခင်က ကျွန်တော်ကို သခင်ယေရှု ၌ထည့်ပြီးတာနဲ့ သူဖြစ်သမျှ

က) သူဖြစ်သမျှကို ကျွန်တော်လည်းဖြစ်ရသည်။ကျွန်တော်သူ့အထဲမှာရှိသောကြောင့်။

ခ) ကျွန်တော်မှာ ထိရောက်မှုမရှိပါ။

၆။ ဘုရားသခင်၏အမြင်မှာ ကျွန်တော်၏ အပြစ်သား သက်တာအဟောင်းသည် "အာဒံ" ထဲမှာရှိသည်။

က) ကျွန်တော်သေတဲ့အထိမပြီးနိုင်ပါ။

ခ) သခင်ယေရှုနှင့်အတူသေ ထဲက ပြီးဆုံးသွားပါပြီ။

၇။ သခင်ယေရှုပြန်လည်ထမြောက်တော့လဲ ကျွန်တော်လဲထမြောက်သည်

က) ဒါပေမဲ့ကျွန်တော်ဟာ ယခုလူသစ်ဖြစ်ပြီ။

ခ) အရင်ကထက် လူကောင်းတစ်ယောက်ဖြစ်လာသည်။

၈။ ဘုရားသခင်က ကျွန်တော်ကို စာတန်၏မှောင်မိုက်နိုင်ငံမှပြောင်းလိုက်တာ

က) ဤကမ္ဘာ၏နိုင်ငံတော်သို့

ခ) သူသား၏ နိုင်ငံတော်သို့

၉။ ကျွန်တော်၏ ကိုယ်ခန္ဓာကတော့အတူတူဘဲ

က) ယခုပိုကောင်းသောသူ

ခ) ကျွန်တော်ဟာ သခင်ယေရှု ၌လူသစ်

၁၀။ ကျွန်တော်ဟာလူသစ်ဖြစ်ကြောင်း အသေအခြာဘယ်လိုသိရသလဲ?

က) ကျွန်တော် ခံစားရ၍

ခ) ဘုရားသခင်၏နှုတ်ကပတ်တော်မှသိရသည်။

စံဝင်းချို

Share:

ကျွန်ုပ်သည် ခွင့်လွှတ်ခြင်းနှင့် ချစ်ခြင်းကိုခံရပြီ

I am Forgiven and Loved

ကွန်ုပ်သည်
ခွင့်လွှတ်ခြင်းနှင့် ချစ်ခြင်းကိုခံရပြီ

Lesson 3

မိတ်ဆွေများခင်ဗျာ၊

ဘုရားသခင်က ကျွန်တော်တို့သည် သူကိုချစ်၍သာယာကြည်နူးမှုကိုပေးစေခြင်သည်။ ဘုရားသခင်ကို သာယာ ကြည်နူးမှုပေးနိုင်ရန် ကျွန်တော်သည် အကြောင်းအရာ နှစ်မျိုးကိုသိရန်လိုအပ်ပါသည်။

၁) ကျွန်တော်၏ အပြစ်များမှခွင့်လွှတ်ပြီးကြောင်းသိရမည်။

၂) ဘုရားသခင်သည် ယခုကျွန်တော်အပေါ်၌ ဘယ်လို ခံစားကြောင်း ကိုသိရမည်။

ကျွန်တော်တို့ သားငယ်တယောက်ကိုအလွန်ချစ်သော ဖခင်အကြောင်းစဉ်စားကြည့်ရအောင်။ ဖခင်တွင် တန်ဘိုး ရှိသော နာရီတလုံးရှိသည်။ သူ၏သားကို သူ၏နာရီကိုဆော့ မကစားရန်၊ ပျက်စီးမည်ကို စိုးရိမ်၍ မှာထားသည်။

ဖခင်ကအပြင်သို့သွားသည်။ သားကနာရီကိုကြည့်သည်။ နာရီနှင့်ဆော့ရန်ဆုံးဖြတ်သည်။ ဆော့သည်၊ သေသေချာချာ တိုက်တိုက်ဆိုင်ဆိုင်ဘဲ သားကြောင့်နာရီပျက်သည်။

ဖခင်ပြန်လာတော့၊ နာရီပျက်နေသည်ကိုတွေ့မြင်ရသည်။ သားက သူလုပ်ကြောင်းဝန်ခံသည်၊ မင်းငါ့ စကား နားမ ထောင် ဘူး၊ နာရီ ပြင်ပြီးသည်အထိ မင်းအခန်းထဲမှာ သွားနေရန် ဖခင်က မှာကြားသည်။

သားကလုံးဝ မပျော်ပါ၊ သူအဖေ စကားနားမထောင်မိ၍ မှားကြောင်းသိသည်။ ထိုအချိန်တွင် ဖခင်လဲ မပျော်ပါ၊ သူ၏သား ကိုချစ်သည်၊ ခွဲခွါနေရတာကို မခံနိုင်ပါ၊ ဒါပေမဲ့ သားစကားနားမထောင်သည်ကို ကြည့်ရှုစောင့်ရှောက်ရမည်။

ဖခင်ဘာလုပ်သဘဲ? နာရီကို ငါကိုယ်တိုင်ပြင်မည်ဟုပြောသည်။ နာရီကိုကောင်းစွာပြင်သည်၊ ပြင်ပြီးတော့ သားထံသွား သည်။ သားကဖခင်ကိုတွေ့တော့ ငို၍ ပြောသည်မှာ " ကျွန်တော် စိတ်မကောင်းပါ နာရီကို ဖျက်မိ၍၊ ပြင်လဲမပြင်တတ်ပါ။"

ဖခင်က သားကိုပွေ့ဖက်၍ နမ်းခါ "သားကိုခွင့်လွှတ်ပါတယ်၊ နာရီကိုလည်းကိုယ်တိုင်ပြင်ပြီးပါပြီ။"

သားသည်ယခု ဖခင်ကို သာယာကြည်နူးစေသည်။ သားသည်အကြောင်းအရာနှစ်ခုကို သိရပါသည်။ သူ၏အပြစ်ကို ခွင့်လွှတ်ကြောင်း နှင့် သူ၏ဖခင်သူ့အပေါ်၌ ဘယ်ခိုခံစားကြောင်းသိရသည်။ "ကျွန်တော်၏ဖခင်သည် ကျွန်တော်ကိုဒီ လောက်ချစ်တာကို မသိခဲ့ပါ" ဟု ပြောသည်။

ကျွန်တော်တို့ ဘုရားသခင်စကားကို မနာခံဘဲနေသည်မှာ အကြိမ်များပြီ၊ သူက ကျွန်တော်တို့ကို သူ၏စိတ်နှလုံး အတွင်း မှချစ်သည်။ သူနှင့်ကျွန်တော်တို့ ခွဲခွါ၍နေခြင်းကိုသူမခံနိုင်ပါ၊ ကျွန်တော်တို့၏အပြစ်များကို ဂရုစိုက်ကြရမည်။

ဘုရားသခင်က သခင်ယေရှုကို ကျွန်ုပ်၏ သိုးအဖြစ်ပေးသည်။

ဓမ္မဟောင်းကျမ်းတွင်၊ ဘုရားသခင်က လူများကို တိရစ္ဆာန်၊ ယူလာကြရန်၊ ထုံးစံအတိုင်း သိုး၊ အပြစ်များအတွက် ပူဇော်ရန်။ လူသည် သိုးကို ယဇ်ပရောဟိတ် ထံယူခဲ့ရမည်။ သူ၏လက်ကို သိုး၏ဦးခေါင်းပေါ်တင်၍ စကားကို အောက်ပါ အတိုင်းပြောရ သည်၊"ကျွန်တော်၌ အပြစ်ရှိပါသည်၊ဒါပေမဲ့ ဘုရားသခင်က ဤသိုးကို ကျွန်တော်အပြစ်များအတွက် အသေခံရန်ခွင့်ပြုသည်" ထိုအခါသိုးသည်အသတ်ခံရပြီး၊ အသွေးများကို သွန်းလောင်းသည်။

ဘုရားသခင်က သူ၏လူများကို ဘာသင်ပေးသလဲ? လူများကို အပြစ်သည် ဒီလို ကြောက်မက်ဖွယ်ကောင်း သော၊ အရာဖြစ်သည်၊ ဒီအပြစ် အတွက် တစုံတစ်ရာသည် အသေခံပေးရသည်။ ကျမ်းစာက

"ပညာတ်တရားအတိုင်း ခပ်သိမ်းသော အရာတို့ကို ကုန်မတတ် အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်း လောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။ " (ဟေဗြဲ ၉း၂၂)

လူ၏အပြစ်များအတွက် သိုး သေပေးရခြင်းသည်၊ တနေ့တွင် သခင်ယေရှု ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံ ပေးမည့် ဓါတ်ပုံဖြစ်သည်။ သခင်ယေရှုလာသည့်အခါ ၊ ဗိတ္တိဇံ ယောဟန်က- "နက်ဖြန် နေ့၌ ယေရှု ကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏ အပြစ်ကိုဆောင်သွားသောဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။" (ယော ၁း၂၉)

သခင်ယေရှုကို "ဘုရားသခင်၏သိုးသငယ်" ဟုခေါ်ခြင်းသည်၊ ကျွန်ုပ်တို့ ဘယ်လိုအဓိပ္ပါယ်ရသနည်း? သခင်ယေရှုသည်၊ အစဉ်နေသော (သို့မဟုတ်) အမြဲနေမည့် လူများ၏အပြစ်များ အတွက် စံထားလောက်သော၊ ယဇ်ပူဇော်ခြင်းတွင် ယဇ်ကောင် အဖြစ်၊ အသေခံခဲ့သည်ကို အဓိပ္ပါယ်ဆောင်ပါသည်။

ဘုရားသခင်က ပြောနေသလို၊ "နှစ်ပေါင်းထောင်ကြော်ခဲ့ပြီ၊ သင်တို့၏ သိုးများကို ငါ့ထံသို့ ယူဆောင်လာခဲ့ကြရသည်။ ယခု ငါ၏သိုးကို စီစဉ်ပေးသည်။ ငါ၏သားကို သင့်တို့၏ သိုးအဖြစ်ပေးသည်။"

သခင်ယေရှု လာရောက်၍ လူတွေအားလုံး၏အပြစ်များအတွက် စံထားလောက်သော ယဇ်ပူဇော်ခြင်းပြုခဲ့သည်။ သူလာ ရောက်လုပ်ကိုင်သည် အလုပ် ပြီးမြောက်ရဲ့လား? ဟုတ်ကဲ့စံထားလောက်အောင် ပြီးပါတယ်၊ သူမသေခင် အော်သည်မှာ "အမှုပြီးပြီဟုမိန့်တော်မူလျက်" ခေါင်းတော်ကိုငိုက်ဆိုက်ညွှတ်၍အသက်တော်ကိုစွန့်တော်မူ၏။ သူလာ ရောက်လုပ်ကိုင် သည် အလုပ် ပြီးမြောက်ပါသည်။

ဘုရားသခင်သည် ကွန်ုပ်တို့၏အပြစ်များကို ခွင့်လတ်တော်မူသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များကိုခွင့်လွှတ်တော်မူသည်။ ကျွန်ုပ်တို့သူ့အတွက်လုပ်ကိုင်ပေး၍မဟုတ်၊ သခင်ယေရှုက ကျွန်ုပ်တို့အတွက်လုပ်ပေးခြင်းဖြစ်သည်။ ဘုရားသခင်ကပြောသည်၊ "ငါ၏သားကိုသင်တို့၏ 'သိုး' အဖြစ် ယုံကြည်မှုရှိလျှင်၊ ငါ မင်း တို့၏အပြစ်များ ကို ထာဝရ ခွင့်လွှတ်တော်မူမည်။" သခင်ယေရှု၏စကား၊ ကျမ်းစာက

"ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် နာမတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်း ကျေးဇူးကိုခံရကြ လတံ့ဟု ၍ ပရောဖက် အပေါင်း တို့သည် ထိုသခင်၏ သက်သေခံဖြစ်ကြသည်ဟု ပေတရု မြွက်ဆို၏။" ( တ ၁၀း၄၃)

ဘုရားသခင်ကျွန်တော်၏အပြစ်များကိုထာဝရ ခွင့်လွှတ်သည်။ ဘုရားသခင် ကျွန်တော်ကိုပေးသော ခွင့်လွှတ်ခြင်းသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်လက်ခံ ခြင်းကြောင့်၊ ထာဝရ ခွင့်လွှတ်ခြင်းရသည်။ ဤခွင့်လွှတ်ခြင်းသည်၊ ကျွန်တော်၏အပြစ်အာလုံး-ယခင် ၊ ယခု၊ နှင့် နောင် အပြစ်များအပါအ၀င်ဖြစ်သည်။

သင်စဉ်စားမည် ၊ "ဘုရားသခင်ကျွန်တော်၏ ယခင် နှင့် ယခု အပြစ်များကို ခွင့်လွှတ်ခြင်းကို ကျွန်တော်မြင်ရသည်။ ဒါပေမဲ့ နောင်လုပ်မည့် အပြစ်ကို ဘုရားသခင် ဘယ်လိုခွင့်လွှတ်မည်နည်း၊- ကျွန်တော်မလုပ်ရသေးသောအပြစ်ကို? "

ဘုရားသခင်အရာအားလုံးကိုသိသည်။ ယခင်၊ ယခု နှင့် နောင် ၊ သူကျွန်တော်၏အသက်တာကိုမြင်သည်၊ အစမှ အဆုံး အထိ၊ ဘုရားသခင်က သူ့သားကို ကျွန်တော်၏အပြစ်များအတွက် အသေခံပေးသည်။ သခင်ယေရှု သေသည့်အချိန်တွင်၊ ကျွန်တော်၏အပြစ်ဘယ်လောက်သည် နောင်ကာလ အတွက်ဖြစ်မည်နည်း? အားလုံးသည် နောင်အတွက်ဖြစ်မည်။ ဘုရားသခင်က အားလုံးကိုမြင်သည်။ သခင်ယေရှုကလည်းအားလုံးအတွက်အသေခံပေးသည်။

ဘုရားသခင်ကကျွန်တော်၏အပြစ်အာလုံးကိုခွင့်လွှတ်သည်၊ ဘုရားသခင်က ၊ သူ၏သားသမီးများ၏အပြစ်ကို တခုတလေမှ မချန်ပါ။ ကျွန်တော်တို့၏အပြစ်အာလုံးသည် သူ့ရှေ့မှလုံးဝပျောက်ကွယ်သည်။ သူကပြောသည်၊ သူသတိမရတော့ဘူး။ ဘုရားကပြောတာ "တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည် ဟု လာသတည်း" (ဟေဗြဲ ၁၀း၁၇)

ကယ်တင်ခြင်းရပြီး အပြစ်လုပ်မိလျှင် ဘာဖြစ်နိုင်မလဲ။

သခင်ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံတာနဲ့၊ ဘုရားသခင်က ထာဝရ ခွင့်လွှတ်ခြင်း ကိုပေးသည်။ ဤအရာသည် ကျွန်တော်၏အပြစ်အားလုံးကိုခွင့်လွှတ်သည်။ ယခင်၊ ယခု နှင့် နောင်အပါအ၀င်။ ဘုရားသခင်သည် ကျွန်တော်၏ ကောင်း ကင်ဘုံမှ ဖခင်ဖြစ်၍ ကျွန်တော်သည်သူ၏ သား ထာဝရဖြစ်ရသည်။

ယခုကျွန်တော်အပြစ်လုပ်မိရင်၊ ကောင်းကင်ဘုံမှ ဖခင်နှင့် ဆက်ဆံရေးဆုံးရှုံးသည်မရှိပါ။ ကျွန်တော်သည်သူ၏သား အဖြစ်ဆက်လက်တည်ရှိနေပါသည်။ ကလေးငယ် ယောက်ျားလေး သူဖခင်နာရီဖျက်တုံးက၊ သူဟာ သူ့ဖခင်၏ခလေးဘဲ၊ ဒါပေမဲ့ သူ့ဖခင်၏ ဖေါ်ရွေစွာဆက်ဆံခြင်း လျော့သည်။ ထိုကြောင့်သူဝမ်းနည်းရသည်။

အပြစ်သည် ကျွန်တော်၏ ကောင်းကင်ဘုံရှိ ဖခင်နှင့် ဖေါ်ရွေစွာဆက်ဆံခြင်းကို ပျက်စေသည်။ ကျွန်တော်၏ ပျော်ရွှင်ခြင်း ဆုံးရှုံးသည်။ ဒီလိုဖြစ်တော့ ခွင့်လွှတ်ခြင်း နောက်တမျိုး "ဖေါ်ရွေစွာဆက်ဆံ ခွင့်လွှတ်ခြင်း" လို့ခေါ်သည့်၊ ခွင့်လွှတ်ခြင်း ကို ကျွန်တော် လိုအပ်သည်။

ကျွန်တော်၏ကောင်းကင်ဘုံမှ ဖခင်ကမှာထားသည်၊ ကျွန်တော်လုပ်ကိုင်ရန် လိုအပ်ချက်သည်၊ သူနှင့်လုပ်ကိုင်သည့်အခါ အကြောင်းအရာ မှန်ကန်မှုရှိရန်လိုအပ်သည်။ ကျွန်တော်၏အပြစ်များကို သူထံ၌ ၀န်ခံရမည်။ ကျမ်းစာက

"ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ် ၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင် သည် သစ္စာတရားနှင့်၎င်း ပြည့်စုံတော်မူ၏။ " (၁ယော ၁း၉)

ကျွန်တော်သည် နောက်ထပ် တစ်စုံတစ်ယောက် ကို ဆန့်ကျင်၍ အပြစ်လုပ်မိခဲ့ပါက၊ ကျွန်တော်၏အပြစ် သူ့ကို ဖေါ်ပြ တောင်းပန်၍၊ အပြစ်ကို ခွင့်လွှတ်စေရမည်။ အကယ်၍ ဒေါသထွက်ပြီးတစ်ဦးတစ်ယောက်ကို ရိုင်းပြစွာ ပြောမိ လျှင်။ တောင်းပန်၍ အပြစ်ကိုခွင့်လွှတ်စေရမည်။ ထိုနောက် ဘုရားသခင်ထံလာပြီးဆုတောင်းရမည်။ အောက်ပါအတိုင်း တောင်းရမည်။

"ထာဝရ ဘုရားသခင် ကျွန်တော်သည် ဒေါသကိုမထိန်းနိုင်သဖြင့် ဦး-------ကို အမှားများပြောမိပါတယ်၊ သူကို အပြစ်ခွင့် လွှတ်ပေးရန်တောင်းပန်ပြီးပါပြီ။ ယခုကျွန်တော်၏အပြစ်ကို ၀န်ခံပါသည်။ ကျွန်တော်အပြစ်ကိုခွင့်လွှတ်ပေးရန် သခင်ခရစ် တော်၏ နာမတော်ကိုအမှီ၍ ဆုတောင်းပါသည်။"

ဘယ်အချိန်တွင်ဘုရားသခင်ထံတော်၌ အပြစ်ကိုဝန်ခံရမည်နည်း? ကျွန်တော်မှာအပြစ်ရှိကြောင်းသိတာနဲ့၊ အပြစ်ကိုဝန်ခံ ရမည်။ အချိန်ကို ဆွဲမထားပါနှင့်၊ ဘုရားသခင်ထံ ချက်ခြင်းဆုတောင်းပြီး၊ အပြစ်ကိုသူထံ၌၀န်ခံရမည်။ ကျွန်တော်ဆောင် ရွက်လျှင်၊ သူသည်ချက်ချင်း အပြစ်ကိုခွင့်လွှတ်ပေးမည်။

ဘုရားသည် ကျန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်ပေးခြင်း၌ ထူးကဲသော ကျေနပ်မှုရရှိသည်။

သခင်ခရစ်တော်သည် လာရောက်ပြီး ၊ ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏နှလုံးသားနှင့်ချစ်ကြောင်းကို ပြသသည်၊ ပြောကြားသည်။ သခင်ခရစ်တော်က ကျွန်ုပ်တို့ ဘုရားသခင်၏အမှန်တရားကို နားလည်သဘောပေါက်ရန် ပုံဆောင် ၀တ္တု များ (Parables) ကိုအသုံးပြုသည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး (၁၅) ၌ သခင်ခရစ်တော်က"အသုံးကြီးသောသား" အသုံးကြီး အဓိပ္ပါယ် မှာ ဖြုန်းတီး သော မနာခံသောသူ။ ဒီပုံပြင်မှာ ဖခင်သည် ဘုရားသခင်ကိုကိုယ်စားပြုသည်၊ အသုံးကြီးသောသားသည် ခင်ဗျား နှင့် ကျွန်တော် တို့ကိုကိုယ်စားပြုသည်။

ဒီပုံဆောင် ၀တ္တု ၌ ယုံမှားဖွယ်မရှိသော လူတွင်သားနှစ်ယောက်ရှိသည်။ သားငယ်သည် အိမ်မှအပြင်သို့ထွက်၍ သူစိတ် ကူးပေါက်တာတွေကို လုပ်ခြင်သည်။ သူ၏ဖခင်ကို သူတို့ မိသားစုပိုင်ငွေထဲမှ သူ၏ ဝေစုကိုတောင်းခံသည်။ သူ၏ဖခင်က သားအပေါ်မယုံသင်္ကာမရှိပါ၊ အိမ်မှာ ဘဲနေရန်တောင်းပန်သည်။ ဒါပေမဲ့ သားက ခိုင်ခိုင်မာမာဆုံးဖြတ်ထားသည်အတိုင်းဘဲ လုပ်ချင်သည်။

ဖခင်က သားငယ်၏ ဝေစုကို သူ၏ ဓနဥစ္စာထဲမှပေးသည်။ သားငယ်ကသူရသော ဝေစုကိုယူပြီး၊ ဝေးသော နိုင်ငံသို. ခရီး ထွက်ခဲ့သည်။ထိုနေရာတွင်သူရသော အမွေကို ဖြုန်းတီး၍လွဲမှားသော သာယာမှုများပြုလုပ်ခဲ့သည်။

သားငယ်သည်သူ၏ငွေ ဖြင့် အပြစ်များကျူးလွန်ပြီး၊ ဖြုန်းလိုက်သဖြင့်၊ အစားဝယ်စားရန်တောင်ငွေမရှိတော့ပါ။ ဒီအပြင်၊ ငတ်မွတ်ခြင်းဘေးကြီးသည်၊ ထိုနယ်မြေတွင်ကျရောက်သည်။ မိုးမရွာသည်မှာ ကြာပြီဖြစ်၍ လယ်သမားများလည်း စိုက်ပျိုးရေး လုပ်ငန်းများ၊ မလုပ်ကိုင်နိုင်ကြပါ။

သားငယ်သည် ဆိုးဝါးသောအခြေအနေသို့သူရောက်ရှိနေပြီကိုသိသည်။ သူသည်ညစ်ပတ် စုတ်ပြတ်နေပြီ။ သူရနိုင်သောအ လုပ်သည်လည်း ၀က်များကိုစောင့်ရှောက်ပြုစုခြင်း။ သူသည်အလွန်စာလောင်သဖြင့် ၀က်များကိုကျွေးသည်၊ ၀က်စာများကို တောင်မှ စားခြင် စိတ်ပေါက်လာသည်။

တနေ့တော့ သူ၏ဖခင်အိမ်ကိုသတိရစဉ်စားမိသည်။ အိမ်မှကောင်းမွန်သောအရာများကိုသတိရသည်၊ သူကပြောသည်၊ "အဖေငှါးထားသည့်အလုပ်သမားများ ပေါင်မုန့်လုံလောက်၍ ပိုသဖြင့်တောင်ဝေနိုင်ကြသေးသည်။ ကျွန်တော်မှာ စာလောင် မွတ်သိတ် ခြင်းကြောင့်ပျက်စီးသည်။ ကျွန်တော်မတ်တတ်ရပ်၍အဖေထံသွားမည်၊ အဖေကိုပြောမည် 'အဖေ' ကျွန်တော်သည်၊ ကောင်းကင်ဘုံ နှင့် အဖေအပေါ်မှာ အပြစ်များပြုလုပ်မိခဲ့ပါသည်၊ ဒါကြောင့် သားလို့ခေါ်ရန် တောင်မသင့် လျော်တော့ပါ၊ ကျွန်တော်ကို အဖေငှါးထားသည် အလုပ်သမားတစ်ယောက်လိုသာသတ်မှတ်ပါ။"

သူထ၍ ဖခင်ထံသွားတော့သည်၊ ဒီဟာကျမ်းစာထဲမှ "နောင်တရခြင်း။" နောင်တရခြင်းသည်၊ မှားယွင်းသောလမ်း ပေါ် မှာသွားနေ ကြောင်းကိုသိတာနှင့် ပြန်လှည့်၍ ဘုရားသခင်ထံသွားခြင်းသည် "နောင်တရခြင်း" ဖြစ်သည်။

သူပြန်လာရင်းစဉ်စားကြည့်မိသည်၊ သူ၏ဖခင် သူ့ကိုဘယ်လိုလက်ခံမည်နည်း? ဖခင်ဒေါသထွက်မလား? ဖခင်က မင်းလုပ်ခြင်တာလုပ်ပြီးမှပြန်မလာနှင့်ဟုများပြောမလား?

သူကိုဖခင်ကဘယ်လိုလက်ခံသလဲ? သခင်ယေရှု၏စကားများက "သူသည်အဝေးမှလာနေသည်ကိုဖခင်တွေ့သည်၊ အကြင်နာမေတ္တာဖြင့် သူထံပြေးလာ၍ သားလည်းပင်းကိုပွေ့ဖက်ခါ နန်းသည်။"

ကွန်ုပ်တို့ကို ဘုရားသခင် ဘယ်လို လက်ခံမည်နည်း?

သင်သည်လုံခြုံပြီဟုထင်သည်။ ဒါပေမဲ့ မသေခြာသေးဘူး၊ ဖြစ်ကောင်းဖြစ်မည်၊ဟုစိတ်နှစ်ခွဖြစ်သည်။ မယုံသင်္ကာ မဖြစ်ပါနှင့်၊ ဤကိစ္စကိုယခုပြီးပြတ်စေပါ၊ တစ်ကြိမ်ထဲနှင့်အားလုံးပြီးပြတ်အောင်။ သခင်ယေရှုကိုပြောပါ၊ "သခင်ယေရှု ကျွန်တော်၏အပြစ်များအတွက် သိုးသငယ်လို အသေခံပေးသည်ကိုအမှန်တကယ်မယုံသေးလျှင်၊ ယခုလုပ်ပါပြီ၊ ကျွန်ုပ်၏ ကယ်တင်ရှင်အဖြစ်ယခုလက်ခံ၊ ယုံကြည်ပါပြီ။"

သင်သည်သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခဲ့တာ ကြာလောက်ပြီ၊ ဒါပေမဲ့သင်သည်သူ့ အတွက်အသက် ရှင်နေတာမဟုတ်သေးပါ၊ သင်သည်ဘုရားသခင်ထံပြန်လာခြင်သည်၊ ဒါပေမဲ့ ဘယ်လိုလက်ခံမည်နည်းဆိုတာသိချင်သည်။ ငွေကိုရေလိုသုံးသည် သား၏ပုံပြင်က သင်ကို ဘုရားသခင် ဘယ်လိုလက်ခံမည်ဆိုတာကို သင်အားပြသခဲ့ပါသည်။

ကြာရှည်စောင့်မနေပါနှင့်၊ သူ့ထံကိုယခုလာပါ၊ သင်ယခုပုံစံအတိုင်းလာပါ။ သင်စတင်တွေ့မည်။ ဘုရားသခင်သည် အလွန်ကြင်နာတတ်သောသူ၊ ပို၍များစွာချစ်တတ်သောသူ၊ ဖြစ်ကြောင်းကို အမြဲစိတ်ကူးမိသည်များထက်သာကြောင်းကို တွေ့ရှိရမည်။ သူသည်သင့်ကို ၀မ်းမြောက်းဝမ်းသာပျော်ရွှင်စွာလက်ခံလိမ့်မည်။

ဘုရားသခင်၏အမှန်တရား

ဘုရားသခင်ကို သာယာကြည်နူးမှုပေးရန်၊ ကျွန်တော်၏အပြစ်အားလုံးလွှတ်ပြီးကြောင်းကိုသိရမည်၊ကျွန်တော်၏ အပေါ်၌ ယခုဘယ်လိုခံစားကြောင်းသိရမည်၊ ကျွန်တော်အတွက် ဘုရားသခင်က၊ သခင်ယေရှုကို သိုးသငယ်လိုပေးခဲ့သည်။ ကျွန်တော်၏အပြစ်များအတွက်ဘုရားသခင်၏သားတော်သည်အသေခံခဲ့ရသည်။ကျွန်တော်၏သိုးအဖြစ်ကျွန်တော်ကယူ ခဲ့ရသည်။ ကျွန်တော်၏အပြစ် အားလုံး ယခင်၊ ယခု၊ နောင် အားလုံးပါဝင်သည့် အပြစ်များကိုခွင့်လွှတ်ပြီးဖြစ်သည်။ အားလုံးထဲမှ အကောင်းဆုံးသည်။ ယခုကျွန်တော့ အပေါ်၌ ဘုရားသခင် ဘယ်လိုခံစားကြောင်းသိရှိနားလည် လာပြီ၊ ဘုရားသခင်သည် ကျွန်တော်ကို သူ၏ စိတ်နှလုံး အတွင်းမှချစ်သည်။

ငါယုံကြည်သည်

"အဖဘုရားသခင်၊ သားတော်ကိုသိုးသငယ်အနေနှင့်ကျွန်တော်အား ပေးသည်ကိုယုံကြည်ပါသည်။ ဘုရားသခင်၏သား ထာဝရ ဖြစ်ရသောအခွင့်ကိုပေးသည့်အတွက်၊ကျေးဇူးတော်ချီးမွမ်းပါသည်။ ကျွန်တော်အပေါ်မှာယခု ဘုရားသခင် ဘယ်လိုခံစားကြောင်း သိရသော ကြောင့်လည်းကျေးဇူးတင်ပါသည်။ ဘုရားသခင်ကကျွန်တော်ကိုစိတ်နှလုံး အတွင်း မှချစ်သည်၊ ကျွန်တော်ကလည်း စိတ်နှလုံးမှချစ်လိုပါသည်။ ကျွန်တော်ဘုရားသခင်၏ကျေနပ်နှစ်သိမ့်မှု ကိုလည်း ရလိုပါသည်။"

သင်ခန်းစာ (၃) ၏မေခွန်းများ

အမှား အမှန် ရွေးပါ

၁။ ဘုရားသခင် သာယာကြည်နူးမှုပေးရန်

က) ကောင်းကင်ဘုံသွားရန်၊အခွင့်ကောင်းရှိသည်။

ခ) ကျွန်တော်၏အပြစ်များကိုခွင့်လွှတ်ပြီးကြောင်း နှင့် ဘုရားသခင်ယခုကျွန်တော်အပေါ်၌ဘယ်လို ခံစားကြောင်း ကိုသိရမည်။

၂။ ဓမ္မဟောင်းကျမ်းမှယဇ်ပူဇော်ခြင်းအကြောင်းကို ဘုရားသခင်က သူလူများကိုသင်ပေးသည်

က) အပြစ်သည်ကြောက်မက်ဖွယ်ကောင်းသောကြောင့်၊အပြစ်အတွက် တစ်စုံတစ်ရာ အသေခံပေးရသည်။

ခ) အပြစ်ဟာသိတ်မဆိုးပါဘူး။

၃။ သိုးသေသွားခြင်းသည်။

က) သွေးဖြင့် ယဇ်ပူဇော်ခြင်း။

ခ) သခင်ယေရှု တနေ့တွင်ကျွန်တော်တို့၏အပြစ်များအတွက်အသေခံမည်ဓါတ်ပုံ

၎။ သခင်ယေရှုသည် "ဘုရားသခင်၏သိုး" ဆိုခြင်း၏အဓိပ္ပါယ်မှာ

က) သူသည်နှစ်လိုဖွယ်နှင့်နူးညံ့သိမ်မွေ့သောသိုးခဲ့သို့။

ခ) သူသည်ပကတိ ပြည့်စုံ ကောင်းမွန်စွာ၊ လူများ၏အပြစ်များအတွက် ယဇ်ပူဇော်ခံသည်။

၅။ သခင်ခရစ်တော် သူလာ၍လုပ်သောအလုပ် ပြီးပါသလား?

က) မပြီးသေးဘူး

ခ ) သူလာ ရောက်လုပ်ကိုင် သည် အလုပ် ပြီးမြောက်ပါသည်။

၆။ ဘုရားခင်သည်ကျွန်ုပ်တို့အာလုံး၏အပြစ်များကိုခွင့်လွှတ်သည်။

က) သခင်ခရစ်တော်ကျွန်ုပ်အတွက်ပြုလုပ်ပေးသောကြောင့်

ခ) ကျွန်ုပ်တို့သူ့အတွက်လုပ်ကိုင်ပေးသောကြောင့်

၇ ။ ဘုရားသခင်က အပြစ်မယူခွင့်လွှတ်ခြင်းဆိုသည်မှာ ဘုရားသခင်လူတို့၏အပြစ်များကိုခွင့်လွှတ်ခြင်းပြစ်သည်။

က) ကျွန်တော်၏အပြစ်များကိုဝန်ခံသည်

ခ) ကျွန်တော်၏အပြစ်များ ယခင်၊ ယခု နှင့် နောင်အပါအ၀င်ဖြစ်သည်။

၈။ ကယ်တင်ခြင်းရပြီး အပြစ်လုပ်မိလျှင် အပြစ်ကြောင့်

က) ကျွန်တော်၏ ကောင်းကင်ဘုံရှိ ဖခင်နှင့် ဖေါ်ရွေစွာဆက်ဆံခြင်းကို ပျက်စေသည်။ ကျွန်တော်၏ ပျော်ရွှင်ခြင်း ဆုံးရှုံးသည်။

ခ) ကောင်းကင်ဘုံမှ ဖခင်နှင့် ဆက်ဆံရေးရှုံးသည်၊ ကျွန်တော်သည်သူ၏သား အဖြစ်ဆက်လက်မရှိတော့ပါ။

၉။ အသုံးကြီးသောသားပြန်လာသောအခါ၊ သူဖခင်သည်

က) သူလုပ်သွားသည်များကြောင့်၊သူနဲ့မပျော်ရွှင်နိုင်ပါ။

ခ) အကြင်နာမေတ္တာဖြင့် သူထံပြေးလာ၍ သားလည်းပင်းကိုပွေ့ဖက်ခါ နန်းသည်။

၁၀။ ကျွန်တော်သည်သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခဲ့လျှင်

က) ဘုရားသခင်ကကျွန်တော်ကိုခွင့်လွှတ်သည်၊ ကျွန်တော်၏အပြစ်ကြောင့်သူမပျော်ရွှင်နိုင်သေးပါ။

ခ) ဘုရားသခင်ကကျွန်တော်၏အပြစ်အားလုံးကိုခွင့်သည်၊ ယခုသူသည်စိတ်နှလုံးအပြည့်အ၀ဖြင့် ကျွန်တော် ကိုချစ်သည်။


စံဝင်းချို

Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support