သင်ခန်းစာ
အမှတ် (၁၃)
နောင်တ
အဓိပ္ပါယ်၊
အရေးကြီးပုံ၊ လူတိုင်းနောင်တကိုထိရောက်စွာ အသုံးပြုခြင်း။
“နိဒန်း”
ယခုခေတ်အသင်းတော်၏
တရားစင်မြင့်ပေါ်မှ နောင်တရရန်လိုအပ်ကြောင်း၊ နောင်တ၏အနက်အဓိပ္ပါယ် ဖော်ပြလျက် လေးလေးနက်နက်ပြင်းပြင်းထန်ထန်ဟောပြောခြင်းများရှားပါးလာပြီးဖြစ်ပါသည်။
အချို့အသင်းတော်များတွင်နောင်တဟူသော ဝေါဟာရသည်မေ့ပျောက်နေပြီးဖြစ်သော ဝေါဟာရပင်ဖြစ်ပါသည်။
နောင်တတရားသည် လူတိုင်း အတွက်မရှိမဖြစ်လိုအပ်သော အကြောင်းအရာဖြစ်ခဲ့ပါလျှင် ထိုစကား၏အနက်အဓိပ္ပါယ်ဖွင့်ခြင်း
ထိုနောင်တ ကို ထိရောက်စွာ အသုံးချနည်းကို လူတိုင်းသိရှိ ထားရမည်ဖြစ်ပါသည်။ ဤသင်ခန်းစာတွင်
နောင်တဟူသော ဝေါဟာရ နှင့် ပတ်သက်၍ အနက်အဓိပ္ပါယ်ဖော် ထုတ်ခြင်းအဖြေရှာခြင်း၊ ကယ်တင်ခြင်းရရှိရန်
မရှိမဖြစ်လိုအပ်သောအရာဖြစ် ကြောင်း ဖော်ပြခြင်း၊ သမ္မာကျမ်းစာတွင် နောင်တနှင့် ပတ်သက်၍
သွန်သင်ထားချက်များ၊ ကယ်တင်ခြင်းရရှိပြီး သူနှင့် မရရှိသူနှစ်မျိုးလုံး၌ပင် နောင်တတရားသည်
အကျုံးဝင်နေကြောင်းကို လေ့လာရမည်ဖြစ်ပါသည်။
ဤသင်ခန်းစာအရေးကြီးပုံ
ကျေးဇူးတော်ကာလတွင်
နောင်တတရားမလိုအပ်တော့ပါဟူသော အကြောင်းပြချက်ဖြင့် အများစုတို့သည် နောင်တကိုငြင်းပယ်နေကြပြီးဖြစ်ပါသည်။
အချို့သော ပုဂ္ဂိုလ်များအနေဖြင့် ဤကာလတွင် ယုံကြည်ခြင်းတစ်ခုသာ လိုသည်ဟုပြောတတ်ကြပါသည်။
အချို့သော ပုဂ္ဂိုလ်များအနေဖြင့် နောင်တတရားကို ငြင်းပယ်ခြင်းမပြုသော်လည်း နောင်တ၊ တရားကိုဟောပြောခြင်းမပြုတော့ပဲ
ကျော်သွားတတ်ပါသည်။ ကယ်တင်ခြင်းမရသေးသူ၊ ကယ်တင်ခြင်းသို့ မ၀င်စားရသေးသော သူသန်းပေါင်းများစွာတို့သည်
အသင်းတော်ဘောင်အတွင်း၌ပင် ညီညွှတ်စွာ ရပ်တည်လျက် ရှိပါ သည်။ ဤသို့ဖြစ်နေခြင်းကြောင့်
မြောက်များစွာသော ခရစ်ယာန်တို့သည် အမည်ခံခရစ်ယာန်များသာဖြစ်နေကြပါ သည်။ စစ်မှန်သော
နောင်တအကြောင်းကို ကမ္ဘာအနှံ့အပြားသို့သွားရောက်၊ ရှင်းလင်း၊ သွန်သင်ဟောပြောရန်မှာ အရေးကြီးဆုံးအချက်သာဖြစ်တော့သည်။
သင်ခန်းစာ
၁။ နောင်တဆိုသည်မှာ
အဘယ်နည်း။
(က) မဟုတ်ကိန်းအားဖြင့်ကြည့်လျှင် -
(၁) ၀မ်းနည်းခြင်းသက်သက်သည် နောင်တမဟုတ်။ (Regret)
ရာဇ၀တ်မှုကို
ကျူးလွန်သောသူများသည် အပြစ်ဒဏ်စီရင်ခြင်းခံရခါ နီးသောအခါ ၀မ်းနည်း တတ်ကြပါသည်။ သို့သော်
ထိုဝမ်းနည်းခြင်းသည် အပြစ်ကို မုန်းခြင်းမဟုတ်။ ဘုရားသခင်ထံတော်သို့ပြန်လာခြင်းငှာ
မပို့ဆောင၊် ခရစ်တော်အားသေဒဏ်စီရင်သော အခါ ယုဒရှကာရုဒ်သည် မိမိသစ္စာဖေါက်ခဲ့ ခြင်းအတွက်
ဝမ်းနည်းခဲ့ပါသည်။ (မ၊ ၂၇း၃) များစွာ ကြေကွဲဝမ်းနည်းခဲ့ပါသည်။ သို့သော် ထိုဝမ်းနည်းခြင်းသည်
အပြစ်ကိုမုန်းခြင်း၊ အပြစ်ကို စွန့်ပယ်ခြင်း၊ ဖြစ်မလာချေ။ သူသည် ၀မ်းနည်းယုံသာဝမ်းနည်းလျက်
မလုပ်ခဲ့မိ လျှင် ကောင်းမည် ဟုသာ ခံယူခဲ့ခြင်းမျိုးဖြစ်သည်။
(၂) ပြုပြင်ခြင်းသက်သက်သည် နောင်တမဟုတ်
(Reformation)
ခရစ်တော်၌အသစ်သောအသက်တာကို
မသိရှိသူ အမြောက်အများတို့သည် မိမိတို့ အသက်တာ၌ ကဏ္ဍသစ်ကိုကြိမ်ဖန်များစွာ အစပြုခဲ့ကြပါသည်။
ပြုပြင်ခြင်းသည် မိမိ သဘောဖြင့်ပြုလုပ်ခြင်း၊ လူ့သဘောဖြင့် အသက်တာ၏ပုံစံကိုပြောင်းလဲခြင်း၊
အကျင့် တစ်မျိုးကိုစွန့်လွှတ်ခြင်း၊ အသင်းတော်တပါးပါး၌ အသင်းသားအဖြစ်ပါဝင်ခြင်းတို့သည်
စစ်မှန်သော နောင်တကိုမဖြစ်စေနိုင်ချေ။
(၃) ကြေကွဲခြင်းသက်သက်သည် နောင်တမဟုတ်
(Sorrow)
၂ကော
၇း၁၀ တွင် တမန်တော်ကြီးရှင်ပေါလုက “ဘုရားသခင်အလိုတော်နှင့်ညီသော ၀မ်းနည်းခြင်းသည် ကယ်တင်ခြင်းနှင့်ယှဉ်သော
နောင်တစိတ်တည်းဟူသော မပြောင်းလဲ နိုင်သောနောင်တစိတ်ကို ပြုပြင်တတ်၏”ဟု ဖော်ပြထားပါသည်။
ကယ်တင်ခြင်းရရှိရန် ကျေကွဲဝမ်းနည်းခြင်းသည် လိုအပ်သောအရာဖြစ်သည်မှန်သော်လည်း၊ ကြေကွဲဝမ်းနည်း
ခြင်းသက်သက်သည် နောင်တမဟုတ်ချေ။
(၄) အပြစ်အတွက်ကုသိုလ်ကောင်းမှုပြုခြင်းသည် နောင်တမဟုတ်ပါ
(Penance)
အပြစ်အတွက်ကောင်းမှုပြုခြင်းဆိုသည်မှာ
မိမိကိုမိမိအပြစ်ရှိနေပြီဟု ခံယူသော အပြစ်ပြု သူတစ်ဦးသည် မိမိအပြစ်များအတွက် တန်ဖိုးပေး၍
ပေးလျော်ပြီး၊ မိမိကိုမိမိရွေးခြင်းဖြစ် ပါသည်။ ခရစ်တော်သည် အပြစ်သားများအတွက် တန်ဖိုးပေးရွေးခြင်းငှာ
အဘိုးအခအား လုံးပေးချေပြီးဖြစ်ပါသည်။ (မာ၊ ၁၀း၄၅)။ ကျွန်ုပ်တို့အားလုံး၏ အပြစ်များအတွက်ပေးချေ
ပြီးဖြစ်ပါသည်။ (၁ပေ ၂း၂၄) “လူတိုင်းသည် မိမိအပြစ်အတွက်ရွေးရမည်”ဟု ဘုရားသခင် ကပညတ်ထားတော်မမူပါ။
နောင်တရကြလော့”ဟုသာ ပညတ်ထားတော်မူပါသည်။ (တ၊ ၁၇း၃၀)အကယ်၍ အပြစ်လွှတ်ခြင်းကိုပေးလျော်ခြင်းအားဖြင့်
ရယူနိုင်ပါလျှင် အပြစ်လွှတ် ခြင်းကို ၀ယ်ယူ၍ ရနိုင်မည်သဘောဖြစ်ပါသည်။
(ခ) အဟုတ်ကိန်းအားဖြင့် လေ့လာခြင်း
(၁) ဂရိဘာသာစကားအားဖြင့် နောင်တဟူသော စကား၏ကြိယာပုံစံမှာ
"Motance, 0"ဖြစ်လျက်၊ စိတ်နှလုံးနှင့် အကြံအစည်ကိုပြောင်းလဲခြင်းဖြစ်ပါသည်။
ဓမ္မသစ်ကျမ်းတွင် သာ၍၊ ကောင်းသောအရာသို့ပြောင်းလဲခြင်းအဖြစ်အသုံးပြုပြီး အပြစ်ကို စွန့်ပစ်ခဲ့ခြင်းဖြစ်
ပါသည်။
(၂) ဂရိဘာသာအားဖြင့် နောင်တရသောစကား၏ “နာမ်”ပုံစံမှာ
Metanoi 'a" ဖြစ်၍ ရိုးရိုးစိတ်ပြောင်းလဲခြင်းဖြစ်ပါသည်။ အပြစ်နှင့် ဆိုးသွမ်းခြင်းမှ
နောင်တရ၍ ပြောင်းလဲခြင်း အဖြစ်အသုံးပြုပါသည်။
(၃) ၂ကော၇း၈ နှင့် မဿဲ ၂၁း၂၉ ကဲ့သို့သောကျမ်းပိုဒ်များတွင်
အသုံးပြုသောစကားလုံးမှာ Metamelomai ဖြစ်ပါသည်။ စိတ်နှင့် စိတ်နှလုံးမှဖြစ်ပေါ်လာသော
ဝမ်းနည်းခြင်းကို အထူးပြုသောစကားလုံးဖြစ်ပါသည်။
(၄) ထို့ကြောင့်စစ်မှန်သောနောင်တတွင် စိတ်ခံစားချက်နှင့်
ဆန္ဒဆုံးဖြတ်ချက်များပါဝင်လျှက် ရှိပါသည်။
မည်သည့်အချိန်တွင်
စစ်မှန်သောနောင်တဖြစ်ပေါ်လာသနည်း။
(က) တစ်စုံတစ်ယောက်သောသူသည်“ကျွန်ုပ်သည်အပြစ်သားဖြစ်ပါသည်။ ဘုရားသခင်ကိုပြစ်မှားပါပြီ။
အမျက် တော်ကိုခံထိုက်သောသူဖြစ်ပါသည်”ဟုဆိုသောအခါ ဆာ၃၂း၅၊ ၅၁း၃-၄၊ လု၊ ၁၃း၂-၅ ။
(ခ) မိမိပြုမိခဲ့သော အပြစ်အတွက် စစ်မှန်သောဝမ်းနည်းခြင်းသည် ထိုသူ၏ နှလုံးသားထဲ၌
ပေါ်ပေါက်လာသော အခါ၊ ၁ကော ၇း၁၀-၁၁၊ က ၃း၁၉။ လု ၁၀း၁၃။
(ဂ) မိမိအပြစ်များကို စွန့်ပစ်၍ စိတ်ဆုံးဖြတ်ချက်ချသောအခါရုပ်ထုကိုးကွယ်မှုအားလုံး
စွန့်ပစ်သောအခါ ခရစ်တော်၏ ၀မ်းမြောက်ဘွယ်ရာကယ်တင်ခြင်းတရားတော်ကို ကိုးစားလျက်၊ ဘုရားသခင်၏အမှုတော်ကို
ဆောင်ရွက်ရန် ဆုံးဖြတ်လာသောအခါ၊ မာ ၁း၁၅။ ယေဇ၊ ၁၄း၆။ ၁၈း၃၀။ ၁သက် ၁း၉။ တ ၂၆း၂၀။
(၅) သရုပ်ဖော်ခြင်း
စစ်မှန်သော
နောင်တရခြင်း၏ သရုပ်ဖော်မှုအကောင်းဆုံးကို ပျောက်သောသား ဥပမာတော်ထဲတွင် တွေ့နိုင် ပါသည်။
လု
၁၅း၁၁-၂၄
(က) “သတိရလျှက်”
(အငယ် ၁၇)။ ဤနေရာတွင် အသိတရားဝင်လာခြင်းဖြစ်ပါသည်။ အမှန်တရားကို သိရှိ၍ သတိရလာပြီး
မိမိမှားနေပြီဖြစ်ကြောင်း ၀န်ခံခြင်းဖြစ်ပါသည်။
(ခ) “သေအောင်အငတ်ခံရ၏”
နှင့် “ကိုယ်တော်သားဟူသည် ခေါ်ဝေါ်ခြင်းကို မခံထိုက်ပါ” ဤတွင် စိတ်ခံစားချက်၊ စိတ်လှုပ်ရှားမှုတွေ့ရှိရပါသည်။
မိုက်မဲခဲ့ခြင်းအတွက် များစွာဝမ်းနည်းနေကြောင်း တွေ့ရှိရပါသည်။
(ဂ) “ငါထ၍အဘထံသို့သွားမည်”ဤနေရာတွင်
စိတ်ဆုံးဖြတ်ချက်ကိုတွေ့ရပါသည်။
မှတ်ချက်။ ။ အသိစိတ်ဝင်လာပြီး ၀မ်းနည်းနေရုံဖြင့် မလုံလောက်ပါ အိမ်သို့ပြန်လာရန်
လိုအပ်နေပါ သေးသည်။
(၆) မှတ်ချက်။ ။ စစ်မှန်သော နောင်တရခြင်းသည် ယုံကြည်ခြင်းနှင့် အမြဲဒွန်တွဲလျက်ရှိပါသည်။
မာ ၁း၁၅။ တ ၂၀း၂၁ သက်သာလော့နိတ်မြို့သားများသည် မိမိရုပ်တုများကို စွန့်ပစ်၍ ထွက်ခွာလာ
သောအခါ “ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း” ဟုခေါ်ပါသည်။ ၁သက် ၁း၃နှင့် ၉။
(၇) မှတ်ချက်။ ။ နောင်တရခြင်းကိုဖော်ပြခြင်းမပြုသောကယ်တင်ခြင်းသို့ရောက်ခြင်းဆိုင်ရာ
ကျမ်းချက် အမြောက်အများရှိပါသည်။ သို့ရာတွင် ကယ်တင်ခြင်းရလျှင် နောင်တရပြီးဖြစ်ကြောင်းတွေ့ရမည်
ဖြစ်ပါသည်။
၂။ ဓမ္မသစ်ကျမ်း၊ ဓမ္မဟောင်းကျမ်းနှစ်တွဲလုံးတွင်
နောင်တရခြင်းဆိုင်ရာ ယုံကြည်ချက်များရှိပါသလော။
(က) ဓမ္မဟောင်းကျမ်း။
(၁) နိနေဝေမြို့သားတို့သည် ယောန၏ဟောပြောချက်ကြောင့်
နောင်တရခဲ့ကြပါသည်။
(မ၊ ၁၂း၄၁)
(၂) ယောဘသည် နောင်တရလျက်မြေမှုန်နှင့် မီးဖိုပြာတွင်ထိုင်ခဲ့ပါသည်။
(ယောဘ-၄၂း၆)
(၃) ဣသရေလအမျိုးသားတို့နောင်တရစေရန်ပရောဖက်ကြီးယေဇကျေလကတိုက်တွန်း
ဟောပြောခဲ့ပါသည်။ (ယေဇ ၁၄း၆၊ ၁၈း၃၀)
(၄) အောက်ပါကျမ်းချက်များသည် နောင်တရခြင်းနှင့်
သက်ဆိုင်လျက်နောင်တရခြင်း၏ နမူနာများဖြစ်ပါသည်။
တရား ၃၀း၂။ ၃ရာ
၈း၃၃။ ၆ရာ ၇း၁၄။ နေ ၁း၉။ ယု ၂၈း၁၃။ ဟေ ၅၅း၆-၇ ယေရမိ ၁၂။၁၃။ ဟောရှေ ၁၀း၁၂-၁၄။
(ခ) ဓမ္မသစ်ကျမ်း
(၁) ပင်တေကုတ္တေပွဲနေ့ဝိညာဉ်တော်ဆင်းသက်ခြင်းမပြုမီ
ဗတ္တိဇံဆရာယောဟန်သည် နောင်တတရားကိုဟောပြောခဲ့ပါသည်။ (မ၊ ၃း၂၊ ၇၊ ၈)။
(၂) သခင်ယေရှုသည် ပင်တေကုတ္တေပွဲနေ့မတိုင်မီ နောင်တတရားဟောပြောခဲ့ပါသည်။
(မ၊ ၄း၇။ လု၊
၅း၃၂။ ၁၃း၃-၅)။
(၃) ရှင်ပေတရုသည် ပင်တေကုတ္တေပွဲနေ့၌လည်းကောင်း၊
ထိုပွဲနောင်တွင်လည်းကောင်း၊ နောင်တတရားကိုဟောပြောခဲ့ပါသည်။
(တ ၂း၃၀။ ၃း၁၉။
၂ပေ ၃း၉)။
(၄) ရှင်ပေါလုသည် ပင်တေကုတ္တေပွဲနေ့နောက်ပိုင်းတွင်
နောင်တတရားကိုဟောကြားခဲ့ပါ သည်။ (တ၊ ၁၇း၃၀၊ ၂၀း၂၁။ ၂၆း၂၀။ ရော ၂း၎။ ၂တိ ၂း၂၅)
၃။ နောင်တတရားသည် ဂျူးလူမျိုးများ၏အတွက်သာလော၊
သို့မဟုတ် ယနေ့ကျေးဇူးတော်ခေတ်ကြီးတွင် လူသားတိုင်းတို့အတွက်ပါလော။
မှတ်ချက်။ ။ ယနေ့ကျေးဇူးတော်ကာလကြီးတွင် ဧ၀ံဂေလိတရားတော်၌ နောင်တတရားမပါတော့
ကြောင်း ဟောပြောနေသူများကို ထူးဆန်းစွာတွေ့ရှိနေရပါသည်။
(က) ပင်တေကုတ္တေပွဲနေ့တွင်
ရှင်ပေတရုသည် နောင်တရရန် တိုက်တွန်းဟောပြောသောအခါ ကြား နာသူပရိသတ်သည် ဂျူးလူမျိုးများသာဖြစ်ခဲ့ပါသည်။
(တ ၂း၃၀)တပါးအမျိုးသားတို့သည် ဧ၀ံဂေလိ တရားတော်ကိုလက်ခံခြင်းမရှိသေးပါ။ ထိုအချိန်တွင်အသင်းတော်သည်
ယုံကြည်သူဂျူးလူမျိုးများ နှင့်သာတည်ဆောက်ထားပါသည်။
(ခ) သို့ရတွင်
လု ၂၄း၄၇တွင် မဟာအမှုတော်မြတ်ကြီးကိုအပ်နှင်း၊ စေလွှတ်သောအခါ၊ နောင်တ တရားနှင့် အပြစ်လွှတ်ခြင်းတရားကိုယေရုရှလင်မြို့မှစ၍
လူမျိုးတကာတို့အား ဟောပြောရန် အမိန့် ပေးခဲ့ပါသည်။
(ဂ) တမန်
၁၇း၃၀ တွင် “ယခုမှာ ကိုယ်အပြစ်ကိုမြင်၍ နောင်တရကြလော့ဟုခပ်သိမ်းသော အရပ်တို့၌ ရှိသော
လူအပေါင်းတို့အား(ဘုရားသခင်) ပညတ်တော်မူ၏” ဟုဟောပြောရာတွင် ပေါလုသည်တ ပါးအမျိုးသားတို့အား
ဟောပြောနေခြင်းဖြစ်ပါသည်။ တမန် ၂၆း၂၀ တွင်လည်း “လူတို့သည် နောင်တရ ရမည်။ နောင်တရခြင်းနှင့်
ထိုက်တန်သော အကျင့်ကိုကျင့်ရမည်။ ဘုရားသခင်အထံ တော်သို့ပြောင်းလဲရမည် ဟူ၍ဒမာသတ်မြို့၌
ရှေ့ဦးစွာဟောပြောလျင် ယေရုရှလင်မြို့မှစ၍ ယုဒ ပြည်အရပ်ရပ်တို့၌ နေသောသူတို့အားလည်းကောင်း၊
တပါးအမျိုးသားတို့အားလည်းကောင်း ဟော ပြောပါ၏” ဟုပေါလုသက်သေခံခဲ့ပါသည်။
တဖန် ၊ ရောမ ၂း၎ တွင်ပေါလုသည်
တပါးအမျိုးသားတို့အား ဟောပြောရာတွင် ဘုရားသခင်၏ ကျေးဇူးတော်သည် သင်တို့နောင်တသို့သွေးဆောင်သည်ကို
မသိမမှတ်ဘဲ ကြွယ်ဝစွာကျေးဇူးပြု တော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းကို
မထီမဲ့မြင်ပြုသလော ဟုပြောပြခဲ့ပါသည်။
မှတ်ချက်။ ။ထို့ကြောင့်နောင်တတရားသည် ယုဒလူဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ
ယနေ့ကမ္ဘာအရပ် ရပ်တွင်ရှိသောလူသားတို့နှင့်သက်ဆိုင် လျှက်ရှိပါသည်။
၎။ နောင်တရခြင်းသည် ကယ်တင်ခြင်းရရှိရန်အတွက်
မရှိမဖြစ်လိုအပ်သောအရာဖြစ် ပါသလော။
(က) တမန်
၁၇း၃၀-၃၁။ “ယခုမှာ ကိုယ်အပြစ်ကိုမြင်၍ နောင်တရကြလော့ ဟုခပ်သိမ်းသောအရပ်တို့၌ ရှိသောလူအပေါင်းတို့အား(ဘုရားသခင်သည်)
ပညတ်တော်မူ၏။ အကြောင်းမူကား ခန့်ထားတော်မူ သောသူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်ညီလျှော်စွာ
စစ်ကြောစီရင်မည့် နေ့ ရက်ကိုချိန်းချက်တော်မူပြီး။
ဘုရားသခင်သည် ပညတ်တော်မူ၏
မှတ်ချက်။ ။ ဒေသနာမှာ ရှင်းလင်းလှပါသည်။ နောင်တမရလျှင် စစ်ကြောစီရင်ခြင်းနှင့်
ရင်ဆိုင်ရမည် ဖြစပါသည်။
(ခ) လု
၁၃း၃-၅။ “သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြ လိမ့်မည်ဟု
ငါဆို၏။” ဟုခရစ်တော်မိန့်တော်မူခဲ့ပါသည်။ မိမိကို မိမိနောင်တရ ရန်မလိုအပ်ဟု မည်သည့်ပုဂ္ဂိုလ်
ကမျှယူဆပိုင်ခွင့်မရှိကြောင်းကို ဤကျမ်းချက်မှရှင်းလင်းစွာ ဖော်ပြထားပါသည်။ ထိုဂါလိလဲ
လူသား များထက် ဖြောင့်မတ်မည်ဟုအချို့တို့သည် မိမိကိုမိမိယူဆထားပါသည်။ ခရစ်တော်သည် ထိုသူတို့
၏အမှားကို ရှင်းလင်းစွာ ထောက်ပြခဲ့ပါသည်။
မှတ်ချက်။ ။ သခင်ယေရှုက “နောင်တရကြလော့၊ ဧ၀ံဂေလိတရားကို ယုံကြည်ကြလော့”
ဟုမိန့်ကြား ခဲ့ပါသည်။ (မာ ၁း၁၅)
ရှင်ပေါလုက “ဘုရားသခင်ရှေ့တော်၌
နောင်တတရားကိုလည်းကောင်း ငါတို့သခင်ယေရှု ခရစ်တော်ကိုယုံကြည်ခြင်း တရားကိုလည်းကောင်း”
ဟောပြောတော်မူ၏။ (တ ၂၀း၂၁)
မှတ်ချက်။ ။ နောင်တမပါသော ယုံကြည်ခြင်းသည် ဟန်ဆောင်မူသက်သက်သာဖြစ်ပါသည်။
ယုံ ကြည်ခြင်းမပါသော နောင်တသည်အနှစ်သာရမပါသော စိတ်လှုပ်ရှားမူသက်သက်ဖြစ်ပါသည်။ ကယ်တင်ခြင်းအစစ်အမှန်ရရှိရန်
နောင်တနှင့်ယုံကြည်ခြင်း နှစ်ပါးလုံးကိုလိုအပ်ပါသည်။
၅။ စစ်မှန်သောနောင်တကို မည်သည့်အရာများက ဖြစ်ပေါ်စေပါသနည်း။
(က) ဘုရားသခင်၏ကောင်းမြတ်ခြင်း၊(ရောမ
၂း၎)
ဘုရားသခင်၏ကျေးဇူးတော်သည်
သင့်ကို နောင်တလမ်းသို့သွေးဆောင်သည်ကို မသိမမှတ်ဘဲ ကြွယ်ဝစွာကျေးဇူးပြုတော်မူခြင်း၊
သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းကို မထီမဲ့မြင်ပြု သလော။
မှတ်ချက်။ ။ လု ၁၆း၂၅။ မရဏာငရဲ သို့ရောက်သော သဌေးသည် ဘုရားသခင်၏ကျေးဇူးတော်ကို
ကြွယ်ဝစွာ ခံစားခဲ့လျှက် အခွင့်အရေးရချိန်ရှိခဲ့ကြောင်း သို့သော်အထီမဲ့မြင်ပြုပြီး
ဘုရားသခင်ကို မေ့လျော့ကြောင်း ဖော်ပြသွန်သင်ထားပါသည်။
မှတ်ချက်။ ။ ၂ ပေ ၃း၉။ “ငါတို့တွင်အဘယ်သူမှ မပျက်စီးဘဲ ရှိသမျှတို့သည်
နောင်တရခြင်းငှာ အလိုတော်ရှိ၍ ငါတို့ကို သည်းခံတော်မူ၏။ ဘုရားသခင်၏ အစဉ်သဖြင့် ကောင်းမြတ်တော်မူခြင်း
ဆိုင်ရာ မေတ္တာတော်၊ စိတ်ရှည်တော်မူခြင်း၊ သည်းခံတော်မူခြင်း၊တို့သည် ကျွန်ုပ်တို့အား
နောင်တ သို့၎င်း၊ ကယ်တင်ခြင်းသို့၎င်း ပို့ဆောင်လျှက်ရှိနေပါသည်။ ကျေးဇူးတော်ကို မထီမဲ့မြင်ပြုခြင်းသည်
ကျေးဇူးတော်ကိုစော်ကားရာ ရောက်စေသည်။
(ခ) အလိုတော်နှင့်ညီသောဝမ်းနည်းခြင်း။
(၂ ကော ၇း၁၀)
ကောရိန္တုမြို့ရှိ အသင်းသားတို့၏
အလိုတော်နှင့်ညီသောဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းနှင့်ယှဉ် သောနောင်တစိတ်ကို ဖြစ်စေကြောင်းကို
ပေါလုသည်တွေ့မြင်ရန် ၀မ်းမြောက်ခဲ့ပါသည်။
မှတ်ချက်။ ။ ၀မ်းနည်းခြင်းသက်သက်သည် နောင်တမဟုတ်။ သို့ရာတွင်မိမိနှင့်ပတ်သက်၍
လည်း ကောင်း၊ အပြစ်နှင့်ပတ်သက်၍လည်းကောင်း၊ ဘုရားသခင်နှင့်ပတ်သက်၍လည်းကောင်း ထားရှိ
သောခံယူချက်နှင့် ရပ်တည်ချက်တို့ကို ပြောင်းလဲလိုက်ခြင်းသာ နောင်တဖြစ်ပါသည်။
(ဂ) ဧ၀ံဂေလိတရားတော်
ဟောပြောခြင်း။ (မ ၁၂း၄၁)
ထိုမြို့သားတို့သည် ယောနဟောပြောသော
စကားတို့ကြောင့်နောင်တရကြ၏။ တမန် ၂း၃၇ တွင် ပေတရု၏ဟောပြောချက်ကို ကြားရသောအခါ “စိတ်နှလုံးပူပန်ခြင်းရှိ၍၊
ညီအစ်ကိုတို့၊ အဘယ်သို့ပြု ရမည်နည်း” ဟူ၍လည်းကောင်း၊ ပေတရုက ဧ၀ံဂေလိတရားကို ဟောပြောသောအခါ
“ထိုသူတို့ နှလုံးသည်ကွဲမတတ်ဖြစ်ကြောင်း” တမန် ၅း၃၀-၃၃ တွင်တွေ့ရပါသည်။ ပေါလု၏ဟောပြောချက်ကို
ကြားရသောအခါ “ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ရောက်” ပါသည်။ (တ ၂၄း၂၅)
မှတ်ချက်။ ။ ဧ၀ံဂေလိတရားဟောပြောခြင်းသည် အပြစ်ကိုမြင်ခြင်းနှင့် နောင်တရခြင်းကို
ဖြစ်စေပါ သည်။ ထိုကဲ့သို့အပြစ်ကို ပေါ်လွင်စေသော နောင်တတရားကိုဟောပြောတတ်သူနှင့် ဟောပြောချင်
သောသူအမြောက်အများပေါ်ပေါက်ရန်လိုအပ်ပါသည်။
၆။ နောင်တတရားသည် ယုံကြည်သူ မယုံကြည်သူနှစ်ဦးလုံးနှင့်
သက်ဆိုင်ပါသည်။
က။ မိမိတို့အသက်တာ
ဆုတ်ယုတ်နေခြင်း၊ အောင်မြင်မူမရဖြစ်နေခြင်း၊ အပြစ်ပြုလျှက်ပင်ရှိနေသော ခရစ်ယာန်များအား
နောင်တရရန် ဘုရားရှင်မှ တိုက်တွန်းလျှက်ရှိနေပါသည်။ ဥပမာ - ကောရိန္တ်ုမြို့ ရှိ ခရစ်ယာန်များသည်
အပြစ်ကိုမကျော်လွှားနိုင်ပါ။ ပေါလုသည် ထိုသူတို့ကိုဆုံးမပြီး “အလိုတော် နှင့်ညီသောဝမ်းနည်းခြင်း”
ကိုဖြစ်စေနိုင်ခဲ့သောကြောင့် နောင်တွင်ဝမ်းမြောက်ခဲ့ကြောင်းတွေ့ရပါ သည်။ ( ၁ ကော ၅း၁-၇
နှင့် ၂ ကော ၇း၇-၁၀ ကိုတိုက်ကြည့်ပါ) ဒါဝိဒ်သည် ဘုရားတရားကြည်ညို သောသူဖြစ်သော်လည်း
ရှက်ကြောက်ဖွယ်အပြစ်ကို ကျူးလွန်ခဲ့ပါသည်။ (၂၇- ၁၁း၁-၂) ဆာလံ ၅၁ တွင်သူ၏မှန်သော နောင်တကိုမှတ်တမ်းတင်ထားပါသည်။
ဗျာဒိတ်ကျမ်းအခန်းကြီး ၂နှင့် ၃ တွင် ဖော်ပြထားသော အာရှိပြည်ရှိအသင်းတော် (၇) ပါးအနက်
(၅) ပါးတို့အား နောင်တရရန် တိုက် တွန်းထားပါသည်။
ဧဖက်မြို့အသင်းတော် - ရှေးဦးစွာသောချစ်ခြင်းမေတ္တာလျော့သောကြောင့်
ပေရဂံအသင်းတော်
- နိကောလအတွေးအခေါ်နှင့်ဗာလမ်၏ လမ်းကိုမစွန့်၊
ရုပ်ထုရှေ့၌ပူဇော်သော ယဇ်ကောင်၏အသားကို စားခြင်း၊ မယုံကြည်သူများနှင့်ရောနှော၍ ထိမ်းမြား
လက်ထပ်ခြင်း၊ မတရားသောမေထုန်ကိုပြုခြင်း
သွာသိရအသင်းတော်
- ယေဇဗေလအားအသင်းတော်၌ သွန်သင်ခွင့်ကိုပေးလျက်
ဘုရားသခင်း၏သား သမီးများအား မတရားသောမေထုန်ကိုပြုစေခြင်း
သာဒိအသင်းတော်
- အသက်ရှင်ဟန်ရှိသော်လည်းသေနေခြင်း။
လောဒိကိအသင်းတော်
- မပူမအေးဖြစ်လျက် အသင်းတော်၏ချမ်းသာခြင်း၌
ပျော်မွှေ့နေသောကြောင့်။
ခ။ မယုံကြည်သူများအား
မိမိတို့အပြစ်မှနောင်တရရန် (တမန ၂း၃၉)။(၃း၁၉-၈-၂၂) နှင့်ဘုရားသခင် ထံတော်သို့ပြန်လာရန်
(တ ၂၀း၂၁ ၊၂၆း၂၀။၁ သက် ၁း၁၀) သခင်ယေရှုခရစ်နှင့်ဧ၀ံဂေလိ တရားတော်အားယုံကြည်လက်ခံရန်။
(မာ ၁း၁၅။ တ ၂၀း၂၁) တို့တွင်တိုက်တွန်းထားပါသည်။
၇။ ဘုရားသခင်သည် နောင်တရဘူပါသလား။
က။ ဓမ္မဟောင်းကျမ်းတွင်
ဘုရားသခင်နောင်တရတော်မူ၏ဟုဖော်ပြထားသော ကျမ်းချက်များရှိပါသည်။ ဥပမာ (၁) က ၆း၅းတွင်-
“မြေကြီးပေါ်မှာလူကို ဖန်ဆင်းတော်မူသည်ကို နောင်တရ၍ နှလုံးတော်ပူ ပန်လျှက်ရှိတော်မူ၏။”
(၂) ထွက် ၃၂း၁၄-
“ထာဝရဘုရားသည် မိမိလူတို့အားအပြစ်ပေးမည် အကြံကိုနောင်တရ တော်မူ၏။”
(၃) ၁ ရာ ၁၆း၁၁-
“ငါသည်ရှောလုကို ရှင်ဘုရင်အရာ၌ခန့်ထားတော်မူသောကြောင့် နောင်တရ၏။”
ခ။ သို့ရာတွင်ဘုရားသခင်သည်
နောင်တမရတတ်။ နောင်တမရနိုင်ကြောင်းကို သမ္မာကျမ်းစာသည် ရှင်းလင်းထင်ရှားစွာ ဖော်ပြထားပါသည်။
(၁) ဟေဗြဲ ၇း၂၁။ “ထာဝရဘုရားက
သင်သည်မေလိခိဇေဒက် နည်းတူထာဝရ ယာဇ်ပရောဟိတ် ဖြစ်သည်ဟု ကျိန်ဆို၍နောက်တဖန် စိတ်ပြောင်းလဲခြင်ရှိတော်မမူ။”
(၂) တောလည် ၂၃း၁၉။ “ဘုရားသခင်သည်
မုသားကိုပြောအံ့သောငှာ လူဖြစ်တော်မူသည်မဟုတ်။ နောင်တရအံ့သောငှာ လူသားဖြစ်တော်မူသည်မဟုတ်။”
(၃) မာလခိ ၃း၆။ “ငါသည်ထာဝရဘုရားဖြစ်၏။
ပြောင်းလဲခြင်းမရှိ။ ထို့ကြောင့် ယာကုပ်အမျိုသား တို့သင်တို့သည် ဆုံးရှုံးခြင်းသို့မရောက်ရကြ။”
မှတ်ချက်။ ။ အကယ်၍ဘုရားသခင်သည် မှားတတ်သောကြောင့်နောင်တရခဲ့လျှင်
သို့မဟုတ် မှားယွင်း၍ အပြစ်ပြုမိခဲ့ပါလျှင် ဘုရားအဖြစ်ဖြင့်ရပ်တည်နိုင်ခြင်း မရှိတော့ပေ။
ဂ။ သို့ဖြစ်လျှင်
မည်သို့အဖြေထုတ်ရမည်နည်း။
ဘုရားသခင်သည် အတိုင်းအဆမရှိ
သန့်ရှင်းတော်မူလျှက် အမှားပြုမိစေခြင်းငှာလုံးဝမဖြစ်နိုင်။ လူတို့သည်လည်းကောင်း၊ လူမျိုးတို့သည်လည်းကောင်း၊
ဘုရားသခင်အပေါ်၌ထားရှိသော သဘော ထား ပြောင်းလဲလာသောအခါ ဘုရားသခင်သည် ထိုသူတို့အပေါ် ဆက်ဆံမူပြောင်းလဲလာပါသည်။
သနားတော်မူခြင်း ဂရုဏာတော်ကိုစေလွှတ်ပြီး သူတို့အကျင့်ပြောင်းလဲရန် ဆောင်ရွက်လာပါသည်။
ထိုအခါ ဘုရားသခင်၏ စိတ်နေသဘောထားပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရပါသည်။ ထို့အတူ လူသည်
နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြောင်းလဲသောအခါ ဘုရားသခင်သည် ထိုသူတို့ အပေါ်သို့ချပေးရန်
စီစဉ်သောအပြစ်ပေးမည့် အကြံမှနောင်တရတော်မူသည်ဟု ထင်မှတ်ရပါသည်။ ဘုရားသခင်သည် မူလသဘောအတိုင်း
မှန်ကန်စွာရပ်တည်နေလျှက်သာရှိပါသည်။
၈။ နိဂုံး။
နောင်တရခြင်းသည် မိမိအပြစ်ကိုမြင်ခြင်းမှအစပြုပါသည်။ဤကျေးဇူးကို
သန့်ရှင်းသောဝိညာဉ် တော်သည် လူသားတို့၏နှလုံးသားတွင် ဆောင်ရွက်တော်မူပါသည်။ (ယော ၁၆း၈)
မိမိအပြစ်များ သည် မိမိဘ၀ကိုပျက်စီးစေကြောင်းနှင့် ဘုရားသခင်အားဆန့်ကျင်ဘက် ပြုစေကြောင်းကို
အပြစ် သားအားသိမြင်စေပါသည်။ ဤသို့စိတ်နှလုံးထဲ၌ ထင်ရှားစွာဖော်ပြတော်မူသောအခါ အပြစ်သား
သည်မိမိပြုမိသော အပြစ်အတွက်ကြောက်ရွံ့ခြင်း၊ ၀မ်းနည်းခြင်းဖြစ်စေလျှက် ထိုအပြစ်မှစွန့်ခွာလာ
ပြီး ဘုရားသခင်ထံတော်သို့ ပြန်လာစေပါသည်။ ဘုရားသခင်၏ အမြတ်တော်ကိုပယ်ဖျက်၍ ခွင့် လွှတ်ခြင်းကိုဖြစ်စေရန်၊
သခင်ခရစ်တော်သည် အပြစ်သားများ၏ကိုယ်စား အသေခံခဲ့ပါသည်။ ထိုသခင်ကို ယုံကြည်လက်ခံပြီး
ကယ်တင်ခြင်းရရှိစေပါသည်။ ထို့ကြောင့် နောင်တရခြင်းဆိုရာ၌ အသိစိတ်မှ “ကျွန်ုပ်၌အပြစ်ရှိသည်”
ဟုပြောခြင်း စိတ်နှလုံးမှ “မိမိအပြစ်အတွက်ဝမ်းနည်းခြင်း” နှင့် စိတ်ဆန္ဒ၏ဆုံးဖြတ်ချက်အရ
“သခင်ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုယုံကြည်ပါ၏” ဟုဝန်ခံ ခြင်းများပါဝင်ပါသည်။ ပရောဖက်များ၊
ဗတ္တိဇံဆရာယောဟန်၊ သခင်ယေရှုနှင့် တမန်တော်ကြီးများ ရဲရင့်စွာမေတ္တာစေတနာဖြင့် နောင်တရခြင်း
တရားကိုဟောပြောခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း ဟော ပြောကြပါစို့။
သင်၏အပြစ်များကို နောင်တရပြီး
ဘုရားသခင်ထံတော်သို့ ပြန်လာခြင်း၊ သခင်ယေရူခရစ်ကိုယုံ ကြည်လက်ခံခြင်းပြုသော နေ့ရက်အချိန်များကို
သေသေချာချာ ပြန်လည်၍ဆင်ခြင် အောက်မေ့ကြ ပါစို့။
မေးခွန်းများ
၁။ နောင်တတရားသည် အရေးကြီးသောယုံကြည်ချက် ဖြစ်ကြောင်းသင်၏ခံယူချက်
ကိုဝါကျတကြောင်း တည်းဖြင့်ရေးပါ။
၂။ နောင်တရခြင်းလက္ခဏာနှင့်တူသော်လည်း နောင်တရခြင်းကဲ့သို့ ထိရောက်မူမရှိသောအချက်(၄)
ချက်ကိုဖော်ပြပါ။ ထိုအချက်များသည် နောင်တရခြင်းမဟုတ်ကြောင်း တိုတိုနှင့်လိုရင်းကို
ရှင်းပြပါ။
က။
ခ။
ဂ။
၃။ နောင်တဟူသော စကားလုံးကို ဂရိဘာသာအားဖြင့် ကြိယာပုံစံ၊ နာမ်ပုံစံဖော်ပြပါ။
က။ ကြိယာ -
ခ။ နာမ် -
၎။ နောင်တ တရား၏စစ်မှန်သော လက္ခဏာ (၃) ရပ်ကိုဖော်ပြပါ။
က။
ခ။
ဂ။
၅။ ထိုလက္ခဏာတို့၏ အဓပ္ပါယ်ကို အတိုချုံးရေးလျှက် ကျမ်းချက်အထောက်အထား
အနည်းဆုံးတစ်ခုစီပေးပါ။
က။
ခ။
ဂ။
၆။ ပျောက်သောသား ပုံဥပမာသည် နောင်တတရား၏ အချက်(၃) ချက်ကိုမည်သို့
ကိုယ်စားပြုကြောင်းဖော် ပြပါ။
၇။ နောင်တတရားသည် သမ္မာကျမ်းစာ၏ ခိုင်လုံသောအတွေးအခေါ်ဖြစ်ကြောင်း
ဓမ္မသစ်၊ ဓမ္မဟောင်းတို့မှ ကျမ်းချက်(၃) ခုစီဖော်ပြပါ။
(၁)
(၂)
(၃)
၈။ နောင်တတရားသည် ဂျူးလူမျိုးများအတွက်သာ ဖြစ်၍ယနေ့ခရစ်ယာန်များ
အတွက်မဟုတ်ပါဟူသော အဆိုကို ချေပရန် ဓမ္မသစ်ကျမ်းမှ အထောက်အထား(၃) ချက်ကိုဖော်ပြပါ။
(၁)
(၂)
(၃)
၉။ ကယ်တင်ခြင်းရရှိရန် နောင်တတရားသည် မရှိမဖြစ်လိုအပ်ကြောင်း အထောက်အထားကျမ်းချက်ဖော်ပြပါ။
၁၀။ နောင်တမပါသော ယုံကြည်ခြင်းသည်မည်သို့နည်း။ ယုံကြည်ခြင်းမပါသော
နောင်တသည် မည်သို့နည်း။
က။
ခ။
၁၁။ နောင်တကိုဖြစ်စေသော အခြေခံအချက်(၃)ချက်ကို ဖော်ပြလျှက် အထောက်အထားကျမ်းချက်
တစ်ခုစီကို ဖော်ပြပါ။
က။
ခ။
ဂ။
၁၂။ သမ္မာကျမ်းစာသည် ခရစ်ယာန်များနှင့် အပြစ်သားများအား နောင်တရရန်
တိုက်တွန်းနေပါသည်။ မှန်ကန် ကြောင်းဆွေးနွေးပါ။ ခြားနားချက်ကို ဖော်ပြလျှက်ကျမ်းညွှန်းပေးပါ။
၁၃။ ဘုရားသခင်သည် အမှန်ပင်နောင်တရပါသလော၊ မဟုတ်ခဲ့လျှင် အဘယ့်ကြောင့်နည်း
က ၆း၅ နှင့်၁ ရော ၁၆း၁၁ ကဲ့သို့သော ကျမ်းချက်ကိုမည်ကဲ့သို့ အနက်ဖွင့်မည်နည်း။
၁၄။ နောင်တဟူသော စကား၏အဓိပ္ပါယ်ကို မိမိကိုယ်ပိုင်စကားဖြင့် ရေးပြပါ။
LESSONS FROM ROGMA INTERNATIONAL FREE BIBLE
CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
0 comments:
Post a Comment