HCF

HCF MYANMAR IN SINGAPORE

Sunday, August 25, 2013

ယုံကြည်သူ၏ရပ်တည်ချက်နှင့်အခြေအနေ



သင်ခန်းစာ (၁၈)

နိဒါန်း။
ခရစ်ယာန်ဟုပေါ်ပေါက်လာသော အချိန်မှစ၍ ယုံကြည်သူတစ်ဦးရပ်တည်ချက်(သို့မဟုတ်) ဘုရားသခင်ရှေ့ တော်မှောက် ၌ရောက်ရှိနေသော အခြေအနေနှင့်လက်ရှိအခြေအနေတို့ကို ကွဲပြားခြားနားစွာ နားမလည်ခြင်းကြောင့် ရှုပ်ထွေးမှု အတော်အ တန်ဖြစ်ခဲ့ရပါသည်။
 
ကယ်တင်ခြင်းရရှိရန် ဒုတိယမွေးခြင်းကိုရရှိသည်ဟုဝန်ခံကြသောသူများ၏ အမြင်အားဖြင့် အားနည်းမှု၊ မအောင်မြင်မှု၊ ထူးမခြားနားဖြစ်မှု။ အပြစ်ပြုနေမှုတို့ကြောင့် အထူးသဖြင့် ကယ်တင်ခြင်းသို့ မရောက်သေးသူတို့မှာ ရှုပ်ထွေးကြရသည်။ ယုံကြည်သူ၏ ရပ်တည်ချက်နှင့်အခြေအနေမှာ အလွန်ခြားကြောင်းမသိ၍ဖြစ်ပါသည်။
ဤသင်ခန်းစာတွင် ထိုသို့ရှုပ်ထွေးမှုများရှိနေပါက ပယ်ဖျက်၊ ခြေဖျက်နိုင်ရန်နှင့် စိတ်သက်သာမှုရရှိစေရန် ရည်ရွယ်ထားပါသည်။

ဤသင်ခန်းစာအရေးကြီးပုံ
            ယုံကြည်သူသည် ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၌ပြီးပြည့်စုံသူဖြစ်သော်လည်း၊ မိမိ၏ အပြစ်နှင့်နစ်မွန်း သောခန္ဓ္ဓာကိုယ်၌ ဆက်လက်နေထိုင်ရသောကြောင့် စုံစမ်းနှောင့်ယှက်ခြင်းကို ခံနေရသောသူဖြစ်သည်သာမက မအောင် မမြင်ပြန်လည်၍ လဲတတ်သောသူသာဖြစ်ကြောင်း သိရှိထားရန် အရေးကြီးလှပါသည်။ ယုံကြည်သူ၏ ရပ်တည်နေ သည့် နေရာနှင့် အသက်ရှင်နေရသည့်အရပ်တို့ကို ကွဲပြားစွာမသိရှိနိုင်လျှင် ကျမ်းစာကိုနားလည်နိုင်ရန်၊ အထူးသဖြင့်သြ၀ါဒ ကျမ်းစာများကို နားလည်ရန် လုံးဝဖြစ်နိုင်မည်မဟုတ်ပါ။ အပြစ်သားသည် သခင်ယေရှုကို လက်ခံသော ခဏချင်းတွင် ထိုသူသည် ဘုရားသခင်၏သားအဖြစ်သို့ ရောက်ရှိပြီး ခရစ်တော်နှင့် ပူးတွဲ အမွေစား အမွေခံဖြစ်ကြောင်းသြ၀ါဒကျမ်းစာ များကို ရေးသားသူများက ထင်ရှားရှင်းလင်းစွာရေးသားထားပါသည်။ ထိုသူ၏ ရပ်တည်ချက်သည် ပြီးပြည့်စုံသည်။ ခိုင်လုံသည်။ မပြောင်းမလဲထာဝရဖြစ်သည်။ မည်သည့်အရာကိုမျှ ထပ်ဖြည့်၍ မရ တိုးတက်စေ၍ မရတော့ပေ။
            အခြားတစ်ဖက်တွင်ယုံကြည်သူသည် အသွေးအသား၏ အလိုကိုလိုက်တတ်ကြောင်း၊ လောကီဆန်ကြောင်း၊ အားနည်းကြောင်း၊ စကားနားမထောင်ကြောင်း၊ ကြီးထွားရင့်သန်ရန်လိုသေးကြောင်း၊ သွန်သင်ဆုံးမလျက်စည်းကမ်း ထိန်းသိမ်းပေးရန်လိုကြောင်း၊ ထိုသြ၀ါဒများကိုရေးသောစာရေးဆရာများကပင်ရှင်းရှင်းရေးသားထားပြန်ပါသည်။
            ကယ်တင်ခြင်းသို့မရောက်သေးသောသူတို့သည် ဤထူခြားချက်များကိုနားမလည်ထားပါ။ ယုံကြည်ခါစ သူတို့ နားလည်အောင်ရှင်းပြရန်အထူးလိုအပ်ပါသည်။ ဤသင်ခန်းစာသည် ဤရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟု မျှော် လင့် ပါ သည်။



သင်ခန်းစာ
၁။         ခရစ်တော်၌ကျွန်ုပ်တို့၏ ရပ်တည်ချက်သည် စုံလင်၍ပြီးပြည့်စုံလျက်ရှိပါသည်။

မှတ်ချက်။          ကျွန်ုပ်တို့၏ရပ်တည်ချက်ဆိုင်ရာတွင် ကျွန်ုပ်တို့သည် ခရစ်တော်ကိုလက်ခံသည့်ခဏချင်း မှစ၍ ကျွန်ုပ်တို့ဖြစ်နေသောအရာများနှင့် စပ်ဆိုင်ပါသည်။ ကျေးဇူးတော်ကြောင့်ကျွန်ုပ်တို့ မည်သည့် အဆင့်သို့ ရောက်ရှိနေပါသနည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့မြင်ပါသနည်း။ ထို ရပ်တည်ချက် (သို့မဟုတ်) အဆင့် သည်ပြီးပြည့်စုံပြီး ဖြစ်ပါသည်။
(က)      ကော၊ ၂း၁၀။       သင်တို့သည် စုံလင်ခြင်းရှိကြ၏။
(ခ)        ဟေဗြဲ၊ ၁၀း၁၄။    စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးရှိစေခြင်းငှာ၊ တစ်ခါတည်း--- ပြုတော်မူ၏။
(ဂ)        ၁ယော၊ ၄း၁၇။     ငါတို့သည် ကိုယ်တော်၏နည်းတူ ဤလောက၌ဖြစ်ကြ၏။ အဆင့်အားဖြင့် ခရစ် တော်၌ ကိုယ်တော်ရှိသည့်နေရာတွင် ကိုယ်တော်ဖြစ်သည့်အတိုင်း ခရစ်တော်နှင့် အတူဖြစ်ကြပါ သည်။
(ဃ)      ဧ၊ ၁း၃။  ငါတို့သည် ဘုရားသခင်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ် လျက်ရှိမည့်အကြောင်း--- ရွေးကောက်တော်မူသည်။
(င)        ၁ကော၊ ၁း၃၀။     ဘုရားသခင်စီရင်တော်မူသည့်အတိုင်း ငါတို့၌ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏။ ကျွန်ုပ်တို့သည် ယုံကြည်သူတစ်ဦးအနေဖြင့် ဤအရာများကို ယခုပိုင်ဆိုင်လျက် ထာဝရပိုင်ဆိုင်ပြီးဖြစ်သည်။
(စ)        ဧ၊ ၁း၅။  ထိုဘုရားသခင်သည် ချစ်တော်မူသောသားတော်ကြောင့် ငါတို့အားပေးတော်မူသော ကျေးဇူးတော်---
(ဆ)      ဘုရားသခင်သည် ယုံကြည်သူအားလုံးတို့ကို ခရစ်တော်၌ရှိသည် (ဧ၊ ၁း၃) ဟုမြင်တော်မူပါသည်။ ရှင်ပေါလုသည် ဧဖက်သြစာကို ရေးရာတွင် ဤကဲ့သို့ အသုံးအနှုန်းကို (၂၈)ကြိမ်အသုံးပြုခဲ့ပါသည်။ ကျွန်ုပ်တို့၏ပြီးပြည့်စုံခြင်း၊ လက်ခံတော်မူဘွယ်ဖြစ်ခြင်း၊ အဆင့်နှင့် ရပ်တည်ချက်အားလုံးတို့သည် ခရစ်တော်၌ ဘုရားသခင်၏ကျေးဇူးတော်မြတ်ကြောင့်သာဖြစ်ပါသည်။

၂။         ကျွန်ုပ်တို့ပြီးပြည့်စုံ၍ စုံလင်သောရပ်တည်ချက်သည် ခရစ်တော် ဆောင်ရွက်ပေးသော အမှုတွင်သာ လုံးဝတည်မှီနေပါသည်။
မှတ်ချက်။          ကျွန်ုပ်တတ်နိုင်ခြင်းမရှိ၊ သို့သော် ကျွန်ုပ်ရရှိပြီး ယုံကြည်သည့်အချိန်မှ ကျေးဇူးတော်ဖြင့် အပ်နှံပြီ၊ ၀ါကြွားခွင့်မရှိ ဘ၀င်ကျလျက်၊ အပြစ်သား ကျွန်ုပ်ကျေးဇူးတော်ကြောင့် ကယ်တင်ပြီဟု သီချင်းဆိုကြပါသည်။ စကားလုံးများ ပြင်၍မရပါ။ ယခုကျွန်ုပ်တို့၌ရှိသောအရာ နှင့်ရှိနေသောအဆင့် သည် ကျေးဇူးတော်ကြောင့်ဖြစ် သည်။ ထိုက်တန်မှုလုံးဝမရှိဘဲပေးသေါအရာဖြစ်သည်။ တတ်စွမ်း နိုင်မှု၊ အကျင့်နှင့်ကုသိုလ်လုံးဝမပါဘဲ ခရစ်တော်၏ လုပ်ဆောင်ချက်သက်သက်သာဖြစ်သည်။
(က)      ဟေ၊ ၁၀း၁၄။       စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးရှိစေခြင်းငှာ၊ ---ပြုတော်မူ၏။
(ခ)        ဗျာ၊ ၁း၅။                        ငါတို့ကိုချစ်၍ မိမိအသွေးဖြင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍။
(ဂ)        ဂလ၊ ၃း၁၃။         ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကိုခံသောသူဖြစ်၍ ငါတို့ကို ပညတ်တရား ၏ ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ။ ဧ၊ ၁း၇ နှင့် ၁ ပေ၊ ၁း၁၈-၁၉ ကိုလည်းဖတ်ပါ။
(ဃ)      ၂ ကော၊ ၅း၂၁။    ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူ (ခရစ်တော်) ကို ငါတို့အတွက် ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့်အကြောင်းတည်း။
(င)        ဗျာ၊ ၅း၁၀။ ကျွန်ုပ်တို့၏ ဘုရားသခင်ရှေ့မှာ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ် အရာ ၌ လည်းကောင်းခန့်ထား၍။
(စ)        ၂ ကော၊ ၅း ၁၈-၁၉။ ဘုရားသခင်သည်ယေရှုခရစ်အားဖြင့်ငါတို့၏ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာရဖွဲ့စေတော်မူ၏။ ---လောကီသားတို့၏အပြစ်ကိုမှတ်တော်မမူ။
(ဆ)      ၁ ကော၊ ၆း၁၉-၂၀။ သင်တို၏ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ၀ိညာဉ်တော်တည်း ဟူသော သန့်ရှင်းသော ၀ိညာဉ်တော်၏ ဗိမ္မာန်ဖြစ်ကြောင်း---သင်တို့သည် အဘိုးနှင့် ၀ယ်ယူတော် မူသောသူ ဖြစ်ကြောင်း။

၃။         ကျွန်ုပ်တို့၏ရပ်တည်ချက်တွင် မည်သည့်အရာများ ပါဝင်သနည်း။
မှတ်ချက်။          ကျွန်ုပ်တို့ရရှိသောအရာများသည် ဘုရားသခင်၏ အတိုင်းအဆမရှိသော ကျေးဇူးတော် အားဖြင့်အစဉ်ထာဝရစုံလင်ပြီးပြည့်စုံနေကြောင်းသိရခြင်းကဲ့သို့အစစ်အမှန်ယုံကြည်သူတစ်ယောက် ၏ စိတ်နှလုံးကို လှုပ်ရှားစေနိုင်သောအရာမရှိတော့ပါ။
(က)      ကျွန်ုပ်တို့သည် ယခုဘုရားသခင်၏သားဖြစ်ကြ၏။
            ၁ ယော၊ ၃း၂။ ရော၊ ၈း၁၆။
(ခ)        ကျွန်ုပ်တို့သည် ယခုဘုရားသခင်၏အမွေခံများဖြစ်လျက် ခရစ်တော်နှင့်ပူးတွဲအမွေခံဖြစ်ပါသည်။ ရော၊ ၈း၁၆။
(ဂ)        ကျွန်ုပ်တို့သည် ယခုမင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်များဖြစ်ကြပါသည်။ ဗျာ၊ ၁း၆၊ ၁ ပေ၊ ၂း၉။
(ဃ)      ချစ်တော်မူသောသားတော်ကြောင့်ယခုဘုရားသခင်၏လက်ခံတော်မူခြင်းခံရပါသည်။ ဧ၊ ၁း၆။
(င)        ခရစ်တော်၏ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြစ်ပါသည်။ ဧ၊ ၅း၃၀။
(စ)        ခရစ်တော်၌ယခုစုံလင်ခြင်းသို့ရောက်ပြီးဖြစ်သည်။ ကော၊ ၂း၁၀။
(ဆ)      ခရစ်တော်၏ပူဇော်သက္ကာကြောင့် ယခုကျွန်ုပ်တို့သည်ပြီး ပြည့်စုံပြီးဖြစ်သည်။
(ဇ)        ဘုရားသခင်သည် ရှေးမဆွကကြံစည်တော်မူသည့်အတိုင်း ကျွန်ုပ်တို့သည် ယခုရွေးကောက်ခြင်း ခံကြရပါသည်။ ၁ ပေ၊ ၁း၂။ ရွေးချယ်ရသူများဖြစ်သည်။ ဧ၊ ၁း၃။
(ဈ)       ကျွန်ုပ်တို့သည် ယခုရွေးနှုတ်ခြင်းခံရပြီ။ ဧ၊ ၁း၇။ ၁ပေ ၁း၁၈-၁၉။ ဖြောင့်မတ်ရာ၌ တည်စေခြင်းခံရ ပြီးဖြစ်သည်။ ရော၊ ၃း၂၄။ ၅း၁။ သန့်ရှင်းရာ၌တည်စေခြင်းခံရပြီးဖြစ်သည်။ ၁ကော၊ ၁း၃၀။ ဟေ၊ ၁၀း၁၀၊၁၄။ ကျွန်ုပ်တို့သည် ယခုဘုရားသခင်နှင့် ရန်ငြိမ်းပြီးဖြစ်သည်။ ၂ ကော၊ ၅း၁၈။ ကော၊ ၁း၂၁။ အဆင့်အားဖြင့် ဘုန်းကြီးနေပြီးဖြစ်သည်။ ရော၊ ၈း၃၀။
(ည)      ကျွန်ုပ်တို့သည် ယခုအခါ "ခရစ်တော်၌" ဖြောင့်မတ်သူ အဖြစ်မြင်နေပြီးဖြစ်သည်။ ရော၊ ၃း၂၂၊ ၂၃။ ဖိ ၃း၉။ ၁ ကော၊ ၁း၃၀။

၎။         ကျွန်ုပ်တို့၏ ထိုရပ်တည်ချက်သည် မည်သည့်အခါတွင် အစပြုခဲ့ပါသနည်း။
မှတ်ချက်။          အပြစ်သားသည် ကယ်တင်ခြင်းအတွက်ခရစ်တော်အားယုံကြည်လက်ခံသည့် ခဏချင်း တွင် အထက်ဖော်ပြသောအရာများအားလုံးတို့သည် စစ်မှန်သောအဖြစ်သို့ ပြောင်းလဲရောက်ရှိ သွား ပါသည်။ ထိုအရာများကိုချက်ချင်း ပိုင်ဆိုင်သွားပါသည်။ ကျွန်ုပ်တို့၏ ရပ်တည်ချက်သည် ကောင်း ကင် ရောက်မှရရှိမည့်အရာ မဟုတ်ပါ။ ထိုအရာများယခုပင် ကျွန်ုပ်တို့သည် ခရစ်တော်၌ ယုံကြည် ခြင်းအားဖြင့်သာ ရရှိထား သောအရာဖြစ်ပါသည်။
(က)      ယော၊ ၃း၁၈။       ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။
(ခ)        ယော၊ ၃း၃၆။       သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ။
(ဂ)        ယော၊ ၁း၁၂။       ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူ တို့အား ဘုရားသခင်၏သားတော်ဖြစ်ရသောအခွင့်ကိုပေးတော်မူ၏။
(ဃ)      ရော၊ ၅း၁။           ထို့ကြောင့် (ခရစ်တော်၌) ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊
(င)        ၁ယော၊ ၅း၁။       ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား ဘုရားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်၏။
(စ)        တ၊ ၁၃း၃၉။         ယုံကြည်သောသူရှိသမျှတို့သည် ---အပြစ်ရှိသမျှတို့နှင့်လွတ်ရသည်။
(ဆ)      ရော၊ ၄း၅။           အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကို ဖြေသောသူကို ယုံကြည်လျှင် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်း ကဲ့သို့မှတ်လျက်ရှိ၏။ ရော၊ ၃း၂၁-၂၂ ကိုလည်းကြည့်ပါ။

၅။         ယုံကြည်သောသူသည် တစ်စုံတစ်ခုကို ပြုလုပ်ပေးခြင်းအားဖြင့်ဤရပ်တည်ချက်ကို ပိုမိုကောင်းမွန်တိုးတက် ရန်ဆောင်ရွက်နိုင်ပါမည်လော။
            မှတ်ချက်။          အဖြေမှာ။            မတိုးတက်စေနိုင်။ လုံးဝမတိုးတက်စေနိုင်။
(က)      ချစ်တော်မူသောသားတော်၌ ကျွန်ုပ်တို့ကိုလက်ခံခဲ့ခြင်းဖြစ်ပါသည်။ ဧ၊ ၁း၆။ ကျွန်ုပ်တို့၏ ရပ်တည် ချက်နှင့် ပြည့်စုံကောင်းမွန်မှုအားလုံးသည် ကိုယ်တော်အထဲ၌သာရှိပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏သန့်ရှင်းခြင်းဖြစ်ပါသည်။ ကိုယ်တော်သည် ကျွနုပ်တို့၏ ဖြောင့်မတ်ခြင်းဖြစ်ပါသည်။ ၁ ကော ၁း၃၀။ ခရစ်တော်၌ကိုယ်တော်ဖြစ်သည့်အတိုင်း ကျွန်ုပ်ဖြစ်နေပါသည်။ ၁ ယော ၄း၁၇။
(ခ)        ကျွန်ုပ်တို့ဖြစ်သမျှနှင့် ပိုင်ဆိုင်မှုသည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာဖြစ်ပါသည်။ ဧ၊ ၂း၅-၈။ ရော၊ ၃း၂၄။ ၂ ကော၊ ၈း၉။ သို့ဖြစ်ပါ၍ လူတို့ကျင့်သောအကျင့်သည် ဘုရားသခင်၏ ကျေးဇူးတော်အတွင်းသို့ မည်သည့် ဗိန္ဓုတစ်လုံးမျှထပ်၍မဖြည့်နိုင်။
(၁)        ဂလ၊ ၅း၎။           သင်သည် ဖြောင့်မတ်ခြင်းနှင့် လက်ခံတော်မူခြင်းကို ရရှိနိုင်ရန် ပညတ် တရား ၏ အကျင့်အားဖြင့်ရှာကြံလျှင် သင်သည် " ကျေးဇူးတရား၌မတည်၊ ရွေ့လျော့ပြီ"
(၂)        ရော၊ ၄း၎။           အကျင့်ရှိသောသူမည်သည်ကား ကျေးဇူးတော်အားဖြင့်ဖြစ်၏။ ကျေးဇူး တော်အားဖြင့်ရှိလျှင် ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ။ ရှိလျှင်ကျေးဇူးတော်သည် ကျေးဇူး မဟုတ်။
၆။         ထိုသို့ဖြစ်လျှင်ကမ္ဘာပေါ်တွင်ကျော်ကြားသောခရစ်ယာန်ကြီးများနှင့် ပတ်သက်၍ မည်သို့နည်း။             ထိုသူများသည် အားနည်းသော၊ အရည်အချင်းမရှိသော လူမသိ၊ တည်ငြိမ်မှုမရှိ ခရစ်ယာန်များ ထက်သာ၍မြင့်သောဘွဲ့နှင့်ရပ်တည်ချက်မရှိပါလော။
            မှတ်ချက်။          ဤအကြိမ်သည်လည်းအဖြေသည် - လုံးဝမဟုတ်ပါ။ ပို၍မကြီးပါ။
ကျွန်ုပ်တို့ရပ်တည်ချက် အရည်အချင်း၊ ချမ်းသာမှု၊ ပညာ၊ လူ့ဘောင်ထင်ပေါ်မှု၊ အထူးအခွင့်အရေး များဖြင့်ရရှိသောရပ်တည်ချက်မဟုတ်ပါ။ လောကတွင်အားအနည်းဆုံး၊ မရေရာဆုံးလူသားသည် ဘုရားသခင်ရှေ့တော်တွင်ထင်ပေါ်ကျော်ကြားမှုအရှိဆုံးသန့်ရှင်းသူကဲ့သို့သာဖြစ်ပါသည်။ လူသည် နောင်တရ၍ ဘုရားသခင်ရှေ့တော်၍သခင်ယေရှုခရစ်တော်ကိုယုံကြည်ဝန်ခံလျှင် ထိုအရာသည် သာအဓိကဖြစ်ပါသည်။
၂ရာ၊ ၁၄း၁၄။ မာ၊ ၁၂း၁၄။ ရော၊ ၂း၁၁။ တ၊ ၁၀း၃၄။ ဂလ၊ ၂း၆။ လူ့မျက်နှာကိုထောက် တော်မမူ သောသန့်ရှင်းသောဘုရားသခင်ရှေ့မှောက်တွင်လူသားအားလုံးတို့သည် အပြစ်သားများသာဖြစ်ပါ သည်။
၇။         ခရစ်တော်ကိုယုံကြည်လက်ခံခြင်းမပြုမီ ကျွန်ုပ်တို့၏ အခြေအနေမည်သို့နည်း။
မှတ်ချက်။          အခြေအနေဟုဆိုရာတွင် ဘုရားသခင်ရှေ့တော်၍ ကျွန်ုပ်တို့၏ ၀ိညာဉ်ရေးရာအခြေအနေ အဆင့်အတန်းကိုဆိုလိုပါသည်။ အောက်ဖော်ပြပါကျမ်းချက်များသည် ဘုရားသခင်ရှေ့တော်သို့ ကျွန်ုပ်တို့မရောက်မီ ကျွန်ုပ်တို့ရပ်တည်ချက်အခြေအနေကို ဖော်ပြလျှက်ရှိပါသည်။
(က)      ဘုရားသခင်ရှေ့တော်၌ ပျောက်ဆုံးသူဖြစ်ပါသည်။
            လု၊ ၁၉း၁၀။         သိုးကဲ့သို့လမ်းလွဲလျက်ရှိကြပါသည်။ ဟေရှာ၊ ၅၃း၆။
(ခ)        သမ္မာတရားကိုမမြင်၊ မျက်စေ့ကွယ်သူများဖြစ်သည်။ ဧ၊ ၄း၁၈။
(ဂ)        ဘုရားသခင်၏အသက်နှင့်ကင်းကွာသောလူများဖြစ်ကြသည်။ ဧ၊ ၄း၁၈။
(ဃ)      မျှော်လင့်ခြင်းကင်းမဲ့သောသူများဖြစ်ကြသည်။ ဧ၊ ၂း၁၂။
(င)        ဘုရားသခင်ကိုပုန်ကန်၍ ဆန့်ကျင်တတ်သောဇာတိပကတိရှိသူများဖြစ်သည်။ ရော၊ ၈း၇။ ကော၊ ၁း၂၁။
(စ)        အပြစ်၌သေနေသူများဖြစ်သည်။ ဧ၊ ၂း၁။ အာကာသကောင်းကင်၏တန်ခိုးကို အစိုးရသော စာတန် ၏အလိုနှင့် အညီဒုစရိုက်အပြစ်၌ကျင်လျက်၊ ကိုယ်ကာယအလိုသို့လိုက်သောသူဖြစ်ကြ၏။ ဧ၊ ၂း၂-၃။
(ဆ)      ဘုရားတရားကြည်ညိုမှုမရှိ၊ အကျိုးနည်းရှိသောသူများဖြစ်ကြသည်။ ရော၊ ၅း၆။
(ဇ)        စဉ်းလဲသောစိတ်နှလုံးရှိသောသူများဖြစ်ပါသည်။ ယေ၊ ၁၇း၉။
(ဈ)       နူနာစွဲသောသူကဲ့သို့ မစင်ကြယ်သောသူဖြစ်ကြ၏။ ဟေရှာ၊ ၆၄း၆။
(ည)      ကျွန်ုပ်တို့သည်အပြစ်၏ အုပ်စိုးခြင်းအောက်တွင်ရှိနေသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုနားမ လည်၊ ဘုရားသခင်ကိုမရှာအသုံးမရသောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်လုံးဝမရှိသော သူများဖြစ်ကြပါသည်။ ရော၊ ၃း၉-၁၈။
(ဋ)        ဘုရားသခင်၏အမျက်တော်ကိုခံထိုက်သောသူဖြစ်လျက်သေဒဏ်ပေးထားခြင်းခံရသောသူ။ တရား စီရင်မည့်နေ့ရက်ကို စောင့်သောသူများဖြစ်ပါသည်။ ယော၊ ၃း၁၈။ ၃၆။ ဟေဗြဲ၊ ၉း၂၇။
မှတ်ချက်။          သင်သည်ခရစ်တော်ကိုလက်ခံသောအခါသင်သည်ဒုတိယမွေးဖွားခြင်းကိုလက်ခံရရှိသည်။ ယော၊ ၁း၁၂၊၁၃။ ခရစ်တော်သည် သင်၏စိတ်နှလုံးထဲတွင် ချက်ချင်းကိန်းဝပ်တော်မူသည်။ ဧ၊ ၃း၁၇။ ဂလ၊ ၂း၂၀။ သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကို ကျွန်ုပ်တို့ရရှိသည်။ တ၊ ၂း၃၈။ ရော၊ ၈း၁၃။
မှတ်ချက်။          တစ်နည်းအားဖြင့် ကျွန်ုပ်တို့သည်ယုံကြည်သောအခါ ကျွန်ုပ်တို့အသက်ရှင်ရမည့်အသက် တာသစ်ကိုရရှိပါသည်။ အသစ်သောပကတိလည်း ပေါ်လာပါသည်။  အာဒံမှဆင်းသက်လာသော သင်၏ဇာတိပကတိနှင့် ပတ်သက်၍ မည်သို့ဖြစ်သွားပါသနည်း။ ထိုပကတိသည် ပျောက်ကွယ်သွား ပါသလော။ ဖျက်ဆီးခြင်း၊ ပယ်ဖျက်ခြင်းခံရပြီလော။ မဟုတ်ပါ။ ဇာတိပကတိသည်ရှိနေပါသည် ထိုပကတိကို ကျွန်ုပ်တို့ပိုင်ဆိုင်နေဆဲပင်ဖြစ်သည်။ ဂလ၊ ၅း၁၇။ ရော၊ ၇း၁၇-၂၃။ ဤနေရာတွင် ယုံကြည်သူသည် မိမိပကတိဟောင်း၏အုပ်စိုးလွှမ်းမိုးမှုကို အောင်နိုင်ရန်သင်ယူရပါသည်။ မိမိ၏ အခြေအနေသည် မိမိရပ်တည်ချက်ကိုမှီစေရန်အစဉ်ကြိုးစားရပါမည်။


သရုပ်ဖော်ခြင်း
(၁)        ကျွန်ုပ်တို့သည် "ထာဝရစုံလင်ခြင်း" (ဟေ၊ ၁၀း၁၄) သို့ ရောက်သည့်အားလျော်စွာ ကျွန်ုပ်တို့သည် "ဘုရားသခင်ကိုကြောက်ရွံ့၍သန့်ရှင်းခြင်း ပါရမီနှင့်ပြည့်စုံကြ" ရမည်ဖြစ်ပါ သည်။ (၂ကော၊ ၇း၁)
(၂)        ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာအသေခံပြီး (ဂလ၊ ၂း၂၀) သည် နှင့်အညီ၊ "အပြစ်တရားနှင့် ဆိုင်သော အရာ၌ကားအသေဖြစ်သည်ဟု" ရော ၆း၁၁) ခံယူရန် တိုက် တွန်းထားပါသည်။
(၃)        ကျွန်ုပ်တို့သည် "သန့်ရှင်းသူတည်းဟူသောယေရှုခရစ်ကိုယုံကြည်သူ" (ဧ၊ ၁း၁) အဖြစ် ခေါ်တော်မူသည်နှင့်အညီ "ခေါ်တော်မူခြင်းကျေးဇူးတော်နှင့် အထိုက်အလျောက် ကျင့် ဆောင်" ရမည်ဖြစ်ပါသည်။ (ဧ၊ ၄း၁။)
(၄)        ကိုယ်တော်၌ "ကျွန်ုပ်တို့စုံလင်" သည့်နည်းတူ (ကော၊ ၂း၁၀) ကျေးဇူးတော်၌ကြီးထွား လျက် (၂ပေ၊ ၃း၁၈) ယုံကြည်ခြင်း၌လည်းဖြည့်စွက်ရမည်ဖြစ်သည်။ (၂ပေ၊ ၁း၅)။

၈။         ကျွန်ုပ်တို့ ၏ရပ်တည်ချက်နှင့်အခြေအနေတို့ခြားနားကြောင်းဖော်ပြသောသမ္မာကျမ်းစာ သရုပ်ဖော်များ။
            (၁)        မ၊ ၅း၁၄။                        သင်တို့သည်ဤလောက၏အလင်းဖြစ်ကြ၏။
                        မ၊ ၅း၁၆။                        သူတစ်ပါးရှေ့၌သင်တို့အလင်းကိုလင်းစေကြလော့။
            (၂)        ဧ၊ ၅း၈။              ယခုမူကား သခင်ဘုရား၌ အလင်းဖြစ်ကြ၏။
                        ဧ၊ ၅း ၈။             သို့ဖြစ်၍အလင်း၏သားကဲ့သို့ကျင့်နေကြလော့။
            (၃)        ၁သက်၊ ၅း၅။       သင်တို့အပေါင်းသည်အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။
၁သက်၊ ၅း၆။       သို့ဖြစ်၍အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိနှင့် စောင့်နေကြစို့။
(၄)        ၁ ပေ၊ ၂း၉။         ရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။
            ၁ပေ၊၂း၁၁။         ချစ်သူတို့ ၀ိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယ တပ်မက်ခြင်းတို့ကိုရှောင် မည့်အကြောင်း၊ ဧည့်သည့် အာဂန္နု ကဲ့သို့သင်တို့ကို ငါတောင်းပန်၏။
(၅)        ၁ ကော၊ ၆း၁၀။    ယခုတွင်သခင်ယေရှု၏နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ ၀ိညာဉ်တော်အားဖြင့်လည်းကောင်း ဆေးကြောသန့်ရှင်း၍ဖြောင့်မတ်ရာသို့ ရောက်ကြပြီ။
           ၁ ကော၊ ၆း၇။ ထိုသို့ သင်တို့သည် အချင်းချင်းတရား တွေ့သည့်အမှုမှာ အလွန်ကြီးစွာသော အပြစ်ရှိကြ၏။
(၆)        ၁ ကော၊ ၁း၂။      ယေရှုခရစ်အားဖြင့်အပြစ်နှင့်ကင်းစင်၍သန့်ရှင်းသူအရာ၌ခန့်အပ်ထားသောသူ -
            ၁ကော၊ ၁း၁၁။     " သင်တို့သည် အချင်းချင်းမသင့်၊ ရန်တွေ့ခြင်းရှိသည်" ၁ကော၊ ၃း၃၊ ယခုပင်လည်း ဇာတိ၊ ပကတိလူဖြစ်ကြသေး၏။
(၇)        ဂလ၊ ၃း၂၆။         သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သားဖြစ် ကြ၏။
           ဂလ၊ ၄း၉။   ချမ်းသာမပေးနိုင်သောတရားနုဘက်သို့ အဘယ့်ကြောင့် တစ်ဖန်ပြောင်းလဲကြသနည်း။
(ဂ)        ဟေဗြဲ၊ ၁၀း၁၄။    "စင်ကြယ်သောသူတို့သည်ထာဝရစုံလင်ခြင်းအကျိုးကိုရစေခြင်းငှာ--- ပြုတော် မူ၏"
            ဖိ၊ ၃း၁၂။      " ထိုသို့ဆိုသော်အကျိုးကိုခံရပြီ၊ စုံလင်ခြင်းသို့ရောက်ရပြီ၊ စုံလင်ခြင်းသို့ရောက်ရပြီဟု
                             ငါမဆို"
မှတ်ချက်။          အခြားသရုပ်ဖော်အမြောက်အမြားရှိပါသည်။ မိမိတိုးတက်မှုအချို့ကိုရှာဖွေထားပါ။
(၉)        နိဂုံး။     ကျွန်ုပ်တို့ ဇာတိပကတိ၏ ဆက်လက်တည်ရှိနေမှုနှင့်အားနည်းနေခြင်းကို အကြောင်း ပြချက်တစ်ရပ်အဖြစ်အသုံးမပြုရန် အရေးကြီးပါသည်။ ရှင်ပေါလုက ကျေးဇူးတော် ခံရမည့် အကြောင်း၊ အပြစ်ကို ဆက်လုပ်ရမည်လော။ ဟုမေးခဲ့ပါသည်။ အပြစ်၌သေလျက်ရှိသော ငါတို့သည် ထိုအပြစ်၌ ပြန်လည်ကျင်လည်ကြမည်လော။ ဇာတိပကတိစိတ်နှင့် အလို ဆန္ဒများကို လက်ဝါးကပ်တိုင်မှာ အစဉ်အမြဲရိုက်ထားနိုင်ရန် သတိပြုရပါမည်။ (ရောမ၊ ၆း၁၁)။ လူဟောင်း၏အကျင့်နှင့်လူဟောင်း၏ကိုယ်ကိုချွတ်ပယ်ရမည်။ (ဂလ၊ ၅း၁၆) ကျေးဇူးတော်၌ --- ကြီးပွားလော့။ (၂ပေ၊ ၃း၁၈) ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့်ပြည့်စုံကြကုန်အံ့။ (၂ ကော၊ ၇း၁)။
                        ဘုရားသခင်သည် နှုတ်ကပါတ်တော်ကိုနားလည်နိုင်စေခြင်းငှာ ဥာဏ်အလင်းကိုပေး သနားတော်မူပါစေ။

မေးခွန်းများ။
၁။         ခရစ်ယာန်များတို့၏အားနည်းခြင်း၊ မပြည့်စုံခြင်း၊ ထူးမခြားနားဖြစ်လျက် ဆက်လက်အပြစ်ပြုနေမှု ကြောင့်၊ မယုံကြည်သူ၊ ကယ်တင်ခြင်း မရသေးသူများသည် အဘယ့်ကြောင့် ရှုပ်ထွေးကြရပါသ နည်း။
၂။         ဤသင်ခန်းစာကို ကောင်းစွာနားလည်သဘောပေါက်ရန် အဘယ်ကြောင့် အရေးကြီးလှပါသနည်း။
၃။         ကျွန်ုပ်တို့၏ရပ်တည်ချက်ဟုဆိုသည်မှာ အဘယ်နည်း။
၎။         ကျွန်ုပ်တို့သည် ယုံကြည်သူတစ်ယောက်အနေဖြင့်အမှန်ရပ်တည်သောနေရာအကြောင်းဖော်ပြသော ကျမ်းချက် (၇) ချက်အနက်အနည်းဆုံး (၄) ချက်ကို ဖော်ပြပါ။
၅။         ကျွန်ုပ်တို့၏ ရပ်တည်ချက်ကို မည်သည့်အရာပေါ်တွင်အခြေခံထားပါသနည်း။
၆။         ခရစ်တော်ပြုတော်မူသောအမှုပေါ်တွင် ကျွန်ုပ်တို့၏ရပ်တည်ချက်သည်အခြေခံကြောင်းကို ဖော်ပြ သောကျမ်းချက်အနည်းဆုံး (၄)ချက်ကိုဖော်ပြပါ။
၇။         ကျွန်ုပ်တို့၏ပြီးပြည့်စုံသောရပ်တည်ချက်သည် ထာဝရကာလအတွက်ဖြစ်ကြောင်းသတင်းစကား သည်အဘယ်ကြောင့်ယုံကြည်သူတိုင်း၏ စိတ်နှလုံးကိုတက်ကြွစေပါသနည်း။
၈။         ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယုံကြည်သူတိုင်းသည် ခရစ်တော်၌ ပိုင်ဆိုင်ပြီးသောအရာနှင့် ဖြစ်နေပြီးသောအရာ (၇)ချက်ကို စာရင်းပြုပါ။
၉။         ကျွန်ုပ်တို့၏ ရပ်တည်ချက်သည် မည်သည့်အခါတွင် အစပြုပါသနည်း။ ဤအချက်ကို ဖော်ပြသော ကျမ်းချက် အနည်းဆုံး (၃)ချက်ဖြင့်အထောက်အထားပြပါ။
၁၀။       ဘုရားသခင်ရှေ့တော်၌ တစ်စုံတစ်ယောက်သောသူရပ်တည်ချက်ကို ပြုပြင်တိုးတက်စေနိုင်ပါသ လော။ မတိုးစေနိုင်လျင် အဘယ်ကြောင့်နည်း။ ကျမ်းချက်ဖြင့်သက်သေပြပါ။
၁၁။       ကျွန်ုပ်တို့၏ ရပ်တည်ချက်သည် ဘုရားသခင်၏ကျေးဇူးတော်သက်သက်ကြောင့်ဖြစ်ပါလျှင် အဘယ့် ကြောင့်အကျင့်သည် တိုးတက်မှုမပေးနိုင်ပါသနည်း။ (မေးခွန်းအမှတ်-၁၀နှင့် အဖြေအနည်းငယ်ကွာ ခြားပါသည်။ သေခြာလေ့လာပါ။)
၁၂။       ကမ္ဘာတွင်ကျော်ကြားသောခရစ်ယာန်ကြီးများနှင့်ပတ်သက်၍ မည်သို့ဖြစ်ပါမည်နည်း။ ထိုသူတို့၏ ရပ်တည်ချက်သည်အားမရှိ၊ မရေရာသော၊ လူသိမများ၊ ပညာမရှိသောခရစ်ယာန်များထက်သာ၍ ကြီးမြတ်ခြင်းမရှိပါလော။ ကျမ်းချက်ဖြင့်ဖြေပါ။
၁၃။       ယုံကြည်သူနှင့် အပြစ်သားတို့၏ "အခြေအနေ" ဆိုရာတွင် မည်သည့်အရာကို ဆိုလိုပါသနည်း။
၁၄။       ကယ်တင်ခြင်း သို့မရောက်မီ ကျွန်ုပ်တို့၏အခြေအနေကိုဖော်ပြသောကျမ်းချက် (၆)ချက်ကို ဖော်ပြ  လျက် ထိုကျမ်းချက်တို့မှ ဖော်ပြသောအချက်များကို အကျဉ်းရေးပေးပါ။
၁၅။       ကျွန်ုပ်တို့ ဒုတိယ မွေးဖွားခြင်းရပြီးသည့်တိုင် အာဒံမှဆင်းသက်သော ကျွန်ုပ်တို့၏ ဇာတိပကတိ သည် အမှန်မည်သို့ရှိပါသနည်း။ ကျမ်းညွှန်းဖြင့်ပြပါ။
၁၆။       ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိပြီးဖြစ်၍ ဒုတိယမွေးဖွားခြင်းကိုခံရပြီးနောက် အသစ်သောပကတိ ကိုရရှိလျက်ပင်ကျွန်ုပ်တို့၏ ပကတိတောင်းဖြစ်သော ဇာတိပကတိနှင့်ဆိုင်ပြိုင်တိုက်လှန်နေရသေး ကြောင်းကို ဖော်ပြသော ဤသင်ခန်းစာပါကျမ်းချက်(၂)ချက်နှင့်သင်ကိုယ်တိုင်ရှာဖွေထားသော ကျမ်းချက် (၁)ချက် ကိုဖော်ပြပါ။
၁၇။       ဤသင်ခန်းစာတွင် ယုံကြည်သူ၏ ရပ်တည်ချက်နှင့် အခြေအနေတို့ကို ကွဲပြားစွာဖော်ပြသော အချက် (၈)ချက်ဖော်ပြထားပါသည်။ (၄)ချက်ကိုရေးပြလျက်ကျမ်းချက်ကိုပါဖော်ပြပါ။
၁၈။       အာဒံမှ ဆင်းသက်သော ပကတိကျွန်ုပ်တို့၌ရှိနေခြင်းသည် ကျွန်ုပ်တို့အားအပြစ်ကို ဆက်လက်ကျူး လွန်နေရန်အခွင့်အလမ်းဖြစ်ပါသလော။ စာပိုဒ်တိုဖြင့်ဖော်ပြပါ။

အမည်၊   ____________________________           ရက်စွဲ၊ ___________________________
လိပ်စာ၊  ____________________________
            ____________________________
            ____________________________
            LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support