သင်ခန်းစာ
အမှတ် (၁၁)
“နိဒန်း”
ဤလောကကြီးတွင်
သမ္မာကျမ်းစာကို စေ့စပ်သေချာစွာ ပိုင်းခြားနားလည်လိုသော ဓမ္မပညာရှင်များအတွက် “ကယ်တင်ခြင်းနည်းလမ်း”
သည် ခပ်သိမ်းသောအရာတို့ထက်သာ၍ အရေးကြီးလျှက်ရှိကြောင်း နားလည်သဘော ပေါက်ကြပေလိမ့်မည်။
သင်ခန်းစာအရေးကြီးပုံ (Importamce of this lesson)
ကမ္ဘာပေါ်ရှိဘာသာရေးဆိုင်ရာ
ဂိုဏ်းဃနများနှင့် အသင်းတော်ပေါင်းများစွာတို့သည် စစ်မှန်သော သမ္မာတ ရားနှင့်ကယ်တင်ခြင်းနည်းလမ်းတို့ကို
သိကျွမ်းပိုင်ဆိုင်ထားလျှက်ရှိကြောင်း အတိအလင်းကြေငြာသည်။ ဤဘာသာရပ်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာထက်
ပိုမိုရှင်းလင်းလွယ်ကူစွာ တင်ပြနိုင်သော စာပေကျမ်းဂန် များလည်းမရှိပေ။ သို့ဖြစ်စေကာမူ
စာတန်မာနတ်သည် ဧ၀ံဂေလိတရား၏အလင်းကို မျက်ကွယ်ပြုလျက် ကြီးမားသော ရှုပ်ထွေးမှုကိုဖန်တီးရန်အစွမ်းကုန်
ကြိုးစားအားထုတ်လျှက်ရှိ၏။ သို့ဖြစ်၍ ဤဘာသာနှင့်စပ် ဆိုင်သောအကြောင်းအရာများကို တိကျမှန်ကန်စွာပိုင်းခြား၍
အကြွင်းမဲ့နားလည် သဘောပေါက်ရန်မှာ ဤသင်ခန်းစာ၏ အဓိကရည်ရွယ်ချက်ဖြစ်သည်။





