(သန့်ရှင်းသော
သုံးပါးတဆူဘုရားနှင့် ပတ်သက်သော ယုံကြည်ချက်များ)
The
Doctrine of the Holy Trinity
နိဒါန်း
သမ္မာကျမ်းစာ၌ ပါရှိသော ထာဝရဘုရားသည် တပါးတည်းသော
ဘုရားဖြစ်သော်လည်း ပုဂ္ဂိုလ် အားဖြင့် သုံး ပါးဖော်ပြထားပါသည်။ ၄င်းတို့မှာ ခမည်းတော်၊
သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် တို့ဖြစ်ပါသည်။ သုံးဦးအနေဖြင့် ဖော်ပြထားသော်လည်း
ထာဝရဘုရားသည် တပါးတည်းသာဖြစ်ပါသည်။ ခရစ်ယာန်များအနေဖြင့် သမ္မာကျမ်းစာကို နားလည်သဘောပေါက်ရန်သော်လည်းကောင်း၊
မိမိယုံကြည် ချက်ကို အခိုင်အမာတင်ပြနိုင်ရန်နှင့် ၀မ်းမြောက်ဖွယ်သ တင်းစကားကို ထိထိရောက်ရောက်ဟောပြော တတ်စေရန်အတွက်
ဤနက်နဲသောအရာများကို သေချာစွာနားလည်သ ဘောပေါက် သည်အထိ လေးလေးနက်နက်လေ့လာဆည်းပူးရပါမည်။
ဤသင်ခန်းစာ၏ အရေးကြီးမှု
၁။ ကမ္ဘာပေါ်တွင် ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု ယုံကြည်သော
အယူဝါဒ (၃) မျိုးရှိပါသည်။ ၄င်းတို့မှာ ယုဒဘာသာအယူဝါဒ၊ မဟာမေဒင်ဘာသာနှင့် ခရစ်ယာန်ဘာသာတို့ဖြစ်ပါသည်။
ဘုရားသခင်၏ ၀မ်းမြောက် ဖွယ်ရာ သတင်းစကားကို ဤလောကသို့ ဟောပြောရာတွင် ခရစ်ယာန်ဘာသာ၏
တမူ ထူးခြားချက်ကို နားလည် ထားရမည်ဖြစ်သည်။
၂။ ခရစ်ယာန်တို့သည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော
ဘုရားသုံးဆူကို ယုံ ကြည်စွာ ကိုးကွယ်သူများဖြစ်သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍
ပြန်လည်ရှင်းလင်းချေပနိုင်ရန်အ တွက် ကျွန်ုပ်တို့ပြင်ဆင်ထားရပေမည်။
၃။ သမ္မာကျမ်းစာသည် တစ်ဆူတည်းသော ဘုရားကိုသာ ဖော်ပြထား၍
များစွာသော ဘာသာတရားတို့ ယုံ ကြည် သကဲ့သို့ ဘုရားအများကို ကိုးကွယ်ခြင်းနှင့် ဆန့်ကျင်နေကြောင်းသိရှိထားရမည်။
၎။ သခင်ယေရှုသည် ဘုရားစစ်စစ်မဟုတ် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း
ပုဂ္ဂိုလ်တပါးအဖြစ် သီးခြား တည်ရှိနေခြင်းမရှိဟု Unitarian များ၏ အငြင်းဆိုချက်များကို
ဖြေဆိုနိုင်ရန် ပြင်ဆင်ထားရမည်။
၅။ သမ္မာကျမ်းစာက ဖော်ပြထားသော ဘုရားရှင်ကို သိရှိနိုင်ရန်
ကျွနုပ်တို့သည် “ဘုရားသခင်ရှေ့တော်၌ နောက် တရခြင်း” (တ ၂၀း၂၁) “၀ိညာဉ်တော်အားဖြင့်
တဖန်မွေးဖွားခြင်း (ယော ၃း၅) များရှိရန်လိုအပ်ပါသည်။
ဤသင်ခန်းစာ၏ အဓိကအရေးကြီးသောအချက်မှာ သင်သည်
သမ္မာကျမ်း၌ ဖော်ပြထားသော ဘုရားသခင်၏ အကြောင်းကို သိရှိသက်သေခံနိုင်စေရန်၊ ဖော်ပြတော်မူသော
သုံးပါးကို သိထားရမည်။ ထို့ပြင် ထိုသုံးပါး တို့ က ထိုဘုရားသည် ဘုန်တန်ခိုးတော်
(Glorious) ၊ ထာဝရ (Eternal) ၊ အရာခပ်သိမ်းတပ်စွမ်းနိုင်ခြင်း (Omnipotent) ၊ အရာ ခပ်သိမ်းကို
သိတော်မူခြင်း (Omniscient) နှင့်ပြည့်စုံလျှက် ချစ်ခြင်းမေတ္တာ ဘုရားဖြစ်တော်မူကြောင်းကို
ဖော်ပြသည် ဟုနားလည်ထားရပါမည်။
သင်ခန်းစာ
၁။ သမ္မာကျမ်းစာသည် တစ်ဆူတည်းသော ဘုရားဖြစ်ကြောင်း
ဖော်ပြထားပါမည်။
The Bible Asserts the Unity of God
(က)
ဟေရှာ ၄၉း၂၂ - ငါသည်ဘုရားသခင်ဖြစ်၏။ ငါမှတပါးအခြားသောဘုရားမရှိ။
(ခ)
ဟေရှား ၄၅း၅ - ငါတပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတပါး
အခြားသော ဘုရားသခင်မရှိ။
(ဂ)
ဟေရှား ၄၄း၆ - ငါသည်အဦးဆုံးသောသူဖြစ်၏။ နောက်ဆုံးသောသူဖြစ်၏။
ငါမှတပါးအခြားသော
ဘုရားသခင်မရှိ။
(ဃ)
၁ တိ ၂း၅ - ဘုရားသခင်တဆူတည်းရှိတော်မူ၏
(င)
၁ ကော ၈း၎ - တဆူတည်းသော ဘုရားသခင်မှတပါး အဘယ်ဘုရားသခင်မျှမရှိ။
(စ)
တရား ၆း၎ - အိုက္ကုသရေလအမျိုး နားထောင်လော့။ ငါတို့၏
ဘုရားသခင် ထာဝရဘုရားဖြစ်
တော်မူ၏။
မှတ်ချက်။ ။ တဆူတည်းဖြစ်ခြင်းသည်
ဘုရားသခင်၏ ဂုဏ်အင်္ဂါရပ်တပါးဖြစ်ပါသည်။ တစ်ဆူတည်းဟူ သောစကား၏ အဓိပ္ပါယ်မှာ ခွဲခြား၍မရခြင်း၊
ပြည့်စုံခြင်း၊ တာဝရတည်မြဲခြင်းတို့ကို ခမည်းတော်၊ သားတော်၊ သန့်ရှင်း သော ၀ိညာဉ်တော်ပုဂ္ဂိုလ်သုံးပါးဖြင့်
ဖော်ပြတော်မူခြင်းဖြစ်ပါသည်။
မှတ်ချက်။ ။ တဆူတည်းသော ဘုရားဖြစ်ခြင်းသည် ကျွန်ုပ်တို့၏
ဆက်ကပ်ခြင်းအမှုတွင် အခြေခံဝတ္တရားဖြစ်ပါ သည်။ ငါတို့ ဘုရားသခင်တာဝရဘုရားသည် တဆူတည်းသော
ထာဝရဘုရားဖြစ်တော်မူ၏။ ”သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်
ချစ်လော့။ (တရား ၆း၎-၅)
၂။ သမ္မာကျမ်းစာသည် အများအပြားကို တလုံးတ၀တည်းဖြစ်ကြောင်း
ဖော်ပြထားပါသည်။
(က)
က ၂း၂၄ - ထိုသူတို့သည် တသားတကိုယ်တည်း
ဖြစ်ရလိမ့်မည်။
(ခ)
က ၁၁း၆ - ကြည့်ရှူလော့၊ လူတမျိုးသည်း…
(ဂ)
၁ ကော ၃း၆-၈ - စိုက်ပျိုးသောသူနှင့်
ရေလောင်းသောသူသည် တလုံးတ၀တည်းဖြစ်၏။
(ဃ) ၁
ကော ၁၂း၁၃ -ငါတို့ရှိသမျှသည် ၀ိညာဉ်တော်တပါးတည်းအားဖြင့်
တကိုယ်တည်းထဲသို့ ဗတ္တိဇံကို ခံကြ ၏။
(င)
ယော ၁၇း၂၁ - ထိုသူအပေါင်းတို့သည်
ငါတို့၌ သင်တို့အပေါင်းသည် တလုံးတ၀တည်းဖြစ်ကြ၏။
၃။ ဘုရားသခင်သည် ပုဂ္ဂိုလ်သုံးပါးအနေဖြင့် မိမိကိုယ်မိမိဖော်ပြသော်လည်း
ဘုရားရှင်သည် တလုံးတ၀တည်း ဖြစ် လျှက် တစ်ဆူတည်းသာဖြစ်နေပါသည်။
မှတ်ချက်။ ။ အထက်ပါကျမ်းပိုဒ်များတွင် တလုံးတ၀တည်းဟူသော
စကားအား စုပေါင်းညီညွှတ်မှုကို ဖော်ပြရာ တွင် အသုံးပြုထားပါသည်။ “တညီတညွှတ်တည်းဖြစ်ခြင်း”
သင်တို့သည် တစိတ်တသဘောတည်းဖြစ်၍ ၄င်းသူတို့ သည် တစိတ်တသဘောတည်းဖြစ်၍ ၄င်းဟု ဖော်ပြထားပါသည်။
မှတ်ချက်။ ။ ဟေဗြဲဘာသာအားဖြင့် (Yasheed) တစ်
(one) ဟူသော စကားသည် တခုတည်းဟု အဓိပ္ပါယ်ရှိ
လျက် ဘုရားသခင်နှင့်ပတ်သက်၍ သုံးလေ့မရှိပါ။
အထက်ပါကျမ်းပုဒ်များတွင် ပါဝင်သော တစ်
(one) သည် (achard) ဖြစ်လျှက် စုပေါင်းညီညွှတ်မှုကိုသာ ပြပါသည်။
က။ ဘုရားသခင်၏ နာမတော်သည် ဗဟုဝုစ် (အများ) ကိန်း
ဖြစ်ပါသည်။
ကမ္ဘာ ၁း၁ -“ အစဦး၌
ဘုရားသခင် (Elohim) သည်” ဟုဆိုရာ၌ Elohim သည် ဗဟုဝုစ်ကိန်းဖြစ်လျှက် သုံးပါးတဆူဘုရားကို
ရည်ညွှန်းပါသည်။ ဓမ္မဟောင်ကျမ်းတွင် ဘုရားသခင်၏ နာမတော်အဖြစ် အများဆုံး အသုံးပြုထားပါသည်။
ခ။ ဘုရားသခင်သည် မိမိကိုယ်ရည်ညွှန်းပြောဆိုရာတွင်
ဗဟုဝုစ်ကိန်း နာမ်စားကိုသာ အသုံးပြုလေ့ရှိပါသည်။
(၁)
က ၁း၂၆ - ငါတို့ပုံသဏ္ဍာန်နှင့်
တညီတည်း လူကိုဖန်ဆင်းကြစို့
(၂)
က ၃း၂၂ - လူသည် ငါတို့တွင်
တပါးပါးကဲ့သို့ဖြစ်၍
(၃)
ဟေရှာ ၆း၈ - ငါသည် အဘယ်သူကို
လွှတ်ရမည်နည်း။ ငါတို့အဘို့ အဘယ်သူသွာမည်နည်း။
မှတ်ချက်။ ။ က
၁း၂၆ တွင် ငါတို့ဟူသော စကားသည် ဘုရားသခင်က ကောင်းကင်တမန်များကို တိုင် ပင်ခြင်း မဟုတ်ပါ။
ဟေရှား ၄၀း၁၄ တွင် ဘုရားသခင် “အဘယ်သူနှင့် တိုင်ပင်တော်မူသနည်း” ဟု ဖော်ပြထားပါ သည်။
လူကို ဖန်ဆင်းတော်မူရာတွင် ကောင်းကင်တမန်၏ ပုံသဏ္ဍာန်အားဖြင့် ဖန်ဆင်းခြင်းမဟုတ်ဘဲ၊ ဘုရားသခင်၏
ပုံသဏ္ဍာန်တော်နှင့်တညီတည်း ဖန်ဆင်းတော်မူခြင်းဖြစ်ပါသည်။
၎။ ဘုရားသခင်သည် သုံးပါးတဆူ (တလုံးတ၀တည်း) ဖြစ်တော်မူကြောင်းကို
ဓမ္မဟောင်း၊ ဓမ္မသစ်နှစ်စောင်လုံး တွင် သွန်သင်ထားပါသည်။
က-ဓမ္မဟောင်းကျမ်း
(In the Old Testament)
(၁) ဘုရားသခင်၏ မိမိကိုယ်ကို ထင်ရှားပြသခြင်း
(Theophanes)- ဘုရားသခင်၏ ကောင်းကင်တမန်၏ ထင်ရှားဖော် ပြခြင်း။
ဥပမာ
- ဟာဂရနှင့်တွေ့ဆုံခြင်း က ၁၆း၇-၁၂
အာဗြဟံနှင့်တွေ့ဆုံခြင်း က ၁၈
မောရှေနှင့် တွေ့ဆုံခြင်း ထွက် ၃း၂
ဂါဒေါင်းနှင့်တွေ့ဆုံခြင်း တရားသူကြီး ၆း၁၁
မှတ်ချက်။ ။ ဤထင်ရှားဖော်ပြခြင်းများသည်
ကိုယ်တော်တိုင်လာရောက်တွေ့ဆုံခြင်းဟု ခံယူထားပါ သည်။
က
၃၁း၁၁-၁၃ တွင် “ငါကား ဗေသလအရပ်၏ ဘုရားဖြစ်၏”
ထွ
၃း၂၆ တွင် ငါသည်သင့်အဘ၏ ဘုရား
က
၁၈း၁၇ ထာဝရဘုရားကလည်း
၂။ သန့်ရှင်းသောဝိညာဉ်တော်၏ မဟာအမှုတော်
က ၁း၂၊ ၆း၃။ ၄၁း၃၈။ ထွက် ၂၈း၃။ ၃၁း၃။ တော ၁၁း၁၇-၂၅။
၃။ ဘုရားသခင်၏ ဗဟုဝုစ်ကိန်းပါနာမတော်များ
Elohim
၎။ မိမိကိုယ်ကို ညွှန်ရာတွင် ဘုရားသခင်အသုံးပြုခဲ့သော
ဗဟုဝုစ်ကိန်းပါနာမ်စားများ “ငါတို့ပုံသဏ္ဍာန် နှင့်အညီ တည်း လူကိုဖန်ဆင်းကြစို့”
ခ။
ဓမ္မသစ်ကျမ်း (In the New Testament)
မှတ်ချက်။
။ ဓမ္မသစ်ကျမ်းတွင် အပေါ်ယံဖော်ပြခြင်းသက်သက်။
သွယ်ဝိုက်ပြောဆိုခြင်းသက်သက်မဟုတ် တော့ဘဲ သေချာစွာသွန်သင်ခြင်းဖြစ်ပါသည်။
(၁)
ခရစ်တော်ဗတ္တိဇံခံစဉ်စဉ်တွင် (မ ၃း၁၆-၁၇)
သားတော်သည် ဗတ္တိဇံခံနေပါသည်။ ကောင်းကင်မှ
ခမည်းတော်စကားပြောနေပါသည်။ ၀ိညာဉ်တော်သည် လည်း
ချိုးငှက်ကဲ့သို့ ဆင်းသက်နေတော်မူပါသည်။
(၂)
အသင်းတော်အား မဟာအမှုတော်ကို အပ်နှင်းစဉ်-(မ ၂၈း၁၉)
ဗတ္တိဇံမင်္ဂလာပေးရာတွင် ခမည်းတော်၊ သားတော်၊
သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်၌ ပေးရမည်ဖြစ် ပါသည်။
(၃)၂
ကော ၁၃း၁၄ တွင် တမန်တော်ကြီး ရှင်ပေါ်လုက ကောင်ကြီးပေးရာ၌ သခင်ယေရှုခရစ်၏ ကျေးဇူတော်၎င်း၊
ဘု ရားသခင်၏ မေတ္တာတော်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ မိဿဟာရတော်၎င်း၊ သင်တို့အပေါ်၌
ရှိစေသတည်း။
(၄) ၁ ပေ ၁း၁၂ တွင် ခမည်းတော်ဘုရားသခင်၏ ရွေးကောက်ခြင်း၊
သားတော်ယေရှုခရစ်၏ အသွေးတော် အားဖြင့် ဆေးကြောခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ သန့်ရှင်းရာသို့
ရောက်စေခြင်း။
(၅) ယော ၁၄း၁၆ တွင် ငါ(သားတော်ဘုရား) သည် ခမည်းောတ်
(ခမည်းတော်ဘုရား) ကိုတောင်း၍ ခမည်းတော် သည် သမ္မာတရားကိုပြသော ၀ိညာဉ်တော် (သန့်ရှင်းသောဝိညာဉ်တော်)
တည်းဟူသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့် အတူအစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။
(၆) Dr Broadman ခေါ်ကျမ်းတတ်ပုဂ္ဂိုလ်က ဤသို့ဖေါ်ပြပါသည်။
ခမည်းတော်ဘုရားသခင်သည် မျက်မြင် မရ သော ဘုရားသခင်၏ပြည့်စုံခြင်း ဖြစ်ပါသည်။(ယော၊၁း၁၈)
သားတော်ဘုရားသည် လူတို့မျက်စိဖြင့်မြင်နိုင်သော ဘုရားသခင်၏ပြည့်စုံခြင်း ဖြစ်ပါသည်။(ယော၊၁း၁၄-၁၈)(ကော၊၂း၉)
သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့ ၌ အစဉ်လှုပ်ရှား ပါဝင် နေသော ဘုရားသခင်၏ပြည့်စုံခြင်းဖြစ်ပါသည်။
၅။
သုံးပါးတစ်ဆူဘုရားကို သရုပ်ဖော်ခြင်း
မှတ်ချက်။ ။ သုံးပါးတစ်ဆူဖြစ်တော်မူကြောင်းမည်သည့်
သရုပ်ဖော်မှုကမှ ရှင်လင်းအောင် ဖော်ပြနိုင် ခြင်းမရှိသောလည်း ဤအရာများသည် အထောက်အကူဖြစ်စေနိုင်ပါသည်။
တြိဂံ = အနားသုံးဖက်ရှိသော်လည်း တြိဂံမှာတစ်ခုသာဖြစ်ပါသည်။
♣ = ရွက်တွင် အရွက်သုံးရွက်မြင်ရသော်လည်း တစ်ရွက်သာဖြစ်ပါသည်။
= အရွယ်ညီရေဖန်ခွက်သုံးလုံး
အရေအတွက်သုံးခုမြင်ရသော်လည်းပြုလုပ်ထားသောပစ္စည်းကတစ်
မျိုးတည်းဖြစ်၏
အချိန် = အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
အတိုင်းအတာ = အလျား၊
အနံ၊ အမြင့်
၆။ နိဂုံး
သုံးပါးတစ်ဆူ (တစ်လုံးတစ်ဝ) ဘုရားအကြောင်းကို
မည်သည့်လူသား၏ ဥာဏ်အားဖြင့်မျှ ပြည်စုံအောင်၊ နား လည်းနိုင်ခြင်းမရှိ၊ နက်နဲသောအကြောင်းအရာဖြစ်သော်လည်း
သမ္မာကျမ်းစာတွင် သွန်သင်ထားပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ထိုဘုရားအား ကိုးကွယ်ရမည်။
သင်ကြားပို့ချမည်။ လေးမြတ်ရမည်။ ပုဂ္ဂိုလ်သုံးပါးသည် တစ်ဆူတည်း ဖြစ်သော်လည်း ပုဂ္ဂိုလ်အသီးသီးတွင်
ဆောင်ရွက်ရန်အမျှ အသီးသီးရှိပါသည်။ ကျွန်ုပ်တို့ကို ကယ်တင်တော်မူမည့် ဘုရားသခင်ဖြစ်သော
ထိုသုံးပါးတို့၏ အမှုတော်ကို မြင်ရသောအခါ အထူးဝမ်းမြောက်ရမည်ဖြစ်ပါသည်။
ကျောင်းသားတိုင်းဖြေဆိုရန်
မေးခွန်းများ
၁။ သုံးပါးတဆူဘုရားနှင့် ပတ်သက်သည့် ယုံကြည်ချက်အရေးကြီးကြောင်း
မိမိကိုယ်တိုင် စာသားဖြင့် ရေးပြပါ။
၂။ ဤယုံကြည်ချက် နားလည်အောင် လိုအပ်ကြောင်းကို
အနည်းဆုံး (၃) ချက်ရေးသားပါ။
(၁)
(၂) (၃)
၃။ ဘုရားသခင်သည် တစ်ဆူတည်းဖြစ်တော်မူကြောင်း
ဖော်ပြသော ကျမ်းချက် (၄) ချက်ရေးပြပါ။
(၁) (၂) (၃) (၄)
(၅) သင်ခန်းစာတွင်မပါသော
ကျမ်းချက်တစ်ခုရေးပြပါ။
၎။ ကျမ်းစာတွင် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု ဖော်ပြထားသောကြောင်းအရာ
(၄) ခုကို ဖော်ပြပါ။
(၁)
(၂) (၃) (၄)
၅။ သမ္မာကျမ်းစာတွင် ဘုရားသခင်ကို ရည်ညွှန်းသည့်
တစ် (one ) သည်မည်သို့ ဆိုလိုပါသနည်။
၆။ ဓမ္မဟောင်းကျမ်းတွင်သုံးပါးတဆူကိုဖော်ပြသည့်နည်းလမ်း(၄)ခုကိုရေးပါ။
(၁)
(၂) (၃) (၄)
၇။ ဘုရားသခင်သည် မိမိကိုယ်ကိုရည်ညွှန်း၍ဗဟုဝုဒ်နာမ်စားကို
အသုံးပြုခဲ့သောကျမ်းပိုဒ်အနည်းဆုံးတခုကိုရေး ပြပါ။
၈။ ဓမ္မသစ်ကျမ်းတွင်သုံးပါးတဆူဘုရားဖြစ်ကြောင်းဖော်ညွှန်းသောကျမ်းချက်အနည်းဆုံး(၅)ခုဖော်ပြပါ။
(၁) (၂) (၃) (၄) (၅)
၉။ သုံးပါးတဆူကိုသင်ခန်းစာတွင်မပါသောအခြားသဘာဝနည်းလမ်းတခုဖြင့်ရှင်းပြပါ။
(ကျမ်းပိုဒ်မဟုတ်ပါ)
၁၀။ ဤယုံကြည်ချက်နှင့်ပတ်သက်၍ သင်ကိုယ်တိုင်ယုံကြည်လက်ခံမှုအခြေအနေကိုစာပိုဒ်တိုတိုနှင့်ရေးပါ။
LESSONS FROM ROGMA INTERNATIONAL FREE BIBLE
CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
မဟာဂရန်းမာစတာကနေနှုတ်ခွန်း FROM မှ! ဂရိတ်, သင် Illuminati အဖွဲ့ဝင်တစ်ဦးဖြစ်လာပါတော့မည်။ ငါတို့သည်သင်တို့မှလှိုက်လှဲစွာကြိုဆိုပါသည်။ အမြတ်အစွန်းတစ်ဦးသောအဘို့ကိုနှင့်အတူ (THE Illuminati ကမ္ဘာကြီးကို) အထူးဖြစ်လိမ့်မည်။ သငျသညျနိုင်ငံရေးသမားများ, ENGI NEER ကာကွယ်ရေး, ဖျော်ဖြေရေး, ဒါမှမဟုတ်ဆရာဝန်တစ်ဦး, အယ်လ်, သင့်စီးပွားရေးလုပ်ငန်းကိုချဲ့ထွင်ရန်သင့် IT ဖြစ်လာမယ့်သေးငယ်တဲ့ဘွဲ့ရကျောင်းသား / အကြီးနှလုံးဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ဦးဟာ Illuminati အဖွဲ့ဝင်တစ်ဦးဖြစ်လာရန်ကဲ့သို့ဒါဟာကျွန်တော်တို့ရဲ့ဝင်ငွေများ၏ပေါင်းလဒ်တစ်ခု $ 100,000 လစဉ်လစာမှဆက်စပ်ဖြစ်ပါတယ်။ GOLDEN "အခွင့်အလမ်းများ" ဟုအဆိုပါ Illuminati အစည်းအရုံးမြက်ပင်သည်အမြစ် မှစ. , လောကီသား၏ဤအပိုငျးဖြစ်ခဲ့သည်။ တစ်ဦးသောနေ့၌ငွေရတတ်သောသူနှင့်ကျော်ကြားသောသင်ဆွဲထုတ်ရန်။ ဂရိတ်, သင်ဘုရားကျောင်း၏အမြင့်ယူချင်တယ်။ အတူတူ, သင်ရှည်လျားသောမြေကြီးပေါ်မှာဖြစ်ရပြီ, ဒါပေမယ့်ကျွန်တော် Jubilant Illuminati, ရှည်သောအသက်နှင့်စည်းစိမ်ချမ်းသာများနှင့်ကမ္ဘာကြီးကိုအုပ်ချုပ်ဖို့ကြီးသောတန်ခိုးနှင့်အတူဒီနေရာမှာထာဝရအသက်ကိုရလိမ့်မည်။ သငျသညျစိတ်ဝင်စားတယ်ဆိုရင် !! သင့်ရဲ့ကံကြမ္မာ ... သင့်ရဲ့လက်၌ +2348055329159 Illuminatipatrick5@outlook.com ကျွန်တော်တို့ကိုအီးမေးလ်ပို့ခြင်းသို့မဟုတ် WhatsApp ကိုဖြစ်ပါတယ်။
ReplyDelete