လူငယ်အများစုသည် အနာဂတ်တချိန်ချိန်တွင် လက်ထပ်မည့်အကြောင်းနှင့်
သာယာပျော်ရွှင်သော အိမ်ထောင် အကြောင်းကို တွေးတောစိတ်ကူးယဉ်ရန်အတွက် နာရီပေါင်းများစွာကို
အသုံးပြုကြသည်။ သို့သော် သာယာပျော်ရွှင်သော အိမ်ထောင်ရေးသို့ သွားရာလမ်းတွင် ““ထောင်ချောက်တွင်း””
များစွာရှိသည်။ ““ထောင်ချောက်တွင်း”” ဆိုသည်မှာ စနစ်ကျစွာဖုံးကွယ်ထားသော ထောင်ချောက်ဖြစ်သည်။
အမြင်အားဖြင့် အန္တရာယ်မရှိဟု ထင်ရသော်လည်း၊ ထိုတွင်းအပေါ် သို့ သင်လျှောက်လှမ်းပါက၊ နက်ရှိုင်းသောတွင်းထဲသို့ ကျသွားလိမ့်မည်
စာတန်ဟာ ထောင်ချောက်တွင်းများကို
တည်ဆောက်ရာတွင် အလွန်ကျွမ်းကျင်သည်။ သူသေချာစွာ ဖုံးအုပ်ထား သော ထောင်ချောက်များဟာ
အန္တရာယ်မရှိဟု ထင်ရသော်လည်း၊ အမှန်မှာ သေကြေစေနိုင်သည်။ ဤထောင်ချောက် တွင်းများထဲမှ
အချို့မှာ သင့်အားအောင်မြင်သာယာသော အိမ်ထောင်ရေးကို မတည်ဆောက်နိုင်အောင် တားဆီးလိမ့်မည်။
၎င်းတို့ထဲမှာ ၁၀ခုကို လေ့လာကြပါစို့။
ထောင်ချောက်တွင်း
(၁) ယခုအချိန်အတွက်သာ အသက်ရှင်ခြင်း
““လောကရှိ
အချိန်ကာလအတွက်သာ အသက်ရှင်ပါ”” ဟူသောအတွေးအခေါ်သည် နေရာတိုင်းတွင် ပျံ့နှံ့ နေ သည်။
ကျွန်ုပ်တို့သည် ဤအတွေးအခေါ်အားဖြင့် အဆက်မပြတ်တိုက်ခိုက်ခြင်းခံရသည်။ ““သင်ဟာ ဘ၀ကို
တစ်ကြိမ်သာ ဖြတ်သန်းနိုင်သည့်အတွက်၊ ရနိုင်သမျှပျော်ရွှင်မှု့အားလုံးကို
ရယူပါ။ စာတန်သည် ဤအတွေးအခေါ်ကို ပျံ့နှံ့စေရန်အတွက် အမြဲတမ်းကြိုးစားနေခြင်းမှာ လူများဟာ
အနာဂတ်ကို မမျှော်ကြည့်တော့ဘဲ၊ ယာယီပျော်ရွှင်မှု့များ၌သာ ၀မ်းမြောက်နေကြ ရန်အတွက်ဖြစ်သည်။
တရားမ၀င် ကလေး(၂)ဦးရှိသော (၁၉)နှစ်အရွယ် မိန်းကလေးတဦးက ငယ်ရွယ်စဉ်မှာ၊ သင်ဟာ စနေ၊
တနင်္ဂနွေ အားလပ်ရက်မှာ ဘာလုပ်ရမယ်ဆိုတဲ့အကြောင်းကိုပဲ တွေးလိမ့်မယ်။ ဒါပေမယ့် ဘ၀ဟာ စနေ၊
တနင်္ဂနွေ သာမဟုတ်ဘဲ၊ ဒီကမ္ဘာပေါ်မှာ အသက်ရှင်ရမည့်ဘ၀တစ်ခုလုံးနဲ့ နောက်ဘ၀မှာ ထာဝရအသက်ရှင်ရမည့်
ဘ၀လည်း ဖြစ်ပါတယ်။ သင်ဟာ ခရစ်တော်ကို ငြင်းပယ်ပြီး ငရဲကျသွားပါက၊ ငရဲမှာသင်ဟာ စနေ၊
တနင်္ဂနွေ နှစ်ရက်ပဲနေရမှာ မဟုတ်ဘဲ ထာဝရကာလနေရမှာ ဖြစ်ပါတယ်။
ဤထောင်ချောက်တွင်းကို
ရှောင်ကြဉ်ပါ။
ဘ၀၏အရေးပါမှု့နှင့်
ရှားပါးမှု့ကို နားလည်လက်ခံပါ။ သင်ယခုလုပ်သောအရာသည် သင့်လက်ရှိ ဘ၀နှင့် နောင် လာမည့်ဘ၀တစ်ခုလုံးအပေါ်သို့
အကျိုးသက်ရောက်မှု့ရှိသည်။
ထောင်ချောက်တွင်း
(၂ ) ကောင်းမွန်သောစိတ်ခံစားချက်များအတွက်သာ အသက်ရှင်ခြင်း
““ဤအရာသည်
ခံစား၍ကောင်းသောအရာဖြစ်ပါက၊ လုပ်လိုက်ပါဟူသော အခြားအတွေးအခေါ် တစ်ခုသည် လည်း ကျွန်ုပ်တို့လူ့အဖွဲ့အစည်း၌
ပျံ့နှံ့လျက်ရှိသည်။ မူးယစ်ဆေးဝါးသုံးစွဲမှုတစ်ခုလုံးသည် ဤအတွေးအခေါ်တွင် မူတည် သည်။
““အခုကောင်းကောင်း ခံစားလိုက်ပြီး နောက်မှ ဖြစ်ချင်တာဖြစ်ပါစေ။”” လူအချို့က သူတို့ကိုသာ
ကောင်းမွန်သော ခံစားမှုကိုပေးပါက၊ ဘယ်အရာကိုမဆို လုပ်ရန်အဆင်သင့်ရှိနေသည်ကိုဆိုကြသည်။
““ခံစား၍အလွန်ကောင်းပါက၊ ဒီအရာ မှာ မမှားနိုင်ပါ”” ဟူသောစာသားဖြင့် သီချင်း တစ်ပုဒ်ကလည်း
ဤသို့သော အတွေးအခေါ်မျိုးကို လူတို့အား စွဲမက်စေ သည်။
ဤလိမ်ညာမှုကို
မယုံကြည်ပါနှင့်။ တစုံတခုဟာ သင့်အားကောင်းသောခံစားမှုကို ပေးခြင်းကြောင့်၊ ထိုအရာဟာ
မှန်ကန်သည်ဟုမသတ်မှတ်ပါနှင့်။ သင်သည် ကားတစ်စီးကိုခိုးပြီး လျှောက်ပတ်မောင်းခြင်းအားဖြင့်
ကောင်းမွန်သော ခံစားမှုကိုရနိုင်သော်လည်း ဤအရာဟာ မမှန်ကန်ပါ။
ဤထောင်ချောက်တွင်းသို့
ရှောင်ကြဉ်ပါ။
သင်၏ခံစားချက်များက
သင်၏လုပ်ဆောင်မှုများကို မထိန်းချုပ်စေပါနှင့်။
ထောင်ချောက်တွင်း
(၃) လိင်ပိုင်းအရ ကိုယ်ကျင့်တရားမကောင်းခြင်း
လူငယ်များသည်
လိင်ပိုင်းအရ ဖောက်ပြားခြင်းဟူသော တွင်းထဲသို့ အလွယ်တကူကျသွားနိုင်သည်။ လူများစွာ
တို့သည် လိင်ပိုင်းအရပြစ်မှားသောအပြစ်နှင့် ပါဝင်ပတ်သက်နေကြသော်လည်း ထိုအပြစ်မှ ရှောင်ရှားနိုင်ကြသည်
ဟု ထင်ရသည်။ သို့သော် ဘုရားသခင်၏ကိုယ်ကျင့်တရားဆိုင်ရာ ပညတ်တော်များ ကိုချိုးဖောက်သူများသည်
အနှေးနှင့် အမြန် ဆိုသလို ဆိုးဝါးသော အဖိုးအခကိုပေးချေရမည် ဖြစ်သည်။ ကိုယ်ကျင့်တရား
တစ်ခါတည်း ဖောက်ပြန်ခြင်း သည် ပင်လျှင်၊ ကြေကွဲဖွယ်အကျိုးဆက်ဆိုးများကို ရင်ဆိုင်ရ
စေနိုင်သည်။
ခရစ်ယာန်
မိဘများ၏သားဖြစ်သူတစ်ဦးသည် ကိုယ်ကျင့်တရားမကောင်းသောမိန်းမတစ်ဦးနှင့် လိင်ဆက်ဆံခဲ့
သည်။ တစ်ကြိမ်တစ်ခါတည်းသာ ဆက်ဆံသော်လည်း၊ လိင်မှတဆင့်ကူးစက်သောရောဂါ တစ်ခုကို ရရှိခဲ့သည်။
သူသည် ဆေးဝါးကုသမှုခံယူသော်လည်း ဤရောဂါအား မထိန်းချုပ်နိုင်ခဲ့ပါ။
ဤထောင်ချောက်တွင်းသို့
ရှောင်ကြဉ်ပါ။
မိမိကိုယ်ကို
သန့်ရှင်းအောင်ထားပါ။ ကိုယ်ကျင့်တရားဖောက်ပြားခြင်းကြောင့် သင်ပေးရမည့် အဖိုးအခသည်
ကြီးလွန်းသည်။
ထောင်ချောက်တွင်း
(၄) ဆယ်ကျော်သက်အရွယ်၌ လက်ထပ်ခြင်း
ဆယ်ကျော်သက်အရွယ်၌
လက်ထပ်ကြသူများမှာ ပြဿနာကို ရှာဖွေနေကြခြင်းဖြစ်သည်။ အသက် နှစ်ဆယ် တန်း၌ လက်ထပ်သူများထက်
ဆယ်ကျော်သက်အရွယ်၌ လက်ထပ်သူများ၏ကွာရှင်းနှုန်းမှာ နှစ်ဆပိုသည်။ သတို့သမီး သည် ၁၈ နှစ်အောက်ဖြစ်ပါက၊
ကွာရှင်းရန်ဖြစ်နိုင်ခြေမှာ ပိုများသည်။ ဆယ်ကျော်သက်အရွယ်၌ ရွေးချယ်ပါက၊ သင်ဟာ အရွေးမှားနိုင်သည်။
ဒုတိယအချက်အနေဖြင့် သင်ဟာ အိမ်ထောင်ရေးကို တည်ဆောက်ရန်အတွက် ရင့်ကျက်မှု မရှိ လောက်သေးပါ။
အိမ်ထောင်ရေးတစ်ခုကို အသက်ဝင်စေရန်အတွက်၊ တစ်ကိုယ်ကောင်းဆန်ခြင်းကင်းမဲ့သော၊ ဂရုစိုက်မှု
ရှိသော မေတ္တာပမာဏများစွာကို လိုအပ်သည်။ ထိုသို့သော မေတ္တာမျိုးရရှိရန်အတွက် ““ရင့်ကျက်ကြီးထွားမှု””
ကောင်းကောင်း ရရှိရန် လိုအပ်သည်။
ဤထောင်ချောက်တွင်းကို
ရှောင်ကြဉ်ပါ။
လက်ထပ်ရန်အချိန်အကြာကြီး
ပြင်ဆင်ပါ။ ငယ်ရွယ်သောအချိန်၌ လက်မထပ်သင့်ပါ။
ထောင်ချောက်တွင်း
(၅) တကိုယ်တည်းမနေလို၍ လက်ထပ်ရန်ရွေးချယ်ခြင်း
ဘ၀၏အဆုံးသတ်မှာ
လက်ထပ်ခြင်းဖြစ်သည် ဆိုသည့်အယူအဆကို မိန်းကလေးများကျော်လွှား ရန် လိုအပ် သည်။ လက်ထပ်နိုင်မည့်နောက်ဆုံးသော
အခွင့်အရေးကိုဆုံးရှုံးမှာစိုးသောကြောင့်၊ မိန်းကလေးများစွာတို့သည် မိမိတို့၏ တွေးတောဆင်ခြင်မှုအားလုံးကို
စွန့်လွှတ်ကာ၊ ဆိုးဝါးသော အိမ်ထောင်ရေးဘ၀ အတွင်းသို့ ခုန်ဝင်တတ်ကြသည်။ မိန်းကလေးတစ်ဦးသည်
အန္တရာယ်အချက်ပြမီးများကို မြင်တွေ့သော်လည်း တစ်ယောက်ထဲနေရတာထက်ဆိုးတာ ဘာရှိဦး မှာ
လဲ ဟုတွေးကာ သူမကောင်းသည်ဟု မယူဆထား သော အိမ်ထောင်ရေးအတွင်းသို့ ၀င်ရောက်လေ့ရှိကြသည်။
ဆိုးဝါးသောအိမ်ထောင်ရေးသည် တစ်ယောက် တည်းနေရာတာထက်ဆိုးသည်ကို နားလည်ထားသင့်သည်။
ကမ္ဘာပေါ်တွင်
သင်တွေ့ကြုံနိုင်သော ဆိုးဝါး သောအတွေ့အကြုံများထဲတွင် ဆိုးဝါးသော အိမ်ထောင်ရေးသည် လည်း
တစ်ခုအပါအ၀င်ဖြစ်သည်ကို မိန်းမများစွာတို့က သင့်ကိုသက်သေခံလိမ့်မည်။ ဤသို့သော အိမ်ထောင်ရေးသည်
မုန်းတီးခြင်း၊ ငြင်းပယ်ခံရခြင်း၊ နာကြည်ခြင်းနှင့် နာကျင်ဖွယ်ခံစားချက်များနှင့်
ပြည့်နှက်နေသည်။ ဤသို့သော အိမ်ထောင် ရေးတွင် မွေးဖွားလာသော အပြစ်မရှိသောကလေးငယ်များမှာ
မြေစာပင်များဖြစ်ကြသည်။
ဤထောင်ချောက်တွင်းကို
ရှောင်ကြဉ်ပါ။
အပျိုဘဝ
တကိုယ်တည်း ဖြစ်နေချိန်၌၊ ကျေနပ်ပျော်ရွှင်တတ်အောင် သင်ယူပါ။ သင့်အား ပညာမရှိစွာ အိမ်
ထောင်ရေး တစ်ခုအတွင်းသို့ ခုန်ဝင်သွားအောင် ဖိအားပေးမှုများကို ဖယ်ရှားပါ။
ထောင်ချောက်တွင်း
(၆) အခြားလူက ပြောင်းလဲလာမည် ဟူသောမျှော်လင့်ချက်ဖြင့် လက်ထပ်ခြင်း
သူ
(သို့) သူမအား ပြောင်းလဲလာမည် ဟုမျှော်လင့်ချက်ဖြင့် လက်ထပ်ခြင်းသည် လေယာဉ်ပျံပေါ် မှလေထီး
မပါဘဲ ခုန်ချတာနှင့် တူသည်။ မြေပြင်ပေါ်သို့ ကောင်းမွန်စွာသက်ဆင်းနိုင်မည့် အခွင့်အရေး၊
တနည်းအားဖြင့် သူ့အား ပြောင်းလဲနိုင်မည့်အခွင့်အရေးမှာ အလွန်နည်းပါးသည်။ အန္တရာယ်များသော်ငြားလည်း၊
မိန်းကလေးများစွာတို့သည် သူတို့ အနာဂတ်ဘ၀နှင့် ပျော်ရွှင်မှုကို အလောင်းအစားလုပ်ပြီး
ယောက်ျားတစ်ဦးကို ပြောင်းလဲနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ထိုသူကို လက်ထပ်ကြသည်။
မိန်းကလေးတစ်ဦးက ဤသို့ပြောသည်။ ““သူဟာ မူးအောင်သောက်ပြီး အခြား မိန်းကလေး တွေ ကိုလည်း
လိုက်ပေမယ့် လက်ထပ်ပြီးရင်တော့၊ သူပြောင်းလဲသွားပါလိမ့်မယ်။ ဤသို့တွေးခြင်းဟာ စိတ်ကူးယဉ်ခြင်း
သာဖြစ်ပြီး၊ ၁၀၀ % မှားပါသည်။ သူ့အား လက်ထပ်ခြင်းအားဖြင့် သင်ဟာ လူတစ်ဦးရဲ့ အခြေခံသဘော
သဘာဝကို ပြောင်းလဲနိုင်မည် မဟုတ်ပါ။ လက်မထပ်ခင် ပြဿနာများရှိပါက၊ လက်ထပ်ပြီးတဲ့အခါ၊
ပိုပြီး ဆိုးလာဖို့ပဲ ရှိပါတယ်။ ဤထောင်ချောက်တွင်းကို
ရှောင်ကြဉ်ပါ။
လက်ထပ်ပြီးတဲ့နောက်
တစ်စုံတစ်ဦးကို ပြောင်းလဲနိုင်မည်ဟု မမျှော်လင့်ပါနှင့်။ သင်မြင်နေသောအရာသည် သင်ရသောအရာပင်
ဖြစ်သည်။
ထောင်ချောက်တွင်း
(၇) လက်မထပ်မီ လိင်ကိုစမ်းသပ်ခြင်း
လက်မထပ်မီ
လိင်ကိုစမ်းသပ်ခြင်းဟာ သင့်လျော်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ မကြာခဏတင်ပြ ကြပါတယ်။ ပုရိသ
ယောက်ျားတစ်ဦးက ဤသို့ပြောနိုင်သည်။ ““တစ်ပတ်ရစ်ကားတစ်စီးကို အရင်ဆုံး စမ်း သပ်ပြီးမှသာ
သင်ဝယ်မှာပါ။ ဒါကြောင့် လိင်ကိုစမ်းသပ်မှုမပြုလုပ်ရသေးမီ ဘာကြောင့်လက်ထပ်ရမှာလဲ။”” တစ်စုံတစ်ဦးနှင့်
လက်ထပ်ခြင်းကို တစ်ပတ်ရစ် ကားတစ်စီးအား ၀ယ်ခြင်းနှင် နှိုင်းယှဉ်၍မရပါ။ မိန်းကလေး တစ်ဦးသည်
စမ်းသပ်ချင်တိုင်းစမ်းသပ်၍ရသည့် စက်ပစ္စည်းတစ်ခုမဟုတ်ပါ။ ချစ်ခင်မြတ်နိုးတန်ဖိုးထားရမည့်
ဘ၀အဖော်ဖြစ်သည်။ သူမသည် ဘုရားသခင်အမြင်၌ အဖိုးထိုက်၍အဖိုးမဖြတ်နိုင်သလို၊ သင်၏ အမြင်၌လည်း
ထိုကဲ့သို့ပင်ဖြစ်သင့်ပါသည်။ သင်ဟာ ဘ၀အဖော်တစ်ဦးကို ရှာနေသည်ဆိုတာကို သတိရပါ။ လိင်အဖော်ကိုရှာမနေပါ။
ထို့အပြင် အိမ်ထောင်ရေးဘ၀၌ လိင်ဆက်ဆံမှုက ဘယ်လို ပုံစံဖြစ်မလဲ ဆိုတာကို သိနိုင်ဖို့အတွက်
လက်မထပ်မီ လိင်ပိုင်းအရစမ်းသပ်ခြင်းအားဖြင့် မသိနိုင်ပါ။
ဤထောင်ချောက်
တွင်းကိုရှောင်ပါ။
လက်မထပ်မီ
လိင်ပိုင်းအရစမ်းသပ်ခြင်းဆိုသည့် ရူးသွပ်သောအတွေးအခေါ်ကို လက်မခံပါနှင့်။
ထောင်ချောက်တွင်း
(၈) အိမ်ထောင်ရေးဘ၀ အတူတကွနေထိုင်ခြင်း
လက်မထပ်မီ
အတူတူနေထိုင်ခြင်းဟာ လူငယ်များကြားမှာ ခေတ်စားလာပြီး၊ ဤသို့သော လူနေမှု ပုံစံမျိုးကို
ဘုရားသခင်က ကောင်းချီးဘယ်တော့မှ မပေးနိုင်ပါ။ ယောက်ျားများသည် အများအားဖြင့် ““အတူတကွနေထိုင်ခြင်း””
ပုံစံကို ကြိုက်ကြသော်လည်း၊ မိန်းမများကမူ ““တခါတရံ၊ ကျွန်မဟာ အသုံးချခံ နေရတယ်လို့
ခံစားရတယ်။”” ဟု ပြောကြသည်။ သို့သော်လည်း သူတို့သည် တနေ့ကျလျှင် လက်ထပ်နိုင် မည်ဟူသော
မျှော်လင့်ချက်ဖြင့် သည်းခံ ပေါင်းသင်းသော်လည်း၊ သူတို့၏မျှော်လင့်ချက်များမှာ အများအားဖြင့်
ကြေမွသွားတတ်သည်။ ယောက်ျားများက အများ အားဖြင့် ဤသို့တွေးသည်။ ““တာဝန်ယူစရာမလိုဘဲ၊
လက်ထပ်ထားသလိုမျိုး အကျိုးအမြတ်တွေကို ရနေတာဘဲ။ သူမကို ဘာကြောင့် တရားဝင် လက်ထပ်ရမှာလဲ။
ဒါ့အပြင် ငါဟာ တနေ့ကျရင် အပြောင်းအလဲလုပ်ချင်လုပ်လိမ့်မည်။ ဒီပုံစံအတိုင်း ဘဲ နေတာပို
ကောင်းပါတယ်။””
ဤသို့တွေးခြင်းဟာ လုံးလုံးလျားလျား တကိုယ်ကောင်းဆန်ခြင်းပင်
ဖြစ်သည်။ မိန်းကလေး ဖြစ်သူသည် ထိုသို့သောယောက်ျားကို လက်ထပ်နိုင်ခဲ့တာတောင်မှ၊ အောင်မြင်သာယာသော
အိမ်ထောင် ရေးမျိုးကို ရမည်လော။ ““သွားချင်ရင်သွား၊ လာချင်ရင်လာ”” ဟူသော အတွေးအခေါ်အပေါ်၌
အခြေတည်သောအိမ်ထောင်ရေးမျိုးဟာ အပျော်ရွှင်၊ အအောင်မြင်ဆုံးအိမ်ထောင်ရေးဖြစ်ကြောင်း
မှားသောအယူ အဆကို လူကြိုက်များသည့် သီချင်းတစ်ပုဒ် ဖြစ်သော “Gentle on My Mind” ထဲတွင် ဖော်ပြထား သည်။ ဤသီချင်းထဲ၌ ယောက်ျားဖြစ်သူက
သူ၏ချစ်သူအိမ်သို့ သူ့အား ခြေဦးလှည့်စေသောအရာမှာ ““မှင်များစွန်းထင်းနေသော လက်ထပ်စာချုပ်အဟောင်း””မဟုတ်ဘဲ
သူသွားချင်တဲ့ အချိန်မှာ သူထွက်သွားနိုင် ကြောင်းကို သိထားခြင်းဘဲဖြစ်တယ်လို့ ဆိုပါတယ်။””
သူ၏စိတ်ထဲ၌ သူမအား ငြင်သာစွာ ထားနိုင်ခြင်း”” (gentle on his mind) မှာ သူသွားချင်တဲ့အချိန်မှာသွား၊ ပြန်လာချင်တဲ့အချိန်မှာ
ပြန်လာနိုင်တဲ့ သူ့ရဲ့လွတ်လပ်မှု့ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
တကိုယ်ကောင်းဆန်လိုက်သည့်ဖြစ်ခြင်း၊
သူဟာမိန်းကလေးအကြောင်းကို ဘာမှမပြောဘဲ၊ သူသွား ချင်တဲ့ အခါသွား၊ လာချင်တဲ့အချိန်လာနဲ့ပတ်သက်ပြီး
သူမဘယ်လိုခံစားရမလဲဆိုတာကိုလည်း ထည့်မတွက်ထားပါဘူး။ ဒီသီချင်း က ထိုသို့သောအိမ်မျိုးမှာ
ဘယ်သူက ဘငူ တွေကို ပေးချေမလဲဆိုလာကို မပြော ထားသလို၊ ““အဖေကဘယ်မှာလဲ? အဖေဘယ်တော့အိမ်ပြန်လာမှာလဲ?
မေးကြမည်ဖြစ်သော ထိုစုံတွဲမှ မွေးဖွားလာမည့် ကလေးများအကြောင်းကိုလည်း မပြောထားပါ။
ပျော်ရွှင်ဖွယ်ကောင်းသော
အိမ်နှင့်အောင်မြင်သောအိမ်ထောင်ရေးသည် ခင်ပွန်းနှင့်ဇနီးကြားရှိ တကိုယ်ကောင်း ဆန်ခြင်း
ကင်းမဲ့သောမေတ္တာနှင့် တဦးအပေါ်တဦး ဆက်ကပ်အပ်နှံထားမှုအပေါ်တွင် မူတည်သည်။ ထိုသို့သော
အိမ်ထောင်ရေးမျိုးကို ““သွားချင်ရင်သွား၊ လာချင်ရင်လာ”” အပေါ်တွင် အခြေတည်၍ မတည်ဆောက်နိုင်ပါ။
ဤထောင်ချောက်တွင်းကို ရှောင်ကြဉ်ပါ။
ဘုရားသခင်ကောင်းချီးမပေးနိုင်သည့်
အပြစ်ရှိ၊ ဈေးပေါသော ““အိမ်ထောင်ရေးကစားပွဲ””ကို လက်မခံပါနှင့်။
ထောင်ချောက်တွင်း
(၉) မယုံကြည်သူများကို လက်ထပ်ခြင်း
သူ၏နှုတ်ကပတ်တော်ထဲ၌၊
ဘုရားသခင်က မယုံကြည်သူများကို လက်မထပ်ရန် ခရစ်ယာန်များအား ပညတ် ထားသည်။ ကျမ်းစာက “မတူညီသော
ထမ်းဘိုးကို မထမ်းရ” ဟုဆိုထားသည်။ (၂ကော ၆း၁၄) ခရစ်ယာန်များစွာတို့သည် စိတ်ပျက်ဖွယ်ကောင်း၍
ပျော်ရွှင်ဖွယ် မကောင်းသောအိမ်ထောင်ရေးမျိုး၌ ပိတ်မိနေခြင်းမှာ ဘုရားသခင်၏ ရိုးရှင်းသော
ပညတ်ကိုပင် မနာခံသောကြောင့်ဖြစ်သည်။ မယုံကြည်သူနှင့် လက်ထပ်ရန် ကြံရွယ်နေသော ခရစ်ယာန်များသည်
သူတို့၏အနေအထားမှာ အခြားသူများနှင့် ကွဲပြားသည်ဟု ယူဆသဖြင့်၊ ထိုပညတ်ဟာ သူတို့နှင့်
မသက်ဆိုင်ဟု မှတ်ယူ ကြသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် မယုံကြည်သူများနှင့် ထမ်းဘိုးကို
အတူမထမ်းဖို့ ရိုးရှင်းစွာ ပြောထားသည်။
ထမ်းဘိုးဆိုသည့်အရာမှာ
တိရစ္ဆာန် ၂ကောင်အား အလုပ်တခုခု (ဥပမာလယ်ထွန်တာ)ကိုအတူတူ လုပ်စေရန် အတွက် သူတို့လည်ပင်းပေါ်၌
တင်ထားသော ထမ်းဘိုးဖြစ်သည်။ ထို့ကြောင့် ထမ်းဘိုးကို အတူတူ ထမ်းခြင်းဆိုသည်မှာ ရည်ရွယ်ချက်တစ်ခုခုအတွက်
ထိုသူနှင့်ပေါင်းစည်းခြင်း (သို့) ဆက်သွယ်ထားခြင်းကို ဆိုလိုသည်။ ခရစ်ယာန်တဦးသည် ခရစ်ယာန်မဟုတ်
သူတဦးဦးကို လက်ထပ်သောအခါ၊ မယုံကြည်သူနှင့် ထမ်းဘိုးကို အတူတကွ ထမ်းနေခြင်းပင်ဖြစ်သည်။
ဤအရာသည် ဘုရားသခင်၏အလိုတော် မဟုတ်ပါ။ သင်၏စိတ်ထဲ၌ ဤအချက်ကိုစွဲမှတ်ထားသင့်သည်။ ““ကယ်တင်ခြင်း
မခံရ သူကို ခရစ်ယာန်တဦးက လက်ထပ်ရန်မှာ ဘုရားသခင်၏အလိုတော်ဘယ်တော့မှ မဟုတ်ခဲ့ပါ။
သူ့သားသမီးများအား
မယုံကြည်သူများကို လက်မထပ်ရဟု ပြောရာ၌ ဘုရားသခင်တွင် ခိုင်လုံသော အကြောင်း ပြချက်ရှိသည်။
လူနှစ်ဦးသည် လက်ထပ်ထိမ်းမြားခြင်းအားဖြင့် သူတို့နှစ်ဦးအတွက် ဘုရားသခင်၏ အမြင့်မားဆုံး
ရည်မှန်းချက်ဖြစ်သော တလုံးတ၀တည်းဖြစ်ခြင်းကို သူတို့ရရှိနိုင်သည်။ ယေရှုက ““လူယောက်ျားသည်
အဖနှင့် အမိကို စွန့် ၍ လူမိန်းမ၌ မှီဝဲသောကြောင့် ထိုသူနှစ်ဦးသည် တသား တကိုယ်တည်းဖြစ်ရဟုဆိုသည်။
ဘုရားသခင်က ““သင်သည် မယုံကြည်သူတဦးနှင့် ချစ်ကျွမ်းမ၀င်နိုင်သောကြောင့်၊ ထိုသူနှင့်
လက်မထပ်ရ”ဟု မပြောပါ။ သင်ဟာ မယုံကြည် သူတဦး နှင့် ချစ်ကျွမ်းဝင်နိုင် ပါသည်။ ဘုရားသခင်က
““သင်သည် မယုံကြည်သူတဦးနှင့် လိင်ကိစ္စ၌ ၀မ်းမမြောက်နိုင်သောကြောင့် ထိုသူနှင့်လက်မထပ်ရ””ဟု
မပြောပါ။ သင်ဟာ မယုံကြည်သူတဦးနှင့် လိင်မှု ကိစ္စ၌ ၀မ်းမြောက်နိုင်သည်။ ဘုရားသခင်က
““သင်သည် မယုံကြည်သူတဦးနှင့် တလုံးတ၀တည်းမဖြစ်နိုင် သောကြောင့် ထိုသူနှင့် လက်မထပ်ရ””ဟု
ပြောထားခြင်း ဖြစ်သည်။
လက်ထပ်ခြင်းသည်
လူပေါင်းသင်းဆက်ဆံရေး၌ အရင်းနှီးဆုံး၊ အနီးကပ်ဆုံး ဆက်ဆံရေးမျိုးဖြစ်ပြီး ယုံကြည် သူတဦးသည်
မယုံကြည်သူတဦးနှင့် ပြီးပြည့်စုံသော တလုံးတ၀တည်းဖြစ်ခြင်းကို ရရှိနိုင်မည် မဟုတ်ပါ။
နှုတ်ကပတ်တော် ထဲ၌ မယုံကြည်သူတဦးနှင့် လက်မထပ်သင့်သည့်အကြောင်းပြချက် ၅-ခုကို ဘုရားသခင်က
ပြောပြထားသည်။ (၂ကော ၆း ၁၄-၁၆)
(၁) တရားသောအမှုသည်
မတရားသောအမှုကိုမည်သို့လက်ခံနိုင်မည်နည်း။
အဖြေမှာ လက်မခံနိုင်ပါ။
ယုံကြည်သူသည်
ဘုရားသခင်၏အမြင်၌ ဖြောင့်မတ်သည်။ အကြောင်းမှာ သူသည် ခရစ်တော်ကို သူ၏ ကယ်တင်ရှင်အဖြစ်
လက်ခံခဲ့ပြီး ခရစ်တော်၏ ဖြောင့်မတ်ခြင်းကို ယူတင်ဝတ်ဆင်ထားသည်။ မယုံ ကြည်သူသည် ဘုရားသခင်၏အမြင်၌
မဖြောင့်မတ်ပါ။ အကြောင်းမှာ သူသည် ခရစ်တော်ကို ငြင်းပယ် သောကြောင့်ဖြစ်သည်။ ထို့ကြောင့်
သူတို့နှစ်ဦးကြား၌ တလုံးတ၀တည်းဖြစ်ခြင်း မရှိနိုင်ပါ။
(၂) အလင်းသည်အမှောင်နှင့်ဘယ်သို့ဆက်ဆံနိုင်မည်နည်း?
အဖြေမှာ - မဆက်ဆံနိုင်ပါ။
အလင်းနှင့်အမှောင်သည်
ဘယ်တော့မှ တလုံးတ၀တည်း မဖြစ်နိုင်ပါ။ ယုံကြည်သူသည် တစ်ချိန် က ၀ိညာဉ် အမှောင်ကမ္ဘာ၌
ရှိခဲ့သော်လည်း ယခုတွင်မူ ဘုရားသခင်၏ အလင်းတော်ထဲသို့ ရောက်လာပြီ ဖြစ်သည်။ မယုံကြည်
သူသည် ၀ိညာဉ်အမှောင်ကမ္ဘာထဲ၌ ရှိဆဲဖြစ်ပြီး သူသည် ခရစ်တော်ထံသို့ မလာ မချင်း၊ အမှောင်ထဲ၌သာ
ထာဝရ ကာလ ရှိနေမည်ဖြစ်သည်။ အလင်းနှင့်အမှောင်သည် တလုံးတ၀တည်း မပေါင်းစည်းနိုင်သကဲ့သို့၊
ယုံကြည်သူနှင့် မယုံကြည်သူ သည် လည်း တလုံးတ၀တည်း မပေါင်းစည်းနိုင်ပါ။
(၃) ခရစ်တော်သည်
ဗေလျာလနှင့် မည်သို့ သင့်တင့်နိုင်မည်နည်း?
အဖြေမှာ-မသင့်တင့်နိုင်ပါ။
ခရစ်တော်နှင့်
စာတန်ကြားတွင် တလုံးတ၀တည်းပေါင်းစည်းခြင်း မရှိနိုင်ပါ။ ယုံကြည်သူ၏ ၀ိညာဉ်ဖခင်မှာ ဘုရားသခင်ဖြစ်ပြီး
မယုံကြည်သူ၏ ၀ိညာဉ်ဖခင်မှာ စာတန်ဖြစ်သောကြောင့် သူတို့နှစ်ဦးသည် တလုံးတ၀တည်း ပေါင်းစည်းရန်
မှာ မဖြစ်နိုင်ပါ။
(၄) ယုံကြည်သောသူသည်
မယုံကြည်သောသူနှင့်အတူဘယ်အကျိုးအပြစ်ကို ခံရမည်နည်း။
အဖြေမှာ
- မခံရပါ။
ခရစ်ယာန်တဦး၏
အကျိုးအမြတ်သည် ဘုရားသခင်နှင့် သူပြုသောအမှု၌ ရှိပြီး ကောင်းကင်ဘုံ၌ သူ့အား စောင့်ကြိုနေသောသူ၏
တောက်ပသောအနာဂတ်၌သာရှိသည်။ မယုံကြည်သူတဦး၏ အကျိုး အမြတ်သည် ဤကမ္ဘာ အတွင်း နှင့် ဤလောက၏
အရာများ၌သာရှိသည်။ သူတို့နှစ်ဦးသည် တလုံးတ၀ တည်း မဖြစ်နိုင်ပါ။
(၅) ဘုရားသခင်၏ဗိမာန်တော်သည်
ရုပ်တုတို့နှင့်အဘယ်သို့စပ်ဆိုင်ရမည်နည်း?
အဖြေမှာ
- မစပ်ဆိုင်နိုင်ပါ။
ခရစ်ယာန်တဦးနှင့်
ကိုယ်ခန္ဓာသည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်၍ သူသည် ဘုရားသခင်ကို ကိုးကွယ်သဖြင့် ဘုရားသခင်သည်
သူ့အတွင်း၌ အသက်ရှင်လျက်ရှိသည်။ မယုံကြည်သူ၏ ကိုယ်ခန္ဓာကို မူ ရုပ်တုတို့၏ ဗိမာန်တော်ဟု
ခေါ်ခြင်းအကြောင်းမှာ သူသည် သူ့ဘ၀၌ အခြားအရာများကို ဘုရားသခင် ထက် ရှေ့တန်းတင်သောကြောင့်ဖြစ်သည်။
ဘုရားသခင်နှင့် ရုပ်တုများသည် တလုံးတ၀တည်း မဖြစ်နိုင် သကဲ့သို့၊ ယုံကြည်သူနှင့် မယုံကြည်သူသည်
တလုံးတ၀တည်း မပေါင်းစည်းနိုင်ပါ။
ယေရှုကို
မချစ်သောသူနှင့် ချစ်သောသူကြားတွင် တူညီသောအရာများများစားစား မရှိနိုင်ပါ။ သင်တို့သည်
ကိစ္စ တို့ ကို အတူတကွ လုပ်ရခြင်း၌ ၀မ်းမြောက်နိုင်သော်လည်း၊ အဓိကအရေးကြီးသော ကိစ္စများ၌မူ
သင်တို့သည် တဦးနှင့် တဦး ဝေးကွာနေလိမ့်မည်။ တခါတရံ၊ ယောက်ျားတဦးသည် ခရစ်ယာန် မိန်းကလေးတဦးကို
လက်ထပ်နိုင်ရန်အတွက်၊ ခရစ်တော်ကို ယုံကြည်လက်ခံကြောင်း ပြောတတ်သည်။ သူသည် သူ့ကောင်မလေးနှင့်
ဘုရားကျောင်းသို့ စတင် အတူ သွားလာသည်။ အကြောင်းမှာ ဤသို့သွားခြင်းသည် ကောင်မလေးအား
ပျော်ရွှင်စေသည်ကို သူသိသောကြောင့်ဖြစ်သည်။ သူသည် နှစ်ခြင်းပင်ခံနိုင်ပြီး အသင်းတော်တွင်းသို့ပင်
ဝင်လိမ့်မည်။ သို့သော် သူသည် ဒုတိယအကြိမ် မွေးဖွားခြင်းကို စစ်မှန်စွာ မခံထားပါက သူ၏““ယုံကြည်လက်ခံခြင်း””
သည် ကြာရှည်ခံမည်မဟုတ်ပါ။ လက်ထပ်ပြီးသည်နှင့် သူဟာ လုံးဝပြောင်းလဲကြောင်းကို သူမသိရှိလာနိုင်သည်။
ယေရှုက
ကျွန်ုပ်တို့သည် စစ်မှန်သော ခရစ်ယာန်များနှင့်ခရစ်ယာန်အတုများအား သူတို့၏ဘ၀ အသီးများကို
ကြည့်ခြင်းအားဖြင့် ခွဲခြားသိမြင်နိုင်သည်ဟု ပြောထားသည်။ သူက““သူတို့၏၀ိညာဉ်အသီးကို
ကြည့်ခြင်းအားဖြင့် သူတို့ကို သိနိုင်သည်။””ဟု ဆိုသည်။ ဆိုလိုသည်မှာ လူတဦးသည် အမှန်တကယ်
ဒုတိယအကြိမ်ဖွားမြင်ပြီးပါက၊ ဖွားမြင်ပြီးကြောင်း သက်သေအထောက်အထားများသည် သူပြော၊ လုပ်
သော အရာများ၌ ရှိလိမ့်မည်။
ယောက်ျားတဦးအား
လက်ထပ်ရန် မစဉ်းစားမီ၊ မိန်းကလေးတဦးက ဤသို့မေးသင့်သည်။ ““သူဟာ ဘုရားသခင် ကို အမှန်တကယ်ချစ်ရဲ့လား?
သူ့ဘ၀မှာ စစ်မှန်သောယုံကြည်ခြင်းကို ငါတကယ်တွေ့ရရဲ့လား? စစ်မှန်သော ခရစ်ယာန် တဦး သီးရမည့်
ဝိညာဉ်အသီးတွေကို သူသီးရဲ့လား? သူဟာ ဆက်ကပ် အပ်နှံမှုရှိတဲ့ ခရစ်ယာန်တဦးဖြစ်ရဲ့လား?
ဝမ်းနည်းဖွယ်ကောင်းသည်မှာ
လူငယ်အများစုသည် ဤမေးခွန်း များကို မေးနိုင်ရန် အချိန်မယူကြပါ။ အသီးကို စစ်ဆေးရန် အတွက်၊
စိတ်မရှည်ကြပါ။ သင်သည် မယုံကြည်သူတဦးနှင့် လက်ထပ်ခြင်းဆိုသည့် အမှားကို ကျူးလွန်ပြီးပါက၊
““ငါအမှား လုပ်ခဲ့ပြီး။ ကွာရှင်း ချင်တယ်””ဟုမပြောနိုင်ပါ။ ထိုသို့မဟုတ်ပါ။ လက်ထပ်ခြင်းသည်
တစ်ဘ၀စာဖြစ်ပြီး သင်၏မယုံကြည် သူ ဘ၀အဖော်သည် သင်နှင့်ဆက်လက်ပေါင်းသင်းလိုပါက၊ ခက်ခဲမှုများရှိသော်လည်း
သင်ဆက်ပေါင်းရမည် ဖြစ်သည်။ (၁ကော ၇း ၁၀-၁၅ တွင်ကြည့်ပါ)
ဤထောင်ချောက်တွင်းကို
ရှောင်ကြဉ်သင့်သည်။
မည်သည့်
အခြေအနေ၌မဆို မယုံကြည်သူနှင့် လက်မထပ်ရန် ဆုံးဖြတ်ချက်ချပါ။ ဘုရားသခင်ကို တမင် တကာ
နာမခံပါက၊ ပြင်းထန်သောအကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်။
ထောင်ချောက်တွင်
(၁၀) ယုံကြည်သူများသည် မယုံကြည်သူများကို ဒိတ်လုပ်ခြင်း
ခရစ်ယာန်လူငယ်များသည်
မယုံကြည်သူများအား ဒိတ်မလုပ်သင့်သည့်အကြောင်းအရင်းမှာ ဒိတ်လုပ်ခြင်း အားဖြင့် စေ့စပ်သွားနိုင်၊
လက်ထပ်သွားနိုင်သောကြောင့်ဖြစ်သည်။ သင်သည် မယုံကြည်သူ ကို ဒိတ်မလုပ်ပါက၊ ထိုသူနှင့်
လက်ထပ်မိလိမ့်မည် မဟုတ်ပါ။ သင်သည် နားလည်ချင်မှနားလည်မည် ဖြစ်သော်လည်း၊ စာတန်သည် အောင်သွယ်ရာ၌
ကျွမ်းကျင်သည်။ သူသည် မှားသောလူများကို ခရစ်ယာန် လူငယ်များနှင့် လက်ထပ်စေခြင်းအားဖြင့်
ခရစ်ယာန်များ၏ ဘ၀ကို ရှုပ်ထွေးအောင်လုပ်သည်။ ဤသို့လုပ် နိုင်ရန် မယုံကြည်သူများနှင့်
ဒိတ်လုပ်ရန် ခရစ်ယာန်လူငယ်များအား တိုက်တွန်းသည်။ ခရစ်ယာန်မဟုတ် သူများနှင့် ဒိတ်လုပ်ခြင်းဟာ
ဘာမှမမှားပါဟု ခရစ်ယာန်တို့က ယူဆသော်လည်း၊ ထောင်ချောက်တွင်းကို မမြင်နိုင်အောင် ဖုံးကာထားသည်ကို
သတိရပါ။ သင်သည် တွင်းထဲသို့ မကျမချင်း၊ အန္တရာယ်ကို မမြင်နိုင် ပါ။ အရမ်းနောက်ကျသွားမှသာ
သိလာနိုင်သည်။
ဘုရားသခင်၏
ကြီးရင့်သောလူတဦးက ခရစ်ယာန်မိန်ကလေးတဦးဟာ မယုံကြည်သူတဦးနှင့် တွဲနေပြီး ထိုသူနှင့်လက်ထပ်ရန်
စဉ်းစားနေကြောင်းကို ကြားသိခဲ့သည်။ သူကြားသောအရာဟာ မှန်သလားဟု သူမအား မေးသောအခါ သူမက
မှန်သည်ဟု ၀န်ခံခဲ့သည်။ ထိုအခါ သူက ““ဒါကိုသတိရပါ။ ထိုလူနှင့် သင်လက်ထပ်ပါက၊ သင်ဟာ
တသက်လုံး စာတန်ရဲ့သားဖြစ်တဲ့ သူနှင့်ပေါင်းသင်းရပြီး စာတန် ကိုလည်း သင့်ရဲ့ ယောက္ခမ
တော်ရမှာ ဖြစ်တယ်””ဟု ဆိုခဲ့သည်။ ဒိတ်လုပ်ခြင်းအားဖြင့် မယုံကြည်သူများနှင့် စိတ်ပိုင်းအရ
ဆက်နွယ်ခဲ့သော ခရစ်ယာန်လူငယ်များကို အသင်းအုပ်ဆရာ ထောင်ပေါင်းများစွာတို့သည် အချိန်များစွာယူ၍
အကြံပေးဆွေးနွေးခဲ့သည်။ ဤလူငယ်များက အမြဲတမ်းဤသို့ပြောကြသည်။ ““သူနှင့် ပါဝင်ပတ်သက်ဖို့
မရည်ရွယ်ခဲ့ပေမဲ့ သူ(သို့) သူမကို မစွန့်လွှတ်နိုင်ခဲ့ဘူး”” များစွာ တို့သည် မစွန့်လွှတ်ကြ
ဘဲ မယုံကြည်သူနှင့် လက်ထပ်ခြင်းဆိုသည့် အမှားကို ကျူးလွန်ကြသည်။ သခင်ကိုချစ်ပြီး သူ့အား
အစေခံလိုသော ယုံကြည်သူတဦးနှင့် ၀ိညာဉ်ပကတိနှင့် သက်ဆိုင်သော အရာများကို လုံးဝမသိသော
မယုံ ကြည်သူတဦး လက်ထပ်ခြင်း ကိစ္စထက် ပို၍၀မ်းနည်းစရာကောင်းသောကိစ္စမရှိပါ။
““မယုံကြည်သူတဦးနဲ့
လက်ထပ်ဖို့ မရည်ရွယ်ထားပါဘူး။ ဒါပေမယ့် မယုံကြည်သူနဲ့ ဒိတ်လုပ်တာ ကတော့ မှန်ကန်ပါတယ်””
ဟုပြောသော ခရစ်ယာန်လူငယ်သည် ဒိတ်လုပ်ခြင်းအားဖြင့် ဖရိုဖရဲဖြစ်နေသော အိမ်ထောင်ရေးမျိုး
တည်ဆောက် မိသွားနိုင်သည့်ဆိုသည့်အချက်ကို မေ့ထားလျက်ရှိသည်။ ဒိတ်လုပ်ခြင်းသည် ထိမ်းမြားလက်ထပ်ခြင်းဆီသို့
ဦးမတည်သွားတာတောင်မှ
ပြသနာများကို ဖြစ်စေနိုင်သည်။ သင်သည် ထိုလူအတွက် သင့်စိတ်နှလုံးကို ဖွင့်ပေးသောအခါ
ထိုသူနှင့်စိတ်ပိုင်းအရ ယှက်နွယ်ငြိစွန်းသွား နိုင်ပြီး ထိုသို့သောယှက်နွယ်မှုကို ဖြတ်တောက်ရန်
မလွယ်ကူပါ။ သင်သည် တစုံတဦးအား သင်၏နှလုံးသားနှင့် စိတ်ခံစားမှုများကို ပေးပြီးသောအခါ၊
ပြန်ယူသင့်သည်ကို သင်သိသော်လည်း၊ ပြန်လည် ရယူရန် မလွယ်ကူတော့ပါ။
ဤထောင်ချောက်တွင်းကိုရှောင်ပါ။
မယုံကြည်သူများနှင့်
ဒိတ်မလုပ်ပါက၊ သူတို့နှင့် လက်ထပ်မိလိမ့်မည်မဟုတ်ပါ။
မှားယွင်းသောပတ်သက်ဆက်နွယ်မှုမျာကို
ယခုပင်ပယ်ဖျက်ပါ။
ဘုရားသခင်က
သင်ဟာ မှားယွင်းသော ပေါင်းသင်းဆံဆက်မှုတစ်ခုကို ပြုနေသည်ဟု ပြသပါက၊ ဤကိစ္စနှင့် ပတ်သက်၍
ဘာလုပ်ရမည်ကို အခြားသူများအား လိုက်မမေးပါနှင့်။ သင်သည် သင့်သင်းအုပ် ဆရာထံ သွားမေးရန်
မလိုအပ်သလို၊ ဤကိစ္စနှင့်ပတ်သက်၍၊ ဘုရားသခင်ထံဆုတောင်း၍ ““ဉဏ်ပညာ”” တောင်းခံရန်ပင် မလိုအပ်ပါ။
ဘုရားသခင်က သင့်အား ပြသသောအရာကို နာခံရန်သာလိုအပ်သည်။ ယခုပင် ထိုဆက်ဆံရေးကို ဖြတ်တောက်သင့်
သည်။ တနေ့တွင် သင်၏ဆုံးဖြတ်ချက်အတွက် သင် ၀မ်းမြောက်လိမ့်မည်။
လက်မထပ်မီလိင်ဆက်ဆံခြင်းနှင့်
အလွန်အမင်း ငယ်ရွယ်စဉ်၌ပင် လက်ထပ်ခြင်းနှင့်ပတ်သက်၍ သိသင့်သည့်အချက်များ -
အချက်
(၁)
။ ။ လက်မထပ်မီ လိင်ဆက်ဆံခဲ့သောလူများသည်
မဆက်ဆံခဲ့သောလူများထက် ကွာရှင်း နှုန်းပိုများသည်။ သူ့ကောင်လေးကို ထိန်းသိမ်းထားလိုသဖြင့်
ကောင်လေး၏ဆန္ဒကို လိုက်လျောသော ကောင်မလေးသည် ကောင်လေး၏ ဆန္ဒကို မလိုက်လျောပါက၊ သူမ၏ကောင်လေးအား
ထိန်းသိမ်းနိုင်ရန် မှာ ရာခိုင်နှုန်းပိုများသည်။ အခြားသူတဦးနှင့် လိင်ဆက်ဆံခဲ့သော
မိန်းကလေးကို ယောက်ျားအများစုက လက်မထပ်လိုကြပါ။ ဤအချက်သည် မှန်ကန်သဖြင့်၊ သင်သည် အပျိုစင်တဦးအနေဖြင့်
သင်၏ဘ၀ အဖော်ကို ပိုမိုကောင်းမွန်စွာ ရှာဖွေနိုင်မည်။
အချက်
(၂)
။ ။ အပျိုစင်များသည်အပျိုစင်မဟုတ်သူများထက်
ပို၍ပျော်ရွှင်ဖွယ်ကောင်းသော အိမ်ထောင် ရေးကို ရရှိကြသည်။ သင်သည် အိမ်ထောင်ပြုပြီးမှ
လိင်ဆက်ဆံရန် ဆုံးဖြတ်ထားပါက ပျော်ရွှင်ဖွယ် ကောင်းသော အိမ်ထောင်ရေး ကို ရနိုင်မည့်
သင်၏အခွင့်အရေးမှာ များပြားသည်။
အချက်
(၃)
။ ။ လက်မထပ်မီ ဆက်ဆံခဲ့သူများသည် လက်ထပ်ပြီးနောက်
ကွဲပြဲ (သို့) ကွာရှင်းသွားလေ့ ရှိကြသည်။ လက်မထပ်မီက များများဆက်ဆံခဲ့လေလေ၊ ကွာရှင်းနှုန်းမှာ
ပို၍များလာလေလေဖြစ်သည်။
အချက်
(၄)
။ ။ အပျိုမစစ်သူများသည် အပျိုစင်များထက်
လက်ထပ်ပြီးပါက ဖောက်ပြန်နှုန်းပိုများသည်။ အထက်ပါ ကဲ့သို့ပင် လက်မထပ်မီက များများဆက်ဆံခဲ့လေလေ၊
ဖောက်ပြန်မည့်ရာခိုင်နှုန်းမှာ ပိုများလာ လေလေဖြစ်သည်။
အချက်
(၅)
။ ။ အပျိုစင်မဟုတ်သူများသည် မှားသောလူနှင့်
လက်ထပ်မိရန်မှာ အပျိုစစ်များထက် ရာခိုင် နှုန်း ပိုများသည်။ လိင်သည် သင့်အား မျက်ကန်းဖြစ်စေနိုင်သည်။
သင်က သင်ဟာ အချစ်စစ်ကို ရှာတွေ့ပြီ ဟု ထင်သော် လည်း၊ သင်တို့နှစ်ဦးကို အတူတကွရှိနေစေသောအရာမှာ
လိင်ဖြစ်နေတတ်သည်။
အချက်
(၆)
။ ။ လက်မထပ်မီ ဆက်ဆံသူများသည် လက်ထပ်ပြီးနောက်
သူတို့၏လိင်ကိစ္စ၌သာ ၀မ်းမြောက် နေတတ် သည်။
အချက်
(၇)
။ ။ လက်မထပ်မီဆက်ဆံခြင်းသည် သင့်အား ညံ့ဖျင်းသောအိမ်ထောင်ရေးအတွင်းသို့
သက် ဆင်းစေနိုင် သည်။ မကြာခဏပင်၊ စုံတွဲတို့သည် မကြာမီ သူတို့လက်ထပ်ကြမည်ဟု ထင်ထားသဖြင့်
လိင်ဆက်ဆံကြသည်။ နောက်ပိုင်းတွင် သူတို့၏လက်ထပ်ခြင်းနှင့် စပ်လျဉ်း၍ မသေချာ၊ မရေရာမှုများ
ရှိသော်လည်း၊ လိင်ဆက်ဆံထားပြီး ဖြစ်တာကြောင့်၊ တာဝန်ရှိသည်ဟု ခံစားရပြီး သူတို့၏နောင်တက
သူတို့ကို ညံ့ဖျင်းသောအိမ်ထောင်ရေးအတွင်းသို့ တွန်းပို့သည်။
အချက်
(၉)
။ ။ လက်မထပ်မီ လိင်ဆက်ဆံခြင်းဟာ လက်ထပ်ပြီးနောက်
လိင်ဆက်ဆံမှုကို ပျက်စီးစေ နိုင်သည်။
လက်မထပ်မီ
လိင်ဆက်ဆံခြင်းအားဖြင့် ရရှိခဲ့သော နောင်တ၊ ကြောက်ရွံ့မှုနှင့် မိမိကိုယ်ကို လေးစားမှု
ပျောက်ဆုံးခြင်းတို့သည် လက်ထပ်ပြီးနောက် စုံတွဲတစ်တွဲ၏ လိင်ဆက်ဆံမှုအား ပျက်စီးစေ နိုင်သည်။
မေးခွန်းများ
(မှန်/မှား)
၁။ စာတန်သည် ထောင်ချောက်တွင်းများ ထောင်ရာ၌ ကျွမ်းကျင်သည်။
သူ၏ထောင်ချောက်တွင်းများ ဟာ ဖုံးကာထားသဖြင့် အန်္တရာယ်မရှိဟု ထင်ရသော်လည်း အမှန်မှာ
သေကြေစေနိုင်သည်။
၂။ စာတန်က ““ယခုကာလအတွက်သာ အသက်ရှင်ပါ””ဟု အတွေးအခေါ်ကို
ပျံ့နှံ့အောင်လုပ်ခြင်းမှာ လူများဟာ အနာဂတ်ကို ထည့်မတွက်တော့ဘဲ ယခုအချိန်၌ မိမိတို့လုပ်ချင်တာမှန်သမျှကို
လုပ်စေရန် ဖြစ်သည်။
၃။ ဆယ်ကျော်သက်များ လက်ထပ်ခြင်း၌ အားနည်းချက် ၂-ခုရှိသည်။
(၁) သင်သည် သင်၏ ကြင်ဖက်ကို ရှာဖွေရာ၌ မှားယွင်းသော ရွေးချယ်မှုကို ပြုလုပ်မိနိုင်သည်။
(၂) ဆယ်ကျော်သက်အများစု သည် အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်နိုင်လောက်အောင် ရင့်ကျက်မှုမရှိသေးပါ။
၎။ ““တဦးတည်းနေရတာထက် ဆိုးတာဘာရှိဦးမှာလဲ”” ဟူသော
မေးခွန်း၏အဖြေမှာ ““ဆိုးဝါးသောအိမ် ထောင်ရေးက တစ်ဦးတည်း နေရတာထက်ပိုဆိုးသည်””ပင်ဖြစ်သည်။
၅။ လူတိုင်းတွင် အမှားများရှိကြသော်လည်း၊ သင်သည်
လက်ထပ်ပြီး ထိုသူအား ပြောင်းလဲလာအောင် လုပ်နိုင်သည်။
၆။ စုံတွဲတတွဲသည် လက်မထပ်မီ လိင်ကို စမ်းသပ်ခြင်းသည်
မှန်ကန်သည်။ အကြောင်းမှာ လက်ထပ် ပြီးနောက် သူတို့၏လိင်ဆက်ဆံမှု ပုံစံက မည်သို့ဖြစ်မလဲဆိုတာကို
သိစေနိုင်သောကြောင့်ဖြစ်သည်။
၇။ လက်မထပ်မီ အတူတကွနေထိုင်ခြင်းသည် ဘုရားသခင်က
ကောင်းချီးမပေးနိုင်သော အပြစ်ရှိ၊ ဈေးပေါသော ““အိမ်ထောင်ရေးကစားပွဲ”” တစ်ခုပင်ဖြစ်သည်။
၈။ နှုတ်ကပတ်တော်ထဲ၌ ဘုရားသခင်က ယုံကြည်သူများကို
မယုံကြည်သူများနှင့် လက်ထပ်ရန် အမိန့်ပေးထားသည်။ ခရစ်ယာန်များစွာတို့သည် စိတ်ပျက်ဖွယ်ကောင်းသော
အိမ်ထောင်ရေးမျိုး၌ ပိတ်မိ နေခြင်းမှာ ဘုရားသခင်၏ ရိုးရှင်းသော ပညတ်ကိုပင် မလိုက်နာသောကြောင့်ဖြစ်သည်။
၉။ ခရစ်ယာန်များကို မယုံကြည်သူများအား ဒိတ်မလုပ်ရန်
မှာကြားထားခြင်း၌ ခိုင်လုံသော အကြောင်းပြချက်ရှိသည်။ အကြောင်းပြချက်မှာ ဒိတ်လုပ်ခြင်းအားဖြင့်
ထိုသူနှင့်လက်ထပ်သွားနိုင်သော ကြောင့်ဖြစ်သည်။ သင်သည် မယုံကြည်သူ နှင့် ဒိတ်မလုပ်ပါက
သူနှင့် လက်ထပ်မိမည်မဟုတ်ပါ။
၁၀။ သင်သည် မှားယွင်းသော ပေါင်းသင်းဆက်ဆံမှုတခုကို
ပြုနေသည်ဟု ဘုရားသခင်က ပြသပါက၊ ထိုဆက်ဆံရေးကို ချက်ချင်းရပ်တန့်သင့်သည်။ ရဲလင်းထွန်း
(အင်းစိန်)
0 comments:
Post a Comment