HCF
HCF MYANMAR IN SINGAPORE
Wednesday, August 28, 2013
သန့်ရှင်းသောဝိညာဉ်တော်(၃)
                                               သင်ခန်းစာ (၂၃)
အပိုင်း(၃)
"ယုံကြည်သောသူများနှင့် ပတ်သက်သောသူ၏ အမှုဆောင်ခြင်း၊ ၀ိညာဉ်တော်၏နှစ်ခြင်း၊   
ဝိညာဉ်တော်ဖြင့်ပြည့်ဝခြင်း နှင့် မည်ကဲ့သို့ပြည့်ဝစွာခံယူရမည့်အကြောင်း"။
နိဒါန်း
            ဤသင်ခန်းစာသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သောသင်ခန်းစာများမှနောက်ဆုံး အပိုင်းဖြစ်ပါသည်။ ဘုရားသခင်၏အမှုတော်ဆောင်ခြင်း၌သန့်ရှင်းသောဝိညာဉ်တော်ကို အထူးအလေး အနက်ထားခြင်းကြောင့်၊ သင်ကြား မှုနှင့်ပီပြင်စွာရှင်းပြနိုင်ရန်အလွန်အရေးကြီးကြောင်းကျွန်ုပ်တို့ခံ စားသိရှိရ၍ ဤသင်ခန်းစာကိုအထူးအလေးပေး ဆက် ကပ်ကြပါသည်။ သင်ခန်းစာ (၂၁)တွင် သုံးပါးတဆူ တည်းဖြစ်သော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားအစစ် အမှန် ဖြစ်ကြောင်းတင်ပြခဲ့သည်။
သင်ခန်းစာ (၂၂)ဖန်ဆင်းခြင်းနှင့်ပတ်သက်သော လုပ်ဆောင်ခြင်းကို ဆွေးနွေးပြီး ဓမ္မဟောင်း ကျမ်းစာမှသခင်ခရစ်တော်၏အသက်တာနှင့်မယုံကြည်သူတို့အကြောင်းဆွေးနွေးခဲ့ပါသည်။ ယခုစာစဉ်၏ နောက်ဆုံး အခန်းတွင်သန့်ရှင်းသောဝိညာဉ်တော်၊ ၀ိညာဉ်တော်နှစ်ခြင်း၊ ၀ိညာဉ်တော်၏ဆုကျေးဇူး၊ ၀ိညာဉ်တော်ဖြင့် ပြည့်ဝခြင်းနှင့် မည်ကဲ့သို့ဝိညာဉ်တော်ခံယူရမည်ကိုသင်တို့အားသိစေလိုပါသည်။
ဤသင်ခန်းစာအရေးကြီးပုံ
            ယုံကြည်သူတိုင်း၏တာဝန်မှာ သန့်ရှင်းသောဝိညာဉ်တော်ကိုနားလည်သဘောပေါက်ရန်ဖြစ်ပါသည်။ ဤအ ကြောင်း နှင့်ပတ်သက်ပြီးရှုပ်ထွေးမှု၊ နားမလည်မှု၊ သဘောမပေါက်နိုင်မှုများဖြစ်ပေါ်လျက်ရှိပါသည်။ ဤသင်ခန်းစာ၌ ယနေ့အသင်းတော်တွင်သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်ဆောင်ခြင်းကို ပီပြင်ထင်ရှားအောင်ကြိုးစားရှင်းပြပါ မည်။ ဧဖက် ၅း၁၈ တွင်ယုံကြည်သူတိုင်းသန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝရန်လိုအပ်ကြောင်းပြောထားပါသည်။ ဧ၀ံဂေလိတရားကိုထိရောက်စွာတင်ပြနိုင်ရန်၎င်း၊ ၀ိညာဉ်များကယ်တင်ခြင်း၌အောင်မြင်စေရန်၎င်း၊ သမ္မာတရားကိုမှန် ကန်စွာသဘောပေါက်နားလည်ရန်၎င်း၊ ခရစ်တော်၌ဘုန်းတော်ဝင်စားရန်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် အရေး ကြီး၍ဤသင်ခန်းစာတွင်ဖော်ပြထားသောမှန်ကန်ချက်များကို မှန်ကန်စွာနားလည်သဘောပေါက်စေရန်အထူးလိုအပ် ပါသည်။
သင်ခန်းစာ
၁။       ယုံကြည်သူများသို့နှင့်အသက်တာတွင်သန့်ရှင်းသောဝိညာဉ်တော်၏ဆောင်ရွက်ချက်
" THE MINISTRY OF THE HOLY SPIRIT TO AND IN THE LIVES OF BELIEVER"
            (က)         အသစ်သောအသက်တာသို့ပြောင်းလဲစေသည် He Ragenerates –
ဧဖက် ၂း၁ ၌ ၀ိညာဉ်တော်သည် အပြစ်လွန်ကျူးသောသူများနှင့် အပြစ်သားများအားသေ ခြင်းမှအသစ်သောအသက်ရှင်ခြင်းအသက်တာကိုပေးသည်။ ယော ၃း၅-၈ နှင့် ယော ၆း၆၃ အရ သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများကို ဒုတိယမွေးခြင်းအားဖြင့် အသက်ရှင်ခြင်းကို ပေးသနားသည်။
မှတ်ချက်။   သန့်ရှင်းသောဝိညာဉ်တော်သည် သခင်ယေရှုကိုချီးမြှောက်သောအခါ ယော ၁၆း၁၃ အပြစ်ထင်ရှား စွာစီရင်ခံရသူ ယော ၁၆း၈ နောင်တရ၍ခရစ်တော် ကိုယုံကြည်သောအပြစ် သားများသည် ၀န်ချ တောင်းပန်၍ယုံကြည်လာစေသည်။
(ခ)        ၀ိညာဉ်တော်၏ဗတ္တိဇံပေးခြင်း ၁ ကော ၁၂း၁၃၊ ဂလာတိ ၃း၂၇၊ ရော ၆း၃ အရ သန့်ရှင်းသော ၀ိညာဉ်တော်၏ဗတ္တဇံ (He Baptizes) ဆိုသည်မှာ ခရစ်တော်၏ကိုယ်ခန္ဓာ၌ အင်္ဂါအသီးသီး ဖြစ်စေခြင်း ဖြစ်သည်။ ဧဖက် ၅း၃၀ သခင်ဘုရား၏အသားတော် အရိုးတော်အ၀င်ဖြစ်သည်။
(ဂ)        တံဆိပ်ခတ်သည် He seals ဧဖက် ၁း၁၃-၁၄၊ ၄း၃၀၊ ၂ကော ၁း၂၂ သန့်ရှင်းသောဝိညာဉ် တော်ရှိခြင်းသည် ဘုရားသခင်၏ပိုင်ဆိုင်ခြင်း၊ သခင်ဘုရားနှင့်သက်ဆိုင်ကြောင်းပင်ဖြစ် သည်။ ၂တိ ၂း၉ သန့်ရှင်းသောဝိညာဉ်တော်၏တံဆိပ်ခတ်ခြင်းကိုခံရသည်။ သန့်ရှင်းသော ၀ိညာဉ်တော်သည် ကျွန်ုပ်တို့အားဘုရားသခင်၏သားများအဖြစ်ထာဝစဉ်ဖြစ်စေသည်။
(ဃ)      ကျိန်းဝပ်တော်မူ၏ He Indwells ယော ၁၄း၁၇၊ ၇း၃၈-၃၉၊ ၁ကော ၆း၁၉ ၀ိညာဉ် တော်ကျိန်းဝပ်တော်မူခြင်းဆိုသည်မှာသန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွင်းတွင် စွဲမြဲ စွာနေထိုင်တော်မူခြင်းဖြစ်ပါသည်။ ယော ၁၅း၎-၅၊ ယော ၁၄း၁၆-၁၇။
(င)        ယုံကြည်စိတ်ချစေသည် He Assures ရော ၈း၁၆၊ ဂလာ ၄း၆ ကျွန်ုပ်တို့သည် ဘုရားသား များဖြစ်ကြောင်းစိတ်အတွင်းမှသက်သေခံပေးသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အား ဘုန်းအသရေကိုအမွေခံရန်အာမခံပေးထားခြင်းခံရသောပုဂ္ဂိုလ်ဖြစ်သည်။ ဧဖက် ၁း၁၄၊ ၂ ကော ၅း၅။
(စ)        ဦ်းဆောင်ပေးသည် He Leads ရော ၈း၁၄။ ဂလာ ၅း၁၆-၂၅။ သန့်ရှင်းသောဝိညာဉ်တော် ၏သွန်သင်ခြင်းကိုနေ့စဉ်ခံယူခြင်းနှင့် ၀ိညာဉ်တော်နှင့်အတူအသက်ရှင်ခြင်း၊ လျှောက် ခြင်း။
(ဆ)      ကျေနပ်နှစ်သိမ့်စေသည် He Satistfies ယော ၄း၁၃-၁၄၊ ၀ိညာဉ်တော်သည် သခင်ခရစ် တော် မိန့်ကြားခဲ့သော ထာဝရအသက်ရှင်သောစမ်းရေတွင်းဖြစ်ပြီး နောက်တဖန် ငတ်မွတ် ခြင်းမဖြစ်စေ ပါ။
(ဇ)        သွန်သင်တော်မူ၏ He Instructs ယော ၁၄း၂၆၊ ၁၆း၁၃၊ ၁ကော ၂း၉-၁၄။ ၀ိညာဉ်တော် သည် သွန်သင်ပို့ချမည့်ဥပဇ္ဈာယ်ဆရာ၊ သစ္စာတရားကိုဖော်ပြမည့်သူဖြစ်သည်။
(ဈ)       ထည့်သွင်းပေးသည် He Infills တ ၂း၎၊ ၄း၈၊ ၃၁၊ ၉၅း၁၈။ ၀ိညာဉ်တော်သည် ကျွန်ုပ်တို့ အားချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်ခြင်း၊ ဥာဏ်ပညာ၊ ငြိမ်သက်ခြင်းများဖြင့်ပြည့်စုံစေသည်။
(ည)      တန်ခိုးပေးသည် He Enpowers တ ၁း၈။ အပြစ်တရားမှ လွတ်မြောက်ရန် အခွင့် အာ ဏာပေးသည်။  ရော ၈း၂ သက်သေခံနိုင်ရန်တန်ခိုးပေးတော်မူ၏။ တ ၁း၈။ ၁ကော ၈း၂၊ ၁ သက် ၁း၅ ဆုတောင်းတတ်ဖို့ရန်တန်ခိုးပေး၏။ ရော ၈း၂၆-၂၇ ၀ိညာဉ်အသီး သီးရန် တိုးပွားဘို့ရန်တန်ခိုး ပေး၏။ ဂလာတိ ၅း၂၂။
၂။         ၀ိညာဉ်တော်၏ဗတ္တိဇံ (နှစ်မြှုပ်ခြင်း) THE BARTISM OF THE HOLY SPIRIT.
(က)      ၀ိညာဉ်တော်နှစ်ခြင်းစကားလုံးသတ်မှတ်ချက်နှင့်ပတ်သက်ပြီးအကြီးအကျယ်ရှုပ်ထွေးမှုသဘော ထားခြင်းမတိုက်ဆိုင်မှုများဖြစ်ပေါ်စေခဲ့သည်။ တချို့ကလုံးဝအပြစ်ကင်းစင်သန့်ရှင်းခြင်းဟု သတ် မှတ်ပြီး၊ တချို့ကထူးဆန်းသောဘာသာစကားပြောခြင်းနှင့်ပတ်သက်သည်။ ဆက်စပ်နေသည်ဟုယူ ဆကြသည်။
(ခ)        ဤကဲ့သို့ရှုပ်ထွေးမှုဖြစ်ရခြင်းမှာ ဓမ္မသစ်ကျမ်းစာတွင် ဗတ္တိဇံအမျိုးအစားတခုထက်မကဖော်ပြထား ချက်ကို လက်မခံလိုခြင်း ကြောင့်ပင်ဖြစ်သည်။
(ဂ)        နှစ်ခြင်းအမျိုးအစားများမှာ -
၁။         ယောဟန်၏ဗတ္တိဇံ The Baptism of John - တ ၁း၂၂ ဤနှစ်ခြင်းသည် အစ္စရေးတို့နှင့် သာလုံးဝသက်ဆိုင်သည်။ မ ၃း၁-၂၊  လု ၇း၂၉ -နောင်တဆိုင်သောဗတ္တိဇံဖြစ်သည်။ လု ၃း၃ တမန် ၁၃း၂၄ ဤဗတ္တိဇံသည်အပြစ်ကိုစွန့်၍ဘုရားသခင်ထံပြန်လာရန်နှင့်သူတို့၏ စစ်မှန်သောနောင်တရခြင်းကိုဖော်ပြသည်။
၂။         ရေဖြင့်ဗတ္တိဇံပေးခြင်း Water Baptism သခင်ခရစ်တော်ကိုယ်တိုင်ရေ၌ဗတ္တိဇံယူခြင်း၊ မာ ၁း၉-၁၀၊ သခင်ခရစ်တော်သည် သူ၏တပည့်တော်များကို ရေ၌ဗတ္တိဇံပေးရန်စေခိုင်းခဲ့ သည်။ မ ၂၈း၁၉ ရေ ဗတ္တိဇံသည် ယုံကြည်သောသူများ၏ သခင်ခရစ်တော်နှင့် အတူ သေပြီး ပြန်လည်ရှင်ပြန်ထမြောက်ခြင်းကို လက္ခဏာ အထိမ်းအမှတ်အဖြစ် ဟုတ်မှန် ကြောင်း ပြသည်။ ရော ၆း၎၊ တော ၂း၁၂ ဗတ္တိဇံနှင့်ပတ်သက်၍ဥပမာများကို တ ၈း၁၂၊ တ ၈း၃၆-၃၉၊ ၁၆-၃၃ တို့တွင်တွေ့နိုင်၏။
၃။         ၀ိညာဉ်တော်အားဖြင့် ဗတ္တိဇံခံခြင်း Baptism by the Spirit.
            ၁ကော ၁၂း၁၃ - ယုံကြည်သူတိုင်း အပြစ်တရားမှနောင်တရပြီး ယုံကြည်ကြောင်းဝန်ခံ လျှင် ခရစ်တော်၌နှစ်ခြင်းခံယူခြင်းဖြစ်သည်။ ရော ၆း၃-၄၊ ဂလာတိ ၃း၂၇ ထို့နောက်ထို သူတို့သည် ခရစ်တော်၏ကိုယ်အင်္ဂါအသီးသီးဖြစ်လာသည်။ ၁ကော ၁၂း၁၃း၂၇ ဧဖက် ၂း၁၅-၁၆၊ ၅း၃၀ အသင်းတော်ဟုခေါ်ဝေါ်ခြင်းခံရသည်။ ဤနစ်မြှုပ်ြ့ခင်းသည် အခြေအနေ ပေါ်တွင်မူတည်၍တန်ခိုးတော်နှင့်မသက်ဆိုင်ပဲ တ ၁း၅ နှင့် ခြားနားသည်။
၎။         ၀ိညာဉ်တော်၌နှစ်ခြင်းပေးခြင်း Baptism with the Spirit.
            တ ၁း၅
(က)      ဗတ္တိဇံယောဟန်၏အဆိုအရ ဗတ္တိဇံပေးသူသည် သ၀ခင်ခရစ်တော်ကိုယ်တိုင်ပင် ဖြစ်၏။ မ ၃း၁၁၊ မာ ၁း၈၊ လု ၃း၁၆၊ ယော ၁း၃၃၊ ပေတရု၊ တ ၂း၃၃ နှင့် လု ၂၄း၄၉၊ တ ၁း၅၊၈။
(ခ)        တ ၁း၅ စသည့် လု ၂၄း၄၉ ကိုပြန်၍ရေးသားခြင်းပင်ဖြစ်သည်။ ကျမ်းစာစောင် နှစ်ခုလုံးကိုရေးသားသောလုကာ၏အဆိုမှာဝိညာဉ်တော်၏ ဗတ္တိဇံအကြောင်းပင် ဖြစ်သည်။
(ဂ)        တ ၂း၎ တွင်ဂတိတော်အတိုင်းပြည့်စုံသောအခါ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးအခြားသောဘာသာစကားများဖြင့်ပြောဆိုကြသည်။
(ဃ)      ထိုဗတ္တိဇံသည် ကျွန်ုပ်တို့အတွင်းမှ ဘုရားသခင်၏လုပ်ဆောင်ချက်ပင်ဖြစ်သည်။ တ ၁း၈ ၀ိညာဉ်ဆုကျေးဇူး၊ လု ၂၄း၄၉ ကောင်းကင်တန်ခိုးကိုအပ်နှင်းခြင်း၊ တ ၂း၎ ၀ိညာဉ်တော်ဖြည့်ပေးခြင်း။
            (ဃ)      တ ၁း၅-၈ နှင့် ၁ ကော ၁၂း၁၃ ၏ထူးခြားသောခြားနားချက်ကိုသတိပြုပါ။
                        (၁)        လူအများနှင့်ပတ်သက်၍ As to People
-           ကော ၁၂း၁၃ ကယ်တင်ခြင်းခံရသောယုံကြည်သူများဖြစ်သော်လည်းဇာတိ ပကတိများဖြစ်၏။
-           တ ၁း၅-၈ ၀ိညာဉ်တော်ကျိန်းဝပ်သောတပည့်တော်များဖြစ်သည်။ ယော ၂၀း၂၁။
(၂)        တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ As to Responsibility
            -           ၁ ကော ၁၂း၁၃ မရှိပြည့်စုံသောအချက်
            -           တ ၃း၅-၈ ၀ိညာဉ်ဆုကျေးဇူးများမရမချင်းစောင့်ရန်ဖြစ်သည်။
(၃)        ဗတ္တိဇံပေးသူနှင့် ပတ်သက်၍ As to Baptizer
            -           ၁ ကော ၁၂း၁၃ - ဗတ္တိဇံပေးသူသည် သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်။
            -           တ ၁း၅-၈ - ဗတ္တိဇံပေးသူသည် သခင်ခရစ်တော်ဖြစ်သည်။
(၄)        ရည်ရွယ်ချက်နှင့် ပတ်သက်၍ As to Purpose
            -           ၁ ကော ၁၂း၁၃၊ သခင်ခရစ်တော်၌ကျွန်ုပ်တို့အခြေအနေကိုပြသည်။
-           တ ၁း၅-၈ ကျွန်ုပ်တို့၏ အတွင်း (In) နှင့်အပေါ် (Upon) ၌ရှိသော ၀ိညာဉ်တော် ၏တန်ခိုးနှင့်ပတ်သက်သည့်အခြေအနေကို ဖော်ပြသည်။
                        (၅)        အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ As to Results
-           ၁ ကော ၁၂း၁၃ - ယုံကြည်သောအပြစ်သားများသည် သခင်ခရစ်တော်၌နှစ်မြှုပ် ခြင်းခံရ၍ ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်လာပြီး၎င်းမှ အသင်းတော်ဖြစ်လာသည်။
-           တ ၁း၅-၈ ဒုတိယမွေးခြင်းဖြင့်ဝိညာဉ်တော်ကျိန်းဝပ်သောတပည့်တော်များကို ၀ိညာဉ်တော်တန်ခိုးနှင့်ပြည့်စုံ၍လူ ၃၀၀၀ သည် ကယ်တင်ခြင်းရခဲ့သည်။ ယော ၂၀း၂၂၊ တ ၂း၄၁-၄၂။
(င)        ထို့ကြောင့်သန့်ရှင်းသောဝိညာဉ်တော်၏နှစ်ခြင်းအကြောင်းကိုဟောကြားသည်ဖြစ်စေ သင်ကြားပို့ချ သည်ဖြစ်စေ၊ သင်၏တင်ပြမှုနှင့်၎င်း၏အကျိုးသက်ရောက်မှုများ(သို့) ဖြစ်သင့်သောအကျိုးကျေးဇူး များကိုပြတ်သားစွာရှင်းပြရန်အထူးလိုအပ်ပေသည်။
(စ)        သို့သော် ဧဖက် ၄း၅ ၌ သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါးဆိုသည်မှာဘာကြောင့်လဲ၊
၁။         တလောကလုံးနှင့်သက်ဆိုင်သောဗတ္တိဇံတပါးသာရှိသည်။ ၄င်းမှာ ခရစ်တော်၌မြှုပ်နှံစေ သောသန့်ရှင်းသောဝိညာဉ်တော်၏ဗတ္တိဇံဖြစ်၍ ထိုဗတ္တိဇံအားဖြင့်သာ ကောင်းကင်နိုင်ငံသို့ ၀င်နိုင်သည်။ ၁ကော ၁၂း၁၃ ရေဖြင့်နှစ်ခြင်းမခံသည်ဖြစ်စေ၊ ၀ိညာဉ်တန်ခိုးမရသည် ဖြစ်စေ၊ ကောင်းကင်သို့သွားနိုင်၏။ ခရစ်တော်၏ဗတ္တိဇံမခံလျှင်မူကောင်းကင်ဘုံသို့မသွား နိုင်ကြောင်းရှင်ပေါလုကသွန်သင်ခြင်းဖြစ်၏။
၂။         မှတ်ချက်။            စဉ်းစားရန်အချက်။ မဿဲ ၁၈း၁၆ တွင်လူနှစ်ဦးသုံးဦးသက်သေရှိလျှင် စကားတည်၏ဟုဆိုထား၏။ ဤတွင်ကြီးမားသောသက်သေခံချက် ၂ ခုတွေ့ရသည်။
(က)      ကျွန်ုပ်တို့ ရေ၌ဗတ္တိဇံ ခံယူခြင်းသည်ခရစ်တော်၌၀ိညာဉ်တော်အားဖြင့်ဗတ္တိဇံခံပြီး (၁ ကော ၁၂း၁၃) သခင်ခရစ်တော်အားယုံကြည်လက်ခံကြောင်းသက်သေခံ ကြေညာ၍ ထိုသခင်၏နောက်တော်သို့လိုက်လျှောက်ရန်ဆုံးဖြတ်ခြင်းဖြစ်သည်။
(ခ)        ခရစ်တော်ကိုယုံကြည်ပြီးဗတ္တိဇံခံခြင်းသည် ခရစ်တော်၌မြှုပ်နှံပြီးကြောင်းကောင်း ကင်နိုင်ငံ၏သက်သေခံချက် (HEAVEN'S Witness) ပင် ဖြစ်သည်။
(ဆ)      ၀ိညာဉ်တော်၏နှစ်ခြင်းဆိုသည်မှာအခြားသောဘာသာစကားဖြစ်သည်ဆိုသောသွန်သင်ချက်များ သည် ဘာကိုဆိုလိုနေပါသလဲ၊ ဤကိစ္စနှင့်ပတ်သက်သည့်အဖြေများကိုလာမည့်သင်ခန်းစာ၌လေ့ လာရမည်ဖြစ်သည်။
            မှတ်ရန်။  လုကာ ၂၄း၄၉ ဂတိပြုထားသောလက္ခဏာသည် အခြားသောဘာသာစကားပြောခြင်း မဟုတ်ဘဲဧ၀ံဂေလိတရားကိုရဲဝံ့စွာဟောပြောနိုင်သောတန်ခိုးပင်ဖြစ်၏။
            မှတ်ချက်။          ဓမ္မဟောင်းရှိဗေဇလေလ (ထွ ၃၁း ၂-၅)၊ မောရှေ၊ ဧလိယ၊ ရှောလု၊ ရှံဆုံ၊ ဒါဝိဒ်တို့နှင့် ဓမ္မသစ်ရှိဧလိဇဘက်၊ ဇာခရိ၊ နှစ်ခြင်းယောဟန်၊ ပေါလု၊ သတေဖန်၊ ဗာနဗ၊ တမန်တော် ၄း၃၁ တွင်းရှိခရစ်ယာန်များတို့သည် ဘာသာစကားအမျိုးမျိုးမပြောဘဲ ၀ိညာဉ်တော်အားဖြင့် ပြည့်ဝသူများ ဖြစ်ကြောင်းထင်ရှားသည်။ ခရစ်တော်ကိုယ်တိုင်ပင်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသူဖြစ်၏။ တ ၁၀း၃၈။ လု ၄း၁၈ သို့သောသည် အခြားသောဘာသာစကားမပြောပါ။
မှတ်ချက်။          သမိုင်းကြောင်းကိုပြန်လည်အသစ်ပြုပြင်သူများဖြစ်ကြသောမာတင်လူသာ၊ ကယ်(လ်)ဗင် (Calvin)၊ ဇွင်လီ (Zwingli)၊ နော့ (စ်) (Knox) နှင့် သမိုင်းဝင်အကြီးမားဆုံးသော ဧ၀ံဂေလိဆရာများ၊ ၀ိညာဉ်ကယ်တင်သူများဖြစ်ကြသောဒေးဗစ်ဘရိန်းနော့ (David Brainard)၊ ဂျော(န်)၀က်(စ်)လိ (John Wesley)၊ ဂျွန်(န်)သန်အက်(ဒ်) ၀ပ် (Johnathon Edwards)၊ ချားလ်ဖင်နိ (Charles Finney)၊ အာ(ရ်) အေတော်ရီ (R.A Torrey)၊ ဒီအယ် (လ်) မူးဒီ (D.L Moody)၊ နှင့် ဘေလီဆန်းဒေး (Belley Sunday) တို့သည် အခြားသောဘာသာစကားပြောသူများ မဟုတ်ဘဲဝိညာဉ်တော်တန်ခိုးနှင့်ပြည့်စုံသောသူများဖြစ်ကြသည်။
မှတ်ချက်။            ရှင်းလင်း၍ရိုးသားချက်မှာအခြားသောသာဘာစကားမပြောဘဲ မိမိဘာသာစကား ကိုသာပြောပြီး ဘုရားသခင်၏တန်ခိုးတော်ကိုရယူနိုင်ခြင်းပင်ဖြစ်သည်။
၁ ကော ၁၂း၁-၁၁၊ ရော ၁၂း၆-၈၊ ဧ ၄း၈-၁၁ ကို သေချာစွာဖတ်ပါ။
မှတ်ချက်။       ဓမ္မသစ်ကျမ်းတွင် ၀ိညာဉ်ဆုကျေးဇူး (၂၁)ခုရှိကြောင်းဖော်ပြထားပါသည်။ အောက်ပါတို့ ကိုသိသင့်ပါသည်။
(က)         ဤအရာများသည် ဆုကျေးဇူးသာဖြစ်၍ ၀ယ်ခြင်း၊ တောင်းခြင်း၊ ထိုက်တန် ခြင်းတို့ကြောင့်ရရှိ သောအရာမဟုတ်ဘဲ အဘိုးအခမပေးဘဲရရှိနိုင်သော ဘုရားသခင်၏၀ိညာဉ်တော် ကျေးဇူးပင် ဖြစ်သည်။ ၁ကော ၁၂း၇
(ခ)           ဆုကျေးဇူးများသည် ဘုရားသခင်၏အလိုတော်၊ ကျေးဇူးတော်ဖြင့်သာရခြင်းဖြစ်၏။ ရော ၁၂း၆၊ ၁ ကော ၁၂း၁၁ ထို့ကြောင့်သင်၌ရွေးချယ်ပိုင်ခွင့်မရှိပါ။
(ဂ)           ဆုကျေးဇူးများမှာအမျိုးမျိုးပင်ဖြစ်သည်။ ၁ ကော ၁၂း၎ အသင်းတော်ကိုစီစဉ်အုပ်ချုပ်ခြင်းနှင့် ဆောင်ရွက်ခြင်းတို့အတွက်လက်တွေ့ကျသောရည်ရွယ်ချက်ပင်ဖြစ်သည်။ ၁ ကော ၁၂း၅-၆
(ဃ)         ဤ၀ိညာဉ်ဆုကျေးဇူးများကိုအလွဲသုံးစားမပြုလုပ်ပဲ သခင်ခရစ်တော်၏အုပ်စိုးမှုအောက် တွင်အ သုံးပြုရန်ဖြစ်သည်။ ၁ ကော ၁၂း၅ ဤဆုကျေးဇူးများကို မိမိသဘောအတိုင်းမပြုရချေ။
(င)           ၁ ကော ၁၂း၇၊ ၁၁ အရ ခရစ်ယာန်တိုင်းဝိညာဉ်ဆုကျေးဇူးရရှိသည်။
(စ)           ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင်တခုကတခုထက်ပို၍အရေးကြီးသည်မရှိသကဲ့သို့ဝိညာဉ်ဆု ကျေးဇူးများတွင်လည်းပို၍အရေးကြီးသည်မကြီးသည်မရှိပါ။
(ဆ)         မည်သည့်ဆုကျေးဇူးများမဆိုဝိညာဉ်တော်ပို၍များသည်နည်းသည်ဟုမဆိုနိုင်ပါ။ မည်သူ တဦး တယောက်မှ ၀ိညာဉ်ဆုကျေးဇူးကြောင့်အခြားသူများအပေါ်အာဏာမပေးနိုင်ချေ။ အခြားသော ဘာသာ စကားပြောခြင်းကြောင့်ပို၍၀ိညာဉ်တော်ဖြင့်ပြည့်ဝသည်မဟုတ်ပါ။
(ဇ)           ၁ ကော ၁၂း၃၀ အရ လူတိုင်းအခြားသောဘာသာစကားပြောနိုင်ခြင်းမရှိပါ။
(ဈ)          အခြားသောဘာသာစကားပြောဆိုနိုင်ခြင်းဆုကျေးဇူးသည်ထူးဆန်းအံ့သြဘွယ်ကောင်းသော အရာ(သို့)အထူးသဖြင့်တန်ခိုးအာဏာရရှိသောသက်သေမှန်ကန်ချက်မဟုတ် ဆုကျေးဇူးများ စွာ ထဲမှတခု သာဖြစ်သည်။
               ၁ ကော ၁၂း၂၈ တွင်အခြား သောလာသောစကား ပြောနိုင်ခြင်းသည် နောက်ဆုံးအနည်း ဆုံး ဟုယူဆရသည်။ ပရောဖက်ပြုခြင်းဖြစ်သောဧ၀ံဂေလိတရားများဟောကြားခြင်းသည် ပို၍အ ရေးကြီး သည် ဟု ၁ ကော ၁၄း၁ တွင်ဖော်ပြထားသည်။
မှတ်ချက်။   ထို့ကြောင့်ဘုရားသခင်မပေးသောဆုကျေးဇူးအတွက် စိတ်အနှောင့်အယှက် မဖြစ်ပါနှင့် ဘုန်း တော်၌၀မ်းမြောက်ရွှင်လန်းပြီးမိမိ၌ရှိသော အရည်အချင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေရန်အတွက်အသုံးပြုကြပါ။
၎။         ၀ိညာဉ်တော်၏ပြည့်ဝခြင်း The Fulness of the spirit
(က)      ဘုရားသခင်သည် ပြည့်စုံ၊ စုံလင်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ဧဖက် ၃း၁၉ ခရစ်တော်၏ ပြည့်စုံခြင်း ဧဖက် ၄း၁၃။ သန့်ရှင်းသောဝိညာဉ်တော်၏ပြည့်စုံခြင်း ဧဖက် ၅း၁၈။
မှတ်ချက်။ သုံးပါးတဆူဖြစ်သောဘုရားသည် ကျွန်ုပ်တို့အားသန့်ရှင်းသောဝိညာဉ်တော် နှင့်ပြည့်ဝ စေချင် ကြောင်းထင်ရှားသည်။
(ခ)        ယော ၁၄း၁၆-၁၇ နှင့် တမန်တော် ၁း၈ ကိုဖတ်ရန် -
ဓမ္မကျမ်းစာ၌သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှင့် အတူကျွန်ုပ်တို့အတွင်းနှင့် ကျွန်ုပ်တို့ အပေါ်တွင်အမှုဆောင်ရွက်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။       
(၁)        ၀ိညာဉ်တော်နှင့်အတူဆောင်ရွက်ချက်များ The WITH MINISTRY
                     (က)      ယော ၁၆း၈         -           အပြစ်စီရင်ခြင်း
                     (ခ)        ယော ၃း၅-၈        -           အသစ်ပြုပြင်ခြင်း
                     (ဂ)        ယော ၁၄း၁၄ - ၁၆-           နှစ်သိမ့်ခြင်း
                     (ဃ)      ယော ၁၄း၂၆       -           သွန်သင်ပြသခြင်း
                     (င)        ယော ၁၆း၁၃-၁၅  -           ခရစ်တော်ကိုဖော်ပြခြင်း
                     (စ)        ရော ၈း၁၄           -           ဦးဆောင်ခြင်း
                     (ဆ)      ယော ၁၄း၁၆       -           ကျိန်းဝပ်တော်မူခြင်း။
(၂)        အတွင်း၌ဆောင်ရွက်ခြင်း The IN ministry
                     (က)      ကော ၆း၁၉         -           ကျွန်ုပ်တို့သည် ၀ိညာဉ်တော်ကျိန်းဝပ်ရာဗိမာန်
                     (ခ)        ဂလာ ၅း၂၂         -           ၀ိညာဉ်အသီးကိုသီးစနိုင်သည်။
                     (ဂ)        ရော ၈း၂၆-၂၇     -           ကျွန်ုပ်တို့အားနည်းမှု ချို့ယွင်းမှုများကို ကူညီမစမှု
                     (ဃ)      ရော ၈း၁၆၊ ဂလာ ၄း၆-၇     -           ကယ်တင်ခြင်းစိတ်ချမှုပေးသည်။
                     (င)        ဂလာ ၅း၁၆         -           လူ့ဇာတိကိုအောင်မြင်ခွင့်ပေးသည်။
                     (စ)        ရောမ ၁၅း၁၆       -           ကျွန်ုပ်တို့အားသန့်ရှင်းစေသည်။
         (၃)        ကျွန်ုပ်တို့အပေါ်၌ အမှုဆောင်ချက်     The UPON ministry
                     (က)      ဟေရှာ ၆၁း၁-၂    -           ခရစ်တော်အပေါ်ဝိညာဉ်ဆင်းသက်၊ လု ၄း၁၈   -                                      ဧ၀ံဂေလိတရားဟောရန်ဝိညာဉ်တော်သွန်းလောင်းပေး
                     (ခ)        ဟေရှာ ၄၄း၃       -           ယုံကြည်သူများအတွက်ဂတိတော်
                     (ဂ)        တ ၁း၈၊ တ ၂း၁၇၊ ၂ကော ၁၂း၉၊ ၁ပေ ၄း၁၄ ပြည့်စုံ၊ စုံလင်ခြင်း
                     (ဃ)      ဓမ္မဟောင်းကျမ်းစာ၌ဘုရားသခင်၏အမှုတော်မဆောင်ခင်ယဇ်ပရောဟိတ်၊ ပရောဖက်၊ ရှင်ဘုရင်များအားတန်ခိုးတော်အားဖြင့်ဘိသိတ်ပေး၏။ နာဇရက် မြို့သား ယေရှုအားဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်၎င်း၊ တန်ခိုးတော် အားဖြင့်လည်းကောင်းဘိသိတ်ပေးသည်။
                     (င)        ဓမ္မဟောင်းကျမ်း၊ စမ္မသစ်ကျမ်းနှစ်ခုစလုံးတွင်တရားဟောနိုင်ရန်တန်ခိုးပေး၏။ တ ၁း၈ - သို့မဟုတ် ကြီးမားသောအမှုကိုဆောင်ရွက်နိုင်ရန် - တရား ၁၄း၆
(ဂ)           အကျဉ်းချုပ်။           မည်သူမဆို ၀ိညာဉ်တော်နှင့်အတူ အမှုဆောင်ပါက နှစ်သိမ့်မှု သွန်သင်မှု ဦးဆောင်လမ်းပြမှု ကို ခံရမည်။ ၀ိညာဉ်တော်သည် အတွင်း၌ ကိန်းဝပ်ခြင်းခံရပါက ၀ိညာဉ်အသီးများ သီး၍၊ မိမိအားနည်းသော အခြေအနေမှခွန်အားပြန်လည်ရရှိ၊ ကယ်တင်ခြင်း ဆုကျေးဇူးအတွက် စိတ်ချရ၍အသက်တာ၏ အောင်မြင်မှုကိုရရှိသည်။ ၀ိညာဉ်တော်သည် ထိုသူ အပေါ်၌ အလုပ်လုပ်နေကြောင်းသိပါက ဧ၀ံဂေလိတရားကို ထိရောက်စွာ ဟောပြော နိုင်၍ ၎င်းမှာ ၀ိညာဉ် တော်နှင့်ပြည့်ဝသောအတွေ့အကြုံကိုရရှိခြင်းပင်ဖြစ်သည်။
နောက်ဆုံး - အဘယ်ကဲ့သို့ဝိညာဉ်တော်နှင့်ပြည့်ဝနိုင်မည့်အကြောင်း
FINALLY, HOW CAN YOU BE FILLED WITH THE SPIRIT
(က)         ငြိမ်သက်ခြင်းဖြင့် Resting ကယ်တင်ခြင်းစိတ်ချမှုနှင့် သခင်ခရစ်တော်၏ငြိမ်သက်ခြင်းဖြင့် ရွေး ကောက်ခံရ     မ ၁၁း၂၈ -၂၉
(ခ)           ဆာလောင်မွတ်သိပ်ခြင်း (ဆာငတ်ခြင်း) By Thirsting - ဘုရားသခင်၏တန်ခိုးတော်ကိုဆာ ငတ်ခြင်းရှိရမည်။ မ ၅း၆ ယော ၁၇း၃၇-၃၉
(ဂ)           ၀န်ချတောင်းပန်ခြင်း By Confessing - အပြစ်အားလုံးကိုဝန်ချရမည်၊ ဘုရားသခင်ထံချည်း ကပ်ရာ၌တားဆီးသောအရာများကို ပြတ်သားစွာဆောင်ရွက်ရမည်။ ၁ ယော ၁း၈-၉၊ လု ၂၈း၁၃
(ဃ)         စွန့်လွှတ်ခြင်း By Forsaking
         ၁။         မိမိကိုယ်ကိုအားကိုးမှု အခြားသူများအပေါ်ယုံကြည်အားကိုးခြင်းမှစွန့်လွတ်ခြင်း ဖိ ၃း၇-၁၀ သင့်ကိုအလွယ်တကူနှောင့်ယှက်သည့် လေးလံသောဝန်ထုပ်ဝန်ပိုးအပြစ် များကိုဖယ်ရှား ပြစ်ခြင်း      ။ ယော ၁၂း၁လှည့်ဖြားတတ်သောလောဘစိတ်နှင့် ပုတ်ပျက် တတ်သောလူဟောင်းကိုချွတ်ပယ်ရမည် ဖြစ်သည်။        ဧ ၄း၂၂
(င)           ပေးဆပ်အပ်နှံခြင်း By Yielding - ကိုယ်၊ စိတ်၊ နှလုံးသုံးပါးစလုံးသခင်ဘုရားကိုဆက်ကပ် ရမည်။ မည်သည့်ချုပ်နှောင်မှုမျိုးကိုမျှမထားရ။ လုံးဝ - ဘုရားသခင်၏အလိုတော်ကိုနာခံလိုက် လျှောက်ပါ။    ရော ၁၂း၁၊ ၆း၁၃၊ တ ၅း၃၂
(စ)           ဆုတောင်းခြင်းဖြင့် By Praying - လု ၁၁း၁၃၊ တ ၄း၃၁ မိမိသည် ကယ်တင်ခြင်း စိတ်ချမှုရပြီး နောက်ငတ်မွတ်ခြင်း၊ ၀န်ခံခြင်း၊ စွန့်လွတ်ခြင်း၊ အပ်နှံခြင်းများပြီးနောက်ဘုရားရှင်အားဆု တောင်းပါက၀ိညာဉ်တော်ဖြင့်ပြည့်ဝပေလိမ့်မည်။
(ဆ)         ယုံကြည်ခြင်း By Believing       မာ ၁၁း၂၄ - ဆုတောင်းပြီးနောက်ခံစားရမည့်အရာအတွက် မစောင့်နှင့်။ ဘုရားရှင်သည် မိမိ၏ဆုတောင်းသံကိုကြားကြောင်းယုံကြည်ပြီးဘုရားရှင်အဖြေ ပေးပြီဟုစိတ်ချပြီးဆက်လက်ဆောင်ရွက်ပါ -
နိဂုံး -       ဤသင်ခန်းစာအတွက်များစွာဆုတောင်းပါ။ နှလုံးသွင်းပါ၊ ၎င်း၏မှန်ကန်သောသမ္မတရားများကို အပြောသက်သက်ဟုသဘောမထားဘဲလက်တွေ့ကျစွာကျင့်သုံးပါ။ လောကကြီးက၀ိညာဉ် တော်ပြည့်ဝသောသူများကိုအလွန်တွေ့ချင်နေသည်။ ဘုရားရှင်၏ကျေးဇူးတော်ကြောင့်ကျွန်ုပ် သည်အမှန်တကယ်ပင် - ၀ိညာဉ်တော်ပြည့်ဝသူဖြစ်နိုင်ကြောင်းဆက်ကပ်ပါ-
မေးခွန်းများ
၁။            သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူတိုင်း၏ စိတ်နှလုံးထဲတွင်ပြုလုပ်ပေးသောအရာ (၆)မျိုးကိုဖော်ပြပါ။
               (က)                 
               (ခ)
               (ဂ)                   
               (ဃ)
               (င)                   
               (စ)
၂။            သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်တံဆိပ်ခပ်နှိပ်ခြင်းဆိုသည်မှာအဘယ်နည်း။
               -
               -
               -
၃။            သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်မှကယ်တင်ခြင်းစိတ်ချမှုကိုမည်သို့ပြုလုပ်ပေးသနည်း။
               -
               -
               -
၎။            ဓမ္မသစ်ကျမ်းတွင်ရှိနေသောနှစ်ခြင်း (၄)မျိုးကိုဖော်ပြပါ။
               (က)
               (ခ)
               (ဂ)
               (ဃ)
၅။            ရေ၌နှစ်ခြင်းဆိုသည်မှာအဘယ်နည်း။ ၎င်း၏ထူးခြားချက်ကိုဖော်ပြ၍ကျမ်းညွှန်းနှင့်တကွဖော်ပြ ပါ။
               -
               -
               -
၆။            ၁ ကော ၁၂း၁၃ သည်မည်သည့်ဗတ္တိဇံအမျိုးအစားဖြစ်သနည်း။ ၎င်းဗတ္တိဇံကိုမည်သည့်အချိန် တွင် မည်သို့လက်ခံနိုင်သနည်း။ မည်သို့အကျိုးရှိသနည်း။ ကျမ်းညွှန်းဖော်ပြပါ။
               -
               -
               -
               -
               -
၇။            တမန်တော် ၁း၅ သည် မည်သည့်ဗတ္တိဇံအမျိုးအစားဖြစ်သနည်း။ မည်သူဗတ္တိဇံပေးသနည်း။ ဤဗတ္တိဇံ၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ပြည့်စုံသောဗတ္တိဇံအထောက်အထားများကိုကျမ်းညွန်း နှင့်တကွဖော်ပြပါ။
               -
               -    
               -
               -
               -    
               -    
               -
၈။            ၁ ကော ၁၂း၁၃ နှင့် တ ၁း၅ တွင်ဖော်ပြထားသော ဗတ္တဇံ (၂)ခု၏ခြားနားချက် (၃)ခုကိုဖော်ပြ ပါ။
               (က)           
               (ခ)
               (ဂ)
၉။            ဧဖက် ၄း၅ တွင်ဖော်ပြသော ဗတ္တိဇံတပါးဆိုသည်မှာအဘယ်နည်း။
               -
               -
၁၀။          ဗတ္တိဇံခံခြင်း၏သက်သေနှစ်ခုမှာအဘယ်နည်း။
               (က)
               (ခ)
၁၁။          ၀ိညာဉ်တော်အားဖြင့်ဗတ္တိဇံခံခြင်းသည်အခြားသောဘာသာစကားပြောခြင်းမဟုတ်ကြောင်းဖော် ပြပါ။
               ------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
၁၂။          ၀ိညာဉ်ဆုကျေးဇူးနှင့်ဆိုင်သောအောက်ပါမေးခွန်းများကိုဖြေပါ။
               (က)      ဆုတောင်းခြင်းအားဖြင့်ဝိညာဉ်ဆုကျေးဇူးတစုံတခုရနိုင်ပါသလား
               ---------------------------------------------------------------------------------------------------
               (ခ)        ရပါကဘာကြောင့်လဲ၊ မရဘာကဘာကြောင့်လဲရှင်းပြပါ။
               ------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
               (ဂ)        ဘာရည်ရွယ်ချက်နဲ့ဆုကျေးဇူးတွေပေးသလဲ။
               ---------------------------------------------------------------------------------------------------
               (ဃ)      ခရစ်ယာန်တိုင်းဆုကျေးဇူးရရှိပါလား။
               (င)        ဆုကျေးဇူးများသည် တခုထက်ပို၍အသရေရှိပါသလား။
               (စ)        မည်သူတဦးတယောက်ဆုကျေးဇူးက၀ိညာဉ်တော်ပို၍ရသည်ဟုပြောဆိုနိုင်ပါသ လော။
               (ဆ)      ဆုကျေးဇူးအားလုံးကိုမည်သူရနိုင်ပါသလဲ။
               (ဇ)        အမျိုးမျိုးသောဘာသာစကားပြောခြင်းအားဖြင့်ပို၍၀ိညာဉ်ဆုကျေးဇူးရနိုင်သည် (သို့) ပို၍၀ိညာဉ်တန်ခိုးရသည်ဟုပြောနိုင်ပါသလော။
               ---------------------------------------------------------------------------------------------------
၁၃။          ဓမ္မသစ်တွင်ရှိသောသန့်ရှင်းသောဝိညာဉ်တော်၏အမှုဆောင်ခြင်းသုံးမျိုးကို ကျမ်းညွှန်းနှင့် ဖော် ပြပါ။
               (က) ---------------------------------------------------------------------------------------------(ခ) ----------------------------------------------------------------------------------------------(ဂ) ----------------------------------------------------------------------------------------------         ---------------------------------------------------------------------------------------------------                     
အမည်၊   ____________________________           ရက်စွဲ၊ ___________________________
လိပ်စာ၊  ____________________________
            ____________________________
            ____________________________
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
Share:
0 comments:
Post a Comment
healthcare christian fellowship. Powered by Blogger.
လစဉ် ဝတ်ပြုရာနေရာ
JBC CHURCH 45 Thomson Rd Singapore 307584 6256 2277
ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း
ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51
New Life In Christ 3
Practical Christian Living Lesson
ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎
OVERCOMERS
Love, Dating and Marriage Lessons
ကြာသာပသေးနေညနေ ၇ နာရီ
ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)
ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ
New Life In Christ 2
My Guests
free web counter
ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)
Labels
Blog Archive
Recent Posts
Unordered List
User Online
Pages
Theme Support