HCF

HCF MYANMAR IN SINGAPORE

Monday, May 31, 2010

ကိုယ်ခြိာံ စိတ်၊ ၀ိညာဉ်

သင်ခန်းစာ (၁၀)

ကိုယ်ခန္ဓာ၊ စိတ်၊ ၀ိညာဉ်


ဘုရားသခင်သည် လူကို ကိုယ်ခန္ဓာ၊ စိတ် ၊၀ိညာဉ်သုံးမျိုးဖြင့်ဖန်ဆင်းသည် (၁ သက် ၅း၂၃)။ ဖန်ဆင်းစ၌ ထိုသုံးမျိုးစလုံး ကောင်းမွန်သည်။ ၀ိညာဉ်သည် ဘုရားသခင်နှင့်အဆက်အသွယ်ရှိ၍စိတ်နှလုံးလည်း ကောင်းမွန်သည်။ ကိုယ်ခန်္ဓာလည်းကျန်းမာ၍ သေဘို့  အကြောင်းမရှိ။ ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၏ (က ၁း၃၁)။ ဘုရားသခင်က အကောင်းမြင်သော အရာများထဲ တွင် လူလည်းပါဝင်သည်။ ထို့ ကြောင့်ကောင်းကြီးပေးတော်မူ၏ (က ၁း၂၈)။ သို့သော် လူသည် အ ပြစ်လုပ်သော အခါသူ၏ကိုယ်ခန်္ဓာ၊ စိတ်၊ ၀ိညာဉ်သည် ပျက်စီး သွားသည်။


ကိုယ်ခန္ဓာ

လူ့ အမြင်၌ ကိုယ်ခန်္ဓာသည် ကောင်းသည်။ ကျန်းမာသည်ဟု ထင်တတ်သည်။ သို့ သော်ဘုရားအမြင်၌-သူ့ ကို အဘယ် သို့ ဒဏ်ပေး ရ ဦး မည်နည်း၊ အဘယ်သို့ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာ သက်သက်ရှိ၏။ နှလုံးသည်လည်းခွန်အားအလျှင်းမရှိ။ ခြေဖ၀ါးမှသည် ဦးခေါင်းတိုင်အောင်ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ထိခိုက်၍ ရောင်သောအနာ၊ ရိယွဲသောအနာ သက်သက်ရှိ၏-(ဟေရှာယ ၁း၅-၆)။

ဘုရားသခင်သည် ဣသရေလ လူမျိုးများကိုအကြိမ်ကြိမ် ဆုံးမ သော်လည်း နားမလည်နိုင်။ဒဏ်ခတ်သော်လည်း မထူးခြား။ မည်သို့ ပင်ဆုံးမ သော်လည်း မမှတ်တတ်။ သူတို့ ၏ကိုယ်ခန်္ဓာလည်း အနာသက်သက်ဖြစ်၍ ဘုရား အမြင်၌ ကျန်းမာခြင်း မ ရှိ၊ ထို့ နည်းတူ ကျွန်ပ်တို့ လည်း ဘုရားသခင်အမြင်၌ကျန်းမာ ခြင်းမရှိ၊ အချိန်မရွေးနာ နေ သော၊ နာနိင်သော ကိုယ်ခန်္ဓာပိုင်ရှင်များ ဖြစ်ြကသည်။

တဖန်အမျက်တော်ထွက်သောကြောင့်အကျွန်ပ်အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာ ခြင်း မရှိပါ။ အကျွန်ပ်ပြုမိသော ဒုစရိုက်တို့ သည်အကျွန်ပ်ခေါင်းကို လွှမ်းမိုး၍ လေးသောဝန်ကဲ့သို့ အကျွန်ပ် မထမ်းနိင်အောင် လေးကြပါ၏။

အကျွန်ပ်မိုက်သောအမှုကြောင့် အနာတို့ သည်နံစော်၍ယွဲလျက်ရှိကြပါ၏။ အကျွန်ပ်သည်ပြင်းထန်စွာခံရ၍ အလွန်နှိမ့်ချ လျက်ကြမ်းတမ်း သော အ၀တ်ကို ၀တ်လျက်တနေ့ လုံးသွားရပါ၏။အကျွန်ပ်ခါးသည် ပူလောင် သောအနာစွဲ၍အသားသည်လည်း ကျန်းမာခြင်း မရှိပါ။ နုန့် နဲ့  ခြင်း ကြေကွဲ ခြင်းရှို၍စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ် ရပါ၏(ဆာလံ ၃၈း၃-၈)။

ဆာလံ ဆရာ သည်လူ့ အမြင်၌ရောဂါသည်အနာစိမ်းသည်မဟုတ်ပါ။ ဘုရားသခင် အမြင်၌သာရောဂါသည် အနာစိမ်းသည် ဖြစ်သည်။ တကိုယ်လုံး မကျန်းမာခြင်းသည် ဘုရားသခင်အမျက်ထွက်သော ကြောင့်၎င်း၊ မိုက်သောအမှု ကြောင့်၎င်း၊ ဖြစ်သည်။ ထို့ နည်းတူ ကျွန်ပ်တို့ သည်လည်း ဘုရားသခင် အမြင်၌ တကိုယ်လုံးကျန်းမာခြင်းမရှိ ကြပါ။


စိတ်နှလုံး

လူသည်မိမိစိတ်နှလုံးကောင်းသည်ဟုထင်တတ်သည်။ စိတ်ချုပ်တီး နိင်မည်ဟုထင်တတ်သည်။ ကိုယ့် ကိုကိုယ် စိတ်ထား မွန်မြတ် ကြောင်း၊ သူတပါးကဲ့သို့ စိတ်ထားမယုတ်ကြောင်းပြောဆိုတတ်ကြသည်။ သို့ သော် စိတ် နှလုံး သည် လုံးဝ မကောင်းတော့ကြောင်း ကျမ်းစာ အားဖြင့် သိရသည်။

အပြစ်အစစိတ်နှလုံးမှ

ဘုရားသခင်သည်ကောင်းကင်တမန်မင်း (လူစီဖာ) ကိုအ ကောင်း ပကတိ ဖန်ဆင်းခဲ့သည်။ အလွန်လည်းချီးမြှောက်ခဲ့သည် (ယေဇကျေလ ၂၈း၁၂-၁ရ)၊ သို့သော်သူသည်စိတ်နှလုံးအထဲမှဘုရား ဖြစ်ချင်လာသည် (ဟေရှာယ
၁၄း၁၂-၁၅)။ ထို့ ကြောင့်သူ့ ကို ဘုရားသခင်က ခုတ်လှဲလိုက်သည်။ ထိုအခါ သူသည် ဘုရားသခင်၏ ရန်သူ တည်းဟူသော စာတန်အဖြစ်သို့ ရောက်သွားသည်။ လူစီဖာ သည် စိတ်နှလုံးအားဖြင့်စတင် ပျက်စီးသည်။ လူစီဖာ၏ စိတ်နှလုံး မှအပြစ်စတင်သည်။

လူ၏စိတ်နှလုံးသို့ ကူးစက်

ဘုရားသခင် ဖန်ဆင်းထား သော အာဒံနှင့်ဧ၀တို့ ၏ စိတ်နှလုံး များသည် အကောင်းပကတိ ဖြစ်ခဲ့သည်။ သို့ သော်စာတန်က ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကို စားလျှင်ဘုရားသခင်ကဲ့သို့ ဖြစ်မည်ဟုလိမ်ညာခဲ့သည်။ အာဒံနှင့်ဧ၀တို့ သည်ဘုရား သခင် ကဲ့သို့ ဖြစ်ချင်သော စိတ်ဖြစ်လာသည်။

ထို့ကြောင့် ကောင်း မကောင်း သိကျွမ်းရာ အသီးကိုစားကြသည်။ သူတို့ စိတ်နှလုံး လည်းယိုယွင်း ပျက်စီးသွားသည်။ သူတို့ မှ မွေးဘွားလာသောလူသားတိုင်းလည်း စိတ်နှလုံးယိုယွင်း ပျက်စီးပြီးသားနှင့် မွေးဘွားကြသည်။


အစဉ်မပျက်ဆိုးညစ်

မြေကြီးပေါ်တွင်လူအပြစ်ကြီး၍ စိတ်နှလုံးအကြံ အစည်ရှိသမျှ တို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင် သိမြင်တော်မူလျှင်မြေကြီးပေါ်မှာလူကို ဖန်ဆင်းတော်မူသည်ကို နောင်တ ရ၍နှလုံးတော်ပူပန်လျက်ရှိတော်မူ၏ (က၊ ၆း၅)။

အဘယ်ကြောင့်ဘုရားသခင်သည်လူကို ထိုသို့ မြင်ပါသနည်း။ ဘုရား သခင်သည် မကောင်းမြင်ဝါဒရှိသလော။ ဤအရာကို သိရှိနိင်ရန် ဥပမာအားဖြင့်ပြော ဘို့လိုသည်။ အစိုးရအမြင်မှာသူပုန်သည် အစဉ်မပျက် ဆိုးညစ်ခြင်း သက်သက်ရှိ သည်။ အကျင့်ကောင်း သော သူပုန်နှင့်အကျင့်ဆိုးသော သူပုန်သည် အစိုးရအမြင်၌ အတူတူပင်ဖြစ်သည်။ သူတို့ ၏အကျင့်ကြောင့်မဟုတ်၊ အစိုးရ၏အုပ်စိုးခြင်းကို မခံ သောကြောင့်သူ၏ ရန်သူဖြစ်သောကြောင့်ထိုသို့ မြင်ရခြင်းဖြစ်သည်။

ထို့ နည်းတူလူလည်းဘုရားသခင်၏အုပ်စိုးခြင်းကိုမခံ၊ မိမိကိုယ်ကို မိမိ အုပ်စိုးသောကြောင့်၎င်း၊ ဘုရားသခင်၏ ရန်သူစာတန်ကို ထောက်ခံ သောကြောင့် ၄င်း၊ ဘုရားသခင်၏ ရန်သူဖြစ်သည်။ ကျမ်းစာက-ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်း အားဖြင့် ငါတို့ သည်ဘုရားသခင် နှင့် မိဿဟာယဖွဲ့ ခြင်းကျေးဇူး ကိုခံရ သည်မှန်လျှင် - ဟုဆို သည်(ရောမ၊၅း၁၀)။ လူသည် ဘုရားသခင်၏ရန်သူ၊ သူပုန်ဖြစ်သည်။ဘုရား သခင်သည် မိမိရန်သူကိုအကောင်းမမြင်နိင်ချေ။

သူပုန်သည်အစိုးရအမြင်၌ ပြန်လည်ကောင်းလာဘို့ ရန်မှာအလင်းဝင်ဘို့ သာလျှင်ရှိသည်။ ထို့ နည်းတူ လူသည် ဘုရားသခင်၏ အမြင်၌ ပြန်လည် ကောင်းလာဘို့ ရန်မှာ လက်မြှောက်အရှုံးခံဘို့ရန်သာရှိသည်။ ကိုယ်ကျင့်တရား မည်မျှပင်ပြင်စေကာမူ ဘုရား၏ ရန်သူ ဘ၀ မကောင်းနိင်ပါ။


ယိုယွင်းပြီ

စိတ်နှလုံးသည် ခပ်သိမ်းသော အရာတို့ ထက် စဉ်းလဲတတ်၏၊ အလွန် ယိုယွင်းသော သဘောရှိ၏။စိတ် နှလုံး သ ဘောကို အ ဘယ်သူ သိနိင်သနည်း (ယေရမိ၊၁ရး၉)။ ဘုရားအမြင်၌စိတ်နှလုံးသည် ကောက်ကျစ် စဉ်းလဲ သည်။ အလွန် ယိုယွင်းနေပြီ ဖစ်သောကြောင့် ကောင်းကွက်မရှိတော့ပါ။ ယိုယွင်း နေသော အရာတခုသည်အသုံးပြု၍မရတော့ပါ။ လွှတ်ပစ်ဘို့သာ ရှိသည်။ ထို့နည်းတူ ယိုယွင်းနေပြီဖြစ် သော စိတ်နှလုံးသည်လည်းပြုပြင်၍မရပါ။ လွှတ်ပစ် ဘို့ရန်သာရှိသည်။


မကောင်းသောအရာသာထွက်

သူတို့၏လည်ချောင်းသည်ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်၏ (ရောမ ၃း၁၃)။ သင်္ချိုင်း တွင်း ဖွင့် လျှင်အပုပ်အနံ့ သာလျှင် ထွက်လာ မည်။ ထိုနည်းတူ လည်ချောင်းသည်စိတ်နှလုံး၏အ၀ဖြစ်၍ စိတ်နှလုံး မကောင်းသော ကြောင့် လည်ချောင်းမှ မကောင်းသောအရာများသာ ထွက်တတ်သည်။

သခင်ယေရှုက- ခံတွင်းမှထွက်သောအရာမူကားနှလုံးထဲမှထွက် လာ ၍လူကိုညစ်ညူးစေသောအရာဖြစ်သည်၊မကောင်းသောကြံ စည်ခြင်း။ လူအသက်ကိုသတ်ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ် နှင့်မှား ယွင်းခြင်း၊ သူ့ ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့ အသရေ ကိုဖျက်ခြင်းအရာတို့ သည်နှလုံးထဲမှ ထွက်လာ ၍လူကို ညစ်ညူးစေသော အရာဖြစ်ကြ၏-ဟုဆိုသည် (မ၏ဲ ၁၅း၁၈-၁၉)။

အပြစ်ဒုစရိုက်ဟူ သမျှကိုယ်ခန္ဓာအားဖြင့် လုပ်ရသော်လည်း ကိုယ်ခန္ဓာကို စေခိုင်းသောသူသည်စိတ်နှလုံးဖြစ်သည်။ စိတ်နှလုံး သည် ကောင်းပါက ကိုယ်လက် အင်္ဂါ များသည် အကောင်းကိုသာ ပြုလုပ်ကြမှာဖြစ်သည်။ ထို့ ကြောင့်ဘုရားသခင်က-ငါသည်စိတ်နှလုံးကို ကြည့်ရှုသော ဘုရားဖြစ်သည်-ဟုဆိုသည် (ယေရမိ ၁၁း၂၀။ ၁ရး၁၀။ ဆာလံ ရး၉။ ၁ ရာ ၁၆းရ)။ထာဝရဘုရားသည်လူ့ စိတ်နှလုံးကို စစ်ဆေးသောအခါလုံးဝမကောင်းကြောင်းတွေ့ ရသည်။


ကျောက်ကဲ့သို့ မာ

စိတ်နှလုံးသစ်ကိုငါပေးမည်၊ သဘောသစ်ကိုသွင်း ထားမည်။ သင်တို့ကိုယ်ခန်္ဓာထဲကကျောက် နှလုံးကိုနှုတ်၍ အသားနှလုံးကို ပေးမည်။ (ယေဇကျေလ ၃၆း၂၆)။ လူသည်မိမိစိတ်နှလုံးပြောင်းလဲဘို့ ကြိုးစားတတ် ကြသည်။ ပြောင်းလဲနိင်မည်ဟုလဲထင်တတ်သည်။ သို့  သော်ဘုရားသခင်က လူအထဲ၌ ကျောက်နှလုံးရှိ၍ထိုနှလုံးကိုထုတ်ယူ၍အသားနှလုံးနှင့်အစားထိုးမှသာ ရမည်ဟု ဆိုသည်။ ထိုသို့ အစားထိုး ရန် ဘုရားသခင်ကသာ တတ်နိင်သည်။ လူမတတ်နိင်။မိတ်ဆွေ၏စိတ်နှလုံးကိုဘုရားသခင်ကအစားထိုးပေးဘို့ သဘောတူပါသလား။


ဝိညာဉ်

ဘုရားသခင်သည် တိရစ်္ဆာန်များကို ၀ိညာဉ်မပါဘဲ ဖန်ဆင်းသည်။ သို့သော် လူကိုဖန်ဆင်းသောအခါဝိညာဉ်ထည့်ပေးထားသည်။ အကြောင်းမှာ ၀ိညာဉ်ရှိသော သူသည်ဘုရားသခင် ကိုကိုးကွယ်၍ မိဿဟာယဖွဲ့ ဘို့ ရန်ဖြစ်သည်။နံဝိညာဉ်ရှိသော သူတိုင်း ဘုရားသခင်ကို ကိုးကွယ်ဘို့ လိုသည်။ ကောင်းကင်တမန်များလည်း နံဝိညာဉ် ဖြစ်သောကြောင့် ဘုရားသခင်ကို ကိုးကွယ်ကြသည်။ လူတိုင်း နံဝိညာဉ် ရှိသောကြောင့် ဘုရားသခင်ကိုကိုးကွယ်ရမည်။ သို့ ဖြစ်၍ နံဝိညာဉ်ရှိသော လူသည် ဘုရားသခင်ကို မကိုးကွယ်လျှင်တိရစ်္ဆာန်ဖြစ်သည်။


ဝိညာဉ်ပိုင်းသေ

အာဒံနှင့်ဧ၀သည်အစပိုင်းကဘုရားသခင်နှင့်မိဿဟယဖွဲ့ နိုင်သည်။ ၀ိညာဉ် ရေးရာ၌ဘုရားနှင့် အဆက် အသွယ်ရှိခဲ့သည်။သို့  သော် အပြစ်ကြောင့် ဘုရားသခင်နှင့်အဆက်အသွယ် ပြတ်တောက်သွား ခဲ့သည်။ ဘုရားသခင်၏ ၀ိညာဉ်နှင့် လူ၏၀ိညာဉ် အဆက်အသွယ် မရှိသောကြောင့် ၀ိညာဉ်ပိုင်းဆိုင်ရာ၌ အသေဖြစ်သည်။ ၀ိညာဉ်ပိုင်း သေခြင်းသည် ကိုယ်ကာယ သေခြင်းနှင့်မတူ။ ကိုယ်ကာယ သေလျှင် ခံစားချက် မရှိတော့ချေ။ သို့ သော်ဝိညာဉ်သည် ခံစားချက် ရှိသေးသည်။ ၀ိညာဉ်သည် ခံစား ချက် မရှိပါက မီးငရဲအိုင်၌ဒုက်္ဓဆင်းရဲ ခံစရာ အကြောင်း မရှိ။ ၀ိညာဉ်ပိုင်းသေခြင်း သည် ဘုရား နှင့်အဆက် အသွယ်ပြတ်၍ဘုရား၏ အလိုတော်လည်း နားမလည်ခြင်း ဖြစ်သည်။

ဘုရားဆာငတ်

လူ. ၀ိညာဉ်သည် ဘုရားသခင် ကိုပြန်လည် ဆာငတ် နေသည်။ သမင်ဒရယ်တို့ သည်ရေစီးသော ချောင်း ကိုတောင့်တသကဲ့သို့ အကျွန်ပ် ၀ိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါသည်ဘုရား၊ ငါ့ဝိညာဉ် သည် ဘုရားသခင်တည်း ဟူသောအသက်ရှင်တော်မူသော ဘုရား ကိုငတ်လှ၏။ အဘယ်ကာလမှဘုရားသခင်အထံတော်သို့ ရောက်၍ မျက်နှာပြရအံ့နည်း (ဆာ၊၄၂း၁-၅)။

နွေ ခေါင် ခေါင် တောထဲတွင် စိမ်းစမ်းရေ များ ခန်းချောက်၍မြစ်ချောင်းများ ၌သာရေရှိတော့သည်။ထိုအခါသမင်ဒရယ်များသည် ရေအလွန်ဆာသောကြောင့် ရန်သူကိုပင်မမှုနိင် တော့ဘဲမြစ်ချောင်း ရှိရာသို့ ရေသောက်ဘို့ သွားတတ် သည်။ ထို့ နည်းတူလူ၏၀ိညာဉ်သည် ဘုရားသခင်ကို ငတ်လှသည်၊ လူ၏၀ိညာဉ်သည် ဘုရားသခင်ကိုငတ်သောကြောင့်အနီးဆုံးဖြစ်သော စိတ်သည် ငြိမ်သက်မှုမရှိနိင်ချေ၊ စိတ်နှလုးံ ငြိမ်သက်မှုရှိစေရန်အရက်၊ မူးယဇ်ဆေးဝါး၊ရုပ်ရှင်၊အပျော်အပါး၊ပွဲများ ငွေ၊ မိန်းမ ယောက်ျား၊အားကစား၊ နိင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး၊ ပညာရေး၊ အလုပ်၊ ၀ါသနာတခုခုဖြင့်ရှာဖွေကြသည်။သို့ သော် ထိုအ ရာများသည် ဆားရေ သောက် သကဲ့သို့ ပို၍ငတ်စေသည်။ စစ်မှန်သောငြိမ်သက်မှုကို မပေးနိင်။ အမှန်မှာ ၀ိညာဉ်ငြိမ်သက်မှု ရှိမှစိတ်ငြိမ်သက်မှုရရှိမှာဖြစ်သည်။

ထို့ကြောင့် မိတ်ဆွေအပါအ၀င် လူတိုင်း၏၀ိညာဉ်သည် ဘုရားသခင်ကို ဆာငတ်လျက်ရှိသည်။ မိတ်ဆွေ၏၀ိညာဉ်သည် ဘုရားသခင် နှင့်တွေ့ မှသာ တင်းတိမ် ရောင့်ရဲ မှာ ဖြစ်သလိုထာဝရ အသက်လည်း ရရှိမှာဖြစ်သည်၊ သို့ သော် အရေးကြီး သည်မှာ မိတ်ဆွေ သည် ကိုယ်ခန်္ဓာအသက်ရှင်စဉ်သာ ဘုရားသခင်နှင့် တွေ့ဘို့ရန် အခွင့် ရှိသည်။ ကိုယ်ခန်္ဓာ သေ ပြီး မှ ဆို လျှင် အလွန် နောက်ကျသွား ပြီဖြစ်သည်။ ထို့ ကြောင့်မိတ်ဆွေမသေမှီမိတ် ဆွေ၏၀ိညာဉ်သည် ထာဝရဘုရားနှင့် တွေ့ဘို့လိုကြောင်း အသိပေးလိုသည်။


သင်ခန်းစာ (၁၀) မှမေးခွန်းများ


၁။ ဘုရားသခင်က လူ၏ခန်္ဓာ စိတ် ၀ိညာဉ်ဖန်ဆင်းစ၌မည်ကဲ့သို့ ရှိခဲ့သနည်း။ ---------------------------

၂။ လူ၏ခန္ဓာသည်အဘယ်ကြောင့်နံစော်၍ရိယွဲလျက်ရှိသနည်း။---------

၃။ မိတ်ဆွေသည်ဘုရားအမြင်၌ကျန်းမာပါသလား။ -------------------

၎။ အပြစ်၏အစသည်အဘယ်ကဖြစ်သနည်း။---------------------

၅။ မည်သူ၏စိတ်နှလုံး၌ အပြစ်စသနည်း။-----------------------

၆။ လူ့ စိတ်သည်အစဉ်မပြတ်မည်ကဲ့သို့ ရှိသနည်း။---------------

ရ။ လူကိုမည်သည့်အရာကညစ်ညူးစေသနည်း။-----------------

၈။ ကျောက်ကဲ့သို့မာသောစိတ်သဘော အစားဘုရားသခင်ကမည်ကဲ့သို့သော စိတ်ကိုပေးမည်နည်း။------------------

၉။ ၀ိညာဉ်ပိုင်းသေခြင်းသည်မည်သူနှင့်အဆက်ပြတ်ခြင်းဖြစ်သနည်း--------------------------------------------

၁၀။ လူ၏၀ိညာဉ်သည်မည်သူကိုဆာငတ်သနည်း။ ----------------------

Share:

ပြည့်တန်ဆာနှဖူး

သင်ခန်းစာ (၉)
ပြည့်တန်ဆာနှဖူး
သင်ခန်း စာ (၈) ၌ လူ သည် ထာဝရ ဘုရား အမြင် တိရစ္ဆာန်နှင့်ပိုးမွှား များသာဖြစ်ကြောင်းသင်ခဲ့ရပြီ။ ယခုလူသည်ဘုရား သခင် အမြင်က ပြည့်တန်ဆာ နဖူး ရှိကြောင်း လေ့လာကြစို့ ။


ဘုရားသခင်ကိုသာ ချစ်ဘို့ 

ဣသရေလလူမျိုးများသည်ဘုရားသခင်ကိုသာချစ်ဘို့ ဘုရားသခင် ပညတ် ထားသည်။ တရား ၆း၅၌ -သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ။အစွမ်းသတ်္တိရှိသမျှနှင့်ချစ်လော့ - ဟုမှာထားသည်။ စိတ်နှလုံး အကြွင်းမဲ့နှင့်ချစ်ခြင်းဆိုသည်မှာ ရီးစား ကို စိတ်နှလုံးအကြွင်းမဲ့ နှင့်ချစ်ပြီးလျှင် အခြားသောသူများကို မချစ်နိင်တော့ချေ။ ထို့နည်းတူ ဘုရားသခင်ကလည်း သူ့ ကို ဣသရေလ လူမျိုးများက ချစ်စေချင်သည်။


ဘုရားသခင်၏မိန်းမ

ဘုရားသခင်၌မိန်းမရှိ သလော ဟုမိတ်ဆွေ အံ့သြပေလိမ့်မည်။ သို့ သော် ဣသရေလနှင့်ယုဒလူသည်ဘုရားသခင်၏ မိန်းမများ ဖြစ်ကြသည်။ သင့်ကို ဖန်ဆင်းတော် မူသော သူသည်သင်၏လင်ဖြစ်တော်မူ၏ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ပေတည်း -ဟုဆိုထားသည် (ဟေ ရှာ၊ယ၅၄း၅)။ ဟောရှေ ၂း၁၆ လည်း- ထာဝရဘုရားမိန့် တော်မူသည်ကား ထိုကာလ၌ သင်သည် ငါ့ကို သခင်ဟု မခေါ်ရ ခင်ပွန်းဟူခေါ်ရမည်-ဟုဆို ထားသည်၊ ယေရမိ ၃း၂၀ - အို ဣသရေလအမျိုး မယားသည် မိမိ ခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့  အကယ်စင်စစ်သင်တို့ သည် ငါ၌သစ်္စာဖျက်ကြပြီ - ဟု ထာဝရဘုရားမိန့် တော်မူ၏။ ထို့ ကြောင့် ထာဝရဘုရား၏ မိန်းမသည် ဣသရေလ လူမျိုးများဖြစ်သည်။


ခင်ပွန်းကို ချစ်သည်

ဘုရားသခင်သည်မိမိခင်ပွန်း ဣသရေလကိုအလွန်ချစ်သည်၊ဟေရှယ ၅၄း၁၀ ၌-တောင်ကြီးတို့ သည်ရွေ့၍ တောင်ငယ်တို့  သည်လှူပ်ရှား သော် လည်း ငါ၏မေတ်္တာ သည် သင်မှမရွေ့ရ- ဟုထာဝရဘုရား ဆိုသည်။တရား ဟောရာ ၇း၇၌လည်း-သင်သည်အခြား သောလူမျိုးထက်သာ၍များသော ကြောင့် ထာဝရဘုရားသည်သင့်ကိုချစ်၍ရွးချယ်တော်မူသည်မဟုတ်။ ထာဝရဘုရား သည် သင့်ကိုချစ်သော ကြောင့်၎င်း-သင့်ကိုချစ်၍ ရွေးနှုတ် ဆောင် ယူ ခဲ့တော်မူပြီ-ဟုဆိုသည်။ တဖန် တရားဟောရာကျမ်း ၂၃း၅ ၌လည်း-သို့ ရာတွင် သင်၏ ဘုရားသခင်ထာဝရဘုရားသည် ဗာလမ်၏ စကားကို နားမထောင် သင့် ကိုချစ်သောကြောင့် ကျိန်ဆဲခြင်းကို သင်၌ကောင်းကြီး မင်္ဂလာ ဖြစ်စေတော်မူ၏ဟု ဆိုသည်။


ပြည့်တန်ဆာလုပ်

ဘုရားသခင်သည် ဣသရေလကိုအလွန်ချစ်သည်။ ထို့ ကြောင့် အဲဂုတ်္တု ကျွန်မှ လွတ်မြောက်စေ၍ နို့ နှင့် ပျားရည်စီးသောပြည်သို့  ပို့ဆောင်ကာ ကောင်းကြီးပေးခဲ့သည်။ ဘုရားသခင်သည် ဣသရေလကိုအလွန်ချစ်သကဲ့သို့  ဣသရေလကလည်းသူ့ ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်စေချင်သည်။ သို့သော် ဣသရေလသည် ဘုရားသခင်ထက် ရုပ်တုများကို သာ၍ ချစ်သည်၊ ကိုးကွယ်သည်။
ဘုရားသခင်အမြင်၌ရုပ်တုကိုးကွယ်ခြင်းသည် ရုပ်တုနှင့်မှားယွင်းခြင်း ပြည့်တန်ဆာလုပ်ခြင်း ဟုဆိုလိုသည်။ ဘုရားသခင်ထက် ရုပ်တုကိုချစ်သောကြောင့် ဖြစ်သည်။ ထို့ ကြောင့်ဘုရားသခင်က ယေရမိ ၃း၁-၃ ၌-ယောက်ျား စွန့် ပစ် သော မိန်းမသည် ထွက်သွား၍ အခြားသောသူ၏မယားဖြစ်ပြီးမှ အရင် လင်သည် ထိုမိန်းကိုပြန်၍ ယူသင့်သလော။ ထိုသို့ ပြုသောပြည်သည် ညစ်ညူးသည် မဟုတ်လောဟု ဆိုလေ့ ရှိလျက်နှင့် သင်သည်များစွာသော ရည်းစားတို့ ၌ မှီဝဲမှားယွင်းသော်လည်းငါထံသို့ ပြန်လာပါဟုထာဝရ ဘုရား မိန့် တော်မူ၏။ မြင့်သောအရပ်ကိုမျှော်ကြည့်၍လင်မနေဘူးသော အရပ်တစုံတခုကို ရှာလော့။ အာရပ်လူသည် တောကစောင့်သကဲ့သို့ သင်သည် လမ်းတို့ ၌ စောင့်နေ၍မတရားသောမေထုန်အားဖြင့်၎င်း၊ အဓမ်္မအမှုများ အားဖြင့်၎င်း၊ ပြည်ကိုညစ်ညူးစေပြီ။ မိုးခေါင်၍ နောက်မိုး တိုင်အောင် မရွာ သော်လည်း သင်တို့ သည်ပြည့် တန်ဆာနဖူးရှိ၍ှုရှက်ခြင်း သဘောကိုပယ်ရှားပြီ -ဟုဆိုသည်၊ယောက်ျားစွန့် ပစ်သောမိန်းမသည် ဣသရေလ ကိုဆိုလိုသည်။ အရင်လင်သည် ဘုရားသခင်ကို ဆိုလိုသည်။ အခြားသောသူ၏မယားဆိုသည်မှာ ဣသရေလသည် ဘုရားသခင်နှင့် ကွာ၍ ရုပ်တုများနှင့်မှားယွင်းသောကြောင့် ရုပ်တုများသည်အခြားသောသူ ဖြစ်သည်။ ဣသရေလ၏များစွာသော ရည်းစားသည်လည်း ရုပ်တု များ ပင်ဖြစ်သည် မြင့်သော အရပ် သည်တောင်ကုန်း များကိုဆိုလိုသည်။ တောင်ကုန်း များပေါ်၌ရုပ်တုများကို တည်ထားကိုးကွယ်ကြသည်။ ဣသရေလများကိုဘုရားသခင်သည် မိုးခေါင်စေခြင်း အားဖြင့်ဒဏ်ခတ်သော်လည်းမမှတ်ဘဲ ဆက်၍ရုပ်တုကို ကိုးကွယ်နေကြသေးသည်။ ထို့  ကြောင့်ဘုရားသခင်အမြင်၌ သူတို့ သည်ပြည်တန်ဆာများ ဖြစ်ကြသည်။ သူတို့ နဖူးသည်လည်းပြည့်တန်ဆာနဖူးဖြစ်သည်။


ပြည့်တန်ဆာ မိန်းမ ယူခိုင်း

ဣသရေလလူများသည် ပြည့်တန်ဆာ လုပ် သောကြောင့်ထာဝရဘုရား သခင်က ပရောဖက် ဟောရှေအား သင်သွား၍ ပြည့်တန်ဆာမိန်းမနှင့် တကွသူဘွားမြင်သော သားသမီးတို့ ကိုသိမ်းပိုက်လော့။အကြောင်းမူကား ပြည်သူပြည်သားတို့ သည် ထာဝရဘုရားကို စွန့် ပြစ်၍ အထပ်ထပ် မှား ယွင်းကြပြီဟုဟောရှေအားမှာထားတော်မူသည့်အတိုင်း ဟောရှေသည် သွား၍ ဒိဗလိမ်၏သမီး ဂေါမာကို သိမ်းပိုက်သည်-(ဟောရှေ ၁း၁-၃)။
ဟောရှေသည် ထာဝရဘုရား၏ပရောဖက်ဖြစ်သည်။ ထာဝရဘုရား၏ အမှုဆောင်သည် သန့် ရှင်းရသည်။ ပြည့်တန်ဆာကို မယူသင့်။ ယနေ့ ပြည့်တန်ဆာကို ယူသော တရားဟောဆရာကိုမိတ်ဆွေလက်ခံနိင်ပါမည်လော။ သူ၏ တရားဟောချက် များကို နာခံ နိင် ပါမည်လော။ သို့ သော်ဘုရားသခင်သည် အလွန်စိတ်နာသောကြောင့် ဟောရှေအား ပြည့်တန်ဆာမကိုယူခိုင်းသည်။ ဣရေလလူများ လည်း ဒိဗလိမ်သမီးဂေါမာကဲ့သို့  ပြည့်တန်ဆာများဖြစ်ကြသည်။


ယောက်ျား စွန့် ပစ်

ဣသရေလသည်ဘုရားကိုစွန့် ပစ်သည်။ ထို့ ကြောင့်ယောက်ျား စွန့် ပစ် သော မိန်းမဟုဆို သည် (ယေရမိ ၃း၁)။ဣသရေလ လူများကို ဘုရားသခင်က ပြန်လည်ခေါ်သော်လည်းမလာ။ ထို့ ကြောင့်ရှောလမုန် မင်း၏သား ရောဗောင်မင်း လက်ထက်တွင် ဘုရားသခင်က နိင်ငံတော်ကို နှစ်ချမ်းခွဲလိုက်သည်၊ မြောက်ဖက် နိင်ငံကို ဣသရေလဟူ၍၄င်း၊ တောင်ဖက်နိင်ငံ ကိုယုဒဟူ၍၄င်း ခေါ်သည်။ ဘုရားသခင်က ဣသရေလကိုအမ။ ယုဒကို ညီမ ဟုခေါ်သည်။ ဣသရေလ သည် ပြည့်တန်ဆာလုပ်၍ဘုရားသခင်၏စွန့်ပစ်ခြင်းခံရသော်လည်း ညီမ ယုဒသည် မမှတ်ဘဲ နေကြောင်းကို ဘုရားသခင်က -ဖေါက်ပြန်သော ဣသရေလ အမျိုးပြုသောအမှုကို သင်မြင်ပြီ လော၊မြင့်သော တောင်ရှိသမျှသို့ တက်၍၄င်း၊ စိမ်း သော သစ်ပင်ရှိသမျှ အောက်၌၄င်း၊ ပြည့်တန်ဆာ လုပ်လေပြီ။ သူသည်ထို အမှု အလုံးစုံတို့ကို ပြုပြီးမှ ငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း သူသည်ပြန်မလာ၊ ထိုအမှုကို သူ၏ညီမ သစ်္စာပျက်သော ညီမ ယုဒသည် ကြည့် မြင် လေ၏။ ဖေါက်ပြန် သော ဣသရေလသည် မတရား သော မေထုန်ကိုပြု၍ မှားယွင်း သောအပြစ်များကြောင့် သူနှင့်ငါကွာ၍ ဖြတ်စာကိုအပ်သော် လည်းသစ်္စာ ပျက်သော ညီမယုဒသည်လည်း မကြောက်ဘဲ ပြည့်တန်ဆာ လုပ်ကြောင်း ကိုငါမြင်ရ၏။ သူသည်မတရားသော မေထုန်ကိုပြု၍ အလွန်လော်လည် သောအားဖြင့် ပြည်ကို ညစ်ညူးစေ၍ကျောက်နှင့်၎င်းသစ်တုံးနှင့်၎င်း မှားယွင်းလေ၏။ ထိုမျှလောက် အပြစ်ရှိသော်လည်း သစ်္စာပျက်သော ညီမယုဒသည် ငါထံသို့  စိတ်နှလုံးအကြွင်းမဲ့ပြန်မလာ၊ ပြန်လာဟန် ဆောင်သည်ဟု ထာဝရဘုရားမိန့် တော်မူ၏။ (ယေရ ၃း၆-၁၀)။


ပြစ်ဒဏ်

ဘုရားသခင်သည်ခေတ်အဆက်ဆက်၌နည်းအမျိုးမျိုးဖြင့်ဣသရေလကို ဒဏ်ခတ် သော်လည်းမမှတ်ကြ။ ဆက်လက်မှားယွင်းကာ ရုပ်တုများအခြားသော ဘုရားများကိုသာ ကိုးကွယ်မြဲ ကိုးကွယ် ကြသည်။ ထို့ ကြောင့်နောက် ဆုံး၌ဘုရား သခင်သည် ဣသရေလအမျိုး ကို အာရှုရိလက်၌၄င်း(၄ရာ၊၁ရ)ယုဒအမျိုးကို ဗာဗုလုန်လက်၌၄င်း (၄ ရာ၊၂၄-၂၅) အပ်ထား၍ကျွန်ခံစေသည်။ ထိုနောက်ပိုင်း၌ သူတို့သည်ကိုယ့်မင်း ကိုယ့်ချင်းနှင့်မနေနိင်တော့ဘဲတိုင်းတပါး၏ အုပ်စိုးခြင်းကို၎င်း၊ တိုင်းနိင်ငံအရပ်ရပ်၌ ထွက်ပြေး၍လူအမျိုးမျိုးတို့၏ နှိပ်စက်ခြင်းသတ်ဖြတ်ခြင်းကို ယနေ့ တိုင်အောင် ခံစားရကြသည်။ ဣသရေလလူမျိုးများကိုဘုရားသခင်သည် မဟာမေတ်္တာဖြင့် ချစ်၍ ကမ္ဘာပေါ်၌ အကောင်းဆုံး လူမျိုးဖြစ်ဘို့ အကြံရှိသော်လည်း အထူးသဖြင့်ရုပ်တုကိုးကွယ်သောကြောင့် သူတို့ ၏သမိုင်း တလောကလုံး၌ အလွန် ဆိုးဝါး သော အိပ်မက်များကဲ့သို့ ကြေကွဲဝမ်းနည်းဘွယ် ရင်တထိတ်ထိဖြင့် နေရကြ သည်။


ကျွန်ပ်တို့ ၌

ဓမ္မသစ်ကျမ်း၌ သားတော် ကိုယုံကြည်သောသူများသည်ခရစ်တော်၏ မိန်းမဖြစ်ကြရမှာဖြစ်သည်။ သို့ သော်လည်း ကျွန်ပ်တို့  လည်း ဣသရေလ လူမျိုးများ ကဲ့သို့ မှားယွင်းကြပြန်ပြီ။ ဘုရားသခင် ကိုစိတ်နှလုံးအကြွင်းမဲ့ ချစ်ခိုင်းသော်လည်း မချစ်ကြ (မဿ၊ဲ ၂၂း၃ရ-၃၉၊ မာကု ၊၁၂း၃၀-၃၁)။ ဘုရားသခင်ထက်လောက အရာများကိုသာ၍ ချစ်ကြသည်။ လောကကိုချစ်သောသူသည်ခမည်း တော်ကို ချစ်ခြင်း မေတ္တာမရှိ (၁ ယော ၊၂း၁၅)။ ထို့ ကြောင့်ကျွန်ပ်တို့ သည်ဘုရား သခင်ထက်သာ၍ချစ်သောအရာများနှင့်ပြည့်တန်ဆာလုပ်ကြပြီ။ လောဘ လွန်ကျူးခြင်းဖြင့် ရုပ်တုကိုးကွယ်ကြပြီ (ဧဖက် ၊၅း၅)။ ၀မ်းဘုရားကိုကိုးကွယ် ကြ ပြီ (ဖိလိ၊ ၃း၁၉)။ ထို့ ကြောင့်ကျွန်ပ်တို့  သည်လည်း ဣသရေလလူများကဲ့သို့ ဖေါက်ပြန်၍ ပြည့်တန်ဆာလုပ်ကြပြီ။ ပြည့်တန်ဆာနဖူးရှိကြသည်မဟုတ်လော။ ကျမ်းစာကဤသို့  ဆိုသည်-သူတို့  သည် ပျက်ဆီးခြင်း၌လမ်းဆုံးတတ်ကြ၏။ သူတို့ ၏ဘုရားမူကားမိမိတို့ ဝမ်းပေတည်း၊မိမိတို့ ရှက်ကြောက်ဘွယ်သော အကျင့်၌သာ မိမိတို့  ၀ါကြွားကြ၏။ လောကီ အ ရာတို့ကိုသာ စိတ်စွဲ လန်းခြင်းရှိကြ၏ (ဖိလိ ၊၃း၁၉)။


သင်ခန်းစာ (၉)မှမေးခွန်းများ

၁။ ဣသရေလလူများသည်ဘုရားသခင်ကိုမည်သို့ ချစ်ရမည်နည်း။------------

၂။ ဘုရားသခင်၏ မိန်းမများသည်အဘယ်သူနည်း။----------------------

၃။ ဘုရားသခင်သည်ဣရေလကိုအဘယ်ကြောင့်ချစ်သနည်း။-----------------

၎။ ဣသရေလသည်ဘုရားထက်အဘယ်အရာကိုချစ်သနည်း။----------------

၅။ ရုပ်တုနှင့်မှားယွင်းခြင်းသည်ဘုရားအမြင်၌အဘယ်အရာလုပ်ခြင်းဖြစ်သနည်း။----------------------

၆။ ဣသရေလများသည်မည်သည့်နဖူးရှိသနည်း။---------------

ရ။ ဘုရားသခင်သည်မည်သူကိုပြည့်တန်ဆာယူခိုင်းသနည်း။-----------------

၈။ ရောဗောင်လက်ထက်၌နိင်ငံတော်မည်ကဲ့သို့ ဖြစ်သွားသနည်း။------------

၉။ ဣသရေလနှင့်ယုဒသည်မည်သူ့ ကျွန်ခံသနည်း။-------------------------

၁၀။ ကျွန်ပ်တို့ အဘယ်ကြောင့်ပြည့်တန်ဆာနဖူးရှိသနည်း။--------------------

Share:

တိရစ္စာန်နှင့်ပိုးမွှားများ


သင်ခန်းစာ (၈)

တိရစ္ဆာန်နှင့် ပိုးမွှားများ

သင်ခန်းစာ (ရ)၌ လူသည် စာတန် သားသမီး ဖြစ်ကြောင်း သင်ခဲ့ရပြီ။ စာတန်သားသမီး ဖြစ်ကြသောကြောင့်စာတန် ကဲ့သို့  သောအကျင့်ရှိကြသည်။ နိဂုံးလည်းစာတန်နှင့်အတူ ငရဲအိုင်ထဲသို့ သွားရမှာဖြစ်သည်။ ဆက်လက်၍လူ့ အမျိုးသည် ဘုရားအမြင်၌ တိရစ္ဆာန်နှင့်ပိုးမွှားများသာ ဖြစ်ကြောင်းသင်ကြ ရမှာဖြစ်သည်။


တိရစ္ဆာန်ဖြစ်

လူသည်ကိုယ့်ကိုယ်ကိုအဟုတ်ကြီးထင်မှတ်တတ်သော်လည်းဘုရားသခင်ရှေ့ လူမဟုတ်။ တိရစ်္ဆာန်မျှသာဖြစ်သည်၊ သင်ခန်းစာ (၃)ကလူသည်ကိုယ်ခန်္ဓာစိတ် ၀ိညာဉ် သုံးပိုင်း အသက်ရှင်လှုပ်ရှားမှသာလျှင်ဘုရားသခင်အမြင်က လူဖြစ်ကြောင်း သင်ခဲ့ ရပြီ။ သို့  သော် ကိုယ်ခန္ဓာ စိတ် သာ အသက်ရှင်သောသူသည် တိရစ်္ဆာန်ဖြစ်သည်၊ ထို့ ကြောင့် သုတ္တံ ဆရာက- အကယ်စင်စစ်ငါသည်လူမဟုတ်၊ တိရစ္ဆာန် ဖြစ်၏၊ လူဥာဏ်နှင့်မပြည့်စုံဟုဆိုသည် (သုတ္တံ၊ ၃၀း၂)။


ခွေးဖြစ်သည်

ခွေးသည်မိမိအန်ဖတ်ကိုပြန်၍စားတတ်သည် (၂ ပေ၊၂း၂၂)။ ထိုနည်းတူလူလည်းမိမိစွန့် ပြီးသောအပြစ်ကိုပြန်လုပ်တတ်သည်။


ဝက်ဖြစ်သည်

ဝက်သည်လည်းဆေးပြီးမှရွှံ့တွင်လူးပြန်သည်(၂ပေ ၂း၂၂)၊ ၀က်သည်ရွှံ့ကိုကြိုက်သကဲ့သို့  လူသည် ညစ်ညူးသော အရာကို ကြိုက်နှစ်သက်သည်။ ထိုအရာများကိုစွန့် ပြီးမှပြန်ကျင့်တတ်သည်။ ထို့ ကြောင့်လူသည်ဝက်ကဲ့သို့ ဖြစ်သည်။


လူနှင့်တိရစ္ဆာန် တူညီချက်များ

(၁) ပျက်စီးခြင်းသို့ ရောက်တတ်သည်၊ ထင်ရှားသောအရာဟူမူကား။ ပညာရှိသောသူတို့သည် သေတတ်ကြ၏၊ ထိုအတူ မိုက်သောသူနှင့် တိရစ်္ဆာန် သဘောရှိသောသူတို့ သည်ပျက်စီးခြင်းသို့ ရောက်၍မိမိတို့ ဥစ်္စာကိုသူတပါးတို့ အားချန် ထား ကြ၏- (ဆာလံ ၄၉း၁၀)။ တိရစ်္ဆာန်သည် သေဆုံး၍ပျက် စီး ခြင်းသို့ ရောက် သကဲ့သို့  လူသည်လည်း သေ ဆုံး၍ပျက်စီးခြင်း သို့  ရောက်တတ်သည်၊

(၂) လူမည်သည် ကားမိမိ ဥာဏ်အား ဖြင့်တိရစ္ဆာန်ကဲ့သို့ ဖြစ်၏ (ယေရမိ ၅၁း၁ရ)။ လူသည် ကိုယ်ကိုယ် ကိုဥာဏ်ကောင်း သည်ဟု ထင်တတ် သော်လည်း ဘုရားသခင်ရှေ့ ၌တိရစ္ဆာန်ဥာဏ်မျှသာရှိသည်။ တိရစ္ဆာန် များသည်စားသောက်ဘို့ ရန်သာ စဉ်းစားသကဲ့သို့ လူသည်လည်းစားသောက်ဘို့ သာစဉ်းစားတတ်သည်။ တိရစ္ဆာန် များ သည်ကိုယ်ကျိုးကိုသာကြည့်တတ် သကဲ့သို့ လူသည်လည်း ကိုယ်ကျိုး ကိုသာ ကြည့်တတ်သည်။

(၃)တိရစ်္ဆာန်များသည် ဘုရားသခင်ကိုမကိုးကွယ်ကြ။အစာစား သောအခါ ၌လည်းကျေးဇူး တော်မချီးမွမ်းကြ။သူတို့  ကို ဖန်ဆင်းသော အရှင်ကို မသိကြ။ ထိုနည်း တူလူလည်းမိမိဖန်ဆင်းရှင်ကိုမသိကြ။ ထာဝရဘုရား ကိုကိုး ကွယ်ခြင်း။ ကျေးဇူးတော်ကို ချီးမွမ်းခြင်းမပြုကြ။ ကိုးကွယ်သောသူများလည်းဟန်ပြသာ လျှင်ကိုးကွယ်ကြသည်။ စိတ်နှလုံးမူကားဘုရားသခင်နှင့်ဝေးလှ၏ (မ၊၁၅းရ-၉)။

ဗာဗုလုန်ရှင်ဘုရင်နေဗုခ်နေဇာသည် ဘုရားသခင်၏ချီးမြှောက်ခြင်း ခံခဲ့ရသော်လည်း ကိုယ့်ကိုယ်ကို အထင်ကြီးလျက် ဘ၀င်မြင့်သောအခါထာဝရ ဘုရားက တိရစ်္ဆာန်စိတ်ပေါက်စေလျက်တိရစ်္ဆာန်ကဲ့သို့ တောထဲ၌ခုနှစ်နှစ်နေရသည်။ ခုနှစ်နှစ်ပြည့်သောအခါ ထာဝရဘုရားကိုပြန်လည်ချီးမွမ်း၍လူစိတ်ပြန်ဝင်ကာ လူစုထဲ၌အာဏာ ပြန် လည်တည်မြဲ သည် (ဒံယေလ ၄း၂၈-၃ရ)။ ထိုသို့  ဘုရား သခင် ဖြစ်စေခြင်းမှာ လူ သည်တိရစ္ဆာန် ကဲ့သို့ ဖြစ်၍ဘုရားသခင်ကို ကိုးကွယ်ချီးမွမ်း မှသာလူဖြစ်ကြောင်းသိစေဘို့ ရန်ဖြစ်သည်။


ပိုးမွှားမျှသာ

လူသည် တိရစ္ဆာန်ကဲ့သို့ ဖြစ်သည်သာမကဘုရားအမြင်ပိုးမွှားး မျှသာဖြစ် ကြောင်းကိုကျမ်းစာအားဖြင့်သိရှိရသည်၊ ကျမ်းစာက- သို့ဖြစ်၍ လူသည် ဘုရား သခင်ရှေ့၌ ကုသိုလ်ကိုအဘယ်သို့ရနိင်သနည်း၊ လူမိန်းမ ဘွားမြင် သော သူသည် အဘယ်သို့သန့် ရှင်းနိင် သနည်း၊ လသော်လည်းအလင်း မရှိ။ ကြယ်သော်လည်းရှေ့ တော်၌မဖြူစင်။ ထိုမျှမကတီကောင် ဖြစ်သောလူ၊ ပိုးရွ ဖြစ်သောလူသားကို အဘယ် ဆိုဘွယ်ရာ ရှိသနည်း(ယောဘ ၊၂၅း၎-၆)။


တီကောင်

လူသည်ဘုရားသခင်ရှေ့၌တီကောင်ဖြစ်သည်၊လူနှင့်တီကောင် တူညီသော အချက်များမှာ-

(၁) ရွံစရာကောင်းခြင်း။ တီကောင်သည် ရွံစရာကောင်းသကဲ့သို့ လူသည် ဘုရားသခင်ရှေ့ ရွံစရာကောင်းသည်၊ တီကောင်ကမိတ်ဆွေထံ မိမိအသက်စွန့်  လျက်စား ဘို့ ရန်သော်၎င်း၊ စေခိုင်းဘို့ ရန်သော်၎င်း၊ ဆက်ကပ်ပါက မိတ်ဆွေ လက်ခံနိင်ပါမည်လော။ ထိုနည်းတူရွံစရာကောင်းသော လူသားများ၏ ဆက်ကပ် ခြင်းကိုဘုရားသခင်နှစ်သက်လက်ခံတော်မမူ။

(၂) မြေကြီး ကိုကြိုက် နှစ်သက်၊ တီကောင်သည် မြေကြီးကိုကြိုက်နှစ်သက်၍ မြေကြီးကိုသာ စားသကဲ့သို့ လူသည်လည်း ကောင်းကင် အရာထက် မြေကြီးအရာ ကိုသာ စွဲလန်း နှစ်သက်သည်။

(၃) မြေကြီးသာရှိ၊ တီကောင်၏၀မ်းထဲ၌မြေကြီးသာ ရှိသကဲ့လူ၏ စိတ်နှလုံး ထဲ၌လည်းမြေကြီးအရာသာရှိသည်။

(၄) မြေကြီးထဲ၌နေ၊ တီကောင်သည် မြေထဲ၌နေသကဲ့သို့ လူသည်လည်း မြေကြီး အရာ ထဲ၌သာပျော်မွေ့ သည်။

(၅) မည်သူကိုမျှမနိင်၊ တီကောင်သည်မည်သူ့ ကိုမျှမနိင်သကဲ့သို့ လူသည်လည်း စာတန်၊ အပြစ်၊အနာရောဂါ၊ သေခြင်းတို့ ကိုမနိင်။


ပိုးရွ

ပိုးရွသည်လောက်ကောင်များကိုဆိုလိုသည်။လောက်ကောင်နှင့်လူ တူညီသော အချက်များ။

(၁) ပိုးရွသည်ရွံစရာကောင်းသကဲ့သို့ လူလည်းရွံစရာကောင်းသည်။

(၂) ပိုးရွသည် အ ပုပ် အနံ့ များ ကြိုက် သကဲ့သို့  လူလည်းမကောင်းသော ဒုစရိုက် အပြစ်များကိုကြိုက်နှစ်သက်သည်။

(၃) ပိုးရွသည်ညစ်ညူးသောနေရာ၌နေသကဲ့သို့ လူသည်ဒုစရိုက်နှင့် ညစ်ညူး သောနေရာ၌ပျော်မွေ့ တတ်သည်၊ ဘုရားတရား ပြောဆိုသော နေရာ၌မပျော်တတ်၊

(၄) ပိုးရွ၏အထဲ၌ရွံစရာ သာ ရှိသကဲ့သို့  လူ၌စိတ်နှလုံးသည်အလွန်ရွံစရာ ကောင်းသည်။ ထို့ ကြောင့် မိတ်ဆွေသည်အရပ်ရှည်ပါက တီကောင် ရှည်ရှည်၊ ပိုးရွရှည်ရှည်ဖြစ်သည်။ မိတ်ဆွေသည်ဝပါက ပိုးရွ၀၀၊ တီကောင်၀၀ဖြစ်သည်။ မိတ်ဆွေသည် ပိန်ပါက တီပိန်လောက်ပိန် ဖြစ်သည်၊ တီကောင်နှင့်ပိုးရွသည် လူအတွက်အသုံးမ၀င်သကဲ့သို့လူသည်လည်း ဘုရားသခင်အတွက်အသုံးမ၀င်ချေ၊ သို့ သော် လူသည် မိမိ အခြေအနေကိုမသိသောကြောင့်ဘုရားသခင်ထံ၌ဆက်ကပ် လှူဒါန်းခြင်းအားဖြင့် မျက်နှာရဘို့  ကြိုးစားတတ်ကြသည်။


သင်ခန်းစာ (၈) မှမေးခွန်းများ

၁။ ကိုယ်ခန်္ဓာနှင့်စိတ်သာအသက်ရှင်လှူပ်ရှားသောသူသည်လူ ဖြစ်သလော တိရစ်္ဆာန်ဖြစ်သလော။ --------------------------

၂။ ခွေးသည်မိမိအံဖတ်ကိုပြန်စားတတ်သကဲ့သို့ လူသည်ဘာလုပ်တတ် သနည်း။---------------------

၃။ ၀က်သည်ရွှံ့ကိုကြိုက်သကဲ့သို့ လူသည်ဘယ်အရာ ကိုကြိုက် သနည်း။----------------------

၎။ သုတ်္တံ ၃၀း၂။သုတ်္တံဆရာက သူသည်ဘာဥာဏ်နှင့်မပြည့်စုံဟုဆိုသနည်း။ ------------------

၅။ တိရစ်္ဆာန်များသည်ဘုရားသခင်ကိုကိုးကွယ်တတ်သလော။------------

၆။ နေဗုခ်နေဇာသည်မည်သူကိုချီးမွမ်းမှလူ့ စိတ်ပြန်ဝင်လာသနည်း။ --------------------------

ရ။ တီကောင်နှင့်လူကြိုက်သောအရာသည်အဘယ်အရာနည်း။-----------

၈။ တီကောင်နှင့်လူအထဲ၌မည်သည့်အရာသာရှိသနည်း။-----------------

၉။ ပိုးရွနှင့်လူ၌တူညီချက်များကိုဖေါ်ပြပါ။---------------------------------------------------------------------------

၁၀။ မိတ်ဆွေသည်ဘုရားသခင်ရှေ့ ၌ တီကောင်နှင့်လောက်ကောင်ဖြစ်ကြောင်း ၀န်ခံပါသလား။-----------------------------



Share:

စာတန်သားသမီးများ



သင်ခန်းစာ (ရ)
စာတန်သားသမီးများ
သင်ခန်းစာ (၆) ၌မိန်းမအမျိုးအနွယ်သည်သခင်ယေရှဖြစ်၍ မြွေအမျိုး အနွယ်သည် လူသားများဖြစ်ကြောင်းသိရှိရပြီ။ ယခုဆက်လက်၍ စာတန်သား သမီးများအကြောင်းလေ့လာကြစို့ ။

ဘုရားသားသမီး

ဘုရားသခင်ကအာဒံနှင့်ဧ၀ဖန်ဆင်းစက အပြစ်ကင်းစင်လျက် ရှိသော ကြောင့် ဘုရားသားသမီးများဟု ခေါ်ကြသည်။ လုကာ၊ ၃း၃ရ နောက်ဆုံး၌ အဘ ဘုရားသခင် ပေတည်း ဟုပါရှိသည်။ ဘုရားသခင်၏သားသမီးများ ဖြစ်သောကြောင့် ဘုရားသခင်နှင့် မိဿဟာရဖွဲ့  နိင်ခဲ့ကြသည်။ ဘုရားသခင်၏ အမွေစားအမွေခံများ လည်းဖြစ်ကြသည်။
စာတန်သားသမီးများအဖြစ်သို့ စာတန်သည်မြွေအထဲမှနေ၍ အာဒံနှင့်ဧ၀ကိုလှည့်ဖျားလိုက်သည်။စာတန်က လူသည် ဘုရားစကားနားမထောင် ဘဲ သူ၏စကား နားထောင်ရန် သွေးဆောင် လိုက်သည်။ အာဒံနှင့် ဧ၀ တို့ လင်မယားသည် ဘုရားစကားကိုပယ်ကာ စာတန်၏ စကားကို နားထောင် လိုက် ကြသည်။
ဘုရားသခင်မှာထားသည်မှာ ကောင်းမကောင်းကိုသိကျွမ်းရာ အပင် မှတပါး။ ထိုဥယျာဉ့်၌ရှိသမျှသောအပင်တို့ ၏အသီးကို သင်သည်စားရ သော အခွင့်ရှိ၏၊ ထိုအပင်၏ အသီးကိုကားမစားရ၊ စားသောနေ့ တွင် ဧကန်အမှန်သေရမည် ဟူ၍ဖြစ်သည် (က ၂း၁၆-၁ရ)။ သို့ သော်စာတန်ကလည်း ထိုသို့တန်ပြန်ဆိုထားသည် သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်။ အကြောင်းမူကား ထိုအသီးကို စားသောနေ့တွင်ပင်သင်တို့သည်မျက်စိပွင့် လင်းလျက် ကောင်းမကောင်းကို သိ၍ဘုရားသခင် ကဲ့သို့ဖြစ်ကြ လတံ့ သည်ကို ဘုရားသခင် သိတော်မူသည်ဟု မိန်းမအား ဆို၏ (က ၊၃း၄၅)။
အာ ဒံနှင့်ဧ၀သည်ဘုရားသခင်၏စကားကိုပယ်၍ စာတန်၏ စကားကို ထောက်ခံ သောကြောင့် ဘုရားသခင်နှင့်အဆက်ပြတ်သွားခဲ့ကြသည် (က၊ ၃း၂၃-၂၄)။ ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကိုစားသောနေ့ တွင် ကိုယ်ခန်္ဓာမသေ သော်လည်း ၀ိညာဉ်ပိုင်းသေသွားသည်။ သူတို့ သည်ဘုရားသခင်၏ပုံဏ္ဍာန် တော်နှင့် အညီ ဖန်ဆင်းခဲ့သော်လည်း စာတန်ရုပ်ပေါက်လာသည်။ ဘုရားသခင်၏ ကျိန်ခြင်းကိုလည်း ခံရသည်။ဘုရားသခင်၏သားသမီးအဖြစ်မှ စာတန်၏ သားသမီး အဖြစ်သို့  ရောက်သွားကြသည်။
အဘစာတန်

ဣုသရေလ လူမျိုးများအနေဖြင့် မိမိတို့ သည် ဘုရားသခင်၏ သားဖြစ် သည်ဟု ယူဆကြသည်၊ ထို့ ကြောင့်သခင်ယေရှုနှင့် အခြေအတင် ပြောဆိုရာတွင် သခင်ယေရှုက- သင်တို့ သည်သင်တို့ အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏၊သင်တို့ အဘအလိုသို့  လည်းလိုက်တတ်ကြ၏။မာရ်နတ် သည်ရှေ့ ဦးစွာမှစ၍လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာ တရား (သမ္မာတရား) မရှိသောကြောင့် သစ္စာတရား မတည်မနေ၊ သူသည် မုသာစကားကိုပြောသောအခါမိမိ ပကတိအတိုင်းပြော၏။ မုသာ စကား ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏ - ဟုဆိုသည် (ယော ၈း၄၄)။
ဘုရားသခင်ရွေးကောက်ထားသော ဣသရေလလူမျိုးများပင်လျှင် စာတန်မာရ်နတ်၏သားဖြစ်လျှင် တပါးအမျိုးသား ဖြစ်သော ကျွန်ပ်တို့ ပြောစရာ မလို။ စာတန်မာရ်နတ်၏ သားများဖြစ်ကြသည်။ တမန်တော် ယောဟန်ကလည်း- လောကီသားအပေါင်းတို့  သည် မာရ်နတ်၏ လက်၌ရှိကြသည်ကိုငါတို့ သိကြ၏-ဟုဆိုသည် (၁ ယော ၊၅း၁၉)။
ဘုရားသားအဖြစ်မမွေးကြ

လူတိုင်း မိမိမွေးနေ့ကိုအလွန်နှစ်သက်ကြသည်။ မွေးနေ့မင်္ဂလာဟူ၍ မွေးနေ့ပွဲများပြုလုပ်တတ်ကြသည်။ သို့ သော် လူသည် ဘုရားသခင်၏ သားသမီးများ အနေဖြင့်မမွေးဘဲ စာတန်သားသမီးအဖြစ် မွေးဘွားသည်။ ထို့ ကြောင့်မွေးနေ့ မင်္ဂလာမဟုတ်ဘဲ မွေးနေ့  အမင်္ဂလာဖြစ်သည်။ ကျမ်းစာက- ထိုသူကိုလက်ခံ သမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့ အား ဘုရားသခင်၏ သား ဖြစ်ရသောအခွင့်ကို ပေးတော်မူ၏-ဟုဆိုသည် (ယော ၁း၁၂)။ထိုသူတည်းဟူသောခရစ်တော်ကိုယုံကြည်လက်ခံမှသာ ဘုရားသား ဖြစ်ခွင့် ရမှာဖြစ်သည်။ မည်သူမျှခရစ်တော်ကိုယုံကြည်ပြီး သားနှင့်မွေးဖွားကြသည် မဟုတ်။ သို့ ဖြစ်လျှင် ခရစ်တော်ကို မယုံကြည် မလက်ခံမှီတွင် မည်သူ၏ သားသမီးဖြစ်ကြ သနည်း။ စာတန်၏သားသမီးများဖြစ်ကြသည်။ မိတ်ဆွေ၊သင်သည်စာတန်၏ သားသမီး ဖြစ်ကြောင်း လက်ခံနိင်ပါသလား။
ပထွေးစာတန်

မွေးသဖခင်မဟုတ်သောသူကို ပထွေးဟုခေါ်ကြသည်။ စာတန်သည် လူတိုင်း၏ ဖခင်ဖြစ်သည်။ သို့ သော်စာတန်သည်လူများ ကို ဖန်ဆင်းမွေးထုတ် ပေးသူ မဟုတ်။ လူကိုဘုရားသခင် ကဖန်ဆင်းသည်။ သို့ သော်ဖခင်စစ်မဟုတ်သော စာတန်ကိုဖခင်ဟုခေါ်ရသောကြောင့် စာတန်သည်လူသားများ၏ ပထွေးဖြစ်သည်။ မိတ်ဆွေ၏ပထွေးကိုသိရှိပြီလော။ ပထွေးသည် များသောအားဖြင့်မယားပါ သား သမီးများ အပေါ် ကောင်းရိုးထုံးစံမရှိပါ၊ ထိုနည်းတူ စာတန်သည်လည်း လူသားများ အပေါ် မကောင်းချေ။ ပထွေးကိုကြောက်သကဲ့သို့  စာတန်ကို ကြောက်ရသည်။ ပထွေးသည် နှိပ်စက်တတ်သကဲ့သို့ စာတန်သည်နှိပ်စက် တတ်သည်။
စာတန်သားများ၏လက္ခဏာ

လူသားများသည်စာတန်၏သားသမီးများဖြစ်သောကြောင့်အောက်ပါ စာတန်၏လက်္ခဏာများရှိကြသည်-

(၁) လူအသက်ကိုသတ်ခြင်း

စာတန်သည်ရှေ့ ဦးစွာမှစ၍လူ၏အသက်ကိုသတ်သောသူ ဖြစ် သည် ဟု သခင်ယေရှုကပြောသည် (ယော ၈း၄၄)။ စာတန်သည် အာဒံနှင့် ဧ၀တို့ ၏ ၀ိညာဉ်ပိုင်းဆိုင်ရာ အသက်ကိုသတ်သည်သာမက ကာဣနထဲမှ အာဗေလ ကိုလည်း သတ်လိုက်သည် (က၊ ၄း၈)၊ ထို့  နည်းတူ လူသားများလည်း အချင်းချင်း၏ ၀ိညာဉ်ပိုင်းနှင့် ကိုယ်ခန္ဓာပိုင်းအသက်များကို သတ်နေကြသည်။
(၂) ဘုရားသခင်ကိုရန်ဘက်ပြုခြင်း

စာတန်သည် အစကကောင်းကင်တမန်ဖြစ်သည်။သို့ သော်ဘုရားသခင်ကို တော်လှန်၍ သူ့ကိုယ်သူ ဘုရားသခင် ဖြစ်ချင်သော ကြောင့် ဘုရားသခင်၏ တရား စီရင်ခြင်းကိုခံရသည်။ ဘုရားသခင်၏ရန်သူဟုအဓိပ်္ပါယ်ရသော စာတန် ဟူသော နာမည်ကိုရရှိလာသည် (ယေဇ ၊၂၈း၁၂-၁ရ။ ဟေရှာ၊၁၄း၁၂-၁၅)။
ထို့ နည်းတူ လူသားများသည် ဘုရားသခင်နှင့်ရန်ဖြစ်လျက်ရှိသည်။ ဘုရားသခင်နှင့် အမြင်ခြင်းမတူ၊ အလိုဆန္ဒခြင်းလည်း အမြဲဆန့် ကျင်ဘက်ဖြစ်သည်။ ထို့ ကြောင့် သခင်ယေရှုခရစ်သည်ရန်ငြိမ်းစေဘို့ ရန်လက်ဝါးကပ်တိုင်၌ အသေခံ သည်(၂ ကော၊ ၅း၁၈)။
(၃) သစ္စာတရား (သို့ )သမ္မာတရားမရှိ

စာတန် ၌သစ္စာ တရား (သမ္မာတရား) မရှိ (ယော၊၈း၄၄)။ သမ္မာတရား သည် ဘုရားသခင်၌သာရှိသည်။ ထို့  နည်း တူ လူသားများ၌ သမ္မာတရားမရှိကြ။
သမ္မာတရားနှင့်ပတ်သက်လာလျှင် အနေကြသည်၊နားမလည်ကြ။ ထိုမျှသာမက အလိုလည်းမရှိကြ။
(၄) မုသာတရား၌ကျင်လည်

စာတန်သည်မုသာတရား၌ကျင်လည်၍မုသာ၏အဘလည်းဖြစ်သည် (ယော၊ ၈း၄၄)။ ထို့ နည်းတူလူသားများ သည်လည်း မုသာ၌ ကျင်လည်၍မုသာကို နှစ်သက်ကြသည်။ သမ်္မာတရားကိုနားမလည်နိင်သော်လည်း မုသာကိုမူ သင်ပေးစရာမလိုဘဲ ပြောတတ် နားလည် တတ်ကြသည်။ မုသာအရာများကို စွဲလန်းခြင်းအားဖြင့် စာတန်၏သားသမီးမှန်းထင်ရှားသည်။ မိတ်ဆွေမုသာ ပြောဘူးပါသလား၊ ပြောဘူးလျှင် စာတန်၏သားသမီးမှန်း ထင်ရှားသည်။ ရီစရာ ဟာသများသည် မုသာများသာလျှင်ဖြစ်သည်။ ဟာသပြောလျှင် အလွန်အားရ ကြခြင်းသည် မုသာ၏သား များဖြစ်ကြသောကြောင့်ဖြစ်သည်။
(၅) လောကကိုချစ်ခြင်း

ဤလောကကို ဘုရားသခင်က ဖန်ဆင်း၍ အာဒံလက်သို့ အပ်ခဲ့သည် (က၊၁း၂၈)။သို့သော် အာဒံသည် ဤလောကကို စာတန် လက်သို့ သူ့ တပည့်ခံခြင်းဖြင့် အပ်လိုက်သည် (လု၊ ၄း၆)ထို့ ကြောင့် စာတန် သည်ဤလောက ကိုအစိုးရသည် (ယော၊၁၄း၃၀)။ လူသည် စာတန်အုပ်စိုးသော ဤလောကကိုအလွန်စွဲလန်း တတ်မက်ကြသည်။ စာတန် သား သမီး များဖြစ် သောကြောင့်အဘ၏ ဥစ်္စာကို စွဲလန်း တပ်မက်ကြသည်။
(၆) ဒုစရိုက်ကိုပြုခြင်း

မာရ်နတ်သည် ရှေ့ ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သော ကြောင့်၊ အကြင်သူသည် ဒုစရိုက်ကိုပြု၏ ။ထိုသူသည် မာရ်နတ် နှင့်ဆိုင်၏ (၁ ယော၊ ၃း၈)။လောကဒုစရိုက်မပြုဘူးသောသူမရှိ။ ထို့ ကြောင့်လူသည်မာရ်နတ်နှင့် ဆိုင်သောသူဖြစ်ကြောင်း ထင်ရှား၏။
စာတန်၏နိဂုံး

စာတန်မာရ်နတ်သည်ဘုရားသခင်၏ရန်သူဖြစ်သည်။ထို့ ကြောင့် ဘုရား သခင်သည် စာတန်အတွက် မီးငရဲအိုင်ကို ဖန်ဆင်း ထားသည်။ ဘုရားသခင်က စာတန်အား-သင့်ကို မီး ရှို့  ဘို့ သင့် အ လယ်၌ မီး ကို ငါ ညှိ မည် - ဟုဆိုသည် (ယေဇ၂၈း၁၈)။ တဖန် သခင်ယေရှုက- မာရ်နတ်နှင့်သူ၏ တမန်များ အဘို့ ပြင် ဆင် သော ထာဝရ မီး-ဟုဆိုသည် (မ၊၂၅း၄၁)။ နောက်ဆုံးသော အချိန် မာရ်နတ် ကိုလည်းသားရဲနှင့်မိစ်္ဆာပရောဖက် ရှိရာ ကန့် နှင့်ရော နှော သော မီးအိုင်ထဲသို့ ချပစ်လျှင်သူတို့ သည်နေ့ည မပြတ် ကမ္တာအဆက်ဆက် ပြင်းစွာသောဝေဒနာကိုခံရကြလတံ့ (ဗျာ ၂၀း၁၀)။
အထက်ပါကျမ်းပိုဒ်များအရ စာတန်၏နိဂုံးသည် မီးငရဲအိုင်ဖြစ်သည်။ မိတ်ဆွေလည်း စာတန်နှင့်ဆိုင်သောကြောင့် မီးငရဲအိုင် ရောက်ဘို့ ရန်ရှိသည်။ ထို့ကြောင့် မီးငရဲအိုင်မှ လွတ်လမ်းကိုရှာဘို့ လိုသည်။


သင်ခန်းစာ (ရ) မေးခွန်းများ



၁။ အာဒံနှင့်ဧ၀သည်ဖန်ဆင်းစ၌မည်သူ၏သားသမီးများဖြစ် ကြသနည်း။ --------------------

၂။ အာဒံနှင့်ဧ၀တို့ သည်စာတန်စကားနားထောင်ချိန်မှစ၍ မည်သူ၏ သားသမီး များဖြစ်ကြသနည်း။--------------------

၃။ ဣသရေလများအား သခင်ယေရှုကမည်သူ၏သားသမီးများဟုဆိုသနည်း။---------------------

၎။ လူသည်မွေးဘွားသောအခါ မည်သူ၏ သားဖြစ်သနည်း။------------------

၅။ လူတိုင်း၏ ပထွေးသည်မည်သူနည်း။ -----------------

၆။ လူသည်စာတန်၏သားသမီးဖြစ်သောကြောင့် မည်သူနှင့်ရန်ဖြစ်သနည်း။----------------------------

ရ။ စာတန်၏သားသမီးမှန်း မည်သည့်အရာများအားဖြင့် သိရသနည်း။------------------------------------------------------

၈။ မိတ်ဆွေသည် မုသာပြောဘူးပါသလား။ -------------------------

၉။ လောကကိုချစ်သောသူသည် မည်သူ၏သားသမီးဖြစ်ကြောင်း ထင်ရှားသနည်း။ --------------------

၁၀။ စာတန်၏နိဂုံးသည်မည်သည့်နေရာဖြစ်သနည်း။ ------------------------



Share:

မိန်းမအမျိုးနှင့်မြွေအမျိုး


သင်ခန်းစာ (၆)

မိန်းမအမျိုးနှင့်မြွေအမျိုး

သင်ခန်းစာ (၅) ၌ကျူးလွန်သောအပြစ်အကြောင်းသင်ခဲ့ ကြပြီ။ လူသည် ကောင်းသော အကျင့်မကျင့်နိုင်ကြောင်းသိရှိခဲ့ကြပြီ။ ယခုလူတိုင်း ချစ်မြတ်နိုး၍ အသေအလဲ ကာကွယ်လိုသော အမျိုးအကြောင်းကိုလေ့လာကြစို့ ။ လူမျိုးတိုင်း မိမိအမျိုးကို နှစ်သက်မြတ်နိုး တတ်ကြသည်။ မိမိအမျိုးကို အမွှမ်းတင်တတ် ကြသည်။ အမျိုးကိုအထိမခံနိင်ကြ။ အမျိုးအတွက်အသေခံရဲကြသည်။ သူတပါး၏အမျိုးထက် ကိုယ့်အမျိုးသာ၍ကောင်း၊ ပို၍မြတ်သည်ဟု ယူဆတတ်ကြသည်။ အိမ်ထောင်ဖက် ရွေးချယ်ရာတွင်လည်း အမျိုးအကြောင်းကို ထည့်တွက် စဉ်းစားတတ်ြကသည်။ သို့ဖြစ်၍ အမျိုးအကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏အမြင်ကို သိရှိ နားလည်ဘို့ လိုအပ်သည်။

ရန်ငြိုးဖွဲ့

အာဒံ နှင့် ဧ၀တို့ သည် မြွေ၏လှည့်ဖျားမှုကြောင့် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကို စားခြင်းဖြင့် အပြစ်သား ဖြစ်ကြရသည်။ ထိုအခါ ဘုရားသခင်က မြွေကိုခေါ်၍ - သင်သည် ဤအမှုကိုပြုသောကြောင့် သားယဉ် သားရဲ အပေါင်းတို့ ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ၀မ်းဖြင့် သွား၍ မြေမှုန့် ကို တသက်လုံးစားရမည်။ သင်နှင့်မိန်းမကို၎င်း၊ သင်၏ အမျိုးအနွယ်နှင့်မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့ စေမည်၊ သူ သည် သင်၏ခေါင်းကိုကြိတ် လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟုမိန့်  တော်မူ၏-(က ၃း၁၄-၁၅)။

အထက်ပါကျမ်းပိုဒ်အရ ဘုရားသခင်သည်မြွေ၏အမျိုးအနွယ်နှင့်မိန်းမ၏ အမျိုးအနွယ်ကို ရန်ငြိုးဖွဲ့လိုက်သည်။ သို့ဖြစ်လျှင် မြွေ၏ အမျိုးအနွယ်သည် မည်သူဖြစ်၍ မိန်းမ၏ အမျိုးအနွယ်သည်မည်သူနည်း။ ဤအချက်ကို သိဘို့ရန် ကမ္ဘာပေါ်၌လူဖြစ်နည်း လေးနည်းကို သိဘို့ ရန်လိုအပ်သည်။

လူဖြစ်နည်းလေးနည်း

ကမ္ဘာပေါ်၌လူဖြစ်နည်းလေးနည်းရှိသည်၊ယင်းတို့ မှာ-

(၁) မိဘမဲ့ (က ၊၂းရ)

မိဘမရှိဘဲလူဖြစ်လာသောသူရှိသည်။ လူသားများအားလုံး၏ ဘခင် ဖြစ်သော အာဒံသည်မြေမှုန့်မှလူဖြစ်လာသည်။ ဘုရားသခင် သည် အာဒံကို မြေမှုန့်မှဖန်ဆင်းခဲ့သည်။ အာဒံ၌မိဘမရှိ။ ခလေးဘ၀လည်းမရှိ။ အရွယ် ရောက်သော လူကြီးအဖြစ်ဖန်ဆင်းသည်။ အာဒံကဲ့ သို့ ဘုရားသခင်သည် မည်သူကိုမျှ မဖန်ဆင်း တော့ချေ။

(၂) မိခင်မဲ့ (သို့) နံရိုးမှ လူဖြစ်ခြင်း(က ၂း၂၁-၂၂)

ဖခင်သာရှိ၍ မိခင်မရှိဘဲလူဖြစ်လာသောသူရှိသည်။ ထိုသူသည် လူသား အားလုံး၏ မိခင်တည်းဟူသော ဧ၀ပင်ဖြစ်သည်။ ဘုရားသခင်သည်အာဒံကို ကြီးသော အိပ်ခြင်းဖြင့် အိပ်စေ၍ သူ၏နံရိုးတချောင်းကို ထုတ်ကာ လူမိန်းမကို ဖန်ဆင်းခဲ့သည်။ ဧ၀လည်း ခလေးဘ၀ မရှိ။ အရွယ်ရောက်သောမိန်းမကြီး အဖြစ် ဖန်ဆင်းခြင်း ဖြစ်သည်။ သူကဲ့သို့ မည်သူမျှ ဖန်ဆင်းခြင်းမရှိတော့ ချေ။

(၃) မိဘနှစ်ပါးမှလူဖြစ်ခြင်း

မိတ်ဆွေနှင့်ကျွန်ပ်အပါအ၀င်လူသားအားလုံးသည်မိဘနှစ်ပါးမှမွေးဘွား လာကြသည်။ ခလေးဘ၀မှကြီးပြင်း လာကြသည်။ ဖန်ဆင်းခြင်း အားဖြင့် လူဖြစ်ကြ သည်မဟုတ်။ မွေးဘွားခြင်းအားဖြင့်လူဖြစ်ကြသည်။

(၄) မိန်းမအမျိုး

မိခင်ရှိသော်လည်း ဖခင်မရှိဘဲလူဖြစ်သောသူရှိသည်။ ထိုသူသည် သခင် ယေရှုပင်ဖြစ်သည်။ သခင်ယေရှု၌ မိခင်မာရိ ရှိသော်လည်း လူဖခင်မရှိပေ။ လူများ အထင်အမှတ်အားဖြင့် ယောသပ်သည် သူ၏ဖခင်ဖြစ်သည် (လုကာ ၃း၂၃)၊ သို့ သော် သခင်ယေရှု သည် သန့် ရှင်းသော ၀ိညာဉ်တော်အားဖြင့် မာရိ၏ ၀မ်းမှ ပဋိသန္ဓေယူခြင်းသာဖြစ်သည် (မ၁း၁၈-၂၀)။ ထို့ ကြောင့်မိန်းမ အမျိုး သည်သခင်ယေရှုပင်ဖြစ်သည်။

မြွေအမျိုး

မိန်းမအမျိုးသည်သခင်ယေရှုဖြစ်ပါက မြွေအမျိုးသည် မည်သူနည်း။

(၁) ဗတ်္တိဇံယောဟန်ကဗတ်္တိဇံခံရန်လာကြသောလူအစုအဝေးအား အချင်းမြွေဆိုးအမျိုးတို့ ရောက်လုသောဘေးမှပြေးသွားစိမ့်သောငှါ သင်တို့  ကို အဘယ်သူ သတိပေးဘိသနည်း ဟုဆိုခဲ့သည် (မ ၃းရ၊ လု ၃းရ)။ယောဟန်သည် လူများအား အချင်းမြွေဆိုးအမျိုး ဟု အချည်းနှီး ပြောသည် မဟုတ်။ သူသည် ဘုရားသခင်စေလွှတ်သောလူဖြစ်သည်၊ လူ့ မျက်နှာကို မထောက်ဘဲ အမှန်အတိုင်း ပြောခြင်းဖြစ်သည်။ လူသည် ဘုရား အမြင်၌ မြွေမျိုး ဖြစ်ြကသည်။

(၂) သခင်ယေရှုကလည်း လူများအား-အချင်းမြွေဆိုးအမျိုးတို့ ၊ သင်တို့သည် အဆိုးဖြစ်လျက်ကောင်းသောစကားကိုအဘယ်သို့ ပြောနိင် မည် နည်း။ စိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုတ်မြွက်တတ်၏ -ဟု ဆိုသည် (မ၊၁၂း၃၄)။

သခင်ယေရှု ဣုသရေလ လူမျိုးများအားမြွေဆိုးအမျိုးဟု ဆိုသည်၊မြွေဆိုးအမျိုးဖြစ် သောကြောင့် ကောင်းသောစကားကို မပြောနိင် ဟုဆိုသည်၊ ဣသရေလ လူမျိုးများ ပင်လျှင်မြွေဆိုး အမျိုးဖြစ်လျှင်တပါးအမျိုးသား များဖြစ်ကြသော ကျွန်ပ်တို့ သည် ပြောစရာ မလိုတော့ချေ။

မြွေဆိုးအမျိုးဖြစ်ရခြင်း

အာဒံနှင့်ဧ၀သည် အပြစ် မကျူးလွန်ခင်၌ ဘုရားသားများဖြစ်ကြသည်။ သို့သော် ဘုရားစကားကိုပယ်၍ မြွေစကားကို ထောက်ခံသောကြောင့်မြွေသား သမီးများ ဖြစ်သွားကြသည်။ အာဒံနှင့်ဧ၀မှဆင်းသက်လာ သော လူသား တိုင်းလည်း မြွေမျိုးဖြစ်ရကြသည်။


မြွေမျိုး၏လက်္ခဏာများ

လူသည်မြွေမျိုးဖြစ်သောကြောင့်အောက်ပါမြွေ၏ လက်္ခဏာများတွေ့ ရသည်။

(၁) အဆိပ်အတောက်ရှိခြင်း။ မြွေသည်နှုတ်ခမ်းထဲ၌အဆိပ်အတောက်ရှိသည်။ ထို့နည်းတူ လူ၏နှုတ်ခမ်းအထဲ၌ လည်း အဆိပ် အတောက်ရှိသည်။ ကျမ်းစာက - သူတို့၏နှုတ်ခမ်းထဲမှာ မြွေဆိုးအဆိပ်အတောက် ရှိ၏-ဟုဆိုသည် (ရော ၃း၁၃)။ ရှင်ယာကုပ်ကလည်း "လျှာကိုကားအဘယ်လူမျှမအောင်နိင်။မဆုံး မနိင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက် နှင့်ပြည့်စုံ၏-" ဟု ဆိုသည် (ယာ၊ ၃း၈)။ မြွေ၏ အဆိပ်သည်အစွယ်၌ရှိ၏။


လူ၏အဆိပ်သည်လျှာ၌ရှိ၏။ လူသည်နှုတ်မှပြောသော စကားအားဖြင့် အခြား သူများကို စိတ်နာစေနိင်သည်။ အန္တရာယ် ပြုနိင် သည်၊ ရန်ဖြစ်စေနိင်သည်။ ထို့ကြောင့်လူသည်မြွေဆိုးမျိုးဖြစ်ကြောင်းထင်ရှားသည်။

(၂) လျှာနှစ်ခွရှိခြင်း။ မြွေသည်လျှာ နှစ်ခွရှိသကဲ့သို့ လူသည်လည်း လျှာနှစ်ခွ ရှိသည်။ ရှင်ယာကုပ်က- ငါတို့ သည်လျှာအားဖြင့် ခမည်းတော် ဘုရား သခင်ကိုကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံဏ္ဍာန် တော်နှင့် အညီဖန်ဆင်းသော လူကိုလျှာဖြင့်ကျိန်ဆဲတတ်ကြ၏။နှုတ် တပါးတည်း ထောပနာချီးမွမ်းခြင်းနှင့်ကျိန်ဆဲခြင်းထွက်တတ် ပါသည် တကား- ဟုဆိုသည်(ယာ ၃း၉-၁၀)။

လူသည်စကားနှစ်မျိုးပြောတတ် သောကြောင့်မြွေကဲ့သို့ လျှာနှစ်ခွရှိသည်။ ဘုရားသခင်ကို ချီးမွမ်းသော်လည်း လူကို အပြစ်တင် ကျိန်ဆဲတတ်သည်။ ရှေ့မှာ တမျိုးနောက်ကွယ်မှာတမျိုးပြောတတ်သည်။ ဧည့်သည်ကို စားပါစားပါဟု ပြောသော်လည်း ဧည့်သည် ပြန်သွားသောအခါ စားကျူးသောသူဟု ပြောတတ်သည်။ထို့ ကြောင့်မြွေကဲ့သို့ လျှာနှစ်ခွရှိကြောင်းထင်ရှားသည်။

ယောဟန် ၉ ထဲတွင်သခင်ယေရှုက မျက်စိကန်းသောသူကို မျက်စိပြန်မြင် စေခဲ့သည်။ ထိုအခါဖါရိရှဲတို့ က မျက်စိ ကမ်းဘူးသော သူကိုခေါ်၍ -ဘုရားသခင်ကို ချီးမွမ်းပါ။ထိုသူ(ယေရှ)သည် လူဆိုးဖြစ်ကြောင်းကိုငါတို့ သိ၏ဟုဆိုကြ သည် (ယော၉း၂၄)။ ဖာရိရှဲတို့ ချီးမွမ်း ခိုင်းသော ဘုရားသည်သူတို့ကိုယ်တိုင် လူဆိုးဟုဆိုသော သခင်ယေရှုပင်ဖြစ်သည်၊ သူတို့ ချီးမွမ်းသော ဘုရားကို သူတို့ကိုယ်တိုင် ပြန်ရှုပ် ချသည်။ သူတို့ သည်လျှာနှစ်ခွနှင့်ပြောနေမှန်းမသိကြ။ ထိုနည်းတူကျွန်ပ်တို့ လည်းနေ့ စဉ်လျှာနှစ်ခွနှင့် ပြောနေမှန်း ကိုယ်ကိုယ်ကို မသြိက။

မြွေဆိုးသွားမည့်နေရာ

သခင်ယေရှက- မြွေဆိုးအမျိုးတို့၊ သင်တို့ သည်အပြစ်ငရဲမှ အဘယ်သို့လွတ်နိင်မည်နည်း- ဟုဆိုထားရာ(မ၊၂၃း၃၃)မြွေဆိုး အမျိုးသွားမည့် နေရာသည်ငရဲပင်ဖြစ်သည်။ ထို့ ကြောင့်မြွေးဆိုးအမျိုးဖြစ်သော လူသားတိုင်းလည်း ငရဲသို့ သွားကြရမည်သာဖြစ်သည်။


သင်ခန်းစာ (၆) မေးခွန်များ


၁။ မြွေမျိုးနှင့်မည်သူ့ အမျိုးရန်ငြိုးဖွဲ့ သနည်း --------------------

၂။ လူဖြစ်နည်းအားလုံးဖေါ်ပြပါ၊ -------------------

၃။ မိန်းမအမျိုးသည်မည်သူနည်း။------------------

၎။ ဣသရေလများကိုယောဟန်က---------------ဟုဆိုသည်။

၅။ လူသည်မည်သူ၏အမျိုးအနွယ်ဖြစ်သနည်း -----------------

၆။ မြွေ၏ လက်္ခဏာနှစ်ခုဖေါ်ပြပါ ။ ----------------

ရ။ လူ၏ အဆိပ်သည်မည်သည့်နေရာ၌ ရှိသနည်း။ -------------------

၈။ လူသည် လျှာ --------------- ရှိသည်။

၉။ လျှာနှစ်ခွရှိခြင်းဆိုသည်မှာ--------------------

၁၀။ မြွေဆိုးမျိုးသည်မည့်သည့်နေရာသို့ သွာမည်နည်း------------------


Share:

Sunday, May 30, 2010

လစဉ် ကိုးကွယ်ခြင်း နေရာ

JBC CHURCH

အပတ်စဉ် ကျမ်းစာလေ.လာခြင်းနှင်. ဆုတောင်းခြင်းနေရာများ

၁။ ဆရာမလွင်လွင်မောင် နေအိမ် (၉၇၅၈၉၆၂၅)

၂။ ဆရာမနော်အယ်ဝါး နေအိမ် (၉၀၂၁၂၃၆၅)

၃။ ဆရာမနော်ဆဲဘွယ် နေအိမ် (၉၇၅၂၆၈၆၇)

၎။ ဆရာမနော်လားပွဲ နေအိမ် (၉၆၇၄၉၅၇၁)
Share:
COMING SOON

Share:

ခရစ်တော်အားဖြင့်သာ

အောင်မြင်ခြင်းတွေ ရပိုင်စေဖို့ 
 ခရစ်တော်လမ်းမှာ လျှောက်လှမ်းပါ ၊
 ပြဿနာအဖြေ မြဲမသွေပိုင်ဖို့ 
 ခရစ်တော်၌သာ အဖြေရှာ၊
 ဘဝအမောတွေ ပြေပျောက်စေဖို့ 
 ခရစ်တော်ရိပ်မှာ ချွေးသိပ်ပါ၊
 လုပ်ဆောင်မူတွေ ပြီးမြောက်လေတိုင်း
 ခရစ်တော်ဖြင့်သာ ကြည်နူးပါ၊
 အမှူကြီးလည်းခရစ်တော် အမူသေးလည်းခရစ်တော်
 သင့်နာခံခြင်းရနံ့ မှာ လူတကာမွှေးကြူကြရလေရင်ဖြင့်
 ဘဝအမောတွေပြေ ထာဝရအလင်းတွေထိန်ထိန်ဝေပြီး
 အလင်းရှေ့ ဆောင် သခင့်ဂုဏ်ဆောင်၍
 လောကီသားတွေ ခရစ်တော်ဘုရားကိုမြင်တွေ့ စေ ။ ။

 
  ကြိုဆိုခြင်း
သုံးစားမရတဲ့ ဝါဒဂိုဏ်းဂနအစွဲတွေကိုစွန့် ပြီး
တို့ အားလုံး
နူတ်ကပါတ်တော်ရေနှင့်ဆေးကြောမျှောလိုက်ကြပါစို့ 
ပါတ်ဝန်းကျင်မှတ်တမ်းမှာ ဒေါ်လာနှင့်မသမာ
တပည့်(ပြည့်)တော်နှင့် တပည့် (ပဲ့)တော်
ပဲ့ပဲ့ရွဲ့ ရွဲ့ ဂုဏ်ဒြပ်အတုတွေနှင့် စာတန်လှည့်ကွက်ထဲ
အသာတကြည်လိုက်ပါကြသူများ
                                               ရောရောင်ကာပါသွားကြသူများ

အသံတွေအသံတွေဆူညံနေသော်လည်း
ဒီအကြောင်းစဉ်းစားကာတွေးပူ
ကြာကြာနေနားတွေထူပြီး
အရှင့်ခေါ်သံပင် အချိုမကြားနိုင်တော့ပေဘူး
ဒါ့ကြောင့်ဒါတွေကိုဘေးဖယ်
ဒါငါတို့ ယုံကြည်သူလမ်းစဉ်မဟုတ်ပါဘူး ၊
ငတ်မွတ်ခေါင်းပါးခြင်းတွေ
သဘာဝဘေးဒါဏ်တွေအကြား
ကမ္ဘာကကျွတ်ကျွတ်ညံ
ဆူသံပူသံတွေဖြစ်နေသလား
ခင်များနှင့်ကျွန်တော်အကြားမှာ
ယုံကြည်ခြင်းအသစ်တွေမွေးဖွား
အဂ္ဂါပေမေတ္တာသံစဉ်လေးတွေဖြင့်
ထာဝရဖန်ဆင်းရှင်ခရစ်ကို
လှစ်ဟရင်ဖွင့်ကြိုဆိုကြပါစို့ ။ ။
                                                           Samuel Soe Lwin

 

 
Share:








Share:

Saturday, May 29, 2010

ကောင်းဆုံး ရွေးချယ်မှူ့



Lesson 3





အောက်ဖော်ပြပါများထဲမှ တစ်ခုရွေးပါဆိုလျှင် သင်ဘယ်အရာကိုရွေးချယ်မည်နည်း။



မိတ်ဆွေများ၊ ကြည့်ဖွယ်ရှုဖွယ်ကောင်းခြင်းများ၊ အသိပညာ၊ ကြွယ်ဝချမ်းသာမှု၊ ထင်ပေါ်ကြော်ကြားမှု၊ ဥာဏ်ပညာ၊ ပျော်ရွှင်မှု၊ လုံခြုံမှု၊ လူသိရှင်ကြားမှု၊ တန်ခိုးအာဏာ။



မှားယွင်းသောအတွေးအခေါ်၊ မှားယွင်းသောအပြုအမူ၊ မှားယွင်းသောခံစားချက်



သမ္မာကျမ်းစာထဲမှ လူငယ်တစ်ဦးဖြစ်သော ရှောလမုန်ကိုလည်း ဘုရားသခင်က ထိုကဲ့သို့သောရွေးချယ်မှုမျိုးကို ရွေးချယ်စေခဲ့ပါသည်။ ဣသရေလဘုရင်အဖြစ် ရှောလမုန်မင်းစိုးစံခါစ၊ တညဥ့်အိပ်မက်ထဲတွင် ဘုရားသခင်က ရှောလမုန်အားထင်ရှားလျက်'' ငါပေးရ မည့် ဆုကိုတောင်းလော့ '' ဟုဘုရားသခင်မိန့်တော်မူ၏။ ရှောလမုန်သည် ချမ်းသာကြွယ်ဝမှု၊ တန်ခိုးအာဏာနှင့်သာယာ ပျော်ရွှင်မှုတို့ကို တောင်းနိုင်သော်လည်း သူသည် ဥာဏ်ပညာကိုသာ တောင်းခဲ့သည်။ ရှောလမုန်က''သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏ လူတို့ကို တရားစီရင်နိုင်မည်အကြောင်း၊ကောင်းမကောင်းပိုင်း ခြား၍သိတတ်သောဥာဏ်ကိုပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏လူ တို့ကိုအဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။" ၃ရာ ၃း၇၊၉။



ရှောလမုန်၏ရွေးချယ်မှုသည် ဘုရားသခင်၏စိတ်တော်နှင့်တွေ့သည်။ ဘုရားသခင်ကရှောလမုန်သည် အသက်ရှင်ခဲ့သမျှ သော လူများ ထဲတွင် ဥာဏ်ပညာအရှိဆုံးသူဟု မိန့်တော်မူ၏။ဘုရားသခင်သည် ရှောလမုန်အားဥာဏ်ပညာသာမကမည်သူ့ထံမှမရှိခဲ့ဘူးသောကြွယ်ဝမှု၊ဘုန်းအသရေနှင့်အာဏာတို့ကိုပေးခဲ့ပါသည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် ဥာဏ်ပညာကို အမှန်ပင်တန်ဖိုးထားကြောင်း သိရှိရပါသည်။ ကျမ်းစာလာသည်ကား '' ပညာသည်အမြတ် ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းဖူးကြလော့။''သု ၄း၇။



ပညာဟူသည်ကား အဘယ်နည်း



ပညာဆိုသည်မှာ မှန်ကန်စွာတွေးခေါ်ခြင်းနှင့် မှန်ကန်စွာ ရွေးချယ်ခြင်းဖြစ်သည်။ ပညာဆိုသည်မှာ အရာရာကိုဘုရားသခင်မြင်သကဲ့သို့မြင်တတ်ခြင်းမှရရှိသည်။ဤကဲ့သို့မြင်တတ်ခြင်းဖြင့်ပြဿနာများ၏အရင်း အမြစ်ကိုနားလည်စေပြီးဖြေရှင်းရန်နည်းလမ်းကိုလည်းသိရှိစေသည်။ပညာသည်ကျွန်ုပ်တို့အားပျော်ရွှင်အောင်မြင်သော အသက်တာအတွက် ဘုရားသခင်၏တရားတော်များကို ရှာဖွေတွေ့ရှိ စေသည်။



ကျွန်ုပ်တို့သည် မှန်ကန်စွာတွေးခေါ်ရမည်။



ကျွန်ုပ်တို့သည်အရာရာတိုင်းကို ဘုရားသခင်မြင်သကဲ့သို့မြင်ပြီး မှန်ကန်သောရွေးချယ်မှုပြုလုပ်နိုင်ရန် မှန်ကန်စွာတွေး ခေါ်တတ်ဖို့လိုပါသည်။ ကျမ်းစာက'' သူသည်စိတ်ထင်သည်အတိုင်းဖြစ်၏။'' သု ၂၃း၇ ဟုဆိုထားပါသည်။ ကျွန်ုပ်တို့၏ အတွေးအခေါ် များသည် အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့၏တွေးခေါ်မှုသည် ကျွန်ုပ်တို့၏ခံစားချက်နှင့် လုပ်ဆောင်ချက်ကိုပိုင်းခြား သတ်မှတ်ပေးသည်။ ကျွန်ုပ်တို့၏တွေးခေါ်မှု မှားယွင်းပါက၊ခံစားချက်နှင့်လုပ်ဆောင်ချက်လည်းမှားယွင်းပေလိမ့်မည်။ စာတန်သည်အာဒံနှင့်ဧဝကို လာရောက် လိမ်လည်လှည့်ဖြားခဲ့သည့်အခါ၊ ဧဝကိုမုသာစကားပြောခဲ့သည်။ ဘုရားသခင်က သူတို့အား ကောင်းမကောင်းသိကျွမ်းရာ အပင်၏အသီးကိုစားလျှင် ဧကန်အမှန်သေရမည်ဟု မိန့်တော်မူခဲ့သည်။ သို့သော်စာတန်ကမူ'' မြွေကလည်း သင်တို့သည်ကန်အမှန် သေရမည်မဟုတ်။ အကြောင်းမူကားထိုအသီးကိုစားသောနေ့၌သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင် ကဲ့သို့ ဖြစ်ကြလတံ့ သည်ကိုဘုရားသခင်သိတော်မူသည်'' က ၃း၎၊၅ ဟုလိမ်ညာပြောခဲ့ပါသည်။ စာတန်၏ လိမ်လည်မှုကို ဧဝလက်ခံခဲ့သည်။ တားမြစ်ထားသောအသီးကို စားခြင်းဖြင့် သူတို့ဘုရားများကဲ့သို့ဖြစ်လာကြမည်ဟူသော အတွေးအခေါ်ဖြင့်လှည့်ဖြားခံခဲ့ရသည်။ မှားယွင်းစွာတွေးခေါ်မှုကြောင့် မှားယွင်းစွာပြုမှုသည်။ ဧဝသည် တားမြစ်ထားသောအသီးကို ယူ၍စားလိုက်၏။ဤသည်မှာ မနာခံသော အပြုအမူ ဖြစ်သည်။ အာဒံလည်းဘုရားသခင်ကို မနာခံခဲ့ပါ။ ဤမှားယွင်းသောပြုမူချက်များကြောင့် သူတို့သည် စိုးရိမ်ရှက်ကြောက်ရသည်။ ထိုနေ့ ညနေ အာဒံ၊ဧဝနှင့်လမ်းလျှောက်၍ စကားပြောရန်ဘုရားသခင် ဆင်းလာသည့်အခါသူတို့သည် ကြောက်ရွံ့၍ပုန်းရှောင်နေကြ၏။'



မှားယွင်းသော အတွေးအခေါ်များ အဘယ်ကလာသနည်း။



မှားယွင်းသောအတွေးအခေါ်များသည် စာတန်နှင့်သူ၏ဘုရားနှင့်ဆန့်ကျင်သော လောကီစံနစ်များမှလာသည်။ ကျမ်းစာက စာတန်သည် လောကီနှင့်လောကီဆန်သော စံနစ်များကို အမှန်ပင်အုပ်ချုပ်သူဖြစ်ကြောင်း ဖော်ပြထားပါသည်။သူ့ကို လောကဘုရား ဟု ခေါ်သည်။ စာတန်၏လောကီစံနစ်သည် မာနထောင်လွှာခြင်း၊ လောကီတပ်မက်ခြင်း၊ လောဘလွန်ကျူးခြင်းနှင့် တကိုယ်ကောင်းဆန်ခြင်းပေါ်တွင် အခြေခံပါသည်။ ဤလောကီစံနစ်သည် ဘုရားသခင်နှင့်သူ၏ဥာဏ်ပညာတို့နှင့်တိုက် ရိုက်ဆန့်ကျင်သည်။ကျမ်းစာက ''လောက၌ ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။''၁ယော၂း၁၆ ဟုဆိုထား ပါသည်။



လောကီဆန်သောပညာကို လက်မခံပါနှင့်



ကျွန်ုပ်တို့သည်ကမ္ဘာလောကတွင်နေထိုင်လျက်ရှိရာလောကီအမြင်၊လောကီအတွေးအခေါ်များနှင့်တချိန်လုံး ထိတွေ့နေရပါသည်။ ဤအတွေးအခေါ်များသည် စာတန်၏လောကီစံနစ်မှ လာသောကြောင့်မှားယွင်းသော အတွေးအခေါ်များဖြစ်သည်။လောကီပညာကိုလက်ခံခြင်းသည်မှားယွင်းသောအတွေးအခေါ်၊မှားယွင်းသောခံစားချက်နှင့်မှားယွင်းသောပြုမူလုပ်ဆောင်ချက်များကို ဖြစ်စေသည်။



ဥပမာ

လောကအဆိုက-ယနေ့အတွက် အသက်ရှုင်ပါ။သင်သည် တစ်ဘဝသာ အသက်ရှင်နိုင်သောကြောင် အချိန် ရှိတုန်း ပျော်နိုင် သလောက် ပျော်ပါ။

ဘုရားသခင်ကယခုဘဝပြီးလျှင် နောင်ဘဝကာလဖြစ်သည့် ထာဝရအသက်ရှိသည်။ ဤဘဝ၌ ပြုမူလုပ်ဆောင်သမျှသည် ကျွန်ုပ်တို့၏ဘဝ ထာဝရလမ်းဆုံးတိုင် သက်ရောက်မှုရှိသည်ဟု ဆိုထားပါသည်။



လောကအဆိုက – ကောင်းတယ်လို့ ခံယူရင် လုပ်သာလုပ်ပါ.

ဘုရားသခင်က - ''သင်တို့သည် ဇာတိပကတိအတိုင်း အသက်ရှင်လျှင် သေရကြမည်'' ရော ၈း၁၃ - ''ပျော်နိုင်သမျှ ပျော်ပျော်နေ၊ နောင်ခါလာနောင်ခါရှင်း''

ဘုရားသခင်က''သင်လှည့်ဖြားမခံရပါစေနှင့်။ ဘုရားသခင်သည် မထ်ီမဲ့မြင်ပြုခြင်း မခံပါ။ လူသည်စိုက်သည့်အတိုင်း ရိတ်ရမည်။



လောကီပညာက လူသည် ပြုမိသမျှအဖြစ်အတွက် ယခုဘဝနှင့်နောင်ဘဝပါ ပေးဆပ်ရမည့် ကြောက်မက်ဖွယ်အဖိုးဘခကို လစ်လျူရှုထားသည်။ ဤဘဝမှာပြုသမျှအတွက် ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။ တစ်နေ့ဘုရားသခင်ရှေ့၌ ကျွန်ုပ်တို့ပြုသမျှအတွက် တရားစီရင်ဖြင်း ခံရမည်ဖြစ်သည်။



ကျမ်းစာလာသည်ကား''လူသည်တစ်ခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့'' ဟေဗြဲ၉း၂၇၊' စိုက်သည့် အတိုင်း ရိတ်ရမည်ဟူသော အချက်လည်းရှိပါသည်။"



လောကအဆိုက''ကျွန်ုပ်တို့သည်မနက်ဖြန့်သေရမည်ဖြစ်၍ ယနေ့စားပါ၊သောက်ပါ၊ပျော်ပျော်နေပါ'' သို့သော်ဤအဆုံးတွင် မှားယွင်းချက်ကကျွန်ုပ်တို့သည် နောက်နေ့သေလေ့သေထ မရှိဘဲ ကျွန်ုပ်တို့ပြစ်မှားမိသမျှအတွက် ခါးသီးစွာရိတ်သိမ်းဖို့ အသက်ရှင် ကြရသည်။



ဥပမာပေးဖော်ပြရမည်ဆိုလျှင် အသက်၄၂နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး၏ မြည်တမ်းစကားမှာ ''ကျွန်မငယ်ရွယ်စဉ်က ဘဝပျက်သည့်အထိအပြစ်နွံထဲ ကျရောက်ခဲ့သည်။ ကျွန်မ၏လျို့ဝှက်အပြစ်များကို ဆယ်ကျော်သက်နှစ်များတွင် ကျူးလွန်ခဲ့ပါသည်။ကျွန်မ နောင်တသံဝေဂကြီးစွာဖြင့် ငိုပြီးရင်းငိုကြွေးခဲ့ရသည်။ ဘုရားသခင်သာ ဤဆိုးဝါးသောအပြစ်များကိုဖယ်ရှားပြီး ကျွန်မကိုစိတ်ချမ်းသာမှု ပေးခဲ့ပါလျှင်''



ဘုရားသခင်သည် ကျွန်ုပ်တို့အားပညာရှိ ဖြစ်စေလိုသည်။



ဘုရားသခင်သည်သူ၏သားသမီးများအား အမှောင်ထုတွင် လျှောက်လှမ်းသော လောကီသားများကဲ့သို့ အသက်မရှင်စေလိုပါ။ကျွန်ုပ်တို့သည်အလင်း၏သားသမီးများဖြစ်သောကြောင့်အလင်း၏သားများကဲ့သို့အသက်ရှင်ရန်ဘုရားသခင်မိန့်မှာထားသည်။ကျမ်းစာလာသည်ကား''ထို့ကြောင့်ပညာမဲ့ကဲ့သို့မဟုတ်၊ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည့် အကြောင်း သတိပြုကြလော့'' ဧ ၅း၁၅



ကျွန်ုပ်တို့သည် ပညာရှိဖြစ်အောင် လုပ်ဆောင်နိုင်သည့်အရာ အချို့ကို စဉ်းစားကြပါစို့။



၁။ ဘုရားသခင် တည်ရှိနေကြောင်း သိမှတ်ပါ။



ဘုရားသခင်မရှိဟုထင်မှတ်ပြီးအသက်မရှင်ဝံ့ပါ။ကျမ်းစာလာသည်ကား''ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည်ပညာ၏ မူလအမြစ်ဖြစ်၏''သု၉း၁ဝ။ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်၏မျက်မှောက်တော်တွင်နေ ထိုင်နေသည်ဟု အစဉ်အမြဲသတိပြုနေခြင်းဖြစ်သည်။ ဘုရားသခင်သည် မည်သူဖြစ်ကြောင်းကို သတိရပြီး သူအား ဘုရားအဖြစ်ဂုဏ်ပြုခြင်း၊ ဘုရားသခင်ရှိနေကြောင်းကိုဆက်၍ ဆက်၍သတိပြုအသက်ရှင်တတ်ပါလျှင် အခြားသူများက သင့်အပေါ်မည်ကဲ့သို့ ထင်မြင်ပြောဆို နေ ကြောင်းကို လျော့၍ဂရုပြုမိလာသည့်နှင့်အမျှ ဘုရားသခင်ကျေနပ်နှစ်သိမ့်မှုရရှိဖို့ ဖြစ်ခြင်းငှါကိုသာပို၍ပို၍ ဂရုစိုက်လာမည်။'ထို့ကြောင့် ငါတို့သည်နေမြဲအရပ်၌နေသည်ဖြစ်စေ၊သခင်ဘုရား နှစ်သက်တော်မူသောသူ စေတနာစိတ်ရှိ၍ ကြိုးစားအားထုတ်ကြ၏'' ၂ကော ၅း၉ဟု ရှင်ပေါလုက ဆိုထားပါသည်။



၂။ ဥာဏ်ပညာအတွက် ဘုရားသခင်ထံမြော်ကြည့်ပါ။



ကျွန်ုပ်တို့၏ဘုရားသခင်သည်ဥာဏ်ပညာအလုံးစုံဖြစ်တော်မူ၏။စစ်မှန်သောဥာဏ်ပညာအားလုံးတို့ သည် သူ့ထံမှ လာပါသည်။ သူ့ထံတော်သို့ ချဉ်းကပ်၍ တောင်းခံသောသူအားလုံးတို့ကို ဥာဏ်ပညာပေးရန် ဘုရားသခင်သည် အားရနှစ်သက်ပါသည်။ ကျမ်းစာက ''သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကိုမပြုဘဲ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင်ရလိမ့်မည်။ ''ယာ၁း၅ဟုဆိုထားပါသည်။ ခရစ်ယာန်များတွင် အကြီး ဆုံးသော အန္တာရယ်များထဲမှာ ဘုရားသခင်ထံမှဥာဏ်ပညာကို မတောင်းဘဲ ကိုယ့်ဥာဏ်အပေါ် အမှီပြုခြင်းပေတည်း။ကျမ်းစာက'' ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ့်ဥာဏ်ကိုအမှီမပြုနှင့်။ သွားလေရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကိုပဲ့ပြင်တော်မူမည်။သု ၃း၅-၆



၃။ စိတ်နှလုံးကိုအသစ်ပြုပြင်ပါ။



ကျွန်ုပ်တို့အစဉ်အမြဲ လောကီအတွေးအခေါ်၊ အယူအဆ၊တန်ဖိုးများကိုတွေ့မြင်နေကြရသည်။ ကယ်တင်ခြင်းမရမှီလောကီနည်းလမ်းများကိုလက်ခံခဲ့ကြသည်။အကျိုးဆက်များအဖြစ်ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် မှားယွင်းသော အတွေးအခေါ်၊ အယူအဆများနှင့် ပြည့်နှက်နေသည်။



ဤမှားယွင်းသော အတွေးအခေါ်အယူအဆများကို မည်ကဲ့သို့ဖယ်ထုတ်နိုင်မည်နည်း။



ကျွန်ုပ်တို့စိတ်နှလုံးကိုအသစ်ပြုပြင်ခြင်းအားဖြင့်ဖယ်ထုတ်နိုင်ပါသည်။ကျမ်းလာသည်ကား''သင်တို့သည် လောကီပုံသဏ္ဍာန် ကိုမဆောင်ကြနှင့်၊ကောင်းမြတ်သောအရာ၊နှစ်သက်ဖွယ်သောအရာ၊စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည်ဘယ်အရာဖြစ်သည်ကိုသင်နိုင်မည်အကြောင်း၊စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်း လဲခြင်းသို့ရောက်ကြလော့'' ရော ၁၂း၂



အသစ်ပြုပြင်ပြောင်းလဲခြင်းဆိုသည်မှာတစ်ခုခုကိုသန့်ရှင်းအောင်လုပ်ပြီးလုံးဝပြောင်းလဲလုပ်ဆောင်ခြင်း ဖြစ်သည်။ဘုရားသခင်က ကျွှန်ုပ်တို့၏စိတ်နှလုံးကို အသစ်ပြုပြင်ရန် အလိုရှိသည်။ ဘုရားသခင်၏သမ္မာတရားနှင့် ပြန်လည်အစားထိုးခြင်းအားဖြင့်ကျွန်ုပ်တို့၏စိတ်နှလုံးကိုအသစ်ပြုပြင်ခြင်းဖြစ်သည်။သခင်ယေရှုပြောသည်မှာ ''သမ္မာတရားကိုလည်းသိကြသဖြင့်ထိုတရားသည်လည်းသင်တို့ကိုလွှတ်လိမ့်မည်။''ယော၈း၃၂လောကီ၏ မှားယွင်းသောအတွေးအခေါ်အယူအဆများ၌ဘုရားသခင်၏သမ္မာတရားနှင့်အစားထိုးသောအခါ ကျွန်ုပ်တို့၏အသက်တာသည်သခင်ယေရှုနှင့်ပိုမိုတူသောပုံသဏ္ဍာန်သို့အသွင်ပြောင်းလဲသွားပေမည်။ ဤနည်းလမ်းသည် ပျော်ရွှင်၍ အောင်မြင်သောအသက်တာသို့ ရောက်ရှိသောလမ်းဖြစ်သည်။



၎။ မှန်ကန်စွာရွေးချယ်ခြင်း။



ပညာရှိခြင်းဆိုသည်မှာ ကျွန်ုပ်တို့အား ဘုရားသခင်လုပ်စေချင်သောအရာကို သိရုံသာမဟုတ်ဘဲ ဘုရားသခင်လုပ်စေချင်သော အရာကို ရွေးချယ်၍လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်၏လမ်းကို ရွေးချယ်သောသူအတွက် ကြီးမာသောဆုလာဘ် ရှိပါသည်။ ယေရှုက''ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်း ကျင့်လျှင်မင်္ဂလာရှိ၏။''ယော၁၃း၁၇



သူငယ်မတစ်ယောက်သည် ဘုရားသခင်၏အလိုတော်နှင့် ဘုရားသခင်၏လမ်းကို ရွေးချယ်ခဲ့သည်။ သူမ၏အပေါင်းအဖော်များကတော့ဂျူလီဂျာနာ၏အသက်တာတွင် ပျော်ရွှင်မှုများ ဆုံးရှုံးခဲ့ရပြီဟုထင်မှတ်ကြသည်။ သို့သော်သူမရွေးချယ်မှုအတွက် ကောင်းကျိုး ရလာဘ်ကို ရရှိခဲ့ပါသည်။နောင်တစ်ချိန်တွင် သူမ၏မိတ်ဆွေတစ်ဦးကသူမ၏အကြောင်းရေးရာတွင်''ဂျူလီဂျာနာသည်ငယ်စဉ်အချိန်တွင်အပြစ်ကျူးလွန်ရာ လမ်းသို့မလိုက်ခဲ့ပါ။ ကျန်လူများက ဆိုးသွမ်းညစ်ညမ်း၍ အကျင့်စာရိတ္တပျက်ပြားစေသော အက၊ပွဲလမ်းသဘင်သို့ သွားကြ သော်လည်း သူမသည်မလိုက်ခဲ့ပါ။ ယခုအချိန်ဂျူလီဂျာနာကိုကြည့်သော် သူ့ကိုအင်မတန်ချစ်သော ခင်ပွန်းသည်ရှိပြီး သူ့အသက်တာ သည် သာယာပျော်ရွှင်လျက်ရှိပါသည်။ သူမစိတ်နှလုံးလည်းချမ်းမြေ့လျက်ရှိနေပါသည်။ ယခုဂျူလီဂျာနာသည် နာခံခြင်း၏အသီးကိုစားနေရပြီ ဖြစ်သည်။ ဘုရားသခင်၏ကြီး မြတ်သောသူတစ်ယောက် ပြောခဲ့သည်မှာ ပျော်ရွှင်သောအသက်တာကို ဘုရားသခင်ထံအပ်နှံပြီး ဘုရားသခင်၏အလိုတော်နှင့်အညီ အရာရာတိုင်း၊အချိန်တိုင်းလုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့အတွက် အကောင်းဆုံးဘဝသို့တစ်ချိန် တစ်ခါတည်း အခြေချ လိုက် ခြင်းဖြစ်သည်။



မေးခွန်းမှာ ၁-၆ (အမှား/အမှန်)



၁။ ဥာဏ်ပညာဆိုသည်မှာ မှန်သောအတွေးအခေါ်များကို တွေးခေါ်ခြင်းနှင့်မှန်သောအရာများကို ရွေးချယ်ခြင်းဖြစ်သည်။

(က) အမှန် (ခ ) အမှား

၂။ဥာဏ်ပညာသည် အသိတရားမှ လာသည်။

(က) အမှန် (ခ ) အမှား



၃။မှားယွင်းသောအတွေးအခေါ်များမှ မှားယွင်းသောပြုမှုလုပ်ဆောင်ချက်များဖြစ်ပြီး တဖန် မှားယွင်းသောခံစားချက်များ ဖြစ်လာသည်။

(က) အမှန် (ခ ) အမှား



၎။မှားယွင်းသော အတွေးအခေါ်များ ဘယ်ကလာသည်ကို ကျွန်ုပ်တို့ သေချာတိကျ မသိကြပါ။

(က) အမှန် (ခ ) အမှား



၅။ကောင်းသည်ဟု ခံစားရလျှင် လုပ်ပါ။ ၄င်းသည် ကောင်းသောလမ်းတစ်ခု ဖြစ်ပါသည်။

(က) အမှန် (ခ ) အမှား



၆။စိုက်သည့်အတိုင်း ရိတ်ရမည်။

(က) အမှန် (ခ ) အမှား



၇။ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည်.......................................................................................................

(က) ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၌ ရှိနေခြင်း

(ခ ) ဘုရားသခင်၏ မျက်မှောက်တော်၌ ကျွန်ုပ်တို့ အစဉ်ရှိနေခြင်းကို ဆက်လက် သိမြင်လျက် ရှိနေခြင်း



၈။အသစ်ပြင်ဆင်ခြင်းဆိုသည်မှာ................................................................................................................

(က) အစမှပြန်ကောက်၍ လုပ်ဆောင်ခြင်း

(ခ ) တစ်ခုခုကို သန့်ရှင်းအောင်လုပ်ပြီး လုံးဝပြောင်းလဲလုပ်ဆောင်ခြင်းဖြစ်သည်။

(ဂ ) ယခင်အပြုအမူအတိုင်း ဆက်လက် ပြုလုပ်ခြင်း



၉။ပညာရှိခြင်းဆိုသည်မှာ.............................................................................................................................

(က) ဘုရားသခင် ကျွန်ုပ်တို့၍ ပြုစေလိုသောအရာကို သိရှိရုံမျှသာ ဖြစ်သည်။

(ခ ) များစွာသောစာအုပ်များကိုဖတ်ခြင်း ဘာသာရပ်များစွာ၌ ညာဏ်ပညာများစွာ ကျွန်ုပ်တို့ရရှိခြင်း။

(ဂ ) ကျွန်ုပ်တို့၌ ဘုရားက ပြုစေလိုသောအရာကို ရွေးချယ်ခြင်းနှင့် ယင်းကို လုပ်ဆောင်ခြင်း။



၁ဝ။ဘုရားသခင်၏ ဥာဏ်ပညာကို လက်ခံခြင်းသည် မှန်သောအတွေးအခေါ် မှန်သော၊ပြုမူလုပ်ဆောင်မှုနှင့် မှန်သောခံစား ချက်များသို့ ပို့ဆောင်သည်။

(က) မှန် (ခ ) မှား



သင်၏သမ္မာကျမ်းစာအုပ်ကိုဖွင့်၍ ဤကျမ်းပိုဒ်များကို မျဉ်းသားပါ။ အကြိမ်ကြိမ် အဖန်ဖန် သင်ဖတ်ပြီးသည့်အတိုင်း သင့်ကို ဘာပြောနေသည်ကို အာရုံပြုပါ။ အချိန်ယူစဉ်းစားပြီး ဆုတောင်းပါ။ ဤကျမ်းပိုဒ်များအားဖြင့် ဥာဏ်ပညာကို သင်မည်ကဲ့သို့ ရရှိမည်နည်း။ (စောဂေးလယ်)

သော့ချက် ကျမ်းပုဒ်

"သင်တိုႛတင်ြတစုံတယောက်သောသူသည် ပညာကိုလိုလ္တွင်၊ ကဲႛရဲႚူပစ်တင်ူခင်းကိုပတြော်မမူဘဲ၊ ခပ်သိမ်းသောသူတိုႛအား စေတနာစိတိံငြ့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလ္တွင်ရလိမ့်မည်။- "ယာကုတ် ၁း၅

ဤ ကျမ်းပိုဒ်အတွက် သင်၏ကျမ်းစာအုပ်ကို ဖွင့်ပါ။ ယင်းကို မျဉ်းတားပါ။ သင်သည် ဤကျမ်းပိုဒ်ကို အကြိမ်ကြိမ် အဖန်ဖန် ဖတ်ပြီး သင်၌ ဘာပြောနေသည်ကို အာရုံပြုပါ။ ဆင်ခြင်ခြင်းနှင့်ဆုတောင်းခြင်း ပြုရန် အချိန်ယူပါ။

ဤ ကျမ်းပိုဒ်အရ သင် မည်ကဲ့ ညာဏ်ပညာကို ရရှိပါသနည်း။





Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support