HCF

HCF MYANMAR IN SINGAPORE

Tuesday, August 27, 2013

သန့်ရှင်းသောဝိညာဉ်တော်(၂)

သင်ခန်းစာ (၂၂)
အပိုင်း(၂)
ဖန်ဆင်းခြင်း၊ ဓမ္မဟောင်းကျမ်း၊ ကျမ်းစာ၊ ခရစ်တော်၏
သက်တော်စဉ်နှင့်မယုံကြည်သူများနှင့် ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်
နိဒါန်း
            သန့်ရှင်းသောဝိညာဉ်တော်၏ အကြောင်းသင်ခန်းစာ (၃)ခုတို့သည် တဆက်တည်းဖြစ်ပါသည်။ သင်ခန်းစာ (၂၁) တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်ဖြစ်လျက်တန်ခိုးတော်သက်သက်လွှမ်းမိုးခြင်းသက်သက်မဟုတ်    ကြောင်းလေ့လာခဲ့ ပြီးဖြစ်ပါသည်။ သူသည်သန့်ရှင်းသောဝိညာဉ်တော်ဘုရားဖြစ်လျက်သုံးပါးတစ်ဆူဘုရားတွင်၊ တစ်ပါး အပါအ၀င်ဖြစ်ပြီး ဘုရား ၏ဂုဏ်အင်္ဂါလက္ခဏာအားလုံးဝိညာဉ်တော်ဘုရားတွင်ရှိကြောင်းတွေ့ရှိပြီးဖြစ်ပါသည်။ ဆောင် ရွက်တော်မူချက်များနှင့် ညီစွာ အမည်အမျိုးမျိုးသမ္မာကျမ်းစာပါအမှတ်တံဆိပ်များတွေ့ရှိပြီးဖြစ်ပါသည်။

ဤသင်ခန်းစာတွင်သန့်ရှင်းသောဝိညာဉ်တော်သည် ဖန်ဆင်းတော်မြူုခင်းတွင်လည်းကောင်း၊ ဓမ္မဟောင်း ကျမ်း၊ ကျမ်းစာ၊ ခရစ်တော်၏သက်တော်စဉ်တွင်လည်းကောင်း၊ မယုံကြည်သူတို့အသက်တာတွင်လည်းကောင်း မည်ကဲ့သို့ဆောင်ရွက်တော်မူကြောင်းကိုလေ့လာမည်ဖြစ်ပါသည်။
ဤသင်ခန်းစာအရေးကြီးပုံ
            ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားသောသန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်တို့ကို အသေ အချာ လေ့လာပြီးမှသာ သန့်ရှင်းသောဝိညာဉ်တော်၏ရပ်တည်ချက်၊ စိတ်နေသဘောထားနှင့်တန်ခိုးတော်တို့ကိုနား လည်နိုင်မည်ဖြစ်ပြီး၊ ကျေးဇူးတင် သဘောပေါက်နိုင်လာမည်ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် တန်ခိုး တော် မဟုတ်၊ ခံစားချက်မဟုတ်၊ အတွေ့အကြုံမဟုတ်၊ ကောင်းမြတ်တော်မူသောပုဂ္ဂိုလ်ဖြစ်လျက် ကိုယ်တော်အား သိရန်၊ ချစ်ရန်၊ ကိုးစားရန်၊ နာခံရန်နှင့်မှီခိုရန်ဖြစ်နိုင်ကြောင်းသိရှိဖို့လိုပါသည်။ သန့်ရှင်းသောဝိညာဉ်တော် အမှု တော် ကိုလည်းကောင်း၊ ကိုယ်တော်တိုင်လည်းကောင်း၊ ပိုမိုပြည့်စုံကြွယ်ဝကျယ်ပြန့်စွာသိရှိနိုင်စေရန် ဤသင်ခန်းစာကို ဆုတောင်းခြင်းဖြင့် ပြင်ဆင်ထားခြင်းဖြစ်ပါသည်။
သင်ခန်းစာ
၁။         ဖန်ဆင်းတော်မူခြင်း၌သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်
            (က)      ရှေးဦးစွာကမ္ဘာဦးကျမ်း၌သုံးပါးတစ်ဆူဘုရား၏လှုပ်ရှားမှုကိုကြည့်ကြစို့။
                        (၁)        ကမ္ဘာဦး ၁း၂၆။ "ငါတို့ပုံသဏ္ဍာန်နှင့်အညီတသဏ္ဍာန်တည်းလူကိုဖန်ဆင်းကြစို့"
                                    မှတ်ချက်။          သုံးပါးတစ်ဆူဘုရားနှင့် တူအောင်လူကိုဖန်ဆင်းထားပါသည်။
(၂)        ကမ္ဘာဦး ၁၁း၇။ "လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည်အချင်းနားမလည်စေခြင်းငှာ သူတို့စကားကိုရှုပ်ထွေးကြကုန်အံ့"။
            မှတ်ချက်။          သန့်ရှင်းသောဝိညာဉ်တော်သည် ရှေးဦးစွာကပင်ပါဝင်လှုပ်ရှားခဲ့သည်။
(ခ)        သန့်ရှင်းသောဝိညာဉ်တော်သည်စင်္ကြာဝဠာတစ်ခုလုံးကိုဖန်ဆင်းရာ၌ပါဝင်ခဲ့သည်။
            (၁)        ကမ္ဘာဦး ၁း၂။ "ဘုရားသခင်၏၀ိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏"။
            (၂)        ယောဘ ၂၆း၁၃။ ၀ိညာဉ်တော်အားဖြင့်မိုးကောင်းကင်တန်ဆာများကိုပြင်တော်မူ၏"။
(၃)        ဆာ ၃၃း၆။ ထာဝရဘုရား၏နှုတ်ကပါတ်တော်အားဖြင့်မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်အသက် - (၀ိညာဉ်တော်) အားဖြင့်မိုးကောင်းကင်တန်ဆာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။          
မှတ်ချက်။          ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းစာတို့တွင် ဘုရားသခင်၏တန်ခိုးတော်ကို ၀ိညာဉ်တော်ကကိုယ်စားပြုထားပါသည်။
                        ကော၊ ၁၊၁၆၊၁၇ နှင့် ဟေဗြဲ ၁း၂ ကဲ့သို့သောကျမ်းပိုဒ်များသည်ဖန်ဆင်း တော်မူခြင်းကို ခရစ်တော် သားတော်ဘုရားအားအမွမ်းတင်ထားပါ သည်။စင်္ကြာဝဠာဖန်ဆင်းရာတွင်သုံးပါးတစ်ဆူဘုရားတွင်ပါဝင်သော ပုဂ္ဂိုလ်သုံးဦးအတူတကွပါဝင်လုပ်ဆောင်ကြောင်းပေါ်လွင်လှပါသည်။
(ဂ)        သန့်ရှင်းသောဝိညာဉ်တော်သည်လူသားတို့ကိုဖန်ဆင်းရာတွင် တိုက်ရိုက်ပါဝင်ခဲ့ပါသည်။
(၁)        ကမ္ဘာဦး ၂း၇။ "သူ၏နှာခေါင်းထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူလျှင်လူသည် အသက်ရှင်သောသတ္တ၀ါဖြစ်လေ၏"
မှတ်ချက်။            သမ္မာကျမ်းစာတွင်ဝိညာဉ်အသက်ကို သန့်ရှင်းသောဝိညာဉ်တော်ကို ဖော် ပြရာတွင် အသုံးပြုထားပါသည်။
(၂)        ယောဘ ၃၃း၎။     "ဘုရားသခင်၏၀ိညာဉ်တော်သည် ငါ့ကိုဖန်ဆင်းတော်မူပြီ။ အနန္တ တန်ခိုးရှင်၏အသက်တော်သည် ငါ့ကိုအသက်ရှင်စေတော်မူပြီ။
၂။         ဓမ္မဟောင်းကျမ်းတွင်သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်
(က)      သြကာသလောကကြီးကိုဖန်ဆင်းရာတွင်လည်းကောင်း၊ လူကိုဖန်ဆင်းရာတွင်လည်းကောင်းသန့် ရှင်း သောဝိညာဉ်တော်ပါဝင်ခဲ့သည်။ ကမ္ဘာဦး ၁း၂၊ ၂း၇။
(ခ)        အပြစ်သားများနှင့် အတူရှိလျက်မကောင်းမှုကိုတားဆီးခဲ့သည်။ ကမ္ဘာဦး ၆း၃၊ ၂သက် ၂း၆-၇ နှင့် ယှဉ်ကြည့်ပါ။ ဤနေရာတွင်လည်းဆီးတား သူသည်သန့်ရှင်းသောဝိညာဉ်တော်ပင်ဖြစ်ပါသည်။
(ဂ)        ယုံကြည်သူ၌ကိန်းဝပ်တော်မူပါသည်။
            (၁)        က ၄၁း ၃၈။ " ဘုရားသခင်၏၀ိညာဉ်တော်ကိုရ၍ဤကဲ့သို့သောသူ"
            (၂)        ဆာ ၅၁း၁၃။ "သန့်ရှင်းသောဝိညာဉ်တော်ကိုလည်းရုပ်သိမ်းတော်မမူပါနှင့်"။
(၃)        ၁ပေ၊ ၁း၁၁။ "သူတို့အထဲ၌ရှိသောခရစ်တော်၏၀ိညာဉ်တော်သည်သက်သေခံသော အခါ"။
(၄)        တော၊ ၂၇း၁၈။ " ထာဝရဘုရားကလည်း ၀ိညာဉ်တော်ကို ရသောနုန်၏သားယောရှုကို ခေါ်၍"
(ဃ)      ယုံကြည်သောသူတို့အပေါ်သို့ဆင်းသက်တော်မူပြီးကြီးမားသောတန်ခိုးပေးပါသည်။
            (၁)        ဧလဒဒ်နှင့်မေဒဒ်။ ပရောဖက်ပြုကြ၏။ တော ၁၁း၂၆-၂၉
            (၂)        သြသံယေလ။ အုပ်စိုး၍စစ်ချီလေ၏။ သူကြီး ၃း၁၀
            (၃)        ဂိဒေါင်။ ကြီးစွာသောအောင်ခြင်းကိုရ၏။ သူကြီး ၆း၃၄
            (၄)        ရှံဆုန်။ ခြင်္သေ့ကိုလက်ဖြင့်ဆွဲဖြတ်သည်။ သူကြီး ၁၄း၆
            (၅)        ဒါဝိဒ်။ ထိုနေ့မှစ၍ ၁ရာ ၁၆း၃
မှတ်ချက်။          ဓမ္မသစ်ကျမ်းစာတွင်သန့်ရှင်းသောဝိညာဉ်တော်သည် "အပေါ်သို့" ဆင်းသက် သောအခါဟောပြောခြင်း (ပရောဖက်ပြုခြင်း၊ တန်ခိုးကိုပြခြင်း (တမန် ၁း၈) နှင့်ပူးတွဲပါသည်။ ဤအချက်ကိုမှတ်ထားရန်လိုအပ်ပါသည်။
(င)        ယုံကြည်သူအချို့အားဝိညာဉ်တော်နှင့်ပြည့်ပါသည်။
            (၁)        ဗေလဇေလ၊ ထွက် ၃၁း၃ နှင့် ၃၅း၃၁
            (၂)        ယောရှု " ပညာသဘောနှင့်ပြည့်စုံသောသူဖြစ်၍" တရား ၃၄း၉
            (၃)        ဧလိယ။ လု ၁း၁၇။ ဗတ္တိဇံ ယောဟန်ကဲ့သို့ပြည့်ဝသူ
            (၄)        အာရုန်၏အ၀တ်ကို ယက်လုပ်ရသူများ။ ထွက် ၂၈း၃
မှတ်ချက်။          အထက်ပါကျမ်းချက်များကိုကြည့်သောအခါဓမ္မဟောင်းကျမ်းတွင်သန့်ရှင်းသော ၀ိညာဉ်တော်သည် ပညာနှင့်ကျွမ်းကျင်မှုကို ပေးကြောင်းတွေ့ရပါသည်။ (ထွက် ၃၁း၂၅) အထူးကြီးမားသောခွန်အားကိုပေးသည်။ (သူကြီး ၁၄း၆) ပရောဖက်ပြု ရန်နှင့်ကြီးသောအမှုကိုပြုရန်ခွန်အားပေးသည်။ (၂ရာ ၂၃း၂ နှင့် သူကြီး ၁၅း၁၄)
မှတ်ချက်။          သန့်ရှင်းသောဝိညာဉ်တော်သည် ဓမ္မဟောင်းကျမ်းထဲတွင်လွတ်လပ်စွာအလို တော်နှင့် အညီဆောင်ရွက်တော်မူကြောင်းသတိပြုရပါမည်။ တစ်စုံတစ်ယောက် သောသူအပေါ်သို့ဆင်းသက်ပြီးပြည့်ဝမှုပေးသည်။ သန့်ရှင်းသောဝိညာဉ်တော် ကိုမည်သို့လက်ခံရယူမည် ၀ိညာဉ်တော်တန်ခိုးကိုမည်သို့ရယူရမည်ဟူ၍ ဣသ ရေလလူမျိုးတို့အားလမ်းညွှန်ချက်မရှိပါ။ ရှေ့လာမည့်အချိန်တွင်လူမျိုးအပေါင်းတို့ သည်၎င်းတို့အပေါ်သွန်းလောင်းခြင်းခံရမည် ဖြစ်ကြောင်းကတိပြုထားခဲ့ပါသည်။ (ဟေရှာ ၄၄း၃၊ ယောလ ၂း၂၈)
၃။         သမ္မာကျမ်းစာနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ဆက်သွယ်မှုကို ဖော်ပြချက်များ
            (က)      ထိုကျမ်းစာရှိသမျှတို့သည် "ဘုရားသခင်မှုတ်သွင်းတော်မူခြင်းအား" ဖြင့်ဖြစ်၍ ၂တိ၊ ၃း၁၆
            (ခ)        မှုတ်သွင်းခြင်းကို မည်သူပြုသနည်း။ ၂ပေ၊ ၁း၂၁
                        "ဘုရားသခင်၏သန့်ရှင်းသူတို့သည်" သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်း တော်မူခြင်းကိုခံ၍ ဟောပြောကြ၏။
မှတ်ချက်။          ဤနေရာတွင်လည်းဘုရားသခင်နှင့်မှုတ်သွင်းတော်မူခြင်းသည် မျက်မြင်မရသော တန်ခိုးကြီးမားသည့်သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်ကိုဖော်ပြနေပါသည်။
မှတ်ချက်။          အထက်ကျမ်းစာများသည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မဟောင်းကျမ်းတို့ကိုရေးသား သောစာရေးဆရာများအနေဖြင့်မိမိကိုယ်ပိုင်ဟန်ကိုပြသရန်အခွင့်အရေးလုံးဝမရှိတော့သည့်ကားမဟုတ်ပေ။ ဘုရားသခင်သည်ထိုစာရေးဆရာများအားမိမိ၏စိတ် ဆန္ဒနှင့်ရည်ရွယ်ချက်တို့ကို တိတိကျကျဖော်ပြနိုင်စွမ်းရှိကြောင်းဖော်ပြခြင်းမျှသာ ဖြစ်ပါသည်။ မူရင်းစာတွင်ရေးသားထားသောသမ္မာကျမ်းစာများသည် အမှား အယွင်းမရှိ တိကျမှန်ကန်ခြင်း ရှိလျက် ဘုရားသခင်ကိုယ်တော်တိုင် ရေးသား သကဲ့သို့ ဖြစ်ပါသည်။
(ဂ)        ဗျာဒိတ်ကျမ်းအခန်းကြီး (၂)နှင့် (၃)တို့တွင် ရေးသားထားသောစကားများသည် သန့်ရှင်းသော ၀ိညာဉ် တော်၏မိန့်မှာချက်များဖြစ်ပါသည်။ ဗျာဒိတ် ၂း ၁၁၊ ၁၇။ ၃း၁၆၊ ၁၃၊၂၂။
(ဃ)      သန့်ရှင်းသောဝိညာဉ်တော်သည်ဓမ္မသစ်ကျမ်းရေးသူများကိုသမ္မာတရားအားလုံးနှင့် နောင်ဖြစ်လာ မည့်အရာများကိုဖော်ပြလမ်းညွှန်ခဲ့ပါသည်။ ယော၊ ၁၆း၁၃
၎။         ခရစ်တော်၏သက်တော်စဉ်နှင့်ပတ်သက်၍သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်
(က)      မယ်တော်ကညာမာရိ၏၀မ်းအတွင်း၌ပဋိသန္ဓေယူခြင်းသည်သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော် ဖြစ်ပါသည်။ (မဿဲ ၁း၂၀၊ လု ၁း၃၅)   
(ခ)        သခင်ယေရှုဗတ္တိဇံခံတော်မူစဉ်သန့်ရှင်းသောဝိညာဉ်တော်သည်သခင်ယေရှုအပေါ်သို့ဆင်းသက် တော်မူ၏။ (လု၊ ၃း၂၂၊ မ ၃း၁၆)
(ဂ)        ဘုရားသခင်သည်သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း နာဇရက်မြို့သား ယေရှုကိုဘိသိက်ပေးတော်မူခြင်းဖြစ်သည်။ တမန် ၁၀း၃၈
(ဃ)      ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်စုံလျက်--၀ိညာဉ်တော်သည်---ပို့ဆောင်တော်မူ၏။ (လု ၄း၁၊၁၄)၊ အံ့ဖွယ်နိမိတ်လက္ခဏာတို့ကို ၀ိညာဉ်တော်၏တန်ခိုးဖြင့်ပြုတော်မူ၏။ (လု ၄း ၁၈၊ မ ၁၂း ၂၈)
(င)        လောကတွင်ခရစ်တော်လူသားအဖြစ်ရှိတော်မူနေစဉ်သန့်ရှင်းသောဝိညာဉ်တော် သည်ခရစ်တော် ၏ပညာတရားဖြစ်ပါသည်။ (မ ၁၂း၁၇-၂၁)
(စ)        သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်အားသေခြင်းမှထမြောက်စေတော်မူသည်။ (ရော၊ ၁း၎၊ ၈း၁၁)
(ဆ)      ခရစ်တော်သည်သေခြင်းမှထမြောက်တော်မူပြီးနောက်တမန်တော်တို့ကို "၀ိညာဉ်တော်အားဖြင့်" လမ်းညွှန်မှာထားခဲ့သည်။ (တ၊ ၁း၂)
မှတ်ချက်။          ခရစ်တော်သည် လူသားတစ်ဦးအနေဖြင့် ပညာအရာ၌၄င်း၊ လမ်းညွှန်မှုတန်ခိုး တော် အရာ၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကို မီတည်ခဲ့ပါသည်။ သူသည်ကျွန်ုပ်တို့၏စံနမူနာဖြစ်တော်မူပါသည်။ (၁ပေ၊ ၂း၂၁)
မှတ်ချက်။          အကယ်၍ခရစ်တော်သည် အသက်ရှင်ရန်နှင့်အမှုဆောင်ရန်အတွက် သန့်ရှင်း သော ၀ိညာဉ်တော်ကိုအမှီပြုခဲ့ပါလျှင်ကျွန်ုပ်တို့သည်သန့်ရှင်းသောဝိညာဉ်တော် အားမည်မျှအားထားရမည်နည်း။
မှတ်ချက်။          ကျွန်ုပ်တို့အားဘုရားရှင်ချပေးထားသောကောင်းချီးမင်္ဂလာများကို လက်ခံရယူရန် မပျက်ကွက်ကြစို့။ သန့ှ်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်၌ပြုခဲ့သမျှအား လုံးကိုသင်၌လည်းပြုနိုင်တော်မူပါသည်။ ကျွန်ုပ်တို့သည်လည်းဝိညာဉ်တော်၌ ဘိသိက်ခံခြင်း၊ ပြည့်ဝခြင်း၊ လမ်းပြပို့ဆောင်ခြင်း၊ တန်ခိုးတော်ပေးခြင်းများရရှိနိုင် ပါသည်။
၅။         မယုံကြည်သူများ၏သန့်ရှင်းသောဝိညာဉ်တော်၏ဆောင်ရွက်ချက်
            (က)      ခရစ်တော်ကို ဖော်ပြခြင်း၊ ခရစ်တော်ကိုချီးမြှောက်ခြင်းအမှုတော်ဖြစ်ပါသည်။
(၁)        ယော၊ ၁၅း၂၆။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ--ငါ၏အကြောင်းကို သက် သေခံလိမ့်မည်။
(၂)        ယော၊ ၁၆း၁၃၊၁၄။ "၀ိညာဉ်တော်သည်ရောက်လာသောအခါ-" ကိုယ်အလို အလျောက် ဟောပြောမည်မဟုတ်-- ငါဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကားငါနှင့်စပ်ဆိုင် သောအရာကိုယူ၍သင်တို့အားဖော်ပြလိမ့်မည်။
(၃)        တ ၅း၃၂။ ငါတို့သည် သူ၏သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏စကားတော်ကိုနား ထောင် သောသူတို့အားပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်။
မှတ်ချက်။          သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်နှင့်ပတ်သက်၍ဟောပြောခြင်း၊ သွန်သင် ခြင်းများပြုနေပါလျက်ခရစ်တော်ကိုထင်ရှားစေခြင်းမပြုပါကသံသယရှိသင့်ပါ သည်။
မှတ်ချက်။          သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်ဖြစ်သည်နှင့်အညီ - (ယော၊ ၁၄း၁၇၊ ၁၅း၂၆) သမ္မာတရားဖြစ်သောသူ၏အခြေအနေအကြောင်းကိုသာသက်သေခံ တော်မူပါသည်။ (ယော၊ ၁၄း၆)
မှတ်ချက်။          သန့်ရှင်းသောဝိညာဉ်တော်သည်မိမိသဘောတော်အတိုင်း သခင်ယေရှုအ ကြောင်းကို အပြစ်သားတို့ကိုဖော်ပြနေစဉ်သန့်ရှင်းသောဝိညာဉ်တော်အား ဆက် ကပ်ပေးအပ်ထားပြီးသောယုံကြည်သူများကိုအသုံးပြုလျက်အမှုဆောင်စေလေ့ရှိ ပါသည်။ (ယော၊ ၁၅း၂၆၊ ၁၆း၇-၈) မည်မျှကြီးမားသောအခွင့်အရေးပါနည်း။ မည်မျှကြီးမားသောတာဝန်နည်း။ ခရစ်တော်အကြောင်းကိုဤလောကသို့သိစေရ သောအခွင့်ထူးကိုရကြပြီ။ သို့ရာတွင်လူတို့၌ ယုံကြည်ခြင်း ကိုဖြစ်စေသောအရာ သည် ကျွန်ုပ်တို့၏ သက်သေခံချက်လည်းမဟုတ် ကျွန်ုပ်တို့၏တန်ခိုးလည်း မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးသက်သက်သာဖြစ်ပါသည်။ လူတို့ သည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်သာယေရှုအား "သခင်" ဟုခေါ်ကြပါ သည်။ ၁ကော ၁၂း၃
(ခ)        အပြစ်ရှိသည်ကိုသိစေခြင်း အပြစ်သားဖြစ်ကြောင်းကိုသိစေခြင်းနှင့် ဆိုင်သောအမှုတော်
            (၁)        ယော၊ ၁၆း၈-၁၁။ လောကသားတို့အားဤသို့သိစေတော်မူပါသည်။
(က)      အပြစ်အကြောင်း။ ခရစ်တော်ကိုမယုံကြည်ခြင်းသည် အပြစ်ဖြစ်ကြောင်းကို ဖော်ပြတော်မူပါသည်။
(ခ)        ဖြောင့်မတ်ခြင်း။ ခမည်းတော်ဘုရားသခင်ထံသို့ပြန်သွားခြင်းအားဖြင့်သက်သေ ပြနိုင်သောခရစ်တော်၏ဖြောင့်မတ်ခြင်းကိုဖော်ပြတော်မူပါသည်။
(ဂ)        အပြစ်စီရင်ခြင်း။ သေခြင်းတရားနှင့်အပြစ်ဒုစရိုက်ကိုဖြစ်စေသောစာတန်အားလက်ဝါးကပ်တိုင်ပေါ် မှခရစ်တော်သည်တရားစီရင်ပြီးဖြစ်ပါသည်။ (ကော ၂း၁၅၊ ဟေဗြဲ ၂း၁၄)
(၂)        အပြစ်သားအားအပြစ်ရှိကြောင်းသိစေရန်သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်က နှုတ်ကပါတ်တော်အားဖြင့်ဖော်ပြပါသည်။
(က)      တ ၂း၎ နှင့် ၂း၃၇ ကိုကြည့်ပါ။ တမန်တော်တို့သည် " သန့်ရှင်းသော ၀ိညာဉ်တော်" နှင့်ပြည့်လျက်ရှိနေကြပါသည်။ ထိုအခါအပြစ်သားတို့သည် " စိတ်နှလုံးပူပန်ခြင်း"သို့ရောက်ကြရပါသည်။
(ခ)        တ ၄း၈ နှင့် ၄း၁၃ ကိုကြည့်ပါ။ ပေတရုသည် "သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်လျက်" ရှိပါသည်။ ထိုအခါအပြစ်သားတို့သည် "အံ့သြ" ၍နေကြပါသည်။
(၃)        သန့်ရှင်းသောဝိညာဉ်တော်အပြစ်ကိုဖော်ပြသောအခါနောင်တရခြင်းနှင့်ယုံကြည်ခြင်းကို ဖြစ်စေပါသည်။
(က)      တ ၂း၃၈၊၃၉ ကိုလေ့လာပါ။ "အဘယ်သို့ပြုရပါမည်နည်း" နောင်တရ၍ တစ် ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ဗတ္တိဇံကိုခံကြလော့။"
(ခ)        ရောမ ၁၀း၁၇ ယုံကြည်ခြင်းသည် နှုတ်ကပါတ်တော်ကို ကြားနာခြင်း အား ဖြင့်ဖြစ်၏။ သို့ရာတွင်နှုတ်ကပါတ်တော်သည် သန့်ရှင်းသော ၀ိညာဉ်တော် ၏ဓါး ဖြစ်ကြောင်းကိုအမြဲသတိပြုရပါမည်။  သန့်ရှင်းသောဝိညာဉ်တော်သည် ထိုဓါးကို တန်ခိုးတော်အားဖြင့်ကိုင်ဆောင်သော အခါလူတို့သည် မိမိအပြစ်ကိုမြင်ခြင်း၊ နောင်တရခြင်း၊ ဘုရားသခင်ထံသို့ပြန်လာခြင်းကိုဖြစ်စေပါသည်။
နောက်ဆုံးစကား
            သန့်ရှင်းသောဝိညာဉ်တော်ကိုသိရှိရန်၊ ချစ်မြတ်နိုးရန်သုံးပါးတစ်ဆူဘုရားမှတစ်ပါးဖြစ်တော်မူသောသန့်ရှင်း သောဝိညာဉ်တော်အားနာခံခြင်း၊ ၀တ်ပြုခြင်းဖြင့်ရိုသေလေးမြတ်နိုင်ရန်သင်ခန်းစာတွင်ယုံကြည်သူ၌သန့်ရှင်းသော ၀ိညာဉ်တော်ကဆောင်ရွက်ပေးတော်မူသောအမှုတော်ဝိညာဉ်တော်၏ကျေးဇူး၊ ၀ိညာဉ်နှစ်ခြင်း ၀ိညာဉ်တော် နှင့်ပြည့် ခြင်း၊ ၀ိညာဉ်တော်၏တန်ခိုးတို့ကို ဆက်လက်လေ့လာမည်ဖြစ်ပါသည်။
မေးခွန်းများ
၁။         သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်နှင့် ပတ်သက်၍ဓမ္မဟောင်းကျမ်း၌ဖြစ်စေ၊ ဓမ္မသစ်ကျမ်း၌ဖြစ်စေဖော် ပြထားသမျှတို့ကို သောချာစွာသိရှိထားရန်အဘယ်ကြောင့်လိုအပ်ကြောင်းကိုအချက်နှစ်ချက်ဖြင့်ဝါကျတို့ကို ရေးသားဖော်ပြပါ။
            က။
            ခ။
၂။         အောက်ပါအချက်များတွင်သန့်ရှင်းသောဝိညာဉ်တော်သည် အဓိကနေရာမှပါဝင်ကြောင်းဖော်ပြသောကျမ်း ညွှန်းအနည်းဆုံးတစ်ခုစီရေးပါ။
            က။        စင်္ကြာဝဠာကမ္ဘာကိုဖန်ဆင်းခြင်း ----------------------------------------------------------------------
            ခ။         လူကိုဖန်ဆင်းခြင်း ------------------------------------------------------------------------------------
၃။         ဓမ္မဟောင်းကျမ်းတွင်သန့်ရှင်းသောဝိညာဉ်တော်ကပြုလုပ်ခဲ့သောအမှုတော်ဖြစ်သည်ဟုသင်ခန်းစာ၌ ဖော်ပြ ထားသောအမှု (၅)မျိုးကိုဖော်ပြပါ။
            က။       
            ခ။
            ဂ။
            ဃ။
            င။
၎။         ကမ္ဘာဦးကျမ်း ၆း၃ တွင်ဓမ္မသစ်ကျမ်းတွင်မည်သည့်ကျမ်းချက်နှင့်ဆက်စပ်နေပါသနည်း။
            အဖြေ။
၅။         ဓမ္မဟောင်းကျမ်းစာပါဝိညာဉ်တော်၏ "ပြည့်စေခြင်း"ထိုသူအပေါ်၌တည်နေခြင်း" တို့နှင့်သက်ဆိုင်မှုကိုဖော်ပြ ကျမ်းချက် (၃)ချက်ရေးပါ။
            က။
            ခ။
            ဂ။
၆။         ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းစာတို့တွင်သန့်ရှင်းသောဝိညာဉ်တော်၏မတူညီသောအမှုတော်အကြောင်း ဤသင်ခန်းစာ၌ဖော်ပြထားပါသည်။ မတူညီသောအချက်များကိုသင်ကိုယ်ပိုင်စကားဖြင့်ရေးပါ။
            -
            -
            -          
            -
            -
၇။         သမ္မာကျမ်းစာကိုရေးသားရာတွင်စာရေးသူ၏ကိုယ်ပိုင်ရေးသားဟန်၊ ပင်ကိုယ်အရည်အချင်း၊ ထူးခြားသော အပြုအမူများကိုဖော်ပြအသုံးပြုခွင့်ပိတ်ပင်ထားပါသလား။
            -
            -          
-
၈။         အကယ်၍ပိတ်ပင်ခြင်း မပြုခဲ့ပါလျှင် ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ် သည်ဟူ၍၄င်း၊ "ဘုရားသခင်၏သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းတော်မူခြင်းကိုခံ ရ၍ဟောပြောကြသည်" ဟူသောရေးသည့်အကြောင်းအရာသည် မည်သို့ဆိုလိုပါသနည်း။
            အဖြေ    -
                        -          
၉။         "မှုတ်သွင်းတော်မူသောအားဖြင့်ဆိုသည်မှာမည်သို့ဆိုလိုပါသနည်း။
            -
            -
၁၀။       ခရစ်တော်၏အသက်တာတွင်သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်ကိုဖော်ပြသောအချက်(၄)ချက်ကိုရေး ပါ။
            က။       
            ခ။
            ဂ။
            ဃ။
၁၁။       ခရစ်တော်သည်လူသားဇာတိကိုခံယူစဉ်သန့်ရှင်းသောဝိညာဉ်တော်၏ အပေါ်၌ လုံးဝ မီတည်ခဲ့သည် ဆိုသော် ယနေ့ယုံကြည်သူအနေဖြင့်ဝိညာဉ်တော်၏ပြောကြားချက်ကို မည်သို့ မည်သည့်ကဏ္ဍ (၂)ခုတွင်မီတည်ရမည် နည်း။
            က။
            ခ။
၁၂။       မယုံကြည်သူများးနှင့်ပတ်သက်၍သန့်ရှင်းသောဝိညာဉ်တော်၏အမှုဆောင်ခြင်း (၂) မျိုးကိုဖော်ပြပါ။
            က။
            ခ။
၁၃။       သန့်ရှင်းသောဝိညာဉ်တော်အကြောင်းကိုဟောပြောသွန်သင်ခြင်း ပြုပါလျက် ခရစ်တော်ကိုထင်ရှားစေခြင်းမ ပြုပါကသံသယရှိရမည်ဆိုခြင်းမှာအဘယ်ကြောင့်နည်း။
            အဖြေ    -
                        -
၁၄။       ခရစ်တော်၏အမှုတော်ကိုထမ်းဆောင်ရာတွင်ဝိညာဉ်တော်၏အုပ်စိုးမှုကိုလုံးဝခံယူရန်အဘယ်ကြောင့်လိုအပ် သနည်း။
            အဖြေ။
၁၅။       မိမိအပြစ်ကိုမြင်၍နောင်တရစေရန်နှုတ်ကပါတ်တော်ကိုဟောပြောခြင်းနှင့်သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်လိုအပ်ကြောင်းဖော်ပြသောကျမ်းချက်များကိုဖော်ပြပါ။
            က။
            ခ။
၁၆။       သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်ကိုဖော်ပြတော်မူသောအခါမည်သည့်အမှုနှစ်မျိုးကိုဖြစ်စေပါသနည်း။
            က။
            ခ။


                       
အမည်၊   ____________________________           ရက်စွဲ၊ ___________________________
လိပ်စာ၊  ____________________________
            ____________________________
            ____________________________
            LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Recent Posts

Unordered List

User Online

Pages

Theme Support