HCF
HCF MYANMAR IN SINGAPORE
Saturday, August 24, 2013
အပြစ်၏ ဇစ်မြစ်၊ လက္ခဏာ၊ အခနှင့်ဖယ်ရှားခြင်း
                                           သင်ခန်းစာ အမှတ် (၄)
အပြစ်
အပြစ်၏ ဇစ်မြစ်၊ လက္ခဏာ၊ အခနှင့်ဖယ်ရှားခြင်း
 “နိဒန်း”
            ၂၀ ရာစုထဲသို့ဝင်ခါစ အချိန်တွင် ရုရားဝတ္တုရေး ဆရာ လီယိုတောလ်စတွိုင်းက “ဤခေတ်ကာလ၏ ထင်ရှား သောလက္ခဏာသည် ဘုရားသခင်ရှိကြောင်း သတိပြုမှုလျော့နည်း နေကြခြင်းဖြစ်သည်” ဟုပြောခဲ့ပါသည်။ ထိုသို့ဆို လျှင် “ဤ ခေတ်ကာလ၏ ထင်ရှားသော လက္ခဏာသည် အပြစ်ရှိကြောင်းသတိပြုမှုလျော့နည်းနေကြခြင်း ဖြစ်သည်။” ဟုပြောရမည်သာဖြစ်ပါသည်။ လူသည်ဘုရားနှင့်ဝေးလေလေ အပြစ်ရှိကြောင်း သတိမပြုလေလေ ဖြစ်ပါသည်။ သန့်ရှင်းတော်မှုသော ဘုရားအကြောင်း သိရှိလေလေ အပြစ်သည် ကြောက်ရွံ့ဘွယ်၊ ရွံမုန်းဘွယ်ကောင်း လေလေ ဖြစ်ပါသည်။ ယနေ့ကမ္ဘာ့လူသားများသည် အပြစ်ကို မသိကျိုးကျွံပြုလိုသည်။ အပြစ်မရှိဟုငြင်းလိုသည်။ အပြစ်ကို ရယ်ရွှင်ဘွယ်ပြုလိုကြသည်။ လွှတ်လပ်စွာတွေးခေါ်သော တရားဟောဆရာများက လူသားတို့အနေဖြင့် အပြစ်ကြောင့် ကယ်တင်ခြင်းလက်လွှတ် ဆုံးရှုံးမှုမရှိဟု ဟောပြောနေကြသည်။ စိတ်ပညာရှင်များက အပြစ်ကို မသိ ကျိုးကျွံ လုပ်၍ ထားခဲ့ခြင်းဖြင့် အပြစ်ရှိသည်ဟု ခံယူတတ်သော ခွင့်လွှတ်တတ်သော စိတ်ထားကို ဖြေဖျေက် လိုကြသည်။ အချင်း ချင်း နားလည်မှုရှိရမည်ဆိုလျှင် မည်သည်အပြုအမူမဆို ကြီးရင့်သူတိုင်းလက်ခံနိုင်မည်ဟု အကျင့် သဘော နှင့် ပတ် သက်၍ ဆိုပြန်ပါသည်။ အခြေအနေသမားများအနေဖြင့်  လူကျင့်ဝတ်အားလူကျင့်ဝတ်အားလုံးတို့ကို အခြေအနေ ပေါ်မူတည်၍ ကျင့်သုံးရမည်ဟု ဆိုပါသဖြင့်လူကျင့်ဝတ်ကို သမ္မာကျမ်းစာက အုပ်စိုး လမ်းညွှန်ရန် မရှိတော့ပါ။
            ဤသင်ခန်းစာ၏ ရည်ရွယ်ချက်မှာ ဤသင်ခန်းစာ လေ့လာသူအားလုံးအား သမ္မာကျမ်းစာ သွန်သင်ချက်နှင့် အပြစ်အပေါ်သဘောထားတတ်အောင် အလျင်အမြန်ပြန်ခေါ်ရန်ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော် ဖော်ပြတော် မူသည်နှင့်အညီ ဘုရားသခင်က အပြစ်ကိုမည်ကဲ့သို့ မြင်ထားကြောင်းဖော်ပြလိုပါသည်။ အဓိကအားဖြင့် အပြစ်၏မူလ ဇစ်မြစ်၊ သဘာဝ၊ ဆိုးကျိုးသက်ရောက်မူနှင့် တစ်ခုတည်းသော အပြစ်ကိုဖယ်ရှားကုသခြင်း အကြောင်းတို့ကို ကြည့်ရှု ရမည်ဖြစ်ပါသည်။
ဤသင်ခန်းစာအရေးကြီးပုံ
          ကမ္ဘာလူသန်းပေါင်းများစွာတို့သည် ဤအပြစ်ဝန်ခံရန်ငြင်းဆိုသော်လည်း ကမ္ဘာကြီးသည် အပြစ်ကြောင့်ဖြစ်ရ သောရောဂါနှင့်ပျက်စီးခြင်းကြောင့် ယိုယွင်းဆွေးမြေ့ခြင်းသို့ ဦးတည်လိမ့်ဆင်းလျက်ရှိနေပါသည်။ ကြမ်းတမ်းသော ရာဇဝတ်မှုများ ဖြစ်ပွားတိုးတက် လျှက်ရှိပါသည်။ ဖိုမဆက်ဆံမှု ၊ မနာလိုခြင်း၊ လိမ်လည်ခြင်း ၊ လှည့်ဖြားခြင်း ၊ မုသာပြောခြင်းတို့သည် နေရာတရာတွင် ရှိနေပါသည်။ ကာမရှုပ်ထွေးမှုကို လူသားတို့၏ ပုံမှန်နေထိုင်မှုအဖြစ် တနေ့တခြား ပိုမိုလက်ခံလာကြပါသည်။ လူအမြောက်အများသည် အရှက်အကြောက်မရှိ ၊ သူ့လင်သူ့မယားဖြစ်ပွား လျက်ဘုရားသခင်၏ နည်းဥပဒေသတို့ကို မိမိတို့သဘောဖြင့် အနက်ဖွင့်လျက်ရှိနေကြပါသည်။
            ဤကဲ့သို့ ကမ္ဘာနှင့်အဝှမ်း ကြမ်းတမ်းသောစရိုက်ဖြင့် ဖျက်ဆီးနိုင်ရန်တစ်ခုတည်းသော နည်းလမ်းမှာ အပြစ် နှင့် ပတ်သက်၍ သမ္မာကျမ်းစာ၏ ဖော်ပြချက်ကိုပြန်လည်နိုးကြားစေခြင်း ၊ သွန်သင်ခြင်း ၊ဟောပြောခြင်း ၊ အင်နှင့် အားနှင့် တိုက်တွန်းခြင်းနည်းတစ်ခုသာရှိပါသည်။
            ခရစ်တော်သည် အဘယ့်ကြောင့် ဤလောကသို့ကြွလာတော်မူသည်ကို ရှင်လင်းစွာသဘောမပေါက်လျှင် ခရစ်တော်၏ ဧဝံဂေလိတရားတော်ကိုလည်းကောင်း၊ သမ္မာကျမ်းစာကိုလည်းကောင်း ၊ ခရစ်ယာန်ဖြစ်ခြင်းကိုသော် လည်းကောင်း၊  ယော ၊ ၁း၂၉ “ဤလောက၏ အပြစ်ကိုဆောင်သွားသော” ဟေ ၊ ၉း၂၆။ “တခါတည်းကိုယ်ကို ပူဇော်သောအားဖြင့် အပြစ်ကိုသုတ်သင် ပယ်ရှင်းခြင်းဌါ”
ကယ်တင်ခြင်းဟူသော စကားလုံးကိုလွယ်လွယ်သုံးတတ်ကြပါသည်။ သို့ရာတွင် “ကယ်တင်ခြင်း” အကြောင်းကို နားလည်နိုင်ရန် မည်သည့်အရာမှ ကယ်တင်တော်မူသည်ကို သိထားရပါမည်။
ဂလာ၊ ၁း၎။ “ငါတို့အပြစ်ကြောင့် ကိုယ်ကိုအပ်ပေးတော်မူ၏”
ဗျာ၊ ၁း၅။ “ငါတို့ကိုချစ်၍၊ မိမိအသွေးနှင့်ငါတို့ အပြစ်များကိုဆေးကြောတော်မူ၏”
အပြစ်အကြောင်းကို နားမလည်လျင် လက်ဝါးကပ်တိုင်၏ တန်ဘိုးကို သဘောပေါက်နိုင်မည် မဟုတ်ပေ။
၂ ကော ၅း၂၁ “အပြစ်နှင့်ကင်းစင်သော သူကိုငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏”
ဟေရှာ ၅၃း၆။ “ခပ်သိမ်းသော ငါတို့အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏”
၁ ပေ ၂း၂၄။ ငါတို့အပြစ်များကို ကိုယ်တိုင် သစ်တိုင်မှာခံတော်မူပြီး။ အပြစ်သည် ဆိုးသွမ်းစွာအုပ်စိုးသော မင်းညစ်ဖြစ်လျက် ကျွန်ုပ်တို့အား ကောင်းကင်ဘုံသို့ ဝင်စားခြင်းမပြုရန် လွှဲဖယ်နိုင်သူ၊ အစိုးရမင်းတို့ကို ဖြုတ်ချနိုင်သူ ၊ လူ့ယဉ်ကျေးမှုကိုပါ ဖျက်ဆီးနိုင်သူဖြစ်ကြောင်း သိရသောအခါ ဤသင်ခန်းစာသည် ကြီးကျယ်၍ အကျယ်ချဲ့ထားခြင်း ဖြစ်သည်ဟုမဆိုသာပါ။
သင်ခန်းစာ
၁။         အပြစ်သည်မည်သည့်နေရာတွင် မည်သို့အစပြုခဲ့ပါသနည်း။         
ဘုရားသခင်သည် ကောင်းကင်တမန်များနှင့် လူတို့ကို ဖန်ဆင်းတော်မူရာတွင် စက်ရုပ်များကဲ့သို့ မိမိအလိုဆန္ဒ မရှိသော အရာအဖြစ် ဖန်ဆင်း တော်မမူခဲ့ပါ။ ကိုးကွယ်ခြင်း၊ဝတ်ပြုခြင်း၊လုပ်ကျွေးခြင်း အမှုကို မပြုတတ်သောသတ္တဝါအားဖြင့် ဘုရားသခင်၏ဘုန်းတော်သည် မထင်ရှားနိုင်ပါ။ ထို့ကြောင့် လုပ်ဖော် (စာတန်) သည် မိမိဆန္ဒ ၊ မိမိသဘောကိုကျင်သုံးလျက် ဘုရားသခင်၏နေရာတော်နှင့် အာဏာတော်ကို လုယူနိုင်ရန် စိတ်ပါကိုယ်ရောက် ပုန်ကန်ထကြွခဲ့ပါသည်။
အာဒံနှင့်ဧဝတို့သည်လည်း မိမိတို့ ကိုယ်ပိုင်ဆန္ဒ အသီးသီးပိုင်ဆိုင်ထားကြပါသည်။ သူတို့သည် လည်း ဘုရားသခင်၏ စကားတော်ကိုသာ နားထောင်ခြင်း ထက် ပုန်ကန်ခြင်း လမ်းကိုရွေးချယ်ထားပါသည်။ ထိုအခြေအနေနှစ်ရပ်တွင် အပြစ်ဖြစ်ပွားခဲ့ပါသည်။
(က)      စင်္ကြဝဠာ၌ အပြစ်၏ဇစ်မြစ်။
(၁)        စာတန်သည်ဘုရားသခင်၏ကြယ်တို့အပေါ် ဗျာဒိတ်တော်တောင်ပေါ်မှ ပလ္လင်တည်၍ အမြင့်ဆုံး သော ဘုရာသခင်ကဲ့သို့ ငါနေမည်ဟု ဆိုလျက် မင်းမဲ့ဝါဒီပုန်ကန်မှုပေါ်ပေါက်ခြင်းဖြင့် အပြစ် အစပြု ခဲ့ပါသည်။ ဟေရှာ ၁၄း၁၃း၁၄။ ယေဇ ၂၈း၁၂-၁၅။
(၂)        မိမိတင့်တယ်လှပမှုနှင့် ဘုန်းတန်ခိုးတော်ကြောင့် ၀ါကြွားဂုဏ်မောက်ခဲ့ည်။ ယေဇ ၂၈း၁၇။ ဟေရှာ ၁၄း၁၃။ မိမိကို ဖန်ဆင်းတော်မူသော ဖန်ဆင်းရှင်အား ပုန်ကန်လျက် “ငါသည်ဟုပြောခဲ့သော ကြောင့် စင်္ကြာဝဠာသို့  အပြစ်ဝင်လာပါသည်။
(၃)        သခင်ယေရှုက “မာရ်နတ်သည် ရှေးဦးစွာမှစ၍၊ လူ့အသက်ကိုသတ်သူ (ပုန်ကန်သူ)ဖြစ်၏။ သူ၌ သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏ မုသား၏အဘလည်းဖြစ်၏” (ယော ၈း၄၄)ဟု ဖော်ပြထားပါသည်။
(၄)        ခရစ်တော်သည် အနှစ်တထောင်ကာလစိုးစံခြင်းမပြုမီ စာတန်အား “အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထားလျက် (ဗျာဒိတ် ၂၀း၃)” ကန့်နှင့်ရောသော မီးအိုင်ထဲသို့ “အနှစ်တထောင်ကာလ ကုန်လွန်သောအခါ ချပစ် (ဗျာဒိတ် ၂၀း၁၀)မည်ဖြစ်၍၊ ယခုအခါ စာတန်သည် ထိုအရပ်၌မရှိပါ။ စာတန်သည် ဤစင်္ကြာဝဠာအတွင်း၌ပင်ရှိသောသူ၏ ပလ္လင်ပေါ်မှ လှုပ်ရှားလျက်ပင်ရှိနေပါသည်။
            (ဗျာ ၁၃း၂) “ဤလောကကိုအစိုးရသောမင်း (ယော။ ၁၄း၃၀)အဖြစ်လည်းကောင်း၊ ဤလောကကို အစိုးရသောဘုရား (၂ ကော ၄း၎)အဖြစ်လည်းကောင်း၊ အာကာသကောင်းကင်တန်ခိုးကိုအစိုးရ သောမင်း (ဧ ၂း၃) အဖြစ်လည်းကောင်း၊ စိုးစံလျက်ရှိနေပါသည်။ ဘုရားသခင်၏ရန်သူကြီး၊ ယုံကြည်သူတစ်ဦးအနေဖြင့်၊ သင်၏ရန်သူ၊ ဖြောင့်မတ်ခြင်း၏ ရန်သူဖြစ်ပါသည်။ မ။ ၁၃း၂၅၊ ၂၈၊ ၃၉။ ၂သက် ၂း၎ တ ၁၃း၁၀။
(ခ)     လူသားမျိုးနွယ်တွင် အပြစ်၏ဇစ်မြစ်။
          (၁)        မုသားပြောခြင်း၊ ဘုရားသခင်၏သစ္စာတရားကိုပေါ့ပျက်စေခြင်း၊ အလွဲဖော်ပြခြင်း၊ လျည့်ဖြားခြင်းများဖြင့် စာတန်သည် ဘုရားသခင်တားမြစ်ထားသောအသီးကိုစားစေရန် ဧ၀အား အောင်မြင်စွာ သွေးဆောင်နိုင်ခဲ့ပါသည်။ (၁တိ ၂း၁၄)။ အာဒံသည် တားမြစ်ထားသော အသီးကို ဧ၀ နည်းတူ စားသုံးသောအခါ နားမထောင်ခြင်းပုန်ကန်ခြင်း၊ အပြုအမူအားဖြင့် ဤလောကသို့ အပြစ် ၀င်လာပါသည်။
            (၂)        လူသားအားလုံးတို့သည် မျိုးနွယ်တစ်ခုတည်းဖြစ်၍၊ ကိုယ်စားပြုတာဝန်ရှိသည်အား လျော်စွာ၊ အာဒံ၏အားနည်းဆုံးရှုံးမှုနှင့် ဆိုးကျိုးသက်ရောက်မှုအားလုံးကို ကျွန်ုပ်တို့သည် မျှဝေခံစား ကြရမည်သာဖြစ်ပါသည်။
            (က)      ၁ကော ၁၅း၂၂ “လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်ရကြ၏။”
            (ခ)        ရော ၅း၁၂။ “လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏”
            (ဂ)        ရော ၃း၉-၁၂ “လူအပေါင်းတို့သည် အပြစ်ရှိကြ၏။ အသုံးမရသောသူဖြစ်ကြ၏။ ကောင်းသောအကျင့်ကိုကျင့်သောသူမရှိ။ တယောက်မျှမရှိ။
            (ဃ)      ရော ၅း၁၈ “တစ်ယောက်သောသူပြစ်မှားခြင်းအားဖြင့် လူအပေါင်းတို့သည် အပြစ် စီရင်ခြင်း နှင့်တွေ့ကြုံရကြသည်။
(၃)        အတိုချုပ်အားဖြင့်ဆိုလျှင်၊ အာဒံသည် ဘုရားသခင်၏အခွင့်အာဏာနှင့် စကားတော်ကိုမိမိစိတ်ဆန္ဒ အလျောက် နားမထောင် တော်လှန်ပုန်ကန်၍၊ အာဒံအားဖြင့်အပြစ်ဖြစ်ပြီး၊ အာဒံသားစဉ်မြေးဆက် လူသားမျိုးနွယ်ထဲသို့အာဒံအားဖြင့်ဝင်ရောက်လာပါသည်။ လူသားမျိုးနွယ်တစ်ခုတည်းဖြစ်၍လည်း ကောင်း၊ အုပ်စုလိုက်တာဝန်ရှိပါသဖြင့်၎င်း၊ အာဒံသည် လူသားမျိုးနွယ်စု၏ ခေါင်းဆောင်အဖြစ် လူသားတို့ ကိုယ်စားဆောင်ရွက်ခဲ့၍၄င်း၊ အာဒံ၏ပုန်ကန်မှု၏ အကျိုးသက်ရောက်ခြင်းအားလုံးကို ကျွန်ုပ်တို့လူသားတိုင်းမျှဝေခံစားနေခြင်းဖြစ်ပါသည်။ ဤအကျိုးသက်ရောက်မှုများထဲတွင် ကိုယ် ကာယသေခြင်းနှင့်ဝိညာဉ်သေခြင်း ၁ကော ၁၅း၂၂၊ ဧ ၂း၁။ ၀ိညာဉ်ပျက်စီးဆွေးမြေ့ခြင်း၊ ရော ၃း၉။ ဆာ ၅း၁၉။ ထာဝရအသက်ကိုလက်လွတ်ဆုံးရှုံးရခြင်း၊ ယေဇ ၁၈း၎ စသည်များ ပါဝင်ပါသည်။
(၄)        ယာကုပ် ၄း၁၆။ ကောင်းသောအကျင့်ကိုသိလျက်မကျင့်သောသူသည် အပြစ်ရှိ၏။ လုပ်ဆောင်ခြင်း သည်သာအပြစ်ဖြစ်စေသည်မဟုတ်ဘဲ။ မလုပ်ဘဲနေခြင်းသည်လည်း အပြစ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ သည် မည်သည့်အရာကိုဆောင်ရွက်ရန်ပျက်ကွက်ကြောင်းကို ဘုရားသခင်မြင်တော်မူပါသည်။ သို့သော် လုပ်ဆောင်သော်လည်း မယုံသင်္ကာစိတ်ဖြင့် လုပ်ဆောင်လျှင်အပြစ်ဖြစ်ပါသည်။
၃။         အပြစ်၏သဘောသဘာဝနှင့် အဓိကလက္ခဏာများ။
            အပြစ်၏လက္ခဏာကိုဖော်ပြရာတွင် စကားလုံးမြောက်များစွာကိုအသုံးပြုနိုင်ပါသည်။ သို့ရာတွင် အောက်ပါဝေါဟာရသုံးလုံးဖြင့် လုံလောက်ပါမည်ဟု ယူဆပါသည်။
            (က)      အပြစ်သည်တောင်းဆိုတတ်ပါသည်။
                        အပြစ်သည်အလွန်တန်ခိုးကြီးပါသည်။ သခင်ယေရှုကိုအသေသတ်ရန် တောင်းဆိုလျက် ထိုတောင်းဆိုချက်ကို ထိရောက်အောင်မြင်စေရန် ဖိအားပေးနိုင်သူမှာ ဤစင်္ကြာဝဠာတွင် အပြစ်သည်သာ ဖြစ်ပါသည်။
(၂)        အပြစ်သည်တောင်းဆိုသည်သာမက အမှန်ပင်ကျွန်ပြုလေ့ရှိပါသည်။
            (က)      ယော ၈း၃၄။ “ဒုစရိုက်ကိုပြုသောသူရှိသမျှတို့သည် ဒုစရိုက်၏ ကျွန်ဖြစ်ကြ၏။
            (ခ)        ရောမ ၆း၁၆၊ ၁၇၊ ၁၉၊ ၂၀ အကြင် (အပြစ်)၏ အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှာ သင်တို့ပင် ဖြစ်၏။ (ငယ် ၁၇) သင်တို့သည် မိမိတို့ကိုယ်အင်္ဂါများကို အဓမ္မအလို့ငှာ  ညစ်ညူးခြင်း၏တရား၊ အဓမ္မတရား၌ သွင်း၍ ကျွန်ခံစေဘူးသည်။ (ငယ် ၁၉)
            (ဂ)        လူတိုင်းသတိပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ၊ ခရစ်တော်မရသောသူအားလုံးတို့ကို (ဧ ၂း၁၂) အပြစ်သည် ကျွန်ပြုထားပါသည်။ သနားညှာတာမှု လုံးဝမရှိသော မင်းဆိုးမင်းညစ်ပင် ဖြစ်ပါသည်။
(၃)        အကြင်သူသည် ခရစ်တော်မရဘဲရှိနေပါလျှင် (ထိုသူသည် ဘုရားသခင်မပါဘဲ၊ အသက်ရှင်နေသူ ဖြစ်လျက်၊ သူလုပ်ဆောင်ခဲ့သမျှ လုပ်ဆောင်နေသမျှတို့သည် သူ၏အထဲ၌ အုပ်စိုးနေသော အပြစ်တရား၏လမ်းကြောင်းဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ (ရော ၆း၁၇) သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်စဉ်ကာလ (ရော ၆း၂၀) နှင့် အပြစ်တရား၏ကျွန်ဖြစ်ခဲ့သည့်ကာလတွင် လုပ်ဆောင်ခြင်းသာဖြစ်ပါသည်။ ခရစ်တော်မပါလျှင် အပြစ်သည် သင်၏အချိန်ကိုတောင်းဆိုပါ သည်။      သင်၏ချမ်းသာစည်းစိမ်၊ သင်၏ကျန်းမာရေး၊ သင်၏စွမ်းရည်သတ္တိ၊ သင်၏ပင်ကိုအရည်အ ချင်းနှင့် သင်၏၀ိညာဉ်ကိုပါတောင်းဆိုပါသည်။
(ခ)        အပြစ်သည်ဖျက်ဆီးတတ်ပါသည်။
            (၁)        ကျမ်းစာ၏အထောက်အထားများ။
            (က)      ယာကုပ် ၁း၁၅။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကိုဘွားတတ်၏။ အပြစ်ကြောင့် ဖြစ်ပေါ်လာသော ကိုယ်ကာယသေခြင်းနှင့် ၀ိညာဉ်သေခြင်းနှစ်မျိုးလုံပါဝင်ပါသည်။ ဧ ၂း၁၅)
            (ခ)        ရော၊ ၃း၁၅-၁၇ “သူတို့ခြေသည် လူ့အသက်ကိုသတ်ခြင်းငှာ လျင်မြန်၏။ သူတို့သွားရာ လမ်း၌ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲခြင်းရှိ၏။ ချမ်းသာသောလမ်းကို သူတို့မတွေ့ရကြ။ “ဟေရှာ ၅၉း၇-၈။ကြည့်ပါ။
            (ဂ)        မ၊ ၇း၁၃။ “ပျက်စီးခြင်းသို့ရောက်သောလမ်းနှင့် တံခါးသည်ကျယ်ဝန်းသည်ဖြစ်၍ “ယခု ကာလနှင့် ထာဝရကာလအပါအ၀င်။
            (ဃ)      သု ၁၆း၁၈။ “မာနသည် ပျက်စီးခြင်းအရင် နေရာကျတတ်၏။
(၂)        လက်တွေ့ကြည့်ရှုစစ်ဆေးခြင်း။
            အပြစ်သည် အလွန်အင်အားကောင်းသော ဖျက်ဆီးသူဖြစ်ပါသည်။ ထိတွေ့သမျှပျက်စီးသွားရပါ သည်။ ဤလောကတွင် အပြစ်ကြောင့် ပျက်စီးရသော အပြစ်အကြောင်းပြောရလျှင် စကားဖြင့်ပြော ၍မမှီ၊ ပိုမိုပြောမိမည်မဟုတ်ပေ။
            (က)      AIDS ကြောက်မက်ဘွယ်ကောင်းလှသော ရောဂါဆိုးသည် လူဆိုးသည် လူသားတို့၏ ဦးခေါင်းတွင် ချိန်၍ထားသော၊ ကျည်ထိုးထားသည့် ပစ္စတိုသေနတ်ဖြစ်ပါသည်။ ဤကမ္ဘာ့လူသား အားလုံးကိုလောင်ထိုက်ထဲသို့အသံမမြည်ဘဲထည့်သွင်းဖျက်ဆီးနိုင်သောအရာဖြစ်ပါသည်။ ဤရောဂါပိုးကိုလူသားသန်းပေါင်းများစွာကရရှိပြီး ဖြစ်သည်သာမက ရာစုနှစ်မကုန်မီသန်းပေါင်း များစွာထိုရောဂါဖြင့်သေပွဲဝင်ကြရမည်ဖြစ်သည်။ ဤရောဂါသည် ၉၀%အပြစ်နှင့်စပ်ဆိုင်လျက်ရှိပါ သည်။
(ခ)        AIDS ရောဂါသာမကပဲ၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ ရှက်ကြောက်ခြင်း၊ သေခြင်းတိုင်အောင်ဖြစ်စေ တတ်သော herpes, sybhilis, gonorrhea နှင့် အခြားရောဂါများသည်အပြစ်ကြောင့် သို့မဟုတ် အပြစ်မှတစ်ဆင့်ရရှိသော ရောဂါများဖြစ်ပါသည်။
(ဂ)        မိသားစုများသည် အပြစ်၏ဖျက်ဆီးခြင်းခံနေရပါသည်။ ယနေ့အိမ်ထောင်ပြုထိမ်းမြားလက်ထပ်ခြင်း ၏ တစ်ဝက်ခန့်သည် အိမ်ထောင်ကွဲခြင်းဖြင့် အဆုံးသတ်ကြရပါသည်။ အရက်နှင့် အခြား စာရိတ္တပျက်ပြားမှုများသည် ထိုပျက်စီးမှုများ၏အဓိကအကြောင်းရင်းများဖြစ်ပါသည်။
(ဃ)      မိမိကိုယ်ကိုမိမိသက်သေခြင်း၊ သူတစ်ပါးသတ်၍သေခြင်း၊ ကြမ်းတမ်းသော လုယက်ဖျက်ဆီးမှုများ မှာလည်း ရေတွက်၍ မကုန်နိုင်ပါ။
(င)        လမ်းမကြီးပေါ်တွင် ဘေးအန္တရာယ်ဖြင့်သေကျေမှု၏ထက်ဝက်ခန့်သည် အရက်ကြောင့်သာဖြစ်ပါ သည်။
(စ)        အပြစ်သည်လူ၏မျက်စိကိုကန်းစေပါသည်။ ဧ ၄း၁၀။ သြတ္တပ္ပစိတ်ကိုပူလောင်စေသည်။ ၁တိ ၄း၂။ စာရိတ္တကိုပျက်ပြားစေပါသည်။ ရော ၃း၁၀-၁၈။ ဧ ၄း၂၂။
(ဆ)      နောက်ဆုံးတွင် အပြစ်သည်လူ၏ ၀ိညာဉ်ကို ဖျက်ဆီး၍ ထာဝရငရဲထဲသို့ပို့ပေးပါသည်။ ဗျာ ၂၁း၈။ ရော ၆း၂၃။ မ ၁၀း၂၈။ မာ ၈း၃၆။
၈။         အပြစ်သည်လှည့်စားတတ်၏။
            “အကယ်၍ အပြစ်သည်လှည့်စားတတ်သောအရာမဟုတ်ခဲ့လျှင် အပြစ်ပြုရခြင်းသည် ပျော်စရာဟု မထင်ရပါ။ အပြစ်ကြောင့်ဖြစ်ရသောအကျိုးဆက်ဖြစ်သည့် ငရဲထဲသို့ ဆင်းရသောအနေအထားကိုဖုံး ကွယ်မထားခဲ့ပါလျှင် အပြစ်ပြုရသည်မှာ ပျော်ရွှင်ဘွယ်ကောင်းသည် တစ်ရာသီ၊ တစ်ချိန်တစ်ခါပင် ယူဆနိုင်မည်မဟုတ်ပါ။ အပြစ်ကိုသူ၏အဖြစ်မှန်ကဲ့သို့ မည်သည့်အခါမျှ မထင်ရပါ။ အစကကဲ့သို့ အဆုံးတွင် အရသာမကောင်းတော့ပါ။
(၁)        ယာကုပ် ၁း၁၅။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကိုဘွားတတ်၏။
(၂)        အပြစ်သည် စိတ်နှလုံးကိုစဉ်းလဲစေ၏။ ယေ ၁၇း၉။
(၃)        အပြစ်၏လှည့်စားခြင်းကြောင့် စိတ်နှလုံးကိုခိုင်မာစေ၏။ ဟေဗြဲ ၃း၁၃။
(၄)        အပြစ်၏လှည့်စားတတ်မှုကြောင့်လူသည်လည်း လှည့်စားတတ်၏။
            (က)      အပြစ်သည် ဟေရုဒ်မင်း Herod Agrippa အားလှည့်စားလျက်လူ၏ ကိုးကွယ်ခြင်းကို လက်ခံစေသည်။ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူ့ကိုဒဏ်ခတ်၍ “ဘုရားသခင်၏ ဂုဏ်အသရေတော်ကိုမထောက်သောကြောင့် “ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။ “တမန် ၁၂း၂၀-၂၃။”။
            (ခ)        အပြစ်၏လှည့်စားခြင်းကြောင့်ယေဇဗေလသည် ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအားဆန့်ကျင်တိုက်လှန်နိုင်မည်ဟုထင်ခဲ့၏။ ထို့ကြောင့် သူ၏အသွေးတို့ကို ယေဇရေလချိုင့်၌ ခွေးတို့လျက်စရာဖြစ်လေ၏။ ၄ရာ ၉း၃၀-၃၇။
            (ဂ)        အပြစ်သည်အာနနီနှင့် ရှဖိရေတို့လင်မယားအားသန့်ရှင်းသောဝိညာဉ်တော်ကို မုသာဖြင့်လှည့်စားရန်ကြံစည်စေခဲ့သည်။ တ ၅း၁-၁၁။
            (ဃ)      ဘုရားရှိမရှိသံသယရှိသောပြင်သစ်အမျိုးသား Voltaire သည် တစ်နေ့သောအခါ သမ္မာကျမ်းစာသည် လုံးဝပပျောက်သွားမည်ဟုယူဆခဲ့သည်။ ထိုသူသည် သေခါနီး၎င်း၏ အိမ်ယာ ပေါ်တွင် “ငါမမွေးခဲ့လျှင်ကောင်းပေလိမ့်မည်”ဟု ငိုကြွေးခဲ့ပါသည်။
            (င)        အင်္ဂလိပ်ကဗျာဆရာကြီး Lorc bynon သည် မိမိအသက်တာကိုကြီးကျယ်ခမ်း နား စွာ၊ အရသာအပြည့်အ၀ဖြင့် အသက်ရှင်သွားနိုင်မည်ဟုအပြစ်၏လှည့်စားမှုကို ခံခဲ့ရပါသည်။ သူ၏တိုတောင်းသော အသက်တာကုန်ဆုံးခါနီးတွင် အသက်တာ၏ပန်းပွင့်များ ကြွေလေပြီ။ တီကောင်၊ လောက်ကောင်နှင့် သင်္ချိုင်းတွင်းသည်သာ ငါ့အတွက်ဖြစ်တော့သည်ဟု ရေးခဲ့ပါသည်။
(၅)        ဂလာ ၆း၇ တွင် “ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ၊ လူသည်မျိုးစေ့ကြဲ သည့် အတိုင်း အသီးအနှံကို “ရိတ်ရလိမ့်မည်”ဟု တောလည် ၃၂း၂၃။ ကဆိုထားပါသည်။
၎။         ဘုရားသခင်သည် အပြစ်ကိုမည်သို့ဖြေရှင်းပါသနည်း။
            (က)      ဘုရားသခင်သည် ခရစ်တော်အားဤလောကသို့စေလွှတ်တော်မူရာတွင် ဇာတိ ပကတိ၌ရှိသောအပြစ်ဒဏ်ပေးဘို့ရာ (ရော ၈း၂)သုတ်သင်ပယ်ရှင်းရန် (ဟေဗြဲ ၉း၂၆)အပြစ်ရှိသော သူတို့ကိုကယ်တင်ခြင်းငှာ (၁တိ ၁း၁၅)ဖြစ်ပါသည်။
            (ခ)        မည်သို့ပြုလုပ်ပါသနည်း။ ဘုရားသခင်သည် အပြစ်ကိုဖယ်ရှား၍ အပြစ်သား အတွက် ကယ်တင်ခြင်းပေးသည်ဟုဆိုရာတွင် မည်ကဲ့သို့ဆောင်ရွက်ခဲ့ပါသနည်း။ အဖြေကို ဝေါဟာရစကားလုံး (၃)လုံးဖြင့် တွေ့နိုင်ပါသည်။ အစားထိုးခြင်း၊ ကိုယ်စားဝင်ခြင်း၊ ရှင်ပြန်ထမြောက် ခြင်းဖြစ်ပါသည်။ ထိုဝေါဟာရများ၏အဓိပ္ပါယ်ကို ထိထိမိမိရယူနိုင်ရန်သတိပြုပါ။
            (ဂ)        အစားထိုးခြင်း Substitution ခရစ်တော်သည် ကျွန်ုပ်တို့အပြစ်များကြောင့် ကျွန်ုပ်တို့၏နေရာတွင် အသေခံတော်မူသည်။ ဂလာ ၂း၂၀။ ကျွန်ုပ်ကိုချစ်၍၊ ကိုယ့်ကိုကိုယ် ကျွန်ုပ် အတွက်ပေးအပ်တော်မူသည်။
            ကိုယ်စားဝင်ခြင်း။ Propitiation ခရစ်တော်သည် ကျွန်ုပ်အပြစ်များကြောင့် ကျွန်ုပ်၏ ကိုယ်စား မိမိသဘောဖြင့်အသေခံတော်မူသည်။
            ၂ကော ၅း၂၁။ ဘုရားသခင်သည် အပြစ်နှင့်ကင်းသောသူ (ခရစ်တော်)ကို ငါတို့အတွက် ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။
ရှင်ပြန်ထမြောက်ခြင်း
            အပြစ်အပေါ် အောင်မြင်သော တန်ခိုးကိုဆိုလိုပါသည်။ ယုံကြည်သူကျွန်ုပ်တို့အားလည်း သေခြင်းမှထမြောက်စေတော်မူလျက် ကောင်းကင်ဘုံ၌ ကိုယ်တော်နှင့်အတူထိုင်သောအခွင့်ကိုပေး တော်မူသည်။ ဧဖက် ၂း၆။ သေခြင်းမှ ရှင်ပြန်ထမြောက်သောတန်ခိုးတော်ကို ရယူခံစားကြရသည်။ ဖိ ၃း၁၀။ သေခြင်းကိုအောင်မြင်၍ ရှင်ပြန်ထမြောက်တော်မူသော သခင်ယေရှုခရစ်၏တန်ခိုးတော် အားဖြင့် “အပြစ်တရားနှင့် ဆိုင်သောအရာ၌ကား အသေဖြစ်၍၊ ဘုရားသခင်နှင့်ဆိုင်သော အရာ၌ ကားအသက်ရှင်သည်ဟူ၍ မှတ်ယူခံစားရသောအခွင့်ကိုပေးတော်မူပါသည်။ ရော ၆း၁၁။ ရော ၆း၁-၂၂ကိုဖတ်ပါ။
ဃ။        အစားထိုးခြင်း။  အားဖြင့် ကျွန်ုပ်တို့သည် အပြစ်ဒုစရိုက်နှင့် အပြစ်စီရင်ခြင်း မှ လွှတ်ကြ၏ ရော ၈း၁၀
            ကိုယ်စားဝင်ခြင်း အားဖြင့် အပြစ်၏ပျက်စီးခြင်းနှင့် အညစ်အကြေးမှကယ်တင်တော်မူပါ သည်။ ကျွန်ုပ်၏အပြစ်များကို ကိုယ်တော်၏အပေါ်၌တင်၍ ကိုယ်တော်အားအပြစ်ရှိသူဟု သတ်မှတ် ပြီး ဖြစ်ပါသည်။ ၂ကော ၅း၂၁။ ဟေရှာ ၅၃း၆။ ၁ပေ ၂း၂၄ ကိုယ်တော်အား ကျွန်ုပ်တို့ယုံကြည် လက်ခံသောအခါသူ၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့အပေါ်သို့တင်ပေးတော်မူပါသည်။ ရော ၄း၁-၈။ ၂၂-၂၅။
            ရှင်ပြန်ထမြောက်ခြင်း အားဖြင့် ကျွန်ုပ်တို့သည်အပြစ်၏ကျွန်ပြုအုပ်စိုးခြင်းနှင့် ချည်နှောင် ခြင်းမှလွတ်မြောက်ရ၏။ ရော ၆း၁-၁၄။
င။         အကျဉ်းချုပ် သင်နှင့်ကျွန်ုပ်တို့သည် အပြစ်ပြုထား၍ အပြစ်ရှိသောသူများဖြစ်သော ကြောင့် သေဒါဏ်ခံစားထိုက်သူများဖြစ်ပါသည်။ ရော ၃း၂၃။ ၆း၂၃ သို့ရာတွင် ဂရုဏာရှိတော်မူသော ဘုရားသခင်သည် (ဧ ၂း၎)ကျွန်ုပ်တို့အား အပြစ်၌ သေကျေပျက်စီးစေခြင်း ငှာ အလိုတော်မရှိသောကြောင့် သခင်ယေရှုကို ဤလောကသို့စေလွှတ်တော်မူပါသည်။ ဟေရှာ ၁၀း၇ ကျွန်ုပ်တို့၏အပြစ် အတွက်ပူဇော်သောယဇ်ကောင်ဖြစ်စေလျက် ဟေဗြဲ ၁၀း၁၀-၁၂ အမှန်အားဖြင့် ကျွန်ုပ်တို့၏ နေရာကိုယူ၍ ဂလာ ၂း၂၀။ ကျွန်ုပ်တို့အပြစ်များကိုထမ်းပြီးလျှင် ၁ပေ ၂း၂၄ ထိုအပြစ်များကို သန့်ရှင်းတော်မူသောဘုရားသခင်၏ မျက်မှောက်တော်မှ ပယ်ရှားတော် မူသည်။ ဟေဗြဲ ၉း၂၆။ ခရစ်တော်သည် အသေခံတော်မူသောအခါ ဘုရားသခင်သည် ကိုယ်တော်အားအပြစ်ရှိသူဖြစ်စေ၊ ၂ကော ၅း၂၁။ ဘုရားသခင်၏မျက်မှောက်တော်တွင် အမှန်ပင် အပြစ်ရှိသူဖြစ်ခဲ့ပါသည်။ လက်ဝါး ကပ်တိုင်ပေါ်တွင်သင်၏အပြစ်အားလုံးနှင့် ကမ္ဘာ့လူသားအားလုံး ၏အပြစ်အတွက် သူခံတော်မူခဲ့ပါသည်။ ၁ယော ၂း၃။ ဤနေရာတွင် သင်၏အပြစ်အားလုံးကို အပြစ်စီရင်၍၊ ထိုစီရင်ခြင်းကြောင့် ဘုရားသခင်သည် လုံးဝကျေနပ်သွားပြီးဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်တော်သည် ကိုယ်တော်ကို ယုံကြည်သူရှိသမျှတို့အား ဖြောင့်မတ်ခြင်းအခွင့်ကို ပေးပိုင်သူ ဖြစ်လာပါသည်။ ရော ၃း၂၆။ အပြစ်ကို အနိုင်ယူပြီးဖြစ်ပါသည်။ ခရစ်တော်သည် အောင်သူအဖြစ် သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့ပါသည်။ သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်းသည် အမှန် အားဖြင့် ကျွန်ုပ်တို့အား၊ ဖြောင့်မတ်ခြင်း ပေးရန်ဖြစ်ပါသည်။ ရောမ ၄း၂၅။ အပြစ်ဖြေလွှတ်ခြင်းနှင့် အပြစ်မှရွေးနှုတ်ခြင်းကို အာမခံပြီးဖြစ်ပါသည်။ ဧဖက် ၁း၇။ တ ၁၀း၄၃ ၁ပေ၊ ၁း၁၈။ အသက်တာ ကို အောင်မြင်စွာအသက်ရှင်ရန် တန်ခိုးတော်ကိုလည်းရရှိပြီးဖြစ်ပါသည်။ ဖိ ၄း၁၃။ ကော ၂ကော ၂း၁၄။ ရောမ ၈း၂-၄။
၅။         သင်သည်အပြစ်ကိုအောင်မြင်၍၊ အောင်မြင်သော အသက်တာကို မည်သို့ အသက်ရှင်နိုင်သနည်း။
            (က)။     အပြစ်နှင့် အပြစ်ဒဏ်စီရင်ခြင်းမှလွတ်မြောက်စေရန်။
                        (၁)        သင်သည်အပြစ်ရှိသောသူဖြစ်ကြောင်း ၀န်ခံလျက်အသိအမှတ်ပြုပါ။
                                    ဟေရှာ ၆၄း၆။ ယေ ၁၇း၉ ရောမ ၇း၁၄။
                        (၂)        နောင်တရပါ။ စိတ်ပြောင်းလိုက်ပါ။ အပြစ်ကိုထားခဲ့၍၊ ခရစ်တော်ဘက်ကိုဦးလှည့်ပါ။ လု ၁၃း၃း ၁သက် ၁း၉။ တ ၁၇း၃၀၊ ၃၁။
                        (၃)        သင်၏စိတ်နှလုံးဖြင့်ခရစ်တော်အားသင်၏ကယ်တင်ပိုင်ရှင်နှင့် အရှင်သခင်အဖြစ်လက်ခံ ပါ။ ယော ၁း၁၂၊ ရောမ ၁၀း၉-၁၀။
                        (၄)        ကိုယ်တော်၌လည်းကောင်း၊ လက်ဝါးကပ်တိုင်ပေါ်၌ကိုယ်တော်ပြုခဲ့ပြီးသောအမှု၌လည်း ကောင်း၊ ယုံကြည်ကိုးစားပါ။ သန့်ရှင်းတော်မူသော ဘုရားသခင်၏စိတ်တော်ကိုကျေနပ်စေခဲ့သောထိုအမှု၌ တည်နေ ပါ။ တ ၁၆း၃၁။ ရော ၄း၂၅။ နှင့် ယော ၂၀း၃၁၊ ရော ၅း၁၊ ဖိ။ ၃း၉ တို့ကိုဖတ်ပါ။
            (ခ)        အပြစ်၏တန်ခိုးမှကင်းလွတ်၍ အောင်မြင်စွာအသက်ရှင်နိုင်ရန်။
(၁)        မိမိကိုယ်ကိုလူဟောင်းသေပြီးဖြစ်သော အသက်ရှင်သူအဖြစ်ခံယူထားပါ။ သင်သည် ခရစ် တော်နှင့်အတူ “လက်ဝါးကပ်တိုင်မှာအသေခံပြီး၊” သို့ (ဂလာ ၂း၂၀)ဟုမှတ်ယူပါ။ ခရစ်တော် အသေခံသောအခါ သင်သည်ခရစ်တော်နှင့်အတူ သေခဲ့သည်။ သင်၏ လူဟောင်းသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းခံပြီ။ ခရစ်တော် နှင့် အတူ သဂြိုလ်ခြင်းခံရပြီ။ အသက်တာသစ်ကို အသက်ရှင်ပါမည်အကြောင်း သေခြင်းမှ ခရစ်တော်နှင့်အတူ ထမြောက်စေခြင်းခံခဲ့ပြီး၊ ရောမ ၆း၁-၈။ ထို့ကြောင့် ဤအရာကို မှတ်မိစွဲလန်းပါ။ ယုံကြည်ပါ။ လက်ခံရယူပါ။ ရောမ ၆း၁၁-၁၃ဖတ်ပါ။ အပြစ်သည်သင့်ကိုမအုပ်စိုးစေပါနှင့်။ “ကိုယ့်အင်္ဂါများကိုလည်း သုစရိုက်လက်နက်ဖြစ် စေ၍၊ ဘုရားသခင်အားဆက်ကြလော့။
                        (၂)        “၀ိညာဉ်ပကတိအတိုင်းအကျင့်”နိုင်ရန် လေ့ကျင့်လော့။
                                    (က)      “၀ိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့မ လိုက်ဘဲနေကြလိမ့်မည်။ (ဂလာ ၅း၁၆)။
                                    (ခ)        ခရစ်တော်ကို ကျွန်ုပ်တို့၏ အစစ်အမှန်ဖြစ်သည်ဟု ခံယူနိုင်စေရန် ဖော်ပြတော် မူသောသူသည် သန့်ရှင်းသောဝိညာဉ်တော်ဖြစ်ပါသည်။ အပြစ်တရား (အုပ်စိုးခြင်းသဘော)နှင့် သေခြင်းတရား၏လက် မှ ကယ်လွှတ်တော်မူကြောင်း သိရှိစေပါသည်။
                                                ရောမ ၈း၂-၄။
-       ကိုယ်တော်ကိုအသိအမှတ်ပြုပါ။ ယော ၁၆း၁၃-၁၄
-       ကိုယ်တော်ရှိနေကြောင်းသိထားပါ။ ယော ၁၄း၁၇။
-       ကိုယ်တော်၏တန်ခိုးတော်ကိုအားထားပါ။ (အစဉ်သဖြင့်လုံးဝဥသုံ) တ၊ ၁း၈။ ဇာ ၄း၆။
(၃)              ခရစ်တော်အားအစဉ်ယုံကြည်နေတတ်သောစိတ်ကိုမွေးမြူပါ။
                  (က)            ယုံကြည်ခြင်းအားဖြင့်လောကကိုအောင်နိုင်၏။ (၁ယော ၅း၎)။
                  (ခ)              ယုံကြည်ခြင်းအားဖြင့် မာရ်နတ်ကိုအောင်နိုင်၏။ ဧ ၆း၁၀၆။
(ဂ)              ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏တန်ခိုးတော်သည် စောင့်ရှောက် တော်မူ၏။ ၁ပေ ၁း၅။
(ဃ)            ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် စိတ်နှလုံးထဲ၌ ကိန်းဝပ်ကြောင်း သိရ၏။ ဧ ၃း၁၇။
(င)              ယုံကြည်ခြင်းအားဖြင့် အသက်တာ၏မုန်တိုင်းကြီးများကို ရင်ဆိုင်နိုင် သော သတ္တိကိုပေးတော်မူ၏။ (မသဲ ၈း၂၆။
(စ)              ယုံကြည်ခြင်းအားဖြင့်ေ လောကစည်းစိမ်ကို ဂရုပြုမှုများမှ ကင်းလွတ် စေ၏။ မ ၆း၃၀-၃၄။
(ဆ)            ယုံကြည်ခြင်းအားဖြင့် လောကပူပန်ခြင်းနှင့် ယုံမှားခြင်းမှ ကင်းလွတ်နိုင် စေ၏။ (မသဲ ၁၄း၃၁-၃၃)။
(၄)              အကယ်၍သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုအာရုံပြုလျက်၊ ဆင်ခြင် အောက်မေ့ပါက အထက်ဖော်ပြထားသောအရာများသည် သင်၏အသက်တာတွင် အကောင်အထည်ဖော်လာမည်ဖြစ်ပါသည်။ ခိုင်မာကြံ့ခိုင်သော ဆုတောင်းခြင်း အကျင့်ကိုလည်း မွေးမြူထားပါသည်။ ဆက်ကပ်မှုရှိသော ခရစ်ယာန်များနှင့် မိတ်သဟာယဖွဲ့ပါ။ ခရစ်တော်အပေါ်၌သင်ထားရှိသော ယုံကြည်ချက်ကို ပျောက်ဆုံး နေသော ၀ိညာဉ်များထံသို့ အစဉ်သက်သေခံပါ။
မေးခွန်းများ
၁။               ဤမျက်မှောက်ကာလ၏ လက္ခဏာတွင် အပြစ်ကိုမုန်းတီးခြင်း၊ ပျောက်ကွယ်သည်ဟု အဘယ်ကြောင့်ဆိုရပါသနည်း။
၂။               အပြစ်သည်မည်သို့ဖြစ်၍၊ မည်သည့်အရာဖြစ်ကြောင်း မသိမှီ လက်ဝါးကပ်တိုင်ကို အဘယ်ကြောင့်နားမလည်နိုင်ပါသနည်း။
၃။               အပြစ်သည် စင်္ကြာဝဠာတွင် မည်သည့်နေရာတွင် မည်ကဲ့သို့ အစပြုခဲ့ပါသနည်း။ ကျမ်းညွှန်းဖြင့်ဖြေပါ။
၎။               လူသားမျိုးနွယ်တွင် အပြစ်သည် မည်သည့်နေရာ၌ မည်သို့ဝင်လာခဲ့ပါသနည်း။ ကျမ်းညွှန်းဖြင့်ဖြေပါ။
၅။               အာဒံ၏ နာခံခြင်းနှင့် အပြစ်များကို ကျွန်ုပ်တို့သည် မည်ကဲ့သို့ အဘယ်ကြောင့်မျှဝေ ခံစားကြရပါသနည်း။
၆။               Scofield ကျမ်းစာတွင်အပြစ်ကိုဖော်ပြထားသော အနက်ဖွင့်ချက် (၅)ချက် အနက် (၄)ခုကို ဖော်ပြ၍၊ ကျမ်းညွှန်းတစ်ခုစီကိုဖော်ပြပါ။
                  က။
                  ခ။  
                  ဂ။
                  ဃ။
၇။               ဤသင်ခန်းစာတွင် ဖော်ပြထားသော သမ္မာကျမ်းစာမှ အပြစ်၏အဓိပ္ပါယ်နှင့် ဖွင့်ဆိုချက် (၅)ခုအနက် အနည်းဆုံး (၃)ခုကို ကျမ်းညွှန်းနှင့်တကွ ဖော်ပြပါ။
၈။               ဤသင်ခန်းစာတွင် ဖော်ပြထားသော အပြစ်၏အဓိကလက္ခဏာ (၃)ခုကို ဖော်ပြလျက် အားလုံးအတွက် လက်တွေ့သရုပ်ဖော်မှုကို ကျမ်းစာဖြင့်ပြပါ။
၉။               ဘုရားသခင်သည် အပြစ်ကိုစီရင်လျက်အပြစ်ကိုဖယ်ရှားပြီး သင့်ကို ကယ်တင်ခြင်း ပေးရာတွင်အသုံးပြုသော စကားလုံး (၃)လုံးကို ဖော်ပြလျက် ကျမ်းညွှန်းနှင့်တကွ အနက်ဖွင့်ဆိုပါ။
၁၀။             အောက်ပါကွက်လပ်များဖြည့်ပါ။
                  ---------------------------------- အားဖြင့် အပြစ်ဒဏ်စီရင်ခြင်းမှ ကယ်တင်၏။
                  ---------------------------------- အားဖြင့် အပြစ်၏ပျက်စီးခြင်းမှကယ်တင်၏။
                  ----------------------------------- အားဖြင့် အပြစ်၏ အုပ်စိုးခြင်းမှ ကယ်တင်၏။
၁၁။             အပြစ်ဒုစရိုက်နှင့် အပြစ်ဒဏ်မှကင်းလွတ်နိုင်ရန် မည်သည့်ခြေလှမ်းများကို လွမ်းရမည်နည်း။ ကျမ်းညွှန်းဖြင့်ဖြေပါ။
၁၂။             အောင်မြင်သော ခရစ်ယာန်အသက်တာကို ရှင်သန်နိုင်ရန်ခြေလှမ်း (၄)ဆင့်ကိုဖြေပါ။
၁၃။             ၀ိညာဉ်တော်၌ အသက်ရှင်နိုင်ရန်မည်သည့်အချက် (၃)ချက်ကို ပြုလုပ်ရမည်နည်း။
၁၄။             အောင်မြင်သောခရစ်ယာန်အသက်တာကို အသက်ရှင်နိုင်ရန် ယုံကြည်ခြင်းမှ ဆောင်ရွက်ပေးသောအရာများအနက် အနည်းဆုံး (၄)ချက်ကိုဖော်ပြပါ။
အမည် ။ ----------------------------------
လိပ်စာ ။ ----------------------------------                     ရက်စွဲ။ ------------------------------------
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
Share:
0 comments:
Post a Comment
healthcare christian fellowship. Powered by Blogger.
လစဉ် ဝတ်ပြုရာနေရာ
JBC CHURCH 45 Thomson Rd Singapore 307584 6256 2277
ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း
ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51
New Life In Christ 3
Practical Christian Living Lesson
ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎
OVERCOMERS
Love, Dating and Marriage Lessons
ကြာသာပသေးနေညနေ ၇ နာရီ
ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)
ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ
New Life In Christ 2
My Guests
free web counter
ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)
Labels
Blog Archive
Recent Posts
Unordered List
User Online
Pages
Theme Support