HCF

HCF MYANMAR IN SINGAPORE

Tuesday, August 27, 2013

AIDS -မည်သို့ လုံခြုံ နိုင်မည်နည်း

                                                       ( သင်ခန်းစာ - ၁၀ )
                            အိမ်ထောင်သည်ယောက်ျားတဦးသည် သူ၏မိန်းမအပေါ် သစ္စာရှိခဲ့ပါ။ သူသည် ဘားတစ်ခု၌ မိန်းမ တယောက်နှင့် တွေ့ပြီး ဟိုတယ်အခန်းတခန်း၌ တစ်ညတာကို အတူတူကုန်ဆုံးစေခဲ့သည်။ နောက် တနေ့မနက်၌သူနိုးလာသော အခါ၊ သူမ ဟာ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ သို့သော် ရေချိုးခန်းထဲရှိ မှန်ပေါ် ၌ ဤသတင်းစကားအား နှုတ်ခမ်းနီဖြင့် ရေးထား ခဲ့ သည်။
“AIDS” ကမ္ဘာမှ သင့်အား ၀မ်းမြောက်စွာ ကြိုဆိုပါ၏။
 AIDS ဆိုသည်မှာ အဘယ်နည်း?

            AIDS ၏ အရှည်ကောက်မှာ Acquired Immune Deficiency Syndrome. ဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်ခံစွမ်းအားစနစ်သည် ““ယိုယွင်းပျက်စီး””ပြီး အရင်ကကဲ့သို့ မလုပ်ဆောင်နိုင်တော့ခြင်းကို ဆိုလိုသည်။ လူတိုင်းတွင် ““ကိုယ်ခံစွမ်းအား”” စနစ်ရှိကြသည်။ ဤစနစ်က ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအတွင်းသို့ ၀င်ရောက် ပြီး အသက်ကို ခြိမ်းချောက်သောရောဂါ ပိုးမွှားများ မ၀င်နိုင်အောင် ကာကွယ်ပေးပြီး ၀င်လာပါကလည်း၊ ပြန်လည်တွန်းလှန်ပေးသည်။ AIDS ရောဂါသည် ဤစနစ်ကို တိုက်ခိုက်၍ ဖျက်ဆီးပစ်သည်။ ထို့ကြောင့် ထိုလူသည် ရောဂါများကို ပြန်လည် တိုက်ခိုက်ရန် အတွက် သူ့တွင် ကိုယ်ခံစွမ်းအား မရှိတော့ပါ။
            လူများသည် AIDS ရောဂါကြောင့် တိုက်ရိုက်မသေဘဲ သူတို့ပြန်လည်မတိုက်ထုတ်နိုင်သော ကူးစက်ခြင်းများနှင့် နာမကျန်းမှုများကြောင့် သေဆုံးခြင်းဖြစ်သည်။ ““အန္တရာယ်မရှိသော”” ဗိုင်းရပ်ပိုး (သို့) သာမန်အအေးမိခြင်းက သာမန် လူတဦးကို အန္တရာယ်မပေးနိုင်သော်လည်း၊ AIDS ရှိသူတဦးကိုမူ သေစေနိုင် လောက်သည်။

AIDS မည်သို့ကူးစက်သနည်း?

            ကူးစက်ခြင်းခံထားရသော လူတဦး၏ ကိုယ်ခန္ခာအရည်များသည် အခြားလူတဦး၏ ကိုယ်ခန္ခာ အတွင်းသို့ စတင် ၀င်ရောက်ခြင်းအားဖြင့် ဤရောဂါကူးစက်သည်။ AIDS  သည် အများအားဖြင့်လိင်ဆက် ဆံမှုမှတဆင့် လူတဦးမှ အခြား တဦး ထံသို့ ကူးစက်သည်။ လိင်ပိုင်းဆိုင်ရာ အပြုအမူတိုင်းသည် ဤရောဂါ အား အခြားသူတဦး ထံသို့ ကူးစက် စေနိုင်သည် ဆိုသည့် အချက်ကို နားလည်ရန်အရေးကြီးသည်။

            သင်သည် တစုံတဦးနှင့် လိင်ဆက်ဆံပါက၊ ထိုလူနှင့်ဆက်ဆံခဲ့သော လူအားလုံးနှင့် သင်သည် ဆက်နွယ်မှု ရှိသွားပြီး ... သူတို့နှင့် ဆက်ဆံခဲ့သောလူအားလုံးနှင့်လည်း သင်သည် ဆက်နွယ်မှုရှိသွားပြီ ဆိုတာကို နားလည်ရန် မှာ လည်း အလွန်အရေးကြီးသည်။ ထို ““ကွန်ယက်””ထဲရှိ လူအားလုံးနှင့် သင်သည် ဆက်နွယ်နေပြီဖြစ်သည်။ ထိုကွန်ယက် တစ်ခုလုံး၌ တဦးဦးကသာ AID ရှိပါက၊ သင်သည် ထိုရောဂါကို သင့်အားကူးစက်စေရန်အတွက် သင့်ကိုသင် ““ဖွင့်””ပေးလိုက်ပြီ ဖြစ်သည်။

            ““သင်မသိသောအရာဟာ သင့်ကို မနာကျင်စေပါ””။ ဟူသော ရှေးဆိုးရိုးစကားဟာ မမှန်ကန်ပါ။ သင်မသိသော အရာသည် သင့်ကိုနာကျင်စေရုံမက၊သတ်ပင် သတ်နိုင်သည်။ လူငယ်အများစုက  AIDS ရောဂါသည် ကူးစက်တက်တာကို သိသော်လည်း၊ မကူးစက်အောင်မည်သို့ ရှောင်ရှားရမည်ကို မသိကြပေ။

            တကမ္ဘာလုံး၌ (ကိန်းဂဏန်း အတိအကျမသိ) လူသန်းပေါင်းများစွာတို့တွင် AIDS ရှိသည်။ ၁၀လ မှ ၁၂လအကြာ တိုင်းတွင် ဤပမာဏသည် နှစ်ဆတိုးလျက်ရှိသည်ဟု ခန့်မှန်းသည်။ ဤလူအများစုတွင် ရောဂါလက္ခဏာများ မရှိ သော် လည်း  AIDS ရောဂါကို ပြန့်ပွားစေနိုင်သည်။ ဤဗိုင်းရပ်ရှိသော လူများထဲမှ ၇၅% သည် နောက်ဆယ်နှစ်အကြာတွင် AIDS ရောဂါဖြစ်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။ ၁၅ နှစ်မှ နှစ် ၂၀ အတွင်း  AIDS ရောဂါပိုးသယ်ဆောင်သူများ၏ ၉၀%တွင် ကျွမ်းသွားသော  AIDS ရောဂါဆိုးကြီး ဖြစ်ပွားမည်ဟု ခန့်မှန်းထားကြသည်။ သေကြေနိုင်စေသော ရောဂါကြီး သည် သင့်ကိုယ်အတွင်း၌ နှစ်အတန်ကြာ (၁၅ နှစ်ဟု ခန့်မှန်း)လဲလျောင်းနေပြီးနောက် နိုးထလာပြီး သင့်အား သတ်ပစ် မည် ကို တွေးရခြင်းမှာ ကြောက်မတ်ဖွယ်ကောင်းလှသည်။ ဤအတောအတွင်း၌ သင်နှင့် လိင်ဆက်ဆံ သူများအား ဤရောဂါကို လက်ဆင့်ကမ်းပေးနိုင်သည်ကို တွေ့ရခြင်းမှာလည်း ကြောက်မက်ဖွယ်ကောင်းသည်။ ဤကဲ့သို့ ပင် အခြား လူတဦးကလည်း သူ့ထံ၌ ရောဂါပိုးရှိနေသည်ကို မသိရှိဘဲ၊ သင့်အား ကူးစက်စေ နိုင်သည်။

            သုတေသနပညာရှင်များက AIDS အား ၁၄ရာစုတွင် ဖြစ်ပွားခဲ့သော အဆိုးဆုံး ပလိတ်ရောဂါ ကပ်ဆိုးကြီးနှင့် ခိုင်းနှိုင်းကြသည်။ နှစ်အနည်းငယ်ကြာပြီးနောက် ဤကပ်ဆိုးကြီး ဖြစ်ပွားမှု အရှိန်ကျသွားသည့်အခါတွင် ဥရောပတိုက်သား ၂၅ သန်းခန့်သည် သေကြေပျက်စီးခဲ့သည်။ သုတေသနပညာရှင်များက မဝေးသောအနာဂတ်ကာလ၌ တကမ္ဘာလုံးတွင် လူသန်းပေါင်းများစွာ ဤရောဂါကြောင့် ဆက်လက် သေကြေဦးမည်ဟု ခန့်မှန်းထားသည်။

            သေဆုံးသူဦးရေစာရင်းများက AIDS သည် သူ၏သားကောင်များအတွက် မည်မျှကြောက်လန့်စရာ ကောင်းပြီး ညှဉ်းပန်းနှိပ်စက်သလဲဆိုတာကို မပြောပြထားပါ။

            + Frankသည် အိပ်ရာထဲ၌ လဲလျောင်းနေပြီး သေဖို့စောင့်နေသည်။ သူသည် ၉၃ ပေါင်သာရှိတော့သည်။ သူ၏ အရိုးများသည် သူ၏ကိုယ်ခန္ဓာအတွင်းမှ ငေါထွက်နေပြီး သူ၏မျက်လုံးများသည် အမဲရောင် ကွင်းများထဲ၌ ချိုင့်ဝင် နေသည်။ သူသည် သူ၏မိတ်ဆွေတဦးဦးဆီမှ အစားအစာ (သို့) ငွေကို စောင့်နေ စဉ်အတွင်း သူ၏အောက်ရှိ အိပ်ရာ အခင်းများမှာ ချွေးများဖြင့် စိုစွတ်လျက်ရှိသည်။ သူသည် ၃၈ နှစ်ဖြစ် ပြီး သူ၏မိတ်ဆွေအများစုက အောင်မြင်နေပြီးဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနေချိန်၌ သူမှာမူသေလုမျော ပါးဖြစ်နေသည်။ သူက သေချင်နေသည်။ ““ကျွန်တော်သေဖို့ မျှော်လင့် နေတယ်”” မနက်ဖြန်မှာ သေပါစေ လို့ ဆန္ဒပြုမိနေတယ်။ ကျွန်တော်မှာ ဘ၀မရှိတော့ပါဘူး””ဟု သူကပြောသည်။

            + ““ငါတို့အားလုံးသေကြမှာပဲ”” ဟု ဆန်ဖရန်စ္စကိုရှိ AIDS ရောဂါသည်များနေထိုင်ရာ အဆောင်တခု မှ အသင်း ခေါင်းဆောင်တဦးက ပြောသည်။ ထိုအဆောင်ရှိ အခြားသူများက ၀က်ဝံရုပ်များကို ပွေ့ဖက်ထားပြီး စီးကရက်များကို သောက်သုံးလျက် ငြိမ်သက်စွာ လဲလျောင်းနေကြသည်။ Ed သည် တနေ့တွင် စီးကရက် ၃ ထုပ်သောက်သည်။ သူ၏အခန်းသည် လတ်ဆတ်သောပန်းများဖြင့် အလှဆင်ထားပြီး သူ့မိဘများ၏ ဓာတ်ပုံတစ်ပုံကိုလည်း ချိတ်ထားသည်။ အခြားသူများကဲ့သို့ပင် Ed မှာလည်း စောင့်ဆိုင်း နေသည်။ သူသည် စောင်ထူထူများအောက်တွင် ပျောက်လုနီးပါး ဖြစ်နေပြီး သူ၏ကိုယ်ခန္ဓာမှာ လည်း တုံရီနေသည်။

            + David သည် စတင်နိုးထလာသောအခါ သူ၏တကိုယ်လုံးမှာ တုံရီနေသည်။ သူသည် သူ့အား နွေးထွေး စေရန်အတွက် စောင်များကို အထပ်လိုက်ခြုံထားသည်။ နေ့ခင်းဘက်သို့ရောက်သောအခါ၊ သူသည် အဖျားတက်လာပြီး ချွေးများ ထွက်လာသောကြောင့် စောင်များကိုဖယ်ရှားပစ်ရသည်။ ““ကျွန်တော် ဘာကိုမှဂရုမစိုက်တော့ပါဘူး။ ညဘက် တွေ မှာ ချွေးထွက်လွန်းတာကြောင့် ကျွန်တော်အိပ်ရာဟာ စိုရွှဲနေပါ တယ်။ ချွေးတွေက တစိမ့်စိမ့်ကျနေပါတယ်။ အိပ်ရာ ပေါ်မှာ ခြောက်သွေ့တဲ့နေရာကို ရဖို့အတွက် ဟိုဟို ဒီဒီ လျှောက်စမ်းနေရပါတယ်။ သင်ယာချွေးကန်ထဲမှာ အိပ်နေရ သလို ပါဘဲ။ လိင်မှတဆင့်ကူးစက်သော ရောဂါများထဲတွင် AIDS ရောဂါသည် ကြောက်မက်ဖွယ်အကောင်းဆုံးပင်ဖြစ်သည်။ ကြောက်လည်း ကြောက်သင့်ပါသည်။ သင်သည် ဗှီု AID ရပါက သေသွားမည်။ ထိုမျှလောက်ရိုးရှင်းပါသည်။

            လူငယ်အများစုမှာ ဤသို့ပြောလိမ့်မည်။ AIDS ရှိတဲ့သူတွေနဲ့ လိင်ဆက်ဆံဖို့အတွက် ကျွန်တော် တို့မှာ အစီအစဉ်မရှိပါဘူး”” ပြသနာမှာ AIDS ရောဂါပိုးရှိသူများ၏ ၉၀ % မှာ သူတို့၌ HIV ဗိုင်းရပ် ရှိနေသည်ကို မသိကြပေ။ ရောဂါပိုးဝင်ပြီးနောက် နှစ်အတန်ကြာမှသာ ဤရောဂါ၏လက္ခဏာများပြလာ တက်သည်။

            သို့သော်လည်း၊ လူတဦးသည်  AIDS ရောဂါပိုးကိုရသည်နှင့်တပြိုင်နက် အခြားသူများအား ကူးစက်စေနိုင်သည်။ နာမကျန်းမှုများမဖြစ်သလို၊ ရောဂါလက္ခဏာများလည်း မပြသော်လည်း ထိုသူမှာ ရောဂါပိုး သယ်ဆောင်ထား သူ ဖြစ်နိုင် သည်။ ထို့ကြောင့် လူတဦး၏ ကျန်းမာရေးအခြေအနေကို ကြည့်ခြင်း အားဖြင့် သူ၌  HIV ရောဂါပိုး ရှိမရှိကို မသိနိုင်ပါ။

ကွန်ဒုံးများသည် လိင်မှတဆင့် ကူးစက်သောရောဂါများကို မကာကွယ်နိုင်ပါ။

            ကွန်ဒုံးများသည်  STDs ၏ ကူးစက်မှုနှုန်းကို လျော့ချပေးသော်လည်း၊ လုံးဝမဖြစ်အောင်တော့ မကာကွယ်နိုင်ပါ။ ကွန်ဒုံးများသည် လူများအား အစစ်အမှန်မဟုတ်သော လုံခြုံစိတ်ချမှုကို ပေးသည်ဟု ဆရာဝန်များက ဆိုသည်။ ကူးစက်မှု အန္တရာယ်ကို လျော့ချနိုင်ခြင်းသည် အန္တရာယ်ကို လုံးဝပျောက်သွားအောင် လုပ်ခြင်းမျိုးမဟုတ်ပါ။ အမှန်တရားမှာ သင့်အား ကူးစက်မည့် ရောဂါပိုးအများစုကို မကူးစက် အောင် ဆရာဝန်များက မဆောင်ရွက်ပေးနိုင်ပါ။ အမှန်တရားမှာ ကွန်ဒုံးသုံး၍ ““လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှု””ကို မရရှိနိုင်ပါ။ မိမိကိုယ်ကို လိမ်ညာနေခြင်းအား ကျွန်ုပ်တို့ အဆုံးသတ်သင့်ပါပြီ။

            ကွန်ဒုံးသုံးခြင်းအားဖြင့် ကိုယ်ဝန်ရခြင်းကို ကာကွယ်တားဆီးနိုင်မည်ဟုလည်း အာမ, မခံနိုင်ပါ။ ကွန်ဒုံးများသည် (ကိုယ်ဝန်ရခြင်းတာဆီးရန်) ကျရှုံးနိုင်ပြီး ကြိမ်ဖန်များစွာ ကျရှုံးခဲ့သည်။ ကိုယ်ဝန်ရခြင်းမှ တားဆီးရန်အတွက် ကွန်ဒုံးကို အသုံးပြုကြသော စုံတွဲများက ကွန်ဒုံးများ၏ ကျရှုံးနိုင်သော နှုန်းများမှာ ၁၀% အထက်တွင်ရှိသည်ဟု ရှာဖွေတွေ့ရှိခဲ့သည်။ AIDS နှင့် အခြားလိင်မှတဆင့် ကူးစက်သော ရောဂါ များအား ကာကွယ်တားဆီးရန်အတွက် ကွန်ဒုံးကို အသုံးပြုခြင်းသည် များစွာပို၍ အန္တရာယ်များသည်။ မိန်းမတဦးသည် တစ်လလျှင် နှစ်ရက်မှသုံးရက်ခန့်သာ သန္ဓေသားအောင်သော်လည်း၊ STDs များမှာမူ တစ်နှစ် လျှင် ၃၆၅ ရက်လုံးလုံး၌ ကူးစက်နိုင်စွမ်းရှိသည်။ အကယ်၍ ကွန်ဒုံးများကို စနစ်တကျ အသုံးမပြု ပါက (သို့) တကြိမ်တခါတည်းသာ ပေါက်သွား၊ ချော်ထွက်သွားပါက သေစေနိုင်သော ရောဂါပိုးများကို ပြန့်ပွား စေနိုင်သည်။ ရောဂါပိုးအား ကူးစက်ခံရရန်အတွက်၊ ရောဂါပိုးနှင့် တစ်ကြိမ်သာ ထိတွေ့ရန် လိုအပ်သည်။

            သင်ဟာ မည်သို့သောသူပင်ဖြစ်ပါစေ သင်သည် လိင်ပိုင်းအရ နိုးကြားထကြွနေပါက၊ STDs များ ကူးစက်ခံရမည့် အန္တရာယ် သင့်တွင်ရှိသည်။ ကွန်ဒုံးများသည် အသဲမကွဲအောင် (သို့) အိမ်မက်များမပျက်စီး သွားအောင် မကာကွယ် ပေးနိုင်သည်မှာလည်း အမှန်ပင်ဖြစ်သည်။

အလွန်အမင်းသေးငယ်သည့်  AIDS ရောဂါပိုး

    AIDS ရောဂါကိုဖြစ်စေသော HIV ဗိုင်းရပ်သည် မယုံကြည်နိုင်လောက်အောင် သေးငယ်သဖြင့် AIDS ရောဂါအား အန္တရာယ်အလွန်ကြီးမားစေခြင်းဖြစ်သည်။ HIV ဗိုင်းရပ်ပိုးသည် လူ့ သုတ်ပိုးထက် ၁၂၅ ဆခန့် ပိုသေးငယ်သည်။ ခွဲစိတ်လက်အိတ်များ (သို့) ကွန်ဒုံးများရှိ အသေးငယ်ဆုံးသော အပေါက်အနာ အဆာလေးများမှတဆင့် လွယ်ကူစွာ ၀င်ရောက် သွားနိုင်သည်။

            Latex ဖြင့် ပြုလုပ်ထားသော ခွဲစိတ်လက်အိတ်များ (ကွန်ဒုံးများကိုလည်း နောက်ဆုံးပေါ် Latex  ဖြင့်သာ ပြုလုပ်ရန် အကြံပေးတင်ပြထား)၌ လက်အိတ်တစ်ခုကို ထွင်းဖောက်သွားသော 5 micorn  (မိုက်ခရွန်)ကျယ်သည့် ““၀င်ပေါက်””ကလေးများကို တွေ့ရှိခဲ့သည်။  One micron သည် တစ်မီတာ၏ အဆ တစ်သန်းပုံလျှင်တစ်ပုံဖြစ်သည်။ ၅ မိုက်ခရွန်သည် သင့်ဆံပင်လုံးပတ်၏ ၁၂ ပုံတစ်ပုံခန့်ရှိလိမ့်မည်။ သို့သော်AID ဗှီု ရောဂါကိုဖြစ်စေသောHIV  ဗိုင်းရပ်သည် ၁ မိုက်ခရွန်၏ ဆယ်ပုံတပုံသာရှိသည်။ ဆရာတဦးပြောသလိုမျိုး HIV  ဗိုင်းရပ်ပိုးအကောင် ၅၀သည် လက်ချင်းချိတ်ကာ ကခုန်လျှက် ၅မိုက်ခရွန် ကျယ်သော အပေါက်လေးမှတဆင့် ဖြတ်သန်းဝင်ရောက်နိုင်သည်””ဟု ဆိုရမည်ဖြစ်သည်။

            ကွန်ဒုံးတစ်ခု၌ စမ်းသပ်တွေ့ရှိနိုင်သော အသေးငယ်ဆုံးသော အပြစ်အနာအဆာအပေါက်လေးမှာ ၁မိုက်ခရွန် သာကျယ်သည်။ သို့သော် HIV ဗိုင်းရပ်သည် ၁မိုက်ခရွန်၏ ၁၀ ပုံတပုံခန့်သာအရွယ်အစားရှိ သည်ကို သတိရပါ။ ခင်ပွန်း (သို့) ဇနီးတဦးဦးကAIDS ရောဂါပိုးရှိသည့် လက်ထပ်ထားပြီးသော စုံတွဲ များကို လေ့လာမှုတစ်ရပ်ပြုလုပ်ခဲ့သည်။ တနှစ်ခွဲကြာပြီးနောက်၊ ကူးစက်ခြင်းမခံရရန်အတွက် ကွန်ဒုံးကို အသုံးပြုသော HIV  ဗိုင်းရပ်မရှိသေးသည့် အိမ်ထောင် ဖက်များ၏ ၁၇%သည် ဤရောဂါပိုးကူးစက်ခံခဲ့ရသည်ကို တွေ့ရှိရသည်။ ၆ယောက်တွင် ၁ယောက်နှုန်း ဖြစ်သည်။

            ဤသို့စဉ်းစားကြည့်ပါ။ သင်သည် မိုးပေါ်မှဒိုင်ဗင်ထိုးချသည့် ကစားနည်းကို ကစားရန် ကလပ် တစ်ခု အတွင်းသို့ ၀င်သည်ဆိုပါစို့။ အကယ်၍ ဒိုင်ဗင်ထိုးချစဉ် လေထီးများ၏ ပျက်စီးမှုနှုန်းသည် ၆ဆ ၁ဆ ဖြစ်မည်ဆိုပါက သင်သည် လေထီးခုန်မည်လော? ခုန်လိမ့်မည်မဟုတ်ပါ။ သေရေးရှင်ရေးနှင့် ပတ်သက်လာလျှင် ကျွန်ုပ်တို့သည် မလိုအပ်သော စွန့်စားမှုများကို မပြုလုပ်လိုကြပါ။

            နှစ်အနည်းငယ်ခန့်က လိင်ပညာကို လေ့လာသောပညာရှင် အယောက် ၈၀၀ စည်းဝေးပွဲတွင် ဤမေးခွန်းကို မေးခဲ့သည်။ HIV  ကူးစက်ခြင်းခံထားရသော လူနှင့် လိင်ဆက်ဆံမှုပြုစဉ် သင့်ကိုသင် ကာကွယ်ရန်အတွက် ရာဘာအစွပ် (သို့) ကွန်ဒုံးကို သင်သည် အယုံအကြည်ရှိမည်လော? ယုံသည်ဟု ပြောပြီး လက်ထောင်ပြသောသူ ဘယ်နှစ်ဦး ရှိသလဲဆိုတာကို ခန့်မှန်းကြည့်ပါ။ တဦးမှမရှိပါဘူး။

ပျော်ရွှင်စရာတွေကို ဆုံးရှုံးသွားမှာပေါ့

            ““သို့သော် ကျွန်ုပ်သာလိင်ဆက်ဆံမှုမပြုပါက၊ ပျော်ရွှင်မှုတွေကို ဆုံးရှုံးရမှာပေါ့”” သင်မဆုံးရှုံးပါ။ သင်သည် သင်၏အနာဂတ်ဘ၀အတွက် ဤအရာကို စုဆောင်းထားခြင်းဖြစ်ပြီး ထိုအချိန်၌ သင်သည် ပြန်လည်ထုတ်ယူပြီး ၀မ်းမြောက်ပျော်ရွှင်စွာဖြင့် အသုံးပြုနိုင်ပါသည်။ အိမ်ထောင်ရေးဘ၀အတွက် လိင်ကို သီးသန့်ဖယ်ထားခြင်းသည် ““အချစ်များ စုဆောင်းထားသည့် account ””ကို ဖွင့်ထားခြင်းပင်ဖြစ်သည်။ သင်သည် ထို account ထဲမှ အရာကို မှန်ကန်သော အချိန်၌ မှန်ကန်သောလူနှင့် ၀မ်းမြောက်စွာ အသုံးပြု နိုင်သည်။

            ပျော်ရွှင်မှုအကြောင်းပြောမည်ဆိုပါက၊ သင်သည် နာမကျန်းဖြစ်နေပြီး သေလုမျောပါးဖြစ်နေသော အချိန်၌ ပျော်ရွှင်မှုကို ရရှိနိုင်မည်မဟုတ်ပါ။

၁၀၀% လုံခြုံစိတ်ချရသောလိင်ဆက်ဆံမှု၌၀မ်းမြောက်ပါ။

            အဘိဓာန်အရ ““လုံခြုံစိတ်ချရ”” (Safe) ဟူသောစကားလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ““အန္တရာယ်မှ ကင်းဝေးခြင်း”” ဟူ၍ ဖြစ်သည်။ ““လုံခြုံစိတ်ချရသည်””၏ဆိုလိုရင်းမှာ အန္တရာယ် လုံးဝမရှိခြင်းကို ဆိုလိုသည်။ သင်သည် လုံခြုံမှုရှိလျင် ရှိမည်၊ မရှိလျင်မရှိပါ။ အကယ်၍ အန္တရာယ်တစုံတရာရှိပါက သင်ဟာ မလုံခြုံပါ။

            သူတို့ကိုယ်သူတို့  AIDS ရောဂါမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းများမှာ မိမိတို့၏ လိင်ဆက်ဆံဖက်ကို သိရန် (ဘာကိုမဆို ဆိုလိုခြင်းကိုသိရန် ) ဆက်ဆံချိန်၌ ကွန်ဒုံးသုံးရန်၊ ၀မ်းသွား ပေါက်ဆက်ဆံခြင်းကိုရှောင်ရန်၊ မူးယစ်ဆေးဝါး (သို့) အရက်သုံးစွဲထားသောအချိန် လိင်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို မပြုလုပ်ရန်ဖြစ်ကြသည်ဟု လူငယ်အများစုအား သင်ကြားထားသည်။

            သူတို့ကိုယ် သူတို့ ကာကွယ်ရန် သူတို့လုပ်နိုင်သော အကောင်းဆုံးနည်းလမ်းများမှာ ထိုနည်းလမ်း များမဟုတ်ပါ။ ထိုနည်းလမ်းများထက် များစွာပိုကောင်းသောနည်းလမ်းတစ်ခုရှိသည်။ ထိုနည်းလမ်းမှာ ၁၀၀%လုံခြုံစိတ်ချရသည်ဟု အာမခံနိုင်သည်။ ဤနည်းလမ်းမှာ ““လက်မထပ်မီ လိင်ဆက်ဆံခြင်းအား လုံးဝရှောင်ကြဉ်ခြင်းပင်ဖြစ်သည်။

            လက်မထပ်မီ ဆက်ဆံခြင်းအား NO ဟုပြောသော လူငယ်ကောင်လေးသည် သူကဲ့သို့ပင် တူညီသော ရွေးချယ်မှု ကို ပြုလုပ်ထားသော ကောင်မလေးတဦးနှင့် လက်ထပ်ပါက၊ AIDS နှင့် အခြားလိင်မှ တဆင့် ကူးစက်သောရောဂါများအား ကြောက်ရွံစိုးရိမ်စရာ မလိုပါ။ ဤစုံတွဲသည် တဦးအပေါ်တဦး သစ္စာ ရှိနေသမျှကာလပတ်လုံး ၁၀၀% လုံခြုံစိတ်ချရသော လိင်ဆက်ဆံမှုကို ပြုလုပ်နိုင်သည်။ AIDS နှင့် အခြားသောသေစေနိုင်သော  STDs များသည် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးအား အန္တရာယ်ကျရောက်စေသောအရာများဖြစ်သည်။ လက်မထပ်မီ ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်းနှင့် အိမ်ထောင်ရေးဘ၀၌ သစ္စာ ရှိခြင်းတို့သည် အမှန်တကယ် စိတ်ချရသော လိင်ဆက်ဆံမှု၌ ၀မ်းမြောက်နိုင်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

သင်သည် သွေးဆောင်ခြင်းကိုခံရလိမ့်မည်။

            စာတန်သည် မုသားသုံးသူတစ်ဦးဖြစ်ရုံမက၊ လူသတ်ကောင်တဦးလည်းဖြစ်သည်။ သခင်ယေရှုက စာတန်သည် အစအဦးမှစ၍ လူသတ်သမားတဦး ဖြစ်သည်ဟု ဆိုသည်။ (ယော ၈း ၄၄) စာတန်ဟာ သင့်ကို ပျက်ဆီးလိုပြီး သင့်အား ပျက်ဆီးရန်အတွက် သူတွင်နည်းလမ်းများစွာရှိသည်။ သူသည် လူအချို့ အား မူးယစ်ဆေးဝါး၊ အရက်တို့ဖြင့် ပျက်ဆီး ပစ် သည်။ လိင်မှတဆင့် ကူးစက်သောရောဂါများအားဖြင့်လည်း အခြားသူများကို ပျက်ဆီးသည်။ သင်သည် သွေးဆောင်ခြင်း ကို အမှန်ခံရမည်။ စာတန်သည် သူ၏ မုသားကြီးအားဖြင့် သင့်အားလှည့်ဖျားလိုသည်။ ထို မုသားကြီးမှာ အပြစ်သည် သင့်အား ပျော်ရွှင်စေပြီး အပြစ်၌ အကျိုးဆက်ဆိုးများ မရှိပါ။ သို့သော် သင်သည် စာတန်၏လှည့်ဖျားခြင်းကို ခံရန်မလိုပါ။ သင်သည် အပြစ်အား အရှုံးပေးစရာအကြောင်းမရှိပါ။

            ဖြားယောင်းသွေးဆောင်မှုကို ရင်ဆိုင်ရသော လူငယ်များအကြာင်း၊ သူတို့ချခဲ့သောဆုံးဖြတ်ချက်များအကြောင်း နှင့် ထိုဆုံးဖြတ်ချက်များ၏ အကျိုးဆက်များအကြောင်းကို ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်ထဲ၌ ပြောပြထားသည်။ လိင်ပိုင်းအရ ပြင်းပြသော သွေးဆောင်မှုကို ခံခဲ့ရသော ယောသပ် နှင့် ရှန်ဆုံ ဟူသော လူငယ် ၂ဦးရှိခဲ့သည်။ ပထမဆုံး၊ ယောသပ်၏ ပုံဥပမာကို လေ့လာကြမည်ဖြစ်ပြီး ရှန်ဆုံ၏ဥပမာအကြောင်းကို နောက်တွင်လေ့လာပါမည်။

ယောသပ် - သွေးဆောင်မှုကိုလွန်ဆန်၍ ဘုရားသခင်အား နာခံရန် ရွေးချယ်ခဲ့သူ။

            ယောသပ်သည် ယာကုပ်၏ ၁၁ ယောက်မြောက်သားဖြစ်ပြီး သူ့ဖခင်အသက်ကြီးမှ သူ့အားမွေးဖွား ခဲ့သည်။ ယာကုပ်သည် အခြားသားကြီးများထက် ယောသပ်အား သာ၍ချစ်ခဲ့သောကြောင့် ယောသပ်၏ အစ်ကိုများသည် ယောသပ် အား မုန်းတီးခဲ့သည်။ ယောသပ် အသက် ၁၇ နှစ်ရောက်သောအခါ၊ သူအစ်ကို များ သိုးကျောင်းနေသော နေရာ သို့ သူ့ဖခင်က ယောသပ်အား လွှတ်လိုက်သည်။ အစ်ကိုများသည် ယောသပ်အား ရှင်းထုတ်ရန်အတွက် အခွင့်အရေး ရသွားပြီး အီဂျစ်ပြည်သို့ ကုန်သည်များမှတဆင့် ကျွန် အဖြစ် ရောင်းစားခဲ့သည်။ သူ့အစ်ကိုများက ယောသပ်အား သားရိုင်းတကောင် ကိုက်သတ်လိုက်ပြီဟု ဖခင်ဖြစ်သူအား ပြန်ပြောကြသည်။

            ယောသပ်၏ အမှားတစုံတရာမရှိဘဲ ယောသပ်သည် ပေါတိဖာအမည်ရသော ကြွယ်ဝသည့် အီဂျစ် တဦးထံ၌ ကျွန်အဖြစ် အလုပ် လုပ်ခဲ့ရသည်။ ယောသပ်သည် ရိုးသားကြိုးစားပြီး သူ့ သခင်အား ကောင်းစွာ အစေခံခဲ့သည်။ မကြာမီ ပေါတိဖာသည် ယောသပ်အား သူ၏အလုပ်သမားခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပြီး သူ့တွင် ရှိသောအရာအားလုံးကို စီမံကွပ်ကဲစေခဲ့သည်။ ဘုရားသခင်သည် ယောသပ် လုပ်သမျှအရာတိုင်းတွင် ကြွယ်ဝစေခဲ့သည်။ သို့သော် စာတန်သည် ယောသပ်အား ထောင်ချောက်ဆင်၍ ဖမ်းရန်ကြိုးပမ်း ခဲ့သည်။ ယောသပ်သည် သန်စွမ်းသော လူချောတဦးဖြစ်သည်။ ပေါတိဖာ၏မိန်းမသည် ယောသပ်အား စွဲညိသွားပြီး ယောသပ်နှင့် လိင်ဆက်ဆံရမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။ သူမက “ငါနှင့်အတူ အိပ်ပါ”ဟု ပြောသော်လည်း၊ ယောသပ်သည် ငြင်းပယ်ခဲ့သည်။ ယောသပ်က ““ကျွန်တော့်သခင်သည် အိမ်၌ရှိ သမျှသောဥစ္စာတို့ကို ကျွန်တော်လက်သို့အပ်ပါပြီ။ ကျွန်တော်၌ ဘယ်ဥစ္စာရှိမှန်းကိုမျှ မသိမမှတ်ပါ။ ဤအိမ် တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးမြတ်သောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတပါး အဘယ်သူကိုမှ ကျွန်တော်အား မတားမမြစ်ပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသော ဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်း” ဟုဆိုခဲ့သည်။ ကမ္ဘာ ၃၉း ၈,၉

            ပေါတိဖာမိန်းမသည် ယောသပ်အား သူမနှင့် လိင်ဆက်ဆံရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း သူသည် ငြင်းပယ်ခဲ့သည်။ သူမနှင့် နှစ်ဦးတည်းရှိနေခြင်းကိုပင် ရှောင်ရှားခဲ့သည်။ တနေ့၌ အခြား အစေခံများအိမ်မှာ မရှိသော အချိန်တွင် သူမသည် သူ၏အင်္ကျီကိုဆွဲလိုက်ပြီး ““ငါနှင့်အိပ်စက်ပါ”ဟု ယောသပ်အား ဗြောင်ကျစွာ အမိန့်ပေးခဲ့သည်။ ယောသပ်သည် အိမ်အတွင်းမှ ပြေးထွက်ခဲ့သော်လည်း သူ၏အပေါ်အင်္ကျီမှာ ကျန်ရစ်ခဲ့သည်။ ပေါတိဖာ မိန်းမသည် ဒေါသ အိုး ပေါက်ကွဲခဲ့သည်။ သူမသည် အခြားအစေခံများကိုခေါ်ပြီး ယောသပ်သည် သူမအား မုဒိမ်းကျင့်ရန်ကြိုးပမ်းခဲ့ကြောင်းကို ပြောပြသည်။ သူမ၏ခင်ပွန်းအိမ်သို့ပြန်ရောက်လာသောအခါ ဤမုသားကိုပင် ထပ်ပြောခဲ့သည်။ ““ပေါတိဖာသည် ယောသပ်အား ဘုရင့်အကျဉ်းထောင်ထဲသို့ ထည့်လိုက်သည်။

            ထပ်မံ၍ မိမိ၌အမှားတစုံတရာမရှိဘဲ ယောသပ်သည် ဆိုးရွားသော အခြေအနေတွင်းသို့ ကျရောက် ခဲ့သည်။ သို့သော် ဘုရားသခင်က သူနှင့်အတူရှိခဲ့ပြီး အချိန်တန်သောအခါ ယောသပ်သည် အီဂျစ်တပြည်လုံးကို အုပ်စိုးရသောသူ အဖြစ် ဖာရောဘုရင်က ချီးမြှောက်ခဲ့သည်။ ဖာရောဘုရင်သည် ယောသပ်အား လှပသော သတို့သမီးတဦးကို ပေးခဲ့ပြီး သား ၂ ဦးထွန်းကားခဲ့သည်။ အချိန်ကျသောအခါ၊ ယောသပ်သည် သူ့အဖေ ယာကုပ်နှင့် မိသားစုတစ်ခုလုံးကို အီဂျစ်ပြည် သို့ ခေါ်ဆောင်ခဲ့ပြီး ငတ်မွတ်ခြင်းဘေးမှကယ်တင် ခဲ့သည်။ ဘုရားသခင်က ““...ငါ့ကိုချီးမြောက်သောသူတို့ကို ငါ ချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူ တို့သည် ဂုဏ်အရေပျက်ရကြလိမ့်မည်””ဟုဆိုသည်။ ၁ဓမ္မရာဇ၀င် ၂း ၃၀

            ယောသပ်၏အသက်တာကိုကြည့်၍ ကျွန်ုပ်တို့အား ဘုရားသခင်က သင်ယူနားလည်စေလိုသော သင်ခန်းစာမှာ ““ကျွန်ုပ်တို့သည် ဘုရားသခင်အား ချီးမြှောက်ပါက၊ ဘုရားသခင် ကျွန်ုပ်တို့ကို ချီးမြှောက်မည်။”” ဖြစ်သည်။ ယောသပ် သည် ဘုရားသခင်အား ချီးမြောက်ရန် ရွေးချယ်ဆုံးဖြတ်ခဲ့ပြီး အပြစ်၏သွေးဆောင်မှု ဆီမှ ထွက်ပြေးခဲ့သည်။ သူသည် နောက်ဆုံးတွင် သာယာပျော်ရွှင်သော မိသားစုကိုရခဲ့ပြီး ဘုရားသခင်၏ ကောင်းချီးပေးမှုခံရသော ပျော်ရွှင်ဖွယ် ကောင်း သည့် အသက်တာကို တစ်ဘ၀လုံးရရှိခဲ့သည်။

ရှန်ဆုံ  ဘုရားသခင်အား နာခံမှုမရှိဘဲ သွေးဆောင်မှုနောက်လိုက်ခဲ့သူ

            ဘုရားသခင်သည် သူလူမျိုးတော်ကို ရွေးနှုတ်မည့်သူအဖြစ် ရှန်ဆုံအားရွေးချယ်ခဲ့သည်။ ဣသရေလ လူမျိုးများ သည် မကောင်းသောအရာကို ပြုလုပ်ခဲ့သောကြောင့် ၊ ဘုရားသခင်သည် သူတို့အား သူတို့၏ရန်သူများဖြစ်သော ဖိလိတိ္တ လက်အောက်တွင် ကျရှုံးစေခဲ့သည်။ ဘုရားသခင်သည် သူ၏လူများကို ရွေးနှုတ်ရန်အတွက် ရှန်ဆုံအား ကြီးပြင်း စေခဲ့ သည်။ ရှန်ဆုံသည် အခြားလူများကဲ့သို့ပင်ဖြစ်သော်လည်း ဘုရားသခင်၏၀ိညာဉ်တော်သည် သူအပေါ်သို့ သက်ဆင်းသော အခါ၊ သူသည် မယုံကြည်နိုင်လောက်သော သာမန်လူတွင်မရှိနိုင်သည့် စွမ်းအားမျိုးကိုရရှိခဲ့သည်။ သူသည် မည်သည့် လက်နက်မှ မဆောင် ထားသော်လည်း သူသည် တဦးတည်းဖြင့် ဖွဲ့စည်းထားသော စစ်တပ်တစ်တပ်ဖြစ်သည်။ တစ်ခါ၌ သူသည် မြည်း၏ပါးစောင်ရိုးကိုအသုံးပြု၍ လက်နက်စွဲကိုင်ထားသော ဖိလိတိ္တတပ်သားတစ်ထောင်ကို ချေမှုန်းခဲ့သည်။

            သို့သော် ရှန်ဆုံတွင် သူ့အားသေစေနိုင်သောအားနည်းချက်တစ်ခုရှိသည်။ သူ၏လိင်ဆန္ဒကို မထိန်းချုပ်ခဲ့ပါ။ ရှန်ဆုံသည် ဖိလိတိ္တ အလှကညာတဦးဖြစ်သူ ဒေလိယနှင့် စတင်လိင်ဆက်ဆံသည်။ ရှန်ဆုံက သူသည် ဘုရားသခင်အား မနာခံနေခြင်းဖြစ်ကြောင်းကို သိသော်လည်း ဒေလိယနှင့် ဆက်လက် ၍ လိင်ဆက်ဆံခဲ့သည်။ ဖိလိတိ္တ ခေါင်းဆောင်များက ရှန်ဆုံဟာ ဒေလိယနှင့် လိင်ပိုင်းအရ ဆက်ဆံရေးရှိကြောင်းကို သိရှိခဲ့သည်။ အကယ်၍သူမသည် ရှန်ဆုံ စွမ်းအားကြီးခြင်း ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ် နိုင်ပါက ငွေမြောက်များစွာပေးမည်ဟု သူတို့သည် ဒေလိယအား ကတိပေးခဲ့သည်။

            ဒေလိယသည် စာတန်၏ကိုယ်စားလှယ်တဦးဖြစ်သည်။ ရှန်ဆုံစွမ်းအားကြီးခြင်း၏ လျှို့ဝှက်ချက်ကို သိရှိနိုင်ရန် အတွက် သူမသည် သူမ၏လိင်ပိုင်းအရ ဆွဲဆောင်မှုရှိသောအလှအပကို အသုံးပြုခဲ့သည်။ သူမသည် သူ့အား နေ့တိုင်း တွန်းအားပေးခဲ့ပြီး နောက်ဆုံးတွင် ရှန်ဆုံသည် အလျှော့ပေးလိုက်ပြီး အကယ်၍ သူ၏ဆံပင်ကိုသာ ဖြတ်လိုက်ပါက အခြားသူများကဲ့သို့ သူဟာ အားနည်းသွားလိမ့်မည်ဟု ဒေလိယအား ပြောပြခဲ့သည်။ ရှန်ဆုံက သူ၏လျှို့ဝှက်ချက်အား ပြောပြလိုက်ပြီဖြစ်ကြောင်းကို ဒေလိယသည်နားလည် ခဲ့သည်။ ထို့နောက် ရှန်ဆုံ အိပ်နေသောအချိန်၌ လူတဦးသည် ခိုးဝင်လာပြီး သူ၏ဆံပင်ကို ရိတ်လိုက်သည်။ ဒေလိယကလည်း ရှန်ဆုံကို နှိုးလိုက်ပြီး ““ဖိလတိ္တလူတွေ ရှင့်ကို တိုက်ဖို့ လာနေပြီ””ဟု ပြောလိုက်သည်။

            ရှန်ဆုံသည် အရင်ကကဲ့သို့ ဖိလတိ္တလူများအား ချေမှုန်းနိုင်မည်ဟု ထင်ခဲ့သော်လည်း ဘုရားသခင်သည် သူ့ဆီမှ ထွက်ခွာသွားပြီဖြစ်သည်။ ဒီတစ်ကြိမ်၌မူ သူသည် အခြားသူများကဲ့သို့ပင် အားနည်း သွားပြီဖြစ်သောကြောင့် ဖိလတိ္တ လူများသည် သူ့အားဖမ်းဆီးနိုင်ခဲ့သည်။ ထို့နောက် သူတို့သည် ပထမဆုံး အနေဖြင့် သူ၏မျက်စိများကို ကလော် ထုတ် လိုက်ပြီး သံကြိုးများဖြင့်ချည်ကာ ဂါဇာရှိ အကျဉ်းထောင်သို့ ပို့လိုက်သည်။ ရှန်ဆုံသည် သံကြိုးများချည်နှောင်ခြင်းခံရသော မျက်မမြင်တဦးအနေဖြင့် သူ၏ဘ၀ကို ကုန်ဆုံးစေခဲ့ရပြီး သူ၏ရန်သူများအတွက် ဆန်စေ့များကိုလည်း တဘ၀လုံး ကြိတ် ပေး ခဲ့ရသည်။ ဘုရားသခင်က ကျွန်ုပ်တို့အား ရှန်ဆုံ၏အသက်တာမှ သင်ယူစေလိုသော သင်ခန်းစာမှာ ““ကျွန်ုပ်တို့သည် ဘုရားသခင်အား မနာခံရန်အတွက် ရွေးချယ်ဆုံးဖြတ်ပါက၊ အကျိုးဆက်ဆိုးများနှင့် မလွဲမသွေ ရင်ဆိုင် ရမည်”” ဟူ၍ဖြစ်သည်။

ခဏရပ်ပြီး စဉ်းစားပါ။

            သင်သည် သွေးဆောင်ခြင်းကို ခံရသောအခါ၊ ခဏရပ်ပြီးစဉ်းစားပါ။ သင်သည် တခုခုကိုမလုပ်မီ ဤမေးခွန်း ၇ ခုကို အရင်စဉ်းစားဆင်ခြင်ကြည့်ပါ။

၁။ ဤသွေးဆောင်မှု၏နောက်သို့လိုက်ခြင်းသည် ဘုရားသခင်၏ပညတ်တော်များကို ချိုးဖောက်ခြင်း လော့?

            ဘုရားသခင်၏နှုတ်ကပတ်တော်က ဘာပြောထားလဲဆိုတာကို သင်သိရန် လိုအပ်သည်။ သင့်အား သွေးဆောင် သော အရာနှင့် စပ်လျဉ်း၍ ကျမ်းစာက ဘာပြောထားသည်ကို ကြည့်ပါ။ လိင်ပိုင်းအရ ကိုယ်ကျင့်တရားဖောက်ပြားမှုများနှင့် သက်ဆိုင်သော ကျမ်းပုဒ်များစွာရှိသည်။

            လိင်ပိုင်းအရ ကိုယ်ကျင့်တရားဖောက်ပြားမှုအားလုံးသည် ဘုရားသခင်၏အလိုတော်ကို ချိုးဖောက် ခြင်းပင် ဖြစ်သည်။ မတရားသော မေထုန်၌ မှီဝဲခြင်း၊  အိမ်ထောင်ရေးဖောက်ပြန်ခြင်းနှင့် လိင်တူဆက်ဆံမှု များသည် ဘုရားသခင် ၏ အလိုတော်နှင့်မညီပါ။ ကျမ်းစာက ““.... ဤအရာများကို လုပ်သောသူများသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေ မခံ ရကြဟု ပြောထားသည်။ ဂလာ ၅း ၂၁ လိင်သည် တဦးအပေါ်တဦး သစ္စာရှိသော လက်ထပ်ထားသည့် အိမ်ထောင်သည် များ အတွက် ဖြစ်သည်ဟု ဘုရားသခင်က တကြိမ် ပြီး တစ်ကြိမ် ပြောထားသည်။ ကျမ်းစာက ““ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသြ့ပုခြင်းအမှုသည် အသရေရှိစေလော့။ မတရားသော မေထုန်ကို ပြုသောသူနှင့် သူ့မယားကိုပြစ်မှားသောသူ ကို ဘုရားသခင်စစ်ကြောစီရင်တော်မူလိမ့်မည်။””ဟုဆိုသည်။ ဟေဗြဲ ၁၃း ၎
၂။ ဤအပြစ်ကို ကျူးလွန်ခဲ့သူများ၏အသက်တာ၌ မည်သို့သောအကျိုးဆက်များကို ရင်ဆိုင်ခဲ့ရ သနည်း?

            ဤဘ၀၌ ရင်ဆိုင်ရသော အကျိုးဆက်အချို့မှာ ကိုယ်ဝန်ရခြင်း၊  မိမိကိုယ်ကိုအပြစ်တင်ခြင်း၊ ရှက် ကြောက်ခြင်း၊ မိမိကိုယ်ကို လေးစားမှုပျောက်ဆုံးခြင်း၊ STDs နှင့်AIDS  ရောဂါများကြောင့် မိမိ ဟာ ညစ်ညူးသည်ဟု ခံစားရခြင်း တို့ ဖြစ်ကြသည်။ ထာဝရကာလတွင် ရင်ဆိုင်ရမည့် အကျိုးဆက်များလည်း ရှိသည်။ ကျမ်းစာက ““လူသည်တခါတည်းသေ၍၊ ထို့နောက်မှတရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့””ဟု ဆိုသည်။ ဟေဗြဲ ၉း ၂၇

၃။ ကျွန်ုပ်သည် ဤအပြစ်ကို ကျူးလွန်မိပါက၊ ကျွန်ုပ်အပေါ်မည်သို့သက်ရောက်မှုရှိမည်နည်း?

            ဘုရားသခင်အား ဆန့်ကျင်လျက် အပြစ်ကျူးလွန်သော်လည်း၊ အကျိုးဆက်ဆိုးများနှင့် မရင်ဆိုင်ရ ပါဟူသော စကားမရှိပါ။ ဤအပြစ်သည် ကျွန်ုပ်၏ကျောင်းပညာရေး၊ မိသားစုနှင့် ကျွန်ုပ်အားချစ်ပြီး လေးစားသောသူများအပေါ်တွင် သက်ရောက်မှုရှိမည်ဖြစ်သည်။ ကျွန်ုပ်ဘ၀အတွက် ဘုရားသခင်၏ အလိုတော်နှင့် ကျွန်ုပ်၏အနာဂတ် ဘ၀တခုလုံး အပေါ် သို့ လည်း သက်ရောက်မှုရှိမည်ဖြစ်သည်။

   ၄။ ဤသွေဆောင်မှုနောက်သို့လိုက်ခဲ့မိခြင်းအတွက် ရင်ဆိုင်ရမည့် အကျိုးဆက်များ၏ အဖိုးအခကို ပေးချေရန် ဆန္ဒ ရှိပါရဲ့လား?

            ခဏတာပျော်ရွှင်မှုအတွက် တဘ၀စာ နာကျင်မှုများနှင့် နောင်တရမှုများကို ရရှိခြင်းဟာ လုံးဝမထိုက်တန်ပါ။ လူ့ဘာသာစကား၌ ၀မ်းနည်းဖွယ်အကောင်းဆုံးစကားမှာ ““ငါသာ အဲဒါကိုမလုပ်မိခဲ့ ဘူးဆိုရင်..”” ဖြစ်သည်။ ကျမ်းစာက ““မိမိတပ်မက်သောစိတ်ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေကိုယူ၍ ဒုစရိုက်ကို သွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဘွားတတ်၏။””ဟုဆိုသည် ယာ ၁း ၁၄-၁၅

၅။ ဤအပြစ်၏သွေးဆောင်ရာနောက်သို့လိုက်ခြင်းအားဖြင့် ကျွန်ုပ်၏နှလုံးသားအား ကျေနပ်နှစ်သက် စေမည်လော?  

            ““တကြိမ်တခါတည်း””ကြောင့် လူများသည် ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် လိင်အပျော်အပါးကို စွဲညှိသွားကြသည်။ သင်သည် သွေးဆောင်မှုနောက်သို့ များများလိုက်လေလေ၊ သွေးဆောင်မှုမှာလည်း သာ၍ အားကြီး လာလေလေဖြစ်သည်။ သင်သည် လိင်အပျော်အပါးအား တွယ်ငြိသွားသည်နှင့်တပြိုင်နက်၊ သင်သည် ထိုအရာကို ရရန် အတွက် ဘာကိုမဆို လုပ်လိမ့်မည်။ သင်သည် သွေးဆောင်မှုနောက်သို့ များများလိုက်လေလေ၊ သွေးဆောင်မှုကလည်း သာ၍အားကြီးလာလေလေဖြစ်ပြီး သင့်အား ကျေနပ်မှုနည်းနည်းသာပေးတော့မည်ဖြစ်သည်။ လူတဦးသည် ဆေးစွဲသွားပါ က မူးယစ်ဆေးရဖို့ ဘာကို မဆို လုပ်လိမ့်မည်။ လိင်နှင့်ပတ်သက်လာလျှင်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။ လိင်အပျော်အပါး အလွန် အကြူးလိုက်စားကြသူများသည် မြုံ(ဆက်ဆံမှုမပြုလုပ်နိုင်တော့သည့်အခြေအနေ)ပင်မြုံသွားကြသည်။  ဤသို့ မြုံခြင်းသည် အရွယ်ကောင်းစဉ်၌ပင် ဖြစ်တတ်သည်။

၆။ ဤသွေးဆောင်ခြင်းအား Yes ဟု ပြောခြင်းဟာ ပညာရှိသော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါရဲ့လား?

            ဤဆုံးဖြတ်ချက်သည် ဘုရားသခင်အား ကျေနပ်နှစ်သက်စေမည်လော? မနှစ်သက်စေပါ။ ဘုရားသခင်၏ ပညတ်တော် တိုင်းသည် ကျွန်ုပ်တို့အပေါ်တွင်ထားသော သူ၏မေတ္တာတော်ကို ထင်ဟပ်ဖော်ပြသည်။ စာတန်သည် သူ၏ ဤမုသားကို ကျွန်ုပ်တို့အား ယုံကြည်စေလိုသည်။ ““လိင်သည် ပျော်ရွှင်ဖွယ် ကောင်းပြီး အကျိုးဆက်ဆိုးများလည်းမရှိပါ။”” အမှန်တရားမှာ သင်အား လက်ထပ်စေရန်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်ပါက၊ သူသည်သင့်အား လိင်ကိစ္စ၌ အချိန် ကြာရှည်စွာဖြင့် အပြည့်အ၀ ၀မ်းမြောက်စေလိုသည်။ ထို့ကြောင့် ဘုရားသခင်က သင့်အား အိမ်ထောင်ရေးဘ၀၏ အပြင်ဘက်၌ ဆက်ဆံခြင်း မပြုရန် ပြောထားခြင်းဖြစ်သည်။

၇။ ဘုရားသခင်အားဆန့်ကျင်၍ကြီးမားသောအပြစ်ကို ကျွန်ုပ်မည်သို့လုပ်နိုင်မည်နည်း?

            စာတန်က သင်၏အာရုံစူစိုက်မှုအားလုံးတို့ကို သင့်အား သွေးဆောင်သောအရာများ (အရက်၊ မူးယစ်ဆေး စသည့်) တို့အပေါ်တွင် ထားရှိစေလိုသည်။ သင်ဟာ ဒီးအရာကိုရမှဖြစ်မည်ဟူသော အတွေးမျိုး ကို စာတန်က သင့် ခေါင်း ထဲ သို့ ထည့်ပေးသည်။ ဘုရားသခင်၏အကြောင်းကို သူက သင့်အား မစဉ်းစား စေလိုပါ။ ရှန်ဆုန်၌ ဖြစ်ပျက်ခဲ့သောအရာ မှာ ထိုအရာဖြစ်သည်။ သူသည် ဘုရားသခင်၏ အကြောင်းနှင့် အကျိုးဆက်များအကြောင်းကို မတွေးခဲ့ပါ။ သူ့ အာရုံ စူးစိုက်နေသောအရာမှာ လိင်သာဖြစ်သည်။ နောက်ဆုံး၌သူသည် မျက်မမြင်ဘ၀ရောက်ခဲ့ပြီး သံကွင်းဖြင့် အချည်အနှောင် ခံရကာ၊ တစ်ဘ၀လုံး ကျိတ်ဆုံကို ကျိတ် ခဲ့ရသည်။

            ယောသပ်မှာမူ ဘုရားသခင်အပေါ်တွင် သူ၏အာရုံစူးစိုက်မှုကိုထားရှိခဲ့သည်။ သူက ““ကျွန်ုပ်ဟာ ဤသို့သော အပြစ်ကြီးကို ဘုရားသခင်အား ဆန့်ကျင်လျက် မည်သို့ပြုနိုင်ပါမည်နည်း””ဟုဆိုခဲ့သည်။ သူသည် ဘုရားသခင်အား ချီးမြှောက်ခဲ့ပြီး ဘုရားသခင်ကလည်း သူ့ကိုချီးမြှောက်ခဲ့သည်။ နောက်ဆုံး၌ သူသည် အီဂျစ်ကို အုပ်ချုပ်ရသောသူဖြစ်ခဲ့ပြီး ဘုရားသခင်၏ ကောင်းချီးများကို သူ၏ဘ၀တွင် ခံစားရကာ သယာပျော်ရွှင်သော မိသားစုတစ်ခုကိုလည်း ရရှိခဲ့သည်။ အကယ်၍သာ သူသည် မကောင်းသော အကြံဖြင့် သူ့အားမြူဆွယ်ခဲ့သောမိန်းမကို အခွင့်ပေးခဲ့ပါက၊ သူဆုံးရှုံးရမည့် အရာများ ကို တွေးကြည့်ပါ။

            အကယ်၍ သင်သည် ခရစ်တော်ကိုယုံကြည်သူတဦးဖြစ်ပါက ခရစ်တော်သည် သင့်အတွင်း၌ နေထိုင်လျက် ရှိသည်။ သူ၏၀ိညာဉ်တော်အားဖြင့် သင့်အတွင်း၌ ကိန်းဝပ်လျက်ရှိသည်။ သင့်အား ဘယ်တော့မှစွန့်ခွာ၍မသွားပါဟု သူက ကတိပေးထားသည်။ ဤအရာက ဆိုလိုသည်မှာ သင်မြင်သော အရာအားလုံးကို သူမြင်ပြီး သင်ကြားသောအရာ အားလုံး ကို သူကြားကာ၊ သင်လုပ်သောအရာတိုင်း၌ သူပါ ရှိသည်။ သင်သည် သင်၏အိမ်ထောင်ဖက်မဟုတ်သူနှင့် လိင်ဆက်ဆံ ချိန်တွင် ဘုရားသခင်၏ သားတော် ကို သင်နှင့်အတူ ခေါ်ဆောင်သွားသည်။ ကျမ်းစာက ““သင်တို့ကိုယ်ခန္ဓာသည် ခရစ်တော်၏ကိုယ်ခန္ဓာဖြစ် ကြောင်းကို၎င်း မသိကြသေလာ”” သို့ဖြစ်လျှင်၊ ခရစ်တော်၏ အင်္ဂါကိုယူ၍ ပြည့်တန်ဆာ၏ အင်္ဂါဖြစ်အပ် သလော။ မဖြစ်စေအပ်””ဟုဆိုသည်။ ၁ကော ၆း ၁၅

            သင်သည် တစုံတဦးနှင့် လိင်ဆက်ဆံသောအခါတွင် ထိုသူနှင့် တလုံးတ၀တည်းဖြစ်သွားသည်။ သင်သည် လိင်ပိုင်း အရ ဖောက်ပြားမှုကို ကျူးလွန်ပြီး ဘုရားသခင်၏ သားတော်အား ထိုကိစ္စ၌ပါဝင်စေ မည်လော? သင်သည် ဤမျှ ကြီးသောအပြစ်ကို လုပ်ခြင်းအားဖြင့် သန့်ရှင်းဖြောင့်မတ်၍ မေတ္တာတော်နှင့် ပြည့်စုံသော ဘုရားသခင်အား ဆန့်ကျင် မည်လော? အပြစ်၏အကျိုးဆက်နှင့် အပြစ်ကို မုန်းတီးသော ဘုရားသခင်နှင့် ဆန့်ကျင်၍ အပြစ်ကိုလုပ်နိုင်မည်လော? အကယ်၍ သင်သည် အပြစ်လုပ်ရန် ရွေးချယ်ပါ က၊ ဘုရားသခင်၏သားသမီးတဦအနေဖြင့် ရရှိသော ၀မ်းမြောက်မှုကို ဆုံးရှုံးမည်ဖြစ်သည်။ သင်သည် မိမိ၌အပြစ်ရှိသည်ဟု ခံစားရပြီး ရှက်ကြောက်ခြင်းရှိမည်ဖြစ်သည်။ သင်သည် ဘုရားသခင် ၏ ဒဏ်ခတ်ဆုံးမ တော်မူခြင်းကိုလည်း ခံရမည်။ သင်သည် ဘုရားသခင်အား ချီးမြှောက်ပြီး သူ၏စကားကိုနာခံပါက ဘုရား သခင်၏ချီးမြှောက်ခြင်းကိုခံရမည်။ သူ့အား နာခံသော သားသမီးများအပေါ်သို့ ဘုရားသခင်သည် သူ၏ ကောင်းချီးမင်္ဂလာ များ ကို သွန်းလောင်းတော်မူသည်။ ဘုရားသခင်က ““စုံစမ်းနှောင်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကိုခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသော အသက် သရဖူ ကို ရလိမ့်မည်။””ဟုဆိုသည်။ ယာ ၁း ၁၂

မေးခွန်းများ (မှန်/မှား)
၁။    AIDS ဗိုင်းရပ်သည် လူ့ကိုယ်ခံစွမ်းအားစနစ်ကို တိုက်ခိုက်ပြီး ဖျက်ဆီးပစ်သည်။ ထို့ကြောင့် ထို လူသည် ရောဂါများ အား ပြန်လည်တိုက်ခိုက်ရန်အတွက် သူ့တွင်စွမ်းအားမရှိတော့ပါ။

၂။    AID ဗိုင်းရပ်ပိုးသည် လိင်ပိုင်းဆိုင်ရာ အပြုအမူအားဖြင့် လူတဦးဆီမှ အခြားတဦးထံသို့ ကူး စက်သည်။ သင်သည် တစုံတဦးနှင့် လိင်ဆက်ဆံသောအခါ ထိုလူနှင့်ဆက်ဆံခဲ့သူနှင့် ဆက်နွယ်မှုရှိသွား ပြီဖြစ်ကာ၊ ထို ““ကွန်ယက်””ရှိ လူအားလုံး နှင့်လည်း ဆက်နွယ်မှုရှိသွားပြီဖြစ်သည်။

၃။ AIDS ရောဂါအားဖြစ်စေသော HIV ဗိုင်းရပ်သည် မယုံကြည်နိုင်လောက်အောင် သေးငယ်သည်။ ကွန်ဒုံတစ်ခုရှိ အသေး ငယ်ဆုံးသောအနာအဆာအပေါက်လေးမှတဆင် ဖြတ်သန်းဝင်ရောက်နိုင်သည်။

၎။    သင့်ကိုသင် ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းများမှာ သင်၏အဖော်ကိုသိရန်နှင့် လိင်ဆက်ဆံနေစဉ် ကွန်ဒုံ ၀တ်ထားရန်ဖြစ်သည်။

၅။    ယောသပ်၏အသက်တာမှ ဘုရားသခင်က ကျွန်ုပ်တို့အားသင်ယူစေလိုသော သင်ခန်းစာမှာ ““သင်သည် ဘုရားသခင် အား ချီးမြှောက်ပါက၊ ဘုရားသခင်က သင့်အားချီးမြှောက်လိမ့်မည်””ပင်ဖြစ်သည်။

၆။    ရှန်ဆုံအသက်တာမှ ဘုရားသခင်က ကျွန်ုပ်တို့အား သင်ယူစေလိုသော သင်ခန်းစာမှာ ကျွန်ုပ်တို့သည် ဘုရားသခင် အား မနာခံရန် ရွေးချယ်ပါက အကျိုးဆက်ဆိုးများနှင့် မလွဲမသွေ ရင်ဆိုင်ရမည်။

၇။    သင်ဟာ သွေးဆောင်ခြင်းကိုခံရသောအခါ၊ သင့်ကိုသင် ဤသို့မေးပါ။ ““ဤသို့သော သွေးဆောင်မှု နောက်သို့ လိုက်ခြင်း ဟာ ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ခြင်းလော? ဘုရားသခင်အား မနာခံရန် မရွေးချယ်ပါနှင့်၊ ဘုရားသခင်အား မနာခံရန် ရွေးချယ်ဆုံးဖြတ်ခြင်းသည် ပညာမရှိစွာ လုပ်ခြင်းပင်ဖြစ် သည်။

၈။    ““ဤသွေးဆောင်မှုနောက်သို့လိုက်ခြင်းအားဖြင့် ရင်ဆိုင်ရမည့် အကျိုးဆက်များ၏ အဖိုးအခကို ပေးရန်အတွက် ကျွန်ုပ် ဆန္ဒရှိရဲ့လား? ဟုသင့်ကိုသင် မေးပါ။ တခဏတာ သာယာပျော်ရွှင်မှုအတွက် တဘ၀ လုံး နောင်တရ၊ နာကျင်ရခြင်း ဟာ ထိုက်တန်မှုရှိပါတယ်။

၉။    ““ငါဒီအရာကိုရမှဖြစ်မည်”” ဟူသောအတွေးမျိုးကို စာတန်က သင့်ခေါင်းထဲသို့ထည့်ပေးပြီး ဘုရားသခင် အကြောင်း သင့်အား မတွေးတောစေလိုပါ။

၁၀။    သင်သည် ခရစ်တော်အား ယုံကြည်သူတဦးဖြစ်ပါက၊ ခရစ်တော်သည် သင့်အတွင်း၌ အသက်ရှင် လျက်ရှိသည်။ သူ၏၀ိညာဉ်တော်အားဖြင့် အသက်ရှင်နေခြင်းဖြစ်သည်။ သင်သည် လိင်ပိုင်းအရ ကိုယ်ကျင့်တရားဖောက်ပြားပါက၊ သင်သည် ဘုရားသခင်၏ သန့်ရှင်းသော သားတော်အား ဤကိစ္စ၌ ပါဝင်စေ မည်ဖြစ်သည်။

အန်ဒရူး (အောင်နိုင်)
 
Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support