HCF

HCF MYANMAR IN SINGAPORE

Tuesday, August 27, 2013

စစ်မှန်သောအချစ်ကိုပိုင်းခြားသိမြင်ခြင်း

                                                     (သင်ခန်းစာ - ၁၅)                                            
            “အချစ်””ထက်သာ၍ ရေပန်းစားသော အကြောင်းအရာအား TV နှင့် ရုပ်ရှင်များတွင် မတွေ့နိုင် ပါ။ Soap Operas  များသည် ကဗျာဆန်သောအချစ်များဖြင့် ပြည့်နှက်လျက်ရှိသည်။ လူကြိုက်များသော သီချင်း အများစု၏ အဓိက အကြောင်း အရာမှာလည်း အချစ်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအတွေးအခါ် ၏တိုက်ခိုက်ခြင်းကို အဆက်မပြတ် ခံရကြ သည်။ ““အရေးပါဆုံးတစ်ခုတည်းသောအရာမှာ အချစ်ဖြစ်သည်

လောကီဆန်သောမဂ္ဂဇင်းတစ်ခုတွင် ကဗျာဆန်သောအချစ်နှင့် စပ်လျဉ်း၍ လူများက မည်သို့ထင် မြင်လဲဆိုတာ ကို စာရေးသူတဦးက ဤသို့ရေးခဲ့သည်။ ““အချစ်သည် ရုတ်တရက် သင့်ဆီသို့ ဆန်းကြယ်စွာ အလည်အပတ်ရောက်လာ ပြီး သင့်အားဖမ်းစားလိုက်သည်မှာ ၀က်သတ်များကဲ့သို့ပင် ဖြစ်သည်။ ဤအချစ်ကို စိတ်ဖြင့်ခံစား၍ သိရှိနိုင်သည်။ ဤအချစ်သည် အစစ်အမှန်သာဖြစ်ပါက သင့်အားပြောပြစရာတောင် မလိုပါ။ မေးမြန်းစရာမလိုပဲ သင်ဟာ ဤအချစ် ကို သိရှိမှတ်မိနိုင်သည်။

             ““အချစ်သည် အလွန်အရေးကြီးသဖြင့်၊ အချစ်အတွက် သင်ဟာအရာရာတိုင်းကို စွန့်လွှတ်ရမည်။ အမျိုးသား တဦးသည် အချစ်အတွက် သူ့မိန်းမအား စွန့်လွှတ်ခြင်းသည် တရားမျှတမှုရှိသလို၊ အမျိုးသမီး တဦးကလည်း အချစ် အတွက် သူမ၏အိမ်နှင့်ကလေးများအား စွန့်လွှတ်ခြင်းသည် ပုံမှန်သာဖြစ်သည်။ ဘုရင်တစ်ဦးကလည်း သ၏ရာဇပလ္လင် အား အချစ်အတွက် စွန့်လွှတ်ကောင်းစွန့်လွှတ်လိမ့်မည်။ ဤအချစ်ဟာ သင်မမျှော်လင့်ထားသည့်အချိန်၌ ရုတ်တရက် ရောက်လာသလိုမျိုး၊ ရုတ်တရက်ပြန်ထွက်သွားနိုင်သည်။ ထိုအချက်နှင့်စပ်လျဉ်း၍ သင်ဘာမှမလုပ်နိုင်ပါ။ ဤသို့သော အချစ်သည် လူများ၏ထိန်းချုပ်မှု အောက်တွင်ရှိမနေပါ။ (Paul Popenoe, “The Romantic Complex,” Family Life Magazine.)

            ဤသို့သောအချစ်သည် စစ်မှန်သောအချစ်မဟုတ်ပါ။ အရှုးအမှုးစွဲမက်ခြင်းတစ်ခုသာဖြစ်သည်။ စစ်မှန်သော အချစ်ဟာ ထိုကဲ့သို့မပြုမူပါ။ အရူးအမူးစွဲမက်ခြင်းသည် မမျှော်လင့်ထားဘဲ ရုတ်တရက်သင့်ဆီ ရောက်လာသလိုမျိုး၊ ရုတ်တရက် ပြန်ထွက်သွားနိုင်သည်မှာ အမှန်ပင်ဖြစ်ပြီး ထိုအချက်နှင့်စပ်လျဉ်း၍ သင်လုပ်နိုင်တာ ဘာမျှမရှိပါ။ သို့သော် စစ်မှန်သောအချစ်မှာမူ တကိုယ်ကောင်းဆန်ခြင်းကင်းမဲ့ပြီး ဆပ်ကပ် အပ်နှံမှုရှိသောအချစ်မျိုးဖြစ်သည်။ ဤအချစ်သည် အရာအားလုံးကို ကြံကြံခံကာ သင့်ထံ၌တွယ်ကပ်နေ မည်ဖြစ်သည်။

            စစ်မှန်သောအချစ်နှင့် အရူးအမူးစွဲမက်ခြင်း နှစ်ခုကြားရှိ ကွာခြားမှုအား သိရန်မှာ ဘာကြောင့်အရေး ကြီးသလဲ ဆိုတာကို သင်တွေးတောကြည့်ဖူးပေမည်။ သိသင့်သည့်အကြောင်းအရင်းမှာ ကွာခြားမှုကို သိခြင်းဟာ တစ်ဘ၀စာ အမှားမျိုးကို မလုပ်မိစေရန်အတွက် သင့်အားသတိနှင့် အကြံဥာဏ်ပေးမည်ဖြစ်သောကြောင့် ဖြစ်သည်။

            နှစ်စဉ်တိုင်းတွင်၊ တောက်ပသောမျက်လုံးများနှင့် စုံတွဲများသည် စင်္ကြလမ်းအတိုင်းလျှောက်သွား ကြပြီးနောက် စင်မြင့်ပေါ်၌ တဦးကိုတဦး သေတပန်သက်တစ်ဆုံး ချစ်သွားမည့်အကြောင်းကို လေးနက်စွာဖြင့် သစ္စာဆိုကြသည်။ ထိုစုံတွဲများထဲမှတချို့သည် လှပကောင်းမွန်သော အိမ်ထောင်ရေးအတွေ့အကြုံများအား ခံစားရမည် ဖြစ်သော်လည်း၊ အချို့မှာမှု အိမ်ထောင်ရေးဘ၀ဟာ သူတို့အတွက် ရုန်းကန်ရမည့်အရာတစ်ခု ဖြစ်လာနိုင်သည်။ ၄င်းတို့ထဲမှ တစ်ဝက်သော စုံတွဲများအတွက်မူ အိမ်ထောင်ရေးဟာ လုံးလုံးလျားလျား စိတ်ပျက်ဖွယ်ကောင်းသော အရာဖြစ်လာနိုင်သည်။ နှစ်အနည်း ငယ် အကြာ၌ပင် သူတို့ဟာသည်းခံ၍ အတူတူလုံးဝမနေနိုင်တော့ကြောင်းကို သိရှိလာကြသည်။

            ထိုစုံတွဲများကြားရှိ ကွဲပြားမှုမှာ အဘယ်နည်း။ အချို့သော စုံတွဲများသည် စင်္ကြံလမ်းအတိုင်း လျှောက်သွား ကြပြီးနောက် စင်မြင့်ပေါ်၌ တဦးကိုတဦး သေတပန်သက်တစ်ဆုံး ချစ်သွားမည့်အကြောင်းကို လေးနက်စွာဖြင့် သစ္စာ ဆိုကြသည်။ ထိုစုံတွဲများထဲမှအချို့သည် လှပကောင်းမွန်သောအိမ်ထောင်ရေး အတွေ့အကြုံများအား ခံစားရမည် ဖြစ်သော်လည်း၊ အချို့မှာမူ အိမ်ထောင်ရေးဘ၀ဟာ သူတို့အတွက် ရုန်းကန်ရမည့်အရာတစ်ခုဖြစ်လာနိုင်သည်။ ၄င်းတို့ထဲ မှ တစ်ဝက်သောစုံတွဲများအတွက်မူ၊ အိမ်ထောင်ရေးဟာ လုံးလုံးလျားလျားစိတ်ပျက်ဖွယ်ကောင်းသော အရာ ဖြစ်လာ နိုင်သည်။ နှစ်အနည်းငယ်အကြာ၌ပင်၊ သူတို့ဟာ သည်းခံ၍အတူတူလုံးဝမနေနိုင်တော့ကြောင်းကို သိရှိလာ ကြသည်။

            ထိုစုံတွဲများကြားရှိ ကွဲပြားမှုမှာ အဘယ်နည်း။ အချို့သောစုံတွဲများသည် သူတို့၏လက်ထပ် ထိမ်းမြားခြင်းအား စစ်မှန်သောအချစ်ပေါ်၌ အခြေတည်ပြီး  အချို့သည် အချစ်တုဖြစ်သော အရူးအမူး စွဲမက်ခြင်းအပေါ်၌ အခြေတည် ထား သောကြောင့် ဖြစ်သည်။ အရူးအမူးစွဲမက်ခြင်းအပေါ်၌ အခြေတည်ထားသောအိမ်ထောင်ရေးဟာ ကြာရှည်ခံမည် မဟုတ်ပါ။

သဲလွန်စများအား သိရှိနားလည်ြ့ခင်း
 
            ရွှေကို အသည်းအသန်ရှာကြသောကာလအတွင်း၌ ရွှေရှာသူများက သူတို့ဟာ “ပွပေါက်တိုးသွားပြီ” ဟု ထင်ခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့ရှာဖွေတွေ့ရှိထားသောအရာဟာ ရွှေအစစ်မဟုတ်ဘဲ၊ တန်ဖိုးမဲ့ သည့် သတ္တု တစ်မျိုးဖြစ်သော Pyrite ဖြစ်သည်ကို သိရှိသွားသောကြောင့် ထိတ်လန့်စိတ်ပျက်သွားကြသည်။ ဏပမငအန သည် ရွှေနှင့်တူသော်လည်း၊ တန်ဖိုးလုံးဝမရှိပါ။ ထို့ကြောင့် ဏပမငန အား ““အရူး၏ရွှေ”” ဟုတင်စား ခေါ်ဆိုကြသည်။

            အရူးအမူးစွဲမက်ခြင်းနှင့် စစ်မှန်သောအချစ်နှစ်ခု၏ကွဲပြားမှုအား ပိုင်းခြားသိရှိရန်မှာ မလွယ်ကူပါ။ ““လိင်၊ အချစ်စစ် (သို့) အရူးအမူးစွဲမက်ခြင်းလော။ ဘယ်လိုမျိုးပိုင်းခြားသိနိုင်မလဲ။”” ဟူသော စာအုပ်အား ရေးသာခဲ့သူ Dr. Ray   က တစုံတဦးရဲ့ချစ်ကျွမ်းဝင်မှုဟာ စစ်မှန်ခြင်းရှိမရှိကို စမ်းသပ်ရန်နှင့် စစ်မှန်သော အချစ် (ရွှေအစစ်) (နှင့်) အရူးအမူး စွဲမက်ခြင်း (အရူး၏ရွှေ) တို့အား ပိုင်းခြားသိရှိနိုင်ရန်အတွက် တန်ဖိုး ရှိသောသဲလွန်စအချို့အား သူ၏စာအုပ်ထဲတွင် တင်ပြထားသည်။

            ကျွန်ုပ်တို့သည် ထိုသဲလွန်စများထဲမှ ၁၂ ခုကိုလေ့လာပါမည်။ သို့သော် အရင်ဆုံးသိထားရမည့် အရာနှစ်ခု ရှိသည်။ (၁) သဲလွန်စများ၏ အစီအစဉ် (order) သည် အရေးမကြီးပါ။ သဲလွန်စတစ်ခုတိုင်းသည် အခြားတစ်ခုကဲ့သို့ပင် အရေးကြီးသည်။ (၂) မည်သည် သဲလွန်စကိုမျှမချန်လှပ်ထားပါနှင့်။ သဲလွန်စ ၁၂ ခုလုံးအား အလေးထား ထည့် စဉ်းစား ရမည်။

သဲလွန်စအမှတ်စဉ် (၁)- သင်တို့နှစ်ဦးကြားရှိ အဓိကဆွဲဆောင်မှုမှာ အဘယ်နည်း။

အရူးအမူးစွဲမက်ခြင်း    ။ သင်သည် ထိုသူအားအရူးအမူးစွဲလမ်းနေပါက၊ သင်ရဲ့အဓိက စိတ်ဝင်စားမှုများ ထိုသူရဲ့ ခန္ဓာပိုင်းနှင့်ဆိုင်သောအရာများသာ ဖြစ်လိမ့်မည်။ လှပသောမျက်နှာနှင့် နှစ်လိုဖွယ်ခန္ဓာကိုယ် အချိုးအစားသည် အားကြီး သော ဆွဲဆောင်မှုများဖြစ်သော်လည်း ပုံပန်းသဏ္ဍာန်သည် သင့်အားလှည့်စား နိုင်စွမ်းရှိပြီး၊ လက်ဆောင်ဘူး တစ်ဘူးပေါ် တွင် ပတ်ထုပ်ထားသော Paper ကဲ့သို့ပင်ဖြစ်သည်။ အထဲ၌ ဘာရှိနေသည်ကို သင့်အားမပြောပြပါ။ ခန္ဓာပိုင်းအရ လှပမှုဟာ ထာဝရကာလကြာရှည်မည် မဟုတ်ပါ။

             Dr. Short  က ““ငယ်ရွယ်စဉ်က၊ ကျွန်တော်သွားခဲ့ဖူးတဲ့ အထက်တန်းကျောင်းသားတွေ့ဆုံပွဲတွေ ထဲက တစ်ခုကိုပဲ စိတ်ထဲမှာ စွဲမြဲမှတ်မိနေပါတယ်။ ““ယောက်ျားလေးများ”” ဟု ပင်တိုင်ဆွေးနွေးသူက လေးနက်စွာခေါ်ခဲ့သည်။ ““လှပတဲ့မျက်နှာနဲ့ Sexy ဖြစ်တဲ့ခန္ဓာကိုယ်ကို ရချင်လို့မိန်းကလေးတစ်ဦး ကိုလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာဆိုရင်၊ သူမဟာ နှစ် ၃၀ ကြာတဲ့အခါ ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကို တွေး ကြည့်ပါ။””
စစ်မှန်သောအချစ်    ။ သင်၏အချစ်သာ စစ်မှန်ပါက၊ သင်၏စိတ်ဝင်စားမှုသည် ထိုသူ၏ကိုယ်ရည် ကိုယ်သွေးအပေါ်တွင် အဓိကတည်ရှိသည်။ စိတ်လှုပ်ရှားဖွယ်ကောင်းသော ခန္ဓာပိုင်းအရစွဲမက်မှုလည်း တစိတ်တဒေသအနေဖြင့်ပါဝင်မည် ဖြစ် သော်လည်း ထိုသူက သင့်အား စွဲမက်စေသောအရာများထဲမှ တစ်ခု သာဖြစ်သည်။

သဲလွန်စအမှတ်စဉ် (၂) - သင့်အားစွဲမက်စေသောအရာ ဘယ်လောက်များများထိုသူ၌ ရှိသနည်း။

အရူးအမူးစွဲမက်ခြင်း    ။ အရူးအမူးစွဲမက်ခြင်း၌ သင့်အား ဆွဲဆောင်သောအရာအနည်းငယ်သာ ရှိတတ် သော်လည်း ထိုအရာအနည်းငယ်က သင့်အား အလွန်အမင်းစွဲမက်စေသည်။ သူ့ကောင်မလေး၏ အပြုံး (သို့) Sexy ဖြစ်သည့် သူမ၏ လမ်းလျှောက်ပုံကပင် သူ့အား သေသွားစေနိုင်သည်။

စစ်မှန်သောအချစ်။    ။ အကယ်၍ စစ်မှန်သောအချစ်သာဖြစ်ပါက၊ ထိုသူ၏ အရည်အသွေးများစွာတို့ သည် သင့်အား စွဲမက်စေသည်။ ကျွန်ုပ်တို့တဦးစီတိုင်းတွင် ကိုယ်ကျင့်စရိုက်များ၊ စိတ်သဘောထားများနှင့် စိတ်ဝင်စားမှုများ ရှိကြသည်။
 သင်သည် ထိုသူ၌ရှိသော ထိုသို့သောအရာများကို လေ့လာသိရှိခဲ့ပြီလော။ ထိုသူ၌ရှိသော ထိုအရာတို့သည် သင့်အား မည်မျှဆွဲဆောင်ခဲ့သနည်း။ ဤအချက်သည် အရေးကြီးသည့် အကြောင်းအရင်းမှာ လက်ထပ်ထိမ်းမြားခြင်းကြောင့် ဖြစ်ပေါ်လာသော အစောပိုင်း စိတ်လှုပ်ရှားမှု ကုန်ခန်း သွားသောအခါ၊ သင်တို့၏ အိမ်ထောင်ရေးအား အသက်ရှင်စေ၊ အဆင်ပြေစေရန်အတွက် သင်တို့နှစ်ဦး၌ တူညီသော စိတ်ဝင်စားမှုများစွာရှိရန် လိုအပ်သည်။

သဲလွန်စအမှတ်စဉ် (၃) - သင်တို့၏ အချစ်ဇာတ်လမ်းဟာ မည်သို့စတင်ခဲ့သနည်း။

အရူးအမူးစွဲမက်ခြင်း    ။ အရူးအမူးစွဲမက်ခြင်းသည် အလျင်အမြန်စတင်သည်။ ““မြင်မြင်ခြင်းစစ်မှန်သော အချစ်”” ဟူ၍ မရှိနိုင်သော်လည်း၊ မြင်မြင်ခြင်း၌ အရူးအမူးစွဲမက်သွားနိုင်သည်။ အချစ်သီချင်းတစ်ပုဒ်က ““ချစ်သူနှစ်ဦးသည် တောက်ပ နေ၍လူပြည့်နေသော အခန်းထဲ၌အကြည့်ချင်းဆုံသွားပြီး တစ်ဦးအတွက် အခြားတစ်ဦးက မွေးဖွားခဲ့သည်ကို ပထမဆုံး မြင်သောအချိန်၌ပင် သိနားလည်သွားကြသည်။”” ဟုဆိုသည်။ အမှန်မှာ၊ သူတို့နှစ်ဦးသည် ပထမဆုံးမြင်သောအမြင် အား ဖြင့် တစ်ဦးကိုတစ်ဦးအထင်ကြီးစွဲမက်စေခဲ့ခြင်း မှလွဲ၍၊ တခြားဘာကိုမှ မသိရှိသေးပါ။

စစ်မှန်သောအချစ်။    ။ စစ်မှန်သောအချစ်သည် နှေးကွေးစွာစတင်သည်။ တစ်ခြားနည်းမျိုးဖြင့်မစနိုင်ပါ။ သင်သည် တစုံတဦးအား စစ်မှန်စွာချစ်နိုင်ရန်အတွက် ထိုသူအားအရင်ဆုံးသိကျွမ်းရန်လိုအပ်ပြီး တစုံတဦး အားအမှန်တကယ် သိကျွမ်း နိုင်ရန်အတွက်၊ အချိန်များစွာကို အသုံးပြုရန်လိုအပ်သည်။ ကြာရှည်စွာ ပိုးပန်းခြင်းသည် ခဏတာသာ ပိုးပန်းခြင်းထက် ပိုကောင်းပါသည်။ တစ်နှစ်ကြာပိုးပန်းခြင်းသည် ခြောက်လကြာထက် ပိုကောင်းသည်။ ၂ နှစ်သည် တစ်နှစ်ထက်ပိုကောင်းပြီး သုံးနှစ်သည် ၂ နှစ်ထက်ပိုကောင်းကာ၊ ၄ နှစ် သည် ၃ နှစ်ထက်ပိုကောင်းသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍လေ့လာမှုစာရင်းအင်းများသည် လုံးဝရှင်းလင်းမှု ရှိသည်။ သို့သော် လူငယ်အများစုသည် တစ်နှစ်ပင် မစောင့် လို ကြပါ။ အိမ်ထောင်ရေးဘ၀အတွင်းသို့ အလျင်အမြန်ခုန်ဝင်သူများသည် ဤရှေးရိုးစကားကို နားလည်သွားကြသည်။ ““အလျင်စလိုလက်ထပ်လျှင် အကြာကြီးနောင်တရနေနိုင်သည်။”” သင်သည် အလျင်စလိုလက်ထပ်ခြင်း ဟူသောအမှားကို ကျူးလွန်ပါက နောက်ပိုင်းတွင် နောင်တများစွာရလိမ့်မည်။

သဲလွန်စအမှတ်စဉ် (၄) သူ့အပေါ်၌ သင်၏စိတ်ဝင်စားမှုသည် မည်မျှခိုင်မာမှုရှိသနည်း။



အရူးအမူးစွဲမက်ခြင်း    ။ အရူးအမူးစွဲမက်ခြင်းတစ်ခု၌ တစ်ဦဲးအပေါ်တစ်ဦး စိတ်ဝင်စားမှုဟာ အတည် တကျမရှိဘဲ ပြောင်းလဲနေသည်။ ပြောင်းလဲရခြင်းအကြောင်းမှာ သင်တို့၏စိတ်ဝင်စားမှုသည် အလျင် အမြန်ကြီးထွားလာခဲ့သောကြောင့် အမြစ်များဟာ အပေါ်ယံတွင်သာ တွယ်နိုင်ခဲ့သည်။ သင်တို့၏ပေါင်းသင်း ဆက်ဆံမှုတစ်ခုလုံးမှာ နက်ရှိုင်းမှုမရှိဘဲ၊ အပေါ်ယံဆက်ဆံရေးမျိုးသာ ဖြစ်လိမ့်မည်။

စစ်မှန်သောအချစ်။    ။ စစ်မှန်သောအချစ်၌ သင်တို့၏ စိတ်ခံစားချက်များသည် ငြင်သာနွေးထွေးလေ့ ရှိပြီး ခုနေတစ်မျိုး၊ တော်ကြာတစ်မျိုး မဖြစ်တတ်ပါ။ ထို့ပြင် စိတ်ခံစားချက်များဟာ အတည်တကျဖြစ်နေပြီး ခိုင်မာသည်။ စစ်မှန်သောအချစ် သည် နှေးကွေးစွာစတင်သော်လည်း။ နက်ရှိုင်းစွာအမြစ်တွယ်သည်။

သဲလွန်စ အမှတ်စဉ် (၅) သင်၏ကိုယ်ရည်ကိုယ်သွေးအပေါ်သို့ မည်သို့အကျိုးသက်ရောက်မှု ရှိသနည်း။

အရူးအမူးစွဲမက်ခြင်း    ။ အရူးအမူးစွဲမက်ခြင်းတစ်ခုသည် သင်၏ကိုယ်ရည်ကိုယ်သွေးအား ဖရိုဖရဲဖြစ်စေသည်။ ဤအရာသည် သင့်အားစွမ်းဆောင်ရည်ကျစေပြီး တာဝန်သိစိတ် ကင်းမဲ့စေသည်။ သင်၏စွဲလမ်း စိတ်သည် သင့်အား ထိန်းချုပ်ထားပြီး စိတ်ကူးယဉ်ကမ္ဘာထဲ၌ သင့်အား တ၀ဲလည်လည်ဖြစ်စေသည်။ ““သူ့မှာ အမှားတွေရှိတာကို ကျွန်မ သိတယ်။ ဒါပေမယ့် တဦးအပေါ်တဦးထားတဲ့အချစ်ကလွဲလို့၊ ဘာကမှ အရေးမကြီးပါဘူး။”” ဟုပြောသော မိန်းကလေးမှာ အရူးအမူးစွဲမက်ခြင်းအားခံစားနေရသူ ဖြစ်သည်။ အကယ်၍ သူမသည် ထိုသူအား လက်ထပ်ပါက၊ ““အခြားအရာများ”” ကလည်း အရေးပါသည်ကို သိရှိလာ လိမ့်မည်။

စစ်မှန်သောအချစ်။    ။ သင်၏အချစ်သာ စစ်မှန်ပါက၊ သင်ချစ်သောသူဟာ သင်၏ကိုယ်ရည်ကိုယ်သွေးတို့အား များစွာ မြင့်မားစေပြီး သင့်အား ပို၍ကောင်းသောလူတစ်ဦးဖြစ်လာစေသည်။ မိန်းကလေး တစ်ဦးအား အမှန်တကယ် ချစ်ကျွမ်း ၀င်နေသော အမျိုးသားတစ်ဦးက ““ကျွန်တော် သူမအားချစ်ရတဲ့ အကြောင်းတွေကတော့ သူမဟာ ထူးခြားကောင်းမွန်တဲ့ သူ ဖြစ်ရုံမက၊ ကျွန်တော်ဟာ မှန်ကန်သောလူ အမျိုးအစား ဖြစ်လာဖို့ရန်၊ သူမဟာ ကျွန်တော့်အတွက် အားပေး အားမြှောက်ပြုတဲ့အရာတစ်ခု ဖြစ်တာကြောင့် ဖြစ်ပါတယ်။ စစ်မှန်သောအချစ်၌ သင်သည် သာယာပျော်ရွှင်သော အနာဂတ် အိမ်ထောင်ရေးမျိုးအား ရနိုင်ရန်အတွက် သင့်ကိုသင် ပြင်ဆင်စီမံနေသည်။

သဲလွန်စ အမှတ်စဉ် (၆) သင်တို့နှစ်ဦးသည် တဦးကိုတဦးမည်သို့ ထင်မြင်သနည်း။


အရူးအမူးစွဲမက်ခြင်း    ။ သင့် ““ကမ္ဘာ”” တစ်ခုလုံးဟာ ထိုသူ၏အနား၌သာလည်ပတ်နေသည်။ အခြား ပေါင်းသင်း ဆက်ဆံမှုများသည် သင့်အတွက်အရေးမပါတော့ပါ။ သင်သည် သင်၏မိသားစုနှင့် မိတ်ဆွေများအား လျစ်လျူရှုမည် ဖြစ်သည်။ သင်၏အရူးအမူးစွဲမက်သောစိတ်သည် သင့်ဘ၀၌အရေးအကြီးဆုံးအရာတစ်ခုဖြစ်လာသည်။ သင့်အတွက် အမှန်တကယ် အရေးကြီးသောအရာမှာ ထိုအရာတစ်ခုတည်း ဖြစ်လာနိုင်သည်။ ဤအံ့သြဖွယ် ““အချစ်”” သည် သင့်အတွင်းသို့ဝင်ရောက်လာချိန်၌၊ ဘယ်အရာကို လုပ်သည်မဆို တရားမျှတ၊ မှန်ကန်မှုရှိသည်ဟု သင် ထင်လာမည် ဖြစ်သည်။ အရူးမူးစွဲမက်ခြင်းအများစုသည် ကြာရှည်မခံသော်လည်း၊ သင်ဟာတစုံတဦးအားအရူအမူးစွဲမက်နေချိန်၌ တစ်ဘ၀စာ အကျိုးဆက်များရှိစေသောအမှားကို လုပ်မိသွားနိုင်သည်။

စစ်မှန်သောအချစ်။ ။ စစ်မှန်သောအချစ်၌၊ သင်၏ချစ်စွာသောသူသည် ကမ္ဘာပေါ်၌ သင့်အတွက်အရေး အကြီးဆုံး သောသူဖြစ်သော်လည်း၊ သင်နှင့်သင့်မိသားစု၊ မိတ်ဆွေများ၏ ပေါင်းသင်းဆက်ဆံရေးများမှာ လည်း သင့်အတွက် အရေးကြီးဆဲ ဖြစ်သည်။ သင်သည် သူတို့အားလျစ်လျူမရှုပါ။

သဲလွန်စအမှတ်စဉ် (၇)။ ။ အခြားသူများက သင်တို့နှစ်ဦး၏ပေါင်းသင်းဆက်ဆံမှုအား၊ မည်သို့ မြင်သနည်း?

အရူးအမူးစွဲမက်ခြင်း။ ။ အခြားသူများက သင်၏ချစ်စွာသောသူအပေါ်သို့ မြင်သောအမြင်သည် သင်တို့ နှစ်ဦးအတွက် စမ်းသပ် စစ်ဆေးမှုတစ်ခုပင်ဖြစ်သည်။ ထိုသူအားအရူးအမူးစွဲမက်နေပါက၊ ဖြစ်နိုင်ချေမှာ သင်၏မိဘများနှင့် မိတ်ဆွေ များစွာတို့ဟာ သင်တို့၏ဆက်နွယ်မှုအား သဘောတူလက်ခံ ကြမည်မဟုတ်ပါ။

            အရူးအမူးစွဲမက်ခြင်းနှင့် စပ်လျှင်း၍ ကြီးမားသောအန္တရာယ်များထဲမှ တစ်ခုမှာ သင်သည် ထိုသူ အား ဘုရားတစ်ဆူ ကဲ့သို့ ကိုးကွယ်လေ့ရှိခြင်းပင်ဖြစ်သည်။ သင်သည် မျက်ကန်းအချစ်မျိုးဖြင့် ထိုသူအား ချစ်နေသောကြောင့် မည်သည့်အမှားကိုမျှ မမြင်နိုင်ပါ။ သင်၏မိတ်ဆွေများက အန္တရာယ်ရှိသောလက္ခဏာများအား သင့်အား ပြသမည် ဖြစ်သော်လည်း သင်သည် ဂရုမစိုက်တော့ပါ။ သင်၏မိဘများက သင်ဟာကြီးမားတဲ့အမှားတစ်ခုအား ပြုလုပ်တော့မည် ဖြစ်ကြောင်းကို သတိပေးမည်ဖြစ်သော်လည်း သင်သည် သူတို့၏ စကားကို နားထောင်တော့မည်မဟုတ်ပါ။

            လူငယ်တစ်ဦးက ဤသို့ပြောလိမ့်မည်၊ ““ဘာကြောင့်လက်မထပ်ရမှာလဲ။ လက်ထပ်မည့်သူတွေက ကျွန်မတို့ နှစ်ဦးပဲလေ။ နှစ်ဦးနှစ်ဘက်က မိတ်ဆွေတွေနဲ့လက်ထပ်မှာမှ မဟုတ်တာ။”” သင့်အားချစ်ပြီး ကောင်းစားစေလိုသော သူများ၏အကြံဥာဏ်အား လျစ်လျူရှုခြင်းဟာ ရူးမိုက်သောလုပ်ရပ်တစ်ခုပင်ဖြစ် သည်။

            အစောပိုင်းနှစ်ကာလတွေအတွင်း၌ သင်ရောသင်ချစ်သူရောသည် လူအချို့အားမိတ်ဖွဲ့ခဲ့မည်ဖြစ်သည်။ ကျွန်ုပ်တို့ မိတ်ဆွေများအဖြစ် ရွေးချယ်ထားသောသူများကဲ့သို့ ကျွန်ုပ်တို့ဖြစ်လာကြပြီး၊ သူတို့ကလည်း ကျွန်ုပ်တို့ကဲ့သို့ ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့်တနည်းအားဖြင့်ပြောရလျှင် သင်ဘယ်လိုပုံလဲ ဆိုတာကို သိနိုင်ဖို့အတွက် သင်၏မိတ်ဆွေများအား (မှန်တစ်ချပ်အနေဖြင့်) ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ သင်သည် ထိုသူအား အရူးအမူးစွဲမက်နေသော်လည်း၊ သင်၏ မိတ်ဆွေများမှာမူ စွဲမက်မနေပါ။ သူတို့က အန္တရာယ်ရှိသော လက္ခဏာများအား ထိုသူထံ၌ တွေ့ပါက၊ သူတို့၏စကားကို သင်နားထောင်သင့်သည်။

စစ်မှန်သောအချစ်    ။ စစ်မှန်သောအချစ်၌ဖြစ်နိုင်ခြေမှာ သင့်မိဘများနှင့် မိတ်ဆွေအများစုသည် သင်တို့၏ဆက်နွယ်မှု အား သဘောတူလိမ့်မည်။ သင်၏လက်ထပ်ထိမ်းမြားခြင်းအပေါ်သို့ ဘုရားသခင်၏ကောင်းချီး မင်္ဂလာ သွန်းလောင်း စေလိုပါက၊ နှစ်ဦးနှစ်ဘကရှိမိဘများ၏ သဘောတူညီမှု ထောက်ခံမှုအား ရ ရှိရန်မှာအလွန်အရေးကြီးသည်။

သဲလွန်စအမှတ်စဉ်(၈) တဦးနှင့်တဦးဝေးကွာနေမှုက မည်သည့်အရာကိုဖြစ်စေသနည်း?

အရူးအမူးစွဲမက်ခြင်း     ။ သင်တို့၏ချစ်ကျွမ်းဝင်မှုအား စမ်းသပ်စစ်ဆေးရန်အတွက် နည်းလမ်း ကောင်းတစ်ခုမှာ ကွဲကွာမှု၏စမ်းသပ်ခြင်းပင်ဖြစ်သည်။ သင်တို့သည် အရူးအမူးစွဲမက်နေခြင်းသာဖြစ်ပါက၊ အချိန်နှင့်ကွာဝေးမှုသည် သင်တို့၏ပေါင်းသင်းဆက်ဆံရေးကို သတ်ပစ်လိမ့်မည်။ တဦးနှင့်တဦး ခန္ဓာပိုင်းအရသာစိတ်ဝင်စားနေသောသူများအဖို့ ထိုအချက်သည် အထူးသဖြင့် မှန်ကန်သည်။ ခဏကြာသော အခါ၊ ကိုယ့်အနီးအနားရှိ လှပသောသူတဦးဦးသည် ဓာတ်ပုံထဲရှိဝေးကွာနေသောကိုယ့်ချစ်သူ ထက်သာ၍ ဆွဲဆောင်မှုရှိသည်ဟု ခံစားလာရမည်ဖြစ်သည်။

စစ်မှန်သောအချစ်    ။ စစ်မှန်သောအချစ်၌ တဦးနှင့်တဦးကွဲကွာနေမှုသည် သင်ချစ်သောသူအပေါ်သို့ သာ၍ ချစ်ခင်မြတ်နိုးလာစေမည်ဖြစ်သည်။ စစ်မှန်သောအချစ်သည် အချိန်နှင့်အကွာအဝေး၏စမ်းသပ်စစ် ဆေးမှုအား ကြံကြံ ခံနိုင်ပြီး ဆက်လက်ရှင်သန်နေမည်ဖြစ်သည်။

            စစ်မှန်သော အချစ်သည် အခြားသူ၏ ခန္ဓာပိုင်းဆိုင်ရာဆွဲဆောင်မှုအပိုင်း၌သာ မဟုတ်ဘဲ ထိုသူ၏ ကိုယ်ရေ ကိုယ်သွေးအပါ်၌ အမြစ်စွဲနေမည် ဖြစ်သည်။ သင်တို့နှစ်ဦးသည် အတူတူအချိန်ကို ကုန်ဆုံးစေသောအခါတွင်၊ သင်တို့၏ ကိုယ်ရည်ကိုယ်သွေးများဟာ အတူတူကြီးထွားမြင့်မားလာကြသည်။ သင်တို့ နှစ်ဦးခေတ္တကွဲကွာချိန်၌၊ သင့်အတွင်းမှ အရာရာတစ်ခုခုပျောက်ဆုံးသွားသည်ဟု သင်ခံစားရမည်ဖြစ်သည်။ အခြားသူတဦးဦးက မည်မျှပင်ဆွဲဆောင်မှုရှိစေကောမူ၊ သင့်ရင်တွင်းရှိ လှစ်ဟာနေသော အပိုင်းအား ဖြည့်ဆည်းမပေးနိုင်ပါ။ သင်တို့ဟာ ကွဲကွာနေချိန်၌၊ သင်သည် ၀မ်းနည်းနေရုံသာမက စိုးရိမ်ကြောင့်ကြ နေမည်ဖြစ်သည်။ ဤသို့သောအတွေးများသည် သင့်ဆီသို့ရောက်လာနိုင်သည်။ ““အကယ်၍သူသာ အသစ် တစ်ယောက်ကို တွေ့သွားခဲ့ရင်....”” တွေ့လည်းတွေ့သွားနိုင်ပါသည်။ သင်ချစ်သောသူသည် အခြားသူတစ်ဦးနှင့်တွဲရခြင်း၌ ပိုပျော်ပါက၊ ထိုအချက်အားလက်မထပ်မီ သိရှိခြင်းသည် ကောင်းသောအရာ တစ်ခု ဖြစ်သည်။ အကယ်၍ကွဲကွာခြင်းသည် သင်တို့နှစ်ဦးကြားသို့ရောက်လာပါက၊ ထိုအချက်ကို လက်ခံလိုက်ပြီး မစိုးရိမ်ပါနှင့်။ သင်တို့၏ ပေါင်းသင်းဆက်ဆံရေးဟာ အရူးအမူးစွဲမက်ခြင်းတစ်ခုသာဖြစ်ပြီး မရှင်သန်ပါက အရမ်းနောက်မကျမီ ထိုအချက် ကို သိရှိပါက အကောင်းဆုံးဖြစ်သည်။

သဲလွန်စအမှတ်စဉ် (၉) ငြင်းခုန်ရန်ဖြစ်ခြင်းများသည် သင်တို့၏ဆက်ဆံရေးအပ်ါသို့ မည်သို့ သက်ရောက် မှုရှိသနည်း?

အရူးအမူးစွဲမက်ခြင်း     ။ အရူးအမူးစွဲမက်ခြင်း၌ သင်တို့သည် မကြာခဏငြင်းခုန်ရန်ဖြစ်ကြသည်။ သင် တို့သည် နမ်းခြင်း၊ ပြန်ချော့ခြင်းတို့အား ကြိမ်ဖန်များစွာပြုလုပ်မည်ဖြစ်သော်လည်း၊ အချိန်ကြာလာတာနှင့် အမျှ ငြင်းခုန်ရန်ဖြစ်ခြင်းများသည် ပို၍စိပ်လာပြီး ပြင်းထန်လာသည်။ သင်တို့၏ပေါင်းသင်းဆက်ဆံရေးသည် အေးခဲနေသောရာသီဥတု၌ ရှိနေသော ဖြူကောင် ၂ ကောင်နှင့်တူသည်။ ထိုနှစ်ကောင်သည် တစ် ကောင်နှင့်တစ်ကောင်ကွဲကွာနေပါက၊ အအေးဒဏ်ကို အလူးအလဲခံရမည်ဖြစ်ပြီး အတူတူပူးကပ် နေသော အချိန်၌မူ တစ်ကောင်နှင့်တစ်ကောင်ဆူးနှင့်ထိုးမိကြမည်ဖြစ်သည်။

            Phil and Alice  သည် နှစ်နှစ်ကြာဒိတ်လုပ်ခဲ့သည်။ ထိုအတောအတွင်း သူတို့သည် အနည်းဆုံး တစ်လလျှင် တစ်ကြိမ်ကွဲပြဲပြီး ပြန်တည့်သွားလေ့ရှိသည်။ သူတို့သည် ရူးမိုက်သောအရာများနှင့် တစ်ဦးအပေါ်တဦး မကျေနပ်မှုများနှင့် စပ်လျဉ်း၍ စကားများရန်ဖြစ်ကြသည်။ နှစ်ဦးလုံးက မနာလိုစိတ် ပြင်းပြကြသည်။ နှစ်ဦးလုံးအားမျက်စိပြန်ဖွင့်ပေးခဲ့သူမှာ Alice ၏အကောင်းဆုံးမိတ်ဆွေ မြေပ ဖြစ်သည်။ Alice က သူတို့၏နောက်ဆုံးအငြင်းအခုန်ဖြစ်ခြင်းအကြောင်းကို Mary အားရင်ဖွင့်ခဲ့သည်။ ““သူငါ့ကို ပြန်လုပ် ရင် သူ့ကို ငါစကားဘယ်တော့မှမပြောတော့ဘူး။””

            ““နင်ပြန်ပြောဦးမှာပါ၊ Alice ဟု Mary ကကြင်နာစွာပြောသည်။ ““ဒါပေမယ့် Phil ကွိုသသိဘပန ၊ အားလုံးပြီးသွားပြီ”” လို့နင်ပြောနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်”” Alice ကအံ့သြသွားပုံပြ သောကြောင့် Mary က ဤသို့ရှင်းပြခဲ့သည်။ ““နင်တို့နှစ်ဦးဟာ တဦးကိုတဦးဆိုးတဲ့အရာတွေကိုသာ ဖြစ်စေခဲ့တယ်။ နင်တို့ဟာ ဘာအကြောင်းမှ ပြောဖို့မရှိတော့တာကြောင့် တဦးနှင့်တဦး ရန်ဖြစ်ကြတယ်။ ရန်ဖြစ်စကားများခြင်း၊ ကဗျာဆန်ဆန် ““ပြန်ချော့ပြန်တည့်ခြင်း””  တို့ဟာ ငြီးငွေ့မှုမှလွတ်မြောက်နိုင်ဖို့ အတွက် နင်တို့ရဲ့ထွက်ပေါက်ပဲ။””

စစ်မှန်သောအချစ်   ။ စစ်မှန်သောအချစ်၌ သဘောမတူညီမှုများရှိနိုင်သော်လည်း စစ်မှန်သောအချစ်က ထိုအရာများအား ကျော်ဖြတ်ကာ ရှင်သန်နေလိမ့်မည်။ ရန်ဖြစ်စကားများခြင်းများ ဖြစ်ပွားမှုအရမ်းနည်းလာပြီး ပြင်းထန်မှုလည်း ရှိတော့မည် မဟုတ်ပါ။ စုံတွဲတိုင်းသည် ပြသနာပဋိပက္ခများအား မည်သို့ကိုယ်တွယ် ရမည်ကို သင်ယူထားသင့်သည်။ ကွဲပြားမှုများအား ပွင့်လင်းစွာ ဆွေးနွေးပြီး အခြားသူများ မမြင်ရသော နေရာ၌သာ လောင်ကျွမ်းစေခြင်းသည် သာ၍ကောင်းသည်။

သဲလွန်စအမှတ်စဉ် (၁၀)သင်သည် သင်တို့၏ဆက်ဆံရေးအား မည်သို့ရည်ညွှန်းနိုင်သနည်း?

အရူးအမူးစွဲမက်ခြင်း     ။ အရူးအမူးစွဲမက်ခြင်းတစ်ခု၌၊ သင်သည် သင်တို့၏ ဆက်ဆံရေးအား မတူညီသော လူနှစ်ဦး၏ ဆက်ဆံရေးအဖြစ်သာမြင်သည်။ သင်နှင့်သင့်ချစ်သောသူဟူ၍ဖြစ်သည်။ သင်တို့၏သွားလာလုပ်ဆောင်မှုများနှင့် စပ်လျဉ်း ၍ သုံးစွဲသော အသုံးအနှုန်းများမှာ ““ငါ၊ ငါ့ကို၊ ငါရဲ့၊ သူ၊ သူမရဲ့၊ သူမကို”” စသည်တို့ဖြစ်သည်။ သင်သည် သင်တို့နှစ်ဦး ဟာ ကွဲပြားသောသူများဖြစ်ကြသည်ဟု မြင်နေသည်။

စစ်မှန်သောအချစ် ။    ။ စစ်မှန်သောအချစ်၌၊ အများအားဖြင့် အသုံးပြုသောစကားလုံးများမှာ ငါတို့၊ ကျွန်ုပ်တို့ရဲ့၊ ကျွန်ုပ်တို့ကို”” စသည်တို့ဖြစ်ပြီး သင်တို့သည် သင်တို့ကိုယ်ကို အစုအဖွဲ့တစ်ခုအနေဖြင့် မြင်သည်။ ဤသဲလွန်စသည် ဒိတ်လုပ်နေချိန်၌ အရေးမပါဟုထင်ရသော်လည်း အိမ်ထောင်ရေးဘ၀အတွက် မူ လွန်စွာအရေးကြီးသည်။

            အရူးအမူးစွဲမက်ခြင်းအပေါ်၌ အခြေတည်ထားသော အိမ်ထောင်ရေးတစ်ခုတွင်၊ ခင်ပွန်းနှင့်ဇနီးနှစ်ဦးလုံးသည် မိမိ နှစ်သက်၊ ၀ါသနာပါသောအရာများကို မိမိတို့ဘာသာလုပ်ခြင်း၌ ပျော်ရွှင်မှုရကြမည်ဖြစ်သည်။ ခင်ပွန်းဖြစ်သူသည် မိသားစုနှင့် အိမ်မှာနေမည့်အစား၊ အခြားအပေါင်းအသင်းများနှင့် သွားလာမည် ဖြစ်သည်။ မိန်းမဖြစ်သူကလည်း အိမ်ထောင်၏တာဝန်များထက် မိမိ၏လူမှုရေးအရ ပေါင်းသင်းသော မိတ်ဆွေများကိုသာ သာ၍စိတ်ဝင်စားမည်ဖြစ်သည်။ စစ်မှန်သောအချစ် ကိန်းဝပ်သောအိမ်ထောင်တစ်ခု တွင်မူ၊ ခင်ပွန်းနှင့်ဇနီးသည် အရာရာတို့ကို အတူတူလုပ်ရခြင်း၌ ၀မ်းမြောက်မှုရှိကြသည်။ သူတို့၏ မကြာ ခဏတုံ့ပြန်မှုမှာ ““မင်းမသွားနိုင်ရင်၊ ကိုယ်လဲမသွားတော့ဘူး”” ဟူ၍ဖြစ်သည်။

သဲလွန်စအမှတ်စဉ်နံပါတ် (၁၁) သင်သည် တကိုယ်ကောင်းဆန်သလော၊ တကိုယ်ကောင်းဆန်ခြင်း ကင်းမဲ့သလော့?

အရူးအမူးစွဲမက်ခြင်း    ။ အရူးအမူးစွဲမက်ခြင်း၌၊ အခြားသူအပေါ်သို့ သင်၏စိတ်ဝင်စားမှုသည် ယေဘုယျအားဖြင့် တကိုယ်ကောင်းဆန်သည်။ အမျိုးသားတဦးက သူ၏အတ္တအားထုတ်ဖော်ကြွားဝါရန် အတွက် ချောမောလှပ၍ ရေပန်းစား သော မိန်းကလေးအား ဒိတ်လုပ်ကောင်းလုပ်လိမ့်မည်။ သူမသည် တစ်ကိုယ်ကောင်းဆန်ပြီး ပစိပစပ်များနိုင်သော်လည်း၊ သူမသည် ကျောင်း၏ဘုရင်မဖြစ်သောကြောင့်၊ သူသည် သူမအား ဒိတ်လုပ်နိုင်ပါက ““ဘုရင်””ဖြစ်လာမည်ဖြစ်သည်။ ထိုနည်းတူပင်၊ မိန်းကလေးတဦးကလည်း ယောက်ျားတဦးအား ““ကြိုးရှည်ရှည်နှင့် ချည်ထား””သည်မှာ သူ့အား စိတ်ဝင်စား၍ မဟုတ်ဘဲ သူသည် သူမအပေါ်၌ သစ္စာရှိပြီး သူမ၏အတ္တစိတ်ကို ကျေနပ်စေသောကြောင့်ဖြစ်နိုင်သည်။

စစ်မှန်သောအချစ်    ။ စစ်မှန်သောအချစ်၌ သင်သည် သူ(သို့) သူမအား သူမ၏လက်ရှိဘ၀ကိုသာ ရိုးရှင်းစွာချစ်သည်။ သင်၏အတ္တစိတ်အား ကျေနပ်စေသောကြောင့် ချစ်ခြင်းမဟုတ်ပါ။

သဲလွန်စအမှတ်စဉ် (၁၂)သင်၏အကြမ်းဖျဉ်းတုံ့ပြန်မှုကအဘယ်သို့နည်း?


အရူးအမူးစွဲမက်ခြင်း ။    ။ သင့်အပေါ်တွင် သစ္စာရှိပြီး သင့်အား အထောက်အကူပြုသောသူအား ရှာဖွေတွေ့ရှိရန်မှာ သင်၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သလော? သင်ရှာဖွေနေသောသူမှာ သင်ကဲ့သို့ နံပါတ် တစ် လူစားမျိုးဖြစ်သလော? ထိုကဲ့သို့သာဖြစ်ပါက၊ သင်ဟာ အရူးအမူးစွဲမက်နေခြင်းသာဖြစ်သည်။ သင်၏အကြမ်းဖျဉ်းသဘောထားမှာ တကိုယ် ကောင်းဆန်ပြီး ဆက်ဆံရေးတစ်ခုအတွင်းမှ ရနိုင်သောအရာ များကိုသာ သင်အလေးအနက်ထားနေခြင်း ဖြစ်သည်။

စစ်မှန်သောအချစ်    ။ စစ်မှန်သောအချစ်သည် တကိုယ်ကောင်းဆန်ခြင်း ကင်းမဲ့ပြီး ဆက်ကပ်အပ်နှံ ထားမှုရှိသော အချစ်မျိုးဖြစ်သည်။ အခြားသူတဦးထံသို့ ပျော်ရွှင်မှုအား ဆောင်ကြဉ်းပေးရန်အတွက် သင်လုပ်နိုင်သမျှသောအရာတို့ကို လုပ်မည်ဖြစ်သည်။ သင်၏အကြမ်းဖျဉ်းသဘောထားမှာ သင်တို့၏ဆက်ဆံရေးအား ပေးနိုင်သမျှပေးရန်ဖြစ်ပြီး ဆက်ဆံရေး အတွင်း မှ ရနိုင်သောအရာတို့ကို နှိုက်ယူခြင်း မဟုတ်ပါ။

သင်၏အချစ်ဇာတ်လမ်းအားသုံးသပ်စိစစ်ခြင်း

            အထက်ပါသဲလွန်စ ၁၂ခုကို ဖတ်ပြီးနောက် သင်ဟာ အရူးအမူးစွဲမက်နေခြင်းသာ ဖြစ်သလော (သို့) အမှန် တကယ် ချစ်ကျွမ်းဝင်နေခြင်းလော ဆိုတာကို သိရှိလောက်ပြီဖြစ်လိမ့်မည်။ သို့သော်လည်း ပို၍ ကောင်းစွာ စစ်ဆေးရန် လိုအပ်သေးသည်။ သဲလွန်စတစ်ခုစီတိုင်းအား သေချာစွာ ဂရုတစိုက်စစ်ဆေးပါ။ အချိန်ယူနိုင်သမျှ အချိန်ယူပါ။ သဲလွန်စတစ်ခုက သင်၏အချစ်ဟာ စစ်မှန်လားဆိုတာ တစ်ခုတည်းကိုပဲ ပြသခြင်းမျိုးမဟုတ်ဘဲ၊ ဘယ်အတိုင်းအတာအထိ စစ်မှန်သည်ကိုလည်း လေ့လာပါ။ အချို့ကိစ္စများ၌၊ သဲလွန်စက သင်၏အချစ်က အရူးအမူးစွဲမက်ခြင်းနှင့် စစ်မှန်သော အချစ် ပေါင်းစပ်ထားခြင်းဖြစ်သည်ဟု ညွှန်ပြလိမ့်မည်။ ထို့ကြောင့် သဲလွန်စတစ်ခုစီတိုင်းအား ၁ မှ ၁၀ အတွင်း တန်ဖိုး သတ်မှတ်ပါ။ ၀ သည် လုံးဝအရူးအမူးစွဲမက်နေခြင်းဖြစ်ပြီး ၁၀ မှတ်သည် အချစ်စစ်ကို ရည်ညွှန်းသည်။

            စာရွက်တစ်ရွက်ကိုယူ၍ သဲလွန်စများအား ဂရုတစိုက်လေ့လာပါ။ သဲလွန်စ ၁ မှ စတင်ပါ။ သင်တို့၏ ဆက်ဆံရေးအား ပြန်လည်စဉ်းစားစစ်ဆေး၍ သဲလွန်စတစ်ခုစီတိုင်းကို အမှတ်ပေးပါ။ ဥပမာ အားဖြင့် သဲလွန်စ ၁ အတွက် သင်က ဤသို့ပြောနိုင်သည်။ ““ရိုးရိုးသားသားပြောရရင်၊ ကျွန်ုပ်သည် သူ၏ ခန္ဓာပိုင်းဆိုင်ရာအပိုင်းကိုသာ ယေဘုယျအားဖြင့် စွဲမက်မှုရှိသောကြောင့်၊ ဤသဲလွန်စအတွက် ၂မှတ်သာ ပေးမည်””

            သဲလွန်စအမှတ်စဉ်(ရ)၌၊ သင်၏မိတ်ဆွေများထဲမှတစ်ဝက်သည်သင်တို့၏ဆက်ဆံရေးကို သဘော တူပြီး အခြားတစ်ဝက်က သဘောမတူပါဟု ဆိုပါစို့။ ထို့ကြောင့် ဤသဲလွန်စအတွက် ၅မှတ်ပေးနိုင်သည်။ သဲလွန်စ တစ်ခုစီတိုင်း အတွက် အမှတ်ပေးပြီးပါက၊ ပြန်ပေါင်းပါ။ စုစုပေါင်းရမှတ် ၈၀ နှင့်အထက်သည် သင်တို့၌ အတော်လေးခိုင်မာသော ပေါင်းသင်းဆက်ဆံမှုရှိကြောင်းကို ဖော်ပြသည်။ သင့်ဘက်မှကြည့်လျှင် သင်၏အချစ်သူသည် အောင်မြင်သော အိမ်ထောင်ရေးအား သင်နှင့်အတူ လျှောက်လှမ်းနိုင်မည်ဟု သင်ယုံကြည်နိုင်သည်။ သို့သော် ဤအချက်အား သင့်ဘက်မှ ကြည့်ခြင်းသာဖြစ်သောကြောင့် သင့်ချစ်သူကလည်း ဤစမ်းသပ်ခြင်းကို စမ်းသပ်ခံသင့်ပြီး ရမှတ်များ ပေးသင့်ကာ ရမှတ်များများရသင့်သည်။ အချစ်သည် အပြန်အလှန်သွားလာရမည်၊ သင်သည်အခြားသူအား မည်မျှချစ်စေကာမူ၊ တဖက်သတ်အချစ်ဟာ အလုပ် ဖြစ်မည်မဟုတ်ပါ။ အခြားသူက သင်အား ပြန်ချစ်ရမည်။

            သင်၏ရမှတ်သည် ၅၀ မှ ၈၀ အတွင်းဖြစ်ပါက၊ သင်တို့၏ဆက်ဆံရေးဟာ ဘယ်ကိုဦးတည်နေ လဲဆိုတာကို ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။

            သင်၏စုစုပေါင်းရမှတ်သည် ၅၀ အောက်ဖြစ်ပါက သင်ဟာ ထိုသူအား အရူးအမူးစွဲမက်နေခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင်၏အချစ်စိတ်ကို အထူးစောင့်ထိန်းသင့်ပါသည်။ အရေးကြီးဆုံးမှာ လိင်ပိုင်းအရ ပါဝင်ပတ်သက်မှုမရှိရန်နှင့် အလျင်စလို အိမ်ထောင်မပြုရန်ဖြစ်သည်။

            ဤအချက်ကို မှတ်သားပါ။ စမ်းသပ်ခံခြင်း၌ ရမှတ်များစွာရရှိခြင်းက သင်ဟာ လက်ထပ်ထိမ်းမြားရန် အဆင်သင့် ဖြစ်နေပြီဟု မဆိုလိုပါ။ သင်ဟာ ရမှတ်မြင့်မားစွာရသော်လည်း လက်ထပ်ရန်အတွက် အလွန်ငယ်ရွယ်ချင် ငယ်ရွယ် နေလိမ့်မည်။ ထိုသို့မဟုတ်လျှင်၊ သင်တို့ဟာ လက်ထပ်ရန်အတွက် ရင့်ကျက် မှုမရှိသေးဘဲ၊ တဦးကိုတဦး သေချာစွာ မသိကျွမ်းသေးသည်မှာလည်း ဖြစ်နိုင်ချေရှိသည်။ အရင်က ပြောထားသလိုမျိုးပင်၊ လက်ထပ်ထိမ်းမြားရန်အတွက် မစဉ်းစားမီ၊ သင်တို့နှစ်ဦးသည် အနည်းဆုံး ၂ နှစ်ခန့် တဦးကိုတဦး သေချာစွာ သိကျွမ်းထားသင့်သည်။

သံသယ၀င်နေပါက မလုပ်ပါနှင့်

            ဆက်ဆံရေးတစ်ခုအား သင်ဟာသံသယ၀င်နေပါက ထိုဆက်ဆံရေးနှင့်စပ်လျဉ်း၍ ဖြေးဖြေးသာ သွားရန် (သို့) ဆက်ဆံရေးအတွင်းမှ ပြန်ထွက်ခွာရန်အတွက် စဉ်းစားသင့်သည်။ သင်ချစ်သောသူတဦးအား စွန့်လွှတ်ရန်မှာ လုံးဝ မလွယ်ကူသော်လည်း၊ တခါတရံတွင် စွန့်လွှတ်လိုက်ခြင်းက သင့်အတွက် အကောင်းဆုံးဖြစ်လာနိုင်သည်။

             Mrs. Catherine Marshall က ဤအဖြစ်အပျက်အား ပြန်ပြောင်းပြောပြခဲ့သည်။ ကျွန်မဟာ ဆွဲဆောင်မှု ရှိသော ကောင်မလေးတဦးဖြစ်တဲ့ Sara ရဲ့ နာကျင်မှုကို အမှတ်ရမိပါတယ်။ သူမ၏ စေ့စပ် ထားခြင်းနှင့် စပ်လျဉ်း၍ သူမ၏သံသယများကို ကျွန်မအား ဖောက်သည်ချခဲ့သည်။ ““ကျွန်မ Jeb ကို ချစ်သလို၊ သူကလည်း ကျွန်မကိုချစ်ပါတယ်။ ဒါပေမယ့် ပြသနာက သူကသောက်တတ်တယ်ရှင့်။ အရက်စွဲနေ တာတော့မဟုတ်ပေမယ့်၊ အရက်သောက်ခြင်းဟာ သူရဲ့အတွေးအခေါ်အချို့ကိုပြတဲ့ ပြယုဂ်တစ်ခုပါပဲ။ ဤသို့သောက်ခြင်းဟာ ကျွန်မအား စိတ် အနှောက်အယှက် များစွာ ဖြစ်စေတဲ့အတွက် Jeb ကို စွန့်လွှတ်ဖို့ ဘုရားသခင်က ကျွန်မကို ပြောနေတာလားလို့တောင် ထင်ခဲ့ပါတယ်။””

            ကျွန်မတို့ စကားပြောနေစဉ်အတွင်း၌ပင်၊ Sara က ဤသို့ကောက်ချက်ချခဲ့သည်။ ““ကျွန်မသိထား သော အမြင့်မားဆုံးနှင့် အကောင်းဆုံး စံနှုန်းများအား ကျွန်မ မလိုက်နာပါက ကျွန်မဟာ အဖိုးထိုက်တဲ့ အရာတစ်ခုကို ဆုံးရှုံးရမယ်။ ဒါကြောင့် ကျွန်မသူနဲ့စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်တော့မယ်”” ဟုပြော စဉ်တွင် သူမသည် မျက်ရည်ဝဲနေသည်။ ဘုရားသခင်က Jeb အား လက်ထပ်စေလိုပါက Jeb ဟာ အရက် သောက်ခြင်းနှင့် အခြားအရာ တွေကို စွန့်လွှတ်နိုင်မှာပါ။  ထိုအချိန်၌ သူမသည် ရိုးရှင်းစွာ၊ စိတ်ချမှုရှိစွာ ဖြင့် သူမ၏ဆုံးဖြတ်ချက်ကို ဘုရားသခင်အား ပြောပြခဲ့သည်။ သူမသည် သူမ၏ကွဲကြေသွားသော အိမ်မက်များနှင့် ကြိုတင်မသိနိုင်သော အနာဂတ်အား ဘုရားသခင် လက်ထဲသို့ ထည့်လိုက်သည်။

              Jeb ၏အတွေးအခေါ်များနှင့် စံနှုန်းများဟာ မပြောင်းလဲခဲ့ပါ။ Sara ကလည်း သူ့ကိုလက်မထပ် ခဲ့ပါ။ တစ်နှစ်ကြာပြီးနောက် Sara က ပျော်ရွှင်မှုများဖြင့် ပြည့်နေသည့်စာတစ်စောင်အား ရေးခဲ့သည်။ Jeb ကို စွန့်လွှတ်ဖို့အတွက် ကျွန်မသေမတက်ဖြစ်ခဲ့တယ်။ သူဟာ ကျွန်မအတွက်မဟုတ်ဘူးဆိုတာကို ဘုရား သခင်က သိခဲ့တယ်။ မကြာမီက ကျွန်မဟာ ကျွန်မရဲ့ လူကို တွေ့ခဲ့ပြီး လက်ထပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီနေ့မှာ ကျွန်မဟာ ဘုရားသခင်ရဲ့ ဥာဏ်ပညာနဲ့ ဘုရားသခင်အား ယုံကြည်စိတ်ချခြင်းကြောင့် ရလာတဲ့ ၀မ်းမြောက်မှုအကြောင်းကို သက်သေခံနိုင်ပါပြီ။

အချိန်ယူပါ

            သင်၏ချစ်ကျွမ်းဝင်မှုက စစ်မှန်သောအချစ်လား (သို့) အရူးအမူးစွဲမက်ခြင်းတစ်ခုသာဖြစ်သလော ဆိုတာကို ဆုံးဖြတ်ရာ၌ အချိန်သည် သင်၏အကောင်းဆုံးမိတ်ဆွေဖြစ်သည်။ တစ်ဘ၀စာ သံဓိဌာန် ချထားသော လက်ထပ် ထိမ်းမြားခြင်း အား မပြုမီ အချိန်ကောင်းကောင်းယူ၍ စဉ်းစားပါ။ လိင်ပိုင်းအရ ပါဝင်ပတ်သတ်ခဲ့ခြင်းသည် အချိန်၏ စိမ်းသပ်မှုအား ကလိန်ကျခြင်းပင်ဖြစ်သည်။ ထိုအချက်က အရူးအမူး စွဲမက်ခြင်းအား ပုံမှန်ထက် သာ၍ ရှည်ကြာစေသည်။ ဤသို့ပါဝင်ပတ်သက်ခြင်းက သူတို့သည် အချစ်စစ်ကို ရှာတွေ့ပြီဟု ထိုစုံတွဲအား ထင်မြင်စေသည်။ အမှန်မှာ သူတို့ရှာတွေ့ခဲ့သောအရာမှာ တဦးကို တဦးအရ လိင်ပိုင်းအရ ကျေနပ်စေသည့် အချစ်မျိုးသာဖြစ်သည်။

            သင်က ဤသို့ပြောလိမ့်မည်။ ““သူတို့မှာ တဦးကိုတဦး ကျေနပ်စေတဲ့ လိင်ပိုင်းဆိုင်ရာ အချစ်ရှိ တာပဲ။ ဘာကြောင့် လက်မထပ်ရမှာလဲ? အဖြေမှာ လိင်ပိုင်းအရ ဖြစ်ပေါ်လာသော အချစ်ပေါ်တွင် အခြေ တည်ထားသော အိမ်ထောင်ရေးမျိုးဟာ အစောပိုင်းကတည်းက ပျက်စီးရန် သေချာသလောက်ဖြစ်နေပြီ ဖြစ်သည်။ ထိုသို့သော အိမ်ထောင်ရေးမျိုးသည် ၃ နှစ် မှ ၅ နှစ်ခန့်သာ ကြာရှည်တတ်သည်။ ထပ်မံ၍ပြော လိုသည်မှာ အချိန်များစွာယူ၍ လေ့လာ စဉ်းစားပါ။ သင်သည် လိင်ပိုင်းအရ ဆက်သွယ်မှု ရှိခဲ့ခြင်းအားဖြင့် အချိန်အားကလိန်မကျခဲ့ပါက အချိန်၏စမ်းသပ်မှုဟာ သင့်အတွက်အလုပ်ဖြစ်လိမ့်မည်။ အချိန်အား ကလိန်ကျခဲ့သူများဟာ သူတို့ကိုယ်သူတို့ ကလိန်ကျခဲ့ခြင်းကြောင်းကို တစ်နေ့တွင် နားလည်လာလိမ့်မည်။

ဘာကြောင့်မလုပ်ရမှာလဲ?

    ဘာကြောင့် ““အဲ့ဒါကိုမလုပ်ဖို့”” ရွေးချယ်ဆုံးဖြတ်ရမှာလဲ?

ကျွန်မဟာ ၁၈ နှစ်ဖြစ်ပြီး အထက်တန်းကျောင်းမှ ဘွဲ့ရပြီးခါစဖြစ်သည်။ သင့်အား အကြံဥာဏ် တောင်း                                                                                                                                                                                                                                                                                                                                                                                                                ခံရန်နှင့် ကျွန်မ၏ပြသနာကို ပြောပြရန်အတွက် ရေးသားနေခြင်းမဟုတ်ပါ။ ကျွန်မ၏အဖြစ်အပျက်မှာ သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းမယ်လို့မထင်ပါ။ လိင်နှင့်စပ်လျဉ်း၍ အမှားလုပ်ခဲ့သူများနှင့် အတွေ့အကြုံ ရရန်အတွက် လိင်အား စမ်းသပ်ခဲ့သော ဆယ်ကျော်သက်များအကြောင်းကို ကျွန်မစာအုပ်များထဲတွင် ဖတ်ခဲ့ပါသည်။ ထိုအရာကို မလုပ်သော သူများလည်း ရှိကြောင်းကို ကျွန်မသိခဲ့သည်။ သိရသည့် အကြောင်း မှာ ကျွန်မဟာ သူတို့ထဲမှ တစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ အသက် ၁၈ နှစ်အရွယ် ကျွန်မက အပျိုစစ် တဦးဖြစ်သည်ကို သူတို့သိသွားသောအခါ၊ ထိတ်လန့်သွားတတ် ကြသည်။ သူတို့ထိတ်လန့်သွားခြင်းမှာ ယနေ့ကာလ၌ အပျိုစင်ဖြစ်သူများသည် ဆွဲဆောင်မှုမရှိ (သို့) ရေပန်းမစား (သို့) လိင်ကို စိတ်မ၀င်စားသူ များဖြစ်ရမည်ဟု အမျိုးသားများက ထင်ကြသောကြောင့်ဖြစ်သည်။

            ကျွန်မဟာ ကမ္ဘာပေါ်၌ အလှပဆုံး မိန်းကလေးတဦးမဟုတ်သော်လည်း၊ သာမန်မိန်းကလေးတဦး ဖြစ်သည်။ ကျွန်မဟာ cheerleader တဦးဖြစ်ပြီး အထက်တန်းကျောင်း၏ Homecoming Queen  ဖြစ်သည်။ ကျွန်မသည် ချိန်းတွေ့ရခြင်းကို နှစ်သက်ပြီး တနေကျလျှင် လက်ထပ်မည့်သူနှင့် လိင်ကိစ္စ၌ ၀မ်းမြောက် နိုင်ဖို့လည်း စီစဉ်နေသည်။ ကျွန်မ ဘာကြောင့် ထိုအရာကိုမလုပ်ရန် ရွေးချယ်ခဲ့သနည်း? လက်မထပ်မီ ဆက်ဆံခြင်းအားဖြင့် ပေါင်းသင်းဆက်ဆံရေး တစ်ခုအား ပျက်စီးသွားစေနိုင်သည့် အကြောင်းပြချက် (၃) ချက်ကို တွေ့ခဲ့သောကြောင့်ဖြစ်သည်။ (၁) လိင် ဆက်ဆံခြင်းသည် အလွန်အမင်းနီးကပ်ရင်းနှီးသည့် ပုဂိ္ဂုလ်ရေးအရ ဆက်နွယ်မှုဖြစ်သောကြောင့် တစုံတဦးနှင့် ထိုအရာကို ဝေမျှရန်အတွက် ကျွန်မအဆင်သင့် အဖြစ်သေးပါ။ (၂) လိင်ဆက်ဆံခြင်းကဆိုလိုသည်မှာ ကျွန်မဟာ မိမိကိုယ်ကို ထိုသူအား လုံးဝအပ်နှံလိုက် ခြင်းပင်ဖြစ်သည်။ ဤအရာသည် အလွန်အဖိုးထိုက်သော လက်ဆောင် ဖြစ်သောကြောင့် ကျွန်မနှင့် တသက်လုံး ပေါင်းမည့်သူကိုသာ ကျွန်မပေးမည်။ ကျွန်မ၏စာက မိန်းကလေးများ နှင့် ယော်ကျားလေးများအား ဤအရာကို ဆက်လက်တောင့်ခံထားနိုင်ဖို့နှင့် သူတို့၏သူငယ်ချင်းများက လုပ်ကြသော ကြောင့် လိုက်မလုပ် မိကြဖို့ ကူညီပေးနိုင်မည်ဟု မျှော်လင့်ပါသည်။ (Marya)

စာကျွင်း    ။ ကောလိပ်မှဘွဲ့ရပြီးနောက်၊ ကျွန်မနှင့် ကျွန်မ၏ယုံကြည်မှုများအား လေးစားမှုရှိသည့် ကောင်းမွန်သော ခရစ်ယာန်အမျိုးသား တစ်ဦးကို တွေ့ခဲ့ပါသည်။ ကျွန်မတို့သည် ယခုလက်ထပ်ထားပြီး ချစ်စရာသား ၂-ဦးရှိပါသည်။ လက်ထပ်ထိမ်းမြားခြင်းအတွက် လိင်အားသီးသန့်ဖယ်ထားခြင်းဟာ ဘုရားသခင်ရဲ့ပြီးပြည့်စုံတဲ့ အစီအစဉ်ရဲ့ တစိတ် တပိုင်း ဖြစ်ကြောင်းကို ကျွန်မအမှန်တကယ် နားလည်ခဲ့ပါတယ်။

မေးခွန်းများ (မှန်/မှား)

၁။ စစ်မှန်သောအချစ်သည် မသိမမြင်နိုင်သောအရာမှ သင့်ဆီသို့ရုတ်တရက်ရောက်လာပြီး သင့်အား ဖမ်းစားလိုက်သည်။ သင်၏စိတ်ခံစားချက်များသည် အလွန်ကောင်းမွန်သောကြောင့် ဤအချစ်သည် သင့်ဆီသို့ရောက်လာကြောင်းကို သိရှိခြင်း ဖြစ်သည်။ ဤအချစ်သည် မမျှော်လင့်ဘဲ ရုတ်တရက်လည်း ပြန်ထွက်သွားနိုင်သည်။

၂။ စစ်မှန်သောအချစ်နှင့် အရူးအမူးစွဲမက်ခြင်းနှစ်ခုကြားရှိ ကွာခြားမှုကိုသိခြင်းက တစ်ဘ၀စာ ကြာရှည်သည့် အမှားမျိုးကို မလုပ်မိအောင် သင့်အား တားဆီလိမ့်မည်။

၃။ အရူးအမူးစွဲမက်ခြင်းတစ်ခု၌ သင့်အားဆွဲဆောင်သောအရာများသည် အလွန်နည်းပါသည်။ စစ်မှန် သောအချစ်၌ ထိုသူ၏ကိုယ်ရည်ကိုယ်သွေးအများစု (သို့) များစွာတို့သည် သင့်အားဆွဲဆောင် သည်။

၎။ အရူးအမူးစွဲမက်ခြင်းသည် လျင်မြန်စွာ စတင်သော်လည်း၊ စစ်မှန်သောအချစ်သည် ဖြေးဖြးသာ သွားသည်။ သင်သည် တစုံတဦးအား စစ်မှန်သောအချစ်ဖြင့် မချစ်နိုင်မီ ထိုသူအား အမှန်တကယ် သိကျွမ်းရန်လိုပြီး သိကျွမ်းနိုင်ရန်အတွက် အချိန်များစွာယူရန် လိုအပ်သည်။

၅။ စစ်မှန်သောအချစ်၌ သင်သည် စိတ်ကူးယဉ်ကမ္ဘာထဲ၌သာ လျှောက်လှမ်းအသက်ရှင်နေသည်။ သင်သည် ထိုသူ၏ အမှားများကို တွေ့သော်လည်း၊ သင်တို့နှစ်ဦး တဦးအပေါ်တဦး ထားသော အချစ်ကလွဲ၍ ဘယ်အရာကမှ အရေးမပါ ပါ။

၆။ စစ်မှန်သောအချစ်၌ သင်၏မိဘများနှင့် မိတ်ဆွေအများစုသည် သင်တို့နှစ်ဦး၏ဆက်ဆံရေးကို သဘောတူလိမ့်မည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရရန်အတွက်၊ နှစ်ဦးနှစ်ဘက်မှ မိဘ များ၏ သဘောတူလက်ခံမှုအား ရရှိရန်မှာ အရေးကြီးသည်။

၇။ သင်၏ချစ်ကျွမ်းဝင်မှုဟာ အစစ်လား၊ အတုလားဆိုတာကို အဆုံးအဖြတ်ပေးနိုင်မည့် အကောင်းဆုံး အရာမှာအချိန်၏ စမ်းသပ်မှုသာဖြစ်သည်။ သင်တို့သည် တဦးနှင့်တဦး အရူးအမူးစွဲမက်နေခြင်း သာ ဖြစ်ပါက၊ အချိန်နှင့်အကွာအဝေးသည် သင်တို့၏ဆက်ဆံရေးကို သတ်သွားစေသည်။

၈။ စစ်မှန်သော အချစ်၌ သင်တို့သည် မကြာခဏ စကားများရန်ဖြစ်ကြပြီး ရန်ဖြစ်ခြင်းများသည် ပို၍ ပို၍စိပ်လာပြီး ပြင်းထန်းလာမည်ဖြစ်သည်။ သို့သော် သင်တို့သည် ပြန်နမ်း၊ ပြန်ချော့၊ ပြန်တည့် နေသမျှ ကာလပတ်လုံး အရာရာတိုင်းဟာ အဆင်ပြေနေမည်ဖြစ်သည်။

၉။ ဘ၀အဖော်တဦးကို ရှာဖွေရာတွင် သင့်အား ပျော်ရွှင်စေရန်အတွက် သူမ (သို့) သူ၏ဘ၀ကို သစ်္စာ ရှိစွာ အပ်နှံထားသော သူကိုသာ ရှာဖွေရန်မှာ သင်၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သင့်သည်။

၁၀။ သင်သည် ပေါင်းသင်းဆက်ဆံရေးတစ်ခုနှင့် စပ်လျဉ်း၍ သံသယ၀င်နေပါက၊ ထိုသူနှင့် ဖြေးဖြေး သာသွားခြင်း (သို့) ထိုဆက်ဆံရေးအတွင်းမှ ပြန်ထွက်လိုက်ခြင်းသည် သင့်အတွက် အကောင်း ဆုံးဖြစ်သည်။ သင်၏ချစ်ကျွမ်းဝင်မှုဟာ စစ်မှန်သော အချစ်လား (သို့) အရူးအမူးစွဲမက်ခြင်း တခုသာဖြစ်သလားဆိုတာကို အချိန်က အကောင်းဆုံး အဆုံးအဖြတ် ပေး လိမ့်မည်။ လိင်ပိုင်းအရ ပါဝင်ပတ်သက်ခြင်းဟာ အချိန်၏စမ်းသပ်မှုအား ““ကလိန်ကျ”” နေခြင်း ပင်ဖြစ်သည်။

ရဲလင်းထွန်း (အင်းစိန်) ဘာသာပြန်သည်။
 

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support