HCF

HCF MYANMAR IN SINGAPORE

Saturday, August 24, 2013

ရွေးနှုတ်ခြင်း



သင်ခန်းစာ အမှတ် (၁၂)

“နိဒန်း”
            ရွေးနှုတ်ခြင်းသည် သမ္မာကျမ်းစာတွင်ပါဝင်သော သစ္စာတရားဖြစ်၍ သဘောပေါက်နားလည်ခြင်းထက် ကိုယ်တွေ့ ခံစားရသော်သာ၍ မင်္ဂလာရှိသောအရာဖြစ်ပသါည်။ အခြေခံအဓိပ္ပါယ်မှာ “အဖိုးကိုပေး၍ ရွေးနှုတ်ကယ်တင် ခြင်း”ဖြစ်ပါသည်။ သင်နှင့် ကျွန်ုပ်သည် ယုံကြည်ခြင်းအားဖြင့် သခင်ယေရှုသွန်းတော်မူသော အသွေးတော်နှင့် သန့်ရှင်း သောဝိညာဉ်တော်တန်ခိုးတော်အားဖြင့် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် အပြစ်တရား၏ လက်မှလည်းကောင်း၊ စာတန်၏အုပ်စိုးခြင်းနှင့် တန်ခိုးတော်မှလည်ကေင်း၊ ဤလောကနှင့် ပျက်စီးခြင်းမှလည်းကောင်း၊ လွှတ်မြောက်ခြင်း အခွင့်ကိုလက်တွေ့ခံစားနိုင်ကြပြီးဖြစ်သည်။ 


ဤသင်ခန်းစာတွင် ရွေးနှုတ်ခြင်း၏ အဓိပ္ပါယ်ကိုရှင်းလင်းစွာ နားလည်ရန် အသေးစိတ်လေ့လာလျှက် ခရစ်တော်အားဖြင့် ရရှိထားသော လွတ်လပ်မှု၏ အနှစ်သာရအားလုံးကို သဘောပေါက်ပြီး လက်တွေ့ခံစားနိုင်ရန် ရည်ရွယ်ထားပါသည်။
ဤသင်ခန်းစာအရေးကြီးခြင်း
            သခင်ယေရှုခရစ်၏ ကယ်တင်တော်မူခြင်းအကြောင်းတွင် ရွေးနှုတ်ခြင်းသည် အလွန်ရေးပါလျှက် ကယ်တင် ခြင်း ပြည့်စုံမှုအတွက် မပြီးသောအရာဖြစ်ကြောင်း မှတ်သားထားရပါမည်။ “အသွေးတော်အားဖြင့် ကယ်တင်ခြင်း” “ရွေးနှုတ်ခြင်း” “ကျွန်ုပ်ကိုဝယ်ယူပြီ”စသော ဓမ္မသီချင်းများဆိုစဉ်တွင် အဓိပ္ပါယ်သိ၍ “အလေးအနက် ခံစားနိုင်ရန် ဤ ကြီးမြတ်သောရွေးနှုတ်ခြင်းကို ကိုယ်တိုင်နားလည်ရန် လိုအပ်ပါသည်။ ကယ်တင်ခြင်းနှင့် ဆက်စပ်သော ယုံကြည်ချက် များ Doctrines ကို ရိုးရိုးသားသားသဘောပေါက်ရုံသာမဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျနေ့စဉ် အသက်ရှင်မှုတွင် တွေ့ကြုံခံစားတတ်ရန်လိုအပ်ပါသည်။ ရွေးနှုတ်းသည်ဟူသော စကား၏အဓိပ္ပါယ်ကိုနားမလည်နိုင်မီ ကယ်တင်ခြင်းဟူ သောစကားကို ကောင်းစွာနားလည်နိုင်မည်မဟုတ်ပါသဖြင့် ဤသင်ခန်းစာသည် အရေးကြီးလှပါသည်။
၁။       ဓမ္မဟောင်းကျမ်းပါရွေးနှုတ်ခြင်း
က။        ဓမ္မဟောင်းကျမ်းစာတွင် ဘုရားသခင်သည် ဣသရေလလူမျိုးတို့၏ (Geol) သို့မဟုတ် ရွေးနှုတ် ကယ်တင်ပိုင်သူအမျိုးသားချင်းဖြစ်၍ အဘိုးအခပေးရွေးခွင့်ရှိသူ Kinsman Redeemer အဖြစ် တွေ့မြင်နိုင်ပါသည်။
            ၁။         ထွက် ၆း ၆-၇ (သေချာစွာဖတ်ပါ)
က။        ဘုရားသခင်သည် ဣသရေလူလူမျိုးတို့ကိုယူလျက် မိမိလူမျိုးဖြစ်စေရန် သိမ်းယူ ထားကြောင်း သတိပြုရပါမည်။ ထိုအခါဘုရားသခင်သည် ဣသရေလလူမျိုး တို့၏ “ရွေးနှုတ်ကယ် တင်ပိုင်သူ”အဖြစ်သို့ရောက်ရှိပါသည်။
                        ခ။         အချက်နှစ်ချက်ကို သတိပြုရပါမည်။
၁။         ဘုရားသခင်သည် ဣသရေလလူမျိုးတို့အား ချည်နှောင်ခြင်း၊ ညှင်းဆဲခြင်းမှ ကြီးစွာသော တန်ခိုးတော်အားဖြင့် ရွေးနှုတ်ခဲ့ပါသည်။
၂။         ထို့ကြောင့် ဘုရားသခင်သည် ဣသရေလလူမျိုးကို မိမိလူမျိုးတော် အဖြစ်ဝယ်ယူခဲ့ပါသည်။
၂။       ဟေရှာ ၅၉း၂၀ ရွေးနှုတ်သောသခင်သည် ဇိအုန်တောင်ပေါ်သို့ကြွ၍ -
က။        ဤနေရာတွင် ရွေးနှုတ်သောသခင်မှာ Geol Kinsman Redeemer ဖြစ်ပါသည်။ ခရစ်တော်ကို ပုံဆောင်ကြောင်းတွေ့ရပါသည်။
ခ။         ဤရွေးနှုတ်ခြင်းသည် လူတို့တွင်ဖြစ်လျှက် သူတို့ပိုင်ဆိုင်သော အမွေအနှစ်များအထိပါ ပါဝင်သည်။
            ၁။         ၀တ်ပြုရာကျမ်း ၂၅း၂၅-၄၈ (သေချာစွာဖတ်ပါ)
၂။         ဤအမှုကို မည်သို့ပြုရမည်နည်း။ ပညတ်တရားအောက်တွင် ခုနှစ်နှစ်မြောက် သော နှစ်တိုင်းသည်ဥပုသ်နှစ်ဖြစ်ပါသည်။ အကယ်၍ ဣသရေလလူတစ်ယောက် သည်ကုန် လွန်ခဲ့သော ခြောက်နှစ်အတွင်း အကြွေးတင်လာ၍ ပြန်မပေး နိုင်ခဲ့လျှင် သို့မဟုတ် ထို့ ထက်ဆိုး၍ မိမိအကြွေးထူနေမှုကြောင့် မိမိကိုယ်ကို ကျွန်အဖြစ် ရောင်း စားခဲ့လျှင် အမျိုးတော်စပ်သူ Kinsman သည် ပြန်လည်ဝယ်ယူ ရွေးနှုတ်ပိုင်ပါသည်။ ထိုသို့ ရွေး နှုတ်ရာတွင် ပစ္စည်းဥစ္စာကိုဖြစ်စေ၊ ကျွန်ဘ၀ကို ရောက်ရှိနေပြီဖြစ်သော ဆွေမျိုး ကိုဖြစ် စေ၊ အဖိုးကိုပေး၍ဥပုသ်နှစ်အတွင်းတွင် ၀ယ်ယူ ပိုင်ခွင့်ရှိပါသည်။
၃။         ရွေးနှုတ်ခြင်းနှင့်ပတ်သက်၍ အချက် (၄)ချက်တို့မှတ်ထားရန်လိုပါသည်။
-           ဣသရေလလူ တစ်စုံတစ်ယောက်၏ ပစ္စည်းဥစ္စာနှင့် ပတ်သက်ပါသည်။
-               (၀တ်ပြု၊ ၂၅း၂၇)
-               အဆွေအမျိုးတော်စပ်သူတစ်ဦးက အဖိုးကိုပေး၍ ပြန်ရွေးနိုင်ပါသည်။
-               (၀တ်ပြု၊ ၂၅း၄၇-၄၉)
-               ရွေးနှုတ်သူသည် အဖိုးကိုပေးခြင်းဌာ တတ်စွမ်းနိုင်ရာသည်။
-               (ရုသ၊ ၄း၎-၆)
-               ရွေးနှုတ်ခြင်းသည် (Geol) ခေါ်အမျိုးသားချင်း ရွေးနှုတ်ပိုင်သူမှ တန်ဖိုးကို အကျေပေးချေပြီးမှသာ အထမြောက်ပါသည်။ (၀တ်၊ ၂၅း၂၇)
ခ။         ရုသ၀တ္တုတွင် ဤကဲ့သို့ရွေးနှုတ်ခြင်းအကြောင်းကို ကောင်းမွန်စွာ တွေ့ရှိနိုင် ပါသည်။
၁။         ရုသသည် ဧမလိမလက်၏အမွေကို ဆက်ဆံပိုင်သူဖြစ်ပါသည်။ သို့ရာ တွင် ထိုပစ္စည်းများ အားလုံးနောမိသည် ရောင်းစားပြီးဖြစ်၍ ပြန်မရွေးနိုင်ဘဲရှိနေပါသည်။ ရုသသည် ဆင်းရဲ၏။ မိမိရထိုက်သော အမွေကို မိမိကိုယ်တိုင်ပြန်ရွေးခြင်းငှာ မတတ်နိုင်ချေ။
၂။         ဗောဇသည် ရွေးပိုင်သူဆွေမျိုးအနီးစပ်ဆုံးဖြစ်ပါသည်။ (ရုသ ၃း၉)
၃။         ပညတ်တရား၏ ခွင့်ပြုချက်အရ ရုသ၏ ပစ္စည်းဥစ္စာများကို ပြန်လည် ရွေးယူရန်နှင့် ရွေးပိုင်ခွင့်တို့သည် ဗောဇ၌ရှိနေသည်။ (ရုသ ၃း၁၁)
၎။         ဗောဇသည် အကြွေးကိုပေးချေရန် တတ်နိုင်သည်သာမက အကြွေးကို ပေးဆပ်ရန်လည်း စေတနာရှိနေပါသည်။ (ရုသ ၄း၃-၆)
၅။         ဗောဇသည် အဖိုးအခကိုပေးလိုက်ပါသည်။ ရုသသည်လည်း သူ၏ မယား ဖြစ်လာပါသည်။ (ရုသ ၄း၁၀-၃)
ဂ။         ကျွန်ုပ်တို့၏ ရွေးနှုတ်ပိုင်သောအရှင်၊ သခင်ယေရှုခရစ်ကိုဤအရာများသည် မည်ကဲ့သို့ပုံဆောင်၍ ကျွန်ုပ်တို့ရရှိသောရွေးနှုတ်ခြင်းသည် မည်သို့နည်း။
၁။         ဤအချက်ပြည့်စုံစေရန် ခရစ်တော်သည် ကျွန်ုပ်တို့၏ အဆွေအမျိုး သို့မဟုတ်ရွေးနှုတ်ပိုင် သူဖြစ်ရပါမည်။
က။      ဟေဗြဲ ၂း၁၄-၁၅။ ခရစ်တော်သည် ကျွန်ုပ်တို့ကို ရွေးနှုတ်ပိုင် သူဖြစ်စေခြင်းငှာ အသွေးအသားကို ဆောင်ယူတော်မူ၏။ သူသည် ဆွေမျိုးတော်စပ်လျက်ရွေးနှုတ် ပိုင်သူဖြစ်လာပါသည်။
ခ။        ဂလာ ၄း၎-၅။ ပညတ်တရားအောက်၌ ကျွန်ခံရကြသောသူတို့ကို ရွေးနှုတ်ခြင်းငှာ မိန်းမ၀မ်း၌ ပဋိသန္ဓေယူတော်မူ၏။
၂။         ဤပုံစံပြည့်စုံစေရန် ခရစ်တော်၌ ကျွန်ုပ်တို့ခံစားရသော ရွေးနှုတ်ခြင်းသည် လူတို့နှင့် စပ်ဆိုင်လျက် သူတို့၏အမွေဥစ္စာနှင့်လည်း စပ်ဆိုင်ရပါမည်။
က။        ဂလာ၊ ၄-၅ “ငါတို့သည် သား၏အခွင့်အရာကိုရမည်အကြောင်း”ခရစ်တော်၏ ရွေးနှုတ်တော်မူခြင်းအားဖြင့် ဘုရားသခင်၏ အမွေခံအရာသို့ အပြည့်အ၀ ရောက်ရှိပြီးဖြစ်သည်။
ခ။         ဧဖက်၊ ၁း၁၀-၁၄။ ငါတို့သည် ခရစ်တော်အားဖြင့်  အမွေခံဖြစ်ကြ၏။ (ဧ၊ ၁း၁၁) သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးကို (ချက်ချင်းလက်ငင်းပေး ထားသော အာမခံချက်၊ စိတ်ချမှု) စားရန်အဖြစ် ပေးထားလျက် အမွေစားအမွေ ခံဖြစ်ကြောင်း သက်သေပြနေပြီးဖြစ်သည်။
၃။         ဤပုံပြည့်စုံစေရန် ခရစ်တော်သည် ကျွန်ုပ်တို့ကို ရွေးနှုတ်ခြင်းငှာ တတ်စွမ်းနိုင်ရန်နှင့် ရွေးနှုတ် လိုသောသဘောရှိပါသည်။
က။        ယော ၁၀း၁၈။      ငါ့အသက်ကိုအဘယ်သူမျှမလုမယူ၊ ကိုယ်အလိုအလျောက် ငါစွန့်၏။
ခ။         မဿဲ ၂၀း၂၈။      မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ ကြွလာတော်မူ၏။
ဂ။         ဟေဗြဲ ၇း၂၅။       ကာလအစဉ်အသက်ရှင်သောကြောင့် သူတို့ကို အစဉ် ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။
၎။         Goel Kinsman (သို့) Redeemer ခေါ် အမျိုးသားချင်းရွေးနှုတ်ပိုင်သူ၏ ပုံစံဝင်ခြင်းငှာ ခရစ်တော်သည် ကျွန်ုပ်တို့ကို ရွေးနှုတ်ရန် အဖိုးအခကို အပြည့်အစုံပေးနိုင်သူဖြစ်ရမည်။
က။         ဂလာ ၁း၎။          ငါတို့ကိုရွေးနှုတ်ခြင်းငှာ ငါတို့အပြစ်ကြောင့် ကိုယ်ကိုကိုယ် အပ်ပေးတော်မူ၏။
ခ။         ၂ကော ၅း၂၁။        ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။
ဂ။         ၁ပေ ၁း၁၉။           အဘယ်အပြစ်မျှမရှိ အညစ်အကြေးနှင့် ကင်းစင်သောသိုး သူငယ်ကဲ့သို့ ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော် မူသည်ကိုသိမှတ်ကြလော့။
ဃ။        ဂလာ ၃း၁၃။          ငါတို့အတွက်ကြောင့် ကျိန်ခြင်းကိုခံရသောသူဖြစ်၍ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှရွေးနှုတ်တော်မူပြီ။
ဃ။        ဓမ္မဟောင်းကျမ်းတွင် ဖော်ပြထားသော ရွေးနှုတ်ခြင်းအကျဉ်းချုပ်
            ၁။           ဘုရားသခင်အား ဣသရေလလူမျိုးတို့၏ Goel ရွေးနှုတ်ပိုင်သူ။ အမျိုးသားချင်း (Kinsman Redeemer) အဖြစ်တွေ့ရသည်။
            ၂။           ဗောဇသည် `ရုသကို ရွေးနှုတ်ခြင်းအမှုတွင် ဤအမှန်တရားကိုသရုပ်ဖော်ထားပါသည်။
            ၃။           ရွေးနှုတ်ပိုင်သူအမျိုးသားချင်းတို့သည် မည်သူပင်ဖြစ်စေ ခရစ်တော်သည် ကျွန်ုပ်တို့၏ အမျိုးသားချင်း ရွေးနှုတ်ပိုင်သူ (Kinsman Redeemer) အဖြစ် နေရာယူခြင်းကို ပီသစွာ ရပ်တည်ရမည်ဖြစ်ပါသည်။
            ၄။           ရွေးနှုတ်ခြင်းကိုကြည့်လျှင်
                          က။      လူပုဂ္ဂိုလ်တစ်ဦးအားဖြင့် ပြည့်စုံခြင်း
                                    မောရှေသည် ဣသရေလလူမျိုးတို့အား ကယ်လွှတ်ရန် ရွေးချယ်ခံရသူဖြစ်ပါသည်။
                                    (ထွက် ၃း၁၀) ခရစ်တော်သည် ကျွန်ုပ်တို့အား ကယ်လွှတ်ရန် ရွေးချယ်ခံရသူဖြစ်ပါသည်။ (ယော ၃း၁၆-၁၇။ ဂလာ ၄း၎-၅)
                        ခ။         ဘုရားသခင်တစ်ပါးတည်းဆောင်ရွက်ခြင်း။ ထွက် ၃း၇၊၈နှင့် ဧဖက် ၁း၃-၇။ ရော ၅း၈ ကိုယှဉ်ဖတ်ပါ။
                        ဂ။         အသွေးသွန်းခြင်းအားဖြင့် လုံခြုံခြင်း (ထွက် ၁၂း၁၃ နှင့် ဧဖက် ၁း၇။ ၁ပေ ၁း၁၈၊ ၁၉ကို ယှဉ်ဖတ်ပါ)
                        မှတ်ချက်။            ။ ခရစ်တော်၏ အသွေးတော်သွန်းတော်မူခြင်းသည် ယုံကြည်သူအား အပြစ်နှင့် အပြစ်၏အခမှ ရွေးနှုတ် (၀ယ်ယူပြီးလွှတ်စေခြင်း) တော်မူပါသည်။ (ဧ၊ ၁း၇။ ၁ပေ ၁း၁၈-၁၉) ခရစ်တော်၏ ရွေးနှုတ်တော်မူခြင်းကို အကြောင်းပြလျက် သန့်ရှင်းသော ၀ိညာဉ်တော် ၏တန်ခိုးတော်သည် ကျွန်ုပ်တို့၏ အသက်တာတွင် လက်တွေ့ထိတွေ့ခံစားသိရှိစေပါသည်။ (ရော ၈း၂။ ဂလာ ၅း၁၆)
၂။         ဓမ္မသစ်ကျမ်းစာတွင် ပါဝင်သော ရွေးနှုတ်ခြင်း
            ရွေးနှုတ်ခြင်းကို ဓမ္မသစ်ကျမ်းစာတွင် စကားလုံးသုံးမျိုးဖြင့် ဖော်ညွှန်းထားပါသည်။
က။        ပထမစကားလုံးမှာ Agorazo ဖြစ်ပါသည်။
            ၁။         ဤဝေါဟာရသည် agora ဟူသော စကားမှ ဆင်းသက်လာပြီး “ဈေးရောင်းရာအရပ်”ဟု ဆိုလိုပါ သည်။
                        မှတ်ချက် - မဿဲ ၁၄း၁၅။ “မြို့ရွာသို့သွား၍စားစရာကို ၀ယ်စေခြင်းငှာ အခွင့်ပေးတော်မူ၏”
            ၂။         Agorago သည် ဈေးတွင် ၀ယ်ယူခြင်းဖြစ်၍ အထူးသဖြင့် ကျွန်ဈေးကို ဆိုလိုပါသည်။
            ၃။         သခင်ယေရှုသည် ဤလောက၏ “ကျွန်ဈေး”သို့ဆင်းသက်လာပြီး၊ ကျွန်ုပ်တို့ကို အဖိုးအခပေး “၀ယ်ယူ”တော်မူသည်။ (၁ကော ၆း၂၀၊ ၇း၂၃။ ဗျာ ၅း၉။ တ၊ ၂၀း၂၈)
            ၄။         လူသားတို့အား “အပြစ်၏ကျွန်” အဖြစ် သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ (ယော ၈း၃၄၊ ရော ၆း၁၆။ ရော ၇း၁၄) ထို့ပြင် အပြစ်အတွက် စီရင်ချက်အနေဖြင့် သေခြင်းကို ခံရသည်။ ရော ၆း၁၆၊ ၂၃၊ ၅း၁၂၊ ၈။ ယေဇ ၁၈း၂၀။
            ၅။         မည်သို့ပင်ဆိုစေ လူသည် အရောင်းခံဖြစ်လျှက် ၀ယ်ယူလိုသူရှိလျှင် ရွေးနှုတ်ခြင်းခံနိုင်သော အဆင့်တွင်ရှိသည်။
            ၆။         ခရစ်တော်သည် အဖိုးကိုပေးပိုင်သူဖြစ်၍ ရွေးနှုတ်လိုသောဆန္ဒရှိပါသည်။ ပေးရမည့် အဖိုးအခမှာ အသွေးတော်သွန်းခြင်းနှင့် အသေခံခြင်းဖြစ်ပါသည်။ ဂလာ ၁း၎။
                        ဂလာ ၁း၎-ဆိုးညစ်သော ဤပစ္စုပ္ပန်ဘ၀မှ ငါတို့ကို ကယ်နှုတ်ခြင်းငှာ ငါတို့အပြစ်ကြောင့် ကိုယ်ကို ကိုယ်အပ်ပေးတော်မူ၏။
                        တ ၂၀း၂၈ - မိမိအသွေးနှင့် ၀ယ်တော်မူသော အသင်းတော်။
            ၇။         မှတ်ချက်။ သာမန်အားဖြင့် Agorazo ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်မှာ ဈေးမှဝယ်ယူခြင်းဟုသာ သက်ရောက်ပါသည်။ ရွေးနှုတ်ခြင်းဟူသော အဓိပ္ပါယ်မသက်ရောက်သေးပါ။ ကျွန်ုပ်တို့အား ၀ယ်ယူ ရန်အတွက် ခရစ်တော်ပေးရသော အဖိုးကိုသာ ရည်ညွှန်းပါသည်။
ခ။         ဒုတိယစကားလုံးမှာ "Exagorazo" ဖြစ်ပါသည်။
            ၁။         Exagorazo ၏ အဓိပ္ပါယ်မှာ ၀ယ်ယူခြင်းဖြစ်ပါသည်။ Agorazo စကားလုံး၏ ပုံစံတစ်မျိုးဖြစ်၍ လေ့လာခဲ့သည့်အတိုင်း “ဈေးမှဝယ်ယူခြင်း”ဟူသော စကားမှ ဆင်းသက်လာသည်။
                        အထူးသဖြင့် ကျွန်ဈေးကို ဆိုလိုပါသည်။
            ၂။         မူရင်းစကားလုံးရှေ့တွင် “EX” တပ်ဆင်ပြီး ကျွန်နှင့် ပတ်သက်၍ အသုံးပြုသောအခါ ထိုသူကို လွတ်လပ် စေမည့်အကြောင်း ဈေးမှ ၀ယ်ယူသည်ဟုဆိုလိုပါသည်။
သရုပ်ဖော်ခြင်း -
            ဂလာ ၃း၁၃။ ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍ ငါတို့ကို ပညတ်တရား ကျိန်ခြင်းမှ (၀ယ်ယူ) ရွေးနှုတ်တော်မူပြီ။
            ဂလာ၊ ၄း၎-၅။ ငါတို့သည် သား၏အရာကိုခံရမည့်အကြောင်း ပညတ်တရား၏လက်၌ (ကျွန်ခံချည်နှောင် လျက်)ရှိသောငါတို့ကို ရွေးနှုတ် (၀ယ်ယူကယ်လွှတ်)စေခြင်းငှာ “သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏”
            ၃။         Exagorazo ဆိုရာတွင် နောက်ထပ်အရောင်းမခံရစေရန် ၀ယ်ယူခြင်းဟုလည်း ဆိုလိုပါသည်။
                        ဤအချက်သည် လက်ဆင့်ကမ်းခြင်း၏ နောက်ဆုံးအဆင့်ဖြစ်ကြောင်းကို ဖော်ပြပါသည်။ ခရစ်တော်၏ လက်တော်ထဲသို့ရောက်သွားသော ယုံကြည်သူအား ဘယ်သောအခါမျှထပ်၍ အပြစ်သည်လည်းကောင်း၊ ဥပဒေပညတ်တရားသည်လည်းကောင်း၊ ကျွန်မပြုနိုင်။ နောက်တစ်ဖန် အရောင်းမခံရ။
            ၄။         Agorazo ကဲ့သို့ပင် Exagorazo သည် ရွေးနှုတ်ခြင်းကိုအတိအကျဖော်ပြခြင်းမဟုတ်ဘဲ ထိုရွေးနှုတ် ခြင်းပြီးမြောက်စေရန် ပေးရသော အခကို ဖော်ပြခြင်းဖြစ်ပါသည်။
ဂ။         ရွေးနှုတ်ခြင်းကိုဖော်ပြသော ဓမ္မသစ်ကျမ်းပါဂရိဘာသာ၏ တတိယဝေါဟာရမှာ Lutroo ဖြစ်ပါသည်။
            ၁။         ဤစကားလုံး၏ အဓိပ္ပါယ်မှာ တန်ဖိုးပေးပြီး လွှတ်မြောက်စေခြင်း သို့မဟုတ် ကိုယ်ဖိုးငွေ (ရွေးဘို့) ရရှိပြီးနောက် လွှတ်လိုက်ခြင်းဖြစ်ပါသည်။
            ၂။         သရုပ်ဖော်ခြင်း -
                        က။        တိတု ၂း၁၄ “ဒုစရိုက်မှ ငါတို့ကို ရွေးနှုတ် (လွတ်မြောက်စေ)ခြင်းငှာ “ဤနေရာတွင် ကျွန်ုပ် တို့အား အပြစ်များသော အတ္တဆန္ဒမှ ကယ်လွတ်တော်မူပါသည်။
                        ခ။         ၁ပေ၊ ၁း၁၈ မိစဉ်တဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ ရွေးနှုတ်(လွတ် မြောက်စေ)တော်မူ၏။
                                    ဤနေရာတွင် ကျွန်ုပ်တို့အား အစဉ်အလာ ဘာသာရေးလုပ်စားခြင်းမှ လွတ်မြောက်စေ ခြင်း။
            ၃။         Lutroo နှင့် ဆက်နွယ်သောစကားလုံးမှာ Lutroo ဖြစ်၍ ပြန်လည်ငွေပေးချေခြင်း သို့မဟုတ် ဖြေ လွှတ်ခြင်းဖြစ်၍ ကျွန်တစ်ဦးအား ၀ယ်ယူရသည့် တန်ဖိုးငွေကို ဖော်ပြရာတွင် အသုံးပြုပါသည်။
                        သရုပ်ဖော်ခြင်း-
                        ၁တိ ၂း၆ -           “ကိုယ်ကိုစွန့်တော်မူပြီ”
                        မာ ၁၀း၄၅-         လူသားသည် မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာ -
                        မဿဲ ၂၀း၂၈-
            ၄။         ခရစ်တော်သည် ကျွန်ုပ်တို့အား ပြန်လည်ဝယ်ယူရွေးနှုတ်ခြင်းငှာ မိမိကိုယ်ကို စွန့်ရန် ကြွလာတော်မူ လျက် ကျွန်ုပ်တို့ကို ၀ယ်ယူသည်သာမက အောက်ပါတို့မှ လွတ်မြောက်စေရန် ဖြစ်ပါသည်။
                        က။        ပညတ်တရား၏ ချည်နှောင်ခြင်းနှင့် ကျိန်ခြင်းမှ (ဂလာ ၃း၁၃)
                        ခ။         အပြစ်၏ အုပ်စိုးခြင်းနှင့် တန်ခိုးမှ ရော ၈း၂
                        ဂ။         စာတန်၏ တန်ခိုးနှင့် အုပ်စိုးခြင်း အာဏာစက်အောက်မှ (ဟေ ၂း၁၄)
                        ဃ။        ဤလောက၏ ပျက်စီးခြင်းနှင့် ကျွန်ပြုခြင်းမှ (ဂလာ၊ ၁း၎)
ဃ။      ဓမ္မသစ်ကျမ်းပါ ရွေးနှုတ်ခြင်းအကျဉ်းချုပ်
            ၁။         လူသားတို့သည် ကျွန်ပြုခြင်းခံရလျှက် အခြားသောတန်ခိုး၏ အုပ်စိုးခြင်းကို ခံရသည်။
                        (ရော ၇း၁၄။ ယော ၈း၃၄)
            ၂။         လူသည် ချည်နှောင်ခံရလျက် ကျွန်ဘ၀ဖြင့် ရောင်းချခြင်းခံနေသော ဤလောက ကျွန်ဈေးထဲသို့ ခရစ်တော်သည် ကြွရောက်လာသည်။ လူသည် နဖူးပေါ်တွင် တန်ဖိုးရေးသားခြင်းခံရလျက် ရွေးသူရှိလျှင် အရွေးခံရန် ရှိနေပါသည်။
            ၃။         ခရစ်တော်သည် ကိုယ်ဖိုးငွေကိုပေးချေလိုက်ပါသည်။ (၁ကော ၆း၂၀။ ၇း၂၃)
            ၄။         ခရစ်တော်သည် ကျွန်ုပ်တို့အား ကျွန်ဈေးမှ အဖိုးကိုပေး၍ “၀ယ်ယူ” တော်မူပါသည်။
                        ဤသို့ဝယ်ယူခြင်းကြောင့် နောက်ထပ်တစ်ဖန် ကျွန်ဈေးတွင် အရောင်းမခံရတော့ရန်ဖြစ်ပါသည်။ ဤအကြိမ်သည် နောက်ဆုံးဖြစ်ပါသည်။
            ၅။         ခရစ်တော်သည် ကျွန်ုပ်တို့ကို ၀ယ်ယူသောကိုယ်ဖိုးငွေကို ပေးတော်မူသည်သာမက (မာ၊ ၁၀း၄၅) ကျွန်ုပ်တို့ကို ပညတ်တရား၏လက်မှလည်းကောင်း၊ အပြစ်တရား၏ လက်မှလည်းကောင်း လွတ်မြောက်စေလျက် ဘုန်းကျက်သရေမင်္ဂလာတို့နှင့် ပြည့်စုံစေပါသည်။
င။       တိုက်တွန်းနှိုးဆော်ခြင်း-
            ဤသင်ခန်းစာကို လေ့လာပြီးနောက် အံ့သြဖွယ်လွတ်မြောက်ခြင်းအကြောင်းသည် သင့်နှလုံးကို ပြည့်စေလျက် သင်ရရှိသော လွတ်မြောက်ခြင်းအတွက် ၀မ်းမြောက်လျက်နေပါ။ ဤမှန်ကန်သော သစ္စာတရားကို သင်၏နေ့စဉ်အသက်တာတွင် ကျင့်သုံးပါ။ ရွေးနှုတ်ခြင်းခံရသော အခွင့်အရေးကို နေ့စဉ်ကျင့်သုံးလျက် လက်တွေ့ခံစား ရမည်ဖြစ်ကြောင်း သတိပြုပါ။ သင်သည် အမှန်ပင်ရွေးနှုတ်တော်မူခြင်းကို ခံရလျက် လွတ်မြောက်ပြီးသူဖြစ်ကြောင်း သူ၏ အသက်တာအားဖြင့် သူတစ်ပါးသိပါစေ။
မေးခွန်းများ
၁။         ရွေးနှုတ်ခြင်းဟူသော ယုံကြည်ချက်သည် သဘောပေါက်နားလည်ရန်ထက် လက်တွေ့ခံစားရန် ပို၍ အရေး ကြီးကြောင်း အတိုချုံး၍ရေးပါ။
၂။         ဤသင်ခန်းစာအရေးကြီးကြောင်း အခြေခံအချက်ကား အဘယ်သို့နည်း။
၃။         ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်သည် ဣသရေလလူမျိုးတို့၏ ရွေးနှုတ်သောသခင်အဖြစ်ပေါ်လွင်လျက် ရှိပါသည်။
            က။        ရွေးနှုတ်သောသခင်ဆိုရာ၌ မည်သည့်စကားလုံးကို ဘာသာပြန်ထားပါသနည်း။
            ခ။         ဤစကားလုံး၏ အဓိပ္ပါယ်နှင့်အခြေခံ အယူအဆမည်သို့နည်း။
၎။         Kinsman-Redeemer သို့မဟုတ် ရွေးနှုတ်ခြင်းတွင် အခြေခံအချက် ၂ချက်ရှိပါသည်။
            က။        ထို ၂ချက်ကိုဖော်ပြပါ။
            ခ။         ထိုနိယာမတရား သို့မဟုတ် ခံယူချက်တွေ့ရှိရသော ကျမ်းညွှန်းကိုဖော်ပြပါ။
၅။         ဤရွေးနှုတ်ပိုင်သူအမျိုးသားချင်း၏ အလုပ်များကို မိမိကိုယ်ပိုင်စကားဖြင့်ရေးပြပါ။
၆။         ရွေးနှုတ်ခြင်းနှင့် ပတ်သက်၍ နှလုံးသွင်းအပ်သော အချက်(၄)ချက်ဖော်ထုတ်ထားပါသည်။ ကျမ်းညွှန်း နှင့်တကွ ဖော်ပြပါ။
၇။         ရုသ၀တ္ထုတွင် ရွေးနှုတ်ပိုင်သူအမျိုးသားချင်းနှင့် ပတ်သက်၍ တိကျသော နမူနာတွေ့ရပါသည်။ ဗောဇသည် ရုသ၏ ရွေးနှုတ်ပိုင်သူ အမျိုးသားချင်းဖြစ်ကြောင်း သင့်စကားဖြင့်ပြောပြပါ။
၈။         ဤသင်ခန်းစာတွင် ဓမ္မဟောင်းကျမ်းပါ ရွေးနှုတ်ပိုင်သူအမျိုးသားချင်းအား ခရစ်တော်၏ သဏ္ဍာန်တော်ဖြစ် ကြောင်း(၄)ချက်ဖော်ထုတ်ထားပါသည်။ ခရစ်တော်သည် ထိုအချက် (၄)ချက်ကို မည်ကဲ့သို့ ပြည့်မီကြောင်း နှင့် ကိုက်ညီသော ကျမ်းညွှန်းများကိုဖော်ပြပါ။
၉။         ဓမ္မဟောင်းကျမ်းတွင် ရွေးနှုတ်ခြင်းကို နည်းလမ်း (၄)မျိုးဖြင့် ရယူနိုင်ကြောင်း တွေ့ရပါသည်။ သင်ဘယ်နှစ် ချက်ဖော်ပြနိုင်ပါသလဲ၊ ဓမ္မသစ်ကျမ်းတွင်လည်း ဤအချက်သည် မည်ကဲ့သို့ မှန်ကန်ကြောင်းကိုပါ ဖော်ပြပါ။
၁၀။       အခြေခံဂရိဘာသာစကားများဖြစ်သော Agorazo, Exagorazo, Lutroo သုံးမျိုးဖြင့် ဓမ္မသစ်ကျမ်းပါ ရွေးနှုတ် ခြင်းကို လေ့လာ၍ ဤစကားလုံးများ၏ အဓိပ္ပါယ်ကို သက်ဆိုင်ရာ ကျမ်းညွှန်းများဖြင့် ဖော်ပြပါ။
၁၁။       သမ္မာကျမ်းစာသည် လူကိုမည်ကဲ့သို့မြင်ပြီး အဘယ့်ကြောင့်လူသည် ရွေးနှုတ်ရန်လိုအပ်ပါသနည်း။
            အကျဉ်းချုံးရေးလျက် ကျမ်းညွှန်းပြပါ။
၁၂။       Agorazo တွင် ရှေ့ဆက် EX ပေါင်းထည့်ခြင်း၏ ထူးခြားချက်ကို ဂလာ ၃း၁၃ နှင့် ၄း၅ တွင် သရုပ်ဖော်ချက် အရဖော်ပြပါ။
၁၃။       Lutroo နှင့် ဆက်နွယ်သောစကားမှာ Lutron ဖြစ်လျက် “ကိုယ်ဖိုးရွေးငွေပေးခြင်း သို့မဟုတ် လွတ်မြောက် စေခြင်း”ဟုဆိုလိုပါသည်။ ကျွန်တစ်ဦးအား ရွေးယူခြင်းတန်ဖိုးကို ဆိုလိုပါသည်။ ခရစ်တော်အား ကျွန်ုပ်တို့၏ ကိုယ်ဖိုးငွေ (ရွေးဖိုး)အဖြစ် ပေးလိုက်ကြောင်း အထောက်အထားကျမ်းညွှန်း (၂)ခုကို ဖော်ပြပါ။
၁၄။       ခရစ်တော်သည် ကျွန်ုပ်တို့အား “ရွေးနှုတ်ဝယ်ယူရန်” “ပြန်လည်ရွေးနှုတ်ရန်”အတွက် အသေခံတော်မူပါ သည်။ ထို့ကြောင့် အခြေအနေ (၄)မျိုးမှ လွတ်မြောက်စေပါသည်။ ၄င်းကိုရေးလျက် ကျမ်းညွှန်းဖော်ပြပါ။
၁၅။       ခရစ်တော်သည် ကျွန်ုပ်တို့၏ ရွေးနှုတ်ရှင်ဖြစ်ကြောင်းနှင့် ခရစ်တော်လက်ဝါးကပ်တိုင်ပေါ်၌ ဆောင်ရွက်ခဲ့ သော အလုပ်သည် သင့်အတွက် မည်သို့အဓိပ္ပါယ်ရှိကြောင်း အတိုကောက်ရေးပါ။
 LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
 

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support