HCF

HCF MYANMAR IN SINGAPORE

Wednesday, August 28, 2013

ကျွန်ုပ်တို့၏ သုံးပါးတစ်ဆူ (တလုံးတ၀တည်း) ဘုရား

                                              သင်ခန်းစာ (၃၆)

(သန့်ရှင်းသော သုံးပါးတဆူဘုရားနှင့် ပတ်သက်သော ယုံကြည်ချက်များ)
The Doctrine of the Holy Trinity
နိဒါန်း
            သမ္မာကျမ်းစာ၌ ပါရှိသော ထာဝရဘုရားသည် တပါးတည်းသော ဘုရားဖြစ်သော်လည်း ပုဂ္ဂိုလ် အားဖြင့် သုံး ပါးဖော်ပြထားပါသည်။ ၄င်းတို့မှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် တို့ဖြစ်ပါသည်။ သုံးဦးအနေဖြင့် ဖော်ပြထားသော်လည်း ထာဝရဘုရားသည် တပါးတည်းသာဖြစ်ပါသည်။ ခရစ်ယာန်များအနေဖြင့် သမ္မာကျမ်းစာကို နားလည်သဘောပေါက်ရန်သော်လည်းကောင်း၊ မိမိယုံကြည် ချက်ကို အခိုင်အမာတင်ပြနိုင်ရန်နှင့် ၀မ်းမြောက်ဖွယ်သ တင်းစကားကို ထိထိရောက်ရောက်ဟောပြော တတ်စေရန်အတွက် ဤနက်နဲသောအရာများကို သေချာစွာနားလည်သ ဘောပေါက် သည်အထိ   လေးလေးနက်နက်လေ့လာဆည်းပူးရပါမည်။
Share:

ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်း

                                                သင်ခန်းစာ (၃၅)

နမိတ်လက္ခဏာ၊ ဘုန်းကျက်သရေ၊ တန်ခိုး၊ အံ့ဘွယ်သောအနှစ်တစ်ထောင်စိုးစံခြင်း။
နိဒါန်း။
                        သင်သည် ဤသင်ခန်းစာ၊ စာစဉ်များကို အစဉ်အတိုင်း လေ့ကျင့်ခဲ့ပြီး ဤသင်ခန်းစာသို့ ရောက်ရှိ လာသည် ဆိုပါက သင်၏ မှတ်သားဘွယ်ရာ အောင်မြင်မှုအတွက် သင့်အား ဂုဏ်ပြုရမည်ဖြစ်ပါသည်။ သင်သည် သင်ခန်းစာပေါင်း သုံးဆယ်ငါးခုကို လေ့လာခဲ့ပြီးဖြစ်၍ သမ္မာကျမ်းစာတွင်ပါရှိ သော အမှန်တရားများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာပြီး ဖြစ်ပါသည်။
Share:

အသင်းတော်အားချီဆောင်ခြင်း

                                                       သင်ခန်းစာ (၃၄)

နိဒါန်း
            ခရစ်တော် ဤလောကသို့ ဒုတိယအကြိမ်ကြွလာတော်မမူမီ ဖြစ်ပေါ်လာမည့်အဖြစ်အပျက်တခုကို သမ္မာကျမ်းစာက ထင်ရှားစွာ ဖော်ပြထားပါသည်။ သွန်သင်ထားပါသည်။ သမ္မာကျမ်းစာကို   လေ့လာသူများနှင့် ကျွမ်းကျင်သူများသည် ထိုအဖြစ်အပျက်ကို “အသင်းတော်အားချီဆောင်ခြင်း” ဟုရည်ညွှန်းပြောကြားကြပါသည်။ 
Share:

ကောင်းကင်ဘုံ

                                       သင်ခန်းစာ အမှတ် (၃၃)

“နိဒါန်း”
            ကောင်းကင်ဘုံတည်ရှိနေကြောင်း အတွေးအခေါ်သည်၎င်း၊ အမှန်ရှိနေခြင်းသည်၎င်း အံ့သြဘွယ်မဟုတ်ပါ။ အိပ်မက်မဟုတ်ပါ။ စိတ်ကူးယဉ်ဖန်တီးမှုလည်းမဟုတ်ပါ။ စိတ်ကူးယဉ်ဖန်တီး မှုလည်းမဟုတ်ပါ။  ဒဏ္ဍာရီလည်း မဟုတ်ပါ။ တီထွင်မှု၊ အယူသည်းမှုလည်း မဟုတ်ပါ။ ကောင်းကင်ဘုံ ဆိုသည်မှာ ၀ိညာဉ်အတွေ့ အကြုံ လည်းမဟုတ်၊ လောကသားတို့၏ စိတ်ကူးယဉ် နိဗ္ဗာန်လည်း မဟုတ်ပါ။
Share:

နောက်ဆုံးသောကာလ

                                                သင်ခန်းစာ အမှတ် (၃၂)

            ခေတ်ကာလ၏ နောက်ဆုံးသောအချိန် - နောက်ဆုံးသောကာလနှင့် ပတ်သက်သော အခြေခံပုံသေ ယုံကြည်ချက်။ ဤသင်ခန်းစာတွင် အောက်ပါအချိန်များ ပါဝင်ပါသည်။ သခင်ဘုရား၏နေ့၊ အန္တိခရစ်၊ ဘေးဒဏ်ကြီး ကာလ၊ ဒံယေလ၏ ခုနှစ်မြောက်ရက်သတ္တပတ်နှင့် အာမဂေဒုန်စစ်ပွဲကြီး။
Share:

ခေတ်အဆက်ဆက်တွင် ဘုရားသခင်၏အကြံတော်(၂)

                                                       သင်ခန်းစာ (၃၁)

ခေတ်အဆက်ဆက်တွင် ဘုရားသခင်၏အကြံတော်။
(ပဋိညာဉ်ကြီးများနှင့်ပဋိညာဉ်ငယ်များအဆက်)
နိဒါန်း
            သင်ခန်းစာ (၃၀)တွင် ဘုရားသခင်မှလူတို့နှင့် ပြုထားသော ပဋိညာဉ်များ၏အဓိပ္ပါယ်နှင့် အစုံအလင်ကို တတ် နိုင်သမျှ တင်ပြထားပြီး ဖြစ်ပါသည်။ ထိုပဋိညာဉ်များကို ခေတ်ကာလကြီးများနှင့် ယှဉ်လေ့လာခင်းကျင်းပြီးဖြစ်ပါသည်။ အနက်ဖွင့်လျက် အဓိကလက္ခဏာများနှင့်ဆက်စပ်ပြီးဖြစ်ပါသည်။ ထိုပဋိညာဉ်(၈)ပါးတို့၏ အဓိကရည်ရွယ်ချက်များကို လည်း ဖော်ပြပြီးဖြစ်ပါသည်။
Share:

ခေတ်အဆက်ဆက်တွင် ဘုရားသခင်၏အကြံတော်။

                                                  သင်ခန်းစာ (၃၀)

ခေတ်အဆက်ဆက်တွင် ဘုရားသခင်၏အကြံတော်။
(ပဋိညာဉ်ကြီးများနှင့်ပဋိညာဉ်ငယ်များ)
နိဒါန်း
            ပဋိညာဉ်ဆိုရာ၌ ဘုရားသခင်သည် လူနှင့်ပြုလုပ်ထားသောသဘောတူညီချက်ဖြစ်ပါသည်။ သမ္မာကျမ်းစာ တွင် ပဋိညာဉ်(၈)ခုကို ဖော်ပြထားပါသည်။ အချို့တို့သည် အခြေအနေပေါ်တွင်မူတည်၏။ ယာယီသဘောဖြစ်၏။ အခြား ပဋိညာဉ်များသည် အခြေအနေပေါ်တွင်မူတည်ခြင်း မရှိပါ။ ပြောင်းလဲခြင်း မရှိ။ အချို့သော ပဋိညာဉ်များသည် ပုဂ္ဂိုလ်တစ်ဦးတည်းနှင့်သာ သက်ဆိုင်ပါသည်။
Share:

ခေတ်ကာလကြီးများကိုလေ့လာခြင်း

                                                သင်ခန်းစာ (၂၉)

နိဒါန်း
            သမ္မာကျမ်းစာလေ့လာရာတွင် သမ္မာကျမ်းစာ၏ မူလစကားလုံးကိုပြောင်းလဲစေခြင်းမပြုလျှင် (သို့မဟုတ်) ဆိုလိုရင်းကို မပြောင်းလဲစေလျင်၊ နားလည်လွယ်သောသဘော၊ ပို၍လွယ်သောအဓိပ္ပါယ်ဖြင့် လေ့လာနိုင်ပါသည်။ သမ္မာကျမ်းစာ ကို ခေတ် ကာလအပိုင်းအခြားအလိုက် ခွဲခြားလေ့လာရာတွင်လည်း ဝေဖန်သူများရှိပါသည်။ အထူး သဖြင့် Liberal ခေါ် လူတို့၏ဥာဏ်ဖြင့် အနက်ဖွင့်လိုသူများ၊ အနှစ်တထောင်မရှိဝါဒီများ၊ ကတိတော်ဝါဒီများထံမှ ဝေဖန်မှု ခံရမည်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်များ၏ဝေဖန် ချက် များကိုလည်း ကြိုးစား၍ အဖြေပေးသွားပါမည်။
Share:

အသင်းတော်

                                             သင်ခန်းစာ (၂၈)

နိဒါန်း
            ဓမ္မသစ်ကျမ်းရှိသြ၀ါဒစာကျမ်းများတွင်ဖော်ပြထားသောခရစ်တော်၏ “ကိုယ်ခန္ဓာတော်” “သတို့သမီး” တို့ကို ဒေသန္တရအသင်းတော်ကဲ့သို့ သွန်သင်ဟောပြောသော သင်းအုပ်ဆရာ၊ ဧ၀ံဂေလိဆရာ များစွာရှိပါသည်။ သမ္မာကျမ်းစာ တွင် ဒေသန္တရအသင်းတော်ရှိကြောင်း ရှင်းလင်းစွာအသိအမှတ်ပြု ထားသော်လည်း အသင်းတော်နှင့် အသင်းတော်များ တို့ သည်များစွာကွာခြားလှပါသည်။ ထိုအသင်းတော် ကို “အခြားကာလတို့၌လူမျိုးတို့အားဖော် ပြတော်မမူ”ခဲ့ပါ။ ဧ၊ ၃း၅။
Share:

ဗတ္တိဇံအကြောင်း

                                               သင်ခန်းစာ (၂၆)

နိဒါန်း
            ဤသင်ခန်းစာတွင် ခရစ်ယာန်ဗတ္တိဇံ။ အဓိပ္ပါယ်သဘောသဘာဝနှင့် အရေးကြီးပုံတို့ကို ဖော်ပြထားပါသည်။ ဤဗတ္တိဇံ မင်္ဂလာသည် ၀ိညာဉ်တော်နှစ်ခြင်း သို့မဟုတ် သင်ခန်းစာ (၂၁၊၂၂၊၂၃) တို့တွင် လေ့လာခဲ့ရသော သန့်ရှင်း သောဝိညာဉ်တော် အကြောင်းမဟုတ်ပါ။ ဤသင်ခန်းစာတွင် ရေ၌ပေးသော ဗတ္တိဇံမင်္ဂလာနှင့် ကျင့်သုံးမှုအကြောင်း ဖော်ပြမည်ဖြစ်ပါသည်။ ဗတ္တိဇံနှင့်ပတ်သက်၍၊ အချို့သောဒဏ္ဍာရီသဘောသက် ရောက်လျက် မှားယွင်းနေသော ကျင့် သုံးမှုအချို့ကိုလည်းဖော်ပြပါမည်။ သို့ရာတွင် သခင်ဘုရားကိုယ်တော် တိုင်ရှင်းလင်းစွာမိန့်မှာသောအချက် ယုံကြည်သူ တိုင်းမဖြစ်မနေလုပ်ဆောင်ရမည်။
Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support