HCF

HCF MYANMAR IN SINGAPORE

Thursday, October 28, 2010

ရှင်းလင်းကြည်လင်သောသြတ္တပ္ပစိတ်ကို မည်သို့ရနိုင်မည်နည်း(၂)

How To Gain A Clear Conscience Part 2

Practical Christian Living Course IV

Lesson 8


အဓိကကျမ်းပုဒ် ။ ။ ပေါလုသည် လွှတ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု၍၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကိုပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံသည် ကိုယ်၌အပြစ်တင်ခွင့်နှင့် ကင်းလွတ် လျက် ပြုပါသည်ဟု ပြောဆိုသော်"" တမန် ၂၃း၁

ရှင်းလင်းကြည်လင်သော သြတ္တပ္ပစိတ်ရှိရန် မည်မျှအရေးကြီးသည်ကို ကျမ်းစာထဲတွင် များစွာပြောပြ ထားသည်။

· ယုံကြည်ခြင်းအတွက် ရှင်းလင်းကြည်လင်သော သြတ္တပ္ပစိတ်ကို မရှိမဖြစ် လိုအပ်သည်။ ပေါလုက ""ယုံကြည်ခြင်းနှင့် ကောင်းသော သြတ္တပ္ပ စိတ်ကို ကိုင်ဆွဲထားကြောင်း""ကို ပြောပြထား သည်။ ကျွန်ုပ်တို့၏ု သြတ္တပ္ပစိတ်ထဲတွင် ကျွန်ုပ်တို့အပြစ်ရှိသည်ဟု ခံစားရသောအခါ၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမှာလည်း အားနည်းသွား၍ ထိရောက်မှုမရှိတော့ပါ။

· ကျွန်ုပ်တို့၏ ဆုတောင်းချက်များ အဖြေရရန်အတွက် ရှင်းလင်းကြည်လင်သော သြတ္တပ္ပစိတ်ကို မရှိမဖြစ် လိုအပ်သည်။ ကျမ်းစာက ""ချစ်သူ တို့၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်လျှင်၊ ဘုရားသခင် ရှေ့တော်၌ ရဲရင့်သောအခွင်ရှိကြ၏။ ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက်၍ နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သောကြောင့် ဆုတောင်းသမျှတို့ကို ဘုရားသခင်ထံတော်မှ ရကြ၏။""ဟုဆိုသည်။ ၁ယော ၃း ၂၁-၂၂

· ကျန်းမာရေးကောင်းရန်အတွက် ရှင်းလင်းကြည်လင်သော သြတ္တပ္ပစိတ်ကို မရှိမဖြစ် လိုအပ်သည်။ ကျွ့န်ုပ်တို့ ၏ သြတ္တပ္ပစိတ်က ကျွန်ုပ်တို့ကို အပြစ် ရှိ သည်ဟု ပြောနေပါက၊ ကျွန်ုပ်တို့သည် အလွန်လေးလံသော အရာ တစ်ခုကို ""မ"" ထားရသကဲ့သို့ဖြစ်နေပေမည်။

· ကျွန်ုပ်တို့သည် မှန်ကန်သော ပေါင်းသင်း ဆက်ဆံမှုကို တည်ဆောက်လိုပါက၊ ရှင်းလင်းကြည်လင်သော သြတ္တပ္ပစိတ်ကို မရှိမဖြစ် လိုအပ် သည်။ ကျွန်ုပ်တို့သည် အခြားသူများကို ကသိကအောက်ဖြစ်စေ၊ နာကျင်စေခဲ့သော အချိန်များရှိခဲ့ဖူးပေမည်။ ကျွန်ုပ်တို့သည် သူတို့၏ လေးစားမှုကို ဆက်လက်ရရှိလို၍ ဆက်ဆံမှုကို ထိန်းသိမ်းထားလိုပါက၊ သူတို့နှင့်ပြန်လည်သင့်မြတ်အောင် လုပ်ရမည်။

· ထိရောက်မှုရှိစွာ သက်သေခံနိုင်ရန်အတွက် သန့်ရှင်းသော သြတ္တပ္ပစိတ်ကို မရှိမဖြစ် လိုအပ်သည်။ သင်သည် တစုံတဦးအပေါ်တွင် အပြစ် ကျူးလွန်ခဲ့ပြီး သူနှင့်ပြန်လည်သင့်မြတ်ရန်အတွက် ကြိုးစား အားထုတ်မှု လုံးဝမရှိပါက၊ သင်သည် ထိုသူအားထိရောက်စွာ သက်သေခံနိုင်မည်မဟုတ်ပါ။

· အားလုံးထဲမှ အရေးကြီးဆုံးမှာ ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့ခြင်း၌ ၀မ်းမြောက်နိုင်ရန်အတွက် ရှင်းလင်းကြည်လင်သော သြတ္တပ္ပစိတ် ကို မရှိမဖြစ် လိုအပ်ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သင့်မြတ်ရုံမက ဘ၀တူလူများနှင့်လည်းသင့်မြတ်ရမည်။ ကျွန်ုပ်တို့၏သြတ္တပ္ပစိတ် ထဲ တွင် ကျွန်ုပ်တို့ အပြစ်ရှိသည် ဆိုသော အသေးငယ်ဆုံးသော စွပ်စွဲချက်လေးတောင်မှ ကျွန်ုပ်တို့ နှင့် ဘုရားသခင်၏မိတ်သဟာယဖွဲ့ခြင်းကို အနှောင့် အယှက် ပေးမည်ဖြစ်သည်။


သြတ္တပ္ပစိတ်သည် မည်သို့ အလုပ်လုပ်သနည်း?

ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်မှာ ဘုရားသခင်က သူ့အလိုတော်နှင့် သန့်ရှင်းမှုကို ဖော်ပြရာနေရာဖြစ် သည်။ ဤနေရာ၌ ဘုရားသခင်က ကိစ္စတခု နှင့် စပ်လျဉ်း၍ သူ၏စိတ်တော်ကို ဖော်ထုတ်ပြသသည်။ အမှုကိစ္စနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ အလိုတော်မှာ မည်သို့ဖြစ်သည်ကို ကျွန်ုပ်တို့၏ သြတ္တပ္ပ စိတ် ထဲတွင် သိရှိသည်နှင့်တပြိုင်နက်၊ ကျွန်ုပ်တို့နာခံရမည်။

ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်မှာ ကျွန်ုပ်တို့စိတ်ဝိညာဉ်အတွက် " ပြတင်းပေါက် " ကဲ့သို့ဖြစ်သည်။ ဤ "ပြတင်းပေါက်" ကို ဖြတ်၍၊ ဘုရားသခင်၏ အလင်းတော်သည် ၀င်ရောက် ထွန်းလင်းပြီး ကျွန်ုပ်တို့၏ အတွင်းလူကို သူ၏အလင်းတော်နှင့် သမ္မတရားအားဖြင့် ပြည့်နှက်စေသည်။ အကယ်၍ ကျွန်ုပ်တို့သာ ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်ကို နာခံပါက၊ "" ပြတင်းပေါက် "" သည် ရှင်းလင်းကြည်လင်ခြင်းနှင့် ပို၍ ထိုးဖေါက်မြင်နိုင်ခြင်းရှိပြီး ဘုရားသခင်၏ အလင်းတော် သည် ပို၍ ပို၍ တောက်ပစွာ ၀င်ရောက်ထွန်းလင်းနိုင်မည် ဖြစ်သည်။

အကယ်၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်ကို မနာခံဘဲ ဤစိတ်၏ အပြစ်တင်မှုကို လည်း မကိုင်တွယ်မဖြေရှင်းပါက၊ ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်သည် ပြတင်းပေါက်တခုကဲ့သို့ ညစ်ပတ်လာပြီး ကြည်လင်မှုရှိတော့မည် မဟုတ်ပါ၊ အပြစ်များတိုးတက် ပွားများလာသည် နှင့်အမျှ၊ ဖုန်များနှင့် မဲညစ်မှုများသည်လည်း တိုးပွားလာမည်ဖြစ်သောကြောင့်၊ ဘုရားသခင်၏ အလင်းတော်မှာ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်အတွင်းသို့ ၀င်ရောက်နိုင်ရှာ တော့ မည်မဟုတ်ပါ။

အကယ်၍ ယုံကြည်သူတဦးသည် သူ၏သြတ္တပ္ပစိတ်ကို ဆက်လက်မနာခံမြဲ မနာခံပါက သူ့စိတ်နှလုံးသည် အပြစ်ပြုရာ၌ အပြစ်ရှိသည်ဟုပင် မခံစားရသောအဖြစ်သို့ တနေ့တွင် ရောက်ရှိလာပေလိမ့်မည်။ ဤအခြေ အနေသည် ခရစ်ယာန်တိုင်းအတွက် ကြေကွဲဝမ်းနည်းဖွယ် အခြေအနေ တစ်ရပ် ဖြစ်သည်။ ကျမ်းစာက "" ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်၊ --- ဒုစရိုက်၏ လှည့်ဖျားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှာ၊ ယနေ့ ဟူ ၍ ခေါ်ဝေါ်သော အချိန်၊ နေ့တိုင်း အစဉ်အချင်းချင်း တယောက်ကို တယောက်တိုက်တွန်း တိုးဆော်ကြလော့။ "" ဟုဆိုသည်။ ဟေဗြဲ၊ ၃း၈၊၁၃။


သင်၏သြတ္တပ္ပစိတ်ကို မည်သို့နာခံမည်နည်း?

ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်သည် အတိတ်နှင့် အနာဂတ် နှစ်ခုစလုံးကို ကိုင်တွယ်သည်။ ကျွန်ုပ်တို့ အမှားတခုခုလုပ်ပါက ဤစိတ်က ကျွန်ုပ်တို့ကို အပြစ်ပြရုံသာမက သခင်မနှစ်မြို့စေသော အရာတစုံတခု ကို ကျွန်ုပ်တို့ လုပ်မိဆဲဆဲတွင်လည်း မလုပ်မိစေရန် ဤစိတ်က သတိပေးသည်။ သင်၏ သြတ္တပ္ပစိတ်ကို နာခံရာ၌ သင်လိုက်နာရမည့် စည်းမျဉ်း (၂)ခုရှိသည်။

(၁) အကယ်၍ သင်သြတ္တပ္ပစိတ်က တစုံတခုကို သင်လုပ်လိုခြင်းသည် မှားယွင်းသည်ဟုသတိပေးပါ က ထိုအရာကို မလုပ်ပါနှင့်။

(၂) အကယ်၍ သင်သည် အမှားတခုခုကို ပြုလုပ်ခဲ့ပြီးပါက၊ ထိုအပြစ်ကို ချက်ခြင်းဝန်ချတောင်းပန်ပြီး ခရစ်တော်၏ အသွေးတော်ကို တောင်းခံ ရ ယူပါ။

သင်၏သြတ္တပ္ပစိတ်ထဲတွင် ဘုရားသခင် ပြသသောမည်သည့်အရာကိုမဆိုလုပ်ပါ။ နာခံခြင်း၏နေရာကို မည်သည့်အရာကမှ ၀င်မယူနိုင်ပါ။ ကျွန်ုပ်တို့ သူ့ကို နာခံရမည်ဟု သခင်က အခိုင်အမာဆိုထားသည်။


ကျွန်ုပ်တို့၏သြတ္တပ္ပစိတ်ကို ကျွန်ုပ်တို့၏ဥာဏ်ပညာက ကန့်သတ်ထားသည်။

ဘုရားသခင်၏ အမြင်၌ မည်သည့်အရာက မှန်လဲ၊ မည်သည့်အရာက မှားလဲဆိုတာကို မည်သို့ သိ နိုင်မည်နည်း? ကျွန်ုပ်တို့ သိနိုင်မည့်


နည်းလမ်း တစ်ခုမှာ သူ၏နှုတ်ကပတ်တော်ထဲတွင် သူ ပြောထားသော အရာများကို ဖတ်ရှုခြင်းအားဖြင့် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က အရာတစုံတခုသည် မှန်ကြောင်းပြောပါက၊ ထိုအရာသည် မှန်ကန်သည်ကို ကျွန်ုပ်တို့သိကြရသည်။ အကယ်၍ သူ့နှုတ်ကပတ်တော်က အရာတစုံတခု သည် မှားယွင်းသည်ဟု ပြောပါက၊ ထိုအရာသည် မှားယွင်းသည်ကို ကျွန်ုပ်တို့ သိကြရသည်။

သို့သော် ယေဘုယျအားဖြင့်ပြောဆိုပါက၊ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရခါစ၌ ကျမ်းစာအကြောင်း ကို အများကြီးမသိကြပါ။ အပြစ် ဖြစ်သည်ဟု သမ္မာကျမ်းစာက ပြောထားသောအရာများစွာသည် ကျွန်ုပ်တို့ ၏ ဘ၀ထဲတွင် ရှိနိုင်ပါသည်။ သို့သော်ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မသိနားမ လည်ပါက၊ ထိုအရာများသည် အပြစ်များဖြစ်ကြောင်းကို နားလည်ကြမည်မဟုတ်ပါ။

သခင်က ဘာကိုလုပ်သနည်း? သူကကျွန်ုပ်တို့၏ အပြစ်များကို တခုချင်းစီ စတင်ပြသသည်။ သခင်သည် ကျွန်ုပ်တို့အပေါ် ဂရုဏာတော် ကြွယ်ဝ လှသည်။ ကျွန်ုပ်တို့၏ အပြစ်အားလုံးကို တကြိမ်တည်း ဖြင့်မပြသပါ။ ဤသို့လုပ်ခြင်းသည် ကျွန်ုပ်တို့ကို စိတ်ဓာတ်ကျသွားစေနိုင်သည်ကို သူသိသည်။ ထိုသို့လုပ် မည့်အစား၊ ကျွန်ုပ်တို့၏အပြစ်များကို တစ်ခုပြီးမှတစ်ခု ကျွန်ုပ်တို့ကို ဖော်ပြသည်။

အံ့သြ၀မ်းမြောက်ဖွယ်သမ္မာတရားမှာ အောက်ပါအတိုင်းဖြစ်သည်။ ကျွန်ုပ်တို့ဘ၀ထဲရှိ ကျွန်ုပ်တို့မသိသော အပြစ်တစ်ခုသည် သခင်နှင့် ကျွန်ုပ်တို့၏ မိတ်သဟာယကို နှောင့်ယှက်တားဆီးမည်မဟုတ်ပါ။ ကျွန်ုပ်တို့ သိသောအရာများသည် သူ၏အလိုတော်ဖြစ်ကြောင်းကို သေချာစေပြီး ထိုအရာတို့ကို နာခံရုံမက ဘုရားသခင်က အပြစ်ဟုသတ်မှတ်သော အရာများကို စွန့်လွှတ်ပါက၊ သူနှင့်ပြီးပြည့်စုံစွာ မိတ်သဟာယဖွဲ့နိုင်မည်ဖြစ်သည်။ ကျမ်းစာက ""ဘုရားသခင်သည် အလင်း၌ ရှိတော်မူ သကဲ့သို့၊ ငါတို့သည် အလင်း၌ ကျင်လည်လျင် အချင်းချင်းမိတ်သဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်တော်၏အသွေးတော်သည်၊ ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏""ဟုဆိုသည်။ ၁ယော ၁း ၇

""အလင်းတော်၌ကျင်လည်သည်""၏ ဆိုလိုရင်းမျာ ကျွန်ုပ်တို့တွင်ရှိသောအလင်းကို နာခံသည်ဟုဆို လိုခြင်းဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့တွင်ရှိသော အလင်းကို နာခံပါက၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၌ ၀မ်းမြောက်နိုင်မည်ဖြစ်သည်။

ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းနှင့် စပ်လျဉ်း၍ အရေးကြီးသောအရာမှာ သူ့ အလိုတော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ သဘောထား ပင်ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံဖို့ရန်အတွက် ရိုးသားစွာဆန္ဒရှိပါက၊ ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာ၏ အစအဦး၌ပင် သူနှင့်ပြီးပြည့်စုံသော မိတ်သဟာယဖွဲ့မှုကို ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့၏ဘ၀ထဲတွင် အပြစ်များစွာရှိနိုင်သော်လည်း၊ ထိုအပြစ်များကို ကျွန်ုပ်တို့မသိပါက၊ ထိုအပြစ်တို့သည် အဖိုးထိုက်လှစွာသောခရစ်တော်၏ အသွေးတော် ဖုံးအုပ်မှုအောက်၌ ရှိနေကြသည်။

အခြားတဖက်၌၊ ကျွန်ုပ်တို့၏ဘ၀ထဲရှိ အပြစ်တခုခုကို ဘုရားသခင်ကပြသပါက၊ ထိုအပြစ်ကို ၀န်ချတောင်းပန်ရန်နှင့် စွန့်လွှတ်ရန်အတွက် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။ ကျွန်ုပ်တို့၏သြတ္တပ္ပစိတ်ထဲ တွင် ကျွန်ုပ်တို့အပြစ်ရှိသည်ဟု ပြောခြင်းကို မသိသလိုနေ၍ ထိုအပြစ်ကို ဆက်လက် တည်တံ့ စေပါက သခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကို ဆုံးရှုံးမည်ဖြစ်သည်။

ကျွန်ုပ်တို့သည် အခြားယုံကြည်သူများနှင့် ပေါင်းသင်းဆက်ဆံရာ၌ သိထားရမည့်အရာမှာ ဘုရားသခင်၏ သားသမီးများ၌ရှိသော ဥာဏ်ပညာ ပမာဏသည် တယောက်နှင့်တယောက်မတူညီကြပါဆိုသော အချက်ဖြစ်သည်။ အခြားသောယုံကြည်သူများက အလွန်ကြီးလေးသော အပြစ်ဟု သတ်မှတ်သောအပြစ်များကို အချို့သောယုံကြည်သူများက အပြစ်ဟုပင်မထင်ကြပါ။ ကျွန်ုပ်တို့သိသောအရာများကို မသိသူများအား မငြင်းပယ်သင့် သလို မစီရင်သင့်ပါ။ ထိုသို့လုပ်မည့်အစား၊ သူတို့အတွက် ဆုတောင်းပေးသင့်၍ ကူညီပေး ရန်ကြိုးစားသင့်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့မသိသော အပြစ်များအတွက် ကျွန်ုပ်တို့ကို မငြင်းပယ် ခဲ့ပါ။ ထိုကဲ့သို့ပင်ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့ညီအစ်ကိုမသိသော အပြစ်များအတွက် သူကို မငြင်းပယ် သင့်ပါ။


သင်၏သြတ္တပ္ပစိတ်ကို နှုတ်ပိတ်ရန် (သို့) ပယ်ဖျက်ရန် မကြိုးစားပါနှင့်။

သင်၏သြတ္တပ္ပစိတ်က သင့်ကိုစကားပြောသောအခါ၊ သင်လုပ်ရမည့် စည်းမျဉ်းနှစ်ခုကို ဖော်ပြခဲ့ပြီး ခဲ့ပြီဖြစ်သည်။ ၄င်းတို့ကို ထပ်ပြောပါမည်။

(၁) အကယ်၍သင့် သြတ္တပ္ပစိတ်က တစုံတခုကို သင်လုပ်လိုခြင်းသည် မှားယွင်းသည်ဟု သတိပေး ပါက၊ ထိုအရာကိုမလုပ်ပါနှင့်။

(၂) အကယ်၍ သင်သည်အမှားတစ်ခုခုကို ပြုလုပ်ခဲ့ပြီးပါက၊ ထိုအပြစ်ကို ချက်ချင်း ၀န်ချတောင်း ပန်ပြီး ခရစ်တော်၏ အသွေးတော်ကိုရယူပါ။

စိတ်မကောင်းစွာပင်၊ ခရစ်ယာန်များစွာတို့သည် ဤရိုးရှင်းလှသော စည်းမျဉ်း(၂)ခုကိုပင် မလိုက် နိုင်ကြပါ။ လိုက်နာရမည့်အစား၊ သူတို့၏ သြတ္တပ္ပစိတ်ကို နှုတ်ပိတ်ရန် ကြိုးစားတတ်ကြသည်။ ထိုသို့ နှုတ်ပိတ်နိုင်ရန်အတွက် အောက်ပါနည်း (၂)ခုထဲမှ တခုခုကို အသုံးပြုလေ့ရှိကြသည်။


(၁) သူတို့၏ သြတ္တပ္ပစိတ်နှင့် ငြင်းခုန်ကြခြင်းအားဖြင့်။

တစ်စုံတစ်ဦးက တစ်စုံတစ်ခုသည် သင့်တင့်မျှတမှုရှိသည်ဟု သူထင်သောကြောင့် ထိုအရာသည် ကောင်းပါသည်ဟု မိမိကိုယ်ကို ယုံကြည်စေ လေ့ရှိသည်။ သူက အခြားသူများ လုပ်နေသည့်အရာများကို ညွှန်ပြမည်ဖြစ်ပြီး သူထင်တာသည် မှန်ကန်ကြောင်း လူတစ်ဦးက သဘောတူပေးရန်အတွက် အခြားယုံ ကြည်သူတစ်ဦးဦးနှင့်လည်း ဤအရာကို ပြောဆိုဆွေးနွေးမည်ဖြစ်သည်။

အခြားသူတစ်ဦး၏ အမြင်သဘောထားက ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်ကို ချေဖျက်စေရန် ခွင့်မပြုပါ နှင့်။ သင်သည်သတ်မှတ်ထားသောအရာ တစ်စုံတစ်ခုကို ပြုလုပ်ခြင်းသည် သူအမြင်အားဖြင့် ပြီးပြည့်စုံစွာ ကောင်းမွန်ပါသည်ဟု တစ်ဦးဦးက ပြောလိမ့်မည်။ သို့သော် ထိုအရာကိုလုပ်ခြင်းသည် မှားယွင်းသည်ဟု သင်သြတ္တပ္ပစိတ် (သိစိတ်)ကပြောနေပါက၊ ထိုအလုပ်ကိုလုပ်ခြင်းသည် သင့်အတွက်မှားယွင်းသည်။ ဘုရားသခင်၏အလိုတော် မဟုတ်ပါ ဟူ၍ သင်ယုံကြည်သောအရာများကို ဘယ်အချိန်တွင်မဆို မလုပ်ပါနှင် ကျမ်းစာက ""ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏""ဟု ဆိုသည်။ ရော ၁၄း၂၃

ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်နှင့် ကျွန်ုပ်တို့ မငြင်းခုန်နိုင်သည်ကို ကျွန်ုပ်တို့နားလည်ရမည်။ တစ်စုံ တစ်ခုနှင့် ပတ်သက်၍ ဘုရားသခင်က မည်သို့ထင်မြင်လဲဆိုတာကို ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်က ပိုင်းခြား နားလည်သည်။ ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်က တစ်စုံတစ်ခုသည် မှားသည်ဟုပြောပါက၊ ကျွန်ုပ်တို့အတွက် ထိုအရာသည်မှားသည်။ ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်သည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏အလိုတော်ကို ကိုယ်စားပြု ဖော်ပြ သောကြောင့် မိမိတို့၏ သြတ္တပ္ပစိတ်ကို နှုတ်ပိတ်ရန် လုံးဝမကြိုးစားပါနှင့်။

(၂) ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းအားဖြင့်

တစ်စုံတစ်ဦးသည် သူ၏ သြတ္တပ္ပစိတ်ကို တိတ်ဆိတ်စေသည့် ဒုတိယနည်းလမ်းတစ်ခုမှာ ကောင်းမှုကုသိုလ်များစွာ ပြုလုပ်ခြင်း အားဖြင့် ဖြစ်သည်။ သူသည် ဘုရားသခင်ကို မနာခံသော်လည်း၊ ဘုရားသခင် က သူ့ကိုလုပ်ရန်ပြောထားသောအရာတို့လောက် ကောင်းအောင်လုပ်နေသည် (သို့) ထိုထက်ပင်ပို၍ ကောင်းအောင်လုပ်နေသည်ဟု သူထင်လိမ့်မည်။


ဘုရားသခင်၏ အမှုတော်၌ပေးလှူခြင်းအားဖြင့်ဖြစ်စေ၊ အခြားသူများကို ကူညီမစခြင်းအားဖြင့် ဖြစ်စေ၊ အခြားသောကောင်းမှုများကို ပြုလုပ်ခြင်းအားဖြင့်ဖြစ်စေ၊ သူ၏ သြတ္တပ္ပစိတ်ကို နှုတ်ပိတ်ရန် သူသည် ကြိုးစားလိမ့်မည်။ သူသည် မိမိကိုယ်ကို အလွန်ပင်ကျေနပ်နှစ်သက်၍ သူ၏ လုပ်ဆောင်မှုများသည် အလွန်ပင် အဖိုးထိုက်တန်သည်ဟု ထင်ချင်ထင်လိမ့်မည်။ သို့သော် ဘုရားသခင်၏အမြင်၌ ထိုအရာ တို့သည် တန်ဖိုးမရှိသည့် အကြောင်းမှာ သူသည်နာခံမှုမရှိသောကြောင့်ဖြစ်သည်။

သြတ္တပ္ပစိတ်က ကျွန်ုပ်တို့၏ နာခံမှုကို ရိုးရှင်းစွာပင် လိုအပ်သည်။ အခြားမည်သည့်အရာကမှ ဘုရားသခင်ကို မနှစ်သက်စေပါ။ ဘုရားသခင်က ကျွန်ုပ်တို့သူ၏အမှုတော်၌ မည်မျှပေးလှူသည်။ မည်မျှ ကောင်းမှုလုပ်သည်ကို မကြည့်ပါ။ ကျွန်ုပ်တို့၏ နာခံခြင်းတစ်ခုတည်းကိုသာ ကြည့်သည်။ နာခံခြင်း၏ နေရာကို မည်သည့်အရာကမှ ၀င်မယူနိုင်ပါ။ ကျွန်ုပ်တို့၏ နာခံခြင်းတစ်ခုတည်းကိုသာကြည့်သည်။ နာခံ ခြင်း၏ နေရာကိုမည်သည့်အရာကမှ ၀င်မယူနိုင်ပါ။ ကျမ်းစာက ""...အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုး ထက်သာ၍ကောင်း၏""ဟု ဆိုသည်။ ၁ရာ ၁၅း ၂၂


ကျွန်ုပ်တို့သည် စာတန်၏အပြစ် စီရင်မှုကို ရှောင်ကြဉ်ရမည်။

သန့်ရှင်းစင်ကြယ်သော သြတ္တပ္ပစိတ်ကို ရရှိရန် ကြိုးစားရှာဖွေရာ၌၊ စာတန်သည် ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်ကို တိုက်ခိုက်လာနိုင်သည် ဆိုသော အချက်ကို သတိပြုမိရမည်။ ကျွန်ုပ်တို့ကို စွပ်စွဲပြီး အပြစ်ရှိ ကြောင်း စီရင်ချက်ချခြင်းအားဖြင့် စာတန်သည် ဤအမှုကို ပြုလုပ်သည်။

စာတန်က ကျွန်ုပ်တို့၏ စိတ်အတွင်းသို့ ဤသို့သောအတွေးများကို ထည့်နိုင်ရန် ကြိုးစားလိမ့်မည်။ ""မင်းထပ်ပြီး ရှုံးနိမ့်ကျဆုံးပြန်ပြီ။ ဒီလိုပဲ အမြဲမင်းနေမှာပါ။ မင်းဟာ ရှုံးနိမ့်ကျဆုံးမှုတစ်ခုကလွဲလို့ ဘာမှ ကို မဟုတ်ပါဘူး။ အမြဲဒီလိုပဲ မင်း ရှုံးနိမ့်ကျဆုံးနေမှာပါ။ ဘုရားသခင်က မင်းလို လူမျိုးကို လဲ မချစ်နိုင်ပါ ဘူး။""

စာတန်တိုက်ခိုက်မှုက ဘ၀ကိုရင်မဆိုင်ရဲလောက်အောင် ကျွန်ုပ်တို့အားပျော့ခွေသွားစေနိုင်သည်။ ဤအကြောင်းကြောင့်၊ သူ၏လုပ်ဆောင်မှု ကို သတိပြုမိရန် အလွန်ပင်အရေးကြီးသည်။ ကျွန်ုပ်တို့သည် စာတန်၏အပြစ်ရှိကြောင်းစီရင်ချက်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အပြစ်ပြမှုတို့ကို ခွဲခြား သိရှိရမည်။ စာတန်၏လုပ်ဆောင်မှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အပြစ်ပြမှုတို့ကို ခွဲခြားသိရှိနိုင်မည့်နည်းလမ်း အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

· စာတန်၏စွတ်စွဲချက်တို့မှာ အဆက်မပြတ် တ၀ဲလည်လည်ဖြစ်နေလေ့ရှိသည်။

သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်တို့၏အမှားများကို ရှင်းလင်းစွာ မြင်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ဥာဏ်ကိုပွင့်စေသည်။

· စာတန်၏စွပ်စွဲချက်တို့မှာ ကျွန်ုပ်တို့ကို နာကျင်စေရန်နှင့် ဖြိုချဖျက်ဆီးရန်သာဖြစ်သည်။

သန့်ရှင်းသောဝိညာဉ်တော်၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ကို တည်ဆောက်ပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်များကို ၀န်ချတောင်းပန်နိုင်ရန်၊ စွန့်လွှတ်နိုင်ရန်နှင့် ဘုရားသခင်၏ တရားလမ်း၌ လျှောက်နိုင်ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်က အပြစ်များကို ဖော်ထုတ်ပြသပေးခြင်းဖြစ်သည်။

· ကျွန်ုပ်တို့သည် အပြစ်ကို ၀န်ချပြီးတာတောင်မှ စာတန်၏ စွပ်စွဲချက်များသည် ကျွန်ုပ်တို့ထံဆက် လက်၍ရောက်လာနေမည်ဖြစ်သည်။

အပြစ်ပြခြင်းသည် သန့်ရှင်းသောဝိညာဉ်ထံမှသာဖြစ်ပါက၊ ကျွန်ုပ်တို့သည် ထိုအပြစ်ကို ဘုရား သခင်ထံဝန်ချတောင်းပန်သောအခါ၊ သူသည် ကျွန်ုပ်တို့၏အပြစ်ကို လွှတ်ပေးပြီးနောက်၊ ထိုကိစ္စနှင့်ပတ် သက်၍ သန့်ရှင်းသောဝိညာဉ်တော်က နောက်ထပ်အပြစ်မပြ မစီရင်တော့ပါ။

တခါတရံ စာတန်က ယုံကြည်သူတဦးအား သူကျူးလွန်ခဲ့သောအချို့သော အပြစ်များအတွက် သူ့ကို အပြစ်လွှတ်ပေးရန် မဖြစ်နိုင်ပါဟု ပြောဆိုခြင်းအားဖြင့် ယုံကြည်သူကို တိုက်ခိုက်သည်။ ဤအရာကို ယုံခြင်းသည် လိမ်ညာမှုတစ်ခုကို ယုံခြင်းသာဖြစ်သည်။ ဤကမ္ဘာပေါ်တွင် ခွင့်မလွှတ် နိုင်လောက်အောင် ကြီးသောအပြစ်မရှိပါ။ ကျမ်းစာက ""ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော် သည်၊ ငါတို့အပြစ်ရှိသမျှတို့ကို ဆေးကြော တော်မူ၏။ ...ကိုယ့်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ၊ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ ပြည့်စုံတော်မူ၏။ ၁ယော ၁း ၇,၉

ဘုရားသခင်က ""အပြစ်ရှိသမျှ""ဟုပြောသောအခါ အားလုံးသောအပြစ်တို့ကို ဆိုလိုသည်။ ကားတိုင် ထက်၌ အသေခံခြင်းအားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်အားလုံးအတွက် အပြည့်အ၀ပေးချေခဲ့ ပြီးဖြစ်သည်။

စာတန်က သင်ကိုတိုက်ခိုက်နေသည်ဟု သင်ခံစားရပါက၊ သခင်ယေရှု၏ နာမတော်အားဖြင့် သူကို ခုခံပါ။ ကရာနိအရပ်၌ သခင်၏ ကြီးစွာသော အောင်နိုင်မှုကို တောင်းခံယူပါ။ ကျမ်းစာက ""...မာနတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည်သင်တို့ထံက ပြေးသွား လိမ့်မည်။""

ယာ ၄း ၇ ဟုဆိုသည်။


ကျွန်ုပ်တို့သည် နိုးကြားမှုရှိသော သြတ္တပ္ပစိတ်ကို ထိန်းသိမ်းရမည်

ကျွန်ုပ်တို့သည် နိုးကြားမှုရှိသော သြတ္တပ္ပစိတ်ကို ထိန်းသိမ်းရန်မှာ ကျွန်ုပ်တို့အတွက် အရေးကြီး ဆုံးဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်၏အသံကို ဂရုစိုက်နားထောင်ပါက၊ ဤစိတ်သည် ရှင်းလင်း နိုးကြားနေမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်ကို နာမခံပါက ဤစိတ်သည် မာကျောလာ မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်ကိုနားထောင်ရန်နှင့် နာခံရန် ငြင်းပယ်သည့်အချိန်တိုင်းတွင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ၀ိညာဉ်ရေးရာ အသက်တာကို ပျက်စီးစေသည်။ ကျမ်းစာက ""ညီအစ်ကိုတို့... သတိပြုကြလော့။ ဒုစရိုက်လှည့်ဖျားခြင်းအားဖြင့် သင်တို့စိတ်နှလုံး မခိုင်မာ စေခြင်းငှာ ....""ဟုဆိုသည်။ ဟေဗြဲ ၃း ၁၂-၁၃

ပြန်လည်နိုးကြားရေးလုပ်ငန်းများ၌ ဘုရားသခင်၏ အသုံးပြုခြင်းကို များစွာခံရသူ Evan Roberts ဆိုသူသည် လူများအား ဤမေးခွန်းကို မေးရန်နှစ်သက်သည်။ ""လူတစ်ဦးဦးကို သင်နောက်ဆုံးတောင်းပန် ခဲ့တဲ့အချိန်ကို ပြောပြပါ။"" အကယ်၍ နောက်ဆုံး တောင်းပန်စကား ဆိုခဲ့သည် အချိန်မှာ အတော်ကြာခဲ့ပြီဖြစ် ပါက၊ တခုခုသည် မှားယွင်းနေပြီဖြစ်ကြောင်း သူက ထောက်ပြလေ့ရှိသည်။

မည်သည့်ယုံကြည်သူမဆို၊ အခြားလူများအပေါ်တွင် အပြစ်ကျူးလွန်မှုမရှိဘဲ သူတို့အနားတွင် ကြာရှည်စွာ နေနိုင်လိမ့်မည်မဟုတ်ပါ။

ကျမ်းစာက ""ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။"" ဟုဆိုသည်။ ယာ ၃း ၂

ကျွန်ုပ်တို့သည် တချိန်ချိန်၌ အခြားလူများအပေါ်တွင် အပြစ်ကျူးလွန်မည်မှာ သံသယရှိစရာ မလိုသောကြောင့်၊ မေးရမည့်မေးခွန်းမှာ ""၄င်းကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့ဘာလုပ်ကြမလဲ? ကျွန်ုပ်တို့သည် မာကျော ခက်ထန် ဘ၀င်မြင့်လျက် မိမိမှားကြောင်းကို ၀န်ချရန် ငြင်းပယ်မည်လော။ (သို့မဟုတ်) မိမိကိုယ်ကို နှိမ့်ချလျက် တောင်းပန်မည်လော? ဘုရားသခင်၏ အကြံအစည်မှာ ကျွန်ုပ်တို့သည် မိမိကိုယ်ကို နှိမ့်ချ လျက်၊ လူများနှင့် ပြန်လည် သင့်မြတ်စေရန် လုပ်ဆောင်ကြရန်ဖြစ်သည်။

ကျွန်ုပ်တို့သည် အခြားသူများကို တောင်းပန်တတ်၍ အဖိုးအခကို ပြန်လျော်ပေးတတ်သော အလေ့ အကျင့်မျိုးကို ရရှိအောင်စိုက်ပျိုးရမည်။ အကယ်၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များကို ဘုရားသခင်ထံဝန်ခံပြီး အခြားသူများနှင့်သင့်မြတ်အောင်ပြုလုပ်ပါက၊ ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်သည်


ရှင်းလင်း ၍ နိုးကြားနေမည်ဖြစ်သည်။ ဤအခြင်းအရာသည် ဘုရားသခင်ကို နာခံလျက် အသက်တာကို လျှောက်လှမ်းအသက်ရှင်ခြင်းဖြစ်သည်။

ပေါလု၏ အောင်မြင်သော အသက်တာ၏ ကြီးမြတ်သောလျှို့ဝှက်ချက်များထဲမှ တစ်ခုမှာ ဤသို့ဖြစ် သည်။ သူသည် သူ၏ သြတ္တပ္ပစိတ်ကို နာခံခဲ့သည်။ သူ၏ သြတ္တပ္ပစိတ်က ကန့်ကွက်သော မည်သည့် အရာကိုမဆို သူ့ဘ၀ထဲသို့ ၀င်ခွင့်မပြုပါ။ ပေါလုသည် ရိုးသားစွာဤသို့ပြောနိုင်ခဲ့သည်။ ""ယနေ့တိုင်အောင် ဘုရားသခင်ရှေ့တော်၌ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ် လျက် အသက်ရှင်ခဲ့ပါသည်။


ရှာဖွေတွေ့ရှိရသော အဖိုးထိုက်ရတနာ

ကျွန်ုပ်တို့သည် နာခံမှုရှိလျက် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်သော သြတ္တပ္ပစိတ်ကို ထိန်းသိမ်းထားနိုင်သည်။


မေးခွန်များ

(၁) ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်မှာ

(က) ဘုရားသခင်ပါဝင်ပတ်သက်မှုရှိသော အစိတ်အပိုင်းတခုမဟုတ်ပါ။

(ခ) ဘုရားသခင်က အမှုကိစ္စတို့ကို ကျွန်ုပ်တို့၏ကိုယ်ပိုင်ဥာဏ်အားဖြင့် ဆင်ခြင်ကြရန် သတ်မှတ်ပေးထားသောနေရာဖြစ်သည်။

(ဂ) ဘုရားသခင်က သူ့အလိုတော်နှင့် သန့်ရှင်းမှုကို ဖော်ပြသောနေရာဖြစ်သည်။


(၂) ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်က အောက်ပါတို့ကို ကိုင်တွယ်သည်။

(က) ကောင်းသောအရာများနှင့် ဆိုးသောအရာများ

(ခ) မှန်သောအရာများနှင့် မှားသောအရာများ

(ဂ) အတိတ်နှင့် အနာဂတ်

မှန်/မှား

(၃) အကယ်၍ သင့် သြတ္တပ္ပစိတ်က သင်တစုံတခုကို လုပ်ခြင်းသည် မှားယွင်းသည်ဟု သတိပေးပါက၊ သူပြောတာဟုတ်မဟုတ်၊ အခြားယုံကြည်သူတဦးနှင့် ဆွေးနွေးကြည့်ပါ။

(က) မှန် (ခ) မှား


(၄) အကယ်၍သင်သည် အမှားတခုခုကို လုပ်ပြီးပါက ချက်ချင်းဝန်ချတောင်းပန်၍ သန့်ရှင်းစင်ကြယ် စေသော ခရစ်တော်၏ အသွေးတော်ကို တောင်းခံယူပါ။

(က) မှန် (ခ) မှား


(၅) အကယ်၍သင့်သြတ္တပ္ပစိတ်က တစုံတခုကိုလုပ်ခြင်းသည် မှားယွင်းသည်ဟု သတိပေးပါက၊ ထို အရာကို မလုပ်ပါနှင့်။

(က) မှန် (ခ) မှား


လူများသည်သူတို့၏ သြတ္တပ္ပစိတ်ကို နှုတ်ပိတ်ရန်အတွက် နည်းလမ်း ၂-ခုကို အသုံးပြုလေ့ရှိသည်။

အောက်ပါတို့ထဲမှ သူတို့လုပ်သော နည်းလမ်း (၂)ခုကို အမှန်ရွေးပါ။

(၆) သူတို့၏လုပ်ဆောင်မှုကို ပြောင်းလဲကြသည်။

(က) မှန် (ခ) မှား


(၇) ကောင်းမှုကုသိုလ်ပြုလုပ်ကြသည်။

(က) မှန် (ခ) မှား


(၈) သူတို့၏သြတ္တပ္ပစိတ်နှင့် ငြင်းခုန်ကြသည်။

(က) မှန် (ခ) မှား


(၉) စာတန်သည် ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်ကို ဤသို့တိုက်ခိုက်သည်။

(က) ကျွန်ုပ်တို့လုပ်သကဲ့သို့ လုပ်သောသူများကို ပြသခြင်းအားဖြင့်၊

(ခ) ကျွန်ုပ်တို့အား မှားသော ရွေးချယ်မှုကို ပြုလုပ်စေခြင်းဖြင့်

(ဂ) ""သင်ထပ်ပြီး ရှုံးနိမ့်ပြန်ပြီ""ဆိုသော အတွေးမျိုးကို ကျွန်ုပ်တို့၏စိတ်ထဲသို့ ထည့်ခြင်း အားဖြင့်


(၁၀) ကျွန်ုပ်တို့ကျူးလွန်ခဲ့သော မည်သည့်အပြစ်ကိုမဆို ဘုရားသခင်သည် ခွင့်လွှတ်ပေးမည်လော့?

(က) ခွင့်လွှတ်ပေးမည်

(ခ) မခွင့်လွှတ်ပေးပါ။

ရဲလင်းထွန်း (အင်းစိန်)






Share:

ရှင်းလင်းကြည်လင်သောသြတ္တပ္ပစိတ်ကို မည်သို့ရနိုင်မည်နည်း

How To Gain A Clear Conscience? Part 1

Practical Christian Living Course IV

Lesson 7


အဓိကကျမ်းပုဒ် ။ ။ ထိုကြောင့် ဘုရားသခင်ကို ပြစ်မှားပြီ။ လူတို့ကိုပြစ်မှားပြီဟု ကိုယ်စိတ်နှလုံး သည် ကိုယ်၌အပြစ်တင်ခွင့်နှင့် အစဉ် ကင်းလွတ် မည် အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ်ပါ၏။ တမန် ၂၄း ၁၆

သင်သည် အမှားတခုခုကို လုပ်သည့်အခါတွင်ဖြစ်စေ၊ ပြောသည့်အခါတွင်ဖြစ်စေ၊ သင့်အတွင်း၌ သင့်ကို မသက်မသာဖြစ်စေသော စိတ်ခံစား မှုမျိုးကို ခံစားခဲ့သည်ကို သတိထားမိပါရဲ့လား? ဤအခြင်း အရာမှာ သင်၏သြတ္တပ္ပစိတ်က သင့်ကိုစကားပြောနေခြင်းဖြစ်သည်။ သင်၏ သြတ္တပ္ပစိတ်က သင်မှားယွင်း နေကြောင်းကို ပြောနေခြင်းဖြစ်သည်။ ဘုရာသခင်နှင့် ၀မ်းမြောက်စွာ မိတ်သဟာယဖွဲ့နိုင်ရန်အတွက် ရှင်းလင်းကြည်လင်သော သြတ္တပ္ပစိတ် ရှိရမည်။


ရှင်းလင်းကြည်လင်သောသြတ္တပ္ပစိတ်ဆိုသည်မှာအဘယ်နည်း။

ရှင်းလင်းကြည်လင်သော သြတ္တပ္ပစိတ်ဆိုသည်မှာ သင်သည် ဘုရားသခင်နှင့်ဖြစ်စေ၊ လူတို့နှင့်ဖြစ်စေ သင့်မြတ်လျှက်ရှိကြောင်းကို သိခြင်း အားဖြင့် ဖြစ်ပေါ်လာသော သင့်အတွင်းပိုင်း စိတ်ဝိညာဉ်၏ လွတ်မြောက်မှုဖြစ်သည်။ တမန်တော်ပေါ်လုက ""ထိုကြောင့် ဘုရားသခင်ကို ပြစ် မှားပြီ။ လူတို့ကို ပြစ်မှား ပြီဟု ကိုယ်စိတ်နှလုံးသည် ကိုယ်၌အပြစ်တင်ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ်သည် ကြိုးစားအားထုတ် ပါ၏။"" တမန် ၂၄း ၁၆


ဤကျမ်းပုဒ်က ရှင်းလင်းကြည်လင်သောသြတ္တပ္ပစိတ်တွင် အသွင်အပြင် (၂)ခုရှိကြောင်းကိုပြသည်။


(၁) ဘုရားသခင်နှင့်ပတ်သက်၍ အသွင်အပြင်

ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သင့်မြတ်ရမည်။ ကျွန်ုပ်တို့နှင့် ဘုရားသခင်၏ကြားတွင် ဘာမှ ကာဆီးထားခြင်းမရှိကြောင်းကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် သိရှိခံစားရမည်။

(၂) လူနှင့်ပတ်သက်၍ အသွင်အပြင်

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပေါင်းအသင်းလူများနှင့် သင့်မြတ်ရမည်။ ကျွန်ုပ်တို့သည် အခြားလူများနှင့် သင့်မြတ်အောင်လုပ်ထားရမည်။ ထိုသို့ ပြုလုပ်ထားမှသာ မည်သူတဦးတယောက်ကမျှ ကျွန်ုပ်တို့ကို လက်ညှိုးထိုး၍ ""သင်ငါ့အပေါ်တွင် အပြစ်ကျူးလွန်ခဲ့သော်လည်း သင့်အပြစ်ကို လွှတ်ပေးဖို့၊ တခါမှ မတောင်းဆိုသလို ကျွန်ုပ်နှင့်သင့်မြတ်အောင် လုပ်ဖို့လည်း မကြိုးစားခဲ့ဘူး""ဟူ၍ ပြောနိုင်မည်မဟုတ်ပါ။

ပြီးခဲ့သည့်သင်ခန်းစာ၌ ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အစစ်အမှန်ဖြစ်လာစေရန် သန့်ရှင်း သောဝိညာဉ်တော်က လုပ်ပေးနိုင်ရန်အတွက် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သင့်မြတ်ရမည်ဆိုတာကို လေ့လာခဲ့ပြီးဖြစ်သည်။ ဤသင်ခန်းစာ၌ ဘုရားသခင်နှင့် သင့်မြတ်အောင် မပြုလုပ်မီ၊ လူများနှင့်သင့်မြတ် အောင်အရင်ပြုလုပ်ရမည်ကို ကြည့်ကြမည်ဖြစ်သည်။ ဘုရားသခင်၏ ကြီးမြတ်သောသူတော်စင်တပါးက ဤသို့ဖော်ပြခဲ့သည်။ ""ကမ္ဘာပေါ်ရှိ တစုံတဦးနှင့် သင့်သည် မသင့်မြတ်ပါက ဘုရားသခင်နှင့် သင့်မြတ် နိုင်မည်မဟုတ်ပါ။""


ဓမ္မဟောင်းကျမ်း၏သင်ကြားမှု

ဓမ္မဟောင်းကျမ်းသည် အရေးကြီးသည့် အကြောင်းအရင်းမှာ ဤကျမ်းသည် လက်တွေ့ဘ၀ အခြေ အနေများကို ဖော်ပြထားပြီး ထိုအခြေ အနေများနှင့် ပတ်သတ်၍ ဘုရားသခင်၏ ဆုံးဖြတ်ချက်ကို ဖော်ပြ ထားသောကြောင့်ဖြစ်သည်။ ၀တ်ပြုရာကျမ်း အခန်းကြီးတွင် ဘုရားသခင်က ""ဒုစရိုက် ဖြေရာယဇ်"" အကြောင်းကို ပြောပြထားသည်။ ဤနေရာတွင် ဒုစရိုက် (trespass) ဆိုသော စကားလုံးသည် အခြားသူ တဦး၏ အခွင့်အရေးကို ချိုးဖောက်ခြင်း(သို့) သူ့ကိုမတရားဆက်ဆံခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ဒုစရိုက်ဖြေရာယဇ်ဆိုသည်မှာ လူတစ်ဦးကအခြားလူတစ်ဦးအပေါ်သို့ ကျူးလွန်ခဲ့သော ဒုစရိုက် အပြစ်ကို ဖြေရန်အတွက် ဘုရားသခင်ကို ပူဇော်ပေးရသောအထူးယဇ်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့သူ့အပေါ်တွင် ကျူးလွန်သောအပြစ်ကိုသာမက ကျွန်ုပ်တို့အခြားသူများအပေါ်တွင် ကျူးလွန်သော အပြစ်တို့နှင့် ပတ်သက်၍လည်း စိုးရိမ်မှုရှိသည်။ ၀တ်ပြုရာကျမ်း ၆ တွင်

ဝတ်ပြုရာကျမ်း ၆တွင် ကျမ်းစာက အကြောင်းအရာအချို့ကို တိတိကျကျဖော်ပြထားသည်။

(၁) သူတပါးတို့က သင့်ထံအပ်နှံထားသောအရာများကို ထိန်းသိမ်းရာတွင် နမော်နမဲ့နိုင်ခြင်း

(၂) စီးပွားရေးလုပ်ရာတွင် ရိုးသားမှု့မရှိခြင်း

(၃) ခိုးဝှက်ခြင်း

(၄) အခြားလူတဦးကို ညာစားခြင်း

(၅) ကောက်ရသောပစ္စည်းများကို ပိုင်ရှင်အစစ်ထံပြန်ပေးရမည့်အစား ကြားဖြတ်ယူထားခြင်း

(၆) လိမ်ညာခြင်း

အကယ်၍ တစုံတဦးသည် တစ်ခုခုကိုခိုးဝှက်သည်ဖြစ်စေ၊ သူ့ထံအပ်ထားသောတစုံတခုပျောက်ရှ သည်ဖြစ်စေ သူများထံမှ ညာစားသည် ဖြစ်စေ၊ ထိုသူသည် တန်ဖိုးအပြည့်အ၀ကို ပြန်လည်ပေးချေရမည် သာမက အပြစ်ဒဏ်အနေဖြင့် နောက်ထပ် ၂၀%ကိုလည်း ထပ်လောင်းပေးရမည်ဟု ဘုရားသခင်ကပြော ထားသည်။ ထို့ကြောင့် ခိုးဝှက်ခြင်းအားဖြင့် အမြတ်အစွန်းရနိုင်မည်မဟုတ်ပါ။

လူတဦးသည် သူ၏အပေါင်းအသင်း လူတဦးနှင့် သင့်မြတ်အောင်ပြုလုပ်ပြီးမှသာ သူ၏ဒုစရိုက်ဖြေရာယဇ်ကို ဘုရားသခင်ထံ ယူဆောင် လာ ခွင့် ရပြီး ဘုရားသခင်၏အပြစ်လွှတ်ပေးခြင်းကို ခံရမည်ဖြစ်သည်။


ဓမ္မဟောင်းကျမ်းထဲရှိ ဤျကျမ်းပုဒ်များအားဖြင့် ကျွန်ုပ်တို့သည် အလွန်အရေးကြီးသော အမှန်တရား (၂)ခုကို သင်ယူသိရှိကြသည်။

(၁) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အဖေါ်အဖက်ဖြစ်သူတဦးအပေါ်တွင် အပြစ်ကျူးလွန်သည့် အခါ၊ ဘုရားသခင်အပေါ်တွင်လည်း ကျူးလွန်သည်။

(၂) ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်သင့်မြတ်အောင်မလုပ်မီ လူများနှင့်သင့်မြတ်အောင် အရင်ပြုလုပ် ရမည်။


ဓမ္မသစ်ကျမ်း၏သင်ကြားမှု

ဘုရားသခင်နှင့် မသင့်မြတ်နိုင်မီ လူများနှင့်သင့်မြတ်အောင်အရင်လုပ်ရမည်ဟူသော သမ္မာတရား ကို ဓမ္မသစ်ကျမ်း၌လည်း သင်ကြား ထားသည်။ သခင်ယေရှုက ""ထို့ကြောင့်သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစုံတခု ရှိသည်ဟု အောက်မေ့ သတိရလျှင် ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍သွားလော့။ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော် သက္ကာကို တင်လော့။""ဟု ဆိုခဲ့သည်။ မဿဲ ၅း၂၃-၂၄

ဤနေရာတွင် သခင်ယေရှုသည် ဘုရားသခင်ကိုလာရောက် ကိုးကွယ်သည့်တစုံတဦးအကြောင်းကို ပြောပြနေခြင်းဖြစ်သည်။ ရုတ်တရက် ထိုသူသည် အခြားသူတဦးအပေါ်တွင်သူ အပြစ်ကျူးလွန်ခဲ့သည်ကို သတိရသွားသည်။ သူသည် ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထားခဲ့ပြီး ပထမဆုံး သူ့ညီအစ်ကိုထံသို့သွား ၍ညီအစ်ကိုနှင့် သင့်မြတ်ပြီးမှသာ ပြန်လာ၍ဘုရားသခင်ထံ သူ၏ပူဇော်သက္ကာကို ပူဇော်ရမည်ဟု သခင်က ပြောထားသည်။

သူ့ညီအစ်ကိုနှင့် ""ပြန်လည်သင့်မြတ်သည်"" ဆိုသည်မှာ ဘာကိုဆိုလိုသနည်း? တောင်းပန်စကား ဆိုခြင်းအားဖြင့် ဖြစ်စေ၊ ပြန်လျော်ပေးခြင်း အားဖြင့် ဖြစ်စေ ထိုသူနှင့်သင့်မြတ်အောင် ပြုလုပ်ခြင်းကို ဆိုလို သည်။ သင်သည် သင့်ညီအစ်ကိုနှင့် ပထမဆုံးသင့်မြတ်အောင်မလုပ်ပါက သီဆိုခြင်း၊ ပေးလှူခြင်း၊ ဆုတောင်းခြင်းနှင့် အခြားနည်းလမ်းများအားဖြင့်လည်း ဘုရားသခင်လက်ခံနိုင်အောင် ဘုရားသခင်အား ၀တ်ပြုကိုးကွယ်နိုင်မည် မဟုတ်ပါ။

ဤနေရာတွင် သခင်ယေရှုက စည်းမျဉ်းတခုကို ချမှတ်နေခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲတွင် ကျွန်ုပ်တို့တွေ့ရသော စည်းမျဉ်းနှင့် အတူတူပင်ဖြစ်သည်။ စည်းမျဉ်းမှာ ""ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် မသင့်မြတ်မီ လူများနှင့်သင့်မြတ်အောင် အရင်လုပ်ရမည်""ဟူ၍ ဖြစ်သည်။

အပြစ်တိုင်းအတွက် အခြားသူတဦးနှင့် သင့်မြတ်အောင်ပြုလုပ်ရန် မလိုအပ်ပါ။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ်တွင်သာ အပြစ် ကျူးလွန်ပါက အပြစ်ဝန်ခံခြင်းကို ဘုရားသခင်ထံသာ ပြုလုပ်ရန် လိုအပ်သည်။ သို့သော် အခြားသူတဦးအပေါ်တွင် အပြစ်ကျူးလွန်ခဲ့ပါက ထိုသူတို့ နှင့် သင့်မြတ်အောင်ပြုလုပ်ရမည် ဖြစ်သည်။


ရှင်းလင်းကြည်လင်သောသြတ္တပ္ပစိတ်ကို မည်သို့ရရှိနိုင်မည်နည်း။

ကျမ်းစာက ဒါဝိဒ်သည် ဘုရားသခင်၏စိတ်တော်နှင့် တွေ့သူဟုပြောထားသည်။ ဤသို့စိတ်တော် နှင့်တွေ့သည့်အကြောင်းအရင်းတခုမှာ ဘုရားသခင်အပေါ်တွင်ထားရှိသော ဒါဝိဒ်၏ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်နှင့်လုံးဝသင့်မြတ်လိုသည့် သူ၏စိတ်ဆန္ဒတို့ကြောင့်ဖြစ်သည်။ ဒါဝိဒ်သည် သူဘ၀တွင်ရှိနိုင်သည့် မည်သည့်အပြစ်ကိုမဆို ထောက်ပြရန် ဘုရားသခင်အားတောင်းဆိုခဲ့သည်။ သူက ""အိုထာဝရဘုရား၊ အကျွန်ုပ်၏ စိတ်နှလုံးကို ရှာဖွေတော်မူပါ။ ကျွန်ုပ်ကိုစမ်းသပ်၍ ကျွန်ုပ်၏အကြံအစည်တို့ကိုသိရှိတော် မူပါ။ ကျွန်ုပ်အတွင်း၌ ကောက်ကျစ်မှု့တစုံတရာရှိမရှိကို စစ်ဆေးတော်မူပါ။"" ဟူ၍ ဆုထောင်းခဲ့သည်။ ဆာ၊ ၁၃၉း၂၃-၂၄

ကျွန်ုပ်တို့သည် ရှင်းလင်းကြည်လင်သောသြတ္တပ္ပစိတ်ကို ရရှိလိုပါက၊ သန့်ရှင်းသောဝိညာဉ်တော်အား ကျွန်ုပ်တို့၏ စိတ်နှလုံးတို့ကို ရှာဖွေ ခွင့်ပြု၍ အခြားသူများ အပေါ်တွင် ကျူးလွန်ထားသည့်အပြစ်များကို ကျွန်ုပ်တို့အား ဖေါ်ပြပေးရန် ခွင့်ပြုရမည် ဖြစ်သည်။

စဉ်းစားရမည့်အရာအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) သင်ပြောသော၊ လုပ်သောအရာတစ်ခုအားဖြင့် အခြားသူတဦးနာကျင်စေ၊ ကသိကအောက်ဖြစ်စေခဲ့ သလော?

(၂) သင့်အလုပ်ရှင် မိသားစုနှင့်အခြားသူများထံမှ ခိုးဝှက်ဖူးသလော။?

(၃) တစုံတဦးကို လိမ်ညာပြီး ခွင့်လွှတ်ပေးရန် သူထံသို့ သွားတောင်းဆိုဖူးသလော?

(၄) တစုံတဦးအပေါ်တွင် ခါးသောစိတ်နှင့် နားကြည်းမှုရှိခဲ့ဖူးသလော?

(၅) တစုံတဦး၏အပြစ်ကို လွှတ်မပေးလိုသောစိတ်မျိုးရှိခဲ့ဖူးသလော?

(၆) သင့်အပေါ်တွင် အာဏာရှိသူတဦးကို ပုန်ကန်ခဲ့ဖူးသလော?

(၇) သင့်ကို ကူညီခဲ့သူများကို ကျေးဇူးတင်ရန် ပျက်ကွက်ခဲ့ဖူးသလော?

(၈) အခြားအပြစ်များကိုလည်း ကျူးလွန်ခဲ့ဖူးသလော?

ပြီးခဲ့သည်သင်ခန်းစာ၌ ကျွန်ုပ်တို့နှင့် ဘုရားသခင်၏ကြားထဲတွင်ရှိသော အပြစ်များကိုမည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို လေ့လာခဲ့ကြသည်။ ယခုတွင် အခြားလူများအပေါ်တွင် ကျူးလွန်ခဲ့သောအပြစ် များကိုမည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို လေ့လာကြမည်။ ""ကမ္ဘာပေါ်ရှိ တစုံတဦးနှင့် သင်သည် မသင့် မြတ်ပါက ဘုရားသခင်နှင့်သင့်မြတ်နိုင်မည်မဟုတ်ပါ"" ဟူသောအချက်ကို သတိရပါ။

ရှင်းလင်းကြည်လင်သော သြတ္တပ္ပစိတ်ရှိရန်အတွက် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် အဆင့်များကို စဉ်းစားကြည့် ကြပါစို့။


(၁) သင့်အပြစ်ကိုလွှတ်ပေးရန် သင်တောင်းဆိုရမည့်လူများစာရင်းကို ချရေးပါ။

သင့်အပြစ်ကိုလွှတ်ပေးရန် သင်တောင်းဆိုရမည့်လူများစာရင်းကို စတင်ရေးပါ။ သူတို့အပေါ်တွင် ကျူးလွန်ခဲ့သောအပြစ်များကိုလည်း ချရေး ပါ။ အပြစ်အချို့သည် သင့်စိတ်ထဲသို့ချက်ချင်းဝင်ရောက် လာမည်ဖြစ်သော်လည်း အချို့ကျူးလွန်မှုအပြစ်များကိုမူ အချိန်ယူစဉ်းစားရပေမည်။ အလျင်စလို မပြုလုပ် ပါနှင့်။ သင်သည် ဘုရားသခင်နှင့်အလုပ်လုပ်နေခြင်းဖြစ်သည်။ သင်တွေးလို့ရသမျှ ကျူးလွန်မှုအပြစ်များ ကိုချရေးပါ။

သင်တွေးလို့ရသမျှ အပြစ်ကျူးလွန်မှုများကို ချရေးပြီးနောက်၊ သင်ချရေးရန်မေ့လျော့ခဲ့သည့် အပြစ်များနှင့်ပတ်သက်၍ သင့်အားသတိပေးရန် သန့်ရှင်းသောဝိညာဉ်တော်ကို တောင်းဆိုပါ။ သူ့ထံ ဤသို့ ဆုတောင်းပါ။ ""ကောင်းချီးချပေးသော သန့်ရှင်းသောဝိညာဉ်တော်၊ ကျွန်ုပ်သည် ကျွန်ုပ် မှားယွင်းစွာပြုမူ ဆက်ဆံခဲ့သော လူအားလုံးနှင့်ပြန်လည်သင့်မြတ်လိုပါ၏။ အခြားလူတစ်ဦးအပေါ်တွင် ကျူးလွန်ခဲ့သော အပြစ်များအားလုံးကို မှတ်မိ သတိရစေရန်အတွက် ကူညီတော်မူပါ။""

အကယ်၍ သင်သည် ဤသို့ရိုးသားဖြောင့်မှန်စွာဆုတောင်းပါက သင်တွေး၍မရသော အပြစ်ကျူး လွန်မှုများကို ၀ိညာဉ်တော်ကပြသလိမ့်မည်။


သန့်ရှင်းသောဝိညာဉ်တော်တွင် အလွန့်အလွန်ကောင်းသော မှတ်ဥာဏ်ရှိသည်ကိုလည်း သင်သိလာလိမ့်မည်။ နှစ်ပေါင်းများစွာက သင်ကျူးလွန်ခဲ့သော အပြစ်များကိုပင် သူသတိရစေလိမ့်မည်။ နှစ်ပေါင်းမည်မျှအကြာက ကျူးလွန်ခဲ့သည့်အပြစ်ဖြစ်စေ၊ ထိုအပြစ်ကို သင် ကိုင်တွယ်ဖြေရှင်းရမည်။ ထိုအပြစ်ကို မကိုင်တွယ်ပါက၊ ထိုအပြစ်သည် အသက်ရှင်သမျှကာလပတ်လုံး သင်နှင့်အတူရှိနေလိမ့်မည်။

သင့်စာရင်းကို ချရေးပြီးနောက် ဂရုတစိုက်ပြန်လည်စစ်ဆေး၍ အရေးကြီးမှုအပေါ်တွင်မူတည်၍ ၁၊၂၊၃ အစရှိသဖြင့် အစဉ်အတိုင်းချရေးပါ။ မည်သည့်အပြစ်များက အရေးကြီးသည်ကို ပြသပေးရန် အတွက်သန့်ရှင်းသောဝိညာဉ်တော်ကို သင်တောင်းဆိုနိုင်သည်။


(၂) တောင်းပန်ရန်အတွက် လျော်ကန်သောအချိန်နှင့် နည်းလမ်းကိုရွေးပါ။

သခင်က သင်သည် တစုံတဦးထံသို့သွား၍ တောင်းပန်သင့်သည်ဟု ဖေါ်ပြသည်နှင့်တပြိုင်နက် ချက်ချင်းသွား၍တောင်းပန်ပါ။ သူ့ အတွက် အဆင်ပြေမည့်အချိန်နှင့် သူနှင့်နှစ်ယောက်တည်းစကား ပြောနိုင်မည့်အချိန်ကိုရွေးချယ်ပါ။ သူတို့အလုပ်ရှုပ်နေသည့်အတွက် သင်နှင့်စကားပြောရန် အချိန် မရှိသည့် အခါမျိုးတွင် သူတို့နှင့်သင်မတွေ့ချင်မည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် သူတို့ထံသို့ ချက်ချင်း သွားရောက်နိုင်ခြင်းကို မည်သည့် အရာကမှ မတားဆီးပါစေနှင့်။

တောင်းပန်ရန်အကောင်းဆုံးနည်းလမ်းမှာ ပုဂ်္ဂိုလ်ရေးအရသွားရောက်လည်ပတ်ခြင်းပင်ဖြစ်သည်။ ထိုသူထံသို့ တိုက်ရိုက်သွား၍ နှစ်ယောက် တည်း စကားပြောပါ။ ဖုန်းဖြင့်ခေါ်ဆိုပြောဆိုခြင်းသည် ဒုတိယ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ အချို့သောအခြေအနေများ၊ အထူးသဖြင့် ပုဂ်္ဂိုလ်ရေး အရ လည်ပတ် ခြင်းသည် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မပေးနိုင်ပါက ဖုန်းခေါ်ခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုဟု ပြောနိုင်သည်။

သင့်ကိုအပြစ်လွှတ်ပေးရန်အတွက် ရေးထားသောစာတစ်စောင်ကို ပေးပို့နိုင်သည်။ သို့သော် ဤ နည်းလမ်းသည် အလည်အပတ်သွားခြင်းနှင့် ဖုန်းခေါ်ဆိုခြင်းတို့လောက် နှစ်ခြိုက်စရာမကောင်းပါ။ ပထမ အချက်အနေဖြင့် ထိုသူသည် သင့်စာကို ပြန်ချင်မှပြန်မည်ဖြစ်သောကြောင့် သူခွင့်လွှတ်လား၊ မလွှတ်လား ဆိုတာကို သင်မသိနိုင်ပါ။ သို့သော် မည်သည့်နည်းလမ်းကိုမဆို သင်ရွေးချယ်သည်ဖြစ်စေ၊ အချိန်မဆွဲပဲ သင်သည် မှန်ကန်စွာ တောင်းပန် ကြောင်း ကို သေချာစေပါ။

သင်ကျူးလွန်ထားသောအပြစ်များသည် မည်မျှများသလဲအပေါ်တွင်မူတည်၍ သင်သည် တောင်းပန်မှုကိုကျယ်ကျယ်ပြန့်ပြန့်လုပ်သင့်သည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်အပေါ်တွင်သာ အပြစ်ကျူး လွန်ထားပါက ဘုရားသခင်နှင့်ထိုလူတို့ကိုသာ တောင်းပန်ရမည်။ အကယ်၍ သင်သည် လူများစွာအပေါ် တွင်အပြစ်ကျူးလွန်ထားပါက ဘုရားသခင်နှင့်ထိုလူများစွာတို့ကို ၀န်ချတောင်းပန်ရမည်။ သင်၏အပြစ် ကျူးလွန်မှုသည် အသင်းတော် တစ်ခုလုံး အပေါ်သို့ သက်ရောက်မှုရှိပါက၊ အသင်းတခုလုံးနှင့်သခင်ကို ၀န်ချတောင်းပန်ရမည်။


(၃) မှန်ကန်စွာတောင်းပန်ပါ။

ကျွန်ုပ်တို့သည် တစုံတဦးကို တောင်းပန်သောအခါ ကျွန်ုပ်တို့၏အပြစ်ကို လုံးလုံးလျားလျားဝန်ခံ၍ အပြစ်လွှတ်ပေးရန် နှိမ့်ချစွာ တောင်းဆို ရမည်ဖြစ်သည်။ ဤသို့မလုပ်ပါက ကျူးလွန်ထားသောအပြစ်ကို ကွယ်ပျောက်စေလိမ့်မည်မဟုတ်ပါ။ လူတဦးသည် ကြိမ်ဖန်များစွာ တောင်းပန်သော် လည်း မှားယွင်းသော နည်းလမ်းအားဖြင့် တောင်းပန်ပါက သူ၏လွန်ကျူးမှုအပြစ်ကို ချေဖျက်နိုင်မည်မဟုတ်ပါ။


မှားယွင်းသောပုံစံများအားဖြင့်တောင်းပန်ခြင်း

""ကျွန်ုပ်မှားသလို သင်လည်းမှားတာပဲ""

ဤသို့ပြောခြင်းသည် မှားယွင်းသည်။ အကြောင်းမှာ သင်သည် သင်၏ကျူးလွန်မှုအပြစ်အတွက် တာဝန်ကို လုံးလုံးလျားလျား မယူသော ကြောင့်ဖြစ်သည်။

""အကယ်၍ ကျွန်ုပ်အမှားပြုလုပ်ခဲ့ပါက ကျေးဇူးပြု၍ ခွင့်လွှတ်ပါ""

သင့်တောင်ပန်စကား၏အစတွင် ""အကယ်၍"" ဟုသုံးထားခြင်းအားဖြင့် သင်ဆိုလိုသည်မှာ ""ကျွန်ုပ် မှားခဲ့လား၊ မမှားခဲ့လားဆိုတာကို ကျွန်ုပ်သေချာမသိဘူး?ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဤအရာမှာ စစ်မှန် သော တောင်းပန်မှုမျိုးမဟုတ်ပါ။

""ဖြစ်ခဲ့တာတွေအတွက် စိတ်မကောင်းပါဘူး။ ကျေးဇူးပြု၍ခွင့်လွှတ်ပေးပါ။"

ဤသို့သော တောင်းပန်မှုသည် မမှန်ကန်ပါ။ အကြောင်းမှာ မှားယွင်းတာကို ၀န်မခံသောကြောင့် ဖြစ်သည်။

""စိတ်မကောင်းပါဘူး""

ဤသို့သောမပြည့်မစုံ တောင်းပန်မှုမျိုးသည် မမှန်ကန်ပါ။ အကြောင်းမှာ သင်ကျူးလွန်ထားသော အပြစ်ကို တိတိကျကျမဖော်ပြထားသလို သင်၏မှားယွင်းစွာလုပ်ဆောင်မှုကိုလည်း ၀န်မခံသောကြောင့်ဖြစ် သည်။

""ကျွန်ုပ်ဒေါသတကြီးဖြစ်သွားခဲ့ခြင်းအတွက် စိတ်မကောင်းပါဘူး။ သို့ပေမယ့် ထိုသို့ဖြစ်အောင် သင်လုပ်ခဲ့တာပဲ""

ဤအရာသည် မှားယွင်းသည်။ အကြောင်းမှာ သင်သည် သင်မှားယွင်းစွာ လုပ်ဆောင်ခဲ့မှုအတွက် တာဝန်မယူရုံသာမက အခြားလူအပေါ်၌ပင် အပြစ်ပုံချနေသောကြောင့် ဖြစ်သည်။


မှန်ကန်သောပုံစံအားဖြင့် တောင်းပန်ခြင်း

တောင်းပန်ရာတွင် မှားယွင်းသောပုံစံများအကြောင်းကို ဥပမာများစွာပေး၍ ဖော်ပြခဲ့ပြီးဖြစ်သည်။ ဤသို့ဆိုလျှင် မည်သို့သော မှန်ကန်သော ပုံစံမျိုးဖြင့် တောင်းပန်ရမည်နည်း?မှန်ကန်စွာ တောင်းပန်နိုင် ရန် ကျွန်ုပ်တို့ ....

(၁) ကျွန်ုပ်တို့၏ကျူးလွန်မှုအပြစ်များအတွက် တာဝန်အပြည့်အ၀ ယူသင့်သည်။

(၂) ကျွန်ုပ်တို့၏ ကျူးလွန်မှုအပြစ်ကို နံမည်တပ်၍ ပြောပါ။

(၃) ကျွန်ုပ်အားအပြစ်လွှတ်ပေးရန် ထိုလူကို တောင်းဆိုပြီး သူ့ထံမှအဖြေကိုစောင့်ဆိုင်းပါ။

မှန်ကန်သော ပုံစံမျိုးဖြင့် မည်သို့တောင်းပန်ရမည်ကို အောက်ပါအတိုင်း ဥပမာပေး၍ ဖော်ပြထား သည်။

""ဤ(မည်သို့သော ကျူးလွန်မှု့အပြစ်ဖြစ်သည်ကို နံမည်တပ်၍ပြောပါ)သည်ကို လုပ်ခြင်းဖြင့် သင့်ပေါ်တွင်အမှား ပြုလုပ်ခဲ့ပါသည်။ ကျွန်ုပ်ကို


ခွင့်လွှတ်မည်လော?

အခြေအနေက မည်သို့ပင်ဖြစ်နေပါစေ၊ ကျွန်ုပ်တို့သည် တောင်းပန်သောအခါ၊ ကျွန်ုပ်တို့ဘက်မှ လုပ်ထားသောအမှားအတွက် တာဝန် အပြည့်အ၀ ယူရမည်ဖြစ်သည်။

ကျွန်ုပ်တို့က ၁၀ရာခိုင်နှုန်းသာမှား၍ အခြားလူက ၉၀ရာခိုင်နှုန်း မှားသည်ဟု ကျွန်ုပ်တို့ရိုးသားစွာ ခံစားရနိုင်သော်လည်း ဤသို့ခံစားရခြင်းမှာ ကျွန်ုပ်တို့၏တာဝန်မှ ရုန်းထွက်နိုင်ရန်အတွက် အကြောင်း ပြချက် မဖြစ်သင့်ပါ။ ကျွန်ုပ်တို့ဘက်မှ လုပ်ထားသောအမှားများအတွက် တောင်းပန်ရန် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။ ထိုသူဘက်မှ အမှားအတွက်ကိုမူ ဘုရားသခင်အား ကိုင်တွယ်ခွင့်ပြုလိုက်ပါ။

တောင်းပန်သောအခါတွင် တတ်နိုင်သမျှ တိုတိုရှင်းရှင်းပင် တောင်းပန်သင့်ပြီး အသေးစိတ်အချက် အလက်များကို ပြောပြခြင်းမှ ရှောင်ရှား သင့်သည်။ လုံးဝဥဿုန်လိုအပ်မှုမရှိဘဲ၊ အခြားလူများကို ဤကိစ္စထဲသို့ ၀င်မပါပါစေနှင့်။ အကယ်၍ ကျွန်ုပ်တို့သည် မယုံကြည်သူတဦးကို တောင်းပန် နေပါက၊ တချိန်တည်း၌ပင် ခရစ်တော်အကြောင်းကို သူ့အားသက်သေမခံသင့်ပေ။ ဤအချိန်တွင် ကျွန်ုပ်တို့၏၀န်ခံခြင်းနှင့်တောင်းပန်ခြင်းအားဖြင့် သက်သေခံခြင်းသည် လုံလောက်မှုရှိသည်။

အခြားသူသည် သင်၏တောင်းပန်မှု့ကို လက်မခံ၍ သင့်ကိုခွင့်မလွှတ်ပေးကြောင်းကို ပြောလာနိုင် သည်။ ဤသို့သောအခြေအနေမျိုးတွင် သင့်မြတ်မှုရရှိစေရန် သင်လုပ်ဆောင်နိုင်သည့်အရာများကို ရိုးသားစွာနှင့် နှိမ့်ချစွာလုပ်ဆောင်ပြီးစီးပါက၊ ကျန်သည့်ကိစ္စကို ဘုရားသခင်ထံ လွှဲအပ် လိုက်ပါ။


(၄) လျော်ကန်သောအဖိုးအခကို ပြန်လည်ပေးလျော်ပါ။

အကယ်၍ ကျွန်ုပ်တို့သည် တစုံတဦးအား နစ်နာဆုံးရှုံးမှုကိုဖြစ်စေခဲ့ပါက ပြန်လျော်ပေးရမည်။ ""ပြန်လျော်ပေးရမည်"" ဟူသောစကားစု၏ အဓိပ္ပါယ်မှာအဘယ်နည်း? အဓိပ္ပါယ်မှာ သင်ဆုံးရှုံးနစ်နာစေခဲ့ သောသူ၏ ဆုံးရှုံးမှုပမာဏကို ပြန်ပေးရန်ဖြစ်သည်။ ထိုသူနှင့် သင့်မြတ်အောင် ပြုလုပ် ရမည်။ ထိုသို့မလုပ် ပါက ဘုရားသခင်ထံသို့ ရှင်းလင်းကြည်လင်သောသြတ္တပ္ပစိတ်ဖြင့် တိုးဝင်ချဉ်ကပ်ရန်မှာ မဖြစ်နိုင်ပါ။

ဥပမာအားဖြင့် ကျွန်ုပ်သည် အခြားသူတဦးထံမှ တစုံတခုကို ခိုးယူသည်ဆိုကြပါစို့။ ဤသို့ ပြောရုံ လေးဖြင့် မလုံလောက်ပါ။ ""သင့်ဆီက ခိုးယူခဲ့သည့်အတွက် စိတ်မကောင်းပါဘူး။ ကျေးဇူးပြု၍ ကျွန်တော့် ကို ခွင့်လွှတ်ပေးပါ။"" ကျွန်ုပ်သည် အပြစ်လွှတ်ပေးရန်အတွက် တောင်းဆိုသင့်သည်။ သို့သော် ထိုသူ၏ နစ်နာဆုံးရှုံးခဲ့ရမှုအတွက် ပြန်လျော်ပေးရမည် (သို့) ခိုးယူခဲ့သောပစ္စည်းကို အစားပြန်လျော်ပေးရမည်။

အကယ်၍ ကျွန်ုပ်တို့သည် တစုံတဦးကို နစ်နာဆုံးရှုံးစေခဲ့ပါက သင့်လျော်သောအဖိုးအခကို ပြန်လျော်ပေးရမည်။

ငွေကိုအသုံးပြု၍ အလျော်ပေးရသောကိစ္စမျိုးတွင် သင်သည် ငွေကိုချက်ချင်းပြန်မပေးနိုင်မည်မှာ ဖြစ်ကောင်းဖြစ်နိုင်မည်။ ဤသို့သောကိစ္စမျိုး တွင် မြန်နိုင်သမျှမြန်မြန် ငွေကိုပြန်လျော်ပေးနိုင်ရန်အတွက် စီစဉ်မှုများကို ပြုလုပ်သင့်သည်။ ကြွေးများကြေသွားသည်အထိ သတ်မှတ်ထားသော ငွေပမာဏကိုလည်း ပေးချေနိုင်ရန်အတွက် စီစဉ်မှုများပြုလုပ်ထားရန် လိုအပ်ပေမည်။ ကတိပေးထားသည့်အတိုင်း လုပ်ဆောင် ၍ သစ္စာရှိကြောင်းကို သေချာစေပါ။


(၅) ဆင်ခြေများပေးခြင်းမှ ရှောင်ရှားပါ။

ကျွန်ုပ်တို့၏မာန်မာနကိုထိခိုက်စေသောအရာများကို ကျွန်ုပ်တို့မလုပ်လိုကြပါ။ ဤအကြောင်း ကြောင့် တောင်းပန်ရန်နှင့် အပြစ်လွှတ်ပေးဖို့ တောင်းဆိုရန် အခြားသူတဦးထံသို့ သွားရောက်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ဆင်ခြေများပေးခြင်း၌ ကျွန်ုပ်တို့သည် အလွန်တော်ကြသည်။ အောက်ပါတို့ မှ ပေးလေ့ပေးထရှိ သော ဆင်ခြေအချို့ဖြစ်သည်။


""ကျွန်ုပ်၏ကျူးလွန်မှုအပြစ်ကိုကာမိစေရန်အတွက် ထိုသူအတွက် ထူခြားကောင်းမွန်သောအရာတခုကို ပြုလုပ်ပေးမည်။""

ဤသို့လုပ်ခြင်းအားဖြင့် သင်ကျူးလွန်မှု့အပြစ်ကို ချေဖျက်နိုင်လိမ့်မည်မဟုတ်ပါ။ ယောက်ျား တစ်ဦးသည် သူပြောသောအရာ တစုံတခုအား ဖြင့် သူ့မိန်းမကိုစော်ကားပြီးနောက် ပန်းစည်းတစ်စည်း(သို့) သကြားလုံးတစ်ထုပ်ကို သူ့မိန်းမထံ ယူဆောင်လာခြင်းအားဖြင့် သူ၏ကျူးလွန်စော်ကားခဲ့မှု့ကို မချေဖျက် နိုင်ပါ။ ""လျော်ကန်သောတောင်းပန်မှု့"" ဟူသော ကျူးလွန်မှု့အပြစ်ကို ချေဖျက်နိုင်သောအရာ တစ်ခုတည်း သာရှိသည်။


""နောက်မှပဲလုပ်တော့မယ်""

အမှု့ကိစ္စများကို လုပ်ဆောင်ရန်ရွှေ့ဆိုင်းခြင်းသည် ရှင်းလင်းကြည်လင်သောသြတ္တပ္ပစိတ်၏ အကြီးမားဆုံး ရန်သူတော်များထဲမှ တစ်ဦး ဖြစ်သည်။ သခင်ယေရှုက ""သင့်ရန်သူတော်များနှင့် သဘောတူညီမှု့ရရန် အလျင်အမြန်ပြုလုပ်ပါ။""ဟု ပြောခဲ့သည်။ ဆိုလိုသည်မှာ ""သင်လုပ်စရာ ရှိတာကို၊ ယခုပင် လုပ်ပါ"" ဟူ၍ ဖြစ်သည်။


""အခြားလူက ကျွန်ုပ်ထက်ပိုမှားနေသည်""

ဤအချက်သည် မှန်ချင်မှန်မည်။ သို့သော် သင့်ဘက်မှာလုပ်ထားသော အမှားအတွက် သင်၌ တာဝန်ရှိဆဲဖြစ်သည်။ သင်သာ သင့်ဘက်မှ အမှားကို တောင်းပန်ပါက ထိုသူကလည်း သူ့ဘက်မှအမှား များအား တောင်းပန်သည်ကို သင်သိရှိလာလိမ့်မည်။ သင်တို့ထဲမှ တဦးဦးမှ ပထမဆုံး ခြေလှမ်းကို စလှမ်း ရမည်။ စလှမ်းသူမှာ သင့်ဘာကြောင့် မဖြစ်ရမည်နည်း?


""ဒီအမှားက သေးသေးလေးပါ။""

သေးချင်သေးပေလိမ့်မည်။ သို့သော် သခင်ကသာသင့်စိတ်နှလုံးထဲတွင် ဤအရာကို မှတ်မိသတိရ စေပါက သင် ဤအရာကို ကိုင်တွယ် ဖြေရှင်းရမည်။ အခြားလူကလည်း ထိုအရာကို ရှင်းလင်းစွာမှတ်မိ သတိရလျက်ရှိနေသည်ကို သင်သိလာလိမ့်မည်။




""သူနားလည်မှာ မဟုတ်ဘူး""

သူနားလည်လား၊ မနားလည်လား ဆိုသည်မှာ အဓိကအချက်မဟုတ်ပါ။ အဓိကအချက်မှာ သင်သည် ဘုရားသခင်၏စကားကို နာခံရန် သူပြောသည့်အတိုင်း လုပ်ရမည်။


""သူသည် ခရစ်ယာန်တဦးမဟုတ်ပါ။ ကျွန်ုပ်ကို မည်သို့သူထင်မြင်မည်နည်း?

နောက်ဆုံး၌သူသည် မိမိမှားတာကို ၀န်ခံရဲပြီး တောင်းပန်စကားဆိုရဲလောက်အောင် ရိုးသားမှု့နှင့် နှိမ့်ချမှု့အလုံအလောက်ရှိသည့် စစ်မှန်သော ခရစ်ယာန်တစ်ယောက်ကို တွေ့ရှိပြီးဟု သူထင်ချင်ထင်လိမ့်မည်။ အခြားပုံစံတစ်မျိုးအားဖြင့်လည်း သူတုံ့ပြန်နိုင်သည်။ သူ၏တုံ့ပြန်မှုနှင့် ထင်မြင်မှု့က မည်သို့ပင်ဖြစ် စေ၊ သင်သည် သခင်ကို နာခံရမည်။ ယခု ဘုရားသခင်ကို နာခံပါ။

ယခုတွင် ရှင်းလင်းကြည်လင်သော သြတ္တပ္ပစိတ်ကို ရရှိရန်အတွက် မည်သို့ပြုလုပ်ရမည်ကို သင်သိရှိခဲ့ပြီးဖြစ် သည်။ သို့သော် လက်တွေ့ လုပ်ဆောင်ရန် မှာ သာ၍အရေးကြီးသည်။ ကျမ်းစာက ""ဤအရာများကို သင်တို့ သိသည်အတိုင်း ကျင့်လျှင်မင်္ဂလာရှိကြ၏။""ဟုဆိုသည်။ ယော ၁၃း၁၇

အခြားသူများနှင့် သင့်မြတ်စေရန်အတွက် ယခုပင်စတင်လုပ်ဆောင်ပါ။ သင်အများဆုံး အပြစ်ကျူးလွန်ခဲ့သောသူများထံသို့ သင် အရင်ဆုံး သွားရန်မှာ အရေးကြီးသည်။ သင့်စာရင်းမှ နံပါတ်-၁ အားဖြင့် စတင်ပါ။ သူထံသို့သွား၍ သင့်ကိုအပြစ်လွှတ်ပေးရန် တောင်းဆိုပါ။ ထို့နောက် နံပါတ်-၂ ထံသို့ ဆက်သွားပြီး သင့်စာရင်း၏အောက်ခြေရှိလူများထံသို့လည်းသွားပါ။

သင်သည် ဘုရားသခင်ထံ၌သင့်အပြစ်များကို သစ္စာရှိစွာဝန်ခံတောင်းပန်၍ အခြားသူများအပေါ် တွင် ကျူးလွန်ခဲ့သောအပြစ်များကို ကိုင်တွယ် ဖြေရှင်းပြီးချိန်တွင်၊ ကြီးမားသောဝန်ထုပ်ဝန်ပိုးကြီးတခုကို သင်အောက်သို့ချလိုက်နိုင်ကြောင်းကို သင်သိရှိလာလိမ့်မည်။ ထိုမျှမက သင်သည် ဘုရားသခင် နှင့် လူတို့နှင့် သင့်မြတ်ခြင်းအားဖြင့် အတွင်းပိုင်း စိတ်ဝိညာဉ်၏လွတ်မြောက်မှု့ကို သင်ရရှိသည်ကို သိရှိလာလိမ့်မည်။


ရှာတွေ့ရသော အဖိုးထိုက်ရတနာ

ဘုရားသခင်နှင့်လူတို့နှင့် သင့်မြတ်ခြင်းအားဖြင့် ရှင်းလင်းကြည်လင်သောသြတ္တပ္ပစိတ်ကို ရရှိသည်။


မေးခွန်းများ

(၁) ရှင်းလင်းကြည်လင်သောသြတ္တပ္ပစိတ်ဆိုသည်မှာ

(က) သင်သည် ဘုရားသခင်နှင့် သင့်မြတ်ကြောင်းကို သိရှိခြင်းဖြစ်သည်။

(ခ) သင်သည် လူတို့နှင့်သင့်မြတ်ကြောင်းကို သိရှိခြင်းဖြစ်သည်။

(ဂ) သင်သည် ဘုရားသခင်နှင့် လူတို့နှင့်သင့်မြတ်ကြောင်းကို သိရှိခြင်းဖြစ်သည်။

(၂) အောက်ပါအချက်များသည် မှန်လား/မှားလား?

- ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့် ဘ၀တူလူများအပေါ်တွင် အပြစ်ကျူးလွန်သောအခါ၊ ဘုရား သခင်အပေါ်တွင်လည်း အပြစ်ကျူးလွန်သည်။

- ဘုရားသခင်နှင့် မသင့်မြတ်မီ၊ ပထမဆုံးလူများနှင့် အရင်သင့်မြတ်ရမည်။

မှန်/မှား (မေးခွန်း ၃-၅)

(၃) မှန်ကန်စွာတောင်းပန်နိုင်ရန်အတွက်၊ ကျွန်ုပ်တို့သည် ""ငါမှားခဲ့ပါတယ်။ ဒါပေမယ့်လည်း သင်လည်း မှားခဲ့တာပဲ""ဟု ပြောရမည်။

(၄) ကျွန်ုပ်တို့၏အပြစ်ဒုစရိုက်ကို လုံးဝဥဿုန်ဝန်ခံပြီး အပြစ်လွှတ်ပေးရန်အတွက် နှိမ့်ချစွာတောင်း ဆိုရမည်။

(က) မှန် (ခ) မှား

(၅) ""ငါအမှားလုပ်ခဲ့မိတယ်ဆိုရင် ငါ့ကိုခွင့်လွှတ်ပါ""ဟု ပြောခြင်းသည် မှန်ကန်သောတောင်းပန်မှု့မျိုး ဖြစ်သည်။

(က) မှန် (ခ) မှား

(၆) မှန်ကန်သောပုံစံမျိုးဖြင့် မည်သို့တောင်းပန်ရမည်နည်း?

(က) ""ငါမှားခဲ့ပါတယ်။ ဒါပေမယ့် မင်းလည်းမှားခဲ့တာပဲ""

(ခ) ""မင်းကိုလိမ်ခဲ့မိတာ ငါ့အမှားပါ။ ငါ့ကိုခွင့်လွှတ်ပေးမလား?

(ဂ) ""ငါဒေါသတကြီးဖြစ်သွားခဲ့တယ်။ သို့ပေမယ့် အဲဒီလိုဖြစ်အောင် မင်းကဖြစ်စေခဲ့တာကိုး""

(၇) အကယ်၍ ကျွန်ုပ်တို့သည် တစုံတဦးကို နစ်နာဆုံးရှုံးမှုဖြစ်စေခဲ့ပါက၊ ကျွန်ုပ်တို့သည် .....

(က) ဆင်ခြေကောင်းကောင်းပေးတတ်ရမည်။

(ခ) သင်လျော်သောအဖိုးအခကို ပြန်လျော်ပေးရမည်။

(ဂ) တောင်းပန်စကားဆိုရမည်။

(၈) ပြန်လျော်ပေးသည် ဆိုသည်မှာ အဘယ်နည်း။

(က) တောင်းပန်စကားဆိုပြီးနောက် အိမ်ပြန်အနားယူခြင်းဖြစ်သည်။

(ခ) ထိုသူ၏ဆုံးရှုံးနစ်နာခဲ့မှုအတွက် သင့်လျော်သောအဖိုးကို ပြန်လျော်ပေးခြင်းဖြစ်သည်။

(၉) သင်အပြစ်ကျူးလွန်ခဲ့သောသူနှင့် သင့်ကြားတွင် အခြေအနေတို့သည် တိုးတက်ကောင်းမွန်လာပါက၊ သင်သည်အပြစ်လွှတ်ပေးဖို့ တောင်းဆိုရန် မလိုအပ်တော့ပါ။

(က) မှန် (ခ) မှား

(၁၀) အကယ်၍ အခြားလူသည် သင့်ထက်ပိုမှားလျှင်တောင်မှ သင့်ဘက်မှလုပ်ခဲ့သောအမှားကို ချေဖျက်ဖို့ ရန်အတွက် သူ့ဆီသို့ သွားရောက် တောင်းပန်ရမည်။

(က) မှန် (ခ) မှား

ရဲလင်းထွန်း (အင်းစိန်)


Share:

ခရစ်တော်သည်ဘာဋ္ဌေကာင့်ကျွန်ုပ်အတွက် အစစ်အမှန် မဖြစ်သနည်း?

Why Isn't Christ Real to Me?

Practical Christian Living Course

Lesson 6


သော့ချက်ကျမ်းပုဒ် ။ ။ ""ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား ငါ့နှင့် စပ်ဆိုင်သောအရာကိုယူ၍၊ သင်တို့အား ဘော်ပြ လိမ့်မည်။"" ယော ၁၆း ၁၄

သခင်ယေရှုသည် ဤလောက၌ ရှိစဉ်ကာလအတွင်း တပည့်တော်တို့နှင် အတူပြောဆိုသွားလာခဲ့သည်။ သူတို့သည် သခင်နှင့်အတူ ရှိရခြင်း ကို ၀မ်းမြောက်လိုက်သည့်ဖြစ်ခြင်း၊ သို့သော် တနေ့တွင် သူက သူတို့ထံမှထွက်ခွာတော့မည်ဟု ပြောခဲ့သည်။

တပည့်တော်များသည် သခင်ယေရှု သူတို့ထံမှ ထွက်ခွာတော့မည့်အကြောင်းကို စဉ်းစားသောအခါ အလွန်ပင်ဝမ်းနည်းကြသည်။ ""ဤအကြောင်းအရာတို့ကို ငါပြောသောကြောင့်၊ သင်တို့သည် အလွန်ဝမ်းနည်းခြင်းသို့ ရောက်ကြ၏။ ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျင် သင်တို့အကျိုးရှိလိမ့်မည်"" ဟုဆို ခဲ့သည်။

သခင်ယေရှုထွက်ခွာသွားပါက သူတို့အတွက် မည်သို့အကျိုးရှိလာနိုင်သည်ကို တပည့်တော်တို့သည် နားမလည်နိုင်ခဲ့ပါ။ သို့သော် ယေရှုက သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သူတို့ထံသို့ ပြန်လာနေမည်ဟု ရှင်းပြခဲ့သည်။ သူက ""ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်""ဟု ပြောခဲ့သည်။

ပင်တေကုတ္တေပွဲနေ့တွင် သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တပည့်တော်များ၌ နေထိုင်ရန် ပြန်လာခဲ့သည်။ သူတို့သည် အလွန်ပင် ၀မ်းမြောက်ခဲ့သည်။ သူတို့သည် နေရာအနှံ့ အပြားသို့သွား၍ သခင်ယေရှုသည် အသက်ရှင်လျက်ရှိကြောင်းနှင့် သူသည် အရာအားလုံးတို့၏ သခင်ဖြစ်ကြောင်း ၀မ်းမြောက်ဖွယ် သတင်းကောင်းကို ဟောပြောကြသည်။ အကောင်းဆုံးအရာမှာ ခရစ်တော်သည် သူတို့၌ အသက်ရှင်လျက် ရှိသည်ကို သိကြပြီး သူသည် သူတို့နှင့်အတူရှိမှုအတွက် ၀မ်းမြောက်ခဲ့ကြသည်။ သခင်သည် ကိုယ်ခန္ဓာအားဖြင့် သူတို့နှင့်အတူ ရှိခဲ့သောအချိန်ကဲ့သို့၊ သန့်ရှင်းသော ၀ိညာဉ်တော်သည် (သခင်သည် ကိုယ်ခန္ဓာအားဖြင့် သူတို့နှင့်အတူမရှိသော်လည်း) သခင်ယေရှုကို သူတို့အတွက် အစစ်အမှန် ဖြစ်စေခဲ့သည်။


ခရစ်တော်သည် ယုံကြည်သူတိုင်း၌ အသက်ရှင်နေထိုင်သည်။

သခင်ယေရှုသည် ထိုပထမဦးဆုံး တပည့်တော်များ၏ စိတ်နှလုံးအတွင်း၌ အသက်ရှင်နေထိုင်ခဲ့သလို ယနေ့တွင်လည်း ယုံကြည်သူတိုင်း၏ စိတ်နှလုံးအတွင်း၌ အသက်ရှင်နေထိုင်သည်။ ခရစ်တော် ကိုယ်၌က ကောင်းကင်ဘုံ၌ ရှိနေသော်လည်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ် အတွင်း၌ နေထိုင် အသက်ရှင်သည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွက် ဘာလုပ်ပေးသနည်း? သူသည် ခရစ်တော်ကို ကျွန်ုပ်တို့အတွက် အစစ်အမှန်ဖြစ်စေသည်။ သူက ခရစ်တော်သည် ကျွန်ုပ်တို့အတွင်း၌ အသက်ရှင်လျက်ရှိသည်ကို သိစေပြီး ကျွန်ုပ်တို့နှင့် သူ၏အတူရှိမှုကို ၀မ်းမြောက်စေသည်။ သူသည် ခရစ်တော်နှင့် သက်ဆိုင်သောအရာများကို ရယူ၍ ကျွန်ုပ်တို့အား ဖွင့်ပြသည်။ သခင်ယေရှုက သန့်ရှင်းသောဝိညာဉ်တော်နှင့် ပတ်သက်၍ ဤသို့ ပြောခဲ့သည်။ ""ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။ ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထို့ကြောင့် ငါနှင့်စပ်ဆိုင်သောအရာကို ယူ၍ သင်တို့အား ဘော်ပြလိမ့်မည်""ဟု ငါပြော၏။

သန့်ရှင်းသော ၀ိညာဉ်တော်၏ လုပ်ငန်းတာဝန်မှာ ခရစ်တော်သည် သူ၏ပထမဦးဆုံး တပည့်တော်များအတွက် အစစ်အမှန် ဖြစ်ခဲ့သလို ခရစ်တော်ကို ကျွန်ုပ်တို့အတွက် အစစ်အမှန် ဖြစ်စေရန်ဖြစ်သည်။ ဟုတ်ပါတယ်။ ဆုတောင်းပြီး ဘုရားကျောင်းလည်းသွားပါတယ်။ သို့သော် ခရစ်တော် သည် ကျွန်ုပ်အတွက် အစစ်အမှန် မဖြစ်ပါ။ ဘာကြောင့် ဒီလို ဖြစ်ရသနည်း?

ပထမဆုံးအနေဖြင့်၊ မိမိကိုယ်ကို ခရစ်ယာန်ဟု ထင်ရသော်လည်း ဒုတိယမွေးခြင်းကို အမှန်တကယ် မခံရသေးသူများစွာ ရှိနေသည် ဆိုသည့် အချက်ကို ထောက်ပြရမည်။ ခရစ်တော်သည် သူတို့အတွက် အစစ် အမှန် မဖြစ်ခြင်းအကြောင်းမှာ သူတို့သည် သူနှင့်မသက်ဆိုင်ဘဲ သန့်ရှင်းသော ၀ိညာဉ်တော်ကလည်း သူတို့ အတွင်း၌ အသက်မရှင်သောကြောင့်ဖြစ်သည်။ ကျမ်းစာက ""ခရစ်တော်၏၀ိညာဉ်ကို မရသောသူမည် သည်ကား ခရစ်တော်နှင့်မဆိုင်""ဟု ဆိုသည်။ ( ရော ၈း ၉ )

ဒုတိယအကြိမ်မွေးခြင်းကို အမှန်တကယ်ခံပြီးသူများအတွက် ခရစ်တော်သည် အစစ်အမှန် မဖြစ်ခြင်းအကြောင်းအရင်းမှာ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေသောကြောင့် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂိ္ဂုလ်တစ်ဦးဖြစ်သည်ဆိုသည့်အချက်ကို ကျွန်ုပ်တို့ သိရမည်။ သူသည် အခြားလူပုဂိ္ဂုလ်များကဲ့သို့ တွေးတောတက်သည်။ ချစ်တတ်၍ လိုချင်တောင့်တမှုရှိသည်။ ၀မ်းမြောက်တတ်သည်။ ဝေဒနာ ကို ခံစား တတ်သည်။ ထို့ပြင် သူသည် ပူဆွေးဝမ်းနည်းတတ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေသောအခါ၊ သူသည် ခရစ်တော်ကို ကျွန်ုပ်တို့အား ဖွင့်ပြောတော့မည်မဟုတ်ပဲ ကျွန်ုပ်တို့နှင့် သခင်အတူရှိသည်ဟု ခံစားရမှုကို ဆုံးရှုံးကြသည်။ ခရစ်တော်သည် ဘယ်တော့မှ ကျွန်ုပ်တို့ကို မစွန့်ပစ်သော်လည်း သူသည် ကျွန်ုပ်တို့အတွက် အစစ်အမှန် မဖြစ် တော့ပါ။ အကြောင်းမူကား ကျွန်ုပ်တို့သည် သန့်ရှင်းသော ၀ိညာဉ်တော်ကို စိတ်နာ စေကြသော ကြောင့်ဖြစ်သည်။

ခရစ်ယာန်များစွာတို့က သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေနေသည်ကို မသိကြပါ။ ထို့ကြောင့် ဘယ်အရာက သူ့ကို စိတ်နာ စေပြီး သူ့ကိုစိတ်နာစေခြင်းအား မည်သို့ရှောင်ရှား ရမည်ကို ကျွန်ုပ်တို့နားလည်ရန်လိုအပ်သည်။


သန့်ရှင်းသောဝိညာဉ်တော်ကို ဘယ်အရာက စိတ်နာစေသနည်း?

သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေသောအရာများစွာရှိသည်။ ၄င်းတို့ထဲမှ အချို့ကို ကြည့်ကြပါစို့။


(၁) ၀န်ချတောင်းပန်ခြင်း မရှိသောအပြစ်

ကျွန်ုပ်တို့အပြစ်လုပ်သောအခါ၊ ဘုရားသခင်က ကျွန်ုပ်တို့အတွက် ပြင်ဆင်စီမံပေးထားသောအရာ ရှိသည်။ ကျမ်းစာက ကျွန်ုပ်တို့သည် ကျွန်ုပ် တို့၏ အပြစ်များကို ၀န်ချတောင်းပန်၍ အပြစ်များကို ကျောခိုင်းပါက၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခွင့်လွှတ်မည်။ အကယ်၍ ကျွန်ုပ်တို့၏ အပြစ် များကို မ၀န်ချ မတောင်းပန်၊ မစွန့်လွှတ်ပါက ဤအပြစ်များသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ကြားထဲသို့ ရောက်လာပြီး သန့်ရှင်းသောဝိညာဉ်တော် ကို စိတ်နာစေသည်။ ကျမ်းစာက ""ငါသည်စိတ်နှလုံးထဲ မှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ""ဟု ဆိုသည်။ ဆာ ၆၆း ၁၈

ကျွန်ုပ်တို့သည် တစုံတဦးကို ကျူးလွန်စော်ကားခဲ့မိသော်လည်း ထိုသူကို တောင်းပန်ရန်နှင့် သူနှင့် သင့်မြတ်အောင်ပြုလုပ်ရန်အတွက် ငြင်းပယ်ခဲ့သည်။ သို့မဟုတ် တစုံတဦးက ကျွန်ုပ်တို့အပေါ်တွင် ကျူးလွန်စော်ကားခဲ့သောအခါ သူ့ကို ခွင့်လွှတ်ပေးရန် ငြင်းပယ်ခဲ့ပြီး သူ့အပေါ်တွင် နာကြည်းခဲ့သည်။ ကျွန်ုပ်တို့သည် အချို့သောကိစ္စများ၌ ဘုရားသခင်အား နာမခံနေခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ပြင် မာန်မာန၊ တကိုယ်ကောင်း ဆန်ခြင်း၊ (သို့) ပုန်ကန်လိုသောစိတ် စသည့် ကျွန်ုပ်တို့စိတ်သဘော၏ အပြစ်များသည်လည်း ကျွန်ုပ်တို့တွင်ရှိနိုင်ပါသည်။ မည်သို့သော အပြစ်ပင် ဖြစ်ပါစေ၊ ထိုအပြစ်ကို ဖက်တွယ်ထားပါက၊ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေပြီး သခင်၏ကျွန်ုပ်တို့နှင့်အတူ ရှိနေမှုကို ခံစားနိုင်၊ ၀မ်းမြောက်နိုင်မည် မဟုတ်ပါ။


(၂) ဤလောက၏စိုးရိမ်စရာများ၏ ချုပ်ကိုင်ထားမှုကိုခံရခြင်း

သန့်ရှင်းသောဝိညာဉ်တော်က ခရစ်တော်၏အရာများကိုယူ၍ ကျွန်ုပ်တို့အား ဖွင့်ပြလိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ ခရစ်တော် နှင့် သက်ဆိုင်သောအရာများကို ကျွန်ုပ်တို့ သင်ယူကြသည်။ ထိုကြောင့် သန့်ရှင်းသော ၀ိညာဉ်တော်က ခရစ်တော်နှင့် သက်ဆိုင်သော အရာများကို ကျွန်ုပ်တို့အား သင်ကြားပေးနိုင်ရန်အတွက် ဆုတောင်းရန်နှင့် နှုတ်ကပတ်တော်ကို လေ့လာသင်ယူရန် အချိန်ပေးရမည် ဖြစ်သည်။

ဤလောက၏ ပြသနာများနှင့် စိုးရိမ်စရာများ၌ ပါဝင်ပတ်သတ်မှုရှိရန်မှာ အလွန်ပင်လွယ်ကူသောကြောင့်၊ ဘုရားသခင်နှင့်သက်ဆိုင်သော အရာများကို သင်ယူရန်အတွက် အချိန်မယူနိုင်ကြတော့ပါ။ ယေရှုက ""လောကီအမှု၌ စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ်တို့သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတက်သောကြောင့်၊ အသီးမသီးနိုင်ဟု ဆိုလိုသတည်း""ဟု ဆိုသည်။

ကျွန်ုပ်တို့သည် လောကအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်အား ""လွှမ်းမိုးညှင်းဆဲ"" စေရန် ခွင့်ပြုသောအခါ၊ သန့်ရှင်းသော ၀ိညာဉ်သည် ပူဆွေးဝမ်းနည်းသည်။ ဤသို့ မိမိကိုယ်ကို မေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ ၀ိညာဉ်ရေးရာ အတွေ့အကြုံများ၏ အဆင့်ကို သတ်မှတ်နိုင်သည်။ ""ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်မျှချစ်မြတ်နိုးသနည်း? တစ်ရက်လျှင် အချိန်မည်မျှယူ၍ သခင်နှင့် မိတ်သဟာယ ဖွဲ့သနည်း?


လောကီတပ်မက်စရာများ

စာတန်သည် ခရစ်ယာန်များကို ဘုရားသခင်နှင့် ဝေးရာသို့ခေါ်ဆောင်သွားရန်အတွက် တလက် လက်ထွန်းတောက်ပနေသော အရာများနှင့် စွဲမက်စရာများပြည့်လျက်ရှိသော လောကီရေးရာစနစ် (Worldly System) များကို အသုံးပြုသည်။ တစုံတဦးက ""လောကီရေးရာများ""ကို ဤသို့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

""ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၌ ၀မ်းမြောက်လိုခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်လိုခြင်းတို့မှ ကျွန်ုပ်အား တားဆီး မည့် မည်သည့်အရာကိုမဆို လောကီရေးရာစနစ် (Worldly System) ဟု ခေါ်ဆိုနိုင်သည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့အား ဖွင့်ပြပေးရန် မျှော်လင့်လျက်ရှိပြီး ခရစ်တော်၏ ကြွယ်ဝခြင်းကိုလည်း ကျွန်ုပ်တို့အား ပြသလိုသည်။ ကျွန်ုပ်တို့အတွင်း၌ သူအသက်ရှင်လျက်ရှိသည်ကိုလည်း ပြသလိုသည်။ သို့သော် ဘုရားသခင်၏ သားသမီးများစွာတို့သည် သူ့အတွက် အချိန်မပေးလိုကြပါ။ ထိုသို့ပေးရမည့်အစား၊ သူတို့သည် တီဗွီကြည့်ခြင်း၊ လောကီစာပေများကို ဖတ်ခြင်း၊ မှားသောနေရာများသို့သွားပြီး မှားသောအရာများကို လုပ်ခြင်းအားဖြင့် နာရီပေါင်းများစွာကို ကုန်ဆုံးစေကြသည်။ သူတို့သည် ဤလောကအရာ များကို ချစ်ခင်မြတ်နိုးကြပြီး သူတို့၏နာရီပေါင်းများစွာကို ထိုအရာတို့ကို လုပ်ရန်အတွက် ပေးအပ်ထားကြသည်။ သူတို့သည် ဘုရားသခင်ကို မသိ၊ ဂရုမစိုက်သောလူများ (သို့) ၀ိညာဉ်ရေးအရ ကြီးထွားရင့်ကျက်လာရန် ဆန္ဒမရှိ၍ မနာခံ တတ်သော ခရစ်ယာန်များနှင့် စဉ်ဆက်မပြတ် ပေါင်းဖော်ကြ သည်။ ကျမ်းစာက ""...ယောကီမိတ်သဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိတ်သဟာယဖွဲ့လို သောသူသည် ဘုရားသခင်နှင့် ရန်သူဖြစ်၏""ဟု ဆိုသည်။ ယာ ၄း ၎

ကျွန်ုပ်တို့၏စိတ်နှလုံးအတွင်း၌ သခင်ယေရှုခရစ်တော်၏အတူရှိမှုကို ၀မ်းမြောက်နိုင်ရန်အတွက်၊ သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာ စေသော အရာများအား လုပ်ခြင်းကိုရပ်တန့်ရမည်။ ထို့နောက် သူ့ကိုနှစ်သက်စေသောအရာများကို စတင်ပြုလုပ်ရမည်။ ကျမ်းစာက ""ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင်၊ သင်တို့ကိုတံဆိပ်ခပ်တော်မူသော၊ ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်"" ဟု ဆိုသည်။ ဧ ၄း ၃၀


ဘုရားသခင်နှင့်သင့်မြတ်ခြင်း

ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်သောကြောင့် ကျွန်ုပ်တို့တွင် ၀န်မချထားသောအပြစ်များ ရှိပါက၊ သူသည် ကျွန်ုပ်တို့နှင့် မိတ်သဟာယ ဖွဲ့နိုင်မည် မဟုတ်ပါ။ အပြစ်သည် ကျွန်ုပ်တို့ကို ဘုရားသခင် နှင့်ကွဲကွာစေသည်။ ကျမ်းစာက ""ကြည့်ရှုလော့။ ဘုရားသခင်သည် မကယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။ သင်တို့ဒုစရိုက်သည် သင်တို့ကို ဘုရားသခင် နှင့်ကွာစေပြီ။ ကြားတော် မမူစေခြင်းငှာ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။"" ဟုဆိုသည်။ ဟေ ၅၉း ၁-၂

ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရသောအခါ၊ ထာဝရကာလအပြစ်လွှတ်ခြင်းကို ခံရကြသည်။ ယေရှုသည် ကားတိုင်ပေါ်၌အသေခံခဲ့ချိန်တွင်၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ရှိ ကျွန်ုပ်တို့၏အပြစ်အားလုံးကို ထမ်းပိုးထားခဲ့သည်။ ကားတိုင်ပေါ်၌အသေခံခြင်းအားဖြင့် သူသည် ကျွန်ုပ်တို့၏ဘ၀ တစ်လျှောက်လုံးတွင် လုပ်မည့် အပြစ်အားလုံးအတွက် အဖိုးအခကို အပြည့်အ၀ပေးချေခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းကိုခံသောအခါ၊ ထာဝရကာလ ဘုရားသခင်၏ သားသမီးများဖြစ်လာကြသည်။

သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏မိသားစုအတွင်းသို့ ၀င်ရောက်လာသည်နှင့်တပြိုင်နက်၊ ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှိ ခမည်းတော်နှင့် မိတ်သဟာယဖွဲ့ခြင်းအမှုကိစ္စသည် တည်ရှိလာမည် ဖြစ်သည်။ အပြစ်သည် ကျွန်ုပ်တို့နှင့် သူ၏မိတ်သဟာယဖွဲ့ခြင်းကို ပျက်စီးသည်။ အကယ်၍ ဘုရားသခင်၏ သားသမီးတစ်ဦးသည် အပြစ်လုပ်မိပြီး ထိုအပြစ်ကိုဘုရားသခင်ထံ မ၀န်ချမတောင်းပန်ဘဲ ထိုအပြစ်၌ ဆက်လက်ကျင်လည်ပါက သူသည် ဘုရားသခင်၏သားသမီးအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သော်လည်း၊ သူ့အပြစ်များက ခမည်းတော်နှင့် မိတ်သဟာယကိုဖျက်ဆီးပစ်လိုက်သည်။ သူသည် မိတ်သဟာယ ပြန်လည်ဖွဲ့နိုင်ရန်အတွက်၊ အပြစ်လွှတ်ခြင်းခံရရန် လိုအပ်သည်။ ကျွန်ုပ်တို့နှင့် ခမည်းတော်ကြားသို့ ရောက်လာသော အပြစ်များ ကို ကျွန်ုပ်တို့ကိုင်တွယ်ဖြေရှင်းရမည်။

ဤသို့ဆုတောင်းခြင်းအားဖြင့် ကျွနု်ပ်တို့၏အပြစ်ပြဿနာများကို တစ်စုတစ်စည်းတည်း မကိုင်တွယ်နိုင်ပါ။ ""သခင်၊ ကျွန်ုပ်၏အပြစ် အားလုံးကို ခွင့်လွှတ်တော်မူပါ။"" ကျွန်ုပ်တို့၏အပြစ်များကို တစ်ခုချင်းစီကျူးလွန်ထားခြင်းဖြစ်သောကြောင့် တစ်ခုချင်းစီပြန်လည်ကိုင်တွယ်ဖြေရှင်းရမည်။

ယခုတွင် စာရွက်တစ်ရွက်ကိုယူပါ။ (မှတ်စုစာအုပ်တစ်အုပ်၏ စာရွက်တစ်ရွက်ဆိုလျှင်လည်း အဆင်ပြေပါသည်။) သင့်ဘ၀တွင် သင် မှတ်မိ ရသမျှ သင်ကျူးလွန်ထားသောအပြစ်အားလုံးတို့ကို နံပါတ် စဉ်တပ်၍ စတင်ချရေးပါ။ ဘုရားသခင်အပေါ်တွင်ရိုးသားပါ။ ကျမ်းစာက ""ကိုယ့်အပြစ်မရှိဟု ငါတို့သည် ဆိုလျှင် ကိုယ့်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ။ ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသားအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်သည်လည်း ငါတို့၌မရှိ။"" ဟူ၍ဆိုသည်။

ဤသို့လုပ်ခြင်းကို ပေါ့ပျက်ပျက်သဘောမထားပါနှင့်။ သင်သည် ဘုရားသခင်နှင့် အလုပ်လုပ် နေခြင်းဖြစ်သည်။ သင့်ဘ၀ကို သေသေချာချာ ပြန်တွေးတောပြီး သင်မှတ်မိသမျှသောအပြစ်တိုင်းကိုချရေးပါ။ သင့်ကိုသင်လည်း ရိုးသားပါ။ ဘုရားသခင်နှင့်သင်မှလွဲ၍ မည်သူကမှ ဤစာရင်းကို ကြည့်ရန် မလိုအပ်ပါ။ အချိန်အတန်ကြာ သင်သည် သင်၏စာရင်းကိုပြုစုလိုပေလိမ့်မည်။

သင်တွေးလို့ရသမျှသော အပြစ်များကိုချရေးပြီးပါက သင့်ဘ၀တွင် သင်မမှတ်မိသောအပြစ်တို့ကို ပြသပေးရန်အတွက် ဘုရားသခင်ထံ တောင်းခံပါ။ ဆာလံဆရာသည် ဤသို့ဆုတောင်းခြင်းအားဖြင့် တောင်းခံခဲ့သည်။ ""ကျွန်ုပ်ကိုစစ်ကြောရန် ကျွန်ုပ်၏နှလုံးကိုသိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များ ကိုလည်းသိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်၊ မလိုက်သည်ကိုကြည့်ရှု၍၊ ထာဝရ လမ်းထဲသို့ သွေးဆောင် တော် မူပါ။"" ဆာ ၁၃၉း ၂၃-၂၄

သင်သည် ဤသို့ဆုတောင်းရာတွင် ရိုးသားမှုရှိပါက ဘုရားသခင်သည် သင့်ဘ၀ထဲရှိ အခြားအပြစ်တို့ကိုပါ ပြသလိမ့်မည်။ ဤအပြစ်များ ကိုလည်း သင့်အပြစ်စာရင်းထဲသို့ ထည့်လိုက်ပါ။ သင်၏ဘ၀ကို ကြည့်ရှုစစ်ဆေးပြီး အပြစ်တို့ကို သင့်အားမှတ်မိသတိရလာအောင် ပြုလုပ်ပေးရန်အတွက် ဘုရားသခင်အား အချိန်ပေးပါ။

သင်၏ပထမစာရင်းကို ချရေးပြီးပါက၊ ဒုတိယစာရင်းကို စတင်ရေးပါ။ ဤတစ်ကြိမ်တွင်မူ၊ ဘုရား သခင်၏ စိတ်နှလုံးကို ၀မ်းမမြောက်စေသော သင်လက်ရှိလုပ်နေသောအရာများကို စဉ်းစား၍ ချရေးပါ။ အပြစ်ဟု သင်မသတ်မှတ်သော်လည်း ဘုရားသခင်အား ပျော်ရွှင်မှု ၀မ်းမြောက်မှုကို မပေးနိုင် သော အရာများစွာတို့သည် သင့်ဘ၀ထဲတွင် ရှိနိုင်သည်။ ဘုရားသခင်၏ သားသမီးများအနေဖြင့် ဘုရားသခင်၏စိတ်နှလုံး ထံသို့ ၀မ်းမြောက်ခြင်းကို ယူဆောင်လာရန်အတွက် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။


ကျွန်ုပ်တို့၏အပြစ်များနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ဘာလုပ်ကြသနည်း?

သင်ကျူးလွန်ခဲ့သောအပြစ်များစာရင်းနှင့် ဘုရားသခင်ကို ၀မ်းမြောက်မှုကို မပေးစွမ်းနိုင်သော အရာတို့ကို ချရေးပြီးပါက၊ သင်သည် ထိုအပြစ် တို့အား ခွင့်လွှတ်ပေးရန်အတွက် ဘုရားသခင်အား တောင်းဆိုရန်အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ ကျမ်းစာက ""ကိုယ်အပြစ်တို့ကို ဘော်ပြ တောင်းပန် လျင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ၊ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော် မူ၏ "" ဟု ဆိုသည်။ ၁ယော ၁း ၉

ဘုရားသခင်နှင့် သင့်မြတ်အောင်လုပ်ရန်အတွက် တခုတည်းသောနည်းလမ်းမှာ သူထံသို့သွား၍၊ ကျွန်ုပ်တို့၏အပြစ်များကို နှိမ့်ချစွာ ၀န်ချ တောင်းပန်ရန်ဖြစ်သည်။ ""ကျွန်ုပ်တို့၏အပြစ်များကို ၀န်ချတောင်း ပန်သည်""ဟုဆိုရာတွင် ဘာကိုဆိုလိုသနည်း? ""၀န်ချတောင်းပန်သည်"" ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ ""တူညီသောအကြောင်းအရာတစ်ခုတည်းကို ပြောသည်""ဟု အဓိပ္ပာယ်ရသည်။ ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင်ထံ ၀န်ချတောင်းပန်သည်ဟုဆိုရာတွင် အပြစ်များနှင့်ပတ်သက်၍ ဘုရားသခင်ပြောသလိုမျိုး ကျွန်ုပ်တို့လည်း ပြောသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့လိမ်ညာပါက၊ လိမ်ညာသည်ဟု ပြောရန်လိုအပ်သည်။ ကျွန်ုပ်တို့သည် အပြစ်များကို ၀န်ချတောင်းပန်ပါက၊ ခရစ်တော်ယေရှု၏ အသွေးတော် သည် အပြစ်ရှိသမျှကို ဆေးကြောမည်ဖြစ်သော်လည်း၊ ဆင်ခြေပေး၍ အပြစ်ကိုမ၀န်ချ၊ မတောင်းပန်ပါက ဆေးကြောပေးမည်မဟုတ်ပါ။

ကျွန်ုပတို့၏အပြစ်များကို လွှတ်ပေးရန်အတွက် ဘုရားသခင်သည် သစ္စာတရားနှင့်ပြည့်စုံသည်ဟူသော စကားစု၏အဓိပ္ပာယ်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကတိတည်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူက ကျွန်ုပ်တို့အား အပြစ်လွှတ်ပေးမည်ဟု ပြောထားပြီး ပြောထားသည့် အတိုင်း အမြဲတမ်း လုပ်ဆောင်မည်ဖြစ်သည်။

ကျွန်ုပ်တို့၏ အပြစ်များကို လွှတ်ပေးရန်အတွက် ""ဘုရားသခင်သည် ဖြောင့်မတ်ခြင်းတရားနှင့် ပြည်စုံသည်"" ဟူသောစကားစု၏ အဓိပ္ပာယ် မှာ အဘယ်နည်း။ အဓိပ္ပာယ်မှာ ခရစ်တော်က ကျွန်ုပ်တို့အပြစ် များ၏ အဖိုးအခကို ပေးချေခဲ့ပြီးဖြစ်သောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်မှန်ကန်စွာ အပြစ်လွှတ်ပေးနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်က ထိုအပြစ်များသည် ကားတိုင်ထက်ရှိ ခရစ်တော်ပေါ်၌ စုပုံ တင်ထားခြင်းခံရသည်ဟု မြင်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံခဲ့သောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဖြောင့်မတ်စွာ အပြစ်လွှတ်ပေးနိုင်သည်။

ဤအချက်ကို နားလည်ပါက ကျွန်ုပ်တို့၏ အပြစ်များအား တစ်ခုချင်းဆီ ဘုရားသခင်ထံ ၀န်ချ တောင်းပန်ရန်အတွက် အသင့် ဖြစ်နေပြီ ဖြစ်သည်။ သင့်အပြစ်စာရင်းမှ ပထမဦးဆုံးအပြစ်ကို ယူ၍ ဤသို့ ပြောပါ။ ""အဖဘုရားသခင်၊ ဤ (အပြစ်ကိုပြောပါ) ကိုလုပ်ခြင်းအားဖြင့် ကိုယ်တော် အပေါ်တွင် အပြစ်ကျူး လွန်ခဲ့သည်။ ယခုတွင် ကျွန်ုပ်သည် ဤအပြစ်ကို ၀န်ချတောင်းပန်၍ အပြစ်လွှတ်ပေးရန်အတွက် ကိုယ်တော်ကိုတောင်းခံပါ၏။ ယေရှုခရစ်တော်သည် ကျွန်ုပ်အတွက် အဖိုးထိုက်စွာသော အသွေးတော်ကို သွန်းခဲ့သည့်အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါ၏။""

ဤသို့ဆုတောင်းခြင်းဖြင့် ကားတိုင်ထက်ရှိခရစ်တော်ပေါ်သို့ သင်၏အပြစ်များကို စုပုံတင်ထားပြီး ဖြစ်ကြောင်းကို သင့်အားသိစေရန် ကူညီ ပေးလိမ့်မည်။ ထိုအပြစ်သည် ယခုအချိန်၌ သင်ထံမှ ခရစ်တော် ဆီသို့ ကူးပြောင်းသွားပြီဖြစ်သည်။ သူ၏သေခြင်းအားဖြင့် ထိုအပြစ်၏ အဖိုးအခကို ပေးချေခဲ့ပြီး ဖြစ်ကာ၊ သင့်ထံတွင် လုံးဝမရှိတော့ပါ။

အကယ်၍သင်သည် ဘုရားသခင်၏ သားသမီးတစ်ဦးဖြစ်ပါက သန့်ရှင်းသောဝိညာဉ်တော်သည် သင့်စိတ်နှလုံးအတွင်း၌ ရှိသည်။ သင် ဒုတိယအကြိမ်မွေးခဲ့စဉ်ကတည်းက၊ သူသည် ထိုနေရာ၌ရှိနေခဲ့သည် သို့သော် သင့်ဘ၀တွင် အပြစ်များရှိခဲ့ပါက၊ သူသည် သင့်ဘ၀ကို ဖြည့်ပေးရန် အတွက် မတတ်စွမ်းနိုင်ဘဲ သူသည် ပူဆွေးဝမ်းနည်းနေမည်ဖြစ်သည်။ အကယ်၍သင်သည် သူ့အား သင့်ဘ၀ကို ဖြည့်ပေးစေလိုပါက၊ သူထံဆုတောင်း၍ ဤသို့ပြောပါ။ ""ကျေးဇူးပြုသော သန့်ရှင်းသောဝိညာဉ်တော်၊ ကျွန်ုပ်သည် အချိန်အတန်ကြာ သင့်ကို ပူဆွေးဝမ်းနည်းစေခဲ့ပါတယ်။ .... ကျွန်ုပ်၏ အပြစ်များကို ၀န်ချတောင်းပန်ခဲ့ပြီးဖြစ်သောကြောင့် ကျွန်ုပ်စိတ်နှလုံး၏ ဒေါင့်ဘက်အမှောင်ခန်းလေးထဲမှထွက်ပြီး ကျွန်ုပ်၏ဘ၀ကို ဖြည့်တော်မူပါ။ ခရစ်တော်ကို ကျွန်ုပ်အတွက် အစစ်အမှန်ဖြစ်စေပြီး သူ့အား ကျွန်ုပ်ဘ၀၏ သခင်ဖြစ်စေလိုပါ၏။


စစ်မှန်သော နောင်တရမှုဆိုသည်မှာ သင့်အသက်တာတွင် ပြောင်းလဲမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။

ဘုရားသခင်၏ သားသမီးများသည် သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာစေကြသောအခါ၊ ဘုရားသခင်က သူတို့အား နောင်တရကြရန် တိုက်တွန်းသည်။ ဘုရားသခင်က ""ငါချစ်သမျှသောသူတို့၏ အပြစ်ကို ငါစစ်ဆေး၍၊ သူတို့ကို ဆုံးမတတ်၏"" ဟုဆိုသည်။ ဗျာ၊၃း၁၉

သင်၏အပြစ်များကို နောင်တရသည်ဟုဆိုရာ၌၊ ထိုအပြစ်များအတွက် သင်သည်အလွန်အမင်း ၀မ်းနည်းပြီး ထိုအပြစ်တို့ကို လုပ်ခြင်းမှ ရပ်တန့်လိုသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဒါဝိတ်က ""ကိုယ်လိုက် ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတောမူချက်တို့ကို လှည့်၍ လိုက်ပါ၏""ဟု ဆိုသည်။ ဆာ ၁၁၉း၅၉

ဒါဝိတ်က သူသည် လမ်းမှားသို့သွားနေပြီး ဘုရားသခင်၏ နှလုံးသားကို နာကျင်စေခဲ့သည်ကို နားလည်ခဲ့သည်။ သူသည် ကိုယ်သွားရာ လမ်းကိုစွန့်ပြီး ဘုရားသခင်၏လမ်းတော်၌ လျှောက်လှမ်းခဲ့သည်။ ဤအခြင်းအရာသည် စစ်မှန်သော နောင်တရမှုပင်ဖြစ်သည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် မည်မျှနောင်တရကြောင်းနှင့် ဘုရားသခင်ကို အမှန်တကယ် ကျေနပ်နှစ်သက်စေလိုကြောင်း၊ ကြိမ်ဖန်များစွာ ပြောတတ်ကြသည်။ သို့သော် မေးရမည့် အဓိကမေးခွန်းမှာ ""ကျွန်ုပ်တို့သည် ဤအရာကို တကယ်အလေးအနက်ထားပြီး ပြောခြင်းဖြစ် သလော? ဘာသာရေးကိုင်းရှိုင်းယောင်ဆောင်သောစကားများနှင့် နှစ်လိုဖွယ်ဆုတောင်းခြင်းများသည် ဘုရားသခင်အား ဘ၀င်ကျစေမည်မဟုတ်ပါ။ သူက ကျွန်ုပ်တို့၏လုပ်ဆောင်မှုများ၌ အပြောင်းအလဲတစုံတရာရှိ မရှိကို ကြည့်သည်။ ကျမ်းစာက ""ကိုယ်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ၀ါကြွား စော်ကားသော စကားကို မပြောကြ နှင့်။ အဓမ္မစကားကို နှုတ်ထဲကမထွက်စေကြနှင့်။ အကြောင်းမူကား ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ် တော်မူ၏။ အမှုအရာတို့ကို ညီညွတ်စေတော်မူ၏""ဟုဆိုသည်။ ၁ရာ ၂း ၃

သင်သည် အမှန်တကယ် နောင်တရပြီး သင့်ဘ၀တွင် အမှန်တကယ် ခရစ်တော်ကို အစစ်အမှန်ဖြစ် စေလိုပါက သင်သည် အောက်ပါ အရာအချို့ကို ပြုလုပ်လိမ့်မည်။


(၁) သင်သည် သင့်ဘ၀တွင် ဘုရားသခင်ကို အဦးဆုံးနေရာ၌ထားရလိမ့်မည်။

ဘုရားသခင်ကို အဦးဆုံးနေရာ၌ထားမည်ဟု ပြောတာကသက်သက်၊ ပြောသည့် အတိုင်းလက်တွေ့ အသက်ရှင်တာကသက်သက်ဖြစ်သည်။ ဘုရားသခင်သည် ပထမနေရာမှလွဲ၍ မည်သည့်နေရာကိုမျှ လက်ခံမည်မဟုတ်ပါ။ သူသည် သူ၏အသွေးတော်အားဖြင့် ကျွန်ုပ်တို့ကို ၀ယ်ယူ ထားပြီး ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ ကျွန်ုပ်တို့သာ ဘုရားသခင်ကို အဦးဆုံးနေရာ၌ ထားပါက ကျွန်ုပ်တို့သည် စီးပွားရေး၊ အပျော်အပါး၊ အလုပ်နှင့်အခြားမည်သည့်အရာကိုမျှ ကျွန်ုပ်တို့၏ အဓိကစိတ်ဝင်စားမှုအဖြစ် သတ်မှတ်မည်မဟုတ်ပါ။ ဘုရားသခင်ကို ဦးထိပ်ထားပါက၊ သူသည် ကျွန်ုပ်တို့ လိုအပ်သောအရာအားလုံးတို့ကို ပြင်ဆင်ပေးမည်ဖြစ်သည်။ ယေရှုက ""ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှထိုအရာများကိုထပ်၍ ပေးတော်မူလတံ္တ""ဟု ဆိုသည်။ မသဲ ၆း ၃၃


(၂) သင်သည် သခင့်ကို ချစ်ရလိမ့်မည်

သခင်အားမချစ်ပဲ သူအားအစေခံရန်ကြိုးစားခြင်းသည် ကိုယ်မချစ်သော သူတစ်ဦးကို လက်ထပ်ရသည်နှင့်တူသည်။ ပေါင်းသင်းဆက်ဆံမှု တစ်ခု၌ အဓိကအရေးကြီးသောအရာဖြစ်သည့် ချစ်ချင်းမေတ္တာမှာ ပျောက်ဆုံးနေသည်။

သခင်ယေရှုသည် ကျွန်ုပ်တို့ကို စိတ်နှလုံးအကြွင်းမဲ့ချစ်သလိုမျိုး ကျွန်ုပ်တို့ကလည်းသူ့ကို စိတ်နှလုံး အကြွင်းမဲ့ချစ်စေလိုသည်။ သခင်ယေရှုက ပထမဦးဆုံးနှင့် အကြီးမြတ်ဆုံး ပညတ်ချက်မှာ ""သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့်ချစ်လော့""ဖြစ်သည်ဟု ဆိုသည်။ မသဲ ၂၂း ၃၇


(၃) သင်သည် လောကအရာများကို ကျောခိုင်းရလိမ့်မည်။

သခင်ယေရှုသည် သင့်အတွက်အသေခံရန် သင့်ကို သူ ချစ်ခြင်းသည် လုံလောက်လျက်ရှိသည်။ သင့်နှလုံးသားမှ သူ့ကိုချစ်ရန် ခိုးယူသွားမည့် မည်သည့်အရာကိုမဆို မုန်းတီးသည်။ ဘုရားသခင်၏ ကြီးမြတ်သော ပုဂိ္ဂုလ်တစ်ဦး ဖြစ်သူ၊ ၀ီဘာချက်မန်က ဤသို့ပြောခဲ့သည်။ ""ခရစ်တော်ကိုရှင်းရှင်း လင်းလင်း မမြင်နိုင် အောင် တားဆီးထားမည့်အရာများ (သို့) ကျွန်ုပ်၏ဆုတောင်းခြင်း အသက်တာကို အသေသတ်မည့်အရာများသည် ကျွန်ုပ်အတွက် မှားယွင်းသော အရာများ ဖြစ်သောကြောင့်၊ ကျွန်ုပ်သည် ခရစ်ယာန်တဦးအနေဖြင့် ထိုအရာတို့ကို ကျောခိုင်းစွန့်ခွာရမည်။""


(၄) သင်သည် ဘုရားသခင်နှင့် အချိန်ယူမိတ်သဟာယဖွဲ့ရလိမ့်မည်။

အလွန်အလုပ်ရှုပ်သောကြောင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် အချိန်မရှိသော ခရစ်ယာန်သည် မိုက်မဲသော ခရစ်ယာန်တဦးသာ ဖြစ်သည်။ မော်တော်ကားဖြင့် ခရီးရှည်ထွက်ခွာနေစဉ် အလျင်လိုနေသည့်အတွက် ဓာတ်ဆီဖြည့်ဖို့ရပ်တန့်ရန် အချိန်မရှိပါဟူ၍ ပြောသောသူနှင့် ထိုသူသည် တူသည်။

လောကီစိုးရိမ်စရာများနှင့် တာဝန်ကိုလည်း ကျွန်ုပ်တို့တွင် မည်မျှရှိစေကာမူ၊ ထိုအရာများက ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ မိတ်သဟာယ ဖွဲ့ခြင်းကို မတားဆီးပါစေနှင့်။ ကျွန်ုပ်တို့သည် ဆုတောင်းခြင်း နှင့် နှုတ်ကပတ်တော်ကို သင်ယူလေ့လာခြင်းအားဖြင့် ဘုရားသခင်နှင့်နေ့စဉ် မိတ်သဟာယ ဖွဲ့ရမည်။ ဤမိတ်သဟာယဖွဲ့ခြင်း၏ အရေးပါမှုကို ဒီထက်ပိုပြီး အလေးအနက်ထား၍ မပြောနိုင်တော့ပါ။ သခင်ယေရှုနှင့် ပတ်သက်၍ ကျမ်းစာက ""နံနက်အချိန်၊ မိုးမလင်းမှီ ကိုယ်တော်သည်ထပြီးလျှင် တော အရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏""ဟုဆိုသည်။ မာ ၁း ၃၅

ဘုရားသခင်၏ သားတော်ကိုယ်တိုင်တောင်မှ ကောင်းကင်ဘုံရှိ ခမည်းတော်နှင့် မိတ်သဟာယဖွဲ့ ရန် မရှိမဖြစ်လိုအပ်သည်ကို သိရှိခဲ့သော ကြောင့်၊ ကျွန်ုပ်တို့ဆိုလျှင် မိတ်သဟာယဖွဲ့ရန်သာ၍ လိုအပ်မည်။ Robert Murray Mc Cheyne က ""ဘုရားသခင်နှင့်အစပြုခြင်းက များစွာ ပိုကောင်း သည် ကို ခံစားရသည်။ ကျွန်ုပ်၏စိတ်နှလုံးသည် အခြားသူတစ်ဦးနှင့် နီးကပ်ရာသို့ မရောက်သွားမီ သူနှင့်နီးကပ်အောင်ပြုလုပ်ရန် နှင့် သူ၏မျက်နှာတော် ကို အရင်ဦးဆုံးကြည့်ရန်အတွက် နေ့တစ်နေ့ကို ဘုရားသခင်နှင့်အစပြုသင်သည်။ အကောင်းဆုံးအချိန်များကို ဘုရားသခင်နှင့် ပြောဆို ဆက်သွယ်ခြင်း အားဖြင့် ကုန်ဆုံးစေသင့်သည်။ ဤသို့ မိတ်သဟာယဖွဲ့ခြင်းသည် ကျွန်ုပ်အတွက် အကောင်းဆုံးနှင့် အမြင့်မြတ်ဆုံး လုပ်ငန်းဆောင်တာပင်ဖြစ် သည်။"" အကယ်၍ ကျွန်ုပ်တို့သည် သခင်ကိုချစ်၍ သူ၏ပညတ်တော်တို့ကို လိုက်နာပြီး၊ သခင်နှင့်အချိန်ယူပါက သူသည် ကျွန်ုပ်တို့အတွက် အစစ်အမှန် ဖြစ်လာ မည်။ သခင်ယေရှုက ""ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော် မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အား ကိုယ်တိုင်ထင်ရှားမည်"" ဟု မိန့်ခဲ့သည်။ ယော၊ ၁၄း၂၁


တွေ့ရှိရသော ရတနာ

သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်ကို ကျွန်ုပ်တို့အတွက် အစစ်အမှန်ဖြစ်စေရန် ပြုလုပ်ပေးသည်။ သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေရန် ကျွန်ုပ်၌ တာဝန်ရှိကြောင်း သိရမည်။


မေးခွန်းများ

၁။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်တို့အတွက် ဘာလုပ်ပေးသနည်း?

(က) ဘာမှမလုပ်ပေးပါ။ ထိုနေရာ၌ သူရှိနေကြောင်းကိုမူ ကျွန်ုပ်တို့သိသည်။

(ခ) ခရစ်တော်ကို ကျွန်ုပ်တို့အတွက် အစစ်အမှန်ဖြစ်စေသည်။


၂။ သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂိ္ဂုလ်တစ်ဦး ဟုတ်ပါသလား?

(က) ဟုတ်သည် (ခ) မဟုတ်ပါ


၃။ သူသည် တွေးတောတတ်ပါသလား?

(က) တတ်သည် (ခ) မတတ်ပါ


၎။ သူသည်ချစ်တတ်လား?

(က) ချစ်တတ်သည် (ခ) မချစ်တတ်ပါ


၅။ သူသည် ခံစားတတ်ပါသလား?

(က) ခံစားတတ်သည် (ခ) မခံစားတတ်ပါ


၆။ သူသည်ပူဆွေးဝမ်းနည်းတတ်ပါသလား?

(က) ပူဆွေးဝမ်းနည်းတတ်သည် (ခ) မပူဆွေးဝမ်းနည်းတတ်ပါ။

မှန်မှား


၇။ သန့်ရှင်းသောဝိညာဉ်တော်ကို ပူဆွေးဝမ်းနည်းစေသောအရာတို့မှာ ၀န်ချတောင်းပန်ထားခြင်းမရှိ သောအပြစ်၊ ဤလောက၏ စိုးရိမ်စရာများ၏ ချုပ်ကိုင်ထားမှုကိုခံရခြင်း၊ လောကီတပ်မက်ခြင်း စသည်တို့ ဖြစ်ကြသည်။

(က) မှန် (ခ) မှား


၈။ ကျွန်ုပ်တို့က ""သခင် ကျွန်ုပ်၏အပြစ်အားလုံးကို ခွင့်လွှတ်တော်မူပါ""ဟူ၍ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ကိုင်တွယ် ဖြေရှင်း နိုင်ပါသလား။

(က) ဖြေရှင်းနိုင်ပါတယ်။ (ခ) မဖြေရှင်းနိုင်ပါ။


၉။ ဘုရားသခင်နှင့် သင့်မြတ်ရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ။

(က) ဘုရားကျောင်းသို့ စတင်သွားပြီး ကျမ်းစာကိုဖတ်ရန်။

(ခ) ဘုရားသခင်ထံသို့ ကျွန်ုပ်တို့၏အပြစ်များကို ၀န်ချတောင်းပန်ရန်။


၁၀။ သင်၏ခရစ်ယာန်အသက်တာကို အသက်ရှင်နိုင်ရန်အတွက် သင့်အားများစွာအထောက်အကူပေး မည့်အရာများကို ဤသင်ခန်းစာထဲတွင် သင်ယူသိရှိခဲ့သလား?


ရဲလင်းထွန်း (အင်းစိန်)

Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Recent Posts

Unordered List

User Online

Pages

Theme Support