Thursday, April 28, 2011
လူနှစ်မျိုး
ပညတ်လေးမျိုး
သင်ခန်းစာ (၁)
ပညတ်လေးမျိုး
ကျမ်းစာ၌ ပညတ်တော်ပေါင်း ၆၁၃ပါးရှိသည်။ ထိုပညတ်တော်များသည် မောရှေ ရေးထားသော ပညတ္တိကျမ်း များဖြစ်သော-
ကမ္ဘာဦးကျမ်း (Genesis)
ထွက်မြောက်ရာကျမ်း (Exodus)
ဝတ်ပြုရာကျမ်း (Leviticus)
တောလည်ရာကျမ်း (Numbers)
တရားဟောရာကျမ်း (Deuteronomy)
များ၌ရှိသည်။ ထိုပညတ်တော်များကို လေးပိုင်း ပိုင်းနိုင်သည်။
၁။ ၀တ်ပြုခြင်းဆိုင်ရာ ပညတ်
မည်သည့်ဘုရားကို မည်သို့ကိုးကွယ်မည့်အကြောင်းများကို ဖေါ်ပြသည်။ ပညတ်တော်ဆယ်ပါးအထဲ၌ ပဌမမှ စတုတ္ထပညတ် အထိ၌ ပါသော ငါမှတပါးအခြားသောဘုရားကို မကိုးကွယ်ရ၊ ရုပ်တုမကိုးကွယ်ရ၊ ဘုရားနာမကိုအလွဲမသုံးရ၊ ဥပုသ်နေ့စေါင့်ပါဟူသော အရာတို့သည် ၀တ်ပြုခြင်းဆိုင်ရာ ပညတ်များဖြစ်သည်။
၂။ အုပ်ချုပ်ရေးဆိုင်ရာပညတ်
လူလူချင်းမည်ကဲ့သို့ အုပ်ချုပ်မည့် အရာများကို ဖေါ်ပြထားသော ပညတ်ဖြစ်သည်။ အုပ်ချုပ်ရေးဆိုင်ရာ ပညတ် တချက်ကိုဖေါ်ပြပါက၊ "လူခဵင်းအမြ႟ြိ၍ မင်းထံ၌အစီရင်ခံလဵက်၊ မင္းေ႟ႀႚမႀာ တရားေတၾႚဳကေသာအခၝ၊ေူဖာင့်မတ်သောသူကို အူပစ်လတ်ြစေူခင်းငြၝ၎င်း၊ ဆိုးသောသူကို အ႟ြံးခံ စေူခင်းငြၝ၎င်း စီရင်ရမည်။-ဆိုးသောသူသည် အ႟ိုက်ခံထိုက်လ္တွင်၊ တရားသူဋ္ဌကီးသည် ကိုယ်မဵက်မြောက်၌ သူႚကုိခဵ၍။ အူပစိံငြ့် အလေဵာက် မည်မ္တွသော ဒဏ်ခဵက်ူဖင့်႟ိုက်စေရမည်။-သိုႚသော်လည်း ဒဏ်ခဵက်လေးဆယ်ထက် မလန်ြစေရ။ လနြ်၍မဵားစြာ သောဒဏ်ခဵက်ူဖင့် ႟ိုက်လ္တွင်၊ သင်၏အမဵြိးသားခဵင်း သည် ယုတ်ညံ့သောသူဖစ်ဟန်႟ြိမည်ကို စိုးရိမ်စရာ႟ြိ၏။-"(တရား၊ ၂၅း၁-၃)
၃။ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ်
လူလူချင်း မည်ကဲ့သို့ ပေါင်းသင်းဆက်ဆံကြမည့်အကြောင်းများကို ဖေါ်ပြထားသော ပညတ်ဖြစ်သည်။ ပညတ်တော် ဆယ်ပါး အထံ၌ ပဉ္စမပညတ်မှ ဒသမ ပညတ်အထိ၌ ပါသော အောက်ပါပညတ်များသည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ် များဖြစ်သည်။
"သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောူပည်၌ သင်၏အသက်တာ ႟ည်ြမည်အေုကာင်း၊ သင်၏မိဘကို႟ိုသေစြာူပလြော့။
လူအသက်ကို မသတိံငြ့်။-သူႚမယားကို မူပစ်မြာိးံငြ့်။-သူႚဥင်္စာကို မခိုးံငြ့်။-ကိုယိံငြ့်စပ်ဆိုင်သောသူတဘက်၌ မမန်ြသော သက်သေကို မခိံငြ့်။ ကိုယိံငြ့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုခဵင်သောစိတ်မ႟ြိစေိံငြ့်။ ကိုယိံငြ့်စပ်ဆိုင်သော သူ၏မယား၊ သူ၏ကဋ္ဋန်ယောက်ဵားမိန်းမ၊ြိာံး၊ူမည်းမစြ၍ ကိုယိံငြ့်စပ်ဆိုင် သောသူ၏ဥင်္စာတစုံ တခုကိုမ္တွ တပ်မက်လိုခဵင်သောစိတ်မ႟ြိစေိံငြ့်ဟု မိန်ႚတော်မူ၏။ " (ထွက်၊ ၂၀း၁၂-၁၇)
၎။ စားသောက်ခြင်းဆိုင်ရာ ပညတ်
မည်သည့် အစားအစာများ စား၌ မည်သည့်အရာများရှောင်ရမည်ဟူသော ပညတ်များဖြစ်သည်။ လူအများစုက ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာ ပညတ်နှင့် အုပ်ချုပ်ရေးဆိုင်ရာ ပညတ်များကိုသာ သိ၌ စားသောက်ခြင်းဆိုင်ရာ ပညတ်နှင့် အုပ်ချုပ်ရေး ဆိုင်ရာ ပညတ်များကို မသိကြ။ အရေးကြီးသည် ဟု မထင်သောကြောင့် မိမိကြိုက်နှစ်သက်သလို စားသောက်ကြ၊ ကိုးကွယ်ကြသည်။
စားသောက်ခြင်းဆိုင်ရာပညတ်ချိုးဖေါက်လျှင် ကိုယ်ခန္ဓာက ခံစားရသည်။ ၀တ်ပြုခြင်းဆိုင်ရာ ပညတ်ချိုးဖေါက်ပါက ၀ိညာဉ်က ခံစားရသည်။
စားသောက်ခြင်းဆိုင်ရာနှင့် ပတ်သက်၍ ဘုရားသခင်က သန့်ရှင်းသောအစားအစာနှင့် မသန့်ရှင်းသောအစားအစာကို ၀တ်ပြုရာကျမ်း အခန်းကြီး (၁၁) ၌ ဤသို့ ဖေါ်ပြထားသည်။ " ခၾၝကၾဲဴပား၍ စား႓မႂံႚဴပန္ေသာသားမဵားကုိ သင္တုိႚသည္ စားရေသာအခၾင့္႟ႀိ၏။-သုိႚေသာ္လည္း၊ စား႓မံႂႚဴပန္ေသာသား၊ ခၾၝကၾဲဴပား ေသာသားတုိႚတၾင္မစားရေသာသားဟူမူကား၊ ကုလားအုပ်သည် စား္ဘမြံႚူပန်သော်လည်း ခြၝမကြဲူပားသောေုကာင့် သင်တိုႚ၌မစင်ုကယ်။-႟ြာဖန်သည် စား္ဘမြံႚူပန်သော်လည်း၊ ခြၝမကြဲူပားသောေုကာင့် သင်တိုႚ၌မစင်ုကယ်။-အာရနဘက်သည် စား္ဘမြံႚူပန်သော်လည်း ခြၝမကြဲူပားသောေုကာင့် သင်တိုႚ၌ မစင်ုကယ်။-ဝက်သည် ခြၝကြဲူပားသော်လည်း၊ စား္ဘမြံႚမူပန်သောေုကာင့် သင်တိုႚ၌ မစင်ုကယ်။-ထုိသုိႚေသာတိရစၽာန္အသားကုိ မစားရ။ အသေကောင် ကိုလည်း မထိရ။ မစင်ုကယ်ဟု သင်တိုႚမတ်ြရုကမည်။"
(၀တ်၊ ၁၁း၃-၈)
အသွေးနှင့်တိရစ္ဆာန်အဆီ
ဘုရားသခင်သည် သူဖန်ဆင်းသော တိရစ္ဆာန်များ၏အဆျီနှင့် အသွေးများကို မစားဘို့ရန် ပညတ်ထားခဲ့သည်။ "သင်တိုႚအမဵြိးအစဉ်အဆက် တိုႚသည်၊ နေလေရာရာ၌ဆီဥကိုမစားရ၊ အသြေးကိုမစားရဟု ထာဝရပညတ်တော်ူဖစ်သည်ဟု မိန်ႚတော်မူ၏။ "(၀တ်၊ ၃း၁၇)
"သင်တိုႚသည် နေလေ ရာရာ ၌ ငက်ြသြေး၊သားသြေးမစြ၍ အသြေးမည်မ္တွကို မစားရ။-"(၀တ်၊ ၇း၂၆) "ဣသရေလအမဵြိးသားမစြ၍၊ သင်တိုႚတငြ် တည်းနေ သော တပၝးအမဵႂိးသား တစုံတေယာက္သည္၊ အေသၾးတမဵႂိးမဵႂိးကုိစားလ႖င္၊ ထုိသူကုိငၝသည္မဵက္ႎႀာထား၍သူ၏ အမဵြိးမပြယ်႟ငြ်းမည်။-အေုကာင်းမူကား၊ ကိုယ်ခိံ္ဌာ အသက်သည် အသြေး၌တည်၏။ သင္တုိႚဴပႂေသာအဴပစ္ကုိ ေဴဖေစဴခင္းငႀၝ၊ ထုိအေသၾးကုိသင္တုိႚအား ယဇ္ပလၴင္ေပၞမႀာ ငၝေပး႓ပီ။ လူအူပစ်ကိုေူဖသောအရာ ကား၊ အသြေူးဖစ်သတည်း။-ထိုေုကာင့် သင်တိုႚ၌အဘယ်သူမ္တွ အသြေးကိုမစားရ။ သင်တိုႚတငြ် တည်းနေသော တပၝးအမဵႂိးသားလည္း အေသၾးကိုမစားရဟု ဣသေရလအမဵႂိးသားတုိႚအား ငၝ့အမိန္ႚေတာ္႟ႀိ၏။-ဣသေရလ အမဵႂိးသားမႀစ၍ သင္တုိႚတၾင္ တည်းနေသော တပၝးအမဵႂိးသား တစုံ တယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘိုႚ သား၊ ငက်ြကို ဘမ်းမိလ္တွင်၊ အသြေးကိုသနြ်၍ေူမိံငြ့်ဖုံးရမည်။-အသြေးသည် ခပ်သိမ်းသောကိုယ်ခိံ္ဌာ အသက် ႟င်ြရာ အေုကာင်ူးဖစ်၏။ ထိုေုကာင့် သင်တိုႚသည် တစုံတခုေသာကုိယ္ခႎၭာ၏အေသၾးကိုမစားရဟုဣသေရလအမဵႂိးသားတုိႚအား ငၝ့အမိန္ႚေတာ္ ႟ႀိ၏။ ခပ်သိမ်းသောကိုယ်ခိံ္ဌာအသက်သည် အသြေး၌ တည်သောေုကာင့်၊ အသြေးကိုစားသောသူမည်သည်ကား၊ ပယ်႟ငြ်ူးခင်းကို ခံရမည်။- (၀တ်၊ ၁၇း၁၀-၁၄)
အချို့သောသူများက အသွေးနှင့်အဆီစားခြင်းဖြင့် ကယ်တင်ခြင်းရှုံးမည်လောဟု မေးနိုင်သည်။ ကယ်တင်ခြင်းသည် ဆီနှင့်အသွေးစားခြင်းဖြင့် မဆုံးရှုံးနိုင်ပါ။ သို့သော်အသွေး၌ ရောဂါများ၍ အဆီသည် သွေးကြောပိတ်စေနိုင်သည်။ ထို့ကြောင့် မိမိ ကိုယ်ခန္ဓာကို ကျန်းမာစေလို၍ အသက်တာရှည်လိုလျှင် အသွေးနှင့်အဆီကို မစားသင့်ချေ။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများကို သိသည်။ ထိုကြောင့် လူအတွက် မစားရမည့်အရာများကို သတိပေးသည်။ နားမထောင်သောသူသည် နာတာရှည်ရောဂါရသည်သာမက လောက၌ အသက်တာတိုတောင်းနိုင်သည်။
အသွေးနှင့်အဆီသာမက မစားသင့်သောအရာများမှာ ကြက်ဥအနှစ်၊ရိုးတွင်းခြင်ဆီ မှန်သမျှ၊ဦးနှောက်၊မလိုင်၊တိရစ္ဆာန် အရေခွံများ မစားသင့်ချေ။ အရသာရှိသည်ဟုဆိုသော အချို အစိမ့်များကိုရှောင်သင့်သည်။ အထူးသဖြင့်တိုးတက်သောနိုင်ငံ၌ နေသော သူများ ရှောင်သင့်သည်။ ထိုအရာများအစား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ များများ စားသင့်သည်။အစားအသောက်မဆင်ခြင်သောကြောင့် အချို့သောသူများ လေဖြတ် ရောဂါ၊ နှလုံးသွေးကြော၊ဦးနှောက် သွေးကြော ပိတ်ကာ မမျှော်လင့်ဘဲ အသေစေါကြသည်။ ထိုအခါ ယုံကြည်သူဖြစ်လျှင် ဘုရားသခင် ၏အလိုတော် ကြောင့်ဟု ဆိုကြသည်။ မယုံကြည်သူဖြစ်လျှင် ကံဆိုးသည်ဟု ဆိုကြသည်။ အမှန်မှာ ရှည်သောအသက်တာကို ပေးလိုသော်လည်း သူ ပညတ်ထားသော စားသောက်ခြင်းဆိုင်ရာ ပညတ်ကို ချိုးဖေါက်သောကြောင့် စောစောစီးစီး သေရကြသည်။ သေသောသူသည် ဘာမျှ မသိတော့သော်လည်း ကျန်ရစ်သူ မိသားစုများ အလွန်နာကျင်စွာ ခံစားကြရသည်။
ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ်
ကောင်းကင်နိုင်ငံ ရောက်မရောက်လည်း ကိုယ်ကျင့်တရားဖြင့်တိုင်းတာကြသည်။ ကိုယ်ကျင့်တရားကောင်းပါက ကောင်းကင်နိုင်ငံသို့ ပို့ဆောင်၍ မကောင်းပါက ငရဲသို့ချ ပစ်ကြသည်။ သို့သော် ကောင်းကင်ပိုင်ရှင် ဘုရားသခင်ကမူ ၀တ်ပြုခြင်းဆိုင်ရာ ပညတ်ဖြင့် တိုင်းတာကြောင်း တွေ့ရ သည်။ ထိုအရာကို မည်ကဲ့သို့ သိရသနည်းဟူမူကား၊ သခင်ယေရှုက ကိုယ်ကျင့်တရားပိုင်း၌ အလွန်လိုက်စားသော ဖါရိရှဲများ ကို"အခန်ြခံတိုႛိံငြ့်ူပည်တန်ဆာတိုႚသည် သင်တိုႛအရင် ဘုရားသခင်၏ိုံင်ငံတော်သိုႛဝင်တတ်ုက၏။-" ဟုဆိုခဲ့သည်။ (မ၊ ၂၁း၃၁) အခွန်ခံတို့နှင့် ပြည်တန်ဆာတို့သည် သူတို့ခေတ်၌ အလွန်အပြစ်ကြီးသည်ဟု သတ်မှတ်ခြင်းခံရ၍ မည်သူကမျှမပေါင်းဖေါ်လိုကြ။ သို့သော် သခင်ယေရှုက သင်တို့အရင် ကောင်းကင်နိုင်ငံသို့ ရောက်မည်ဟု ဆိုသည်။
ဘုရားတရား၌ အလွန်စိတ်အားကြီးသော ဣသရေလများနှင့်ပတ်သက်၍ ရှင်ပေါလုက ဤသို့ ဆိုခဲ့သည်၊ "ညီအစ္ကုိတုိႚ၊ ဣသေရလ လူတုိႚ သည် ကယ်တင်တော်မူခင်းသိုႚရောက်စေူခင်းငြၝ၊ ငၝ၏ေစတနာအလုိ႟ႀိ၍ ဘုရားသခင်ကိုဆုတောင်းလေ့႟ြိ၏။-ထိုသူတိုႚသည်မန်ြသောပညာ မ႟ြိသော် လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားဋ္ဌကီးသည်ဟု သူတုိႚအဘုိႚ ငၝသက္ေသခံ၏။
ထိုသူတိုႚသည် ဘုရားသခင်၏ေူဖာင့်မတ်ူခင်းတရားကိုမသိဘဲ၊ ကိုယ်ေူဖာင့်မတ်ူခင်းကိုတည်စေူခင်းငြၝ ႟ြာဋ္ဌကံသောေုကာင့်၊ ဘုရားသခင်၏ေူဖာင့်မတ်ူခင်းတရားကိုဝန်မခုံက။-" (ရော၊ ၁၀း၁-၃)
ဣသရေလလူများသည် ဘုရားဖက်၌ စိတ်အားကြီးသော်လည်း အဘယ်ကြောင့် ကယ်တင်ခြင်းသို့ မရောက်သနည်း ဟူမူကား ဘုရားသခင် ကိုးကွယ်နည်း မမှန်သောကြောင့် ဖြစ်သည်။ သူတို့သည် ၀တ်ပြုခြင်းဆိုင်ရာ၌ မှားယွင်း၍ ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာ၌ ကြိုးစား အားထုတ်ကြသည်။ သူတို့ကဲ့သို့ ဘုရားသခင်ကို ကိုးကွယ်မမှား ဘို့ အရေးကြီးသည်။
ကိုးကွယ်မှားခြင်း
စကားပုံ၌ ကုန်သွယ်မှားလျှင် တခေါက်၊ တောင်ယာခုတ်မှားလျှင် တနှစ်၊ အိမ်ထောင်ပြုမှားလျှင် တသက်၊ ဟုဆိုသည်။ ထိုစကားပုံသည် အဆုံး၌ ကိုးကွယ်မှားလျှင် ထာဝရဟု ထပ်ထည့်ဘို့ လိုသည်။ ကုန်သွယ်မှားလျှင် ငွေများစွာ ရှုံးသောကြောင့် နောင်တရ စရာပင်။ တောင်ယာခုတ်မှားလျှင် တနှစ်လုံး ၀မ်းစာ ဆုံးရှုံးသောကြောင့် ပြသနာ၊ အိမ်ထောင်ပြုမှားလျှင် တသက်လုံး စိတ်ဒုက္ခ ရောက်နိုင်သည်။ သို့သော် ထိုအရာအားလုံးထက် အလွန်အရေးကြီးသော အမှားမခံရမည့်အရာသည် ကိုးကွယ်ခြင်းပင်ဖြစ်သည်။ ကိုးကွယ်မှားခြင်းသည် သေပြီးမှသာလျှင် သိရမှာဖြစ်၍ ထာဝရကာလတိုင်အောင် ခံစားရမှာ ဖြစ်သောကြောင့် အလွန် သတိထားရမည်။ သို့သော် လူအများစုသည် လှစ်လျှူ ရှုကြသည်။
သင်ခန်းစာ (၁) မေးခွန်းများ
၁။ ကျမ်းစာ၌ ပညတ်တော် ဘယ်နှစ်ပါးရှိသနည်း။……………………………………….။
၂။ ပညတ္တိကျမ်းများကိုဖေါ်ပြပါ။………………………………………။
၃။ ပညတ်တော်များကို………ပိုင်း ပိုင်းနိုင်သည်။ ထိုအရာများမှာ……………….တို့ဖြစ်သည်။
၎။ လူအများသိ၌ အဓိကထားသောအရာသည်…………….ဆိုင်ရာ ပညတ် ဖြစ်သည်။
၅။ စားသောက်ခြင်းဆိုင်ရာ ပညတ်မလိုက်လျှင်………က ခံစာ၍ ၀တ်ပြုခြင်းဆိုင်ရာ ပညတ်ချိုးဖေါက်လျှင်…………က ခံစားရမှာဖြစ်သည်။
၆။ မည်သို့သော တိရစ္ဆာန်၏အသားများမစားရသနည်း။……………………………။
၇။ တိရစ္ဆာန်အဆီသည် သွေးကြော…………………စေနိုင်သည်။
၈။ လူများထင်မှတ်သည်မှာ…………..ဆိုင်ရာပညတ်ဖြင့် ကောင်းကင်နိုင်ငံရောက်မရောက် သတ်မှတ်သော်လည်း ဘုရားသခင်ကမူ……..
ဆိုင်ရာပညတ်ဖြင့် သတ်မှတ်သည်။
၉။ ဣသရေလ လူများ ဘုရားဖက်၌ စိတ်အားကြီးသော်လည်း အဘယ်ကြောင့် ကယ်တင်ခြင်းသို့ မရောက်ကြသနည်း။……………………..။
၁၀။ ကိုးကွယ်မှားခြင်းသည် အရေးကြီးပါသလား။ အဘယ်ကြောင့်နည်း။
(ဆရာ မောဇက်ထောင်ကျုံး)
Tuesday, April 26, 2011
မဟာအမူ့တော်မြတ်ကြီး
The Great Commission
New Life in Christ Course III
Lesson 19
ဖတ်ရန် ကျမ်းစာ ။ ရောမ၊ ၁ဝ-၁၅။
သော့ ကျမ်းချက်၊ ။''သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။ '' (မာ၊ ၁၆း၁၅)
အသင်းတော်နှင့် ပတ်သက်သော အံဘွယ်သောအကြောင်းအရာ အချို့ကိုလေ့လာခဲ့ပြီ။ အသင်းတော်သည် ခရစ် တော်၏ခန္ဓာ ဖြစ်ကြောင်း ကျွန်ုပ်တို့လေ့လာခဲ့၏။ ခရစ်တော်သည် အသင်းတော်၏ဦးဂေါင်းဖြစ်ပြီး၊ ယုံကြည်သူများသည် သူ့ခန္ဓာ၏ အဖွဲ့ဝင်များဖြစ်သည်။
စာတန်၏မကောင်းမှုစနစ်များ အလယ်၌ ခရစ်တော်သည် သူ၏အားကြီးသော၊ အောင်မြင်သော တန်ခိုးနှင့် အလုပ် လုပ်နိုင်ခြင်း၊ ထင်ရှားနိုင်ရန် သူ၌ခန္ဓာ ရှိတော်မူသည်။ အသင်းတော်အားဖြင့် ဤလောက၌ သူ၏အသက်တာနှင့် သူ၏ အလုပ်များကို ဖေါ်ပြလျက်ရှိသည်။
ဤသင်ခန်းစာ၌ အသင်းတော်သည် လုပ်ဆာင်ရန်ရှိသည်ဟု ယူဆရသော အသင်းတော်၏သာသနာပြုခြင်း အကြောင်းကို စဉ်းစားကြမည်။
အသင်းတော်၏သာသနာပြုခြင်းဆိုသည်မှာ အဘယ်နည်း။ အသင်းတော်၏သာသနာပြုခြင်းသည် ဤလောကရှိ လူတိုင်းအား ဧဝံဂေလိ သတင်းကောင်းကို ကြေညာခြင်းဖြစ်သည်။ ဤ အမှု၌ ယုံကြည်သူတိုင်း၏ အခန်းကဏ္ဍပါဝင်သည်။ သခင်ယေရှုက''သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရား ကို ဟောကြလော့။''ဟုဆို၏။
သခင်သည် သူ၏တပည့်တော်များကို အမိန့်ပေးခဲ့စဉ်မှစ၍ နှစ်ပေါင်း နှစ်ထောင်ရှိခဲ့ပြီ၊ သို့သော်လည်း ယနေ့ ကယ်တင်ခြင်းသို့ မရောက်ကြ သော လူ သန်းပေါင်းများစွာ ရှိနေဆဲဖြစ်သည်။ ကယ်တင်ခြင်းသို့မရောက်သော လူ အုပ်စု နှစ်စု ခွဲနိုင်သည်။
(၁) သတင်းစကားကိုကြားရပြီးသော်လည်း ၄င်းကို ငြင်းပယ်သောသူများ။
(၂) သတင်းစကားကို တခါမျှ မကြားသေးသော သူများ။
ဤ သင်ခန်းစာ၌ ကျွန်ုပ်တို့သည် ဒုတိယအုပ်စုဖြစ်သော သတင်းစကားကို တခါမျှ မကြားရသေးသောသူများ နှင့် ဘုရားသခင်၌ မှန်သောအသိပညာ မရှိသော သူများအကြောင်းကို စဉ်းစားကြမည်။ ထိုသူများ၏ ဝိညာဉ်ရေးရာ အခြေအနေ နှင့် ၄င်းတို့နှင့် ပတ်သက်၍ လုပ်ဆောင်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဘာပြောခဲ့သည်ကို ကျွန်ုပ်တို့မြင်လိုသည်။
သတင်းစကားကို မကြားရသေးသောသူများ၏ အခြေအနေကား အဘယ်နည်း။ သူတို့သည် ဝိညာဉ်ရေးရာ မှောင် မိုက်၌ ရှိပြီး စာတန်၏တန်ခိုးအောက်၌ ရှိကြသည်။ အကြောင်းမှာ သူတို့သည် ကြောက်စရာကောင်းသော ဒုစရိုက်များကို ပြု ကြသည်။ သစ်သားနှင့်ကျောက် အရုပ်များကို ပြုလုပ် ကိုးကွယ်ကြသည်။ သူတို့သည် ဝိညာဉ်ဆိုးများကို ကြောက်ရွံ့ခြင်း၌ အသက်ရှင်နေကြရသည်။ သူတို့ သေရန် ကြောက်ကြသည်။ အချို့သော တိုင်းပြည်များတွင် မိခင်များသည် မိမိတို့၏ခလေး များကို မိကျောင်းစာကျွေးခြင်း၊ မိမိတို့ ကိုယ်ကို ရှနခြင်း၊ အနာတရဖြစ်စေခြင်းများကို ပြုလုပ်ကြသည်။ ဤအရာများကို သူတို့ ဘာကြောင့် ပြုကြပါသနည်း။ ဤအရာများကိုပြုခြင်းဖြင့် သူတို့၏ဒုစရိုက်အပြစ်များ ခွင့်လွှတ်ခြင်း ခံရလိမ့် မည် ဖြစ်ကြောင်း သွန်သင်ခြင်း ခံခဲ့ရသောကြောင့်ဖြစ်၏။
အချို့သောတိုင်းပြည်များတွင် လူတို့သည် မြို့ပြယဉ်ကျေးမှု မြင့်မားကြသော်လည်း သူတို့ ဘုရားကို မသိကြပါ။ သူတို့သည် သစ်သားနှင့်ကျောက် အရုပ်များကို မကိုးကွယ်ကြသော်လည်း သူတို့သည်လည်း ဝိညာဉ်ရေးရာမှောင်မိုက်နှင့် စာတန်၏တန်ခိုးအောက်တွင် ရှိနေကြသည်။ သူတို့ကို ကျမ်းစာ၌ရေးထားသည်မှာ'' ဤလောကတွင် ဘုရား မရှိခြင်းနှင့်၊ ခရစ်တော် မရှိလျှင်၊ မြော်လင့်ခြင်းလည်း မရှိနိုင်ပါ။''
အမှန်မှာ ခရစ်ယာန်နိုင်ငံများတွင် ဧဝံဂေလိ သတင်းစကားကို ငြင်းပယ်ကြသူများသည်လည်း သတင်းစကားကို မကြားရ သေးသော သူ များထက်သာ၍ မကောင်ကြပါ။ သတင်းစကားကိုကြားပြီး၊ ငြင်းပယ်သောသူများသည် ဘုရားသခင် ၏တရား စီရင်ခြင်းကို သာ၍ပြင်းစွာ ခံရကြလိမ့်မည်။ ဧကန်အမှန်ဖြစ်သည်။
ဘုရားသခင်သည် လူများ သူ့ကို သိသောပညာမပါရှိခြင်းနှင့် ဖန်ဆင်းခဲ့ပါသလား။ သူသည် ထိုသို့မပြုခဲ့ပါ။ လူ ကိုဘုရားသခင်၏ပုံသဏ္ဍာန် နှင့်အညီ ဖန်ဆင်းခဲ့၏။ သို့သော် လူသည် ဘုရားသခင်ထံမှ ဝေးရာသို့ လှည့်ထွက်ခဲ့၏။
ရောမသြဝါဒစာ ပထမအခန်းကြီးတွင် ကျွန်ုပ်တို့ဖတ်ရသည်မှာ ဘုရားထံမှ လူ၏ကျဆင်းခြင်းဖြစ်သည်။''...ထိုသူ တို့သည် ဘုရားသခင်ကို သိလျက်ပင် ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်းမသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံး မိုက်မဲခြင်းသို့ရောက်ကြ၏။ ပညာရှိယောင်ဆောင်လျက်နှင့်လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊-မဖေါက်ပြန် မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကို ပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော၊ လူ၏ရုပ်ထု၊သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်ထုတို့ကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။...''ဟုဆို သည်။ (ရော၊ ၁း၂၁-၃၂)။ ထိုမှ လူသည် ကြောက်ဖွယ်သော ဒုစရိုက်မကောင်းမှုများနှင့်အကျင့်ဖေါက်ပြန်ပျက်စီးခြင်း ထဲသို့ရောက်ရှိ သွားခဲ့၏။ သို့ဖြင့် လူသည် ဝိညာဉ်ရေးရာ အလင်းထဲမှ ဝိညာဉ်ရေးရာ မှောင်မိုက်ထဲသို့ ရောက်ခဲ့၏။
ဧဝံဂေလိသတင်းစကားကို တခါမျှ မကြားဘူးသော သူတိုင်း ပျောက်ဆုံးပျက်စီးခြင်းသို့ ရောက်ပါသလား။ အမှန် သူတို့ ပျက်စီးခြင်းသို့ ရောက်ပါသည်။ ခရစ်တော်ကို မရသောသူတိုင်း ပျက်စီးခြင်းသို့ရောက်သည်။ ဒုစရိုက်အပြစ်များနှင့် သေသော သူတိုင်း ထာဝရဘုရားသခင်နှင့် အစဉ် ကွဲကွာပြီ၊ မီးအိုင်ထဲတွင် နေရကြလိမ့်မည်။ ကျမ်းစာက''မတရားသော သူတို့နှင့်ဘုရားသခင်ကိုမေ့လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကိုခံရကြလိမ့်မည်။''ဟုဆိုသည်။ (ဆာလံ၊ ၉း၁၇)
ဧဝံဂေလိသတင်းစကားကို မကြားဘူးသော သူများ ပျောက်ဆုံးပျက်စီးခြင်းသို့ အဘယ်ကြောင့် ရောက်ရသနည်း။
သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရသောအကြောင်းရင်း နှစ်ချက်မှာ၊
(၁) သူတို့သည် အပြစ်သားများဖြစ်သည်။
(၂) သူတို့သည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် မသိကြပါ။
ထို လူများတို့၌ ဘုရားသခင်၏နှုတ်ကပတ်တော် ကျမ်းစာ မရှိသော်လည်း သူတို့ မှားသောအရာများကို ပြုလုပ် ခြင်းကို သူတို့ သိကြသည်။ မည်ကဲ့သို့သိသနည်း။ ဘုရားသခင်က သူ၏တရားတော်များကို သူတို့၏စိတ်နှလုံးနှင့် သြတ္တပ စိတ်တွင် ထည့် ပေးထားခြင်းကြောင့်ဖြစ်သည်။ သူတို့သည် လိမ်ညာခြင်း၊ခိုးခြင်း၊လူသတ်ခြင်း၊လိင်ဖေါက်ပြန်ခြင်း၊ သေစေ ခြင်းနှင့်အခြားသော မကောင်းသောအရာများ မှားသောအရာများကို သိပြီ၊ သူတို့ ပြုလုပ် ကြသည်။ ထိုကြောင့် သူတို့သည် အပြစ်သားများဖြစ်ကြပြီ၊ သူတို့၏အပြစ်များအတွက် တရားစီရင်ခြင်းကို ခံရကြမည်။ ကျမ်းစာက ''...ပြစ်မှားသော ဝိညာဉ်သည် အသက်သေရမည်''ဟုဆို၏။(ယေဇ၊ ၁၈း၎)
သူတို့၏ဘာသာတရားများက သူတို့ကို ကယ်တင်နိုင်ပါသလား။ လူအများ ယုံကြည်ကြသည်မှာ လူသည် မိမိ၏ ဘာသာတရားအပေါ် ဖြောင့်မှန်ခဲ့သော် ဘုရားသခင်သည် သူတို့ကို ကယ်တင်လိမ့်မည်။ ဤအရာ မှန်ပါသလား။ မမှန်ပါ။
ကျမ်းစာ၌ ရှင်းလင်းစွာ ဆိုသည်မှာ လူသည် သခင်ခရစ်တော်ယေရှုကို သူ၏ ကယ်တင်ရှင်အဖြစ် လက်ခံခြင်းမရှိ လျှင် ထို ပုဂ္ဂိုလ်သည် ကယ်တင်ခြင်းသို့ မရောက်နိုင်ပါ။ ခရစ်တော်သည် ကယ်တင်ရှင်ဖြစ်သည်။ တစ်ဦးတည်းသော ကယ်တင်ရှင်ဖြစ်သည်။ သခင်ယေရှုက'' ယေရှု က၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မတရားလည်းဖြစ်၏။ အသက် လည်း ဖြစ် ၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။''ဟု ဆိုသည်။ (ယော၊ ၁၄း၆)
ကယ်တင်ခြင်းသည် ခရစ်တော်၌နှင့် သူ့တစ်ဦးတည်း၏အထဲ၌ သာလျှင်ရှိသည်။ ကျမ်းစာက''ထိုသခင်၏နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမ တစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထို သူတို့အား မြွက်ဆို၏''ဟုဆိုသည်။(တ၊ ၄း၁၂)
ရုပ်ထုကိုကိုးကွယ်ကြသောသူများသည် မိမိတု့၏ဘာသာတရား၌သစ္စာရှိ၊ဖြောင့်မှန်သော်လည်း၊ သူတို့၏ကိုးကွယ်ခြင်းကို ဘုရားသခင်သည် လက်ခံ၍မရပါ။ ကျမ်းစာကဆိုသည်မှာ၊ လူများ ရုပ်ထုကို ပူဇော်ခြင်းသည် အမှန်တကယ်မှာ သူတို့သည် စာတန်နှင့် သူ၏ဝိညာဉ်ဆိုးများကို ကိုးကွယ်ခြင်း သာ ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် မှားသော ဘာသာ တရားများကိုမုန်းခြင်းနှင့် ရုပ်ထုကိုကိုးကွယ်သောသူများကို သူ လက်မခံနိုင်ခြင်းကို သင် သိမြင်နိုင်သည်။
ထိုသူများ ကယ်တင်ခြင်းသို့ ရောက်နိုင်ပါသလား။ အမှန်တကယ် ကယ်တင်ခြင်းသို့ ရောက်နိုင်သည်။ ဧဝံဂေလိ သတင်းစကားသည် လူတိုင်း အတွက်ဖြစ်သည်။ ကျမ်းစာက ဆိုသည်မှာ ခရစ်တော်၏ဧဝံဂေလိ သတင်းစကားသည် ''ယုံ ကြည်သမျှသော သူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်''(ရော၊ ၁း၁၆)
အရေးကြီးသော မေးခွန်း လေးခု
ကျမ်းစာက''အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့''ဟုဆိုသည်။ သို့သော် သတင်းစကားကို မကြားရသောသူများနှင့်ပတ်သက်၍ ကျမ်းစာက မေးခွန်းများ မေး လျက်ရှိပါသည်။
၁။ သခင်ယေရှုကို မယုံကြည်လျှင် သူ၌ အဘယ်သို့ ပဌနာပြုနိုင်မည်နည်း။
၂။ သူတို့သည် သခင်ယေရှု၏အကြောင်း သိတင်းစကားကို မကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။
၃။ ဟောပြောသောသူကို မစေလွတ်လျှင် သူတို့သည် အဘယ်သို့ ကြားနိုင်မည်နည်း။
၎။ ဟောပြောသူကို မစေလွတ်လျှင် သူသည် အဘယ်သို့ ဟောပြောနိုင်မည်နည်း။ (ရော၊ ၁ဝး၁၄-၁၅ ကြည့်ပါ)
လူသည် သခင်ယေရှု၌မယုံကြည်လျှင် သူတို့သည် ယေရှု၌ ပဌာနာပြုနိုင်ပါသလား။ သူတို့ မပြုနိုင်ပါ။ ခရစ်တော် ၏ သတင်းကို မကြားလျှင် သူတို့ ခရစ်တော်ကို ယုံကြည်နိုင်ပါသလား။ မယုံနိုင်ပါ။ တစ်စုံတဦးသည် ကြားပြောခြင်းမရှိလျှင် သူတို့ ဘယ်ကဲ့သို့ ကြားနိုင်မည်နည်း။ မကြားနိုင်ပါ။ ထို့အတွက်ကြောင့် သူတို့သည် ကယ်တင်ခြင်းသို့ရောက်ရန် သင်သည် သခင်ယေရှု၏အကြောင်းကို သူတို့ထံ သွားရောက် ပြောရပေမည်။
သခင်ယေရှုအကြောင်း သူတို့ကို မည်သူ ပြောနိုင်ပါသနည်း။ ကယ်တင်ခြင်းသို့ ရောက်သောသူများ ဖြစ်သည်။ ကျမ်းစာက ''ထိုသို့ ဖြစ်သော် ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။ ဘုရားသခင်သည်ယေရှုခရစ်အားဖြင့် ငါတို့၏ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိသဟာယ ဖွဲ့စေတော်မူ၏။ ထိုမိသဟာယတရားကို ဟောရသောအခွင့်အရာကို ငါတို့၌အပ် ပေးတော်မူ၏။''ဟုဆိုသည်။(၂ကော၊ ၅း၁၈)
မဟာအမှုတော်မြတ်ကြီးသည် ကျွန်ုပ်တို့သခင်၏ အမိန့်ဖြစ်ပြီ၊ သူ၏တပည့်တော်များ ဧဝံဂေလိ သိတင်းကို လောက တခုလုံးရှိ လူအပေါင်းတို့ အား ဟောပြောရန်ဖြစ်သည်။ ယေရှုက''သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိ သမျှသို့ သွား၍၊ ဝေနေယျသတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။'' (မာ၊ ၁၆း၁၅)
မဟာအမှုတော်မြတ်ကြီးသည် ဆောင်ရွက်၍ ပြီးပြည့်စုံပြီလား။
မပြီးပြည့်စုံသေးပါ။ သန်းပေါင်းများစွာသောသူများတို့သည် ဝိညာဉ်ရေးရာမှောင်မိုက်နှင့် စာတန်၏တန်ခိုး အောက်၌ ရှိနေကြဆဲဖြစ်သည်။ လောကထဲရှိ လူများစွာတို့သည် ကျမ်းစာကိုတခါမျှ မမြင်ဘူးသလို၊ သခင်ယေရှု၏နာမကို လည်း မကြားဘူးကြပါ။ သူတို့၌ ခရစ်တော် မရှိပါ။ မြှော်လင့်ခြင်းလည်း မရှိကြပါ။ ရုပ်ထုကိုကိုးကွယ်သော အမျိုးသမီး တစ်ဦး ၏စကားသည် ကျွန်ုပ်တို့၏စိတ်ကို လှုပ်ရှားစေသင့်ပါသည်။ သူမက'' သင်၏လူများကို ကျွန်ုပ်တို့ လျှင်မြန်စွာ သေအံ့ဆဲဆဲ ဖြစ်နေသည်ကိုပြောပါ။ သတင်းစကားကို အနည်းငယ် သာ၍ အလျှင်အမြန် မပို့ဆောင်နိုင်ဘူးလား၊ သူတို့ကို ပြော ပေးပါ။''ဆိုပါသည်။
အီဂျစ်ပြည်တွင် သာသနာပြုတစ်ဦးသည် သခင်ယေရှု၏ချစ်ခြင်းမေတ္တာနှင့်ဆိုင်သော အကြောင်းအရာကို ပြောပါ သည်။ သူ၏သတင်းစကား ပြီးဆုံးသောအခါ အမျိုးသမီး တစ်ဦးကပြောသည်မှာ ''အံ့ဘွယ်ရာကောင်းသော အကြောင်းအရာ တခု ဖြစ်ပါသည်။ သင်၏တိုင်းပြည်ရှိ လူများ သင်ပြော သော အကြောင်းအရာကို ယုံကြည်ကြပါသလား။'' သာသနာပြု ဆရာက ဟုတ်ကဲ့ ယုံကြည်ကြပါသည်။ အမျိုးသမီးသည် ခဏမျှ စဉ်းစားပြီး ပြောသည်မှာ'' သူတို့ ယုံကြည်နိုင်မည်ဟု ကျွန်မ မထင်ပါ။ သို့ဖြစ်လျှင် သူတို့ ကျွန်ုပ်တို့ကို လာရောက်ကြားပြောရန် အကြာကြီး စေါင့်နေလိမ့်မည် မဟုတ်ပါ။''
တလောကလုံး ဧဝံဂေလိသိတင်းစကားကို ကြားရကြမည်။
လူအပေါင်းတို့အား ဧဝံဂေလိသိတင်းစကားကို ဟောပြောရန် သခင်ယေရှုသည် ကျွန်ုပ်တို့အား အမိန့်ပေးခဲ့၏။ သူ၏အမိန့်ကို ကျွန်ုပ်တို့ နာခံ ကြရမည်။ သိတင်းစကားကို ပျောက်ဆုံးသောသူများထံ ပို့ဆောင်နိုင်လျက်နှင့် ကျွန်ုပ်တို့ မလုပ်ဆောင်ခဲ့သော် ဘုရားသခင်သည် ကျွန်ုပ်တို့၏တာဝန်ရှိမှု အပေါ် အရေးယူပေလိမ့်မည်။ ကျမ်းစာက''သင်သည် အမှန် သေလိမ့်မည်ဟု၊လူဆိုးအား ငါပြောလျက်နှင့်သင်သည်သတိမပေး၊ လူဆိုး၏အသက်ကို ချမ်းသာစေခြင်းငှါ၊လူဆိုးအား သတိ ပေးသောစကားကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေလိမ့်မည်။ သူ၏အသက်ကိုကား သင်၌ ငါတောင်းမည်'' ဟုဆိုသည်။(ယေဇ၊ ၃း၁၈)
ပျောက်ဆုံးသောသူများ၏ ကြောက်ဖွယ်ကောင်းသောအခြေအနေနှင့် ကျွန်ုပ်တို့၏တာဝန်ရှိမှုမှ လွတ်ကင်းရန် ကျွန်ုပ်တို့၏မျက်စိများကို မမြင်ဟန်ဆောင် ပိတ်ထား၍မရပါ။ ခရစ်ယာန်တိုင်းသည် တနေ့သောအခါ ခရစ်တော်၏ တရား ပလ္လင်တွင် ရပ်လျက် ကယ်တင်ခြင်းသို့ရောက်ပြီးနောက် သူ၏အသက်တာ အကြောင်းအရာများကို ပြောဆို ဖြေကြား ရပေ လိမ့်မည်။ လူတိုင်းအား သိတင်းစကားကိုပြောဆိုရန် စေလွတ်နိုင်လျက်နှင့် ကျွန်ုပ်တို့ ပြုလုပ်ရန် ပျက်ကွက်ခဲ့သော်၊ ကျွန်ုပ်တို့၏ လျစ်လျှူရှု ပြုမှုအတွက် သခင်ဘုရားထံ အဖြေပေးရပေလိမ့်မည်။ ထိုသူများ၏ လိုအပ်မှုများကို မသိပါဟု ကျွန်ုပ်တို့ မပြော ဆိုနိုင်ပါ။ သခင်ယေရှုက ''ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာကာလဖြစ်လိမ့်မည် ဟုသင်တို့ ဆိုတတ်သည် မဟုတ် လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်းအလိုငှါ လယ်ပြင်တို့သည် ယခုပင် ဝင်းဝင်းရှိသည်ကို မျှော်၍ ကြည့် ကြ လော့။'' ဟုဆို သည်။ (ယော၊ ၄း၃၅)
ကျွန်ုပ် ဘာလုပ်နိုင်ပါသနည်း
သို့ဖြစ်လျှင် သတင်းစကားကိုတခါမျှ မကြားရသေးသောသူများ ကယ်တင်ခြင်းသို့ရောက်ရန် အခွင့်အရေးကိုရရန် အလို့ငှါ၊ ထိုသူတို့ထံ သတင်းစကားရောက်ရှိရန် ဘုရားသခင်၏ညွှန်ကြားမှုဖြင့် ယုံကြည်သူတိုင်း သူတို့တတ်နိုင်မျှအားလုံး လုပ်ဆောင်ရပေမည်။ မဟာအမှုတော်မြတ်ကြီး ပြီးမြောက်ရန်အတွက် ခရစ်ယာန်တိုင်းအတွက် ဘုရားသခင်၌ အလုပ်ရှိသည်။ သင်သည်ပြောပါ၊ ကျွန်ုပ် ဘာပြုလုပ်နိုင်ပါသနည်း။ ပြုလုပ်ရန် ဤနေရာ၌ အကြောင်းအရာ ငါးမျိုး ရှိသည်။
၁။ သက်သေခံပါ။ အခြားသောသူများကို သတင်းစကားပြောရန် သခင်ယေရှု၏အတ္ထုပ္ပတ္တိကို သိခဲ့ပြီးသော ခရစ်ယာန် တိုင်းအတွက် ဤလောကကြီးကို ဧဝံဂေလိပြုရန် ဘုရားသခင်၌အကြံအစည်ရှိသည်။ သင်၏နှုတ်သက်သက်မျှသာမဟုတ်ပါ အသက်တာအားဖြင့်လည်း ဖြစ်သည်။ သခင်ယေရှုက''သင်တို့သည် ငါ၏သက်သေဖြစ်ကြ လိမ့်မည်...''ဟုဆို၏။ ယခုပင် အစပြုပါ။ သင် အမှန် ရှိနေသောနေရာတွင် သခင်ယေရှုအဖို့ သက်သေခံ ဖြစ်စေပါ။
၂။ ဆုတောင်းပါ။ ကယ်တင်ခြင်းမရသေးသောသူများထံ သာသနာပြုများကို ဘုရားသခင် စေလွတ်ရန် ကျွန်ုပ်တို့ ဆု တောင်းနိုင်သည်။ ဘုရားသခင်စေလွတ်ခဲ့ပြီးသော သာသနာပြုများအတွက် ကျွန်ုပ်တို့ နေ့စဉ် ဆုတောင်းပေးနိုင်သည်။ သခင် ယေရှုက'' သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင် စေလွှတ်တော်မူမည် အကြောင်း ဆုတောင်းကြလော့။''ဟုဆိုသည်။ (လု၊ ၁ဝး၂)
၃။ ပေးလှူပါ။ ဘုရားသခင်၏အလုပ်တွင် ပေးလှူခြင်းသည် ထိုအလုပ်၌ရှယ်ယာထည့်ဝင်ခြင်းဖြစ်ပြီး၊ တနေ့သောအခါ ဆုလပ် အကျိုးကို ပြန်လည်ဝေမျှ ခံစားရရှိပေလိမ့်မည်။ ကျွန်ုပ်တို့သည် ပညာရှိစွာ ပေးလှူသင့်သည်။ ကျွန်ုပ်တို့၏ ငွေကြေး ကို သစ္စာရှိစွာ သတင်းစကား ကြားပြောသော သူများကို ပေးလှူရန် ရှာ၍ မြင်တွေ့ပါ။ ကျွန်ုပ်တို့၏ငွေကြေးများကို အခြား သောသူများ ထာဝရအသက်ရရန်အတွက် အသုံးပြုနေခြင်းကို သိပြီ၊ ကျွန်ုပ်တို့ ဝမ်းမြောက်ခြင်းနှင့် ပေးလှူ သင့်ပါသည်။
၎။ ပြင်ဆင်မှုကိုပြုလုပ်ပါ။ ကျွန်ုပ်တို့သည် သခင်ဘုရား၏ အသုံးတည့်သောသူတယောက်ဖြစ်လိုသော် ကျွန်ုပ်တို့မိမိ ကိုယ်ကို ပြင်ဆင်မှု ပြုရပေမည်။ ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းချက်များကို အလွတ်ကျက်မှတ်ခြင်းများအတွက် ကျွန်ုပ်တို့ နေ့စဉ် အချိန် သီးသန့် ထားရှိ ပြုလုပ် နိုင်သည်။ သင်၏တန်ဆာပလာများကို အသင့်ဖြစ်စေပါ၊ ဘုရားသခင်သည် သင်အား အသုံးပြုပေလိမ့်မည်။
၅။ သွားပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ့ကို အစေခံရန် အလိုရှိခဲ့သော် သူ့ကို ကျွန်ုပ်တို့မေးလျှောက်ရန် မလို အပ်ပါ။ ဘုရားသခင် သည် သူ၏သားသမီးတိုင်းကို သူ့ကိုအစေခံရန် ခေါ်လျက်နေသည်။ သင်နှင့်ကျွန်ုပ် မေးရမည့် တခု တည်းသော မေးခွန်းမှာ '' သခင်ဘုရား၊ ကျွန်ုပ်၌ ကိုယ်တော် ဘာပြုလုပ်လိမ့်မည်နည်း''ဖြစ်သည်။
သင်ဘာပြုလုပ်မည်နည်း။ သင်သည် ဘုရားသခင်ကို မသိသောသူတို့၏ ကြောက်ဖွယ်ကောင်းသော အခြေအနေ နှင့် အကြောင်း အရာ အချို့ကို လေ့လာခဲ့ရပြီ၊ ထိုသူများထံ သတင်းစကားရောက်ရှိရန် ခရစ်ယာန်တယောက်ဖြစ်သော သင်၏တာဝန်များကို သင်သည် လေ့လာခဲ့ပြီး ဖြစ်သည်။
ယခု မေးခွန်းမှာ၊ သင် ဘာပြုလုပ်မည်နည်း။
သင် ရှိနေသောနေရာ၌ သခင်ယေရှုအတွက် သစ္စာရှိသော သက်သေခံတယောက် အဖြစ် ဖြစ်လိုပါသလား။ ဘုရားသခင်သည် လုပ်ဆောင်သောသူများကို စပါးရိတ်ရာကွင်းသို့ စေလွတ်ရန် သင်သည်ဆုတောင်းပေးမည်လား။ အခြားသူများ ကြားစေရန် သင်သည် ပေးလှူမည်လား။ သင်သည် သခင်ဘုရား၌ သာ၍ထိရောက်စွာ အစေခံရန် သင့် ကိုယ် ကို ပြင်ဆင်ပါ။ ဘုရားသခင် သင့်အား ခေါ်သောနေရာသို့ သင်သည် သွားမည်လား။
''အသက်တာသည် တဘာဝ ခဏသာဖြစ်သည်။ အလျှင်အမြန် ကုန်ဆုံး သွားပေလိမ့်မည်။ ခရစ်တော်အတွက် ပြုလုပ် ခဲ့သောအရာများသာလျှင် ကြာရှည်တည်ရှိပေလိမ့်မည်။''
မေးခွန်းများ
၁) အသင်းတော်၏သာသနာပြုခြင်းသည်၊
(က) ငွေရရန် လုပ်ဆောင်ခြင်း
(ခ ) လောကရှိ လူတိုင်းအား ဧ၀ံဂေလိ သတင်းကောင်းကို ကြေညာခြင်း။
၂) မှန် (သို့) မှား ။ လောကရှိ ကယ်တင်ခြင်းမရသေးသောသူများကို အုပ်စု နှစ်စုအဖြစ် ခွဲခြားနိုင်သည်။
(၁) ဧ၀ံဂေလိ သတင်းကောင်းစကားကို ကြားသော်လည်း ငြင်းပယ်သောသူများ၊
(၂) ဧ၀ံဂေလိသတင်းကောင်းစကားကို တခါမျှ မကြားသောသူများ။
(က) မှန် (ခ ) မှား
၃) ဧ၀ံဂေလိသတင်းကောင်းစကား မကြားရသောသူများသည်၊
(က) ၀ိညာဉ်ရေးရာ မှောင်မိုက်၌ရှိပြီး၊ စာတန်၏တန်ခိုးအောက်၌ရှိသည်။
(ခ ) နိုင်ငံရပ်ခြား တိုင်းပြည်များ၌ ရှိသည်။
၎) ဘုရားသခင်သည် သူ့ကို သိသောပညာ မပါရှိသော လူအဖြစ် လူကို ဖန်ဆင်းခဲ့ပါသလား။
(က) မှန် (ခ ) မှား
၅) မှန် (သို့) မှား။ ဧ၀ံဂေလိ သတင်းကို တခါမျှမကြားရသောသူများ ဆုံးရှုံးခြင်းသို့ရောက်ရသော အကြောင်းရင်း နှစ်ချက်မှာ
(၁) သူတို့သည် အပြစ်သားများ ဖြစ်သည်။
(၂) သူတို့သည် ခရစ်တော်ကို သူတို့၏ကယ်တင်ရှင် အဖြစ် မသိကြပါ။
(က) မှန် (ခ ) မှား
၆) ရုပ်တုကိုးကွယ်ကြသူများ သူတို့၏ဘာသာတရားများ၌ ရိုးသားစွာ သစ္စာရှိခဲ့လျှင်၊ ဘုရားသခင် သူတို့ကို ကယ်တင်မည်လော။
(က) ကယ် (ခ ) မကယ်
၇) လူများ ရုပ်တု၌ ပူဇော်ခြင်းသည် သူတို့……အမှန် ကိုးကွယ်ခြင်းဖြစ်သည်။
(က) စာတန်
(ခ ) သူတို့ ပူဇော်သော အရာ ရုပ်တု ဖြစ်သည်။
၈) သခင်ယေရှု၌ ယုံကြည်ခြင်းမရှိဘဲ သူ့ကို ဆုတောင်းပဌနာပြုရနိုင်ပါသလား။ သူ၏အကြောင်းကို တခါမျှမကြားဘဲနှင့် သူ့ကို ယုံကြည်နိုင်ပါသလား။ တစုံတယောက်မှ ကြားပြောခြင်းမရှိလျှင် သူတို့ကြားနိုင်ပါသလား။
(က) ဟုတ် (ခ ) မဟုတ
၉) မဟာအမှုတော်မြတ်ကြီးသည်၊
(က) ကျွန်ုပ်တို့ ကောင်းကင်ဘုံသို့ရောက်သောအခါ ကျွန်ုပ်တို့ ရရှိကြလိမ့်မည်။
(ခ ) လောကနေရာအနှံသို့ သွားပြီး ဧ၀ံဂေလိသတင်းကောင်းကို ဟောပြောရန် ဘုရားသခင်၏အမိန့် ဖြစ်သည်။
၁၀) မဟာအမှုတော်မြတ်ကြီး ပြီးပြည့်စုံခြင်းသို့ ရောက်ပြီလား။
(က) ရောက် (ခ ) မရောက်
၁၁) ဤ သင်ခန်းစာအတွက် သော့ချက်ကျမ်း ကို သင် အလွှတ် ကျက်မှတ်ပါသလား။
(က) ကျက်မှတ်သည် (ခ ) မကျက်မှတ်သေးပါ
အန်ဒရူး
ဘုရားသခင်ကို အသက်တာ ဆက်ကပ်ခြင်း
Consecration
New Life in Christ Course III
Lesson 16
ဖတ်ရန်ကျမ်းချက်။ ရော၊၁၂း၁-၂။
သော့ချက်ကျမ်း။ ရော၊၁၂း၁။
ခရစ်တော်ထဲ၌ ဘုရားက ကျွန်ုပ်တို့အတွက် ပြုလုပ်ပေးခဲ့သော အံ့ဘွယ်သောအရာများကို လေ့လာခဲ့ပြီးဖြစ်သည်။ ခရစ်တော်ထဲ၌ မှောင်မိုက် နိုင်ငံမှ လွှတ်မြောက်စေသည်သာမက အပြစ်တန်ခိုး၊ ဇာတိ၊လောကနှင့်စာတန်ချည်နှောင်ခြင်းများမှ လည်းလွှတ်မြောက်စေခဲ့ပြီ။ ခရစ်တော် ကိုယ်တိုင် ပြန်လာ၍ ကျွန်ုပ်တို့နှင့်အတူ ရှိခြင်းအားဖြင့် ပညတ်တရားက တောင်းဆိုသော ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ ကျင့်နိုင်
ရန် ပြုလုပ်ပေးပါသည်။
ဤအံ့သြဘွယ်အရာများ အားလုံးကို ဘုရား၏ကျေးဇူးတော်အားဖြင့် ဖြစ်သည်။ သေခြင်းမှတပါး ကျွန်ုပ်တို့ ဘာမျှ မထိုက်တန်ပါ။ ဘုရားက ကျွန်ုပ်တို့အပေါ် ကြီးစွာသောကောင်းကြီးများကို အခမဲ့ပေးသနားခြင်းဖြစ်သည်။ ယခုဘုရားသခင်သည် သူ့အတွက် တစုံတခု ပြု လုပ်ပေးရန် ကျွန်ုပ်တို့အား ပြောနေပါသည်။
ဘာကိုပြုလုပ်ပေးရန် ကျွန်ုပ်အား၊ ပြောနေပါသနည်း။
သူ့ကို ကျွန်ုပ်တို့ ဆက်ကပ်ရန် ပြောနေပါသည်။ ဘုရားက သူ့ကျွန်ပေါလုအားဖြင့် ပြောနေခြင်းကို ကြားကြပါစို့။(ရော၊၁၂း၁)
အခြေခံကဘာလဲ။ ဆက်ကပ်ခြင်း၏အဖြေကား ဘာလဲ။ ဤမေးခွန်းများသည် အရေးကြီးပါသည်။ေ လ့လာရင်း အဖြေရှာကြမည်။ ဆက်ကပ် ခြင်း၏အဓိပ္ပါယ်။ ဆက်ကပ်ခြင်းသည် မိမိ၏အလိုဆန္ဒအစား မိမိအသက်တာကို ဘုရား၏အလိုဆောင်ရန် ပေးခြင်းဖြစ်သည်။ မိမိ၏ကိုယ်ကိုအသက်ရှင် သော ယဇ်အဖြစ် တင်ဆက်ခြင်းဖြစ်သည်။
ဓမ္မဟောင်းကာလ၊ ဘုရားသခင်အားပူဇော်သောယဇ်သည် အသေကောင်ယဇ်ဖြစ်သည်။ ကျွန်ုပ်တို့ကို ပလ္လင်ပေါ်တင်လျှက် အသေခံယဇ်ပြု ရန် မတောင်းဆိုပါ။ သို့သော် အသက်ရှင်သောယဇ်အဖြစ် ပြုရန်ဖြစ်သည်။ အဓိပ္ပါယ်မှာ သူ့အတွက် အသက်ရှင်ဘို့ရန် အလိုရှိသည်။
ဓမ္မဟောင်းခေတ်ယဇ်သည် သခင်ယေရှု၏ပုံရိပ်ဖြစ်သည်။ ဥပမာ-သိုးတကောင်ဖြင့် အပြစ်ဖြေရာယဇ်သည် ခရစ်တော်သည် ကျွန်ုပ်တို့၏ ဒုစရိုက်အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ် အသေခံခြင်း၏ပုံရိပ်ဖြစ်သည်။ အပြစ်နှင့်မဆိုင်ဘဲအခြားသောယဇ်တခုမှာမီးရှိုရာယဇ်ဖြစ်သည်။
မီးရှိုရာယဇ်
မီးရှိုရာယဇ်သည် ဘာကိုကိုယ်စားပြုပါသနည်း။ သခင်ယေရှုသည် မိမိ၏အသက်တာကို ခမည်းတော်၏အလိုတော်ကို ဆောင်ရန်ပေးအပ်ခြင်း ဖြစ်သည်။ ဤဆက်ကပ်ခြင်းသည် ဘုရားအဘို့ အလွန်မှတန်ဘိုးရှိပြီ၊ ဤဆက်ကပ်ခြင်းနှင့်ပတ်သက်၍ များစွာသင်ယူနိုင်သည်။
ဆက်ကပ်ခြင်းသည် မိမိ၏စိတ်ဆန္ဒအလိုအလျောက် ဖြစ်သည်။
မီးရှိုရာယဇ်နှင့်စပ်လျှင်း၍ ကျမ်းစာ၌''သင်တို့တွင် တစုံတယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သက္ကာပြုလိုလျှင်၊''ဟုဆိုသည်။ (ဝတ်၊၁း၂) ပူဇော်ခြင်းသည် ''ထာဝရဘုရားအား''အလိုအလျှောက် ပူဇော်ခြင်း ဖြစ်ရပေမည်။ ကျွန်ုပ်၏အသက်တာကို မပြုမနေရ ဆက်ကပ်ရန် မဟုတ်ပါ။ သူက''တိုက်တွန်းနိုးဆော်ခြင်း''သာဖြစ်သည်။ ဘုရားသခင်က သူ့ကိုချစ်လျှက်၊ သူ့အား အစေခံလိုခြင်းကိုသာ အလိုရှိပါသည်။
ဆက်ကပ်ခြင်းသည်ထာဝရဘုရားအဘို့
ဆက်ကပ်ခြင်းပြုရာတွင် တရားဟောဆရာ(သို့)သာသနာပြုဆရာ တယောက်ဖြစ်လာရန် အသက်တာပေးခြင်းကို ဆိုလိုပါသလား။ ထိုသို့ မဟုတ်ပါ။ ကျွန်ုပ်သည်အိမ်၌၄င်း၊ ကျောင်း၌၄င်း၊ အလုပ်၌၄င်းဘုရားကထားသောနေရာ၌ သူ၏အလိုကိုလုပ်ဆောင်ရန် ဖြစ်သည်။ ထာဝရဘုရား အဘို့ဆက်ကပ်ခြင်းဖြစ်သည်။ ဘုရားသခင်ကသာ ကျွန်ုပ်ကိုဘာလုပ်စေခြင်သည်နှင့် ဘယ်နေရာမှာလုပ်ရမည်ကို ဆုံးဖြတ် သူသည် သူပင် ဖြစ်သည်။ သူသည် ကျွန်ုပ်အတွက် ရွေးချယ်ပေးသောအရာများသည် ကျွန်ုပ်အတွက် အကောင်းဆုံးဖြစ်ကြောင်း စိတ်ချ နိုင် ပါသည်။
ထာဝရဘုရားအား ဆက်ကပ်ခြင်းသည် အသက်တာတခုလုံး ဖြစ်သည်။
မီးရှိုရာယဇ်ပြုရာတွင် ဘုရားက ခွင့်ပြုသော အကောင် လေးမျိုးသာ ဖြစ်သည်။ ချမ်းသာသောသူများသည် နွားထီးကို၎င်း၊ အလယ်အလတ် ချမ်းသာ သူများက သိုးထီးကို၎င်း၊ ထိုအရာများကို မတတ်နိုင်သူများက ချိုးတကောင်(သို့)ခိုတကောင်ကို ယူလာရ၏။ ပူဇော်မှုတခု စီတိုင်း၌ တကောင် လုံးကို ပူဇော်ခြင်းဖြစ်သည်။ ဤထက်လျှော့နည်းသောအရာများကို ဘုရားက လက်မခံပါ။
ဤပူဇော်ခြင်းများက ထာဝရဘုရားအား ပူဇော်ခြင်းသည် အသက်တာတခုလုံးဖြစ်ကြောင်းကို ပြောနေခြင်းဖြစ်သည်။ အသက်တာ၏အပိုင်း တပိုင်း ကိုသာ ဘုရားအားပေးခြင်းနှင့် ကျန်သောအပိုင်းကို ကိုယ့်အဘို့ ထားရှိခြင်းကို ကျွန်ုပ်တို့မပြုလုပ်နိုင်ပါ။ ဤသို့ ပြုလုပ်ခြင်းက ဘုရား၏ စိတ်တော် နှင့် မတွေ့နိုင်သလို ကျွန်ုပ်တို့လည်း စိတ်ကျေနပ်ခြင်းကိုရမည် မဟုတ်ပါ။ ခရစ်ယာန်အသက်တာ၏ အလုံးစုံသော ဝမ်းမြောက်ခြင်းနှင့် ကောင်းကြီး မင်္ဂလာအပေါင်းသည် ဘုရားသခင်အား ထိန်ချန်ခြင်းလုံးဝမရှိဘဲ၊ အားလုံးပေးအပ်ခြင်းအပေါ်၌ တည်ပါသည်။
ဆက်ကပ်ခြင်းသည် နောက်ဆုံးအကြိမ်နှင့်အပြီး ဖြစ်သည်။
ယဇ်ကောင်ကို ယဇ်ပလ္လင်ပေါ်ထာဝရဘုရားအားပူဇော်ခြင်းပြုရန် တကြိမ်ထားရှိခြင်းဖြင့် နောက်တဖန်အောက်သို့ပြန်ချခြင်းကို မပြုလုပ်ပါ။ ထာဝရဘုရားအဘို့ သန့်ရှင်းပြီးဖြစ်သည်။''ကျိန်ဆို၍ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့်ရှင်းရမည်။''(ဝတ်၊၂၇း၂၈)
တကြိမ်တည်းနှင့်အသက်တာကို ဘုရားသခင်အဘို့ ဆက်ကပ်ပြီးဖြစ်၍ တဖန်ပြန်၍ မဆက်ကပ်မှုမျိုး ပြုလုပ်၍ မရနိုင်တော့ပါ။ ဘုရားက သူ့အား အသက်တာဆက်ကပ်ခြင်းကို ပြုလုပ်ခြင်းသည် တကြိမ်နှင့်အပြီး ဟုမှတ်ယူပါသည်။
ဆက်ကပ်ပြီးနောက်၊ အပြစ်ထဲသို့ ကျရောက်သောအခါ ဘာဖြစ်မည်နည်း။ နောက်တကြိမ် ပြန်၍ဆက်ကပ်ရန်ပြုလုပ်ရ မည်လား။
ပြုလုပ်စရာမလိုပါ။ အပြစ်ကိုပြုခဲ့သော်၊ ထိုအပြစ်ကိုဘုရားသခင်အား ဖေါ်ပြဝန်ချလျက် တကြိမ်ပြန်လည်၍ ယခင်ကဲ့သို့ ဝမ်းမြောက်စွာ ဘုရားသခင်နှင့် မိသဟာယပြန်လည် ရရှိပေသည်။ ဘုရားသခင်အား ဆက်ကပ်ထားပြီဖြစ်၍ နောက်တဖန်ပြန်လည် ဆက်ကပ်ရန် မလိုအပ် တော့ပါ။
ဆက်ကပ်ခြင်းသည် အဆက်မပြတ် တလျှောက်လုံး ဖြစ်သည်။
မီးရှိုရာယဇ်ပူဇော်ခြင်းသည် နံနက်တိုင်း၊ ညနေတိုင်းဖြစ်သည်။ နေ့တိုင်း အဆက်မပြတ် ဖြစ်သည်။ ဤအရာက ဘာကိုဆိုလို သနည်း။ဤ အရာက ကျွန်ုပ်တို့၏ ဆက်ကပ်ခြင်းသည် အဆက်မပြတ် တသမှတ်တည်းဖြစ်ရမည်။ ကျွန်ုပ်၏ဆက်ကပ်ခြင်းသည် ဆက်ကပ် ချိန်မှအစပြုပြီး၊ ထိုနေရာ၌ မပြီးသွားပါ။ ဆက်ကပ်သည်အတိုင်း အသက်ရှင်ရပေမည်။ နေ့တိုင်း ကိုယ်အလိုဆန္ဒအစား ဘုရားသခင်၏ အလို ကိုလုပ်ဆောင်ရန် ပေးအပ်ခြင်း ဖြစ်သည်။ သခင်ယေရှုက ''ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါး ကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။''ဟုဆို၏။(လု၊၉း၂၃)
ဘာကြောင့်ကျွန်ုပ်သည်ဘုရားသခင်အားဆက်ကပ်သင့်ပါသနည်း။ ကျွန်ုပ်ကို သူပိုင်သောကြောင့် ဖြစ်သည်။ ကျမ်းစာက''... သင် တို့ ကိုယ်ခန္ဓာသည် ...သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကိုမိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူဖြစ်သောကြောင့်...''(၁ကော၊၆း၁၉-၂ဝ)''...အသက်ရှင်သည်ဖြစ်စေ၊သေသည်ဖြစ်စေ၊ သခင်ဘုရား ဆိုင်တော် မူ၏။''ဟု ဆိုသည်။ (ရော၊၁၄း၈) ဤကျမ်းချက်များက မိမိကိုယ်မိမိ မပိုင်ကြောင်းနှင့် ထာဝရဘုရားသည် ပိုင်တော်မူသည်။ ကျွန်ုပ်တို့ကို အသွေးနှင့်ဝယ်ခဲ့ပြီးဖြစ်သည်။ သခင်ယေရှု၏အသွေးတော်နှင့် ဝယ်ခဲ့ခြင်းဖြစ်သည်။ ကျမ်းစာ၌''...ရွှေငွေအစရှိသော ဖေါက်ပြန် ပျက်စီးတတ် သောဥစ္စာနှင့်သင်တို့ကို ရွေးတော်မူသည် မဟုတ်။-အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။''ဟုဆိုသည်။(၁ပေ၊၁း၁၈-၁၉)
သခင်ယေရှုသည် ကျွန်ုပ်ကိုရွေးခဲ့၏။ သူသည် သခင်ဖြစ်သည်။ သူသည် ကျွန်ုပ်ကိုပိုင်သည်။ ကျွန်ုပ်ကို ပိုင်ဆိုင်ချိန်မှစ၍ သူ့ကိုကျွန်ုပ် ပေးဆက်ရပေမည်။ ကျွန်ုပ်ကိုပိုင်ပါသလား၊ မေးရန်မဟုတ်ပါ။ ကျွန်ုပ်ကိုသူပိုင်ဆိုင်ခဲ့ခြင်းကြောင့် ကျွန်ုပ်က ဘာပြန်ပေးခဲ့ပြီးလဲ။
ဆက်ကပ်ခြင်းသည်ခရစ်တော်သည်ပိုင်ရှင်ဖြစ်ကြောင်းကိုသိမှတ်ခြင်းဖြစ်သည်။ ''ကိုယ်တော်သည် ကျွန်ုပ်အား ပိုင်ခွင့်ရှိပြီး၊ ကျွန်ုပ်သည် ရွေးချယ်ခြင်းဖြင့် ကိုယ်တော်ပိုင်သောသူ ဖြစ်ခြင်ပါသည်။ ''ကျမ်းစာ၌ အသစ်မွေးဘွားခြင်း ခံပြီးသူတိုင်း''ဆက်ကပ်ခြင်းကို ပြုအပ်သောဝတ်''ဟု ရှင်းလင်းစွာ ပြောထားပါသည်။
ဆက်ကပ်ခြင်း၏အရင်းခံ အကြောင်းအရာ။
ခရစ်တော်၏ချစ်ခြင်းမေတ္တာ၊ကဆက်ကပ်ခြင်းကို ဖြစ်စေသည်။ ကျမ်းစာက''ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက် သွေးဆောင်၏။'' (၂ကော၊၅း၁၄) ခရစ်တော်၏ချစ်ခြင်းက နှလုံးသားကို တို့ထိသောအခါ ကျွန်ုပ်မတတ်နိုင်သော်လည်း ကျွန်ုပ်ရှိ အရာအားလုံးကို သူ့အား ပေးအပ်ရန် သူ၏ရှေ့မှောက် ဒူးထောက် စေပါသည်။
ဆက်ကပ်ခြင်း၏ရည်ရွယ်ချက်။
ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ်၏အသက်တာ၌ လုပ်ဆောင်ရန်ဖြစ်သည်။ ကျွန်ုပ်၏အထဲ၌ ဘုရား၏အလိုကို သခင် ယေရှုက အမှန် လုပ်ဆောင် ပေးပါသည်။ ''ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် ၊-မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှု ခရစ်အားဖြင့် သင်တို့၌ပြုတော်မူ၍၊ သင်တို့သည် အလိုတော်သို့လိုက်မည်အကြောင်း၊ ကောင်းသောအကျင့်အမျိုးမျိုး၌ သင်တို့ကို ပြုပြင် ပါစေသော။ ''(ဟေဗြဲ၊၁၃း၂ဝ-၂၁)သခင်ယေရှုသည် မြေကြီးပေါ်ရှိခဲ့စဉ် ခမည်းတော်၏အလိုကိုသာဆောင်ခဲ့ကြောင်း ခရစ်ဝင်ကျမ်းများက ပြောပါသည်။
တမန်တော်ဝတ္ထု၌လည်း တမန်တော်များနှင့် တပည့်တော်များအားဖြင့် ခမည်းတော်၏အလိုကို ဆက်လက်လုပ်ဆောင်ပါသည်။ ယနေ့ ဘုရား သခင်၏အလိုတော်ကို ကျွန်ုပ်တို့အားဖြင့် လုပ်ဆောင်လိုသည်။ ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ်တို့ကိုယ်ခန္ဓာကို အသက်ရှင် သောယဇ် အဖြစ် ပေးအပ်ရန် သူ ကျွန်ုပ်တို့ကို သူလိုအပ်သည်။ ကျွန်ုပ်တို့၏လက်များ၊ခြေများနှင့်နှုတ်များကို အသုံးပြုရန် သခင်သည် အလိုရှိသည်။ ကျမ်းစာ၌''ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့်ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ ပြု အပ်သောဝတ်ကို ပြုမည်အကြောင်း၊ဘုရားသခင်၏ ဂရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါ တိုက်တွန်း နှိုးဆော်ပေ၏။'' (ရော၊၁၂း၁) အသက်တာကို လုံးလုံး ပေးအပ်ပါက သူ၌ခမည်းတော်သည် လုပ်ဆောင်သကဲ့သို့ ကျွန်ုပ်တို့အားဖြင့် သူက လုပ် ဆောင်ပေမည်။
ဘယ်ကဲ့သို့ ဆက်ကပ်မည်နည်း။
သေခြင်းမှ ထမြောက်အသက်ရှင်သော သူကဲ့သို့ ''ဘုရားထံ ဆက်ကပ်ရပေမည်။ အတ္တအသက်တာဟောင်းနှင့်ဆက်ကပ်ရန် ဘုရားသခင် အလိုမရှိပေ။ ခရစ်တော်၌ အသက်တာသစ်ဖြင့်သာ ဘုရားက သူအား ပေးရန်အလိုရှိသည်။ ''...သေခြင်းမှထမြောက်၍ အသက်ရှင် သော သူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ် ဆက်ကြလော့။''(ရော၊၆း၁၃) ဘုရားက အသက်တာဟောင်းကို အသုံးမပြုနိုင်ပါ။ ''သေခြင်း မှ အသက်ရှင်သော သူ'' များသာ အစေခံနိုင်ပါသည်။ ငါသည် ခရစ်တော်နှင့်အတူ အသေခံခြင်း၊ သူနှင့်အတူသဂြိုလ်ခြင်းနှင့် တဖန်သူနှင့် အတူ ထမြောက်ခြင်းကို မြင်လာမှ သာလျှင် ကျွန်ုပ်၏အသက်တာကို အမှန်တကယ်၊ ဆက်ကပ်နိုင်ပေလိမ့်မည်။
ဆက်ကပ်ခြင်း၏အကျိုး
မိမိ၏အကြံအစည်၊ ဝါသနာနှင့်အလိုဆန္ဒများကို သေစေပြီး၊ ဘုရားသခင်၏အလိုကိုသာ လုပ်ဆောင်ရန်အသက်ရှင်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ပုံစံနမူနာဖြစ်သည်။ သူသည်လူ၏အမြင်၌ ကြီးမြတ်သူတယောက်(သို့)သူ၏ အလိုကို လုပ်ဆောင်ရန် ဤ လောကသို့ ကြွဆင်း လာခဲ့ခြင်း မဟုတ်ပါ။ ခမည်းတော်၏အလိုကို ဆောင်ရန်ဖြစ်သည်။ သူသည် ဘုရားဖြစ်တော်မူသည်။ သို့သော် နှိမ့်ချ လျှက် အစေခံကျွန်၏သဏ္ဍာန်ကို ခံယူခဲ့ပြီး၊ ကါးတိုင်သို့တိုင်အောင် အသေခံကာ ခမည်းတော်၏အလိုကိုဆောင်ကာ နာခံခဲ့ပါသည်။ ဘုရား သခင် က ကျွန်ုပ်တို့အား ''ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။''(ဖိ၊၂း၅)
သင်သည် ဆက်ကပ်ခဲ့သော် နာမည်ကျော် တရားဟောဆရာတဦး(သို့)ဧဝံဂေလိတဦး ဖြစ်လာလိမ့်မယ်လို့ မထင်ပါနှင့်။ကယ်တင် ရှင်သခင် ကိုယ်တိုင် အထင်သေးခံရခြင်းနှင့် ငြင်းပယ်ခြင်းကို ခံခဲ့ရပါသည်။ ကျွန်ုပ်တို့သည် သူ၏အစေခံများဖြစ်သည်။ ကျမ်းစာက ''... ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်။ တမန်သည်လည်း စေလွှတ်သောသူထက်သာ၍ ကြီးမြတ်သည်မဟုတ်။''(ယော၊၁၃း၁၆) လူ၏အမြင်၌ မကြီးမြတ်သော် လည်း ဆက်ကပ်ခြင်း၌ ကောင်းကြီးများစွာ ရှိပါသည်။
ဆက်ကပ်ခြင်း၏ ကောင်းကြီးကား အသက်တာ၌ ဘုရားသခင်၏ပြည့်စုံသော အလိုတော်ကို၊ တွေ့ရှိခြင်းဖြစ်သည်။ ဘုရားသခင်၌ သူ၏ သားသမီးတိုင်းအတွက် အလုပ်ရှိပေသည်။ ''အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည်ကောင်းသောအကျင့်ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင်လည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူ နှင့်ပြီ။'' (ဧ၊၂း၁ဝ) အသက်တာကို ဆက်ကပ်သောအခါ ကျွန်ုပ်တိုအတွက် အလုပ်ကိုဖေါ်ပြပေမည်။ အသက်တာ၌ ဘုရား၏အလိုတော်ကို တွေ့ရှိပြီး လုပ်ဆောင်သောအခါ ကြီးစွာသောကျေနှပ်ခြင်းကိုရရှိလာပေမည်။ ဘုန်းတော်ထဲ၌ သခင်ယေရှုနှင့် ဝမ်းမြောက်ခြင်း၌ တွေ့ဆုံချိန်ခါ၊ သူပြောမည့် စကားကိုစဉ်းစားသော်''အရှင်ကလည်း၊ သာဓုသစ္စာရှိသော ငယ်သားကောင်း၊ သင်သည်အမှု ငယ်၌ သစ္စာစေါင့်လေပြီ။ များစွာသောအမှု အခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကို ဝင်စားလော့ဟုမိန့်တော် မူ၏။''(မ၊၂၅း၂၁)
ဘုရားသခင်က ကျွန်ုပ်တို့၏ခန္ဓာကို အသက်ရှင်သောယဇ်အဖြစ် ပေးဆက်ရန်ပြောနေပါသည်။ ဤအရာအတွက် အစားထိုးရန် အခြားမရှိပါ။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ခရစ်ယာန်ဆိုင်ရာအလုပ်များကိုလုပ်ခြင်း၊ သက်သေခံခြင်း၊ ဘုရားကျောင်းသွားခြင်း စသည်တို့သည် ကောင်းကြပါ သည်။ သို့သော် ထိုအရာများအားဖြင့် ဆက်ကပ်ခြင်းနေရာ၌ အစားထိုး၍မရပါ။
သင့်အား ဘုရားသခင် စကားပြောနေပါသည်။ သင့်ကို သူပိုင်ကြောင်းကို သင်သိပါသလား။ သင့်ကို၎င်း၊ သင် ပိုင်ဆိုင်သော အရာ များနှင့်အချိန် နာရီမျာကို၎င်း၊ သူသည်ပိုင်ဆိုင်ကြောင်းကို သင်သည်သိပါသလား။ သင့်အတွက် ဘုရားက ပြုလုပ်ပေးခဲ့သော အရာများကို စဉ်းစား ခဲ့ဘူး ပါသလား။ ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို ခံစားရပြီး သင့်အသက်တာကို သူ့အား ပြန်လည် ပေးဆပ် လိုပါသလား။ ယနေ့ စဉ်းစား ပြီးဆုံးဖြတ်ပါ။ ဘုရားသခင်သည်၊ သင့်အားကောင်းကြီးပေးပါစေသော။
မေးခွန်းများ
၁) ဆက်ကပ်ခြင်းဆိုသည်မှာ
(က) အသက်ရှင်သောယဇ်အဖြစ်ဖြင့် အသက်ရှင်ခြင်း။
(ခ ) ဘုရားသခင်၏အလိုကိုဆောင်ရန် ကျွန်ုပ်၏အသက်တာ ဘုရားသခင်ကို ပေးဆက်ခြင်း။
(ဂ ) အထက်ပါ အရာများအားလုံး။
၂) မီးရှို့ရာယဇ် ကိုယ်စားပြုသောအရာသည်
(က) ဘုရားသခင်ဘို့ ကျွန်ုပ်တို့သည် ဘာမျှတန်ဘိုးမရှိသောအရာဖြစ်သည်။
(ခ ) သခင်ယေရှုသည် ခမည်းတော်၏အလိုတော်ဆောင်ရန် သူ၏အသက်တာကို ပေးအပ်ခြင်းဖြစ်သည်။
၃) ကျွန်ုပ်၏အသက်တာကို ထာဝရဘုရားသခင်အား ဆက်ကပ်သောအခါ တရားဟောဆရာ သို့မဟုတ် သာသနာပြုဆရာ ဖြစ်လာရန် ကျွန်ုပ် အသက်တာကို ပေးခြင်းဟု ဆိုလိုခြင်းဖြစ်သည်။
(က) မှန် (ခ ) မှား
၎) ကျွန်ုပ်၏အသက်တာ တပိုင်းကို ထာဝရ ဘုရားသခင်အားပေးခြင်းနှင့် တပိုင်းကို ကျွန်ုပ် အတွက် ချန်ထားခြင်းကို ပြုလုပ်နိုင်ပါသလား။
(က) မှန် (ခ ) မှား
၅) အဘယ်ကြောင့် ဘုရားသခင်၌ ကျွန်ုပ် အသက်တာ ဆက်ကပ် ရပါသနည်း။ အကြောင်းမှာ၊
(က) ကျွန်ုပ်ကို သူပိုင်သည်။
(ခ ) အခြားသူများအမြင်၌ ကြည့်၍ ကောင်းသည်။
၆) ကျွန်ုပ်အတွက် သခင်ယေရှု ပေးဆပ်ခဲ့ရသော အဖိုးအခ ကား မည်သည့်အရာနည်း။
(က) သူ၏အသွေးတော်၊
(ခ ) ၁၀၀၀၀ ဒေါ်လာ၊
၇) ဆက်ကပ်ခြင်း၏ရည်ရွယ်ချက်သည်
(က) ထိုနောက် သင်သည် အမှန် သန့်ရှင်းလာသည်။
(ခ ) ကျွန်ုပ်၏အသက်တာ၌ ဘုရားသခင်၏အလိုကို လုပ်ဆောင်နိုင်ရန် ဖြစ်သည်။
၈) ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဘုရားသခင်ထံ ပေးဆက်ရန် သမ္မာကျမ်းစာက ဆိုထားသည်။
(က) သေခြင်းမှ အသက်ရှင်သောသူများကဲ့သို့၊
(ခ ) အညီအမျှ ဖြစ်သော
၉) ဆက်ကပ်ခြင်း၏ရလဒ်သည်
(က) ကောင်းကင်ဘုံသို့ရောက်ရန် သင်၌စိတ်ချ သေချာစေသည်။
(ခ ) ကျွန်ုပ်၏အကြံအစည်နှင့် အလိုဆန္ဒများကို ကျွန်ုပ်သေစေခြင်းဖြစ်သည်။
၁၀) ကျွန်ုပ်၌ ကြီးစွာသောကျေနပ်အာရခြင်းသည် …………….မှလာသည်။
(က) လူများက ကျွန်ုပ်၏လိုအပ်မှုကိုဖြည့်ပေးခြင်း၊
(ခ ) ကျွန်ုပ်၏အသက်တာ၌ ဘုရားသခင်၏အလိုတော်ကို ရှာဖွေခြင်းနှင့် ၄င်းကို လုပ်ဆောင်ခြင်း။
ဤ သင်ခန်းစာပါ သတင်းစကားက သင့်အသက်တာ ခရစ်တော်ထံ ဆက်ကပ်ခဲ့သော် ၄င်း အကြောင်းအရာကို သိရှိ ၀မ်းမြောက်လိုပါသည်။
အန်ဒရူး





