HCF

HCF MYANMAR IN SINGAPORE

Thursday, October 28, 2010

ကျွန်တော်တွင် မိသားစုအသစ်ရှိသည်

I Have a New Family !

Lesson 2

မိတ်ဆွေများခင်ဗျာ၊

သမ္မာကျမ်းစာတွင် ကျွန်တော်တို့ အလွန်သိသင့် သိထိုက်သော အထူးပုဂ္ဂိုလ် နှစ်ဦးပါရှိပါသည်။ ဒီလူနှစ် ယောက်သည်၊ အာဒံ နှင့် သခင်ခရစ်တော် တို့ဖြစ်ကြပါသည်။ အာဒံသည် ဘုရားသခင်၏ ပထမလူ ဟုခေါ်ဆို၍ သခင်ခရစ်တော်သည် ဘုရားသခင်၏ ဒုတိယလူ ဟုခေါ်ဆိုသည်။


ဘုရားသခင်၏ ပထမလူသည် အာဒံ

အာဒံသည် ဘုရားသခင်၏ ပထမလူ ဟုခေါ်သည်။ သူသည်ပထမလူဖြစ်ပြီး လူသားများ၏ မျိုးရိုးခေါင်းဆောင် ဖြစ်သောကြောင့်ဖြစ်သည်။

လူသားသည်နိမ့်ကျသော သွင်ပြင် အသက်တာမှလာသည်မဟုတ်၊ ဘုရားသခင်ကဖန်ဆင်းသည်။ လူသားသည်၊ ဘုရားသခင်၏သက်ရှိသတ္တ၀ါများတွင်။ အဆင့်အတန်းအမြင့်ဆုံးဖြစ်သည်။ ဘုရားသခင်သည်၊ မိမိပုံသဏ္ဌာန် နှင့် အညီ လူကို ဖန်ဆင်းတော်မူသောကြောင့်ဖြစ်ပါသည်။ ကျမ်းစာက "ထိုသို့ဘုရား သခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်း ပြီလျှင်၊-" (က ၁း၂၇)

ဘုရားသခင် ဘာကြောင့်လူကိုဖန်ဆင်းသနည်း။ ဘုရားသခင်ကလူကိုဖန်ဆင်းခြင်းသည်။
ဘုန်းတော်ကို ထင်ရှား စေရန်နှင့် သူ၌အစဉ်ဝမ်းမြောက်ကြရန်။ ဘုရားသခင်ကပြောသည်။ "ငါနာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေ ဘို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟုငါပြောမည်" (ဟေရှာ ၄၃း၇)။ ဘုရား သခင်က လူမျိုးစုကိုလိုခြင်သည်၊သူ၏ဘုန်းအသရေဆောင်ရန်နှင့် သူအတွက် ၀မ်းမြောက်မှု ရောက်ရှိလာစေရန်။ ကျမ်းစာက "အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလို တော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည်ဘုန်းအသရေ တန်ခိုးတော် ကို ခံစားထိုက် တော်မူ၏ ဟု လျှောက် ဆို၍ ၊ ပလ္လ္လင်တော်ရှေ့၌ မိမိတို့သရဖူများကိုချထား၏။" (ဗျာ ၄း၁၁)

ဘုရားသခင်သည်၊ လူပေါင်း သိန်းချီဖန်ဆင်း၍ ကမ္ဘာကြီးကိုမဖြည့်ခဲ့ပါ လူတယောက်သာဖန်ဆင်းခဲ့သည်- အာဒံ။ အာဒံ၏ဇနီး ကိုလည်းသူ ဖန်ဆင်းပေးသည်။ သူမ၏နံမည်က ဧ၀။ အာဒံနှင့် ဧ၀ မှ လူမျိုးစုကြီးဖြစ်လာသည်။


ဘုရားသခင်၏ ပထမလူ အာဒံသည်၊ ဘုရားသခင်နှုတ်ကပတ်တော် စကား မနာခံဘဲနေသည်

လူသားဖန်ဆင်းခြင်းသည်၊ ဘုရားသခင်နှင့်ဖေါ်ရွေစွာဆက်ဆံခြင်းရှိ၍ ၊ဘုရားသခင်နှင့် သာယာကြည်နူး၊ပျော် ရွှင်မှုရရန် ၊ အစတွင် အာဒံ နှင့် ဧ၀၊ သည် ဧဒင်ဥယျာဉ်တွင်း၌ ဘုရားသခင်နှင့် ဖေါ်ရွေစွာ ဆက်ဆံခြင်းရှိကြသည်။ နှစ်သက် ပျော်ရွှင် ဖွယ်ရာဖြစ်သည်။ ညနေခင်း အေးမြသာယာသောအချိန်တွင် သူတို့ လမ်းလျှောက်ပြီး စကားပြောကြသည်။ သားနှင့်သမီး ချစ်ခင်ရသောဖခင်ကြီးနှင့် စကားပြောဆိုကြသလိုဖြစ်နိုင်သည်။

ဒါပေမဲ့ တစုံတခုဖြစ်သောကြောင့်။ အခြေအနေအားလုံးပြောင်းလဲသွားတော့သည်။ ဘုရားသခင်၏ ရန်သူ စာတန် မာရ်နတ် သည် ဧ၀ ကို လှည့်ဖြားသည်။ သူမက စာတန်မာရ်နတ် လိမ်ပြောသည်ကိုယုံကြည်ပြီး၊ ဘုရားသခင် မှာ ကြား ထားခြင်းကို မလိုက်နာဘဲနေသည်။

အာဒံ လှည့်ဖြားခံရသလား? သူအလှည့်ဖြားမခံရပါ။ အာဒံသည် ဘုရားသခင်မှကြားထားသည် ကို မလိုက်နာပါ။ သူသည်။ စာတန် မာရ်နတ် ဘက် ကိုယူသည်။

အာဒံ ဘုရားသခင်မှကြားထားသည်ကို မလိုက်နာသည်တာနဲ့ သူ၏၀ိညာဉ်သေသွားသည်။ သူ၏ကိုယ်ခန္ဓာမသေပါ၊ သူ၏ ၀ိညာဉ်သာသေသွားသည်။ သူသည် ၀ိညာဉ်သေသဖြင့် ဘုရားသခင်နဲ့ အဆက်အသွယ်မရှိတော့ ဟုအဓိပ္ပါယ်ရသည်။ အပြစ်သည် အာဒံ နှင့် ဘုရားသခင် နှစ်ယောက် အကြားရောက်လာသည်။


ဘုရားသခင်၏ ပထမလူ အာဒံသည် အပြစ်သား လူမျိုးများ ကိုထုတ်လုပ်ခဲ့သည်

အာဒံသည် ယခုအခါ အပြစ်သား သဘာဝ သို့ရောက်ရှိလာပြီး သူ၏ ကလေးများနှင့် လူသားအားလုံး ထံသို့လွှဲပြောင်းပေးခဲ့ သည်။ အာဒံသည် အပြစ်သား လူမျိုးများကို ထုတ်လုပ်ခဲ့သည်။ ကျမ်းစာက "အကြောင်းမူကား၊ တယောက်သော သူ သည် နားမထောင်သောအားဖြင့်၊ လူများတို့သည်အပြစ်ရောက်သည်နည်းတူ၊ ----" (ရော ၅း၁၉)

လူသား၊လူမျိုးအားလုံးကို ဘုရားသခင်ထံမှ စာတန် မာရ်နတ်က ခိုးသည်။ စာတန်ကသူ၏ နိုင်ငံတော် အမှောင်ထု သို့ပို့ထား သည်။ စာတန်ကသူ၏ ပုန်ကန်ခြင်း နှင့် မလိုက်နာသော စိတ် ကို လူတိုင်းသို့သွင်းပေးထားသည်။ ကျမ်းစာက မနာခံသော ကလေးများ တွင်ယခုအလုပ်၊ လုပ်သောစိတ်သည်၊ စာတန်၏ စိတ်ဖြစ်သည်။ လူများသည် အလွန် ယုတ်မာ သောသူများ ဖြစ်လာကြသည်။ ကျန်းစာက "မြေကြီးပေါ်မှာ လူအပြစ်ကြီး ၍ ၊ သူ၏စိတ်နှလုံး အကြံ အစည် ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်း သက်သက်ရှိ ကြောင်းကို၊ ဘုရားသခင်သိမြင်တော်မူလျှင်-။ " (က ၆း၅)


ဘုရားသခင်၏ ဒုတိယ လူသည် သခင်ခရစ်တော်

ဘုရားသခင် လူများကို လိုခြင်သည်။ သူ၏ ဘုန်းတော်ကို ထင်ရှားစေရန် နှင့် သူ၌အစဉ် မပြတ် ၀မ်းမြောက် ကြရန်။ သို့သော်လည်း၊ ပထမလူ အာဒံသည် အပြစ်သားများ ထုတ်လုပ်ခဲ့သည်။ အပြစ်သားများသည် ဘုရားသခင်၏ နှလုံးသား ကို ၀မ်းမြောက် သာယာမှုပေးနိုင်ကြမည်လား? လုံးဝမပေးနိုင်ကြပါ။

ထိုလူများသည်ယခုအပြစ်သားများဖြစ်ကြသည်။ ဘုရားသခင်သူတို့ကို မုန်းသလား? မမုန်းတီးပါ။ ဘုရားသခင်က လူများကို ချစ်သည်။ ဘုရားသခင်သည်လူများကို အမြဲတမ်းချစ်သည်။ ကျမ်းစာက "အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏-----" (တရား ၃၃း၃)

ဘုရားသခင် ဘာလုပ်သလဲ? ဘုရားသခင်က ဒုတိယလူ ကျွန်ုပ်တို့ကိုပေးသည်။ ဘုရား၏ဒုတိယလူ မည်သူ နည်း? သူသည် ဘုရားသား သခင်ခရစ်တော် ကိုယ်တိုင်ဖြစ်ပါသည်။ ကျမ်းစာက"ရှေ့ဦးစွာသော လူသည် မြေကြီးက ဖြစ် သောကြောင့်မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင်ဘုံကဖြစ်တော်မူသော သခင်ပေတည်း။ (၁ကော ၁၅း၄၇)

ဘုရားသခင်ကိုယ်တိုင်ပြောနေသလိုဘဲ"ငါ၏ပထမလူ၊အာဒံ မနာခံဘဲနေသည်။ အပြစ်သားများ မွေးထုတ် ပေး သည်။ ဒါပေမဲ့ ငါသည်လူသားဒုတိယလူကိုပေးသည်။ငါ့သားသခင်ယေရှုကိုယ်တိုင်၊ သူသည်နာခံသည်။ ငါ၏ နှလုံးသား ကိုဝမ်းမြောက်သာ ယာမှု ပေးနိုင်မည်။ သူသည်ငါ်၏ အသစ်သောမိသားစု၏ ဦးခေါင်း ဖြစ်မည်။ ခလေးများ၏ဘုရားသခင်"


ဘုရား၏ ဒုတိယလူ၊ သခင်ခရစ်တော်သည် သူ၏ ဖခင်ကို အစဉ်ကျေနပ်စေသည်။

သခင်ခရစ်တော် အမှုတော်စတင်ဆောင်ရွက်ချိန် တွင် သခင်ခရစ်တော်သည် ယော်ဒန်မြစ်၌ ဗတ္တိဇံခံယူသည်။ တစုံတရာ အလွန် အံ့သြလောက်စရာဖြစ်ပေါ်သည်။ ကျမ်းစာက "ယေရှုသည် ဗတ္တိဇံ ကိုခံတော်မူပြီးလျှင်၊ ရေမှ ပေါ်ထ စဉ်တွင်၊ ကောင်းကင် ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ၀ိညာဉ်တော် သည်ချိုးငှက်ကဲ့သို့ဆင်းသက် ၍ ကိုယ်တော်အပေါ် ၌ နားတော် မူသည်ကိုမြင်ရ ၍၊- ဤသူကားငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော် ဖြစ်လေ၏" (မ ၃း၁၆-၁၇)

ဘုရားသခင်သည် ယခု ကမ္ဘာပေါ်အတွက်လူရပြီ၊ သူအတွက် အကောင်းဆုံးဖြစ်သော၊ ကြည်နူးမှု၊ ပျော်ရွှင်မှု ကိုပေးသည်။ သခင်ခရစ်တော် ပြောသည့် အရာအားလုံး၊ နှင့် လုပ်ဆောင်မှုများသည် သူ၏ဖခင် နှစ်လိုဖွယ်ရာများ ဖြစ်သည်။ သူကပြော သည်မှာ-"ငါ့ကိုစေလွှတ် တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကို တကိုယ်တည်း နေစေခြင်းငှါ ခမည်းတော်သည်စွန့်ပစ် တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှု ကို အစဉ်မပြတ် ငါပြုသည်ဟုမိန့်တော်မူ၏။" (ယော ၈း၂၉)

သခင်ခရစ်တော် အပြစ်တကြိမ်မှ မပြုလုပ်ခဲ့ပါ။ သူ၏ဖခင် မနှစ်လိုဖွယ်ရာ တခုမှ မပြော၊ မလုပ်ပါ။ သူ၏ အမှုတော်ဆောင် အလုပ်ပြီးဆုံးသောအခါ၊ သူ၏တပည့်တော် သုံးယောက်သည်၊ မြင့်သောတောင်ထိပ်တွင်သူနှင့် အတူရှိကြသည်။ ထိုနေရာ တွင် သူသည်ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ဘုန်းအသရေတော်ပေါ်ထွက်လာသည်။ ကျမ်းစာကပြောသည်မှာ "သူ၏မျက်နှာသည် နေမင်းကြီးလိုတောက်ပလာသည်။ ဘုရာသခင်ကောင်းကင်မှပြောသည်။ ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသော မိုဃ်းတိမ်သည် ထို သူတို့ကို လွှမ်းမိုး၍၊ ဤ သူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကား ကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော်ဖြစ်လေ၏။" (မ ၁၇း၅)


ဘုရားသခင်၏ဒုတိယလူ၊ သခင်ခရစ်တော်သည်၊ စကြ၀ဠာ တခုလုံး၏အရှင်သခင်ဖြစ်သည်

စာတန် ကဘုရားသခင်ထံမှ ကျွန်ုပ်တို့ကို ခိုးသည်။ သခင်ခရစ်တော်လာရောက်၍ အပြစ်မှရွေးနှုတ် ကယ်တင်သည်။ "ကျွန်ုပ်တို့ကိုပြန်၍၀ယ်ယူသည်" ကျွန်ုပ်တို့ဘုရားသခင်ထံပြန်ရောက်ရှိ နိုင်ကြရန်။ ကျမ်းစာက"မိစဉ် ဘဆက်ကျင်လည်သော အချည်းနှီး ကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့် သင်တို့ကိုရွေးတော်မူသည်မဟုတ် ။- အဘယ် အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့။" (၁ပေ ၁း၁၈-၁၉)

သခင်ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင်အသက်တော်ကိုစွန့်တော်မူ၏။ သင်္ချိုင်းတွင်း၌ အလောင်းတော် ကို ထားကြ သည်။ (၃) ရက်မြောက်သောနေ့တွင်၊ ရှင်ပြန်ထမြောက်တော်မူ၏။ ရှင်ပြန်ထမြောက်ပြီးသူကို ယုံကြည်သူ များ ထံ ရောက် လာသည်။ အကြိမ်များစွာ၊ ရက် လေးဆယ်လောက်အတွင်း။ ထိုနောက်ကောင်းကင်ဘုံသို့ ပြန်သွားသည်။

ဘုရားသခင်ယခု သူ၏ဒုတိယလူရှိပြီ၊ သခင်ယေရှု သူ၏ရှေ့တွင်ရှိပြီး၊ သူလိုခြင်သောပျော်ရွှင်မှု၊ နှင့် သာယာကြည်နူးခြင်း များကိုရရှိသည်။ ဘုရားသခင်ကို သူ၏သားကကျေနပ်စေသည်။ ဘုရားသခင်က သားတော် ကို တာဝန်အားလုံးကိုပေး သည်။ အရှင်သခင် ပြုလုပ်ပေးသည်။ စကြ၀ဠာ တခုလုံး၏အရှင်သခင်ဖြစ်သည်။ ကျမ်းစာက

"ထိုသခင်သည်ကောင်းကင်ဘုံသို့ကြွတော်မူသည်ဖြစ် ၍ ၊ကောင်းကင်တမန်အစရှိသော အာဏာစက် တန်ခိုးများ တို့ကို အုပ်စိုးလျက်၊ ဘုရားသခင်၏ လက်ျာတော်ဘက် ၌ ရှိတော်မူ၏ ။" (၁ပေ ၃း၂၂)


ဘုရားသခင်၏ဒုတိယလူ၊ သခင်ယေရှုသည် ဘုရားသခင်၏ အသစ်သောမိသားစုတွင် ဦးခေါင်းဖြစ်သည်

ဘုရားသခင်သည် သားတော် သခင်ယေရှုကို အရှင်သခင် လုပ်ပေးယုံ သာမက၊ ဘုရားသခင်၏ အသစ်သော မိသားစု တွင် ဦးခေါင်း ပြုလုပ်သည်။ "ခလေးများ၏ ဘုရားသခင်" သခင်ယေရှု ကိုယုံကြည်၍ ကယ်တင်ရှင်အနေဖြင့် လက်ခံ သောသူများသည်၊ ဘုရားသခင်၏ အသစ်သော မိသားစုတွင် ဖွားမြင်မည်။

ကမ္ဘာ ပေါ်တွင်ယခု မိသားစုကြီးနှစ်စု ရှိသည်။ မိသားစုတခုသည် အာဒံ သည် ဦးခေါင်းဖြစ်သည်။ အာဒံ၏ မိသားစုသည်၊ အပြစ်သား မိသားစုပြစ်သည်။

အခြားမိသားစု၏ ဦးခေါင်းသည်၊ ဘုရားသခင်၏ဒုတိယလူ၊ သခင်ခရစ်တော်ဖြစ်သည်။ သူ၏မိသားစုကို "ခလေးများ၏ဘုရားသခင်" လူတိုင်းသည် ဒီမိသားစု တခု သို့မဟုတ် နောက်တခုတွင်ပါဝင်ကြသည်။ ကျွန်ုပ်တို့မွေးဖွါး စဉ်က အာဒံ၏ အပြစ် မိသားစုတွင် မွေးဖွါးကြသည်။ အာဒံမိသားစု မှလူတိုင်းသည် ဘုရားသခင်နှင့်ကွဲနေသည်၊ လမ်း ပျောက်နေကြသည်။ သခင်ယေရှုကပြောသည်မှာ-- ဒုတိယ မွေးခြင်းကိုမခံသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟုပြန် မိန့်တော်မူ၏။" (ယော ၃း၃)

ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာသည်ထပ်၍မမွေးနိုင်ပါ။ ဒုတိယ မွေးခြင်းသည်၊ ကျွန်ုပ်တို့၏ ၀ိညာဉ်တော် မွေးခြင်း ဖြင့် အသစ်သော ဘုရားသခင်၏ မိသားစုဝင်ဖြစ်နိုင်သည်။ သင်သည် ဘယ်သူဘဲဖြစ်ဖြစ်၊ ဘုရားသခင်၏ မိသားစုဝင် ဖြစ်ရန် နှင့် ကောင်းကင်ဘုံသို့သွားရန်၊ ဒုတိယမွေးခြင်း ခံရမည်။ သခင်ယေရှုက "ဒုတိယ မွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည် ကို အံ့သြခြင်း မရှိနှင့်။-" (ယော ၃း၇)

ဘုရားသခင်၏ မိသားစုဝင် ဖြစ်ရန် ဒုတိယမွေးခြင်း ကို မည်ကဲ့သို့ ခံရမည်နည်း? ကျွန်ုပ်၏ ဒုတိယမွေးခြင်း သည်။ သခင်ခရစ်တော် ကို ယုံကြည်၍ ကယ်တင်ရှင်အဖြစ်လက်ခံသည်။ ကျမ်းစာက"ထိုသူကို လက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏သားဖြစ်ရသောအခွင့် ကိုပေးတော်မူ၏။ " (ယော ၁း၁၂)

မိတ်ဆွေများခင်ဗျာ၊ သင်ဟာ ဒုတိယမွေးခြင်းဖြင့် အသစ်သောဘုရားသခင်၏ မိသားစုဝင် ဖြစ်မဖြစ် မသေခြာလျှင်၊ ဘာဖြစ်လို့ ယခုသေခြာအောင် မစစ်ဆေးသလဲ။ တိတ်ဆိတ်သောနေရာကိုရှာပြီး သခင်ယေရှုကို ပြောပါ။ " သခင်ယေရှု သည်ဘုရားသခင်၏သားတော်ဖြစ်ပြီး၊ ကျွန်တော်၏အပြစ်အတွက်၊ လက်ဝါးကားတိုင်ပေါ်တွင် အသေခံ ပေးသည်၊ ကို ကျွန်တော်ယုံကြည်ပါတယ်၊ ယခုကျွန်တော်၏ကယ်တင်ရှင်အဖြစ်အသိအမှတ်ပြုပါသည်။ ကျေးဇူးပြု၍ ကျွန်တော်၏စိတ်နှ လုံးအတွင်းသို့လာပြီး၊ ဘုရားသခင်၏ ထ၀ရ သားတော် ဖြစ်ရန်ပြုလုပ်ပေးပါ။"


ကျွန်တော်သည် အသစ်သော ဘုရားသခင်၏ မိသားစုဝင်ဖြစ်ပြီ

သခင်ယေရှုသည် ကျွန်တော်၏ ကယ်တင်ပိုင်ရှင်အဖြစ်၊ လက်ခံသည်နှင့် ဘုရားသခင်၏ မိသားစုဝင် ဖြစ်လာခဲ့သည်။ ကျွန်တော်ကို ဘုရားသခင်က အာဒံ၏ အပြစ်သားမိသားစုမှ ထုတ်ပယ်၍ အသစ်သော ဘုရားသခင်၏ မိသားစုဝင်ဖြစ်စေ သည်။ ကျွန်တော်သည် ယခုတွင် ဘုရားသခင်၏ထာဝရ သားဖြစ်လာသည်။ သခင်ယေရှုကို ကယ်တင် ပိုင်ရှင် အဖြစ်အသိ အမှတ်ပြုသူအားလုံးသည်။ ဘုရားသခင်၏သားများဖြစ်ကြသည်။ ကျမ်းစာက"အဘယ်သို့နည်း ဟူမူ ကား သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့်ဘုရားသခင်၏သားဖြစ်ကြ၏။"(ဂ လ ၃း၂၆)

ဘုရားသခင်သည်ယခု ကျွန်တော်၏ ကောင်းကင်ဘုံ၌ရှိတော်မူသော၊ထာဝရဘုရားသခင်ဖြစ်တော်မူ၏။ ကျွန်တော် သူနှင့်အချိန်မရွေးစကားပြော၍ရသည်။ အချိန်မရွေး ဆုတောင်းနိုင်သည်။ သူ့ကိုကျွန်တော်က ချစ်ခင် ၍ ယုံကြည်ရမည်။ သူ၏သားဖြစ်ရခြင်းကိုသာယာကြည်နူးစေခြင်သည်။ ကျမ်းစာက "ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ် ခြင်းအခွင့်ကိုငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည်ငါတို့ကိုအဘယ်မျှ လောက်ချစ်တော်မူသည် ကို ကြည့်ရှု ဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့်၊ ငါတို့ ကိုလည်းမသိကြ။" (၁ယော ၃း၁)


ဘုရားသခင်၏အမှန်တရား

ဘုရား၏ပထမလူ အာဒံသည်၊ ဘုရားသခင်၏စကားကို မနာခံဘဲနေသည်။ ကမ္ဘာပေါ်သို့ အပြစ်များနှင့် သေခြင်းကိုယူလာ သည်။ အာဒံသည်အပြစ်သားလူမျိုးစုကို ထုတ်လုပ်ခဲ့သည်။ ဘုရားသခင်သည် ကျွန်တော်တို့ကိုချစ်၍ ဒုတိယလူကို ပေး သည်။ ဒုတိယလူသည်သူ့၏သား၊ သခင်ယေရှု။ သခင်ယေရှုသည် ကျွန်တော်တို့၏အပြစ်များအတွက် အသေခံပြီး၊ ပြန်လည်ထမြောက်ပြီး၊ အသစ်သောဘုရားသခင်၏မိသားစုတွင်၊ ဦးခေါင်းဖြစ်လာသည်။

"ခလေးများ၏ ဘုရားသခင်" ကျွန်တော်သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်အသိအမှတ်ပြု၍ ၀ိညာဉ်တော် ဒုတိယမွေးခြင်းဖြင့်၊ အသစ်သော ဘုရားသခင်၏မိသားစုတွင်ဖြစ်လာသည်။




ငါယုံကြည်သည်

သခင်ယေရှုသည် ဘုရား၏ဒုတိယလူဖြစ်သည်ကို ကျွန်တော်လုံးဝယုံကြည်သည်။ ကျွန်တော်၏ ကယ်တင်ရှင် အဖြစ်အသိ အမှတ်ပြုသည်။ ကျွန်တော်သည်ယခု အသစ်သောဘုရားသခင်၏မိသားစုဝင်ဖြစ်ပြီ။


သင်ခန်းစာ (၂) မှမေးခွန်းများ

အမှား အမှန်ရွေးပါ။

၁။ သမ္မာကျမ်းစာတွင် အလွန်သိသင့် သိထိုက်သော အထူးပုဂ္ဂိုလ် နှစ်ဦးပါရှိပါသည်။ ထိုသူနှစ်ယောက်သည်။

က) အာဒံ နှင့် မောရှေ

ခ) အာဒံ နှင့် သခင်ယေရှု

၂။ ဘုရား၏ပထမလူ အာဒံသည်။

က) ဘုရားသခင်သည်၊ မိမိပုံသဏ္ဌာန် နှင့် အညီ လူကို ဖန်ဆင်းတော်မူသောကြောင့်ဖြစ်ပါသည်။

ခ) လူသားသည်နိမ့်ကျသော သွင်ပြင် အသက်တာမှလာသည်မဟုတ်။

၃။ ဘုရားသခင်ကဘာကြောင့် လူကိုဖန်ဆင်းသလဲ

က) ဘုရားသခင်ကလူကိုဖန်ဆင်းခြင်းသည်။
ဘုန်းတော်ကိုထင်ရှားစေရန်နှင့် သူ၌အစဉ်ဝမ်းမြောက်ကြရန်။

ခ) လူသားသည် ၀မ်းမြောက်ဖွယ်ကောင်းသော၊ အရာများပြုလုပ်သည်များကိုကြည့်ခြင်သောကြောင့်။


၎။ ဘုရားသခင်၏ ပထမလူ အာဒံကို

က) စာတန်က လိမ်သည်။

ခ) စာတန် မလိမ်ပါ၊ သူကသာ ဘုရားသခင်၏စကားကို မနာခံပါ။

၅။ အာဒံသည်ဘုရားသခင်ကို မလိုက်နာဘဲနေသဖြင့်

က) သူ၏၀ိညာဉ်သေသွားသည်။

ခ) သူ၏ကိုယ်ခန္ဓာ သေသွားသည်။

၆။ ဘုရားသခင်၏ပထမလူ အာဒံ ထုတ်လုပ်သည်မှာ

က) ကောင်းသော လူမျိုးစုများဖြစ်သည်။

ခ) အပြစ်သား လူမျိုးစုများဖြစ်သည်။

၇။ ဘုရား၏ ဒုတိယလူ၊ သခင်ခရစ်တော်သည် သူ၏ ဖခင်ကို ကျေနပ်စေသည်။

က) အမြဲတမ်း

ခ) အချိန်အများစု

၈။ ဘုရားသခင်သည် သခင်ယေရှု ကို ဦးခေါင်းလုပ်စေသည်။

က) အာဒံ မိသားစု ထက်ကောင်းသောမိသားစုများတွင်။

ခ) ဘုရားသခင်၏အသစ်သော မိသားစုတွင် "ခလေးများ၏ဘုရားသခင်"

၉။ ကျွန်တော်တို့ အာဒံ အပြစ်သားမိသားစုမှ ဘယ်လိုထွက်၍ ဘုရားသခင်၏မိသားထဲသို့ဘယ်လိုဝင်မလဲ?

က) ကျွန်တော်တို့ ဒုတိယမွေးခြင်းခံရမည်။

ခ) ကျွန်ုပ်တို့သည် ပညာတ်တော် (၁၀)ပါးကိုစောင့်ရမည်။

၁၀။ ကျွန်ုပ်တို့ ဒုတိယမွေးခြင်းရပြီးပြီ။

က) ဗိတ္တ္တိဇံ ခံခြင်းဖြင့်

ခ) ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ပြီး၊ ကယ်တင်ရှင်အဖြစ်လက်ခံခြင်းဖြင့်။


စံဝင်းချို


Share:

ကျွန်တော်မှာကြီးမြတ်သောကယ်တင်ရှင်ရှိပါသည်

I Have a Great Savior

Lesson One.

မိတ်ဆွေများခင်ဗျာ၊

ကျွန်ုပ်တို့အားလုံးသည် ကောင်းမွန်သော လက်ဆောင်ကို တမ်းတကြပါသည်။ ဘုရားသခင်ထံမှာ ကျွန်ုပ်တို့ အားလုံးအတွက် အကောင်းဆုံး လက်ဆောင်များရှိပါသည်။ သူကလည်း ကျွန်ုပ်တို့ကိုပေးခြင်ပါသည်။ အားလုံးကို သူ၏သားတော် သခင်ခရစ်တော်မှ တဆင့် ကျွန်ုပ်တို့ထံ ရောက်ရှိလာ ပါသည်။

ဘုရားသခင်ထံမှထူးခြားသောအရာများကို လက်ခံနိုင်ရန် အချက် (၄)ချက်ရှိပါသည်။

၁) သခင်ခရစ်တော်၏အလုပ်

၂) ဘုရားသခင်၏ နှုတ်ကပတ်တော်

၃) ကျွန်ုပ်တို့၏ယုံကြည်ချက် နှင့်

၎) သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တို့ဖြစ်ပါသည်။ ဒီအကြောင်းအရာများကို ထည့်သွင်း စဉ်စား ကြပါစို့။


၁။ သခင်ခရစ်တော်၏ အလုပ်

သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက် ကားတိုင်ပေါ်တွင်အသေခံခြင်းနှင့် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဖြစ်ရန် ပြန်လည် ထမြောက်ခြင်း။ သူ၏ဆောင်ရွက်ချက်သည် အစုံအလင်ပါသော၊ ပကတိပြည့်စုံကောင်းမွန်သော ဆောင်ရွက်ချက် ဖြစ်ပါသည်။


၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်

သမ္မာကျမ်းစာတွင် ထာဝရဘုရားသခင်က ကျွန်ုပ်တို့ အတွက် သခင်ခရစ်တော်၏ ဆောင်ရွက်ချက်များကိုဖေါ်ပြ ထား ပါသည်။


၃။ ကျွန်ုပ်တို့၏ယုံကြည်ချက်

ဒါကကျွန်ုပ်တို့အပိုင်း - ဘုရားသခင်ပြောသော စကားများကို ယုံကြည်လက်ခံ နိုင်ကြရန်။


၎။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်

ကျွန်တော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံ ယုံကြည်သောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်ထံ၌ အမှန်တကယ် ပြုလုပ်သည်။ သခင်ခရစ်တော် ကျွန်တော်အတွက်ပြုလုပ်ပေးထားသည့်များကို ဆောင်ရွက်ပေးသည်။ ဤနည်းဖြင့်ဘုရားသခင်ထံမှအရာ ၀တ္တုများ ကိုလက်ခံရရှိကြပါသည်။

ကျွန်ုတော် ဘယ်လို၊ ဘုရား သား ဖြစ်လာသနည်း။ ပထမတော့ သခင်ခရစ်တော်၏ ဆောင်ရွက်ချက်။ ကျွန်တော်၏ အပြစ် များ အတွက် လက်ဝါးကားတိုင်ပေါ်တွင်အသေခံသည်။ ထိုအခါဘုရားသခင်၏ နှုတ်ကပတ်တော်၊ သူ၏ နှုတ်ကပတ်တော် တွင်၊ ဘုရားသခင်ကသခင်ခရစ်တော် ကျွန်တော်အတွက် ဘာတွေဆောင်ရွက်သွားသည်ကိုဖေါ်ပြသည်။။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည် လက်ခံ၍ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်ဖြင့် ဘုရားသား ဖြစ် လာသည်။ ဤနည်းဖြင့် ဘုရားသခင်ပေးသည်များကိုလက်ခံရရှိကြပါသည်-သူကိုယုံကြည်ခြင်းဖြင့်။ ဘုရားသခင်တွင် နှစ်သက် ပျော်ရွှင်ဖွယ်၊ ၀မ်းမြောက် ဖွယ်။ ကောင်းသော လက်ဆောင်များစွာရှိပါသည်။ ထိုလက်ဆောင်များကို ကျွန်ုပ်တို့ကို ပေးခြင်ပါသည်။ ဒါတွေအားလုံး၊ သခင်ခရစ်တော် ထံမှ ကျွန်ုပ်တို့ထံ သို့ရောက်ရှိလာပါသည်။ ဒါကြောင့်မို့ ဘုရားသခင်အကြောင်းကို ကျွန်ုပ်တို့သင်ကြားထားကြရန် အလွန်အရေးကြီး ပါသည်။-သူဟာ ဘယ်သူ လဲနှင့် သူကျွန်ုပ်တို့အတွက် ဘာတွေ လုပ်ပေးနေသလဲ။

ဤနည်းဖြင့်သူထံမှအရာဝတ္တုများ လက်ခံရရှိကြသည်။


သခင်ခရစ်တော်သည် ကြီးမြတ်သော ဖန်ဆင်းရှင်

ဤကမ္ဘာပါဝင်သည့် စကြ၀ဠာစနစ်ဖြစ်သော အနန္တ စကြ၀ဠာ။ လောကဓာတ်သည် အခွင့်အရေးနှင့်ဖြစ်တည်ခြင်း၊ ကမ္ဘာအပြင်ဘက် အာကာ သ ဟင်းလင်းပြင်တွင် ကြီးကြယ်သောပေါက်ကွဲခြင်းအကြောင်းအရာ နှစ်သန်းပေါင်း များစွာကဖြစ်ခဲ့၍များကြောင့် မဟုတ်ပါ။ သမ္မာကျမ်းက ကျွန်ုပ်တို့ကို ပြောသည်မှာ ဘုရားသခင်၏သားတော်၊ သခင်ခရစ်တော်ကဖန်ဆင်းသည်။ သခင်ခရစ်တော်အကြောင်းပြောသည်။ ကျမ်းစာက " ထို နုတ်ကပတ်တော် သည် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သောအရာတစုံတခုမျှမရှိ။"(ယော ၁း၃)

ဒီကျမ်းပိုဒ်ကပြောသည်မှာ သခင်ခရစ်တော် အရာဝတ္တုတိုင်းကို ဖန်ဆင်းသည်။ စကြ၀ဠာအပါအ၀င်။ စကြ၀ဠာ ဘယ်လောက်ကြီးသလဲ၊ မည်သူမှမသိ၊ ဘုရားသခင်ဘဲသိမည်။

စကြ၀ဠာကြီးသည် ကြယ်များနှင့်ပြည့်သည်။ ကျွန်ုပ်တို့၏ နေသည် တကယ် ကြယ်အကြီးတခုဖြစ်သည်။ ဒါပေမဲ့ နေထက်ကြီးသော အခြား ကြယ်များရှိသေးသည်။ အချို့ကြယ်များသည်အလွန်ကြီးသည်၊ နေသည် သူတို့နှင့်ယှဉ်ကြည့်လျှင် အစက်၊ အပြောက်၊ ဖုန်မှုန့်လောက်ဘဲရှိသည်။ စကြ၀ဠာတွင် ကြယ်ဘယ်နှစ်လုံးရှိသလဲ။ စိတ်ကူးရရန်၊ သဲသောင်ပြင်ကိုသွား၍၊ သောင်ပြင်တွင် သဲ မိုင်ပေါင်းများစွာရှိ သည်။ ပုန်းထဲသို့ သဲများ ဖြည့်မည်။ ထိုပုန်းထဲသို့ သဲပွင့်မည်မျှပုံးထဲသို့ဝင်မည်နည်း။ သဲပွင့်ပေါင်းသန်းချီ၍ပါမည်။

ဒီကမ်းခြေတခုလုံးသဲပွင့်ပေါင်းမည်မျှရှိမည်နည်း။ ကုဋေပေါင်များစွာ။

ကြယ်ဘယ်လောက်ရှိမည်နည်း။ သိပ္ပံပညာရှင်များကကြယ်အရေအတွက်သည်၊ တကမ္ဘာလုံးရှိသဲသောင်ပြင်များမှသဲပွင့် များထက်များသည်။ ကြယ်ဘယ်လောက်ရှိမည်နည်း မည်သူမှမသိပါ။ သခင်ခရစ်တော်သိသည်။ သူကစကြ၀ဠာကြီးကိုဖန်ဆင်းသူ။ သူသည်ကြယ်အတိအကျကိုသိသည်။ သူကကြယ်များ၏အမည်များကိုပေးထားသည်။ ကျမ်းစာက " ကြယ်များကိုရေတွက် ၍ အသီးအသီးတို့ကိုသမုတ်တော်မူ၏။" ( ဆာလံ ၁၄၇း၎)

ဘုရားသခင်၏သားတော်၊ သခင်ခရစ်တော်သည် ဖန်ဆင်းယုံ သာမဟုတ်၊ သူသည်အတူတကွထိန်းသိမ်းထားသည်။ ကြီးကြပ်ထိန်သိမ်းမှုကို ဖန်ဆင်းထားသောစကြ၀ဠာ၌ပြုလုပ်ထားသည်။ အလွန်တိကျတာက၊ ကောင်းကင်နာရီ် အလုပ်ဘဲ၊ ကျွန်ုပ်တို့ သိနိုင်တာက၊ ကြယ်များ၏ နေရာ အတိအကျကိုအချိန်မရွေးသိနိုင်သည်။ သမ္မာကျမ်းစာက ပြောသည်မှာ စကြ၀ဠာကိုအတူတကွ ထိန်းထားသည်။ လမ်းကြောင်းပေါ်၌ တိတိကျကျ လည်ပတ်နိုင်ရန် သခင်ယေရှုကပြုလုပ်သည်။ သခင်ခရစ်တော်။ ဘုရားစကားက "အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိသမျှသောရူပအရာ၊အရူပအရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်း တန်ခိုးဖြစ်စေ၊ အထွဋ် အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသော အရာတို့ကိုဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ထိုသခင် အဘို့ အလို့ငှါ၎င်းခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။- သားတော်သည် လည်းခပ်သိမ်းသောအရာမဖြစ်မှီဖြစ်တော်မူ ၍ ခပ်သိမ်းသောအရာ တို့သည်တန်ခိုးတော်အားဖြင့် သာတည်ကြ၏။"(ကော ၁း၁၆-၁၇)


သခင်ခရစ်တော်သည် ကြီးမြတ်သော ကယ်တင်ရှင်

ဒီဟာ အလွန်အလွန့် အံ့သြဖွယ်ရာ၊ အချက်ဖြစ်သည်။ သခင်ခရစ်တော်သည် ကြီးမြတ်သော ဖန်တီးရှင်၊ ဘုရားသခင်၏ သား၊ ကမ္ဘာပေါ်သို့ ခလေးငယ်အနေနှင့်လာခဲ့သည်။ ဘုရားသခင်၏သားတော်၊ ကမ္ဘာပေါ်မှာရှိခဲ့သည်။ ရှိရှိသမမျှကို ပြုလုပ်သည်။ လူသားဖြစ်လာသည်။ ကျမ်းစာက"အစဦး ၌ ကနှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ပတ်တော်သည်လည်း ဘုရား သခင်ဖြစ်တော်မူ၏။ နှုတ်ပတ်တော် သည် လည်း လူဇာတိအဖြစ်ကိုခံယူ ၍ ၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်းပြည့်စုံလျက်ငါတို့တွင် တည် နေတော်မူသည်ဖြစ် ၍ ၊ ခမည်းတော် ၌ တပါးတည်းသောသားတော်၏ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည်မြင်ရကြပြီ။" (ယော ၁း၁၊၁၄)

အဘယ်ကြောင့် သခင်ခရစ်တော် ကမ္ဘာပေါ်သို့လာေ၇ာက်သလဲ။ သူသည်ကျွန်ုပ်တို့၏အပြစ်များမှ ကယ်တင်ရန်။ ကျွန်ုပ်တို့၏ကယ်တင်ရှင် အနေနှင့်လာသည်။ ကျမ်းစာတွင် အလွန်အဖိုးတန်သော အဖြစ်အပျက်ဖြစ်သည်။ ဘုရားသခင်၏ သားတော်၊ သခင်ခရစ်တော်သည် ကျွန်ုပ်တို့ကို အလွန်ချစ်တော်မူသည်။ ကောင်းကင်ဘုံမှအိမ်တော်ကိုထားခဲ့ပြီး၊ ကမ္ဘာသို့ လာ ၍ ကျွန်ုပ်တို့အပြစ်များအတွက် အသေခံပေးတော်မူ၏။

သခင်ခရစ်တော် ကျွန်ုပ်တို့အပြစ်များအတွက် အသေခံခြင်းကို ဘုရားသခင်က အပြစ်ဆိုဖွယ်မရှိသော ကျေနပ်ခြင်းကိုပြ သည်။ သားတော်ကို သေခြင်းမှ ထမြောက်စေသည်။သခင်ခရစ်တော် ဂူထဲတွင် ၃ ရက် နေရ၊ ၃ရက်သောနေ့တွင်သင်္ချိုင်းမှ ထမြောက်သည်။ ဂုဏ်ယူဖွယ် ရှင်ပြန် ထမြောက် သော အသစ်တော ကိုယ်ခန္မာ-ဘယ်တော့ မှ မသေနိုင်သော ကိုယ်ခန္မာ ဖြစ်သည်။ သခင်ခရစ်တော်သည် အင်အားကြီးသော အပြစ်၊ သေခြင်းနှင့် စာတန် မာနတို့ အောင်နိုင်သူဖြစ်သည်။

သခင်ခရစ်တော် ကောင်းကင်ဘုံသို့ ပြန်သည့်အခါ၊ အင်အားကြီးသော မာန နှင့် အမှေင်ထု၏အခွင့်အာဏာများကို အောင်နိုင်သူဖြစ်သည်။ ကျမ်းစာက "အထွဋ် အမြတ်၊ အာဏာစက်များကိုလုယူလျှင်၊ ထင်ရှားစွာထုတ်ပြ ၍လက်ဝါးကပ်တိုင်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။ "(ကော ၂း၁၅)


သခင်ခရစ်တော်တွင် အလွန် မြင့်မြတ်သော နေရာ ကောင်ကင်းဘုံ၌ ရှိသည်။

သခင်ခရစ်တော် ကောင်ကင်ဘုံသို့ သူ၏မွန်မြတ်သော၊ ရှင်ပြန်ထမြောက်သော ကိုယ်ခန္ဓာသစ်ဖြင့်ပြန်သွားသည်။ ဘုရားသခင် က မြင့်မြတ်သောနေရာပေး၍ ဂုဏ်ပြုသည်။

ဘယ်တွင်ရှိသလဲ။ အဖ ဘုရားသခင်၏ ညာဘက်တွင်ရှိသည်။ သခင်ခရစ်တော်သည် ဂုဏ်တင်ထားသောသူ၊ ဘုရားသခင် ၏ ညာဘက်တွင်ရှိသည်။ ဒါသူ၏ မှန်သောနေရာ။ အခြားဘယ်နေရာမှ ဂုဏ်မြင့်သောသူအတွက် မသင့်တော်ပါ။ ကျမ်းစာက"ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေတော်မူ ၍ ခရစ်တော် ၌ ပြုပြင်သော မဟာတန်ခိုး အာနုဘော် အရှိန်ကဲ့သို့ဖြစ်၏။- ခပ်သိမ်းသောအထွဋ် အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ ၍ ၊ယခုဘ၀နောင်ဘ၀ ၌ ခေါ်ဝေါ် သမုတ်သောဘွဲ့နာမ အလုံးစုံတို့ အထက်၊ ကောင်းကင်အရပ် ၌ မိမိလက်ျာတော်ဘက်မှာအလွန်မြင်မြတ်သောနေရာကို ခရစ်တော်အားပေးတော်မူ ၍။" (ဧ ၁း၂၀-၂၁)

ဘုရားသခင်က သားတော်ကိုပေးသော နေရာသည်။ အခြားသူများ၏အထက်တွင် သို့မဟုတ် စကြ၀ဠာရှိ ဘယ်စွမ်းရည်၏ အထက်တွင် ရှိသည်။ သမ္မာကျမ်းက ဘုရားသခင်က အရာအားလုံးကို သူ၏ ခြေထောက်အောက်တွင်ထားသည်။ အဓိပ္ပါယ် က ကောင်းကင်ဘုံနှင့် မြေကြီးပေါ် ရှိသော လူများနှင့် သက်ရှိသတ္တ၀ါများသည် သူ၏ အမိန့်အာဏာ အောက်၌ ရှိကြသည်။

ဘုရား က သခင်ခရစ်တော် အမည်ကို တရားဝင်ကြေညာသည်။ စကြ၀ဠာ ရှိ အမည် အာလုံးအပေါ်တွင် ဂုဏ်ပြုကြရန်။

ဘုရားက တရားဝင်ကြေညာသည်၊ တရက်တွင် အာလုံးသော ဥာဏ်ရည် ညာဉ်စွမ်းရှိသော သက်ရှိသတ္တ၀ါများသည်၊ ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၊ ဂုဏ်တော်ကိုချီးမွမ်းကြရန်။ ကျမ်းစာက"ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြောက် ၍ ဘွဲ့နာမ တကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။- အကြောင်းမူကား၊ ကောင်းကင်သတ္တ၀ါ၊ မြေကြီးသတ္တ၀ါ၊ မြေကြီးအောက် ၌ ရှိသော သတ္တ၀ါ တည်း ဟူသော ခပ်သိမ်းသော သတ္တ၀ါ တို့သည်ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက် ၊- ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ ဟုနှုတ် နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကိုထင်ရှားစေကြမည်အကြောင်းတည်း။"(ဖိ ၂း၉-၁၁)

ခရစ်ယာန်များသည် လျှို့ဝှက်သောကြောင့်၊ ကမ္ဘာပေါ်ရှိ။ စိတ်မချရသောလူများသည်။ လုံးဝဘာမှမသိကြပါ။ လျှို့ဝှက်တာဘာလည်း။ ဒါက ခရစ်တော်သည် စကြ၀ဠာ တွင် မြင်မြတ်သောနေရာ၌ မြှင့်တင်ခြင်းခံရသည်။ ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည် အ၀တ်တော် ၌ ၄င်း။ ပေါင်တော် ၌ ၄င်းရေးထားလျက် ရှိ၏။ (ဗျာ ၁၉း၁၆)

ကျွန်ုပ်တို့ကို ဒီကမ္ဘာကြီးမှ ကောင်းကင်ဘုံသို့သယ်ယူသွားခြင်းကိုခံရလျှင် ၊ ကျွန်ုပ်တို့အများဆုံးစွဲမှတ် အထင်ကြီးစေသည့် အရာသည်၊ သခင်ယေရှုကို ဟိုမှာဂုဏ်ပြုခြင်းဖြစ်သည်။ သခင်ယေရှုသည် စကြ၀ဠာတွင် မြင့်မြတ်သောနေရာ၌ ဂုဏ်ပြုခြင်းခံရသည်။ သူသည် ယနေ့ ကောင်းကင်ဘုံ တွင် ခေါင်းတော်၌ ဘုန်းအသရေပတ်ရစ်လျက်ရှိသည်။ ကျမ်းစာက "ယေရှုသည်ဘရားသခင်၏ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့ အတွက်ကြောင့် အသေခံရ သောအခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမာန်တို့အောက် ၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော် ၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကိုငါတို့မြင်ကြ၏။" (ဟေဗြဲ ၂း၉)

ကျွန်တော်တွင် ကောင်းကင်ဘုံ၌ ကယ်တင်ရှင်ရှိသည်။ ယခုအချိန်တွင် သခင်ခရစ်တော်သည် ဘုရားသခင်၏ ညာဘက် ဖက်တွင် ထိုင်နေသည်။ သခင်ခရစ်တော်သည် ကောင်းကင်နှင့် မြေကြီး ၏အခွင့်အာဏာ အားလုံး ရှိသည်။ သူသည် ကျွန်တော်ရဲ့ ကယ်တင်ရှင်၊ မိတ်ဆွေနှင့် သူဟာ ကျွန်တော်အတွက်ဖြစ်ပါတယ်။


သခင်ခရစ်တော်လို အောင်မြင်သူဖြစ်ကြပါစေ

လူငယ်များ အဖွဲ့လိုက် တောင်တက်ကြရန် ဆုံးဖြတ်သည်။ တောင်ခြေသို့ရောက်သောအခါ၊ တချို့ကအလွန်ပင်ပန်းသည် ဆုံးဖြတ်၍ ပြန်သွားကြသည်။

အချို့ကစ၍တက်ကြသည်။ ခရီးက ကြမ်းသည်၊ မတ်စောက်သည်။ နှင်းဆီရိုင်းချုံ နှင့် ချုံပုတ်များ လမ်းတွင်ရှိသည်။ လမ်း တ၀က်ရောက်ပြီ၊ တချို့က လမ်းသည်အလွန်ခက်ခဲ ကြမ်းကြုတ်သောကြောင့် ပြန်ဆင်းကြသည်။

တချို့ကဆက်တက်ကြသသည်၊ အထက်သို့၊ အထက်သို့နှင့် နောက်ဆုံးတွင် တောင်ထိတ်သို့ရောက်ကြသည်။ သူတို့သည်၊ အောင်မြင်သူများဖြစ်ကြရသည်။

"သင်တို့သည် ငါ့ကိုအမှီပြု ၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက ၌ ဆင်းရဲ ဒုက္ခ ကို ခံရကြ လိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟုမိန့်တော်မူ၏။။" (ယော ၁၆း၃၃)

သခင်ခရစ်တော်သည် အောင်မြင်သူ သူသည်ဘုရားသခင်၏ အလိုတော် များကိုလုပ်ဆောင်ရန်လာခဲ့သည်။ သူသည် နောက်သို့ မပြန်ပါ။ ဘုရားသခင် လုပ်စေခြင်တာများကို ဆောင်ရွက်ပါသည်။

ခင်ဗျားနှင့် ကျွန်တော် တို့သည် အောင်မြင်သူများ ဖြစ်ကြသည်။ ဘုရားသခင် ဖြစ်စေခြင်တာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ ဖြစ်သည်။ သခင်ခရစ်တော်သည် ကျွန်တော်တို့အတွက်ဖြစ်ပါသည်။ သူသည် ကျွန်တော်တို့နှင့်အတူ၊ ခြေလှမ်းတိုင်းတွင် ရှိမည်ဟု ဂတိပြုထားသည်။ သူက၊ "…ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ် ၍ မထားး ဟု ဂတိတော်ရှိ၏။" (ဟေဗြဲ ၁၃း၅)

သင်သည် အောင်မြင်သူ ဖြစ်ပြီလား။ ကျွန်တော်သည် သခင်ခရစ်တော် နောက်ကိုလိုက်တော့မည်ဟု ဆုံးဖြတ်ထားသည်။ နောက်သို့ ပြန်၍မလှည့်တော့ပါ။ နောက်သို့ပြန်၍မလှည့်တော့ပါ။ သခင်ခရစ်တော်က "ငါသည်အောင်မြင် ၍ ငါ့ခမည်း တော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော် နှင့် အတူထိုင်နေသကဲ့သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာငါနှင့်အတူ ထိုင်နေရသောအခွင့်ကိုငါပေးမည်။" ( ဗျာ ၃း၂၁)


မှတ်ချက်း သင်ခန်းစာပြီးတိုင်း အောင်မြင်သူများ အတွက် အပိုင်း (၂) ပိုင်းပါမည်။ တစ်ခုသည် ဘုရားသခင်၏
အမှန်တရား--- သင်ခန်းစာမှ သင်ယူခဲ့သည့် အကြောင်းအရာ။ နောက်တစ်ခုသည် ငါယုံကြည်သည်။ နှစ်ပိုင်းစလုံးကို သတိရှိစွာဖတ်ပါ။ စိတ်နှလုံးတွင်းရှိသည်ကို ဆုတောင်းရန် ဖေါ်ပြလျှင်၊ သခင်ခရစ်တော်ကို သိမ်မွေ့ ညင်သာစွာ ဆုတောင်းပါ။


ဘုရားသခင်၏အမှန်တရား

သခင်ခရစ်တော်သည် ဘုရားသခင်၏သားတော်၊ ကျွန်တော်၏ ကြီးမြတ်သောကယ်တင်ရှင်ဖြစ်ပါသည်။ သခင်ခရစ်တော်သည် ကောင်းကင် နှင့် မြေကြီး ၏အခွင့်အာဏာ အားလုံး သူ့မှာရှိသည်။ သူသည် ကျွန်တော်ရဲ့ မိတ်ဆွေ၊၊ သူကျွန်တော် ကိုချစ်သည်၊ သူသည် ကျွန်တော် အတွက် ဖြစ်ပါသည်၊ သူသည်ကျွန်တော်နှင့်ထာဝစဉ်ရှိမည်။


ငါယုံကြည်သည်။

သခင်ခရစ်တော် ယခု အဖ ဘုရားသခင်၏ ညာဘက်လက် အနည်းတွင်ထိုင်နေသည်။ သင်ဟာကျွန်တော်၏ ကြီးမြတ်သော ကယ်တင်ရှင် နှင့် မိတ်ဆွေ၊ ကျွန်တော် အောင်နိုင်သူ ဖြစ်ခြင်သည်။ သခင်ခရစ်တော်ဖြစ်စေခြင်တာတွေအာလုံးဖြစ်နိုင်ရန်၊ ကျွန်တော်ကို ကူညီမစ လမ်းပြ တော်မူပါ။


သင်ခန်စာ(၁)၏ မေးခွန်းများ

အမှား အမှန် ရွေးပါ။


၁။ လက်ဝါးကားတိုင်ပေါ်မှ သခင်ခရစ်တော်၏အလုပ်သည်။

က) ပကတိပြည့်စုံကောင်းမွန် သော ဆောင်ရွက်ချက် ဖြစ်ပါသည်။

ခ) ပကတိမပြည့်စုံကောင်းမွန်သော ဆောင်ရွက်ချက် ဖြစ်ပါသည်။


၂။ ကျွန်ုပ်တို့ အတွက် ဘုရားသခင်၏ ဆောင်ရွက်ချက်များကို သင်ကြားရပါသည်။

က) သူအသက်တာ အကြောင်းရေးထားသော ပုံပြင်များထဲမှ။

ခ) ဘုရားသခင် နှုတ်ကပတ်တော်မှ


၃။ ဒါကကျွန်ုပ်တို့အပိုင်း

က) ဘုရားသခင်ပြောသော စကားများကို ယုံကြည်လက်ခံ နိုင်ကြရန်။

ခ) တစုံတခု လုပ်ပေးရန်ဘုရားသခင်ကိုတောင်းသည်။


၎။ ကျွန်တော် ဘုရားသခင်၏ စကားကို လက်ခံ ယုံကြည်သောအခါ၊

က) ကျွန်တော် အလွယ်တကူ ပညာ ပိုမိုရရှိပါသည်။

ခ) သန့်ရှင်းသောဝိညာဉ်တော်ကကျွန်တော်ထံ၌အမှန်တ ကယ် ပြုလုပ်သည်။ သခင်ခရစ်တော် ကျွန်တော် အတွက်ပြုလုပ်ပေး ထားသည့် များကို။ ဆောင်ရွက်သည်။


၅။ စကြ၀ဠာ

က) ကြီးကြယ်သောပေါက်ကွဲမှု ကြောင့် ဖြစ်ပေါ်လာသည်။

ခ) ဘုရားသခင်၏သားတော်၊ သခင်ခရစ်တော် ဖန်တည်းသည်။


၆။ သခင်ခရစ်တော် ကျွန်ုပ်တို့အပြစ်များအတွက် အသေခံခြင်းကို ဘုရားသခင်က အပြစ်ဆိုဖွယ်မရှိသော ကျေနပ်ခြင်း ကိုပြသည်။

က) သားတော်ကို သေခြင်းမှ ထမြောက်စေသည်။

ခ) ကောင်းကင်ဘုံမှ စကားပြောသည်။


၇။ သခင်ခရစ်တော် ကောင်ကင်ဘုံသို့ ပြန်သောအခါ၊ သူ၏ဖခင် ထာဝရဘုရားသခင်က

က) ကြီးသော ဂုဏ် ရှိသည်နေရာပေးသည်။

ခ) မြင့်မြတ်သော၊ ဂုဏ် ရှိသောနေရာကိုပေး၍ ဂုဏ်ပြုသည်။


၈။ ကျွန်ုပ်တို့ကို ဒီကမ္ဘာကြီးမှ ကောင်းကင်ဘုံသို့သယ်ယူသွားခြင်းကိုခံရလျှင် ၊ ကျွန်ုပ်တို့အများဆုံးစွဲမှတ် အထင်ကြီးစေ သည့်အရာသည်၊

က) ရွှေဖြင့်အစစ်ဖြင့်တည်ဆောက်ထားသောမြို့

ခ) သခင် ယေရှုကို ဟိုမှာမည်ကဲ့ ဂုဏ်ပြုခြင်း


၉။ ခင်ဗျားနှင့် ကျွန်တော် တို့သည် အောင်မြင်သူများ ဖြစ်ကြသည်။

က) ကမ္ဘာ ပေါ်မှာ အောင်မြင်မှုရခြင်း

ခ) ဘုရားသခင်ဖြစ်စေခြင်တာများကိုလုပ်ဆောင်ခြင်းအားဖြင့်၊


၁၀။ အောင်မြင်သူများကို သခင်ခရစ်တော်ဂတိပေးသည်။

က) အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာငါနှင့်အတူ ထိုင်နေရသောအခွင့်ကိုငါပေးမည်။

ခ) ကမ္ဘာပေါ်တွင် သက်သာသောအချိန်ရမည်


စံဝင်းချို


Share:

Wednesday, September 15, 2010

ဘုရားသခင်၏ဆုံးမပဲ့ပြင်ခြင်း


God's Chastening

Practical Christian Living Course Four

Lesson 12


သော့ချက်ကျမ်းပုဒ် ။ ။ အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရ လိမ့်မည်။ ဂလာ ၆း ၇

ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် နာခံခြင်းရှိရမည်ဟူသော မူဝါဒအားဖြင့် အသက်ရှင်ကြရ မည်ဖြစ်သည်။ ဘုရားသခင်သည် ဘယ်သောအခါမှ မိမိ၏သားသမီးများကို အပြစ်၌ မကျင်လည်စေလိုပေ။ ကျမ်းစာက""ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ၊ ဤအရာတို့ကို သင်တို့အားငါရေး၍ ပေးလိုက်၏။""ဟု ဆိုသည်။ ၁ယော ၂း၁

သို့သော်လည်း၊ ခရစ်ယာန်တို့သည် အမှန်တကယ်ပင်အပြစ်ကို ပြုလုပ်ကြပြီး ခရစ်ယာန်များစွာတို့သည် အပြစ်နှင့်ပတ်သက်၍ ပေါ့ပျက်ပျက် သာ သဘောထားကြသည်။ ဤသင်ခန်းစာ၌ ဤမေးခွန်းကို ကိုင်တွယ်ကြမည်ဖြစ်သည်။ ""ယုံကြည်သူတဦးဦး ဆန္ဒရှိရှိ(စိတ်ပါလျက်) အပြစ်ကို ကျူးလွန်ပါက ဘာဖြစ်မည်နည်း?


ယုံကြည်သူတဦး၏အသက်တာရှိ အပြစ်၏အကျိုးဆက်များ

သင်ခန်းစာ ၆ တွင် ယုံကြည်သူတဦး၏ဘ၀ထဲရှိ အပြစ်၏အကျိုးဆက်များထဲမှတစ်ခုကို လေ့လာ ခဲ့ကြပြီးဖြစ်သည်။ ၄င်းမှာ အပြစ်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏မိတ်သဟာယကို ဖျက်ဆီးပစ်သည်။ ဤသင်ခန်းစာတွင် ""အပြစ်သည် ဆုံးမပဲ့ပြင်တတ်သော ဘုရားသခင်၏ လက်တော်ကို ကျွန်ုပ်တို့အပေါ်သို့ ကျရောက်စေသည်"" ပင်ဖြစ်သည်။

ယုံကြည်သူတဦးသည် ခရစ်တော်အား သူ၏ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ချိန်တွင် သူ၏အပြစ်များသည် လွှတ်ခြင်းခံရသည် ဆိုသည့် အချက်မှာ မှန်ကန်သည်။ သို့သော် ဤအချက်က သူ့စိတ်ကြိုက်အသက် ရှင်၍ သူလုပ်လိုသမျှ မည်သည့်အရာကိုမဆို လုပ်နိုင်သော အခွင့်ကိုမူ သူအား မပေးပါ။ သူသည် သူလုပ် ဆောင်မှုများ၏ လက်တွေ့ကျသောအကျိုးဆက်များကို ရင်ဆိုင်ရပေမည်။ ကျမ်းစာက ""အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရ လိမ့်မည်။""ဟု ဆိုသည်။ ဂလာ ၆း၇

ကျွန်ုပ်တို့သည် မည်သို့သောအပြစ်ကိုမဆို ကျူးလွန်ခဲ့သည်ဖြစ်စေ၊ ဘုရားသခင်ထံသို့သွား၍ ထိုအပြစ်ကို ၀န်ချတောင်းပန်ပြီး ခွင့်လွှတ်ပေးရန် တောင်းဆိုပါက ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်းခံရမည် ဖြစ်သည်။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့မှုကိုလည်း အလျင်အမြန်ပြန်လည် ရယူနိုင်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များကို ရိုးသားဖြောင့်မှန်စွာ ၀န်ချတောင်းပန်က၊ ဘုရားသခင်သည် အပြစ်အားလုံးတို့ကို လွှတ်ပေးရန် ဆန္ဒရှိသည်။ သို့သော် ဤအရာက ကျွန်ုပ်တို့၏အပြစ်များအတွက် ဆုံးမခြင်းကို မခံရပါဟု ဆိုလိုခြင်းမဟုတ်ပါ။


ဒါဝိတ်အား ဆုံးမပဲ့ပြင်ခြင်း

ဓမ္မဟောင်းကျမ်းထဲတွင် လူများစွာတို့၏ အသက်တာအကြောင်းအရာတို့ကို မှတ်တမ်းတင်ထားခြင်းမှာ ထိုသူတို့ဘ၀အသက်တာ၏ အတွေ့ အကြုံများမှ သင်ယူစရာများကို ကျွန်ုပ်တို့ သင်ယူနိုင်ကြရန် ဖြစ်သည်။ ဒါဝိတ်၏ကြီးစွာသော အပြစ်အကြောင်းအရာမှ ကျွန်ုပ်တို့သင်ယူရမည့် အလွန် အရေးကြီးသော သင်ခန်းစာ (၂)ခုရှိသည်။

(၁) ကျွန်ုပ်တို့၏အပြစ်များသည် လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်မှု၏ အကျိုးဆက်များကိုမူ မလွဲမသွေ ရင်ဆိုင်ရမည်။

(၂) အချို့သောအပြစ်များသည် တစ်သက်တာလုံးစာ အတွက် အကျိုးဆက်များရှိသည်။


ဒါဝိတ်သည် ဘုရားသခင်၏ ကြီးမြတ်သောလူဖြစ်ရုံမက၊ အစ္စရေးနိုင်ငံကို အုပ်စိုးခဲ့သော ဘုရင်များအနက် အကြီးမြတ်ဆုံးသော ဘုရင်တစ်ပါး လည်းဖြစ်သည်။ သို့သော် ဒါဝိတ်သည် ၀မ်းနည်း ကြေကွဲဖွယ် အပြစ်လုပ်ခဲ့ပြီး သူ့အပြစ်၏အကျိုးဆက်များကို အလူးအလဲ ခံစားခဲ့ရသည်။

ဓမ္မရာဇ၀င် ၁နှင့် ၂တွင် ဒါဝိတ်၏ကြီးစွာသောအပြစ်အကြောင်းကို မှတ်တမ်းတင်ထားသည်။ ဒါဝိတ်၏တပ်သားများသည် စစ်မြေပြင်၌ စစ်တိုက်ထွက်နေချိန်တွင် ဒါဝိတ်သည် မိမိနန်းတော်၌ ကျိန်းစံနေခဲ့ သည်။ ညနေခင်းတစ်ခုတွင် သူသည် နန်းတော်၏ လသာဆောင်တစ်ခု၌ လမ်းလျှောက် နေစဉ်၊ မိန်းမလှ တစ်ဦး ရေချိုးနေသည်ကို မြင်တွေ့ခဲ့သည်။ လိုချင်ရမ္မက်စိတ်သည် သူ့စိတ်ထဲသို့ ၀င်ရောက်လာခဲ့သည်။ သူသည် ဗာသရှေဘကို အထံတော်သို့သွင်းစေပြီး သူမနှင့် ဖောက်ပြားခဲ့သည်။

မကြာမီအချိန်တွင် ဗာသရှေဘက သူမသည် ဒါဝိတ်နှင့်ရသည့် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို ဒါဝိတ်အား အကြောင်းကြားခဲ့သည်။ ဗာသရှေဘ၏ ခင်ပွန်းဖြစ်သူ ဥရိယသည် စစ်တိုက်ထွက်နေပြီး အိမ်နှင့်ဝေးရာအရပ်တွင် အချိန်အတန်ကြာရှိနေသာကြောင့် သူ့မယားကို ပြစ်မှားခြင်း အပြစ်သည် မကြာမီ အချိန်အတောအတွင်း လူအများရှေ့၌ ထွက်ပေါ်လာတော့မည်ကို ဒါဝိတ် နားလည်ခဲ့သည်။

ဒါဝိတ်သည် သူ၏အပြစ်ကို ဖုံးကာရန်နှင့် သူအနေဖြင့် ဗာသရှေဘအား လက်ထပ်နိုင်ရန်အတွက် ဥရိယအား စစ်ပွဲအတွင်း၌ ကျဆုံးစေရန် စီမံခဲ့သည်။ ဒါဝိတ်သည် သူ့အပြစ်ကို အောင်မြင်စွာ ဖုံးကာနိုင်ခဲ့သည်ဟု ထင်ရသော်လည်း ကျမ်းစာက ""ဒါဝိတ်လုပ်ခဲ့သောအရာသည် ဘုရားသခင်အား မနှစ်မြိုစေခဲ့ပါ"" ဟုဆိုသည်။

ဘုရားသခင်သည် သူ့မယားကိုပြစ်မှားခြင်းအပြစ်နှင့် သူ့အသက်ကိုသတ်ခြင်းအပြစ်တို့ကို ကျူးလွန်ခဲ့သော ဒါဝိတ်အား ရင်ဆိုင်တွေ့ဆုံရန် အတွက် ပရောဖက်နာသန်အား စေလွှတ်ခဲ့သည်။ ဒါဝိတ် သည် သူ၏အပြစ်တို့ကို အမှန်တကယ် နောင်တရခဲ့ပြီး ဘုရားသခင်ထံဝန်ချတောင်းပန်ခဲ့သည်။ ဆာလံ ၅၁ တွင် ဒါဝိတ်၏၀န်ချတောင်းပန်မှုသည် မည်မျှနက်ရှိုင်းသည်ကို မှတ်တမ်းတင်ထားသည်။ ""အို ဘုရားသခင်၊ ကျေဇူးပြုချင်သော စေတနာစိတ် ရှိသည်အတိုင်း၊ အကျွန်ုပ်ကို သနားတော်မူပါ။ စုံမက်တော်မူခြင်း ဂရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။ ဒုစရိုက် အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။ အကျွန်ုပ်လွန်ကျူးပါပြီဟု ၀န်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက် နေပါ၏။"" ဆာ ၅၁း ၁-၃

ဤကျမ်းပုဒ်တို့ကို ကြည့်ခြင်းအားဖြင့် ဒါဝိတ်သည် သူ၏အပြစ်များနှင့် ပတ်သက်၍ အမှန် တကယ်ပင် သူ၏စိတ်နှလုံး ကျိုးပဲ့ကြေကွဲခဲ့သည်ကို တွေ့နိုင်သည်။ ဘုရားသခင်သည် ဒါဝိတ်၏ ၀န်ချ တောင်းပန်ခြင်းအား လက်ခံခဲ့ပြီး သူ့ကိုအပြစ်လွှတ်ကာ သူနှင့်ပြန်လည်မိတ်သဟာယဖွဲ့စေခဲ့သည်။ နာသန်က ဒါဝိတ်အား ""သခင်သည် သင်၏အပြစ်များကို ဖယ်ရှားပစ်ခဲ့ပြီးဖြစ်သောကြောင့်၊ သင်မသေဆုံး တော့ပါ""ဟူ၍ ပြောခဲ့သည်။

သို့သော် ဤမျှနှင့် ဤကိစ္စက မပြီးဆုံးသွားပါ။ ဘုရားသခင်သည် စင်္ကြာဝဠာကို အုပ်စိုးသူဖြစ်ပြီး သူသည် သန့်ရှင်း၍ ဖြောင့်မတ်သည်။ သူသည် ကျွန်ုပ်တို့၏အပြစ်များကို မမြင်ချင်ဟန်ဆောင်၍ ကျော်ကြည့်သွား၍မရသလို ကျွန်ုပ်တို့၏အပြစ်တို့ကို မသိသလိုမျိုး ဟန်ဆောင်၍လည်းမရပါ။ ဒါဝိတ်သည် ဘုရင်တစ်ပါးဖြစ်သော်ငြားလည်း ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံခဲ့ရသည်။ ကျမ်းစာက ဘုရားသခင်သည် "အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ" ဟူ၍ပြောခဲ့သည်။ ရော၊ ၂း၁၁

ဒါဝိတ်၏ အပြစ်က ဘုရားသခင်၏ ရန်သူများအား ဘုရားသခင်၏နာမတော်ကို ရှုံ့ချနိုင်စေရန် အတွက် အခြေအနေပေးသလို ဖြစ်သွားသော ကြောင့်၊ ဘုရားသခင်က ""ဓားလက်နက်သည် သင့်အိမ်မှ ဘယ်သောအခါမှ ထွက်ခွာသွားလိမ့်မည်မဟုတ်။ အကြောင်းမှာ သင်သည် ငါ့အပေါ်တွင် ကျူးလွန်ခဲ့ပြီး"" ဟု ဆိုခဲ့သည်။

ဘုရားသခင်က သူ၏အပြစ်တို့ကို ခွင့်လွှတ်ပေးခဲ့သော်လည်း ဒါဝိတ်သည် သူ့ဒုစရိုက်အပြစ်များ၏ လက်တွေ့ကျသော အကျိုးအဆက်တို့ကို ဤလောက၌ရှိစဉ်ကာလတွင်း ရိတ်သိမ်းခဲ့ရသည်။ သူသည် ၀မ်းနည်းကြေကွဲစရာကိစ္စများစွာတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဗာသရှေဘ မှ မွေးဖွားသော သားသည် သေဆုံး ခဲ့သည်။ သူ့သားများထဲမှ တစ်ဦးမှာ အသတ်ခံခဲ့ရသည်။ အခြားသားတဦးက ဒါဝိတ်အား ပုန်ကန်မှုကို ဦးဆောင်ခဲ့ပြီး စစ်ပွဲ၌ ကျဆုံးခဲ့သည်။ အမှန်တကယ်ပင် ဓားလက်နက်သည် ဒါဝိတ်၏အိမ်တော်မှ မထွက် ခွာသွားခဲ့ပါ။

ကျွန်ုပ်တို့၏အပြစ်များသည် လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့သည်လည်း ဒါဝိဒ်ကဲ့သို့ ပင်ကျွန်ုပ်တို့အပြစ်များ၏လက်တွေ့ကျသော အကျိုးဆက်တို့ကို ရင်ဆိုင်ကြုံတွေ့ရမည်ကို ကျွန်ုပ်တို့သိမြင် ကြပါရဲ့လား? အပြစ်သည် တစ်သက်တာလုံးစာအတွက် အကျိုးဆက်များရှိသည်ကိုလည်း မြင်ကြပါရဲ့လား?


ကျွန်ုပ်တို့ လုံးဝမလုပ်ရမည့်အရာအချို့

ခရစ်ယာန်တဦးသည် မိမိ၏အသက်တာကို နမော်နမဲ့အသက်မရှင်နိုင်သလို အပြစ်ကိုလည်း ပေါ့ပျက်ပျက် သဘောမထားနိုင်ပါ။ ဘုရားသခင် သည် ကျေးဇူးတော်နှင့်ကြွယ်ဝပြည့်စုံ၍ ကျွန်ုပ်တို့အပြစ်များကို လွှတ်ပေးလိုသော်လည်း၊ သူ၏ဆုံးမပဲ့ပြင်ခြင်းကို မခံရပါဟု ဆိုလိုခြင်းမဟုတ်ပါ။

ကျွန်ုပ်တို့သည် ပြင်းထန်ဆိုးဝါးသောအကျိုးဆက်တို့ကို ရှောင်လွှဲလိုပါက၊ ကျွန်ုပ်တို့မလုပ်ရမည့် အရာအချို့ရှိသည်။


(၁) ဆန္ဒ(စိတ်နှလုံး)ပါလျက် အပြစ်ကိုမကျူးလွန်ပါနှင့်

ဘုရားသခင်အား ဆန္ဒရှိရှိ(စိတ်နှလုံး)ပါလျက် တမင်သက်သက်မနာခံခြင်းသည် သူအားပုန်ကန်ခြင်းတမျိုးဖြစ်သောကြောင့်၊ ဘုရားသခင်၏ ဆုံးမတတ်သော လက်တော်ကို ကျွန်ုပ်တို့အပေါ်သို့ကျရောက်စေနိုင်သည်။ ဘုရားသခင်က သူ၏သားသမီးများ အမှားတစ်ခုခုလုပ်သည့်အခါတိုင်းတွင် ဆုံးမခြင်းမဟုတ်ပါ။ သူသည် ထိုကဲ့သို့ မဟုတ်ပါ။ သူသည် သူ့သားသမီးများကိုချစ်ပြီး သူတို့နှင့်ပတ်သက်လာလျှင် စိတ်ရှည်သည်းခံပြီး ညင်သာသည်။ ဒါဝိဒ်က ""ငါတို့အပြစ်များခြင်းနှင့်အလျောက်၊ ငါတို့၌ပြုတော်မမူတတ်၊ ငါတို့၌ဒုစရိုက်ရှိ သည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်။ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည်အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၌ ဂရုဏာတော်သည် အားကြီးပေး၏။""ဟု ဆိုသည်။ ဆာ ၁၀၃း၁၀-၁၁

ဒါဝိဒ်က ဘုရားသခင်သည် သူ၏သားသမီးများအပေါ်တွင် အလွန်အမင်းကျေးဇူးတော် ကြွယ်ဝပြီး စိတ်ရှည်သည်းခံသည်ကို အသိ အမှတ် ပြုခဲ့သည်။

သို့သော် ဤကိစ္စနှင့်ပတ်သက်၍ အခြားတစ်ဖက်၌ ဆင်ခြင်စရာရှိသေးသည်။ ဘုရားသခင်သည် သူ၏သားသမီးများအပေါ်တွင် အလွန် စိတ်ရှည် သည်းခံတတ်သည်ကို အသိအမှတ်ပြုနေတုန်းတချိန်တည်း၌ပင် ကျွန်ုပ်တို့နားလည်ထားရမည့်အချက်မှာ ဆန္ဒ(စိတ်နှလုံး)ပါလျက် နာခံခြင်း မရှိသော လုပ်ဆောင်မှုတစ်ခုတည်းကတောင် မှ ပြင်းထန်ပြီး၊ သက်ရောက်မှုများစွာရှိသော အကျိုးဆက်တို့ကို ဖြစ်ပေါ်စေနိုင်သည်။

ပထမဦးဆုံးသော လူယောက်ျားနှင့် လူမိန်းမတို့၏ တစ်ခုတည်းသော မနာခံမှု ဖြစ်ရပ်ကြောင့် အပြစ်နှင့်သေခြင်းသည် ဤလောကအတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်သည်။ အပြစ်၏ရလဒ်ဖြစ်သော ၀မ်းနည်းစရာများ၊ ခေါင်းခဲစရာများနှင့် ကြေကွဲဖွယ်ဖြစ်ရပ်များသည်လည်း ဤလောကအတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ကျွန်ုပ်တို့အပိုင်းမှ နာခံခြင်းမရှိဘဲ လုပ်ဆောင်မှု တစ်ခုတည်းတောင်မှ ကြေကွဲဖွယ် နှင့်တခါတရံတစ်သက်တာလုံးအပေါ်တွင် သက်ရောက်မှုရှိသော အကျိုးဆက်တို့ဖြစ်ပေါ်စေနိုင်သည်။

ခရစ်ယာန်မိဘများ၏သားဖြစ်သူ လူငယ်တစ်ဦးသည် ကိုယ်ကျင့်တရားမရှိသော မိန်းမတစ်ဦးထံ သွားပြီး သူမနှင့် ကာမရောယှက်ခဲ့သည်။ တကြိမ်တခါတည်းသော လိင်ဆက်ဆံမှုမှတဆင့် သူသည်ကာလသားရောဂါတစ်ခုကို ရလိုက်သည်။ သူသည်ဆေးဝါးကုသမှုခံခဲ့သော်လည်း ဤရောဂါကို မထိန်းချုပ်နိုင်ခဲ့ ပါ။ ၃ နှစ်အတောအတွင်း သူသေဆုံးသွားခဲ့သည်။


(၂) ကျွန်ုပ်တို့သည် ကိုယ်ကာယ၏အလိုနောက်သို့လိုက်၍ အသက်မရှင်သင့်ပါ။

ကိုယ်ကာယ၏အလိုနောက်သို့လိုက်၍ အသက်ရှင်ခြင်းဆိုသည်မှာ ကိုယ်ကာယ၏ အလိုဆန္ဒနှင့် ရမ္မက်တို့၏ကျွန်အဖြစ် အသက်ရှင်ခြင်းကို ဆိုလိုသည်။ ကျမ်းစာက ဤသို့အသက်မရှင်ရန် သတိပေးထားသည်

ကိုယ်ကာယ၏အလိုနောက်သို့လိုက်၍ အသက်ရှင်သောကြောင့် တွေ့ကြုံရသောအကျိုးဆက်တို့အား ရှန်ဆုံ၏အသက်တာကို ကြည့်ခြင်းအား ဖြင့် သိနိုင်သည်။ သူ့လူများကို ရွေးနှုတ်သောသူအဖြစ် ဘုရားသခင်က ရှန်ဆုံးကို ရွေးချယ်ခဲ့သည်။ ဘုရားသခင်ကသူ့ကို ထူးခြားသော တန်ခိုးနှင့်စွမ်းရည် တို့ကို ပေးအပ် ထားသည်။ သူသည်ကြီးစွာသောလုပ်ရပ်တို့ကို လုပ်ဆောင်ခဲ့သည်။ သို့သော်ရှန်ဆုံသည် သူ၏ကိုယ်ကာယ ၏တပ်မက်မှုတို့ကို မထိန်းချုပ်နိုင်ခဲ့ပါ။

ရှန်ဆုံသည် ဒေလိလ ဟူသော ဖိတိတ်္တိမိန်းမနှင့် မတော်မလျော်သော ဆက်နွယ်မှုရှိခဲ့သည်။ ဒေလိလ ၏လုပ်ဆောင်မှုများက သူမသည် ရှန်ဆုံကိုသစ္စာဖောက်ပြီး သူ့ရန်သူများလက်ထဲသို့ အပ်နှံရန် ဆန္ဒရှိကြောင်းကို ရိုးရှင်းစွာပြသသည်။ ရှန်ဆုံကလည်းဤအရာကိုသိသည်။ သူ့အမှား လုပ်နေသည်ကို လည်းသူသိသော်လည်း ဒေလိလ နှင့်ကာမ ယှက်နွယ်မှုကို ဆက်လက်ပြုလုပ်ခဲ့သည်။ သူ၏လုပ်ဆောင်မှု များနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် ရှန်ဆုံ၏စိတ်နှလုံး၌ ကြိမ်ဖန်များစွာပြောဆိုခဲ့သည်မှာ သံသယရှိ စရာမလိုပေ။

နောက်ဆုံးတွင် ဒေလိလ သည် သူမအကြံအစည်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့ သည်။ သူမသည် ရှန်ဆုံကို သူ၏ ရန်သူများ လက်ထဲသို့ အပ်နှင်းခဲ့သည်။ ရှန်ဆုံက အရင်ကသူလုပ်ခဲ့သလို မျိုး သူ၏ကြီးစွာသော အားကိုသုံး၍ သူ့ရန်သူများကို အောင်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ဘုရားသခင်သည် သူကိုစွန့်ခွာသွားပြီးဖြစ်သောကြောင့် သူသည် အခြားလူများထက် မသန်စွမ်းတော့ပါ။ ဖိလိတ်္တိ လူများသည် သူ၏မျက်စိကို ဖောက်ထုတ်ကာ သံကွင်းများဖြင့်ချည်နှောင်၍ အကျဉ်းချထားပြီး ကြိတ်ဆုံကို ကြိတ်စေခဲ့သည်။

ဒါဝိဒ်နှင့်ရှန်ဆုံတို့၏ အဖြစ်အပျက်များသာမက အခြားလူတို့၏အဖြစ်အပျက်တို့ကို ဓမ္မဟောင်း ကျမ်း၌ မှတ်တမ်းတင်ထားခြင်းမှာ သူတို့၏ အသက်တာကိုကြည့်၍ သင်ယူစရာများကို ကျွန်ုပ်တို့သင်ယူ နိုင်ကြရန်ဖြစ်သည်။ ကျမ်းစာက ""ထိုအကြောင်းအရာ ရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့ သောငှာ ထိုသူတို့ ၌ရောက်ကြ၏။"" ၁ကော ၁၀း၁၁ ဟုဆိုသည်။

ရှန်ဆုံ၏အဖြစ်အပျက်မှ ကျွန်ုပ်တို့သင်ယူရမည့် သင်ခန်းစာမှာ ""ကိုယ်ကာယ၏အလိုနောက်သို့ လိုက်၍ အသက်မရှင်နှင့်"" ဖြစ်သည်။ ကျမ်းစာက ""သင်တို့သည် ဇာတိပကတိအတိုင်း အသက်ရှင်လျှင် သေရကြမည်""ဟုဆိုသည်။ ရော ၈း၁၃

အပြစ်အချို့တို့ကို ကျွန်ုပ်တို့ တင်ပြခဲ့ပြီးဖြစ်သည်။ သို့သော် ထိုအပြစ်တို့သာမက အခြားသော အပြစ်တို့ကလည်း ဘုရားသခင်၏ ဆုံးမတတ် သော လက်တော်ကို ကျွန်ုပ်တို့အပေါ်သို့ ကျရောက်စေနိုင် သည်။

ဝန်ချတောင်းပန်ထားခြင်းမရှိသော၊ မစွန့်လွှတ်သော မည်သည့်အပြစ်မဆိုသည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုအောက်သို့ ကျွန်ုပ်တို့ကို ကျရောက် စေသည်။


ဘုရားသခင်က ကျွန်ုပ်တို့ကို မိမိကိုယ်ကို မိမိ စစ်ကြောစီရင်စေလိုသည်

ဘုရားသခင်အား မနှစ်မြို့စေသောအရာတစ်ခုခုကို ကျွန်ုပ်တို့လုပ်နေပါက၊ သူသည် ပထမဆုံး ကျွန်ုပ်တို့၏ သြတ္တပ္ပစိတ်မှတဆင့် ကျွန်ုပ်တို့ကို စကားပြောသည်။ သူ၏နှုတ်ကပတ်တော်နှင့် သန့်ရှင်း သောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ချက်၏ မှားယွင်းမှုများကို ပြသရန်ကြိုးပမ်းသည်။ ဘုရားသခင်က သစ္စာရှိသော ခရစ်ယာန်တဦးကို ကျွန်ုပ်တို့အား သတိပေးရန် ကျွန်ုပ်တို့ထံ စေလွှတ်ကောင်း စေလွှတ်လိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်တို့၏ အပြစ်များကို ၀န်ချတောင်းပန်စေလို၊ စွန့်လွှတ်စေလိုသည် ထိုမှသာ၊ သူသည် ကျွန်ုပ်တို့ကို စစ်ကြောစီရင်စရာမလိုတော့ပါ။ ကျမ်းစာက ""ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်""ဟုဆိုသည်။ ၁ကော ၁၁း၃၁

ကျွန်ုပ်တို့သည် မိမိကိုယ်ကို မစစ်ကြော မစီရင်ပါက၊ ဘုရားသခင်က စစ်ကြောရမည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမပဲ့ပြင်ခြင်းမှာ ကျွန်ုပ်တို့ကို အလွန်ချစ်၍ နာခံခြင်းရှိစွာ အသက်ရှင်နိုင်ရန်အတွက်ဖြစ်သည်။ ကျမ်းစာက ""စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသား တို့ နှင့် အတူအပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုံးမတော်မူခြင်းကိုခံရကြ၏"" ဟုဆိုသည်။ ၁ကော ၁၁း ၃၂

ဘုရားသခင်က ကျွန်ုပ်တို့ကို မည်သို့ဆုံးမသနည်း? သူ့သားသမီးများကို ဆုံးမရန်အတွက် ဘုရားသခင်အတွက် ဘုရားသခင်တွင် နည်းလမ်း များ စွာရှိသည်။ သူသည် ကျွန်ုပ်တို့ကို နာမကျန်းဖြစ်စေမည် (သို့) မတော်တဆမှုတစ်ခုခုတွင် ပါဝင်စေမည်။ သူသည် ဘဏ္ဍာရေးအရ ကျွန်ုပ်တို့ကို ဆုံးရှုံးစေနိုင်သည် သာမက မိမိ၏ ချစ်သောသူတဦးဦးကိုပင် လက်လွှတ်ဆုံးရှုံးစေနိုင်သည်။ သူ့သားသမီးများကို ကိုယ်တွယ် ရန် ဘုရားသခင်တွင် နည်းလမ်းများစွာရှိသည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို မည်သို့ဆုံးမမည်ကို ကျွန်ုပ်တို့မပြောနိုင်သော်လည်း၊ သူကဆုံးမခြင်းမှာ ကျွန်ုပ်တို့သည် ဆုံးမခြင်း ခံရန် လိုအပ်သောကြောင့် ဖြစ်သည်ကိုမူ သေချာသိနိုင်သည်။ ကျမ်းစာက ""ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မူတက်၏"" ဟုဆိုသည်။ ဟေဗြဲ ၁၂း၆

သတိပြုရန်…ဖျားနာခြင်းအားလုံးသည် ဘုရားသခင်၏ဆုံမခြင်းဖြစ်သည်ဟု မှားသောယူဆခြင်းကို ကျွန်ုပ်တို့ မဖြစ်စေရပါ။ သဘာဝအကြောင်းအရာများက များစွာသော ဖျားနာခြင်းကိုလည်း ဖြစ်စေသည်။


ကျွန်ုပ်တို့ကို ဆုံးမခြင်း၌ ဘုရားသခင်၏ရည်ရွယ်ချက်များ

ဘုရားသခင်သည် ရည်ရွယ်ချက်များထားလျက် သူ၏သားသမီးများကို ဆုံးမခြင်းဖြစ်သည်။ ၄င်းတို့ထဲမှ ၃ခုကို ကြည့်ကြပါစို့။

(၁) ကျွန်ုပ်တို့သည် နာခံခြင်းကိုသင်ယူနိုင်ရန်အတွက် ဘုရားသခင်က ဆုံးမခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် မိမိကိုယ်ကိုမိမိ သိသည်ထက်၊ ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့၏ ခမည်းတော်က ကျွန်ုပ်တို့ကိုသာ၍ သိနားလည်သည်။ ကျွန်ုပ်တို့သည် ဇာတိသဘောအရ နာခံခြင်းမရှိသူများဖြစ်ကြသည် ကို သူသိသည်။ ဖခင်၏လက်ထဲတွင် ကြိမ်တုတ်ကိုမတွေ့မချင်း ဖခင်၏စကားကို နားမထောင်သော ကလေးများနှင့် ကျွန်ုပ်တို့သည်တူသည်။ အပြစ်ပေး ဆုံးမမှသာ ကျွန်ုပ်တို့သည် သူ့ကိုနာခံရန် သင်ယူကြ မည်ကို သူသိသည်။ ဒါဝိတ်က ""ကျွန်ုပ်သည်ဆင်းရဲမခံမှီ လမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ်တော်အတိုင်း ကျင့်စောင့်ပါ၏""ဟု ဆိုသည်။ ဆာ ၁၁၉း ၆၇

ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမပြီးတာတောင်မှ ကျွန်ုပ်တို့သည် ဆက်ပြီးနာခံခြင်းမရှိဘဲ ပုန်ကန် ကောင်းပုန်ကန်လိမ့်မည်။ ယင်းမှာ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှသည်။ ဤအရာက ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်အား နာခံရန် မသင်ယူသေးဘဲ သူ၏အုပ်စိုးခြင်းကိုလည်း မခံသေးပါဟုဆိုလို ခြင်းဖြစ်သည်။ ဤအချက်က ဘုရားသခင်၏စိတ်နှလုံးကို ကြေကွဲဝမ်းနည်းစေသည်။ အကြောင်းမှာ သူသည် သူ၏သားသမီးများ ဝေဒနာခံစားရသည်ကို မကြည့်ရက်သောကြောင့်ဖြစ်သည်။ သို့သော် ကျွန်ုပ် တို့သည် မိမိကိုယ်ကို သူထံသို့ မဆပ်ကပ်မချင်း သူသည် ကျွန်ုပ်တို့ကို ဆက်လက်ကိုင်တွယ်ရပေမည်။ မှန်ကန်သောစိတ်ဓာတ်မျိုးဖြင့် ဘုရားသခင်၏ ဆုံးမခြင်းကို လက်ခံရန်မှာ အရေးအကြီးဆုံးအရာတစ်ခု ဖြစ်သည်။ ကျမ်းစာက ""တနည်းကား၊ ကိုယ်ကာယနှင့်စပ်ဆိုင်သော အဘတို့လက်ဖြင့် ဆုံးမခြင်းကို ခံရသောအခါ၊ သူတို့ကို ရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏ အဘအလိုသို့လိုက်၍ အသက်ချမ်းသာရ ကြမည်မဟုတ်လော"" ဟုဆိုသည်။ ဟေဗြဲ ၁၂း ၉

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဆုံးမခြင်းကို အလျင်အမြန်သဘောတူနိုင်ပြီး ဤသို့ပြောနိုင်ပါစေ။ ""သခင်၊ သခင်၏စစ်ကြောစီရင်မှုသည် မှန်ကန်ဖြောင့်မတ်ပါသည်။ ကိုယ်တော်ထံသို့ မိမိကိုယ်ကို ဆပ်ကပ်အပ်နှံရန်အတွက် ကျွန်ုပ်လိုလားပါ၏""


(၂) ကျွန်ုပ်တို့သည် သူ၏သန့်ရှင်းတော်မူခြင်းကို ဆက်ဆံဝင်စားသူများဖြစ်နိုင်ရန်အတွက် ကျွန်ုပ်တို့ကို ဆုံးမခြင်းဖြစ်သည်။

ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမခြင်းမှာ ကျွန်ုပ်တို့ကို အမျက်ထွက်ပြီး အပြစ်ဒဏ်ပေးလိုသောကြောင့် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့ ကို ကိုင်တွယ်ခြင်းအားလုံးတို့မှာ ကျွန်ုပ်တို့၏ ကောင်းကျိုး အတွက်သာဖြစ်သည်။ သူသည်သူ၏သားသမီးများအား ""ကလေးကို လေ့ကျင့် သင်ကြား ပေးသကဲ့သို့"" လေ့ကျင့်ပေးနေခြင်းဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမခြင်း၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ သည် သူ၏သန့်ရှင်းခြင်းကို ဆက်ဆံ ၀င်စားသူများဖြစ်လာကြရန်ဖြစ်သည်။ ကျမ်းစာက ""အကြောင်းမူကား ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာဆုံးမပေးကြ၏။ ကိုယ်တော်မူ ကား၊ မိမိသန့်ရှင်းခြင်း ပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှာ၊ ငါတို့အကျိုးကိုထောက်၍သာ ဆုံးမပေးတော်မူ၏""ဟု ဆိုသည်။ ဟေဗြဲ ၁၂း ၁၀

ဘုရားသခင်သည် ဆုံးမခြင်းအားဖြင့် သူ၏သန့်ရှင်းခြင်းကို ကျွန်ုပ်တို့အတွင်းသို့ ပေါင်းစပ်ပေးသည်။ သူကဆုံးမချိန်တွင် ကျွန်ုပ်သည် ""သခင်၊ ဤသို့ဆုံးမခြင်းအားဖြင့် ဘာကိုသင်ကြားပေးနေ သနည်း?""ဟုမေးသင့်သည်။ ဘုရားသခင်၏အလိုတော်ကို ပိုမိုသိရှိလာနိုင်ရန်နှင့် သူနှင့်ပို၍ တူလာအောင် ကျွန်ုပ်တို့အား ဆုံးပဲ့ပြင်ပေးခြင်းဖြစ်သည်။


(၃) ကျွန်ုပ်တို့သည် သူ၏နာမတော်ကို ချီးမြှောက်နိုင်ရန်အတွက် ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမခြင်း ဖြစ်သည်။

ဘုရားသခင်၏ ဆုံးမပဲ့ပြင်ပေးမှုကြောင့်၊ ဒါဝိတ်သည် ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သူတဦး ဖြစ်လာသည်။ ဒါဝိတ်၏နာမည်ကို ဟေဗြဲ ၁၁ တွင် စာရင်းသွင်းထားသည်။ ဤအခန်းကြီးတွင် ဘုရား သခင်၏ ""ကျော်ကြားသူများစုဝေးရာခန်းမ""ကို ဖော်ပြထားသည်။ မိမိတို့၏ယုံကြည်ခြင်းနှင့် လုပ်ဆောင် မှုများအားဖြင့် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ထင်ရှားစေသူများကို ဤနေရာ၌ စာရင်းပြုစုထားခြင်း ဖြစ်သည်။

ရှန်ဆုံသည် သူ၏အပြစ်ကို နောင်တရခဲ့ပြီး ဘုရားသခင်၏ ရန်သူများကို သူအသက်ရှင်စဉ်က သတ်သည်ထက် သာ၍များသောရန်သူတို့ကို သူ၏သေဆုံးချိန်၌ သတ်ဖြတ်ခဲ့သည်။ ရှန်ဆုံကိုလည်း"ဘုရားသခင်၏ ကျော်ကြားသူများစုဝေးရာခန်းမ"(Hall of Fame) ထဲတွင် စာရင်း သွင်းထားသည်။

ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမပဲ့ပြင်ပေးခြင်းမှာ ကျွန်ုပ်တို့သည် သူ၏နာမတော်ကို ထင်ရှားစေနိုင်ရန် ဖြစ်သည်။


(၄) ကျွန်ုပ်တို့သည် သူ၏နာမတော်ကို ခိုင်မာစေကြရန်အတွက် ဘုရားသခင်က ကျွန်ုပ်တို့အား ဆုံးမခြင်း ဖြစ်သည်။

ကျွန်ုပ်တို့သည် ခရစ်တော်၏နာမတော်ကို ယူဆောင်ထားကြသည်။ ခရစ်ယာန်တဦးသည် ""ခရစ်တော်၏လူတဦး"" ဖြစ်သည်။ ကျွန်ုပ်တို့ လုပ်သောအရာတို့သည် သူ့အပေါ်တွင် သက်ရောက်မှုရှိသည်။ အကယ်၍ ကျွန်ုပ်တို့သည် သူ၏နာမတော်ကို ဆန့်ကျင်ပါက သူသည် ကျွန်ုပ်တို့ကို ဆုံးမ လိမ့်မည်။ ဒါဝိတ်၏အခြေအနေမျိုးတွင် ဘုရားသခင်က သူသည် ဒါဝိတ်၏အပြစ်များနှင့် ပတ်သက်ဆက်စပ်မှု လုံးဝ မရှိကြောင်းကို သူ၏လုပ်ဆောင်မှုများ အားဖြင့် ပြသခဲ့သည်။ သူသည် ဒါဝိတ်၏အပြစ်ကို မကြေအေးခဲ့သလို၊ ကျော်မကြည့်သွားခဲ့ပါ။ ကျွန်ုပ်တို့သည်လည်း သူ၏နာမတော်ကို ညှိုးနွမ်းစေပါက၊ သူသည် ထိုကဲ့သို့ ပင်ပြုလုပ်လိမ့်မည်။ ထိုကဲ့သို့ဆုံးမခြင်းခံနေရသည့် အချိန်မျိုးတွင်၊ ကျွန်ုပ်တို့၏ ဦးခေါင်းကို ညွတ်၍ ဘုရားသခင်အား ဤသို့ပြော၍ ၀တ်ပြုကိုးကွယ်ပါ။ ""သခင်၊ ကျွန်ုပ်သည် ဤကိစ္စ၌ သခင်၏ဆုံးမခြင်း ကို ၀မ်းမြောက်စွာ လက်ခံပါ၏။ ကျွန်ုပ်၏ အပြစ်ကြောင့် ဤသို့ ဆုံးမခြင်း ခံရသည်ကို လည်း အသိအမှတ် ပြုပါ၏။ ကျွန်ုပ်သည် သခင်၏လူများ၊ လောကလူများနှင့် စာတန်တို့အား ကိုယ်တော်သည် ဤအပြစ်နှင့် ပတ်သက် ဆက်စပ်မှု လုံးဝမရှိဘဲ ကျွန်ုပ်၏အမှားသက်သက်သာဖြစ်ကြောင်းကို ၀မ်းမြောက်စွာ သိစေပါ မည်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို မြန်နိုင်သမျှ မြန်မြန် လက်ခံ၍ အသိအမှတ်ပြု လေလေ၊ ဘုရားသခင်၏ ဆုံးမခြင်းသည် လည်း လျင်မြန်စွာ ပြီးဆုံးသွားမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ၊ ဆင်ခြေပေး၍ အပြစ်မှ ရှောင်ရှားကာ၊ အခြားသူများအပေါ်တွင် အပြစ်ပုံချပါက ဘုရားသခင်၏ ဆုံးမခြင်းသည် ကြာရှည်စွာ ကျွန်ုပ်တို့နှင့်အတူ ရှိနေမည်ဖြစ်သည်။


ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ဥာဏ်ပညာ၏အစဖြစ်သည်။

ဘုရားသခင်အား ရိုသေလေးမြတ်သောစိတ်သည် ယုံကြည်သူတိုင်းတွင်ရှိသင့်သည်။ ထိုစိတ်က သူတို့အား ဘုရားသခင်၏စကားကို နားထောင်ရန် လှုံ့ဆော်ပေးသင့်သည်။ ကျွန်ုပ်တို့သည် သူ့ကို ဆန္ဒရှိရှိ(စိတ် ပါလျက်) မနာခံပါက၊ ကျွန်ုပ်တို့အား ဆုံးမမည်ကို ဘုရားသခင်က ပြောထား ပြီး ဖြစ်သလို၊ သူ၏စကားအတိုင်း လုပ်ဆောင်မည်ကိုလည်း ကျွန်ုပ်တို့သိကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ရိုသေ လေးမြတ်ပါက၊ သူ့အား မနာခံလိုမည် မဟုတ်ပေ။ ဤကဲ့သို့သော ချစ်ကြောက်ရိုသေမှုသည် ကျွန်ုပ်တို့အား ဥာဏ်ပညာရှိစေပြီး မှန်သောရွေးချယ်မှု တို့ကို ပြုလုပ်စေသည်။ ထို့ကြောင့် ကျမ်းစာက ""ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အစဖြစ်၏""ဟုဆိုခြင်းဖြစ်သည်။ သု ၉း ၁၀

ကျွန်ုပ်တို့သည် ဖြောင့်မတ်မှုကို ချစ်မြတ်နိုး၍ အပြစ်ကိုမုန်းတီးနိုင်ကြပါစေ။ အကြောင်းတခုခုကြောင့်၊ ဘုရားသခင်၏ ဆုံးမတတ်သော လက်တော်သည် ကျွန်ုပ်တို့အပေါ်သို့ ကျရောက်လာပါက၊ မှန်ကန်သောစိတ်သဘောထားမျိုးဖြင့် ဆုံးမခြင်းကို လက်ခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ""သခင်၊ ကျွန်ုပ်တို့မှားတာကို ကျွန်ုပ်သိပါ၏။ သခင်လုပ်သောအရာတို့သည် လုံးဝဥသုန် မှန်ကန်ပါ၏။ သခင်သာ ကျွန်ုပ်တို့ကို မကိုင်တွယ်ခဲ့ပါက၊ ကျွန်ုပ်ဘာဖြစ်သွားမည်ကို မသိနိုင်ပါ။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့် သစ္စာရှိမှုအတွက် ကိုယ်တော်ကို ချီးမွမ်း၍ ကျေးဇူးတင်ပါ၏""ဟုပြောသင့်သည်။


ရှာဖွေတွေ့ရှိသောအဖိုးထိုက်ရတနာ

ဘုရားသခင်က ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်ခဲ့မှု၏ လက်တွေ့ကျသောအကျိုးဆက်ကိုမူ ရင်ဆိုင်ရမည်။


မေးခွန်းများ မှန်/မှား


၁။ အပြစ်သည် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏မိတ်သဟာယကို ဖျက်ဆီးသည်။

၂။ ဘုရားသခင်ကအပြစ်ကို မနှစ်သက်သော်လည်း အပြစ်အတွက် ကျွန်ုပ်တို့ကို မဆုံးမပါ။

၃။ ကျွန်ုပ်တို့၏အပြစ်အတွက် ၀န်ချတောင်းပန်ပြီးသည်နှင့် တပြိုင်နက် ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်း ခံရပြီး ထိုအပြစ်၏အကျိုးဆက်တို့မှာ ဖယ်ရှားခြင်း ခံရမည်ဖြစ်သည်။

၎။ ဇာတိပကတိ၏ အလိုအတိုင်း အသက်ရှင်ခြင်းဆိုသည်မှာ ကိုယ်ကာယ၏ဆန္ဒရမ္မက်များ၏ကျွန် အဖြစ် အသက်ရှင်ခြင်းဖြစ်သည်။

၅။ ကျွန်ုပ်တို့အပြစ်လုပ်သောအခါ ဘုရားသခင်က ဆုံးမခြင်းမှာ သူသည်အမျက်ထွက်သောကြောင့် ဖြစ်သည်။

၆။ ယုံကြည်သူတဦးသည် ခရစ်တော်ကို သူ၏ကယ်တင်ရှင်လက်ခံချိန်တွင် သူ၏အပြစ်များသည် လွှတ်ခြင်းခံရသည်။

၇။ အချို့သောအပြစ်တို့တွင် တစ်သက်တာလုံးအပေါ်တွင် သက်ရောက်မှုရှိသော အကျိုးဆက်များရှိသည်။

၈။ သူ၏သားသမီးများက အမှားတစ်ခုခုကို လုပ်သည့်အခါတိုင်းတွင် ဘုရားသခင်သည် ဆုံးမသည်။

၉။ ဘုရားသခင်က ကျွန်ုပ်တို့အား မိမိကိုယ်ကိုမိမိ စစ်ကြောစီရင်စေလိုသည်။

၁၀။ ဘုရားသခင်က ကျွန်ုပ်တို့ကို ဆုံးမခြင်းမှာ နာခံခြင်းကို သင်ယူနိုင်ရန်အတွက် ဖြစ်သည်။

ရဲလင်းထွန်း (အင်းစိန်)

Share:

Friday, September 10, 2010

နိုင်ငံတော်သစ်







A New Kingdom

New life in Christ Course III

Lesson 10

ဖတ်ရန်ကျမ်းချက်များ။ ရောမ၊ ၆း၁-၁၄။

သော့ချက်ကျမ်းပိုဒ်။
''ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့်ဆိုင်သောအရာ၌ကား၊ အသေဖြစ်သည်ဟူ၍၄င်း၊ ဘုရားသခင်နှင့် ဆိုင်သောအရာ၌ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍၄င်း၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့။''(ရော၊ ၆း၁၁)


ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်နှင့် တလုံးတဝတည်း ပေါင်းစည်းခဲ့ပြီဖြစ်ကြောင်း အံ့ဘွယ် သစ္စာတရားတခု အကြောင်း လေ့လာခဲ့ရပြီ။ အခက်သည် စပျစ်ပင်နှင့်ဆက်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း သခင်ယေရှု၌ အသက်ရှင်ပေါင်းစည်း ခြင်း၌ ဆက်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် သူ၌်တည်တော်မူပြီ၊ သူ၏အသက်သည်လည်း ကျွန်ုပ်တို့၌ တည်တော်မူသည်။

အံ့ဘွယ်သော ကောင်းကြီးအလုံးစုံနှင့်အတူ ကျွန်ုပ်တို့သည် ခရစ်တော်၌တည်နေခြင်းကြောင့် ခရစ်ယာန်အသက်တာ သည် လွယ်ကူစွာနှင့် လျှောက်လှမ်းနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ တွေးထင်ကောင်း တွေးထင်ကြလိမ့်မည်။ အမှန်မှာ ထိုသို့မဟုတ်ပါ။ ကျွန်ုပ်တို့၌ တန်ခိုးရှိသော ရန်သူများ ရှိနေ ပါ သည်။ အပြစ်၊အတ္တ၊လောက၊ဇာတိပကတိနှင့် စာတန် ကိုယ်တိုင်ပင် ဖြစ်ကြသည်။ ဤအကြောင်းအရာ၌ ကျွန်ုပ်တို့သည် ခရစ်ယာန် တယောက်၏ အသက်တာ၌ရှိသော အပြစ်၏ပြသနာကို စဉ်းစားကြမည်။

ကျွန်ုပ်တို့ ပဌမဦးစွာ ကယ်တင်ခြင်းသို့ရောက်စဉ် ကျွန်ုပ်တို့သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်လျက်ရှိသည်။ ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခြင်းခံရပြီ၊ ဘုရားသခင်နှင့်အတူ ငြိမ်သက်ခြင်းကို ခံစားရသည်။ ကျွန်ုပ်တို့ ပြုလေရာတိုင်း၌ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့ရန် ကျွန်ုပ်တို့ အလိုရှိသည်။ နောင်ဘယ်သောအခါမျှ အပြစ်သည် ကျွန်ုပ်တို့ကို နှောင့်ရှက်နိုင်လိမ့်မည် မဟုတ် ဟု ယူဆကောင်းယူဆပေလိမ့်မည်။ သို့သော် ဤအရာ သည် လည်း မဟုတ်မှန်ကြောင်း ကျွန်ုပ်တို့ တွေ့လာရသည်။

အနှေးနှင့်အမြန် မကြာခင် ကျွန်ုပ်တို့ကိုယ်တိုင် မှားသောအရာများကို စဉ်းစားခြင်းနှင့် မှားသောအရာများကို လုပ်မိ ကြသည်။ ကျွန်ုပ်တို့ ဘုရားသခင်ထံသို့ သွားပြီး၊ အပြစ်များကိုဝန်ချခြင်းနှင့် သူ၏အပြစ်ခွင့်လွှတ်ခြင်းကို ခံရကြသည်။ သို့သော် ထိုနောက် တဖန် အလားတူအပြစ်များကို သွား၍ ပြန်လုပ်ကြပြန်သည်။ ပြသနာကား ကျွန်ုပ်တို့သည် အပြစ်တန်ခိုး၏အောက်၌ ရှိ နေခြင်းကြောင့် ဖြစ်သည်။

အချို့သောခရစ်ယာန်များသည် ဤအကြောင်းအရာ၌ အလေးအနက်ထားသင့်သော်လည်း အလေးမထားပါ။ သူတို့ သည် ဘုရားသခင်ထံသို့ ဝင်နိုင်ခြင်းနှင့် ဘုရား၏အပြစ်ခွင့်လွှတ်ခြင်းကိုရနိုင်ခွင့် ရှိနေသ၍ကာလပတ်လုံး အရာအားလုံး အဆင်ပြေနေသည်ဟု ယူဆနေကြသည်။ ထိုသို့ မဟုတ် ရပါ။ ခရစ်ယာန်တယောက် အပြစ်၌ဆက်လက်ရှိနေခြင်းသည် ကြောက်ဘွယ် ကောင်းသော အကြောင်းအရာဖြစ်သည်။ ၄င်းအရာက သန့်ရှင်းသော ဝိညာဉ်တော် ကို စိတ်နာစေပြီ၊ သခင်ယေရှု၏နာမကို ရှက် ဖွယ်ဖြစ်စေသည်။

တမန်တော် ပေါလုသည် ခရစ်ယာန်၏အသက်တာ၌ရှိသော အပြစ်၏အကြောင်းအရာနှင့်အတူ ဖြေရှင်းထားပါသည်။ သူ ရေးသားခဲ့သည်မှာ ''ထိုသို့မှန်လျင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော် ပွားများစေခြင်းငှါ အပြစ်တရားကို ကျင့်၍နေရ မည်လော။-ထိုသို့မနေရ။ အပြစ်တရားမှ စုတေသောသူတို့သည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။''ဟု ဆိုသည်။

တမန်တော်ပေါလုအနေဖြင့် အကျွန်ုပ် ခရစ်ယာန်တယောက်သည် အပြစ်ပြုခြင်း၌ ဆက်လက်ရှိနေရမည်ဟု သူ မယူဆ ပါ။ အဘယ်ကြောင့် နည်း။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ''အပြစ်တရားနှင့်ဆိုင်သောအရာ၌ သေခဲ့ပြီ'' ဖြစ်သည်။

ဤသင်ခန်းစာ၌ ကျွန်ုပ်တို့သည် ''အပြစ်တရားနှင့်ဆိုင်သောအရာ၌ သေခဲ့ပြီ''ဟု ပေါလု ပြောဆိုခြင်းက ဘာကို ဆိုလို သနည်း။ ကျွန်ုပ်တို့ ရှာဖွေကြမည်။ သခင်ယေရှုသည် အပြစ်တရား အုပ်စိုးသော မှောင်မိုက်နိုင်ငံမှ ကျွန်ုပ်တို့ကို မည်ကဲ့သို့ လွှတ်မြောက်စေခဲ့သည်ကို လေ့လာကြမည်။ အပြစ် တန်ခိုးမှ လွှတ်မြောက်ခြင်း၏ လျှို့ဝှက်ချက်ကို ကျွန်ုပ်တို့ လေ့လာကြမည်။

ပဌမဦးစွာ ကျွန်ုပ်တို့သည် မှောင်မိုက်နိုင်ငံထဲသို့ မည်ကဲ့သို့ရောက်ရှိခြင်းနှင့် အပြစ်တရားအောက် ကျရောက်ခဲ့ခြင်းကို လေ့လာ နားလည် ကြရမည်။ ထိုနောက် သခင်ယေရှုသည် ကျွန်ုပ်တို့ကို မည်ကဲ့သို့ ထိုအောက်မှ လွှတ်မြောက်စေသည်ကို လေ့လာ ကြမည်။


အပြစ်တရားသည် တယောက်သောသူ အာဒံ အားဖြင့် ဤလောကသို့ ဝင်လာခြင်း။

ပဌမဦးဆုံးသော အာဒံသည် အပြစ်မဲ့ ဖန်ဆင်းခြင်းခံရ၏။ သို့သော် သူသည် ဘုရားစကား နားမထောင်ခြင်းကြောင့် အပြစ်တရားသည် ဤလောကသို့ ဝင်လာခဲ့၏။ အပြစ်တရား၏ရလဒ်ကား သေခြင်းတရားဝင်လာ၏။ ကျမ်းစာက''...အပြစ်တရား သည် တယောက်သူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အ ပြစ်ရှိသောကြောင့် သေခြင်သို့ရောက်ရကြ၏။''ဟု ဆိုသည်။(ရော၊ ၅း၁၂)

အာဒံသည် ဘုရားသခင်ကို ဆန့်ကျင်ပြီ၊ စာတန် ဘက်နေခဲ့ခြင်းသည် ပဌမဆုံး ပုန်ကန်ခြင်း ဖြစ်သည်။ ထိုမှ အာဒံ သည် မှောင်မိုက်နိုင်ငံထဲသို့ ရောက်ရှိခဲ့ခြင်းနှင့် အပြစ်တရားအောက်သို့ ကျရောက်ခဲ့၏။ ဘုရားသခင်သည် အာဒံကို အုပ်စိုးရန် ဖန်ဆင်းခဲ့သော်လည်း ယင်းအစါး သူသည် အပြစ်နှင့်စာတန်၏ကျွန်ဘဝသို့ ကျရောက်ခဲ့၏။

အာဒံသည် လူသားအားလုံး၏ဦးစီးဦးခေါင်း(အဦးဆုံးသောလူ)ဖြစ်သောကြောင့် သူသည် လူသားမျိုးနွယ်အားလုံးကို မှောင်မိုက်နိုင်ငံထဲသို့ ရောက်ရှိစေခြင်းနှင့်အတူ အပြစ်တန်ခိုးအောက် ကျရောက်စေ၏။ လူသားအားလုံး အပြစ်တရား၏ကျွန် ဖြစ်လာ ရသည်။ ကျမ်းစာက ''...တယောက်သော သူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်...''ဟု ဆိုသည်။(ရော၊ ၅း၁၉)

ကျွန်ုပ်တို့၏အခြေအနေသည် အမြင်အားဖြင့် မြော်လင့်ခြင်းမဲ့လျက် ရှိသည်။ ကျွန်ုပ်တို့သည် ဘုရား၏အသက်မှ အဆက်ဖြတ်ခြင်း ခံရသည်။ ကျွန်ုပ်တို့သည် စာတန်၏အမှောင်နိုင်ငံထဲ၌ ရှိကြ၏။ ကျွန်ုပ်တို့သည် ဇာတိအားဖြင့် မွေးရာပါအပြစ် သားဖြစ်ခြင်းနှင့် အပြစ်တရား၏ကျွန် ဖြစ်ကြ၏။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူပြီ၊ ကျွန်ုပ်တို့ ကြောက်ဖွယ် ရာအခြေအနေမှ လွှတ်မြောက်ရန် ဘုရားသခင်သည် တစုံတခုကို ပြုခဲ့၏။ သူသည် ကျွန်ုပ်တို့ကို လွှတ်မြောက်ခြင်းအရှင် သခင်ယေရှုခရစ် ကို ပေးခဲ့သည်။


လွှတ်မြောက်ခြင်းအရှင်သည် ဘာပြုလုပ်ခဲ့ပါသနည်း။ သူသည် သင်ကို တစုံတခုသောအရာမှ လွှတ်ခြင်း ပေးခဲ့သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ကို မှောင်မိုက်နိုင်ငံမှ လွှတ်မြေက်ခြင်းရရန်နှင့်အပြစ်တန်ခိုးအောက်မှ လွှတ်ခြင်းခွင့်ကို ပေးရန် ကြွလာ ခဲ့သည်။ သခင်ယေရှုက '' ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။-အကြောင်းမူကား၊ ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကို ဘိသိက် ပေးတော်မူပြီ။ ကြေမွသော သူတို့၏ အနာကို ပျောက် စေခြင်းငှါ¤င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန် ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှဉ်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှါ¤င်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ¤င်း၊ ငါ့ကိုစေလွှတ်တော်မူပြီဟု လာသတည်း။''ဟု ဆိုသည်။(လု၊ ၄း၁၈-၁၉)


ကျွန်ုပ်တို့သည် ဤနေရာ၌ ခဏရပ်လျက် အလွန်အရေးကြီးသော မေးခွန်း နှစ်ခုကို စဉ်းစားကြရန် လိုသည်။

(၁) ကျွန်ုပ်တို့ အာဒံမျိုး အပြစ်သားဘဝသို့ မည်ကဲ့သို့ ရောက်ရှိခဲ့ပါသနည်း။ မွေးဘွားခြင်းဖြင့် ကျွန်ုပ်တို့ ရောက်ရ ကြသည်။ လူသားမျိုးနွယ် ဖြစ်လာရန် နည်းလမ်းတခုတည်းသာရှိသည်။ ထိုလမ်းသည် မွေးဘွားခြင်းအားဖြင့် ဖြစ်သည်။

(၂) ကျွန်ုပ်တို့သည် အာဒံမျိုး မိသားစုမှ မည်ကဲ့သို့ ပြန်လည်ထွက်မြောက်ကြမည်နည်း။ ကျွန်ုပ်တို့သည် သေခြင်း ဖြင့်သာ ထွက်မြောက်ရသည်။ ကျွန်ုပ်တို့သည် မွေးခြင်းဖြင့် ဝင်လာပြီး၊ သေခြင်းအားဖြင့် ထွက်ခွါရသည်။

ကျွန်ုပ်တို့ကို လွှတ်ခြင်းကိုပေးရန် အစီအစဉ်မှာ သခင်ယေရှုသည် လူသား တစ်ဦးအဖြစ် ခံယူခဲ့၏။ ကျမ်းစာက''ထိုသူ ငယ်တို့သည် အသွေးအသားနှင့်ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကို အစိုး ရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကိုကြောက်၍ တသက်လုံး ကျွန်ခံရသော သူတို့ကို ကယ်တင်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့နည်းတူ အသွေးအသားကိုဆောင်ယူတော်မူ၏။''ဟု ဆိုသည်။(ဟေဗြဲ၊ ၂း၁၄-၁၅)


သခင်ယေရှုသည် လူသားတစ်ဦးအဖြစ် ဤလောက၌ အသက်ရှင်နေထိုင်ခဲ့ပါသည်။
သို့သော် သူသည် ကျွန်ုပ်တို့ကဲ့သို့ အပြစ်ဗီဇ မရှိပါ။ သူကိုယ်တိုင်သည် အပြစ်တန်ခိုးအောက်၌ ဘယ်သောအခါမျှ မရှိခဲ့ပါ။ သို့သော် သခင်ယေရှုသည် ကျွန်ုပ်တို့ကို မှောင်မိုက်နိုင်ငံနှင့် အပြစ်တန်ခိုးအောက်မှ လွှတ်မြောက်ခြင်း ပေးရန် ကြွလာခဲ့ခြင်း ဖြစ်သည်။


မှောင်မိုက်နိုင်ငံ၌ ကျွန်ုပ်တို့ကိုယ်စား သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ် အသေခံခဲ့၏။ လက်ဝါးကပ်တိုင်ပေါ် ကျွန်ုပ် တို့၏အပြစ်များကို သူ၏အပေါ်၌ တင်တော်မူ၏။ ကျမ်းစာက''အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်း စင်သော သူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့် ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့်အကြောင်းတည်း။''ဟု ဆိုသည်။ (၂ကော၊ ၅း၂၁)

ကျွန်ုပ်တို့၏အပြစ်များကို သခင်ယေရှုအပေါ် တင်တော်မူခဲ့ပြီး ဘာဖြစ်ခဲ့ပါသနည်း။ ထိုအပြစ်အတွက် သူသည် အသေ ခံတော်မူ၏။ ကျမ်းစာက ''ခရစ်တော် ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံတော်မူ၏''ဟု ဆိုသည်။

ယေရှု အသေခံပြီး၊ ဘာဖြစ်ခဲ့ပါသနည်း။ ယေရှု အသေခံပြီး၊ သူသည် အပြစ်တရားအုပ်စိုးသော မှောင်မိုက်နိုင်ငံထဲမှ ထွက်မြောက်ခဲ့၏။ ကျမ်းစာက ''ခရစ်တော်သည် အသေခံတော်မူရာမှာ၊အပြစ်ကြောင့် တကြိမ်သာခံတော်မူ၏''ဟုဆို၏။(ရော၊၆း၁ဝ)

ယေရှု အသေခံခြင်းသာ မဟုတ်ပါ၊ သူသည် သင်္ဂြိုဟ်ခြင်းနှင့် သူသည် သုံးရက်နေ့တွင် တဖန်ထမြောက်ခဲ့၏။ သူသည် နိုင်ငံတော်အသစ် ဖြစ်သော အလင်းနိုင်ငံတော်၌ ထမြောက်ခဲ့သည်။ သူသည် မျိုးနွယ်သစ်၏ဦးခေါင်း ဖြစ်သော ဘုရားသခင်၏ သားသမီးများ၏ ဦးခေါင်းဖြစ်ရန် ထမြောက် ခဲ့၏။ သူ၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် မှောင်မိုက်နိုင်ငံမှ ထွက် မြောက်လျက် အလင်းနိုင်ငံထဲသို့ ရောက်ရှိခဲ့၏။ ဤနိုင်ငံတော်ကို ''ဘုရားသခင်၏ချစ်တော်မူသော သားတော်၏ နိုင်ငံတော်'' ဟု ခေါ်ပါသည်။ သခင်ယေရှုသည် ဤနိုင်ငံတော်ကို အုပ်စိုးတော်မူသောကြောင့် ဖြစ်သည်။

ခရစ်တော်သည် သူနှင့်အတူ ကျွန်ုပ်တို့ကို ထုတ်ဆောင်တော်မူ၏။

ယခု ကျွန်ုပ်တို့သည် သမ္မာကျမ်းစာတအုပ်လုံး၌ ရှိသော အံ့ဘွယ်အကောင်းဆုံးဖြစ်သော သစ္စာတရားများမှ တခုကို နား လည်ရန် ရောက်လာရပြီ။ ခရစ်တော်သည် မှောင်မိုက်နိုင်ငံမှ ထွက်မြောက်လျက် အလင်းနိုင်ငံတော်ထဲသို့ ရောက်ရှိခဲ့စဉ် သူသည် ကျွန်ုပ်တို့ကို သူနှင့်အတူ ထုတ်ဆောင်ခဲ့၏။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့သည် သူနှင့် အတူ ရှိသောကြောင့်ဖြစ်သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ တည်နေတော်မူ၏။

ဘုရားသခင်သည် ခရစ်တော်၌ ကျွန်ုပ်တို့ကို ဘယ်နေရာမှာ ထားတော်မူသနည်း။ လက်ဝါးကားတိုင်ပေါ် ခရစ်တော်၌ ကျွန်ုပ်တို့ကို ထားရှိ(တည်) တော်မူသည်။ ယေရှု လက်ဝါးကပ်တိုင်ပေါ် ရိုက်ထားခြင်း ခံရစဉ် ကျွန်ုပ်တို့သည်လည်း သူနှင့်အတူ ရိုက်ထားခြင်းကို ခံရ၏။ သူ သေစဉ် ကျွန်ုပ်တို့လည်း သူနှင့်အတူ သေခဲ့၏။ ''ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အ သေခံပြီ။...''(ဂလာ၊ ၂း၂ဝ)။

ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သေခဲ့ပြီ ဟူသော အကြောင်းအရာသည် ဤကား မဟာအမှန်တရား တခု ဖြစ်သည်။ ၄င်းသည် ယုံကြည်သူ အားလုံးအတွက် သစ္စာတရား ဖြစ်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံခြင်းသာ မဟုတ်ပါ၊ သို့သော် ကျွန်ုပ်တို့သည်လည်း သူနှင့်အတူ သေတော်မူခဲ့၏။

ခရစ်တော်နှင့်အတူ ကျွန်ုပ်တို့သေခဲ့ပြီး၊ ဘာ ဖြစ်ပါသနည်း။ ကျွန်ုပ်တို့သည် အပြစ်တရားအုပ်စိုးသော မှောင်မိုက်နိုင်ငံမှ ထွက်မြောက်ခဲ့၏။ ခရစ်တော်နှင့်အတူ သေခြင်းသာမက၊ သူနှင့်အတူ မြုတ်နှံခြင်းနှင့် သူနှင့်အတူ တဖန် ထမြောက်ခဲ့ပြီ။ ကျမ်းစာ ၌ ဘုရားသခင်က ''ငါတို့ကို ခရစ်တော်နှင့် အတူ အသက်ရှင်စေရန် ပြုတော်မူ၏''ဟု ဆိုသည်။

ခရစ်တော်နှင့်အတူ ကျွန်ုပ် ထမြောက်ပြီး ဘာဖြစ်လာပါသနည်း။ ဘုရားသခင်၏ ချစ်တော်မူသော သားတော်၏နိုင်ငံ တော်ဖြစ်သော နိုင်ငံတော်သစ်၌ ကျွန်ုပ်တို့ကို ထမြောက်စေ၏။ ခရစ်တော်နှင့်အတူ အကျွန်ုပ် သေခြင်း၊ မြုတ်နှံခြင်းနှင့် ရှင်ပြန်ထ မြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို မှောင်မိုက်နိုင်ငံမှ လွှတ်မြောက်စေခဲ့ပြီး၊ ဘုရားသခင်၏ချစ်တော်မူသော သားတော်၏နိုင်ငံတော် ၌ နေရာ ပေးတော်မူ၏။ ကျမ်းစာက ''အလင်း၌နေသော သန့်ရှင်းသူတို့၏အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည့် အကြောင်း ကျေးဇူးပြုတော်မူ၏။-မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူ သော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။''ဟု ဆိုသည်။(ကော၊ ၁း၁၂-၁၃)


ဤအရာများက ကျွန်ုပ်တို့အတွက် မည်သည့် အဓိပ္ပါယ် ဖြစ်ပါသနည်း။

၎င်း၏အဓိပ္ပါယ်မှာ ခရစ်တော်၌ရှိသောကြောင့် ကျွန်ုပ်တို့သည် အပြစ်တရား၏အုပ်စိုးခြင်း(အခွင့် အာဏာ)မှ လွှတ်ခြင်း ခံရပြီ။ ကျွန်ုပ်တို့သည် မှောင်မိုက်နိုင်ငံ၌ရှိစဉ် အပြစ်တရားသည် ကျွန်ုပ်တို့ကို အမိန့်ပေးနိုင်ပြီး၊ ကျွန်ုပ်တို့သည် နာခံရသည်။ သို့ သော် ယခု အပြစ်တရားအုပ်စိုးသောနိုင်ငံမှ ကျွန်ုပ်တို့ လွှတ်မြောက်ခြင်းကို ရခဲ့ပြီ။

ကျွန်ုပ်တို့ မည်ကဲ့သို့ လွှတ်ခြင်း ရခဲ့ပါသနည်း။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သေခြင်းဖြင့် လွှတ်ခြင်း ရခဲ့သည်။

ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်းကို ခံခဲ့၏။ သူသေစဉ် ကျွန်ုပ်တို့လည်း သေ၏။ သူတဖန် ထမြောက်စဉ် ကျွန်ုပ်တို့ လည်း သူနှင့်အတူ ထမြောက်ခဲ့၏။ အပြစ်တရားအုပ်စိုးသောနိုင်ငံ၌ ကျွန်ုပ်တို့ လုံးဝ မရှိတော့ပါ။ စာတန်သည် ခရစ်ယာန်များ ဤမဟာ သစ္စာတရား ဖြစ်သော ယုံကြည်သူများသည် သူ၏မှောင်မိုက်နိုင်ငံမှ လွှတ်မြောက်ခဲ့ပြီး ကြောင်းကို နားလည်ရန် သင်ယူခြင်းကို သူသည် ဆီးတားလျက် ရှိသည်။ သို့သော် ကျွန်ုပ်တို့သည် ဤလျှို့ဝှက်ချက်ကို လေ့လာ ခဲ့ရပြီ။

စာတန်အပေါ် အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်ကား အဘယ်နည်း။ လျှို့ဝှက်ချက်သည် ''ခရစ်တော်၌ ကျွန်ုပ်တို့သည် အပြစ် တရား၌ သေခဲ့ပြီ'' ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်တရား အုပ်စိုးသော နိုင်ငံတော်၌ မရှိတော့ပါ။ အပြစ်တရားသည် ကျွန်ုပ်တို့ အပေါ် အုပ်စိုးခွင့် မရှိတော့ပါ။ ခရစ်တော်သည် ကျွန်ုပ်တို့၏ သခင်အသစ် ဖြစ်တော်မူသည်။ အပြစ်နှင့်မဆိုင်တော့၍ ကျွန်ုပ်တို့ သည် အပြစ်ကို ဆက်လက်ပြုလုပ် သင့်ပါသလား။ အမှန်ပင် မပြုလုပ်ရပါ။ တမန်တော်ပေါလုက ''အပြစ်တရားမှ စုတေသော သူတို့သည် ထိုတရား၌ အဘယ်သို့ရှင်ရဦးမည်နည်း။''ဟု ဆို၏။(ရော၊ ၆း၂)

ဤအရာသည် ကျွန်ုပ်တို့ အပြစ် မပြုလုပ်နိုင်တော့ပါ ဟု ဆိုလိုပါသလား။ ထိုသို့ ဆိုလိုခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ သည် ဤလောကအသက်တာ၌ ရှိနေသမျှ အပြစ်ကို ပြုလုပ်နိုင်ပါသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ အပြစ်ကို မပြု လုပ်ရန် ဖြစ်နိုင်ခြင်းကို ပြုလုပ်ပေးခဲ့ပြီ။ ယခု ကျွန်ုပ်တို့သည် အပြစ်တရား အုပ်စိုးမှု အာဏာအောက်၌ မရှိတော့ပါ။ ကျွန်ုပ်တို့ အပေါ် ထိုအပြစ်တရား အုပ်စိုးခြင်းကို ငြင်းပယ်နိုင်သည်။ ကျွန်ုပ်တို့သည် အပြစ်ကို ပြုနိုင်သည်၊ သို့သော် ကျွန်ုပ်တို့ အပြစ်ကို မပြုလုပ်ရပါ။

ကျွန်ုပ်တို့သည် မှောင်မိုက်နိုင်ငံထဲ၌ ရှိခဲ့စဉ် အပြစ်တရားသည် ကျွန်ုပ်၏ သခင်ဖြစ်ပြီ၊ ကျွန်ုပ်တို့သည် ၄င်းကို နာခံရ သည်။ ယခု ကျွန်ုပ်သည် ဘုရားသခင့် သားတော်၏နိုင်ငံတော်ထဲ၌ ရှိသည်။ အပြစ်တရားသည် ကျွန်ုပ်၏သခင် လုံးဝ မဟုတ် တော့ပါ။ ဤသည်မှာ ကျွန်ုပ်သည် အပြစ်၏ သွေး ဆောင်ခြင်း ကို ဘယ်သောအခါမျှ မခံရတော့ပါ ဟု ဆိုလိုပါသလား။ မဆိုလိုပါ။ အမှန်မှာ ကျွန်ုပ်သည် သန့်ရှင်းသောအသက်တာ၌ အသက်ရှင်ရန် အမှန် အလိုရှိသော် ယခင် အစဉ်ထက် သာ၍စုံစမ်းခြင်းကို ခံရပေလိမ့်မည်။ သို့သော် ကျွန်ုပ်တို့အပေါ် အပြစ်တန်ခိုးသည် ကျိုးပျက်ခဲ့ပြီ။ အပြစ်သည် ကျွန်ုပ်ကို စုံစမ်းနှောင့်ရှက်နိုင်သော် လည်း ၄င်း သည် အကျွန်ုပ် သူ့ကို နာခံရန် မပြုလုပ်နိုင်ပါ။ သူ့တန်ခိုးမှ ကျွန်ုပ်၏လွှတ်မြောက်ခြင်းကို ကျွန်ုပ် ကြေညာ နိုင်ပါ သည်။ ကျမ်းစာက ''အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ...''ဟုဆို၏။

အပြစ်တန်ခိုးမှ ကျွန်ုပ်၏လွှတ်မြောက်ခဲ့ခြင်းကို မည်ကဲ့သို ကျွန်ုပ် ကြေညာမည်နည်း။ ပဌမ၊ ခရစ်တော်၌ သင်သည် အပြစ်တရား၌ သေခဲ့ပြီ ဟူသော သစ္စာသမ္မာတရားကို သင် သိမှတ်ထားရမည်။ ဒုတိယ၊ သင်သည် အပြစ်ကို မပြုလုပ်ရန် ရွေးချယ်ပါ။


(၁) ခရစ်တော်၌ သင်သည် အပြစ်တရား၌ သေခဲ့ပြီ ဟူသော သစ္စာသမ္မာတရားကို သိမှတ် ယုံကြည်ပါ။
ကျမ်းစာက''ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့်ဆိုင်သောအရာကား၊ အသေဖြစ်သည်ဟူ၍၄င်း၊ ဘုရားသခင်နှင့်ဆိုင်သောအရာကား၊ ငါတို့ သခင် ယေရှုခရစ်အားဖြင့် အသက်ရှင်သည် ဟူ၍၄င်း၊ ကိုယ်ကိုကိုယ် ထင်မှတ် ကြလော့။''ဟုဆို၏။(ရော၊ ၆း၁၁)

''ထင်မှတ်''ဟူသော စာလုံးသည် ''သိမှတ် ယုံကြည်ပါ''ဟု ဆိုလိုသည်။ ဘုရားသခင်က ကျွန်ုပ်အား ပြောဆိုသည်မှာ၊ ခရစ်တော်၌ အပြစ်တရား အတွက် ကျွန်ုပ်သေခဲ့ပြီ။ ဤကား ခရစ်တော်၌ ကျွန်ုပ်၏ ရပ်တည်ချက်ဖြစ်ပြီး၊ ဤအတိုင်း ကျွန်ုပ် သိမှတ် ယုံကြည်ရမည်။ သတိယရန်မှာ၊ ကျွန်ုပ်၏ရပ်တည်ချက်၌ ယုံကြည်ခြင်းရှိပါ၊ ထိုအတိုင်း ကျွန်ုပ်၏အသက်တာထဲ၌ အမှန် ဖြစ်ကြောင်း ပြုလုပ်ပါ။


(၂) အပြစ်ကို မပြုလုပ်ရန် ရွေးချယ်ပါ။ ကျမ်းစာက ''ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏တတ်မက်ခြင်းအလိုသို့ လိုက်ရသည့်တိုင်အောင်၊ အပြစ်တရားသည် ကိုယ်ခန္ဓာ၌အစိုးမရစေနှင့်။''ဟု ဆို၏။(ရော၊ ၆း၁၂) ဤကျမ်းချက်က ဘာကို ဆိုလို ပါသနည်း။ ၄င်းဆိုလိုသည်မှာ၊ ''အပြစ်တရားသည် သင့်အား အုပ်စိုးခြင်းကို အခွင့်မပေးပါနှင့်'' ဟု ဖြစ်သည်။ အဘယ်ကြောင့် နည်း။ သင်သည် အပြစ်နှင့်ဆိုင်သောအရာ၌ သေခဲ့ပြီး ဖြစ်သည်။

သင်သည် တစုံတခုသော အပြစ်အားဖြင့် တကြိမ်ပြီးတကြိမ် ကျရှုံးနေပါသလား။ သင်သည် အပြစ်တန်ခိုးမှ လွှတ်မြောက် ခဲ့ပြီးကြောင်း အဘယ်ကြောင့် မကြေညာပါသနည်း။ သင်သည် ဤကဲ့သို့သော အပြစ်အားဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရလျှင် သင်ပြောဆိုရန်မှာ'' ငါသည် သင့်၌ အလျှော့ပေးခြင်းကို မပြုလုပ်ပါ။ ငါသည် ခရစ်တော်နှင့်အတူ သေခဲ့သောနေရာ၌ သင်နှင့်ဆိုင်သောအရာ၌လည်း ငါ သေခဲ့ပြီ။ သင်သည် ငါ့ကို မအုပ်စိုးရပါ။''ဟူ၍ ဖြစ်သည်။

ထိုနောက် ဘုရားသခင်ထံသို့လှည့်၍ ''အဘ ဘုရားသခင် ကိုယ်တော်၏နှုတ်ကပတ်တော်၌ အပြစ်တရားသည် ကျွန်ုပ် အပေါ်၌ မအုပ်စိုးရပါဟု ဆိုထားပါသည်။ ထာဝရဘုရား ကျွန်ုပ်၌ ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း ပြည့်စုံစေတော်မူပြီး၊ ဤအပြစ်၏တန်ခိုးမှ အကျွန်ုပ်ကို လွှတ်ခြင်းငှါ မစတော်မူပါ။'' ဘုရားသခင်သည် ဤအမှုကိုပြုရန် သစ္စာနှင့်ပြည့်စုံတော်မူ၏။

သတိယ သိထားရန်မှာ၊ စုံစမ်းနှောင့်ရှက်ခြင်းသည် အပြစ်မဟုတ်ပါ။ သခင်ယေရှုသည် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရ ၏။ သို့သော် သူသည် ဘယ်သောအခါမျှ အပြစ်ကို မပြုလုပ်ပါ။ သင်သည်လည်း စုံစမ်းနှောင့်ရှက်ခြင်းကို ခံရလိမ့်မည်။ သို့သော် သင်သည် စုံစမ်းနှောင့်ရှက်ခြင်းကို ''မပြုလုပ်ပါ''ဟု သင် ပြောနိုင်ပါသည်။ သင်သည် အပြစ်တန်ခိုးမှ လွှတ်မြောက်ပြီးကြောင်းကို သင် ကြွေးကြော်နိုင်ပါသည်။ သင်သည် ဘုရားသခင်၏ အံ့ဘွယ် ကတိတော်ဖြစ်သော ''အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ'' ဟူသော ကတိတော်ကို ကြေညာနိုင်ပါသည်။

ဤသင်ခန်းစာကို အကြိမ်များစွာ ဖတ်ပြီးယင်း ဖတ်ပါ။ ၄င်းကို သေချာစွာ လေ့လာပါ။ သင်၌ ဤမဟာ သစ္စာ အမှန် တရားကို ဘုရားသခင် ဖေါ်ပြပေးရန် ဆုတောင်းပါ။

ရှာဖွေတွေ့ရှိသော ရတနာ

ခရစ်တော်သည် ကျွန်ုပ်အဘို့ အသေခံတော်မူပြီ၊ ကျွန်ုပ်သည်လည်း သူနှင့်အတူသေခဲ့ပြီ။ ခရစ်တော်နှင့်အတူ ကျွန်ုပ် သေခဲ့ခြင်းအားဖြင့် ကျွန်ုပ်သည် အပြစ်တန်ခိုးမှ လွှတ်မြောက်ခြင်းကို ရခဲ့ပြီ။


ဆုတောင်းချက်။ ''အဖ ဘုရားသခင် အကျွန်ုပ်သည် ခရစ်တော်နှင့်အတူ သေခြင်းနှင့် အပြစ်တရားနှင့်ဆိုင်သောအရာ၌ လည်း သေခဲ့ပြီးကြောင်းကို နေ့စဉ် သတိယ နေစေရန် ကျွန်ုပ်အား မစတော်မူပါ။ ဤ သစ္စာတရားကို သိမှတ်ယုံကြည်ပြီး အပြစ် ကို ငြင်းပယ်ခြင်းဖြင့် ကိုယ်တော်ကို ဆန့်ကျင်သော ထိုအပြစ်ကို မပြုလုပ်ရန် မစတော်မူပါ။ ယေရှု၏နာမတော်၌ အကျွန်ုပ် ဆုတောင်း ပါသည်။'' အာမင်


မေးခွန်းများ


၁။ မိမိတို့အပြစ်များကို ဘုရားသခင်ထံဝန်ချဖေါ်ပြတောင်းပန်ခြင်းနှင့်အတူ ခရစ်ယာန်များအပြစ်ထဲ၌ ဆက်လက်ရှိနေခြင်းအခွင့်ရှိသည်မှာ မှန်ပါသလား။

(က) မှန် (ခ ) မှား


၂။ ကွက်လပ်ဖြည့်ရန် အဖြေမှန်ကို ရွေးပါ။ အာဒံသည် ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်ခြင်း၌ သူသည် ……ဘက်၌အတူနေခဲ့သည်။ အာဒံသည် အားလုံးသော လူသား မိသားစု၏ဦးစီးဦးခေါင်းဖြစ်ပြီး သူသည်လူသားမျိုးနွယ်အားလုံးကို………..သို့ရောက်စေသည်။

(က) စာတန်။ မှောင်မိုက်နိုင်ငံအတွင်း။

(ခ ) ဧ၀။ ဧဒင်ဥယျာဉ်အပြင်။


၃။ လွှတ်မြောက်စေသောသူသည် ဘာပြုလုပ်ခဲ့ရပါသနည်း။ သူသည်…………။

(က) သင်ကို ပါဆယ်တထုပ်ပေးသည်။

(ခ ) တစုံတရာမှ သင့်ကို လွှတ်ခြင်းကို ပြုလုပ်ပေးသည်။


၎။ သခင်ယေရှုသည် ကျွန်ုပ်တို့ကို အမှောင်နိုင်ငံမှလွှတ်ခြင်းရရန် လာခဲ့ပြီး ကျွန်ုပ်တို့ကို……မှ လွှတ်မြောက်စေသည်။

(က) အပြစ်တန်ခိုး။

(ခ ) နေရက်အစဉ် အလုပ်လုပ်နေခြင်း။


၅။ အာဒံ မိသားစုထဲသို့ ကျွန်ုပ်တို့ မည်သို့ ရောက်လာခဲ့ရပါသနည်း။ ……..။အာဒံမိသားစုမှ မည်ကဲ့သို့ ပြန်ထွက်ရမည်နည်း။………….။

(က) ဧဒင်ဥယျာဉ်ထဲ၌။ အပြစ်ပြုခြင်းဖြင့်။

(ခ ) မွေးခြင်းဖြင့်။ သေခြင်းဖြင့်။


၆။ ယေရှုသည် သေခြင်းဖြင့် သူသည်……….ထွက်မြောက်ပြီ၊ သူသည်………….နိုင်ငံ၌ ထမြောက်ခဲ့သည်။

(က) ကမ္ဘာမှ။ ကောင်းကင်ဘုံဟုခေါ်သော။

(ခ ) မှောင်မိုက်နိုင်ငံမှ။ အလင်း။


၇။ ဘယ်နေရာ၌ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌တည်စေသနည်း။……….။ သူသည်လက်ဝါးကပ်တိုင် အသေသတ်ခြင်းခံစဉ်……………။

(က) လက်ဝါးကပ်တိုင်ပေါ်၌။ ကျွန်ုပ်တို့သည် သူနှင့်အတူ အသေသတ်ခြင်းခံရသည်။

(ခ ) ဧဒင်ဥယျာဉ်ထဲ၌။ ကျွန်ုပ်တို့သေခဲ့သည်။


၈။ အပြစ်အပေါ်အောင်မြင်ခြင်း၏လျှို့ဝှက်ချက်မှာ၊

(က) အမှားတခုမျှ မပြုလုပ်ပါနှင့်။

(ခ ) အပြစ်တရားနှင့်ပတ်သက်၍ ခရစ်တော်၌ ကျွန်ုပ် သေခဲ့ပြီ။


၉။ ဤသို့ ဖြစ်လျှင် ကျွန်ုပ် အပြစ်မပြုနိုင်တော့ခြင်း ကို ဆိုလိုပါသလား။

(က) မှန် (ခ ) မှား


၁၀။ အပြစ်တန်ခိုးမှ ကျွန်ုပ်တို့၏လွှတ်မြောက်ခြင်းကို ကြေညာရန်၊ (၁) ကျွန်ုပ်……..နှင့် (၂) ကျွန်ုပ်……….။

(က) အမှန်တရားအပေါ် သိမှတ်ယုံကြည်ရမည်။ အပြစ်ကိုမပြုရန် ရွေးချယ်ရမည်။

(ခ ) စာအုပ်များစွာဖတ်ကိုဖတ်ရမည်။ မိမိကိုယ်ကို အားကိုးရပ်တည်ရန်။



Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support