HCF

HCF MYANMAR IN SINGAPORE

Friday, September 10, 2010

အသစ်သောဆက်ွိံယ်တော်စပ်ခြင်း


A New Relationship

New Life in Christ Course III

Lesson 9

ဖတ်ရန်ကျမ်းချက်။ ယော၊ ၁၅း၁-၅။


သော့ချက်ကျမ်းပိုဒ်။

''ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည်ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။ ထို သူသည် များစွာသော အသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင်သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ။'' (ယော၊ ၁၅း၅)

ယခင် သင်ခန်းစာ၌ ကျွန်ုပ်တို့သည် ခရစ်တော်၌ရှိခြင်း ဆိုင်ရာ အံ့ဘွယ်သစ္စာတရားတခုကို လေ့လာခဲ့ရသည်။ ကျွန်ုပ်တို့သည် အာဒံထဲ၌ မရှိတော့ပါ၊ သို့သော် ခရစ်တော်၌ ရှိပြီး ဖြစ်သည်။ ခရစ်တော်၌ ရှိခြင်းကြောင့် ဘုရားသခင့်ရှေ့မှောက် ကျွန်ုပ်တို့သည် ရပ်တည် ချက်(အဆင့်အတန်း) အသစ်၌ ရှိနေပြီး ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ စုံလင် လျက်ရှိသည်ကို မြင်တော်မူ သည်။

ဤသင်ခန်းစာ၌ ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းကို ခံရပြီးနောက် ကျွန်ုပ်တို့၌ဖြစ်လာခဲ့သော အကြောင်းအရာများကို သာ၍ လေ့ လာကြမည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့ ရပ်တည်ချက်(အဆင့်အတန်း)အသစ် ရရှိခြင်းမျှသာမက သခင်ယေရှု ခရစ်တော် နှင့်အတူ ဆက်နွယ်တော်စပ်မှု အသစ် လည်း ရရှိခဲ့ပြီး ဖြစ်သည်။ ဤဆက်နွယ်တော်စပ်မှုအသစ်ကို စာကြောင်းတို ဝါကျ နှစ်ကြောင်းဖြင့် ဖေါ်ပြနိုင်ပါ သည်။


၁။ ကျွန်ုပ်သည် ခရစ်တော်၌ ရှိသည်။

၂။ ခရစ်တော်သည် ကျွန်ုပ်၌ ရှိသည်။


ခရစ်တော်ကိုယ်တိုင်နှင့် ယုံကြည်သူများအကြား အသစ်သော ဆက်နွယ်တော်စပ်ခြင်းကို ကျွန်ုပ်တို့နားလည်ရန်အတွက် အထောက်အကူ ဖြစ်စေရန် သခင်ယေရှုသည် သဘာဝတရားမှ ရှင်းလင်းသော သရုပ်ဖေါ်ပုံကို အသုံးပြုခဲ့သည်။ သူက'' ငါသည် စပျစ်နွယ်ပင် ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏။''ဟု ဆိုသည်။ သခင်ယေရှုသည် စပျစ်နွယ်ပင် ဖြစ်ပြီ၊ ယုံကြည်သူများသည် အခက်များ ဖြစ်ကြ သည်။ ထို့ကြောင့် ဤသင်ခန်းစာ၌ စပျစ်ပင်ဟု ဖေါ်ပြသော် သခင်ယေရှုကို ရည်ညွှန်းကြောင်းနှင့် အခက်များဟု ဖေါ်ပြသော် ကျွန်ုပ်တို့ ကိုယ်ကို ဆိုလိုကြောင်း ကျွန်ုပ်တို့ ယူဆကြမည်။


စပျစ်နွယ်ပင်နှင့်အခက်များသည် တပင်တည်း ဖြစ်သည်


ကျွန်ုပ်တို့ စပျစ်နွယ်ပင်နှင့် အခက်များကို ကြည့်သောအခါ ယင်းတို့သည် အပင်တပင်တည်းဖြစ်ကြောင်း မြင်ရသည်။ ယင်းတို့ သည် အသက်ရေ တခုတည်းကို ဝေမျှခံစားသည်။ တူညီသော အသက်ရေသည် စပျစ်နွယ်ပင်၌ စီးဆင်းသလို အခက်များ ၌လည်း စီးဆင်း သည်။ ဤအရာက ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တလုံးတဝတည်းဖြစ်ကြောင်း သင်တော်မူသည်။ ကျမ်းစာက ''ထိုဘုရားသခင် အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။'' သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ကျွန်ုပ် လက်ခံစဉ် တခဏတွင်း ကျွန်ုပ်တို့သည် သူနှင့် ဆက်ခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်သည် သူ၏အစိတ်အပိုင်း တခုအဖြစ် ပြုလုပ်ခြင်း ခံခဲ့ရပြီ။ အခက်များသည် စပျစ်ပင်နှင့် ဆက်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း သခင်ယေရှုနှင့် ဆက်ခဲ့ကြပြီ။ ကျွန်ုပ်တို့သည် သူနှင့် တလုံး တဝတည်း ဖြစ်ကြသည်။


အခက်သည် စပျစ်နွယ်ပင်၌ရှိသည်


စပျစ်နွယ်ပင်နှင့် ၄င်း၏အခက်များအကြောင်း ထိုထက် သာ၌ကြည့်ရှုသော် ကျွန်ုပ်တို့ အခြားသောအရာများကို မြင်ရ ပါသည်။ အခက်သည် စပျစ်နွယ်ပင်ထဲ၌ ရှိသည်ကို ကျွန်ုပ်တို့မြင်ရသည်။ ဤအရာက ကျွန်ုပ်တို့သည် ခရစ်တော်ထဲ၌ ရှိကြောင်းကို သင်တော်မူသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ထဲ၌ရှိကြောင်း မဟာသစ္စာတရားကို လေ့လာခဲ့ရပြီ။ သို့သော် ယခု ကျွန်ုပ်တို့သည် ခရစ်တော်၌ အသက်ရှင်သော ပေါင်းစည်းခြင်း၌ သူနှင့် ကျွန်ုပ်တို့ တလုံးတဝတည်းဖြစ်ကြောင်း နားလည်ရသည်။ အခက်သည် အသက်ရှင်သောစပျစ်နွယ်ပင်နှင့် ဆက်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း အသက်ရှင်တော်မူသော ယေရှုခရစ်နှင့် ဆက်ခဲ့ကြရသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိတော်မူသည်။

ကျွန်ုပ်တို့သည် ခရစ်တော်၌ အစဉ်မရှိခဲ့ကြပါ။ ဘုရားသခင်၏သား မဖြစ်ခင်က ကျွန်ုပ်တို့သည် အာဒံ၌ရှိတော်မူသည်။ သူနှင့် ဆက်ခဲ့ကြသည်။ သူ၏အသက်ကို ဝေမျှခံစားရပြီး သူ၏ဇာတိပကတိသဘောသည် ကျွန်ုပ်တို့၌ ရှိတော်မူ၏။

ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ ရောက်ပြီးနောက် ဘယ်အရာများ ဖြစ်လာခဲ့ပါသနည်း။ ဘုရားသခင်သည် ကျွန်ုပ် တို့ကို အာဒံထဲမှ ထုတ်ပြီး ခရစ်တော်ထဲသို့ ကိုင်းဆက် တော်မူသည်။

အခက်တခု ကိုင်းဆက်ခြင်းဆိုသည်မှာ ၄င်းကို စပျစ်ပင်တပင်မှ အခက်ကို ဖြတ်ထုတ်ပြီး အခြားစပျစ်တပင်တွင် ကိုင်း ဆက်ခြင်း ဖြစ်သည်။ စပျစ်ပင်အိုမှ ပဌမ အခက်ကို ဖြတ်သည်။ ထိုနောက် ဖြတ်သောအခက်ကို စပျစ်ပင်အသစ်တွင် ဆက်မည့် နေရာ ခုတ်ထစ်ထားသောနေရာတွင် ထည့်သွင်းလျက် သေချာစွာပတ်စည်းထားခြင်း ဖြစ်သည်။ မကြာခင်အတွင်း စပျစ်ပင်သစ်၏ အသက်ရေသည် ၄င်းအခက်ထဲသို့ စတင်စီးသွားသည်။ အခက်သည် စပျစ်ပင်သစ်တွင် အသက်ရှင်ပေါင်းစည်းခြင်း၌ ဆက်သွား လေသည်။

ယခု ကျွန်ုပ်တို့၌ ဘုရားသခင် ပြုတော်မူသော အံ့ဘွယ်သောအမှုကို ကျွန်ုပ်တို့ နားလည်နိုင်ပြီ။ ကျွန်ုပ်တို့ ဒုတိယမွေး ခြင်း ခံရစဉ် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အာဒံမှနှုတ်ယူပြီး ခရစ်တော်၌ ကိုင်းကူး ဆက်တော်မူ၏။ ကျမ်းစာက ''ထိုဘုရား သခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏''ဟုဆိုသည်။ (၁ကော၊ ၁း၃ဝ)

ယခု ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်နှင့် အသက်ရှင်သော ပေါင်းစည်းခြင်း၌ ဆက်ခဲ့ကြပြီ။ သူသည် စပျစ်ပင်သစ်ဖြစ် ပြီ၊ ကျွန်ုပ်တို့သည် အသက်ရှင်သော အခက်များ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သူ၏အသက်ကို ခံစားရပြီ၊ သူ၏ဝိညာဉ်ပကတိ သဘောသည် ကျွန်ုပ်တို့၌ ရှိတော်မူသည်။ ကျမ်းစာက ''...ဘုရားပကတိကိုဆက်ဆံရသောသူ ဖြစ်မည့်အကြောင်းတည်း''ဟု ဆိုသည်။ (၂ပေ၊ ၁း၎)


စပျစ်ပင်သည် အခက်၌ရှိခြင်း


အခက်သည် စပျစ်ပင်၌သာရှိနေခြင်း မဟုတ်ပါ။ စပျစ်ပင်သည်လည်း အခက်၌ရှိသည်။ အခက်သည် စပျစ်ပင်၌ ကိုင်းဆက်ပြီး နောက် စပျစ်ပင်ရှိ မှန်သောအသက်ရေသည် ၄င်းအခက်သို့ စတင်စီးဆင်းတော်မူသည်။ ဤသို့ဖြင့် အခက်ကို အသက်ရှင်စေပြီး၊ အသီးကို သီးစေပါသည်။

ဤအကြောင်းအရာက ကျွန်ုပ်တို့ကို သင်သည်မှာ ခရစ်တော်သည် ကျွန်ုပ်တို့၌ ရှိတော်မူသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိခြင်းမျှသာ မဟုတ်ပါ သို့သော် သူသည်လည်း ကျွန်ုပ်တို့၌ ရှိတော်မူသည်။ ကျွန်ုပ်တို့၌ ခရစ်တော်၏မှန်သောအသက်ကို ကျွန်ုပ်တို့ ရရှိကြသည်။ ဤသည်ကား မည်ကဲ့သို့ ဖြစ်နိုင်သနည်း။ သခင်ယေရှု ကိုယ်တော်တိုင် တပည့်တော်များကို မည်ကဲ့သို့ ရှင်းပြခဲ့သည်ကို ကျွန်ုပ်တို့လေ့လာကြမည်။

သခင်ယေရှု ဤလောက၌ရှိခဲ့စဉ် သူသည် တပည့်တော်များနှင့်အတူ လမ်းလျှောက်ခြင်း စကားပြောခြင်းကို အတူပြုခဲ့ သည်။ တပည့်တော်များ သခင်ယေရှုနှင့်အတူ ရှိနေစဉ် အဘယ်မျှ ပျော်ရွှင်သောအချိန် ဖြစ်မည်နည်း။ သို့သော် တနေ့သောအခါ သခင်သည် သူတို့ကို အလွန်ဝမ်းနည်းစေသော အကြောင်းအရာကို ပြောခဲ့သည်။ သူသည် မကြာခင် သူတို့နှင့်ခွဲခွါမည့်အကြောင်း ပြောခဲ့သည်။ သို့သော် ယေရှုသည် သူ၏တပည့်တော်များကို ဤနှုတ်ကပတ်စကားဖြင့် နှစ်သိမ့်တော်မူ၏။ ကျမ်းစာက '' ခမည်း တော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော် တည်း ဟူသော တပါးသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည် နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်။-ထိုဝိညာဉ်တော်ကို လောကီသား တို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထို ဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ရှိတော်မူသောကြောင့် သင်တို့သိရကြ၏'' ဟု ဆိုသည်။(ယော၊၁၄း၁၆-၁၇)

သခင်ယေရှုသည် တပည့်တော်တို့၌ အံ့ဘွယ်သော ကတိတော်ကို ပြုခဲ့သည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်ကို သူတို့နှင့်အတူ အစဉ်တည်နေစေခြင်းငှါ စေလွှတ်တော်မည်အကြောင်း သခင်ယေရှု ကတိပြုခဲ့သည်။ သူသည် သူတို့နှင့်အတူ ရှိနေ လိမ့်မည်။ ထိုမျှမက သူတို့၏ အထဲ၌လည်း ရှိနေတော်မူလိမ့်မည်။ ထိုနောက် သူသည် ဤစကားများကို ထပ်၍ဖြည့်စွက်ကာ ''ငါသည် သင်တို့ ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည် မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။''ဟု ဆိုသည်။ ထို့ကြောင့် သန်ရှင်း သောဝိညာဉ်တော် ကြွလာခြင်းသည် သခင်ယေရှု ကိုယ်တော်တိုင် သူတို့၌နေရန် ကြွလာခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည် ရသည်။

သခင်ယေရှုသည် ဤကဲ့သို့အနေဖြင့် ပြောခဲ့ခြင်း ဖြစ်သည်။''ငါသည် သွားရမည်၊ သို့သော် ငါသည် အသစ်သော အသွင်ဖြင့် သင်တို့ထံသို့ တဖန်ပြန်လာမည်။ သန်ရှင်းသောဝိညာဉ်တော် ပုဂ္ဂိုလ်အဖြစ်နှင့် သင်တို့နှင့်အတူ နေရန် ငါပြန်လာပြီး၊ သင်တို့ကို ဘယ်သော အခါမျှ မစွန့်ခွါ သွား တော့ပါ။'' ယေရှုက''ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည် ငါ၌ ရှိသည်ကို၎င်း၊ ငါသည် သင်တို့၌ ရှိသည် ကို၎င်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။''ဟု ဆိုသည်။(ယော၊ ၁၄း၂ဝ)

ယေရှုသည် ဤ စကားများကို ပြောဆိုပြီးနောက် မကြာခင်မှာပင် သူသည် လက်ဝါးကပ်တိုင်၌အသေသတ်ခံခြင်းနှင့် မြုတ်နှံခြင်းကို ခံရ၏။ သုံးရက်နေ့မြောက်တွင် သူသည်ထမြောက်ခဲ့ပြီ၊ တပည့်တော်များကို သူ၏ရှင်ပြန်ထမြောက်ခြင်း ကိုယ်ခန္ဓာ ဖြင့် ထင်ရှားပြခဲ့သည်။ ရက်ပေါင်း(၄ဝ)ပြီး နောက် သူသည် စင်္ကြာဝဠာရှိ သူ၌အမြင့်ဆုံးသော ချီးမြောက်ခြင်းခံရာနေရာ ရှိရာ ကောင်းကင်ဘုံထဲသို့ ပြန်လည် တက်ကြွ သွားခဲ့သည်။ ကျမ်းစာက ''ထိုတန်ခိုးတော်ကား၊ခရစ်တော်ကို သေခြင်းမှ ထမြောက်စေ တော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာတန်ခိုး အာနု ဘော်အရှိန်ကဲ့သို့ ဖြစ်၏။-ခပ်သိမ်းသော အထဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍၊ယခုဘဝ နောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင် အရပ်၌ မိမိလက်ျာ တော်ဘက်မှာ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အား ပေးတော်မူ၍၊''ဟု ဆိုသည်။(ဧ၊ ၁း၂ဝ-၂၁)


သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ကြွလာခြင်း


သခင်ယေရှု ကောင်းကင်သို့ တက်ကြွပြီးနောက် (၁ဝ)ရက်နေ့မြောက်တွင် တပည့်တော်များသည် အတူတကွ တွေ့ဆုံ လျက် ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအမှုကို ပြုကြ၏။ ပင်တေကုတ္တေပွဲနေ့တွင် သခင်ယေရှုသည် သူ၏တပည့်တော်များဆီ သို့ အံ့ဘွယ်ရာ အသွင်သစ်ဖြင့် ပြန်လာခဲ့၏။ သူတို့အထဲ၌ နေရန် သူသည် ပြန်လာခဲ့သည်။


ထိုနေ့မှစ၍ လူတစ်ဦးသည် ဒုတိယမွေးခြင်းကို ခံရပြီးသော် တခဏခြင်းမှာပင် ခရစ်တော်၏ဝိညာဉ်သည် သူ၏အထဲ၌ ဝင်ရောက် ၍ ကျိန်းဝပ်တော်မူသည်။ ကျမ်းစာက''ထိုသို့ သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့၏ စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏''ဟု ဆိုသည်။(ဂလာ၊ ၄း၆)

ခရစ်တော်သည် ကျွန်ုပ်တို့၌ သူ၏ဝိညာဉ်တော်အားဖြင့် ရှင်တော်မူသည်။ ထိုကြောင့် ''ခရစ်တော်သည် အကျွန်ုပ်၌ ရှင်တော်မူ သည်''ကို ကျွန်ုပ်တို့ အမှန်ပြောဆို နိုင်ပါသည်။


ခရစ်ယာန်အသက်တာ၏ လျှို့ဝှက်ချက်


ကျွန်ုပ်တို့သည် ယခု ခရစ်ယာန်အသက်တာ၏ မဟာ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ခဲ့ရ၏။ ဤလျှို့ဝှက်ချက်မှာ ''ခရစ် တော်သည် ကျွန်ုပ်တို့၌ရှင်တော်မူခြင်း'' ဖြစ်သည်။ တမန်တော်ပေါလုက ဤအရာကို ကြီးစွာသော နက်နဲခြင်းဟု ခေါ်ဆိုပါသည်။ သူသည် ကောလောသဲရှိ ခရစ်ယာန်များသို့ ရေးသားခဲ့သည်မှာ ''တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့်ဆိုင်သော မဟာ စည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်း အကြောင်း တည်းဟူသော သင်တို့အထဲ၌ တည်နေတော်မူသော ခရစ်တော်ပေတည်း။''ဟု ဆိုသည်။ (ကော၊ ၁း၂၇)

ခရစ်ယာန်အသက်တာဆိုသည်မှာ အဘယ်နည်း။


ခရစ်ယာန်အသက်တာသည် ကောင်းလာဘို့ရန် ကြိုးစားခြင်းလား။ မဟုတ်ပါ။ အခြား ကောင်းသော ခရစ်ယာန်များနှင့် တူအောင် အတုယူ ကြိုးစားခြင်းလား။ မဟုတ်ပါ။ သခင်ယေရှုကို အတုယူ၍ သူကိုယ်တိုင်နှင့်တူလာအောင် ကြိုးစားခြင်းလား။ မဟုတ်ပါ။ ခရစ်ယာန် အသက်တာသည် ဤအရာများ တခုမျှ မဟုတ်ပါ။ သို့ဖြစ်သော် ခရစ်ယာန်အသက်တာသည် အဘယ်နည်း။


ခရစ်တော်သည် သူ၏အသက်တာဖြင့် ကျွန်ုပ်တို့၏အထဲ၌ ရှင်နေခြင်း ဖြစ်သည်။


တမန်တော်ပေါလုက'' ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏''ဟု ဆိုသည်။ သူက ''ငါအသက်ရှင်သည်မှာ ခရစ်တော်နှင့် တူလာရန် ကြိုးစားခြင်းဖြစ်သည်''ဟု မပြောဆိုပါ။ ရှင်ပေါလုဆိုသည်မှာ'' ငါအသက်ရှင်သည့်အရာမှာ ခရစ်တော် ဖြစ်၏။'' ရှင်ပေါလု အဘယ်အရာကို အမှန် ဆိုလိုပါသနည်း။ သူ ပြောဆိုသည်မှာ'' ငါအသက်ရှင်သည်မှာ ခရစ်တော်သည် သူ၏အသက်တာအားဖြင့် ငါ့အထဲ၌ ရှင်နေသည်''ဟူ၍ ဖြစ်သည်။ '' ငါအသက်ရှင်သည့်အရာမှာ ခရစ်တော်ဖြစ်၏။''(ဖိ၊၁း၂၁)


သို့ဖြစ်သော် ခရစ်ယာန်အသက်တာ၌ ကျွန်ုပ်တို့ ဘယ်ကဲ့သို့ အသက်ရှင်ရကြမည်နည်း။


ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ကိုးစားခြင်းဖြင့် သူ၏အသက်တာသည် ကျွန်ုပ်တို့၏အထဲ၌ရှင်ရန် ဖြစ်သည်။ ကျွန်ုပ်တို့ သည် ကြိုးစားခြင်းဖြင့် ခရစ်ယာန်အသက်တာကို ရှင်ရမည့်အစား ခရစ်တော်၏အသက်တာကို ကျွန်ုပ်တို့အထဲ၌ ရှင်ရန် ခွင့်ပြု ရပေမည်။ ခရစ်တော်၏ အသက်တာသည် ခမည်းတော်ကို အစဉ်ကျေနပ်စေသော အသက်တာ ဖြစ်သည်။ ယေရှုက ''အကြောင်းမူကား၊ နှစ်သက်တော်မူ သော အမှုကို အစဉ်မပြတ် ငါပြုသည်''ဟု မိန့်တော်မူ၏။

သခင်ယေရှုသည် ပြောင်းလဲခြင်း မရှိပါ။ သူသည် ယနေ့တိုင် ထို့အတူသော ပုဂ္ဂိုလ်ပင်ဖြစ်သည်။ သူ၏အသက်တာ ဖြင့် ကျွန်ုပ်တို့၏အထဲ၌ သူ ရှင်ရန် အလိုရှိသည်။ သူ၌ယုံကြည်ကိုးစားလျှင် သူသည် ဤအမှုကို ပြုလိမ့်မည်။

သခင်ယေရှု ပြောခဲ့သော ဤအံ့ဘွယ်နှုတ်ကပတ်တော်စကားကို တကြိမ်ထပ်မံ၍ ကျွန်ုပ်တို့ ကြားနာ ကြပါစို့။ ''ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များ ဖြစ်ကြ၏။'' ကျွန်ုပ်တို့ကိုယ်တိုင် အခက်ဖြစ်လာအောင် ကျွန်ုပ်တို့ ကြိုးစား ပြုလုပ် ၍ မရပါ။ ကျွန်ုပ်တို့သည် ခရစ်တော်ယေရှုနှင့် အသက်ရှင်သော ပေါင်းစည်းခြင်း၌ ထာဝစဉ် ပေါင်းဆက်နေသော အခက် များ ဖြစ်ကြသည်။

တနေ့နောက်တနေ့ ကျွန်ုပ်တို့ အသက်ရှင်စဉ် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် တလုံးတဝတည်းဖြစ်ကြောင်း ဤအမှန်တ ရားကို သိမှတ်ယုံကြည်ရမည်။ သတိရရန်မှာ ကျွန်ုပ်တို့၏ရပ်တည်ချက်၌ ယုံကြည်ခြင်းရှိပါ။ ကျွန်ုပ်တို့အသက်တာ၌ ၄င်းအတိုင်း အမှန်ဖြစ်လာရန် ပြုလုပ်ပါ။


ဤအရာသည် ဘာကို ဆိုလိုပါသနည်း။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိတော်မူပြီ၊ သူသည်လည်း ကျွန်ုပ်တို့၌ ရှိသည်ဟူသော အမှန်တရားကို ကျွန်ုပ်တို့ အစဉ် သိမှတ်ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏သားများ ရှင်သင့်သော အသက်ရှင်ခြင်း၏တန်ခိုးကို ကျွန်ုပ်တို့ ရရှိပေလိမ့်မည်။


ရှာဖွေတွေ့ရှိခဲ့ရသော ရတနာ

စပျစ်ခက်သည် စပျစ်ပင်၌ရှိသကဲ့သို့ ကျွန်ုပ်သည်လည်း ခရစ်တော်၌ ရှိတော်မူသည်။ သူ၌ ကျွန်ုပ် ယုံကြည်ကိုးစား ခြင်းကြောင့် သူ၏အသက်တာသည် ကျွန်ုပ်၏အထဲ၌ သူ ရှင်လိမ့်မည်။


ဆုတောင်းချက်။ သခင်ယေရှု အကျွန်ုပ်သည် ကိုယ်တော်၌ အခက် ဖြစ်ပါသည်။ အကျွန်ုပ်သည် ကိုယ်တော်၌ရှိပြီး ကိုယ်တော်သည် ကျွန်ုပ်၌ရှိတော်မူသောကြောင့် ကိုယ်တော်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်ထင်ခဲ့သော ခရစ်ယာန်အသက်ရှင်ခြင်း ၌ ရုန်းကန်၍ အသက်မရှင်တော့ပါ။ ကျွန်ုပ်၏အသက်တာထဲ၌ တနေ့နောက်တနေ့ ကိုယ်တော်၏အသက်တာသည် ကျွန်ုပ်၌ ရှင် ရန် ကိုယ်တော်ကိုသာလျှင် အကျွန်ုပ် ယုံကြည်ကိုးစား ပါတော့မည်။ အာမင်။


မေးခွန်းများ


၁။ အောက်ပါ ၀ါကျ နှစ်ကြောင်းသည် ကျွန်ုပ်တို့ ခရစ်တော်နှင့်အတူ အသစ်သော ဆက်နွယ်တော်စပ်ခြင်း၌ မှန်သည် ဟု ဖေါ်ပြပြောဆိုရာ၌ ဟုတ်ပါသလား။

+ ကျွန်ုပ်သည် ခရစ်တော်၌ ရှိသည်။

+ ခရစ်တော်သည် ကျွန်ုပ်၌ ရှိသည်။

(က) ဟုတ်သည်။

(ခ ) မဟုတ်ပါ။


၂။ စပျစ်နွယ်ပင်နှင့် အကိုင်းအခက် ဥပမာ၌ မည်သူသည် စပျစ်နွယ်ပင် ဖြစ်ပြီး၊ မည်သူသည် အကိုင်းအခက် ဖြစ်ပါသနည်း။

(က) သခင်ယေရှုသည် စပျစ်နွယ်ပင် ဖြစ်ပြီး၊ ယုံကြည်သူများသည် အကိုင်းအခက်များဖြစ်ကြသည်။

(ခ ) ယုံကြည်သူများသည စပျစ်နွယ်ပင် ဖြစ်ပြီး၊ သခင်ယေရှုသည် အကိုင်းအခက်များ ဖြစ်ကြသည်။


၃။ စပျစ်ပင်နှင့် အကိုင်းအခက်သည် တခုနည်း ဖြစ်သည်။ သူတို့ အသက် တခုတည်းကို ဝေမျှခံစားသည်။ ဤသည်ကား ကျွန်ုပ်တို့ကို သင်သည်မှာ ကျွန်ုပ်တို့သည်………………………။

(က) စပျစ်ပင်နှင့်အကိုင်းအခက်သည် တ၀ိညာဉ်တည်း ဖြစ်သည်။

(ခ ) စပျစ်ပင်နှင့်အကိုင်းအခက်သည် သခင်ယေရှုနှင့် တလုံးတ၀တည်းဖြစ်ကြသည်။

(ဂ ) အထက်ပါအရာ အားလုံး။


၎။ အကိုင်းအခက်သည် စပျစ်ပင်၌ ရှိသည်။ ဤ ကား ကျွန်ုပ်တို့အားသင်သည်မှာ……………။

(က) အာဒံ၌ရှိသည်။

(ခ ) ခရစ်တော်၌ရှိသည်။

(ဂ ) အထက်ပါ အားလုံး။


၅။ ကျွန်ုပ်တို့သည် ခရစ်တော်၌ အစဉ်ရှိကြပါသလား။

(က) ရှိသည်။

(ခ ) မရှိပါ။


၆။ အကိုင်းအခက်သည် စပျစ်ပင်၌ရှိနေခြင်းသာမဟုတ်ပါ စပျစ်ပင်သည်လည်း အကိုင်းအခက်၌ရှိသည်။ ဤ ကား ကျွန်ုပ်တို့အားသင်သည်မှာ ………။

(က) ခရစ်တော်သည် ကျွန်ုပ်တို့၌ ရှိသည်။

(ခ ) ကျွန်ုပ်တို့သည် အပင်တပင်ထဲ၌ ရှိကြသည်။


၇။ ခရစ်တော်သည် သူ၏တပည့်တော်များထံ အသစ်သော၊ အံ့ဘွယ်သော အသွင်ဖြင့် ပြန်လာခဲ့သည်။ သူလာခြင်းသည်……….။

(က) ဟဲလို ဟု နှုတ်ဆက် ပြောဆိုရန်။

(ခ ) သူတို့ထဲ၌ နေရန်။


၈။ ခရစ်ယာန်အသက်တာ၏အကြီးဆုံးသော လျှို့ဝှက်ချက်တခုမှာ……………..။

(က) ခရစ်တော်အကြောင်း မည်သူတယောက်ကိုမျှ မပြောကြားခြင်း။

(ခ ) ခရစ်တော်သည် ကျွန်ုပ်တို့၌ ရှင်တော်မူသည်။

(ဂ ) ယေရှု လက်ဝါးကပ်တိုင်ပေါ် အသေခံခဲ့သည်။


၉။ ခရစ်ယာန်အသက်တာသည် ကျွန်ုပ်တို့ကိုယ်တိုင် ကောင်းလာအောင် ကြိုးစားခြင်းလား။ အချို့ ကောင်းသော ခရစ်ယာန်များကို အတုယူ ကြိုးစား လုပ်ဆောင်ခြင်းလား။ ခရစ်တော်၏အတုကိုယူ၍ ကြိုးစား အတုယူခြင်းလား။

(က) ဟုတ်သည်။

(ခ ) မဟုတ်ပါ။


၁၀။ ခရစ်ယာန်အသက်တာကို ကျွန်ုပ်တို့ မည်ကဲ့သို့ အသက်ရှင်ကြမည်နည်း။

(က) သခင်ယေရှု၏အသက်တာ ကျွန်ုပ်တို့၌ ရှင်ရန် သူ့ကို ယုံကြည်ကိုးစားရမည်။

(ခ ) ကျမ်းစာကို အချိန်တိုင်း ဖတ်ရှုခြင်း။


၁၁။ ဤ သင်ခန်းစာအတွပ် သင်သည် အလွတ် ကျက်မှတ်ခဲ့ပါသလား။

(က) ကျက်မှတ်သည်။

(ခ ) မကျက်မှတ်ပါ။






Share:

ခရစ်တော်၌ရှိခြင်း


In Christ

New life in Christ Course III


Lesson 8

ဖတ်ရန်ကျမ်းချက်၊ ဧဖက် အခန်းကြီး၊ ၁ နှင့် ၂။

သော့ချက် ကျမ်းပိုဒ်။

''လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍၊ ခပ်သိမ်းသော အရာတို့ သည် အသစ်ဖြစ်ကြပြီ။'' (၂ကော၊ ၅း၁၇)

ယခင် သင်ခန်းစာများ၌ လောကတွင် အိမ်ထောင်စု နှစ်စုသာလျှင်ရှိကြောင်း သင်ခဲ့ရပြီ။ အာဒံ၏အိမ်ထောင်စုနှင့် ခရစ် တော်၏ အိမ်ထောင် တို့ဖြစ်သည်။ ကျွန်ုပ်သည် အာဒံ၏အိမ်ထောင်တွင်ရှိခဲ့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အာဒံထဲ၌ရှိသူ အဖြစ် မြင်တော်မူသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏အိမ်ထောင်တွင်ရှိသော် ဘုရားသခင်သည် ကျွန်ုပ်ကို ခရစ်တော်၌ရှိသူ အဖြစ် မြင်တော် မူသည်။

ဘုရားသခင်သည် လူအပေါင်းကို အာဒံထဲ၌ သို့မဟုတ် ခရစ်တော်ထဲ၌ ရှိသည်ကို မြင်တော်မူသည်။ သူသည် သင့်ကို အာဒံ၌ သို့မဟုတ် ခရစ်တော်၌ မြင်တော်မူသည်။ သူသည် ကျွန်ုပ်ကိုလည်း အာဒံ၌ သို့မဟုတ် ခရစ်တော်၌ မြင်တော်မူသည်။

''အာဒံ၌'' ဟူသည် မည်သည့် အဓိပ္ပါယ် ရှိသနည်း။ အာဒံ၌ ရှိခြင်းသည် အာဒံနှင့် သူနှင့်ဆိုင်သောအရာများကို ဝေမျှခံ စားရန် ဖြစ်သည်။ မျိုးရိုးဇာတိအားဖြင့် ကျွန်ုပ်တို့သည် အာဒံ၌ ရှိတော်မူသည်။ ဘုရားသခင်နှင့်အဆက်ပြတ်ပြီ၊ အပြစ်နှင့်စာတန်၏ကျွန် ဖြစ်ကြသည်။ ဘယ်မျှ ကြောက်ဖွယ် ဖြစ်သနည်း။

သို့သော်လည်း ဤနေရာ၌ အံ့ဘွယ်သော သတင်းကောင်း အချို့ ရှိပါသည်။ ကျွန်ုပ်သည် ဒုတိယမွေးဘွားခြင်းကို ခံပြီး သော် ဘုရားသခင် သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ တည်စေတော်မူသည်။ ကျွန်ုပ်တို့သည် ဤအမှုကို ကျွန်ုပ်တို့ကိုယ်တိုင် ပြုလုပ် ရန် မတတ်နိုင်ပါ၊ သို့သော် ဘုရားသခင် သည် ကျွန်ုပ်တို့အတွက် ပြုတော်မူ၏။ ယခု ကျွန်ုပ်တို့သည် ခရစ်တော်၌ တည်တော်မူ သည်။

ခရစ်တော်၌ ကျွန်ုပ်တို့ မည်ကဲ့သို့ တည်နေတော်မူသနည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ တည်ရန် ပြု တော်မူသည်။ ကျမ်းစာ က ''ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။...''ဟုဆိုသည်။(၁ကော၊ ၁း၃ဝ)

ကျမ်းစာတခုလုံးတွင် အဖိုးထိုက်သော စာပိုဒ်သည် စာပိုဒ်ငယ် ''ခရစ်တော်၌''ဟူ၍ ဖြစ်သည်။ ဤကဲ့သို့သော စာပိုဒ် သို့မဟုတ် အလားတူ စာပိုဒ်ကို ဓမ္မသစ်ကျမ်းတွင် အကြိမ်ပေါင်း ၁၃ဝ ကျော် သုံးထားပါသည်။


ခရစ်တော်၌

ဤနေရာတွင် ခရစ်တော်၌ ကျွန်ုပ်တို့၏ အနေအထားသစ်ကို ပြောဆိုသော ကျမ်းပိုဒ် အချို့ကို ဖေါ်ပြပါမည်။

''ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။...''ဟုဆိုသည်။(၁ကော၊ ၁း၃ဝ)

ဤကမ္ဘာမတည်ရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာ တို့ကို ခရစ်တော်အားဖြင့် ငါတို့အားပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

(ဧ၊ ၁း၎)

အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည်ကျင်လည်ရမည့်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။''(ဧ၊ ၂း၁ဝ)

''လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍၊ ခပ် သိမ်းသောအရာတို့ သည် အသစ်ဖြစ်ကြပြီ။'' (၂ကော၊ ၅း၁၇)

''မှန်သော ဘုရားသခင်၌၄င်း၊ သားတော်ယေရှုခရစ်၌ ၄င်း ငါတို့သည် တည်လျှက်ရှိကြ၏။...''(၁ယော၊ ၅း၂ဝ)

''ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။'' (ကော၊ ၁း၁၄)

''ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့ သည် အပြစ်စီရင်ခြင်းနှင့်လွှတ်ကြ၏။'' (ရော၊ ၈း၁)

''ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်းဟူသော...'' (၁ကော၊ ၁း၂)

သင်သည် ''ခရစ်တော်၌'' ''သူ၌''''သူ့အားဖြင့်'' စသည့် စာသားများကို သင် သတိပြုမိပါသလား။ သင်သည် ဓမ္မသစ် ကျမ်းကို ဖတ်နေစဉ် ဤကဲ့သို့သော စာသားများကို များစွာ သုံးထားကြောင်း သင်တွေ့ရပေမည်။

''ခရစ်တော်၌'' တည်နေခြင်းသည် ဘာကို ဆိုလိုသနည်း။ ခရစ်တော်၌ တည်နေခြင်းသည် ခရစ်တော်၌ရှိသောအရာ အားလုံးနှင့် သူပြုပေး ခဲ့သောအရာအားလုံးကို အမွေခံ ဝေမျှခံစားရန် ဖြစ်သည်။ ကျမ်းစာ၌ ဘုရားသခင်က''ကောင်းကင်ဘုံနှင့် ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာ တို့ကို ခရစ်တော်အားဖြင့် ငါတို့အားပေးသနားတော်မူသော...''ဟု ဆိုသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ တည်နေသောကြောင့် ကျွန်ုပ်တို့အဖို့ ပြင်ဆင် လျက် ရှိသော ကောင်းကြီးများထဲမှ အချို့ကို စဉ်းစား ကြမည်။


ခရစ်တော်၌ ကျွန်ုပ်တို့ အပြစ်ခွင့်လွှတ်ခြင်းကို ရသည်

ကျွန်ုပ်တို့သည် ခရစ်တော်၌ရှိသောကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များအားလုံးကို ခွင့်လွှတ်ခဲ့ပြီ။ ကျမ်း စာက''ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။''ဟု ဆိုသည်။ (ကော၊ ၁း၁၄)


ခရစ်တော်၌ ဖြောင့်မတ်ရာသို့ ရောက်ရ၏

ဖြောင့်မတ်ရာသို့ ရောက်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဖြောင့်မတ်ပြီ ဖြစ်ကြောင်း ကြေညာခြင်းကိုခံရသည်။ ကျွန်ုပ် တို့သည် ဘုရားသခင်ရှေ့တော်၌ မည်ကဲ့သို့ ဖြောင့်မတ်ခြင်းသို့ ရောက်သနည်း။ ခရစ်တော်၌ကျွန်ုပ်တို့ ဖြောင့်မတ်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ပကတိ စုံလင်ဖြောင့်မတ်သောကြောင့် ယခု ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ၌ ဖြောင့်မတ်ပြီ ဖြစ်ကြောင်းမြင် တော်မူသည်။ ကျွန်ုပ်တို့ ဖြောင့်မတ်ခြင်းသို့ ရောက်ရန် သူသည် ကျွန်ုပ်တို့၏အပြစ်များကို ယူတင်တော်မူ၏။ ကျမ်းစာက'' ဘုရား သခင်သည် အပြစ်နှင့်ကင်းစင်သောသူ(ခရစ်တော်)ကို ငါတို့အတွက် ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင် ရှေ့တော်၌ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်း တည်း'' ဟု ဆိုသည်။ (၁ကော၊၅း၂၁)


ခရစ်တော်၌ ဘုရားသခင်၏အနီးတော်သို့ ရောက်ရပြီ

အပြစ်သားတယောက်အဖြစ် ဘုရားသခင်နှင့် အဆက်ပြတ်ခဲ့ရသည်။ ဘုရားသခင်၏ရှေ့တော်မှောက်သို့ လာရန် ကြောက်ရွံ့သည်။ သို့သော် ယခု ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ ရှေ့တော်သို့ ရဲရင့်စွာ တိုးဝင်ခြင်းအခွင့်ကို ရကြသည်။ အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်၏အသွေးတော် သည် ကျွန်ုပ်တို့၏ အပြစ်ရှိသမျှကို ဆေးကြောခဲ့ပြီ ဖြစ်သည်။ ကျမ်းစာက ''သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း၊ ယခုမှာယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။''ဟု ဆိုသည်။(ဧ၊ ၂း၁၃)


ခရစ်တော်၌ ဘုရားသခင်သည် ကျွန်ုပ်တို့ကို လက်ခံပြီ

ကယ်တင်ခြင်းသို့မရောက်မှီ ကျွန်ုပ်တို့သည် ဘုရားသခင်၏ရန်သူများ ဖြစ်သည်။ ယခု ဘုရားသခင်သည် ချစ်တော်မူ သော မိမိ၏ သားတော် အားဖြင့် ကျွန်ုပ်တို့ကို လက်ခံတော်မူသည်။ ကျွန်ုပ်တို့ကို ဘုရားသခင် အဘယ်ကြောင့် လက်ခံတော်မူ သနည်း။ ကျွန်ုပ်တို့ ခရစ်တော်၌ရှိသောကြောင့် ဖြစ်သည်။ ကျမ်းစာက'' ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ဘုန်းအသရေကို ချီးမွမ်း စေခြင်းငှါ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည့် အကြောင်း၊ အလိုတော်ရှိသော စေတနာစိတ်အတိုင်း ရှေးမဆွက ခွဲခန့်မှတ်သား တော်မူ၏''ဟုဆိုသည်။(ဧ၊ ၁း၆)


ခရစ်တော်၌ သန်းရှင်းခြင်းကို ပြုလုပ်ပေးတော်မူသည်

ဘုရားသခင်၌ ယုံကြည်သူအတွက် နာမည်အသစ် ရှိတော်မူသည်။ ဘုရားသခင်သည် ယုံကြည်သူကို ''ယေရှုခရစ်၌ သန့်ရှင်းသူ''ဟု ခေါ်တော်မူသည်။ ''သန့်ရှင်းသူ''ဟူသော စကား၏အနက်မှာ ''သန့်ရှင်းစင်ကြယ်သောသူ'' ဖြစ်သည်။ ဘုရား သခင်၏ အမြင်၌ ယုံကြည်သူသည် ခရစ်တော်၌ သန့်ရှင်းသူ ဖြစ်သည်။ ပင်ကိုယ်အားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းခြင်း မရှိပါ။ သို့သော် ဘုရားသခင်သည် ခရစ်တော်၌ ကျွန်ုပ်တို့ကို မြင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ဘုရား၏ရှေ့မှေက်ရပ်စဉ် ခရစ်တော်၏ သန့်ရှင်းခြင်းထဲ၌ ရပ်နေရခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ''ခရစ်တော်၌ သန့်ရှင်းသူ'' ဖြစ်သည်။


ခရစ်တော်၌ ဘုရားသခင်၏တံဆိပ်ခတ်ခြင်းကို ခံရပြီ

ကျွန်ုပ်တို့သည် ဘုရားသခင်၏သားများ ဖြစ်ကြပြီ၊ ကျွန်ုပ်တို့၏ခရီးလမ်းဆုံးသည် ကောင်းကင်ဘုံ ဖြစ်သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌တည်စေပြီ၊ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ကျွန်ုပ်တို့ကို တံဆိပ်ခတ်တော်မူ၏။ ကျမ်းစာ က''...ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့် ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏တံဆိပ်ခတ်ခြင်းကို ခံရကြပြီ''ဟု ဆိုသည်။ (ဧ၊ ၁း၁၃)


ခရစ်တော်၌ ကျွန်ုပ်တို့ စုံလင်ခြင်းသို့ရောက်ရပြီ

ခရစ်ယာန်အသက်တာ အသက်ရှင်ရန် ကျွန်ုပ်တို့၌ လိုအပ်သောအရာအားလုံးသည် ခရစ်တော်၌ ရှိတော်မူသည်။ ကျွန်ုပ် တို့သည် ခရစ်တော်၌ စုံလင်ခြင်းရှိသည်။ ကျမ်းစာက'' အကြောင်းမူကား၊ ဘုရားသခင်၏ဇာတိအဖြစ်တော်၏ပြည့်စုံခြင်း အပေါင်း သည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။-အထွဋ်မြတ်၊အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင် တို့သည် စုံလင်ခြင်း ရှိကြ၏။''ဟု ဆိုသည်။(ကော၊ ၂း၉-၁ဝ)

ခရစ်တော်၌ရှိခြင်း၏ ဆိုလိုခြင်းကို ဖေါ်ပြသော ကျမ်းချက် အနည်းငယ်မျှကိုသာ ကျွန်ုပ်တို့ စဉ်းစားခြင်းသာ ဖြစ် သည်။ ကျွန်ုပ်တို့သည် အာဒံထဲ၌ မရှိတော့ပါ။ ယခု ခရစ်တော်၌ ကျွန်ုပ်တို့ ရှိကြပြီ ဖြစ်သည်။


ဤသို့ ဆိုသော် ကျွန်ုပ်တို့ နောက်တဖန် အပြစ်ကို ပြုလုပ်လိမ့်မည်မဟုတ် ဟု ဆိုလိုသလော။

ထိုသို့ ဆိုလိုခြင်း မဟုတ်ပါ။ ကောရိန်သုရှိ ယုံကြည်သူများထံ ရှင်ပေါလု ရေးသားသောစာ၌ နားလည်ရန် ခက်သော အကြောင်းအရာအချို့ကို ကျွန်ုပ်တို့တွေရသည်။ တဖက်၌ ရှင်ပေါလုသည် ယုံကြည်သူများကို ''သန့်ရှင်းသူ''နှင့် သူသည် ထိုသူ များကို''ယေရှုခရစ်၌ သန့်ရှင်းစင်ကြယ်သောသူ'' ဟု ပြောဆိုရေးသားထားပါသည်။ အခြားတဖက်၌ ထို စာထဲတွင် ပေါလုသည် သူတို့ အသက်တာထဲရှိ ကြောက်ဖွယ်ကောင်းသော ဒုစရိုက်အပြစ်များကို ပြောဆိုထားပါသည်။ အချို့သည် မာနထောင်လွားခြင်း၊ အချင်းချင်း ရန်တွေ့ခြင်းနှင့် အချို့တို့သည် အကျင့်စာရိတ္တပိုင်းဆိုင်ရာ၌ အပြစ်ရှိကြသည်။

ဤအကြောင်းအရာကို မည်ကဲ့သို့ ရှင်းလင်းပြောဆိုမည်နည်း။ ရှင်ပေါလုက သူတို့ကို ''ခရစ်တော်၌သန့်ရှင်းသူ'' ဟု အဘယ်ကြောင့် ပြောဆိုနိုင်ရသနည်း။ တချိန်တည်း၌ သူတို့သည် ခရစ်ယာန်အသက်တာ အသက်ရှင်ခြင်း၌ကျင်လည် အသက် ရှင်ခြင်း မရှိ ကြပါ။ ဤမေးခွန်းများကို ဖြေရန်အတွက် ကျွန်ုပ်တို့၏ရပ်တည်ချက်(အရိုက်အရာ)နှင့် ကျွန်ုပ်တို့၏အခြေအနေ (အနေအထား) တို့အကြား မတူညီခြားနားချက်ကို ကျွန်ုပ်တို့ သိရှိနားလည်ရမည်။

ကျွန်ုပ်တို့၏ရပ်တည်ချက်(အရိုက်အရာ) ဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ်တို့၏ရပ်တည်ချက်(အရိုက်အရာ)သည် ခရစ်တော်၌ ရှိနေသော ကျွန်ုပ်တို့ကို မြင်သော ဘုရားသခင်၏အမြင်ဖြစ်သည်။ ခရစ်တော်၌ ဘုရားသခင် ကျွန်ုပ်တို့အတွက် ပြုတော်မူသောအရာ အားလုံး ပါဝင်သည်။ ဘုရားသခင်သည် ခရစ်တော်၌ ကျွန်ုပ်တို့အား စုံလင်သော ရပ်တည်ချက် (အဆင့်အတန်း) ကို ပေးတော်မူသည်။

ကျွန်ုပ်တို့၏ရပ်တည်ချက်(အရိုက်အရာ)သည် အစဉ်အမြဲ စုံလင်ခြင်း ရှိပါသလား။ အမှန်ပင် စုံလင်တော်မူသည်။ အဘယ်ကြောင့်နည်း။ ခရစ်တော်၌ ကျွန်ုပ်တို့အတွက် ဘုရားသခင် ပြုလုပ်ပေးခဲ့သောအရာများအပေါ် မူတည်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ရှိသည်။ ခရစ်တော်၌ ကျွန်ုပ်တို့သည် စုံလင်လျက်ရှိခြင်းကို ဘုရားသခင်မြင်တော်မူသည်။ ကျမ်းစာက ''အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကို ရစေခြင်းငှါ၊ တခါတည်း ပူဇော်ခြင်းအား ဖြင့် ပြုတော်မူ၏''ဟု ဆိုသည်။ (ဟေဗြဲ၊ ၁ဝး၁၄)

ကျွန်ုပ်တို့၏အခြေအနေ(အနေအထား) ဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ်တို့၏အခြေအနေသည် မြေကြီးပေါ်၌ ကျွန်ုပ် တို့ အသက်ရှင် လျှောက်လှမ်းသော လမ်းဖြစ်သည်။ ကျမ်းစာက ကျွန်ုပ်တို့၏''လျှောက်လှမ်းခြင်း''ဟု ပြောဆိုသည်။ ကျွန်ုပ်တို့၏ အခြေအနေ(အနေအထား)သည် အစဉ် စုံလင်ခြင်း ရှိပါသလား။ စုံလင်ခြင်း မရှိပါ။ ကျွန်ုပ်တို့ ပြုသောအရာများအပေါ် မူတည်၍ ရှိနေသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်နှင့် ပြည့် လျက် ရှိသည်။ ကျမ်းစာက''ကိုယ်အပြစ်မရှိဟု ငါတို့သည် ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြား ကြ၏။ ငါတို့၌ သစ္စာတရားမရှိ။''ဟု ဆိုသည်။(၁ယော၊ ၁း၈)

ကျွန်ုပ်တို့၏ရပ်တည်ချက်(အရိုက်အရာ)သည် ခရစ်တော်၌ရှိသော ကျွန်ုပ်တို့ကို ဘုရားသခင်မြင်သော အမြင်ဖြစ်ခြင်း နှင့် ကျွန်ုပ်တို့၏ အခြေအနေ(အနေအထား)သည် မြေကြီးပေါ် ကျွန်ုပ်တို့ အသက်ရှင်လျှောက်လှမ်းခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့ သိမှတ်သော် ကျွန်ုပ်တို့၏ ခရစ်ယာန် အသက်တာ၌ အထောက်အကူ ဖြစ်လိမ့်မည်။ ဘုရားသခင်၏အမြင်၌ ကျွန်ုပ်တို့သည် ခရစ်တော်၌ အစဉ်စုံလင်ခြင်း ရှိပြီ၊ ကိုယ်တိုင်၌မူကား ကျွန်ုပ်တို့ သည် ဒုစရိုက်အပြစ်၌ ရှိကြသည်။

ကျွန်ုပ်တို့သည် အပြစ်ဒုစရိုက်၌ ကျေနပ်ရောင့်ရဲလျက် အသက်ရှင်ရန် ဖြစ်သည် ဟု ဆိုလိုပါသလား။ ထိုသို့မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ တနေ့နောက်တနေ့ အသက်ရှင်ခြင်းသည် ခရစ်တော်၌ ကျွန်ုပ်တို့၏ရပ်တည်ချက်(အရိုက်အရာ) သို့ မြင့်တက်လာရန် အလိုတော် ရှိသည်။ ကျွန်ုပ်တို့သည် ''ခရစ်တော်၌သန့်ရှင်းသူ'' များဖြစ်ကြသည်။ ကျွန်ုပ်တို့၏နေ့စဉ် အသက်ရှင်ခြင်း၌ သန့်ရှင်းခြင်းရှိရန် ဘုရားသခင် အလိုရှိသည်။ ကျမ်းစာ က''သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူ သည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။''ဟု ဆိုသည်။(၁ပေ၊ ၁း၁၅)


ကျွန်ုပ်တို့ မည်ကဲ့သို့ သန့်ရှင်းနိုင်ကြမည်နည်း။

ဘုရားသခင်၏နှုတ်ကပတ်တော်၌ ကျွန်ုပ်တို့သည် ''ယုံကြည်ခြင်း'' ဖြင့် ''လျှောက်လှမ်းရန်'' ဘုရားက ပြောဆိုပါသည်။ ဤအဓိပ္ပါယ်မှာ ကျွန်ုပ်တို့သည် ခရစ်တော်၌ ရှိနေကြောင်းကို သိမှတ်ယုံကြည်ထားရန် ဖြစ်သည်။ ကျမ်းစာက''သင်တို့သည် သခင်ယေရှုကို ခံယူပြီးသည်ဖြစ်၍ .....ယုံကြည်ခြင်း၌မြဲမြံစွာ စွဲလမ်းလျက်...ယုံကြည်ခြင်းတိုးပွားပြည့်စုံလျက်၊ ထိုသခင်၌ ကျင် လည် ကြလော့''ဟုဆိုသည်။(ကော၊ ၂း၆-၇)

ယခု ခရစ်ယာန်အသက်တာ၏ ကြီးစွာသော လျှို့ဝှက်ချက်မှာ အောက်ပါ အကြောင်းအရာဖြစ်သည်။ ကျွန်ုပ်တို့၏ရပ်တည်ချက် (အရိုက်အရာ) ၌ ယုံကြည်ခြင်း ရှိပါ။ ကျွန်ုပ်တို့၏အသက်တာ၌ ရပ်တည်ချက်(အရိုက်အရာ)အတိုင်း ဧကန်အမှန် ဖြစ်လာရန် ပြုလုပ်ပါ။ ကျွန်ုပ်တို့ သည် ''ခရစ်တော်၌ သန့်ရှင်းသူ'' ဖြစ်ကြောင်းကို အကျွန်ုပ် မြင်သော် ကျွန်ုပ်၏နေ့စဉ်အသက်တာသည် ကျွန်ုပ်၌သန့်ရှင်းခြင်း ရှိလာပေလိမ့်မည်။ ကျွန်ုပ်တို့သည်'' ယေရှုခရစ်တော်၌ သန့်ရှင်းသူများ'' ဖြစ်ကြသည်ဟု မြင်သော် သန့်ရှင်းသူများ ရှင်သင့်သော အသက်ရှင်ခြင်း၌ အသက်ရှင်ရန် သင်သည် အစပြုလာပေလိမ့်မည်။ ကျွန်ုပ်တို့သည် စစ်မှန်သော ''ဘုရားသခင်၏သားများ'' ဖြစ်ကြသည်ကို အမှန်မြင်သော် ဘုရားသခင်၏သားများ ရှင်သင့်သော အသက်ရှင်ခြင်း၌ အသက်ရှင် ရန် ကျွန်ုပ်သည် အစပြုလာပေလိမ့်မည်။

ကျွန်ုပ်တို့သည် ခရစ်တော်ထဲ၌ရှိကြောင်းကို သိမှတ်ယုံကြည်လာခြင်းနှင့်အတူ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ် တို့အသက်တာ၌ ယုံကြည်ခြင်းရှိသည့်အတိုင်း ၄င်းအရာများကို ဧကန်အမှန် ဖြစ်လာရန် ပြုလုပ်ပေးလိမ့်မည်။


ရှာဖွေတွေ့ရှိခဲ့ရသော ရတနာ

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်ထဲ၌ တည်စေတော်မူသည်။ အကျွန်ုပ်ကိုယ်တိုင်၌ ကျွန်ုပ်သည် ဘာမျှ မဟုတ်ပါ။ ခရစ်တော်၌ အကျွန်ုပ်သည် အရာခပ်သိမ်း စုံလင်ခြင်း ရှိတော်မူသည်။

ဆုတောင်းချက်။ အဖဘုရားသခင် ကျွန်ုပ်သည် ခရစ်တော်ထဲ၌ရှိကြောင်းကို မြင်ရန် အကျွန်ုပ်ကို မစတော်မူပါ။ ကျွန်ုပ် ကို ကိုယ်တော်၏ ချစ်တော်မူသော သားတော်ထဲ၌ လက်ခံခဲ့ပြီးကြောင်းနှင့် သားတော်၌ အကျွန်ုပ်သည် သန့်ရှင်းပြီး ဖြစ်ကြောင်း ယုံကြည်နိုင်သော စိတ်နှလုံးကို ပေးတော်မူပါ။ ကိုယ်တော်၏ကျေးဇူးတော်ကြောင့် ကိုယ်တော်၏သား၌ ရှင်သင့်သော အသက် ရှင်ခြင်း၌ အသက်ရှင်နိုင်ရန် အကျွန်ုပ်၌ ပြုတော်မူပါ။ အာမင်။


မေးခွန်းများ

၁။ ဘုရားသခင်သည် လူများ အားလုံးကို အာဒံ၌ (သို့) …………ရှိသည်ကို မြင်တော်မူသည်။

(က) ခရစ်တော်၌

(ခ ) အာဗေလ၌


၂။ ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်း ကိုခံရစဉ် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်၌ တည်စေတော်မူသည်။

ကွက်လပ် ဖြည့်ပါ။ ထို …………………………………………………………..။(၁ကော၊ ၁း၃၀)

(က)့ သင်သည် ယေရှု ခရစ်၌ တည်နေကြောင်း သိနားလည်ရသည်။

(ခ ) ဘုရားသခင်အားဖြင့် သင်တို့သည် ယေရှု ခရစ်၌ တည်နေကြ၏။


၃။ "ခရစ်တော်၌" (သို့) ယင်းနှင့်အဓိပ္ပါယ်တူ စာပိုဒ် များကို ဓမ္မသစ်ကျမ်း၌ အကြိမ်ပေါင်း မည်မျှ ကျော်ကျော် သုံးနှုံး ထားပါသနည်း။

(က) အကြိမ်ပေါင်း ၁၀၀

(ခ ) အကြိမ်ပေါင်း ၁၃၀

(ဂ ) အကြိမ်ပေါင်း ၅၀

၎။ ဖြောင့်မတ်ရာသို့ ရောက်ရ၏ ဆိုသည်မှာ…………။ ဘုရားသခင်၏ရှေ့တော်၌ ကျွန်ုပ်တို့ မည်ကဲ့သို့ ဖြောင့်မတ်ရာသို့ ရောက်ရပါသနည်း။…………..။

(က) ဖြောင့်မတ်ကြောင်း ကြေညာသည်။ ခရစ်တော်၌။

(ခ ) နားလည် သဘောပေါက်သည်။ ကျမ်းစာဖတ်ခြင်းဖြင့်။


၅။ ဘာကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို လက်ခံ ခဲ့ရပါသနည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည်……………………….။

(က) သူ၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခြင်းခံရသောကြောင့်၊

(ခ ) ခရစ်တော်၌ ရှိသောကြောင့် ။


၆။ ယုံကြည်သူများအတွက် ဘုရားသခင်၌ နာမည်သစ်ရှိသည်။ ဘုရားက ယုံကြည်သူများကို "ယေရှုခရစ်တော်၌ သန့်ရှင်းသူများ" ဟုခေါ်သည်။

"သန့်ရှင်းသူ" ဟူသော စကား အနက်မှာ …………………….။

(က) အကောင်းဆုံး၊

(ခ ) သန့်ရှင်းသူ

(ဂ ) ဘုရားကျောင်းသို့ သွားသော တစ်စုံတစ်ယောက်သော သူ။


၇။ ခရစ်တော်၌ ကျွန်ုပ်တို့၏ ရပ်တည်ချက် (အရိုက်အရာ) သည် အစဉ် စုံလင်ခြင်း ရှိပါသလား။

(က) ဟုတ်သည်။

(ခ ) မဟုတ်ပါ။


၈။ ကျွန်ုပ်တို့၏ လက်ရှိ အခြေအနေ၌ အစဉ် စုံလင်ခြင်းရှိပါသလား။ အဘယ်ကြောင့်နည်း။

(က) မဟုတ်ပါ။ ကျွန်ုပ်တို့ ကောင်းကင်ဘုံ၌ မနေသောကြောင့် ဖြစ်သည်။

(ခ ) မဟုတ်ပါ။ ကျွန်ုပ် ကိုယ်တိုင်၌ ကျွန်ုပ် ပြုသောအရာများအပေါ် မူတည်ပါသည်။


၉။ ကျွန်ုပ်တို့ "လျှောက်လှမ်းရန်" ဘုရားသခင်က ကျွန်ုပ်တို့ကို ပြောပါသည်။

(က) နှေးကွေးစွာ၊

(ခ ) ယုံကြည်ခြင်းဖြင့်၊

(ဂ ) ကိုယ့်ခွန်အားဖြင့်။


၁၀။ ခရစ်ယာန်အသက်တာ၏ မဟာ လျှို့ဝှက်ချက်မှာ၊ ကျွန်ုပ်တို့၏………….၌ ယုံကြည်ပါ၊ ကျွန်ုပ်တို့၏…………၌ ယင်းအတိုင်း………………ပြုလုပ်ပါ၊

(က) ရပ်တည်ချက်၊ ဧကန် အမှန်။ အသက်တာ။

(ခ ) ကိုယ်တိုင်၊ ကောင်း၊ အသက်တာ။








Share:

ကျေနပ် ရောင့်ရဲ တတ်ရန်အတွက် သင်ယူခြင်း


Learning to be Content

Practical Christian Living Courses

Lesson 15


သော့ချက်ကျမ်းပုဒ် ။ ။ ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်သော စည်းစိမ်ရှိသည် အတိုင်း ၊ သင်တို့ အလိုရှိသမျှ တို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။ ဖိ ၄း ၁၉

ဘုရားသခင်က ကျွန်ုပ်တို့အား မိမိတို့၏ ဘ၀ကို ၀မ်းမြောက်ခြင်းအပြည့်၊ ယုံကြည်ချက်အပြည့်တို့ ဖြင့် ရင်ဆိုင်စေလိုသည်။ ဤသို့ ရင်ဆိုင်နိုင်ရန်အတွက်၊ ဘ၀အခြေအနေအရပ်ရပ်၌ ကျေနပ်ရောင့်ရဲတက်စေရန်အတွက် သင်ယူရမည်။ ဤသင်ခန်းစာတွင် ကျွန်ုပ်တို့၏ ဘ၀ကို ပြောင်းလဲသွားစေနိုင်သော ကြီးမြတ်သည့် သမ္မာတရားတခုကို သင်ယူကြမည်။ ယင်းမှာ အဘယ်နည်း? ယင်းသမ္မာတရားမှာ ဘုရားသခင်နှင့် သူ ကျွန်ုပ်အတွက် ပြင်ဆင်ချပေးထားသောအရာတို့သည် ကျွန်ုပ်လိုအပ်သောအရာအားလုံးပင်ဖြစ်သည်။


ပြင်ဆင်ချပေးသူ ဘုရားသခင်

စင်္ကြ၀ဠာတစ်ခုလုံးကို တဦးတည်းပိုင်စိုးသူ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်ပြီး ကျွန်ုပ်တို့အမှန် တကယ် လိုအပ်သောအရာ အားလုံးကို ပြင်ဆင်ချပေးမည်ဟု ကတိပေးထားကြောင်းကို ကျမ်းစာက ကျွန်ုပ် တို့အား သင်ကြားထားသည်။ သူက ကျွန်ုပ်တို့လိုချင်သော အရာအားလုံးကို ချပေးမည်ဟု ကတိမပေးသော်လည်း ကျွန်ုပ်တို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဟု ကတိပေးထားသည်။ တမန်တော် ပေါလုက ""ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း သင်တို့အလိုရှိသမျှ တို့ကို ယေရှုခရစ်အား ဖြင့် ပြည့်စုံ စေ တော်မူ လိမ့်မည်ဟု""ပြောထားသည်။ ဖိ ၄း ၁၉

(၁) ဘုရားသခင်သည် လောကအရာ ရုပ်ဝတ္ထုတို့ကိုလည်း ထောက်ပံ့ပေးသည်။

မသဲ အခန်းကြီး ၅ တွင် သခင်ယေရှုက ရုပ်ဝတ္ထုများဖြစ်သော အစားအသောက်၊ အ၀တ်အထည်နှင့် အခြားဘ၀တွင် လိုအပ်သောအရာတို့ အတွက် မစိုးရိမ်မပူပန်ဖို့ ပြောထားသည်။ ယေရှုက ""ထို့ကြောင့် ငါဆိုသည်ကား အဘယ်သို့စား သောက်ရ မည်ဟုအသက်အ ဘို့မစိုး ရိမ်ကြနှင်။ အဘယ်သို့ ၀တ်ရ မည် ဟု ကိုယ်အဘို့မစိုးရိမ် ကြနှင့်။ ... ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ သည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော် မူ လတံ္တ့""ဟု ဆိုသည်။ မသဲ ၆း ၂၅, ၃၂-၃၃

(၂) ဘုရားသခင်သည် ကျွန်ုပ်တို့၏နှလုံးသားအတွင်း လိုအပ်မှုများကိုလည်း ထောက်ပံ့ပေးသည်။

ယခင် သင်ခန်းစာနှစ်ခု၌ အရေးပါမှုနှင့်လုံခြုံမှုတို့အတွက် ကျွန်ုပ်တို့ လိုအပ်မှုကို ဘုရားသခင် ပြင်ဆင်ပေးခဲ့ကြောင်း သိခဲ့ရပြီ။ သူသည် ကျွန်ုပ်တို့ကို ခရစ်တော်၏ခန္ဓာ၌ သင်းဝင်သူများ ဖြစ်စေပြီး ခရစ်တော်၏ခန္ဓာရှိ သင်းဝင်သူတိုင်းသည် အရေးပါသူများဖြစ်သည်။ သူသည် ကျွန်ုပ်တို့ကို ချစ်တော်မူသော သားတော်၌ လက်ခံတော်မူ၏"။ သူသည် ကျွန်ုပ်တို့ကို ထာဝရမေတ္တာနှင့်ချစ်တော်မူသည်။ ဘုရားသခင်က ကျွန်ုပ်တို့အားဆိုသည်မှာ

"ထာဝရဘုရားသည် အဝေးကထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့်သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ ကြာမြင့်စွာပြ၏။" ယေ၊ ၃၁း၃

(၃) ဘုရားသခင်သည် ကျွန်ုပ်တို့၏၀ိညာဉ်ပိုင်းဆိုင်ရာ လိုအပ်မှုများကိုလည်း ထောက်ပံ့ပေးသည်။


ခရစ်တော်၌ ၀ိညာဉ်အသက်တာ လိုအပ်သောအရာများကို ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးခဲ့ပြီးဖြစ်သည်။ ကျမ်းစာက"ငါတို့သည် ဘုရားသခင့်ရှေ့တော်၌မေတ္တာအားဖြင့် သန့်ရှင်းလျက်၊အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊-ဤကမ္ဘာမတည်မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူ သော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။" ဟု ဆိုသည်။ ဧ၊ ၁း၃-၎

(၄) ဘုရားသခင်သည် အရာအားလုံး ကျွန်ုပ်တို့ကို ရက်ရောစွာ အခမဲ့ပေးသည်။

ဘုရားသခင်သည် သားတော်အား ကျွန်ုပ်တို့ကို ပေးခြင်းအားဖြင့် အကြီးမြတ်ဆုံးသော ဆုလက်ဆောင်ကို ပေးခဲ့ပြီးဖြစ်သည်။ အကြီးမြတ်ဆုံးလက်ဆောင်ဖြစ်သည့် သူ့သားတော်ကို ကျွန်ုပ်တို့အား ပေးခဲ့ ပြီးဖြစ်သောကြောင့် ကျွန်ုပ်တို့လိုအပ်သော မည်သည့်အရာကို မဆို သူပြင်ဆင်ပေးမည်ဖြစ်ကြောင်းကို သေချာသိနိုင်သည်။

ကျမ်းစာက ""မိမိသားတော်ရင်းကို မနှမြောဘဲ ငါတို့ရှိသမျှအလိုငှာ စွန့်တော်မူသောသူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားပေးဘဲ အဘယ်သို့နေတော်မူမည်နည်း""ဟု ပြောထားသည်။ ရော ၈း ၃၂

ကျွန်ုပ်တို့၏လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးမည့်တာဝန်ကို ယူထားသော ကျွန်ုပ်တို့၏အဘ ကောင်းကင်ဘုံရှင် ရှိကြောင်းကို သိရခြင်းက ၀မ်းမြောက်ဖွယ်ကောင်းလှသည်။ A. W. Tozer က ""ဘုရားသခင် ၏ကောင်းမြတ်ခြင်းက ကျွန်ုပ်တို့၏အမြင့်မားဆုံး အကျိုးစီးပွားကို လိုလားပြီး ဘုရားသခင်၏ဥာဏ်ပညာ တော်က ထိုအကျိုးစီးပွားကိုရရန် အစီအစဉ်ချသည်။ ဘုရားသခင်၏ တန်ခိုးတော်က ထိုအကျိုးစီးပွားကို ရရှိအောင် စွမ်းဆောင်ပေးသည်။ ကျွန်ုပ်တို့ဘာများလိုအပ်သေးသနည်း? ကျွန်ုပ်တို့သည် ဖန်ဆင်းခြင်းခံ သတ္တ၀ါများတွင် ဘုရားသခင်၏ အနှစ်သက်အမြတ်နိုးဆုံးသော သတ္တ၀ါများ ဧကန်အမှန်ပင်ဖြစ်သည်"" ဟုဆိုခဲ့သည်။ (A.W.Tozer. The Knowledge of The Holy)


သွေးဆောင်ဖြား ယောင်း သူ စာတန်

ဘုရားသခင်က ကျွန်ုပ်တို့လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးသော်လည်း ကျွန်ုပ်တို့အား မုန်းတီးပြီး ဖျက်ဆီးလိုသော ရန်သူ တဦး ကျွန်ုပ်တို့၌ရှိသည်ကို သတိပြုရကြမည်။ ကျမ်းစာက ""သမ္မာသတိရှိလျှက် မအိပ်ဘဲစောင့်ကြလော့"" သင်တို့၏ရန်သူတည်းဟူသော မာနတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟု လှည့်လည်ရှာဖွေလျက်ရှိ၏""ဟုဆိုသည်။ ၁ပေ ၅း ၈

စာတန်က ကျွန်ုပ်တို့အား မည်သို့ သွေးဆောင်သည်ကိုသိရန်လိုအပ်သည်။ စာတန်၏ သွေးဆောင် မှုအားလုံး (သို့) အများစု၌ ကျွန်ုပ်တို့၏ စိတ်ထဲသို့ အတွေးအခေါ်မှားများကို ထည့်ပေးရန်ဆိုသည့် ဗျူဟာကို သုံးထားသည်။ စာတန်သည် ဤသို့သော အတွေးမှားများ ကို ကျွန်ုပ်တို့စိတ်ထဲသို့ ထည့်လေ့ရှိသည်။ ""ဘုရားသခင်ဟာ မင်းလိုအပ်တာအားလုံးကို မထောက်ပံ့ပေးပါဘူး။ မင်းဟာ ဘုရားသခင်နှင့် သူပြင်ဆင်ချ ပေးတဲ့အရာတွေအပြင် အခြားအရာတစ်ခုကိုလည်း လိုအပ်သေးတယ်။"" ဤအတွေးမျိုးကို ထည့်ခြင်းအားဖြင့် စာတန်သည် ပထမဆုံးးလူယောက်ျားနှင့် လူမိန်းမကို ဖြားယောင်း သွေးဆောင်ခဲ့ခြင်းဖြစ်သည်။

အာဒံနှင့်ဧ၀ကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး ဘုရားသခင်ပြင်ဆင်ဖန်တီးထားပေးသော ဥယျာဉ်ကြီးထဲ၌ သူတို့ကို နေရာ ချပေးခဲ့ သည်။ ဧဒင်ဥယျာဉ်ကြီးထဲတွင် အမြင်အာရုံကို ဖမ်းစားပြီး စားချင်စဖွယ် ကောင်းသော သီးပင်များစွာရှိသည်။ ဘုရားသခင်သည် အာဒံနှင့် ဧ၀ကို အလုပ်ပေးထား ခဲ့သည်။ ထိုအလုပ်မှာ ဘုရားသခင် စိုက်ပျိုးထားသော ဥယျာဉ်ကြီးကို စောင့်ရောက်ရန်ဖြစ်သည်။ သူတို့သည် ဘုရားသခင် နှင့် နေ့စဉ်မိတ်သဟာယ ဖွဲ့ခဲ့သည်။ သူတို့သည် ပြီးပြည့်စုံသော ပတ်ဝန်းကျင်၌နေခဲ့ရသည်။

စက်ဝိုင်းပုံတစ်ခုကို ပုံဖော်ကြည့်လိုက်ပါ။ ထိုစက်ဝိုင်းသည် အာဒံနှင့်ဧ၀အတွက် ဘုရားသခင်ဖန် ဆင်းပေးထားသောကမ္ဘာကြီးကို ကိုယ်စားပြုသည်ဟု ဆိုကြပါစို့။ ကမ္ဘာထဲတွင် အာဒံနှင့်ဧ၀ နေထိုင်ပြီး သူတို့လိုအပ်သောအရာအားလုံး သူတို့တွင်ရှိသည်။ သူတို့သည် အခြား အရာ တခုခုကို လိုအပ်ပါက ဘုရားသခင်သည် သူတို့အတွက် သေချာပေါက် ပြင်ဆင်စီမံပေးလိမ့်မည်။ အာဒံနှင့်ဧ၀သည် ဤသို့ အမှန် တကယ်ပင် ပြောနိုင် သည်။ ""ဘုရားသခင်နှင့် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြင်ဆင်ချပေးထားသောအရာ တို့သည် ကျွန်ုပ်တို့ လိုအပ်သော အရာ အားလုံးပင်ဖြစ်သည်""။

စာတန်သည် ပြီးပြည့်စုံသောပတ်ဝန်းကျင်တစ်ခု၌ နေထိုင်လျက်ရှိသောသူတစ်ဦးကို မည်သို့သွေး ဆောင်ခဲ့သနည်းဟု ကျွန်ုပ်တို့ တွေးတောကြပေလိမ့်မည်။ သို့သော် ဧ၀အားစာတန်၏သွေးဆောင်မှုသည် အလွန်ပင်ရိုးရှင်းသည်။ စာတန်က ဧ၀အားသူမနှင့် သူမယောက်ျား သည် ဘုရားသခင်နှင့်သူပြင်ဆင်ချပေး ထားသောအရာတို့အပြင် အခြားအရာတစုံတခုကိုလည်း လိုအပ်သေးသည်ဟု အကြံပေးခဲ့သည်။ စာတန်သည် ဧ၀အားဤသို့တွေးစေလိုခဲ့သည်။ ""ဘုရားသခင်ဟာ ကောင်းတဲ့အရာတခုခုကို ငါတို့အားမပေးလိုဘူး။"" ဧ၀သည် စာတန်၏ လိမ်ညာမှုကို လက်ခံ ခဲ့သည်။ ဤလိမ်ညာမှုကသူမ၏စိတ်ထဲတွင် ယုံကြည်ချက် တစ်ခုဖြစ်လာပြီး ဤယုံကြည်ချက်အတိုင်း ပြုမူ လုပ်ဆောင် ခဲ့သည်။ သူမသည် တားမြစ် ထားသောအသီးကို စားခဲ့သည်။ သစ်သီးအချို့ကို ယောက်ျားဖြစ်သူအား ပေးခဲ့ပြီး သူကလည်းစားခဲ့သည်။ သူတို့၏နာမခံခြင်းသည် အပြစ်နှင့် သေခြင်းကို ဤလောကအတွင်းသို့ သယ်ဆောင်လာခဲ့သည်။ အပြစ်၏ရလဒ်များဖြစ်သော ၀မ်းနည်းခြင်း၊ ဒုက္ခဝေဒနာများနှင့် ခေါင်းကိုက်စရာများ သည်လည်း အပြစ်နှင့်အတူ ဤလောကအတွင်းသို့ ၀င်ရောက်လာခဲ့သည်။


စာတန်က ကျွန်ုပ်တို့အား မည်သို့သွေး ဆောင်သနည်း။

ထပ်မံ၍၊ ကျွန်ုပ်တို့တဦးစီတိုင်းသည် စက်ဝိုင်းပုံတစ်ခုကို ပုံဖော်ကြည့်ကြပါစို့။ ထိုစက်ဝိုင်းက ဘုရားသခင်ကျွန်ုပ်တို့အတွက် ပြင်ဆင် စီမံထားပေးသော ဘ၀အဖြစ်အပျက်တို့ကို ကိုယ်စားပြုသည်ဆို ပါစို့။ စက်ဝိုင်း၏အထဲ၌ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့အတွက် ဘုရားသခင် ပြင်ဆင်ပေးထား သော အမှန် တကယ်လိုအပ်သည့်အရာများရှိသည်။ ကျွန်ုပ်တို့၏သေးငယ်သော စက်ဝိုင်းထဲ၌ အမှုကိစ္စတို့သည် ပြီးပြည့်စုံစွာ ကောင်းမွန်လိမ့်မည် မဟုတ်သလို ကျွန်ုပ်တို့၏ ဤဘ၀၌လည်း အမှုကိစ္စတို့သည် ပြီးပြည့်စုံ မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် အပြစ်၏ကျိန်ခြင်း အောက်၌ ရောက်နေသော ကမ္ဘာတစ်ခုအတွင်း၌ အသက်ရှင်လျက်ရှိသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် စုံစမ်းနှောင့်ယှက်ခြင်း များနှင့် ပြဿနာများကို ရင်ဆိုင်ရလိမ့် မည်။ ဤဘ၀သည် ကျွန်ုပ်တို့အတွက် လွယ်ကူသောဘ၀တစ်ခုဖြစ်မည်(သို့) ကျွန်ုပ်တို့ လိုချင်တာ အားလုံးကိုသူက ပြင်ဆင်ချပေးမည်ဟု ဘုရားသခင်က ကတိ မပေးထားပါ။ သို့သော် ကျွန်ုပ်တို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ကျွန်ုပ်တို့နှင့်အမြဲအတူရှိမည်ဟု ကတိပေးထားသည်။ ကျွန်ုပ်သည် ဤသို့ သေချာပေါက် ပြောနိုင်သည်။ ""ဘုရားသခင်နှင့် ကျွန်ုပ်အတွက် ဘုရားသခင်ပြင်ဆင်ချပေးထားသော အရာတို့သည် ကျွန်ုပ် လိုအပ်သော အရာ အားလုံးပင်ဖြစ်သည်။

ကျွန်ုပ်တို့၏ရန်သူတော်ကြီးစာတန်သည် အာဒံနှင့်ဧ၀အားသွေးဆောင်ခဲ့သလိုမျိုး ကျွန်ုပ်တို့အား လှည့်ဖြားရန် ရှာဖွေ ကြံစည် ပေမည်။ ကျွန်ုပ်တို့၏စိတ်ထဲသို့ အတွေးမှားများ ထည့်နိုင်ရန် ကြိုးပမ်း လိမ့်မည်။ ကျွန်ုပ်တို့၏ "စက်ဝိုင်း"အပြင်ဘက်ရှိ အရာတစ်ခုခုကို စာတန်ကညွှန်ပြပြီး ဤသို့အကြံပေး လိမ့်မည်။ ""ဒီအရာကိုမင်းလိုအပ်တယ်။ တကယ်တမ်းကျတော့၊ ဒီအရာကိုသာ မင်းမရရင် မင်းပျော်ရွှင် နိုင် မှာမဟုတ်ဘူး။


အတွေးအခေါ်မှားများအား လက်ခံခြင်း၏အန္တရာယ်

အတွေးအ ခေါ်မှားကို ကျွန်ုပ်တို့အား အကြံပြုတင်ပြခြင်းမပြုရန်အတွက် စာတန်အားမတောင်းဆို နိုင်ပါ။ သို့သော်ကျွန်ုပ်တို့သည် အတွေးအခေါ်မှားများအား လက်ခံခြင်းကိုမူ ငြင်းပယ်နိုင်သည်။ မှားသော အတွေးအခေါ်များ၏ အန္တရယ်ကိုမြင်နိုင်ရန်အတွက်၊ ဤသမ္မာ တရား ကို မှတ်မိရမည်။ ""ကျွန်ုပ်တို့၏ အတွင်းပိုင်း စိတ်နှလုံးထဲက မြင်၊ ယုံကြည်သည့်အရာများက ကျွန်ုပ်တို့ကို ထိန်းချုပ်သည်။ ကျွန်ုပ်တို့ ဘာလုပ်မလဲ၊ ဘယ်လိုခံစားမလဲဆိုတာကို ကျွန်ုပ်တို့ယုံကြည်သောအရာများက အဆုံးအဖြတ်ပေးသည်။

ကျွန်ုပ်တို့သည် အတွေးအခေါ်မှားတခုကို လက်ခံပါက၊ ဤအရာသည် မှားသောယုံကြည်ချက်တခု ဖြစ်လာပြီး မှားသော ယုံကြည်ချက်များက မှားသောလုပ်ဆောင်မှုများနှင့် ခံစားမှုများကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ ဤမှားသောခံစားချက်များသည် အတွင်းပိုင်း ပြဿနာများကို အများအားဖြင့် ပေါ်ပေါက်စေလေ့ ရှိသည်။

မှားသောယုံကြည်ချက်း ဘုရားသခင်သည် ကျွန်ုပ်အပေါ်တွင် မကောင်းပါ။ အကြောင်းမှာ အကောင်းဆုံးအရာကို ကျွန်ုပ်အား မပေးသေး သောကြောင့် ဖြစ်သည်။

မှန်သောယုံကြည်ချက်း
ကျွန်ုပ်သည် ဤအရာကိုနားမလည်သော်လည်း၊ ကျွန်ုပ်အတွက် ဘုရားသခင် ပြင်ဆင်ချပေးထားသော အရာသည် သာ အကောင်းဆုံး ဖြစ်သည်။


ကျွန်ုပ်တို့၏အတွင်းပိုင်း ပြဿနာများ ကိုင်တွယ်ခြင်း

နာကြည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်းနှင့် ငြင်းပယ်ခြင်းကို ခံစားရခြင်းစသည့်အတွင်းပိုင်း ပြဿနာများသည် မယုံကြည်သူများသာမက ခရစ်ယာန်များတွင်လည်းရှိသည်။ ဤပြဿနာများကို ကျော်လွှားနိုင်ရန်၊ ဤပြဿနာများကို ဖြစ်စေသောအရာများနှင့် ဤပြဿနာများအား ဖြေရှင်းရန်နည်းလမ်းတို့ကို ရှာဖွေတွေ့ရှိရမည်။

အတွင်းပိုင်းပြဿနာများ၏ မူလရင်းမြစ်အကြောင်းအရင်းမှာ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့အတွက် သူ ပြင်ဆင် စီမံ ထားပေးသော အရာတို့အပြင် အခြားအရာတစ်ခုခုကိုလည်း လိုအပ်သေး သည်ဟူသော မှားသောယုံကြည်ချက်ပင်ဖြစ်သည်။

ယခုတွင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာအချို့နှင့် ယင်းပြဿနာများကို ဖြစ်စေသာမှားယွင်းသော အတွေးအခေါ်များအား လေ့လာ ကြည့်ကြပါစို့။


(၁) နာကြည်းခြင်း

ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြင်ဆင်စီမံထားပေးသောအရာတို့သည် အကောင်းဆုံးမဟုတ်ပါဟု ကျွန်ုပ်တို့ယုံကြည်လာချိန်တွင် နာကြည်းခြင်းသည် ဖြစ်တည်လာသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့် စပ်လျဉ်း၍ တစုံတရာကို နာကြည်းလိမ့်မည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘ၀အခြေအနေနှင့် ဘုရားသခင် ကိုတောင်မှ နာကြည်းကောင်း၊ နာကြည်းလိမ့်မည်။

ဤပြဿနာကိုဖြေရှင်းရန်နည်းလမ်းမှာ ကျွန်ုပ်တို့လိုအပ်သောအရာအားလုံးတို့သည် ဘုရားသခင်နှင့် သူချပေးသောအရာတို့သာ ဖြစ်သည်ဟု ယုံကြည်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိတို့၏အခြေအနေကို နားလည်ချင်မှ နားလည်လိမ့်မည်။ သို့သော် ဘုရားသခင် လုပ်သော(သို့) မလုပ်သောအရာတို့အတွက် စိတ် မပျက်ရပါ။ ယေရှုက ""ငါ့ကြောင့်စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏။""ဟု ဆိုခဲ့သည်။ မဿဲ ၁၁း၆


(၂) ကြောက်ရွံ့ထိတ်လန့်ခြင်း

ကျွန်ုပ်သည် ကြောက်ရွံ့ထိတ်လန့်နေလျှင်၊ ဘုရားသခင်က ကျွန်ုပ်အားစောင့်ရှောက်ပေးမည်ကို မယုံကြည်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏စိတ်နှလုံးကိုသိပြီး ကျွန်ုပ်တို့သည် ကြောက်ရွံ့တတ်ကြသည်ကိုလည်း သူသိသည်။ ကျမ်းစာထဲတွင် အကြိမ် ရာပေါင်းများစွာ သူကကျွန်ုပ်တို့ အား ဤသို့ပြောထားသည်။ ""မကြောက်ရွံ့နှင့်"" ကျွန်ုပ်တို့ မကြောက်ရွံ့သင့်သည့် အကြောင်း အရင်းမှာ သူကိုယ်တိုင်က ကျွန်ုပ်တို့နှင့်အတူရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်က "မစိုးရိမ်နှင့်၊ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက် နှင့်။ သင်၏ဘုရားသခင်ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင်မမည်။ ငါ့သစ္စာလက်ဖြင့် ထောက်ပင့်မည်။"ဟု ဆိုခဲ့သည်။ ဟေရှာ ၄၁း၁၀


(၃) စိုးရိမ်ပူပန်ခြင်း

ဘုရားသခင်က ကျွန်ုပ်တို့အား စောင့်ရှောက်၍ လိုအပ်ချက်များအား ဖြည့်ဆည်းပေးမည်ဆိုသည့် အချက်ကို မယုံကြည် သော ကြောင့် ကျွန်ုပ်တို့သည် စိုးရိမ်ပူပန်ကြခြင်းဖြစ်သည်။

စိုးရိမ်ပူပန်မှုသည် ကျွန်ုပ်တို့အား ပျက်စီးစေပြီး ဘုရားသခင်ရှေ့၌ အပြစ်တစ်ခုလည်းဖြစ်သည်။ စိုးရိမ်ပူပန်ခြင်းသည် အပြစ် ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏မေတ္တာတော်၊ ဉဏ်ပညာနှင့် တန်ခိုး တော်တို့ကို သံသယရှိသောကြောင့်ဖြစ်သည်။ ဒါဝိဒ်သည် စိုးရိမ်ပူပန်ခြင်းအား ကုစားရန်ဆေးကိုရှာတွေ့ခဲ့ သည်။ သူက ""ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည်ဆင်းရဲမခံရ။""ဟု ဆိုခဲ့သည်။ ဆာလံ ၂၃း၁

မှားသောယုံကြည်ချက်း ဘုရားသခင်သည် ကျွန်ုပ်၏လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းငှာ မတက်စွမ်းနိုင်ပါ။

မှန်သောယုံကြည်ချက်း ဘုရားသခင်သည် ကျွန်ုပ်၏လိုအပ်ချက်များကို ဖြည့်ဆည်းပေး လိမ့်မည်။


(၄) အပြစ်ရှိသည်ဟု မိမိကိုယ်ကို စီရင်ခြင်း

ကျွန်ုပ်တို့သည် မိမိတို့၏အပြစ်များအကြောင်းကို စဉ်းစားချိန်တွင် ကျွန်ုပ်တို့၌ အပြစ်များစွာရှိပြီး အပြစ်ကျိန်စာသင့်နေသည်ဟု မိမိကိုယ်ကို ခံစားမိကြသည်။ ကျွန်ုပ်တို့၏အပြစ်များအား အဆက်မပြတ် သတိရနေခြင်းသည် ကျွန်ုပ်တို့အား အကြီးအကျယ် စိတ်ပျက် စေမည်ဖြစ်သည်။

ဤပြဿနာဖြစ်ရခြင်း၏ မူလရင်းမြစ်အကြောင်းအရင်းမှာ ဘုရားသခင်က ကျွန်ုပ်တို့ကို လုံးဝ ဥသုန်အပြစ်လွှတ်ခဲ့ပြီးပြီဆိုသည့် အချက်အား မဖက်တွယ်နိုင်၊ နားမလည်နိုင်ကြသောကြောင့် ဖြစ်သည်။ သူသည် ပြီးပြည့်စုံသော ကယ်တင်ရှင်ယေရှုခရစ်တော်ကို ပြင်ဆင် ချပေးခဲ့သည်။ ကျမ်းစာက ""ထို့ကြောင့် ညီအစ်ကိုတို့ ထိုသခင်၏ ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြား သည်ကို ၄င်း၊ ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် မလွတ်နိုင်သော အပြစ်ရှိသမျှတို့နှင့် လွတ်ရကြသည်ကို ၄င်း၊ သိမှတ် ကြလော့""ဟု ဆိုသည်။ တမန် ၁၃း ၃၈-၃၉

ခရစ်တော်အားဖြင့် ကျွန်ုပ်တို့၏ အပြစ်ရှိသမျှသည် လွှတ်ခြင်းခံရသည်ဟု ဘုရားသခင်က ပြော ထားသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် မိမိကိုယ်ကို အပြစ်ရှိကြောင်း ဆက်လက်စီရင် ချက်ချနေခြင်းသည် ဘုရားသခင်အား မယုံကြည်ခြင်းပင် ဖြစ်သည်။ ကျမ်းစာက "".... ယေရှုခရစ်၌ တည်သောသူတို့သည် .... အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏"" ဟုဆိုသည်။ ရောမ ၈း ၁

မှန်သောယုံကြည်ချက်း ကျွန်ုပ်တို့၏အတိတ်ကာလရှိအပြစ်များအတွက် မိမိကိုယ်ကို အပြစ်ဒဏ် ပေးရမည်။

မှန်သောယုံကြည်ချက်း ဘုရားသခင်က ကျွန်ုပ်၏အပြစ်အားလုံးကို ခွင့်လွှတ်ခဲ့ပြီးဖြစ်သည်။ ခရစ်တော်၌ရှိသောသူများအတွက် အပြစ်စီရင်ခြင်းမရှိပါ။


(၅) ငြင်းပယ်ခံရသောကြောင့် ဖြစ်ပေါ်လာသော ခံစားချက်

တခါတရံတွင် လူတဦးအပေါ်၌ ကျွန်ုပ်တို့၏ စိတ်ဝင်စားမှုသည် တိုးပွားလာပြီး ကျွန်ုပ်တို့ပျော်ရွှင် နိုင်ရန်အတွက် ထိုသူ၏မေတ္တာ ကိုရမှဖြစ်မည်ဟု ခံစားရလေ့ရှိသည်။ သို့သော်လည်း ထိုသူက ကျွန်ုပ်တို့ အား ဂရုစိုက်ပုံမပေါ်ပါ။ အကျိုးဆက်အနေဖြင့် ကျွန်ုပ်တို့ သည် ငြင်းပယ်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ခံစားချက်ဆိုးမျိုးကို ခံစားရ၍ စိတ်နာကျင်ကြမည်ဖြစ်ပြီး ဒေါသပင် ထွက်ကောင်း ထွက် လိမ့်မည်။

ဤပြသနာ၏ အရင်းအမြစ်မှာ ကျွန်ုပ်တို့၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်တွက် ထိုသူ၏မေတ္တာကိုရမှ ဖြစ်မည်ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်။ ဤယုံကြည်ချက်သည် မှားသည်။ ကျွန်ုပ်၏လိုအပ် ချက်အားလုံးအား ဖြည့်ဆည်းပေးရန် ဘုရားသခင် ကတိပေးထားသည်။ ထိုသူ၏မေတ္တာဖြင့် ဘုရားသခင်သည် ကျွန်ုပ်အား မပတ်စည်းခြင်းမှာ ထိုမေတ္တာကို ကျွန်ုပ် အမှန်တကယ် မလိုအပ် သောကြောင့်ဖြစ်သည်ဟု ဆိုလိုသည်။ ထိုသူ၏မေတ္တာကို ရရန်လိုအပ်သည်ဟု ကျွန်ုပ်ခံစားရနိုင်သည်။ မရနိုင်သည့်အခါ ကျွန်ုပ်သည် ၀မ်းနည်းပူဆွေးပြီး စိတ်နာကျင်ကောင်းနာကျင်လိမ့်မည်။ သို့သော် ကျွန်ုပ်သည် ဤကြီးမြတ်သော သမ္မာတရားဆီသို့ ခြေဦးပြန်လှည့်ရမည်။ ""ဘုရားသခင်နှင့် ကျွန်ုပ်အတွက် ဘုရားသခင်ပြင်ဆင်ချပေးထားသော အရာတို့သည် ကျွန်ုပ်လိုအပ်သောအရာအားလုံးပင်ဖြစ်သည်။

သင်သည် တစ်စုံတဦးကို ချစ်သော်လည်း သူ၏တုံ့ပြန်မှုကို မရသောကြောင့် ၀မ်းနည်းပူဆွေးခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ပါ။ သို့သော် သင်၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ထိုသူ၏ မေတ္တာကိုရမှဖြစ်မည်ဟု ဘယ်တော့မှ မယူဆသင့်ပါ။

အမှန်စင်စစ်၊ ခရစ်တော်တဦးတည်းကသာ ကျွန်ုပ်တို့၏စိတ်နှလုံးအား အပြည့်အ၀ကျေနပ်စေနိုင်သည်။ မည်သည့်လူကမှ ဤသို့ မလုပ်နိုင်ပါ။ ခရစ်တော်ထံတွင်သာ ရှာတွေ့နိုင်သောအရာကို လူများထံမှ ရှာဖွေရန် ကြိုးပမ်းနေပါက၊ ကျွန်ုပ်တို့သည် စိတ်ပျက်ခြင်းနှင့် တွေ့ကြုံရလိမ့်မည်။ ခရစ်တော်၏ ချစ်ခြင်း မေတ္တာတော်ကသာ ကျွန်ုပ်တို့၏ စိတ်နှလုံးအား ကျေနပ်မှုကိုပေးစွမ်းနိုင်သည်။

မှားသောယုံကြည်ချက်း ကျွန်ုပ်၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ထိုသူ၏မေတ္တာကို ရရမည်။

မှန်သောယုံကြည်ချက်း ဘုရားသခင်နှင့် ဘုရားသခင်က ကျွန်ုပ်အတွက် ရွေးချယ်၍ပေးသော အရာတို့သည် ကျွန်ုပ် လိုအပ်သော အရာ အားလုံးပင် ဖြစ်သည်။

ဤအတွင်းပိုင်းပြသနာများသည် တခုနှင့်တခုကွဲပြားသော်လည်း၊ တူညီသောအရင်းအမြစ် အကြောင်းအရင်းရှိသည်။ ပြသနာ တစ်ခုစီ၏ အရင်းအမြစ်မှာ ဘုရားသခင်နှင့် ကျွန်ုပ်တို့အတွက် သူပြင်ဆင်ချပေးထားသောအရာတို့အပြင် အခြားအရာတို့ကိုလည်း လိုအပ် သေးသည် ဟူသော မှားယွင်း သောယုံကြည်ချက်ပင်ဖြစ်သည်။ ဤပြသနာတခုစီအား ကုသရန် ဆေးမှာ ဤသမ္မာတရားဖြစ်သည်။ ""ဘုရားသခင်နှင့် သူပြင်ဆင် ချပေး ထားသောအရာတို့သည် ကျွန်ုပ်လိုအပ်သောအရာအားလုံးပင်ဖြစ်သည်။""


စိတ်ကျေနပ်ရောင့်ရဲမှု၏လျှို့ဝှက်ချက်

တမန်တော်ပေါလု၏ဘ၀သည်မလွယ်ကူခဲ့ပါ။ သူသည် ဆင်းရဲဒုက္ခများစွာဖိနှပ်မှုများစွာကို ခံစားခဲ့ရသည်။ သူသည်ဆင်းရဲပြီး မကြာခဏ စိတ်ပျက်ဖွယ် အခြေအနေများအတွင်းသို့ ကျရောက်လေ့ရှိသည်။ သူ့တွင် သက်သာခြင်းမရရှိသော ခန္ဓာပိုင်းပြသနာများလည်း ရှိသည်။ အချိန်အတော်များများ ထောင်ထဲတွင် နေခဲ့ရသည်။ သို့သော်ငြားလည်း သူသည် ကျေနပ်ရောင့်ရဲမှုရှိသော ခရစ်ယာန်တဦး ဖြစ်ခဲ့သည်။ ပေါလုက ""... အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲ့သောစိတ်ရှိအံ့သောငှာ သင်မိပြီ""ဟု ဆိုသည်။ ဖိ ၄း ၁၁

သူတွင် များများရှိသည်ဖြစ်စေ၊ နည်းနည်းရှိသည်ဖြစ်စေ၊ ထောင်ထဲတွင်ရှိသည်ဖြစ်စေ၊ ထောင်ပြင်ပတွင် ရှိသည် ဖြစ်စေ၊ ကြွယ်ဝ နေသည်ဖြစ်စေ၊ စိတ်ပျက်ဖွယ်အခြေအနေမျိုးတွေ့ကြုံရသည်ဖြစ်စေ၊ ပေါလုသည် ကျေနပ်ရောင့်ရဲတတ်ရန် သင်ယူနိုင်ခဲ့သည်။ ဘုရားသခင် နှင့် သူ့အတွက် ဘုရားသခင် ပြင်ဆင်ချ ပေးသောအရာတို့သည် သူလိုအပ်သောအရာအားလုံးပင် ဖြစ်သည်ဆိုသည့်အချက်ကို လေ့လာ သင်ယူခဲ့သည်။ ပေါလုက ""ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်းခံတတ်၏။ ၀စွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ် တို့ တွင်အရာရာ၌သင်မိပြီ""ဟုဆိုသည်။ ဖိ ၄း၁၂

ကျေနပ်ရောင့်ရဲခြင်း၏ လျှို့ဝှက်ချက်မှာ အဘယ်နည်း? လျှို့ဝှက်ချက်မှာ ဘုရားသခင်နှင့် ကျွန်ုပ် အတွက် ဘုရားသခင် ပြင်ဆင် ချပေးထားသော အရာတို့သည် ကျွန်ုပ်လိုအပ်သော အရာအားလုံးပင်ဖြစ်သည် ဟူသော အချက်ကို သက်ဝင်ယုံကြည်ခြင်းပင်ဖြစ်သည်။ မည်သို့သော ""စက်ဝိုင်း"" မျိုးကိုမဆို ဘုရားသခင်က ကျွန်ုပ်အတွက် ပြင်ဆင်ပေးသည်ဖြစ်စေ၊ ကျေနပ်ရောင့်ရဲ့တက်ရန် သင်ယူ ရမည် ဖြစ်သည်။ တပ်မက်ခြင်းမရှိဘဲ အသက်ရှင်ရမည် ဘုရားသခင်က ပြောထားသည်။ တပ်မက်ခြင်းဆိုသည်မှာ သူတပါးပိုင်ဆိုင် သောအရာ တစ်ခုကို အလွန်းအမင်းရယူလိုခြင်းပင် ဖြစ်သည်။ လိုချင်တပ်မက်စိတ်မရှိဘဲ မိမိတို့တွင်ရှိသော အရာများအားဖြင့်သာ ကျေနပ်ရောင့်ရဲမည်ဟု ကျွန်ုပ်တို့အား မိန့်မှာထားသည်။ ကျမ်းစာက ""သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်။ သင့်ကိုအလျှင်း ပြစ်၍မထားဟု ကတိတော်ရှိ၏""ဟုဆိုသည်။ ဟေဗြဲ ၁၃း ၅

ဤကျမ်းပိုဒ်တွင် ကျွန်ုပ်တို့ဘာကြောင့် ကျေနပ်ရောင့်ရဲသင့်သလဲဆိုတာကို ဘုရားသခင်က ပြောထားသည်။ ကျွန်ုပ်တို့သည် ကျေနပ် ရောင့်ရဲ မည်။ အကြောင်းမှာ (၁) သခင်ကိုယ်တိုင် ကျွန်ုပ်တို့စိတ်နှလုံး အတွင်း၌ အသက်ရှင်နေသောကြောင့်ဖြစ်သည်။ (၂) ကျွန်ုပ်တို့ အတွက် သူပြင်ဆင် ချပေး ထားသောအရာ များ ကျွန်ုပ်တို့တွင်ရှိသည်။ ဤအရာတို့သည် ကျွန်ုပ်တို့လိုအပ်သောအရာ အားလုံးပင်ဖြစ်သည်။


ရှာဖွေတွေ့ရှိရသော အဖိုးထိုက်ရတနာ

ဘုရားသခင်နှင့် ကျွန်ုပ်အတွက် ဘုရားသခင် ပြင်ဆင်ချပေးထားသောအရာတို့သည် ကျွန်ုပ်လိုအပ်သောအရာ အားလုံးပင် ဖြစ်သည်။


မေးခွန်းများ

မှန်/မှား

(၁) ကျွန်ုပ်တို့လိုအပ်သောအရာနှင့် လိုချင်သည့်အရာအားလုံးကို ပြင်ဆင်ချပေးဖို့ ဘုရားသခင်က ကတိပေးထားသည်။

(၂) ဘုရားသခင်သည် ကျွန်ုပ်တို၏ ၀ိညာဉ်ရေးရာလိုအပ်ချက်များကို ထောက်ပံ့ပေးသည်။

(၃) စာတန်၏ ဖြားယောင်းသွေးဆောင်မှုအများစု (သို့) အားလုံးတွင် ကျွန်ုပ်တို့၏စိတ်ထဲသို့ မှားသော အတွေးအခေါ်များအား ထည့်ပေးရန်ဆိုသည့် ဗျူဟာ မပါဝင်ပါ။

(၄) ကျွန်ုပ်တို့မည်သို့ ပြုမူလုပ်ဆောင်မည်၊ ခံစားမည်ဆိုတာကို ကျွန်ုပ်တို့ယုံကြည်သောအရာများက အဆုံးအဖြတ်ပေးသည်။

(၅) ကျေနပ်ရောင့်ရဲခြင်း၏ လျှို့ဝှက်ချက်မှာ ဘုရားသခင်နှင့် ကျွန်ုပ်အတွက် သူပြင်ဆင်ချပေးသော အရာတို့သည် ကျွန်ုပ်လိုအပ်သော အရာအားလုံးပင်ဖြစ်သည်ဆိုသည့်အချက်ကို ယုံကြည်ခြင်းဖြစ် သည်။

(၆) ကျွန်ုပ်၏ အတိတ်ကာလရှိ အပြစ်များအတွက် မိမိကိုယ်ကို အပြစ်ဒဏ်ပေးရမည်။

(၇) ကျွန်ုပ်သည် ကြောက်ရွံ့တုန်လှုပ်နေပါက၊ ကျွန်ုပ်အား ကာကွယ်စောင့်ရှောက်ပေးမည့် ဘုရားသခင် ကိုယုံကြည်သောကြောင့် ဖြစ်သည်။

(၈) ခရစ်တော်၌ ကျွန်ုပ်တို့၏အပြစ်အားလုံးသည် လွှတ်ခြင်းခံရသည်။

(၉) သင်က တစုံတဦးကို ချစ်သော်လည်း၊ ထိုသူ၏တုံ့ပြန်မှုကို မရသည့်အခါ ၀မ်းနည်းပူဆွေးခြင်း သည် မှားယွင်းသော လုပ်ရပ် ဖြစ်သည။

(၁၀)ကျွန်ုပ်တို့သည် ကျေနပ်ရောင့်ရဲနိုင်သည်။ အကြောင်းမှာ သခင်ကိုယ်တိုင်က ကျွန်ုပ်တို့အတွင်း၌ အသက်ရှင်လျက်ရှိပြီး ကျွန်ုပ်တို့အတွက် သူ ပြင်ဆင် ပေးထားသောအရာတို့သည်လည်း ကျွန်ုပ်တို့ တွင် ရှိသောကြောင့်ဖြစ်သည်။


Share:

Saturday, August 21, 2010

မိမိကိုယ်ကို လက်ခံတတ်စေရန် သင်ယူခြင်း

Learning to Accept Myself

Practical Christian Living Lesson Course 4

Lesson 5

အဓိက ကျမ်းချက် ။    ။
ကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍ ....။ ဆာလံ ၁၃၉း ၁၄


 

    ကျွန်ုပ်တို့ဘ၀၏ပျော်ရွှင်မှုသည် ကျွန်ုပ်တို့၏ သဘောထားများအပေါ်တွင် များစွာမူတည်လျက်ရှိသည်။ မိမိကိုယ်ကို မိမိ မြင်သော အမြင် သဘောထားသည် အရေးအကြီးဆုံး သဘောထားတခုဖြစ်သည်။ အကြောင်းမှာ ဤသဘောထားသည် ကျွန်ုပ်တို့ဘ၀တွက် နက်ရှိုင်းသော အကျိုး သက်ရောက်မှုကို ဖြစ်စေ သောကြောင့်ဖြစ်သည်။

    မိမိကိုယ်ကိုမိမိမြင်သော အမြင်သဘောထားကို "self-image" ဟုခေါ်သည်။ ဤ "self-image" သည် ကျွန်ုပ်တို့၏အလုပ်နှင့် အောင်မြင်မှုအခွင့်အလမ်းများအပေါ်တွင် အကျိုးသက်ရောက်မှုရှိသည်။ ထိုပြင် ကျွန်ုပ်တို့၏ "self-image"သည် ကျွန်ုပ်တို့မိသားစု၊ မိတ်ဆွေ များ၊ အခြားသူများအပေါ်တွင်ထား သော ကျွန်ုပ်တို့၏သဘောထားအပေါ်၌လည်း အကျိုးသက်ရောက်မှုရှိသည်။"self-image" မကောင်း သူများသည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် မပြေမလည်ဖြစ်လေ့ရှိကြသည်။ ယေဘုယျအားဖြင့် သူတို့သည် မပျော်မရွှင် ဖြစ် နေတတ်ကြသည်။

    ကျွန်ုပ်တို့၏ "self-image" (မိမိကိုယ်ကိုမိမိမြင်သောအမြင်)သည် ဘုရားသခင်အပေါ်တွင် ထားသော ကျွန်ုပ်တို့၏ သဘောထား အပေါ်တွင် လည်း အကျိုးသက်ရောက်မှုရှိသည်။ "self-image" မကောင်းသူများသည် ခါးခါးသီးသီဖြစ်နေလေ့ရှိကြပြီး ဘုရားသခင်ကိုလည်း နာကြည်း လေ့ ရှိကြ သည်။ ဘုရားသခင် ကို ယုံကြည်ရန်မှာ သူတို့အတွက်ခက်ခဲလေ့ရှိပြီး သူတို့အပေါ်တွင် ထားသောသူ၏မေတ္တာတော်ကို ယုံကြည်ရန်မှာလည်း သူတို့ အတွက် ခက်ခဲသည်။

    ကျွန်ုပ်တို့သည် မိမိကိုယ်ကို ယုတ်ညံ့သည်ဟု မထင်သင့်သလို မာန်မာနလည်း မကြီးသင့်ပေ။ ဤသို့သော စိတ်နေသဘောထား များသည် ပျော်ရွှင်မှုနှင့် မှန်ကန်သော ပေါင်းသင်းဆက်ဆံရေးတို့ကို ကျွန်ုပ်တို့ထံ ယူဆောင်လာမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် လျော်ကန် သော "self-image" ရှိကြရန်အတွက် ဘုရားသခင်အလိုရှိသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ မှန်ကန်စွာ တွေး၍မြင်နိုင်ကြရန် အတွက်လည်း ဘုရားသခင် အလိုတော်ရှိသည်။


 

ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖန်ဆင်းထားခြင်းကို ခံရသည်။

    သင်ခန်းစာ (၃)တွင် ကျွန်ုပ်တို့၏တွေးတောကြံစည်မှုများ၏ အရေးပါမှုကို လေ့လာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့ တွေးတော ကြံစည်ထားသည့်အတိုင်း ကျွန်ုပ်တို့ခံစားလုပ်ဆောင်ကြသည်။ ကျွန်ုပ်တို့၏အတွင်း ပိုင်း စိတ်နှလုံးမှ တွေးတောကြံစည်၊ ယုံကြည်သော အရာများ၏ ထိန်းချုပ်ထားခြင်းကို ကျွန်ုပ်တို့ခံရကြ သည်။ ကျမ်းစာက ""လူသည်စိတ်ထင်သည်အတိုင်းဖြစ်၏""ဟု ဆိုရာတွင် အထက်ပါအချက်ကို ဆိုလိုခြင်း ဖြစ်သည်။

    ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်၍ မှန်ကန်စွာတွေးထင်တက်ရန်နှင့် ဘုရားသခင်က ကျွန်ုပ် တို့ကိုမြင်သည့်အတိုင်း မိမိကိုယ်ကို မြင်တတ်ရန်မှာ မရှိမဖြစ် အရေးပါသည်။ ဤသို့မြင်နိုင်ရန်အတွက် လူနှင့်စပ်လျဉ်း၍ အချက်ပြအချို့ကို လေ့လာကြမည်။

(၁)    ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံ သတ္တ၀ါများဖြစ်ကြသည်။

လူသားသည် ဆင့်ကဲဖြစ်စဉ်အားဖြင့် ဖြစ်တည်လာခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကိုခံရကြသည်။ သခင်ယေရှုကိုယ်တိုင်က ""ဘုရားသခင်ဖန်ဆင်းတော်မူစက၊ ယောက်ျားနှင့် မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏""ဟု ဆိုခဲ့သည်။ မာ ၁၀း၆

(၂)    ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသည်။

ဘုရားသခင်သည် လူကိုမိမိ၏သဏ္ဍာန်တော်နှင့်အညီဖန်ဆင်းခဲ့ခြင်းအားဖြင့် အခြားဖန်ဆင်းခြင်းခံ သတ္တ၀ါအားလုံးထက် ချီးမြှောက် သာလွန် စေခဲ့သည်။ ကောင်းကင်တမန်များတောင်မှ ဤသို့သော ချီးမြှောက်မှုကို မခံရပါ။ လူသည်သာ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်း ခံရသည် ကျမ်းစာက ""ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျင်"" ဟုဆိုသည်။ ကမ္ဘာ ၁း၂၇

(၃) ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်အတွက် ဖန်ဆင်းခြင်းခံရသည်။

    ဘုရားသခင်သည် ရည်ရွယ်ချက်တခုဖြင့် လူကိုဖန်ဆင်းခဲ့သည်။ သူ၏ဘုန်းတော်အတွက် လူကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ဟေရှာယ ၄၃း၇ တွင် ဘုရားသခင်က ""ငါ၏ဘုန်းအသရေဘို့ ငါဖန်ဆင်းပြုပြင် ၍...""ဟု ဆိုခဲ့သည်။ အသင်းတော်ဖခင်များက ဤသို့ပြောခြင်းသည် မှန်ကန်သည်။ ""လူသား၏အဓိက လုပ်ရမည့်အရာမှာ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် သူ၌အစဉ်မပြတ် ၀မ်းမြောက်ကြရန် ဖြစ်သည်။""

(၄) ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကိုယ်ပိုင်ကြန်အင်လက္ခဏာများနှင့် စွမ်းဆောင်ရည်တို့ကို ပေးအပ် ထားသည်။

    မည်သူကမှ မိမိ မိဘများ၊ လူမျိုးစု၊ မိမိအသားအရောင်၊ ဥာဏ်ပညာ၊ ပုံသဏ္ဍာန်နှင့် မွေးရာပါ အရည်အချင်းများကို ရွေးချယ်ပိုင်ခွင့်မရှိပါ။ ထိုအရာအားလုံးသည် မွေးရာပါများဖြစ်ပြီး ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်။

    အကယ်၍ ကျွန်ုပ်တို့တွင် ထူးခြားသော ဆုကျေးဇူးများနှင့် အရည်အချင်းများရှိပါက ထိုအရာတို့ သည် ""ကျွန်ုပ်တို့ကို ပေးထားသော ဘုရားသခင်၏ဆုကျေးဇူးများ""ဖြစ်ကြောင်းကို အသိအမှတ်ပြုသင့်သည် ကျွန်ုပ်တို့သည် အရပ်ရှည်၍ဖြစ်စေ။ အပြာရောင် မျက်လုံးများရှိ၍ဖြစ်စေ၊ မိမိကိုယ်ကို ဂုဏ်မယူသင့်သလို အထက်ပါ ဆုကျေးဇူးများရှိခြင်းအတွက်လည်း ဂုဏ်မယူသင့်ပါ။ သဘာဝ ကြန်အင် လက္ခဏာအားလုံးနှင့် ပင်ကိုယ်အရည်အချင်းများသည် ဘုရားသခင်ဆီမှသာ လာသည်။ ဤအရာသည် မှန်ကန်သဖြင့် ကျွန်ုပ်တို့ အပိုင်းမှ မာန်မာနရှိစရာ အကြောင်းမရှိပါ။ ကျမ်းစာက ""ထိုမှတပါး အဘယ်သူသည် သင့်ကိုထူးခြားစေ သနည်း။ သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက်ရသောအရာ တစုံတခုမျှ သင့်၌ရှိသလော့။""ဟုဆို ထားသည်။ ၁ကော ၄း ၇

    မွေးကတည်းက လက်ခံရရှိခဲ့သောအရာများနှင့် စပ်လျဉ်း၍လည်း ရှက်ကြောက်စရာအကြောင်း လုံးဝမရှိဟု ပြောခြင်းမှာလည်း မှန်ကန်သည်။ ဘုရားသခင်သည် လူအားလုံးကို ဖန်ဆင်းသူဖြစ်သည်။ သူသည် သူဖန်ဆင်းထားသောအရာများနှင့် ပတ်သက်၍ ရှက်ကြောက် ခြင်း မရှိသကဲ့သို့ ကျွန်ုပ်တို့လည်း ရှက်ကြောက်ခြင်းမရှိသင့်ပါ။ သူတပါးကို အထင်သေး၍ ရွံရှာမုန်းတီးသူများကို ဘုရားသခင်သည် မနှစ်မြို့ပါ။ အကယ်၍ သင်သည် တစုံတဦးကို ကဲ့ရဲ့လှောင်ပြောင်ပါက ထိုသို့ပြုလုပ်ခြင်းသည် ဘုရား သခင်အား ကဲ့ရဲ့နေခြင်းဖြစ်သည်။ အကြောင်းမှာ ထိုသူကို ဘုရားသခင်က ဖန်ဆင်းခဲ့သောကြောင့် ဖြစ်သည်။ ကျမ်းစာက ""ဆင်းရဲသားကို မထီလေးစားပြုသောသူသည် ဖန်ဆင်းတော်မူသော ဘုရားကို ကဲ့ရဲ့၏။""ဟုဆိုသည်။ သုတံ္တ ၁၇း ၅

    မိမိကိုယ်ကို အထင်သေး၍ ရွံရှာမုန်းတီးခြင်းမှာလည်း အခြားသူတဦးကို အထင်သေး၍ ရွံရှာ မုန်းတီးခြင်းကဲ့သို့ပင် မှားယွင်းသည်။


 

လျော်ကန်သော မိမိကိုယ်မိမိမြင်သောအမြင် "self-image" ကိုရရှိခြင်း

    အထက်ပါအချက်များကို စိတ်ထဲမှတ်ထားလျက်၊ သင့်ကိုလျော်ကန်သော မိမိကိုယ်မိမိမြင်သောအမြင် "self-image" ရရှိစေရန် ကူညီပေး မည့် အရာ အချို့ တို့ကို ဝေငှပြောပြပါမည်။

(၁) သင်သည် ထူးခြားသောပုဂိ္ဂုလ်ဖြစ်သည်ကို နားလည်ပါ။

    ကျွန်ုပ်တို့သည် အံ့သြဖွယ်တီထွင်မှုအသစ်အဆန်းများဖြင့် ပြည့်နှက်လျက်ရှိသော ခေတ်ကာလထဲ တွင် အသက်ရှင်လျက် ရှိသော ကြောင့် လူသည် အရေးသိပ်မပါဟု ထင်လေ့ရှိကြသည်။ သို့သော် ဤကမ္ဘာ ပေါ်၌ အထူးခြားအကောင်းမွန်ဆုံးအရာမှာ အာကာသ လွန်ပျံယာဉ် (သို့) လျှပ်စစ်ပစ္စည်းအသစ်တခု မဟုတ်ပါ။ ကမ္ဘာပေါ်တွင် အထူးခြားအဆန်းကြယ်ဆုံးအရာမှာ လူသားဖြစ်သည်။ ဒါဝိဒ်က ""ကျွန်ုပ်သည် ကြောက်မက်ဖွယ် သော လက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍""ဟု ဆိုခဲ့သည်။ ဆာလံ ၁၃၉း၁၄

    ကျွန်ုပ်တို့နှင့် ပတ်သက်၍ အရေးကြီးသောအရာမှာ ကျွန်ုပ်တို့၏ ပုံပန်းသဏ္ဍာန်မဟုတ်ပါ။ အရေး ကြီးသောအရာမှာ ကျွန်ုပ်တို့ သည် ဘုရားသခင် မိသားစု၏ မိသားစုဝင်တဦးဖြစ်လာရန်နှင့် ခရစ်တော်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ပြောင်းလဲလာရန် အလားအလာရှိသည် ဆိုသော အချက်ဖြစ်ပါသည်။ အထက်ပါ အချက်က ဘုရားသခင်၏အမြင်၌ လူအယောက်ဆီတိုင်းကို များစွာအဖိုးထိုက်စေသည်။

    ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်သည် အရာရာတို့ကို တခုနှင့်တခု မတူအောင် ကွဲပြားခြားနားစွာ ဖန်ဆင်းခဲ့သူ ဖြစ်သည်။ သူသည် သစ်ရွက် နှစ်ရွက် ကို တူညီစွာ မဖန်ဆင်းပါ။ မိုးပွင့်နှစ်ပွင့်ကိုလည်း တခုနှင့်တခု လုံးဝ တူညီအောင် မဖန်ဆင်းထားပါ။ လူနှစ်ဦးကိုလည်း တထေရာ တည်း တူအောင် မဖန်ဆင်းပါ။ သင်သည် အတုမရှိ ထူးခြား၍ ဤကမ္ဘာပေါ်တွင် သင့်လိုလူမျိုး နောက်တစ်ယောက်မရှိသော လူပုဂိ္ဂုလ် တစ်ဦးဖြစ် သည်။ ထို့ကြောင့် သင်သည် အခြားမည်သူကမှ ဘုရားသခင်ထံ မယူဆောင်လာနိုင်သော အထူးဘုန်းတော် ကို သင်၏ ဖန်ဆင်းရှင်ထံ ယူဆောင်လာနိုင်စွမ်းရှိသည်။

(၂) သင်၏ဖန်ဆင်းရှင်နှင့် ပုဂိ္ဂုလ်ရေးရာဆက်ဆံမှုကို စတင်တည်ဆောက်ပါ။

    ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်းခံထားရသည်။ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်း ထားခြင်းခံရသဖြင့် ကျွန်ုပ်တို့သည် သူကို သိကျွမ်းနိုင်စွမ်းရှိပြီး သူနှင့် ပုဂိ္ဂုလ်ရေးရာ ပေါင်းသင်းဆက်ဆံမှုကို ပြုလုပ်နိုင်သည်။

    သင်သည် သင်၏ဖန်ဆင်းရှင်နှင့် ပုဂ်္ဂိုလ်ရေးရာ ဆက်ဆံမှုကို မပြုမလုပ်သည့်တိုင်အောင် သင်သည် သင်၏အဖိုးထိုက်တန်မှုကို သိရှိနိုင်မည်မဟုတ်သလို သင့်ကိုသင်လည်း လုံးလုံးလျားလျား လက်ခံနိုင်မည် မဟုတ်ပါ။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာ၍ သင့် အတွက် သူ၏မေတ္တာတော်ကို သိရှိလာသည်နှင့် တပြိုင်နက်၊ သူ၏အမြင်၌ သင်သည် မည်မျှအဖိုးထိုက်တန်သည်ကို သင်သိရှိလာပေမည်။

    သခင်ယေရှုက ကောင်းကင်ဘုံရှိ ခမည်းတော်မသိရှိဘဲ၊ အရေးမပါသော စာငှက်ကလေးတကောင် ပင်လျှင် မြေပြင်ပေါ်သို့ မကျပါဟု ထောက်ပြခဲ့သည်။ ယေရှုက ""ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့ သည် စာငှက်အများတို့ထက်သာ၍ မြတ်ကြောင်း""ဟု ဆိုခဲ့သည်။ မသဲ ၁၀း ၃၀

    ကျွန်ုပ်ဦးခေါင်း၏ ဆံပင်များကိုတောင်မှ ရေတွက်ထားကြောင်းကို သခင်ယေရှုက ဆက်လက်ပြော ပြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် ထိုမျှအရေးကြီးကြလျင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်တိုင်အတွက် သာ၍ စဉ်းစားရမည်။ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ မေတ္တာတော်ကို ပို၍ သိလာလေလေ ကျွန်ုပ်တို့၏ စစ်မှန်သော အဖိုးထိုက်တန်မှုကို သဘောပေါက် နားလည်လာ လေလေ ဖြစ်ပေမည်။

(၃) မိမိကိုယ်ကို အခြားသူများနှင့် မနှိုင်းယှဉ်ပါနှင့်

    ကလေးငယ်များသည် ပျော်ရွှင်ကြခြင်းမှာ မိမိကိုယ်ကို သူတပါးနှင့် မနှိုင်းယှဉ်သောကြောင့်ဖြစ်သည် မိမိ၏ဖြစ်တည်မှုနှင့် မိမိ၌ရှိသော အရာ တို့၌သာ ၀မ်းမြောက်ကြသည်။ ကလေးများ ကြီးထွားလာသည်နှင့် အမျှ၊ မိမိပတ်ဝန်းကျင်၌ရှိသောအရာတို့ကို စူးစမ်းလာကြပြီး မိမိကိုယ်ကို သူတပါးတို့နှင့် စတင်နှိုင်းယှဉ် လာကြသည်။

    ထိုသို့နှိုင်းယှဉ်လာကြချိန်တွင် သူတို့ထဲမှများစွာသောသူတို့သည် သူတို့၏ဘ၀၌ ""မမျှတသော အရာ""တို့ကို လက်ခံရရှိကြသည် ဟု ထင်ကြသည်။ အကြောင်းမှာ သူတို့သည် အခြားမည်သူမည်ဝါတို့ လောက် ရုပ်မချော၊ စမတ်မကျ၍ (သို့) ငွေကြေးမချမ်းသာ၍ ဖြစ်သည်။ သို့သော် ဘုရားသခင်က ကျွန်ုပ် တို့ကို ထိုသို့မပြုလုပ်ကြရန် ပြောထားသည်။ ကျမ်းစာက "".... ထိုသူတို့သည် အချင်းချင်း တယောက်နှင့် တယောက် ခိုင်းနှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းကိုပြု၍ ပညာမဲ့ဖြစ်ကြ၏""ဟုဆိုသည်။ ၂ကော ၁၀း ၁၂

(၄) အပြစ်အနာအဆာများနှင့်ပတ်သက်၍ မှန်ကန်စွာ တုန့်ပြန်ပါ။

    လူအများစု၊ အထူးသဖြင့် လူငယ်လူရွယ်များသည် မိမိတို့၏ ပုံပန်းသဏ္ဍာန်နှင့်ပတ်သက်၍ အလွန် စိုးရိမ်မှုရှိကြသည်။ သူတို့သည် မိမိကိုယ်ကို မှန်ထဲ၌ ဂရုတစိုက် ကြည့်ရှု စစ်ဆေးလေ့ရှိကြသည်။ မည်သူ ကမှ ပြီးပြည့်စုံမှုမရှိသဖြင့် သူတို့သည် သူတို့ မနှစ်သက်သော အရာတခု (သို့) တခုထက်များစွာကို သူတို့၌ တွေ့ရှိလေ့ရှိကြသည်။ သူတို့သည် ""ဤအနာအဆာ""များအကြောင်းကို သူတို့၏ အချိန်အများ စု၌ တွေးကြ သည်။ ဘုရားသခင်က သူတို့ကို ပေးထားသော အခြားများစွာသော အားသာချက်တို့အားဖြင့် ၀မ်းမြောက်ရ မည့်အစား သူတို့ အပေါ် ""အပြစ်အနာအဆာ""၏ စိတ်ပျက်ဝမ်းနည်းစေခြင်းကို ခံကြသည်။

    အကယ်စင်စစ် မည်သူကမှ ပြီးပြည့်စုံအောင် လှပကောင်းမွန်သော ကိုယ်ခန္ဓာကို မပိုင်ဆိုင်ကြပါ။ ""အပြစ်အနာအဆာ""ဟု ခေါ်ဆိုနိုင်သော အရာတစုံတခုသည် လူတိုင်းတွင်ရှိသည်။ သို့သော် သင့်ဘ၀တွင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေခြင်းအား အပြစ်အနာအဆာတခုက ဆီးတားထားခြင်းကို ခွင့်ပြု မည်လော့?

    ဂျပန်နိုင်ငံရှိ လူငယ်တဦးသည် ပုံပျက်နေသောခန္ဓာကိုယ်နှင့် မျက်နှာတစ်ခုတို့ဖြင့် မွေးဖွားလာခဲ့ သည်။ Kandura သည် ယေရှုခရစ်တော်ကို ယုံကြည်လက်ခံခဲ့သည်။ နောက်ပိုင်းတွင် ဤသတင်းစကားကို ကုတ်ခြစ်ရေးခဲ့သည်။ ဆိုးရွားစွာ မသန်မစွမ်း ဖြစ်နေ သော်လည်း ဤလူငယ်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေခဲ့ပြီး သူအံ့သြ၀မ်းမြောက်ဖွယ် ကယ်တင်ခြင်းကို ချီးမွမ်းခဲ့သည်။ ဤသတင်း စကားကို ဖတ်ပြီးနောက် ကျွန်ုပ်တို့သည် မိမိတို့အတွက် မိမိ မည်သို့စိတ်မကောင်းဖြစ်နိုင်မည်နည်း။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ မနှစ်သက်သော အနာအဆာတစ်ခုအတွက် ဘုရားသခင်ကို မည်သို့ခါးသီး၍ နာကြည်းနိုင်မည်နည်း။

    လူငယ်၏သတင်းစကားမှာဤသို့ဖြစ်သည်။ ကျွန်ုပ်မပြောင်းလဲနိုင်သောအရာများကို လက်ခံနိုင်ရန် အတွက် တည်ငြိမ်အေးချမ်းမှု ကို ဘုရားသခင်သည် ကျွန်ုပ်အားပေးအပ်ခဲ့သည်။ ...ကျွန်ုပ်ပြောင်းလဲနိုင်သော အရာများကို ပြောင်းလဲရန်အတွက် အစွမ်းသတိ္တကိုပေးခဲ့ပြီး ပြောင်းလဲနိုင်သောအရာနှင့် မပြောင်းလဲနိုင် သောအရာတို့ကို ခွဲခြား၍ သိရှိနိုင်ရန်အတွက် ဥာဏ်ပညာကိုလည်း ပေးခဲ့သည်။

(၅) ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ သူ၏အလုပ်ကိုဆက်လုပ်နေဆဲဖြစ်ကြောင်းကို နား လည်းပါ

    ကျမ်းစာက ""ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ""ဟုဆိုသည်။ (ဧဖက် ၂း ၁၀) ဆိုလိုသည်မှာ အကျွန်ုပ်တို့သည် သူ ဖြစ်စေ လိုသော သူများဖြစ်လာနိုင်ရန်အတွက် သူသည် လုပ်ဆောင် လျက်ရှိကြောင်းကို ဆိုလိုသည်။ ကျွန်ုပ်တို့နှင့်ပတ်သက်၍ ဘုရားသခင်၏ အစီအစဉ်မှာ အဘယ်နည်း။ ဘုရားသခင်၏ အစီအစဉ်မှာ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်နှင့် တူလာစေရန်ဖြစ်သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့ကို သူသားတော်နှင့် ပုံသဏ္ဍာန်တော်နှင့်အညီ ပြောင်းလဲလာစေရန် ကျွန်ုပ်တို့ကို မွမ်းမံပြင်ဆင်လျက်ရှိသည်။ ကျမ်းစာက "".....ဘုရားသခင် သည် ရှေ့မဆွက သိတော်မူသောသူတို့ကို သားတော်၏ ပုံသဏ္ဍာန်နှင့်တညီတည်း ဖြစ်စေခြင်းငှာ၊ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏""ဟု ဆိုထား သည်။ ရော ၈း ၂၉

    ကျွန်ုပ်တို့သည် သူဖြစ်စေလိုသောသူများဖြစ်လာနိုင်ရန်အတွက် ကျွန်ုပ်တို့အတွင်း၌ ဘုရားသခင် လုပ်ဆောင်ရမည့်အရာ များစွာ ရှိသည်။ သူ၏လုပ်ဆောင်မှုပြီးစီးသောအချိန်တွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တသဏ္ဍာန်တည်း တူလာကြမည်ဖြစ်သည်။ ဤအတော အတွင်း ဘုရားသခင်က ကျွန်ုပ်တို့အတွက် အလုပ် လုပ်ဆောင်လျက်ရှိကြောင်းကို သတိရပါ။ သူသည် ကျွန်ုပ်တို့အတွင်း၌ အစပြု၍ လုပ်ဆောင်ထားသောအလုပ်ကို ပြီးမြောက်အောင်လုပ်မည်ကို သိခြင်းအားဖြင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်ကို မြှင့်တက်စေ သည်။ ကျမ်းစာက""သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည် ၊ ယေရှုခရစ်၏ နေ့ရက် တိုင်အောင် ပြီးစီးလျက်ပြုတော်မူမည်ဟု ငါသဘောကျ၏""ဟုဆိုသည်။

(၆) ခါးသီးမှုကို ငြင်းပယ်ခြင်း

    ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘ၀တွင် အရာများစွာကို လုပ်ဆောင်ပေးလို၍ ကျွန်ုပ်တို့၏ ပူးပေါင်းလုပ်ဆောင်မှုကို သူလိုအပ် သည်။ ဘုရားသခင်သည် ဘယ်တော့မှ ကျွန်ုပ်တို့၏အလိုနှင့် ဆန့်ကျင် ၍ အတင်းအကြပ်မလုပ်ဆောင်စေပါ။ သို့သော် ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့၏ဘ၀တွင် သူ့နည်းလမ်း အတိုင်း လုပ်ဆောင်နိုင်ရန်အတွက် သူကို အခွင့်ပေးရမည်။ အကယ်၍ ကျွန်ုပ်တို့သည် ခါးသီး၍ နားကြဉ် နေပါက ကျွန်ုပ်တို့ကို ပြောင်းလဲ စေ မည့်သူ၏ လုပ်ဆောင်မှုကို နှောက်ယှက်တားဆီးထားမည်ဖြစ်သည်။

    သူ့ကိုအခွင့်ပေးပါက သင့်ဘ၀ကို လှပကောင်းမွန်သော ဘ၀တစ်ခုဖြစ်လာရန်အတွက် သူလုပ် ဆောင်နိုင်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ခါးသီး၍ နာကြည်းမုန်းတီးနေလျင်၊ ဤအပြစ်ကို သူ့ထံသို့ ယခုပင် ၀န်ချတောင်းပန်မည်လော။ သူ့ကို အမှန်အတိုင်းသာ ပြောလိုက်ပါ။ ဘုရားသခင်၊ ကျွန်ုပ်သည် ----နှင့်ပတ်သက်၍ ခါးသီးနာကြည်းလျက်ရှိပါတယ်။ ဤအပြစ်ကို ကိုယ်တော်ထံသို့ ယခုပင် ၀န်ချတောင်းပန်ပါ၏။""

(၇) ကျေးဇူးတော်ကို ချီးမွမ်းပါ။

    ဤဘ၀၌ ကျွန်ုပ်တို့၏ ပျော်ရွှင်မှုသည် ကျွန်ုပ်တို့၏ ချောမောလှပမှု၊ ခန့်ညားမှု၊ စမတ်ကျမှုများ အပေါ်တွင် မမူတည်ပါ။ ကျွန်ုပ်တို့၏ ငွေကြေးချမ်းသာမှုအပေါ်တွင်လည်း မမူတည်ပါ။ ကျွန်ုပ်တို့၏ သဘောထားအပေါ်တွင်သာ မူတည်သည်။

    လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက၊ ကြေကွဲဝမ်းနည်းဖွယ် အမှားတခုကြောင့် ကလေးငယ်တဦး သည် မျက်စိကွယ်ခဲ့ရသည်။ Fannie Crosby ဆိုသော ကလေးမလေးသည် မွေးခါစက ပုံမှန်မျက်စိ အလင်းကို ရခဲ့သော်လည်း သူမ ၆-ပတ်သမီးအရွယ်တွင် သူမ၏မျက်စိများ ဖောရောင် လာခဲ့သည်။ ဒေသခံဆရာဝန်တဦးသည် သူမ၏မျက်စိကို မှားယွင်းသောဆေးဝါးများဖြင့် ကုသခဲ့ခြင်းဖြင့် သူမကို တသက်လုံး မျက်မမြင်ဖြစ်စေခဲ့သည်။

    ဤကလေးမလေးသည် ဖြစ်ပျက်ခဲ့သောအရာတို့အတွက် ခါးသီးနာကြည်းနိုင်ပါသည်။ ထိုကဲ့သို့သော ကြေကွဲဝမ်းနည်းဖွယ် အမှား မျိုးကို ကျူးလွန်ခဲ့သည့် ဆရာဝန်ကိုလည်း မုန်းတီးနိုင်ပါသည်။ ဤကဲ့ သို့သော အမှားမျိုးကို ဖြစ်ရန်ခွင့်ပြုခဲ့သည့် ဘုရားသခင်ကိုလည်း အပြစ်တင်နိုင်ပါသည်။ သို့သော် သူမ သည် ထိုအရာတို့ကို မပြုလုပ်ခဲ့ပါ။

    သူမကို ပွေ့ချီ၍ သခင်ယေရှုကို သိကျွမ်းစေရန်နှင့် ချစ်တတ်ရန် သင်ကြားပေးသော အဖွားတဦး သူမတွင် ရှိခဲ့သည်။ ကလေး မလေး အရွယ်၌ပင် သူမသည် သူမ၏ နှလုံးသားကို ဘုရားသခင်အား ဖွင့်ပေး ခဲ့သည်။

    Fannie Crosby သည် ဘုရားသခင်ကို ပိုသိကျွမ်းလာ၍ သူ၏မေတ္တာတော်ကို ပိုမိုနားလည်လာ သည်နှင့်အမျှ၊ သူမကိုယ်ကို ဘုရားသခင်ထံ လုံးဝဥသုန် ဆပ်ကပ်အပ်နှံခဲ့သည်။ သူမသည် အခြားအရာ တခုကို ပြုလုပ်ခဲ့သည်။ သူမသည် ကျေနပ်ရောင့်ရဲတတ်သော စိတ်ကို မွေးမြူခဲ့သည်။ ဘုရားသခင်က သူမကို မျက်မမြင်တဦးဖြစ်လာစေရန် ဘာကြောင့် မတားဆီခဲ့ခြင်းကို နားမလည်ခဲ့သော်လည်း သူမအပေါ် တွင် ထားရှိသော သူ၏မေတ္တာတော်ကိုမူ ယုံကြည်စိတ်ချခဲ့သည်။ သူမသည် ၈-နှစ်သား အရွယ်၌ပင် ဤကဗျာကို ရေးစပ်ခဲ့သည်။

    ""အလွန်ပျော်ရွှင်မှုရှိသည့် ကလေးငယ်မှာ ကျွန်ုပ်ပင်ဖြစ်၏

    မျက်စိမမြင်နိုင်သော်လည်း ဤကမ္ဘာပေါ်တွင် ရှိတာလေးနှင့် ရောင့်ရဲမည်ဟု စိတ်ပိုင်းဖြတ်ထား၏။

    မျက်မမြင်သည့်အတွက် မငိုနိုင်၊ သက်ပြင်းမချနိုင်ပါ။ ငိုလည်းငိုလိမ့်မည် မဟုတ်ပါ။""

သူမကြီးပြင်းလာချိန်တွင် Fannie Crosby သည် ချီးမွမ်းဓမ္မသီချင်းများစွာကို စတင်ရေးစပ်ခဲ့သည်။ သူမ သည် ဓမ္မသီချင်း ၆၀၀၀ ကျော်ကို ရေးစပ်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်များသည် သူမ၏သီချင်း များဖြစ်သော "To God Be the Glory." "All the Way My Savoir Leads Me." "Blessed Assurance." စသည်တို့ကို သီဆိုခဲ့ကြသည်။

    သူမသည် မျက်မမြင်ဖြစ်ပြီး သူမ၏ဘ၀ကို အမှောင်ထဲတွင်သာ ကုန်ဆုံးခဲ့ရသော်လည်း Fannie Crosby သည် အသက်ရှင်ခဲ့ သမျှသော အပျော်ရွှင်ဆုံးခရစ်ယာန်များထဲမှာ တဦးဖြစ်သည်။ သူမ၏ ပျော်ရွှင်မှု၏ လျှို့ဝှက်ချက်မှာ အဘယ်နည်း။ လျှို့ဝှက်ချက်မှာ သူမသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နှင့် ဥာဏ်ပညာတို့ကို ယုံကြည်စိတ်ချခဲ့သည်။

    ဘုရားသခင်က ဘာကြောင့် သူမကိုမျက်မမြင်ဖြစ်လာစေရန် ခွင့်ပြုခဲ့သလဲဆိုတာကို နားမလည်ခဲ့ သော်လည်း သူ၏ချစ်ခြင်းမေတ္တာနှင့် ဥာဏ်ပညာတို့ကိုမူ ယုံကြည်စိတ်ချခဲ့သည်။ သူမသည် မိမိကိုယ်ကို နှင့် မိမိ၏ဘ၀အခြေအနေများကို လက်ခံခဲ့ပြီး ဘုရားသခင်က သူမကို တစ်ကမ္ဘာလုံး အတွက် ကောင်းချီး မင်္ဂလာတစ်ခုဖြစ်စေခဲ့သည်။

ယခုတွင်ပင် သင့်ကိုယ်သင် လက်ခံလိုက်ပါ

    မိမိကိုယ်ကိုလက်ခံခြင်းသည် ဘုရားသခင်၏ မေတ္တတော်နှင့် ဥာဏ်ပညာတို့ကို မည်မျှယုံကြည် စိတ်ချသလဲ အပေါ်တွင် မူတည်သည်။ နောက်ဆုံးတွင် ဤမေးခွန်းများကသာ အရေးအကြီးဆုံးဖြစ်လာသည်။ ""ကျွန်ုပ်သည် ကျွန်ုပ်ကို ဤပုံစံအတိုင်း ဖန်ဆင်းခဲ့သည်။ ဖန်ဆင်ရှင်ကို ကျေးဇူးတင်ပါရဲ့လား? ကျွန်ုပ်ဘ၀အတွက် သူ၏ချစ်ခြင်းမေတ္တာနှင့် ဥာဏ်တို့ကို ယုံကြည်ပါရဲ့လား?

    သင်သည် ညံ့ဖျင်းသော မိမိကိုယ်ကိုမိမိမြင်သောအမြင် "self-image" မျိုးဖြင့် သင့်ကိုသင် ခါးသီးနာကြည်းလျက် ဤဘ၀ကို ဖြတ်သန်းနိုင် သလို မိမိကိုယ်ကို လက်ခံ၍ ဘုရားသခင်၏ မေတ္တာတော်နှင့် ဥာဏ်ပညာကို ယုံကြည်ခြင်း အားဖြင့် လျော်ကန်သော မိမိကိုယ်ကိုမိမိမြင်သောအမြင် "self-image" မျိုးရရှိလျက် ဤဘ၀ကို ဖြတ်သန်းနိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်ချယုံကြည်ပါက ကျွန်ုပ်တို့ကို ဆန့်ကျင်နေသည်ဟု ထင် ရသောအရာများသည် ပင်လျင် ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် တညီတညွတ်တည်းပြုစုကြသည်ကို ငါတို့သိကြ၏။"" ဟုဆိုထားသည်။ ရော ၈း ၂၈

    ဘုရားသခင်က ကျွန်ုပ်တို့ကို ဖန်ဆင်းထားသည့်ပုံစံအတိုင်း မိမိကိုယ်ကိုလက်ခံခြင်းသည် ကျွန်ုပ် တို့ကို ချည်နှောင်ခြင်းမှ လွတ်မြောက်စေ သည်။ ကျွန်ုပ်တို့သည် အခြားလူများအား အထင်ကြီးစေရန် ကြိုးစားစရာ မလိုတော့ပါ။ အသိအမှတ်ပြုခြင်းခံရရန် ရုန်ကန်စရာလည်း မလိုတော့ပါ။ ကြီးမြတ်သော တစုံတဦးဖြစ်လာအောင် ကြိုးစားစရာလည်း မလိုတော့ပါ။

    ကျွန်ုပ်တို့ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့ဖြစ်ကြသည်။ ကျွန်ု်ပ်တို့သည် စကြာဝဠာကို ဖန်ဆင်းထားသူ ၏ ချစ်ခင်မှုနှင့် လက်ခံမှုကို ခံရကြသည်။ ကျွန်ုပ်တို့နှင့် ပတ်သက်၍ အခြားသူများက မည်သို့ထင်မြင် သလဲဆိုတာကို စိုးရိမ်ကြောင့်ကြနေစရာမလိုတော့ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို လက်ခံခဲ့ပြီး ထိုသို့ လက်ခံခြင်းသည်သာ အမှန်တကယ်အရေးအကြီးဆုံးဖြစ်သည်။

    သင့်ဘ၀အတွက် ဘုရားသခင်၏ မေတ္တာတော်နှင့် ဥာဏ်ပညာတော်ကို ယုံကြည်လက်ခံပါ။ သူ့ကို ယခုပင် ဤသို့ပြောလိုက်ပါ။ ""ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်၏ ကျေးဇူးကိုမသိတတ်၊ မချီးမွမ်း တတ်ခဲ့ပါ။ ဤအပြစ်ကို ယခုတွင်ပင် ၀န်ချတောင်းပန်လို၍ ကျွန်ုပ်ကို အပြစ်လွှတ်ပေးဖို့ တောင်းဆိုပါ၏။ ကျွန်ုပ်ကို ဤပုံစံအတိုင်း ဖန်ဆင်းထားသည့်အတွက်နှင့် ကျွန်ုပ် ကိုယ်တော်ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်ဖြစ်စေလိုသည့် သူတစ်ဦး ဖြစ်လာနိုင်စေရန်အတွက် ကျွန်ုပ်နှင့်ပတ်သက်၍ ကိုယ်တော်၏ ပြင်ဆင်နေမှုကို ယုံကြည်ပါ၏။

ရှာဖွေတွေ့ရှိသော ရတနာ

မိမိကိုယ်ကိုလက်ခံခြင်းသည် ကျွန်ုပ်ကိုဖန်ဆင်းသူတဦးဖြစ်သော ဘုရားသခင်၏ မေတ္တတော်နှင့် ဥာဏ်ပညာတို့ကို မည်မျှယုံကြည် စိတ်ချသလဲ အပေါ်တွင် မူတည်သည်


 

မေးခွန်းများ

၁။ မိမိကိုယ်ကိုမိမိမြင်သော အမြင်သဘောထားကို ဤသို့ခေါ်သည်။

    (က) အတ္တစိတ် (ခ) ကျွန်ုပ်တို့၏မိမိကိုယ်ကိုမိမိမြင်သောအမြင် "self-image" (ဂ) ကျွန်ုပ်တို့၏ ကိုယ်ရည်ကိုယ်သွေး

၂။ ကျွန်ုပ်တို့သည်

    (က) ဆင့်ကဲဖြစ်စဉ်အားဖြင့် ဖြစ်တည်လာကြသည်။

    (ခ) ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံရသည်။

၃။ ကျွန်ုပ်တို့သည် ---၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခြင်းခံရသည်။

    (က) ကျွန်ုပ်တို့၏မိဘ        (ခ) ဘုရားသခင်

၎။ ကျွန်ုပ်တို့ကို အောက်ပါရည်ရွယ်ချက်ဖြင့် ဖန်ဆင်းထားခြင်းဖြစ်သည်။

    (က) ဤကမ္ဘာကို သာ၍ကောင်းသောနေရာတခုဖြစ်လာစေရန် ပြုလုပ်ကြရန်။

    (ခ) မိမိလုပ်နိုင်သမျှ ကောင်းမှုကုသိုလ်ပြုကြရန်

    (ဂ) ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်

၅။ အခြားလူတဦးကို အထင်သေး၊ ရွံရှာမုန်းတီးခြင်းသည် မှန်ကန်သောလုပ်ရပ်တခုဖြစ်သလား?

    (က) ဟုတ်ပါတယ်။         (ခ) မဟုတ်ပါ။

၆။ မိမိကိုယ်ကို အထင်သေး၊ ရွံရှာမုန်တီးခြင်းသည် မှန်ကန်သောလုပ်ရပ်ဖြစ်သလော?

    (က) ဟုတ်ပါတယ်။         (ခ) မဟုတ်ပါ။

၇။ မိမိကိုယ်ကို လက်ခံခြင်းသည်

    (က) ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဥာဏ်ပညာတော်တို့ကို မည်မျှယုံကြည်စိတ်ချမှုရှိသလဲ အပေါ်တွင် မူတည်သည်။        (ခ) ""ကျွန်ုပ်ဒီထက်ပိုဆိုးနိုင်တယ်"" ဟူသောအချက်အပေါ်တွင် မူတည်သည်။

    (ဂ) ကျွန်ုပ်၏ ရုပ်ချောမှုနှင့်အခြေအနေကောင်းမှုအပေါ်တွင် မူတည်သည်။


 

မှန် / မှား

၈။ သင်သည် သင်၏ဖန်ဆင်းရှင်နှင့် ပုဂိ္ဂုလ်ရေးအရ မိတ်သဟာယဖွဲ့မှုကို မပြုမလုပ်မချင်း သင်၏ အဖိုးထိုက်တန်မှု အစစ်အမှန်ကို မသိရှိ နိုင် သလို မိမိကိုယ်ကိုလည်း ဘယ်တော့မှ လုံးလုံးလျားလျား လက်ခံနိုင်မည်မဟုတ်ပါ။

    (က) မှန်        (ခ) မှား

၉။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အလိုကို ဆန့်ကျင်၍ ဘယ်တော့မှ အတင်းအကြပ်လုပ်ဆောင်စေမည် မဟုတ်ပါ။

    (က) မှန်        (ခ) မှား

၁၀။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်းပိုင်းမှ တွေးတောကြံစည်၊ ယုံကြည်သောအရာများ၏ ထိန်းချုပ်ထားခြင်းကို ခံရသည်။

    (က) မှန်        (ခ) မှား

ရဲလင်းထွန်း(အင်းစိန်)


 

Share:
healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support