သင်ခန်းစာ (၁၁)
ပညတ်တော်
လူသည်ဘုရားသခင်ထံပြန်ရောက်ဘို့ ရန် ပညတ်တော်ကျင့်ဘို့ လို သည် ဟု ခံယူထားကြသည်။ ထိုသို့ခံယူယုံကြည်ခြင်းသည် ပညတ်တော်၏ လုပ်ဆောင် ချက်ကို မသိသောကြောင့်ဖြစ်သည်။ ပညတ်တော်နှင့်ပတ်သက်၍ ကျမ်းစာထဲ၌ ပညတ်္တိကျမ်း (၅) ကျမ်းရှိသည်။ ယင်းတို့ မှာ-
(၁) ကမ္တာဦးကျမ်း
(၂) ထွက်မြောက်ရာကျမ်း
(၃) ၀တ်ပြုရာကျမ်း
(၄) တောလည်ရာကျမ်း
(၅) တရားဟောရာကျမ်း တို့ ဖြစ်သည်၊
ထိုပညတ်္တိကျမ်းများပညတ်တော်ပေါင်း (၆၁၃) ခုရှိသည်။
သုံးပိုင်း
ပညတ်တော်များကိုသုံးပိုင်းပိုင်းနိင်သည်၊ယင်းတို့ မှာ
(က) ၀တ်ပြုခြင်းဆိုင်ရာပညတ်တော် (Ceremonial Law)
(ခ) အုပ်ချုပ်ရေးဆိုင်ရာပညတ်တော် (Civil Law)
(ဂ) ကိုယ်ကျင့်တရားပိုင်းဆိုင်ရာပညတ်တော် (Moral Law) တို့ ဖြစ်သည်။
ဣသရေလများထံပေး
ပညတ်တော်များသည်ဘုရားသခင်ကပေးထားခြင်းဖြစ် သည်၊ကျမ်းစာ၌- ထာဝရဘုရားသည် ငါတို့ ၏ပညတ် တရားရှင်ဖြစ်တော် မူ၏ဟု ဆိုထား သည် (ဟေရှာယ၃၃း၂၂)၊ ရှင်ယာကုပ်ကလည်း- ပညတ်တရားကိုထား ပိုင်သောသူ စစ်ကြောစီ ရင်ပိုင်သောသူ တပါးတည်း သာရှိတော်မူ၏ဟု ဆိုသည် (ယာ၊၄း၁၂)။ထိုတပါး တည်းသော သူသည် ထာဝရဘုရားပင်ဖြစ်သည်။
ထာဝရဘုရားသည် ပညတ်တရားကို ဣသရေလ လူမျိုးများထံ၌သာ ပေးခဲ့သည်။ သို့ သော် ယနေ့  တပါးအမျိုးသားများက ပညတ်တရားသည်သူတို့နှင့် ဆိုင်သည်ဟု ထင်တတ်ကြသည်။ ကျမ်းစာက- သာသနာပ လူတို့ ပညတ်တရား ကို မသိဘဲ ကိုယ်အလို အလျောက်တရားတော်ကို ကျင့်သောအခါ-ဟု ဆိုသည် (ရောမ ၂း၁၄)၊ (အင်္ဂလိပ် ကျမ်းစာ၌ အထက်ပါ ကျမ်းကို- တပါးအမျိုးသားတို့ သည် ပညတ် တ ရားမရှိ ဟု ဆို ထားသည်) သို့  သော်သာသနာပ (သို့ ) တပါးအမျိုးသား တို့  သည် ပညတ် တရားကို လိုက်ဘို့ ကြိုး စား တတ်ကြသည်။ ရှင်ပေါလုက ဆက်လက်၍ တပါးအမျိုးသားများသည် ပညတ် တော်နှင့်မသက်ဆိုင်ကြောင်း ဤသို့ ရေးထားသည် - ထိုအခါ သင်တို့ သည် ခရစ်တော်ကို မသိ၊ ဣသရေလအပေါင်းအသင်း၌ မ၀င်ဂတိတော် ပါသော ပဋိညာဉ်တရားတို့ နှင့်မဆိုင်၊ မျှော်လင့်ခြင်းမရှိ၊ လောက၏ တရားမဲ့နေကြသည်ကို၎င်း၊ အောက်မေ့ကြလော့ (ဧဖက်၊၂း၁၂)၊ ထို့ ကြောင့် ပညတ်တော်သည် တပါး အမျိုးသားများ နှင့်မဆိုင်၊ ဣသရေလလူမျိုး များနှင့် သာ ဆိုင်သည်။
မလျှောက်နိင်
လူသည် ပညတ်တော်ကို လိုက်လျှောက်မည် ဟုပြောသော် လည်း မလိုက်လျှောက်နိင်ပါ။ သခင်ယေရှုက-မောရှေ သည် ပညတ် တရားကိုသင်တို့အား ပေးသည်မဟုတ်လော၊ ထို တရား ကိုသင်တို့တွင် တစုံတယောက်မျှ မကျင့်ဟုဆိုသည် (ယော ရး၁၉)။
ရှင်ပေါလုက လည်း- ကောင်းသောအ ကျင့်ကိုကျင့်သောသူမ ရှိ၊ တယောက်မျှမရှိ-ဟုဆိုထားသည် (ရော၊၃း၁၂)။ ထို့ ကြောင့် ပညတ်တော်ကို လိုက်လျှောက်နိင်သော သူတယောက်မျှမရှိ။
မဖြောင့်မတ်နိင်
ပညတ်တော် လိုက်လျှောက်ခြင်း အားဖြင့် ဖြောင့်မတ် ခြင်းမရနိင် ကြောင်းကိုအောက်ပါ ကျမ်းချက်များအားဖြင့်သိရသည်- ထို သို့ ပညတ် တရား သည်အပြစ်ကိုထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား ၏အကျင့် အားဖြင့်ဘုရားသခင်ရှေ့တော်၌ အဘယ် သူမျှ ဖြောင့်မတ်ရာသို့ မရောက် နိင်ရာ (ရော၊ ၃း၂၀)။ လူသည်ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာ သို့ မရောက် (ဂလာ၊၂း၁၅)။ ပညတ်တရားကို အမှီပြု၍ ဖြောင့် မတ်ရာသို့ ရောက်နိင်လျှင်ခရစ်တော်သည် အချည်းနှီး အသေခံ တော်မူပြီ (ဂလာ ၂း၂၁)။
ကျိန်ခြင်းခံ
ပညတ်တရား၏ သဘောတရားနားမလည်သောသူများက ပညတ်တော် လိုက်လျောက်ခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်ဟု အပြင်းအထန်ပြော ဆိုတတ်ကြသည်။ သို့ သော် ပညတ်တော်သည်လူကိုကျိန်ခြင်းခံစေကြောင်းမသိကြ။ ကျမ်းစာက-ပညတ်တရားအလုံးစုံကို လိုက်လျှောက်သည်တွင်တစုံတခု၌ မှားယွင်းမိလျှင်ပညတ်တရားအလုံးစုံကိုလွန်ကျူးသောအပြစ် ရိ၏- ဟုဆိုထားသည် (ယာကုပ်၊၂း၁၀)။ ထို့ အပြင်- ပညတ်တရား၏ အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည်အအကျိန်နှင့် စပ်ဆိုင်ကြ၏။ အကြောင်း မူကား ပညတ်္တိ ကျမ်းစာ၌ ပါ သမျှသော စကားတို့ ကိုအမြဲ မကျင့်သော သူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာ လာ၏ (ဂလာ ၃း၁၀) ဟု ပါ ရှိသည်။ ထို့  ကြောင့် ပညတ် တရား ကိုလိုက်လျှောက်ရာ တွင်ပညတ် တရားအလုံးစုံကို တခုမကျန်လိုက် လျှောက်၍နေ့တိုင်း အဆက် မပြတ် လိုက် လျှောက်ဘို့ လိုသည်။ သို့ သော် ထိုသို့ လိုက်လျှောက်ရန်မှာမဖြစ်နိင်ပါ။ ထိုကြောင့် ပညတ်တရားသည်လူကိုကျိန်ခြင်း ခံစေသည်။
လူကိုသတ်သည်
လူတိုင်းက ပညတ်တရားသည် လူကို အ သက်ရှင် စေ သည်ဟုထင်မှတ်ကြ ပေလိမ့်မည်။ သို့ သော်ပညတ်တရား သည် လူကိုအသက်မရှင်စေဘဲ အသက်ကို သေစေကြောင်း ရှင်ပေါလုကဤကဲ့သို့ ရေးသားထားသည်- ပညတ်တရား မရှိလျှင် အပြစ် သေ၏။ အထက်ကပညတ်တရားမရှိသဖြင့် ငါသည် အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ်တရားသည် ရှင်ပြန် ၏။ ငါ သည်လည်း သေ၏။ အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ် တရား သည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့ရ၏။ အပြစ်တရား သည် ပညတ် တရား အားဖြင့် အခွင့်ရလျှင်ငါ့ကို လှည့်ဖျား၍ထိုတရား အားဖြင့်ငါ့ကို သတ်လေ၏- ဟုဆိုသည် (ရောမ၊ ရး၈-၁၁)၊ ဆို လိုသည်မှာ ပညတ်တရား ကြောင့် အပြစ်တရားသည်ရှင်၍ ငါ့ကိုသတ်၍ သေစေသည်။ ထို့ ကြောင့် ပညတ်တရားသည် လူကိုအသက်ရှင်စေသည် မဟုတ်ဘဲ သေစေကြောင်းတွေ့ ရသည်။
အပြစ်သိရန်
ထိုသို့ ဖြောင့်မတ်ခြင်း လည်းမပေးနိင်သည် သာ မက ကျိန်ခြင်း နှင့်သေခြင်း ကိုဖြစ်စေတတ်သော ပညတ် တရားကို ဘုရားသခင် သည်အဘယ်ကြောင့် ပေးသေးသနည်း။ အကြောင်းမှာ လူသည် မိမိ အပြစ်ကို နားမလည်နိုင်။ ကိုယ့်ကိုယ်ကို လူကောင်း အပြစ်မရှိဟု ထင် တတ်သည်။ ထို့ ကြောင့်လူ၏ အပြစ်ကို ဖေါ်ပြဘို့ ရန်ပညတ်တရားကိုပေးထားခြင်းဖြစ်သည်။ကျမ်းစာ၌- ထိုသို့ ပညတ် တရားသည် အပြစ်ကို ထင်ရှားစေသည် ဖြစ် သောကြောင့် ပညတ် တရား၏ အကျင့်အားဖြင့်ဘုရားသခင်ရှေ့  တော်၌ အဘယ်သူမျှ ဖြောင့်မတ် ရာသို့ မရောက်နိင် ရာ- ဟုဆို သည် (ရော၊၃း၂၀)။ ထို့ အပြင်-ပညတ်တရား အားဖြင့်သာ အပြစ်သဘောကိုငါသိရ၏။ အဘယ်သို့ နည်း ဟူမူကား လောဘ စိတ်မရှိနှင့် ဟုပညတ်တရားမဆိုလျှင် လောဘသဘောကို ငါမသိ-ဟုဆိုသေးသည် (ရော၊ရးရ)။ ထို့ ကြောင့် ပညတ်တရား၏ အလုပ်မှာ လူများ မိမိတို့ ၏အပြစ်ကိုဖေါ်ပြဘို့ ရန်ဖြစ်သည်။
ခရစ်တော်ထံသို့ ပို့ 
ပညတ်တရားသည် သူကိုယ်တိုင်ဖြောင့်မတ်ခြင်းမပေးနိင်။သူ့ ကိုအမှီပြုလျှင် ကျိန်ခြင်းနှင့် သေခြင်းကိုသာ ဖြစ်စေသည်။ သို့  သော်ဖြောင့်မတ်ခြင်းရနိင်ဘို့ရန် လူများကို ခရစ်တော်ထံသို့ပို့ ဆောင်သည်။ ကျမ်းစာ၌- ငါတို့ သည်ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့  ရောက်စေခြင်းငှါ ပညတ်တရားသည် ခရစ်တော် ထံသို့ ငါတို့ ကို ပို့ ဆောင်၍ ငါတို့ ၏အထိန်းဖြစ်သတည်း- ဟုပါရှိသည် (ဂလာ၊၃း၂၄)။ ထို့  ကြောင့်ပညတ်တရားသည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ အထောက်အကူ ဖြစ်သည်။ သို့ သော် ပညတ်တရားကိုသာအားကိုးလျှင်သေခြင်းကိုသာဖြစ်စေသည်။
သင်ခန်းစာ (၁၁) မှမေးခွန်းများ
၁။ ပညတ်္တိကျမ်းများကိုဖေါ်ပြပါ။ --------------------------------------
------------------------------------------------------------------
၂။ ပညတ်တရားကို မည်သူကပေးသနည်း။-----------------------------
၃။ တပါးအမျိုးသားများထံ ပညတ်ပေးသလော။-------------------------
၎။ ပညတ်တရားလိုက်လျှောက်နိင်သူရှိသလော။------------------------
၅။ ပညတ်တရားအားဖြင့် ဖြောင့်မတ်နိင်သလော။-----------------------
၆။ ပညတ်တရားမလိုက်လျှောက်နိင်လျှင်ဘာခံရမည်နည်း။----------------
ရ။ ပညတ်တရားသည်သေစေသလောရှင်စေသလော။-------------------
၈။ ပညတ်တရားသည်ဘာကိုသိစေသနည်း။----------------------------
၉။ ပညတ်တရားသည် မည်သူ့ ထံသို့  ပို့ ဆောင်သနည်း။----------------
၁၀။ မည်သူကိုယုံကြည်မှဖြောင့်မတ်နိင်သနည်း။--------------------------
0 comments:
Post a Comment