HCF

HCF MYANMAR IN SINGAPORE

Tuesday, June 1, 2010

ကတိတော်နှင့်ဆိုင်သော ကယ်တင်ရှင်ယေရှုခရစ်

Jesus Christ The Promised Savior

သင်ခန်းစာ (၁)

"ယေ႟သြည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ူဖစ်တော်မူသည်ကို သင်တိုႛသည် ယုံမည်အေုကာင်း၊ ထိုသိုႛ ယုံ၍ နားမတော်အာူးဖင့် အသက်ကိုရမည်အေုကာင်း၊ ဤမ္တွလောက် ရေးထားလဵက်႟ြိသတည်း။"(ယော၊ ၂၀း၃၁)


ချစ်စွာသော မိတ်ဆွေ၊

စင်္ကြာဝဠာကို ဖန်ဆင်းခဲ့သူတဦးသည် တချိန်ကလူသားတဦးအဖြစ် ဤကမ္ဘာပေါ်တွင်ရှိနေခဲ့ဘူးပါသည်။ ထိုသူသည် ဘုရားသခင်၏ သားတော်သခင်ယေရှုခရစ်တော်ဖြစ်၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းအစ၌ သခင်ယေရှုအား ''နှုတ်ကပတ်တော်''လို့ ပြောထားပါသည်။ ''အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည် လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ''(ယော၊၁း၁)။ ဤကျမ်းပိုက်အရ သခင်ယေရှုသည် ဘယ်အရာကိုမျှမဖန်ဆင်းမှီ အစဉ် အမြဲရှိ နှင့်တော်မူ၏။ သူသည်ခမည်းတော်နှင့်အတူရှိပြီး၊ ဘုရားသခင် ဖြစ်တော်မူ၏။

တချိန်ကဘုရားသခင်၏သားတော်သည် လူသားတယောက်အဖြစ် ဤကမ္ဘာပေါ်၌နေထိုင်ခဲ့၏။ ''နှုတ်ကပတ်တော် သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူ သည် ဖြစ်၍၊ ခမည်းတော်၌ တပါးတည်းသောသားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီး''။ (ယော၊၁း၁၄)

ခရစ်တော်၏ကြွလာခြင်းကို ကြိုတင်၍ ဟောထားခဲ့ခြင်း

သခင်ယေရှုသည် ဤလောကသို့မကြွလာခင် နှစ်ရာပေါင်းများစွာ၌ ဘုရားကကြိုတင်ပြီး ကြွလာမည့်အကြောင်း ဂတိပြု ထားခဲ့၏။ ''ထို့ကြောင့်၊ထာဝရဘုရားသည် ကိုယ်တော်တိုင် နမိတ်လက္ခဏာကို သင်တို့အား ပေးတော်မူမည်။ ကြည့်ရှုလော့ သတို့ သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သားယောင်္ကျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့'' ဟုဆိုသည်။ (ဟေရှာယ၊၇း၁၄) ''ဧမာနွေလ'' အနက်ကား ''ငါတို့နှင့် အတူရှိတော်မူသော ဘုရားသခင်''ဟုဆို၏။ ဤ ဂတိတော်နှင့်ဆိုင်သော သူငယ်သည် သာမန်သူငယ်မဟုတ်ပါ။ ကျွန်ုပ်တို့နှင့်အတူ နေရန်ကြွလာခဲ့သော ဘုရားဖြစ်၏။ထိုသူငယ်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အပျိုကညာတွင် ပဋိသန္ဓေယူ၍ဘွားမြင်ခဲ့၏။ ထိုကယ်တင်ရှင်ကို ဂျူးလူမျိုးများက ''မေရှိယ''ဟုခေါ်ပြီး ဂရိစကားအားဖြင့် ''ခရစ်တော'်'ဟု ခေါ်သည်။

အာဒံနှင့်ဧဝအပြစ်ပြုပြီးနောက် အပြစ်ကြောင့်ပျက်စီးသွားသော လူသားများကိုပြန်လည်ကယ်တင်ဘို့ရန် ဧဒင်ဥယျာဉ်၌ ဂတိ ပေးထားခဲ့ပြီးဖြစ်၏။ ဘုရားသခင်က စာတန်အား''သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကို၎င်း၊ ငါသည် ရန်ငြိုးဖွဲ့စေမည်။သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ ၏''ဆိုခဲ့၏။(က၊၃း၁၅) မိန်းမ၏အမျိုးအနွယ်သည် ကြွလာမည့်ယေရှုခရစ်တော်ဖြစ်ပါသည်။ ''ထာဝရအရှင်ဘုရားသခင်သည် လည်း၊ လူလင်မယားဘို့ သားရေဖြင့် ဝတ်လုံကိုလုပ်၍ဝတ်ခြုံစေတော်မူ၏''(က၊၃း၂၁)။ သားရေဝတ်လုံသည် အပြစ်မဲ့ သိုးသငယ်၏ သားရေဖြစ်ပြီး လူလင်မယား အတွက် ဝတ်ခြုံစေရန် အသွေးသွန်းခြင်းနှင်အသေသတ်ခြင်းကို ကမ္ဘာဦးကပင်ခံခဲ့ရ၏။(ဗျာ၊ ၁၃း၈)။ သိုးသငယ်သည် နောင်ကြွလာမည့် ဘုရား၏ သိုးသငယ်စစ်ဖြစ်သော ယေရှုခရစ်တော်ကို ပုံဆောင်ပါသည်။ (ယော၊၁း၂၉)။ ဘုရား သခင်၏သားတော်သည် နောင်သောအခါ ဤလောက သို့ကြွလာပြီး အပြစ်သားများကိုကယ်ရန် အသွေးသွန်းခြင်းနှင့် အသေခံခြင်း အားဖြင့် ကယ်တင်မည့်အကြောင်း ဂတိတော်ထားခဲ့ပါ၏။

ထို့ကြောင့် အာဒံနှင့်ဧဝအချိန်မှစ၍ ယေရှုခရစ် ကြွလာပြီး လက်ဝါးကားတိုင်ပေါ်၌ အသေခံချိန်တိုင် အောင်ကြွလာမည့် မေရှိယကို မျှော်ကြည့်လျက် ယုံကြည်ခြင်းဖြင့် အပြစ်မဲ့သိုးများကိုပူဇော်ခဲ့ကြ၏။ ထိုပူဇော်မှုများသည် ဘုရား၏အလိုတော်အတိုင်း ဖြစ်၍ ဘုရားသခင်ကလက်ခံခဲ့ပြီး ယာယီအားဖြင့် ဘုရားနှင့်လူ မိတ်သဟာယပြုခဲ့၏။

ကျမ်းစာ၌ မေရှိယမွေးဘွားလာမည့်မြို့ကိုလည်း ပရောဖက်မိက္ခာအားဖြင့် အတိအကျကြိုတင်ဟောထားခဲ့၏။ ထိုသို့ နှစ်ရာပေါင်းများစွာစေါင့်မျှော်ရင် တနေ့၌ဘုရား၏ ကောင်းကင်တမန်တပါးသည် အပျိုကညာမာရိရှေ့၌ ပေါ်လာပြီး ''ကောင်းကင် တမန်က လည်း၊ မာရိ၊ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီး။ သင်သည်ပဋိသန္ဓေစွဲယူ၍ သား ယောင်္ကျားကို ဘွားမြင် လိမ့်မည်။ ထိုသားကိုယေရှုအမည်ဖြင့်မှည့်ရမည်။ ထိုသားသည် ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ်မည်။ သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရအရှင် ဘုရားသခင်သည် သူ့အား ပေးတော်မူမည်။ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ်မည်။ သူ၏နိုင်ငံ သည်လည်း ဆုံးခြင်းမရှိရဟု ပြောဆို ၏''ဟု ဆို၏။(လု၊၁း၃ဝ-၃၃)

ပရောဖက် ပြောသည့်အတိုင်း သခင်ယေရှုသည် ဗက်လင်မြို့၌ မွေးဘွားကိုခံတော်မူ၏။ ထာဝရဘုရား၏ ကောင်းကင် တမန်သည် သိုးကျောင်းသောသူများ၏ အနီး၌ပေါ်လာပြီး ''ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်း တို့သည် အလွန် ဝမ်းမြောက်ဝမ်းသာစရာ သိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ ယနေ့တွင်ဒါဝိဒ်၏မြို့၌ သခင်ခရစ် တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီး။'' (လု၊၂း၁ဝ-၁၁)

ယေရှုသည် သူငယ်ဘဝ၌ ယောသနှင့်မာရိသည်ဗိမာန်တော်သို့ ယူသွားခဲ့၏။ ဗိမာန်တော်၌ ရှုမောင်အမည်ရှိ သန့်ရှင်း သူ တစ်ဦးသည် ဂတိတော်ကယ်တင်ရှင်ကို မမြင်မီ မသေရဟုဗျာဒိတ်ရထားသူဖြစ်၏။ ရှုမောင်သည် သူငယ်ယေရှုကိုမြင်ပြီး လက် နှင့်ချီပိုက်၍ ''ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း၊ ကိုယ်တော်၏ ကျွန် သည် ငြိမ်ဝပ်စွာ စုတေ့ ရ သောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။....ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ် မျက်စိနှင့် မြင်ရပါ၏ဟု မြွက်ဆို၏''
(လု၊၂း၂၉၃ဝ)။ ဤကျမ်းပိုက်အရ ကယ်တင်ခြင်းသည် ပုဂ္ဂိုလ်တဦးဖြစ်ပြီး၊ ထိုပုဂ္ဂိုလ်သည် သခင်ယေရှုခရစ်တော်ပင်ဖြစ်၏။

ထို့ကြောင့် အာဒံနှင့်ဧဝအချိန်မှစ၍ ယေရှုခရစ် ကြွလာပြီး လက်ဝါးကားတိုင်ပေါ်၌ အသေခံချိန်တိုင် အောင်ကြွလာမည့် မေရှိယကို မျှော်ကြည့်လျက် ယုံကြည်ခြင်းဖြင့် အပြစ်မဲ့သိုးများကိုပူဇော်ခဲ့ကြ၏။ ထိုပူဇော်မှုများသည် ဘုရား၏အလိုတော်အတိုင်း ဖြစ်၍ ဘုရားသခင်က လက်ခံခဲ့ပြီး ယာယီအားဖြင့် ဘုရားနှင့်လူ မိတ်သဟာယပြုခဲ့၏။


ယေရှုသည် ခရစ်တော် ဖြစ်သည်။

ယေရှုသည် သက်တော်သုံးဆယ်တွင် သွန်သင်ခြင်း၊ တရားဟောခြင်းအမှုကိုအစပြု၏။ ဝမ်းနည်းဖွယ်ကား ယေရှုသည် သူ၏လူမျိုးတော် ဂျူးများထံ လာခဲ့သော်လည်းအများစုကသူ့ကိုမယုံကြည်ပါ။သူ့ကို ကယ်တင်ရှင်အဖြစ်လက်မခံပါ။ ကျမ်းစာက ''သူသည် မိမိဒေသအရပ်သို့ကြွ လာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏''ဟုဆို၏။(ယော၊၁း၁၁)

ယေရှုသည် ဧကန်အမှန် ဘုရားကဂတိပြုခဲ့သော ကယ်တင်ရှင် ''ခရစ်တော်''မှန်ပါသလား။ ဧကန်အမှန်ဖြစ်၏။ ဘယ် ကဲ့သို့သိနိုင်ပါသလဲ။ သမ္မာကျမ်းစာက ပြောထားသောကြောင့်ဖြစ်၏။

ကျမ်းစာ၌ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ရှင်းလင်းစွာဖေါ်ပြထားပါသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး (၄)၌ ယေရှုသည် ရေတွင်း၌ ရှမာရိအမျိုးသမီးနှင့်စကားပြောစဉ် မိမိသည် မေရှိယဖြစ်ကြောင်း ဝန်ခံခဲ့၏။ ''မိန်းမကလည်း၊ မေရှိ ကြွလာတော်မူ သည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကို ဘော်ပြတော်မူသည်ဟု လျောက်ပြန်၏။ မေရှိ အနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။ ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင် ဖြစ်သည်ဟု မိန့်တော် မူ၏။'' (ယော၊၄း၂၅-၂၆)

ထို့နောက် တပည့်တော်တို့အားမိမိသည် မည်သူဖြစ်ကြောင်း မေးသောအခါ ''ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ် တော် တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟုလျောက်လေ၏။ ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အား ဖေါ်ပြသည် မဟုတ်။ ကောင်းကင်ဘုံ ၌ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော်ပြတော်မူသတည်း''ဟုဆို၏။(မ၊၁၆း၁၆-၁၇)

သမ္မာကျမ်းစာ၌ ယေရှုကပြည့်စုံစေခဲ့သော ပရောဖက်ပြုချက်များကို ကြည့်ကြပါစို့။ ပရောဖက်ပြုချက်များသည် ခရစ်တော် မဘွားမှီ နှစ်ပေါင်းများစွာကပင် ကြို၍ ဟောထားခဲ့ခြင်းဖြစ်၏။


အကြောင်းအရာ
ပရောဖက်ဟောထားချက် ပြည့်စုံခြင်း

+ဗက်လင်မြို့တွင်ဘွားမြင်ခြင်း။ မိက္ခါ၊၅း၂ မ၊၂း၁

+အပျိုကညာမှဘွားမြင်ခြင်း။ ဟေရှာ၊၇း၁၄ မ၊၁း၁၈

+လက်နှင့်ခြေတို့ကိုထိုးဖေါက်ခြင်း။ ဆာ၊၂၂း၁၆ လု၊၂၃း၃၃

+အပြစ်များကိုခံယူသွားခြင်း။ ဟေရှာ၊၅၃း၆ ၁ပေ၊၂း၂၄

+ဘုရားသခင်၏စွန့်ပစ်ခြင်း ဆာ၊၂၂း၁ မ၊၂၇း၄၆

+အဝတ်တော်ကိုစစ်သားများမဲခွဲ၍ယူခြင်း။ ဆာ၊၂၂း၁၈ မာ၊၁၅း၂၄

+အရိုးတချောင်းမျှမကျိုးခြင်း။ ဆာ၊၃၄း၂ဝ ယော၊၁၉း၃၃

+ဂျူးလူမျိုးများ၏ငြင်းပယ်ခြင်း။ ဟေရှာ၊၅၃း၃ ယော၊၁း၁၁

+တပည့်တဦး၏သစ္စာဖေါက်အပ်နှံခြင်း။ ဆာ၊၄၁း၉ မာ၊၁၄း၁ဝ။(ယော၊၁၃း၂၁-၂၆)

+ငွေ၃ဝနှင့်ရောင်းစားခံရခြင်း။ ဇာ၊၁၁း၁၂ မ၊၂၆း၁၄-၁၅

+လူဆိုးများနှင့်အတူလက်ဝါးကါးတိုင်၌ရိုက်ထားခြင်း။ ဟေရှာ၊၅၃း၁၂ မ၊၂၇း၃၈

+သင်းချိုင်းမှထမြောက်ခြင်း။ ဆာ၊၁၆း၁ဝ-၁၁ မ၊၂၈း၅-၆


ခရစ်တော်နှင့်ပတ်သက်၍ ကျမ်းစာ၌ပရောဖက်ပြုချက်များစွာရှိပါသည်။ အချို့သည် ခရစ်တော်ဒုတိယ ကြွလာခြင်း နှင့် ဆိုင်ပြီး ယခုမပြည့်စုံသေးပါ။ ခရစ်တော်တဖန်ကြွလာသောအချိန်၌ ပြည့်စုံလိမ့်မည်။

အထက်ပါကျမ်းပိုဒ်များအားဖြင့် ယေရှုသည်ခရစ်တော်တည်းဟူသော ဘုရားဂတိတော်နှင့်ဆိုင်သော ကယ်တင်ရှင် ဖြစ်ပါသည်။ ဤကျမ်းစာ၌ရေး၍ မထားသောအခြား နိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည် တပည့်တော်တို့မျက်မှောက်၌ ပြတော်မူ၏။ ယေရှုသည်ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော် အားဖြင့် အသက်ကိုရမည့်အကြောင်း၊ ဤမျှလောက်ရေးထားလျက်ရှိသတည်း"ဟု ဆို၏။(ယော၊၂ဝး၃ဝ-၃၁)

သခင်ယေရှုခရစ်ကို ယုံကြည် လက်ခံ ရမည်။

ကျမ်းစာ၌ ''သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏အိမ်သူအိမ်သားတိုသည် ကယ်တင်ခြင်း သို့ ရောက်ကြလိမ့်မည်။'' (တ၊၁၆း၃၁)''ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြ လိမ်မည်ဟု မိန့်တော်မူ၏''ဟုဆို၏။ (ယော၊၈း၂၄)။ ကျွန်ုပ်တို့သည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံရမည်။ ''ထိုသူကို လက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော် မူ၏''ဟု ဆိုသည်(ယော၊၁း၁၂)

အပြစ်ကိုနောင်တရလျက် သခင်ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခြင်းမရှိလျှင် မည်သူ တဦးတယောက် မျှ ကယ်တင်ခြင်းသို့ မရောက်နိုင်ပါ။ သခင်ယေရှုကိုစိတ်နှလုံးထဲသို့ ကယ်တင်ရှင်အဖြစ် ဆုတောင်းခြင်းဖြင့် လက်ခံနိုင်ပါသည်။ သင်၏စိတ်နှလုံးထဲ၌ ခရစ်တော်ယေရှုကို လက်ခံရန် ပြုလုပ်ခြင်းသည် အရေးကြီးဆုံးသော ဆုံးဖြတ်ချက်ဖြစ်ပါသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် သင်၌အံ့ဘွယ်သောအဖြစ်များ ဖြစ်လာပါလိမ့်မည်။

၁။ ခရစ်တော်သည် သင်၏စိတ်နှလုံးတွင်း ဝင်ရောက်ပြီး။ (ဗျာ၊ ၃း၂ဝ)(ဂလာတိ၊ ၄း၆)

၂။ သင့်အပြစ်များကို ခွင့်လွှတ်ပြီး။(ဧ၊ ၁း၇)

၃။ သင်သည်ဘုရားသား ဖြစ်ပြီး။(ယော၊ ၁း၁၂)

၎။ သင်သည်ခရစ်တော်၌ လူသစ်ဖြစ်ပြီး။(၂ကော၊ ၅း၁၇)

၅။ သင့်စိတ်နှလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ နေအိမ်ဖြစ်ပြီး။(၁ကော၊၆း၁၉)

သင်သည်သခင်ယေရှုကို လက်ခံရရှိပြီးလား။ သင်က''အပြစ်များအားလုံးကို ခွင့်လွှတ်ပြီးကြောင်းကို ကျွန်ုပ်သည် သိပါ ကြောင်း'' နှင့် ''ယေရှုခရစ်တော်သည် ကျွန်ုပ်၏စိတ်နှလုံးတွင် အသက်ရှင်လျက်ရှိနေကြောင်းကို ကျွန်ုပ်သိကြောင်း'' တို့ကို ပြော နိုင်ပါသလား။ သင်သည်စိတ်နှလုံးထဲ၌ ယေရှုခရစ်ရှိကြောင်းစိတ်မချလျှင် ယခုပင် ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် ယုံကြည် ခြင်း ဖြင့် ဆုတောင်း ခေါ်ဖိတ်လက်ခံပါ။ ယုံကြည်ခြင်းသည် အရေးကြီးပါသည်။ သင်သည်အမှန်တကယ် ခေါ်ဖိတ်က သခင် ယေရှုသည်ဂတိတော်အတိုင်း သင်၏စိတ်နှလုံးထဲ သို့ ဝင်ရောက် ပေလိမ့်မည်။ "ငၝသည္တံခၝးေ႟ႀႚမႀာရပ္၍ ေခၝက္လဵက္ေန၏။ အဳကင္သူသည္ငၝ၏အသံကိုဳကား၍ တံခၝးကုိဖၾင့္အ့ံ၊ ထုိသူ႟ႀိရာသုိႛငၝဝင္၍ သိုံငြ့်အတူစားသောက်မည်။ သူသည်လည်း ငၝိံငြ့်အတူစားသောက်ရလိမ့်မည်။- " (ဗျာ၊၃း၂ဝ)။

သင်သည် ထာဝရအသက်ကို ရရှိပြီး။

"သက်သေခံတော်မူခဵက်ဟူမူကား၊ ဘုရားသခင္သည္ငၝတိုႛအား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည် လည်း သားတော်၌ပၝ၏။-သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။
(၁ယော၊၅း၁၁,၁၂)။

ထာဝရအသက်ကို ရကြောင်း သင်ပြောနိုင်ပြီး။

"ဘုရားသခင်၏သားတော်ကို ယုံကည်သောသင်တိုႛသည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေူခင်းငြၝ၊ ဤအရာမဵားကို သင္တိုႚအား ငၝေရး၍ ပေးလိုက်၏။
" (၁ယော၊ ၅း၁၃)

သခင်ယေရှုသည် သင့်ကိုဘယ်သောအခါမျှ စွန့်ပစ်လိမ်မည်မဟုတ်ပါ။

"သင်တိုႛ၏ကဵင်ႛဋ္ဌကူံပမြူခင်းသည် ငေကြိုတပ်မက်ူခငိးံငြ်ႛကင်းလတြ်၍၊ ကိုယ်၌႟ြိသောဥင်္စိာံငြ်ႛ ရောင်ႛရဲူခင်း ႟ႀိဳကေလာႛ။ အေုကာင်းမူကား၊ ငၝသည် သင်ႛကိုမစနြ်ႛ၊ သင်ႛကို အလ္တွင်းပစ်၍မထားဟု ဂတိတော်႟ြိ၏။-
"(ဟေဗြဲ၊၁၃း၅)။

စိတ်ချထိုက်သော ဘုရားသခင်နှင့် သမ္မာကျမ်းစာ ကတိတော်များ ကို ယုံကြည်ကိုးစားခြင်းဖြင့် ဆက်လက်အသက်ရှင်ပါ။

သခင်ယေရှု၏မွေးဖွားခြင်းသည် သင်နှင့်ကျွန်ုပ်ကို ကယ်တင်ရန် လူ့ဇာတိခံယူခြင်းဖြစ်၏။ သူ့ကိုနှလုံးတွင်း နေရာ ပေး ခြင်းဖြင့် သာ၊ မွေးဖွားခြင်းဆိုင်ရာ ကျေးဇူးတော်များနှင့် ကောင်းကြီးမင်္ဂလာများကို ခံစားနိုင်မည်ဖြစ်သည်။ အဓိပ္ပါယ်ရှိစွာ မွေးနေ့ တော်ကို ကျင်းပ ခံစားနိုင်ပါစေ။

ရှာဖွေတွေ့ရှိခဲ့ရသော သမ္မာကျမ်းစာ ရတနာ


ယေရှုသည် ခရစ်တော် ဖြစ်ပြီး၊ ဘုရားသခင် ကတိထားခဲ့သော ကယ်တင်ရှင် ဖြစ်သည်။ သင်သည် သူ့ကို ရရှိခဲ့သော် သင်သည် ထာဝရအသက်ကို ရသည်။


သင်ခန်းစာ (၁) မေးခွန်းများ

အဖြေမှန်ကို ရွေးပါ။ မေးခွန်းတခုအတွက် ( က သို့ ခ သို့ ဂ ) ဖြစ်ပါသည်။

၁။ ရှင်ယောဟန်၊ ၁း၁ ၌ ယေရှုကို နှုတ်ကပတ်တော်ဟု ခေါ်သည်။ ဤ ကျမ်းပိုဒ်က သခင်ယေရှု သည်၊

(က) ဘုရား မဟုတ်ပါ။

(ခ ) ကိုယ်တိုင် ဘုရားသခင် လုံးလုံး ဖြစ်သည်။

(ဂ ) ဘုရားသခင် အားဖြင့် ဖန်ဆင်းခြင်း ခံရသည်။

၂။ ပရောဖက် ဟေရှယက သူငယ်တော်ယေရှု ကို "ဧမာနွေလ" အမည်ဖြင့် အသုံးပြုခြင်းသည်၊

(က) ယေရှုသည် ဘုရား မဟုတ်ပါ။

(ခ ) ယေရှုသည် ဘုရားသခင် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့နှင့် သီးခြားရှိနေပါသည်။

(ဂ ) ယေရှုသည် ဘုရားသခင် ဖြစ်သည်။ မြေကြီးပေါ်၌လည်း လူတို့နှင့် အမှန်တကယ် အတူရှိနေတော်မူသည်။

၃။ ရှုမောင်သည် သူငယ်တော်ယေရှုကို မြင်ရစဉ် သူက "ကယ်တင်သော သခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့် မြင်ရပါ၏"ဟု မြွက်ဆို၏။ ဤ ဖေါ်ပြခြင်းကား ဘုရားသခင်၏ ကယ်တင်ခြင်းသည်၊

(က) ဘာသာတရားဆိုင်ရာ အကြောင်းအရာ တခုဖြစ်သည်။

(ခ ) သခင်ယေရှုခရစ်တော် ပုဂ္ဂိုလ်ပင် ဖြစ်သည်။

(ဂ ) ကျွန်ုပ်တို့ တတ်နိုင်သည့်အတိုင်း အကောင်းဆုံး ကျိုးစားလုပ်ဆောင် ခြင်း ဖြစ်သည်။

၎။ ယေရှုသည် ဧကန်အမှန် ဘုရားသခင်၏"ခရစ်တော်" ဖြစ်ကြောင်း ကျွန်ုပ်တို့ သိနိုင်သည့် အကြောင်းမှာ၊

(က) လူများက ထိုသို့ ပြောသောကြောင့်။

(ခ ) စိတ်မှာ မှန်သည်ဟု ခံစားရသောကြောင့်။

(ဂ ) ကျမ်းစာက ထိုသို့ ပြောသောကြောင့်။

၅။ ယေရှုသည် ရေတွင်း၌ အမျိုးသမီးအားပြောဆိုရာ၌ (ယော၊ ၄း၂၅,၂၆) သူသည် သူမအား သူသည် မည်သူ ဖြစ်ကြောင်း ကြေညာပါသည်။

(က) ဘာသာရေးဆရာ တစ်ဦးဖြစ်သည်။

(ခ ) ခရစ်တော်ဟုခေါ်သော မေရှိယ ဖြစ်သည်။

(ဂ ) ကောင်းသောလူ တစ်ဦး ဖြစ်သည်။

၆။ ဘုရားသခင်က ယေရှုသည် ခရစ်တော် ဖြစ်ကြောင်း ဖေါ်ပြရာ၌

(က) ယေရှု နှင့် ဆိုင်သော ပရောဖက်ပြုချက်များစွာကို ပြည့်စုံစေခြင်းဖြင့်။

(ခ ) ခရစ်ယာန်တယောက် ဖြစ်လာရန် "အလွယ်တကူ" ပြုလုပ်ပေးခြင်းဖြင့်။

(ဂ ) ယေရှု ပတ်သက်၍ သာယာသောစိတ်ကို ပေးခြင်းဖြင့်။

၇။ ၁ ပေ၊ ၂း၂၄ ၌ ကျမ်းစာက သခင်ယေရှု ကို ပြောဆိုရာ၌

(က) ကောင်းသောအသက်တာ ရှင်ရန် ကျွန်ုပ်၌ အကျိုး ဖြစ်စေသည်။

(ခ ) ကျွန်ုပ်၏ အပြစ်များကို လျစ်လျူရှုသည်။

(ဂ ) သူ၏ခန္ဓာအားဖြင့် ကျွန်ုပ်တို့၏အပြစ်များကို သစ်တိုင်ပေါ်(လက်ဝါးကပ်တိုင်) ၌ ခံတော်မူ၏။

၈။ သခင်ယေရှု အကြိမ်ကြိမ် အလေးထား ပြောဆိုသော အရာတခုမှာ၊

(က) လူသည် ကယ်တင်ခြင်းသို့ရောက်လိုသော် ထိုလူများသည် မိမိတို့၌ အကောင်းဆုံး ကြိုးစားရမည်။

(ခ ) ကယ်တင်ခြင်းသို့ရောက်လိုသော် ထိုလူများသည် ပညတ်တော်ကို စေါင့်ထိန်းရမည်။

(ဂ ) ကယ်တင်ခြင်းသို့ရောက်ရန် ထို လူများသည် သခင်ယေရှုကို ယုံကြည်ရမည်။

၉။ ဘုရား၏သားဖြစ်ရန် ကျွန်ုပ်တို့ သည် (ယော ၁း၁၂) အရ၊

(က) ကျွန်ုပ်တို့ အကောင်းဆုံး လုပ်ဆောင်ရမည်။

(ခ ) ကောင်းသောအကျင့်များ ပြုရမည်။

(ဂ ) ယေရှု၌ ယုံကြည်ပြီး၊ သူ့ကို ကျွန်ုပ်၏ကယ်တင်ရှင်အဖြစ် လက်ခံရမည်။

၁၀။ ၁ယော၊ ၅း၁၁,၁၂ ကျမ်းပိုဒ် အဆိုအရ သားတော်(ယေရှု)ကို ကျွန်ုပ်တို့ ရသော် ကျွန်ုပ်တို့သည်၊

(က) ကျွန်ုပ်တို့ ကယ်တင်ခြင်းသို့ရောက်ရန် အခွင့်ကောင်းတခု ဖြစ်သည်။

(ခ ) ထာဝရအသက် ရ၏။

(၈ ) စိတ်သာယာခြင်းကို ခံစားရသည်။

သင်သည် ဤ သင်ခန်းစာ လေ့လာခြင်း၌ ဘယ်အရာသည် အရေးကြီးဆုံး ဖြစ်ပါသနည်း။

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support