HCF

HCF MYANMAR IN SINGAPORE

Tuesday, June 1, 2010

အသွေးတော်၏လုပ်ဆောင်ချက်များ


သင်ခန်းစာ (၁၅)

အသွေးတော်၏လုပ်ဆောင်ချက်များ


သင်ခန်းစာ (၁၄) ၌အသွေးတော်အားဖြင့် အပြစ်လွှတ်ခြင်းအကြောင်း သိရှိရပြီ။အသွေးအားဖြင့် အပြစ်လွှတ်ခြင်းသာမက အခြား အရာ များလည်း လုပ်ဆောင်သည်။ ထိုအရာများ ကို လေ့ လာကြစို့ ။


တရားစီရင်ခြင်းမှလွတ်ခြင်း

အသွေးအားဖြင့် ထာဝရဘုရား၏ တရားစီရင်ခြင်းမှ လွတ်စေသည်။ ဣသရေလ လူများသည် အဲဂုတ်္တုကျွန်ခံ ရာ မှ လွတ်မြောက်မည့် ညတွင် ထာဝရ ဘုရားကသိုးသူငယ်ကိုသတ်၍ ညတွင်း ချင်း အသားကိုစားခိုင်းသည်။သိုးသူငယ်၏ အသား ကို စား သောအိမ်၏တံခါးထုပ်နှင့်တံခါးတိုင်၌သိုးသူငယ်၏အသွေးကိုထိုး ခိုင်းသည်။ထိုညတွင်ထာဝရဘုရား သည် အဲဂုတ်္တု ပြည်ကို တရားစီရင်မှာ ဖြစ်သည်။ သိုး သူငယ်၏အသွေး သည် ဣသရေလလူတို့၏လက်္ခဏာသက်သေဖြစ်၍ ထိုအသွေးကို မြင်သောအခါဘုရားသခင် က တရား မစီရင်ဘဲ သူတို့ ကိုကျော်သွား မှာဖြစ်သည်။အသွေးမသုတ်သောအိမ်များတွင်မူ တရား စီရင်၍သား ဦးနှင့် တိရစ္ဆာန် သား ဦးများသေ ရမှာဖြစ်သည် (ထွက် ၁၂းရ-၁၃)။

ထိုည သန်းခေါင်အချိန်၌ ထာဝရဘုရားသည် နန်းထိုင်သော ဖါရောဘုရင်၏သားဦးမှစ၍ ထောင်ထဲမှာအချုပ်ခံရသော သူ၏သားဦး တိုင်အောင် အဲဂုတ္တုပြည်၌ သားဦး ရှိသမျှကို၎င်း၊ တိရစ်္ဆာန်ရှိသမျှ၏ သားဦးများကို၎င်းဒဏ်ခတ် တော် မူ ၏ (ထွက် ၁၂း၂၉)။ သို့  သော် ဣသရေလ လူမျိုးများ၏သားဦး များမူကားမသေကြ။ ဒဏ်ခတ်ခြင်း မခံ ရကြ။ ထိုသို့ဒဏ်ခတ် ခြင်းမှလွတ်မြောက်ခြင်း သည်သူတို့၏ အကျင့်ကောင်းသောကြောင့် မဟုတ်။ သိုးသူငယ်၏အသွေးကြောင့်ဖြစ်သည်။ ထာဝရဘုရားသည်အသွေးကို ကြည့်၍လွန်သွားသည်။

ထို့ နည်းတူ တလောက လုံး တရား စီရင်ခြင်း မှကင်း လွတ်ဘို့ ရန်အသွေး လိုအပ်သည်။သို့ သော်ဘုရားသခင်လက်ခံ နှိင်သည့် သန့်ရှင်းသောအသွေးမရှိသော အခါ ဘုရားသခင်အစီစဉ်အားဖြင့် ခရစ်တော်၏အသွေးကို သွန်းခဲ့ပြီ။ ခရစ်တော်ကိုယ်တိုင်က "ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍လူ အများ၏အပြစ်ကိုလွှတ်စေခြင်းငှါသွန်းသောငါ၏အသွေးဖြစ်၏-" ဟု ဆိုသည် (မဿဲ၂၆း၂၈)။ ထို အသွေး ကြောင့်အပြစ်လွှတ်ခြင်းခံရလျှင် အပြစ်အတွက် တရားစီရင်ခြင်း ခံစရာမလိုတော့ချေ။ ခရစ်တော်ကိုယ်တိုင်က- သားတော် ကို ယုံကြည်သော သူ သည် အပြစ်စီရင်ခြင်းကိုမခံရ-ဟုဆိုသည် (ယော ၃း၁၈)။

မိတ်ဆွေ၏အပြစ်များကို ခရစ်တော်၏ အသွေး တော်အားဖြင့် လွှတ်လျက် ဘုရားသခင်သည် တရားမစီရင် တော့ဘဲ လွန်သွားခဲ့ပြီ။ ထိုသမ္မာတရားကို မိတ်ဆွေလက်ခံနိင်ပါသလား။ဣသရေလ လူမျိုးများတရားစီရင်ခြင်း မှလွတ်ကင်း စေသောသူ သည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ အသွေးအားဖြင့် လွတ်စေသည်။ထိုနည်းတူ တလောကလုံး ခရစ်တော် အသွေး အားဖြင့် လွတ်ဘို့ စီစဉ်သောသူသည်ဘုရားသခင်ပင်ဖြစ်သည်။ဘုရားသခင်ကိုယ်တော်တိုင် ခရစ်တော်၏အသွေးကြည့် ခြင်း အားဖြင့်တရားမစီရင်ဘဲနေခြင်းကို မိတ်ဆွေ ယုံကြည်လက်ခံဘို့ သာလျှင်ရှိသည်။


ပြည့်တန်ဆာ ရာခပ်

ဣသရေလ လူမျိုးများ သည်ခါနန်ပြည် မ၀င်မှီရှိတ္တိမ်မြို့ ၌့နေစဉ်တွင် ယောရှုသည်ယေရိခေါမြို့ကိုစုံစမ်းဘို့ရန်၊ သူလှို နှစ် ယောက်ကို စေလွှတ်ခဲ့သည်။ ထိုသူလှိုနှစ်ယောက် တို့  သည် ယေရိခေါ မြို့ ရှိပြည့်တန်ဆာ ရာ ခပ် အိမ်တွင်ခိုလှုံ ကြသည်။ ထိုအခါရာခပ်က ဣသရေလ လူများသည်ယေရိခေါမြို့ကို သိမ်းပိုက်သော အခါ သူနှင့်တကွ အိမ်သူအိမ်သားများကို မသတ်ဘို့ရန်သူလျှို များထံ ဂတိ တောင်းခံခဲ့သည်။ထိုသူလျှိုနှစ်ယောက်ကလည်း ဂတိပေးခဲ့ သည်။ သို့ သော် ယေရိခေါမြို့ကို သိမ်းပိုက်သော အခါပြည့်တန်ဆာ ရာခပ်၏ အိမ်ကို သိနိင်ဘို့ ရန် သူလှိုများကကြိုးနီလေးကိုပေး၍ ပြူတင်းပေါက်၌ချည်ထား ခိုင်းသည်။သူလျှိုများက ကြိုးနီကိုချည်ထား၍ သင့် မိဘ မောင်နှမများသည်အိမ်ထဲ၌ ခေါ်ထားရမည်။ အိမ်ပြင်ထွက်၍သေလျှင်ကိုယ်တိုင်သေပြစ်ခံစေ ဟုဆိုကြသည် (ယောရှု ၂း၁-၂၁)။ ဣသရေလ လူများသည်ထာဝရဘုရားကယေရိခေါမြို့ ကိုပေးသောအခါကြိုးနီချည်ထားသော အိမ်ထဲ၌ရှိသော ပြည့်တန်ဆာရာ ခပ်၏ မိသားစုကို အ သက်ချမ်းသာပေးကြသည် (ယောရှု ၆း၂၃)။

ပြည်တန်ဆာ ရာခပ်သည် အကျင့်ကောင်းသောသူ မဟုတ်ပါ။ ပြည့် တန်ဆာ ဖြစ်သည်။ သို့ သော် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ ယုံကြည် သောသူ ဖြစ် သည်။ ထို သို့  ကြောက်ရွံ့ ရုံဖြင့်မပြီးသေးပါ။ သူ၏ ယုံကြည်ခြင်း ကို လက်တွေ့ ပြသသည်။ မည်သို့ ပြ သနည်း ဟူမူကား ဣသရေလ သူလျှိုများကို ကာကွယ်သည်။ထိုသို့ကာကွယ်မစခြင်းဖြင့်သူ့အသက်သေ နိင်သည်။ သို့သော် ထို အရာကို မမှုဘဲ ကူညီမစခဲ့သည်။ တအိမ် သားလုံးသေဘေးမှ လွတ်မြောက်ခြင်း သည် ကြိုးနီလေးကြောင့် ဖြစ်သည်။ ကြိုးနီတပ်ထားသော အိမ်ထဲမှာ နေသမျှ သောသူတို့  သည် လွတ် မြောက်ြကသည်။ကြိုးနီအပြင်ဘက်မှာ နေသမျှသောတမြို့ လုံးသည်သေရကြသည်။

ထိုကြိုးနီလေးသည်သခင်ယေရှု၏အသွေးတော်ကို ပုံဆောင်သည်။ ကြိုးနီလေး သည် ပြည့်တန်ဆာရာခပ်ပိုင်သည်မ ဟုတ်။ သူလှိုများကပေးသည်။ ထိုနည်းတူခရစ်တော်၏ အသွေး သည်ကျွန်ပ်တို့ အားဖြင့်မဟုတ်။ဘုရားသခင်က ပေးသောအရာ ဖြစ်သည်။ ကြိုး နီလေး၏ကွယ်ကာမှုကြောင့်သေဘေးမှလွတ် သကဲ့သို့ ခရစ်တော်၏ အသွေးကြောင့် သေဘေးမှ လွတ်သော အခွင့်ရကြပြီ။ ထိုအသွေး တော် ကို မိတ်ဆွေလက်ခံအားကိုးဘို့ သာလျှင်ရှိသည်။ ခရစ်တော်၏ အသွေးတော်ကြောင့်သေဘေး မှလွတ်မြောက်ကြသည်။ ကျမ်းစာက- လက်ဝါး ကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍ ကောင်းကင် အရာဖြစ်စေ၊မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသောအရာ တို့ကို သားတော်အားဖြင့်ဘုရားသခင်နှင့်မိဿဟာရဖွဲ့ စေခြင်းငှါ အ လိုတော်ရှိ၏ (ကော ၁း၂၀)။


ဖြောင့်မတ်စေပြီ

လူသည် ဘုရားသခင်ရှေ့၌့မိမိ လုပ်ဆောင်ချက်ဖြင့်ဖြောင့်မတ်ခြင်း မရနှိုင်ကြောင်း သိခဲ့ရပြီ။သို့သော်ဘုရားသခင် သည် ယေရှုခရစ်၏အသွေးတော် အားဖြင့် ဖြောင့်မတ်စေခဲ့ပြီ။အာဒံ၏ံသားအာဗေလသည် သိုးသူငယ်အား ဖြင့်ဘုရား သခင် အားပူဇော်ခဲ့သည် (က ၄း၎)။အာဗေလ၏ပူဇော်ခြင်းကိုဘုရား သခင်က လက်ခံသည်။ဆိုလိုသည်မှာသူသည်ဘုရားသခင်ရှေ့  ဖြောင့်မတ်ခြင်း ရရှိသည်။ သူပူဇော်သော သိုးသူငယ်၏အသွေးသည်ခရစ်တော် အသွေး၏ ပုံရိပ်ဖြစ်သည်။

ယခုတွင်ဘုရား သခင်သည်ခရစ်တော်၏အသွေးအား ဖြင့်ဖြောင့်မတ်ခြင်း ကို ပေးနေပြီဖြစ်သည်။ကျမ်းစာ၌-ယခုတွင် အသွေး တော် အား ဖြင့်ဖြောင့် မတ်ရာသို့ ရောက်ပြီးမှထိုသခင်အားဖြင့်အပြစ်ငရဲမှကယ် ချွတ် တော်မူခြင်းသို့ ရောက်မည်ဟု သာ ၍မျှော် လင့်စ ရာ ရှိ၏- ဟုဆိုသည် (ရောမ ၅း၉)။ ထို့ကြောင့်အသွေးတော်အားဖြင့်ဖြောင့်မတ်စေသည်သာမကခရစ် တော်အားဖြင့် အပြစ်ငရဲမှ လည်း ကယ်ချွတ်ပြီးပြီ။ မိတ်ဆွေအနေ ဖြင့်ထိုအ သွေးအား ဖြင့်ဖြောင့် မတ်စေခြင်းကိုယုံကြည်လက်ခံဘို့ သာလျှင်ရှိသည်။

ဘေးဒဏ်ကြီး ကာလအတွင်း ယုံကြည်သူများလည်း ဖြောင့်မတ်ခြင်း ကို အသွေးတော်အားဖြင့် ရရှိကြောင်းတွေ့ ရသည်။ ကျမ်းစာ၌-ဤသူတို့သည် ကြီးစွာ သောဒုက်္ခထဲကထွက် မြောက်၍ မိမိတို့ဝတ်လုံကို သိုး သူငယ်၏ အသွေး၌လျှော်၍ ဖြူစေသောသူ ဖြစ်ကြ သတည်း- ဟုဆိုသည်(ဗျာ၊ရး၁၄)။

မိတ်ဆွေ၏၀တ်လုံကိုသိုးသူငယ်တည်းဟူသောခရစ် တော်၏အသွေးတော် အားဖြင့်ဖြူစင်စေပြီလော။ပညတ်တော် အားဖြင့် မရ နိင်သော ဖြောင့်မတ်ခြင်းကို ခရစ်တော်၏အသွေးအားဖြင့် ရစေတော်မူသောဘုရားသခင် သည်ထာဝရ ချီးမွမ်း ခြင်းခံရပါစေသော်။


ရွေးနှုတ်ပြီ

ငါတို့ သည်အစ၌လောကီသားများ ထဲ၌မွေးဘွား ကြ သည်။ထို လောကီ သားများသည်မာရ်နတ်၏လက်၌ရှိသည် (၁ ယော ၅း၁၉)။ ထိုမာရ်နတ်၏ လက်မှ ငါတို့သည်မထွက်တတ်။ ဘုရားသခင်၏လက်ထဲသို့မရောက်နှိုင်။ ထိုအခါ ဘုရားသခင် ကိုယ်တော်တိုင် ငါတို့  ကို ခရစ်တော်၏ အသွေးတော်အားဖြင့် ရွေးနှုတ် တော်မူ၏။ကျမ်းစာ၌-ကိုယ်တော် (ခရစ်တော်) သည်အသေသတ်ခြင်းကို ခံတော်မူသော အားဖြင့်အသီးသီးဘာ သာစကားကိုပြောသောလူအမျိုး အနွယ်ခပ်သိမ်းတို့ အထဲမှအကျွန်ပ်တို့ ကိုယူ၍အသွေးတော်နှင့် ဘုရား သခင်အဘို့  ရွေး နှုတ်တော်မူ၏ -ဟုပါရှိသည် (ဗျာ ၅း၁၀)။ခရစ်တော် သည် အသွေးတော်အားဖြင့် ငါတို့ကိုဘုရားသခင် အဘို့ ရွေးနှုတ်တော်မူပြီ ဖြစ်သော ကြောင့်ငါတို့ သည်ဘုရားသခင်အဘို့ ဖြစ်ကြပြီ။ ယခင် ဘ၀က ငါတို့ သည် လောကီ ထုံးစံသို့ လိုက်၍ အချည်းနှီးသော အကျင့်တို့  ကို ကျင့်ကြံကြသည်။ ထိုအထဲမှ ခရစ်တော်၏အသွေးတော်အားဖြင့် ရွေးနှုတ်ခြင်းကို ရှင်ပေတရုက -မိစဉ်ဘ ဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှရွှေ ငွေအစရှိသော ဖောက်ပြန်ပျက်စီးတတ် သော ဥစ္စာနှင့်သင် တို့ ကိုရွေး နှုတ် တော်မူသည် မဟုတ်။ အဘယ် အပြစ်မျှမရှိ အညစ်အကြေး နှင့် ကင်းစင်သော သိုးသူငယ် ကဲ့သို့သောခရစ်တော်၏အသွေးတော် မြတ်နှင့် ရွေးနှုတ်တော် မူသည် ကို သိမှတ် ကြလော့ -ဟုဆိုသည် (၁ ပေ၊၁း၁၈-၁၉)။

လူသည် မိစဉ်ဘဆက် ကျင့်သော အကျင့်များကို နှစ်သက်တတ်ကြ သည်။ ထိုအကျင့်များသည် အချည်းနှီးအကျိုးမ ရှိ။ထို ကြောင့်ထိုအထဲမှ ခရစ်တော်၏ အသွေးတော် အားဖြင့် ရွေးဝယ်ပြီ။ ထို့ ကြောင့်မိမိကိုယ်ကိုမပိုင်။

ရှင်ပေါလုက-သင် တို့ သည် အဘိုး နှင့်ဝယ်ယူတော်မူ သော သူဖြစ်သော ကြောင့် ဘုရားသခင်ပိုင်တော်မူသော သင်တို့ ၏ ကိုယ်ခန်္ဓာနှင့် စိတ် ၀ိညာဉ် အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှား စေကြ လော့- ဟုမှာထားသည် ( ၁ ကော၊၆း၂၀)။


သင်ခန်းစာ (၁၅)မှ မေးခွန်းများ

၁။ ဣသရေလ လူမျိုးများသည်ဘယ်အရာအားဖြင့်တရားစီရင် ခြင်းမှ လွတ်ကြသနည်း။--------------------

၂။ ကျွန်ပ်တို့ သည်မည်သူ၏အသွေးအားဖြင့်တရားစီရင်ခြင်းမှလွတ်နိင်ကြ မည်နည်း။-------------------

၃။ ပြည့်တန်ဆာရာခပ်ကိုသူလှိုများကမည်သည့်အရာကိုပေးသနည်း။---------

၎။ ကြိုးနီလေးသည်ဘာကိုပုံဆောင်သနည်း။-------------------

၅။ မိတ်ဆွေသည်ခရစ်တော်၏အသွေးအားဖြင့်တရားစီရင် ခြင်းမှလွတ်မြောက် ပြီဟု ယုံပါသလား။-----------------

၆။ ပညတ်တော်အားဖြင့်မရနိင်သောဖြာင့်မတ်ခြင်းကို ဘာအားဖြင့်ရနိင် သနည်း။-------------------

ရ။ ဘုရားနှင့်လူကိုဘယ်အရာအားဖြင့်ရန်ငြိမ်းစေသနည်း။------------------

၈။ ဘေးဒဏ်ကြီးကာလ ယုံကြည်သူများသည် ဘယ်အရာအားဖြင့်မိမိတို့ဝတ်လုံကို ဖြူစင်စေကြသနည်း။---------------------

၉။ လောကီသားများထဲမှငါတို့ ကိုမည်သည့်အရာအားဖြင့် ရွေးဝယ်သနည်း။ -------------------------

၁၀။ ခရစ်တော်၏အသွေးဖြင့်ရွေးဝယ်ပြီဖြစ်၍သင်သည်မည်သူ့ အဘို့ ဖြစ်သနည်း။ ----------------------------------------------

Share:

0 comments:

Post a Comment

healthcare christian fellowship. Powered by Blogger.

လစဉ် ဝတ်ပြုရာနေရာ

JBC CHURCH 45 Thomson Rd Singapore 307584 6256 2277

ကျမ်းစာ လေ.လာခြင်းနှင်.ဆုတောင်းခြင်း

ဗုဒ္ဓဟူးနေ.ညနေ ၇ နာရီ ဆရာမ ဒေါ်လွင်လွင်မောင် (၉၇၅၈၉၆၂၅) Blk 558 #04-386, Houngang Street 51

New Life In Christ 3

Practical Christian Living Lesson

ရောက်လာသူအပေါင်း ဘုရားသခင်ကောင်းချီးပေးပါစေ
လူအပေါင်းတို့သည် ကယ်တင်ခြင်းတို့ရောက်၍ သမ္ထာတရားကို သိစေခြင်းဌာ ဘုရားသခင်အလိုရှိ၏၊ ၁တိ၂း၎

OVERCOMERS

Love, Dating and Marriage Lessons


ကြာသာပသေးနေညနေ ၇ နာရီ

ဆရာမ နော်အယ်ဝါး (၉၀၂၁၂၃၆၅)






ကယ်တင်ခြင်းနှင့်ဆိုင်သောသင်ခန်းစာများ

New Life In Christ 2

My Guests

free web counter

ကယ်တင်ခြင်းနှင်.ဆိုင်သော သင်ခန်းစာများ(၂)

Labels

Blog Archive

Recent Posts

Unordered List

User Online

Pages

Theme Support